ဝိုင်းမော်တွင် စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲကို KIA တပ်က ဖမ်းဆီး၊ အသေးစိတ် မကြာမီ ထုတ်ပြန်မည်ဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ခေတ်သစ်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြိုနယ်၊ ဆံဒုံး-ကန်ပိုက်တီးလမ်းပိုင်းတွင် စစ်တပ် ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲကို KIA တပ်ဖွဲက ဖမ်းဆီးလိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၉ နာရီခန့်အချိန် ဝိုင်းမော်မြိုနယ်တွင် စစ်တပ်နှင့် အကျိုးတူလုပ်ကိုင်နေသော ရွှေတူးဖော်ရေးလုပ်ငန်းရှင်များကို စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲက သွားရောက်တွေ့ဆုံပြီး ရွှေလုပ်ကွက်များကို စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် အိမ်စီးကားဖြင့် တိတ် တခိုးပြန်လာစဉ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က လမ်းမှ စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲကို KIA တပ်ဖွဲက ဖမ်းဆီးလိုက်ပြီးနောက် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် စစ်တပ်က စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါ စစ်ကြောင်းကို KIA တပ်ဖွဲက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများစွာဖြင့် ပြန်ဆုတ်သွားကြောင်း သိရသည်။
"ခလရ ၃၈၉ ဒုတပ်ရင်းမှူးနဲ့ အဖွဲကို အိမ်စီးကား တစ်စီး အပြည့်ပဲ ဖမ်းဆီးလိုက်တယ်။ လက်နက်ကော လူတွေကော ဖမ်းမိတာ။ အသေးစိတ်တော့ ထပ် ပြောပေးပါ့မယ်။ ဖမ်းမိတာကတော့ အတည်ပြုနိုင်ပြီ" ဟု KIA တပ်ဘက်က ပြောသည်။
ဓာတ်ပုံ- ကချင်ပြည်နယ်၊ ပူတာအိုရှိ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲဝင်တချို။

မျှဝေရန် —
Facebook ·
X ·
Telegram ·
မှတ်ချက်များ
Post a Comment