နောက်ဆုံးရ

အယ်ရို ဖလုတ် လေကြောင်း လိုင်း ဒေါ်သန်း ထောင် နဲ့ ချီ ဆုံးရှုံး မှု တွေဖြစ်

​♦ရုရှားနိုင်ငံနဲ့ လူထု တွေ ယူကရိန်းနိုင်ငံ က အစိုးရနဲ့

လူထုတွေ လောက်နီးပါး ဒုက္ခ ကြုံတွေ့ရလိမ့်မယ်!

သင်ပြုသည့်ကံပဲ့တင်သံ သင့်ထံပြန်လာပြီ "ပူတင်🧐

--------------------------------


အယ်ရို ဖလုတ် လေကြောင်း လိုင်း ဒေါ်သန်း ထောင် နဲ့ ချီ ဆုံးရှုံး မှု တွေဖြစ် ဘဏ်လုပ်ငန်း တွေ ဘီလျှံ နဲ့ ချီ အငွေ့ပျံ 


Aeroflot ဆိုတာရုရှားနိုင်ငံရဲ့အကြီးဆုံးလေကြောင်း  လိုင်း တစ်ခု ဖြစ်ပါတယ် ၁၉၂၃ ခုနှစ်ကတည်း က စတင် ခဲ့လို့ကမ္ဘာ့သက်တမ်းအရှည်ဆုံး လေကြောင်း လိုင်းတစ်ခုလည်း ဖြစ်ပါတယ်။


ကုမ္ပဏီကပိုင်ဆိုင် တဲ့လေယာဉ်အစီးပေါင်းထောင် ချီရှိကာနိုင်ငံပေါင်း ၁၀၀ ကျော်ကိုတိုက်ရိုက် လေ ကြောင်း လိုင်း တွေ ရှိပါတယ်။


ရုရှား ရဲ့ ယူကရိန်း ကို ကျူးကျော် စစ်ကြောင့် 

အမေရိကန် ဥရောပ ကနေဒါ နဲ့ သြစတေးလျှ တို့ က အယ်ရိဖလုတ်လေကြောင်း လိုင်း သူတို့ နိုင်ငံအပေါ် ဖြတ် ပျံသန်း ခွင့် နဲ့ ခရီး စဉ် တွေကို ပိတ်ပင် လိုက် တာမှာ အယ်ရိုဖလုတ်အတွက်ဒေါ်လာ သန်း ထောင် နဲ့ချီပြီး ဆုံးရှုံး ပါတယ်။


ခရီး သည် တင် ၀န်ဆောင် မှု သာမကဘဲ ကုန်စည် ပို့ဆောင် တဲ့ ဝန်ဆောင် မှု က နေ ရ တဲ့ ၀င်ငွေ က ပိုများ တဲ့ အတွက် အယ်ရို ဖလုတ် အတွက် အတော်. ကို အထိနာတာ ပါ။ 


နယူးယောက် ကို ပျံသန်း တဲ့ အယ်ရို ဖလုတ် ဆိုရင် လမ်း တစ်ဝက် မှာ ပဲ နောက်ပြန် လှည့် သွား ရပါတယ်။


အယ်ရိုဖလုတ် လို မျိုး ကမ္ဘာ့ နိုင်ငံ တွေရဲ့ ပိတ်ဆို့ မှု ကြောင့် နောက်ထပ် အထိ နာတာက တော့ ရုရှား ရဲ့ ဘဏ် လုပ်ငန်းစနစ် ပါ နှစ်ရက် အတွင်းမှာဒေါ် လာ ဘီလျံ နဲ့ ချီ အရှုံး ပေါ်ခဲ့ ပါတယ်။


ရုရှား ဗဟိုဘဏ်ရဲ့ အမေရိကန် မှာ ရှိတဲ့ ပိုင်ဆိုင် မှု တွေကို ထိမ်းချုပ်ခံထား ရပြီး နောက်မှာ မော်စကို က ATM တွေမှာ ဧရာမလူတန်းရှည် ကြီးနဲ့ငွေထုတ် သူတွေ အလျိုလျို ပေါ်ခဲ့ ပါတော့ တယ်။


နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ ကတော့ရုရှားဟာယူကရိန်းကိုမတိုက်ခင်ကစီးပွားရေး အနေအထား မျိုး နောင်ဆယ်နှစ် နဲ့ ပြန်မရ တော့ဘူး လို့သုံးသပ် ပါတယ်။


ရူဘဲလ် ငွေကြေး က ၇၀ ရာခိုင်နှုန်း ထိ စံချိန် တင် ထိုးကျသွား တာကြောင့်လည်း ရုရှား ရဲ့ဘဏ္ဍာရေး စနစ်ဟာအရှိုက်ကို အထိုး ခံလိုက် ရသလိုဖြစ်သွား တာပါ။

FNG

ခွန် တိုး ဦး 



ဆက်ဖတ်ရန် →

ယူကရိန်း နှင့် မြန်မာနိုင်ငံပြည်သူများရဲ့ သဘောထားကိုလေးစားကြဖို့ ပြင်သစ်နိုင်ငံသံရုံးကဆန္ဒထုတ်ဖော်

​နိုင်ငံတကာရောက်မြန်မာမိတ်ဆွေများမင်္ဂလာပါ။ 


ယူကရိန်း နှင့် မြန်မာနိုင်ငံပြည်သူများရဲ့ သဘောထားကိုလေးစားကြဖို့ ပြင်သစ်နိုင်ငံသံရုံးကဆန္ဒထုတ်ဖော်ခဲ့သလို ၊ EU ကလည်းပြောခဲ့ပါတယ်။ 


ယူကရိန်းပြည်သူတွေဟာ ပြည်ပ အာဏာရူး၊ နယ်မြေနယ်ချဲ့သမားကြောင့် မိမိတို့အခွင့်အရေးတွေဆုံးရှုံးတဲ့အပြင် ဒုက္ခရောက်ကြရ၊ သေကြေပျက်စီးရသလို ၊ မြန်မာပြည်သူတွေဟာလည်း အဏာရူး၊ အာဏာနယ်ချဲ့ကြောင့် လူသားအခွင့်အရေးတွေဆုံးရှုံးရတယ်၊ ဒုက္ခရောက်ကြ၊ သေကြေပျက်စီးရပါတယ်။ 


အခုဆိုရင် ကမ္ဘာ့နိုင်ငံတွေဟာ ရုရှကို စီးပွါးရေး ဝိုင်းဝန်းပိတ်ဆို့တဲ့အပြင် ၊ နိုင်ငံတကာဘဏ်စနစ် SWIFT ကပါ ထုတ်ပယ်ခြင်းခံရတဲ့အတွက် ကျောကော့အောင်ခံနေရပါပြီ။ ယူကရိန်းမြို့တော် Kiev ကို ရုရှသိမ်းနိုင်ရင်တောင်မှ ကြာရှည်ထိမ်းနိုင်ဖို့ မလွယ်ပါဘူး။ ဒီစစ်ပွဲ ရုရှရှုံးမှာပါ။


ပူတင်လို ကံကြမ္မာဆိုးမျိုး မင်းအောင်လှိုင် နှင့် အပေါင်းအပါတစ်စုလည်းကြုံတွေ့သင့်ပါတယ်။ မြန်မာနိုင်ငံကို SWIFT ကနေ ထုတ်ပယ်ဖို့ တောင်းဆိုရပါမယ်။ 


ဒါအပြင် ယူကရိန်းနိုင်ငံသားတွေရဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အတွက် နိုင်ငံတကာမှ လက်နက်ထောက်ပံ့ကူညီပေးသလို ၊ မြန်မာပြည်သူတွေရဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ခွင့်အတွက် နိုင်ငံတကာမှ လက်နက်ထောက်ပံ့ပေးဖို့တောင်းဆိုရပါမယ်။ 


ကျွန်တော်တို့ ရဲရဲတောင်းဆိုရပါမယ်။ ရအောင်တောင်းဆိုရပါမယ်။ 


Save Ukraine! Save Myanmar ! Campaign ကို အမေရိကန်ပြည်ထောင်စုမှာရော ကမ္ဘာ့နိုင်ငံအသီးသီးမှာပါပြုလုပ်ကြဖို့ အကြံပြုပါရစေ၊ မေတ္တာရပ်ခံတောင်းဆိုပါရစေ။ 


အမေရိကန်ပြည်ထောင်စုမှာပြုလုပ်ဖို့ ကျွန်တော်စတင် နှိုးဆော်နေပါပြီ။ ဥရောပ နှင့် အာရှမှာလည်းအမြန်ဆုံး စတင်နှိုးဆော်စေချင်ပါတယ်။


 NUG ကိုလည်း “ လသာတုန်းဗိုင်းငင်၊ မိုးရွာတုန်းရေခံ “ ဖို့ အကြံပြုပါရစေ။


မျိုးရန်နောင်သိန်း

၁-၂-၂၀၂၂

#အမေရိကန်အရှေ့ပိုင်းစံတော်ချိန် 

နေ့လည် ၃:၀၀ နာရီ


ဆက်ဖတ်ရန် →

မြန်မာအတွက် ဘိုင်ဒန်က ‌ဆွေးနွေးမယ်

​တကွက်တည်း တပေါက်တည်း 


ကျနော်စဉ်းစားနေတာက နုကြည်ငြိမ်သလောက် စခတွေ အသည်းသန်စစ်ပြင်နေတယ် ပိုဆိုးတာက ရုရှားအရေးဖြစ်နေချိန် အာဆန်ခေါ် မြန်မာအတွက် ဘိုင်ဒန်က ‌ဆွေးနွေးအုံးမယ်ဆိုတယ် 


ထိုထက်ထူးတာက အာဆန်က မြန်မာ့အရေး မစွမ်းဆောင်နိုင်တော့ဘူးလို့ ၀န်ခံကြေငြာချက် ထုတ်ပြောထားတယ် ဒီမှာတင် ဘိုင်ဒန်က ရှေ့မှာ ချိ့နရော အာဆန်ရော လုပ်ကြည့် မရရင် သူ၀င်တော့မှာဆိုတဲ့ အချက်ပြထားတယ် 


အဲ့မှာတင် ပြင်သစ်က NUG ကို အသိမှတ်ပြုကြောင်းနဲ့ ချက်အပါ န်ိုင်ငံစုံကို လှည့်သွား စည်းရုံးနေတဲ့ နုကြည်၀န်ရဲ့ စွမ်းဆောင်မှုက ရလဒ်ကောင်းတွေ ရနေတယ် 


အဲ့မှာတင် ရုရှားအရေးကြောင့် ချိနရော ရုရှားရော တိုင်ပတ် မြန်မာ့အရေး ကပ်မရချိန် US ရဲ့ NDAA က ၂လပိုင်းကုန် အထက်လွတ်တော် တင်ပြရတော့မှာ 


ဒီတော့ US အချိန်ပေးရုံမဟုတ် ဖြုတ်ချချင်တဲ့ UN ကပါ မြန်မာရော ယူကရိန်းအရေးရော မစွမ်းဆောင်နိုင်တော့ အဲ့မှာတင် Burma act ပြဌာန်းပြီး ဘိုင်ဒန်က ခုယူကရိန်းအရေးမှာ ပူတင်ရော အရှေ့အာရှဘက်မှာ မအလရော နှစ်ကောင်စားလိုက်ရင်ဖြင့် 


ဘီးကျဲကြီး နောက်သက်တမ်း အလိုလိုကို ထိုင်ခုံပေါ်ဆက်ထိုင်ပြီး ပါဝါထူထောင်နိုင်ပြီဆိူတာ အကြောင်းက US ရဲ့ ဩဇာအာဏာနဲ့ ယုံကြည်မှုကို သူတို့ပြန်တည်ဆောက်ပြသွားပြီ‌ဆိုတာ 


ခုကို ကမ္ဘာစစ်ကိုကြောက်ပြီး နိုင်ငံစုံက US စစ်ရေးလုံခြုံရေးတပ်တွေ သူတို့ဆီမှာလာချပေးပါ အပြိုင်ဆိုင် ခေ့ါ်နေပြီလေ ! 


#မင်းကြည်ညိုနေ 🕊️


ဆက်ဖတ်ရန် →

စုစုပေါင်း (၈၄) ဘီလျံအထိပြုတ်သွားပါပြီ

​ရုရှားဘီလျံနာသူဌေးကြီးတွေ အတော်အထိနာနေပါတယ်။ ယူကရိန်းကိုကျူးကျော်စစ်စတဲ့နေ့မှာပဲ ဘီလျံနာ (၂၁) ယောက်ဆီကနေ ဒေါ်လာ (၃၉) ဘီလျံပြုတ်သွားခဲ့ပါတယ်။


အခုအထိသိရသလောက် စုစုပေါင်း (၈၄) ဘီလျံအထိပြုတ်သွားပါပြီ။ ထိပ်တန်းသူဌေးကြီးတွေဘယ်လောက်ထိနေသလဲဆိုတာ ပုံထဲကစာရင်းထဲမှာကြည့်ပါ။


အထိဆုံးကတော့ ရုရှားရေနံသူဌေးကြီး Alekperov ပါ။ ဒေါ်လာ ၁၄ ဘီလျံဆုံးရှုံးထားပါတယ်။ သူ့ချမ်းသာမှုရဲ့ ၆၀ ရာနှုန်းကျော်ဆုံးရှုံးထားတာပါ။


ရက်ကြာလာရင် သူဘယ်လောက်အထိမွဲမလဲဆိုတာမသိရသေးပါ။ စတော့အိတ်ချိန်းမှာအပိတ်ဆို့ခံရတာနဲ့ ထိသွားတာပါပဲ။


အချို့ဘီလျံနာတွေဟာ ချမ်းသာမှုလျော့ကျသွားတဲ့အတွက် ကမ္ဘာ့ဘီလျံနာစာရင်းကနေ ပယ်ဖျက်ခံနေရပါပြီ။


Richard Myo Thant


ဆက်ဖတ်ရန် →

ရုရှားရဲ့ ဗီတိုအာဏာကို ရုပ်သိမ်းဖို့ ပြင်ဆင်

​" ကုလလုံခြုံရေးကောင်စီမှာ ရုရှားရဲ့ ဗီတိုအာဏာကို ရုပ်သိမ်းဖို့ ပြင်ဆင်နေကြပြီ "


ရုရှားရဲ့  ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးစွဲခွင့် ရုပ်သိမ်းနိုင်ဖို့အတွက် စည်းရုံးလှုပ်ရှားမှု့ကို ရီပတ်ဘလင်ကန်အမတ်တွေကနေ စတင်လိုက်ပါတယ်။ တန်နဆီပြည်နယ်က အထက်လွှတ်တော်အမတ် ဘလက်ဘမ်းနဲ့ နယူးယောက် အထူးသံတမန် ကလော်ဒီရာတို့က ဦးဆောင်စည်းရုံးပြီး သမ္မတဘိုင်ဒန်ထံကို တင်ပြခဲ့တာပါ။ ဘိုင်ဒန်ရဲ့ ခွင့်ပြုချက်နဲ့ ကုလအဖွဲ့ဝင်နိုင်ငံတွေကို စည်းရုံးလှုံ့ဆော်မှာပါ။


ဒီတောင်းဆိုမှု့ဟာ ယူကရိန်းအရေးကို လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးပြီး ပယ်ချခံခဲ့ရာကနေ စတင်ပါတယ်။ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ရုရှားကို အရေးယူပေးဖို့ ဆွေးနွေးရာမှာ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ရုရှားသံအမတ်ကိုယ်တိုင်က ကန့်ကွက်လိုက်တဲ့အတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မကျေနပ်စရာတွေ ဖြစ်လာခဲ့တာပါ။ အဖွဲ့ဝင်နိုင်ငံတွေဆီကနေ ရုရှားကို ဗီတိုအာဏာနဲ့ မထိုက်တန်ဘူးလို့ ဝေဖန်နေကြပါတယ်။ 


" ရုရှားဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံကို အရှက်မရှိ တရားမဝင်နဲ့ မနှစ်မြို့ဖွယ်ရာ တိုက်ခိုက်မှု့တွေအတွက် တာဝန်မခံနိုင်လို့ လုံခြုံရေးကောင်စီမှာ သူရဲ့ ဗီတိုအာဏာကို အလွဲသုံးစားလုပ်နေတာပါ။ ဒီလွဲမှားမှု့တွေကို ပြန်လည်ဆန်းစစ်ဖို့လိုပါတယ် " လို့ ဘလက်ဘန်းက တင်ပြထားပါတယ်။ 


လုံခြုံရေးကောင်စီဥက္ကဋ္ဌသက်တမ်းဟာ ၁ လ သာရှိပါတယ်။ မတ်လမှာ UAE နိုင်ငံက တာဝန်ယူရမှာဖြစ်ပြီး၊ မေလမှာတော့ အမေရိကန်အလှည့်ပါ။ 


သုံးသပ်ရရင်...၊ ယူကရိန်အရေးအတွက် လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာဟာ ကမ္ဘာ့နိုင်ငံအသီးသီးအတွက် စီစစ်မှု့အောက်ကို ထင်ထင်ရှားရှား ရောက်သွားခဲ့ပါတယ်။


နွေဦးတော်လှန်ရေး မစတင်မီကတော့ စာရေးသူတို့ မြန်မာနိုင်ငံသားတွေဟာ အွန်လိုင်းပေါ်မှာ ဖော်လိုဝါများများနဲ့ ခပ်တည်တည်ပြောနေတဲ့ အကောင့်တွေရဲ့ ပိုစ့်တွေကို တကယ်ထင်ခဲ့မိကြပါတယ်။ 


" နိုဗယ်လ်ဆုရှင်ကို ဖမ်းလို့မရဘူး။ "

" R2P ဝင်လာပြီး ချက်ချင်းအဖမ်းခံရမယ်။ "

" အမေရိကန်က တရုတ်နဲ့ရုရှားကို ထည့်တွက်မှာမဟုတ်ဘူး။ "

" နေတိုးအဖွဲ့က ငြိမ်နေမှာမဟုတ်ဘူး။ "


ဆိုသလို ပိုစ့်တွေမှာ ပွဲဆူခဲ့ကြတယ်။ တကယ်ထင်ခဲ့ကြတယ်။ စာရေးသူကတော့ ဘာတစ်ခုမှ ဝင်မပြောခဲ့ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သေသေချာချာ နားမလည်လို့ပါ။ စာရေးသူ စိတ်ဝင်စားတဲ့ ရသ၊ သုတ စာပေတွေနဲ့လည်း လိုင်းမတူတဲ့အတွက် နုတ်ဆိတ်ပြီးသာ နေခဲ့ပါတယ်။ တကယ်အာဏာသိမ်းတော့ ဒီအကောင့်တွေ ပျောက်ကုန်ပါတယ်။


ဖေဖော်ဝါရီမှာ အာဏာသိမ်းတော့ စာရေးသူဟာ ကုလအဖွဲ့ကို အားကိုးမိပါတယ်။ လက်နက်ရှိသူနဲ့ လက်နက်မဲ့ပြည်သူတွေ ရင်ဆိုင်နေတဲ့ တိုက်ပွဲမှာ ကမ္ဘာ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ ကုလကသာ တာဝန်ယူဖြေရှင်းပေးမှ အဆင်ပြေနိုင်မယ်ထင်တာပါ။ ဒါ့ကြောင့်လည်း ဘယ်သူတွေဘာပြောပြော ကုလရဲ့ လှုပ်ရှားမှု့ကို လေ့လာ စောင့်ကြည့် အသိပေးပါတယ်။ 


တကယ်တန်း အာဏာသိမ်းပြီးတဲ့အခါမှာ အော်ကျက်ပိုစ့်တွေ ပြောသလို မဖြစ်ခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ စာရေးသူအပါအဝင် မြန်မာပြည်သူတွေဟာ ကုလလုပ်ငန်းတွေနဲ့ စည်းမျဉ်းတွေကို သေသေချာချာ မသိခဲ့လို့ပါ။ ကုလလုပ်ငန်းတွေကို ထဲထဲဝင်ဝင် တာဝန်ထမ်းနေတဲ့ မြန်မာနိုင်ငံသားအချို့ ရှိပေမယ့် လုံခြုံရေးကောင်စီမှာတော့ ထဲထဲဝင်ဝင် တာဝန်ထမ်းနေသူ မရှိသလောက်ပါပဲ။ ယူနီဆက်ဖ်၊  WHO လို ဋ္ဌာနတွေမှာတော့ မြန်မာနိုင်ငံသားတွေရှိပါတယ်။


ဒီတော့...၊ အာဏာသိမ်းတဲ့အခါမှာ အွန်လိုင်းပိုစ့်တွေပြောခဲ့သလို ကုလ ငြိမ်းချမ်းမှု့ထိမ်းသိမ်းရေးတပ်တွေကို မျှော်ကြပါတယ်။ စာရေးသူလည်း ကုလနဲ့ပတ်သက်သမျှ သတင်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လေ့လာ၊ အသိပေးပါတယ်။


ယူကရိန်းအရေး ဖြစ်တဲ့အခါမှာတော့ ကုလရဲ့ စတိတ်မန့်တွေအပေါ်မှာ အမြင်ရှင်းသွားပါတယ်။ အဓိက ဒုက္ခပေးနေတာက သမာသမတ်မရှိတဲ့ မိစ္ဆာ ၂ နိုင်ငံဟာ ဗီတိုကိုင်ပြီး ကုလစားပွဲမှာ ခန့်ခန့်ကြီး ထိုင်နေခဲ့လို့ပါ။ မြန်မာ့အရေးမှာတုန်းက နိုင်ငံအားလုံး မသိခဲ့ပေမယ့် ယူကရိန်းအရေးမှာတော့ ဗီတိုအာဏာကို အကာအကွယ်ယူပြီး စစ်အာဏာသိမ်းတာ၊ ကျူးကျော်တာတွေကို ကာကွယ်ပေးနိုင်ပါလားဆိုတာကို ကမ္ဘာကြီးက သိမြင်သွားခဲ့တာပါ။ 


ဒါ့ကြောင့်လည်း အမေရိကန် ရီပတ်ဘလင်ကန် အမတ်တွေကနေ သမ္မတဘိုင်ဒန်ထံ၊  ရုရှားကို ဗီတိုရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်တာပါ။ ဒီကနေတဆင့် ကမ္ဘာ့နိုင်ငံအသီးသီးကို စည်းရုံးတော့မှာပါ။ ကုလဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ကတော့ ရုရှားကို ဗီတိုရုပ်သိမ်းဖို့ ခက်ခဲနိုင်ပေမယ့်၊ ကုလပဋိဥာဉ်စာချုပ်အရ ဆက်လက်လှုပ်ရှားရမှာပါလို့ FOX သတင်းဋ္ဌာနကို ဖြေကြားထားပါတယ်။ 


ဟိုတစ်နေ့ကရေးခဲ့သလိုပါပဲ။ ဂေါ်ဘာချော့ လက်ထက်ကနေ ပူတင်အထိ လက်နက်အားကိုးနေတဲ့ ရုရှားဟာ အတိတ်ကသမိုင်းမှာ ဆိုဗီယက်ယူနီယံကြီး နိုင်ငံ ၁၅ ခုဖြစ်ပြီး ပြိုကွဲသွားရသလို၊ ဒီနေ့ ပူတင်လက်ထက်မှာလည်း လက်နက်အင်အား ပြလိုတဲ့စိတ်ကြောင့် စီးပွားရေးတွေ ပျက်စီးနေသလို လူမှု့ရေးမှာလည်း မဆီမဆိုင် ရုရှားပြည်သူတွေဟာ ဖယ်ကျဉ်မှု့တွေ တစ်စစနဲ့ ကြုံတွေ့လာရပါပြီ။ ပူတင်ဟာ ခေတ်သစ်ဟစ်တလာ ဖြစ်ခဲ့ပါပြီ။ 


ရုရှားရဲ့ ပျက်စီးခြင်းဆီ ဦးတည်နေမှု့ဟာ မှီခိုသူ အကိုင်းအခက်၊ အလက်အရွက်တွေလည်း တစ်ပါတည်း ပါသွားရမှာ မလွဲပါဘူး။ 

..

ဘကြီးအောင် LA

(28-February-2022)

..

ဆက်ဖတ်ရန် →

ရုရှားအင်ပါယာအိပ်မက်

​ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ပတ်သက်ပြီး လေ့လာသူ တွေကသုံးသပ်မှုတွေလုပ်ကြသလို ကမ္ဘာ့အတွေးအခေါ် နယ် ပယ်ကရှေ့ဆောင်တွေကလည်း ရေးသားသုံးသပ်နေကြတာ တွေကို ဖတ်ရတယ်။


ဒီ သုံးသပ်ချက်တွေထဲမှာ  ဒီနေ့ Guardian မှာရေးတဲ့ Yuval Noah Harari (Homo Sapiens  စာရေးဆရာ) ရဲ့ သုံးသပ်ချက်ကို သဘောကျမိတယ်။ သူ့ရဲ့ သုံးသပ်ချက်ထဲက တ ချို့ကို ကောက်နှုတ်တင်ပြပါရစေ။


# ပူတင်ဟာ ယူကရိန်းကျူးကျော်စစ်ကို ဆင်နွှဲရာမှာ တိုက်ပွဲ တွေတော့ နိုင်ကောင်းနိုင်လိမ့်မယ်။ ဒါပေမဲ့စစ်ပွဲကြီးတခုလုံး ကတော့ ရှုံးနေတယ်။


# ပူတင်ဟာ ဒီစစ်ပွဲကို တိုက်ဖို့ အဘက်ဘက်က ကြိုတင်ပြင် ဆင်ခဲ့တယ်။ ဒါပေမဲ့ သူမစဥ်းစားမိတဲ့ အချက်တချက်ရှိနေတယ်။ အဲ့ဒါက ပြည်သူတွေရဲ့ အညံ့မခံ ခုခံနေမှုပဲ။


# နိုင်ငံတနိုင်ငံကို သိမ်းပိုက်ရတာ လွယ်ကောင်းလွယ်လိမ့် မယ်။ ဒါပေမဲ့ နိုင်ငံတနိုင်ငံကိုထိန်းချုပ်ဖို့ကတော့မလွယ်ဘူး ပူတင်အနေနဲ့ ယူကရိန်းကို စစ်နိုင်လို့ သိမ်းပိုက်ပြီး ရုပ်သေး အစိုးရတင်နိုင်ရင်တောင် ပြည်သူတွေရဲ့ ခုခံဆန့်ကျင်မှုကို ရင်ဆိုင်သွားရလိမ့်မယ်။


# ယူကရိန်းတ‌ယောက်ကို သတ်တိုင်း ကျူးကျော်သူတွေကို မုန်းတဲ့ အမုန်းက နက်ရှိုင်းလာလိမ့်မယ်။ အမုန်းဟာ ရုပ်အ ဆိုးဆုံး ခံစားချက်ပဲ။ ဒါပေမဲ့ ဖိနှိပ်ခံတွေအတွက်ကတော့ အမုန်းဆိုတာ လှို့ဝှက်သိမ်းဆည်းထား တဲ့ရတနာတပါးပဲ။ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စူးဝင်နေရင် အမုန်းတရားက ခုခံဆန့်ကျင်မှုကို မျိုးဆက်နဲ့ချီပြီး သယ်ဆောင်သွားမှာပဲ။ (Hatred is the ugliest of emotions. But for oppressed nations, hatred is a hidden treasure. Buried deep in the heart, it can sustain resistance for generations. ဆိုပြီး ရေးထားတာလေး သဘောကျတယ်)


# တိုင်းပြည်တပြည်ကို အုပ်စိုးဖို့ဆိုရင် သွေးထွက်သံယိုမရှိ တဲ့အောင်ပွဲလိုတယ်။ အဲ့ဒါမှပဲ အမုန်းတရားကင်းတဲ့ အုပ်စိုး မှုကို ထူထောင်နိုင်မယ်။ တကယ်လို့ သွေးထွက်သံယိုတွေနဲ့ အာဏာတည်ဖို့ ကြိုးစားရင် ပြည်သူတွေရင်ထဲမှာ အမုန်းတ ရားတွေပဲ စူးနစ်ပြီး အုပ်စိုးဖို့မဖြစ်နိုင်ဘူးဆိုတာကို Harari က ထောက်ပြတယ်။


# ပူတင်က ယူကရိန်းဟာ တိုင်းနိုင်ငံစစ်စစ်မှန်မှန်မဟုတ်ဘူး ယူကရိန်းပြည်သူတွေဟာလဲ တိုင်းနိုင်ငံတခုရဲ့နိုင်ငံသားတွေ မဟုတ်ဘူးဆိုတဲ့ အလိမ်အညာတွေ‌အအပေါိအခြေခံပြီး သူ့ရဲ့ ရုရှားအင်ပါယာအိပ်မက်ကို တည်ဆောက်ထားခဲ့တယ်။


# အခုတော့ ယူကရိန်းပြည်သူတွေက သူတို့ဟာ ယူကရိန်းနိုင်ငံရဲ့ စစ်မှန်တဲ့ နိုင်ငံသားတွေဖြစ်တယ်ဆိုတာကို ရဲဝံ့စွန့် စားပြသနေကြတယ်။ နိုင်ငံတနိုင်ငံနဲ့ ပြည်သူတွေကို တွဲစပ် ချည်နှောင်ထားတဲ့ နိုင်ငံသား သိစိတ်/Nation ကို တည် ဆောက်ရာမှာ ဇာတ်လမ်းတွေက အရေးကြီးတယ်။ 


# အခုဆိုရင် ရုရှားပြည်သူတွေရဲ့ ခုခံစစ်ကနေ နောက်မျိုး ဆက်တွေအထိ လက်ဆင့်ကမ်းပြန်ပြောစရာဇာတ်လမ်းတွေ အများကြီးထွက်ပေါ်လာတယ်။ လက်နက်ပဲလိုတယ်။ လေ ယာဉ်နဲ့ လာခေါ်စရာမလိုဘူးဆိုတဲ့ ယူကရိန်းသမ္မတရဲ့စကား တွေ၊ ရုရှားတင့်ကားတွေလာတဲ့လမ်းမှာ ပိတ်ပြီး တင့်ကား တွေကို ပိတ်ဖို့ ကြိုးစားတဲ့ ပြည်သူတွေအကြောင်းဟာ တိုင်း ပြည်အမှောင်ဖုံးသွားရင်တောင် ပြန်ပြောင်းပြောနေကြမယ့် ဇာတ်လမ်းတွေပဲ။


# အဲ့ဇာတ်လမ်းတွေဟာ ယူကရိန်းပြည်သူတွေရဲ့ နိုင်ငံသား သိစိတ်ကို ပိုခိုင်မာအောင်တည်ဆောက်သွားကြလိမ့်မယ်။ သေချာတာတခုကတော့ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း မှာ ဘာကို အထင်အရှားပြသလိုက်လဲဆိုတော့ "ယူကရိန်း ဟာ စစ်မှန်တဲ့ တိုင်းနိုင်ငံကြီးတခုဆိုတာ ပြသလိုက်သလို ယူကရိန်းပြည်သူတွေက တကယ့် စစ်မှန်တဲ့ နိုင်ငံ့သားကောင်းတွေဆိုတာကို ပြသလိုက်တာပါပဲ။


# ဒီစစ်ပွဲက ကြာနိုင်တယ်။ ပုံစံအမျိုးမျိုးနဲ့ ဆက်သွားနေ လိမ့်မယ်။ ယူကရိန်းက စစ်ပွဲဟာ တကမ္ဘာလုံးရဲ့ အနာဂတ် ကို ပုံဖော်လိမ့်မယ်။ အာဏာရှင်တွေနဲ့ ကျူးကျော်နယ်ချဲ့မှု တွေသာ အောင်ပွဲရသွားရင် နောက်ဆက်တွဲဒဏ်ကို ကျနော် တို့ခံရလိမ့်မယ်။ ဒါကြောင့် လေ့လာအကဲခတ်သူဆိုပြီး မှိန်း နေလို့မရဘူး။ အခိုင်အမာပါဝင်ရပ်တည်ဖို့အချိန်ကျပြီဆို ပြီး Harari. က ရေးထားပါတယ်။ ( If tyranny and aggression are allowed to win, we will all suffer the consequences. There is no point to remain just observers. It’s time to stand up and be counted. ဆိုတဲ့ နောက်ဆုံးစာကြောင်းလေးရေးထားတာလဲ သဘောကျမိပါ တယ်။)

ကိုရဲ

ဆက်ဖတ်ရန် →

​ရုရှားတို့ ယူကရိန်းအား ကျုးကျော် ခဲ့မှုသည် စီစဉ်ထားသည့် အတိုင်း ဖြစ်မလာခဲ့ပေ၊ ယူကရိန်း၏ ဒုတိယ အကြီးဆုံး မြို့တော် ဖြစ်သော ကာကစ်ဗ်အား ရုရှားတို့ တိုက်ခိုက်လာမှု ကို ယူကရိန်းတို့ တွန်းလှန်နိုင်ခဲ့ပုံ ရသည်။ တောင်ပိုင်းတွင် ဗလာဒီမာ ပူတင်၏ တပ်များက နယ်မြေများကို သိမ်းပိုက် နိုင်ခဲ့ခြင်းသည် မြို့များကို ရှောင်ရှား နိုင်ခဲ့၍ပင် ဖြစ်သည်။


ကီယက် မြို့တဝိုက်တွင်တော့ ယူကရိန်း တပ်များက ရုရှားထိုးစစ်ကို ကြံကြံ့ခံထားနိုင်ခဲ့သည်။  ပူတင် သည်  သူ၏ မိန့်ခွန်းများထဲတွင် ဆေးသမား နာဇီတဦး အဖြစ် အမြဲလို ပုံဖေါ် ပြောဆိုခဲ့သော ယူကရိန်း သမ္မတ ဇယ်လင်စကီးသည် ၎င်းအပြောနှင့် တခြားစီ
ရဲရဲတောက် အာခံရဲသည့် ပုဂ္ဂိုလ် ဖြစ်လာခဲ့ပြန်သည်။

ဇယ်လင်စကီးသည် နိုင်ငံ အကြီးအကဲ တဦး ပီသစွာမျိုးချစ် စိတ် အပြည့်ရှိယုံမက သတ္တိ ဗျတ္တိ ပြည့်စုံစွာဖြင့် နိုင်ငံကို ဦးဆောင်နိုင်ခဲ့သူ ဖြစ်သည်။

စစ်ပွဲ ဖြစ်လာသည်မှာ ရက်သတ္တပတ်ပင် မပြည့်သေးပေ၊ ရုရှား သမ္မတ က ကိယက် အပါအဝင် အခြားမြို့ကြီးများကို ဝိုင်းရံထားရန်  အရံတပ်များကို ဆင့်ခေါ်နိုင်ပေသေးသည်၊ နှစ်ဖက်စလုံးရှိ စစ်သားများ နှင့် အရပ်သားများ အတုံးအရုံး သေဆုံးရဖို့ ရှိနေသည်။

လက်ရှိ စစ်ပွဲတွင် ပူတင်သည် အနိုင်ရကောင်း ရသွား နိုင်ပြီး နောက်ဆုံးတွင် ယူကရိန်း မြို့တော်တွင်ရုပ်သေး အစိုးရ မျိုး တင်မြှောက် လာနိုင်ဖွယ် ရှိနေသည်။ 

သို့သော် လက်ရှိ စစ်ပွဲအား အမှည့်ချွေ ချွေသလို ဖြေးဖြေးချင်း တိုက်ယူနေရပြီ ဆိုကတည်းက ပူတင်ဖက် က ရှူံးနေပြီ ဖြစ်သည်။

မြို့ရွာ အနှံ့ရှိ ယူကရိန်း နိုင်ငံသားများ၏ မျိုးချစ်စိတ်ဓါတ်သည် ရှင်သန် နိုးကြားလာခဲ့ပြီ ဖြစ်သည်။ အားလုံးကလည်း ပူတင် ဖက်က ခန့်အပ်လာမည့် မည်သည့် အစိုးရမျိုးကို မဆို အုပ်ချုပ်ပိုင်ခွင့် မရှိသည့် တရားမဝင် အစိုးရ အဖြစ် သတ်မှတ်လာကြတော့မည် ဖြစ်သည်။

ယင်းနှင့် အတူ ကမ္ဘာတဝှမ်းတွင်လည်း ပူတင်သည် ပို၍ပင် အပယ်ခံ ဘဝ နှင့် နေသွားရပေဦးတော့မည်။ ပြည်တွင်းတွင်လည်း သူ၏ ဖိနှိပ်ချုပ်ချယ်မှူများကြောင့် မွန်းကျပ်ပြီး ဖြစ်နေသော လူ့အဖွဲ့အစည်းသည် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု များ ကြောင့် အသက်ရှူ မဝ ဖြစ်လာမည့် အနေအထားကို ရင်ဆိုင် ဖြေရှင်းရပေတော့မည်။

ရုရှားရှိ အခွင့်ထူးခံ အီလိများက ပူတင်၏ ယုံထင် ကြောင်ထင် ဖြစ်ကာ အရူးထသည့် လုပ်ရပ်ကြောင့် ဖြူကာပြာကာ ကျလာနိုင်သည့် အရေးကို တွေးကာ ထိတ်လန့်လာနေကြသည်ကို အထင်အရှား တွေ့မြင်ခဲ့ရသည်။

ယူကရိန်း တွင် အခြေအနေ ပို၍ ဆိုးလာသည်နှင့် အမျှ ၎င်း၏ အစိုးရ အဖွဲ့အတွင်း အက်ကွဲကြောင်းများ လိုက်လာတော့မည့် အပြင် ရုရှားပြည်သူများလည်း လမ်းပေါ်ထွက်လာကြပေတော့မည်။ ထို့အတွက် ပူတင်သာ ကရင်မလင်တွင် ဆက်၍ တွယ်ကပ် နေနိုင်ခဲ့မည် ဆိုလျှင် ပူတင်အဖို့ နိုင်ငံသားများအား လှုပ်၍မရအောင် အကြောက်တရား ပြဠာန်းပြီ မဖြစ်မနေ အုပ်ချုပ်သွားရပေတော့မည်။ ပြည်သူများလည်း ဆယ်စုနှစ်ပေါင်းများစွာ အတွင်း တခါမှ မကြုံခဲ့ဖူးသည့် လွန်စွာ ပြင်းထန်လာဖွယ် ရှိသည့် ဖိနှိပ်ချုပ်ချယ်မှုများ နှင့် ရင်ဆိုင်ကြရပေတော့မည်။(လက်ရှိ မင်းအောင်လှိုင် နှင့် အဖွဲ့ ပုံစံမျိုးလို ဖြစ်လာပေတော့မည်)

ပူတင်၏ ပထမဆုံး အမှား

ရန်သူကို လျော့တွက်ခဲ့ခြင်းပင် ဖြစ်ပေသည်။ ဤသည်က သူ့ဖာသာ ဝါဒဖြန့်ထားခဲ့မှုများ အပေါ် အစစ်အမှန်ဟု တဖန်ပြန်၍ သူ့ဖာသာ ယုံကြည်လာခဲ့ပုံရသည်။ ယူကရိန်းသည် နိုင်ငံတနိုင်ငံ မဟုတ်၊ စီအိုင်အေ က ဖန်တီးထားသည့် နိုင်ငံအတုသာ ဖြစ်သည်၊ အုပ်ချုပ်နေသူများကလည်း ပြည်သူများ ရွံရှာ မုန်းတီးနေကြသည့် ကလိန်ကကျစ်များသာ ဖြစ်သည်၊ ထို့အတွက် အင်အား အနည်းငယ် ပြလိုက်ယုံဖြင့် ယူကရိန်းသည် ချက်ခြင်းလို ပြိုလဲ ပျက်သုံးသွားတော့မည်၊ ထိုအတွေးအခေါ်ထက် အဘယ်အရာကများ ပို၍ မှားနိုင်ပေဦးမည်နည်း။

ဒုတိယ အမှား

ပူတင်သည် ၎င်း၏ တပ်များကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်ခဲ့ခြင်း မရှိမှု ပင် ဖြစ်သည်။ ရုရှားလေတပ်သည် ယခူ အချိန်အထိ ယူကရိန်း ဝေဟင်ကို ထိန်းချုပ်နိုင်စွမ်း မရှိသေးပေ။ ရုရှားလူထု အားလည်း မိမိမှ စစ်ပွဲကြီး တရပ် ဆင်နွှဲနေခြင်း မဟုတ်ပဲ "နာဇီသန့်စင်ရေး" လုပ်နေခြင်း ဖြစ်သည်ဟု အကြောက်အကန် ပြောနေရဆဲပင် ဖြစ်သည်။

ရုရှားစစ်သားများလည်း ဇဝေဇဝါ ဖြစ်ကုန်ပြီး ယူကရိန်း ပြည်သူများက ၎င်းတို့အား "ကယ်တင်ရှင်များ" အဖြစ် ကြိုဆိုကြလိမ့်မည်ဟု ယူဆလာခဲ့သည်။ ပူတင်က သူ့တပ်များအား ယူကရိန်းတွင် ၎င်းတို့မျိုးနွယ်စုဝင်များ အား တွေ့ရာ သင်္ချိုင်း ဓါးမဆိုင်း သတ်ဖြတ်ရန် အမိန့်ပေးလာပါက လိုက်နာကြမည် မဟုတ်ပေ။ ယူကရိန်း မြို့ကြီးများအား သိမ်းပိုက် နိုင်ရေး ကြိုးပမ်းမှုတွင် ရုရှား စစ်သား အများအပြား သေဆုံးလာပါက ပူတင် အဖို့ ပြည်တွင်းတွင် မည်သို့မျှ ဖုံးကွယ်၍ ရနိုင်မည် မဟုတ်ပေ။

တတိယ အမှား

အနောက်အုပ်စုကို လျော့တွက်ခဲ့ခြင်းပင် ဖြစ်သည်။ ပူတင် စိတ်ထဲတွင် အနောက်နိုင်ငံ လူ့အစည်းအရုံးများသည် အတွင်းလှိုက်၍ ခြစားလာနေပြီး ကိုယ်အရေး သာ ကိုယ် အဓိက ထားကြသူများဟု မှတ်ယူခဲ့သည်။ ပူတင်ကဲ့သို့သော အာဏာရှင်များ အဖို့က လူထု၏ ဒီမိုကရေစီ အပေါ် ယုံကြည်သက်ဝင်မှုကို မည်သို့်မျှ အစစ်အမှန် မဖြစ်နိုင်ဟု လက်ခံထားကြသူများ ဖြစ်သည်။

အနောက်နိုင်ငံများရှိ လူထုက ယူကရိန်း ပြည်သူများ အား တခဲနက် ထောက်ခံလာသည့် အဖြစ်ကို အံဩခြင်းမက အံ့ဩသွားခဲ့သည်။ လန်ဒန် မြို့တော်နေ လူထုက ယူကရိန်း နိုင်ငံတော် သီချင်းကို ရွတ်ဆိုလာကြပြီး ဘာလင်ရှိ ဘရန်တင်းဘတ်ခ် မုဒ်ဦးပေါ်တွင် အပြာနှင့် ရွှေရောင် ပါ ယူကရိန်း အလံ အထိမ်းအမှတ် အဖြစ် မီးများ ထွန်းညှိခဲ့ကြသည်။

အနောက်နိုင်ငံသားများသည် ယူကရိန်း ပြည်သူများ၏ သတ္တိကို အတုယူ အားကျစိတ်များ နှင့် အတူ ၎င်းတို့၏ အစိုးရများကိုပါ တွန်းအားပေးလာကြသဖြင့် နောက်ဆုံးတွင် အပါရိက မျှ ပြောဆိုယုံ
လောက် မဖြစ်တော့ဟု ဆိုကာ စိတ်ပါလက်ပါ စုပေါင်းရင်ဆိုင်လာခဲ့ကြရပေတော့သည်။

No-Fly Zone ပြဠာန်းခြင်းမျိုးဖြင့် ရုရှားတို့နှင့် စစ်ရေး အရ ထိတ်တိုက်တွေ့မည့် အရေးကို မှန်ကန်စွာ ရှောင်ရှားနိုင်ခဲ့ကြပြီး ဖေဖေါ်ဝါရီ ၂၆ ရက်နေ့တွင်တော့ ရုရှား၏ ဗဟိုဘဏ် နှင့် ဘဏ္ဍာရေး စနစ်ကြီး တခုလုံး အား အမှန်အကန် ထိရောက်စွာ ပိတ်ဆို့ဒဏ်ခတ်ရန် သဘောတူလာခဲ့ကြပြီ ဖြစ်သည်။

ထိုသို့ အရေးယူလာမှုသည် ရုရှားအဖို့ အရံငွေများ ထုတ်ယူနိုင်ရေး ကို ပိတ်ပင်နိုင်ဖွယ် ရှိမည့်အပြင် ဘဏ်တိုက်ကြီးများလည်း ချိနဲ့သွားတော့မည် ဖြစ်သည်။

နောက်တနေ့တွင်တော့ ထိုသို့ အရေးယူလာမှုကို ရုရှားဖက်က ဒေါသတကြီးတုန့်ပြန်လာခဲ့သည်။ ပူတင်သည် ချက်ခြင်းလို သူ၏ စစ်ဖက် အကြီးအကဲများ နှင့် တိုင်ပင်ပြီး နျုကလီယား တပ်ဖွဲ့များကို အမြင့်ဆုံး အဆင့် တပ်လှန့်လာခဲ့သည်။ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု ကို ရုရှား အပေါ် နျုကလီယား စစ်ပွဲ ဆင်နွှဲလာသည့်အထား တန်းတူ သဘောထားခဲ့ခြင်းပင် ဖြစ်ပေသည်။

ပူတင်၏ လုပ်ရပ်သည် ကိုယ်ကျင့်တရား စောင့်ထိန်းမှု မရှိသည်သာမက အကြီးအကျယ် ထိခိုက် ပျက်စီးဆုံးရှုံးရမည့် အထိ ပဋိပက္ခကို မြှင့်တင်လာခြင်းလည်း ဖြစ်သည်။ ဤသည်ကို ကြည့်ပါက အနောက် အုပ်စု၏ စီးပွားရေးဒဏ်ခတ်မှုသည် လွဲချော်သွားခြင်း မရှိသည်မှာ သိသာထင်ရှားလာခဲ့ရသည်။ ထို့အပြင် ပူတင်၏ ရန်စွယ်ငေါငေါ လုပ်ရပ်ကြောင့် ၎င်းသည် မည်မျှအထိ ကမ္ဘာကြီး အတွက် အန္တရာယ်များသူ ဖြစ်ကြောင်း သက်သေ ပြ လာခဲ့သည်။ ထိုအနေအထားကို ကြောက်ရွံ့ပြီး နောက်တွန့်သွားမည်ဆိုက ဒီထက် ကြီးမားသည့် အတိုင်းအတာ အထိ ကျူးလွန်လာမည့် အရေးကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

ယခုအခါ ရုရှား၏ လုပ်ရပ်အား တရုတ်နှင့် အိန္ဒိယ အပါအဝင် နျူကလီယား အင်အားကြီး နိုင်ငံများ ပါဝင်နေသည့် ကုလ လုံခြုံရေး ကောင်စီမှ ထိုသို့ ခြိမ်းခြောက်လာမှုကို လက်မခံနိုင်ကြောင်း ရှင်းလင်းပြတ်သားစွာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန် အထက်တန်း အရာရှိများလည်း ရုရှား ဖက်မှ ဆိုင်ရာ ဆိုင်ရာ များအား ဆက်သွယ်ကာ ပူတင်သာ မဟုတ်၊ ၎င်းတို့၏ လုပ်ရပ်များ အတွက် တာဝန်ခံရသည့် အဆင့်အထိ ရောက်လာတော့မည်ကို သတိပေးရန် လိုအပ်လာပြီ ဖြစ်သည်။



ကမ္ဘာကြီး အနေဖြင့် နောက်တကြိမ် ပူတင် အတွက်အချက် မှားမည့် အရေးကို ခွင့်ပြု၍ မဖြစ်တော့ပေ။

လှစိုးဝေ



(ဖေဖေါ်ဝါရီ ၂၇ နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်း၏ အယ်ဒီတာ အာဘော် "Vladimir Putin's nuclear threat shows how much is going wrong for him in Ukraine" အား ကိုးကားသည်။)



ဆက်ဖတ်ရန် →

​ရဲတပ်ဖွဲအင်အားနည်းလာ၍ ရဲဌာန(၆)ခုထက်မနည်းဖျက်သိမ်းရန် စစ်ကောင်စီ ပြင်ဆင်



—People's Spring


အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖရိုဖရဲဖြစ်နေပြီး ရဲတပ်ဖွဲ့အင်အားလည်း စုဆောင်းမရတော့ဘဲ နည်းပါးလာသဖြင့် ရဲဌာန(၆)ခုထက်မနည်းကို ဖျက်သိမ်းရန် ပြင်ဆင်နေသည်ဟု တာဝန်ထမ်းဆောင်နေဆဲ ရဲမှူးကြီးအချို့ကပြောသည်။


"CDM လုပ်တာလည်း များတယ်။ သေတာလည်းများတော့ အင်အား‌တော်တော်လျော့သွားတယ်။ဒါကြောင့် ဌာန ငါးခု ဒါမှမဟုတ် ‌ခြောက်ခုကို ဖျက်သိမ်းပြီး အဲဒီကရဲတပ်ဖွဲ့ဝင်တွေကို အခြားဌာနတွေမှာ ပြန်ထားဖို့ ဆွေးနွေးနေတယ်"ဟု ရဲမှူးကြီးတစ်ဦးက လူထုနွေဦးသို့ပြောသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲဦးစီးဌာန၊ ရဲရေးဌာန၊ရဲထောက်ဌာန၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ ဓါတုဗေဒစစ်ဆေးရေးဌာန၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ရဲလေ့ကျင့်ရေးကျောင်းများဟူ၍ ရှိသည်။ 


ယင်းတို့အနက်မှ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၊ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နှင့်အမြန်လမ်းမကြီးရဲတပ်ဖွဲ့ကို ဖျက်သိမ်းရန် စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်သည်။


"အခုရက်ထဲတင် ဆွေးနွေးနေတယ်။ရေကြောင်းနဲ့လေကြောင်းရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့၊ရေနံမြေရဲ၊သစ်တောရဲနဲ့နှင့်အမြန်လမ်းရဲတပ်ဖွဲ့တို့ပါတယ်။ဘယ်လိုအတည်ပြုမယ်မသိသေးဘူး။ သတင်း‌ထွက်နေတဲ့ တပ်ဖွဲ့က ရဲ‌တွေတော့ စိတ်ညစ်နေကြတယ်"ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦးကလည်း ပြောသည်။


မြန်မာနိင်ငံရဲတပ်ဖွဲ့တွင် မူလကတည်းက တပ်ဖွဲ့ဝင်အင်အားနည်းနေပြီး စစ်အာဏာသိမ်းပြီးနောက် CDMပြုလုပ်သွားသည့်ရဲတပ်ဖွဲ့ဝင် ထောင်ချီရှိလာခြင်း၊ ပြည်သူအား စစ်ကောင်စီအလိုကျသတ်ဖြတ်သည့်ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်သုတ်သင်၍ အင်အားနည်းလာခြင်းတို့ကြောင့် ရဲတပ်ဖွဲ့သည် ဖရိုဖရဲဖြစ်နေသည်ဟု ရဲအရာရှိအချို့က ဝန်ခံသည်။


ရဲတပ်ဖွဲ့  မှ ယခင်ကတည်းကအင်အားနည်းပြီးဖွဲ့စည်းပုံမပြည်ခဲ့ဘဲ တစ်သိန်းကျော်လိုအပ်သော်လည်း ရှစ်သောင်းခန့်သာရှိသည်။ ထိုအခြေအနေတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာပြည်သူနှင့် ပူးပေါင်းသွားသောရဲတပ်ဖွဲ့ဝင်နှင့် PDF များက သုတ်သင်ရှင်းလင်းသောရဲတပ်ဖွဲ့ဝင်မှာ တစ်သောင်းကျော်ရှိလာသဖြင့်  ရဲအင်အားသိသိသာသာလျော့ပါးလာခြင်းဖြစ်သည်။


အကြမ်းဖက်စက်ကောင်စီသည် နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် ရဲတပ်ဖွဲ့၏ပုံရိပ်ကိုပါ ဖျက်ဆီးနေသည်ဟုဆိုကာ ရဲအရာရှိအချို့က ပြစ်တင်ဝေဖန်လာကြသည်။ထိအြခြေအနေတွင်တာဝန်ထမ်း‌ဆောင်နေရသည်မှာ အဆင်မပြေဟု ၎င်းတို့က ဆိုသည်။


"ပြည်သူ‌‌တွေကို စဖြိုခွင်းတော့ စစ်သားတွေက ရဲယူနီဖောင်းတွေယူဝတ်ပြီး အကြမ်းဖက်ခဲ့တယ်။ ကျွန်မဆိုရင် ယောက္ခမအသိုင်းအဝိုင်းကပါ အပတ်အသက်မလုပ်တော့ဘူး။မတူသလို မတန်သလိုဆက်ဆံခံနေရတယ်။ ပင်စင်ယူကာနီးပြီမို့လည်း ထိန်းနေရတာ"ဟု ဒုရဲမှူးအဆင့်ရှိ ရဲမေတစ်ဦးကသူ၏ အတွေ့အကြုံကို ပြောသည်။


ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်က ခွဲခြားဆက်ဆံနေသလို စစ်ကောင်စီအား မထောက်ခံသည့် ရဲအရာရှိကြီးအချို့နှင့်ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးလာသဖြင့် ရဲတပ်ဖွဲ့ဝင်များအား စိတ်ဓာတ်ကျစေသည်ဟု အထက်ပါရဲမေကပြောသည်။


အာဏာသိမ်းမှုအားဆန့်ကျင်သည်ဟုဆိုကာမှုခင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဇော်ဝင်း၊ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နွယ်ဦးအပါအဝင် ရဲအရာရှိအချို့ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားသည်။


Non CDM ရဲများအား စစ်ကောင်စီကဖိနှိပ်မှုမျာဆက်တိုက်ပြုလုပ်နေပြီး အယုံကြည်မရှိရဲတော့ဘဲဖမ်းဆီးမှုများဆက်တိုက်လုပ်ဆောင်နေသည်ဟု CDM ရဲတပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားသည့် Myanmar Police CDM Channel - MPCC ကလည်းထုတ်ပြန်ထားသည်။


ဒုရဲမှူးကြီး ဇော်ဝင်းနှင့် ဒုရဲမှူးကြီး အောင်နွယ်ဦး တို့မှာ စစ်တပ်မှအသွင်ပြောင်းများမဟုတ်ဘဲ ရဲစစ်စစ်ဒုရဲမှူးကြီးများဖြစ်ကြောင်း၊လွန်ခဲ့သည့်တစ်ပတ်ခန့်က တပ်တွင်းဖရဲသီး၏ သတင်းပေးပို့ချက်အရ အကြမ်းဖက်စစ်ကောင်စီသည် ရဲများအား ယုံကြည်မှုမရှိဘဲ မျက်ခြေမပြတ်စောင့်ကြည့်နေကြကြောင်း၊ စရဖ များအနေဖြင့် နယ်မြေသတင်းများနှင့် ဖမ်းဆီးရေးဆောင်ရွက်ရာတွင်လည်း သတင်းချပြပေါင်းစပ်မှုမရှိဘဲ အရပ်သားသတင်းပေးများမွေးမြူကာ ရဲများအား ပြန်လည်စောင့်ကြည့်ခြင်းများပြုလုပ်နေသည်ဟု MPCCက သတိပေးထားသည်။


(စစ်အာဏာရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းစွာ ဆန္ဒပြနေသောပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သောရဲတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ- NPR)


#လူထုနွေဦး

#LuduNwayOo

#People'sSpring

#PS

https://www.ludunwayoo.com

https://www.facebook.com/LuduNwayOo

https://www.instagram.com/ludunwayoo/



ဆက်ဖတ်ရန် →

ယူကရိန်း-ရုရှ ဆွေးနွေးပွဲ ထပ်မံဆုံတွေ့ရန် ချိန်းဆို

​ဂြိုလ်တုဓါတ်ပုံများအရ မိုင်၄၀ ခန့် ရှည်လျားတဲ့ ရုရှစစ်ယဥ်တန်းဟာ ယူကရိန်းမြို့တော် ကိဖ် အပြင်ဖက် မိုင်၂၀ အတွင်း ရောက်နေပြီး ပတ်ပတ်လည်ဝိုင်းထားကြောင်း နဲ့ မြို့တော်ကိုစသိမ်းပါက တရက်မှ လေးရက်အတွင်းကျဆုံးသွားနိုင်ကြောင်းသိရပါတယ်။ 


ယူကရိန်း-ရုရှ ဆွေးနွေးပွဲ ထပ်မံဆုံတွေ့ရန် ချိန်းဆိုပြီး ရလာဒ်မရှိပဲ ပြီးဆုံးသွားပါတယ်။ 


ယူကရိန်းဟာ ဘယ်လောက်ပဲတောင့်ခံနိုင်နိုင် ယူကရိန်းအပြင်မှ ရှိနေသေးတဲ့ ရုရှတပ်တွေထပ်ဝင်လာရင် ဒုတိယလှိုင်း နဲ့ အခြေအနေဆိုးသွားနိုင်ပါတယ်။ တကယ့်အရှိတရားက ယူကရိန်းစစ်တပ်ဟာ ရုရှ နဲ့ယှဥ်ရင် အလွန်အင်အားသေးငယ်တာပဲ ဖြစ်တယ်လို့ဆိုပါတယ်။ 


စီးပွားပိတ်ဆို့မှု အပြင်းအထန်ခံနေရတာရယ်၊ ရုရှငွေတန်ဖိုး ပြုတ်ကျတာရယ်၊ စစ်ပွဲဟာခင်းထားသလို ဖြစ်မနေတာရယ် အခြေအနေတွေပေါင်းစပ်ပြီး ပူတင်ရဲ့ စိတ်အခြေအနေ ပုံမှန်မဖြစ်ပဲ ဆုံးဖြတ်ချက်အလွဲတွေချလို့ ကမ္ဘာကြီး စစ်ဘေးဒုက္ခပိုနက်ရှိုင်းလာမှာလည်း စိုးရိမ်နေကြပါတယ်။ 


ပူတင်ဟာ ကိုဗစ်ကြောင့် လူတွေနဲ့ဆက်ဆံမှု ဖြတ်ထားတယ်၊ သူ့အကြံပေးတွေ အစိုးရအဖွဲ့တွေနဲ့ မတွေ့ဘူး၊ သူ့ဘေးမှာ သူ့ရဲ့ လက်ထောက်တွေပဲရှိတယ်လို့ဆိုပါတယ်။


ICC တရားရုံးက ရုရှရဲ့ ယူကရိန်းအပေါ်ကျုးကျော်မှု ကို တရားစွဲဆိုနိုင်ခြင်း ရှိ မရှိ စတင်စုံစမ်းမယ်လို့ ဆိုပါတယ်။  


ရုရှဟာ ပတ်ဝန်းကျင်မှ အောက်စီဂျင်ကို ဖြတ်တောက်ပစ်တဲ့ တားမြစ်ဗုံး vacuum bomb တွေသုံးတယ်လို့ ယူကရိန်းကစွတ်စွဲပါတယ်။


အမေရိကန်နိုင်ငံက ရုရှသံတမန် ၁၂ ယောက်ကို ပြည်နှင်ဒဏ်ပေးပါတယ်။ 


ရုရှ ဘီလီယံနာသူ​ဌေးများ၏ ကိုယ်ပိုင်လေယာဥ်များ ဘယ်နိုင်ငံတွေဆီ ပျံသန်းနေတယ်ဆိုတာ တွတ်တာလူမှုကွန်ယက် မှာ ဖေါ်ပြနေပါတယ်။

(ကျော်စွာမင်း)

ဓါတ်ပုံ၊ internet. 

မြို့တောင်အပြင်ဖက်မှ ရုရှ ယာဥ်တန်း။


ဆက်ဖတ်ရန် →

မြန်မာစစ်ကောင်စီတပ်သားများကို ပူတင် ယူကရိန်းပို့။

​ကြားဖြတ် သတင်း 


⭕⭕⭕⭕⭕⭕


ရုရှား စစ်သားများ ယူကရိန်း စစ်မြေပြင်၌ အလောင်းများပုံနေပြီဖြစ်ရာ အကျဆုံးအလွန်ပင် ပြားနေသောကြောင့် ပူတင်က မြန်မာ စစ်ကောင်စီ တပ်သားများကို ယူကရိန်းပို့နေပြီဖြစ်ကြောင်းတပ်တွင်းသတင်းအရသိရသည်။


ရုရှား နိုင်ငံ မော်စကို ရောက် မြန်မာ စစ်တပ် မှ ပညာသင် စစ်သည် များ ယူကရိန်း သို့ ရှေ့တန်း ထွက်ရမည် ဟု အမည် မဖော် လိုသော ၎င်းတို့ မိသား စုဝင် တစ် ဦး က FNG သို့ ပြောသည်။


အသက် မပြည့် သေး သည့် ကလေး စစ်သည် တချို့ ရုရှား စစ်တပ် ၏ ယူကရိန်း စစ်မျက်နှာ ပြင် တွင် ပါဝင် နေခြ်း၊ သေဆုံး နှင့် ထွက်ပြေး သူ များ ပြားလာ နေခြင်း တို့ကြောင့် မော်စကို နှင့် ရုရှား နိုင်ငံ နေရာအနှံ့ အပြားတွင် စစ်ပညာ လာရောက် သင်ကြား နေသူ များ  မည်သည့် နိုင်ငံ မှ မဆို ရှေ့တန်း ထွက် ရမည် ဟု သိရသည်။


မော်စကို တွင် စစ်ပညာ သင်ကြား နေသည့် မြန်မာ စစ်တပ်မှ စေလွှတ် ထား သူ တနှစ် လျှင် ၂ဝဝ နီးပါး ခန့် ရှိကာ လက်ရှိ မော်စကို တွင် မြန်မာ စစ်တပ် မှ စေလွှတ် ထား သူ ၄၀၀ ကျော် ခန့် ရှိနိုင် သည်။


FNG

#crd LM


ဆက်ဖတ်ရန် →

ဟက်ကာတွေကတော့ဆော်ကုန်ပြီ။

​ဘီလာရုစ်မှာရထားအချက်ပြစနစ်တွေပြဿနာတက်ကုန်တယ်လို့ဆိုပါတယ်။


ဘီလာရုစ်ပြည်တွင်းဟက်ကာတွေလက်ချက်နဲ့ ဘီလာရုစ်ကနေ ယူကရိန်နိုင်ငံထဲစစ်သားတွေပို့နေတဲ့ ရထားတွေရဲ့အော်တိုမက်တစ်စနစ်က switching devices တွေအဟက်ခံခဲ့ရသတဲ့။


Manual mode နဲ့မောင်းလို့ရပေမယ့် အချက်ပြစနစ်တွေထိတော့ အတော်ကြီးကိုနှေးကွေးသွားစေသတဲ့။


ဒီလိုလုပ်တာဟာ ကျူးကျော်စစ်ကို လက်ပိုက်ကြည့်မနေနိုင်လို့ ဟက်ကာတွေကဆိုကြတယ်။


ဒီဖြစ်ရပ်မှန်ကြောင်း ဘီလာရုစ်ရထားဝန်ထမ်းတွေက အတည်ပြုတယ်လို့ဆိုပါတယ်။


အချို့နေရာတွေမှာ ရထားစနစ်တွေပြဿနာတက်နေပြီး၊ အချို့နေရာတွေမှာပြန်ကောင်းလာပြီ။ အချို့နေရာတွေမှာ ရထားလက်မှတ်တွေဝယ်လို့မရဖြစ်ကုန်တယ်လို့ဆိုပါတယ်။


ရုရှားကဘဏ်တွေနဲ့ ဝန်ကြီးဌာနတွေကို တိုက်ခိုက်တဲ့ဟက်ကာတွေလည်းရှိပါတယ်။ သို့သော်ဘယ်ရောက်ထိရောက်သလဲမသိရပါ။


ရုရှားပြည်တွင်းမီဒီယာဆိုက်တွေလည်း အဟက်ခံရကာ အုတ်ဂူစာတမ်းပုံအတင်ခံရတယ်လို့ဆိုပါတယ်။


ယူကရိန်းကိုကျူးကျော်ရင်း ရုရှားစစ်သား ၅၃၀၀ သေဆုံးထားပြီးပြီလို့ သတင်းထွက်နေတဲ့အတွက် အဲ့ဒီအုတ်ဂူကမ္ပည်းပုံပေါ်မှာ 5300 လို့တင်ထားပါတယ်။


ဒီနေ့ညနေအထိ ရုရှားပြည်တွင်းမီဒီယာဆိုက်တော်တော်များများအဟက်ခံထားရဆဲပဲလို့ သိရပါတယ်။


အခုနောက်ပိုင်းစစ်ပွဲတွေမှာ Cyberattacks တွေပါပါလာတော့မှာဖြစ်ပါတယ်။


Richard Myo Thant

28-February -2022


ဆက်ဖတ်ရန် →

ယူကရိန်း - ရုရှား စစ်ပွဲအခြေအနေ

​ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ထိ နောက်ဆုံးရ ယူကရိန်း - ရုရှား စစ်ပွဲအခြေအနေ


၁) တနင်္လာနေ့ (၂၈.၂.၂၂) မှာ ယူကရိန်း - ဘီလာရုနယ်စပ်မှာ  စစ်ပွဲရပ်ဖို့ ဆွေးနွေးမယ်လို့ နှစ်ဖက်အတည်ပြုလိုက်ပါတယ်။


"အနည်းဆုံးတော့ စစ်ပွဲကို ရပ်နိုင်မယ့်နည်းလမ်းတွေကို ကျွန်တော်ရသလောက်ကြိုးစားခဲ့တယ်ဆိုတာ ပြည်သူတွေကို သိစေချင်ရုံပါ။ ဒီဆွေးနွေးပွဲကနေတော့ ကျွန်တော်အများကြီးမမျှော်လင့်ထားပါဘူး။


ကျွန်တော်တို့ရဲ့ ရဲဘော်တွေဒီမှာရှိနေစဉ်မှာ သမ္မတကလည်း ဒီမှာ၊ ဝန်ထမ်းရေးရာအကြီးအကဲကလည်း ဒီမှာ၊ ဝန်ကြီးချုပ်ကလည်းဒီမှာ၊ စစ်တပ်ကလည်း ဒီမှာ၊ စစ်ဦးစီးချုပ်ကလည်း ဒီမှာပါပဲ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့နယ်မြေတွေအတွက် ခုခံတိုက်ခိုက်နေမှာပါ' လို့ ယူကရိန်းသမ္မတ က ပြောသွားပါတယ်။


၂) ယူကရိန်းနိုင်ငံပိုင် ကမ္ဘာ့အကြီးဆုံး ကုန်သယ်လေယာဉ်ဖြစ်တဲ့ Antonov-225 ကို ရုရှားတွေက တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က တနင်္ဂနွေနေ့ (ဖေဖေါ်ဝါရီ ၂၇) က ဆိုခဲ့ပါတယ်။


"စိတ်ကူးအိပ်မက်" လို့အဓိပ္ပာယ်ရှိတဲ့ ယူကရိန်းဘာသာစကားနဲ့ "Mriya" (မာရီယာ) လို့အမည်ပေးထားတဲ့ Antonov-225 ကုန်သယ်လေယာဉ်ဟာ ၈၄ မီတာ ရှည်ပြီး ကုန်တန်ချိန် ၂၅၀ တန်ထိတင်ဆောင်နိုင်ကာ တစ်နာရီကို ၈၅၀ ကီလိုမီတာ နှုန်းနဲ့သွားနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်တစ်စင်းဖြစ်ပါတယ်။


"ရုရှား တွေဟာ ကျွန်တော်တို့ရဲ့ Mriya ကိုသာတိုက်ခိုက်နိုင်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လွတ်လပ်ပြီး ကြံ့ခိုင်ကာ ဒီမိုကရေစီကျင့်သုံးတဲ့ ဥရောပနိုင်ငံတော်တစ်ခုကိုတော့ ရုရှားတွေ ဘယ်တော့မှ ဖျက်စီးနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အောင်နိုင်မှာပါ" ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ၎င်းရဲ့ တွစ်တာမှာ ရေးခဲ့ပါတယ်။


Antonov-225 လေယာဉ်ဟာ ၁၉၈၈ မှာ ပထမဆုံးအကြိမ်စတင်ပျံသန်းခဲ့ပြီး ပြန်လည်ပြင်ဆင်မယ်ဆိုရင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ခန့်ကုန်ကျကာ အချိန် ၅ နှစ်ကျော်ကြာမယ်လို့ လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ukroboronprom က ခန့်မှန်းပြောကြားခဲ့ပါတယ်။


၃) ရှရုားနိုင်ငံရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေအပါအဝင် လေယာဉ်အားလုံးကို အီးယူ ရဲ့ ဝေဟင်ပိုင်နက်ကို ဖြတ်သန်းခွင့်မပေးတော့ဘူးလို့ အီးယူ ဥက္ကဌ က ဖေဖေါ်ဝါရီ ၂၈ က ကြေညာခဲ့ပါတယ်။


၄) ကနေဒါကလည်း ရုရှားလေယာဉ်တွေကို  ကနေဒါ လေပိုင်နက်အား အသုံးပြုခြင်းကနေ ပိတ်ပင်ခဲ့ပါတယ်။


ယနေ့ (ဖေဖေါ်ဝါရီ ၂၈) နံနက်မှာ မီယာမီ ကနေ မော်စကို ကိုပျံသန်းတဲ့  ရုရှား ရဲ့ Aeroflot flight 111 လေယာဉ်ဟာ ကနေဒါလေပိုင်နက်ထဲဝင်ရောက်လာတာနဲ့ပတ်သက်ပြီးကနေဒါဖက်ကနေ အရေးယူဆောင်ရွက်မှုတွေချက်ခြင်းပြုလုပ်သွားမယ်လို့ ကနေဒါနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးက တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။


၅) ယူကရိန်းအရေးမှာ ဘရာဇီးက ကြားနေနိုင်ငံအဖြစ်ရပ်တည်မှာဖြစ်ပြီး ရုရှားကို ပိတ်ဆို့အရေးယူမှုတွေချမှတ်မှာမဟုတ်ကြောင်း ဘရာဇီးသမ္မတ Jair Bolsonaro က ဖေဖေါ်ဝါရီ ၂၈ နံနက်ပိုင်းမှာဆိုခဲ့ပါတယ်။


ဘရာဇီးဟာ ရုရှားထုတ်မြေဩဇာတွေကို မှီခိုနေရပြီး ရုရှားကို ပိတ်ဆို့မှုတွေပြုလုပ်ရင် ဘရားဇီးကိုအလွန်အမင်းထိခိုက်မှုရှိစေမှာဖြစ်သောကြောင့်  ငြိမ်းချမ်းရေးကို ထောက်ခံပေမယ့် ဘရာဇီးကို ပြဿနာတွေသယ်မလာချင်‌‌ကြောင်းနဲ့ ယူကရိန်းတွေက ဟာဟသရုပ်ဆောင်တစ်ယောက်အပေါ် နိုင်ငံ့ကံကြမ္မာကို ပုံအပ်ထားတာဖြစ်ကြောင်း ဘရာဇီးသမ္မတက သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်ခဲ့သူ ယူကရိန်းသမ္မတကို ရည်ရွယ်ပြောဆိုခဲ့ပါတယ်။


ဘရားဇီးသမ္မတဟာ ဖေဖေါ်ဝါရီ ၁၆ ကမှ မော်စကို ကို အလည်သွားပြီး ပူတင်နဲ့ ‌တွေ့ဆုံခဲ့သူပါ။


၆) အမေရိကန် သမ္မတ ဘိုင်ဒင်က ယူကရိန်းအရေးဆွေးနွေးရန် အမေရိကန် ရဲ့ မဟာမိတ်နိုင်ငံများကို  ဆင့်‌ခေါ်လိုက်ပါတယ်။


ဆွေးနွေးမှုကို ဝါရှင်တန် စံတော်ချိန် တင်္နလာနေ့ (ဖေဖေါ်ဝါရီ ၂၈) နံနက် ၁၁:၁၅ မှာပြုလုပ်ဖြစ်မယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။


၇) Google က ရုရှားအစိုးရပိုင် သတင်းဌာနတွေကို Google Platform မှာကြော်ညာခွင့်မပေးတော့ဘူးလို့ ပြောလိုက်ပါတယ်။


Google က Google Maps မှာ ယူကရိန်းရဲ့ တချို့သော လမ်းကြောင်းတွေကို ပိတ်ချလိုက်ပြီး  ဆိုင်းငံ့ (disable) ဖြစ်သွား‌စေခဲ့ပါတယ်။ ဒီလိုလုပ်တာက ယူကရိန်းနိုင်ငံသားတွေဘေးကင်းအောင် ကူညီရာရောက်မယ်လို့ မျှော်လင့်ကြောင်း google က ဆိုခဲ့ပါတယ်။


Meta ကလည်း သူတို့ရဲ့ Facebook Platform မှာ ရုရှားအစိုးရပိုင် မီဒီယာတွေကို တားမြစ် (ban) လိုက်ပါတယ်။


၈) "အီးယူဟာ ယူကရိန်းနဲ့ စီးပွားရေး နဲ့ စွမ်းအင်ကဏ္ဌတွေမှာ  နီးစပ်တဲ့ ဆက်ဆံရေးတွေရှိနေပါတယ်။ ဥရောပမှာရှိနေတဲ့ ယူကရိန်းကို အီးယူ မှာပါဝင်လာစေချင်ပြီး ယူကရိန်းဟာ ကျွန်မတို့ အီးယူထဲက တစ်ယောက်ပါပဲ" လို့ အီးယူ ဥက္ကဌ ဖြစ်သူ Ursula von der Leyen က ဆိုခဲ့ပါတယ်။


လက်နက်ဝယ်ယူဖို့နဲ့ လက်နက်တွေလွှဲပြောင်းပေးဖို့အတွက် စပ်လျဉ်းပြီး အီးယူ က ယူကရိန်းကို ငွေကြေးထောက်ပံ့ပေးသွားမယ်လို့  အီးယူ ရဲ့ ဥက္ကဌ က ပြောခဲ့ပါသေးတယ်။ ဒီလိုလုပ်ရပ်မျိုးဟာ အီးယူရဲ့ သမိုင်းမှာ ပထမဆုံး ထောက်ပံ့ကူညီပေးမှုလည်းဖြစ်ပါတယ်။


ယူကရိန်းကို ဝင်ရောက်ဖို့ ရုရှားကို နယ်မြေပေးသုံးခဲ့တဲ့ ဘီလာရုကိုလည်း အီးယူက အရေးယူပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။


၉) ပူတင် က သူ့ရဲ့ နူကလီးယား တပ်ဖွဲ့တွေကို တပ်လှန့်လိုက်တဲ့အပေါ် အမေရိကန် နဲ့ နေတိုးက ပြင်းပြင်းထန်ထန်ရှုပ်ချခဲ့ပါတယ်။


ပူတင်ရဲ့ နူကလီးယားတပ်လှန့်မှုဟာ စိတ်ပိုင်းဆိုင်ရာစစ်ဆေးရေးတစ်ခုသာဖြစ်တယ်လို့ ပညာရှင်များက သုံးသပ်ပါတယ်။


၁၀) "အခုအချိန်ဟာ ဘေးထွက်ထိုင်နေရမယ့် အချိန်မဟုတ်ပါဘူး။ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲမှုကို ပြင်းပြင်းထန်ထန်ရှုပ်ချရမယ့်အချိန်ပါ" လို့ တရုတ်က ရုရှားရဲ့ကျူးကျော်စစ်ကို  မရှုပ်ချတာကို ရည်ရွယ်ပြီး အိမ်ဖြူတော် သတင်းပြန်ကြားရေးက Jen Psaki က ဆိုခဲ့ပါတယ်။


၁၁) ဗြိတိန်က ရုရှား ဗဟိုဘဏ်ကို ရည်ရွယ်ပိတ်ဆို့ဒဏ်ခတ်မှုတွေချမှတ်ခဲ့ပါတယ်။ ယင်းပိတ်ဆို့ဒဏ်ခတ်မှုတွေမှာ ရုရှား ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေကို ကန့်သတ်ခြင်း နဲ့ ‌ဗြိတိန် မှာ ရုရှားကုမ္ပဏီ တွေရဲ့ အာမခံ နဲ့ ငွေကြေးဈေးကွက်မှာ  ငွေကြေးစာချုပ်များ လွှဲပြောင်းမှုကို တားဆီးဆောင်ရွက်မှုတွေပါရှိပါတယ်။

BAP


ဆက်ဖတ်ရန် →

မင်းအောင်လှိုင် စိတ္တဇ လူသတ်သမား နာဆစ်စစ် စွဲကပ်

​မင်းအောင်လှိုင် စိတ္တဇ လူသတ်သမား နာဆစ်စစ် စွဲကပ်သူဖြစ်ကြောင်း သက် သေခံနေသည့် လေ့လာတွေ့ရှိချက်များ


By ရဲစစ်( Psycho Analyst)


လက်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့  အမူအရာ၊ အပြော အဆို တွေနဲ့ မျက်နှာသွင်ပြင်တွေကို အသေးစိတ် အချိန်ယူ လေ့လာစိစစ်ရာမှာ  မင်းအောင်လှိုင်က စိတ္တဇလူသတ်သမား နာဆစ်စစ် စွဲကပ်နေသူ (Fragile narcissists) အဖြစ် သက်သေခံနေပါတယ်။ 


Narcissists နာဆစ်စစ် (သို့မဟုတ်)  Narcissistic Personality Disorder (NPD)  ဆိုတာက စိတ်ဝေဒနာရောဂါတစ်မျိုးဖြစ်ပြီး  မိမိ ကိုယ်ကို ကိုယ်ရည် သွေးခြင်း၊ မိမိကသာ ကယ်တယ်ရှင်အဖြစ် ထင်မှတ်ခြင်း ၊ မိမိကသာ အရေး ကြီးသူ၊ စွမ်းဆောင်နိုင်သူ အဖြစ် ထင်မှတ်ခြင်း စတဲ့ စိတ်ပုံမှန် မဟုတ်တော့တဲ့ အခြေအနေခံစားနေရမှု ဝေဒနာဖြစ်ပါတယ်။


မင်းအောင်လှိုင်ဟာ Narcissists နာဆစ်စစ် စွဲကပ်နေသူဖြစ်ကြောင်း သက် သေခံ နေတဲ့ လေ့လာတွေ့ရှိချက်တွေကိုလည်း တစ်ချက်ချင်းစီ ရှင်းလင်း ဖော်ပြပေးမှာဖြစ်ပါတယ်။ 


မအလဟာ ဗေဒင်ဆရာထံ ဘာ့ကြောင့် စိတ်ဖြေရာ တရစပ်ရှာရသလဲ။ အဖြေကတော့ NPD ကို ခံစားနေရလို့ပါပဲ။

==========================================


 

Narcissistic Personality Disorder ကို လေ့လာဖူးတဲ့သူ ဘယ်သူမဆိုဟာ အာဏာမသိမ်းမီနဲ့ သိမ်းပြီးအချိန်တွေမှာ မင်းအောင်လှိုင်ရဲ့ ပြောပုံဆိုပုံ အပြု အမူတွေဟာ NPD လို့ခေါ်တဲ့ ပုံမှန်လူတစ်ယောက်ရဲ့ စံတွေနဲ့ လွဲနေတဲ့ လက္ခဏာတွေကို ပေါ်လွင်နေတာမို့ ဒီဝေဒနာစာရင်းသွင်းလို့ ရနေတာကို သိနေကြမှာ ဖြစ်ပါတယ်။ 


ကိုယ်ရည်ကိုယ်သွေး ပြဿနာရှိနေတဲ့ ဒီလို အာဏာရှင်တွေဟာ သမိုင်းမှာ မရှားပါဘူး။ ဒီလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း သာမန်လူ တွေထဲ မှာဆိုရင်တောင် အမျိုးသမီးထက်စာရင် အမျိုးသားတွေမှာအတွေ့ရများပြီး ကလေးဘဝမှ သူကြုံတွေ့ခဲ့ရတဲ့ အရာတွေက လူကြီးဘဝမှာ ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာတွေအပေါ် အများကြီးလွှမ်းမိုးလာခဲ့တာဖြစ်ပါတယ်။ မင်းအောင် လှိုင်ရဲ့ ကလေးဘဝကို သိနေတဲ့သူတွေက ပြန်ပြီး ရေးသား ကြစေလိုပါတယ်။ 


နာဇီခေါင်းဆောင်ဟစ်တလာ၊ အီတလီဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီ၊ ဆိုဗီယက်‌ခေါင်းဆောင် စတာလင်၊ မြောက်ကိုရီးယား‌ခေါင်းဆောင် ကင်ဂျုံအီ၊ အစရှိတဲ့ အာဏာရှင်တွေကို စိတ်ပိုင်းဆိုင်ရာဘက်က လေ့လာတဲ့အခါ သူတို့ရဲ့ ငယ်စဉ်တောင်ကျေးက ကြုံတွေ့ခဲ့ရတဲ့ ဖြတ်သန်းမှုတွေ၊ မိဘတွေနဲ့ ဆက်ဆံရေး၊ ပညာသင်ယူစဉ် ကာလ၊ အာဏာရှင်ဖြစ်မလာခင်မှာ ဖြတ်သန်းခဲ့တဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေက သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးပါတယ်။ 


သိမ်ငယ်စိတ်နဲ့ နာဆစ်စစ်Fragile narcissists 

===========================


အထူးသဖြင့်တော့ နာဆစ်စစ် ကဲတဲ့ သူတွေဟာ ပထမတစ်မျိုးကတော့ ငယ်စဉ် ဘဝကတည်းက သိမ်ငယ်စိတ်နဲ့ နေထိုင်ရင်းဖြစ်လာတာပါ။ ကိုယ့်ကို သူများအထင်သေးမှာ နှိမ်မှာ အမြဲကြောက်နေတတ်တဲ့ စိတ်အခံနဲ့  ကြီး ပြင်း လာသူတွေမှာတွေ့ရတတ်ပါတယ်။ 


ဥပမာ- မိဘ ဘိုးဘွားတွေကြားမှာ ချစ်ခင် ယုယမှုကိုမရခဲ့ပဲ မင်းက အသုံး ကျမယ့်ကောင်မဟုတ်ဘူးလို့ မိသားစုထဲမှာ ဆွေမျိုးထဲမှာ အဖန်တလဲလဲ အပြောခံခဲ့ရတဲ့ ကလေးတွေမှာ ရှိတတ်ပါတယ်။ ဖခင် သို့မဟုတ် မိခင်က အားမလို အားမရ ကြိမ်းမောင်းခံရတာ ဒါမှမဟုတ် သူတို့ရဲ့ မေတ္တာကို ပြည့်ပြည့်ဝဝမရဘူးလို့ ခံစားရသူတွေမှာ သိမ်ငယ်စိတ်နဲ့ ကြီးလာရင် ဒီအဖြစ်ကို ပြန်ချေဖျက်ချင်လာပါတယ်။ 


စာသင်ကျောင်းမှာလည်း အခြားဆယ်ကျော်သက်တွေကြားမှာ အနှိမ်ခံခဲ့ရ သူလားဆိုတာလည်း ပြန်ကြည့်ဖို့ လိုနိုင်ပါတယ်။ ဆိုရှယ်လစ်ခေတ်ထဲက ပန်းချီဆရာမိသားစုရဲ့ ရုန်းကန်မှုက ဘယ်လိုပုံစံဖြစ်မလဲ။ ၁၉၅၆ ခုနှစ်မှာ မွေးဖွားခဲ့သော အဖေက မန္တလေးဆရာ အတတ်သင်သိပ္ပံကျောင်း (SDTC) မှ ပန်းချီဌာနမှူး အိမ်ထောင် ဦးစီးမိသားစုမှ မွေးလာသော မွေးချင်းငါးယောက်မှာ လေးယောက်မြောက် ကျောင်းသား တစ်ယောက်ဟာ တက္ကသိုလ်ဒုတိယနှစ်ကို နှစ်ဝက်အထိသာ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ 


သူဟာ ပထမနှစ်ပဲ အောင်တယ်လို့ပြောရမှာဖြစ်ပါတယ်။ ကျောင်းဆက်တက်ဖို့ သူ့မှာ ဘာတွေက ခက်ခဲခဲ့သလဲ စဉ်းစားစရာပါ။  ကျောင်းပညာဆုံးအောင် တက် ရောက်နိုင်ခဲ့ရင်တော့ အခုမြန်မာပြည်ရဲ့ ကံကြမ္မာဟာ တစ်မျိုးတစ်ဖုံ ဖြစ်နိုင်ပါတယ်။


အမြှောက်ကြိုက်ဘဝင် Grandiosity 

=======================


နောက်နာဆစ်စစ်ဖြစ်လာတတ်တဲ့ သူတွေရဲ့ ကလေးဘဝအတွေ့ အကြုံက တော့ ခုနက ပြောခဲ့တာနဲ့ ဆန့်ကျင်ဘက်ပါ။ မိဘတွေက ဆွေမျိုးသားချင်း တွေထဲမှာ မြှောက်လွန်းတာ။ ငါ့သားကတော့ နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့ မွေးလာ တယ် ဆိုတာမျိုး။ 


မင်းမွေးတုန်းက မင်းဖြစ်မယ့် ဇာတာပါတယ်ဆိုတာမျိုး ပြောဆိုခဲ့တာမျိုး တွေ က ဘဝင်မြင့်တဲ့ လူကြီးတစ်ယောက်အဖြစ်ကြီးပြင်းလာပြီး ယုံကြည်မှု လွန်ကဲ တာကြောင့် အလိုလို သွေးနားထင်ရောက်မှုကို ဖြစ်စေပါတယ်။ Superiority complex ပါ။

 

မင်းအောင်လှိုင်ရဲ့ နုတ်က ထွက်တဲ့ တိုက်ရိုက်ပြောစကားတွေနဲ့ ကိုယ်ဟန် အမူ အယာကိုသုံးသပ်ရင် မျက်လုံး အကြည့်ကို မှန်းဆရရင်တော့ သူက ပထမ အမျိုးအစား သိမ်ငယ်စိတ်နဲ့ ကြီးလာသူဖြစ်ဖို့ ပိုများပါတယ်။ Inferiority complex ပိုများသူလို့ မှန်းဆရပါတယ်။ 


သူ့မျက်လုံးကို အနီးကပ်ရိုက်ပြတဲ့ ဗွီဒီယိုတွေမှာ သူဟာ အာဏာ မသိမ်းခင် ကာလတွေကတည်းက နှုတ်ကသာ ဟန်ချီနေပေမယ့် မျက်လုံးတွေက မိမိ ကိုယ် ကို ယုံကြည်မှုရှိတဲ့ ပြည့်ဝတဲ့ သူတစ်ယောက်ရဲ့ မျက်လုံးတွေ မဟုတ် ပါဘူး။ အငုံ့စိတ်အခံ ပိုကဲတဲ့ စိတ်မလုံခြုံတဲ့ မျက်လုံးမျိုးတွေပါ။ 


ဝမရှိသော ဝိ Inflated self-image

======================


ဒါပေမယ့် နာဆစ်စစ်တွေဟာ  အတွင်းစိတ်က အားငယ်တာကို ဟန်နဲ့ ဖုံး ကွယ်ဖို့ ကောင်းကောင်းကြီး အားထုတ်ပါတယ်။ နာဆစ်စစ်တွေကို သတိ ထားကြည့်မယ်ဆိုရင်တောင် ကိုယ်တော်ကြောင်း ဦးဆောင် နိုင်ကြောင်း ထိရောက်စမတ်ကျကြောင်း စသည်ဖြင့် ကိုယ့်ပြောစကားတွေထဲကနေ ကိုယ်အား ပြန်ပြန်ယူရတဲ့ သူတွေပါ။ 


ကိုယ့်ရဲ့ အားနည်းချက် အားသာချက်ကို ပကတိတရားအတိုင်းဆင်ခြင်ပြီး ရပ်တည်နိုင်ဖို့ထက်  သူတို့ဟာ မှန်ထဲကြည့်ရင်တောင် အရှိတရားထက်ပိုပြီး ကြီးကျယ်နေတယ် လို့ Self-inflation နဲ့ ကိုယ့်ကိုယ်ကိုယ် မြင်နေ တတ် သူတွေပါ။ သူ့ကိုယ်သူ ထူးခြားတဲ့ အရည်အချင်းရှိသူ (Special one) ဖြစ်တယ်-အများရဲ့ အထက်မှာနေနိုင်သူလို့ အော်တိုမက်တစ်ယူဆထားတာကြောင့် သူ့ကို ဒီလိုတစ်ထပ်တည်း မြင်ပေးတဲ့သူတွေနဲ့ ပေါင်းသင်းရတာကိုပဲ ဘဝင်ကျပါတယ်။


 အဲဒီလိုလူတွေအပေါ်လည်း သူက ကြင်နာတတ်ပါတယ်။ သူ့ကို လူတော် လူကောင်းလို့ မြင်ကြောင်းပြောကြားလေ့ရှိတဲ့ စကားတွေကိုပဲ သူကြား ချင်ပါတယ်။ သူနဲ့ တွဲလုပ်လာတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဒီစာကို ဖတ်မိ မယ်ဆိုရင် ဒါတွေကို ပြန်မြင်ယောင်လာမှာပါ။ 


ဝေဖန်မှုကို ဆတ်ဆတ်ထိမခံ

===================


သူတို့ရဲ့ ထင်တစ်လုံးစိတ်နဲ့ တွဲပြီးပါလာတတ်တာကတော့ ဝေဖန်မှုကို သိပ်အကဲဆတ်တာပါ။ သူတို့ကိုယ်လူတွေက အထင်ကြီးရင် ကြိုက်ပါတယ်။ အထင်သေးတဲ့ ပုံစံ သာ ပြလိုက်မိမယ်ဆိုရင်တော့ ဒီလူကိုငြှိုးလို့ ဆုံးတော့မှ မဟုတ်ပါဘူး။ 


လူတွေက မိမိကို အမြဲ နေရာပေးရမယ်လို့ တစ်ချိန်လုံး တွေးနေတာကြောင့် ချောင်ထိုးခံရတာ သူဆွေးနွေးတာကို ဝေဖန်တာကို သေးသေးကလေးတောင် မခံနိုင်ပါဘူး။ ဒီလို စရိုက်လက္ခဏာကြောင့် သူ့အနားမှာ မိတ်ဆွေ စစ် နည်းပါတယ်။ 


ဇော်မင်းထွန်းတို့လိုလူက ဗိုလ်ချုပ်ဖြစ်နေပြီး ကိုယ်ရည်ကိုယ်သွေး တော်တော် နိမ့်တဲ့လူလောက်ပဲ သူ့ကို ခစားတယ်ဆိုတာက ဒီသဘောပါ။ ပညာနဲ့ ဆင်ခြင် နိုင်မှတော့ သူ့ကို သူထင်သလို ရေလိုက်ငါးလိုက် ပြောပေးနေဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ 


‌အမှန်ကိုထောက်ပြသူထက် စိတ်ချမ်းသာအောင်ပြောဆိုပေးတဲ့သူနားပဲနေချင် (Needing ego-booster) ဒါပေမယ့် နာဆစ်စစ်ရဲ့ သဘာဝနောက်တစ်ခုက သူက အောင်မြင်ချင်တယ်။ အဲဒါကိုလည်း မရှက်မကြောက် ထုတ်ပြော တတ် တယ်။


 သမ္မတဖြစ်ချင်တယ်ဆိုတာကို မကြာခဏ မင်းအောင်လှိုင်ဟာ ထုတ်ပြခဲ့သူပါ။ ရုရှားတွေနဲ့ အင်တာဗျုးတွေမှာ ကြည့်ရင်သူဒါကို ဘယ်လောက်ပြောထားသလဲ မှန်းလို့ရပါတယ်။   ဒါ့ကြောင့် ပေါ်ပြူလာဖြစ်ချင်ပါတယ်။ နိုင်ငံရေး သမား တွေ ကို လူချစ်သလို သူ့ကို လူချစ်စေချင်တယ်။ 


သူ့ကို အားလုံးက မြှောက်စားလိုလားစေချင်တယ်။ ဒီလို ပြောပေးတတ်တဲ့ ဆရာတော် သံဃာတော်တွေကို သူနှစ်သက်တယ်။ နာဆစ်စစ်တွေက တခြား လူတွေရဲ့ စကားတွေ သူတို့အပေါ် ထားရှိတဲ့ အမြင်တွေကို အလွန် အကျူး ဂရုစိုက်တော့ ပူလောင်သူတွေဖြစ်တာကြောင့် ဖြေဆေးလည်း တစ်ချိန် လုံး လိုပါတယ်။ 


သူဟာ သူ့ရဲ့ ပူလောင်နေတဲ့စိတ်ကို ဖြေသိမ့်ပေးနိုင်မယ့် သူ့ရဲ့ အတ္တကို တသသ လုပ်ပေးမယ့် သူ ရှာထားရပါတယ်။ သူ့ရဲ့ Ego Booster ဟာ အိမ်က ဇနီး လည်း ဖြစ်နိုင်တယ်။ မိခင်လည်းဖြစ်နိုင်တယ် လုပ်ဖော်ကိုင်ဖက် တွေလည်း ဖြစ်နိုင်သလို ဗေဒင်ဆရာဘိုးတော် လည်းဖြစ်နိုင်ပါတယ်။ အဓိကက “supply of ego-feed” ကို တစ်ချိန်လုံးရနေဖို့ပါပဲ။ 


ဒီလို သူ့ကို သက်ဦးဆံပိုင်ဘုရင်ကြီးတစ်ပါးကို နားဝင်ချိုတာတွေပဲပြောပြီး ဘာမှ ပြန်မပြောဘဲ ခင်ဗျားလုပ်နေတာတွေက ဟုတ်တယ်၊ မှန်တယ်၊ ကောင်း တယ်၊ ပိုကောင်းလာမှာပါ အစရှိသဖြင့် နှစ်သိမ့်ပေးနိုင်မယ့် အနီးကပ် လူတွေ နဲ့တော့ သူက တည့်အောင်ပေါင်းမှာပါ။ 


အသေချာဆုံးကတော့ မင်းအောင်လှိုင်ဟာ အဲဒီ Ego supply ကို ဝစီပိတ်လို ပုဂ္ဂိုလ်တွေဆီကနေ အခြားဗေဒင်ဆရာနဲ့ ဘိုးတော်တွေဆီကနေ အဆက် မပြတ်ရှာဖွေနေတာပါ။ ဝစီပိတ်ကို ကြည့်မယ်ဆိုရင် သူက ကဗျာဆရာလို့ နာမည်ခံထားသူပါ။ 


၀စီပိတ်ဟာ ကဗျာစာအုပ် ဆယ့်နှစ်အုပ် ဆယ့်သုံးအုပ်ထုတ်ခဲ့တယ်လို့ ပြောထားပြီး ကဗျာသင်္ချိုင်းဆိုတာမျိုးနဲ့ သူ့ရဲ့ စိတ်အညစ်အကြေးကို အနု ပညာဘက်မှာ စိတ် ထွက်ပေါက်ပေးလိုတဲ့ ကိုယ်တော်ဖြစ်ပါတယ်။


 တစ်ဖက်မှာလည်း လောကီအစီအရင်တွေ ဆောင်ရွက်ပေးတယ်ဆိုတာကို ရေးနေကြတဲ့ တစ်ချိန်တည်းမှာပဲ သူဟာ မင်းအောင်လှိုင်အတွက် စိတ် သက်သာရာ Ego supply လုပ်ပေးနေတဲ့သူ ဖြစ်နေတာသေချာပါတယ်။ 


ဒီကိုယ်တော်ရဲ့ လုပ်ငန်းဟာ စကားကို အေးအေးဆေးဆေးသူ ကြိုက်တဲ့ အချိုပေါ်သကာလောင်းပြီး ဘာကြီးပဲလုပ်နေနေ မင်းအောင်လှိုင်ဟာ သူတော် ကောင်း တစ်ယောက်လို ဘုံမြောက် သွားစေ အောင် ပြောဆို ပေးနိုင်တာမို့ သူ့အတွက် အမြဲ ဒါကို ကြားနေရဖို့ သွားလာဝင်ထွက် နေပါတယ်။ 


အရှုံးတွေနဲ့ ကြုံလာရလေ ဒီလိုပြောပေးမယ့် အနားကို သွားရလေလေပါ။ ဒါ့ကြောင့် သူ့အနားမှာ သူ့အကြိုက်ကိုပြောပေးမယ့်သူတွေနဲ့ သူ့ကို အချို ကျွေး မယ့် သူတွေ တရစပ်လိုအပ်ပါတယ်။ 


လူအထင်ကြီးဖို့ဆိုရင် လိမ်ဖို့ကို မရှက်တာ

===========================


နောက်ပြီး မီဒီယာတွေက သူ့ကို အရေးလုပ်ပြီးရေးသားတဲ့အခါ သူအလွန်ပဲ မနောခွေ့ပါတယ်။ မင်းအောင်လှိုင်ဟာ မီဒီယာတွေက သူ့ကို ဒီလိုစင် တင် လာတာကို အင်မတန်နှစ်သက်ပါတယ်။ ရုရှား Politics မဂ္ဂဇင်း၊ ရုရှ Russia TV (RT) တီဗီနဲ့ အင်တာဗျုးတဲ့အချိန်မှာ သူ့အကြောင်းကို ပိုပိုသာသာပြောပါတယ်။ 


စာမျက်နှာကို ညှာတာလို့ သူ့ကိုယ်သူ လူအထင်ကြီးအောင်လုပ်ထားတာတွေ အကုန်ပြန်မရေးပြတော့ပေမယ့် အင်တာဗျူးမှာ မမေးသွားဘဲ လိမ်ထားတဲ့ မေးခွန်းတစ်ခုကိုတော့ အသံဖိုင်ကို Youtube မှာရှာပြီး တိုက်ကြည့် နိုင် ကြ ပါတယ်။ 


“Russia Today TV ။   အဆွေတော် ဗိုလ်ချုပ်မှူးကြီး ဖြေကြားခဲ့တဲ့အဖြေတွေ က အရမ်း တန်ဖိုးရှိပါတယ်။ ရုရှား တပ်မတော် မှာ စစ်မှုထမ်း တာဝန် ထမ်းဆောင် နေတဲ့ အရာရှိကြီးတွေတောင်မှ ဒီလို အတွေးအခေါ် မျိုးတွေ မရှိပါဘူး။ 


နိုင်ငံ့တာဝန်ထမ်းဆောင် နေတဲ့ နိုင်ငံတော်အကြီးအကဲတွေမှာပဲ ဒီလို မျိုး အတွေးအခေါ်တွေရှိပါတယ်။ နိုင်ငံရေး သမားတွေဆီမှာပဲ ဒီလိုမျိုး အတွေး အခေါ်တွေရှိပါတယ်။ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တပ်မတော် တာဝန်တွေ ထမ်းဆောင်နေရင်းနဲ့တောင်မှ   ဒီလိုမျိုးပြည်သူတွေ အတွက်၊ တစ်ကမ္ဘာလုံးအတွက် တွေးပေး နိုင်တယ်ဆိုတာ အရမ်းဂုဏ်ယူရပါတယ်။ 


လတ်တလောမှာတော့ ကမ္ဘာမှာ အကြမ်းဖက် သောင်းကျန်းသူ တွေကိုသာ တိုက်ခိုက်နေရတာမဟုတ်ပါဘူး။ COVID-19 ကပ်ရောဂါ ဆိုးကြီးကို လည်း တိုက်ခိုက်နေရပါတယ်။ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ဘာများပြောလို ပါသလဲ။”


ဒါဟာ သူမီဒီယာပေါ်မှာ သူ့ကိုယ်သူ ဇန်းတင်ချင်တဲ့ ကိစ္စထဲက ဥပမာသေးသေး တစ်ခုမျှပဲဖြစ်ပါတယ်။  ဒီလိုမေးခွန်းကို သတင်းထောက်က မမေးပါဘဲ လီဆယ် ခြင်းကကို သူဟာ ကိုယ့်ပုံရိပ်ကို အလွန်အကျူး မြှင့်တင် ချင် သူဖြစ် တယ် ဆို တာ သိနိုင်ပါတယ်။  တကယ်တော့ ရုရှားမီဒီယာက သူ့ကို ဒီလောက် ချီး မြှောက် ပြီးပြောသွားတာမဟုတ်ပါ။ 


သူ့ကို နောင် အနာဂတ်မြန်မာနိုင်ငံရဲ့ သမ္မတလို့ ထင်သွားအောင် တမင်လုပ် ယူခဲ့ပါ တယ်။ နောက်ပြီး ရုရှားက သူ့ကို သမ္မတအဖြစ် သိပ်တော်တဲ့ သူအဖြစ် မြင်နေတယ်ထင်အောင် သူ့ကိုယ်ပိုင်ဝက်ဆိုက်မှာ တလွဲဘာသာပြန်စေပါတယ်။ 


ဒါတောင် မြန်မာမီဒီယာတွေက သူ့ကိုအရေးတယူမလုပ်ပေမယ့် သူ့ကို တမင် မေးခွန်း ဆင်မေးခိုင်းတဲ့ အင်တာဗျူးတစ်ခုကိုတော့ ရွေးကောက်ပွဲ ကျင်းပ မယ့် နှစ်မှ တမင်တကာ စီစဉ်ခဲ့ပါတယ်။ 


လွတ်လပ်တဲ့ မြန်မာပြည်က မီဒီယာတွေကိုတော့ သူသည်းမခံနိုင်ပါဘူး။ မုန်းတီးတဲ့အတွက်ကြောင့် ဖျက်ဆီးပစ်ချင်ခဲ့တာ ကြာပြီလို့ ဆိုနိုင်ပါတယ်။ 


နေ့စဉ်နဲ့အမျှမြန်မာမီဒီယာတွေ တင်ဆင်နေသမျှက သူ့လို နာဆစ်စစ်အတွက် ငရဲပါ။ နောက်ပြီး အမျိုးဘာသာ သာသနာဆိုတာကို စောင့်ရှောက်တယ်ဆိုတဲ့ စကားလုံးနဲ့ တရစပ်လိမ်နေရတာကို နည်းနည်းမှ မရှက်ပါ။ သူလိုရရာဖို့ လိမ် တတ်တာက မထူးဆန်းပါ။ သူလိမ်နေတာလည်း သူသိပါတယ်။ 


မသိသလိုနေတာပါ။ တပြိုင်တည်းမှာပဲ သူဟာ သူ့တက်လမ်းအတွက်တော့ အမြဲမပြတ်ကြံဆနေပြီး လိုချင်တာအတွက်  ဘယ်လို အကျင့်သီလပဲ ဖောက် ရဖောက်ရ လုပ်တတ်ကြပါတယ်။ လိမ်ရမှာ မကြောက်တော့ပါဘူး။ 


အမြဲဖြစ်နေတဲ့ ပြဿနာကတော့ ပြဿနာကို ဖန်တီးသူဟာ သူဘယ်တော့မှ မဟုတ်ဘူး။ တခြားလူတွေကြောင့်ပဲ ပြဿနာတွေ ဖြစ်လာရတာရယ်လို့ လက်ညှိုးထိုးတာ၊ သူ့ကိုယ်သူ ပြန်လိမ်လည်နေတာပါပဲ။ 


ဣဿာနဲ့ မစ္ဆရိယ

=============


ဒီလို ဖြေဆည်ရာတွေ ရှာပေမယ့်နာဆစ်စစ်တွေရဲ့ ဒုက္ခက တစ်နေရာရာမှာ တော်ရုံနဲ့  အဆုံးသတ်သွားလေ့မရှိပါဘူး။ သူတို့ရဲ့ အကုသိုလ်နဲ့ သူတို့ရတဲ့ စိတ်ဒုက္ခဟာ လှည်းနောက်က လိုက်တဲ့ လှည်းဘီးရာလိုပါပဲ။ သူတပါးကို အလွန် မနာလိုဝန်တိုတတ်သူတွေဖြစ်တဲ့အတွက်ကြောင့် သူတို့မှာ အမြဲတမ်း ဣဿာနဲ့ မစ္ဆရိယ ကြီးစိုးနေပါတယ်။ 


ဒီလိုလူတွေရဲ့ အိမ်သားတွေဟာလည်း သူပူလောင်နေတာကို တစ်သက် လုံး ကြားနာလာရတဲ့ သူတွေ ဖြစ်နိုင်ပါတယ်။ အိမ်ရဲ့ အပြင်လောကမှာ လုပ်ငန်း ခွင်ထဲမှာ သူက နှိမ်လို့ မရလိုက်တဲ့လူတွေအ‌ပေါ် သူ့မှာ မကျေနပ် ချက်တွေရှိတယ်။ 


သူ့ရဲ့ ကြီးမြတ်မှုကို အသိအမှတ်မပြုချင်တဲ့ သူတွေအပေါ်မှာ ထားတတ်တဲ့ အငြှိုးတွေများတယ်။ သူ့ကို နှိမ်လိုက်တဲ့ ခေတ်အဆက်ဆက်က သူတွေကြောင့် ဖြစ်လာတဲ့ သူ့ရဲ့ ရှိရှိသမျှနာကြည်းချက်တွေကို အနီးကပ်လူတွေက လှိမ့်ခံရလေ့ရှိပါတယ်။ 


အနားကလူတွေကပါ ဉာဏ်မရှိရင်တော့ သူတို့ပါ လိုက်ပြီး ပူလောင်မှုနဲ့ လောင် ကျွမ်းခဲ့ကြရမှာဖြစ်ပါတယ်။  သူ့ကို နှိမ်လိုက်တယ်လို့ ထင်တဲ့ သူမှန်သမျှကို မကျေမနပ်ပြောဆိုသံဟာ သူ့ရဲ့ မိသားစု ထမင်းဝိုင်းတွေကို စိုးမိုးနေမှာပါ။ 


ဟန်ဆောင်ကောင်းသူ

================


ခက်တာက ဒီလိုလူတွေကို ခဏတဖြုတ်မြင်လိုက်ရတုန်းမှာ မရိပ်မိတတ်ပါဘူး။ဥပမာ- နိုင်ငံရေးသမား တွေထဲမှာ စီးပွားရေးသမားတွေထဲမှာ သူ့ကို မကြာ ခဏ မြင်ဖူး ဆုံဖူး စကားပြောဖူးတဲ့သူတွေ အများကြီး ရှိနိုင်ပါတယ်။ ခဏ တဖြုတ် တွေ့ရချိန်မှာ သူ့ကို လူကောင်းတစ်ယောက်လို့ ထင်သွား နိုင်စရာ ဖြစ်အောင် ဒီလူတွေဟာ တတ်နိုင်ကြပါတယ်။ 


နာဆစ်စစ်တွေဟာ ပထမအကြိမ်ရေနည်းနည်းမှာတော့ လူတွေကို သူတို့ဟာ စိတ်ကောင်းကြောင်း၊ လိုက်လျောပြေပြစ်သူတွေ ချစ်ခင်ဖွယ်ရာ လူတွေ ဖြစ် ကြောင်း ကြိုးစားပြသလေ့ရှိကြလို့ပါပဲ။ 


အဲဒီအချိန်မှာ သူပေးတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ နာကျင်နေရတဲ့လူတွေက တစ်အုပ်ကြီး ဖြစ်ပြီးနေလေ့ရှိပါတယ်။ 


သူ့ရဲ့ မောက်မာမှု၊ မနာလိုမှုတွေအကြောင်းကို ခဏတဖြုတ်ပဲတွေ့လိုက်ရတဲ့ လူတွေကတော့ သဘောမပေါက်ဘဲ အခြားသူပြောလို့ ကြားလာခဲ့ရင်တောင်မှ ဒီလူ ဒီလောက် မဆိုးလောက်ပါဘူးလို့တွေး နေနိုင်ပါတယ်။ ဒါကလည်း မင်း အောင် လှိုင်ရဲ့ အထက်လူကြီးတွေနဲ့တွေ့တဲ့အခါသော်လည်းကောင်း၊ နိုင်ငံခြား သံတမန်တွေနဲ့ တွေ့တဲ့အမှာ သော်လည်းကောင်း သူ့ရဲ့ Image ဥပဓိကို တလွဲ အကဲခတ်သူတွေ တော်တော်များတယ်။ 


ပျော့ပျောင်းတယ် ဒီလူက မဆိုးဘူးလို့ ခဏတဖြုတ်တွေ့တဲ့သူတွေက ထင်နေ ချိန်မှာ သူ့အကြောင်းကို စင်းစင်းကြီး သိနေသူတွေကတော့ နုတ်နုတ် စင်းချင် နေကြတာမျိုးပါ။ 


တကယ်တော့ တပ်ထဲက သူ့လုပ် ဖော်ကိုင်ဖက် တွေဟာ ဒီစာကိုများ ဖတ်မိ ကြမယ်ဆိုရင် ပြန်စဉ်းစားကြည့်ပါ။ ရာထူးအငယ်ဘဝတွေ ကတည်းက သူနဲ့ စကားပြောချိန်အများစုမှာ သူဟာ တစ်ဖက်လူကို မျှတအောင် နားထောင် တတ်သူလား။ သူ့အကြောင်းပဲ ကြုံရင်ကြုံသလို ထည့်ထည့်ပြောတတ်သူလား ဆိုတာကိုပါ။  


ကမ္ဘာကြီးက သူ့ကြောင့်လည်ပတ်နေတယ်လို့ ထင်တဲ့ ဘဝင်က ဘယ်က လာပါ သလဲ။ ဇန်နဝါရီ ၃၁က ပြောကြားခဲ့တဲ့ ကာလုံအစည်းအဝေးမိန့်ခွန်း၊  ဖေဖော် ဝါရီ ၁၃ ရက်နေ့ စကစ အစည်းအ‌ဝေးမိန့်ခွန်းတွေမှာ ပုံမှန် စိတ် အနေ အထား နဲ့ လူတစ်ယောက် မပြောမယ့် ကမ္ဘာ့အနေအထား မြန်မာ့ အနေ အထား နဲ့ ချင့်ချိန်ပြီး မပြောရမယ့် စကားလုံးပေါင်းများစွာကို တရစပ် ပြောနေသူ ဖြစ် လာ ပါတယ်။


 သူ့ကို ရိပ်ဖမ်းသံဖမ်းမှန်းပြီးလိုက်ရေးရတဲ့ တပ်သတင်းစာ၊ နိုင်ငံပိုင် သတင်းစာ တွေဟာလည်း ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်လို့ စွပ်မှန်းတောင် မသိ တော့ ဘဲ ဖက်ဆစ်လိုင်းတွေကို အတိအလင်း ပြောင်ပြောင်ကြီး‌ ရေးလာ ကြပါတယ်။


 ပုံမှန်ထက်မြင့်မားနေတဲ့ လူတစ်ယောက်ရဲ့ ဘဝင်နဲ့ မောဟကြောင့်ပဲ အင်စတီ ကျူးရှင်း တစ်ခုလုံး ဒုက္ခကြုံနေကြရသလို မြန်မာ့အနာဂတ်ကလည်း မှုန်ဝါး လာပါတယ်။ 


လူတစ်ယောက်ကြောင့် တစ်ပြည်လုံးမှောက်ရတာ တန်သလား

====================================


ဒီလိုကိုယ်ရေကိုယ်သွေး အစွန်းရောက်ပြီး ချို့တဲ့နေတဲ့ ပြဿနာမျိုးတွေဟာ သာမန်လူတစ်ယောက်မှာ ရှိနေမယ်ဆိုရင်တော့ သူ့ပတ်ဝန်းကျင် ကွက်ကွက် လေးလောက်ပဲ ခံစားရမှာ ဖြစ်ပါတယ်။ 


ဒါပေမယ့် နိုင်ငံတစ်ခုလုံးကို စီမံနိုင်တဲ့ အာဏာမျိုး သူ့လက်ထဲ ရောက် သွားရင် တော့ လူအများဟာ ကပ်ဘေးကိုကြုံရ တော့တာပါပဲ။ 


သူက မူလက သူ့မှာရှိတဲ့ personal narcissism ကို mass narcissism (သို့) collective narcissism ဖြစ်အောင်လုပ်ပါတယ်။ သူ့အငုံ့စိတ်၊ သူ့မလုံခြုံစိတ်၊ တစ်ဖက်မှာ ကြီးမြတ်လိုတဲ့ မတော်တရော်နည်းတွေနဲ့ အထွတ် အထိပ် ရောက် လို စိတ် လူထုကြီးကိုပါ ကူးစက်သွားစေအောင်လုပ်တာပါ။ 


သူတို့မှာ ရန်သူများနေတာကို နိုင်ငံက ရန်သူများနေသယောင် ပုံဖော်မယ်။ သူစိတ် မလုံခြုံတာကို နိုင်ငံက မလုံခြုံသယောင် တရားဟောပြီး သူ့ဘက် ပါလာ အောင် အကြောက်တရားနဲ့ လူစုပါတယ်။ ဗုဒ္ဓဘာသာ တိုက်ခိုက် ခံနေရပြီဆိုတာကို မင်းအောင်လှိုင်တွင်တွင် သုံးနေတာဟာ ဒီဖြစ်စဉ်ပါပဲ။ 


သူသာလျှင်နိုင်ငံကို ကယ်တင်နိုင်သူလို ပြောပြီးရင်တော့ လူထုကိုလည်း သူ့ဦးဆောင်မှုနောက်ကို လိုက်ဖို့ မူဆိုလီနီလို ပြောနေတယ်။ နိုင်ငံချောက် ထဲကျတာကိုကယ်ဖို့ပြောမယ်လို့ ပြောပြီး ဟစ်တလာလို ပိုနက်တဲ့ချောက်ထဲ ဆွဲချနေတယ်။ အခု သူလုပ်နေတာတွေ အကုန်လုံးကို သမိုင်းထဲက ဖက်ဆစ် ခေါင်း ဆောင် နာဆစ်စစ်တွေ လုပ်ခဲ့ကြပြီးပါပြီ။ 


ဟစ်တလာရဲ့ အဖေက ဟစ်တလာအပေါ်မှာ မျှော်လင့်ချက်ထားပါတယ်။ ဟစ်တလာကလည်း သူ့အဖေဖြစ်စေချင်သလို ကြီးပွားချင်ပါတယ်။ သြစတြီး ယား-ဟန်ဂေရီအင်ပါယာထဲက သူ့ဇာတိ လင့်ဇ်မြို့ကနေ ဗီယင်နာကို ကြီးပွား ရမယ်ဆိုပြီး တက်ခဲ့ပါတယ်။ ပန်းချီဆရာအဖြစ်အောင်မြင်ဖို့ အားခဲထားပေမယ့် သူ့ပုံဆွဲကျွမ်းကျင်မှုကို ကြည့်ပြီး ကျောင်းတွေက နှစ်ခါသုံးခါ ပယ်ချ လိုက် တဲ့အခါ စိတ်နာပါတယ်။ 


မအောင်မြင်ခဲ့သလောက် နာကြည်းမှုတွေ စုလာခဲ့ပြီးတဲ့နောက် အောင်မြင်တဲ့ အခွင့်အရေးကိုရလာတဲ့အခါ လူတွေရဲ့ အတွေးအခေါ်တွေကို manipulate လုပ်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။ မူဆိုလီနီဟာလည်း ဒီလိုလူပဲဖြစ်ပါတယ်။ 


ကျောင်းဆရာဘဝမှာ မအောင်မြင်ပေမယ့် နာဆစ်စစ်တွေဟာ အခွင့် အရေး ရတာက ကိုယ့် ရည်မှန်းချက်ကိုရောက်ဖို့ သူတပါးကို အသုံးချတတ်ကြသူတွေ ဖြစ်တယ်။


 သူတို့ကြီးကျယ်လာဖို့ အခွင့်အရေးကို ကံထမ်းလာမှ လှမ်းယူ လိုက်တာမ ဟုတ်ပါ။ လမ်းရှာပြီး အာဏာနဲ့ လုပ်ပိုင်ခွင့်ကို မလွတ်အောင်ဖမ်းပြီး သူတို့ဘဝ ကြီးကျယ်အောင် လုပ်ယူတတ်တဲ့စရိုက်တွေ ဖြစ်ပါတယ်။ ခက်တာက ခုနက ပြောခဲ့သလို လူတွေဟာ သူတို့ကို အစောပိုင်းမှာ ရိပ်မိဖို့ ခဲယဉ်းပါတယ်။ 


မူဆိုလီနီကို အကြမ်းမဖက် အဟိံသဝါဒကို အားပေးတဲ့ ဂန္ဒီဟာ နှစ်ခါလောက် သွားတွေ့ခဲ့ဖူးပါတယ်။ “one of the greatest statesmen of our time” ကျုပ်တို့ ကြုံရတဲ့ ခေတ်ကြီးမှာ ကြီးကျယ်တဲ့ နိုင်ငံ‌ခေါင်းဆောင်တွေထဲက တစ်ယောက်ပဲဗျို့လို့ ဂန္ဓီက ပြောခဲ့ဖူးတဲ့အထိ လူကဲခတ်မှားအောင် လုပ်နိုင် သူတွေဖြစ်ပါတယ်။ 


မင်းအောင်လှိုင်အပေါ် ဒီလို ထင်ခဲ့ကြဖူးပြီး အခုမှ တက်တက်စင်လွဲပြီလို့ တဲ့သူတွေ မြန်မာပြည်ထဲမှာလည်း ရှိနိုင်ပါတယ်။ ပထမကမ္ဘာ စစ် လောက် တုန်းက ဗြိတိန်ကိုအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် လွိုက်ဂျော့ဟာလည်း ဟစ်တလာ ကို ၁၉၃၆ လောက်အထိ ဥပဓိရုပ်အစစ်အမှန်ကို မသိဘဲ ဂျာမနီပြည်ရဲ့ ဂျော့ဝါရှင်တန်ပဲလို့ ပြောခဲ့ဖူးပါတယ်။ 


မင်းအောင်လှိုင်ကတော့ အဲဒီလောက် အသိအမှတ်ပြုမှုကိုတောင် မရခဲ့ဖူးပါဘူး။ ဒီနေရာမှာ ပြောချင်တာက ဒီလူတွေကို အပေါ်ယံအစည်းအဝေးမှာမြင်ဖူးရုံနဲ့ သူတို့ အတ္တရူးပုံကို အကုန်မသိနိုင်ဘူးဆိုတာပါ။ ဒီလိုလူတွေရဲ့ အမြဲအား ထုတ် နေတတ်တာကတော့ လူတွေ သူတို့ကို အထင်ကြီးအောင်ပါ။ 


NPD တွေကို လူတွေဟာ ဘဝမှာ မိသားစုမှာ ပါလာရင် တစ်သက်လုံး တကျက် ကျက် ခံစားရလေ့ရှိပါတယ်။ သွေးသားမို့ ပစ်လိုက်လို့ မရတာမို့ သည်းခံ ကြရလေ့ရှိပါတယ်။ အလုပ်ခွင်ထဲမှာဆိုရင်တော့ အဆင်မပြေမှုတွေ တောက် လျှောက်ကြုံနိုင်သလိုဒီလိုလူတွေ နိုင်ငံဖျက်တဲ့နေရာ ကိုရောက် လာပြီဆို ရင်တော့ ဟစ်တလာတို့ မူဆိုလီနီတို့နမူနာကိုသာ ကြည့်ကြဖို့လိုပါတယ်။ 


စေ့စေ့တွေးကြည့်ရင် နာဆစ်စစ်တစ်ယောက် လောင်မြိုက်နေတဲ့ဇော လက် စားချေလိုဇောတွေနဲ့ အဆင်အခြင်မဲ့ နေ့စဉ်အဆုံးအဖြတ်တွေရဲ့ဒဏ်ကို အနီး ကပ်ခံစားရမှာကတော့ တပ်ထဲက အရာရှိတွေပါ။ သူ့အကြောက်တရားကို ကိုယ့် အကြောက် တရား ဖြစ်အောင်လုပ်တယ်။ သူ့လောဘကို တပ်လောဘ ဖြစ်အောင် ပြောင်းပစ်ခဲ့တယ်။ 


သူ့မောဟမှိုင်းနဲ့ တိုင်းပြည်ကို လောင်မြိုက်နေဆဲဖြစ်တယ်။ မိတ်ဆွေအချင်း ချင်းမှာ နာဆစ်စစ်ကို ကြာကြာ မပေါင်းတတ်ကြဘဲ စိတ်ဆင်းရဲစရာကောင်းလို့ အဝေးနေပဲနေချင်ရင်နေ ဒါမှမဟုတ် မိတ်ပျက်စွန့်ခွာကြဖို့ စိတ်ပိုင်းဆိုင်ရာ ကောင်ဆယ်လာတွေက အကြံပေးလေ့ရှိကြတယ်။ 


စစ်တပ်လို အင်စတီကျူးရှင်း တစ်ခုလုံးကတော့ နာဆစ်စစ်တစ်ယောက်ရဲ့ ဒဏ်ကို သည်းခံနေရတာက ဘယ်သူကယ်မယ်မှန်းမသိတဲ့ အဖြစ်ပါ။

ခေတ်သစ်မီဒီယာ

Photo - AFP


ဆက်ဖတ်ရန် →

အရန်ငွေဒေါ်လာ ၆၃၀ ဘီလီယံ အသိမ်းခံလိုက်ရ

​ATM စက်တွေမှာ တန်းစီကာ ငွေထုတ်ဖို့ကြိုးစားနေရတဲ့ ရုရှားတွေ။


ဒီစက်တွေနဲ့ ဘဏ်ကဒ်တွေအလုပ်လုပ်နေတုန်း အမြန်လာထုတ်နေရတယ်၊ ဒါပေမယ့် လူတိုင်းကံမကောင်းကြဘူး၊ ကိုယ့်အလှည့်မရောက်ခင် ငွေကုန်သွားတတ်တယ်လို့ ပြည်သူတယောက်ကပြောပါတယ်။ ရုရှားငွေဟာ အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် အရင်ကထက် ၃၀% ကျသွားပါတယ်။ ရုရှားဗဟိုဘဏ်က ဒီကနေ့ဘဏ်တိုးနှုန်းကို ၉.၁% ကနေ ၂၀% အထိ ဆွဲတင်လိုက်ရပါတယ်။


ရုရှားရဲ့နိုင်ငံခြားမှာထားတဲ့ အရန်ငွေဒေါ်လာ ၆၃၀ ဘီလီယံဟာ ပြန်ထုတ်မရတော့ဘဲ အသိမ်းခံလိုက်ရလို့ ပျားတုပ်သွားရပါတယ်။ ရုရှားအစိုးရဟာ ခုဆိုရင် ငွေထုတ်စက်တွေကနေ အမြန်ရိုက်ထုတ်တဲ့နည်းကို သုံးနေရတာမို့ မကြာခင် ရူဘယ်ငွေကြေးဟာ အရမ်းဖောင်းပွသွားမယ့်ဒဏ်ကို ပြည်သူ​တွေက ရင်ဆီးခံကြရလိမ့်မယ်လို့ အမေရိကန်မှာလက်ရှိနေနေတဲ့ ရုရှားဗဟိုဘဏ်ဒုဥက္ကဋ္ဌဟောင်းက ဟောကိန်းထုတ်လိုက်ပါတယ်။ 


အာရှဖက်မှာလည်း တောင်ကိုရီးယား၊ ဂျပန်တို့က ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းလိုက်ပါတယ်။ စင်ကာပူကတော့ ပွဲစားတိုင်းပြည်မို့ထင် ဂျပန်၊ တောင်ကိုရီးယားလို လိုက်လုပ်ဖို့ပြင်ဆင်နေပါပြီလို့ ကြေငြာခဲ့ပါတယ်။ ရုရှားပြည်သူတွေ ခုလောက်ဆိုရင် စစ်အရသာသိလို့ မအလ ငပူတင်လို့ ဆဲဆိုကြိမ်းမောင်းနေလောက်ကြပါပြီ။ 😁


Ref: ST

ဖရန်စစ်ဇင်

င်


ရုရှား-ယူကရိန်စစ် #နောက်ဆက်တွဲဂယက်များ (၂) 


★ (၆) G7 နှင့်ကမ္ဘာ့နိုင်ငံများအရေးယူမှု


ဒီနေ့မနက် ၇ လောက်မှာ #ရုရှားနဲ့ကုန်သွယ်မှုအားလုံးလိုလိုရပ်သွားတာတွေ့ရတယ်လို့ အဲ့ဒီကုန်သွယ်မှုအပိုင်းမှာလုပ်နေသူတွေက ပြောပြပါတယ်။


G7 နိုင်ငံတွေနဲ့ အချို့အရေးပါတဲ့နိုင်ငံတွေက ရုရှားအစိုးရ Fund ငွေတွေကို ထိန်းချုပ်ထားလိုက်ပါတယ်။


ရုရှားအစိုးရအနေနဲ့ ဒီရက်ပိုင်းမှာငွေကြေးသုံးစွဲမှု အတော့်ကိုကြပ်တည်းသွားပါလိမ့်မယ်။


SWIFT က ၁၀၀ % မဘန်းသေးဘူးလို့ဆိုပါတယ်။ သို့သော်လည်းရုရှားဘဏ်တော်တော်များများ ဒဏ်ခတ်မှုခံထားရတဲ့အတွက် လှုပ်လို့မရဖြစ်နေမှာပါ။


SWIFT ပါပိတ်ချလိုက်ရင် ပါးစပ်ရော၊ နှာခေါင်းရော အသက်ရှုပေါက်ပိတ်ခံရသလိုဖြစ်သွားမှာပါ။


မနေ့ကပဲ ရုရှားက ATM ငွေထုတ်စက်တွေမှာ လူတွေတန်းစီပြီးငွေထုတ်နေတာကိုတွေ့ရပါတယ်။ 


ATM စက်တစ်ခုနဲ့တစ်ခုကူးနေသူတွေလည်းရှိပါတယ်။ ငွေထုတ်မရသူတွေလည်းရှိတယ်လို့ဆိုပါတယ်။


မကြာခင် ပါဆင့်နဲ့ငွေထုတ်တွေပေါ်လာမလားမသိပါ။ သေချာတာကတော့ cash ငွေကြေးလည်ပတ်မှု ကြပ်တည်းသွားမှာပါ။


အကယ်၍ ရုရှားရဲ့အပြည်ပြည်ဆိုင်ရာ အရံငွေကြေး international reserve ငွေ ဒေါ်လာ ၆၃၀ ဘီလျံထိန်းချုပ်ခံလိုက်ရရင် ရုရှားဘဏ်တွေအတွက် ထိုးနှက်ချက်အကြီးကြီးဖြစ်သွားမှာပါ။


ရုရှားရဲ့ National Wealth Fund ပျောက်ကွယ်သွားနိုင်တယ်လို့ အရင်ရုရှားဘဏ်ဒုက္ကဌကပြောပါတယ်။


အခုလို ကမ္ဘာ့နိုင်ငံတွေက ရုရှား Central Bank ရဲ့ အရံငွေကြေးတွေကိုထိန်းချုပ်လိုက်ခြင်းဟာ ရူဘယ်ငွေအတွက် အန္တရာယ်အရမ်းကြီးပါတယ်။ 


Cental bank reserves မရှိရင် စစ်ကြောင့်ရူဘယ်ငွေတန်ဖိုးကျခြင်းကို ဘယ်လိုလုပ်ကျားကန်နိုင်မှာလဲ။ 


ရူဘယ်ငွေတန်ဖိုးကျတာနဲ့ ရုရှားလူမျိုးတွေ နေရင်းထိုင်ရင်းပိုင်ဆိုင်မှုကျုံ့သွားမှာပါ။ အရင်က သိန်း ၁၀၀ ပိုင်သူက သိန်း ၆၀ ပိုင်သူဖြစ်သွားပါမယ်။ 


သို့သော် အဲ့ဒီအခြေအနေမှာပဲ ပူတင်ဘာလုပ်လုပ်ထောက်ခံတဲ့သူတွေက ရုရှားမှာသပ်သပ်ရှိနေမှာပါ။ 


★ (၇) ရုရှားဘီလျံနာ မီလျံနာများလည်း ပူတင်နဲ့ရောအထောင်းခံရပါမယ်။


ကျူးကျော်စစ်စတဲ့ပထမဦးဆုံးနေ့မှာပဲ ပူတင်အပါအဝင် ရုရှားဘီလျံနာကြီး (၂၂ ) ယောက်ဟာ တစ်ရက်တည်းနဲ့ စုစုပေါင်း ဒေါ်လာ (၃၉) ဘီလျံဆုံးရှုံးခဲ့ပါတယ်။


အခု SWIFT ပိတ်ချလိုက်လို့ ငွေပေးငွေယူမရရင် ရုရှားသူဌေးတွေ တဖြည်းဖြည်းတဲ့ ခွက်ဆွဲရကိန်းဆိုက်သွားမှာပါ။


ပူတင်တစ်ယောက်တည်း ၃ ဘီလျံထိတယ်လို့ ဆိုပါတယ်။ အခုလိုငွေကြေးချမ်းသာမှုဆုံးရှုံးခြင်းဟာ MOEX ရုရှားငွေကြေး Index ကျသွားချိန်မှာဖြစ်ပါတယ်။


ဘီလျံနာတွေတင်ထိတာမဟုတ်ပဲ စီးပွားရေးထိခိုက်မှုက အကောင်ကြီးကနေ အကောင်သေးအထိ ဆင့်ပွားထိသွားမှာပါ။


★ (၈) လောင်စာဆီဈေးတွေတက်တဲ့ကိစ္စကအားလုံးသိပြီးသားပါ။


အဲ့ဒီလောင်စာဆီဈေးတက်တဲ့ပြဿနာဟာ ကိုဗစ်ကပ်အပြီး စီးပွားရေးဖိလုပ်ဖို့တာစူနေတဲ့နိုင်ငံတွေကို အကြီးအကျယ်ထိခိုက်စေပါတယ်။


တာထွက်မှာဓာတ်ဆီပြတ်သလိုဖြစ်သွားစေမှာပါ။


လောင်စာဆီတက်ခြင်းကြောင့် commodity လူသုံးကုန်ပစ္စည်းတွေဈေးတက်မယ်။ ငွေကြေးဖောင်းပွမှုတွေကို ဖြစ်စေပါတယ်။


အဲ့ဒီကနေပစ္စည်းအားလုံးလိုလို ဈေးတက်ကုန်ပါမယ်။ လူသုံးကုန်ပစ္စည်းတွေဈေးတက်ရင်အရင်ဆုံးထိတာက လက်လုပ်လက်စားဆင်းရဲသားတွေပါ။


ဆိုက်ကားခဈေးတက်တာ သူဌေးကြီးနဲ့ဘာမှမဆိုင်ပေမဲ့ ဈေးကိုကုန်ပို့တဲ့ကုန်စိမ်းသည်နဲ့တော့ဆိုင်ပါတယ်။


၅၀၀၀ တန်တီရှပ်ဈေးတက်တာ သူဌေးတွေနဲ့မသက်ဆိုင်ပေမဲ့ လက်လုပ်လက်စားလူငယ်လေးတစ်ယောက်အတွက်တော့ ထိခိုက်ပါတယ်။


လောင်စာဆီဈေးတက်မှုဟာ ကမ္ဘာ့ကုန်ပစ္စည်းပို့ဆောင်နေတဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ ထောက်ပို့ကွင်းဆက် Supply Chain ကိုထိခိုက်မှာပါ။


★(၉) Supply Chain ဆိုလို့ ယူကရိန်းထိတာနဲ့ အဲ့ဒီဒေသကနိုင်ငံလေးတွေအတွက် ရထားလမ်းကြောင်းထိခိုက်သွားပါတယ်။


အဲ့ဒါအပြင်ကုန်သွယ်ရေကြောင်းပါသွယ်ဝိုက်ထိခိုက်အုံးမှာပါ။ လေကြောင်းကတော့ အပြန်အလှန်ပိတ်ပင်ကုန်ကြပါပြီ။


★ တခြားပြောစရာတွေကတော့ ဘာလီထုတ်လုပ်မှုထိခိုက်မှုကြောင့် အရက်နဲ့ဘီယာလုပ်ငန်းထိခိုက်နိုင်ပါတယ်။


စောနကပြောခဲ့တဲ့လောင်စာဆီနဲ့စွမ်းအင်ကဏ္ဍထိခိုက်လို့ ဥရောပတခွင်မှာလူနေမှုစားစရိတ်ကြီးမြင့်သွားပါမယ်။


နောက်တစ်ခုက နည်းပညာမြင့်ပစ္စည်းတွေရုရှားကိုတင်ပို့မှုအဘန်းခံရတဲ့အတွက် ရုရှားရဲ့နည်းပညာတိုးတက်မှုကဏ္ဍကိုအတော်ထိခိုက်ပါမယ်။


နောက်တစ်ခုက ဘဏ်ချေးငွေတွေမြင့်သွားပြီး စီးပွားရေးတုန့်ဆိုင်းသွားနိုင်ပါတယ်။


အရက်နဲ့ဝိုင်လောကကိုလည်း ရိုက်ခတ်ပါမယ်။ ဒီအကြောင်းနောက်မှရေးပါမယ်။


ဘယ်လိုပဲဖြစ်ဖြစ် ဗော်ဂါလို အရက်ကအစ၊ ပြောင်းဂျုံအထိ အပေါ်ကရုရှားနဲ့ယူကရိန်းထုတ်ကုန်တွေထိခိုက်တဲ့အတွက်ရော၊


လောင်စာဆီဈေးတက်လို့ရော၊ 


​ပြည်ပငွေပေးငွေယူအပိတ်ခံရတဲ့အတွက်ရော၊ 


ကိုဗစ်ကနေနလန်ပြန်ထဖို့တာစူနေတဲ့ ရုရှားလုပ်ငန်းတွေ ခါးကနေဖြတ်ပိုင်းထံရသလိုဖြစ်သွားပါမယ်။


ကဲ ... စီးပွားရေးထိခိုက်မှုကို ကမ္ဘာလုံးခြုံကြည့်ရင် ... အထိခိုက်ဆုံးက ရုရှားနဲ့ယူကရိန်းပါ။


ဒုတိယအထိခိုက်ဆုံးက ဒေသတွင်းဥရောပနိုင်ငံတွေပါ။


နောက်ဆုံးမှထိခိုက်တာက အမေရိကန်နဲ့ကျန်နိုင်ငံတွေပါ။


ကမ္ဘာနိုင်ငံအတော်များများဟာ ကိုဗစ်ကာလမှာ အရံငွေကြေးကိုအကြိမ်ကြိမ်ထုတ်သုံးပြီး အသက်ဆက်ခဲ့ရတာမို့ အရံငွေကြေးအတော်ပါးနေကြပါပြီ။


အခြေအနေက (၃) မျိုးဖြစ်နိုင်ခဲ့တာပါ။


(၁) ဒဏ်ခတ်မှုအနည်းဆုံး (၂) ဒဏ်ခတ်မှုအလယ်အလတ်နဲ့ (၃) ဒဏ်ခတ်မှုအမြင့်ဆုံး အနေအထား။


အခုက ဒဏ်ခတ်မှုအနိမ့်ဆုံးအနေအထားပါ။


ရုရှားအနေနဲ့ ငွေတန်ဖိုးကျမယ်၊ ငွေကြေးဖောင်းပွမယ်၊ ကုန်သွယ်မှုကျဆင်းမယ်။ စီးပွားရေးကျုံ့သွားမယ်။ 


ကျန်ကမ္ဘာ့နိုင်ငံတွေက အဲ့ဒီကငလျင်ဂယက်ကို ခံရမယ်။ အခုလိုအနိမ့်ဆုံးဒဏ်ခတ်မှုက ၂၀၂၂ နှစ်ကုန်အထိအကျိုးသက်ရောက်မှုရှိမယ်။


ဒီ့ထက်ပြင်းထန်ရင် ၂၀၂၃ နှစ်ထဲအထိ အကျိုးဆက်ကသက်ရောက်မှုရှိမယ်။


ထည့်ပြောဖို့ကျန်သွားတာက Cyberattack ပါ။ Cyberattack တွေဖြစ်လာရင် Global Supply Chain ပါသွားထိမယ်။ 


နောက်ဆုံးတစ်ခွန်းတည်းပြောရရင် ကုန်ဈေးနှုန်းတွေဒီထက်တက်အုန်းမယ်။ လူနေမှုစားရိတ်တွေဒီ့ထက်တက်အုံးမယ်။


ပူတင်လည်း ချသာလောင်းနေတာ အိတ်ထဲဘယ်လောက်ရှိလဲမသိဘူး။ ကျူးဘားဒုံးကျည်ကိစ္စဖြစ်ပြီးတာနဲ့ အင်မတန်အာဏာလက်စောင်းထက်တဲ့ ခရုရှဖ်ပြုတ်ကျခဲ့တဲ့ သာဓကကရှိသေးတယ်။


ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တွေထက်ပိုထိမှာက ရုရှားနဲ့ ယူကရိန်းကလူတွေပါ။




Richard Myo Thant

28-February -2022


ဆက်ဖတ်ရန် →

ပူတင်လိုကောင်မျိုးတွေ ၊ မအလ လိုကောင်မျိုးတွေ

ဆိုဗီယက်ယူနီယံပြိုကွဲတော့ ယူကရိန်းက ရုရှပြီးရင် နူကလီးယားလက်နက်အများနိင်ငံဖြစ်ခဲ့တယ်။ အမေရိကန်နဲ့ရုရှပြီးရင် တတိယအများဆုံးပေါ့။ ယူကရိန်းရဲ့ နူကလီးယားလက်နက်ပိုင်ဆိုင်မှုက တရုတ်၊ ဗြိတိန်၊ ပြင်သစ်တို့ထက်များတယ်။ ကမ္ဘာကြီးကိုငြိမ်းချမ်းစေလိုတဲ့ ယူကရိန်းဟာ ၁၉၉၄ မှာ ရုရှနဲ့လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ရုရှကဘယ်တော့မှမကျူးကျော်ပါဘူးဆိုတဲ့ကတိနှင့်အတူ သူရဲ့နူကရီးယားလက်နက်အားလုံးကို ကမ္ဘာငြိမ်းချမ်းရေးစံနမူနာပြအဖြစ်ဖျက်ဆီးပေးခဲ့တယ်။ ရုရှက ယူကရိန်းရဲ့အချုပ်အခြာအာဏာကို လေးစားပါမယ် နယ်မြေကိုတစ်စက်မှမကျုးကျော်ပါဘူး ဆိုတဲ့ ကတိကို ၁၉၉၄ ခု ဒီဇင်ဘာလ ၅ ရက် မှာ ချုပ်တိုခဲ့တဲ့ Budapest Memorandum on Security Assurance မှာ တွေ့ရမှာဖြစ်တယ်။ ဒါပေမယ် လူယုတ်မာ ပူတင်နဲ့ တွေ့တော့ ကမ္ဘာကြီးကို ငြိမ်းချမ်းစေလိုတဲ့ ယူကရိန်းနိုင်ငံသားတွေဟာ အပြစ်မဲ့သေကျေပျက်စီးကြရတယ်။  


မြန်မာနိုင်ငံမှာလည်း မြန်မာပြည်ကို ဖွံ့ဖြိုးငြိမ်းချမ်းစေလိုတဲ့အမေစုဟာ မေတ္တာနိုင်ငံရေးလို့ပြောပြီး စစ်ဗိုလ်ချုပ်တွေနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တယ်။ မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေချင်တဲ့စိတ်နဲ့ လူသတ်သမားမင်းအောင်လှိုင်တို့ကို ကမ္ဘာအလယ်မှာကာကွယ်ပေးခဲ့တယ်။ အကြမ်းဖက်လူယုတ်မာမင်းအောင်လှိုင်တို့တစ်စုဟာ သူ့တို့ရဲ့ကျေးဇူးရှင်အမေစုအပါအဝင် ခေါင်ဆောင်တွေကို မတရားဖမ်းဆီးထောင်ချတယ်။ အပြစ်မဲ့မြန်မာပြည်သူတွေသေကျေပျက်စီးကြရတယ်။ 


လူသတ်သမားပူတင်က ယူကရိန်းကို လူသတ်အကြမ်းဖက်တယ်လို့စွတ်စွဲတယ်။ ပြည်သူဘဏ္ဏာသူခိုး မင်းအောင်လှိုင်က အမေစုကို လာဘ်စားတယ်လို့စွတ်စွဲတယ်။  တကယ်တော့ ပူတင်လိုကောင်မျိုးတွေ ၊ မအလ လိုကောင်မျိုးတွေရဲ့လက်ထဲမှာ ဖြူစင်မြင့်မြတ်တဲ့သူတွေဒုက္ခရောက်ကြရတာ အရမ်းရင်နာဖို့ကောင်းတယ်။ 


ဘာပဲဖြစ်ဖြစ် အဆိုးထဲကအကောင်းက ယူကရိန်းစစ်ပွဲဟာ  ( ရုရှပြည်သူတွေကတောင်လက်မခံနိုင်တော့တဲ့)ပူတင်ရဲ့ ကျဆုံးခန်းဖြစ်သလို ၊မအလအာဏာသိမ်းခြင်းဟာလည်း ( မခံမရပ်နိုင်တဲ့ပြည်သူတွေရဲ့အုံကြွတော်လှန်မှုနဲ့အတူ) စစ်တပ်နိုင်ငံရေးမှာဝင်ရှုတ်နေခြင်းကို အဆုံးသတ်ပေးလိုက်တာဖြစ်တယ်။ 


မျိုးရန်နောင်သိန်း

၂၈-၂-၂၀၂၂

#မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ ၂၇ မိနစ်​

ဆက်ဖတ်ရန် →

တစ်ယောက်တည်း လက်ထောင်ပြီး အူကြောင် ကြောင်ကြီး ဖြစ်နေ

​မနေ့က ပြောခဲ့တဲ့ အတိုင်းပဲ။ မတရား လုပ်တဲ့သူ ဆိုတာ နိုင်ငံတကာမှာ ဩဇာပိုကြီးလာဖို့ မပြောနဲ့။ ဝိုင်းပါ အကျဉ်ခံရတယ် ဆိုတာ UN အစည်းအဝေးမှာ ကြည့်ရင်ကို သိသာတယ်။ လက်ရှိ ရုရှားက ကုလ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ။ အဲဒီတော့ ယူကရိန်း-ရုရှားအရေး ကြားဖြတ် အရေးပေါ် အစည်းအဝေး ခေါ်မယ် ဆိုတော့ သူက သဘာပတိ လုပ်ပြီး ဆန္ဒမဲ ကောက်ရတယ်။


ထုံးစံအတိုင်း အရေးပေါ် အစည်းအဝေး ခေါ်ဖို့ သဘောတူ တဲ့သူ လက်ထောင်လို့ ရုရှား သံအမတ်က ကြေညာတော့ တရုတ်တို့ ၄ နိုင်ငံက လွဲရင် ကျန်တဲ့သူ အကုန် လက်ထောင်တယ်။ ကန့်ကွက်တဲ့သူ လက်ထောင်ပါ ဆိုတော့ ဘယ်သူမှ မထောင်ကြဘူး။ ကြေညာတဲ့ သဘာပတိပဲ သူ့ဘာသာ ကြေညာ၊ သူ့ဘာသာ တစ်ယောက်တည်း လက်ထောင်ပြီး အူကြောင် ကြောင်ကြီး ဖြစ်နေတာ ရယ်ရတယ်။ နောက်ဆုံး ကန့်ကွက်သူ တစ်ယောက်ပဲ ရှိလို့ အစည်းအဝေး ခေါ်ဖို့ သဘောတူကြောင်း အောင့်သက်သက် ရုပ်ကြီးနဲ့ ကြေညာရတယ်။


လောလောဆယ် SWIFT payment စနစ်မှာ ရုရှားဘဏ် တွေကို ဖြုတ်ချလိုက်တာ တော်တော် အထိနာတယ်။ ဘဏ်စနစ်တွေ ကမောက်ကမ ဖြစ်ကုန်တဲ့ အပြင် ဒီမှာလိုပဲ လူတွေက ဘဏ်ကို မယုံမကြည် ဖြစ်ကုန်ပြီး ငွေတွေ ဝိုင်းထုတ် ကြလို့ ATM တွေမှာတောင် တန်းစီ နေရပြီ။ ဒီကြားထဲ မြန်မြန်ဆန်ဆန် သိမ်းနိုင်မယ် ထင်တဲ့ ယူကရိန်း ကိုလည်း အလွယ်တကူ မသိမ်းနိုင်ဘဲ ရုရှား စစ်သား အလောင်းတွေ ပုံနေပြီ။ ဆန့်ကျင်သူတွေကို ဒီလောက် ဖိနှိပ် အုပ်ချုပ်တဲ့ ရုရှားလို နိုင်ငံမှာတောင် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်လာတာ အံ့ဩ မဆုံးဘူး။  ပူတင်တောင် ရှက်ရမ်း ရမ်းပြီး နျူထုတ်သုံးဖို့ ခြိမ်းခြောက် နေရတယ်။ တကယ် ထုတ်လိုက်ရင် ဝင်မပါဘဲ ရပ်ကြည့်နေတဲ့ နိုင်ငံတွေကိုပါ ခြိမ်းခြောက်မှု ဖြစ်လာမှာ မို့လို့ ပွဲက ပိုကောင်း လာနိုင်တယ်။


လောလောဆယ်တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် နှစ်ဘက်စလုံးက လေသံ ပစ်နေတယ်။ နဂိုတုန်းက ပူတင်က သူ့ရဲ့ အောက်ဆွဲ နိုင်ငံ ဘီလာရုစ်မြေမှာ ယူကရိန်းကို အပေါ်စီးက ခပ်ချေချေ ဆွေးနွေးဖို့ ကြံစည်ထားတာ။ လတ်တလော အခြေအနေတွေ အရ ယူကရိန်း ဘက်က ရွေးချယ်ထားတဲ့ နေရာမှာပဲ ကြိုတင် သဘောတူညီမှု (precondition) ဘာမှ မပါဘဲ ဆွေးနွေးရဖို့ ဖြစ်နေတယ်။ စစ်ပွဲ ကြာလာလေ သူ့နိုင်ငံရဲ့ အခြေအနေက ယိမ်းယိုင်လာလေ ဖြစ်လာမှာကိုး။ ယူကရိန်း ကတော့ နောက်ဆုတ် စရာ ဘာမှ မရှိတဲ့သူ ဆိုတော့ ဘုရင့်နောင် ဖောင်ဖျက် သလို တိုက်မှာပဲ။


ပူတင်ကြီး ပျားတုတ်နေတာ မြင်တော့ တို့ဆီက မအေလိုး မင်းအောင်လှိုင်နဲ့ တူလိုက်တာ လို့တောင် တွေးမိသေးတယ်။ ပိုင်ပါတယ် ဆိုပြီး အာဏာ ကောက်သိမ်းတာ။ တစ်နှစ်ကျော် ကြာတဲ့ အထိ ပိုင်ပိုင်နိုင်နိုင် မအုပ်ချုပ် နိုင်ရုံ မကဘဲ စိုးမိုး နယ်မြေတွေကိုပါ တဖြည်းဖြည်း လက်လွှတ် လာနေရပြီ။ ဒီကြားထဲ တိုင်းပြည်က စီးပွားရေးကျ၊ နိုင်ငံတကာက ဝိုင်းကျဉ်၊ သူ့လူတွေကအစ မလေးစားတော့တဲ့ အခြေ အနေ ရောက်နေတာ။ မတရား လုပ်ချင်တဲ့ သူတွေ နောက်ဆုံးတော့ ကျရှုံးရမှာ ထုံးစံပဲ

.mimikal


ဆက်ဖတ်ရန် →

ဘက်ပေါင်းစုံ အောက်စည်းရောက်နေတဲ့ စစ်ပွဲကို ဆက်တိုက်ချင်နေတဲ့ မြန်မာစစ်ကောင်စီ



​ရေးသားသူ - ဘာ​တေးလ်လင့်နာ

အာဏာသိမ်းမှုအပြီး နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့ တော်လှန်ရေး အင်အားစုတွေကို ချိုးနှိမ်ဖို့အတွက် မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတဲ့ နည်းလမ်းဟောင်းကိုပဲ ပြန်အသုံးပြုလာပါတယ်။ ပြည်တွင်းက လက်နက်ကိုင် ခုခံရေး လှုပ်ရှားမှုတွေကို တိုက်ခိုက်ဖို့ ပုံသေ သုံးစွဲနေတဲ့ ဒီနည်းလမ်းဟာ တကယ်တမ်းကျတော့ စစ်တပ်ရဲ့ အင်အားထက် ညံ့ဖျင်းမှုကို ပိုမိုပေါ်လွင်နေစေပါတယ်။

နိုင်ငံအရှေ့ပိုင်းက အာဏာသိမ်းမှု ဆန့်ကျင်ရေး အားကောင်းနေတဲ့ ကယားပြည်နယ်ထဲမှာ ရုရှားလုပ် Hind အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကြီးတွေက ဒုံးကျည်တွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သလို တိုက်လေယာဉ်တွေကလည်း ဗုံးတွေ ကြဲချခဲ့ပါတယ်။ အခုလထဲမှာ အရှိန်မြှင့်လာတဲ့ လေကြောင်း ထိုးစစ်တွေဟာ အရပ်ဖက် ပစ်မှတ်တွေကို အဓိက ဦးတည်ခဲ့ပုံ ရပါတယ်။

အဲဒီ ရဟတ်ယာဉ်တွေထဲက တစ်စီးမှာ အာဏာသိမ်း စစ်တပ်ရဲ့ ဒုတိယ အကြီးအကဲ စိုးဝင်းကိုယ်တိုင် လိုက်ပါခဲ့တယ်လို့တောင် သတင်းတွေ ထွက်ခဲ့ပါတယ်။ သူဟာ စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်ထက်တောင် သဘောထား တင်းမာပြီး တစ်ယူသန်တယ်လို့ လူသိများသူပါ။

ကယားပြည်နယ်ထဲက စစ်ဘေးသင့် ရွာသူရွာသား ၁၇၀၀၀၀ လောက်ထိ နေရပ်စွန့်ခွာပြီး ထိုင်းနိုင်ငံ နယ်စပ်နဲ့ နီးကပ်တဲ့ သစ်တော ဧရိယာတွေဖက်ကို တိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။ ဒီအခြေအနေက ဒေသတွင်းမှာ ခေတ်သစ် ဒုက္ခသည် အကျပ်အတည်းကြီးတစ်ခု ပေါ်ပေါက်လာအောင် တွန်းအားပေးသလို ဖြစ်နေပါတယ်။

ကယားပြည်နယ်မှာ ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ အားကောင်းခဲ့ခြင်းကြောင့်ပဲ စစ်ကောင်စီက လေတပ်သုံးပြီး အပြင်းအထန် ဗုံးကြဲလာတယ်လို့ ယုံကြည်ရပါတယ်။ ဒီအခြေအနေက စစ်ကောင်စီရဲ့ အားကောင်းလှပါချည်ရဲ့ဆိုတဲ့ ခြေလျင်တပ်တွေရဲ့ တိုက်ရည်ခိုက်ရည်အပေါ် ဆန်းစစ် မေးခွန်းထုတ်မှု နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာစေပြန်ပါတယ်။

သူပုန်တပ်တွေကို လေကြောင်း ပစ်ကူယူပြီး မြေပြင်ကနေ ထိုးစစ်ဆင်တာမျိုးက ကမ္ဘာအနှံ့မှာ အစိုးရတွေ သုံးစွဲနေကျ ပုံမှန် စစ်ဆင်ရေး နည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ ဆယ်စုနှစ်တွေ ရှည်ကြာလာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်မှာ မြန်မာစစ်တပ်က လေကြောင်းပစ်ကူ သုံးရသလောက်တော့ ဘယ်သူမှ များများစားစား မသုံးစွဲခဲ့ပါဘူး။ 

ကယားပြည်နယ်တင် မကဘဲ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်လို နေရာတွေမှာ စစ်ကောင်စီဟာ ခြေလျင်တပ်တွေ အရင်ဖြန့်ကျက်ပြီး သွေးတိုးစမ်း တိုက်ခိုက်ကြည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မရှုမလှ သေကြေကြပြီး အကျအဆုံး များလွန်းတာကြောင့် ကမန်းကတမ်း ပြန်ဆုတ်ခဲ့ရတာချည်းပါပဲ။ ဒီလို ရှုံးနိမ့်ပြီ ဆိုတာနဲ့ စစ်တပ်ဟာ လေတပ်ကို သုံးပြီး ကျေးရွာတွေနဲ့ တခြား မဆီမဆိုင် အရပ်သား ဧရိယာတွေကို ဗုံးလိုက်ကြဲတာ ပုံသေနည်းလို ဖြစ်နေပါပြီ။ 

တကယ်တော့ လူနည်းစု တိုင်းရင်းသား နယ်မြေတွေမှာ မြန်မာစစ်တပ်က အဆုံးစွန် ယုတ်ကန်း ရက်စက်မှုတွေ ကျူးလွန်နေတာ အသစ်အဆန်း မဟုတ်တော့ပါဘူး။ ဒါပေမဲ့ အရင်ခေတ်က စစ်တပ်ဟာ လက်နက် တပ်ဆင်မှု အတော်လေး အားနည်းတယ် ဆိုရင်တောင်မှ စစ်ရေး အတွေ့အကြုံ အရမ်းပြည့်ဝပြီး တိုက်ရည်ခိုက်ရည်ကလည်း တကယ့်ကို ထိရောက် ထက်မြက်ခဲ့ပါတယ်။

အဲဒီ မြန်မာစစ်တပ်ဟာ နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဗမာပြည် ကွန်မြူနစ်ပါတီ (CPB)၊ မြောက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ထိုင်းနိုင်ငံနဲ့ နယ်စပ်တလျှောက်မှာ ကရင် အမျိုးသား အစည်းအရုံး (KNU) အပါအဝင် တခြား လက်နက်ကိုင် အဖွဲ့တွေနဲ့ တောက်လျှောက် စစ်ခင်း တိုက်ခိုက်ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တောင်းဆို လှုပ်ရှားမှု အရေးအခင်းကြီး ပေါ်ပေါက်လာတဲ့နောက် အဲဒီ အနေအထားတွေ အားလုံး ပြောင်းလဲကုန်ပါတယ်။ အဲဒီတုန်းက စစ်တပ် အကြီးအကဲတွေ အင်မတန် စိုးရိမ်တဲ့ အဓိက အချက်က တပ်မတော်သားတွေ ဘက်ပြောင်းပြီး ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူတွေဆီ ခိုလှုံ ပူးပေါင်းသွားမှာကိုပါပဲ။

တပ်ထဲမှာ အကွဲအပြဲတွေ မဖြစ်အောင် တားဆီးဖို့အတွက် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေဟာ လက်အောက်ခံ တပ်တွေ စိတ်ကျေနပ်အောင်၊ သစ္စာစောင့်သိမှု မြဲမြံအောင် နည်းလမ်းပေါင်းစုံနဲ့ ကြံစည်ပါတော့တယ်။

၁၉၈၉ ခုနှစ်ကစလို့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီလို့ နာမည်ပေးထားတဲ့ အဲဒီခေတ်က စစ်အစိုးရဟာ ပိုပြီး ခေတ်မီ ဆန်းစစ်တဲ့ စစ်လက်နက် ပစ္စည်းတွေ၊ စစ်သုံး ယန္တရားတွေကို ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးထိ တောက်လျှောက် ဖြည့်တင်း ဝယ်ယူလာခဲ့ပါတယ်။

မြန်မာရဲ့ စစ်လက်နက် အများစုဟာ တရုတ်ဆီက ရတာဖြစ်ပြီး ပါကစ္စတန်၊ စင်ကာပူနဲ့ အစ္စရေးတို့ဆီက ဝယ်ယူခဲ့တာတွေလည်း ရှိပါတယ်။ ဝယ်သမျှ လက်နက် အများစုဟာ ရုပ်ပြကောင်းရုံ သက်သက်သာ ဖြစ်နေပြီး တကယ်တမ်းကျတော့ ဒုံးကျည်စနစ်တွေ၊ တင့်ကားကြီးတွေ၊ သံချပ်ကာယာဉ်တွေ၊ ရေတပ် ကင်းလှည့်ရေယာဉ်တွေ၊ ဖရီးဂိတ် စစ်သင်္ဘောတွေ ဆိုတာက နယ်စပ်တလျှောက် တောတောင် ထူထပ်ရာ ဧရိယာတွေမှာ အဓိက ဖြန့်ကျက် လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို တိုက်ခိုက်ရာမှာ အတော်လေး အသုံးဝင်မှု အားနည်းပါတယ်။

နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခုအဖြစ် တပ်မှူးတွေကို ဒေသပေါင်းစုံ အလှည့်ကျ တာဝန် ထမ်းဆောင်စေတဲ့ အရင်ကတည်းက လူကြိုက် မများလှတဲ့ စနစ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီစနစ်ရဲ့ မူလ ရည်ရွယ်ချက်က ဘယ်တပ်မှူးမှ နိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုခုမှာ ကြာကြာ ခြေကုပ်ယူပြီး ဩဇာ တည်ဆောက်လို့ မရစေဖို့ ဖြစ်ပါတယ်။

စစ်တပ် အကြီးအကဲတွေဟာ မြို့ပြ ဧရိယာတွေက သဘောထား ကွဲလွဲသူတွေကို တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေနဲ့ အချိတ်အဆက် မရှိစေဖို့လည်း အသေအချာ အားထုတ်ခဲ့ပါတယ်။ မြို့ကြီးပြကြီးတွေက တော်လှန်ရေး လှုပ်ရှားသူ ထောင်နဲ့ချီပြီး KIA၊ KNUတို့နဲ့ ဆက်သွယ် ပူးပေါင်းသွားတယ် ဆိုပေမယ့် မြို့သားလူသစ်တွေကို လက်နက် ထောက်ပံ့ပေးဖို့ကျတော့ တိုင်းရင်းသား တပ်ဖွဲ့တွေမှာလည်း အလုံအလောက် ဖြစ်မနေပြန်ပါဘူး။

နောက်တော့ CPBထဲမှာ ပုန်ကန်မှုတွေ ဖြစ်လာပြီး ဗမာတိုင်းရင်းသား ကွန်မြူနစ် လှုပ်ရှားသူ အတော်များများဟာ တရုတ်နိုင်ငံဖက်ကို တိမ်းရှောင် ခိုလှုံသွားကြရပါတယ်။ အဲဒီ ပုန်ကန်မှုတွေကပဲ နောက်ထပ် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အသစ်တွေ ဖွဲ့စည်းဖို့ လမ်းကြောင်း ပေါ်လာစေတယ်။ အားအကောင်းဆုံးကတော့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)ဖြစ်ပါတယ်။ ပြီးတော့ မြန်မာစစ်တပ် အင်မတန် စိုးရိမ်တဲ့ မဟာမိတ် အင်အားစုမျိုး အမှန်တကယ် ပေါ်ပေါက်လာနိုင်ခြေ အလားအလာတွေကိုပါ မြင်လာရပါတယ်။

အရင် CPBရဲ့ ပုန်ကန် အင်အားစုတွေနဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ ဆွေးနွေးမှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မြန်မာစစ်တပ်ဟာ ခြေသွက်လက်သွက်နဲ့ တစိုက်မတ်မတ် တုံ့ပြန် လှုပ်ရှားခဲ့တယ်။

UWSA၊ CPBလက်ကျန် အင်အားစုတွေနဲ့ မြန်မာစစ်တပ်တို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေ အသီးသီး ညှိနှိုင်းနိုင်ခဲ့တယ်။ နှစ်ဖက် ဆွေးနွေး သဘောတူညီမှုတွေအရ အဲဒီ အဖွဲ့အစည်းတွေဟာ လက်နက်တွေ စွန့်လွှတ်ဖို့ မလိုသလို အခြေစိုက် နယ်မြေတွေကိုလည်း ဆက်ပြီး ထိန်းချုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်ကို သူတို့က စပြီး မတိုက်သ၍၊ တခြား လက်နက်ကိုင် အင်အားစုတွေဆီ လက်နက်တွေ မထောက်ပံ့သ၍ ထိန်းချုပ် နယ်မြေတွေမှာ ဘယ်လို စီးပွားရေး လုပ်ငန်းတွေမဆို လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ် အလယ်ပိုင်းလောက်မှာတော့ လက်နက် ရရှိရေးအတွက် CPBကို အဓိက မှီခိုနေရတဲ့ နောက်ထပ် အင်အားကြီးနဲ့ အသေးစား လက်နက်ကိုင် အဖွဲ့ ၂၀ လောက်ဟာလည်း စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူခဲ့ပါတယ်။ ဒီအတောအတွင်း နယ်စပ်တွေက ခြိမ်းခြောက်မှုတွေကိုလည်း စစ်တပ်က အတော်လေး ဖိနှိပ် ချိုးနှိမ်လိုက်ပါတော့တယ်။

အဲဒီ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေက နှစ်ပေါင်း ၂၀ ကျော်လောက် တည်တံ့ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ လုံးဝဥဿုံ ပြောင်းလဲသွားတဲ့ မျိုးဆက်သစ် မြန်မာစစ်သားတွေမှာ တကယ် ထိရောက်တဲ့ တိုက်ခိုက်ရေး အတွေ့အကြုံ မရှိတော့ပါဘူး။ နီးစပ်သူ တစ်ဦးက ပြောပြတာကတော့ လက်ရှိ မြန်မာစစ်သားတွေဟာ တကယ်တမ်း စစ်တိုက်ဖို့ထက် ယူနီဖောင်း အသစ်တွေဝတ်၊ သေနတ်တွေကိုင်ပြီး ကျော့ကျော့မော့မော့ စစ်ရေးပြဖို့ပဲ ပိုအားသန်နေတော့တယ် ဆိုတာပါပဲ။ 

ဒါ့အပြင် လက်ရုံးတပ်တွေကလည်း လာဘ်ပေးလာဘ်ယူ ကိစ္စတွေ၊ အဂတိမှုတွေ ကျူးလွန်ပြီး ငွေရှာဖို့ အခွင့်အလမ်းတွေ ပိုရလာပါတယ်။ စစ်တပ် အရာရှိတွေဟာ နာမည်ဆိုး ထွက်လွန်းတဲ့ ခရိုနီ သူဌေးသူကြွယ်တွေနဲ့ စီးပွားရေး ရပေါက်ရလမ်းတွေ ပူးပေါင်း လုပ်ဆောင်တတ်လာတယ်။

၂၀၁၁၊ ဇွန်လကျတော့ အခြေအနေတွေ ပြောင်းသွားပြန်ပါတယ်။ KIAနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ သဘောတူညီချက် ပျက်ပြားသွားတာကြောင့်ပါ။ ဆယ်စုနှစ်တွေအတွင်း ပထမဆုံး အကြိမ်အဖြစ် တိုင်းရင်းသား နယ်မြေတွေမှာ အထင်ကရ တိုက်ပွဲကြီးတွေ ပြန်ပေါ်ပေါက်လာပါတယ်။ မြန်မာစစ်တပ်က အကြီးအကျယ် အထိနာပြီး အကျအဆုံး အရမ်းများခဲ့ပါတယ်။ အတွေ့အကြုံကလည်း မရှိ၊ လေ့ကျင့်ရေးကလည်း ညံ့ဖျင်းလွန်းတဲ့ ခြေလျင် တပ်သားတွေဟာ KIAရဲ့ ပြောက်ကျား စစ်ဆင်ရေးတွေမှာ အတုံးအရုံး အသက်ပျောက်ကုန်ပါတယ်။ 

အခြေအနေတွေက ဆိုးသထက် ဆိုးလာတော့ စစ်တပ်ဟာ ခြေလျင်တပ်ဖွဲ့တွေကို ပြန်ဆုတ်ခိုင်းပြီး ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေရဲ့ ပစ်အားကိုပဲ မှီခိုရပါတော့တယ်။ KIA လက်လှမ်းမမီလောက်တဲ့ နေရာတွေကပဲ လှမ်းပစ်ရဲတော့တာပါ။ ဒီအခြေအနေမျိုးကို ကယားပြည်နယ်မှာ ထပ်ပြီး တွေ့မြင်လာရပါပြီ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ် အာဏာသိမ်းမှုအပြီး နိုင်ငံအနှံ့မှာ မိုးဦးကျ မှိုတွေလို ပေါ်ပေါက်လာတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေထဲမှာ ကယားကလည်း အားကောင်းကောင်းနဲ့ ပါဝင်ခဲ့ပါတယ်။

အခုတော့ စစ်တပ်အတွက် ရင်ဆိုင် စစ်ခင်းနေရတဲ့ ပဋိပက္ခတွေက အဟောင်းရော၊ အသစ်ပါ နေရာစုံ ပျံ့နေပါပြီ။ ပြောင်းလဲလာတဲ့ အခြေအနေ အသစ်တွေအပေါ် မူတည်ပြီး မေးခွန်းအဟောင်းဆီ ပြန်ဦးလှည့်လာကြပါတယ်။ အဲဒါကတော့ စစ်တပ်ရဲ့ လူ့အရင်းအမြစ် စွမ်းရည် ဘယ်လောက်ထိ ရှိသလဲ ဆိုတာပါပဲ။ ဩစတြေးလျ နိုင်ငံသား၊ မြန်မာ့အရေးနဲ့ မြန်မာစစ်တပ်အရေး ကျွမ်းကျင်သူ အန်ဒရူး ဆက်သ်ကတော့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ဆစ်ဒနီမြို့ အခြေစိုက် Lowy Instituteက ထုတ်ဝေတဲ့ စာစောင်မှာ သူ့ခန့်မှန်းချက်တွေကို ဖော်ပြခဲ့ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ စစ်တပ်မှာ အင်အား ၅ သိန်းကနေ ၆ သိန်းလောက်ထိ ရှိလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေက မြန်မာစစ်တပ်ရဲ့ စီမံကိန်း ရေးဆွဲသူတွေ ကြီးကြီးမားမား ထားရှိခဲ့တဲ့ ရည်မှန်းချက်တွေအပေါ် အခြေခံထားတာ ဖြစ်တယ်လို့ သူက ဆိုတယ်။

၁၉၈၈ ခုနှစ်တုန်းက စစ်တပ်ကို တိုးချဲ့ဖွဲ့စည်းပြီး ခေတ်မီအောင် မွမ်းမံ အဆင့်မမြှင့်သေးခင် ကာလတွေတုန်းက အင်အား ၁ သိန်း ၈ သောင်း ၆ ထောင်ကျော်လောက် ရှိခဲ့ပါတယ်။ ၂၀၂၁ မှာတော့ တကယ်တမ်း လက်တွေ့ကျတဲ့ ခန့်မှန်းချက်က အင်အား ၃ သိန်းနဲ့ ၃ သိန်းခွဲကြားလောက်သာ ရှိလိမ့်မယ် ဆိုတာပါပဲ။ ဒီထက်ပိုနည်းပြီး ၂ သိန်းခွဲအောက်၊ ဒါမှမဟုတ် ၂ သိန်းလောက်လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဆက်သ်ကတော့ တကယ်တမ်း အရေးကြီးတာက ယူနီဖောင်း ဝတ်ထားတဲ့ အမျိုးသား၊ အမျိုးသမီး အရေအတွက် ဘယ်လောက် ရှိသလဲ ဆိုတာ မဟုတ်ဘဲ စစ်မြေပြင်ကို စစ်ကောင်စီ အနေနဲ့ အမှန်တကယ် စေလွှတ်နိုင်မယ့် ခြေလျင်တပ်ဖွဲ့ဝင် ဦးရေ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ မြန်မာစစ်တပ်မှာ တိုက်ပွဲဝင် ခြေလျင်တပ်ဖွဲ့ဝင် အရေအတွက် အလွန်ဆုံး ၁ သိန်းနဲ့ ၁ သိန်း ၂ သောင်းကြားလောက်ပဲ ရှိနိုင်ပါတယ်။

ဒီအင်အားကို ပံ့ပိုးဖို့ ရဲတပ်ဖွဲ့ဝင် ဦးရေ ၈ သောင်းလောက် ရှိသလို စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အရန်တပ် ၃၉ ခုလောက် ရှိနေသေးတယ်လို့ ဆက်သ်က ရေးသားထားပါတယ်။

ဘယ်ရှုထောင့်ကပဲကြည့်ကြည့် မြန်မာစစ်တပ်ဟာ အခုဆိုရင် စစ်မျက်နှာ ပေါင်းစုံမှာ ကိုယ့်ကိုယ်ကိုယ် ဘေးကျပ်နံကျပ် ဖြစ်အောင် လုပ်မိနေပြီဆိုတာ မြင်သာပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေကစလို့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှု လုံးဝ မရှိတော့တဲ့ နိုင်ငံအလယ်ပိုင်း ဒေသတွေမှာပါ ခုခံစစ်ပွဲတွေကို ကြုံနေကြရပါပြီ။

အခုဆိုရင် အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အဖွဲ့ငယ်လေးတွေ အပါအဝင် နိုင်ငံအနှံ့မှာ ရာနဲ့ချီတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ ပေါ်ပေါက်လာပြီး မြန်မာစစ်တပ်ဟာ ဘယ်လိုမှ အပြတ်အသတ် အနိုင်ယူ တိုက်ခိုက်နိုင်မှာ မဟုတ်ကြောင်း ပိုထင်ရှား ပေါ်လွင်လာနေပါတယ်။ 

ဒါပေမဲ့လည်း အဲဒီ အင်အားစုလေးတွေက တိုက်ပွဲကြီးတွေမှာ အသာရဖို့ ဆိုတာကလည်း အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ တော်လှန်ရေး လှုပ်ရှားမှုတွေက တခဲနက် ထောက်ခံ အားပေးမှုတွေ ရရှိနေပေမယ့် လက်နက် တပ်ဆင်နိုင်စွမ်း အားနည်းလွန်းသလို မြန်မာစစ်တပ်နဲ့ စစ်ကောင်စီ အရာရှိတွေကို ရနိုင်သလောက် သုတ်သင်ပစ်မယ် ဆိုတာထက် ပိုပြီး ကောင်းမွန်တဲ့ ရေရှည် ရည်မှန်းချက်နဲ့ အခင်းအကျင်းတွေ မတွေ့ရပါဘူး။

စစ်တပ်က တော်လှန်ရေး အင်အားစုတွေ တဖြည်းဖြည်း ဆုတ်ယုတ်ပြီး လုံးပါးပါးလာအောင် ဖိတိုက်မယ်ဆိုတဲ့ မဟာဗျူဟာမျိုး သုံးနေပုံ ပေါ်ပေမယ့် တော်လှန်ရေးရဲ့ စိတ်အား ထက်သန်မှုနဲ့ ကျားကုတ်ကျားခဲ ကြိုးစားမှုတွေကြောင့် ဒီဗျူဟာကလည်း အောင်မြင်မယ့် အလားအလာ နည်းပါတယ်။

ခန့်မှန်းလို့ ရတာက အနာဂတ်မှာလည်း စစ်ပွဲတွေ ပိုပြီး ပေါ်ပေါက်လာပါဦးမယ်။ စစ်တပ်ရဲ့ လေကြောင်း ပစ်ကူအင်အား အလွန်အကျွံ သုံးစွဲတဲ့ နည်းဗျူဟာက ပြည်သူတွေကို ပိုပြီး ထိခိုက် နစ်နာစေသလို ရွှေ့ပြောင်း ဒုက္ခသည်တွေလည်း တိုးလာပါလိမ့်မယ်။ နဂိုကတည်းက စစ်တပ်အပေါ် ဒေါသထွက်နေတဲ့၊ နာကျည်းနေတဲ့ ပြည်သူတွေကို ပိုပြီး ဆွပေးသလို ဖြစ်နေပါဦးမယ်။ 

ကယားပြည်နယ်မှာ လေကြောင်းကနေ ဗုံးကြဲနေတာမျိုးဟာ မြန်မာနိုင်ငံက ခုခံစစ် အားကောင်းနေတဲ့ တခြားဒေသတွေမှာပါ ကျင့်သုံးတဲ့ စစ်ဆင်ရေး မဟာဗျူဟာ ဖြစ်လာနိုင်ပါတယ်။ ဒီအချက်ကိုက စစ်တပ်ရဲ့ အရည်အချင်း ညံ့ဖျင်းမှုကို မီးမောင်းထိုးပြနေပြီး ခပ်မြန်မြန် အင်အားတိုးပွားလာတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအပေါ် ပြည်သူလူထု ထောက်ခံမှု ပိုပြီး မြင့်တက်လာစေမှာ ဖြစ်ပါတယ်။

(​ဆောင်းပါးရှင် ဘာ​တေးလ်လင့်နာက
Asia Times သတင်းဌာနတွင်​ ရေးသား​​သော "Tatmadaw fighting a losing war in Myanmar" ​ဆောင်းပါးကို ဘာသာပြန်ဆို​ဖော်ပြထားတာဖြစ်ပါတယ်)

#လူထုနွေဦး
#People'sSpring


ဆက်ဖတ်ရန် →

ယူကရိန်းမှာ Starlink ဝန်ဆောင်မှု အခုရပါပြီ

​ယူကရိန်းဒုတိယဝန်ကြီးချုပ် မီခါလီယိုဖက်ဒိုရော့ဗ်က သူ့ရဲ့တွစ်တာအကောင့်မှာ စနေနေ့က '@elonmusk လို့ 

လိပ်မူပြီးတော့ .


"အီလွန်မတ်စ်ရေ မင်းက 

အင်္ဂါဂြိုဟ်ကို နယ်ချဲ့ဖို့ ကြိုးစားနေချိန်မှာ ရုရှားက ယူကရိန်းကိုသိမ်းပိုက်ဖို့ ကြိုးစားနေတယ်၊ မင်းရဲ့ဒုံးပျံတွေ အာကာသထဲကနေ မြေပြင်ပေါ် အောင်မြင်စွာ ပြန်ဆင်းသက်နိုင်ချိန်မှာ 

ရုရှားဒုံးကျည်တွေက ယူကရိန်းအရပ်သားတွေပေါ်ကိုကျရောက်နေတယ်၊ 

ယူကရိန်းအတွက် Starlink စခန်းတွေ ထောက်ပံ့ပေးခြင်းနဲ့  ရပ်တည်ပေးဖို့ တောင်းဆိုပါတယ်” လို့ 

ရေးခဲ့တယ်။


နာရီအတန်ကြာတဲ့နောက် 

ဖက်ဒိုရော့ဗ်ရဲ့ရေးသားမှုကို အီလွန်မတ်စ်ကိုယ်တိုင် တုံ့ပြန်ခဲ့ပါတယ် 


“ယူကရိန်းမှာ Starlink ဝန်ဆောင်မှု အခုရပါပြီ၊ နောက်ထပ် ကိရိယာတွေလည်း ပေးပို့ထားပါတယ်” တဲ့။


အီလွန်မတ်စ်ရဲ့ ပြန်ကြားမှုရရှိပြီးနောက် ယူကရိန်းအရာရှိနဲ့ ပြည်သူတွေက ကျေးဇူးတင်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။


Starlink ဟာ 

အာကာသကုမ္ပဏီ SpaceX ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး 

ကမ္ဘာပတ်လမ်းအနိမ့်ပိုင်းမှာ ဂြိုဟ်တုအသေးစားလေးတွေ လွှတ်တင်လို့ ဘရော့ဘင်းအင်တာနက် ဝန်ဆောင်မှုပေးတာပါ။  

ရုရှားရဲ့ကျူးကျော်မှုနဲ့အတူ ယူကရိန်းမှာ အင်တာနက်ဆက်သွယ်မှုလည်း ထိခိုက်နေပါတယ်။ 

Starlink ဝန်ဆောင်မှုနဲ့ Receiver တွေသာ ရထားရင် ယူကရိန်း ဆက်သွယ်ရေးအခြေခံတွေ ပျက်သွားရင်တောင်မှ ယူကရိန်းတွေ အင်တာနက် ဆက်သုံးနိုင်မှာပါ။


ဒါနဲ့ အီလွန်မတ်စ်က မြန်မာပြည်ကိုကော သိလေမလား …?


Min Myat San



ဆက်ဖတ်ရန် →

စစ်တပ်လော်ဘီတွေရဲ့ တညီတညွတ်တည်းအသုံးပြုလာတဲ့ ဆိုက်ဝါး

​၈၈ တုန်းကလို ဖြစ်သွားတော့မှာလား


နွေဉီးတော်လှန်ရေးဟာ ဒီအတိုင်းပြီးသွားတော့မှာ။ ဟိုနားလေး ကွက်ဆူလိုက်၊ ဒီနားလေးဖောက်ခွဲလိုက်နဲ့ ပြီးသွားတော့မှာ။ ရပ်ကွက်အုပ်ရေးမှူးတွေ နည်းနည်းပါးပါးကို သတ်ပြလိုက်၊ ရဲတွေကိုသတ်ပြလိုက်၊ ဒလန်တွေကိုသတ်တယ်ပြောလိုက်နဲ့ ပြီးသွားတော့မှာ။ ဝန်ထမ်းတွေအလုပ်ပြုတ်၊လူငယ်တွေ ဘဝပျက်တာပဲ အဖတ်တင်တယ်။ နိုင်ငံရေးအမြတ်ထုတ်တဲ့သူတွေ ကောင်းစားသွား၊ အလှူခံသမားတွေ ချမ်းသာသွားပြီး စစ်ကောင်စီသာ အနိုင်ရသွားတော့မှာ ။


ဒါကတော့ စစ်တပ်လော်ဘီတွေရဲ့ တညီတညွတ်တည်းအသုံးပြုလာတဲ့ ဆိုက်ဝါးပါ။ အခုမှ သုံးလာတဲ့ဆိုက်ဝါးမဟုတ်ဘဲ (၄) လပိုင်း သင်္ကြန်ကာလမှာကတည်းက စတင်သုံးစွဲခဲ့တဲ့ဆိုက်ဝါး။ အဲဒီ့ဆိုက်ဝါးကြောင့် တချို့ CDM တွေ Non CDM ပြန်ဖြစ်သွားကြပါတယ်။


အခု ဒီဆိုက်ဝါးကို တစ်ကျော့ပြန် အရှိန်မြှင့်လာကြပြန်ပြီ။ အရှိန်မြှင့်တာ ဘယ်လိုလုပ်သိသလဲဆိုတော့ ကျွန်တော့်အကောင်ထဲကလူတွေ အယောက်(၂၀)မက လာမေးနေကြလို့ပါ။


ဒီတိုင်းပဲ ပြီးသွားတော့မှာလား။ ၈၈ တုန်းကလိုမျိုး ဖြစ်သွားမလား။ နိုင်ရော နိုင်ပါ့မလား စသဖြင့် လာမေးနေကြပါတယ်။ မအားလပ်တဲ့ကြားကလည်း ပြန်ဖြေပေးနေရပါတယ်။


စာအရှည်ကြီး မဖတ်ချင်ရင် အောက်က တစ်ကြောင်းထဲပဲ ဖတ်ပါ။


" ဒီအတိုင်း မပြီးပါဘူး။ ၈၈တုန်းကလိုမျိုး လုံးဝမဖြစ်ဘူး။ ကျွန်တော်တို့ နိုင်ကိုနိုင်တယ်။ အရေးတော်ပုံမုချအောင်မြင်မှာပါ။"


(စာအရှည်ကြီး ဖတ်နိုင်တဲ့သူတွေက အောက်က သုံးသပ်ချက်ဆောင်းပါးကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။)


တော်လှန်ရေးအခြေအနေအပေါ် သုံးသပ်ချက်


လက်ရှိနွေဦးတော်လှန်ရေးဟာ ခံစစ်ရော၊ တိုက်စစ်ရော အောင်မြင်လျက်ရှိပါတယ်။ ခံစစ်ဆိုတာ CDM ကို ဆိုလိုတာပါ။ ဝန်ထမ်းတွေရဲ့ CDM (ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM ၊ ပညာရေးဝန်ထမ်းတွေရဲ့ CDM ၊ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ CDM) ဟာ မျှော်မှန်းထားတာထက်တောင် အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်လောက်အထိအောင်မြင်သလဲဆိုရင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဘာတစ်ခုမှလုပ်နိုင်ဘဲ မယောင်ရာဆီလူးအလုပ်တွေပဲ လုပ်ခိုင်းနေရတဲ့အထိ အောင်မြင်တာပါ။ ခံယူချက်နဲ့လုပ်တဲ့ CDM ဝန်ထမ်းတွေများတဲ့အတွက် အစိုးရဝန်ထမ်းတွေရဲ့ CDM ခံစစ်ဟာ အောင်မြင်ဆဲပဲဖြစ်ပါတယ်။ 


ပြည်သူလူထုရဲ့ CDM ကလည်း အောင်မြင်ဆဲပဲဖြစ်ပါတယ်။ ပညာရေးမှာဆိုရင် ကျောင်းတက်တဲ့သူရာခိုင်နှုန်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ၂၀ % တောင် မပြည့်ပါဘူး။ ဘဏ်လုပ်ငန်းငွေ ပုံမှန်မလည်ပတ်သေးပါဘူး။ ထီ ပုံမှန်မရောင်းရသေးပါဘူး။ စစ်ကောင်စီကသာ အတင်းအကြပ် ပုံမှန်အတိုင်းဖြစ်နေပြီဆိုပြီး လိမ်နေပေမယ့် ဘယ်ကဏ္ဍမှာမှ ပုံမှန်အတိုင်း မဖြစ်သေးပါဘူး။


အဲဒီတော့ ခြုံပြောရရင် ပြည်သူအားလုံးရဲ့ စစ်ကောင်စီအပေါ် အမိန့်မနာခံမှုအစီအစဉ်( Civil Disobedience Movement  CDM) ဟာ အောင်မြင်ဆဲပဲဖြစ်ပါတယ်။ နွေဉီးတော်လှန်ရေးခံစစ်ဟာ ဘာအကြောင်းနဲ့မှ ပြိုလဲစရာမကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခံယူချက်ပြင်းထန်တဲ့သူတွေက စစ်ကောင်စီပြုတ်မကျမချင်း/ အာဏာမလွှဲမချင်း တော်လှန်နေကြမှာမို့လို့ ဖြစ်ပါတယ်။


နွေဉီးတော်လှန်ရေးတိုက်စစ်ဆိုတာ လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Public Defense Force PDF) တွေရဲ့ လှုပ်ရှားမှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်(Ethnic Armed Organization  EAO) တွေရဲ့ တိုက်ခိုက်မှု+ ကူညီမှုတွေ၊ CRPH နဲ့ NUG ရဲ့ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှု၊ စစ်ကောင်စီကို ဥပဒေကြောင်းအရ တရားစွဲဆိုမှု၊ နွေဉီးတော်လှန်ရေးမှာပါဝင်တဲ့ stakeholders တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပြည်တွင်း/ပြည်ပမှာရှိတဲ့ ပြည်သူတွေက နည်းမျိုးစုံနဲ့ စစ်အစိုးရပြုတ်ကျရေး အစွမ်းကုန်ဆန့်ကျင်/ ဆန္ဒပြတာတွေ၊ နိုင်ငံတကာက စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုနဲ့ NUG ကို သံတမန်ရေးရာအရ အကူညီပေးမှုတွေကလည်း တဖြည်းဖြည်း အားကောင်းပြီး အောင်မြင်လျက်ရှိပါတယ်။


ဒီနေရာမှာ တိုက်စစ်မှာပါဝင်နေတဲ့ ကဏ္ဍအသီးသီးကို အသေးစိတ်ထပ်ရှင်းရင် စာရှည်ပြီး ဖတ်ရတဲ့သူလည်း သိပ်စိတ်မဝင်စားနိုင်တာမို့ လူတွေစိတ်ဝင်စားနိုင်တဲ့ကိစ္စကိုပဲ သုံးသပ်ပြပါ့မယ်။


အဲဒါကတော့ PDF ကိစ္စပါ။ 


ဒီမိုကရေစီကို လက်သန်းနဲ့ ဆန္ဒပြုလို့မရ၊ လက်(၃)ချောင်းထောင်ပြီး ပြန်တောင်းလို့လည်းမရတဲ့အခါ လက်ညှိုးကွေးပြီး တိုက်ယူရမယ့် အခြေအနေဖြစ်သွားပါတယ်။ နွေဉီးတော်လှန်ရေး အပြီးသတ်အောင်မြင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဟာ လက်နက်ကိုင်ပြီး တိုက်ယူခြင်းပဲဖြစ်ပါတယ်။ အဲဒါကြောင့်လည်း လူငယ်တွေဟာ ဒုက္ခခံပြီး တောခိုသွားတာဖြစ်ပါတယ်။


အခု PDF တွေ ဒလန်တွေကို သုတ်သင်ရှင်းလင်းနေတာဟာ တော်လှန်ရေးရဲ့ ပထမအဆင့် (Phase  1) ကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စစ်ခွေးတွေ၊ စစ်တပ်မိတ်ဖက်ပါတီဝင်တွေကို သုတ်သင်နေတာဟာ မနိုင်နိုင်ရာမဲ လုပ်နေတာ မဟုတ်ပါဘူး။ တော်လှန်ရေးပထမအဆင့်ဖြစ်တဲ့ ပြောက်ကျားစနစ်အသုံးပြု၍ ရန်သူကို တိုက်ခိုက်ချေမှုန်းခြင်း ကို အကောင်အထည်ဖော်နေတာပါ။


မိမိရန်သူက မိမိထက် လက်နက်အင်အား၊ စစ်သည်အင်အား သာလွန်နေတဲ့အခါမျိုးမှာ ပြောက်ကျားစနစ်ကို အသုံးပြုပြီး တိုက်ခိုက်ရပါတယ်။ ပြောက်ကျားစနစ်ကို မသုံးဘဲ ထိပ်တိုက်ရင်ဆိုင်ရင် မိမိဘက်က အရေးနိမ့်သွားမှာဖြစ်ပါတယ်။ 


ဉပမာအနေနဲ့ စစ်သူကြီးဗန္ဓုလ အကြောင်းကို လေ့လာနိုင်ပါတယ်။ ဗန္ဓုလဟာ သူရသတ္တိနဲ့ ပြည့်စုံပြီး သတ်ရဲသေရဲပေမယ့် မိမိထက် လက်နက်အင်အား၊ စစ်သည်အင်အားသာလွန်တဲ့ နယ်ချဲ့အင်္ဂလိပ်ကို ထိပ်တိုက်သွားတွေ့တဲ့အခါ အရေးနိမ့်ခဲ့ရပါတယ်။ နွေဉီးတော်လှန်ရေးမှာလည်း ထို့အတူပါပဲ။ လက်နက်အင်အား၊ လူအင်အားမမျှသေးတဲ့အတွက် ပြောက်ကျားစနစ်ကိုအသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ အခု PDF တွေ သုတ်သင်ပစ်လိုက်တဲ့ဒလန်တွေဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်ပါတယ်။ 


PDF တွေဟာ ဒလန်တွေကို မသုတ်သင်ခင်မှာ လုပ်ငန်းစဉ်(၂)ခုကို လုပ်လေ့ရှိပါတယ်။ ပထမတစ်ခုက ဒလန်စာရင်းကို အရင်ဆုံးပြုစုတာပါ။ စာရင်းရပြီးရင် သူတို့ဟာ ပြည်သူလုထုကို ဒုက္ခပေး/မပေး ဆိုတာကို သေချာစုံစမ်းပါတယ်။ ပြည်သူလူထုကို ဒုက္ခပေးနေတာသေချာပြီဆိုရင် ဒုတိယအဆင့်အနေနဲ့ သတိပေးတာမျိုး/ခြိမ်းခြောက်တာမျိုး လုပ်ပါတယ်။ အဲဒီ့လို လုပ်တာတောင် မဆင်ခြင်တာ/ဂရုမစိုက်တာမျိုး လုပ်တော့မှ သုတ်သင်ပစ်တာပါ။ PDF တွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတိုင်း၊ ကြံ့ခိုင်ရေးပါတီဝင်တိုင်းကို မသတ်ပါဘူး။


(တချို့က PDF တွေဟာ သူတို့မကျေနပ်ရင် အပြစ်မဲ့ပြည်သူတွေကို သတ်ပစ်တယ်၊ NLD ကို မထောက်ခံရင် သတ်ပစ်တယ်ဆိုတာမျိုး သွားပုပ်လေလွင့်လျှောက်ပြောလို့ ရှင်းပြရတာပါ။)


နောက်တစ်ချက်က တချို့တော်လှန်ရေးသမားတွေ အားမလိုအားမရဖြစ်ပြီး ဝေဖန်ကြတဲ့အချက်ပါ။ အဲဒါက ဘာလဲဆိုတော့ PDF တွေဟာ ဘာဖြစ်လို့ အောက်ခြေစစ်သားတွေ၊ ရဲတွေ၊ အုပ်ချုပ်ရေးမှူးတွေလောက်ပဲ သတ်နေတာလဲ။ သတ်မယ့်သတ် အကောင်ကြီးကြီး၊ ရဲမှူး၊ ဗိုလ်မှူး၊ တိုင်းမှူးတွေကို သတ်ပါလား ဆိုပြီးတော့ပါ။


အတိုချုပ်ပြောရရင် အဲ့လောက် မလွယ်ပါဘူး။ အဓိကက လုံခြုံရေးအန္တရာယ်ကြောင့်ပါ။ ဖြစ်နိုင်ရင် မအလတို့ သရေးကြိုးကိုးကွင်းတို့ကိုတောင် နုပ်နုပ်စဉ်းပစ်ချင်နေကြတာပါ။ ဒါပေမယ့် စစ်တပ်မှာ အကောင်ကြီးလေ လုံခြုံရေးများများယူထားလေမို့ သူတို့ကို လုပ်ကြံဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒါကြောင့်ပါ။


ဒါပေမယ့် အောက်ခြေကို ရှင်းပစ်နေတဲ့အပေါ် သံသယမဝင်ပါနဲ့။ စိတ်ဓာတ်လည်း မကျပါနဲ့။ တကယ့်တကယ် တိုက်ကြကြေးဆိုရင်  အဲဒီ့အောက်ခြေတပ်သားတွေကသာ အသေခံတိုက်ကြတာပါ။ တိုက်နိုင်တာပါ။ အခုဆိုရင် စစ်ကောင်စီကို သစ္စာခံနေတဲ့ ဒေါက်တိုင်တွေ တဖြည်းဖြည်းပြုတ်ကုန်ပါပြီ။ သူတို့ကို ကာကွယ်ပေးမယ့် စစ်ခွေးတွေလည်း တဖြည်းဖြည်းလျော့နည်းလာပါပြီ။


 Phase 1 က အောင်မြင်ပြီး Phase 2 စဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ Phase 2 အကြောင်းကို ကျွန်တော် မရှင်းပြနိုင်ပါ။ ရန်သူ့ဘက်ကို ကြိုတင် သတင်းပေးသလိုဖြစ်မှာစိုးရိမ်တဲ့အတွက် ဒီနေရာမှာပဲ ရပ်ပါမယ်။


D Day ဘယ်တော့ခေါ်မလဲ၊ ဘာလို့ မခေါ်သေးတာလဲ ?


Phase 1 ပြီးတာနဲ့ Phase 2 လာပါလိမ့်မယ်။ NUG အနေနဲ့ လတ်တလောမှာ D Day ခေါ်ဉီးမှာ မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ D Day ခေါ်ဖို့အတွက် အရေးကြီးလုပ်ငန်းစဉ်(၂)ခု မပြီးပြတ်သေးလို့ဖြစ်ပါတယ်။ နံပါတ်(၁)က တစ်နိုင်ငံလုံးမှာရှိတဲ့ PDF တွေနဲ့ ပေါင်းစပ်ညှိနှိုင်းဖို့ ဖြစ်ပြီး၊ နံပါတ်(၂)က လက်နက်ဝယ်ယူရေးကိစ္စဖြစ်ပါတယ်။ 


စစ်ကောင်စီဟာ ဘာကိုမှမကြောက်ပါဘူး။ သူတို့ကြောက်တာက PDF ပါ။ အဲဒီ့လိုပြောလို့ အရိုးကိုက်ဘောမတွေနဲ့ စစ်တပ်လော်ဘီတွေက ရယ်ကောင်းရယ်နိုင်ပါတယ်။ ကလေးတွေကို ကြောက်စရာလား၊ တစ်လသင်တန်းလောက် တက်ထားတဲ့သူတွေက Standard Army ကြီးကို ဘယ်လိုလုပ်အံတုလို့ရမှာလဲဆိုပြီး ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ပြောတဲ့သူတွေကိုကြည့်လိုက်ရင် Profile Lock ချထားတဲ့သူ၊ ဓာတ်ပုံအမှန်မတင်ဘဲ အကောင့်ပုန်းနဲ့သုံးနေသူများပါတယ်။ပြောသာပြောရတယ်။ သူတို့လည်း အမှန်တကယ် ကြောက်နေရှာတာပါ။


စစ်ကောင်စီဟာ အခုအချိန်မှာ CDM ကိုလည်း အာရုံမရတော့ဘူး။ ဆန္ဒပြတာတွေကိုလည်း ဂရုမစိုက်တော့ဘူး။ PDF တွေကိုသာ နည်းလမ်းပေါင်းစုံသုံးပြီး ဖြိုးခွင်းနေတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို တကယ်ဒုက္ခပေးနိုင်တာမို့လို့ဖြစ်ပါတယ်။ အခုဆိုရင် စစ်ခွေးတွေ၊ ဘောမတွေကလည်း PDF ဆိုတဲ့အသံ ကြားတာနဲ့တင် ကျောစိမ့်နေကြပြီဖြစ်ပါတယ်။ 


အဲဒါကြောင့်လည်း သူ့လူ(စစ်ခွေးနဲ့ဘောမတွေ)ကို မိုတီဗေးရှင်းရအောင်/ စိတ်အားတက်ကြွအောင်/ မကြောက်အောင် ဇာတ်လမ်းတွေရိုက်ပြ၊ ဗီဒီယိုအတုတွေ ဖန်တီးပြီး ဝါဒဖြန့်နေတာဖြစ်ပါတယ်။ ဝါဒဖြန့်ရတဲ့ အဓိကရည်ရွယ်ချက်ဟာ PDF တွေကို ကြောက်ရွံ့ပြီး လက်နက်မကိုင်ရဲအောင်လုပ်တာအပြင်၊ သူတို့လူတွေကိုပါ ဂျင်းထည့်တာဖြစ်ပါတယ်။ 


စာကို ပြန်ချုပ်ရရင် နွေဉီးတော်လှန်ရေးဟာ တစ်ဆင့်ပြီးတစ်ဆင့်(step-by-step) အောင်မြင်နေပါပြီ။ အပြီးသတ်အောင်မြင်ဖို့အတွက် အချိန်အနည်းငယ်ပဲကျန်ပါတော့တယ်။ ဒါဟာလည်း NUG က ပြည်တွင်းစစ်(civil war) မဖြစ်စေလိုတဲ့အတွက်၊ ပြည်သူတွေအများကြီး ထိခိုက်ဒဏ်ရာရမှာစိုးရိမ်တဲ့အတွက် နွေဉီးတော်လှန်ရေးကို Phase တစ်ခုချင်းစီအလိုက်သွားနေလို့ အချိန်ကြာတာဖြစ်ပါတယ်။ NUG ဟာ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ပိတ်ဆို့ထားတဲ့ကြားကနေ လက်နယ်ဝယ်ယူရရှိရေး/လက်နက်ရရေးကို အသည်းအသန်ကြိုးစားနေပါတယ်။


အတိအကျအခိုင်အမာပြောနိုင်တာက နွေဦးတော်လှန်ရေးဟာ ပြည်သူတွေသာ အနိုင်ရမယ့်ပွဲ ဆိုတာပါပဲ။


၈၈ လို မရှုံးဘဲ ပြည်သူတွေသာ အနိုင်ရမယ့်အချက်များ


(၁) ၈၈ တုန်းက လူထုအုံကြွမှုအားကောင်းပေမယ့် ပေါင်းစည်းမှုအားနည်း။ နွေဉီးတော်လှန်ရေးမှာ လူထုအုံကြွမှုရော၊ လူထုပေါင်းစည်းမှုရော အားကောင်း။ နိုင်ငံ့သမိုင်းတစ်လျှောက် အခုလောက်အထိ ပြည်သူလူထုညီညွတ်တာမျိုး မရှိခဲ့။


(၂) ၈၈ တုန်းက အတွေ့အကြုံမရှိဘဲ တော်လှန်ခဲ့ရပြီး၊ နွေဉီးတော်လှန်ရေးမှာ "၈၈တုန်းက အတွေ့အကြုံ" ရှိတဲ့သူတွေက ဉီးဆောင်နေတဲ့အတွက် စစ်တပ်ရဲ့အကွက်တွေကို ကြိုသိနေ။


(၃) ၈၈ တုန်းကလည်း လူငယ်တွေပဲ တော်လှန်ရေးကို ဉီးဆောင်ခဲ့။ နွေဉီးတော်လှန်ရေးမှာလည်း လူငယ်တွေကပဲ တော်လှန်ရေးကို ဉီးဆောင်နေ။ သတ္တိရှိမှု၊ စွန့်လွှတ်နိုင်မှုခြင်း တူညီကြပေမယ့် နွေဉီးတော်လှန်ရေးရဲ့ GZ (Generation Z) တွေက လိမ္မာပါးနပ်မှု၊ အကင်းပါးမှု၊ အကွက်မြင်မှု၊ တီထွင်ဖန်တီးနိုင်မှုတွေ ပိုသာ ။


(၄) ၈၈ တုန်းက စနစ်တကျ ဉီးဆောင်မယ့်သူ၊ လမ်းညွှန်မယ့်သူ၊ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းမရှိခဲ့။ နွေဉီးတော်လှန်ရေးမှာ CRPH, NUG တို့ စနစ်တကျ ဦးဆောင်နေ။


(၅) ၈၈ တုန်းက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ စနစ်တကျ မချိတ်ဆက်နိုင်ခဲ့။ နွေဦးတော်လှန်ရေးမှာ KNU, KIA တို့လို EAOs တွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်နေ။


(၆) ၈၈ တုန်းက နိုင်ငံတကာအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေသာ လုပ်နိုင်ပြီး ပြင်းထန်တဲ့ဖိအားပေးမှုများ မပြုလုပ်နိုင်ခဲ့။ နွေဉီးတော်လှန်ရေးမှာ ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီကိုလိုလားသော နိုင်ငံများက တရုတ်နဲ့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှု၊ ပြင်းထန်သောဖိအားများပေးလျက်ရှိ။ မြန်မာ့အရေးကို အလေးအနက်ထား ဆောင်ရွက်ပေးနေကြ။


(၇) ၈၈ တုန်းက ဆက်သွယ်ရေးနည်းပညာနိမ့်ကျတဲ့အတွက် သတင်းအမှောင်ချမှု၊ ဆိုက်ဝါးများ အောင်မြင်ခဲ့။ နွေဉီးတော်လှန်ရေးမှာ နည်းပညာတိုးတက်နေတဲ့ခေတ် ဖြစ်တဲ့အတွက် သတင်းအမှောင်ချလို့မရ၊ ဆိုက်ဝါးများ မအောင်မြင်၊ ရှေ့ကလိမ် နောက်ကပေါ် ဖြစ်နေ။


(၈) ၈၈ တုန်းက ခံယူချက်ပြင်းထန်တဲ့တော်လှန်ရေးသမား နည်းပါးခဲ့။ စစ်တပ်ကို ရသလောက် တိုက်မယ်၊ တိုက်လို့မရရင် စစ်အုပ်ချုပ်ရေးအောက်မနေဘူး ဆိုတဲ့သူ ဆိုတဲ့သူ များပြား။ နွေဦးတော်လှန်ရေးမှာ ခံယူချက်ပြင်းထန်တဲ့တော်လှန်ရေးသမား များပြားနေ။ စစ်ကောင်စီ အာဏာမလွှဲမခြင်း/ မသေမခြင်း တိုက်ပွဲဝင်နေမယ့်သူ များပြား။ တစ်ဉီးတစ်ယောက်ကြောင့် တော်လှန်နေတာမဟုတ်တဲ့အတွက် ဘယ်သူရှိရှိ/ မရှိရှိ အောင်မြင်သည်အထိ တိုက်ပွဲဝင်မယ့်သူများပြား။

 

(၉) ၈၈ တုန်းက လူငယ်တွေဟာ တောခိုပြီး အကြောင်းကြောင်းကြောင့် ပြန်မလာကြ/ ပြန်မလာနိုင်ခဲ့။ နွေဉီးတော်လှန်ရေးမှာ လူငယ်တွေဟာ မြို့ပြနဲ့တောထဲကို အိမ်ဦးနဲ့ကြမ်းပြင်လို သွားလာနေကြ။


(၁၀) ၈၈ တုန်းက စစ်တပ်မှာ ဉာဏ်ရည်မြင့်တဲ့ စစ်ခေါင်းဆောင်တွေများတဲ့အတွက် စစ်တပ်ဟာ အင်အားကောင်းခဲ့။ နွေဉီးတော်လှန်ရေးမှာ မအလအပါအဝင် တခြားစစ်ခေါင်းဆောင်တွေဟာ စစ်တပ်ကို စနစ်တကျမကွပ်ကဲနိုင်တဲ့အတွက် စစ်တပ်ဟာ ဝါးအစည်းပြေသလိုဖြစ်ပြီး တပ်ပျက်နေ။ တိုက်တိုင်းရှုံး။ ထွက်ပြေးတဲ့သူများသလို၊ CDM လုပ်တဲ့သူ များပြားနေ။


(၁၁) ၈၈ တုန်းက တော်လှန်ရေးအတွက် လမ်းပြမြေပုံ(Road Map) နဲ့ မဟာဗျူဟာ (Strategy) မရှိခဲ့။ နွေဉီးတော်လှန်ရေးမှာ လမ်းပြမြေပုံ နဲ့ မဟာဗျူဟာများ ရေးဆွဲထားပြီးဖြစ်။ စစ်တပ်က ချေမှုန်းဖို့အတွက် အသည်းအသန်ကြိုးစားနေ။ သို့သော် မဟာဗျူဟာနဲ့ လုပ်ငန်းစဉ်တွေကို မသိရှိသည့်အတွက် အခက်ကြုံနေ။ ဒီ့အတွက် NUG က ချပြလာအောင် ဆိုက်ဝါးမျိုးစုံသုံး။ NUG က ချမပြသည့်အခါ ပြည်သူနဲ့ရန်တိုက်ပြီး သွေးခွဲနေကြတာဖြစ်ပါတယ်။


စာအရှည်ကြီးကို စိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ရေးဖူးသမျှဆောင်းပါးထဲမှာ ဒီဆောင်းပါးဟာ အချိန်အယူရဆုံး၊ ဉီးနှောက်အခြောက်ဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးရဲဘော်တွေ သိသင့်သိထိုက်တာတွေ သိရအောင်၊ ရန်သူဘက်က မသိသင့်တာတွေ မသိရအောင် ချိန်ဆရလို့ ဖြစ်ပါတယ်။


စစ်အာဏာရှင်စနစ်ကျရှုံးရမည်။


အရေးတော်ပုံမုချအောင်ရမည်။


မိုးခ


ဆက်ဖတ်ရန် →