နောက်ဆုံးရ
 ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတာဦးလေတပ်မှဖြစ်ပြီး Mi35 ရဟတ်ယာဉ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်

ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတာဦးလေတပ်မှဖြစ်ပြီး Mi35 ရဟတ်ယာဉ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်

ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်ကို သေဆုံးစေခဲ့သည့် လေကြောင်းတိုက် ခိုက် မှု ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတာဦးလေတပ်မှဖြစ်ပြီး Mi35 ရဟတ်ယာဉ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်

ရန်ကုန်၊ ဧပြီ ၁၂ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူ ၁၀၀ ကျော် သေဆုံးစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတားဦး လေတပ်မှဖြစ်ပြီး Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်မှာမူ မုံရွာ၊ အနောက် မြောက် တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှီသည်။ 

ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တံတားဦးလေတပ် YAK-130 အမျိုးအစားလေယာဉ်ဖြစ်ပြီး ပေါင် ၅၀၀  ဗုံး ၂ လုံးကို ကျဲချခဲ့ကြောင်း၊ ယင်းနောက်  Mi35 ရဟတ်ယာဉ် ဖြင့် ထပ်မံ ပစ်ခတ်ရာ အဆိုပါ ရဟတ် ယာဉ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း သိရှိရသည်။ 

ရန်ကုန်ခေတ်သစ်အနေဖြင့် ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော် သေဆုံး စေခဲ့သည့် တံတားဦးလေတပ်မှ YAK-130 တိုက်လေယာဉ်၏ ပိုင်းလော့ အမည်နှင့် နမခမှ Mi35 ပိုင်းလော့ အမည်များကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။ 

တံတားဦးအခြေစိုက် Yak-130 တိုက်ခိုက်ရေးလေယာဉ် အမှတ် ၆၂ တိုက်ခိုက် ရေး အုပ်မှူးမှာ-ဗိုလ်မှူး  ရဲဇော်နိုင်ဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ လူပေါင်းရာချီသေဆုံးခဲ့သော လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို  တိုက်ခိုက်ဆောင်ရွက်ခဲ့သော စစ်လေယာဉ်မောင်း ပိုင်းလော့ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးအဖွဲ့မှ ဖြစ်ကြောင်း ၊  ဧပြီလ ၁၁ ရက်နေ့ ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်ကို ဗုံးကျဲ သတ်ဖြတ်ခဲ့သော Yak -130 လေယာဉ်အုပ်မှာလည်း ဗိုလ်မှူး ရဲဇော်နိုင် ဦးစီးသော ပျံသန်းတိုက်ခိုက်ရေး လေယာဉ်အုပ်ဖြစ်ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- ကန့်ဘလူတွေင် ပြည်သူ ၁၀၀ ကျော် သေဆုံးအောင် ပစ်ခတ်ခဲ့ရသော Mi35 ရဟတ်ယာဉ်မှာ နမခ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်သည်။


ဆက်ဖတ်ရန် →
ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ

Update News- ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူ များနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ 

 ရန်ကုန်၊ ဧပြီ ၁၁ ရန်ကုန်ခေတ်သစ်

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူများနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေ ကြောင်းမှ တစ် ဆင့် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်သွားပြီ ဖြ စ် ကြောင်း မြေပြင်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ပဇီကြီး ရွာကို အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာ ဖြင့် တစ်ကြိမ်၊ Mi 35 ရဟတ် ယာဥ်ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ အခမ်းအနား ကျင်းပ နေစဉ် ပစ်ခတ်ခံရသဖြင့် ပြည်သူ သေဆုံးမှု အရေအတွက် ၁၀၀ ကျော်သွား ပြီဖြစ်ကြောင်း သိရှိရသည်။ " အလောင်းအတိုင်း အကောင်းအတိုင်း ရတဲ့ အလောင်းက ၅၃ လောင်းရှိပါ တယ်။ မနက်ရေတွက်ထားတာ။ ရေတွက်လို့မရဘဲ ခေါင်းနဲ့ ကိုယ် တခြားစီဖြစ် သွားတဲ့ အလောင်းတွေကလည်း အများကြီးပဲ။ မျက်မြင်အရဆိုရင်တော့ သေဆုံး သူ ၁၀၀ ကျော်တာ အတည်ပြုနိုင်ပါပြီ။ ဗုံးကျဲခံရတဲ့နေရာက ဆိုးဆိုး ရွား ရွား ဖြစ်သွားလို့ ဘယ်က ဘယ်လို စပြီး အလောင်းကောက် ရမှန်းမသိ တော့အောင်ပါပဲ" ဟု လက်ရှိ မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေသူ ပြည်သူတစ်ဦးက ဆိုသည်။ "ကလေးငယ်တွေ အလောင်းတွေလည်း အတော်များတယ်။ အမျိုးသမီးတွေ လည်းများတယ်။ နောက်ပြီး တချို့ အလောင်းတွေက အပိုင်းပိုင်း ပြတ်ကုန်တာ။ လူမှန်း သူမှန်းတောင် မသိရတော့ဘူး" ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။ လက်ရှိတွင် လေယာဉ်ဖြင့် ဗုံးကျဲခံရသော နေရာသို့ ကျေးရွာသားတချို့ ရောက် ရှိ နေသော်လည်း အလောင်းကောက်ခြင်းနှင့် ကူညီရေး လုပ်ငန်းများ အနည်း ငယ်သာ လုပ်ဆောင်နိုင်ကြောင်း၊ ဒဏ်ရာရရှိထားသူ အများ အပြား လည်း ရှိနေပြီး ဆေးဝါးကုသမှုနှင့်ကူညီကယ်ဆယ်ရေး မလုပ်နိုင်သေးကြောင်း သိရှိရ သည်။
ဆက်ဖတ်ရန် →