SWIFT Code ကိုလက်နက်သဖွယ် အသုံးပြုဖို့အကြံပေး
တစ်နိုင်ငံနဲ့ တနိုင်ငံ Wire Transfer လို့ခေါ်တဲ့ ပိုက်ဆံ လွှဲကြတဲ့ အခါမှာ ဘယ်နိုင်ငံကို လွှဲမှာလဲ ဆိုတာပေါ်မူတည်ပြီး နုင်ငံအလိုက် SWIFT Code သတ်မှတ်ထားပါတယ်..
အခု ရုရှားကို Sanction Impose လုပ်ဖို့အရေး SWIFT Code ကိုလက်နက်သဖွယ် အသုံးပြုဖို့ ငွေရေးကြေးရေး ကျွမ်းကျင်သူတွေက အကြံပေးပေမယ့် သမ္မတ ဗိုက်တန်က လိုရင်ထုတ်သုံးမယ်ဆိုပြီး အရံအနေနဲ့ထားပါတယ်.. ချက်ခြင်းထုတ်မသုံးရခြင်း အကြောင်းအရင်းက အဲဒီရွေးချယ်မှု့ဟာ ငွေရေးကြေးရေး လောကမှာ နျူကလီးယားလက်နက်ထုတ်သုံးသလိုဘဲ..ပြင်းထန်းလွန်းလို့တဲ့..
ဘယ်လိုပြင်းထန်သလဲဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးက ရုရှားကို သွားမယ့်ပိုက်ဆံတွေအားလုံးကို ဖြတ်တောက်လိုက်တဲ့အတွက် ရုရှားရဲ့ အဓိက ဝင်ငွေတွေဖြစ်တဲ့ တကမ္ဘာလုံးက Oil and Gas ရောင်းရငွေတွေ မဝင်တော့ဘဲ ရုရှားကို ကမ္ဘာ့ငွေကြေးစနစ်က ဖယ်ထုတ်ပစ်လိုက်သလိုဖြစ်မှာကြောင့်ပါ..
အခုလောလောဆယ်တော့ ရေနံဈေးတွေ တက်လာပြီး အိုပက်နိုင်ငံတွေကို ဂရက်ရိုက်ပါပြီ..
US မှာလည်း တက်လာပါတယ်. နောက်ဆို လမ်းလျှောက်ပြီး အလုပ်တက်ကြရမယ် ထင်တယ်. ဘာဖြစ်လည်း ပျော်ပျော်ပါးပါးပေါ့.
credit Wynn Bo Han
https://www.nbcnews.com/news/world/swift-banking-system-used-sanction-russia-rcna17533?cid=sm_npd_nn_fb_ma&fbclid=IwAR3K6VCmsaZDj_ff7NI3rkwQTS6sMtrqYOYOxnB6RUN_KqWM6NK1cyXhF2A

မှတ်ချက်များ
Post a Comment