နောက်ဆုံးရ

ကိယက်ဗ်မြို့တော်ကို ကာကွယ်ဖို့၊ အရန်တပ်ဖွဲ့ဝင် ကို လက်နက်တွေဝေ

​ယူကရိန်းစစ်ယာဉ်တန်းတွေ ကိယက်ဗ်မြို့တော်ကို ကာကွယ်ဖို့၊ အရန်တပ်ဖွဲ့ဝင် ပြည်သူတွေကို လက်နက်တွေဝေ 


မြို့တော်ဆီကို ရောက်လာနေတဲ့ ရုရှားတပ်ကိုကာကွယ်ဖို့အတွက် ယူကရိန်း စစ်ယာဉ်တန်းတွေ ကိယက်ဗ်မြို့တော်ထဲကို ဝင်နေပြီလို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါ တယ်။ 


မြို့တော်ဝန် ဗစ်တာလီ ကလစ်ကလည်း အစောပိုင်းမှာ "မြို့အနေနဲ့ ခုခံရေးစစ်နွှဲပြီ" လို့ ပြောခဲ့ပါတယ်။ 


ယူကရိန်းအာဏာပိုင်တွေက ပြည်သူတွေကို မိုလိုတော့ဗ် ဓာတ်ဆီဗုံးတွေလုပ်ထားဖို့၊ လက်နက်ကိုင်ကြဖို့ တွေအပါအဝင် ရုရှားတပ်တွေကို ခုခံဖို့ လုပ်နိုင်တာ အားလုံးကို လုပ်ပါလို့ နှိုးဆော်ထားပါတယ်။ 


ကိယက်ဗ်က အရန်တပ်ဖွဲ့ဝင် ပြည်သူတွေအတွက် မောင်းပြန် သေနတ်ပေါင်း အလက် ၁၈,၀၀၀ ကို အစိုးရက ထုတ်ပေးထားပါတယ်။ 


မိုလိုတော့ဗ် ဓာတ်ဆီဗုံး လုပ်နည်း အဆင့်ဆင့် ဖော်ပြထားတဲ့ စာကိုလည်း 

ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက သူတို့ရဲ့လူမှုမီဒီယာမှာ ပို့စ် တင်ထားပါတယ်။ 


ပုံ - မူရင်း - AFP via Getty Images


https://www.bbc.com/burmese/world

ဆက်ဖတ်ရန် →

ရေတိုရုရှားနည်းဗျူဟာနှင့် ရေရှည် အမေရိကန်မဟာဗျူဟာ

​


အမေရိကန်သမ္မတဘိုင်ဒင်က နေတိုးအဖွဲ့တွေယူကရိန်းထဲဝင်ပြီးတော့ စစ်မတိုက်ဘူး၊ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေ ထိရဲရင်ထိကြည့်လို့ပြောပြီး ရုရှားတွေ အချိန်တိုအတွင်း တဒင်္ဂရတဲ့ စစ်ရေးအသားစီးရမှုဟာ ယူကရိန်းတွေရဲ့ ရေရှည် CDM နဲ့တွေ့မယ်လို့ ပြောလိုက်ပါတယ်။ 


ဆိုလိုတာကတော့ ရုရှားအပေါ် နိုင်ငံတကာပိတ်ဆို့မှု တွေ အမျိုးမျိုးလုပ်စဉ် ယူကရိန်းကို အကူအညီဆက်ပေးနေပြီး ရေရှည်ရုရှားအင်အားချိနဲ့အောင် လုပ်သွားမဲ့ အနောက်ရဲ့ မဟာဗျူဟာကို ခင်းပြလိုက်ပါတယ်။ 


တချိန်တည်းပူတင်ကလည်း မိန့်ခွင်းထွက်ပြောရင်း ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို မထိပါးလိုဘူး ယူကရိန်းတပ်တွေလက်နက်မြန်မြန်ချ၊ လက်ရှိအစိုးရကို ဖြုတ်ချ အစိုးရအသစ်တင် ရုရှားနဲ့ နှစ်ကိုယ့်တစိတ်နေဆိုတဲ့ message ပေးပါတယ်။ 


ရုရှားတွေ အာဖဂန်နစ္စတန်မှာ ဆုတ်ခွာခဲ့ရတာကို နမူနာယူပြီး ပူတင်အနေနဲ့ ယူကရိန်းကို ရေရှည်ထိန်းမထားလိုပဲ အချိန်တိုအတွင်းစစ်ရေးအသာစီးမှု ရယူကာ လက်ရှိယူကရိန်းအစိုးရကိုဖြုတ်ချပြီး ရုပ်သေးအစိုးရတင်ကာ ယူကရိန်းစစ်ပွဲကို အမြန်ပြီးစီးချင်တဲ့ ဆန္ဒရှိပုံရပါတယ်။ တင်းမာသွားတဲ့ အနောက်ဥရောပနိုင်ငံတွေကို သူ့ရဲ့ စွမ်းအင်အပေါ်အမှီအခိုပြုနေရတဲ့ အသာစီးရမှုကို အသုံးပြုပြီး ပြန်လည်ပိုနေမြဲကျားနေမြဲ သံတမာန်ဆက်ဆံရေး ထိန်းထားလိုတဲ့ စိတ်ကူးလည်းရှိပုံရပါတယ်။ ဒီရေတိုစစ်ရေးနည်းဗျူဟာကို အသုံးပြုပြီး တရုတ်နဲ့ပေါင်းကာ အနောက်ကမ္ဘာကို ပြန်လည်အံတု နိုင်မဲ့ ကျဆင်းနေတဲ့ ရုရှားပါဝါ ကို ပြန်လည်မြှင့်တင်လိုတဲ့ မဟာဗျူဟာ အခင်းအကျင်းကိုလည်းမြင်နေရပါတယ်။ 


အမေရိကန်မဟာဗျူဟာပဲ ရေရှည်အသာစီးရမလား ရုရှားရဲ့ ရေတို စစ်နည်းဗျူဟာပဲ အလုပ်ဖြစ်မလားဆိုတာက တဖြေးဖြေး သဲသဲကွဲကွဲ မြင်လာရမှာဖြစ်ပါတယ်။ 


အဓိက ကတော့ ယူကရိန်းတွေရဲ့ပြန်လည်ခုခံစစ်ရှိမှာလား၊ ဒီခုခံစစ်ကို ရုရှားတင်ခဲ့မဲ့ ရုပ်သေးအစိုးရဘယ်လိုကြံကြံခံမလည်းဆိုတာပါပဲ။ လက်ရှိမှာလည်း ရုရှားမြို့ကြီး ၅၃ မြို့နယ်မှာ စစ်ဆန့်ကျင်ရေး ရုရှားလူမျိုးတွေဆန္ဒပြနေကြပါတယ်။ ဆန္ဒပြသူ ထောင်ကျော်ကို ရုရှားရဲတွေ ဖမ်းဆီးထိန်းသိမ်းနေရတယ်ဆိုတာကြောင့် ရုရှားပြည်တွင်းက လာတဲ့ တွန်းအားကိုလည်း လျှော့တွက်လို့တော့မရပါဘူး။ နိုင်ငံတကာပိတ်ဆို့မှုတွေက ကြာလေထိရောက်မှုတွေ ရှိလာရင် ရုရှားလူထု ပိုမိုထိခိုက်ခံစားရပြီး ပူတင်ဆန့်ကျင်မှုတွေအားကောင်းလာမှာလည်းအမှန်ပါပဲ။ 


ဒါကြောင့် ပူတင်အနေနဲ့ စစ်ကိုမြန်မြန်တိုက် ရုပ်သေးအစိုးရထားခဲ့ကာ ယူကရိန်းထဲက ရုရှားလိုလားတဲ့ ဒွန်ဘတ်ဒေသမှာ နိုင်ငံအသစ်အမြန်တည်ဆောက်ကာ စစ်ရေးအခိုင်အမာပြုလို့ နိုင်ငံရေးအထိုင်ချလိုမှုကို အလျှင်အမြန်လုပ်မဲ့သဘောပါပဲ။ ရေရှည် တွေ့ရမဲ့ ယူကရိန်းပြည်သူတွေရဲ့ ခုခံမှုနဲ့ စီးပွားရေးပိတ်ဆို့မှုအတွက် လည်း ဘယ်လို ထွက်ပေါက် ရှာမလဲ ကို တွက်ချက်ပြီးဖြစ်ပုံရပါတယ်။ တင်ထားခဲ့မဲ့ယူကရိန်းရုပ်သေးအစိုးရ ကို ယူကရိန်းပြည်သူတွေ ပြန်ဆန့်ကျင်လို့ ပြုတ်ကျသွားလည်း ပူတင်က အရေးမကြီးဘူးတွက်ထားပုံရပါတယ်။ သူအထိုင်ချမဲ့ ဒွန်ဘတ်စ်နယ်ထဲအထိ ကျွံမဝင်လာအောင်ပဲ ဟန့်တားထားနိုင်ရင်တော်ပြီလို့ တွက်ထားပုံရပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေး လွှမ်းမိုးချုပ်ကိုင်မှု လုပ်လိုက်ရင် ယူကရိန်းနဲ့ နယ်စပ်ခြင်းထိစပ်နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်မြူတာကို ခံရနိုင်ပြီး နေတိုးပါ article 5 ကို အကြောင်းပြုပြီး တယောက်ထိလို့ အားလုံးချတယ်ဆိုကာ စစ်ဘောင်ကျယ်သွားမဲ့အရေးကိုလည်း ပူတင်က ကြိုကာကွယ် ထည့်သွင်းတွက်ချက်ထားပုံရတဲ့အတွက် ယူကရိန်းအချုပ်အခြာ အာဏာလေးစားပါတယ် ဘာညာဆိုပြီး ထွက်ရွှီးတာလည်းဖြစ်ပါတယ်။ ယူကရိန်းတနိုင်ငံလုံးဖွတ်ဖွတ်ညက်ညက်ကြေအောင် မုဒိန်းကျင့်ပြီး မှ အပျိုရည်ဖျက်ဖို့ မရည်ပါဘူးပြောတဲ့ ဖက်ဆစ်နည်းဗျူဟာ က ဘယ်လောက်ထိရောက်မလည်းဆိုတာကတော့ကြည့်ရပါမယ်။ 


ဘဘကြီးဘိုင်ဒင်ပြောတဲ့ စကားခေါ်တဲ့ ယူကရိန်း CDM ဆိုတာကတော့ ခုထက်ထိယူကရိန်းမှာ မမြင်ရသေးပါဘူး၊ လောလောဆည်တော့ အနောက်ဖက်ပိုလန်နယ်စပ်ထွက်ပြေးနေကြတာပဲ မြင်တွေ့ရပါသေးတယ်။ ဒါကလည်း ဖြစ်ပျက်တာတွေမြန်လွန်းလို့ ယူကရိန်းပြည်သူတွေ အငိုက်မိသွားပြီး စုစည်းနိုင်မှု ပျက်သွားတာကြောင့်ဖြစ်ပါလိမ့်မယ်။ မကြာခင်မှာတော့ ယူကရိန်းပြည်သူတွေရဲ့ တုန့်ပြန်မှုတွေ ကြိမ်းသေပေါက်တွေ့ရမှာဖြစ်ပါတယ်။ နျူကလီးယားလက်နက်တွေတောင်ပိုင်ဆိုင်ဘူးတဲ့ ယူကရိန်းနိုင်ငံဖြစ်ခဲ့ဘူးတာမို့ ယူကရိန်းနိုင်ငံသားတွေရဲ့ ပြန်လည်ခုခံမှုဟာ ပြင်းထန်အားကောင်းစရာ အကြောင်းရှိပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အရသာလည်းမြီးစမ်းခဲ့ကြပြီးဖြစ်တာမို့ ရုရှားအောက်က အကိုကြီးညီလေး ဆက်ဆံရေးနဲ့ ခြေ ချုပ်ကြ နိုင်ငံရေးစနစ်ကို ယူကရိန်းပြည်သူ အများစုကတော့ လက်မခံမှာ အသေအချာပါပဲ။ 


ပူတင် မျှားမဲ့ လောင်စာငါးမျှားချိတ်ကလည်း ရုရှား အနောက်ဥရောပ သံတမာန်ဆက်ဆံရေးကို ဘယ်လောက်အချိန်တိုတိုအတွင်း normalized ပုံမှန်ဖြစ်သွားနိုင်အောင်လုပ်မလဲကိုလည်းကြည့်ရပါမယ်။ ဒါကတော့ ဆရာကြီးအမေရိကန် နိုင်ငံရေး၊စီးပွားရေး ဘယ်လောက် နားလန်မြန်မြန်ထနိုင် မလည်းအပေါ်မူတည်ပါတယ်။ အမေရိကန် ဒီမိုကရက်တွေ လေပဲပစ်နေပြီး လက်မပါရင် မဟာမိတ်ဥရောပ နိုင်ငံတွေအနေနဲ့ ရုရှားအပေါ်စွမ်းအင်အရ ဆက်လက်မှီခိုနေရတာမို့ ရုရှား အပေါ်သိပ်တင်းမာနိုင်မှာမဟုတ်ပါဘူး။ 


ဒီအတွက်လည်း ရုရှားက အရှေ့အလည်ပိုင်းမှာ သူ့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဆီးရီးယား၊ အီရန်တို့ကို အသုံးချပြီး ရေနံစီးပွား ကမောက်ကမဖြစ်အောင် ဆက်လက်ခြေထိုးနေမှာဖြစ်ပါတယ်။ အရှေ့ဖက်ပိစိဖိတ်ဒေသ ဖက်မှာလည်း တရုတ်နဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့ဆောင်ရွက်ကာ အမေရိကန်ကို ဗျာများစေကာ အင်အားပြန့်ကြဲနေအောင် ဆက်ကစားနေမှာလို့ မှန်းရပါတယ်။ ဒါကြောင့် ထိုင်ဝမ်အရေးဟာလည်း နောက်​ခြောက်လအတွင်း နှစ်ဖက်အင်အားပြနေတာထက်ပိုမဲ့ ထိပ်တိုက်ရင်ဆိုင်ရမှုကို ကြုံတွေ့ရဖို့ရှိပါတယ်။ 


ပါးနပ်ပြတ်သားတဲ့ ပူတင်ဟာ နေတိုးစစ်အင်အားကို မယှဉ်နိုင်ပါဘူးဆိုတာ တရားဝင် ဝန်ခံထားသလို အမေရိကန်ပိတ်ဆို့မှုကို ရေရှည်မှာ မခံနိုင်ဘူးဆိုတာလည်း သူကောင်းကောင်းသိပါတယ်။ ဒါကြောင့်မို့ စိတ်ခံစားချက်သက်သက်နဲ့ယူကရိန်း ကိုဝင်တိုက်တာမဟုတ်ပဲ၊ calculated risks ဖြစ်နိုင်ချေမှန်သမျှကိုထည့်သွင်းတွက်ချက်ပြီးမှ ကိုဗစ်နာလန်ပြန်မထူစဉ်ကာလမှာ အချိန်ရွေးချယ်ပြီး သူ့ရဲ့ ရေတို စစ်ရေးနည်းဗျူဟာကို ကျင့်သုံးတာဖြစ်ပါတယ်။ ဒီယူဆချက် မှန်တယ်ဆိုရင် ရုရှားဟာ အရှေ့ပိစိဖိတ်ဒေသမှာ ပြဿနာထပ်ရှာရမှာဖြစ်ပါတယ်။ ဒါကြောင့် မို့ အတွက်အချက်အနည်းငယ်လွဲသွား ခဲ့ရင် ဒါမှမဟုတ် မထင်မှတ်တဲ့ဖြစ်ရပ်တွေ ဖြစ်ခဲ့ရင် ယူကရိန်းစစ်ဟာ နှစ်ဖက်သတိထား ဆင်ခြင်နေစဉ်မှာတင် နေတိုးနဲ့ ဖြစ်တဲ့စစ် ဖြစ်လာနိုင်ပါတယ်။ရုရှားနည်းဗျူဟာ အလုပ်ဖြစ်ရင် တ ရုတ်ကလည်းထိုင်ဝမ်ကို သုံးရက်အတွင်းအပြီးသိမ်းမဲ့ နည်းဗျူဟာပုံတူကူးယူမှု ဖြစ်လာနိုင်စရာရှိပါတယ်။ ပြင်လဲပြင်ထားပြီးပုံရပါတယ်။ နျူးကလီးယားနည်းပညာ know how သိပြီးသားယူကရိန်းသားတွေရဲ့ အချိန်တိုအတွင်း weapons of mass destruction တီထွင်အသုံးပြုနိုင်ခဲ့ရင်တော့ ဒါက game changer ပွဲရလဒ်တမျိုးပြောင်းသွားနိုင်မဲ့ အလားအလာလည်းရှိပါတယ်။

ဝင်းမျိူးသူ

ဆက်ဖတ်ရန် →

ရုရှား-ယူကရိန်းအခက် မြန်မာအချက်

​#Crd. 

နာဇီဂျာမနီ ဒုတိယကမ္ဘာစစ်ကို စတင်ချိန်

ပိုလန်နိုင်ငံကို စသိမ်းတာ ၂၇ရက်ကြာပါတယ်... ဝါဆော ဂျူးဂတ်တိုစခန်းကို တိုက်ရတာ ၄၂ရက်ကြာပြီးမှ

ရခဲ့တယ်... ဂျူးတွေလည်း ထောင်လမောင်း သေကြေပေါ့...

ပိုလန်ဂျူး ၃သောင်းကျော်သေပါတယ်...


တင့်ကားတွေ အမြှောက်ကြီးတွေအပြင် လေယာဥ်တွေ

နဲ့ပါ ရက်ရက်စက်စက် နင်းချေခဲ့တယ်...စစ်ဦးဘီလူးဆို

တဲ့အတိုင်း...


မနေ့ ဖေဖော်ဝါရီ၂၄ရက်က ရုရှားဟာ အိမ်နီးချင်း ယူကရိန်း

နိုင်ငံအပေါ် အကြောင်းပြချက်ရေရေရာရာမရှိပဲ ဝင်ရောက်

တိုက်ခိုက်ကျူးကျော်ခဲ့တယ်...တာတို တာလတ်ပစ် missiles တွေ၊ သံချပ်ကာတပ်မကြီးတွေအပြင် Fighter

Jet Bomber လေယာဥ်တွေနဲ့ ကီးယက်ဗ်မြို့ကို ဝင်

တိုက်ခိုက်ခဲ့တယ်... 


ဗြောင် ကျူးကျော်တာပါ...ဒွန်းဘက်စ်နဲ့လူးဟန်စ့်ကို

State အဖြစ် အသိအမှတ်ပြုလက်မှတ်ထိုးပြီး ငြိမ်းချမ်း

ရေးခေါင်းစဥ်နဲ့ စစ်အင်အားစေလွှတ်ပြီး ခေါင်းစဥ်ပြ

ပေမယ့် တကယ်တမ်း ယူကရိန်းအသားတစ်ကြီးကို 

မြိုချင်တာ ဖုံးမရ ဖိမရပေါ်လာတယ်...


ရုရှားဟာ ယူကရိန်းကို သိမ်းလိုက်နိုင်ရင်ဆိုပေမယ့်

နောက်ဆက်တွဲဆိုးကျိုးအရ ခံနိုင်ရည်ရှိဖို့က မလွယ်

လှဘူး... တရုတ်ကလည်း စီးပွားရေးအနေအထားအရ

ကျင့်သုံးတဲ့ပေါ်လစီအရ ရုရှားလို နိုင်ငံကြီးကို အဘက်ဘက်က  ထောင်ပံ့ပေးမယ့်အနေအထားမရှိဘူး...

ဂက်စ်နဲ့ ရေနံဆိုတာကလည်း ဆိုက်ဘေးရီးယားကနေ 

မွန်ဂိုလီးယားသဲကန္တာရကို ဖြတ်ကျော်ပြီး သွင်းရမှာ...


သည်အချိန်ထိ ရုရှားငွေကြေးဈေးကွက်နဲ့ စီးပွားရေး

ယန္တရား ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး...စစ်ပွဲစတာနဲ့ 

ရုရှားစတော့ရှယ်ယာ စံချိန်တင်ထိုးကျပြီး ရူဘယ်က

လည်း ဖောင်းပွလာတယ်...


Putin အနေနဲ့ သေရေးရှင်ရေးအချိန်မှာ နျူကုတ်နဲ့ပဲ

အကြံအဖန်လုပ်လာမှာပါ..နျူကုတ်ကို ကားသော့လို လှည့်ကစားနေရာကတင် အာတိတ်ထဲကို နျူစမ်းမယ်ဆိုပြီး ပစ်ထည့်မှာကို US လန့်တယ်...


တခါက ပြောထားဖူးတဲ့အလက်စကားဟာ နဂို ရုရှားပိုင်နက်မြေဖြစ်ပြီး ၁၈၅၃မှာ ရုရှား ပထမဇာဘုရင်နီကိုလပ်စ်ဟာ အမေရိကန်

ပြည်ထောင်စုကို ရောင်းချလိုက်တယ်...ရေနံ သဘာဝ

ဓာတ်ငွေ့ ရွှေနဲ့ စတာဂျင်ငါးအလွန်ပေါတဲ့ဒေသပါ...

အလက်စကားမှာ US အရံသိုလှောင်ထားတဲ့ ရေနံအရံ

စည်ပေါင်း သန်း၅၀ကျော်ထိရှိပြီး ရှေးလ်ကျောက်ကနေ

ရေနံတူးဖော်နိုင်တဲ့အတွက် USက အရှေ့လယ်ပိုင်းမှာ

စွမ်းအင်လျှော့ကြတာနဲ့ OPEC အဖွဲ့ ဝိုင်းကြပ်မယ့်ဒဏ်

ကို အသင့်ပြင်ထားပြီးသား...


ရေနံအတွက် ပြည်ပမှာ စစ်အင်အားသုံးစွဲပြီး ဖြန့်ကျက်

ထားပေမယ့် နဂိုက ရေနံသိုက်တွေက သူပြည်တွင်းမှာ

ရော ကနေဒါကွိဘက်စ်မှာပါ ရှိတဲ့အတွက် အာရပ်နိုင်ငံ

တွေ တပြိုင်နက်ဆန္ဒပြသပိတ်မှောက်ရင်တောင် အေး

ဆေးနေနိုင်ပါတယ်... 


ဒါပေမယ့် ရုရှားကသာ နျူကို အာတိတ်ထဲစမ်းသပ်ဖောက်ခွဲ

ပစ်မယ်ဆိုရင်တော့ သည်အကျိုးဆက်ကို USခံရမှာ...


ဒါကြောင့်လည်း USနဲ့ EU အကြီးအကဲတွေဟာ ယူကရိန်း

အရေးမှာ ချိန်ဆနေကြတယ်... ယူကရိန်းကို အစားခံ နိုင်သလား မေးခွန်းကို Joe Biden ဖြေရမှာပါ... 


အစားခံနိုင်ပါတယ်လို့ အဖြေထွက်တယ်... 


အထက်မှာ တင်ပြထားသလို ရုရှားကလက်ဦးမှု ယူပြီး ယူကရိန်းကို သိမ်းလို့ရရင် သူရဲ့ရုပ်သေးအစိုးရတင်ပြီး 

NATO မဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ လမ်းကြောင်းက ပျက်

ပြီးသား ဖြစ်မယ်ထင်လို့ အခုလို ယူကရိန်းကို ဝင်တိုက်

တာပါ... ကြာမယ်ဆိုရင်တော့ ဗျူဟာပြောင်းပြီး နျူ

တိုက်ချင်းပစ်ဒုံးတွေ စမ်းပြီး ကင်ဂျုံအမ်နည်းအတိုင်း

ခြိမ်းခြောက်မှာပါ...


USအနေနဲ့ သည်အနေအထားမှာ double check

အနေအထားနဲ့ တည်ထားတဲ့ Nike နဲ့ Chess mate လုပ်ထားတယ်... Bishop(ယူကရိန်း)ကို အစားခံ ပြီးကစားကွက်တစ်ခုလုံး အသာစီးရတဲ့အနေအထား ရောက်ပြီး ကြက်လည်းမော ယာလဲညက် အပိုင် ရိုက်ချက်စားဖို့ Cabinet ခေါ် ဆွေးနွေးနေပြီး... Sanctions အဆင့်ဆင့်ချပြီး ရုရှားလည်မြို

ကို ညှစ်တဲ့အချိန် ယူကရိန်းလည်း လုံးပါးပါးမှာ

သေချာတယ်...


နိုင်ငံရေးကစားတာ သာမန်အမြင်နဲ့ ကြည့်ရင်

အရမ်းယုတ်မာပေမယ့် သူတို့အတွက် ထမင်းစား

ရေသောက်ပဲ... 


Putin အနေအထားက risk ယူပြီး လုပ်နေရတယ်..

Heroကနေ Zeroအချိန်မရွေးဖြစ်နိုင်တယ်... သူ

မကျူးကျော်ရင်လည်း ယူကရိန်းက NATO အုပ်စု

ဝင်တာနဲ့ ရုရှားလုံခြုံရေးနဲ့ကာကွယ်ရေးက အချိန်

မရွေးခြိမ်းခြောက်လာနိုင်တယ်... ကျူးကျော်ရင်လည်း

Sanctions မိမယ်... Squeezeကို ခံနိုင်မယ်ထင်လို့

အရဲစွန့် ကျူးကျော်တာပဲ...


ထိုင်ခုံလှုပ်မှာတော့ သေချာနေပြီး... 


ယူကရိန်းပြည်သူတွေအပေါ် စာနာပေမယ့် ကျနော်

တို့ မြန်မာပြည်အခြေအနေက သည်ထက်ပိုဆိုးရွား

တယ်...ယူကရိန်းနောက်မှာ အနောက်အုပ်စုဟာ 

စစ်ရေးအကူအညီမပေးနိုင်ရင်တောင် လူသားချင်း

စာနာမှုအပြည့်အဝပေးမှာချည်းပဲ... စားနပ်ရိက္ခာ

နေအိမ်အဆောက်အအုံတွေမှာချပြီး ယူကရိန်းစစ်

ရှောင်တွေအတွက် ကူညီမှုပေးကြမှာ ကျိန်းသေ...

လူဖြူအချင်းချင်း ရိုင်းပင်းမှုတော့ရှိတယ်...


ရုရှားရော ယူကရိန်းပါ မြန်မာအကြမ်းဖက်စစ်အုပ်စုအပေါ်

လက်နက်ရောင်းချတဲ့ ၉နိုင်ငံထဲမှာ ပါတယ်...ရုရှား

ကတော့ ပိုဆိုးတာပေါ့... သည်စစ်ပွဲ ဖြစ်လာတော့ ဘယ်ဘက်က နိုင်သည် ရှုံးသည်ဖြစ်စေ မြန်မာနွေဦး တော်လှန်ရေးအတွက် အကျိုးအမြတ်ရတယ်...


USနဲ့ EU Sanctions ချတဲ့အတွက် ရုရှားလက်နက်

ရောင်းချမှုဟာ ပိတ်ဆို့မှာ အသေအချာပဲ... စင်္ကာပူ

က ကြားခံပွဲစားလုပ်ပေနိုင်တဲ့ အနေအထားမရှိတော့

ဘူး... သူ ပွဲစားလုပ်တာနဲ့ US မူလီကြပ်မယ်... အကြမ်း

ဖက်အုပ်စု အတွက် ရုရှားစစိလက်နက် ခဲယမ်းမီးကျောက် 

နဲ့ အထောက်အကူပစ္စည်းသုံးစွဲနေတဲ့အတွက် သည်နှစ်

အတွင်း တင်သွင်းလို့ မလွယ်တော့ဘူး... ယူကရိန်း 

ဘယ်လာရုစ်လမ်းကြောင်းပါ လက်တလောမသွင်းနိုင်

ဘူး... ဒါသည် အမြတ်လို့ ပြောတာ....


ယူကရိန်းကို စကင်းဒီနေးဗီးယန်းဒေသတစ်ခုလုံး လူသား

ချင်း စာနာမှု အကူအညီတွေ ပေးလာကြပေမယ့် မြန်မာ

အရေးမှာတော့ အိမ်နီးချင်းဆိုးတွေ မဟာမိတ်ဆိုးအာဆီ

ယမ် အဖွဲ့ကတော့ "မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ"

လုပ်ပြီး ၎င်းတို့အကျိုးအမြတ်အတွက် တည်ကြက်

လုပ်ခံရတာ အိမ်နီးချင်းအင်အားကြီးနှစ်နိုင်ငံလည်း

အကြမ်းဖက်စစ်တပ်ဖက်က ရပ်တည်ပြီး ဝိုင်းလည်စေ့

ညှစ်ကြတာ တော်လှန်ရေးဟာ ပြတ်ရမှာ မပြတ်ဘူး

ဖြစ်နေတယ်.... 


သည်အနေအထားကို NUG NUCC မဟာမိတ် EAOs

ခေါင်းဆောင်တွေ တိုင်ပင်ဆွေးနွေးသင့်တယ်... လက်

နက်လမ်းကြောင်းလည်း တောင်ပိုင်းရော မြောက်ပိုင်း

မှာ အခြေအနေကောင်းနေပြီး PDFတွေ LDFတွေ

အတွက် တပ်ဆင်နိုင်အောင် ကြိုးစားစေချင်တယ်...


ဖြစ်အောင် 

မပြေလည်တဲ့အသေးအဖွဲကို ခဏမေ့ထားပြီး ဖက်

ဒရယ်အတွက် အားစိုက်စေချင်မိတယ်.... တကယ့်

အခွင့်ရေးကောင်းပါ...


စိတ်ချရတဲ့ ပါဝင်နေတဲ့EAOတွေ အပေါ် အာမခံချက်

ပေးပါ... 


နောက်ဆုံးအနေနဲ့ သည်တော်လှန်ရေးဟာ Zero-sum

Game... အကြမ်းဖက်အုပ်စုဘက်က ရက်စက်ကြမ်း

ကြုတ်မှုပေါင်းစုံ ထုတ်သုံးပြီး လုပ်လာတဲ့အပေါ် မညှာ

တာစေချင်ဘူး... ဘယ်တော့မှ စားပွဲခုံမှာ ဖြေရှင်းမယ့်

စစ်ခေါင်းဆောင်တွေ မဟုတ်ဘူး... ၎င်းတို့ရဲ့ လက်ဝေခံ

ခရိုနီတွေ လက်ကိုင်တုတ်တွေအပေါ် မညှာတာမိပါစေနဲ့...


NUGက အကြမ်းဖက်စစ်ကောင်စီကို လေယာဥ်ဆီတင် သွင်းတဲ့ ကုမ္ပဏီ၃ခုကို ထုတ်ပြန်ထားပြီး...


- Asia World (Yangon Aerodrome)


- PUMA Energy (Asia Sun Energy)


- MMTM (မြတ်မေတ္တာမွန်)


Asia World အယုတ်မာဆုံး...ပြည်သူလူထု အပေါ်

ဖျက်ဆီးမီးရှို့သတ်ဖြတ်နေတဲ့ လေယာဥ်ဆီတင်သွင်း

ရုံသာမက ၎င်းပိုင်ဆိပ်ကမ်းကနေ တရုတ်ကလက်နက်

ခဲယမ်းမီးကျောက်တွေကို တင်သွင်းနေပြီး မြန်မာပြည်ကို

တရုတ်လက်ထဲ သွတ်သွင်းနေတဲ့ မူးယစ်ရာဇာ လောစစ်

ဟန်တို့ လက်ကိုင်တုတ်စီးပွားရေးအုပ်စုဖြစ်နေလို့ပဲ.... 


အပြီးရှင်းဖို့....


Written by:

A.M.H# (Irony)

ဆက်ဖတ်ရန် →

​ရန်ကုန်မြို့တွင် တော်လှန် လူငယ်များချီတက် ဆန္ဒပြ

​ရန်ကုန်မြို့ လယ်ခေါင်တွင် တော်လှန် လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ခေတ်သစ်

ရန်ကုန်မြို့ လယ်ခေါင်တွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် "သူရဲကောင်းဝါဒ ဆန့်ကျင်ကြ  ပြည်သူသာလျှင် အဓိက" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။


Photo - Nway Oo

ဆက်ဖတ်ရန် →

ရုရှား၏ ယူကရိန်းအပေါ် တိုက်ခိုက်မှု NUG အစိုးရ ရှုတ်ချ၊

​ရုရှား၏ ယူကရိန်းအပေါ် တိုက်ခိုက်မှု NUG အစိုးရ ရှုတ်ချ၊ ယူကရိန်း ပြည်သူ များနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅


 အမျိုးသားညီညွတ်ရေးအစိုးရNUG အနေဖြင့် ယူကရိန်းနှင့် ၎င်း၏ပြည်သူ များအပေါ် ဆင်နွှဲလာသည့် စစ်ပွဲကို ရှုတ်ချလိုက်ပြီး  ယင်းလုပ်ရပ်များသည် ကုလ သမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ 


ယူကရိန်းနိုင်ငံအပေါ် ကြောက်မက်ဖွယ်ရာ ပြင်းထန်သော တိုက်ခိုက်မှုမျာ းသည် လေကြောင်း၊ ကုန်းမြေနှင့် ရေကြောင်းတို့မှ လုပ်ဆောင်နေပြီး အဆိုပါ တိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထောင် နှင့် ချီသော အရပ်သားများကို ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာစေခဲ့ပြီဖြစ်ကြောင်း၊ ယူကရိန်း၏ နယ်နမိတ်တည်တံ့ခိုင်မြဲမှု၊ လွတ်လပ်မှုနှင့် အချုပ် အခြာအာဏာ တို့ကို လေးစားရန် မြန်မာက တောင်းဆိုကြောင်း NUG အစိုးရက ထုတ် ပြန် သည်။ 


 အချုပ်အခြာပိုင် နိုင်ငံတခု ကိုကျူးကျော်ခြင်းသည် ကုလသမဂ္ဂ ပဋိညာဥ်ပါ ပြဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်ပြီး (၂၁) ရာစု ကမ္ဘာ အတွက် ကောင် းမွန်သည့် နမူနာ တရပ်မဟုတ်ကြောင်း၊ ထို့အပြင် ကမ္ဘာငြိမ်းချမ်းရေး ၊ လုံခြုံ ရေး နှင့် လူသားဖွံ့ဖြိုး တိုးတက်မှုကို ကြီးစွာသော အဟန့်အတား ဖြစ် စေမည် ဖြစ် ကြောင်း နှင့် မြန်မာနိုင်ငံသည် ယူကရိန်းပြည်သူများနှင့် စည်းလုံးညီညွတ် စွာ ရပ်တည်လျက်ရှိကြောင်း  NUG အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဆက်ဖတ်ရန် →

SWIFT Code ကိုလက်နက်သဖွယ် အသုံးပြုဖို့အကြံပေး

​တစ်နိုင်ငံနဲ့ တနိုင်ငံ Wire Transfer လို့ခေါ်တဲ့ ပိုက်ဆံ လွှဲကြတဲ့ အခါမှာ ဘယ်နိုင်ငံကို လွှဲမှာလဲ ဆိုတာပေါ်မူတည်ပြီး နုင်ငံအလိုက် SWIFT Code သတ်မှတ်ထားပါတယ်..

အခု ရုရှားကို Sanction Impose လုပ်ဖို့အရေး SWIFT Code ကိုလက်နက်သဖွယ် အသုံးပြုဖို့ ငွေရေးကြေးရေး ကျွမ်းကျင်သူတွေက အကြံပေးပေမယ့် သမ္မတ ဗိုက်တန်က လိုရင်ထုတ်သုံးမယ်ဆိုပြီး အရံအနေနဲ့ထားပါတယ်.. ချက်ခြင်းထုတ်မသုံးရခြင်း အကြောင်းအရင်းက အဲဒီရွေးချယ်မှု့ဟာ ငွေရေးကြေးရေး လောကမှာ  နျူကလီးယားလက်နက်ထုတ်သုံးသလိုဘဲ..ပြင်းထန်းလွန်းလို့တဲ့..

ဘယ်လိုပြင်းထန်သလဲဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးက ရုရှားကို သွားမယ့်ပိုက်ဆံတွေအားလုံးကို ဖြတ်တောက်လိုက်တဲ့အတွက် ရုရှားရဲ့ အဓိက ဝင်ငွေတွေဖြစ်တဲ့ တကမ္ဘာလုံးက Oil and Gas ရောင်းရငွေတွေ မဝင်တော့ဘဲ ရုရှားကို ကမ္ဘာ့ငွေကြေးစနစ်က ဖယ်ထုတ်ပစ်လိုက်သလိုဖြစ်မှာကြောင့်ပါ.. 

အခုလောလောဆယ်တော့ ရေနံဈေးတွေ တက်လာပြီး အိုပက်နိုင်ငံတွေကို ဂရက်ရိုက်ပါပြီ..

US မှာလည်း တက်လာပါတယ်. နောက်ဆို လမ်းလျှောက်ပြီး အလုပ်တက်ကြရမယ် ထင်တယ်. ဘာဖြစ်လည်း ပျော်ပျော်ပါးပါးပေါ့.


credit Wynn Bo Han


https://www.nbcnews.com/news/world/swift-banking-system-used-sanction-russia-rcna17533?cid=sm_npd_nn_fb_ma&fbclid=IwAR3K6VCmsaZDj_ff7NI3rkwQTS6sMtrqYOYOxnB6RUN_KqWM6NK1cyXhF2A

ဆက်ဖတ်ရန် →

စစ်ကောင်စီ ယုတ်မာနေပါပြီ

​

၂၄-၂-၂၀၂၂ ရက်နေ့တွင် လေယာဉ်ပေါ်မှ ကြဲချလာသော ဗုံးတစ်လုံးမှာ မကွဲပဲ  ကျွန်းတောရွာ အနီး အိမ်တစ်တစ်အိမ် တွင် ကျခဲ့ပါတယ်


#KNDFBO1

                                             သတင်းနှင့်ပြန်ကြားရေး


နန်းမယ်ခုံကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် နေအိမ် ၁၇ လုံး ပျက်စီးပြီး KDF ရဲဘော် ၁ ဦးကျဆုံး၊ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ယနေ့ မြေပြင်တိုက်ပွဲတွင် စစ်သား ၁၀ ဦးထက်မနည်း သေဆုံး၊ 


ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅

ခေတ်သစ်မီဒီယာ

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အနီးဝန်းကျင်သို့ အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ နံနက် ၁၁ နာရီမှ စတင်ကာ လေကြောင်းဖြင့် အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့ပြီး ကျေးရွာများရှိ နေအိမ် ၁၇ လုံးပျက်စီးကြောင်း၊  KDF ရဲဘော် ၁ ဦး ကျ ဆုံးကာ ပြည်သူ ၁ ဦး ခြေထောက်ကျိုး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။


"ကျွန်းတော မှာ အိမ် ၁၀ လုံး၊ ဒေါကမီးမှာ ၄ လုံး၊ သာယာရွာမှာ ၃ လုံး၊ KDF ရဲဘော် ၁ ယောက် ကျတယ်၊ ပြည်သူ ၁ ယောက် ခြေထောက်ထိပြီး ၂ ချောင်း လုံး အရိုးကျိုးတယ်" ဟု KNDF တပ်ရင်း ၁ သတင်းပြန်ကြားရေးက ရန်ကုန် ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။


အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် တိုက်လေယာဉ်များဖြင့် ကျဲချခဲ့သည့် ဗုံးများမှာ ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးများဖြစ်ကြောင်း နန်း မယ်ခုံမြို့အနီးရှိ ကျွန်းတောကျေးရွာတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံး ၁ လုံး တွေ့ရကြောင်း သတင်းရရှိသည်။


"မနေ့ နေ့လယ်လောက်မှာ လာကျဲတာ နန်းမယ်ခုံကနေ ဒေါကမီးရွာအထိ တောက်လျှောက်ကျဲသွားတာ။ မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးက ကျွန်းတော ကျေးရွာမှာ ကျန်တာပါ၊ ကျွန်းတောကျေးရွာ ခြံဝန်း ၁ ခုထဲက စပါးကျီ အောက်မှာ တွေ့တာ၊ အဲဒီ ဗုံးကို လာကျဲတဲ့အချိန်က ၁၂ နာရီ ၂၀ မိနစ်မှာပါ။ ဗုံးအရှည်က ၃ တောင် လောက်ရှိမယ်၊ အချင်းက ၈ လက်မ လောက်ရှိမယ်" ဟု KNDF တပ်ရင်း ၁ သတင်းပြန်ကြားရေးက ဆက်လက်ပြောဆိုသည်။


နန်းမယ်ခုံနှင့် ဒေါကမီးကျေးရွာသည် အကွာအတေး ၃ မိုင်ခွဲခန့်ရှိပြီး ကျွန်း တောကျေးရွာသည် နန်းမယ်ခုံမြို့မှ ၁ မိုင် ဝန်းကျင်အကွာအဝေးတွင် တည် ရှိသည်။


အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲပစ်ခတ် တိုက်ခိုက် မှုများ ကြောင့် နန်းမယ်ခုံနှင့် ဒီးမော့ဆို ကြားရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ် ရာသို့ တိမ်းရှောင်ကြရန် KNDF တပ်ရင်း ၁ က မေတ္တာရပ်ခံထားသည်။


အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့တွင် ၉ ရက်မြောက်အဖြစ် ကရင်နီ တပ် ဖွဲ့များ ထိန်းချုပ်ထားရာ နန်းမယ်ခုံမြို့သို့ မြေပြင်မှ သံချပ်ကာ အမြှောက် ကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သလို မိုးဗြဲအခြေစိုက် တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်လည်း ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကရင်နီ ပူးပေါင်း တပ်ဖွဲ့များသည် နန်းမယ်ခုံမြို့မှ ဆုတ်ခွာပေးခဲ့ရသည်။


အကြမ်းဖက်စစ်ကောင်စီတပ်သည် နန်းမယ်ခုံမြို့ကို ယမန်နေ့က သိမ်းပိုက် လိုက်ပြီးနောက် အနီးရှိ ဆင်တောင်တွင် စခန်းချတပ်စွဲကာ ယင်းစခန်းမှ အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်းလည်း သိရှိရသည်။


ယနေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီက နန်းမယ်ခုံမြို့မှ ဆက်လက် ထိုးစစ်ဆင်နေပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးနိုင်ကြောင်းလည်း သိရှိရသည်။


"ဒီနေ့ နေ့လယ် ၁၂ နာရီကနေ ညနေ ၄ နာရီကျော်အထိ တိုက်ပွဲဖြစ်တယ်။ သံချပ်ကာအမြှောက်ကား ၂ စီးပါတယ်၊ နန်းမယ်ခုံမှာ ၁ စီး နန်းစံခမ်းရွာမှာ ၁ စီး။ သူတို့က ကျွန်းတောရွာဘက်ကို ချဉ်းကပ်ချင်နေတယ်၊ တိုက်ပွဲဖြစ်တော့ စစ်သား ၁၀ ယောက်ကျော် သေမယ်၊ ကျနော်တို့ ရဲဘော် ၅ ဦး ဒဏ်ရာရတယ်" ဟု KNDF တပ်ရင်း ၁ က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။


ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုများကို ကရင်နီတပ်မတော် KA၊ KNDF၊ ဖယ်ခုံ မိုးဗြဲ လွိုင်ကော် ဒီးမော့ဆို PDF တပ်ဖွဲ့များ၊ KDF၊ JPDF၊ GZ 21၊ KGZ အဖွဲ့များက ပူးပေါင်းပြီး ခုခံ တိုက် ခိုက်လျက်ရှိသည်။

ဆက်ဖတ်ရန် →

ပါကစ္စတန်သို့ အကြမ်းဖက်စစ်တပ်အရာရှိအချို့ သွားရောက်မည်

​ဝယ်ယူထားသော စစ်လက်နက်များစစ်ဆေးရန် 


—People's Spring


အကြမ်းဖက်စစ်တပ်အရာရှိအချို့သည် ဝယ်ယူထားသောလက်နက်များမတင်ပို့မီစစ်ဆေးရန် ပါကစ္စတန်သို့သွားရောက်ရန် စီစဉ်ထားကြောင်း The Defense Post က ဖေဖော်ဝါရီ ၂၄ ရက်တွင်ဖော်ပြသည်။


အကြမ်းဖက်မြန်မာစစ်တပ်သည် ပါကစ္စတန်မြို့တော် အစ္စလမ်ဘတ်မှ ၆၀ မမ၊ ၈၁ မမ မော်တာများ၊ M-79 လောင်ချာများနှင့် လက်နက်ကြီးများကို ဝယ်ယူရန် စီစဉ်ထားကြောင်း Economic Times သတင်းဖော်ပြချက်အရ သိရသည်။


ထို့အပြင် အကြမ်းဖက်စစ်တပ်သည် JF-17 တိုက်လေ ယာဉ်များအတွက် ဝေဟင်မှ မြေပြင်ပစ်ဒုံး ကျည်များကို ပါကစ္စတန်မှ ဝယ်ယူရန်ရှိနေကြောင်း Economic Times က ဆိုသည်။


ပြီးခဲ့သည့် ၂၀၁၅ တွင် အကြမ်းဖက်စစ်တပ်သည် တရုတ်နှင့် ပါကစ္စတန်တို့ ပူးပေါင်းထုတ်လုပ် ထားသော ဘက်စုံသုံးတိုက်လေယာဉ် JF-17 အတွက် အရောင်း အဝယ်စာချုပ် ပထမဆုံးချုပ် ဆိုခဲ့သည်။


ထို့အပြင် တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ စက်တင်ဘာတွင် ပါကစ္စတန်စစ်ဘက်ရေးရာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လျှို့ဝှက်စွာလာရောက်ခဲ့ပြီး တိုက်လေယာဉ်များပြုပြင်ရေး၊ ထိန်းသိမ်းရေးနှင့် ရေတပ်ခဲယမ်းလက်နက်များတွင် စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခဲ့သည်။


ယင်းပါကစ္စတန်စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့ကို အကြမ်းဖက်စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးက လက်ခံတွေ့ဆုံခဲ့ပြီး နေပြည်တော်သို့ အဆင့်မြှင့်တင်ထားသော JF-17 တိုက်လေယာဉ်များနှင့် ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်များရောင်းချရေး ဆွေးနွေးခဲ့သည်။


၂၀၂၁ ဖေဖော်ဝါရီတွင် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ နယူးဇီးလန်အပါအဝင် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။


သို့သော် တရုတ်၏ တွန်းအားပေးမှုဖြင့် ပါကစ္စတန်သည် အကြမ်းဖက်မြန်မာစစ်တပ်နှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လာခဲ့သည်။


မကြာသေးမီက ကုလသမဂ္ဂကျွမ်းကျင်သူများ၏ အစီရင်ခံစာအရ တရုတ်သည် အကြမ်းဖက် မြန်မာစစ်တပ်ကို စစ်လက်နက်ပံ့ပိုးနေသော ၃နိုင်ငံတွင် ပါဝင်နေကြောင်း ဖော်ပြသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူကလည်း တရုတ်သည် အကြမ်းဖက်စစ်တပ်ကို တိုက်လေယာဉ်များနှင့် သံချပ်ကာယာဉ်များကို ပံ့ပိုးပေးသည်ဟု ပြောသည်။


ယင်းသို့ ပံ့ပိုးသောလက်နက်များဖြင့် မြန်မာစစ်တပ်သည် နိုင်ငံတကာဥပဒေများကိုချိုးဖောက်ကာ အရပ်သားများကိုတိုက်ခိုက်မည်ကို တရုတ်အနေဖြင့် သတိပြုရမည်ဖြစ်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူများ၏ အစီရင်ခံ စာတွင် ဖော်ပြသည်။


အကြမ်းဖက်စစ်တပ်သည် အတိုက်အခံများကို တိုက်ခိုက်ခြင်း၊ အရပ်သားများကို နေရပ်စွန့်ခွာ စေပြီး တိုက်ခိုက်ခြင်းများကို ကျူးလွန်နေကြောင်း စွပ်စွဲခံထားရသည်။


(ရုရှားနိုင်ငံပိုင် Rosoboronexport ကုမ္ပဏီက ရောင်းချသည့် လက်နက်များကို မင်းအောင်လှိုင်ကြည့်ရှု့ခဲ့စဉ်။)


#လူထုနွေဦး

#LuduNwayOo

#People'sSpring

#PS

https://www.ludunwayoo.com

https://www.facebook.com/LuduNwayOo

https://www.instagram.com/ludunwayoo/

ဆက်ဖတ်ရန် →

​ယူကရိန်းနဲ့ မြန်မာနိုင်ငံကို နှိုင်းယှဉ်ကြည့်ခြင်း။


ယူကရိန်းနိုင်ငံ

ယူကရိန်းအပါအဝင် အရှေ့ဥရောပသည် ရုရှားအုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်းများစွာ နေခဲ့ရသည်။ ၁၉၂၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ယူကရိန်းသည် ရုရှားတို့ကြီးစိုးသည့် ဆိုဗီယက်ယူနီယံထဲတွင် အုပ်ချုပ်ခံအဖြစ် နှစ်ပေါင်း ၆၉ နှစ်ကြာ နေခဲ့ရသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးနောက် ၁၉၉၁ ခုနှစ်တွင် အရှေ့ဥရောပနိုင်ငံများသည် ရုရှားတို့ သံကွန်ခြာအောက်မှ လွတ်မြောက်ခဲ့ကြပြီး လွတ်လပ်သောနိုင်ငံများ ဖြစ်လာကြသည်။ ရုရှားပြီးလျှင် ယူကရိန်းသည် ဥရောပတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး ရုရှားနှင့် အိမ်နီးချင်းနိုင်ငံအဖြစ် နယ်စပ်အရှည် ၁၄၂၆.၀၇ မိုင် ရှည်လျားပြီး ကုန်းတွင်းမိုင် ၁၂၂၆.၆၁ မိုင်နှင့် ပင်လယ်မိုင် ၁၉၉ မိုင် ထိစပ်လျက်ရှိသည်။ ယူကရိန်းသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် Belarus, Moldova Poland, Slovakia, Hungary, Romania တို့နှင့် လည်း နယ်နမိတ်ချင်း ထိစပ်နေသည့်အတွက် ရုရှားအတွက် ပထဝီအနေအထားအရ အရေးကြီးသည့် နိုင်ငံဖြစ်နေပေသည်။ ရုရှားတို့က ဘယ်လာရုပ်စ်နှင့် ယူကရိန်းတို့သည် သီးခြားမဟုတ်ဘဲ သူတို့နိုင်ငံပိုင်အဖြစ် မှတ်ယူထားခဲ့ကြသည်။ 

စစ်အေးကာလ ဝါဆောစာချုပ်ဝင်နိုင်ငံများမှာ အယ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ အရှေ့ဂျာမဏီ၊ ဟန်ဂေရီ၊ ပိုလန်၊ ရိုးမေးနီးယားနှင့် ဆိုဗီယက်ယူနီယံတို့ဖြစ်သည်။ ထိုအချိန်က ဆိုဗီယက်ယူနီယံထဲတွင် ယူကရိန်းနှင့် ဘယ်လာရုပ်စ်တို့ ပါဝင်သည်။ ထို့ကြောင့် ရုရှားသမတပူတင်က ယူကရိန်းကို ပြန်လိုချင်နေခဲ့ခြင်းဖြစ်သည်။ 

ရုရှား သမတပူတင်၏ အဓိက စိုးရိမ်ချက်မှာ ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်သွားမည့်အရေး ဖြစ်သည်။ နေတိုးအဖွဲ့ဝင် ဖြစ်သွားပါက ယူကရိန်းကို ပြန်လည်ရယူရေးမှာ နေတိုးနှင့် ထိပ်တိုက် ရင်ဆိုင်တိုးရမည့် အရေး ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် ယူကရိန်းကို သိမ်းပိုက်ရန်အတွက် အကြောင်းရှာသည်။ ယူကရိန်းသည် မိမိနိုင်ငံတွင်းရှိ ရုရှားလူမျိုးများကို လူမျိုးတုံး သတ်ဖြတ်နေသည်။ ထိုအကြောင်းပြချက်ဖြင့် ယူကရိန်းတွင်အခြေချနေထိုင်နေသည့် ရုရှားလူမျိုးများကို ထကြွစေရန် အားပေးပြီး လိုအပ်သည့် လက်နက်ခဲယမ်းများကို ထောက်ပံ့ပေးသည်။ ယူကရိန်း၏ ခရိုင်းမီးယားဒေသတွင် ရုရှားလူမျိုး အများအပြားနေထိုင်ပြီး ၎င်းတို့က ရုရှားနိုင်ငံနှင့် ပူးပေါင်းချင်ကြသည်ကို အကြောင်းပြုပြီး ရုရှားစစ်တပ်က ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် အငြင်းပွားဘွယ် လူထုဆန္ဒခံယူပွဲ ပြုလုပ်ပြီး ပြည်သူ ၉၇% က ရုရှားနှင့် ပေါင်းချင်ကြောင်း သဘောထားပေးသည်ဆိုပြီး ရုရှားနိုင်ငံအတွင်း သိမ်းသွင်းခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ယင်းကိစ္စကို လက်မခံနိုင်ကြောင်း မဲခွဲရာတွင် ရုရှားတနိုင်ငံတည်းက ကန့်ကွက်မဲပေးပြီး ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့သည်။ 

ယူကရိန်း၏ Donetsk (ဒိုနက်ခ်) နှင့်Luhansk (လိုဟန့်စ်) ဒေသတွင် ရုရှားလိုလားသည့် အုပ်စုများက အစိုးရ ဆောက်အအုံများ၊ ရဲစခန်းများကို သိမ်းပိုက်ခဲ့ကြသည်။ တရားမဝင်ဆန္ဒခံယူပွဲ ပြုလုပ်ပြီး ရုရှားနိုင်ငံနှင့် ပူးပေါင်းချင်ကြောင်း ဆန္ဒခံယူပွဲကို ပြုလုပ်ခဲ့ကြသည်။ ထိုအချက်ကို အကြောင်းပြုပြီး ပူတင်က ထိုနေရာတွင် ရုရှားလူမျိုးများ အစုလိုက် အပြုံလိုက် အသတ်ခံနေရသည်ဟု အကြောင်းပြပြီး ထိုဒေသနှစ်ခုကို လွတ်လပ်သော နိုင်ငံများအဖြစ် အသိအမှတ်ပြုသည်ဟု ကြေညာလိုက်ပြီး ထိုနိုင်ငံရှိ ရုရှားနိုင်ငံသားများကို ကာကွယ်ရန်နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရန် ရုရှားစစ်တပ်ကို လွှတ်လိုက်ခြင်းသာဖြစ်သည်၊ ယူကရိန်းကို ကျူးကျော်ခြင်းမဟုတ်ဟု ဗြောင်လိမ်သည်။ တချိန်တည်း ယူကရိန်းမြို့တော်ကီယက်ဗ် အနားထိ လေထီးတပ်များကို ချပေးပြီး လေဆိပ်များကို သိမ်းပိုက်ခဲ့သည်။ ပူတင်၏ အဓိကရည်မှန်းချက်မှာ ယူကရိန်းကို သူ့အမိန့်နာခံသည့် ရုပ်သေးအစိုးရကို ဖွဲ့စည်းပြီး မိမိ လက်အောက်ခံနိုင်ငံ (ပြည်နယ်) တခုအဖြစ် ထားရှိရေးဖြစ်သည်။ 

မြန်မာနိုင်ငံ

မြန်မာနိုင်ငံတွင် စစ်တပ်မှ ၁၉၆၂ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်များသည် စစ်ဝတ်စုံချွတ်လိုက် ခေါင်းပေါင်းဝတ်လိုက်နှင့် တိုင်းပြည်ကို လက်နက်အားကိုး စိုးမိုးအုပ်ချုပ်လာခဲ့ကြသည်။ ၂၀၁၀ တွင် ရွေးကောက်ပွဲပြုလုပ်ပြီး စစ်ဝတ်ချွတ် ဦးသိန်းစိန် အစိုးရတက်လာခဲ့သည်။ သို့ရာတွင် ၂၀၁၅ ခုနှစ်တွင် NLD ပါတီ မှ အနိုင်ရရှိလာပြီးနောက် စစ်အုပ်စိုးမှုမှ အရပ်သားအုပ်စိုးမှုကို ၅၃ နှစ်အကြာတွင် ပြန်လည်ရယူခဲ့သည်။ ယူကရိန်းသည် ရုရှားလက်အောက်မှလွတ်ရန် ၆၉ နှစ်ကြာနေလာပြီးမှ လွတ်မြောက်သော နိုင်ငံဖြစ်လာသော်လည်း ယနေ့အချိန်တွင် ရုရှားလက်အောက်သို့ ပြန်ရောက် ရပေတော့မည်။ မြန်မာနိုင်ငံသည်လည်း စစ်အုပ်စိုးမှုမှ အရပ်သားအုပ်စိုးမှုအောက်တကြိမ်ရောက်ပြီး နောက်တကြိမ်လည်း NLD ပါတီမှအနိုင်ရလာသည့်အခါ မဲမသမာမှုအကြောင်းပြလျက် စစ်တပ်မှအာဏာ ပြန်သိမ်းခဲ့ပြန်သည်။ ပူတင်က ယူကရိန်းသည် ရုရှားပိုင်အဖြစ်သတ်မှတ်သကဲ့သို့ စစ်အုပ်စုသည်လည်း မြန်မာနိုင်ငံကို သူတို့သာ အုပ်ချုပ်ခွင့်ရှိသည်ဟု ထင်မှတ်ယုံကြည်လျက်ရှိသည်။ 

ပူတင်က ယူကရိန်းကိုသိမ်းပိုက်၍ ရုပ်သေးအစိုးရခန့်ထားရန်အတွက် သူတို့သည် ယူကရိန်းကို ဝင်ရောက် ကျူးကျော်ခြင်းမဟုတ်၊ ထိုနိုင်ငံအတွင်း နေထိုင်နေသော သူတို့၏ ရုရှားလူမျိုူးများ အစုလိုက် အသတ်ခံနေရမှုမှ ကယ်တင်ရန်ဖြစ်သည်။ စစ်ဖြစ်နေခြင်းမဟုတ် စစ်ဆင်ရေးသာ လုပ်ခြင်းဖြစ်သည်ဟု အကြောင်းပြသည်။ မင်းအောင်လှိုင်က မဲမသမာမှုကြောင့် အကြောင်းပြပြီး သူတို့အာဏာသိမ်းခြင်း မဟုတ်အာဏာထိန်းခြင်းသာဖြစ်သည် ၂၀၀၈ ခြေဥအရ လုပ်ဆောင်ပိုင်ခွင့်အရ ပြုလုပ်ခြင်းဖြစ်သည်ဟု လိမ်သည်။ ၂၀၀၈ ခြေဥတွင် သမတက အရေးပေါ်ခြေအနေဖြစ်လျှင် အာဏာလွှဲပိုင်ခွင့်ရှိသည်ဟု ဆိုထားသဖြင့် သမတဦးဝင်းမြင့်ကသာ လွှဲစရာအကြောင်း ပေါ်လာလျှင် လွှဲရမည်ဖြစ်သော်လည်း သမတဦးဝင်းမြင့် သဘောတူညီချက် မရဘဲ ဖမ်းဆီးပြီးစစ်တပ်မှ ရွေးပေးထားသည့် ဒုသမတဦးမြင့်ဆွေက အာဏာလွှဲသည့် လုပ်ဇာတ်နှင့်အာဏာကို လိမ်လည်သိမ်းယူရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ထို့နောက် အတုအယောင်ရွေးကောက်ပွဲကို ဖန်တီးပြီး သူတို့တည်ထောင်ထားသည့် ကြံခိုင်ရေးပါတီကို အာဏာရရှိရန် အလိမ်အညာများဖြင့် လုပ်ကြလိမ့်ဦးမည်။ သူတို့ပါတီအနိုင်မရနိုင်ပါက အကြောင်းအမျိုးမျိုးပြလျက် NLD ပါတီကို ဖျက်သိမ်းကောင်း ဖျက်သိမ်းနိုင်သည်။ 

ယူကရိန်းတပ်များသည် ရုရှားတပ်အင်အားကို မယှဉ်နိုင်သော်လည်း ၎င်းတို့ ခုခံတိုက်ခိုက်နေကြသည်။ အမေရိကန်၊ ဥရောပယူနီယံနှင့် ကုလသမဂ္ဂတို့သည် လွတ်လပ်သည့်နိုင်ငံတခုကို မခိုင်လုံသည့်အကြောင်းပြချက်ဖြင့် အင်အားကြီး ရုရှားနိုင်ငံက ဝင်ရောက်သိမ်းပိုက်မှုကို စီးပွားရေးပိတ်ဆို့မှု ပြစ်တင်မှုတို့ဖြင့်သာ လုပ်ဆောင်နိုင်ကြသည်။ ယူကရိန်းအရေးတွင် စစ်ရေးအရ မပါဝင်လိုကြပေ။ 

ထို့အတူ မြန်မာပြည်အရေးကိုလည်း စစ်အကြမ်းဖက်အုပ်စုကို စီးပွားရေးပိတ်ဆို့မှုမှလွဲ၍ ဒီမိုကရေစီအင်အားစုများကို စစ်ရေး အကူအညီပေးမည်မဟုတ်ပေ။ ယူကရိန်းပြည်သူများနှင့် မြန်မာပြည်သူများသည် မိမိပြည်တွင်းအားဖြင့်သာ ကျူးကျော်ရန်စမှုကို တွန်းလှန်ကြရပေမည်။ မိမိကိုယ်မှ တပါးအခြားမရှိချေ။

အချုပ်အားဖြင့် ပူတင်နှင့် မင်းအောင်လှိုင်တို့သည် လူလိမ်များ ဖြစ်ကြပြီး ကမ္ဘာ့အလယ်တွင် မရှက်မကြောက် သူတို့အာဏာရူးမှုအတွက် လူ့အသက်ပေါင်းများစွာကို စတေးရန် ဝန်မလေးသည့် လူယုတ်မာများပင် ဖြစ်ကြသည်။ 

ထွန်းအောင်ကျော် (၇၄မျိုးဆက်)

ဆက်ဖတ်ရန် →

Boycott ခတ္တာ

​ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ သမီး စေတစ်လုံးမောင်ဘုန်း ဇာတ်လမ်းတွဲမှ  ခတ္တာ အဖြစ်ပါ၀င်သရုပ်ဆောင်သူ စုလင်းရှိန်

ဆက်ဖတ်ရန် →

​ရဲချူပ်ဟောင်းသမီးဒလန်မ အဲမွန်ဒြာ


နာမည်ကအဲမွန်ဒြာ


အမည်အရင်းကအေးမြတ်...


အဖေကရဲမှူးချုပ်မြင့်သိန်း 


ယခင် Gloria fashion ဆိုင်က


ဘုရားလမ်းမှတ်တိုင်ပါရမီလမ်းမပေါ်မှာပါ ဘေးကမိုးသောက်ရေသန့် ယခင်ရဲမှူထမ်းဟောင်းနဲ့

ပေါင်းပြီးဒလန်လုပ် သတင်းပေးနေချိန်မှာသူ့ဆိုင်ကအလုပ်သမားတွေသိသွားလို့

အလုပ်တွေဖြုတ်လိုက်ပြီးသာကေတကိုပြောင်းသွားတယ်၊ 


လက်ရှိဆိုင်လိပ်စာတင်လိုက်ပါတယ်၊ လက်ရှိဝန်ထမ်းတွေကတော့ သူတို့ရဲ့အသိုင်းအဝိုင်းက ရဲမိန်းမ တွေလို့သိထားတယ် 


သင်္ကန်းကျွန်းမလိခအိမ်ယာမှာနေတယ်လိုသိရပါတယ်


မြဝတီမှာတက္ကသိုလ်ဂွမ်းပုံတို့နဲ့ဖက်ရှင်အစီအစဉ်တင်ဆက်နေသူလဲဖြစ်ပါတယ်၊ ယဉ်လတ်တို့နဲ့ စိတ်တူကိုယ်တူ တစ်ဖွဲ့တည်းတွေပါ။


တိုက်ပုံနဲ့ကသူ့အဖေဖြစ်ပြီး သူ့အမေကလဲ ရဲအရာရှိပါပဲတဲ့ကျန်တာကတော့ သူ့မိသားစုဝင်မောင်နှမတွေပါ


ပါရမီစိန်ဂေဟာနားက အာဏာရှင်ဆန့်ကျင်သပိတ်မှန်သမျှဟာ မိနစ်ပိုင်းအတွင်း ဖြိုခွင်းခံခဲ့ရတာကို သတိထားမိကြမယ်ထင်ပါတယ်


အဲမွန်ဒြာရဲ့ အကောင့်ပါ၊

👇🏻👇🏻👇🏻👇🏻👇🏻


https://www.facebook.com/aye.myat.125760

ဆက်ဖတ်ရန် →

မွေးရာပါ ATM နဲ့ရှင်းတဲ့ ဘိုလံကြိုးမ


ကိုယ်ပိုင်ကားမရှိဘူး
ခရီးသွားရင် ကားအကောင်းစားကြီးနဲ့
တွဲရိုက်ထားတဲ့ပုံအမြဲတင်တယ်
(ကားနံပါတ်ဖျက်ထားတယ်)
အလုပ်ရှိတယ်ဆိုရုံလေး တစ်လ ၂သိန်း
၃ သိန်းလောက်ပဲ ဝင်ငွေရှိတယ်
( ခရီးသွားတဲ့အချိန်တည်းရင်တော့
တစ်ညသိန်းချီပေးရတဲ့ဟော်တယ်မှာ)
iPhone အသစ်ထွက်တိုင်း သူကိုင်နိုင်တယ်
(ဘယ်ကရမှန်း မသိတဲ့ပိုက်ဆံနဲ့)
Branded လက်ကိုင်အိတ်တွေ
ဖိနပ်တွေ အသုံးအဆောင်တွေ
မကြာခဏလက်ဆောင်ရတယ်ဆိုပြီး
ဝမ်းသာအားရ Post တွေတက်လာတယ်
(ဝမ်းနည်းစရာကောင်းတာက ပေးတဲ့သူ
ဘယ်သူဆိုတာ မပြောနိုင်ရှာဘူး)
Festival တွေ Club တွေကို
Weekend ရောက်တိုင်းသွားတယ်၊
သွားတိုင်းလည်းအမြဲ VIP မှာဆိုပြီး
Live လွှင့်ပြတတ်တယ်
(ဒါပေမယ့် အတူသွားတဲ့လူတွေကို လူသိမခံရဲဘူး)
Facebook မှာ ဆိုင်ကောင်းကောင်း Review တွေ တက်လာရင် သူအမြဲသွားစားတယ်
(သူ့အိမ်ကမိဘတွေ တစ်ခါမှမပါဘူး)
ဆင်ခြေဖုန်းရပ်ကွက်မှာ
တိုက်ခန်းလေးငှားနေရပေမယ့်
မကြာခဏ Shopping ထွက်လေ့ရှိတယ်
(ဒီကိစ္စ မင်းနားလည်အောင် ရှင်းပြလို့မရဘူး)
မယ်မယ် ရရ အလုပ်မရှိလို့ ပုံမှန်ဝင်ငွေသာ
မရှိတာ...
ဘာပွဲ ညာပွဲ ဆို ရှေ့ဆုံးက...။
ဘယ်နယ် ဘယ်မြို့ကို ဘာနဲ့သွားသွား..
ကားယား ကားယား လုပ်ပြတာလဲအလွန်ပဲ။
အခြေခံပညာနဲ့ ကိုယ်ပိုင်အတွေးအခေါ်သာမရှိတာ
ဖေ့စဖုတ်ပေါ်တင်လိုက်ရင်တော့..
နိုင်ငံ့ခေါင်းဆောင်တောင် သူ့လောက်မတတ်ဘူး။
တချို့ကပြောတယ်။
ဘိုလံကျိုး ဆိုပြီး...
အဲ့ဒီနာမည်ရပြီးနောက်ပိုင်း...
ဒီကောင်မ အလုပ်က...
ကဲ..ရေးမိပြန်ပီ။
ဆက်ဖတ်ရန် →

ပြည်သစ်ညွန့်ဝေခေါ်မောင်မောင်အရှုပ်တော်ပုံ


ပြည်သစ်ညွန့်ဝေခေါ်မောင်မောင်လို့လူသိများတဲ့ ဦးမောင်မောင်ဟာ သူ့ရဲ့ ငုတ်ဗီဇခဏတာပဲ ထိန်းချုပ်လို့ရပြီး မစားရတဲ့အမဲ သဲနဲ့ပတ်တဲ့အကျင့် မင်းသားကြီးမလုပ်ရလို့ပတ်မကြီးထိုးဖောက်တဲ့အကျင့် သစ်ကုလားအုပ်လိုနေရာတဆင့်ခြင်း အရယူဖို့ တိုးဝင်ဖယ်ထုတ်တတ်တဲ့အကျင့်ကပြန်ပေါ်လာပြီ

ကြောင်ကြာကြာရေမငုတ်ဘူးဆိုသလိုသူကလူကောင်းဟန်ခဏတာသာဟန်ဆောင်နိုင်သူဖြစ်ပါတယ်


လိုချင်တဲ့နေရာမရတဲ့အခါ တော်လှန်ရေးကာလ ခက်ခက်ခဲခဲဦးဆောင်နေရတဲ့ NUG နဲ့ဝန်ကြီးတွေကို တွန်းထိုးတိုက်ထုတ်မှုတွေဆက်တိုက်လုပ်လာပါတယ်ဦးမောင်မောင်က သူပရော့ဂျက်တွေ proposal တွေကို အရင်တင်လေ့ရှိပြီး သူလုပ်ချင်တဲ့အရာတွေကို NUCC ကတဆင့်ဆုံးဖြတ်ချက်တွေအရယူဖို့ အလုပ်သမားအဖွဲ့တွေအားကိုအသုံးချနေတာဖြစ်ပါတယ်

သူ့ပရော့ဂျက်ထဲက တစ်ခုဖြစ်တဲ့ အလုံးစုံစီးပွါးရေးပိတ်ဆို့နိုင်ဖို့NUG ကသူ့သဘောအတိုင်းမဖြစ်မနေလိုက်ပါဆောင်ရွက်ရမယ်ဆိုတဲ့သဘောထားတွေတွန်းတင်လာတယ်..

NUG က မူဝါဒနဲ့အညီဆောင်ရွက်နေတဲ့အတွက် အလုံးစုံ အတွက်ထက်တဆင့်ခြင်း သွားဖို့သာလက်ရှိအခြေအနေမှာ သဘောထား ရှိပါတယ်..

ဒီအပေါ်မှာ

 ဦးမောင်မောင်အနေနဲ့သူသဘောနဲ့ထပ်တူမကျရကောင်းလားဆိုပြီး NUG ဝန်ကြီးတွေအပါအဝင် ဆရာကြီးDrZWSကိုပါ တိုက်ခိုက်လာတာ တွေ့ကြကြားကြပါလိမ့်မယ်


ဒီကိစ္စ သာမာန်ကြည့်ရင် အလုပ်သမားအဖွဲ့အစည်းအမည်ခံဦးမောင်မောင်ဖန်တီးထားတဲ့အမည်ခံ အဖွဲ့တာဝန်ရှိ အမျိုးသမီးကပဲVideo ရိုက်လွှင့် စာတွေရေးတင်နေတယ်လို့မြင်ရပေမဲ့ လက်တွေ့မှာ ဝန်ကြီးတွေအပေါ်ရိုင်းပြတဲ့ အပြုအမူအပြောအဆိုအမူအယာတွေနဲ့ အနှောက်အယှက်ပေးလာကြတာပါ 

ဦးမောင်မောင်ကိုယ်စားပြောဆိုပေးနေသူ ဒေါ်ခိုင်ဇာအောင်ဆိုတာလည် မဲဆောက်မှာ ဦးမောင်မောင်မွေးထားပြီး မြန်မာပြည်ကိုအတူပြန်လာတဲ့မိန်းကလေးဖြစ်ပါတယ် 


ဒီကလေးမတွေ လာတဲ့ပတ်ဝန်းကျင်နဲ့ပြောဆိုဆက်ဆံပုံတွေနားထောင်ရတဲ့အခါ ဦးမောင်မောင်နဲ့ သူတို့ Backgroundကို မဖြစ်မနေ ပြန်ထောက်ပြသတိပေးဖို့လိုအပ်တဲ့အတွက် ပြောရပါလိမ့်မယ်

ကျနော်တို့က ဦးမောင်မောင်ဟာ ဒီတော်လှန်ရေးမှာရော အရင့်အရင်လိုပဲ စစ်အုပ်စုရဲ့ ( ပွန်း )ဖြစ်နေနိုင်တယ်ဆိုတာ ပြန်သတိထားကြည့်နိုင်အောင် အစပြန်ထုတ်ပြရတော့မဲ့အခြေအနေဖြစ်လာပါတယ်


ဒါ ဦးမောင်မောင် က ခိုင်ဇာအောင်နဲ့အလုပ်သမားအဖွဲ့တွေကိုမြောက်ပင့်ပြီး.. Dr ဇော်ဝေစိုး ပြောဆိုတင်ပြမှုတွေကို.. စော်ကားလိုက်တဲ့အတွက်...ဘယ်သူမပြု ဦးမောင်မောင်အမှုပဲလို့ပြောရပါလိမ့်မယ်


ဦးမောင်မောင်ဟာ ၁၉၈၈ နောက်ပိုင်းတောခိုလာပြီး FTUB အလုပ်သမား သမဂ္ဂ ခေါင်းစဥ်တပ်ငွေရှာ NCGUB ဒေါက်တာစိန်ဝင်းအစိုးရကိုတိုက်ခိုက်ခဲ့သူဖြစ်သလို ဖရိုမန်းရှာလာဘန်းလိုတော်လှန်ရေးသူရဲကောင်းကိုလည်းရန်ရှာအားပြိုင်ခဲ့သူတစ်ယောက်ဖြစ်တယ် ဆိုတာတော်လှန်ရေးအင်အားစုအများသိပြီးသားဖြစ်ပါတယ်

NCGUB ဖွဲ့တဲ့အခါမှာလည်း သူရှာနိုင်တဲ့ငွေအင်အားနဲ့ အမတ်ဝယ်သူအဖြစ်နာမည်ကြီးခဲ့သူဖြစ်တယ်.. အမှန်တကယ်သူဝယ်တာခံရတဲ့အမတ်တွေလည်းရှိခဲ့တယ် သူခိုင်းတာလုပ်ပေးကြရတယ်.

ပရော့ဂျက်တွေမျိူးစုံတင်တက်တဲ့ဦးမောင်မောင်ဟာ NLDထဲကပြင်ပ မဲဆောက်ရောက်

လာသူအချို့ကိုအသုံးချပြီး UG အသွင်သဏ္ဍာန်သင်တန်းပေးဟန်နဲ့ နအဖ နဲ့လက်ဝါးချင်းရိုက်အမှုတွေဂွင်ဆင်ခဲ့သူတစ်ဦးဖြစ်တယ်


အလုပ်သမားရေးတက်ကျွမ်းလာပြီးနောက် အလုပ်သမားခေါင်းစဥ်ကိုအသုံးချ နိုင်ခဲ့သူလည်းဖြစ်တယ်.

ကမ္ဘာ ့အလုပ်သမားအဖွဲ့ချုပ်ကိုအကျွမ်းတဝင်ဆက်ဆံနိုင်သူဖြစ်လာပြီး အဲဒီ့ ILOခေါင်းစဥ်အောက်ကနေပြီး တစ် ကမ္ဘာလုံးမှာရှိတဲ့အလုပ်သမားအဖွဲ့အစည်းတွေအပေါ်  သူ့အဖေ NLD CEC အမည်နဲ့ ကောင်းကောင်းကြီးငွေလိမ်တောင်းခဲ့သူတစ်ယောက်ပါ..

ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်အမည်ကိုအသုံးချပြီး NCGUB မှာချယ်လှယ်ချင်တိုင်းချယ်လှယ်တဲ့အတွက် ကျောင်းသားအင်အားစုက ဦးမောင်မောင်နဲ့ဆိုအကင်းဆုံးနေခဲ့ကြတယ် 

ဒါ ဦးမောင်မောင်ပြည်ပ ရှိစဥ်တစိတ်တပိုင်းလောက်ပဲရှိပါသေးတယ်။


ဦးမောင်မောင် နအဖ နဲ့ချိတ်ဆက်အပေးအယူအသွားအလာလုပ်တဲ့ ကိစ္စ ကိုသူ့ FTUB ရဲ့အတွင်းရေးမှုးတစ်ယောက်က ဖော်ထုတ်လိုက်တာလည်းကြားမိကြပါလိမ့်မယ်။


ဦးမောင်မောင်မြန်မာပြည်ပြန်ရောက်တဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုနည်းမျိုးစုံနဲ့ချည်းကပ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့သူမပါတီက သူတို့အမည်အသုံးချပြီး ဦးမောင်မောင်ငွေရှာခဲ့တဲ့အတွက် လုံးဝ လက်ခံဆက်ဆံခြင်းမပြုခဲ့ပါ။

ခွေးတိုးပေါက်မျိုးစုံကနောက်ဖေးပေါက်မျိုးစုံက ဝင်ခဲ့သလို ငွေနှင့်စည်းရုံးနိုင်မည်ထင်သောသူများကို ခိုးတွေ့ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါတီတွင်းမှာတော့တရားဝင်ဆက်ဆံခံရတယ်လို့မကြားခဲ့ပါ။

ကိုဗစ်အရေးပေါ်ကာလ တွင်း၌သာ အလုပ်သမားကိုယ်စားလှယ်အဖြစ် ဦးမောင်မောင်ကို အလုပ်သမားဝန်ကြီးဌာန USDP ဝန်ကြီးဌာနဖက်က နာမည်တင်သွင်းတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် video conference ဖြင့် စကားပြောခွင့်တစ်ခါသာရှိခဲ့ဖူးပါတယ် ဒါလည်းဒေါ်အောင်ဆန်းစုကြည်က အလုပ်သဘောထိတွေ့မေးမြန်းရုံပါ.

မြန်မာပြည်ထဲပြန်ဝင်လာပြီး USDP အစိုးရအာဏာကိုလည်းချည်းကပ်ခဲ့သူ့ဖြစ်တယ်..ဝန်ကြီးဟောင်း အောင်မင်းစိုးသိမ်းတို့နဲ့လစဥ်တွေ့ဆုံပြီးအလုပ်သမားခေါင်းစဥ်နိုင်ငံတကာအလုပ်သမားရေးရာ ကိစ္စ တွေဆွေးနွေးအစည်းအဝေးတက်လေ့ရှိပြီး USDPအားချည်းကပ်ကာ အလုပ်သမားအနည်းငယ်လယ်သမားအများစုပါဝင်သည့် CTUM ကို အဖွဲ့ချုပ်ကြီးအဖြစ်မှတ်ပုံတင်အရယူခဲ့ပါတယ်။

ဒီလုပ်ရပ်ကို ဦးသိန်းစိန်အကြံပေးထဲကဖော်ထုတ်ခဲ့ပြီးဖြစ်တယ်..ယခု ဦးမောင်မောင် အသူံးချပြနေတဲ့အလုပ်သမားအဖွဲ့ချုပ်ဟာအလုပ်သမားလယ်သမားမှတ်ပုံတင်ပြီးသားအဖွဲ့လေးတွေကို တစ်ဖွဲ့ ကျပ်ငွေ နှစ်သိန်းနဲ့ မှတ်ပုံတင်ကျပြီးသားစာရွက်များကိုဝယ်ယူပြီး အဖွဲ့ချုပ်အမည်ခံအရယူသွားတာဖြစ်တယ် .

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အဆက်အဆံမလုပ်တဲ့အတွက် ကြံ့ခိုင်ရေးပါတီနဲ့လက်ဝါးရိုက်ပြီးအရယူသွားတဲ့အဖွဲ့ချုပ်အမည်ခံသာဖြစ်တယ်


၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဦးမောင်မောင်ကဦးဆောင်ပြီအလုပ်သမား သမဂ္ဂ ထဲက တစ်သီးပုဂလအမတ်စာရင်းတင်သွင်းကာ NLD ကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ် မယှဥ်ပြိုင်စဥ်မှာ လှိုင်သာယာကနောင်ခန်းမတွင် ကြံ့ခိုငိရေးအမတ်ပြည်ထောင်စုအလုပ်သမားဝန်ကြီး ဦးသိန်းဆွေ မှ   ဦးမောင်မောင်၏ အလုပ်သမားတစ်သီးပုဂ္ဂလများအတွက်ထောက်ခံမဲဆွယ်ပေးခဲ့ပါသေးတယ်... ၁%ပင်မဲမရရှိခဲ့ပါ။


ယခုအာဏာလုပြီးးနောက်ပိုင်းတွင် သုံးပွင့်ဆိုင်အား ရပ်တန့်မည်ဟူသောစကားရပ်ဖြင့် ေတာ်လှန်ရေးထဲပါလာသော်လည်း.. NUG အလုပ်သမားဝန်ကြီးဖြစ်ရရေး

အပတ်တကုတ်ကြိုးစားရင်း မရတော့သည့် ယနေ့အခြေအနေတွင် ၎င်းဦးဆောင်မှုအောက်တွင်ရောက်နေသော သူများမှ NUG အားအနှောက်အယှက်ပေးလာသည်ကိုကြားသိလာရသည်


ကျနော်တို့အနေနဲ့ ယခု တော်လှန်ရေးကာလအလုံးစုံညီညွတ်ခြင်းကိုလိုလားသော်လည်းစစ်အာဏာရှင်အားအမြှစ်ဖြတ်ရန်လိုအပ်သကဲ့သို့ အလုပ်သမားမျာအမည်အသုံးချ၍ လူတစ်စုကောင်းစားရေး ခြေလှမ်းစနေတဲ့ ယခုကဲ့သို့ တော်လှန်ရေးခေါင်းဆောင်များကိုပါအလုပ်ဖင့်စေရန် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ရန်တိုက်ပြီးဖျက်လိုဖျက်ဆီးစော်ကားရမ်းကားနေသောဦးမောင်မောင်နှင့်အလိုတူအလိုပါများကိုပါရှင်းလင်းသည့်ဆက်ဆံရေးတစ်ရပ်ဆောင်ရွက်သင့်ပြီ...

အမှန်တကယ်အလုပ်သမားအစစ်အမှန်ဆောင်ရွက်သူ တတ်သိနားလည်သူများသည်လည်းဦးမောင်မောင်စေခိုင်းသည့်အတိုင်းဆောင်ရွက်မည်မဟုတ်သောကြောင့်၎င်းနှင်အတူတကွနေထိုင်သူ အမျိုးသမီးရွယ်နှစ်ဦးကိုသာလက်စွဲထား၍ ခိုင်းစေပြောဆိုစေရန်စေခိုင်းနိုင်နေခြင်းဖြစ်သည် 

ဦးမောင်မောင်၏ စည်းရုံးစွဲဆောင်မှုထဲတွင်ပါဝင်သူအများစုမှာ ဘဝအခြေအနေမဲ့သူများ.နိုင်ငံတကာအဖွဲ့အစည်းများတွင် ဝင်ဆန့်ချင်သူများ အလုပ်သမားရေး ဃ ဃ ဏ ဏ နားမလည်းမတတ်ကျွမ်းသူများ စားဝတ်နေရေးအတွက်အဖွဲ့ဖွဲ့ရပ်တည်နေရသူများ ဦးမောင်မောင်၏ နောက်ခံသမိုင်းဆိုးအားသေသေချာချာမသိနားမလည်သူများ အများစုဖြစ်သည်။

အလုပ်သမားအစစ်တော်လှန်ရေးသမားအမှန်အကန်ဆိုလျှင် ဘာသာစကားတတ်ကျွမ်းမှုကိုအသာစီးယူ၍ နိုင်ငံတကာအဖွဲ့အစည်းများထံ လိမ်လည်လှည့်ဖျားလုပ်စားနေသည့်၎င်းတို့လူတစု၏ လက်အောက်ခံအဖြစ် မဖြစ်သင့်ပေ။

ဧရာဝတီသတင်းတွင် စီးပွါးရေးပိတ်ဆို့မှုဆိုင်ရာရေးသားထားသောဆောင်းပါးသည်လည်းဦးမောင်မောင်၏ရေးသားပေးချက်ဖြစ်ပြီးအလုပ်သမားအမည်ခံမိန်းခလေးမှာ ဦးမောင်မောင်လက်စွဲ နှစ်ဦးတည်းသော မိန်းမငယ်၏ညီမရင်းဖြစ်သည်။

.ယခုဆိုလျှင် ဆရာကြီး DrZWS၏ မိန့်မြွက်ချက်များကိုကောက်နုတ်၍ လှောင်ပြောင်သရော်ထိပါးလာခြင်းကြောင့် CTUM ...နှင့်ဆက်စပ်အဖွဲ့အစည်းတို့အား NUG ၏ နယ်နမိတ်အတွင်းစည်းခြားဆက်ဆံရန်အထူးရေးကြီးပါတယ်

ဦးမောင်မောင်ဟာ၄င်းပရော့ဂျက်အောင်မြင်ရန် ၎င်းကိုယ်ကျိုးစီးပွားငွေရှာလွယ်ရန် မည်သူ့အသက်မည်သူဘဝ စတေးရ စတေးရ ဝန်မလေးသူဖြစ်ပါတယ်

 CDM အတွက် ဥရောပအထောက်အပံ့ ကိုတဆင့်ခံပံ့ပိုးပြီး ၎င်းကကျေးဇူးရှင်သဖွယ် ဝန်ကြီးနေရာတောင်းသဖြင့် နိုင်ငံရေးအင်အားစုများမှဝိုင်းဝန်းကန့်ကွက်ခဲ့ကြရပါတယ်

နိုင်ငံတကာအဖွဲ့အစည်းတွေကိုအမှီပြုပြီး NUG အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို လွှမ်းမိုးဥဦးစီးချင်လာတဲ့အပြင် ၎င်းမလိုလားသော တာဝန်ရှိသူတွေကိုဖယ်ထုတ်ဖို့နည်းပေါင်းစုံနဲ့ တိုက်ထုတ်နေတဲ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဆက်ဆံရေးလမ်းကြောင်းတွေကိုပါ သတင်းအမှားတွေပေးပို့ပြီးဖြတ်တောက်နေပါတယ်


၂၀၁၃မှ၂၀၂၁နှစ်စပိုင်းအထိ ဦးမောင်မောင်ဟာ USDP နဲ့သာအဆင်ပြေတဲ့ဆက်ဆံရေးရှိခဲ့ပြီး..လွှတ်တော်တွင်းအလုပ်သမားဥပဒေပြုမှုများရံဖန်ရံခါချဉ်းကပ်လာပေမဲ့ NLD ကိုစဉ်ဆက်မပျက်အတိုက်အခံပြုလုပ်လာသူဖြစ်ပါတယ်

ယခုအခြေအနေကိုကြည့်ရင် Drzwsတို့ကိုတိုက်ခိုက်ပြောဆိုပြီး စစ်တပ်ကို ပြန်လည်မျက်နှာချိုသွေးဖို့ပြင်ဆင်နေတယ် အရင်ကတည်းက သပ်လျိုပါဝင်လာနိုင်သည်ကိုလည် သတိထားသုံးသပ်သင်တယ်

နောက်ဆက်တွဲ ကိစ္စ တစ်ရပ်မှာ..မန်းလေးတွင် သမဂ္ဂ ဥဦးဆောင်တစ်ယောက်ကိုလဲ ၄င်းကိုNUG ရဲ့ဒုတိယဝန်ကြီးအဖြစ်မရွေးချယ်ခဲ့တာကြောင့်စကစနှင့် ပေါင်မယ်လို့ လူသိရှင်ကြားကြိမ်းဝါးခဲ့တဲ့နောက် ထိုလူရွယ် အလုပ်သမားသမဂ္ဂ ဦးဆောင်သူ

ကြောင့် မန်လေးတွင် အဖမ်းအဆီးခံရမှု တွေတည်နေရာကိုအဝိုင်းခံရမှုတွေအမျိုးမျိုးဖြစ်ခဲ့ပါတယ် ထိုလူရွယ်ကို ဒလံအဖြစ်သတင်းထွက်သွားချိန်တွင်လူရွယ် ထောင်ထဲရောက်သွားကြောင်း သတင်းဖြန့်ခဲ့တယ် အခုချိန်ထိ ထောင်ထဲမှာလားအပြင်လောကမှာလား အဖြေမရှိပဲ ထိုလူရွယ်ပျောက်ဆုံးနေပါတယ် ၎င်းလူရွယ်နှင်ပတ်သတ်မှုရှိခဲ့တဲ့ သမဂ္ဂ ခေါင်းဆောင်အမျိုးသမီးအမျိုးသားတချို့ ထိုလူရွယ်၏ရန်ကြောက်လှန့်၍တောခိုလိုက်ကြရတယ် 

၎င်း ကိစ္စ ဖောက်ပြန်သွားတဲ့ လူရွယ်ဘက်က ဦးမောင်မောင်နှင့်၎င်းလက်အောက်ခံတစ်ချို့က​အကာအကွယ်ပေးပြောဆိုနေတာတွေရှိတယ်


တော်လှန်ရေးအရေးကြီးဆုံးကာလဖြစ်တဲ့အတွက် ဦးမောင်မောင်အနေနဲ့ ကိုယ်လုပ်ချင်ကိုယ်ချုပ်ကိုင်ချင်တဲ့အခြေအနေတွေ ရမလာတိုင်း ခြိမ်းခြောက်သည့်အသွင် ပြုမူနေခြင်း

အောက်ခြေ သမဂ္ဂ နှင့်အလုပ်သမားရေးဆိုင်ရာအဖွဲ့အစည်းများကိုမြှောက်ပင့်အသုံးချပြီး ယခုပြုမူနေမှုများချက်ချင်းရပ်ပါ..အပြည်ပြည်ဆိုင်ရ အဖွဲ့အစည်းများ အားကိုယူကာ NUG အစိုးရ ဝန်ကြီးများအားဖိအားပေးနေခြင်း ချက်ချင်းရပ်ပါ ။

ဒေါ်ခိုင်ဇာအောင် အပါအဝင် NUG အား ထိပ်တိုက် ထိပါးနေသူများအား လက်ပိုက်ကြည့်နေမည်မဟုတ်... မရပ်တန့်လျှင် သင်တို့အကြောင်းအရာများအား ပြည်သူသိသာစေရန်အသေးစိတ်ထပ်မံကြေညာသွားမည်ဟုဖေါ်ပြ

ပါရှိပါသည်။


မြန်မာပြည်သူပြည်သားအပေါင်းဘေးဘယာဝေးကွာ

လို့အေးချမ်းသာယာကြပါစေ။

ဆက်ဖတ်ရန် →

၂၆ ၂၇ နောက်ပိုင်းတွေမှာ ပွဲကြီးတွေချည်းပဲ ဖြစ်လာတော့မယ်


တော်လှန်ရေးဗားရှင်း🇺🇲


ဦးကျော်မိုးထွန်းကို တရားရုံးမှာ တရားလာရင်ဆိုင်ပါဆိုပြီး စကစကစာထုတ်တယ် တကယ်ဆို ဒါဘာမှမထိရောက်မှန်းသူတို့သိပေမယ့် အခုလ ၂၆ ၂၇UN အစည်းအဝေးမှာ အစိုးရအသိအမှတ်ပြုရေးအတွက် NUGကို စကစကတိုက်ခိုက်လိုက်တာပဲ ဖြစ်ပါတယ်


ဒီအသိအမှတ်ပြုဖို့ကလဲ အမေရိကန်နဲ့တရုတ် သဘောအတိုင်းဖြစ်လာမှာပါ ကျင်ဖင့်နဲ့ ဘိုင်တန်လဲအခုရက်ပိုင်း ဆွေးနွေးမယ်လို့ အသံတွေထွက်လာပါတယ် ထုံးစံအတိုင်း ယခင်အခေါက်က ဆွေးနွေးသလို အဖြေထွက်လာမှာပါ 


အခုရက်ပိုင်း စကစဆီ နိုင်ငံသုံးနိုင်ငံက သံတမန်တွေလာပါတယ် ထိုင်း ဒုဝန်ကြီးချုပ် ဂျပန် နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ သူကတော့သိပ်အရေးမပါပါဘူး

တရုတ်က ဆွန်ကော့ရှန်တို့ပါပဲ ထိုင်းကလာတာတော့ သူ့နိုင်ငံထဲ ဝင်လာမယ့် ဒုက္ခသည်တွေနဲ့လဲဆိုင်သလို US UK တို့ထိုင်းကိုလာပြီး ဖိအားပေးလို့စကစကို ထိုင်း ဒုဝန်ချုပ်ကိုယ်တိုင်လာ သတိပေးတာဖြစ်ဖို့များပါတယ်


ဆွန်ကော့ရှန်လာရင် ထုံးစံအတိုင်းအပြောင်းအလဲနဲ့

ပြသနာတစ်ခုခုအမြဲရှိတတ်တယ် အရင်ကသူလာတယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ဘူး တပတ်ကြာနေသွားတယ် ဆွန်ကော့ရှန်ပြန်တော့ကျင်ဖင့်နဲ့ဘိုင်တန် ဖုန်းနဲ့ပြောပြီး UNမှာ ဦးကျော်မိုးထွန်း နေရာဆက်ရတယ် အခုလဲ ဆွန်ကော့ရှန်လာပြန်တယ် ဘိုင်တန်နဲ့ကျင်ဖင့် ဆွေးနွေးအုံးမယ် UNအစည်းအဝေးက ၂၆ ၂၇ ဆိုတော့ ဘာတွေဆက်ဖြစ်အုံးမလဲ


မြန်မာ့အရေးဟာ ပိုပိုပြီးအရှိန်တက်လာတယ်

အမေရိကန်က မြန်မာမှာ တရုတ်အလိုကျ ရေရှည်

စစ်ပွဲတွေမဖြစ်စေချင်ဘူး တရုတ်ကမြန်မာကို မီးမွှေးထားပြီး သူက ထိုင်ဝမ်ဘက်လှည့်မလာအောင်ကာချင်နေတာ မြန်မာနိုင်ငံဆိုင်ရာကုလသံအမတ်ကြီး အင်ဒရူးက မြန်မာပြည်အရေးဖြေရှင်းဖို့ရာစစ်ရေးမှလွဲပြီး တခြားမရှိလို့ဆိုလိုက်တယ်

အမေရိကန်လဲ စဥ်းစားရကျပ်နေတယ် သူက အာစီယံကိုပတ်ချုပ် စကစလူပ်မရအောင် လုပ်ပြီးအပြောင်းအလဲလုပ်ချင်နေပုံရတယ် စစ်မတိုက်ချင်

ဘူး ဒါလဲ ဒီမိုကရက်တွေမူဝါဒပဲ ဒါပေမယ့် စကစ

ကလဲ တစ်နိုင်ငံလုံးဘယ်လောက် ဒုက္ခရောက်ရောက် သူတို့ဆီကျည်ဆန်မလာသ၍ မဆင်းပေးဘူး သူ့ကိုဒေါက်တိုင်ပြုပေးထားတဲ့ တရုတ်ရှိနေသ၍ သူကရသမျှ ကျားကန်နေမှာပဲ

နဝတလက်ထက်မှာ အမေရိကန်က ဆက်ရှင်၃ခါချတယ် နဝတ အပြုံးမပျက်ဘူး တရုတ်ရှိနေတယ်လေ အမေရိကန်အဲ့လိုဆက်ရှင်ချလေ တရုတ်နဲ့ပိုနီးကပ်ပြီး တရုတ်အကျိုးရှိလေပဲ ပြည်သူကတော့ ဒုက္ခပိုရောက်လေပဲ ဒါကိုအမေရိကန်တွေလဲ သိတယ် အချိန်ကြာမရတာလဲသိတယ်

စကစကတော့ အခုရက်ပိုင်း စစ်ရေးပြင်ဆင်မူ့တွေထပ်လုပ်လာသလို နိုင်ငံရေးပိုင်းမှာလဲ သူတို့ပဲထာဝရအုပ်ချုပ်လို့ရအောင် ၂၀၀၈ ခြေဥကို ဗားရှင်းထပ်မြှင့်ဖို့ PRစနစ်ဆိုပြီး လုပ်လာတယ် လွှတ်တော်လဲ မရှိပဲဘယ်လိုပြင်မလဲ ပြည်သူကိုတော့ သေနတ်ထောက် မဲထည့်ခိုင်းအုံးမှာပါ သူတို့

ဘယ်လိုကြိုးစားကြိုးစား ရမယ်မထင်ဘူး ၂၀၀၈

ခြေဥကို ဘုရားဟော အဘိဓမ္မာလို ထင်နေတာလဲ

အတော့်ကို ဥာဏ်နည်းတယ်ပြောရမယ်


အမေရိကန်ဟာ အခုရက်ပိုင်း NUG ကို အစိုးရအဖြစ်အသိအမှတ်ပြုမှကိုရတော့မယ် ခုပုံစံအတိုင်း

ဆက်သွားလို့မရတော့ဘူး ထိုင်ဝမ်တောင် အစိုးရလို့

တရုတ်နဲ့မိတ်ပျက်မှာစိုးလို့ အသိအမှတ်မပြုထားပေမယ့် မြန်မာမှာတော့ NUG ကို ပြုမှရတော့မယ်

ဘာလို့လဲဆိုရင်UNမှာလဲ အမေရိကန်အသိအမှတ်ပြုမူ့က အရေးပါသလို ပြည်တွင်းမှာလဲ တိုက်ပွဲတွေကပိုပြင်းထန်လာ

ပါတယ်

ရရာလက်နက်နဲ့တိုက်နေရတဲ့နေရာမှာ NUGသာတရားဝင်အစိုးရ အသိအမှတ်ပြုခွင့်ရလာရင် လိုအပ်တာကို တရားဝင်ပံပိုးလို့ရလာတော့မှာဖြစ်ပါ

တယ် လက်ရှိအနေအထားအရ ချင်း စစ်ကိုင်း မကွေးမြောက်ပိုင်းတွေမှာ စကစအာဏာစက်မရှိတော့ပါဘူး ဒါကြောင့် NUGကို ပထဝီမပိုင်တဲ့အစိုးရလို့ ပြောလို့မရပါဘူး


တစ်နိုင်ငံလုံး နေရာအနှံကတော်လှန်ရေးလုပ်နေလို့

စကစတပ်တွေလဲ တပ်ဖြန့်ထားရပြီး ရုတ်တရက်မြို့သိမ်းတိုက်ပွဲတွေဆို အင်ပြည့်အားပြည့်နဲ့ မခုခံ

နိုင်တော့ပါဘူး စစ်သား ၅သိန်းရှိတယ်ဆိုပြီးသာ

မရှိတဲ့စာရင်းပြ လစာထုတ်စားနေတာ တကယ့်တကယ်မှာတော့ ၁သိန်း ဝန်းကျင်တောင်မရှိပါဘူး


မြို့ခံ pdf တွေကအခုဆို အရင်လို တူမီးတွေမဟုတ်သလို Auto တွေ လက်နက်ကြီးတွေထိ သုံးတိုက်လာလို့ စကစတပ်တွေ အကျအရူံးကြီးကြီးမားမားပေးဆပ်နေရပါတယ် မြို့ပြတွေမှာလဲ ထိရောက်တဲ့မစ်ရှင်တွေကြောင့် ပစ်မှတ်တိုင်း ထိရောက်နေပါတယ် လယ်ဗယ် အရှိန်မြှင့်လာတာမို့ မကြာခင် စကစ ယန္တယားရပ်သွားပါတော့မယ်


UN အစည်းအဝေးဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ၂၆ ၂၇ နောက်ပိုင်းတွေမှာ ပွဲကြီးတွေချည်းပဲ ဖြစ်လာတော့မယ်လို့ထင်ပါတယ် တောထဲက PDF တွေလဲမြို့ပေါ်တွေ ရောက်လာကြသလို တစ်ချို့အဖွဲ့တွေလဲ EAOs တွေနဲ့ ပေါင်းတိုက်လာတာတွေ့ရပါတယ်


၁၆ရက်နေ့ မနက်ဖန် NUCC သတင်းစာရှင်းလင်းပွဲ

မှာ ဘာတွေပြောလာမလဲ နားထောင်ရပါမယ် အဲ့ပွဲ

က တော်လှန်ရေးအရှိန်အတက်အကျဖြစ်စေမယ်ထင်ပါတယ်

စကစကတော့ သူဘာသာဘာအော်အော် အမေရိကန်တော့ ငယ်ကြောက်ပါပဲ သံတမန်မဟုတ်တဲ့ အလွတ်သဘောလာတဲ့ အမေရိကန်သံတမန်ဟောင်း ရစ်ချက်ဆန်ကို တခန်းတနားဆွေးနွေးပြီးသူတို့ဖမ်းထားတဲ့ အမေရိကန် သတင်းထောက်ကိုဒီနေ့လွှတ်ပေးလိုက်ပါတယ်


မည်သို့ပင်ဆိုစေအုံးတော့

စကစရဲ့ PR အိမ်မက်လဲ ဖြစ်လာစရာမရှိသလိုသူ့အုပ်ချုပ်ရေး ယန္တယားကချင်းစစ်ကိုင်းအပြင် ကျန်ဒေသတွေမှာပါ မကြာခင် ပျက်ပါတော့မယ်

သူစစ်မျက်နှာဖွင့်ထားရတာ တစ်နိုင်ငံလုံးပါပဲ

တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တဲ့အခါ သူတို့ဘယ်လိုမှ မထိန်းနိုင်ပါဘူး 


ပြည်ပကအကူအညီမရလဲ ပြသနာမရှိတော့ပါဘူး

လက်ရှိပြည်တွင်းက EAOs တွေနဲ့ PDF အားတွေနဲ့

တင် စစ်အာဏာရှင်တွေကို အမြစ်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ပြောချင်ပါတယ်ဗျာ


မုဆိုး လက် 🇺🇲

ဆက်ဖတ်ရန် →

လွဲပြန်ပြီ စကစ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ စည်ပင်ဝန်ကြီးကို အဂတိတိုက်ဖျက်ရေး ပုဒ်မ ၅၅နဲ့

ထောင်ဒဏ် ၇၅နှစ်နဲ့ နှစ် ၉၀ ချလိုက်တဲ့အပေါ် အရမ်းအံသြရပါတယ်


ဒါကိုကြည့်ရင် စကစရဲ့နိုင်ငံရေး level ကိုသိနိုင်ပါ

တယ် သူတို့လုပ်နေတာ နိုင်ငံရေးမဟုတ်ပဲ အငုံစိတ်

နဲ့ အညှိုး အတေးဆန်နေပါတယ်။ နိုင်ငံရေးမလုပ်တတ်ပဲ တိုင်းပြည်ကိုဘယ်လိုဆက်အုပ်ချုပ်မလဲဆိုတာ

စဉ်းစားမရပါဘူး။


နဝတခေတ်မှာ ကျောင်းသားခေါင်းဆောင်တွေကို

ပုဒ်မအမျိုးမျိုးတပ် ထောင်နှစ်၆၀ နှစ်၉၀တွေချခဲ့

ဖူးပါတယ် ပြီးတော့ပြန်လွှတ်ရတာပါပဲ။ ပြန်လွှတ်တော့လည်းသူတို့ကပဲ သဘောထားကြီးသလိုလို မေတ္တာ

ရှင်လိုလိုလုပ်ပြန်တယ် ကလေးအထာတွေနဲ့ပါ ပြည်တွေကတော့ အဲ့လိုမထင်ပါဘူး သူတို့မတရားလုပ်တယ်ပဲ မြင်ပါတယ်၊ထင်ပါတယ်။


ဦးသိန်းစိန်လက်ထက်က မကွေးဝန်ချုပ် ဖုန်းမော်ရွှေ၊စစ်ကိုင်းသာအေး၊ဧရာဝတီသိန်းအောင် စသူတို့

ဘီလီယံနဲ့ချီ အကြီးအကျယ် လာဘ်စားမူ့ကြီးပေါ်

ပေါက်တာတောင် NLD အစိုးရက အမျိုးသားရင်ခြားစေ့ရေးမူနဲ့ ရယူထားမှူတွေကို ပြန်သာသွင်းခိုင်း

ခဲ့ပါတယ်။


စစ်အာဏာရှင်တွေကို ဘယ်ခေတ်မှာမှ ပြည်သူက

မထောက်ခံခဲ့ပါဘူး၊ သူတို့ကလည်း ပြည်သူထောက်ခံစရာမလိုဘူး သေနတ်ရှိအုပ်ချုပ်လို့ရတယ်ဆိုတဲ့ လောဂျစ်ကို အသေဆွဲကိုင်ထားပါတယ်၊ ဖိနှိပ်မယ်

ရက်စက်မယ် ထောင်ချမယ် ဘဝပျက်အောင်လုပ်မယ်၊ သတ်မယ် ဆိုတာချည်းပါပဲ ဒါစစ်အာဏာရှင်

တွေရဲ့မူပါ


ပြီးတော့ သူတို့ဟာ ပြည်သူထက်တစ်ဆင့်မြင့်တယ်

ပြည်သူ့တွေရဲ့ အရှင်သခင်လို့ယူဆထားပါတယ်

ငါတို့သာအုပ်ချုပ်သူ လူတန်းစား ကျန်လူလာမအုပ်ချုပ်နဲ့ စတဲ့အစွဲတွေကြောင့် NLD ငါးနှစ်တာ အုပ်ချုပ်ချိန်မှာ မခံမရပ်နိုင်ဖြစ်ပြီး အာဏာကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြန်ရယူဖို့ ယုတ်မာခဲ့ကြတာ

ပဲဖြစ်ပါတယ်။


တိုင်းပြည်ရဲ့သံယံဇာတ လုပ်ပိုင်ခွင့်အားလုံးဟာ

စစ်အာဏာရှင်မိသားစုနဲ့ပဲဆိုင်တယ် ဒါအတိတ်ကံ

ကြောင့်ဖြစ်တာ ပြည်သူနဲ့အောက်ခြေစစ်သားက

ပေးတာယူ ကျွေးတာစားအဆင့် သူတို့ကို မကန်နဲ့

အသေသတ်လိုက်မယ် ဒီလိုပုံစံနဲ့ရပ်တည်လာကြပါ

တယ်။


ပိုဆိုးတာက

မင်းအောင်လိူင်ပါပဲ သူကကာချုပ်ဖြစ်တဲ့ ၂၀၁၀က

နေပြီး ၂၀၂၀ ဆယ်နှစ်တာအတွင်း မယုံနိုင်လောက်

အောင် ချမ်းသာကြွယ်ဝလာပါတယ်၊ သားနဲ့သမီးက

လဲ ချက်ချင်းကြီးဆိုသလို ကုမ္မဏီပေါင်းမြောက်မြားစွာ ပိုင်ဆိုင်လာပါတယ် မျိုးရိုးစဥ်ဆက်

ကြွယ်ဝလာတာမဟုတ်တဲ့ မင်းအောင်လိူင်ဟာ ထိုမျှငွေ

တွေ ပိုင်ဆိုင်လာမှူ့ဟာ ဘယ်ကရလာပါသလဲ!


ပြောစရာရှိပါတယ် ၂၀၀၈ ခြေဥကြောင့် ရလာတာပါ၊ ထိုခြေဥအရ စစ်အာဏာရှင်တွေ လုပ်ပိုင်ခွင့်ဘယ်လောက်ရလဲ မရေးတော့ပါဘူး။

မင်းအောင်လိူင်ဟာ ဥစ္စာဓနပိုင်းကြွယ်ဝလာတဲ့နောက် အာဏာပါလိုတာထက်ပိုလိုချင်လာပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူထောက်ခံသလို

သူ့ကိုလဲ ထောက်ခံစေချင်တဲ့ အငုံစိတ်ကဖြစ်လာ

ပါတယ်။


ဒါဘာကိုကြည့်ပြောလဲဆိုရင်

NLD လက်ထက် မင်းအောင်လိူင် ထောက်ခံပွဲတွေကို

ငွေတွေအများကြီးအကုန်အကျခံ လူငှားလုပ်တာကြည့်ရင် သိသာပါတယ်၊ တကယ်တော့ ပြည်သူအစစ်အ

မှန်ကထောက်ခံတာမဟုတ်တော့ ဒါဟာဒေါ်အောင်ဆန်း

စုကြည်ကြောင့်၊ NLDကြောင့်လို့ တွေးထင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDကို သူတို့ရှေ့က ဆရာသ

မားများနည်းတူ အမုန်းကြီးမုန်းပါတော့တယ်။


မုန်းတယ်ဆိုတာထက်ကြောက်ကြတာပါ ဒေါ်အောင်

ဆန်းစုကြည်ဆိုတဲ့ အသံကြားတာနဲ့ သေနတ်ကိုင်ထားတဲ့စစ်ဗိုလ်ချုပ်တွေ ကြောက်နေကြတာ၊ ဒေါ်အောင်ဆန်းစုကြည်သာ အာဏာဆက်မြဲသွားရင် ဆို

တဲ့အတွေး စစ်အာဏာရှင်ဟောင်းတစ်စုမှာရှိကြတယ် ဒီအခါ သမ္မတဖြစ်ချင်တဲ့ မင်းအောင်လိူင်ကို

ရှေ့ကတင်ပြီး အာဏာသိမ်းမှူ့ဖြစ်လာတာပါပဲ။


မင်းအောင်လိူင်ရဲ့ အဓိကအားနည်းချက်က တွေဝေ

တတ်တာပါ ဘာမှမပြတ်သားသလို သူကိုယ်တိုင်လည်း

နိုင်ငံရေးအရည်အသွေးက ညံ့ပါတယ်၊ သူခံယူထား

တဲ့ လောဂျစ်နဲ့ လက်တွေ့နိုင်ငံရေးက တစ်သားထဲမကျဖြစ်နေတော့ လုပ်လိုက်သမျှ လွဲနေတော့တာပါပဲ။


သူလုပ်နေတာတွေဟာ

သူ့ကိုပြန်သတ်ဖို့ လူစုပေးနေသလို ဖြစ်နေပြန်တယ်၊ သူ့ကိုဝိုင်းဖိအားပေးဖို့ သူကိုယ်တိုင်ကလုပ်နေသလိုလဲဖြစ်နေတယ်၊ ၉လတာအတွင်း စီးပွားရေးပိုင်းမှာ အထိနာပြီး ဘာမှလုပ်မရတာလည်း

စစ်အာဏာရှင်အသိုင်းအဝိုင်းပါပဲ အချိန်ကြာလေ ပိုအထိနာလေဆိုတာ ထိုသူတွေပါ ပြည်သူကတော့

ထူးပြီး ဆုံးရူံးစရာမရှိပါဘူး။


ဒီအခါ မင်းအောင်လိူင်အပေါ် ယုံကြည်မှု့က ကျဆင်းလာ

ကြပြီ၊အတွင်းအပြင်မှာ မင်းအောင်လိူင် ဆက်ရှိနေ

ရင် ငါတို့အကုန်ပျက်စီးတော့မယ်ဆိုတဲ့ အတွေးဝင်

လာကြပြီ သူက ကတိတွေလဲ အမျိုးမျိုးပေးတယ်

ဇွန်လဆန်းငြိမ်အောင်လုပ်မယ် မငြိမ်ပြန်ဘူး ၊အခု

စစ်ဆင်ရေး ၃လနဲ့ ချွေးသိပ်တယ် မဖြစ်နိူင်မှန်းသိလာ

ကြပြီ သူ့ဘက်ကခပ်ကြီးကြီးတစ်ယောက်တောင် ပို့စ်တင် ပြီတစ်နေ့ အော်လာပြီ။


ဒါဟာသူတို့ အရူံးကိုလက်ခံလာကြတာပါ။

သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကို

ပုဒ်မအမျိုးမျိုးတပ်တယ် ဒါလည်း လမ်းဟောင်းပါပဲ

သူတို့မသိတာက ၁၉၉၀ကနေ ၂၀၁၂ထိ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးမျိုးတပ် ဖိနှိပ်လေ ပြည်သူကပိုထောက်ခံလေ ယုံကြည်မူ့ပိုလာလေ ဆိုတာ

ကိုပါ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူပိုထောက်ခံအောင် သူတို့ပဲ လုပ်လာတာပါ


အခုလဲ အဲ့လိုလုပ်လာပြန်ပါပြီ

အာဏာသာ သေနတ်နဲ့သိမ်းတာ သူတို့ကိုယ်သူတို့

ကြောက်တတ်တော့ အရှက်မဲ့ပြီး သမ္မတနဲ့ အမေစု

ကို ဖမ်းထားပြန်တယ် အခုလို မအောင်မြင်တဲ့အချိန်

မှာ ဆုတ်လမ်းအတွက် လူသားခံစစ်သုံးထားတာပဲ

ဖြစ်ပါတယ်


ပြောချင်တာက

သူတို့ NLD ခေါင်းဆောင်ပိုင်းတွေကို ထောင်နှစ်ရှည်ချတော့ရော ဘာထူးခြားမှာလဲ ဦးဝင်းထိန်ဆို

အပြုံးတောင်မပျက်ပဲ အားရပါးရတောင် ရီပြလိုက်

သေးတယ်။

အခုချိန်မှာ နှစ်ဖက်ဖွင့်ကစားရပါတော့မယ် NUGအစိုးရ

က ဘက်ပေါင်းစုံကနေ စကစကိုတိုက်တာပါ နိုင်ငံ

ရေး သံတမန်ရေး စစ်ရေး အစုံပဲ ပထဝီနယ်မြေတစ်

နေရာ မရသေးလို့သာ စကစအာဏာရှိတယ် ထင်နေရတာပါ၊နယ်မြေရတာနဲ့ စကစ အာဏာဟာ ဇီးရိုးပါပဲ-


နောက်တစ်ချက်က

EAOs တွေ ဘယ်တော့မှ ကတိမတည်တဲ့ စစ်အာဏာရှင်တွေဆီက ဘာတွေမျှော်လင့်နေပါသလဲ

စစ်မတိုက်ပဲ နယ်မြေပိုင်းခြားပြီး EAOsခေါင်းဆောင်ပိုင်းက စီးပွားရှာနေတာဆိုရင်

ဌာနေ တိုင်းရင်းသားတွေကို ကိုယ်စားမပြုပဲ ဓါးပြအဖွဲ့သာသာပဲ ဖြစ်သွားမှာပါ


သေချာတာက မင်းအောင်လှိုင်တို့ စကစအာဏာမမြဲပါဘူး မြန်မာ့အရေးဟာ ထင်ထားသလောက်လည်း

မရိုးရှင်းပါဘူး ၊စူပါပါဝါတွေ အားပြိုင်မှု့ကြားမှာ အထိုင်ကစားနေတာမို့ EAOs တွေ ဘယ်ဖက်ယိမ်း

ရမလဲဆိုတာ သဘောပေါက်သင့်ပါတယ် ၊အချိန်ကိုက် မထင်မှတ်ထားတဲ့ ဗားရှင်းကနေ တန်ပို

တွေအမြင့်ဆုံးရောက်လာပြီး ပေါက်ကွဲဖို့ ဖြစ်လာတော့မှာပါ✋✋✋


ထိုင်ဝမ်ဘက်အငြိမ်ထားပြီဆိုတာနဲ့ မြန်မာအရေးဟာ ပိုလူပ်ခက်လာမှာပါ ဆီးဆောလိုပုံစံ မျိုးပါပဲ

မြန်မာမှာအလူပ်များလာရင် တရုတ်ဟာ ထိုင်ဝမ်ကို

ဆွတတ်ပါတယ် စကစကိုတရုတ်ဟာ နောက်ကွယ်

ကနေကြိုးကိုင်ထားဆဲပါပဲ အရင်လိုတော့ ရှေ့ထွက်

လာတာတော့ မတွေ့ရပါဘူး


US UK ပြင်သစ်တို့ကလဲ အာဆမ်ကိုပတ်ချုပ်ပြီး

ကစားနေတာတွေ့ရပါတယ် ဘယ်လိုပဲဖြစ်ဖြစ်မြန်မာ့အရေးဟာ Time Plan နဲ့သွားနေတာပါပဲ

ဘယ်အချိန်ဘာလုပ်မယ် ဘာဖြစ်မယ်ဆိုတာ အချိန်

ကိုက်ဖြစ်လာတာတွေ့ရပါတယ်


ပြန်ချုပ်ရရင်

စကစဟာ အာဏာသိမ်းတဲ့ ၉လအတွင်း သူဘာမှလုပ်နိုင်တာမတွေ့ရပဲ လုပ်မမျှလဲ လွဲနေတာချည်းပါပဲ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေတော့ အာ

ဏာမြဲဖို့မဆိုထားနဲ့ သူတို့ဆုတ်လမ်းတောင် ပိတ်သွားပြီမို့ သူတို့ဘယ်လို နေဝင်မလဲဆိုတာ စောင့်ကြည့်ရအောင်ပါလို့ပဲ ပြောချင်တယ်ဗျာ


မုဆိုး လက်🇺🇲

ဆက်ဖတ်ရန် →

ဝက်နဲ့အတူသွားတဲ့သင်းသင်းခိုင်အပိုင်း(၂)

ခရိုနီတွေဟာ သူတို့ရဲ့ငွေမဲတွေကို စတော့တွေ
ဝယ်ထားလိုက်ရင် ဘယ်နိုင်ငံရောက်ရောက်
ပြန်ထုတ်လို့ရတယ် စလုံးကဘဏ်တွေမှာ
အပ်တာကစိတ်မချရတော့ဖူး
ငွေမည်းတွေကိုခဝါချပေးသူတွေနဲ့ခရိုနီတွေ
ဖလဖခလုပ်နေကြတာ🤨

https://www.facebook.com/1271325398/posts/10226727645078526/?d=n(အပိုင်း(၁)

ဆက်ဖတ်ရန် →

"စံပြ မြတ်ဒလန်"


❌ မြတ်ဒလန် ပရိုဖိုင်းလ်

ဆရာမဒေါ်လှလှသန်းဟာ - ပြည့်စုံကြွယ်ဝပြီး အိမ်ကြီးအိမ်ကောင်းနဲ့ နေထိုင်တဲ့ မုဆိုးမတစ်ယောက်ပါ။ပုံမှန်အားဖြင့်တော့ ကိုယ်ပိုင်ကားနဲ့ ကျောင်းကိုသွားလေ့ရှိပြီး အခင်းဖြစ်တဲ့နေ့မှာတော့ Taxi ကို ငှါးစီးခဲ့ပါတယ်။စားဝတ်နေရေး မပြေလည်လို့ Non Cdm လုပ်လိုက်ရပါတယ်ဆိုတာ သတင်းအမှားပါ။( မယုံရင် မြောက်ဥက္ကလာ၊နွယ်နီ ၃လမ်းကို ကိုယ်တိုင်သွားလေ့လာကြပါ )

      ဆရာမဒေါ်လှလှသန်းဟာ တပည့်တွေအပေါ်မှာ ဆင်းရဲ၊ချမ်းသာ လူတန်းစားအင်မတန်ခွဲတတ်သလို - ကျောင်းမှာဆိုရင်လည်း သူ့ရဲ့ စာသင်ချိန် တော်တော်များများကို ဖုန်းတစ်လုံးနဲ့ "ကလင်ဒါကျ -ပေတံခေါက် - ပါဝါချိန်း"ဆိုတဲ့ အတွက်အချက်တွေနဲ့ပဲ ကုန်ဆုံးသွားတာများတယ်လို့ သူ့တပည့်တွေကိုယ်တိုင်ကပြောပါတယ်။

     သူ့မှာ အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ကျန်ခဲ့တယ်ဆိုတာလည်း - သတင်းအမှားပါ။ သူ့သမီး အရိုး၊အကြောအထူးကု ဆရာဝန်မက အရွယ်ရောက်လို့ စစ်ဗိုလ်တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး သားယောက်ျားလေးတောင် ရနေပါပြီ။

        ဒေါ်လှလှသန်းရဲ့ သမီးစစ်ဗိုလ်ကတော် ဆရာဝန်မကလည်း မြောက်ဥက္ကလာဆေးရုံက - စူပါ Non Cdm သမားတစ်ယောက်ပါ။သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် Cdm တွေကို ဖုန်းဆက်ပြီး အလုပ်ပြန်ဝင်ကြဖို့ ဇွတ်အတင်း ဖိအားပေးလေ့ရှိပါတယ်။ "အလုပ်ပြန်မဝင်ရင် နင်တို့နာမည်တွေကို - စကစကိုပေးလိုက်မယ်"လို့ခြိမ်းခြောက်ကာ - အပြောမဟုတ် - လက်တွေ့လည်းလုပ်ပြတယ်ဆိုပြီး သူ့ရဲ့ ဘော်ဘော် Cdm ဆရာဝန်အသိုင်းအဝိုင်းကပြောကြပါတယ်။

 

❌ မြတ်ဒလန်တို့ရဲ့ နေဝင်ချိန်

( 1 )  ဆရာမဒေါ်လှလှသန်းက ကျောင်းသားကလေးတွေရဲ့လိပ်စာတွေကို စခတွေဆီ - အကြိမ်ကြိမ်လက်ထောက်ချပြီး ဖမ်းခိုင်းခဲ့ပါတယ်။ သူ့ကြောင့် အဖမ်းခံရတဲ့ ကျောင်းသားလေးတွေ အများကြီးရှိနေသလို - ခုချိန်ထိ ထွက်ပြေးတိမ်းရှောင်နေတဲ့ အရေအတွက်ဆိုတာကလည်းမနည်းလှပါဘူး။

     အရင်ကလဲ ( မြောက်ဥက္ကလာ -  နွယ်နီ ၃လမ်းမှာ ) ကလေးမလေး၃ယောက် သံပုံးတီးလို့ဆိုပြီး စခတွေကို တိုင်ခဲ့လို့ ကလေးတွေခမျာ အဖမ်းခံလိုက်ရတဲ့ အဖြစ်အပျက် မျိုးတွေလည်းရှိခဲ့ပါတယ်။


https://m.facebook.com/story.php?story_fbid=212350197650468&id=103637985188357


( 2 ) အဖမ်းခံနေရတဲ့သူတွေ သိပ်ကိုများလာလို့ ဒလန်ဆက်မလုပ်ဖို့ ဆရာမကို နောက်ဆုံးအကြိမ်အထိ မေတ္တာရပ်ခံပြီး သတိပေးခဲ့ပါတယ်။


https://www.facebook.com/103439251912171/posts/210702477852514/?d=n 


❌ မြတ်ဒလန်ဆိုတာ မြတ်ဆရာမဟုတ်


*အနန္ဒော အနန္ဒဂိုဏ်းဝင်မို့လို့ အမှန်တရားဘက်မှာရပ်တည်ပြီး Cdm လုပ်စေချင်တာပါ။ "ငါတို့ကတော့ အခြေအနေအရ - Non CDM လုပ်ရတာပါ"လို့ ဆိုတော့လဲ - လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ဖြစ်လို့ နားလည်မိပါတယ်။လုပ်ပါ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်ပဲလေ။

    ဒါပေမဲ့ Non CDM လုပ်ရုံနဲ့အားမရ - ဒလန်အလုပ်ကိုခုံမင်လာပြီဆိုရင်တော့ - မသိသလိုနဲ့ ဖါသိဖါသာ နေလို့မရတော့ပါဘူး။

သေနတ်ဆိုတာမျိုးက ကျည်ဆံကုန်သွားရင် ရပ်သွားနိုင်ပေမဲ့ ဒလန်တွေရဲ့ပါးစပ်ကို ရပ်သွားဖို့ဆိုတာကတာ့ ------

       အဲဒိလမ်းကို မလျှောက်ချင်လို့ ဒလန်ဆက်မလုပ်ပါနဲ့တော့လို့ အခါခါသတိပေးပြီး မေတ္တာရပ်ခံခဲ့ပါတယ်။ဒါပေမဲ့ ------ ဂုဏ်သိက္ခာရှိပြီး - တပည့်တွေရဲ့ ကိုးကွယ်ခံဘဝကနေ အောက်ဆုံးအထိခုန်ချလိုက်ပြီး - "မြတ်ဆရာ"ကနေ "မြတ်ဒလန်" အသွင်ကိုပြောင်းသွားခဲ့ပြီပဲလေ။

   ဘယ်တတ်နိုင်မှာလဲ - ဒါ သူကိုယ်တိုင် ရွှေ့ယူလိုက်တဲ့သူ့ဘဝပဲလေ။ သူဒလန်လုပ်ခဲ့လို့ ငယ်ရွယ်နုပျိုတဲ့ ဘဝပေါင်းများစွာဟာလည်း ကြေမွခဲ့ရပြီ ။ ဉာဏ်မစောင့်တဲ့ - အသက်တစ်ချောင်းရဲ့ပိုင်ရှင် "မြတ်ဒလန်"ကို နောင်သံသရာတစ်ကွေ့မှာ ပြန်ဆုံမိခဲ့ရင်တော့ "မြတ်ဆရာ"ဆိုပြီး ကျေကျေနပ်နပ်ကြီးသက်မှတ်လို့ရနိုင်ပါရစေလို့ ဆုတောင်းပါတယ်။


"ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပဲ့တင်လာလိမ့်မည်"


ပိုးဝတီ

ဆက်ဖတ်ရန် →

'မြန်မာစစ်ခေါင်းဆောင်တွေက လူမဆန်တဲ့ရာဇဝတ်မှုတွေ စနစ်တကျ ကျုးလွန်နေ


\"\"မြန်မာစစ်ခေါင်းဆောင်တွေက လူမဆန်တဲ့ရာဇဝတ်မှုတွေ စနစ်တကျ ကျုးလွန်နေတယ်လို့ ကျနော်တို့ ကောက်ချက်ချတယ်\"\"

(Nicholas Koumjian, မြန်မာနိုင်ငံဆိုင်ရာ UN အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်)

၆ နိုဝင်ဘာ၂၀၂၁


အာဏာသိမ်းမြန်မာစစ်တပ်ဟာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို အစီအစဉ်ရှိရှိ စနစ်တကျနဲ့ ကို ကျုးလွန်နေတယ်လို့ (IIMM)မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် Nicholas Koumjian က မနေ့က ဂျီနီဗာမှာ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။


အာဏာသိမ်းချိန်ကနေစပြီး IIMM လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဆက်သွယ်ပေးပို့လာတဲ့ အထောက်အထားမှတ်တမ်း ၁ သန်း ခွဲကျော် လက်ခံရရှိခဲ့တယ်ဆိုပါတယ်။ ကျွမ်းကျင်သူတွေနဲ့ အချိန်ယူစစ်ဆေးခဲ့ပြီး မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကျုးလွန်နေတယ်ဆိုတာ သက်သေအထောက်အထားတွေနဲ့ အတည်ပြုနိုင်ခဲ့တယ်လို့ Nicholas Koumjian က ပြောပါတယ်။


မြန်မာစစ်တပ်ဟာ သူ့ကိုလက်မခံဆန့်ကျင်သူတွေ ကျန်းမာရေးဝန်ထမ်းတွေ သတင်းသမားတွေကို စနစ်တကျပစ်မှတ်ထားခဲ့သလို ဖမ်းဆီးမိသူတွေကိုလည်း စနစ်တကျ နှိပ်စက်သတ်ဖြတ်ခဲ့တယ်ဆိုပါတယ်။ လူမဆန်တဲ့ သတ်ဖြတ်မှုတွေဟာ နေရာတချို့မှာ စစ်သားတချို့က ကျူးလွန်တဲ့ပုံမျိုးမဟုတ်ပဲ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့  ဗဟိုကလာတဲ့ညွှန်ကြားချက်အရကို ကျူးလွန်နေတာတွေ့ရတယ်ဆိုပါတယ်။ သတ်ဖြတ်မှုပုံစံတွေ ဖျက်ဆီးမှုပုံစံတွေဟာ တနိုင်ငံလုံးမှာ အတူတူဖြစ်နေတာတွေ့ရတယ်လို့လည်း Nicholas Koumjian က ပြောပါတယ်။


လက်တလောမှာ လူမဆန်တဲ့ရာဇဝတ်တွေကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့\"\"အာဏာမသိမ်းခင်ကကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက်\"\" လည်း ဒေသတွင်းနဲ့ နိုင်ငံတကာမှာ တရားစွဲနိုင်ဖို့ ပြင်ဆင်နေပြီလို့လည်း Nicholas Koumjian က ပြောပါတယ်။ 


စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ FB အကောင့်တွေ FB ပေါ်က မှတ်တမ်းသက်သေအားလုံး ပေးဖို့ကိုလည်း သက်ဆိုင်ရာ FB ကုမ္ပဏီကိုတောင်းဆိုထားတယ်ဆိုပါတယ်။ FB ကုမ္ပဏီကနေ သက်သေတချို့ရပြီးဖြစ်ပေမယ့် တောင်းဆိုထားတာအားလုံး မရသေးဘူးလို့ Nicholas Koumjian ကပြောပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ မြန်မာနိုင်ငံထဲက နိုင်ငံတကာဥပဒေချိုးဖေါက်မှုတွေကို လွတ်လပ်စွာစုံစမ်းစစ်ဆေးဖို့ဖြစ်ပါတယ်။ 

အဖွဲ့ခေါင်းဆောင် Nicholas Koumjian ဟာ အမေရိကန်ဥပဒေပညာရှင်တဦးဖြစ်ပြီး ကမ်ဘောဒီးယား ဘော့စနီးယား နဲ့ အရှေ့တီမောက စစ်ရာဇဝတ်မှုတွေကို တရားစွဲဆိုဖေါ်ထုတ်ရာမှာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

BNN

ဆက်ဖတ်ရန် →

ကျွန်းလှ အနီရောင်အဆင့် သို့ရောက်ရှိနေကြောင်းထုတ်ပြန်


#Nov6

စစ်ကိုင်းတိုင်းဒေသကြီး 

ကျွန်းလှမြို့နယ်

၂ရက်အတွင်း စစ်ဘေးရှောင်ကျေးရွာ ၉ရွာ အနည်းဆုံးရှိလာပြီး

မြေပြင်အခြေအနေတွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း သိရပါတယ် ။


သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းကို စနစ်တကျ ကြိုတင်ပြင်

ဆင်ပြီးမှ စစ်ရဟတ်များ၊ စစ်ဘက်သုံး တိုက်လေယာဉ်များဖြင့် 

စတင်တိုက်ခိုက်ပြီးယခုအခါ ‌ခြေလျင်စစ်ကြောင်းများစွာဖြင့်

ထိုးဖောက် ဝင်ရောက်လာပြီလို့သိရပါတယ် ။


🚨ကျွဲတဲရွာအခြေပြု စခ အင်အား ၂၀၀ခန့် 

အေးချမ်းသာရွာ လိပ်စင်းထောင်ရွာဘက်မှ တစ်ကြောင်း


🚨ရေရှင်ရွာဘက်တွင် အင်အား ၂၀၀ခန့် စစ်ကြောင်းတစ်ကြောင်း


🚨မယားသာကျေးရွာ၊ လှည်းချောင်းကူးကျေးရွာဘက်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် နေသော စစ်ကြောင်းတစ်ကြောင်း


🚨ရေနံမှော်များကို ဝင်မွှေနေသည်က စစ်ကြောင်း

တစ်ကြောင်း


🚨ဗုံးကျဲလေယာဉ်ပျံများလည်း ဝဲနေကြောင်း သိရ


တစ်မြို့နယ်လုံး 

ဆည်အရှေ့ဘက်ခြမ်းနေ ပြည်သူများရော 

အနောက်ဘက်ခြမ်းနေပြည်သူများရော 

ပြင်ဆင်စရာ ရှိတာပြင်ဆင်ထားကြပါ

အချင်းချင်း ကူညီပေးကြဖို့လည်း စဉ်းစားပါ ဟူ၍ 2021spring pageက

ထုတ်ပြန်ထားပါတယ် ။

#UpToDate

Fix stand

ဆက်ဖတ်ရန် →

နိုင်ငံတစ်ဝန်း စစ်သား ၉၀ နီးပါး သေဆုံး

က မင်းတပ်တွင် စစ်ကား ၄၃ စီးပါ စစ်ကြောင်းကို CDF က ရှေ့နောက် ညှပ်တိုက်စဉ် နောက်ဆုံးစစ်ကား မောင်းပြေး၍  အကာအကွယ်မဲ့ပြီး တပ်သား ၂၀ ခန့် သေဆုံး၊ နိုင်ငံတစ်ဝန်း စစ်သား ၉၀ နီးပါး သေဆုံး

By ရန်ကုန်ခေတ်သစ်


နိုင်ငံတစ်ဝန်း ယမန်နေ့နှင့်ယနေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ ၉၀ နီးပါး သေဆုံးကြောင်း ဒေသခံ ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ 


ချင်းပြည်နယ်၊ မင်းတပ်တွင် စစ်သား ၂၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရသူ များပြား၊ စစ်ကားမောင်းပြေးမှုကြောင့် စစ်သားများ အသေအဆုံးများ

=========================================


နိုဝင်ဘာလ ၄ ရက်နေ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် တိုက်ပွဲ ၂ နေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း မင်းတပ် CDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က သတင်းထုတ်ပြန်သည်။ 


နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်း‌တွင် မြို့အနောက်ဘက် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၆ မိုင် အကျော်တွင်  စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် CDF-MINDAT တိုက်ပွဲဖြစ်ပြီး  CDF-MINDAT ထောင်ထားသော ပဒေသာမိုင်းကြောင့် စစ်ကောင်စီ ၅ ဦး ခန့် ကျဆုံးပြီး ဒဏ်ရာရသူ များလည်းရှိကြောင်း သိရှိရသည်။ 


ယင်းနေ့တွင်ပင် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၄၃ တွင် သံချပ်ကားပါ စစ်ကောင်စီ ယဉ်တန်းရှည်ကို CDF-MINDAT က မွန်းလွဲ ၂ နာရီခန့်တွင် ရှေ့နောက်ညှပ်တိုက်ရာ စစ်ကောင်စီ ၂၀ ဦးခန့်ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါတိုက်ပွဲတွင် စစ်ကြောင်းအနောက်‌ဘက်မှ CDF က ဝင်တိုက်သော အခါ စစ်ကောင်စီယာဉ်တန်း၏ နောက်ဆုံးကား မောင်းပြေးသဖြင့် ကားအောက်ဝင်ပုန်းနေသော စစ်ကောင်စီတပ်သားများ အကာအကွယ်မဲ့ပြီး အကျအဆုံးများခြင်းဖြစ်ကြောင်း၊ ယဉ်မောင်းက ကားမောင်းထွက်သွားသဖြင့် ကားအောက်တွင်နေရာယူသော တပ်သားများ စစ်ကား‌နောက်အမီ အူးယားဖားယား ပြေးလိုက်နေချိန်တွင် CDF-MINDAT ၏ ဝိုင်းဝန်း ပစ်ခတ်မှုကြောင့် အကျဆုံး များခြင်းဖြစ်ကြောင်း သိရှိရသည်။


စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဗုံးဖြင့် စစ်တပ်ကို တိုက်ခိုက်

===========================================


စစ်ကိုင်းတိုင်း ဆန့်ဆည်မြို့ လမ်းဆုံရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ၂ တွင် ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၈နာရီ ၂ဝမိနစ်၌ ကင်းပုန်းချနေသော အကြမ်းဖက် စစ်ကောင်စီယဉ်ကို Myanmar Defense Force (Taze - Tiger) အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ကြောင်း သိရှိရသည်။


ဗုံးခွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ဦး ကျည်ထိမှန် သေဆုံးခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း Myanmar Defense Force (Taze - Tiger) အဖွဲ့ထံမှ သိရသည်။


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်မှုများ ဖြစ်ပေါ် 

===========================================


စစ်ကိုင်းတိုင်း ထီးချိူင့်မြို့နယ် မြောက်ပြင်ဘက် ကွင်းကြီး တံတားအနီးတွင် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ နံနက် ၅နာရီ ၅၅မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကားအား ထီးချိူင့် PDFအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ထီးချိုင့် PDF အဖွဲ့ထံမှ သိရှိရသည်။ 


စစ်ကိုင်း ထီးချိုင့်မြို့နယ်အတွင်းရှိ ကွင်းကြီးတံတား အနီးတွင် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့တွင် ခရီးသည်ကားဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဗုံးခွဲ တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။


စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မြတောင်နှင့် မောင်းကုန်းကြားတွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ မျိုးကျော် အသတ်ခံရ 

===========================================


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် သရက္ကံကြီးကျေးရွာအုပ်စု ကြာဖက်ကန်ကျေးရွာနေ အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန် မျိုးကျော်ကို ယနေ့ နိုဝင်ဘာလ ၅ရက်နေ့တွင် KBU-UG နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အဆိုပါ အဖွဲ့များက သိရသည်။  


စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် Mytel တာဝါတိုင်များ ဖောက်ခွဲ ဖျက်ဆီးခံရ

===========================================


စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဝက်ခဲကျေးရွာနှင့် ငါးရဟိုးကျေးရွာအနီးရှိ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင်  Mytel တာဝါတိုင်ကို နိုဝင်ဘာလ ၄ ရက်နေ့ ည (၉)နာရီတွင် အရာတော်တော်လှန်ရေး အင်အားစု (ARA)နှင့် Falcon Force(စွန်ရဲတပ်ဖွဲ့)တို့က ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။  


စစ်ကိုင်းတိုင်း၊ မုံရွာတွင် ရဲတစ်ဦး ဦးခေါင်းကျည်ထိသေပြီး အများအပြားဒဏ်ရာရ

===========================================


စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ်၂ ရဲစခန်းနှင့် အမှတ် ၁ ရဲစခန်းကို ယနေ့ နိုဝင် ဘာလ ၅ ရက်နေ့ ညနေပိုင်းက  PDF-South Monywa အဖွဲ့က လက်လုပ်လက်ပစ်ဗုံး ပစ်ထည့်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ရဲများ အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့ဝင် ၁ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ကြောင်း  PDF-South Monywa အဖွဲ့ထံမှ သိရသည်။  


စစ်ကိုင်းတိုင်း မုံရွာမြို့ ကျောက္ကာလမ်းရှိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင် Mytel ရုံးအစောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဦး ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ ညရနာရီတွင် PDF-South Monywa က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှု ရှိမရှိကို မသိရှိရသေးကြောင်း PDF-South Monywa အဖွဲ့ထံမှ သိရသည်။


ရန်ကုန်တိုင်း မရမ်းကုန်း၊လှိုင်သာယာနှင့်ကမာရွတ်မြို့နယ်တို့တွင် ဗုံးကွဲပြီး ပစ်ခတ်မှုများဖြစ်ပေါ်

===========================================


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ်(၇)ရပ်ကွက် တေးဥယျာဉ် (၃)လမ်းထိပ် ၊ မီးခွက်ဈေး(၅)ထိပ်အနီး ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။  


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရရပ်ကွက်အတွင်း နေထိုင်သော အကြမ်း ဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံထားရသူ စမ်းသီတာကို ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် Black Eagle Ranger အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း BER အဖွဲ့ထံမှ သိရသည်။


ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ၂ ရပ်ကွက် ပြည်လမ်းမ မာလာကားမှတ်တိုင်အနီးရှိ KBZ Bank ရုပ်ချုပ်အနီး တွင် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ နံနက် ၉နာရီက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း၊ မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မလမ်းရှိ KBZ ATM တွင်လည်း ဗုံးပေါက်ကွဲကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။  


ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ချစ်ဝင်း သားအဖ အသတ်ခံရ

===========================================


ရန်ကုန်တိုင်း တွံတေးမြို့နယ် ကျွန်းဘက်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ချစ်ဝင်း ကို၎င်းနေအိမ်၌ နိုဝင်ဘာလ ၄ရက်နေ့ ည၉နာရီက အမည်မသိ သေနတ်သမားများ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ချစ်ဝင်း၏ သားဖြစ်သူ ပွဲချင်းပြီးသေဆုံးကာ ချစ်ဝင်းမှာလည်းဆေးရုံတွင် သေဆုံးသွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။        


မန္တလေးတိုင်း၊ မဟာအောင်မြေ ကျောက်၀ိုင်း ဗုံးပေါက်

=========================================


မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်းအနီး ၃၈ လမ်း၊ ၈ရလမ်းနှင့် ၈၈ လမ်း ကြား ဦးပေစိ ဘုရားအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဘုရားဝင်းအတွင်း ဝင်ရောက်သွားပြီးနောက် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ နေ့လည် ၁၂ နာရီခန့်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။  


ကချင်ပြည်နယ်၊ ဖားကန့်တွင် ရဲကားတစ်စီး ဗုံးခွဲခံရ 

========================================


ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာ အ.ထ.က (ခွဲ) ကျောင်းအနီးတွင် ရပ်ထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ဝင် ရဲကားတစ်စီးကို ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ နံနက် ၈ နာရီ ၃ဝမိနစ်၌ ဗုံးခွဲတိုက်ခိုက်ခံရကာ ကားပျက်စီးသွားသော်လည်း လူမရှိခြင်းကြောင့် ထိခိုက် ဒဏ်ရာရရှိသူ မရှိကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။      


စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

===========================================


စစ်ကိုင်တိုင်း၊ ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကား ၃ စီးပါ စစ်ကောင်စီယာဉ်တန်းအား သာယာကုန်းရွာနှင့် ထောက်ကြံ့ကျေးရွာကြားတွင် ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက် ၈ နာရီခွဲခန့်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီး မိုင်းထိမှန် ပက်လက်လန်သွားကာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊ အများအပြားဒဏ်ရာရသွားကြောင်း Kalay-PDF က သတင်းထုတ်ပြန်သည်။


ယမန်နေ့တွင် စစ်ကောင်စီ စစ်ကား ၃၀ ပါ ယာဉ်တန်းသည် ကလေးမြို့ဘက်မှ တောင်ဘက်သို့ ထွက်ခွာခဲ့ပြီး ကလေး-ဂန့်ဂေါလမ်းရှိ မှန်တောရွာအတွင်း အများပြည်သူ နေအိမ် ၁၁ လုံးအတွင်းက ရွှေ၊ ငွေ၊ ဆိုင်ကယ်၊ အဖိုးတန်ပစ္စည်း သိန်း ၂၀၀ ခန့်အား ခိုးယူသွားခဲ့ကြောင်း ကလေးမြို့ PDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင် ရဲနှင့်စစ်သား ၁၅ ဦးသေဆုံး

===========================================


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ မှ စစ်သား ၁၀ ဦး ထွက်ပြေးရာ ယင်းထွက်ပြေးသည့် စစ်သား ၁၀ ဦး ကို လိုက်လံရှာဖွေရင်း ဂန့်ဂေါမြို့မရဲစခန်းမှ စခန်းမှူး အောင်ကျော်သန်း အပါအဝင် ရဲ ၄ ဦး မိုင်းဆွဲခံရပြီး သေဆုံးသွားကြောင်း ဂန့်ဂေါဒေသ သတင်းရင်းမြစ် Yaw Eagle က ပြောဆိုထားသည်။ 


အလားတူ ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၁ ဦးယနေ့ သေဆုံးကြောင်း ဂန့်ဂေါဒေသတင်းရင်းမြစ်က ဆိုသည်။ 


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်သား ၄ ဦးသေ

=====================================


စစ်ကိုင်းတိုင်း ယမန်နေ့ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာတွင် သေနတ်များပစ်ဖောက်ကာ နေအိမ်များ ဖျက်ဆီးခဲ့သော အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  ယနေ့ နံနက်ပိုင်းသပြေကုန်းရွာ အနောက်ဘက်တွင် ပုလဲ-PDF က မိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်း၊ သေဆုံး၊ဒဏ်ရာရ တပ်သားများကို ပုလဲမြို့နယ်ရဲစခန်းက  ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က သတင်းထုတ်ပြန်သည်။


အလားတူ ဦးနှောက်ကျေးရွာအနီး ရောက်ရှိလာသော စစ်ကောင်စီတပ်များကို PRA အပါအဝင် ပုလဲ PDF စုပေါင်းတပ်များက ၀ိုင်းဝန်း တိုက်ခိုက်ကြရာ စစ်ကောင်စီဘက်မှ အသေအပျောက်စာရင်း ရှိ၊ မရှိ အတည်ပြုမရနိုင်ကြောင်း သိရှိရသည်။ 


အလားတူ ကန်ဒေါင့်ကျေးရွာဘက်မှ ဆိုင်ကယ် ၆ စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လှိုင်းချောင်းလမ်းခွဲအနီးတွင် ပုလဲ PDF  က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် ၁ စီး မိုင်းထိခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကြောင်း၊ စစ်ကောင်စီတပ်သားများ  ကန့်ဒေါင့်ရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း PPDF ထုတ်ပြန်ချက်အရ သိရှိရသည်။


စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်သား ၁ ဦးသေ 

=======================================


စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာနှင့် ဝိတုပ်ကျေးရွာကြားတွင် စစ်ကောင်စီယာဉ်တန်းအား ယနေ့ မွန်းလွဲ ၁ နာရီခန့်၌ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း တမူး PDF တပ်ရင်း ၃ ထံမှ သိရသည်။


စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်သား ၃၀ ခန့်သေဆုံး

===========================================


စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အထက်ဝဲကြီးကျေးရွာသို့ သွားသည့်လမ်းတွင် ယနေ့ ညနေ ၄နာရီခွဲခန့်အချိန် မင်းကျောင်းကုန်းဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နှင့် ကသာ PDF တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၃၀ ခန့် သေဆုံးကြောင်း ကသာမြို့သတင်းရပ်ကွက်များထံမှ သိရှိရသည်။ 


ခြေကျင်ဆင်းလာသော စစ်ကောင်စီတပ်များကို ကသာPDF က မိုင်း ၅ လုံးဆွဲ၍ လမ်းဘေး ဝဲယာမှ တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ကြောင်း၊ မိနစ် ၄၀ နီးပါး ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဦးခန့် သေဆုံးနိုင်ကြောင်း ကသာPDF နှင့်နီးစပ်သော ဒေသခံများထံမှ သိရှိရသည်။ 


KIA သတင်းရင်းမြစ်ကမူ ကသာ မြို့နယ်၊ အထက်ဝဲကြီးကျေးရွာ အနီးတိုက်ပွဲမှာ KIA နှင့် PDF ပူးပေါင်း တပ်နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှု စာရင်းကို အတည်မပြုနိုင်ဟုဆိုသည်။ 


ချင်းပြည်နယ်၊ တီးတိန်တွင် စစ်သား ၂ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ

===========================================


ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ခြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-Zoland၊ Chinland Defense Force - Kalay Kabaw Gangaw ၏ တပ်ရင်း ၂ CDM-Siyin ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးကာ လကနက်အချို့သိမ်းဆည်းရမိကြောင်း PDF-Zoland က သတင်းထုတ်ပြန်သည်။


ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်း၊ စစ်ကောင်စီတပ်မှ ၂ ဦးကျဆုံးကာ အချို့မှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း Civic Defense Militia - Siyin (CDF-KKG)အဖွဲ့ထံမှလည်း သိရှိရသည်။


ဖယ်ခုံတွင် တိုက်ပွဲများဖြစ်၊ စစ်တပ်သား ၁၀ ဦးသေဆုံး

====================================


ရှမ်းပြည်နယ်-ကယားပြည်နယ် နယ်စပ် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာဘက်သို့ တိုက်ပွဲ အဆက် မပြတ် ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်၍ ကျေးရွာနေပြည်သူများ၏ အိုးအိမ်ပျက်စီးခဲ့ကြောင်း တိုး တက်သော ကရင်နီပြည်သူ့အင်အားစုPKPF က ပြောသည်။


ဖယ်ခုံတွင် နိုဝင်ဘာ ၅ ရက်နေ့  နံနက် ၈ နာရီ အချိန် မှညနေ ၂နာရီ အချိန်ထိတိုက်ပွဲပြင်းထန်ခဲ့ပြီး  စစ်ကောင်စီတပ်များက လက်နက်ကြီးအများအပြားပစ်ခတ်အသုံးပြုကာ ခေါင်းအိကျေးရွာ၊စက်တော်ကျေးရွာတို့ကိုပစ်ခတ်ခဲ့သဖြင့် လူနေအိမ် ၆  လုံးခန့်ပျက်စီးခဲ့ကြောင်း၊  ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်ရှောင်စခန်းကို စကခ ၇ က လက်နက်ကြီး ဖြင့်ပစ်ခတ်ခဲ့ပြီး  ပြည်သူတစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။ 


ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု စက်တော်ကျေးရွာတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် ကရင်နီတပ်မတော် (KA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDF)တို့အကြား ယနေ့  တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးသေဆုံးခဲ့ကြောင်း ၊ ကရင်နီတပ်သား ၁ ဦးလည်း ကျဆုံးခဲ့ရကြောင်း KNDF ကသတင်းထုတ်ပြန်သည်။


ရွှေကူမြို့နယ်တွင် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံး

=================================


နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၇  နာရီဝန်းကျင်အချိန် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အဝင် အောက်လေးလမ်းဆုံ ၆၀၂ တပ်အနီးရှိ စစ်ကောင်စီတပ်နှင့် ရဲများ စုပေါင်းစစ်ဆေးရေးဂိတ်ကို KIA တပ်မဟာ ၃ တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၃ ဦးနှင့် ရဲ ၂ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။ 


ဒေသခံများ၏အဆိုအရမူ ရွှေကူမြို့ပြင် အောက်လေးလမ်းဆုံ ၆၀၂ တပ်အနီး စစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး​ ဗိုလ်ကြီးတစ်ဦးနှင့် ရဲဘော်တစ်ဦး သေဆုံးကြောင်း ပြောဆိုကြသည်။ 


ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်များ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

===========================================


မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းက ပြန်လာသည့်စစ်ကောင်စီအဖွဲ့ကို နိုဝင်ဘာလ ၄ ရက်နေ့ ည ၉ နာရီခွဲ အချိန်ဝန်းကျင် ပခန်းကြီးနှင့် ပခန်းငယ်ကြားတွင် ရေစကြို PDF က မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်သား ၂ ဦး သေဆုံးကြောင်း ဒေသ ကာကွယ်ရေးတပ်က ပြောဆိုသည်။ 


မိုးကုတ်၊ စစ်ဆေးရေးဂိတ် ဗုံးခွဲခံရပြီး စစ်သား ၁ ဦးသေဆုံး

===========================================


မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း မြို့ဦးလွင်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ဒေသ ကာ ကွယ်ရေးတပ်ဖွဲ့က ဗုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ခေတ်သစ်မီဒီယာ

ဓာတ်ပုံ- ချင်းပြည်နယ်၊ ဟားခါးသို့ အောက်တိုဘာလအတွင်း ဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်း။ 

Photo Credit - ချင်းဒေသမီဒီယာများ


ဆက်ဖတ်ရန် →