နောက်ဆုံးရ
အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး

အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး

ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့်ရင်းနှီးသူ၊ မဘသနှင့်အမျိုးသားရေး အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံတွင် အရေးပေါ် ကုသနေရာမှ သေဆုံး

ရန်ကုန်၊ မေ ၃၀ ခေတ်သစ်

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်တွင် စစ်တပ်ထောက်ခံပြီး ထိပ်တန်း စစ်ဗိုလ် ချုပ် များနှင့်ရင်းနှီးသူ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ  မဘသနှင့် အမျိုးသားရေး အစွန်းရောက် အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံတွင် အရေးပေါ် ကုသနေရာမှ သေဆုံးသွားကြောင်း သိရှိရသည်။ 

 မေလ ၂၉ရက် ည ၇ နာရီအချိန်   ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရန်အောင် လမ်း၊ တိုက်အမှတ်၂၆၅ နေထိုင်သူ စစ်တပ်ထောက်ခံသူ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက် အဖွဲ့ဝင် လီလီနိုင်ကျော်ကို  မြိုပြပျောက်ကြားတပ် ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း၊ လီလီနိုင်ကျော်သည်   စစ်ကောင်စီ ၏ စစ်ခေါင်း ဆောင်ပိုင်းများနှင့်ထဲထဲဝင်ဝင် ရင်းနှီးသူဖြစ်ပြီး တော်လှန်ရေးရဲဘော်များ၏ သတင်းအချက်လက်များနှင့် တော်လှန်ရေး လှုပ်ရှား မှုများကို စစ်တပ်အတွက် စုံစမ်းထောက်လှမ်းပေးသူဖြစ်ကြောင်း ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။ 

"ပစ်ခတ်ခံရတဲ့အချိန်ကတည်းက မေးစေ့နဲ့ နားထင် (ခေါင်း)ကို ဖောက်ထွက်သွားတာ။ ဆေးရုံရောက်ကတည်းက အသက်ငွေ့ငွေ့ပဲ ကျန်တော့တာလို့ ပြောပါတယ်။ သေသွားတာတော့ သေချာပြီလို့ သိရတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။ 

လီလီနိုင်ကျော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နွေဦးတော်လှန် အရှိန် အဟုန်မြင့် စတင်ချိန်မှ စပြီး အေးချမ်းစွာဆန္ဒပြကြသည့်အများ ပြည်သူ လူထုများ၊ သပိတ်လူငယ်များ နှင့် ရပ်ကွက်အတွင်း သံပုံးတီးဆန့် ကျင် သည့် နေအိမ်များကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးစေရန် သတင်းပေး၍ ဖမ်းဆီး စေခြင်း၊  ရန်ကင်းမြို့နယ်အတွင်း ရန်ကင်း ၁၂လုံးတန်းမှ တော်လှန်ရေး လူငယ် များ အပါအ၀င် ရွှေအုန်းပင်မှ‌ တော်လှန်ရေးလူငယ်များ၏ သတင်းအချက် အလက်များကို စစ်ကောင်စီထံ သတင်းပေးခြင်းများ လုပ်ဆောင်ခဲ့သည့် သက်သေအထောက် အထားများရရှိထားကြောင်း သိရှိရသည်။ 

ထို့ပြင် လီလီနိုင်ကျော်သည် အကြမ်းဖက်စစ်ကောင်စီမှ ဒုတိယ ဗိုလ်ချုပ်မှူး ကြီးစိုးဝင်း၊ ဗိုလ်ချူပ် ဇော်မင်းထွန်းနှင့် တခြားသော စစ်ခေါင်းဆောင်တို့နှင့် ထိတွေ့ ဆက်ဆံနေသူဖြစ် သည့်အပြင် အကြမ်းဖက် စစ်ကောင်စီ၏ လက်ဝေခံ တယ်လီဂရမ် သတင်းချန်နယ် မီဒီယာများသို့ တော်လှန်ရေးရဲဘော်များ၏ အချက် အလက်များကိုလည်း သတင်းပေးနေသူဖြစ်ကြောင်း၊ လီလီနိုင်ကျော်သည် ၇၈ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့လည်း VIP နံပါတ် ၉၇၄ လည်ဆွဲကတ် ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။





ဆက်ဖတ်ရန် →
ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ  ဘယ်လိုဖြစ်လာသလဲ

ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ


ဟိုးတုန်းကတော့ ရန်ကုန်ဟာ 
ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့ 
ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။ 

အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက 
ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။ 
ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော 
ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ 
ဆင်းသက်လာခဲ့ကြောင်း သိရပါတယ်။ 
မွန်ဝေါဟာရအရ ကုန်းမြင့်ပေါ်က စေတီ လို့ 
အဓိပ္ပါယ်ရပါတယ်။

၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ 
ဒဂုံကို အောင်နိုင်ပြီး ရန်ကုန် ဟူ၍ 
စတင်ပြောင်းလဲခဲ့ပါတယ်။ 
အဲဒီနောက် ကုန်းဘောင်ခေတ် ၊ 
ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး 
ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ 
မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့ 
အဓိကအကျဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။ 

ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊ 
စမ်းချောင်း စတဲ့ မြို့နယ်ခွဲပေါင်းများစွာနဲ့ 
ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ 
ထိုမြို့တွေရဲ့အမည် ဟာ ဘယ်ကနေ 
ဖြစ်ပေါ်လာပါသလဲ။ အများစုကတော့ မွန်နာမည် 
အခေါ်အဝေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။ 
မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ် 
မျှဝေလိုက်ပါတယ်။

ကမာရွတ် - 
မွန်ဘာသာ ဖြစ်ပြီး ကမာဆိုတာ ရေကန် ၊ 
ရွတ် ဆိုတာ ရတနာ ဖြစ်ပါတယ်။ 
ရတနာကန် ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်
အင်းလျားကန်ကို ရှေးတုန်းက ခေါ်တဲ့နာမည်ပေါ့။

ကျောက်တံတား - 
ကုန်းဘောင်ခေတ်ဦးတုန်းက 
ဆူးလေတစ်ဝိုက်ဟာရေပတ်လည်ဝိုင်းနေတဲ့ 
နေရာပါ။ အဲဒီအနီးအနားမှာ ဘုရားဘက်ကို 
ကူးသွားနိုင်တဲ့ ကျောက်တံတားကြီးတစ်ခု 
ရှိခဲ့ဖူးရာကနေ ဒီနာမည် ဖြစ်လာပါသတဲ့။

ကြည့်မြင်တိုင် -
မွန်ဘာသာအမည် ကမနျဋျုငျက 
ဆင်းသက်လာတာပါ။ မြို့ရိုးရှိတဲ့ မြို့လို့ 
အဓိပ္ပါယ်ရပါတယ်

ကံဘဲ့ - 
မွန်ဘာသာအမည် ခပင်း(ခပေင်) ကို 
မြန်မာဘာသာနဲ့ ခေါ်ရာ ကနေ ကန်ဘဲ့ ဆိုပြီး
ဖြစ်လာတာပါ။ အဓိပ္ပါယ်က သစ်ပင် ဖြစ်ပါတယ်။

ကုက္ကိုင်း - 
မွန်ဘာသာ ကော့ကောင်း က ဆင်းသက်
လာတာ ဖြစ်ပါ တယ်။ ကော့ဆိုတာ ကုန်း၊ 
ကောင်းဆိုတာက မရွေးပင်ကိုခေါ်တာမို့ 
အစကတော့ မရွေးပင်ကုန်းလို့ ခေါ်တဲ့နေရာပါ။

စမ်းချောင်း - 
စတင်တည်ထောင်စအချိန်မှာ တောင်ကုန်းဖြစ်ခဲ့ပြီး အဲဒီတောင်ကုန်းတွေကြားမှာ စမ်းချောင်းကလေးတစ်ခု စီးဆင်းနေ ပါသတဲ့။ အဲဒီစမ်းချောင်းကို အစွဲပြုပြီး ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဆင်မလိုက် - 
ရှေးအခါက နွံထူတဲ့အရပ်ဖြစ်တာကြောင့် 
ဆင်တွေဟာ အဲဒီနေရာရောက်ရင် 
ဆက်မသွား ၊ ဆက်မလိုက်တော့ပဲ 
ရပ်တန့် သွားတတ်ရာကနေ ဆင်မလိုက် ဆိုပြီး 
ဖြစ်လာပါသတဲ့။

တာမွေ - 
မွန်အမည် တာမွေ ကနေ တိုက်ရိုက်
ဆင်းသက်လာပါတယ်။ ထန်းပင်တစ်ပင် ဆိုတဲ့
အဓိပ္ပါယ်ရပါတယ်။

ပုဇွန်တောင် - 
မွန်ဘာသာ ပုဇွန်ဒေ ကလာတာပါ။ 
တောင်ကုန်းငါးခု လို့ အဓိပ္ပါယ်ရပါတယ်
အဲဒီကုန်းတွေက မလွှကုန်း ၊ မအူကုန်း ၊ 
သစ်ဆိမ့်ကုန်း ၊ ချစ်တီးကုန်း နဲ့ 
ပုရွက်ဆိတ်ကုန်း တို့ဖြစ်ပါတယ်။

ဗဟန်း - 
ဗဟန်းဆိုတာကလည်း မွန်ဘာသာကနေ
ဆင်းသက်လာပြီး အဝါရောင်ရှိတဲ့မြေလို့ 
အဓိပ်ပါယျရပါတယျ။ ရှေးအခါက ကန့်ထွက်တဲ့ 
အရပ်ဒေသ ဖြစ်ခဲ့ဟန် တူပါတယ်။

ဘောက်ထော် - 
မွန်ဘာသာ ပေါက်ထောကနေလာပြီး 
ရွှေဟင်္သာလို့ အဓိပ္ပါယ်ရပါတယ်။

မင်္ဂလာဒုံ - 
မွန်အမည် ဍုံဒရိုင်မငေ ကနေ 
ဆင်းသက်လာပါတယ်။ အဓိပ္ပါယ်က
မင်္ဂလာသမင်မြို့ ဖြစ်ပါတယ်။ 
အဲဒီကနေ မြန်မာဘာသာ တိုက်ရိုက်
ယူသုံးရာကနေ မင်္ဂလာဒုံမြို့ဆိုပြီး ဖြစ်လာပါတယ်။

မြေနီကုန်း - 
၁၈၄၁ခုနှစ် သာယာဝတီမင်းလက်ထက် 
အခုမြို့မကျောင်းနား က ကွင်းပြင်မှာ 
အောင်မြေရန်နှင် နန်းမြို့တည်ဆောက်စဉ် 
မြို့တော်တံခါးတွေထဲမှာ မြေနီကုန်းတံခါး 
ဆိုတာ ပါ ပါတယ်။ အဲဒီတံခါးကနေ ထွက်လိုက်ရင် အနီရောင်တောင်ကုန်းငယ်ကလေးကို တွေ့ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

လသာ - 
ရန်ကုန်ကို အင်္ဂလိပ်တွေသိမ်းပြီး 
မြို့ကွက်ရိုက်ရာမှာ လမ်းနာမည်ကို 
သူတို့အရာရှိတွေရဲ့အမည်တွေပေးခဲ့ပါတယ်။ 
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာပါဝင်ခဲ့တဲ့ 
ကတ်ပတိန်လတ္တာ (Capt.Lattar) ကို 
ဂုဏ်ပြု တဲ့အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။ 
လတ္တာလမ်းကို မြန်မာလိုခေါ်ခဲ့ကြရာမှာ 
လသာလမ်း ဆိုပြီးဖြစ်လာပါတယ်။ 
အဲဒီနားတဝိုက်ကိုလည်း လသာရပ် ဆိုပြီး
ခေါ်ခဲ့ကြပါတယ်။

လမ်းမတော် - 
သာယာဝတီမင်း ရန်ကုန်မြို့ကိုကြွလာစဉ်တုန်းက သင်္ဘောဆိပ်ကနေ အောင်မြေရန်နှင်နန်းမြို့ကို သွားတဲ့လမ်းဖြစ်ပါတယ်။ ဘုရင်သွားတဲ့လမ်းမ ဖြစ်တာကြောင့် တော်တပ်ခေါ်ရာနေ လမ်းမတော် ဆိုပြီးဖြစ်လာပါတယ်။

အင်းစိန် - 
မွန်ဘာသာ အန်းစိန်(အင်စိင်)ကနေ 
ဆင်းသက်လာပြီး ဆင်တွေရေကစားရာအရပ် လို့ အဓိပ္ပါယ်ရပါတယ်

Crd : One Daily Media Knowledge


ဆက်ဖတ်ရန် →
ရွေးကောက်ပွဲအနိုင်ရ  Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာဘာသာဖြင့် သူ၏ တွစ်တာ လူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်ထား

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာဘာသာဖြင့် သူ၏ တွစ်တာ လူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်ထား

" မြန်မာပြည်သူတွေ၊ အထူးသဖြင့် မိုခါဆိုင်ကလုန်းကြောင့် အသက်အိုးအိမ် စည်းစိမ်ပျက်စီးခဲ့ရတဲ့ ပြည်သူတွေနဲ့အတူ ကျနော် ဒီနေ့မှာ မျှဝေခံစားတဲ့ စိတ်အာရုံနဲ့အတူ မေတ္တာပို့ဆုမွန်ကောင်းတောင်းပါ တယ်။  မုန်တိုင်းဘေး ဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူတွေကို လူသားချင်းစာနာတဲ့အကူအညီ တွေ ပေးအပ်မှုကို အဆောတလျင်အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ ကြားကာလ အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို ကျနော်တောင်းဆိုပါတယ်။ သေရေး ရှင်ရေးတမျှ အကူအညီတွေလိုအပ်နေတဲ့ မုန်တိုင်းဘေးဒုက္ခသည် တွေ ကို ဦးစားပေးအနေနဲ့ ပထမဆုံး အထောက်အပံ့တွေပေးရမှာပါ။  ဒါဟာ ဝန်ကြီးချုပ် အသစ်အဖြစ် ရွေးကောက်ခံထားရတဲ့ ကျနော်ရဲ့ နိုင်ငံခြားရေး မူဝါဒအသစ်နဲ့ကိုက်ညီတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်" ဟု ထိုင်းနိုင်ငံ ရွေးကောက် ပွဲအနိုင်ရ  Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က ပြောဆိုသည်။ 

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အရေးပါသည့် အင်အားစုတိုင်းက ဆက်သွယ်ညှိနှိုင်းရမည်ဖြစ်ပြီး လူသားဘ၀လုံခြုံရေး အခြေခံမူဝါဒဖြင့် ဆောင်ရွက်ရမည်ဟု ၎င်းက ဆိုသည်။ 

"မြန်မာနိုင်ငံဆိုင်ရာ ကျနော်ရဲ့ မူဝါဒဟာ လူသားဘ၀လုံခြုံရေး စဉ်းစားချက် အပေါ် အာရုံစိုက်ပြီး အရေးပါတဲ့အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်း မယ့်မူဝါဒ ဖြစ်ပါတယ်။ ဒီလူသားဘ၀လုံခြုံရေး အခြေခံတဲ့မူဝါဒမှာ လူသားချင်း စာနာ ထောက် ထားမှုအပိုင်းရော၊ စီးပွားရေး ဘ၀လုံခြုံတိုးတက်ရေး အပိုင်းတွေပါ ပါဝင်ပါတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်ရာမှာ ထိုင်း-မြန်မာနှစ်နိုင်ငံ၊ အာဆီယံအဖွဲ့ကြီးတခုလုံးအပြင် နိုင်ငံတကာ အသိုက်အမြုံ အတွက်ပါ အပြန်အလှန်ငြိမ်းချမ်းရေးနဲ့ သာယာ၀ပြောရေးကို ဆောင်ကြဉ်း ရရှိစေရေး ဆိုတဲ့အမြင်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်" ဟု ထိုင်းနိုင်ငံ ရွေးကောက်ပွဲအနိုင်ရ  Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာဘာသာဖြင့် သူ၏ တွစ်တာ လူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

 @KTM



ဆက်ဖတ်ရန် →
ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ


KNA| May 15,2023./နွေဦးဝေ

မနေ့က ကျင်းပပြီးစီးသွားတဲ့ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ အသက်၄၂နှစ် ဟားဗတ်ကျောင်းဆင်း ပီတာလင်ဂျာရိုရန်ရတ် ဦးဆောင်တဲ့ Move Forward ပါတီက အမတ်နေရာ ၅၀၀မှာ လောလောဆယ် ၁၅၂ နေရာအထိ အနိုင်ရရှိ‌ထားပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ပေတုံတန်ရှင်နာ၀ပ်ရဲ့ ဖွေထိုင်းပါတီက လက်ရှိ ၁၄၈ နေရာနဲ့ ဒုတိယ၊ စစ်တပ်ကျောထောက်နောက်ခံပြု လက်ရှိ ၀န်ကြီးချုပ် ပရာယွတ်က အမတ်နေရာ ၄၀ နဲ့ အဆင့် ၄ နေရာ အသီးသီး ရပ်တည်နေပါတယ်။

ထိုင်းနိုင်ငံရေးမှာ စစ်တပ်ကြီးစိုးမှုကို ဆန့်ကျင်တဲ့ ဖွေထိုင်းပါတီနဲ့ Move For ward ရှေ့သို့ချီ ပါတီတို့ ပေါင်းပြီး ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့ရမယ်လို့ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရို ရန်ရတ်က ပြောပါတယ်။  

လက်ရှိအခြေအနေအရ သူတို့နှစ်ပါတီပေါင်းပြီး ညွှန့်‌ပေါင်းအစိုးရ ဖွဲ့ဖို့‌ဖြစ်လာပေမယ့် ၊ဝန်ကြီးချုပ်နေရာရဖို့ အတွက်ကတော့ အောက်လွှတ်တော်အမတ် ၅၀၀အပြင်၊ထိုင်းစစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော် အမတ် ၂၅၀ကလဲ မဲပေးရမှာဖြစ်ပါတယ်

ဒါကြောင့် စစ်တပ်ကခန့်ထားတဲ့ အထက်လွှတ်တော်က အမတ်တွေရဲ့ မဲထည့်မတွက်ဘဲ ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်းနိုင်ဖို့ အောက်လွှတ်တော် မဲ အနည်းဆုံး ၃၇၆မဲရဖို့ လိုအပ်ပါတယ်။ 

တနင်္ဂနွေနေ့ ကကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲဟာ လက်ရှိဝန်ကြီးချုပ် ထိုင်းစစ်တပ်အကြီးအကဲ ပရာယွတ်ဦးဆောင်တဲ့  စစ်ခေါင်းဆောင်တွေက ဖွေထိုင်းပါတီအစိုးရကိုဖြုတ်ချ အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း  ဒုတိယမြောက် ရွေးကောက်ပွဲဖြစ်ပါတယ်။ 

၂၀၁၉ခုနှစ် ရွေးကောက်ပွဲလိုပဲ အခုရွေးကောက်ပွဲဟာ ဖွေထိုင်းပါတီဦးဆောင်တဲ့ ဒီမိုကရေစီလိုလားတဲ့ ပါတီတွေအုပ်စုနဲ့ စစ်တပ်ကိုထောက်ခံတဲ့ ပါတီတွေအကြား တကျော့ပြန်အားပြိုင်ကြတဲ့ ‌ရွေးကောက်ပွဲလို့ ပြောလို့ရပါတယ်။ ဖွေထိုင်းပါတီက ၂၀၁၉ခုနှစ်ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၃၆နေရာအနိုင်ရခဲ့ပေမယ့်၊ အစိုးရဖွဲ့ဖို့ ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ်ရဲ့ ညွှန့်ပေါင်းအဖွဲ့ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ 

ဒီရွေးကောက်ပွဲမှာ ဖွေထိုင်းပါတီက သူတို့ပါတီ ဦးဆောင်ပြီးအစိုးရဖွဲ့နိုင်ဖို့ အမတ်နေရာ ၃၁၀ အပြတ်အသတ်အနိုင်ရဖို့ ရည်ရွယ်ထားပေမယ့် အခုရလဒ်အရ Move Forwardပါတီနဲ့  တခြားအတိုက်အခံပါတီတွေနဲ့ပေါင်းပြီး  ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အခြေအနေကိုပဲ ရွေးချယ်ရတော့မှာပါ။

Ref: Burma VJ

#Kawhmu_NewsAgency

ဆက်ဖတ်ရန် →
မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ဆိုင်းမင်း/People's Spring


အသက် ၇၄ နှစ်အရွယ် မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြဟာ ဒီနေ့မှာ လွတ်ရက်စေ့လို့ မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။


ဒေါ်ဝင်းမြမြ ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာတင် ဖမ်းဆီးကာ ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ချခဲ့တာပါ။


ဒီနေ့မနက်ပိုင်းမှာတော့ လွတ်ရက်စေ့လို့ပြန်လည်လွတ်မြောက်လာတယ်လို့  မိသားစုနဲ့နီးစပ်သူတစ်ဦးပြောပြပါတယ်။


ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က လျော့ရက်ရခဲ့လို့ သတ်မှတ်ရက်ထက်စောပြီးလွတ်လာတာလို့  အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။


ဒေါ်ဝင်းမြမြဟာ NLD ပါတီ စတင်ထူထောင်ချိန်ကတည်းက ပါတီဝင်အဖြစ် ထောက်ခံအားပေးခဲ့သူဖြစ်ပြီး ယခင်စစ်အစိုးရ လက်ထက်မှာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။


၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း ၊ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်  NLD ပါတီကို ကိုယ်စားပြုပြီး အနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။



ဆက်ဖတ်ရန် →

ထန်းတပင်မြို့နယ်တွင် စစ်တပ်က ပြည်သူ (၁၈)ဦးကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်



▪️︎​မေ ၁၀ ရက်တိုက်ပွဲတွင် စစ်တပ်က ၃၀ ခန့်သေဆုံးဒဏ်ရာရပြီး အရာရှိ ၂ဦးအဖမ်းခံရပြီး​​နောက်အနီးရှိရွာမှပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်


ကျော်ဇော/People's Spring


ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ (၁၈)ဦးကို ခေါင်းဖြတ်၊ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People's Spring သတင်းဌာနသို့ ပြောသည်။


မေလ ၁၀ ရက်နေ့ ၁၀ နာရီခွဲနှင့် နေ့လယ် ၃နာရီတို့တွင်ကျောက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာရွာတွင် KNU၊  PDFပူးပေါင်တပ်ဖွဲ့ကစစ်ကောင်စီတပ်စစ်​ကြောင်းအား နှစ်ဖက်ညှပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အင်အား (၁၀၀)

ဝန်းကျင်တွင် (၃၀)ခန့်ထိခိုက်သေဆုံး၍ ဗိုလ် ၃ ဦးဖမ်းဆီးခံရကာအထိနာခဲ့သည်။တိုက်ပွဲပြီးချိန်၌ ညောင်ပင်သာမြောက်ကမ်းမှ ကလေး ၅ ဦး အပါအဝင် အပစ်မဲ့ပြည်သူ (၁၈)ဦးအား စစ်​ကောင်စီတပ်က လူမဆန်စွာ ရက်ရက်

စက်စက် သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ထန်းတပင် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


သတ်ဖြတ်ံခံရသူများတွင် ​လေးငယ် ၅ ဦး  ၊အမျိုးသမီး၉ ဦးနှင့် သက်ကြီးရွယ်အိုအများစုပါဝင်​နေသည်ကို​တွေ့ရသည်။


"ဟုတ်ပါတယ် သူတို့ဘက်က ကျဆုံးများသွားလို့ အကြောင်း

မဲ့သတ်တာပါ။ (ထိခိုက်သေဆုံး)၂၀ ကျော် ၃၀ နီးပါး ပါခင်ဗျ။ ဗိုလ်သုံးယောက် အရှင်ဖမ်းမိပါတယ်"ဟုတာဝန်ရှိသူက ဆက်ပြော သည်။


ထို့နောက် အထိနာသွားသောစစ်တပ်က ​ညောင်ပင်သာ မြောက်ကမ်းဘက်မှ က​လေးငယ်များ ၊အမျိုးသမီးများ ၊သက်ကြီးရွယ်အို အများစုပါ​သောပြည်၁၈ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။


"​ညောင်ပင်သာ ​မြောက်ဘက်ကပ်မှာ တစ်မိသားစုလုံးသတ်ပြီးမီးရှို့သွားတာ ။စစ်တပ်က။ သူတို့​အိမ်မှာ​နေ ​နေတာ။ ဒီ​လောက်စစ်ဖြစ်​​နေတာ မပြေးလို့ဆိုပြီး သတ်ပလိုက်တာ"ဟု​ဒေသခံတစ်ဦးက​ပြောသည်။


ထန်းတပင် ပ.က.ဖကလည်း လူမဆန်၊ ရက်စက်ယုတ်မာသော ဖက်ဆစ်တပ်အား အကြွင်းမကျန်အောင် ချေမှုန်းသွားမည်"ဟုကတိပြုသည်။


ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ထန်းတပင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် အသက်ဆုံးရှုံးခဲ့ရသော မိသားစုများနှင့် ထပ်တူ ထပ်ဝမ်းနည်းကျေကွဲရကြောင်း ထုတ်ပြန်ထားသည်။


စစ်တပ်ကရက်ရက်စက်သက်သတ်​စတ်ဖြတ်ခ့သူမျခဲ့​သော ပြည်သူများ


၁။ ဒေါ်ခင်ရီ အသက် ၆၈နှစ်

၂။ မသန်းသန်းဆွေ အသက် ၃၅နှစ်

၃။ မသက်နှင်းစံ အသက် ၅နှစ်

၄။ ဦးဝင်းမြိုင် အသက် ၇၀နှစ်

၅။ ကိုဇော်မိုးအောင် အသက် ၄၀နှစ်

၆။ မသူဇာ အသက် ၄၀နှစ်

၇။ မောင်မိုးဝဿန် အသက် ၁၅နှစ်

၈။ မောင်မိုးဝေယံ အသက် ၇နှစ်

၉။ ဒေါ်ချွတ်တီ အသက် ၅၈နှစ်

၁၀။ ဒေါ်တင်ဆန်း အသက် ၅၃နှစ်

၁၁။ ဒေါ်ခင်အုန်း အသက် ၅၅နှစ်

၁၂။ ဒေါ်တင်အုန်း အသက် ၅၃နှစ်

၁၃။ မသန်းသန်းဝေ အသက် ၂၈နှစ်

၁၄။ မောင်သက်ပိုင်ဟိန်း အသက် ၅နှစ်

၁၅။ ဦးတိုးတိုး အသက် ၅၃နှစ်

၁၆။ မဂျုးဂျုးမေ အသက် ၂၅နှစ်

၁၇။ ဦးကျော်သိန်း အသက် ၅၅နှစ်

နှင့်

၁၈။ အမည် စုံစမ်းဆဲ က​လေးငယ်တစ်ဦး


စသည့်ပြည်သူ ၁၈ ဦးကို ခေါင်းဖြတ်၊ မီးရှို့သတ်ဖြတ်ခဲ

သည်ဟု ထန်းတပင် ပ.က.ဖ ကအတည်ပြုသည်။


စစ်​​ကောင်စီတပ်သည် နိုင်ငံတစ်ဝန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို အကြိမ်​ရေ ဆယ်နှင့်ချီ၍ ကျူးလွန်ထားသည်။


ထိုအပြင် မေ ၂ ရက်ညနေပိုင်းတွင်လည်း တို့တွင် ထန်းတပင်မြို့နယ်၊(ဇရပ်ကြီးတောင်ခြမ်းဒေသ)ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အား K8-W တိုက်လေ

ယာဥ်နှစ်စီးဖြင့်ဗုံးကျဲခြင်းနှင့် မြေပြင်စစ်တပ်မှ လက်နက်

ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းတို့ဖြင့် နှစ်ဖက်ညှပ် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ​က​လေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး​သေဆုံးပြီး ၃ ဦးဒဏိရာရခဲ့သည်။

ဆက်ဖတ်ရန် →
The marriage ကအပြင်မှာတကယ်ရှိခဲ့တယ်မြဒေဝီ

The marriage ကအပြင်မှာတကယ်ရှိခဲ့တယ်မြဒေဝီ







တိုက်ဆိုင်မှုကတော့ မနေ့ကကျွန်မဒီ post ကိုစမြင်တဲ့နေ့ဟာ အန်တီမာကို ဆေးရုံအရေးပေါ်စပို့ရတဲ့နေ့တဲ့ ကျွန်မက ရက်စွဲတွေနဲ့ပတ်သက်ရင်မမှတ်မိတတ်သူမို့ အမေပြောမှသိရလို့ပါ
ဒီဇာတ်လမ်းကို fb ပေါ်မှာ ခဏခဏမြင်နေရတာ ပထမတစ်ပိုင်းတော့ကြည့်ဖြစ်လိုက်တယ် ခုတော့ ဒီဇာတ်လမ်းကဘယ်ဖြစ်ရပ်ကို inspiration ယူထားတယ်ဆိုတာသဘောပေါက်သွားပြီ
ဆရာဝန်မနာမည်က 'မြ' တဲ့ စစချင်းအခန်းမှာထဲက သားလေးတစ်ယောက်လဲထည့်ရိုက်ထားသေးတယ် ယောက်ျားကသင်္ဘောသားဟုတ်မဟုတ်တော့မသိဘူး EDITED - ဒီဇာတ်ကားထွက်တာနဲ့ အန်တီမာဆုံးခဲ့တဲ့မေလမှာ ၈နှစ်ပြည့်တော့မှာနဲ့ကွက်တိပါပဲ
Edited - အပြင်မှာတော့ ဖောက်ပြန်ခံရသူမှာရုပ်ရှင်ထဲကထက်အပူတွေနဲ့ပေါ့ စသိတာကလဲ မယငရဲ့ အမေကိုယ်တိုင်တမင်လာပြောလို့သိတယ် အန်တီမာကအဲ့အချိန်က fb မသုံးတတ်တာကိုအခွင့်ကောင်းယူပြီး အပြင်မှာရော fb ပေါ်မှာပါပုံတွေပလူပျံပျော်ပျော်ကြီးဖောက်ပြန်ကြတာပေါ့ သူ့ကိုယ်သူ သင်္ဘောကပ္ပတိန်ကတော်ပါဆိုပြီး ဂုဏ်တွေဆာ
ငါ့အဒေါ်က သူ့ကို fb acc ဖွင့်ပေးပါ သုံးနည်းသင်ပေးပါဆိုတော့ သင်ပေးလိုက်တော့သူ့ခမျာ အဲ့ကောင်နဲ့ကောင်မ acc တွေကိုရှာ ပုံတွေစာတွေအကုန်လုံးကို save လုပ် memory stickထဲထည့် print တွေထုတ်ပြီးသိမ်းထားခဲ့တာ သူ့မှာ ဗေဒင်ဆရာမျိုးစုံဆီလဲရောက်ခဲ့ သူ့လင်ညီအမခေါ်သွားတဲ့ ဆရာမျိုးစုံထဲမှာဗလီဆရာတောင်ပါသေးတယ်
အန်တီမာကိုယ်တိုင်အဲ့မိန်းမအိမ်သွားတောင်းပန်တာလဲမရ ဖောက်ပြန်တဲ့ကောင်ကတော့ အဆုံးထိငြင်းတာပေါ့ fb ပေါ်ကပုံတွေဟာ Photoshop နဲ့လုပ်ထားတာပြောလိုပြော
အန်တီမာဆေးတွေသောက်တဲ့နေ့မနက်မသောက်ခင်မှာအဲ့ကောင်နဲ့ကောင်မ ph ပြောထားတဲ့ call list တွေအဲ့ကောင်ဖုန်းထဲကတွေ့လို့ လင်မယားရန်ဖြစ်ကြ ငါ့အဒေါ်က သူ့ in-law တွေအိမ်သွားပြောတာကို in-law တွေဘာပြောလွှတ်လိုက်လဲမသိ အဲ့အိမ်ကနေသူ့အိမ်ကိုပြန်လာပြီး ဆေးတွေသောက်တာပဲ
ဆေးတွေသောက်တဲ့အချိန်သူ့အိမ်ကအခန်းထဲမှာတစ်ယောက်ထဲတွေ့ချိန်မှာဆေးရုံကိုကားမောင်းပို့ရတာကကျွန်မ ကျွန်မအမေ ကအဲ့ကောင်ကို ph ဆက်ပြောတော့ phထဲကနေအဲ့ကောင်ကအမေ့ကိုတောင်အော်သေးဆိုပဲ
နောက်ဆုံးဆေးရုံမှာအန်တီမာခွဲခန်းဝင်ရချိန် ခွဲခန်းရှေ့မှာစောင့်နေတုန်းတောင် တူမလုပ်သူကျွန်မကိုအဲ့ကောင်ပြောတာ ကောင်မလေးကသူ့ရည်းစားကိုအရွဲ့တိုက်ချင်လို့ သူကကူညီပြီး အယောင်ဆောင်ပုံတွေဓာတ်ပုံရိုက်တင်ပေးတာပါပြောသေးတာ မျက်နှာပြောင်ချက်ကကမ်းကုန်တယ်
ဆေးတွေသောက်ကိုယ့်ဘာသာသတ်သေတာတောင် သူတို့ဆရာဝန်တွေ လက်ဝါးရိုက်ပြီး တကယ်ဆေးမသောက်ပဲ ဘာမှမဖြစ်တာကို ICUထဲထည့်ထားတာပါဆိုပြီးအဲ့ကောင်ကသူ့အဖေကိုပြောနေတာကို ကျွန်မနားနဲ့ဆတ်ဆတ်ကြားလို့ ကျွန်မရဲ့ဆရာ ဆရာဝန်ကြီးရုံခန်းထဲထိအဲ့ကောင်ကိုခေါ်ပြီးရှင်းပြခိုင်းတာတောင် ဆရာဝန်ကြီးရှေ့မှာ တကယ်ဆေးသောက်မသောက် သွေးဖောက်စစ်လို့ရမလားမေးခဲ့သေးတာ သူအမှားလုပ်တာကိုတချက်မှနောင်တမရခဲ့တဲ့ကောင်
သေပြီးတောင် အန်တီမာကရောဂါကြောင့်သေတာသတင်းဖြန့်သေးတာ ဖုံးမနိုင်သတ်သေတယ်ထွက်လာတော့လဲ စိတ်ရောဂါကြောင့်သတ်သေတယ်လုပ်ပြောသေးတာ
ကျွန်မတို့ဆွေတော်မျိုးတော်တွေကလဲ မျက်နှာပျက်မယ် ဂုဏ်သိက္ခာကျမယ်ဆိုပြီးကြိတ်ခံကြတယ်လေ ရဲတိုင်ဖို့ဆိုတာအဝေးကြီး ရက်လည်မှာ ရဲကသတင်းကြားပြီးရောက်လာတော့အဲ့ကောင်အရှက်မရှိ ကျွန်မဦးလေးရဲ့ လက်ကိုဆွဲပြီး အကိုကျွန်တော့်ကိုကယ်ပါတွေဘာတွေပြောသေးတာတဲ့
ကိုယ့်ဆွေတော်မျိုးတော်တွေအကုန်လုံးကလူလိမ္မာတွေချည်းပဲဆိုတော့ ကျွန်မတစ်ယောက်သာအမှန်ကိုပြောသူလူမိုက်ပေါ့လေ 😂 လူတွေဒီအကြောင်းဒီလောက်သိသွားတာတောင် မယားကြီးအဖွဲ့ကအမတွေထုတ်ဖော်လို့သိကြတာနို့မို့သိမှာတောင်မဟုတ်
BTW - ခုပြန်တွေးတာ အန်တီမာ့ရဲ့ တကယ့် cause of death က pre-renal failure leading to uremic encephalopathy secondary to antihypertensive overdose causing hypotensionဖြစ်လိမ့်မယ်ထင်တယ် ထိုအချိန်ကတော့ ကျွန်မဆရာဝန်ပေါက်စ နိုင်ငံအပြင်လဲမထွက်ဖူးသေးတော့မသိဘူးပေါ့လေ hypotension ကြောင့် renal dialysis လုပ်မရဘူးဆိုလို့ alternative option of dialysis ရှိမလားမေးခဲ့တယ် speciality ကို လူနာchart ကိုင်ပြီးကိုယ်တိုင်သွားshow ခဲ့တဲ့ ကျွန်မလူနာရှင်ကိုတောင် လူတွေအများကြီးရှေ့ OPD မှာသူ့ကိုဆရာလုပ်တာလားဆိုပြီးအော်ငေါက်သေးတဲ့ renal physician တွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်လေ 😂 ခုတော့ကျွန်မရဲ့ဘဝမှာ သူများတိုင်းပြည်က ICUထဲမှာပါလုပ်ဖူးခဲ့ပြီမို့ BP ကျနေတဲ့ လူနာကို vasopressor တင် CVC ထည့်ပြီး ICU ထဲမှာတင် haemofiltration လုပ်နိုင်တာလဲမြင်ဖူးခဲ့ပြီ အန်တီမာ့ကိုသာအဲ့တုန်းက haemofiltration တင်ခဲ့ပြီး renal rescue therapy ပေးခဲ့ရင် သေချင်မှာသေမယ်ပေါ့လေ ဒါတောင် vasopressor ကို central line ကမထည့်ပဲ peripheral line ကတင်လို့ tissue necrosis ရပြီး လက်တခုလုံးညိုမည်းပုတ်သလိုဖြစ်လို့ operation ဝင်ရပြီး လက်ကြီးကိုသေတဲ့အချိန်ထိ အသားတွေလွှာ ဟောင်းလောင်းကြီး ဖွင့်ထားရတာကိုထည့်မပြောတော့ပါဘူးလေ 😢့

















ဆက်ရန်


ဆက်ဖတ်ရန် →
မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား  ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

လှိုင်မြို့နယ်၊ စစ်တပ်ပိုင် ချည်မျှင်စက်ရုံက အလုပ်သမား မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား  ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

ကိုကိုလေး/ဧရာဝတီတိုင်းမ်
မေလ ၂ ရက်

လှိုင်မြို့နယ်၊ စစ်တပ်ပိုင် ချည်မျှင်စက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမား မိန်းမပျိုလေးတွေဟာ နေပြည်တော်ကောင်စီနယ်မြေက စစ်ကောင်စီတပ် အရာရှိတွေကို ပြုစုပေးဖို့ အဓမ္မစေလွှတ်ခံနေရတယ် လို့ လှိုင်မြို့ခံတွေထံက သိရပါတယ်။

နေပြည်တော်ရှိ စစ်ကောင်စီအရာရှိ ၈၀ ဝန်းကျင်ကို ချည်မျှင်စက်ရုံက မိန်းမပျိုလေး တွေဟာ နှစ်ပတ်ကြာ သွားရောက် ပြုစုပေးရပြီး စက်ရုံရှိ မိန်းမပျိုအားလုံး ၁၅ ဦးစီ အလှည့်ကျ အဓမ္မ စေလွှတ်ခံနေတာ ဖြစ်တယ် လို့ စက်ရုံနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

"သူတို့ရဲ့အဝတ်လျှော်ရတယ်၊ မီးပူတိုက်ရတယ်၊ နှိပ်ခိုင်းတယ်၊ သူတိုစားဖို့ သောက်ဖို့လုပ်ပေးရတယ်။ ပြီးတော့ တစ်ခြား လိင်ပိုင်း ကိစ္စတွေ လဲရှိသေးတယ် ထုတ်မပြောသင့်လို့ပါ။ မခံနိုင်လို့ ပြန်ပြောမိတဲ့အခါ  ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိတယ်" လို့ ချည်မျှင်စက်ရုံမှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးဝန်ထမ်း တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

လက်ရှိ စစ်ကောင်စီပိုင် ချည်မျှင်စက်ရုံကို စက်ရုံမှူး ဦးခိုင်ရွှေ ဦးဆောင်၍ ခေါင်းဆောင်ပိုင်း ၃၀ နဲ့ လည်ပတ်နေတာဖြစ်ပြီးအမျိုးသမီး အလုပ်သမား ၈၀၀ ဝန်းကျင် နဲ့ အမျိုးသား အလုပ်သမား ၂၀၀ ဝန်းကျင် ရှိတယ်လို့ လှိုင်မြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီ စက်ရုံမှာရှိတဲ့  အလုပ်သမား အမျိုးသား အများစုဟာ ခြေပြတ်၊ လက်ပြတ်နဲ့ စစ်ကောင်စီတပ်က စစ်ထွက်တွေများတယ် လို့ ချည်မျှင်စက်ရုံဝန်ထမ်းတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

အဆိုပါ စစ်တပ်ပိုင် ချည်မျှင်စက်ရုံမှာ ဝန်ထမ်းပေါင်း ၁,၀၀၀ ဝန်းကျင် ရှိတဲ့အနက် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို အာဏာဖီဆန်ကာ  CDM ပြုလုပ်လာသူ ဝန်ထမ်းပေါင်း ၅၀ ထက်မနည်းရှိတယ် လို့လည်း သိရပါတယ်။

"စက်ရုံ အဆောင်မှာနေပြီး အလုပ်လုပ်တဲ့ အပျိုလေးတွေကို ရွေးလွှတ်တာပါ။ အိမ်ထောင်ရှိတွေကို မလွှတ်ဘူး။ သူတို့ယောက်ကျားတွေနဲ့ ပြဿနာတက်မှာစိုးလို့။ မသွားရင် အလုပ်ထုတ်မယ်၊ အဆောင်ကနေလည်း မောင်းထုတ်မယ်လို့ပြောတယ်။ သူတို့ရဲ့ ပျော်တော်ဆက်လို သဘောထား ဆက်ဆံနေကြတာ။ တိုင်ရဲတဲ့သူလည်းမရှိဘူး"လို့ ၎င်းက ဆက်လက်ပြောပါတယ်။

ချည်မျှင်စက်ရုံအတွင်းရှိ အလုပ်သမားဝန်ထမ်းအချို့ကလည်း အခုလို အလုပ်သမား မိန်းမပျိုလေးတွေအများစုက အခုလိုလူ့အခွင့်ရေးချိုးဖောက်ခံနေရတာကို ကျေနပ်မှု မရှိကြဘူးလို့ သိရပါတယ်။

"အရင်ဆုံး နေပြည်တော်က ဗိုလ်ကတော်တွေအိမ်မှာထားကြတယ်။ အဲဒီအိမ်ကကိစ္စတွေကိုလုပ်ခိုင်းတယ်။  အဲဒီလိုတွေလုပ်ပြီးကာမှ ရှေ့တန်းထွက်မယ့် တပ်မှူးတွေ၊  ဗိုလ်‌လောင်းတွေဆီတဆင့် ပို့တာလို့" စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့သူတစ်ဦးကပြောပါတယ်။

အဆိုပါ စစ်တပ်ပိုင်ချည်မျှင်စက်ရုံရှိ အလုပ်သမား မိန်းမပျိုလေးတွေဟာ ၂၀၁၃ ခုနှစ်ကနေစတင်ပြီး လက်ရှိ ၂၀၂၃ ခုနှစ်အထိ နေပြည်တော်ကို ပို့ဆောင်ခံနေရာတာ ၁၀ စုနှစ် တစ်စုစာရှိခဲ့ပြီလို့ သိရပါတယ်။

ဒါ့ပြင် အဲ့ဒီ ချည်မျှင်စက်ရုံကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကြာခဏဝင်ရောက်စစ်ဆေးလေ့ရှိသလို စက်ရုံအပြင်မှာလည်း လုံခြုံရေးတွေ အမြဲအပြည့်ချထားတယ် လို့ စက်ရုံဝန်ထမ်းတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

လှိုင်မြို့နယ် စစ်တပ်ပိုင် ချည်မျှင်စက်ရုံရှိ အလုပ်သမားမိန်းမပျိုလေးတွေကို နေပြည် တော် ကောင်စီနယ်မြေအတွင်းက ဘယ်နေရာတွေကိုပို့ဆောင်နေတယ် ဆိုတာ ကိုတော့ ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

#လှိုင်မြို့နယ် #စစ်တပ်ပိုင်ချည်မျှင်စက်ရုံ #အလုပ်သမားမိန်းမပျိုများ #နေပြည်တော်ကောင်စီ #စစ်ကောင်စီတပ်အရာရှိ  #ပြုစု #အဓမ္မစေလွှတ် #Ayeyarwaddy_Times


ဆက်ဖတ်ရန် →