နောက်ဆုံးရ
ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

Breaking News- နိုင်ငံတကာက ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲသည့် Cluster ဗုံးများကို မကွေးလေတပ်သို့ ပို့ဆောင်


■ ပြည်သူများအနေဖြင့် ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများ၏ အန္တရာယ် ကို သိရှိရန် လိုအပ်


ရန်ကုန်၊ ဧပြီ ၂၂ ခေတ်သစ်


နိုင်ငံတကာတွင် အသုံးပြုခြင်း မပြုရန် ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေတတ်သည့် ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထားကြောင်း စစ်တပ် သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဧပြီလ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဆင် တဲ စခန်းရှိ  အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၃) က ထုတ်လုပ်သည့် 50 kg 120 cluster (လေယာဉ်တင်ဗုံး)များ ကို မကွေးလေတပ်သို့  စစ်ကား ၁၂ စီးဖြင့် သယ်ဆောင်ထွက်ခွာသွားကြောင်း သိရှိရသည်။ 


CDM ဗိုလ်ကြီး လင်းထက်အောင်က စစ်ကောင်စီအနေဖြင့် ပြည်သူများကို ပိုမို ရက်စက်စွာ သတ်ဖြတ်ရန် အတွက် အလွန်ရက်စက်သော ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေသည့် ဖျက်အားပြင်း Cluster ဗုံးများ အသုံးပြုလာသည်ကို အထူး သတိထားရန် သတိပေးသည်။ 


"ကပစမှာ နိုင်ငံတကာက ကန့်သတ်ထားတဲ့ ဖျက်အားပြင်း Cluster ဗုံး အမျိုး အစား ၂မျိုးရှိပါတယ် ။ Guided Gliding Cluster Bomb နဲ့ Inertia Guided Cluster Bombပါ ။ အမျိုးအစား၁ခုကို ၁၀လုံးစီထုတ်ထားပြီးသားရှိပါတယ် ။ ။ တရုတ်နိုင်ငံပညာရှင်တွေကိုယ်တိုင် ကပစမှာ လာရောက်ထုတ်လုပ်သွားတဲ့ ဗုံးတွေပါ ။ ဒါပေမယ့်ဒီဗုံးတွေကို သယ်ဆောင်ကျဲချနိုင်တဲ့ လေယာဉ် အမျိုး အစား မြန်မာနိုင်ငံမှာမရှိသေးတဲ့အတွက် လက်ရှိမှာ 120ဗုံးသီးတွေနဲ့ Cluster ပုံစံ တုပထုတ်လုပ်ထားတဲ့ ပြည်တွင်းဖြစ် Cluster bomb တွေ ကိုအသုံး ပြုပါတယ် ။ ပင်မဗုံးbodyအတွင်းမှာ 120 ဗုံးသီးများ စွာကိုထည့် သွင်းပြီး ပြုလုပ်ထားတာပါ ။ ပင်မဗုံးသီးကွဲတာနဲ့ အတွင်းမှာရှိတဲ့ 120 ဗုံးသီးတွေ ပါ ဆင့်ပွား ကွဲ စေတဲ့အတွက် ဖျက်အားပြင်း လေယာဉ်ဗုံး အမျိုး အစား ဖြစ်ပါတယ်" ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။ 


ထို့ပြင် ပြည်သူများအနေဖြင့် ယင်း ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေသည့် ဖျက်အားပြင်း Cluster ဗုံးများ၏ အန္တရာယ်ကို ကာကွယ်ရေး ကြိုတင် လုပ် ဆောင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။ 


"ဒီဗုံးရဲ့အန္တရာယ်က ကြိုတင်ကာကွယ်ဖို့အတွက်  ဗုံးခိုကျင်းတူးထားဖို့လိုပါမယ် ။  စခန်းကိုဝေဟင် မြင်ကွင်းကနေ ဖုံးကွယ်တပ်ဖျောက်ထားဖို့လိုပါမယ် ။( ဥပမာ စခန်းခေါင်းမိုးပေါ်မှာသစ်ရွက် အစိမ်းတွေအုပ်ထားတာမျိုး) ။ လူစု လူဝေး နဲ့ စခန်းချတာမျိုးမလုပ်သင့်ပါ ။ တပ်ဖြန့်နိုင်သလောက် ဖြန့်ထား ဖို့လိုပါတ ယ်" ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ရှင်းပြသည်။ 


ဓာတ်ပုံ- ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေသည့် ဖျက်အားပြင်း Cluster ဗုံး အမျိုးအစားပုံစံတစ်ခု။ (အခြားနိုင်ငံမှ ဗုံးအမျိုးအစားပုံစံဖြစ်ပါသည်။)



ဆက်ဖတ်ရန် →
 မှတ်တမ်းလေးနဲ့ သေသေချာချာ သိမ်းထားတာ

မှတ်တမ်းလေးနဲ့ သေသေချာချာ သိမ်းထားတာ

ဒီအတိုင်း လိုက်ဆဲ နေကြတာထက် မှတ်တမ်းလေးနဲ့ သေသေချာချာ သိမ်းထားတာပိုကောင်းမယ်။ ဘယ်သူကဘယ်မဏ္ဍပ်မှာဖျော်ဖြေခဲ့တယ်ဆိုတာကိုတိတိကျကျသိရင် ပို့ပေးပါ။


(၁) ပိုင်တံခွန် (မော်ဒယ်/သရုပ်ဆောင်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ်

(၂) Gfatt (အဆိုတော်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ်

(၃) Floke rose (အဆိုတော်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ်

(၄) Ice cold (အဆိုတော်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ်

(၂) ယုန်လေး (အဆိုတော်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ်

(၄) နန်းစုရတီစိုး  (အဆိုတော်/သရုပ်ဆောင်) - နေပြည်တော် For You မဏ္ဍပ်

(၅) စန္ဒီမြင့်လွင် (အဆိုတော်) - နေပြည်တော် For You မဏ္ဍပ်

(၆) ကျော်ဇောဟိန်း (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်

(၇) လှမျိုးသဥ္စာနွယ် (သရုပ်ဆောင်) - ရန်ကုန် မြို့တော်ဝန် မဏ္ဍပ်

(၈) အာကာမြင့်အောင် (သရုပ်ဆောင်) - ရန်ကုန် မြို့တော်ဝန် မဏ္ဍပ်

(၉) ရဲအောင် (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်

(၁၀) မိုးယံဇွန် (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်

(၁၁) စိုးမြတ်သူဇာ (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်

(၁၂) ရန်အောင် (သရုပ်ဆောင်) - စစ်ကိုင်းတိုင်း မဏ္ဍပ်

(၁၃) စိုးသူ (သရုပ်ဆောင်) - စစ်ကိုင်းတိုင်း မဏ္ဍပ်

(၁၄) စိုးမြတ်နန္ဒာ (သရုပ်ဆောင်) - စစ်ကိုင်းတိုင်း မဏ္ဍပ်

(၁၅) အိုင်ရင်းဇင်မာမြင့် (အဆိုတော်) - မန္တလေး ရွှေမန်းမြေ မဏ္ဍပ်

(၁၆) လမင်းကဗျာ (ဖြတ်လျှောက်) - ပဲခူးတိုင်း မဏ္ဍပ်

(၁၇) နေထက်လင်း (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်

(၁၈) ဖြိုးပြည့်စုံ (အဆိုတော်) - ကိုးကန့် ဗဟို မဏ္ဍပ်

(၁၉) ဂျူဝယ် (အဆိုတော်) - ကိုးကန့် ဗဟို မဏ္ဍပ်

(၂၀) ပွင့် (သရုပ်ဆောင်) - ကိုးကန့် ဗဟို မဏ္ဍပ်

(၂၁) ဖူးပွင့်သခင် (သရုပ်ဆောင်) - ကိုးကန့် ဗဟို မဏ္ဍပ်


(ZinThawNaing)










ဆက်ဖတ်ရန် →
 ဗုံးခွဲတိုက်ခိုက်ခံရမှု ဗိုလ်မှူး ကြီး ဇင်မောင်လွင် သေဆုံး

ဗုံးခွဲတိုက်ခိုက်ခံရမှု ဗိုလ်မှူး ကြီး ဇင်မောင်လွင် သေဆုံး

လှိုင်သာယာ ၁၂ ရပ်ကွက်ရုံးအနီး ဗုံးခွဲတိုက်ခိုက်ခံရမှု ဗိုလ်မှူး ကြီး ဇင်မောင်လွင် သေဆုံး

ရန်ကုန်၊ ဧပြီလ ၁၄ 

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊အမှတ် ၁၂ ရပ်ကွက်၊မန္တလေး လမ်းရှိ အထက ၂ ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှု အတွင်း အ မှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင် သေဆုံးသွားကြောင်း ရန်ကုန်မြို့ ပြပြောက်ကျားတပ်တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောကြား သည်။

ယမန်နေ့ ဧပြီလ ၁၃ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်က လှိုင်သာ ယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ မန္တလေးလမ်းရှိ အထက ၂ ကျောင်းရှေ့တွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုအားလှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်ဖြိုးပါ အရာရှိ ၃ ဦး၊ အခြားအဆင့် ၁၀ ဦးတို့နှင့်အတူ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သန်းပါ ၁၅ ဦးတို့မှ သွားရောက်စစ်ဆေးခဲ့ရာ ည ၈ နာရီ မိနစ် ၂၀ အချိန် ပထမပေါက်ကွဲသည့်နေရာနှင့် ၁၅‌ ပေခန့်အကွာ၌ ထပ်မံပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝန်းထံမှ သိရသည်။

“သေတာက ဗျူဟာမှူး ဗိုလ်မှူးကြီးဇင်မောင်လွင်ဆိုတာ အ တည်ဖြစ်သွားပြီဗျ၊ ကျနော်တို့ တိတိကျကျ သတင်းရထားပြီးပြီ၊ မိုင်း စက နားထင်ကို တက်မှန်ဒဏ်တာ၊ ဒဏ်ရာရတဲ့ ၃ ယောက်လုံးက ပြင်းထန် ဒဏ်ရာတွေချည်းပဲ” ဟု ရန်ကုန်မြို့ ပြပြောက်ကျားတပ်တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှုသည် လှိုင်သာယာမြို့မရဲစခန်း အရှေ့ဘက် ၁ မိုင်ခန့်အကွာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းပေါက် ကွဲမှုကို အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင် ဦး စီးပါ အရာရှိ ၂ ဦးနှစ်ဦး အခြားအဆင့် ၆ ဦးမှ လာရောက်မိုင်းရှင်းစစ်ဆေးစဉ် ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့်   ဗိုလ်မှူးကြီး ဇင်မောင်လွင်၌ ဒဏ်ရာစိစစ်ဆဲဖြင့် လည်းကောင်း၊ အမှတ် ၇၀၅ ခြေမြန်တပ်ရင်းမှ တပ် သား မျိုးသန့်၌ ဒဏ်ရာ စိစစ် ဆဲ ဖြင့်လည်းကောင်း၊ အမှတ် ၁၂ ရပ်ကွက် ရာအိမ်မှူး အသက် ၅၄ နှစ်အရွယ် မျိုးမြင့်၌ ဒဏ်ရာ စိစစ်ဆဲဖြင့် လည်းကောင်း အမှတ် ၁ တပ်မတော် ဆေးရုံကြီး ကုတင် ၁၀၀၀ သို့ ပို့ဆောင်ကုသပေးခဲ့ကြောင်းသိရသည်။

ထို့အပြင် အခင်းဖြစ်နေရာနှင့် ပေ ၇၀ ခန့်အကွာ၌ နောက်ထပ်မိုင်းတစ်လုံး ထပ်မံတွေ့ရှိခဲ့ပြီး အမှတ် ၉၀၅ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ လာရောက် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။


ဆက်ဖတ်ရန် →
မြန်မာပြည်က စစ်အာဏာရှင်တွေကို မကြာခင်အရေးယူနိုင်တော့မယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြော

မြန်မာပြည်က စစ်အာဏာရှင်တွေကို မကြာခင်အရေးယူနိုင်တော့မယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြော



ဧပြီ ၁၂၊ ၂၀၂၃

မြန်မာပြည်က စစ်အာဏာရှင်တွေ ကျူးလွန်နေတဲ့ပြစ်မှုတွေကို နိုင်ငံတကာက အရေးယူနိုင်တော့မယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရုံးကနေ ဧပြီ ၁၁ ရက်နေ့ က သတင်းထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၁၁ ရက်နေ့မှာ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းကနေ ဗုံးကျဲ ပြီး စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ‌ကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူရာချီသေဆုံးရတဲ့ကိစ္စအတွက် ဝမ်းနည်းတုန်လှုပ်ရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကထုတ်ပြန်ပါတယ်။

ပြည်သူကိုကာကွယ်ပေးရမယ့် အစားခုလို တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာဖြစ်ပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ နောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သွေးကြွတွေက လူ့အခွင့်အရေးကိုချိုးဖောက်တာ၊ စစ်ရာဇဝတ်မှုတွေကျူးလွန်တာနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုတွေကျူးလွန်နေတာကို သက်သေတွေအများကြီးရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဒီလိုကျူးလွန်မှုတွေလုပ်ဆောင်နေတဲ့ စစ်ခေါင်းဆောင်တွေကို မကြာခင်အရေးယူနိုင်မယ့် နေ့ရက်ကိုရောက်ရှိလာတော့မယ်လို့ ယုံကြည်ထားတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး က ပြောဆိုထားပါတယ်။

#SpringRevolution


ဆက်ဖတ်ရန် →
 ဗိုလ်ကြီးသန်းတိုး အောင် နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်နေသော Yak-130 တိုက် လေယာဉ်က ပစ်ခတ်ခဲ့

ဗိုလ်ကြီးသန်းတိုး အောင် နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်နေသော Yak-130 တိုက် လေယာဉ်က ပစ်ခတ်ခဲ့

ကန့်ဘလူ မှ ပြည်သူ ၁၀၀ ကျော်သေဆုံးမှုတွင် ပိုင်းလော့ ဗိုလ်ကြီးသန်းတိုး အောင် နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်နေသော Yak-130 တိုက် လေယာဉ်က ပစ်ခတ်ခဲ့၊ Yak-130 တိုက်လေယာဉ် အုပ်မှူး ဗိုလ်မှူး ရဲဇောနိုင် က ကြီးကြပ်ခဲ့


ရန်ကုန်၊ ဧပြီ ၁၂ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ပြည်သူ ၁၀၀ ကျော် သေ ဆုံးခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီလေတပ်မှ ပိုင်းလော့ ဗိုလ်ကြီး သန်းတိုးအောင်နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်သော Yak-130 လေယာဉ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တံတားဦးလေတပ် YAK-130 အမျိုး အစားလေယာဉ်ဖြစ်ပြီး ပေါင် ၅၀၀  ဗုံး ၂ လုံးကို ကျဲချခဲ့ကြောင်း၊ ယင်းနောက်  Mi35 ရဟတ်ယာဉ် ဖြင့် ထပ်မံ ပစ်ခတ်ရာ အဆိုပါ ရဟတ် ယာဉ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း သိရှိရသည်။ 


တံတာဦးလေတပ်မှ Yak -130 လေယာဉ်အုပ်မှူး  ဗိုလ်မှူးရဲဇော်နိုင်က ကြီးကြပ်၍  ဗိုလ်ကြီးသန်းတိုးအောင်နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့ မောင်းနှင် သော Yak-130 တိုက်လေယာဉ်က ပြည်သူ ၁၀၀ ကျော် သေဆုံးစေရန် ဗုံးကျဲချခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


တိုက်လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် ထပ်မံ၍ ဗုံးကျဲခဲ့သော အနောက်မြောက် တိုင်း စစ်ဌာနချုပ်မှ Mi35 ရဟတ်ယာဉ်မောင်း၏ အမည်ကို ဆက်လက် စုံစမ်း နေဆဲဖြစ်သည်။ 

 

တံတားဦးအခြေစိုက် Yak-130 တိုက်ခိုက်ရေးလေယာဉ် အမှတ် ၆၂ တိုက်ခိုက် ရေး အုပ်မှူးမှာ-ဗိုလ်မှူး  ရဲဇော်နိုင်ဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ လူပေါင်းရာချီသေဆုံးခဲ့သော လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို  တိုက်ခိုက်ဆောင်ရွက်ခဲ့သော စစ်လေယာဉ်မောင်း ပိုင်းလော့ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးအဖွဲ့မှ ဖြစ်ကြောင်း ၊  ဧပြီလ ၁၁ ရက်နေ့ ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်ကို ဗုံးကျဲ သတ်ဖြတ်ခဲ့သော Yak -130 လေယာဉ်အုပ်မှာလည်း ဗိုလ်မှူး ရဲဇော်နိုင် ဦးစီးသော ပျံသန်းတိုက်ခိုက် ရေး လေယာဉ်အုပ်ဖြစ်ကြောင်း သိရှိရသည်။



ဆက်ဖတ်ရန် →
 ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတာဦးလေတပ်မှဖြစ်ပြီး Mi35 ရဟတ်ယာဉ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်

ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတာဦးလေတပ်မှဖြစ်ပြီး Mi35 ရဟတ်ယာဉ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်

ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်ကို သေဆုံးစေခဲ့သည့် လေကြောင်းတိုက် ခိုက် မှု ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတာဦးလေတပ်မှဖြစ်ပြီး Mi35 ရဟတ်ယာဉ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်

ရန်ကုန်၊ ဧပြီ ၁၂ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူ ၁၀၀ ကျော် သေဆုံးစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတားဦး လေတပ်မှဖြစ်ပြီး Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်မှာမူ မုံရွာ၊ အနောက် မြောက် တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှီသည်။ 

ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တံတားဦးလေတပ် YAK-130 အမျိုးအစားလေယာဉ်ဖြစ်ပြီး ပေါင် ၅၀၀  ဗုံး ၂ လုံးကို ကျဲချခဲ့ကြောင်း၊ ယင်းနောက်  Mi35 ရဟတ်ယာဉ် ဖြင့် ထပ်မံ ပစ်ခတ်ရာ အဆိုပါ ရဟတ် ယာဉ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း သိရှိရသည်။ 

ရန်ကုန်ခေတ်သစ်အနေဖြင့် ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော် သေဆုံး စေခဲ့သည့် တံတားဦးလေတပ်မှ YAK-130 တိုက်လေယာဉ်၏ ပိုင်းလော့ အမည်နှင့် နမခမှ Mi35 ပိုင်းလော့ အမည်များကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။ 

တံတားဦးအခြေစိုက် Yak-130 တိုက်ခိုက်ရေးလေယာဉ် အမှတ် ၆၂ တိုက်ခိုက် ရေး အုပ်မှူးမှာ-ဗိုလ်မှူး  ရဲဇော်နိုင်ဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ လူပေါင်းရာချီသေဆုံးခဲ့သော လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို  တိုက်ခိုက်ဆောင်ရွက်ခဲ့သော စစ်လေယာဉ်မောင်း ပိုင်းလော့ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးအဖွဲ့မှ ဖြစ်ကြောင်း ၊  ဧပြီလ ၁၁ ရက်နေ့ ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်ကို ဗုံးကျဲ သတ်ဖြတ်ခဲ့သော Yak -130 လေယာဉ်အုပ်မှာလည်း ဗိုလ်မှူး ရဲဇော်နိုင် ဦးစီးသော ပျံသန်းတိုက်ခိုက်ရေး လေယာဉ်အုပ်ဖြစ်ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- ကန့်ဘလူတွေင် ပြည်သူ ၁၀၀ ကျော် သေဆုံးအောင် ပစ်ခတ်ခဲ့ရသော Mi35 ရဟတ်ယာဉ်မှာ နမခ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်သည်။


ဆက်ဖတ်ရန် →
ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ

Update News- ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူ များနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ 

 ရန်ကုန်၊ ဧပြီ ၁၁ ရန်ကုန်ခေတ်သစ်

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူများနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေ ကြောင်းမှ တစ် ဆင့် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်သွားပြီ ဖြ စ် ကြောင်း မြေပြင်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ပဇီကြီး ရွာကို အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာ ဖြင့် တစ်ကြိမ်၊ Mi 35 ရဟတ် ယာဥ်ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ အခမ်းအနား ကျင်းပ နေစဉ် ပစ်ခတ်ခံရသဖြင့် ပြည်သူ သေဆုံးမှု အရေအတွက် ၁၀၀ ကျော်သွား ပြီဖြစ်ကြောင်း သိရှိရသည်။ " အလောင်းအတိုင်း အကောင်းအတိုင်း ရတဲ့ အလောင်းက ၅၃ လောင်းရှိပါ တယ်။ မနက်ရေတွက်ထားတာ။ ရေတွက်လို့မရဘဲ ခေါင်းနဲ့ ကိုယ် တခြားစီဖြစ် သွားတဲ့ အလောင်းတွေကလည်း အများကြီးပဲ။ မျက်မြင်အရဆိုရင်တော့ သေဆုံး သူ ၁၀၀ ကျော်တာ အတည်ပြုနိုင်ပါပြီ။ ဗုံးကျဲခံရတဲ့နေရာက ဆိုးဆိုး ရွား ရွား ဖြစ်သွားလို့ ဘယ်က ဘယ်လို စပြီး အလောင်းကောက် ရမှန်းမသိ တော့အောင်ပါပဲ" ဟု လက်ရှိ မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေသူ ပြည်သူတစ်ဦးက ဆိုသည်။ "ကလေးငယ်တွေ အလောင်းတွေလည်း အတော်များတယ်။ အမျိုးသမီးတွေ လည်းများတယ်။ နောက်ပြီး တချို့ အလောင်းတွေက အပိုင်းပိုင်း ပြတ်ကုန်တာ။ လူမှန်း သူမှန်းတောင် မသိရတော့ဘူး" ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။ လက်ရှိတွင် လေယာဉ်ဖြင့် ဗုံးကျဲခံရသော နေရာသို့ ကျေးရွာသားတချို့ ရောက် ရှိ နေသော်လည်း အလောင်းကောက်ခြင်းနှင့် ကူညီရေး လုပ်ငန်းများ အနည်း ငယ်သာ လုပ်ဆောင်နိုင်ကြောင်း၊ ဒဏ်ရာရရှိထားသူ အများ အပြား လည်း ရှိနေပြီး ဆေးဝါးကုသမှုနှင့်ကူညီကယ်ဆယ်ရေး မလုပ်နိုင်သေးကြောင်း သိရှိရ သည်။
ဆက်ဖတ်ရန် →