နောက်ဆုံးရ
ပဒိုမန်းရှာလာဖန်းကို လုပ်ကြံသတ်ဖြတ်တာ စောချစ်သူ

ပဒိုမန်းရှာလာဖန်းကို လုပ်ကြံသတ်ဖြတ်တာ စောချစ်သူ

"ပဒိုမန်းရှာရဲ့ သွေးကြွေးဆပ်ချင်တော့ စစ် ခွေးသန်းဗိုလ်ချစ်သူကို အခုချိန် လားပင်စင် ပေးလိုက်ဖို့ အချိန်ကောင်းပဲ" — Irony ကော့မူးရာလို့ခေါ်တဲ့ ရွှေကုက္ကိုလ်ဒေသကို အပိုင်စီးချင်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ရန် သူတော် KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလာဖန်းကို လုပ်ကြံသတ်ဖြတ်တဲ့ အဓိကလက်သည်က BGFအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူလက်ချက်ပါပဲ... Assassination က ဗိုလ်စိုးမြင့်(ခ)ဗိုလ် စံပြုံးလို့ သိကြပေမယ့် နောက်ကွယ်မှာ လက် ထောက်ချခဲ့သူက ဗိုလ်ချစ်သူကိုယ်တိုင်ပဲ... ဗိုလ်ချုပ်ခင်ညွှန့် ထောက်လှမ်းရေးအဖွဲ့ ဖျက် သိမ်းခံရပြီး စရဖ-စစ်ဘက်လုံခြုံရေးအဖွဲ့လို့ ပြောင်းလိုက်တဲ့အချိန် ၂၀၀၆ဝန်းကျင်မှာ စရဖညွှန်ချုပ်အဖြစ် ဗိုလ်ချုပ်ကျော်ဆွေတာဝန် ယူခဲ့တဲ့အချိန် KNUကိုအမြစ်ပြုတ်တိုက်ဖို့ DKBAက ကရင်သစ္စာဖောက်တွေကို အသုံး ချခဲ့တယ်... အရင်ကရင်ပြည်နယ်ဘက်မှာ တာဝန်ယူခဲ့တဲ့ဒုဗိုလ်မှူးကြီးစန်းပွင့်နေရာမှာ ဗိုလ်မှူး မြထွန်းဦး(DSA-25) တာဝန်ယူခဲ့တယ်...ကရင်ခေါင်းဆောင် ပဒိုမန်းရှာလာဖန်း ကြောင့် အကြမ်းဖက်စစ်တပ်က ထင်တိုင် မပေါက်ပဲ ခွေးဘီးလူးသန်းရွှေက လုပ်ကြံ ခိုင်းခဲ့တယ်...အဲသည်အချိန်ရွှေကုက္ကိုလ်ကို တာဝန်ယူလုပ်ကိုင်တာက ဗိုလ်မို့သိုလ်(ခ) မုတ်သန်ပါပဲ... ငွေတွင်းလို ဖြစ်နေတဲ့ ရွှေကုက္ကိုလ်က အရင်ကတည်းက နွားမှောင်ခိုဈေးကွက်အပြင် ကားနဲ့ဆိုင်ကယ် Without ဈေးကွက်လည်း ဖြစ်တယ်... ကော့မူးရာလို့ခေါ်တဲ့ရွှေကုက္ကိုလ် ဒေသကိုရဖို့ ဗိုလ်ချစ်သူဟာ အကြမ်းဖက်စစ် တပ်ကိုခေါင်းကိုက်စေတဲ့ ပဒိုမန်းရှာကို လုပ် ကြံဖို့ ဗိုလ်စိုးမြင့်ကိုရွေးခဲ့တယ်... မိန်းမရှုပ်တဲ့ ဗိုလ်စိုးမြင့်ကိုထုတ်ပယ်လိုက်တဲ့ ပဒိုမန်းရှာ ကို တဖက်လှည့်နဲ့လုပ်ကြံသတ်ဖြတ်ပြီး ဗိုလ် ချစ်သူက ရွှေကုက္ကိုလ်မှာထိုင်ခွင့်ရခဲ့တယ်... ၂၀၁၀ခုနှစ် ဩဂုတ်မှာ ဗိုလ်ချစ်သူက ကရင့် နယ်ခြားစောင့်တပ်(BGF)ကို ဖွဲ့စည်းပြီး အကြမ်းဖက်စစ်တပ်ရဲ့လက်ကိုင်တုတ်လုပ်ခဲ့သလို နယ်မြေစစ်ဘုရင်ငယ်ပုံစံတစင်ထောင်ခဲ့တယ်... Bo ချစ်သူ ဧပြီလ၈ရက်နေ့မှာ လက်နက်ချမယ်ဆိုပြီး လုပ်ဆောင်လာတဲ့အတွက် ကရင် အချင်းချင်း သစ္စာမဖောက်ပါဘူးဆိုပြီး ဗိုလ် အယ်ဆေးဝါးဦးဆောင်တဲ့ Lion battalion ကရင်ပူးပေါင်းတပ်ဖွဲ့ဟာ KNU တပ်မဟာ၇ ထိန်းချုပ်တဲ့နေရာကို လာရောက်တဲ့အချိန်မှာ BGFတပ်နဲ့ အကြမ်းဖက်စစ်တပ် နှစ်ဖက် ဝိုင်းညှပ်တိုက်ခိုက်ရာမှာ ကရင်ပူးပေါင်းတပ် ဖွဲ့ဝင် ၅ဦးကျဆုံးခဲ့ပြီး လက်နက်၊ ကားတွေနဲ့ ဖုန်းတွေသိမ်းခံလိုက်ရတယ်... ဗိုလ်အယ်လ်ဆေးဝါး လွတ်မြောက်ခဲ့ပြီး ကရင်လက်နက်ကိုင်အဖွဲ့တွေကြား ဗိုလ်ချစ်သူရဲ့ အောက်တန်းကျယုတ်မာမှုက ဘူးပေါ်သလို ဘွားဘွားကြီးပေါ်လာတယ်...ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဗိုလ်ချုပ်ကြီးစောဂျော်နီတို့ လည်း တပ်မဟာ၇နယ်မြေမှာဖြစ်တဲ့အတွက် တာဝန်ရှိပြီး သည်လိုအောက်တန်းကျတဲ့ ဗိုလ်ချစ်သူရဲ့ တိုက်ခိုက်မှုအပေါ် လက်စတုံး ရှင်းပစ်ရမှာ KNUရဲ့ ပေါ်လစီပဲဖြစ်တယ်... ကရင်က စစ်တိုက်ရင် မျက်နှာချင်းဆိုင်တိုက် သလို အလံဖြူ ထောင်ရင် စစ်ပွဲမှာကျခဲ့တဲ့ အလောင်းတွေကောက်ဖို့ ရန်သူကိုသေနတ် နဲ့မပစ်တော့ဘူး... ဂျီနီဗာကွန်ဗန်းရှင်းလောကို လေးစားလိုက်နာကြတယ်.... ရန်သူကိုတောင် သည်အတိုင်းဆက်ဆံနိုင် သလို ကရင်အချင်းချင်းကြား ပိုလို့တောင် သစ္စာရှိကြသေးတယ်...တော်တန်ရုံ နားလည်ပေးကြပေမယ့် နောက်ကြောဓားနဲ့ထိုးရင် တော့ ငန်းမြွေလို ရေဆုံးမြေဆုံးလိုက်လံသုတ်သင်လေ့ရှိတယ်... အခုဆိုရင် အကြမ်းဖက်စစ်တပ်ရဲ့ခွေးသန်း ဗိုလ်ချစ်သူရဲ့ အောက်တန်းကျယုတ်မာတဲ့ ကိစ္စဟာ သူ့အလောင်းစင်ကို သူကိုယ်တိုင် ပြင်တယ်လို့ပဲ ကရင်လူထုအသိုင်းအဝိုင်း မှာ သုံးသပ်ကြတယ်... စစ်ခွေးသန်းဗိုလ်ချစ်သူက သူ့ရဲ့လောင်းကစားရပ်ဝန်းကို ကရင်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်လာတာ BGF+ အကြမ်းဖက်စစ်တပ် ၈၅ယောက်သေတာ လက်နက်ချည်းပဲ၇၅ လက်ရပြီး၊ စစ်စခန်းတွေမီးရှို့ဖျက်ဆီးခံရလို့ ရှုံးမဲမဲပြီး ကျားနာမျက်ကန်းဖြစ်လာတယ်... သူ့လက်ရုံး ဗိုလ်မှူးဒီးဒီး တိုက်ပွဲမှာကျလို့ အ ရင်ကလိုပဲ အောက်တန်းကျတဲ့ကစားကွက်နဲ့ သူကိုယ်တိုင်ဝင်ကစားလာတာတွေ့ရတယ်... ရွှေကုက္ကိုလ်လောင်းကစားမြို့မှာ ပတ်လည် ချထားတဲ့ BGF တပ်ရင်းစခန်း၅ခုကိုပါ KNLA KTLA နဲ့ PDF စတဲ့ကရင့်ပူးပေါင်းတပ်တွေ ဝင်တိုက်ခဲ့ပြီး BGF အကျအဆုံးများတဲ့နောက် မှာ ဗိုလ်ချစ်သူက ဥာဏ်နီဥာဏ်နက်ထုတ် KNUခေါင်းဆောင်တွေကို ဗန်းပြပြီး တပ်မဟာ၇နယ်မြေမှာ ပူးပေါင်းမယ်ဆိုပြီး ကောက်ကျစ်ယုတ်မာစွာနဲ့ တိုက်ခိုက်ခဲ့တယ်... PCမှာလည်း ဗျူဟာမှူး စောလက်ကိုင်နဲ့ တပ်ရင်းမှူးစောကျော်ဂရောင်းတို့က ကရင်ပူး ပေါင်းတပ်တွေနဲ့ ပေါင်းစည်းသွားတဲ့အတွက် စစ်ကောင်စီဘက်ယိမ်းတဲ့ KNUခေါင်းဆောင် တွေ PCခေါင်းဆောင်တွေ ခေါင်းဆင်နင်းပြီး လိုက်ဖြောင်းဖျပေမယ့် PCတပ်မှူးတွေက လက်မခံလို့ ထုတ်ပစ်လိုက်တယ်... ဗိုလ်အယ်ဆေးဝါးကို အပြတ်ရှင်းချင်တဲ့ ဗိုလ် ချစ်သူက KNUတပ်မဟာ၇နယ်မြေမှာ လက်တွဲပူးပေါင်းမယ်ဆိုပြီးခေါ်တဲ့အခါ ကရင်နယ်မြေမို့ စိတ်ချယုံကြည်စွာတက်လာတဲ့ ဗိုလ် အယ်ဆေးဝါးကို နှစ်ဖက်ညှပ်ပြီး အသေသတ်ခဲ့တယ်...ကံကောင်းထောက်မစွာ လွတ် ခဲ့ပြီး သတ်ကွင်းထဲခေါ်ခဲ့တဲ့ ဗိုလ်ချစ်သူသာ မက အယုံသွင်းပေးခဲ့တဲ့ KNUခေါင်းဆောင် အချို့လည်း နောက်ကြောမလုံဘူး... ကရင်အချင်းချင်းသည်လိုလုပ်တာ ကရင်လူထုသာမက KNUမူဝါဒကိုပါထိပါးတဲ့ အတွက် ကရင့်သစ္စာဖောက်စစ်ခွေးသန်း ဗိုလ်ချစ်သူကို ရှင်းပစ်ရမှာဖြစ်တယ်... လှည့်စားတာနဲ့ ကောက်ကျစ်ယုတ်မာတယ် ဆိုတာ စစ်ရေးမှာရှင်းရှင်းလင်းလင်း ကွာ ခြားတယ်...ကရင်ပူးပေါင်းတပ်တွေလည်း သင်ခန်းစာရလောက်ပြီးထင်တယ်... သည်လိုဖြစ်တော့ ကရင်ပူးပေါင်းတပ်ဖွဲ့တွေ ရွှေကုက္ကိုလ်ကို ထောင်းလမောင်းကြေအောင် ဝင်ကြိတ်ဖို့လမ်းကြောင်းပွင့်သလို PCနဲ့ DKBAလည်း ဝင်ပြောစရာမရှိတော့ဘူး... ဗိုလ်ချစ်သူအနေနဲ့ ကျားနာခဲခဲလိုက်တာ ထင်တိုင်းမပေါက်ပဲ ရမ်းဝင်ရင် ထမ်းစင်နဲ့ သယ်ရတော့မယ့် အဖြစ်မျိုး မကြာခင် ရောက်မယ်ဆိုတာ... 
 Written by: A.M.H#(Irony) Photo Credit #


ဆက်ဖတ်ရန် →
ဗိုလ်ချုပ်မြတ်သက်ဦးနဲ့ အပေါင်းအပါအချို့ကို  စစ်ကောင်စီခေါင်းဆောင်များကိုယ်တိုင် ဖမ်းဆီးထိန်းသိမ်း

ဗိုလ်ချုပ်မြတ်သက်ဦးနဲ့ အပေါင်းအပါအချို့ကို စစ်ကောင်စီခေါင်းဆောင်များကိုယ်တိုင် ဖမ်းဆီးထိန်းသိမ်း

မျက်မှောက်ခေတ်၊ ဧပြီ ၉ 
 မကြာသေးခင်ကမှ အရှေ့တောင်တိုင်း စစ်တိုင်းမှူးတာဝန်ကနေ ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်မြတ်သက်ဦးနဲ့အပေါင်းအပါတွေ၊မိသားစုဝင်တွေကို စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းထားတယ်လို့ယင်းမပင်နယ်ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။ ယင်းမပင်နယ်၊စုန်းချောင်းရွာသား ဗိုလ်ချုပ်မြတ်သက်ဦးဟာ ပြည်သူ့ဘက်ကိုသဘောထားပြောင်းလာတာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်းဆိုပါတယ်။ "ကျနော်တို့ ယင်းမာပင်နယ် စုန်းကျောင်းရွာမှာပါ။ ဟိုတလောက စစ်ကြောင်းထိုးပြီး တိုင်းမှုးရဲ့မိသားစုဝင်တွေနဲ့ အစောင့်တွေပါ ပြန်ဖမ်းသွားတာ" လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ဧပြီလ ၂ ရက်နေ့ နံနက်အစောပိုင်းမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ မုံရွာ) ကနေ စစ်ကားတစ်စီး ထွက်လာပြီး အောင်ဇေယျမြို့သစ်ကိုရောက်လာကာ စုန်းချောင်းရွာကို စစ်ကြောင်းစထိုးပြီး မိသားစုဝင်တွေနဲ့အစောင့်တွေကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ယင်းမပင်နယ်၊စုန်းချောင်းရွာက ဗိုလ်ချုပ်မြတ်သက်ဦးရဲ့မိဘတွေနေအိမ်ကို စစ်ကောင်စီအဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့တာဖြစ်တာလို့သိရပါတယ်။ ဗိုလ်ချုပ်မြတ်သက်ဦးဟာ ၂၀၂၂ ဩဂုတ်လက မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးကနေ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ စစ်တိုင်းမှူးအဖြစ်ပြောင်းရွှေ့ခဲ့ရသူဖြစ်ပြီး ၂၀၂၃ မတ်လကုန်ပိုင်းမှာ အရှေ့တောင်တိုင်း၊ စစ်တိုင်းမှူးကနေ ထပ်မံလဲလှယ်ခံရပြီး သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လ ၂၇ ရက်ကတော့ အာဏာသိမ်းစစ်တပ်ပြုလုပ်တဲ့ တပ်မတော်နေ့မှာ အရှေ့တောင်တိုင်း၊ စစ်တိုင်းမှူးအဖြစ်နဲ့ ဗိုလ်ချုပ်မြတ်သက်ဦး ပွဲတက်ရောက်တာကို စစ်တပ်ဝါဒဖြန့် သတင်းတွေမှာ တွေ့ခဲ့ရပြီးတဲ့နောက်မှာ စစ်တိုင်းမှူး တာဝန်ကနေဖယ်ရှားခံရတာဖြစ်တယ်လို့ မော်ကွန်းမီဒီယာကဖော်ပြထားပါတယ်။ အခုအချိန်မှာတော ဗိုလ်ချုပ်မြတ်သက်ဦးရဲ့မိသားစုဝင်တွေနဲ့အစောင့်တွေကိုဖမ်းဆီးသွားတယ်လို့သာဒေသခံရင်းမြစ်တွေဆီကသိရပြီး အသေးစိတ်အချက်အလက်တွေကိုသိရှိရခြင်းမရှိသေးပါဘူး။ 
 ပုံစာ - ၂၀၂၃ မတ်လ ၂၇ ရက်ကတော့ အာဏာသိမ်းစစ်တပ်ပြုလုပ်တဲ့ တပ်မတော်နေ့မှာ အရှေ့တောင်တိုင်း၊ စစ်တိုင်းမှူးအဖြစ်နဲ့ ဗိုလ်ချုပ်မြတ်သက်ဦးကို တွေ့ရစဉ် 
 ဓါတ်ပုံ - စစ်တပ်ဝါဒဖြန့် MYANMAR NATIONAL PORTAL
ဆက်ဖတ်ရန် →
 လေတပ် G1 ၏ကတော် လင်းလင်းဦး ILO မှာ ခြယ်လှယ် စိုးမိုးနေ

လေတပ် G1 ၏ကတော် လင်းလင်းဦး ILO မှာ ခြယ်လှယ် စိုးမိုးနေ

ILO ရုံးဆက်သွယ်ရေးတာဝန်ခံမစ္စတာဒေါင်းလင်း(တရုတ်)
အကြိုသင်္ကြန်ကျင်းပနေချိန်ဒုတာဝန်ခံ မစ္စပီယာမား(ထိုင်း)က၂ နှစ်ကျော်ပြည်ဝင်ခွင့်မရ 
 ရန်ကုန် ၊ do or die 
ဧပြီလ ၉ ရက်နေ့
 ILO အပြည်ပြည်ဆိုrင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် သည် (ဆွစ်ဇလန်နိုင်ငံ ဂျနီဗာ) မှ ရန်ကုန် ILO ရုံး၏ မြန်မာနိုင်ငံတွင် ဆက်သွယ်ညှိနိူင်းရေးရုံးတာဝန်ခံမစ္စတာဒေါင်းလင်း(တရုတ်) ဒု ဆက်သွယ်ညှိနိူင်းရေးရုံးတာဝန်ခံ မစ္စပီယားမား(ထိုင်း)နိူင်တို့နှစ်ဦးကို တာဝန်ပေးအပ်ထားရာ အာဏာလုစစ်ကောင်စီမှ မစ္စတာဒေါင်းလင်း(တရုတ်) တဦးတည်းကိုပြည်ဝင်ခွင့်ပေးထားပြီး မစ္စပီယားမား(ထိုင်း) ကို အာဏာလု ပြီးချိန်မှ ဝင်ခွင့်ပိတ်ပင်ထားကြောင်း ယမန်နေ့ ဧပြီလ ၈ ရက်နေ့တွင် ILO ရုံး သင်္ကြန် အကြိုပွဲဓါတ်ပုံများအရ သိရသည်။ တရုတ်နိူင်ငံ မှ တာဝန်ခံဝန်ထမ်းကို ပြည်ဝင်ခွင့်ပေးပြီး ထိုင်း နိူင်ငံမှ ဒု တာဝန်ခံ ကို ပြည်ဝင်ခွင့်မပေးသည့် အခြေအနေများအားလုံးကို ILO ရုံး အုပ်ချုပ်ရေး နှင့် စာရင်းစစ် တာဝန်ရှိသူ ဒေါ်လင်းလင်းဦး မှ ဦးစီးလုပ်ဆောင်နေခြင်းဖြစ်ပြီး ILO မှ အလုပ်သမားဖွံ့ဖြိုးရေးဖြင့် နိုင်ငံတကာ ငွေကြေးများ INGO များ နိုင်ငံအစိုးရများထံမှ ပရော့ဂျက်များကို အာဏာလု စစ်ကောင်စီ အလိုဆန္ဒများအတိုင်း ရပ်တည်ပေးနေသူ တရုတ် နိူင်ငံသားဆက်သွယ်ညှိနိူင်းရေးရုံးတာဝန်ခံမစ္စတာဒေါင်းလင်း နှင့် အစီစဥ်များစနစ်တကျ လုပ်ဆောင်နေသဖြင့် မြန်မာပြည်သူများအတွက် အခွင့်အရေးများ အာဏာလု စစ်ကောင်စီ ထံ သို့ရောက်ရှိ နေကြောင်း သိရသည်။ ILO ရုံးတာဝန်ရှိသူ ဒေါ်လင်းလင်းဦး မှ တရုတ် နိူင်ငံသားဆက်သွယ်ညှိနိူင်ရေးတာဝန်ခံ မစ္စတာဒေါင်းလင်းအား ပြည်ဝင်ခွင့်ဗီဇာ အဆက်မပျက်ပေးထားခြင်းဆွေးနွေးပွဲတချို့ကို နေပြည်တော်တွင် တက်ရောက်ခြင်း ရန်ကုန် ဟော်တယ်တစ်ချို့တွင် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း ရုံးအတွင်း တွင် စကစ အာဏာလုပြီးနောက်ပိုင်း ပုံပါ ကဲ့ သို့ သော အောင်ပွဲခံပျော်ပွဲရွှင်ပွဲ များ သောက်စား ကခုန်ခြင်းများအဆက်မပျက်ပြုလုပ်နေခြင်းများကို အခွင့်အရေးပေးထားကြောင်းသိရသည်။ ဒုတိယဆက်သွယ်ညှိနိူင်း ရေးတာဝန်ခံ ထိုင်းနိူင်ငံသူမစ္စ ပီယားမား အား အာဏာလုပြီးချိန်မှစ၍ ယနေ့ထိပြည်ဝင်ခွင့် ဗီဇာ မပေးခြင်းမှာ သူမ၏ မှု မှန်သော ပြောဆို ဆောင်ရွက်မှုများကြောင့် စစ်ကောင်စီ မှ အလိုမကျသဖြင့် ဝင်ခွင်မပေးခြင်းဖြစ်ကြောင်းသိရသည်။ ဒေါ်လင်းလင်းဦး (ပုံပါ ဝိုင်းပြထားသူ) သည် မှော်ဘီလေတပ်စခန်းမှ G1 ဌေးလွင် ၏ ဇနီးဖြစ်ပြီး မစ္စတာ ဒေါင်းလင်းILO နှင့် ဆက်ဆံရေးကိုအကောင်းဆုံးတည်ဆောက်နေခြင်း ILO ရုံးလုံခြုံရေးဝန်ထမ်းများကို မှော်ဘီတပ်မိသားစုဝင်အားခန်ထားခြင်း မိသားစု ကိုယ်ရေးကိုယ်ရေးကိုယ်တာကို ILO ကားများ နှင့် ဝန်ထမ်းများအား အဆက်မပျက်အသုံးပြုခြင်း သား သမီး များအား ကျောင်းကြိုကျောင်းပို့ ပေးရခြင်း နေပြည် တော်ရှိ ယောကျ်ားဖြစ်သူT ထံ ကြိမ်ဖန်များစွာ သွားရောက်ခြင်းတို့တွင် ကုလသမဂ္ဂ တံဆိတ်တပ်ကား နှင့် ဝန်ထမ်းတို့အားမိသားစုလုံခြုံရေးအတွက် လူတံတိုင်းအဖြစ်အသုံးပြုခြင်း ။ILO ဝန်ထမ်းများ Contract သက်တမ်းတိုးနိုင်စေရန်မှာ သူမ အခရာဖြစ်ပြီး သူမ၏ အလုပ်တာဝန်ပြင်ပ တွင် အခိုင်းမခံသူ ကူညီမလုပ်ဆောင်ပေးနိုင်သူအား သက်တမ်း ထပ်မံ မတိုးစေရန် နှင့် အလုပ်ဆက်လုပ်နိုင်ရန် recommends မပေးခြင်းများကို စစ်တပ်တွင်းအစဥ်အလာ ပုံစံ အတိုင်း ဆောင်ရွက်ပေးနေကြရကြောင်းသိရသည်။ ILO မှ နိုင်ငံတကာ ငွေကြေးများ INGO များ နိုင်ငံအစိုးရများထံမှ ပရော့ဂျက်များ လက်တွေ့တွင် အာဏာလု စစ်ကောင်စီ အတွက် အထောက်အပံများဖြစ်နေပြီး မြန်မာပြည်သူများ ၏ တော်လှန်ရေးနှင့် အလုပ်သမားရေးအားအထောက်အပံ့မဖြစ်သည့်အပြင် အနှောက်အယှက်ဖြစ်နေသည်ကို နိုင်ငံတကာနှင့် ရုံးစိုက်ရာ ဂျနီဗာ နှင့် UN တာဝန်ရှိသူများတွင် အထူးတာဝန်များ ရှိကြောင်း သိရသည်။ 

 ပုံများ ၇.၄.၂၀၂၃ သင်္ကြန် အကြိုပွဲဓါတ်ပုံများ

#Khit Oo Ayeyaywaddy News Media








ဆက်ဖတ်ရန် →

#မိုက်ကယ်ကျော်မြင့်အား_ငွေပေးစေခိုင်းပြီး #ကြံ့ဖွတ်ပါတီတစ်ခုလုံးကို_ဒေါက်တက်ဖြုတ်ခိုင်း(ရုပ်သံ)



လက်ရှိ ကြံ့ဖွတ်ပါတီဥက္ကဌ ခင်ရီ၏တူမဖြစ်သူ ဒေါ်စောဥမ္မာနှင့်၊ မြေးဖြစ်သူ လဝန်းကြည်ဖြူ တို့အုပ်စုဟာ ငွေကြေး သိန်းပေါင်း ၅၀,၀၀၀ ကျော်အား အုပ်စုဖွဲ့ လိမ်လည်ခဲ့ကြသူများဖြစ်ပြီး၊ ခင်ရီတာဝန်ထမ်းဆောင်ခဲ့သည့် လ.ဝ.က အဖွဲ့အစည်းကပင် လဝန်းကြည်ဖြူအား နိုင်ငံသားမှတ်ပုံတင် အမည်မတူသည့်ကဒ်ပြား ၂ခု ထုတ်ပေးခဲ့ကြောင်း မိုက်ကယ်ကျော်မြင့် မှ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ကြံ့ဖွတ်ပါတီတစ်ခုလုံးကို ဒေါက်တက်ဖြုတ်သွားခဲ့ပါတယ်။


ဖော်ပြပါရှိသော သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ နေလည် ၁၂ နာရီလောက်က Yangon Star City Hotal မှာ ပြုလုပ်ခဲ့တာပါ။


ပွဲအပြီး ရက်ပိုင်းအကြာမှာပဲ မိုက်ကယ်ကျော်မြင့်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာပေါ်ကနေပြီး “ပြည်သူတွေ စိတ်ဆင်းရဲဒုက္ခရောက်စေမည့် ပြဿနာများကို ကာကွယ်ဖြေရှင်းပေးသွားမည်။ သို့သော်... ငါ့တူမ/ငါ့မြေး/ငါ့ဆွေမျိုးတို့၏ လိ-မ်လည် yokeမာမှုကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခရောက်လျှင်မူကား ငါနှင့်လားလားမှမဆိုင်။ ပုံ.. ဥက္ကဌ​ကြီးလောင်ကီး” ဆိုပြီး ကြံ့ဖွတ်ဥက္ကဌခင်ရီကို လှောင်ပြောင်သည့်ပို့စ်များ ရေးသားခဲ့ပါသေးတယ်။


၎င်းပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသည် သူ့ပါတီ၏ငွေကြေးဖြစ်သာ ပြုလုပ်သည်ဟု ပြောကြားခဲ့သော်လည်း၊ ထိုသတင်းစာရှင်းလင်းပွဲကို ခန်းမကြေး ၁နာရီကို ၁၅ သိန်းပေး၍ စုစုပေါင်း ၃နာရီကြာကြာ ပြုလုပ်ခဲ့ပြီး၊ လူတစ်ယောက်စာ စားစရိတ်အတွက် တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်နှုန်းပေး၍ လူ ၁၀၀ နီးပါးနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ မီဒီယာတွေကို ငွေပေးတက်ရောက်ခိုင်းတာ၊ ပွဲတက်လာသူတွေအတွက် အသွားအပြန် စရိတ်အပြင်၊ အခြား လုံခြုံရေးအတွက်တွေရော ငွေကုန်ကြေးကျ များစွာ ခံထားတာပါ။ ဒီလိုကုန်ကျစရိတ်တွေ မိုက်ကယ်ကျော်မြင့်က ဘယ်ကရပါသလဲ..?


မိုက်ကယ်ကျော်မြင့် ယခုလိုလုပ်ဆောင်ရခြင်းသည် လက်ရှိ အကြ-မ်းဖ-က်စစ်ကောင်စီမှ တရားမဝင်ကျင်းပမယ့် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ထားကြသော အခြားပါတီကြီးတွေမှ ငွေပေးစေခိုင်းခြင်းဖြစ်ပြီး၊ ကြံ့ဖွတ်(thu khoe)ပါတီအား ဒေါက်ဖြုတ်ရန် အခြားပါတီစုံမှ အချက်အလက်တွေ ချပေးခဲ့ခြင်းဖြစ်ကြောင်း မျိုးညစ်အတွင်းသတင်းပေးသူက ဆိုပါတယ်။


#အေအန်န်အမ်မ်တီ

https://youtu.be/qcUtHu-NV-A


ဆက်ဖတ်ရန် →
 အုပ်ချုပ်ရေးမှူး စိုးမင်းဟန် ပစ်ခတ်ခံရပြီး သေဆုံး

အုပ်ချုပ်ရေးမှူး စိုးမင်းဟန် ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးမြို့တွင် ပြည်သူပိုင် နေအိမ်များကို ကျူးကျော်ဟု ဆိုကာ ရှင်းလင်းရာ၌ ဦးဆောင်ခဲ့သည့် အုပ်ချုပ်ရေးမှူး စိုးမင်းဟန် ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဧပြီ ၃ ခေတ်သစ်


မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး အကြမ်းဖက်စစ်ကောင်စီထောက် တိုင် အကြီးစား စီးပွားရေးသမား စိုးမင်းဟန်အား ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း အောင်စည်တော် စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယနေ့ ဧပြီလ ၃ ရက်နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၃၁ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်း ကြားတွင်နေထိုင်သော ပြည်ခွန်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြစ်မှုကျူးလွန်မှုများကို အကြမ်းဖက် စစ်တပ်က ကင်းလွတ်ခွင့်အဖွဲ့ဝင်ကဒ်ပေးထားသူ၊ လန်ဒန်ဆေးရုံပိုင်ရှင်၊ Mytel စီးပွားရေး ပါတနာ၊ မန္တလေးမြို့အတွင်း၌ ကျူးကျော်များဟုဆိုကာ ဖျက်သိမ်းရှင်းလင်းရာတွင် အမိန့်ပေးစေခိုင်းသူ၊ ၅၀၀ တန် ထမင်းထုပ်ဦးဆောင်စီစဉ်သူ စိုးမင်းဟန်အား သေနတ်ဖြင့် ၁၁ ချက်ပစ်ခတ်ရာ သေဆုံးသွား ကြောင်း သိရသည်။


“ထွက်ပြေးတယ်၊ လိုက်ပစ်တာ၊ ဓားနဲ့ဝင်လာတဲ့တစ်ယောက်တော့ တစ်ချက်ပစ်ပြီး ကာကွယ်ခဲ့ရတယ်၊ ဒဏ်ရာတော့ ရနိုင်တယ်၊ ခွေးတွေကတော့ အဓိက မစ်ရှင်ဖြစ်သူကိုပဲ ရှင်းခဲ့တာပါ” ဟု အောင်စည်တော် စစ်ဆင်ရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယင်းတိုက်ခိုက်မှုအတွင်း အောင်စည်တော် စစ်ဆင်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြ်သူလူထုအား ဒုက္ခပေးနေသော စခ၊ ရခနှင့် လက်ပါးစေ ထောက်တိုင်များအား တရစပ်ပစ်ခတ်ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။





ဆက်ဖတ်ရန် →
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် သုံးသောင်းနီးပါးသေဆုံးခဲ့

ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် သုံးသောင်းနီးပါးသေဆုံးခဲ့


ဧပြီ၂ရက် ခေတ်သစ်

ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် သုံးသောင်းနီးပါးသေဆုံးခဲ့ပါတယ်။

ဧပြီ၂ရက် အကြမ်းဖက် အာဏာသိမ်းစစ်တပ်အောက်တွင် ဆက်လက်အမှုထမ်းနေကြသော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ဘက်သို့ ကူးပြောင်း ရပ်တည်၍ “ပြည်သူ့ရင်ခွင်” ခိုလှုံလာကြရန် အထူးတိုက်တွန်းနှိုးဆော်ချက်မှာ NUGကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။

"ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် (၂၉၆၅၀)ဦး သေဆုံးပြီး (၁၁၁၂၃၀)ဦး ထိခိုက်ဒဏ်ရာ ရသည် အထိ ချေမှုန်းနိုင် ခဲ့ပြီးဖြစ်ပါတယ်အကြမ်းဖက်သမားများ၊ စစ်ရာဇဝတ်ကောင်များ ဖြစ်ကြသည့် အာဏာသိမ်းစစ်တပ်ကို သစ္စာခံကာ ပြည်သူလူထု၏ ဆန့်ကျင်ဘက်တွင် ဆက်လက်ရပ်တည် နေကြသော စစ်သား၊ ရဲသားများကိုမူ ပြည်သူ့ရန်သူ၊ တော်လှန်ရေးရန်သူအဖြစ် သတ်မှတ်ရမည်ဖြစ်၍ ပြည်သူ့တော်လှန်ရေးကြီး၏ အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းခြင်းကို ခံကြရမည်ဖြစ်ကြောင်းကို တပါတည်း အသိပေးလိုပါတယ်။ အလားတူ တော်လှန်ရေးအလွန်ကာလတွင်လည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ဆိုင်ရာ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆိုပါ ပြည်သူ့ရန်သူဖြစ်ခဲ့သူအားလုံးသည် အမှန်တရားနှင့် တရားမျှတမှုအတွက် ဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးခံရမည်လည်း ဖြစ်တယ်"လို့ဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်သော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များစွာသည် စစ်အာဏာသိမ်းပြီးနောက်တွင် ပြည်သူနှင့် အတူ ရပ်တည်၍ ပြည်သူ့ရင်ခွင်သို့ ကူးပြောင်းခိုလှုံလာလျက်ရှိကြရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၁ ရက်နေ့ အထိ စစ်သည် (၃၂၃၆) ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၉၀၉၁) ဦး၊ စုစုပေါင်း (၁၂၃၂၇) ဦး နှင့်မိသားစုဝင်ဦးရေ ထောင်ကျော် ရှိခဲ့ပြီဖြစ်ပါတယ်။

သို့ပါ၍ အကြမ်းဖက် အာဏာသိမ်းစစ်တပ် အောက်တွင် ဆက်လက်အမှုထမ်းနေကြသော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ့ရင်ခွင်တံခါးမပိတ်ခင် ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်ကြရန်၊ ပြည်သူနှင့်အတူ ပူးပေါင်းလက်တွဲကာ အကြမ်းဖက်စစ်တပ်ကို ပြန်လည် ခုခံတိုက်ပွဲဝင်သွားနိုင်ရန် အထူးတိုက်တွန်း နှိုးဆော်လိုက်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။


ဆက်ဖတ်ရန် →
ဘုရား ကျောင်း ရဟန်း ဒါယကာကြီး  KTV မှာအသတ်ခံရ

ဘုရား ကျောင်း ရဟန်း ဒါယကာကြီး KTV မှာအသတ်ခံရ

က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများ တိုက်ခိုက်ခံရပြီး ရဲတပ်ကြပ် နိုင်ဦး သေဆုံးခဲ့

ရန်ကုန်၊ ဧပြီ ၂  ခေတ်သစ်

ပဲခူးတိုင်း၊ က၀မြို့နယ် ၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများ မတ်လ ၂၆ ရက် နေ့ တွင် တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေဆုံးခဲ့ပြီး  သေဆုံးသူမှ ရဲတပ်ကြပ် နိုင်ဦး ဖြစ်ကြောင်း သိရှိရသည်။ 

မတ်လ ၂၆ ရက်နေ့ ညပိုင်း က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV သို့သွားရောက် ကြသည့် ရဲများကို တော်လှန်ရေးရဲဘော်များက တိုက်ခိုက်ခဲ့ရာတွင် ရဲတစ်ဦး ပွဲ ချင်းပြီး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။
 
"အုန်းနှဲကျေးရွာမှာက အုပ်ကြီးစန်းမြင့်က  KTV ဖွင့်ထားတာ။ အဲဒါ ရဲတွေက KTV ကိုလာရင်း တန် ၁၀၀ ဆန်စက်ဘက်မှာ အပစ်ခံရတယ်။ အုပ် ကြီး ဖွင့် ထား တဲ့ KTV မှာ စစ်ခွေးတွေ ရဲခွေးတွေက လာပြီး ပျော်မြူးနေလေ့ရှိတာ။ အဲဒါ လက် ပစ်ဗုံးနဲ့ပစ်ပြီး ဝင်ပစ်တာ။ အချက် ၂၀ ကျော်တယ်။ ရဲစခန်းမှူး အပါအဝင် ရဲ ခွေးတွေ အချို့ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်။ ရဲခွေး တစ်ဦးကတော့ ပွဲချင်းပြီးကို သေတာ" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ 

ရဲတပ်ကြပ်နိုင်ဦးသည် အုန်းနှဲကျေးရွာရဲစခန်းတွင် နယ်ထိန်းရဲ ရာထူးတာဝန် ထမ်းဆောင်နေသူဖြစ်ပြီး  ၎င်း၏ရက်လည်ကို နေအိမ် ခရမ်းမြို့နယ်တွင် မတ် လ ၃ ရက်နေ့တွင် ပြုလုပ်မည်ဖြစ် ကြောင်း သိရှိရသည်။


ဆက်ဖတ်ရန် →

စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ခမရ ၁၀၈ ဓနုဖြူတပ်ရင်း မှ တပ်ကြပ် မျိုးတင့် ဝန်ခံပြောဆို

ကရင်နီပြည်နယ်၊ ဖရူဆိုတွင် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင်များကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဟု  ခမရ ၁၀၈ တပ်မှ တပ်ကြပ် မျိုးတင့် ဝန်ခံ (ရုပ်/သံ)


ရန်ကုန်၊ ဧပြီ ၂ 


ကရင်နီပြည်နယ်၊ ဖရူဆိုတွင် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင်များကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း  ခမရ ၁၀၈  ဓနုဖြူတပ်ရင်း မှ တပ်ကြပ် မျိုးတင့် ဝန်ခံပြောဆိုကြောင်း KNDFက ဗီဒီယိုနှင့်တကွ တရားဝင် သတင်းထုတ်ပြန်သည်။  

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ကရင်နီပြည်နယ်၊ ဖရူဆို၊ မိုဆိုဖက်တွင် စစ်တပ်က ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၅ ကို အရှင်လတ်လတ် ဖမ်းဆီး သတ်ဖြတ် မီးရှို့ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၃၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး မော်တော်ယာဥ်များနှင့်အတူ သတ်ဖြတ်မီးရှို့လိုက်ကြောင်း၊ အသတ်ခံရသော ပြည်သူများထဲတွင် ကလေးငယ်များနှင့် မိန်းကလေးငယ်များ ၊အမျိုးသမီးများပါဝင်ကြောင်း၊  သတ်ဖြတ်မီးရှို့ခံရသော ပြည်သူများ၏ ရုပ်အလောင်းများမှာ မီးကျွမ်းပြီး အရိုးများသာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။ 


ဖရူဆိုမြို့နယ်၊ မိုဆိုအစုလိုက်အပြုံလိုက် လူသတ်မှုအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် စပ်လျဥ်း၍ တပ်မ ၆၆ လက်အောက်ခံ  ခမရ ၁၀၈ ဓနုဖြူတပ်ရင်း မှ တပ်ကြပ် ဦးမျိုးတင့် (စစ်သုံ့ပန်း) ဝန်ခံပြောကြားထားသည်။

https://youtu.be/-TFGqr-7fd4

ဆက်ဖတ်ရန် →
ဒဲရက် ရှိုလက်၏ BURMA ACT အပေါ် ရှင်းလင်းချက်

ဒဲရက် ရှိုလက်၏ BURMA ACT အပေါ် ရှင်းလင်းချက်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အထက်တန်း အကြံပေး ဒဲရက် ရှိုလက်သည် မကြာမီ က ပြီးဆုံးသွားခဲ့သော ထိုင်း နှင့် အင်ဒိုနီးရှား ခရီးစဉ် အပြီး ဝါရှင်တန် တွင် RFA မှ တွေ့ဆုံမေးမြန်း ခဲ့စဉ် အတွင်း BURMA ACT နှင့် စပ်လျှင်းပြီး ယခုလို ရှင်းလင်းသွားခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ ဒီဥပဒေ ပါ အကြောင်းအရာတွေ နေ့စဉ် နဲ့ အမျှ အကောင်အထည် ဖေါ် လုပ်ဆောင်နေပါတယ်။ မြန်မာ နိုင်ငံကို လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီတွေ ပေးနေတာ အများဆုံး မဟုတ်တောင်၊ အများဆုံး ပေးနေတဲ့ နိုင်ငံတွေထဲမှာ ပါနေပါတယ်၊ 

ဒီလို အကူ အညီတွေ ပေးနိုင်ဖို့ ရန်ကုန် မှာ ရှိတဲ့ ကျွန်တော်တို့ သံရုံးကတဆင့် အင်တိုက်အားတိုက် လုပ်နေတဲ့ အပြင်၊ အသက်အန္တရာယ် မထိခိုက်စေမယ့် အကူ အညီမျိုး တွေကိုလည်း တော်လှန်ရေး အုပ်စု တွေကို ပံ့ပိုးပေးနေပါတယ်၊ ဒီနေရာမှာ စီမံချက်ရေးဆွဲတာတို့၊ ဘတ်ဂျက် နှင့် စီမံခန့်ခွဲမှု အပိုင်းတွေ ပါဝင်ပါတယ်။ အထူးသဖြင့် အာဏာသိမ်း အဖွဲ့ရဲ့ ထိန်းချုပ်မှု ပြင်ပ မှာ ရှိနေတဲ့ ၅၀ ရာနှုန်းကျော် ရှိနေတဲ့ ဒေသတွေ မှာ ဖြစ်ပါတယ်။

ဒါကလည်း Burma ACT မှာ ပါတဲ့ အတွက် အခုလို ပံ့ပိုးပေးနိုင်တာ ဖြစ်လို့ အလွန် အရေးပါ ပါတယ်လို့ ပြောချင်ပါတယ်၊ ဒါ့အပြင် ကွန်ဂရက် မှာ ရှိတဲ့ ပါတီကြီး နှစ်ခု စလုံးရဲ့ ထောက်ခံမှု လည်း ရရှိထားပါတယ်၊ နေ့စဉ်လိုလည်း ဒီဥပဒေ အတွက် အကောင်အထည် ဖေါ်ရေး လုပ်ငန်းစဉ် ‌ တွေကို သူတို့နဲ့ ထိတွေ့ ပြောဆို လုပ်ကိုင်နေပါတယ်"

တရုတ် နှင့် အားပြိုင်နေမှု ရှိမရှိ

မြန်မာပြည်နဲ့ ပတ်သက်ပြီး တရုတ် နဲ့ အားပြိုင်နေတာ မျိုး မရှိပါဘူး၊ ကျွန်တော်တို့က မြန်မာပြည် မှာ ဖြစ်လာနေတာ‌ တွေကိုပဲ စိုးရိမ်နေတာ၊ လက်ရှိ လူတွေ အကြီးအကျယ် ဒုက္ခပင်လယ်ဝေနေကြတာကိုပါပဲ၊ 

မြန်မာပြည်သူတွေက ၂၀၂၀ ရွေးကောက်ပွဲမှာ အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို မဲပေးရွေးချယ်ပြီး သူတို့ ဆန္ဒကို ထုတ်ဖေါ်ခဲ့ကြပြီးပြီ၊ စစ်တပ် က ဒီရလဒ်ကို မကြိုက်လို့ အာဏာ သိမ်းတယ်၊ ဒါပါပဲ။

မြန်မာပြည် တည်ငြိမ် မှု ရဘို့ ကျွန်တော်တို့ဖက်က စိုးရိမ်မကင်း ဖြစ်နေတာတွေ ကို တရုတ် နဲ့ ဆွေးနွေးတဲ့အခါ သူတို့လည်း တသဘောတည်း ဖြစ်နေပါတယ်။ တရုတ်ဖက်က အထူး သံတမန်အသစ် ခန့်လာတဲ့ အတွက် ဘုံဖြေရှင်းချက်မျိုး ထွက်လာဖို့ ရှိမရှိ တီးခေါက် ကြည့်ဖို့ ကြိုးစားကြည့်မယ်၊ ရည်မှန်းချက်ခြင်း တူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒါကလည်း မြန်မာပြည် တည်ငြိမ်လာရေး ကိုပဲ နှစ်ဖက်စလုံးက လိုလားတဲ့ အတွက် ကြောင့် ပါ၊ မြန်မာကို မူးယစ်ဆေးဝါး‌တွေ၊ လက်နက်တွေ၊ လူတွေ တင်ပို့နေတဲ့ နိုင်ငံ၊ ရာဇဝတ်မှု‌ တွေ ဖြန့်ဖြူးပေးနေတဲ့ နိုင်ငံ အဖြစ် ဘယ်သူမှ မဖြစ်စေချင်ပါဘူး။ ဒီလို မဖြစ်အောင် ကျွန်တော်တို့ ဟန့်တားသွားနိုင်ဖို့ ကြိုးစားမှာပါ၊ တရုတ်လည်း ဒီသဘောအတိုင်းပဲ ရှိမှာပါ။

တော်လှန်ရေး အင်အားစု တွေ အတွက် အားပေးစကား

No Sliver Bullet

မြန်မာ နိုင်ငံထဲမှာ ဘယ်လောက် ခက်ခဲတဲ့ အခြေအနေတွေ နဲ့ ရင်ဆိုင်နေရတယ် ဆိုတာကို ကျွန်တော်တို့ အပြည့်အဝ နားလည် ပါတယ် ဆိုတာ ကို ပြောချင်ပါတယ်။ နေ့စဉ်နဲ့ အမျှ နိုင်ငံ အတွက် အသက်တွေ စတေး ပြီး တိုက်နေကြရတာကို လည်း သိပါတယ်၊ ကျွန်တော် ပြောချင်တာက အမေရိကန် အနေနဲ့ မဟာမိတ်တွေ၊ အကျိုးတူ နိုင်ငံ တွေ နဲ့ အတူ ပူးပေါင်းနေပြီး အိပ်ယာ နိုးထာလာတိုင်း မြန်မာ ပြည်မှ အခြေအနေကောင်းလာအောင် ဘယ်လို တွေ ကြိုးစားသွားနိုင်သလဲ ဆိုတာ ဆုံးဖြတ်ဖို့ ခေါင်းထဲ မှာ အမြဲ ရှိနေတယ် ဆိုတာပါပဲ။

ကျွန်တော်တို့မှာ silver bullet ရှိတယ်လို့ တော့ ဟန်ဆောင် ပန်ဆောင် မပြောလိုပါဘူး၊ (silver bullet ဆိုသည်က ပြဿနာတခုကို မန်းမှုတ်လိုက်သလို ချက်ခြင်း လက်ငင်း ဖြေရှင်းနိုင်ခြင်း ဟု အဓိပ္ပါယ် ရသည်)

ကျွန်တော်တို့ ဖက်က ဒီမိုကရေစီ အင်အားစုတွေ ပိုပြီး ခိုင်မာတောင့်တင်းလာအောင် လုပ်သွားမယ်၊ တဖက်ကလည်း စစ်အာဏာသိမ်း အဖွဲ့ စစ်ပွဲ ကို ရေရှည် ဆင်နွှဲသွားလို့ မဖြစ်တော့ဘူး၊ ရပ်မှ ဖြစ်တော့မယ် ဆိုတဲ့ စိတ်ကူးတွေ ပေါ်လာအောင် ဝိုင်းပယ် ပြီး ဖိအားတွေ ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးရင် မြန်မာကို ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်တင်နိုင်အောင် ကျွန်တော်တို့ ကြိုးစားသွား မှာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေ မှာ အရည်အချင်းတွေလည်းရှိ၊ အခွင့်အလန်းတွေလည်း ရှိနေတယ် ဆိုတာ ကျွန်တော်တို့ သဘောပေါက်ပြီးသားပါ၊ အဲ့တာကြောင့်လည်း ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်အတန်ကြာ ကတည်းက အာရုံစိုက်ပြီး ကြိုးစားပေးနေတာ ပါ၊ ၂၀၂၁ ဖေဖေါ်ဝါရီ လ မှ စစ်ခေါင်းဆောင်တွေရဲ့ အာဏာသိမ်းလုပ်ရပ်ကြောင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ရေး နဲ့ ကြွယ်ဝချမ်းသာရေး ဆီ သွားနေတဲ့ လမ်းကြောင်းကနေ ဘေးချော်ထွက်သွားခဲ့ရတာပါ"

အင်ဒိုနီရှား၊ ထိုင်း ခရီးစဉ်နဲ့ ပတ်သက်ပြီး သူ၏ တွေ့ဆုံမေးမြန်းခန်းတွင် နိုင်ငံတွင်းသို့ လူသားချင်း စာနာ မှု အကူအညီများ ပေးပို့ နိုင်ရေး များကိုသာ အဓိက ထား ပြောဆိုသွားခဲ့၍ အာဆီယံကို လှုပ်လာအောင် လုပ်နိုင်ခဲ့ပုံမရဟု  ယူဆရပေသည်။

ရှိုလက်၏ စကား အသွားအလာ အရ တိုင်ဝမ် သမ္မတ ၏ တောင်အမေရိက ခရီးစဉ် အတွင်း အမေရိကန် တွင် ခေတ္တ ဝင်ရောက်ရပ်နားမှု နှင့် စပ်လျှင်း၍ တင်းမာမှု မြင့်တက်လာနေခြင်းကို လျော့ချနိုင်ရန် မြန်မာ အရေး တွင် ဘုံရပ်တည်ချက် တခု ရရေး  ကြိုးပမ်းမည့် အရိပ်အယောင် များ တွေ့နေရသည်။

လက်ရှိတွင် ကယား နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနေပြီး ‌KNLA နှင့် PDF ပူးပေါင်း တပ်ဖွဲ့ မှ တောင်ငူ ရှိ လေတပ် အခြေစိုက်စခန်း အား လက်လုပ် ဒုံးများ နှင့် မတ်လ ၂၅ နှင့် ၂၇ ရက်များတွင် တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် တစီးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီ သစ္စာခံ တပ်သား သုံးဦး သေဆုံးသွားသည်ဟု ပဲခူး ဒေသကြီး PDF သတင်းကို ကိုးကားပြီး ဧရာဝတီတွင် ဖေါ်ပြထားသည်။

စစ်ကောင်စီ ဩဇာခံ ‌ရွေးကောက်ပွဲ ကော်မရှင် မှ NLD နှင့် ပါတီ ၃၉ ပါတီအား ဖျက်သိမ်းလိုက်ခြင်းကြောင့် နဂိုကပင် အယုံအကြည် မဲ့ နေသည့် ၎င်းတို့၏ ရွေးကောက်ပွဲအား ပို၍ပင် အယုံအကြည်မဲ့ သွားစေသည်ဟု ဂျပန်၏ Nikkei Asia Review တွင် ရေးသားထားသည်။ ၎င်းတို့မှ NLD ပါတီမှ သဘောထား ပျော့ပြောင်းသူများအား သိမ်းသွင်းခဲ့သည့် လုပ်ရပ်သည် အောင်မြင်မှု မရတော့ဆိုသည့် သဘောလည်း ဖြစ်သည်ဟု ဆိုသည်။

ပါတီ အဖွဲ့ဝင် ၁၂၃၅ ဦး အား ဖမ်းဆီးထားပြီး ၂၆ ဦး အား သတ်ဖြတ်ခဲ့ယုံသာမက ပါတီ ဗဟို အလုပ်အမှုဆောင် တဦးကိုပင် ကြိုးပေးစီရင်ခဲ့သည့် လုပ်ရပ်များကြောင့် လက်တဆုပ်စာ အခွင့်အရေး သမားများ မှ လွဲ ၍ ၎င်းတို့နှင့် ပူးပေါင်းရန် မည်သူ လိပ်ပြာသန့်နိုင်ပေတော့မည်နည်း။

ကုလ အတွင်းရေး မှုး ချုပ်မှလည်း အထူး စိုးရိမ်မကင်း ဖြစ်ရကြောင်း ကျေညာချက် ထုတ်ပြန်လာခဲ့ပြန်သည်။

၎င်းတို့၏ ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ မှ စိတ်လည်သွားခြင်း မရှိအောင် အမျိုးသား ညီညွတ်ရေး အစိုးရ မှ အထူးတလည် ကြိုးပမ်းနေစရာ မလိုအောင် အာဏာသိမ်း အဖွဲ့က ဝိုင်းဝန်း ပံ့ပိုးပေးနေခြင်း ဟုပင် ဆိုရတော့မည် ဖြစ်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရမှ အကြမ်းဖက် စစ်ဗိုလ်ချုပ် များ အား သစ္စာခံနေဆဲ ဖြစ်သည့် စစ်သည်များ နှင့် ရဲတပ်ဖွဲ့ဝင်များအား ပြည်သူတရပ်လုံး ပုံအော် ထောက်ခံနေကြသည့် တော်လှန်ရေး အင်အားစု များ နှင့် ရင်ဆိုင်နေရသည့် အဖြစ်မှ ပြည်သူ ဖက် အမြန် ခိုလှုံလာကြရန် အွန်လိုင်း မှ တဆင့် ထပ်မံ ပန်ကြားလိုက်ပြန်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ


ဆက်ဖတ်ရန် →
ကိုးကိုးကျွန်း ပေါ်တွင် တရုတ် ထောက်လှန်းရေး စခန်း ရှိနေပြီလော

ကိုးကိုးကျွန်း ပေါ်တွင် တရုတ် ထောက်လှန်းရေး စခန်း ရှိနေပြီလော

ယနေ့ အိန္ဒိယ သတင်း စာ နှင့် မီဒီယာများ တွင် ပွဲဆူသွားစေသည်က ဂြိုလ်တု မှ ရိုက်ကူးထားသော ဓါတ်ပုံများ ထွက်လာခဲ့ပြီး ထိုဓါတ်ပုံများထဲတွင် ကိုးကိုးကျွန်း ပေါ်ရှိ စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ အသစ် ထပ်မံ ဆောက်လုပ်နေသည်ကို တွေ့လိုက်ရ၍ပင် ဖြစ်သည်။ ယင်းသည် တရုတ် တို့ အတွက် စပိုင် စခန်း ဖြစ်ဖွယ် ရှိသည်ဟု သုံးသပ်နေကြသည်။

ထိုဓါတ်ပုံ၏ အလယ်တည့်တည့် တွင် အသစ်စက်စက် လေယာဉ် သိုလှောင်ရုံ နှစ်ခု ကို တွေ့ရသည်။ မြောက်ဖက်တွင် သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံ တံတား ရှည်ကြီး တခုနှင့် ရေတပ် သင်္ဘောများ အဝင်အထွက် များ တွေ့ရသည်ဟု ဆိုသည်။

ထို့ပြင် လေယာဉ်ပြေးလမ်း၏ အရှည်အားလည်း ယခင် ၁,၃၀၀ မှ  မီတာ ၂,၃၀၀ အထိ ထပ်မံ တိုးချဲ့ထားသည်၊ ယခု ကိစ္စအား လန်ဒန် ရှိ ချာတန်ဟောက်စ် တွေးခေါ်မျှော်မြင်ရေး အဖွဲ့ကြီး မှ စတင် ‌ဖေါ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအဖွဲ့ကြီး၏ အစီရင်ခံစာတွင် မြန်မာ စစ်တပ်သည် တရုတ် နှင့် ပေါင်းပြီး ရေတပ် ထောက်လှန်းရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည် ဟု ဆိုသည်။ 

စစ်တပ်အား  မြို့ကြီးများရှိ ၎င်းတို့နိုင်ငံသားများ အား စောင့်ကြည့်ထောက်လှန်းနိုင်ရန် နည်းပညာ အကူအညီ နှင့် ပစ္စည်းများ ထောက်ပံ့ထားပြီး ဖြစ်၍ ကိုးကိုးကျွန်း ကိစ္စသည် မဖြစ်နိုင်စရာ မရှိဟု ရေးသားထားသည်။

တရုတ် သည် စစ်အခြေစိုက် စခန်း မဟုတ်သည့်တိုင် ယခုလို ကြားဖြတ် နားထောင်နိုင်သည့် listening post ရှိနေလျှင်ပင် မဟာဗျုဟာ အရ အိန္ဒိယ သမုဒ္ဒရာ တွင် လုံးဝ အသာစီးရရှိသွားပြီး ကပ္ပလီ ကျွန်းစုများ ရှိ အိန္ဒိယ ကြည်းရေလေ စစ်ဌာနချုပ်အား ခြိမ်းချောက်လာနေပြီ ဖြစ်သည်။

မြန်မာ အလံ လွှင့်ထူထားသော ငါးဖမ်း သင်္ဘောများ ကို အိန္ဒိယ ဖက်မှ ကြားဖြတ် ဟန့်တားသည့် အခါတိုင်း သင်္ဘော‌ပေါ်တွင် ရေဒီယို နှင့် သမုဒ္ဒရာ အောက် ရေငုပ်သင်္ဘော ရှာ ကိရိယာ များ နှင့် အတူ တရုတ် နိုင်ငံသားများကို မကြာခဏ ဆိုသလို တွေ့ရှိရသည်ဟု ဆိုသည်။

အိန္ဒိယ သည် ထိုကိစ္စ အပေါ် ကာလကြာမြင့်စွာ ကတည်းက သံသယ ရှိနေပြီး တဖြေးဖြေး နှင့် စိုးရိမ်စရာ ဖြစ်လာနေသည်။ စစ်တပ်မှ အိန္ဒိယ အပေါ် နိုင်ကွက်ရနေသည့် အရေး ဖြစ်ပြီး  မြန်မာ စစ်တပ်အပေါ် လိုက်လိုက်လျောလျော ဆက်ဆံနေခြင်း၏ အကြောင်းရင်းများထဲတွင်လည်း တခုအပါအဝင် ဖြစ်သည်။

အိန္ဒိယ အစိုးရသည် ထိုကိစ္စအပေါ် ဖုံးဖုံးဖိဖိ လုပ်ထားသော်လည်း ယခုအခါ တွင် တော့ လန်ဒန် ချာတန်ဟောက်စ် ၏ အထောက်အထား များ ကြောင့် စစ်တပ် နှင့် အိန္ဒိယ ဆက်ဆံရေး သည် ထိခိုက်သွားနိုင်ဖွယ် ရှိနေသည်။

လက်ရှိတွင် မင်းအောင်လှိုင်သည် သမ္မတ ဖြစ်ရေး ရည်မှန်းချက်၏ တစိတ်တပိုင်း အဖြစ် သူ၏ အာဏာကို အခိုင်အမာ တည်ဆောက်နိုင်‌ရေး အတွက် တပ် လက်ကိုင် ရှိသူများ အား ဖယ်ထုတ်ခြင်း၊ အစားထိုး ခန့်အပ်ခြင်း များ ပြုလုပ်လာနေပြီ ဖြစ်သည်။

ကရင်ပြည်နယ် ဆိုင်ရာ အထူး စစ်ဆင်ရေး ဗျုရို အမှတ် (၄) မှ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်လှိုင်ကို ရာထူးမှ ထုတ်ပယ်လိုက်သည်၊ ကရင်ပြည်နယ် အတွင်း စစ်ဆင်ရေး များ တွင် အကြီးအကျယ် အရေးနိမ့်နေ၍ ဖြစ်သည်။ ခင်လှိုင်သည် ယမန်နှစ်က ထုတ်ပယ်ခံခဲ့ရသော ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် ပြီးလျှင် ဒုတိယ မြောက် ဖြစ်သည်။ ခင်လှိုင်နေရာ တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်ချုပ် ညွန့်ဝင်းဆွေ အား ဒုဗိုလ်ချုပ်ကြီး အဖြစ် ရာထူး တိုးမြှင့်ကာ ပြောင်းရွှေ့ ခန့်ထားလိုက်သည်။

ဗိုလ်ချုပ် မြတ်သက်ဦး သည်လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ရွှေ့ပြောင်းခံရပြီး သူ့နေရာတွင် အမှတ် (၁၁) ခြေမြန်တပ်မ ဌာနချုပ် တပ်မမှုး ဗိုလ်မှူးချုပ် စိုးမင်း နှင့် အစားထိုးလိုက်သည်။ မြတ်သက်ဦး နေရာတွင် နေပြည်တော် မှ ဗိုလ်ချုပ် ဇော်ဟိန်းမှ တာဝန်ယူမည် ဖြစ်ပြီး သူ့နေရာတွင် ဗိုလ်မှူးချုပ် ဝေလင်း အား ခန့်ထားလိုက်သည်။

မင်းအောင်လှိုင် လက်အောက်တွင် ဗိုလ်ချုပ်များ ဖောခြင်းသောခြင်း ခန့်ထားသော်လည်း ယခုလို အခြေအနေဆိုး မျိုး မှ ရုန်းထွက် နိုင်ရန် အရည်အချင်း မရှိ သူများ ချည်း ဖြစ်နေသည်ကို တွေ့ရသည်။ ၎င်းတို့ အဖို့ မင်းအောင်လှိုင်ကြောင့် သက်တောင့်သက်သာ အေးအေးဆေးဆေး ဖြင့် အခွင့်ထူးခံ နေလာရသည့် ဘဝများ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ 

စစ်ဗိုလ်ချုပ် များ လက်စွမ်းပြနိုင်ခဲ့ကြသည့် အဖြစ်ကို ထန်တလန် မြို့ ပြာပုံဘဝ ရောက်သွားခဲ့သ်က သက်သေခံနေပြီ ဖြစ်သည်။ ၂၀၂၃ နှစ်ထဲတွင် လက်နက်ကြီးများ ဖြင့် လူနေရပ်ကွက်များကို အကြိမ် ၁၀၀ ခန့် ပစ်ခတ်ခဲ့ကြပြီး ဖြစ်သည်ဟု RFA သတင်းတွင် ဖေါ်ပြထားသည်။ နောက်ဆုံး အကြိမ် တိုက်ခိုက်မှု တွင် အသက် ၆ နှစ် နှင့် ၉ နှစ် အရွယ် ကလေးငယ် နှစ်ဦး သေဆုံးသွားခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရရှိသွားခဲ့သည်။ ယင်းတိုက်ခိုက်မှု သည် မည်သို့မျှ အကြောင်းမရှိပဲ တမင်တကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ချင်း အမျိုးသား တပ်ဦးက ဆိုသည်။

လွတ်လပ်ရေး ရပြီး နောက်ပိုင်း စစ်တပ် ဆင်နွှဲနေသော ပြည်တွင်း စစ်ကြီး တွင် ထိုသို့ ပြာပုံဘဝ ရောက်ခဲ့ရသည့် မြို့  တမြို့တလေမျှ မရှိခဲ့ဖူး၍ စစ်ခေါင်းဆောင်များ အရည်အချင်း မည်မျှ ရှိသည် ဆိုသည်က သိသာနေပြီ ဖြစ်သည်။

၎င်းတို့ကြောင့် တိုင်းပြည် လူဦးရေ၏ သုံးပုံတပုံခန့်သည် သေရေးထက် ရှင်ရေး က ပို၍ ခက်ခဲ လာနေပြီး အသက်တချောင်းကို ကုတ်ကပ်မွေးမြူနေကြသည့် အဖြစ် ဆိုက်‌ရောက်နေပြီ ဖြစ်သည်။

ချင်းတိုင်းရင်းသား များ အပေါ် ထိုသို့ လူစိတ်ပျောက်ကာ တရိစ္ဆာန်ထက်ပင် ယုတ်ညံ့စွာ တွေးခေါ် ပြုကျင့် နေကြသည့် အဖြစ်ကိုတော့ ကျွန်တော်အဖို့ ရင်နာ၍ မဆုံးနိုင်တော့ပေ။

၎င်းတို့ အပေါ် ပြည်သူများ စိတ်ထဲတွင် မည်သို့မျှ မကြေနိုင်တော့သည့် မုန်းတီးရွံရှာ နေသည့် အစိုင်အခဲကြီးများ မည်မျှ အထိ ကြီးထွား နေကြပြီ ဆိုသည်ကလည်း မပြောပဲနှင့် သိသာနေပြီ ဖြစ်သည်။ ထိုသို့သော လူများကို ညံ့ဖျင်း မိုက်မဲလှသော လူများက လွဲ၍ မည်သူကကော အစိုးရ တရပ်ဟူ၍ အသိအမှတ် ပြုကြပေမည်နည်း။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ


ဆက်ဖတ်ရန် →
သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်

သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်

အောင်ဇော်
1 April 2023
အမေရိကန် ပြည်ထောင်စုသည် မြန်မာစင်ပြိုင်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ပြီး ဒီမိုကရက်တစ် အတိုက်အခံနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ထောက်ခံရန် စိတ်အားထက်သန်လာသောအခါ အိမ်နီးချင်း တရုတ်နိုင်ငံသည် အမေရိကန် သြဇာကြီးထွားလာခြင်းကို ဆန့်ကျင်ရန် ခြေလှမ်းများ လှမ်းလာသည်။ သို့သော် တရုတ်သည် မှန်ကန်သောမူဝါဒကို ချမှတ်ခြင်းရှိ၊ မရှိ မေးခွန်းထုတ်ရန်ရှိသည်။

တရုတ်က အသစ်ခန့်လိုက်သည့် အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် မြန်မာသို့ ဒီဇင်ဘာလအတွင်း နှစ်ကြိမ်လာရောက် လည်ပတ်ခဲ့သည်။ သူ၏ ခရီးစဉ်တွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခြင်းလည်း ပါဝင်သည်။

သူသည် မြောက်ပိုင်းမဟာမိတ်များထံသို့ သွားရောက်ပြီး ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့မှ ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးသည်။ ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သည် တရုတ်သြဇာအောက်တွင် ရှိနေပြီး ၎င်းတို့အနက် သုံးဖွဲ့ဖြစ်သည့် KIA, TNLA နှင့် MNDAA တို့သည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်တွင် စစ်ကောင်စီကို အပြင်းအထန် တိုက်ခိုက်နေသည်။

တရုတ်နိုင်ငံ၏ လက်ရှိသဘောထားမှာ ထိုအဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပြီး နယ်စပ်တွင် တိုက်ခိုက်မှုများ ရပ်ဆိုင်းစေရန်ဖြစ်သည်။

မကြာသေးမီက ‘ဝ’ ဒေသတွင် အစည်းအဝေးကျင်းပပြီးနောက် ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဘေဂျင်း၏ အားထုတ်မှုများကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့် ကြေညာချက်တစောင် ထုတ်ပြန်ပြီး “မြန်မာ့ပြည်တွင်း ပဋိပက္ခတွင် တရုတ်က ကြားဝင်ခြင်းကို ကြိုဆို” ကာ ပူးပေါင်းလုပ်ဆောင်ရန် ကတိပြုသည်။
မကြာသေးမီက ‘ဝ’ ဒေသတွင် အစည်းအဝေးကျင်းပပြီးနောက် ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဘေဂျင်း၏ အားထုတ်မှုများကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့် ကြေညာချက်တစောင် ထုတ်ပြန်ပြီး “မြန်မာ့ပြည်တွင်း ပဋိပက္ခတွင် တရုတ်က ကြားဝင်ခြင်းကို ကြိုဆို” ကာ ပူးပေါင်းလုပ်ဆောင်ရန် ကတိပြုသည်။

ထိုကြေညာချက်သည် နေပြည်တော်မှ စစ်ကောင်စီခေါင်းဆောင်များ၏နားတွင် အလွန်သာယာသော ကြေညာချက် ဖြစ်သည်။

ဒီဇင်ဘာလတွင် မစ္စတာ တိန့်သည် နေပြည်တော်သို့ ခပ်လျှိုလျှိုသွားရောက်ပြီးနောက် စိတ်ဝင်စားစရာတခု ဖြစ်လာသည်။ စစ်ကောင်စီသည် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်အောက်မှ စစ်ဆင်ရေးဌာနချုပ် သုံးခု သို့မဟုတ် တပ်ရင်း ၃၀ ခန့်ကို ထုတ်နုတ်ပြီး ကယားနှင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် တောင်ပိုင်းတွင် ထိုဒေသများမှ လက်နက်ကိုင်ခုခံသူများနှင့် အရပ်သားများကို အဓိကထိုးစစ်များဆင်ရန် ပြန်လည်ဖြန့်ကျက်သည်။

အယူအဆတခုမှာ တရုတ်အထူးသံတမန်က ရွှေလီ-မန္တလေး ရထားလမ်း တည်ဆောက်ရန် တရုတ်အနေဖြင့် စိတ်အားထက်သန်နေသည့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးတင်းမာမှု လျှော့ချပေးရန် စစ်ကောင်စီကို ကတိပြုသည်ဆိုသည့် အချက်ဖြစ်သည်။ မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံသောအခါ တရုတ်အထူးသံတမန်က နယ်စပ်တွင် တိုက်ခိုက်မှုရပ်ရန် ပြောဆိုသည်။


တရုတ်အထူးသံတမန်က စစ်ကောင်စီခေါင်းဆောင်နှင့် မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များအကြား လွန်းပျံခရီးစဉ်များသည် အမေရိကန် ကွန်ဂရက်က မကြာသေးမီက အတည်ပြုလိုက်သည့် အမျိုးသားကာကွယ်ရေး အခွင့်အာဏာပေးမှု ဥပဒေ NDAA ၏ အစိတ်အပိုင်းဖြစ်သော Burma Act ကို တုံ့ပြန်မှုဖြစ်သည်ဟု သုတေသီများက ပြောသည်။ Burma Act သည် မြန်မာမှ EAOs များ အပါအဝင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို ငွေကြေးနှင့် နည်းပညာအကူအညီပေးရန် ခွင့်ပြုခြင်းဖြစ်သည်။ သို့သော်မည်သည့် အကူအညီမျှ ရောက်မလာသေးပေ။ မည်သို့ဆိုစေ တရုတ်သည် ၎င်း၏နယ်စပ်တွင် အနောက်တိုင်းသြဇာ ပျံ့နှံ့လာခြင်းကို မလိုလားဘဲ တားဆီးမည်ဖြစ်သည်။

စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ဝါရှင်တန်တွင် ရုံးခန်းတခုဖွင့်ထားသည်။ တရုတ်နိုင်ငံမြို့တော်တွင် ထိုသို့သောရုံး မရှိသော်လည်း NUG အရာရှိများသည် ဘေဂျင်းနှင့် ယူနန်ပြည်နယ်မှ တရုတ်အရာရှိများကို ဆက်သွယ်သည်။ NUG သည် အောက်တိုဘာလက ကျင်းပသည့် ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက်အတွင်း တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သော ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် ပါဝင်သည်။

မစ္စတာ တိန့်ရှီကျွန်းက မြောက်ပိုင်းနယ်စပ်သို့ သွားရောက်နေသည့်အချိန်တွင် NUG အဆင့်မြင့် ကာကွယ်ရေးအရာရှိများသည် UWSA ဌာနချုပ် ပန်ဆန်းတွင် ရှိနေသည်။

အင်အားကြီးမားသော ‘ဝ’ ခေါင်းဆောင်များက NUG ကို ထောက်ခံရန် မကြာသေးမီက ကတိပြုပြီး MNDAA သည် လွန်ခဲ့သောနှစ်မှ စတင်ပြီး NUG နှင့် PDF တပ်များကို လက်နက်နှင့် လေ့ကျင့်မှု ပေးနေသည်။ နေပြည်တော်မှ စစ်ကောင်စီသည် ကြီးထွားလာနေသည့် ထိုမဟာမိတ်များကို သွေးခွဲလိုပြီး တရုတ်ထောက်ခံမှုကို ရယူလိုသည်။

တရုတ်၏ ကစားပွဲသစ်လား

ASEAN အထူးသံတမန်ဟောင်းဖြစ်သော မစ္စတာ တိန့်သည် မြန်မာတွင် အာဏာသိမ်းပြီးနောက် လာရောက်လည်ပတ်သည့် ဆွန်ကော့ရှန်နေရာတွင် ခပ်လျှိုလျှို အစားထိုးဝင်ရောက်လာခဲ့သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက မစ္စတာ ဆွန်သည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံသော်လည်း ဖြုတ်ချဖမ်းဆီးခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် သူ၏တောင်းဆိုမှုကို ငြင်းပယ်ခံရသည်။
ဒေါ်အောင်ဆန်းစုကြည်က ထိုအထူးသံတမန်ကို တွေ့ဆုံလိုသော်လည်း ဖြုတ်ချခံ သမ္မတ ဦးဝင်းမြင့်နှင့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်တို့လည်း တက်ရောက်ရမည်ဟု တောင်းဆိုခဲ့ကြောင်း အတိုက်အခံ သတင်းရင်းမြစ်များက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် ၎င်းတို့ နှစ်ဦးသည် ဖမ်းဆီးခံထားရသူများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီမှ အခြားထိပ်တန်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံရန် တောင်းဆိုသော်လည်း ခွင့်မပြုကြောင်း ဖော်ပြကြသည်။ ထို့ကြောင့် တရုတ်အထူးသံတမန်နှင့် မတွေ့ဆုံဖြစ်တော့ပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် တရုတ်က မည်သည့်အတွက် စိတ်ဝင်စားနေသနည်း။ ၂၀၂၁ ခုနှစ်က စစ်ကောင်စီ၏လက်တွင် တရားစွဲဆိုခံရသည့် ကနဦးကာလ၌ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးသို့ ရောက်လာသည့် ပါတီခေါင်းဆောင်များကို တရုတ်နိုင်ငံနှင့် ဆက်သွယ်ရန် ပြောသည်ဟု ဆိုသည်။
ယခုအခါ ပုန်းအောင်းနေရသည့် မြန်မာအစိုးရ အရာရှိများက တရုတ်သည် ပြောင်းလဲလာသည့် နိုင်ငံရေးရှုခင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်ကို သိလိုသည်ဟု ယုံကြည်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် “ကိုယ်တိုင်ပြောကြားသည့်” စကားကိုကြားလိုသည်ဟု ဆိုသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဖိတ်ခေါ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ရှီ၏ အထူးဧည့်သည်တော်ဖြစ်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုနိုင်သည်။
၂၀၂၀ ပြည့်နှစ်တွင် မြန်မာသို့ လာရောက်လည်ပတ်စဉ် မစ္စတာ ရှီက တရုတ်-မြန်မာစီးပွားရေး စင်္ကြံ (CMEC) မှ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် နှစ်ဖက် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ပြောခဲ့သည်။ နှစ်နိုင်ငံတို့သည် CMEC ၏ မဏ္ဍိုင် သုံးခုဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်နှင့် ရန်ကုန်မြို့သစ်စီမံကိန်းတို့ကိုအားပေးရန်လိုကြောင်း သူကအလေးထားပြောသည်။ အာဏာသိမ်းပြီးနောက် ထိုစီမံကိန်းများအားလုံး ရပ်ဆိုင်းသွားသော်လည်း တရုတ်နိုင်ငံသည် ထိုစီမံကိန်းများ ပြန်လည်စတင်ရန် လွန်ခဲ့သောနှစ်မှစတင်ပြီး တိတ်တဆိတ် လုပ်ဆောင်နေသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရန် မန္တလေးတိုင်း၊ ရှေးဟောင်းမြို့တော် ပုဂံသို့ ရောက်လာသည်။ သို့သော် မြန်မာတွင် ကျင်းပရန် စီစဉ်ထားသည့် LMC ထိပ်သီး ဆွေးနွေးပွဲမှာမူ နိုင်ငံတကာအထီးကျန်မှု၊ ကြီးထွားနေသော မတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပုန်ကန်မှုများ ရင်ဆိုင်နေရသည့် စစ်ကောင်စီက တရုတ်ကို ဖိတ်ခေါ်သည်ကို တရုတ်က မတုံ့ပြန်သောကြောင့် မကျင်းပဖြစ်ပေ။
ထိုထက်ပိုမိုအရေးကြီးသည့် အချက်မှာ လွန်ခဲ့သောနှစ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ကောင်စီကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ချသောအခါ တရုတ်နိုင်ငံက မဲမပေးဘဲနေခြင်းဖြစ်သည်။ ထိုအချက်က တရုတ်သည် တရားဝင်မှုကို တောင့်တနေသည့် စစ်ကောင်စီကို ထောက်ခံမှုသည် အကန့်အသတ်ရှိကြောင်း ပြသနေသည်။ တရုတ်နှစ်သစ်ကူးတွင် ပေးပို့သည့် သဝဏ်လွှာတွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်အစိုးရသည် ကုလသမဂ္ဂတွင်၊ အထူးသဖြင့် လုံခြုံရေးကောင်စီတွင် မြန်မာပြည်သူများနှင့်အတူ ရပ်တည်သောကြောင့် ကျေးဇူးတင်ကြောင်း ဖော်ပြထာသည်။
ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သော ASEAN ကလည်း စစ်ကောင်စီခေါင်းဆောင်ကို ရှောင်ရှားပြီး ထိပ်သီးဆွေးနွေးပွဲများသို့ ဖိတ်ကြားခြင်းမပြုပေ။ တရုတ်သည် ASEAN အင်အားချိနဲ့သည်ကို မမြင်လိုဘဲ ASEAN ၏ ရပ်တည်ချက်အတိုင်း လိုက်နာသည်။ ထို့အပြင် တရုတ်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့အတွက် သဝဏ်လွှာပေးပို့ခြင်း မပြုပေ။ ဘေဂျင်းက စစ်ကောင်စီနှင့် ဆက်ဆံရေးတွင် အကန့်အသတ်ရှိကြောင်း ထပ်မံပြသလိုက်ခြင်းဖြစ်သည်။
မြန်မာ၏ တရုတ်ဆန့်ကျင်ရေး ရပ်တည်ချက်
စစ်ကောင်စီကို လူသိရှင်ကြား ထောက်ခံသည့် ထိုအကန့်အသတ်များရှိသော်လည်း တရုတ်သည် အခြားနိုင်ငံများထက် မြန်မာတွင် ရေရှည်သေနင်္ဂဗျူဟာ အကျိုးစီးပွားရှိနေပြီး မြန်မာ၏ ပြည်တွင်းရေးကို အမြဲတမ်း စွက်ဖက်နေသည်။
မြန်မာနိုင်ငံသားများသည် တရုတ်ဆန့်ကျင်ရေးဝါဒဖြန့်ချိမှုနှင့် ထိတွေ့နေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ယခုအခါ သယံဇာတငတ်မွတ်နေသော တရုတ်၏ စီမံကိန်းကြီးများကို မြန်မာတွင် တွေ့နေရသည်။ မြန်မာနိုင်ငံသားအများစုသည် မြောက်ပိုင်းအိမ်နီးချင်း တရုတ်ကို အယုံအကြည်မရှိဟု ဆိုနိုင်သည်။
၂၀၁၂ ခုနှစ်တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက တရုတ်နိုင်ငံကို ကြောက်ရကြောင်း စစ်ကိုင်းတိုင်း၊ မုံရွာမှ လူထုအစည်းအဝေးတခုတွင် လူသိရှင်ကြားဝန်ခံသည်။ ထိုစဉ်က သူနှင့် အစိုးရအဆင့်မြင့် အရာရှိများသည် တရုတ်ကျောထောက်နောက်ခံဖြင့် ပြုလုပ်နေသည့် အငြင်းပွားဖွယ် ကြေးနီစီမံကိန်းကို ဆန့်ကျင်သည့် ဒေသခံပြည်သူများကို သွားရောက်တွေ့ဆုံခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများကဲ့သို့ပင် စစ်ခေါင်းဆောင်များကလည်း တရုတ်ကို မနှစ်သက်ပေ။
၂၀၁၉ ခုနှစ်က အစည်းအဝေးတခုတွင် ထိုစဉ်က တရုတ်အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်နှင့် တွေ့ဆုံစဉ် မင်းအောင်လှိုင်က မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တရုတ်ထံမှ လက်နက်များ ဝယ်ယူနေကြောင်း ပြောသည်ဟုဆိုသည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရုရှားနှင့် ချစ်ကြည်ရေးကို အားကိုးပြီး ရုရှားသည် မြန်မာကို လက်နက်အဓိက ထောက်ပံ့သည့် နိုင်ငံဖြစ်လာသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာမှ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို စစ်ကောင်စီက သွေးချောင်းစီးနှိမ်နင်းမှုကို အနောက်နိုင်ငံများက ရှုတ်ချသော်လည်း တရုတ်က မရှုတ်ချခဲ့ပေ။ ကြီးမားသည့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ မြန်မာတွင် ဖြစ်ပေါ်လာသည်။ တရုတ်၏ ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပစ်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ အပါအဝင် ခုခံတော်လှန်ရေး အင်အားစုများက ခြိမ်းခြောက်ကြသည်။
တရုတ်၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) တွင် မြန်မာသည် အရေးပါသည့် နိုင်ငံများအနက် တခုဖြစ်သည်မှာ မှန်သည်။ သို့သော် ယခုကဲ့သို့သော မတည်ငြိမ်မှုများနှင့် ရေရှည် လက်နက်ကိုင် ပဋိပက္ခများကြားတွင် မြန်မာမှ BRI စီမံကိန်းများသည် မရေမရာဖြစ်နေသည်။




မြန်မာနိုင်ငံတွင် တရုတ်ဩဇာလွှမ်းမိုးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ တည်နေရာပြမြေပုံ

သို့သော် စစ်ကောင်စီက တနိုင်ငံလုံးကို အပြည့်အဝ မထိန်းချုပ်နိုင်ကြောင်း ဝန်ခံသည့်တိုင် ထိုစီမံကိန်းများကို ပြန်လည်စတင်လိုသည့် လက္ခဏာများကို တရုတ်က ပြသနေသည်။ မေးစရာဖြစ်လာသည့် မေးခွန်းမှာ တရုတ်၏ သေနင်္ဂဗျူဟာ စီးပွားရေး စီမံကိန်းများနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဖြည့်ဆည်းပေးနိုင်သည့် စွမ်းရည်ရှိသလား ဆိုသည့် မေးခွန်းပင်ဖြစ်သည်။
တရုတ်သည် မြန်မာတွင် အာဏာသိမ်းကတည်းက ရပ်ဆိုင်းထားရသည့် လက်ပံတောင်း ကြေးနီစီမံကိန်းကို ပြန်လည်စတင်လိုသည်။ တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လေအားလျှပ်စစ်တာဘိုင်များ တပ်ဆင်မည့် ကန်ထရိုက်တခုကို ယခုလအတွင်း လက်မှတ်ရေးထိုးထားပြီး ထိုစီမံကိန်းကို ဒီဇင်ဘာလတွင် စတင်ရန် စီစဉ်ထားသည်။
ဘေဂျင်းအတွက် အခြားထိပ်တန်း ဦးစားပေးတခုမှာ BRI အတွက် အရေးပါသည့် အစိတ်အပိုင်းဖြစ်သော တရုတ်နိုင်ငံ၊ ရွှေလီနှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူကို ဆက်သွယ်မည့် ရွှေလီ-မန္တလေး-ကျောက်ဖြူ ရထားလမ်း တည်ဆောက်ရေးဖြစ်သည်။ သို့သော် မြန်မာမှ မတည်ငြိမ်မှုများကြောင့် ထိုရည်မှန်းချက်ကြီးမားသော စီမံကိန်း မကြာမီ စတင်နိုင်မည့် အလားအလာမရှိပေ။ ထိုစီမံကိန်းကို အကောင်အထည် ဖော်ရန်အတွက် တရုတ်သည် မြန်မာမြောက်ပိုင်းမှ EAOs များကို စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး တွန်းအားပေးနေမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် သေနင်္ဂဗျူဟာပြောင်းလဲပြီး နေပြည်တော်မှ ရာဇဝတ်စစ်ကောင်စီကို ပိုမိုသိသိသာသာ ထောက်ခံရန် လုပ်ဆောင်နေသည်။ သမိုင်းအရပြောရပါက တရုတ်သည် မြန်မာတွင် မှားယွင်းသောဘက်၌ အမြဲရှိနေပြီး မြန်မာပြည်သူများ စက်ဆုတ်မုန်းတီးသည့် စစ်အုပ်စုများကို ထောက်ခံခြင်း၊ ပူပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သည်။ ပိုမိုအရေးကြီးသောအချက်မှာ မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို လူထုက မထောက်ခံခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ဦးစားပေးများကို မပြောင်းလဲလျှင် မြန်မာတွင် အောင်ပွဲခံနိုင်မည်မဟုတ်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Aung Zaw ၏ China Once Again on Wrong Side of History in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)


ဆက်ဖတ်ရန် →
မင်းအောင်လှိုင် အလိမ်ပေါ်ပြန်ဘီ !

မင်းအောင်လှိုင် အလိမ်ပေါ်ပြန်ဘီ !

နောက်ဆုံးလိမ်တဲ့ကောင်သာ အရှုံးဆိုတာ အမှန်ပဲ ပြည်သူမသိခင်တော့ သာသလိုရှိတာပေါ့လေ ကြောင်ကြာကြာ ရေမငုတ်နိုင်ဆိုတာ ဒါပါပဲ ထင်တော့ထင်သား သတင်းက ထွက်မလာသေးလို့သာ ဒါကြောင့် မအလ ရခိုင်သွားပြီး သွေးခွဲပြနေတာလို့ ရေးပြခဲ့သလို တပင်ရွှေထီး သွေးခွဲအကွက်တွေ ထုတ်သုံးနေတာလို့ ကြိုရေးခဲ့သေး ဘာကြောင့်ဆိုတော့ သာကောလာတယ် NLD ဖျက်တယ် ရခိုင်သွားတယ် မသိရင် သာကောစနက် ထောက်ခံသလိုတွေ ဖြစ်စေဘို့ အာရုံလွဲ ဂျင်းထဲ့တာပဲ 

ခု ဧရာဝတီသတင်းထဲမှာပါလာတဲ့ ပြည်သူမသိသေးတဲ့ အချက်တွေအရဆိုရင် NUG အဆင့်မြင့် ကာကွယ်ရေး
အရာရှိတွေ မြောက်ပိုင်းသွားရောက်ပြီး ‘ဝ’ အပါအဝင် တိုင်းရင်းသားလန-က်ကိုင်အဖွဲ့အစည်း မဟာမိတ်များနှင့် 
အစည်းအဝေးများ ကျင်းပခြင်းနဲ့ စိန့ တိန့်ရှီကျွန်းက မြောက်ပိုင်းနယ်စပ် ရောက်နေတဲ့အချိန်မှာ NUG အဆင့်မြင့် ကာကွယ်ရေးအရာရှိများက 
UWSA ဌာနချုပ် ပန်ဆန်းတွင် ရှိနေတယ်ဆိုတာရယ်  ‘ဝ’ ခေါင်းဆောင်များက NUG ကို ထောက်ခံရန် မကြာသေးမီက 
ကတိပြုပြီး MNDAA သည်လည်း လွန်ခဲ့သောနှစ်မှစတင်ပြီး NUG နှင့် PDF တပ်များကို လန-က်နှင့် လေ့ကျင့်မှု ပေးနေမှု ဒီအချက်တွေကို မအလတို့ စိုးရိမ်ပြီး ၀နဲ့ မြောက်ပိုင်းအဖွဲ့တွေခေါ်တွေ့တယ် အဆင်မပြေကြောင်း သိရပြီး NUGနဲ့ ပူးပေါင်း ဆက်ဆံမှု ကြီးထွားလာနေတဲ့ ခုမဟာမိတ်များကို ကြောက်ပြီး သွေးခွဲဖို့ တ-ရု-တ်ထောက်ခံမှုကို ရယူပြီး လိုက်ရောပေးဘို့ ခုလိုရခိုင်သွား တျုတ်ကို အဆွကစားပြနေတယ်ဆိုတာ ထင်ရှားနေပါတယ် 

ဒီလိုဆို ယတိပြတ်တွက်ဆလို့ရတာက NUG ကို ၀တို့က ထောက်ခံတယ်ဆိုတော့ MNDAA ,စပိုစ့်နေတဲ့ BPLA ကိုလည်း သိပ်မစိုးရိမ်ရသလို ၀ရဲ့ လေယဉ်ပ-စ်တွေ ပြင်ဆင်နေခြင်းတွေဟာလည်း ကိုယ်တွေဘက်အတွက်ဆိုတာ ထင်ရှားနေ၍ ၀တို့ MNDAA တို့ ပါလာပြီဆိုမှတော့ မအလ မရှုံးပဲ နေမလားဟုဆိုချင်လေသည် ဒါကို မသိရင် မအလက တ-ရု-တ် ၀ မြောက်ပိုင်း အဖွဲ့နဲ့ ခုရခိုင်အေအေပါ သူ့ဘက်ပါသလို ပုံဖမ်း လှည့်စားပြနေတာ ခု အလိမ်ပေါ်ပြီဆိုတော့ ရှက်ပြီး ဒီသတင်းကြောင့် သွေးပြန်တက်အုံးမလား မသိ ! 

#မင်းကြည်ညိုနေ 🕊️



ဆက်ဖတ်ရန် →
VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်

VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်

By ကျော်မောင်—

၂၀၂၁ မေလက Nikkei Asia ဆောင်းပါးမှာပါတဲ့ စိတ်၀င်စားစရာ အချက်ကတော့ 

🔻 A key figure in VPower's deals with the Myanmar military is Tun Min Latt, son of retired Lt. Col. Khin Maung Latt. He was named in a 2019 United Nations Fact-Finding Mission report on the military's economic interests as a private shareholder in the Star Sapphire Group of Companies 🔻 ဆိုတာပါပဲ 

မြန်မာစစ်တပ်နှင့် VPower သဘောတူညီချက်များတွင် အဓိကကျသူမှာ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး ခင်မောင်လတ်၏သား ထွန်းမင်းလတ်ဖြစ်သည်။  သူ့ကို Star Sapphire Group of Companies တွင် စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားအတွက် ပုဂ္ဂလိက ရှယ်ယာရှင်အဖြစ် 2019 United Nations Fact-Finding Mission အစီရင်ခံစာတွင် ထည့်သွင်းခဲ့သည်။

၂ နှစ်ခန့် ကြာသောအခါ ‌မီးပေးတဲ့ သင်္ဘောကြီးလည်း ထွက်ခွာသွားခဲ့ပါပြီ....

ဟောင်ကောင် အခြေစိုက် VPower နဲ့ တရုတ်အစိုးရပိုင် CNTIC တို့ဟာ မြန်မာ့အရေးစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေရဲ့ မေးခွန်းထုတ်မှုနဲ့ ဝေဖန်မှုကို ၂၀၂၁ တည်းက ရင်ဆိုင်ခဲ့ရပါတယ်။ အဓိကကတော့ စစ်တပ်နဲ့အကျိုးစီးပွား‌ ရှိနေတဲ့အတွက်ပါ။ ဒါ့ကြောင့် မြန်မာမှာ သူတို့လုပ်နေတဲ့ စီမံကိန်းတွေထဲက တချို့ကို ရပ်နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၁ မေလ Nikkei Asia ဆောင်းပါး၊  ဩဂုတ်လ Myanmar now ဆောင်းပါးနဲ့ ဧရာဝတီသတင်းတို့မှာပါတဲ့ စိတ်၀င်စားစရာ အချက်တွေကတော့
ကတော့ 

🔻 VPower နဲ့ CNTIC ဟာ မြန်မာမှာ လျှပ်စစ်ကဏ္ဍအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်နေကြတာဖြစ်တယ်။ VPower က ၁၀၀ ရာခိုင်နှုန်းရှယ်ယာအပြည့်နဲ့ လည်ပတ်နေတဲ့ စီမံကိန်းတွေလည်း ရှိသလို CNTIC နဲ့ ဖက်စပ်လုပ်နေတဲ့ စီမံကိန်းတွေလည်းရှိတယ်။ အာဏာမသိမ်းခင် VPower က မြန်မာနိုင်ငံထဲ ဆောင်ရွက်နေတဲ့ စီမံကိန်း ၉ ခုရှိတယ်။

🔻 စီမံကိန်းတွေက ရန်ကုန်၊ မြင်းခြံ၊ ကျောက်ဖြူစတဲ့ဒေသတွေမှာ အသီးသီးပျံ့နှံ့ပြီးရှိနေတယ်။ (comment ကပုံမှာ ကြည့်ပါရန်) အဲတာတွေထဲမှာမှ စစ်တပ်ရဲ့ ဦးပိုင်လီမိတက် (MEHL) အောက်က မြေကွက်တွေကို ငှားရမ်းထားတာမျိုး‌တွေလည်း ရှိနေတယ်။ အဓိကက သန်လျင် သီလဝါမှာလို့ပြောတယ်။

🔻 ဒါ့ကြောင့် အာဏာသိမ်းမှုအပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး VPower က သူ့ရဲ့စီမံကိန်းတချို့ကို စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာတွေရှိလာတယ်။ ကျောက်ဖြူနဲ့ မြင်းခြံက စီမံကိန်းတွေကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ဧရာ၀တီသတင်းမှာ လွန်ခဲ့တဲ့ ၂ နှစ်က ရေးထားတယ်။

🔻 VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်လို့ဆိုတယ်။ (အခုထိုင်းမှာ မူးယစ်မှုနဲ့ ဖမ်းခံထားရတဲ့ တယောက်) 






..
ဆက်ဖတ်ရန် →
ဒဗမက၏ဇနီး ထမီအလှန်ခံရ

ဒဗမက၏ဇနီး ထမီအလှန်ခံရ


မင်္ဂလာဒုံလေတပ်မှ ဒုဗိုလ်မှူးကြီး မြင့်ဝေကို မြို့ပြပြောက်ကျားအဖွဲ့ အနီးကပ် ၈ ချက် ပစ်ပြီး ရှင်းလင်း
………………………………………..
ယင်းသတင်းကို ဖုံးကွယ်ဖို့ အကြမ်းဖက် စစ်ကောင်စီက သတင်းမှား ပြန်လည် ဖြန့်ဝေ
~~~~~~~~~~~~~~~~~~~~
ဧပြီ ၁

အကြမ်းဖက် စစ်ကောင်စီ၊ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာနရဲ့ ဒုဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်ဝေဆိုသူကို မနေ့က မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်မှာ မြို့ပြပြောက်ကျားအဖွဲ့က အထူးစစ်ဆင်ရေးအနေနဲ့ အနီးကပ် ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ လေတပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာန၊ ဒုဌာနမှူး၊ ဒုဗိုလ်မှူးကြီး အဆင့်ရှိ မြင့်ဝေဆိုသူကို ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ ၃၄ရပ်ကွက်၊ ဦးလှဖေလမ်း၊ အိမ်အမှတ် ၇၉၀ ၎င်းရဲ့ နေအိမ်ရှေ့မှာ အပြင်ကနေ ကားနဲ့ပြန်လာစဉ် သေနတ်နဲ့ အနီးကပ် ၈ ချက် ပစ်ခတ်ခဲ့တာကြောင့် သေချာပေါက် သေဆုံးနိုင်တယ်လို့ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

“သူက အပြင်ကနေ ကားနဲ့ ပြန်လာတာဗျ။ ကားပေါ်မှာ သူ့မိန်းမနဲ့ သမီးလည်း ပါတယ်။ အားလုံး ၃ ယောက်ပေါ့။ သူ့မိန်းမနဲ့ သမီးက ကားပေါ်က ဆင်းပြီး အိမ်ခြံတံခါး သွားဖွင့်နေကြတာ။ သူတစ်ယောက်တည်း ကားပေါ်မှာ ကျန်နေတုန်း အနီးကပ် ၈ ချက် ပစ်ပြီး ရှင်းခဲ့တာပါ။ အခု ပစ်ခတ် ရှင်းလင်းခံရတဲ့သူက မြန်မာနိုင်ငံ အနှံ့အပြားက ပြည်သူတွေရဲ့ နေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ အပါအဝင် ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တွေကိုပါ လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးလုပ်ဆောင်နေသူ၊ လက်နက်ခဲယမ်းတွေ ၊ ဗုံးသီးတွေ ထုတ်လုပ်တပ်ဆင်ပေးနေသူပါ။ ဒါကြောင့် ရှင်းလင်းရတာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း စကစရဲ့ လေတပ် နောက်ချန် စခန်းတွေကို  ဆက်လက် တိုက်ခိုက်သွားမှာပါ” လို့ မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။ 

ဒီဖြစ်စဉ်ကို အကြမ်းဖက် စစ်ကောင်စီဘက်က “ဒဂုံမြို့သစ် မြောက်ပိုင်းတွင် သာမန်အပြစ်မဲ့ အငြိမ်းစား ဝန်ထမ်း တစ်ဦးအား လူသတ်အကြမ်းဖက် pdf တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်” ဆိုပြီး သတင်းမှားတွေ ပြန်လည် ဖြန့်ဝေနေတာ တွေ့ရပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီက သတင်းမှား ဖြန့်ဝေရာမှာ ဒုဗိုလ်မှူးကြီး မြင့်ဝေ ပစ်ခတ်ခံရတာကို ဖုံးကွယ်ထားပြီး ၎င်းရဲ့ ဇနီးဖြစ်သူ  မြန်မာ့သစ်လုပ်ငန်း၊ လက်ထောက် အထွေထွေမန်နေဂျာ (ငြိမ်း) ဒေါ်ခင်ချိုဝင်းဆိုသူ သေနတ်နဲ့ ၆ ချက် အနီးကပ် ပစ်ခတ်ခံရပြီး ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရခဲ့ကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ လုပ်ကြံဖန်တီးပြီး ထုတ်ပြန်ခဲ့ထားတာ တွေ့ရပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဒေါ်ခင်ချိုဝင်းရဲ့ ဓာတ်ပုံတွေအရ ပေါင်မှာ ပတ်တီးစည်းထားပေမယ့် သွေးစသွေးနတွေ မတွေ့ရတာ၊ ယောင်ရမ်းနေတာမျိုး မရှိတာကြောင့် ဒဏ်ရာ ရထားတဲ့ အနေအထားမျိုး မတွေ့ရဘဲ၊ လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံဆိုတာ သိသာနေတယ်လို့ သုံးသပ်ပြောဆိုတာတွေလည်း ရှိပါတယ်။ 

ဒါ့အပြင် ဒုဗိုလ်မှူးကြီး မြင့်ဝေဆိုသူ ပစ်ခတ်ခံရစဉ်မှာ ကားပေါ်မှာ အတူပါလာနဲ့ ၎င်းရဲ့ ဇနီးနဲ့ သမီးဖြစ်သူဟာ အိမ်ခြံတခါးကို သွားဖွင့်နေကြတာ ဖြစ်ပြီး ထိမှန်ဒဏ်ရာရခဲ့တာမျိုး မရှိဘူးလို့ စုံစမ်း သိရှိရပါတယ်။

“ လူနာတင်ကား ၂ စီးလာတယ်ဗျ။ တစ်စီးနဲ့ တစ်ယောက်ကို တင်သွားတယ်။ သူ့မိန်းမကိုတော့ အိမ်မှာ ဆေးကုသတဲ့ ပုံစံမျိုး မှတ်တမ်းယူပြီး ထားခဲ့တာပဲ။ တကယ် ဒဏ်ရာရရင် ဆေးရုံခေါ်သွားရမှာပေါ့။ တကယ်ထိပြီး လူနာတင်ကားနဲ့ ခေါ်သွားတဲ့ လူက လေတပ်က ဗိုလ်မှူးကြီးဆိုတာ ကျနော်တို့လည်း နောက်မှ သိရတာ“လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“စစ်တပ်က သူတို့တပ်ထဲက ရာထူးကြီးသူတွေ သတ်ဖြတ်ခံရတယ်ဆိုတာ သတင်း မပြန့်စေချင်လို့ အခုလိုတွေ လျှောက်ဖုံးပြီး သတင်းမှားတွေ ပြန်ဖြန့်နေတာ” လို့  အမည်မဖော်လိုသူ တပ်တွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

ပြည်သူတွေအပေါ် အကြမ်းဖက် ဗုံးကြဲ ပစ်ခတ်နေတဲ့ လေတပ်ကို အနီးကပ် ညွှန်ကြားနေတဲ့ လေတပ်ဌာနချုပ်မှူး၊ ဒုဌာနချုပ်မှူး၊ အုပ်စုမှူး၊ ဌာနမှူး၊ အုပ်မှူး၊ တပ်မှူးများစာရင်းရဲ့ အမှတ်စဉ် ၉၃ မှာ ပစ်ခတ်ခံရတဲ့ ဒုဗိုလ်မှူးကြီးမြင့်ဝေရဲ့ နာမည်ကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာလည်း ရန်ကုန်မြို့၊ နေပြည်တော်နဲ့ တောင်ငူမြို့တွေရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လေတပ်စခန်းတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
…………
နှင်းမြ
#ငွေမောင်းသံ မီဒီယာ







မင်္ဂလာဒုံလေတပ်မှ ဒုဗိုလ်မှူးကြီး မြင့်ဝေကို မြို့ပြပြောက်ကျားအဖွဲ့ အနီးကပ် ၈ ချက် ပစ်ပြီး ရှင်းလင်း၊ သတင်းဖုံးကွယ်ရန် စစ်တပ်က  ကြိုးစား

ရန်ကုန်၊ ဧပြီ ၁ ခေတ်သစ်

အကြမ်းဖက် စစ်ကောင်စီ၊ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာနရဲ့ ဒုဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်ဝေဆိုသူကို မနေ့က မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်မှာ မြို့ပြပြောက်ကျားအဖွဲ့က အထူးစစ်ဆင်ရေးအနေနဲ့ အနီးကပ် ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ လေတပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာန၊ ဒုဌာနမှူး၊ ဒုဗိုလ်မှူးကြီး အဆင့်ရှိ မြင့်ဝေဆိုသူကို ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ ၃၄ရပ်ကွက်၊ ဦးလှဖေလမ်း၊ အိမ်အမှတ် ၇၉၀ ၎င်းရဲ့ နေအိမ်ရှေ့မှာ အပြင်ကနေ ကားနဲ့ပြန်လာစဉ် သေနတ်နဲ့ အနီးကပ် ၈ ချက် ပစ်ခတ်ခဲ့တာကြောင့် သေချာပေါက် သေဆုံးနိုင်တယ်လို့ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

“သူက အပြင်ကနေ ကားနဲ့ ပြန်လာတာဗျ။ ကားပေါ်မှာ သူ့မိန်းမနဲ့ သမီးလည်း ပါတယ်။ အားလုံး ၃ ယောက်ပေါ့။ သူ့မိန်းမနဲ့ သမီးက ကားပေါ်က ဆင်းပြီး အိမ်ခြံတံခါး သွားဖွင့်နေကြတာ။ သူတစ်ယောက်တည်း ကားပေါ်မှာ ကျန်နေတုန်း အနီးကပ် ၈ ချက် ပစ်ပြီး ရှင်းခဲ့တာပါ။ အခု ပစ်ခတ် ရှင်းလင်းခံရတဲ့သူက မြန်မာနိုင်ငံ အနှံ့အပြားက ပြည်သူတွေရဲ့ နေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ အပါအဝင် ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တွေကိုပါ လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးလုပ်ဆောင်နေသူ၊ လက်နက်ခဲယမ်းတွေ ၊ ဗုံးသီးတွေ ထုတ်လုပ်တပ်ဆင်ပေးနေသူပါ။ ဒါကြောင့် ရှင်းလင်းရတာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း စကစရဲ့ လေတပ် နောက်ချန် စခန်းတွေကို  ဆက်လက် တိုက်ခိုက်သွားမှာပါ” လို့ မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာလည်း ရန်ကုန်မြို့၊ နေပြည်တော်နဲ့ တောင်ငူမြို့တွေရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လေတပ်စခန်းတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒီဖြစ်စဉ်ကို အကြမ်းဖက် စစ်ကောင်စီဘက်က “ဒဂုံမြို့သစ် မြောက်ပိုင်းတွင် သာမန်အပြစ်မဲ့ အငြိမ်းစား ဝန်ထမ်း တစ်ဦးအား လူသတ်အကြမ်းဖက် pdf တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်” ဆိုပြီး သတင်းမှားတွေ ပြန်လည် ဖြန့်ဝေနေတာ တွေ့ရပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီက သတင်းမှား ဖြန့်ဝေရာမှာ ဒုဗိုလ်မှူးကြီး မြင့်ဝေ ပစ်ခတ်ခံရတာကို ဖုံးကွယ်ထားပြီး ၎င်းရဲ့ ဇနီးဖြစ်သူ  မြန်မာ့သစ်လုပ်ငန်း၊ လက်ထောက် အထွေထွေမန်နေဂျာ (ငြိမ်း) ဒေါ်ခင်ချိုဝင်းဆိုသူ သေနတ်နဲ့ ၆ ချက် အနီးကပ် ပစ်ခတ်ခံရပြီး ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရခဲ့ကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ လုပ်ကြံဖန်တီးပြီး ထုတ်ပြန်ခဲ့ထားတာ တွေ့ရပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဇနီးဓာတ်ပုံတွေအရ ပေါင်မှာ ပတ်တီးစည်းထားပေမယ့် သွေးစသွေးနတွေ မတွေ့ရတာ၊ ယောင်ရမ်းနေတာမျိုး မရှိတာကြောင့် ဒဏ်ရာ ရထားတဲ့ အနေအထားမျိုး မတွေ့ရဘဲ၊ လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံဆိုတာ သိသာနေတယ်လို့ သုံးသပ်ပြောဆိုတာတွေလည်း ရှိပါတယ်။ 

ဒါ့အပြင် ဒုဗိုလ်မှူးကြီး မြင့်ဝေဆိုသူ ပစ်ခတ်ခံရစဉ်မှာ ကားပေါ်မှာ အတူပါလာနဲ့ ၎င်းရဲ့ ဇနီးနဲ့ သမီးဖြစ်သူဟာ အိမ်ခြံတခါးကို သွားဖွင့်နေကြတာ ဖြစ်ပြီး ထိမှန်ဒဏ်ရာရခဲ့တာမျိုး မရှိဘူးလို့ စုံစမ်း သိရှိရပါတယ်။

“ လူနာတင်ကား ၂ စီးလာတယ်ဗျ။ တစ်စီးနဲ့ တစ်ယောက်ကို တင်သွားတယ်။ သူ့မိန်းမကိုတော့ အိမ်မှာ ဆေးကုသတဲ့ ပုံစံမျိုး မှတ်တမ်းယူပြီး ထားခဲ့တာပဲ။ တကယ် ဒဏ်ရာရရင် ဆေးရုံခေါ်သွားရမှာပေါ့။ တကယ်ထိပြီး လူနာတင်ကားနဲ့ ခေါ်သွားတဲ့ လူက လေတပ်က ဗိုလ်မှူးကြီးဆိုတာ ကျနော်တို့လည်း နောက်မှ သိရတာ“လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“စစ်တပ်က သူတို့တပ်ထဲက ရာထူးကြီးသူတွေ သတ်ဖြတ်ခံရတယ်ဆိုတာ သတင်း မပြန့်စေချင်လို့ အခုလိုတွေ လျှောက်ဖုံးပြီး သတင်းမှားတွေ ပြန်ဖြန့် နေတာ” လို့  အမည်မဖော်လိုသူ တပ်တွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

ပြည်သူတွေအပေါ် အကြမ်းဖက် ဗုံးကြဲ ပစ်ခတ်နေတဲ့ လေတပ်ကို အနီးကပ် ညွှန်ကြားနေတဲ့ လေတပ်ဌာနချုပ်မှူး၊ ဒုဌာနချုပ်မှူး၊ အုပ်စုမှူး၊ ဌာနမှူး၊ အုပ်မှူး၊ တပ်မှူးများစာရင်းရဲ့ အမှတ်စဉ် ၉၃ မှာ ပစ်ခတ်ခံရတဲ့ ဒုဗိုလ်မှူးကြီးမြင့်ဝေရဲ့ နာမည်ကို တွေ့ရပါတယ်။
ဆက်ဖတ်ရန် →
ရေမထွက်၍ မြေအောက် ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူ ခံရနိုင်ဖွယ် ရှိနေ

ရေမထွက်၍ မြေအောက် ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူ ခံရနိုင်ဖွယ် ရှိနေ

🤣 ဘုန်းတော်ကြောင့် ရေ မထွက် 🤣

စစ်ကောင်စီဥက္ကဋ္ဌ မြေအောက် အကူပိုက်လိုင်းကို စက်ခလုတ်ဖွင့်၍ ရေစမ်းသပ် ဖြည့်တင်းခဲ့ရာတွင် ရေမထွက်၍ မြေအောက် ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူ ခံရနိုင်ဖွယ် ရှိနေ  

နိရဉ္စရာ၊ ဧပြီ ၁/၂၀၂၃ 

စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၃၀ ရက်နေ့က ကန်တော်ကြီးသို့ ရေဖြည့်တင်းမည့် မြေအောက်အကူ ရေပိုက်လိုင်းကို စက်ခလုတ်ဖွင့်ကာ ရေစမ်းသပ် ဖြည့်တင်းခဲ့ရာတွင် ရေမထွက်သဖြင့် မြေအောက်ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူခံရနိုင်ဖွယ်ရှိနေသည်ဟု သတင်းရရှိသည်။

စစ်တွေမြို့၊ ကန်တော်ကြီးအနီးနေထိုင်သည့် ဒေသခံတစ်ဦးက " ဟိုတစ်နေ့က ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ကန်တော်ကြီးကိုသွားပြီးတော့ စက်ခလုတ်ဖွင့်ပြီး  ရေစမ်းသပ်လွှတ်ကြည့်တယ်လို့ သိရတယ်။ ခဏစမ်းသပ်လွှတ်ကြည့်တာပါ။ ရေဖြည့်တော့ ရေမထွက်လို့ မအောင်မြင်ခဲ့ဘူးလို့ သိရတယ်"ဟု နိရဥ္စရာသို့ ပြောသည်။

သို့အတွက် ၎င်းမြေအောက်ရေရှာဖွေတူးဖော်နေသည့် ရေရရှိရေးလုပ်ငန်း အဖွဲ့ဝင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ရေတူးရာတွင် ပါဝင်သည့် တာဝန်ရှိသူများ အရေးယူခံရနိုင်ဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

စစ်တွေမြို့ အစိုးရဌာနဆိုင်ရာနှင့် နီးစပ်သူတစ်ဦးက "ရေလွှတ်ကြည့်တော့ ရေကမထွက်လို့ အဆင်မပြေဘူးလို့ သိရတယ်။ အဲဒါမြေအောက်ရေတူးတဲ့ ပိုက်လိုင်း တာဝန်ရှိတဲ့သူတွေကိုတောင် အရေးယူမယ်လို့ ပြောသံကြားတယ်" ဟု သူက ပြောသည်။

မတ်လ ၃၀ ရက်က စစ်တွေမြို့သို့ ဒုတိယအကြိမ်ရောက်ရှိလာသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအနီး မြေအောက်ရေ စမ်းသပ်တူးဖော်နေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး သင်္ဂနက်ရွာမှ စစ်တွေကန်တော်ကြီးသို့ သွယ်တန်းထားသည့် မြေအောက် အကူပိုက်လိုင်းကို စက်ခလုတ်ဖွင့်ကာ ရေစမ်းသပ်ဖြည့်တင်းခဲ့ကြောင်း မတ်လ ၃၁ ရက်ထုတ် စစ်ကောင်စီပိုင် သတင်းစာများတွင်လည်း ဖော်ပြထားသည်။

စစ်တွေမြို့ တစ်ခုလုံးကို ရေပေးဝေသည့် ကန်တော်ကြီးတွင် မတ်လ ဆန်းပိုင်းက စပြီး ရေခမ်းခြောက်သွားခဲ့ပြီ ဖြစ်သဖြင့် ၎င်းကန်တော်ကြီးသို့ ရေဖြည့်ရန် ရည်ရွယ်ချက်ဖြင့်  စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအနီးတွင် မတ်လ ဒုတိယအပတ်မှစတင်ကာ ရေရရှိရေး လုပ်ငန်းအဖွဲ့ဝင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)ကဦးဆောင်၍ မြေအောက်(အဝီစိ)တွင်း ၆ တွင်းခန့်ကို စက်ယန္တရားကြီးများဖြင့် စမ်းသပ်တူးဖော်နေသည်ဟု သိရသည်။ 

အဆိုပါ အဝီစိတွင်းရေများမှ ရေများကို စစ်တွေကန်တော်ကြီးသို့ ပိုက်လုံးများဖြင့် သွယ်တန်းပို့ဆောင်ရန် စီစဉ်နေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် စက်ခလုတ်ဖွင့်ပြီး ရေစမ်းသပ်ပို့လွှတ်ရာ ရေအနည်းငယ်သာထွက်ပြီးနောက် ပြန်ပိတ်သွားခဲ့သည်ဟု မျက်မြင် တက်ရောက်သူများက ပြောကြားသည်။ 

စစ်တွေကန်တော်ကြီးမှ ရေကို စစ်တွေတစ်မြို့လုံးနီးပါးကို သောက်သုံးရေ ဖြန့်ဝေပေးနေရပြီး စစ်တွေမြို့တွင် နေထိုင်သူ လူဦးရေတိုးပွားလာသည့် အပြင် တစ်ခြားတစ်ဖက်တွင်လည်း မိုးရေကို ခေတ်စနစ်နှင့်အညီစနစ်တကျ ထိန်းသိမ်းသိုလှောင်မှု အားနည်းနေသဖြင့် နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။

၂ဝ၁၄ ခုနှစ်မှစတင်ကာ အစိုးရက ကျပ်သိန်းပေါင်း မြောက်များစွာ အကုန်အကျခံကာ ကန်တော်ကြီးကို တူးဖော်မွန်းမံသော်လည်း “အလုပ်ထက် အစား” များသဖြင့် ငွေသာကုန်ပြီး နှစ်စဉ်နွေရာသီရောက်တိုင်း စစ်တွေတွင် ရေရှားပါးမှုနှင့် ကြုံနေရဆဲဖြစ်သည်ဟု စစ်တွေဒေသခံများက ပြောကြားသည်။

စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အများအပြားတွင် နှစ်စဉ် သောက်သုံးရေ ရှားပါးသဖြင့်  ဝယ်ယူသုံးစွဲနေကြရသည့် အတွက် ငွေကုန်ကြေးကျ ပိုများလျက်ရှိသည်ဟုလည်း မြို့ခံများက ပြောသည်။



စစ်တွေကန်တော်ကြီးကန်ကို အင်္ဂလိပ်အစိုးရတို့ ရခိုင်ပြည်ကို သိမ်းယူ အုပ်စိုးစဉ် ၁၉ဝ၆ ခုနှစ်မှ စတင် တူးဖော်ခဲ့သည်ဟု သိရသည်။  


ဆက်ဖတ်ရန် →