ရွှေဘို၊ ကျားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀၀ ကျော်ပြာကျပြီး သက်ကြီးရွယ်အို ၃ ဦး နှလုံးရပ် သေဆုံး၊ ကသာမြို့ နယ်၊ လှေပိုရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရန်ကုန်ခေတ်သစ် မီဒီယာ
စစ်ကိုင်းတိုင်း၊
ရွှေဘိုမြို့နယ်၊ ကျားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် နေအိမ်
၁၀၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့
ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရွှေဘိုမြို့နယ်ရှိ ကျား
တောင်ရွာ၊ ကျားမြောက်ရွာ၊ ကျားနောက်ရွာနှင့်ကျား အလယ်ရွာတို့ကို
ညောင်ပင်သာရွာ စိုက်ပျိုးရေးကျောင်းမှ စစ်သားနှင့် ပျူစောထီးများက ဝင်ရောက်
စီးနင်းမီးရှို့ခဲ့ပြီး နေအိမ် ၁၀၀၀ ကျော် မီး လောင်ပြာကျခဲ့ကြောင်း၊
စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ် သေနတ်များ အဆက်မပြတ်
ပစ်ခတ်ခဲ့သောကြောင့် အသက်အရွယ် ကြီးရင့်သူ ၃ ဦး နှလုံးရပ်ကာ
သေဆုံးခဲ့ကြောင်း သိရသည်။
"ကျားရွာက တောင်၊မြောက်၊နောက်၊ လယ်
ဆိုပြီး ၄ ရွာပေါင်းထားတဲ့ ကျေးရွာကြီးပါ စစ်ခွေးတွေမီးရှို့လို့ နေအိမ်
၁၀၀၀ ကျော်ပြာကျသွားတယ်။ အနောက်ရွာမှာ တစ်ရွာလုံး နီးပါး ရှို့ခံလိုက်ရတယ်။
အနောက်ရွာနဲ့ မြောက်ရွာလည်း နေအိမ် တော်တော်များများပါ သွားတယ်။ ကျေးရွာ ၄
ရွာပေါင်းနေအိမ် ၈၀ ရာခိုင်နှုန်းလောက်က မီးထဲပါသွားပါပြီ။ စစ်ခွေးတွေ
ရွာထဲဝင်တဲ့အချိန် သေနတ်တွေ ဆက်တိုက်ဖောက်လို့ ကျားတောင်ရွာက အဘိုးအို ၁
ဦးနဲ့ အဘွားအို ၁ ဦး နှလုံးအမောဖောက်ပြီး ဆုံးပါးသွားတယ်။ ဘေးရွာက
အဘိုးအို ၁ ဦးလည်း နှလုံးအမောဖောက်ပြီး ဆုံးပါးသွားပါတယ်" ဟု ဒေသခံ ပြည်သူ
တစ်ဦးကပြောဆိုသည်။
စစ်တပ်က ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင်လည်း
ကျားတောင်ရွာကို မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၉၀
ကျော်မီးလောင်ပြာကျခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင်မူ
ကျား အနောက်ရွာ၊ ကျားမြောက်ရွာ၊ ကျားလယ်ရွာနှင့် ကျားတောင်ရွာတို့ကို
စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ လှေပိုရွာကိုလည်း အကြမ်းဖက်
စစ်တပ်က ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မီးတင်ရှို့ဖျက်ဆီးနေကြောင်း
ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
" လှေပိုရွာကို စစ်ခွေးတွေ မီးစတိုက်နေပါပြီ လက်နက်အင်အား မမျှတလို့ ဒီတိုင်းပဲ ငေးကြည့်နေရတယ်" ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။
ဖေဖော်ဝါရီလ
၁၁ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က ကသာမြို့နယ်ရှိ အင်းကြီးရွာကို
မီးရှို့မှု လူနေအိမ် ၂၈၆ လုံးပြာကျခဲ့ကြောင်း၊ လှေပိုရွာကို
မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၆၉ လုံးပြာကျခဲ့ကြောင်း သိရှိရသည်။
မျှဝေရန် —
Facebook ·
X ·
Telegram ·
မှတ်ချက်များ
Post a Comment