နောက်ဆုံးရ
NUG နဲ့မဟာမိတ်များကို အကူညီပေးရေး

NUG နဲ့မဟာမိတ်များကို အကူညီပေးရေး

🔻 Burma Act 
ကျွန်တော်တို့ Burma Act ထဲက အချက်တွေ လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ နေ့စဉ် အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ အများဆုံးပေးနေတဲ့ နိုင်ငံ    တစ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့အတွက် ရန်ကုန်မြို့ အမေရိကန်သံရုံးကတစ်ဆင့် ကြိုးပမ်းနေပါတယ်။

🔻 NUG နဲ့မဟာမိတ်များကို အကူညီပေးရေး
အခုဆိုရင် မြန်မာနိုင်ငံဧရိယာရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ စစ်ကောင်စီရဲ့ထိန်းချုပ်မှု အပြင်ဘက်မှာ ရှိနေပြီဖြစ်တဲ့အတွက်၊ ဒီဒေသတွေမှာ စီမံအုပ်ချုပ်နိုင်ဖို့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာငွေစာရင်း ရေးဆွဲတာလို အပိုင်းတွေအတွက် နည်းပညာ အကူအညီတွေ ပေးသွားဖို့ ဖြစ်ပါတယ်။ ဒီလို အကူအညီပေးဖို့အတွက်လည်း အမေရိကန်လွှတ်တော်မှာ ပါတီနှစ်ရပ်လုံးရဲ့ တစ်ခဲနက် ထောက်ခံမှုကို ရထားပါတယ်။ Burma Act ပါ အကြောင်းအရာ တွေကိုလည်း လွှတ်တော်ကို ပုံမှန် အစီရင်ခံတင်ပြပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

🔻 ရုရှားနဲ့စစ်ကောင်စီ ဆက်ဆံရေး
အခုလို ရုရှားက လက်နက်ရောင်းချနေတာ လက်ခံနိုင်စရာ မရှိတဲ့အကြောင်း မိတ်ဖက်နိုင်ငံအားလုံး သိအောင် ပြောထားပြီး ဖြစ်ပါတယ်။ မြန်မာစစ်တပ်အနေနဲ့လည်း သူတို့တိုက်နေတဲ့ စစ်ပွဲတွေအတွက် လောင်စာဖြစ်စေတဲ့ အရင်းအမြစ်တွေ ရဖို့ ပိုပြီးခက်ခဲသထက် ခက်ခဲလာအောင် လုပ်နေပါတယ်။ ကမ္ဘာ့နိုင်ငံ အားလုံးအနေနဲ့လည်း ရုရှားရဲ့ လက်နက်တင်ပို့ ရောင်းချမှုတွေ ဆက်လုပ်လို့ မရတော့အောင် လုပ်လို့ရသမျှ နည်းလမ်းအားလုံးနဲ့ ပိတ်ဆို့တားဆီးသင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ယူကရိန်းစစ်ပွဲကိုလည်း အာရုံစိုက်နေတဲ့အတွက် ရုရှားရဲ့ ယူကရိန်းစစ်ပွဲကို ဆက်တိုက်ဖို့ တွန်းအားဖြစ်စေတဲ့ လက်နက်တင်ပို့မှုကို တားဆီးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက်ရော ကမ္ဘာကြီးရဲ့ တည်ငြိမ်အေးချမ်းရေးအတွက်ပါ အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။

🔻 တရုတ်နဲ့စစ်ကောင်စီ ဆက်ဆံရေး
ကျွန်တော်တို့ မြန်မာနိုင်ငံအကျပ်အတည်းကို တရုတ်နဲ့  အမေရိကန်ကြားက အားပြိုင်ပွဲလို့ မရှုမြင်ပါဘူး။ မြန်မာနိုင်ငံကိစ္စကို စိုးရိမ်စရာကောင်းတဲ့ သီးခြားပြဿနာအနေနဲ့ပဲ မြင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံဟာ အလွန်ဆိုးဝါးတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအဖြစ် ပြောင်းလဲသွားတာဟာ မြန်မာစစ်တပ်က ပြည်သူ့ဆန္ဒနဲ့အညီ မဲပေးရွေးချယ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်လို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်းကိုလည်း တရုတ်နိုင်ငံကို တင်ပြပြောဆိုနေပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် အသစ်ခန့်အပ်လိုက်တဲ့ သံတမန်နဲ့လည်း ထိတွေ့ဆက်ဆံပြီး နှစ်ဘက်လုံးက လက်ခံနိုင်တဲ့ ဖြေရှင်းနည်းတစ်ခုရဖို့ ဖြစ်နိုင်မလား ဆိုတာကို ဆွေးနွေးချင်ပါတယ်။ မြန်မာ့အရေးမှာ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံလုံး တူညီတဲ့ ရည်မှန်းချက်တွေ ရှိနိုင်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းတာ မြင်ချင်ပါတယ်။ မြန်မာနိုင်ငံဟာ ရာဇဝတ်မှုတွေ၊ လက်နက်တွေ ၊ မူးယစ်ဆေးတွေနဲ့ လူကုန်ကူးမှုတွေ ထုတ်လုပ်တင်ပို့ရာနိုင်ငံ      မဖြစ်အောင် ကျွန်တော်တို့ တားဆီးသွားပါမယ်။ တရုတ်နိုင်ငံက လုပ်နေတာလည်း ဒီအတိုင်းပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

RFA နှင့် အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet မေးမြန်းခန်း
(မတ်လ ၂၇/၂၀၂၃)
#WhatsHappeningInMyanmar

Aung Kyaw Sint

KKH🌏


ဆက်ဖတ်ရန် →
KMKL&KPKL

KMKL&KPKL

ဘာလဲဟေ့သောက်ကျိုးနဲ
ဇာတ်ကားရိုက်လဲသေချာလေ့လာပြီးရိုက်ကြ

ကချင်စကားမှာ “အာဝါး အာနူး” ဆိုတာမရှိဘူး
ကချင်လို့ အဖေကို အဝါး (A Wa) အမေကို အနိုး (A Nu) လို့ခေါ်တယ်။ 
ကချင်လူမျိုးတွေ ဘယ်တော့အခါမှ လင်မယားချင်း အဝါး (A Wa) အနိုး (A Nu) လို့မခေါ်ကြဘူး။ ဘာလို့လဲဆိုရင် အဝါး (A Wa) အနိုး (A Nu) ဆိုတာ ကိုယ့်ရဲ့မိဘအရင်းကိုပဲခေါ်တဲ့အခေါ်အဝေါ်ဖြစ်တယ်။ လင်မယားချင်း အဝါး  (A Wa) လို့ခေါ်ရင် ကိုယ့်ဖခင်အရင်းနဲ့ အိမ်ထောင်ပြုခြင်း အနိုး (A Nu) လို့ခေါ်လိုက်ရင် ကိုယ့်မိခင်အရင်းနဲ့အိမ်ထောင်ပြုခြင်းအဖြစ်ဆိုလိုရင်းသက်ရောက်တယ်။ 
ခုထုတ်လွင့်နေတဲ့ စောင်နီလေးတစ်ထည်ဝါဒဖြန့်ဇာတ်ကားမှာ ရန်အောင်နဲ့ စိုးမြတ်သူဇာကလင်မယားခန်းမှာသရုတ်ဆောင်ပြီး တစ်ယောက်နဲ့တစ်ယောက် အာဝါး (A Wa) အာနူး (A Nu) ခေါ်နေကြတာက “ကိုယ့်ဖအေကိုယ်လိုး ကိုယ့်မအေကိုယ်လိုး” တွေလိုအဓိပ္ပါယ်သက်ရောက်တယ်။ အဲဒါနင်တို့ကောင်တွေအတိုင်းပဲ နင်တို့ရဲ့ဇတ်ရုပ်အမှန်ပဲ။ 

မသိရင်မှတ်ထား ကချင်မှာလင်မယားချင်း နိန်ဝါး (ကလေးဖေ) နိန်နိုး (ကလေးမေ)လို့ပဲခေါ်တယ်။ အချို့ကလည်း ချစ်စနိုးနဲ့ စောရ (ချစ်ချစ်) မာင (ကလေးလေး) လို့ခေါ်ကြပါတယ်။
Crd


ဆက်ဖတ်ရန် →
Project DragonFly နှင့် ပတ်သက်သော နောက်ဆက်တွဲအခြေအနေများကို အသိပေးထုတ်ပြန်

Project DragonFly နှင့် ပတ်သက်သော နောက်ဆက်တွဲအခြေအနေများကို အသိပေးထုတ်ပြန်

သတင်းထုတ်ပြန်ချက်
Project DragonFly နှင့် ပတ်သက်သော နောက်ဆက်တွဲအခြေအနေများကို
အသိပေးထုတ်ပြန်ခြင်း
၂၀၂၃ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့
 
၁။​အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်များတွင် အတတ်ပညာ၊ အသိပညာ၊ ငွေကြေးအားဖြင့် ပါဝင်ကူညီအားဖြည့်ပေးနေကြသူ တစ်ဦးချင်းစီတိုင်း၏ ကြိုးစားအားထုတ်မှုများကို လေးစားစွာဖြင့် အသိ အမှတ်ပြုအပ်ပါသည်။
၂။​အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များထံမှ တဆင့် Project DragonFly အတွက် အမေရိကန်ဒေါ်လာ (၂.၂) သန်းတိတိကို လက်ခံရရှိသုံးစွဲလျက်ရှိပါသည်။ ရရှိထားသော ရန်ပုံငွေများကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁.၄) သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၈) သိန်း လျာထား သုံးစွဲလျက်ရှိပါသည်။
၃။​အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည့် ရန်ပုံငွေရှာဖွေရေးစီမံချက်များမှ ရရှိလာသော ရန်ပုံငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိ လက်ခံရရှိခဲ့ပါသည်။
၄။​Project DragonFly မှ ရရှိခဲ့သော ရန်ပုံငွေများဖြင့် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအောင်မြင်မှုများကို လုံခြုံရေး အရ သင့်လျော်သည့် အချိန်များတွင် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
 
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ


ဆက်ဖတ်ရန် →
တပ်သားတွေရဲ့ သားသမီးတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း

တပ်သားတွေရဲ့ သားသမီးတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း

ကော့သောင်း၊ ခမောက်ကြီး ခမရ ၄၃၁ နဲ့ ၅၈၂ တပ်ရင်းတွေမှာ စစ်ကောင်စီတပ်သားတွေရဲ့ သားသမီးတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း

ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ခမရ ၄၃၁ နှင့် ၅၈၂ တပ်ရင်းတို့တွင် စစ်ကောင်စီတပ်သားများ၏ ၎င်းတို့၏ ဇနီးမယားများအပြင် သားသမီးများပါ အလှည့်ကျ ကင်းစောင့်ပေးနေရကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ၏  သားသမီးတွေကို ည ၈ နာရီမှ ည ၁၂ နာရီအထိ ၄ နာရီအကြာ  ၎င်းတို့ရဲ့ဇနီးမယားများနှင့်အတူ ပူတွဲကာ အလှည့်ကျ ကင်းစောင့်တာဝန်ချပေးထားတာကြောင်း အဆိုပါ တပ်ရင်းများနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ထို ကင်းစောင့်ပေးနေရသည့် စစ်ကောင်စီတပ်သားများ၏ သားသမီးများမှာ အသက် ၁၆ ၊ ၁၇ နှစ် အရွယ်ရှိပြီး စာမေးပွဲပြီးချိန်ကတည်းက စတင်ကာ ယခုလို လုပ်ဆောင်နေကြရတာဖြစ်ကြောင်းသိရှိရသည်။

"ခမရ ၄၃၁ နဲ့ ၅၈၂ ကတော့ အလှည့်ကျ ကင်းစောင့်နေရတယ်လို့သိရပါတယ်။ အခြားတပ်ရင်းတွေရဲ့ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ အခုရက်က စာမေးပွဲပြီးသွားပီဆိုတော့ သူတို့သားသမီးတွေလည်း အလှည့်ကျ ကင်းစောင့်ရတယ်လို့ သိရတယ်။ သိရသလောက်က တပ်တွင်းမှာလည်း အရင်ထက် အင်အားက အ​တော်လေးရော့နဲသွားတာကို တွေရှ်ိရတယ်" လို့ ​ခမရ ၄၃၁ တပ်ရင်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

အဆိုပါ ခမရ ၄၃၁ နဲ့ ခမရ ၅၈၂ တပ်ရင်းများသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အောက်ရှိ ကော့သောင်း၊ ခမောက်ကြီး အခြေစိုက် စကခ -၂၀ လက်အောက်မှာရှိသည့် တပ်ရင်းများလည်း ဖြစ်ကြသည်။

လက်ရှိဖြစ်ပွားနေသည့် ကရင်ပြည်နယ်တိုက်ပွဲများတွင် ကရခ လက်အောက်ခံ ခမောက်ကြီးအခြေစိုက် စကခ - ၂၀၊ ဘုတ်ပြင်း အခြေစိုက် စကခ-၁၃ နှင့် ရေဖြူမြို့နယ်အ ခြေစိုက် စကခ-၈ လက်အောက်ခံ တပ်ရင်းများသည် ကရင်ပြည်နယ်အတွင်း လှုပ်ရှားနေပြီး သေဆုံးမှုများပြားနေသည်မှာ အဆိုပါ စကခ လက်အောက်ခံ တပ်ရင်းများမှဖြစ်ကြောင်းသိရှိရသည်။

ဒါ့ပြင် စစ်ကောင်စီတပ်ရင်းများသည် နေရာအနှံ့ထိခိုက်သေဆုံးမှုများမြင့်မားနေပြီး တပ်သားသစ်များ ၀င်ရောက်မှုမရှိတော့သလို တပ်တွင်းအင်အား မလုံလောက်မှုများ ဖြစ်ပေါ်နေပြီး  ရဲမေနှင့် စစ်ကောင်စီတပ်သားများ၏ ဇနီးများအပြင် ၎င်းတို့ရဲ့ သားသမီးများကိုပါ ထုတ်သုံးလာခဲ့ခြင်းဖြစ်သည်။

#ကော့သောင်း #ခမောက်ကြီး #ခမရ၄၃၁ #၅၈၂တပ်ရင်း #စစ်ကောင်စီတပ်သား #သားသမီး #အလှည့်ကျ #ကင်းစောင့်
#Ayeyarwaddy_Times


ဆက်ဖတ်ရန် →
ဂုဏ်သိက္ခာရှိတဲ့ သတင်းဓာတ်ပုံဆု

ဂုဏ်သိက္ခာရှိတဲ့ သတင်းဓာတ်ပုံဆု


⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯❍

တကမ္ဘာလုံးက သတင်းဓာတ်ပုံဆရာတွေ၊ မှတ်တမ်းဓာတ်ပုံဆရာတွေ ဝင်ပြိုင်ကြတဲ့ World Press Photo ဆုတွေထဲက ဆုတစ်ခုကို လွိုင်ကော် ပီဒီအက်ဖ်အဖွဲ့က ဓာတ်ပုံဆရာ မောက်ခမ်းဝါ ရရှိကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ဒီနေ့ ကြေညာပါတယ်။ 
.
ဆုရတဲ့ ဓာတ်ပုံကတော့ မနှစ်က ကရင်နီ (ကယား)၊ မိုးဗြဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုအတွင်း လွိုင်ကော်ပီဒီအက်ဖ် တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ဒဏ်ရာရသူတစ်ဦးကို ထမ်းခေါ်လာတဲ့ ပုံပါ။ 
.
ဥရောပ၊ အလယ်ပိုင်းနဲ့ မြောက် အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ အာရှ၊ အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဆိုပြီး နယ်မြေအလိုက် သတ်မှတ် ဆုပေးတဲ့အထဲမှာ မောက်ခမ်းဝါရဲ့ ဓာတ်ပုံက အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဒေသအတွက် ပေးတဲ့ ဆုတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ 
.
အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဒေသအတွက် Singles, Stories, Long-Term Project, Open Format နဲ့ Honorable Metion ဆိုတဲ့ ဆု ၅ ဆုကြေညာခဲ့ပြီး မောက်ခမ်းဝါက Singles ကဏ္ဍအတွက် ဆုရခဲ့တာ ဖြစ်ပါတယ်။ 
.
World Press Photo Award ဆိုတာကတော့ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းက ဓာတ်ပုံသတင်းထောက်တွေ၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးသူတွေ အများဆုံး ဝင်ပြိုင်ကြတဲ့ ဂုဏ်သိက္ခာရှိတဲ့ ဆု တစ်ခုပါ။
.
နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ အခြေစိုက် World Press Photo အဖွဲ့ဟာ ၂၀၁၁ ခုနှစ်ကတည်းက နှစ်စဉ် ဆုပေးပွဲတွေကျင်းခဲ့တာဖြစ်ပြီး သတင်းဓာတ်ပုံလောကနဲ့ မှတ်တမ်းဓာတ်ပုံလောကထဲမှာ ပြောစမှတ်ပြုရ၊ အသိအမှတ်ပြုရတဲ့ ဆုတစ်ခုလည်း ဖြစ်ပါတယ်။
Mratt kyaw thu


ဆက်ဖတ်ရန် →
တရားမျှတမှုဆိုတာကို ပြန်ပေးဖို့တော့ မေ့နေကြတာ

တရားမျှတမှုဆိုတာကို ပြန်ပေးဖို့တော့ မေ့နေကြတာ

တရားမျှတမှုဆိုတာကို လူတွေက ကိုယ့်အတွက်ပဲ လိုချင်ကြတာ။ ပြန်ပေးဖို့တော့ မေ့နေကြတာမျိုး။

တရားမျှတမှုဆိုလို့ ရာဇဝတ်ပြစ်မှုအကြီးကြီးတွေပဲ ပြေးမြင်ရမှာလည်းမဟုတ်ဘူး။ 
ကိုယ့် လူ့ပတ်ဝန်းကျင်မှာအသေးအဖွဲ တရားမျှတမှုမရှိတာကို လက်ပိုက်ကြည့်မနေတာ လည်း တရားမျှတမှုကို ကျင့်ကြံတာပဲ။

ကိုယ်ယူခဲ့သလို ပြန်ပေးတတ်တာမျိုးကလည်း တရားမျှတမှုကို ကျင့်ကြံတာပဲ။ ဒီ society ကြောင့် ကိုယ်အသာစံခဲ့ရတယ် ဆိုရင်၊ ဒီ society နာနေတဲ့အချိန် ကိုယ်မနာချင်လို့လည်း မရဘူး။

နောက်တမျိုးက  သူ့ဖက်ကျတော့ အိုးပစ် အိမ်ပစ် ဘဝပစ် career ပစ် မိသားစုပစ် လုပ်ပလေ့စေ၊ ကိုယ့်ဖက်ကျတော့ အသေးအဖွဲသာယာမှုလေးတွေတောင် အောင့်ထားဖို့ အားမနာတတ်ဘူး။ သူတို့ခက်ခဲနေချိန် ငါ ဒါလုပ်လိုက်ရင် မတရားသလိုများဖြစ်မလား လို့မတွေးဘူး။ ဒါဟာလည်း တရားမျှတဖို့ ပျက်ကွက်တာပဲ။

"ဟာ…ဒါလေး တွေများကွာ၊ ရေးကြီးခွင်ကျယ်" ဆိုပြီး တရားမျှတမှုခေါင်းစဉ်အောက် ထည့်တွေးရမှန်း‌တောင် မသိ‌သေးဘူးဆိုရင်တော့ တရားမျှတမှုဟာ ဝေးနေဦးမှာပဲ။ 

ဘာလို့ဆို…ကြီးမားတဲ့ တရားမျှတမှုတွေဆိုတာ သေးငယ်တဲ့ တရားမျှတမှုတွေအပေါ် ဆင့်ကဲတည်ဆောက်ထားတာ ဖြစ်လို့ပါ။ 

Justice is not one sided.

ဖြူဖြူကျော်သိန်း



ဆက်ဖတ်ရန် →
စွမ်းဆောင်ရည်မြင့်မားသည့် ဒုတိယမျိုးဆက် ဒရုန်းအမျိုးအစားအသစ်များ

စွမ်းဆောင်ရည်မြင့်မားသည့် ဒုတိယမျိုးဆက် ဒရုန်းအမျိုးအစားအသစ်များ

Federal Wings မှ ပထမမျိုးဆက်ထက် စွမ်းဆောင်ရည်မြင့်မားသည့် ဒုတိယမျိုးဆက် ဒရုန်းအမျိုးအစားအသစ်များ ထုတ်ဖော်ပြသ

CJ Platform

KNU ထိန်းချုပ်နယ်မြေများအတွင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တွန်းလှန်နေသည့် Federal Wings မှ ပထမမျိုးဆက်ထက် စွမ်းဆောင်ရည်မြင့်မားသည့် ဒုတိယမျိုးဆက် ဒရုန်းအမျိုးအစားသစ်များကို ယနေ့တွင် ထုတ်ဖော်ပြသခဲ့သည်။

Federal Wings သည် KNU-KNLA/KNDO တပ်ရင်းတပ်ဖွဲ့များဖြင့် ပူးပေါင်းကာ ပူးတွဲတိုက်ဝင်နေခြင်းလည်း ဖြစ်သည်။

Federal Wings အနေဖြင့် ပထမဆုံး ဒရုန်းပျံသန်းမှု စမ်းသပ်ခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် စတင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ် ဧပြီ လမှစတင်ကာ KNU တပ်မဟာ ၆ နှင့် တပ်မဟာ ၃ နယ်မြေများ၌ စစ်ဆင်ရေးများကို စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

🖋မွန်လေး

ဓာတ်ပုံ- Federal Wings

#CjPlatform #FederalWings







ဆက်ဖတ်ရန် →
Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

စစ်ကောင်စီအတွက် အလုပ်လုပ်နေသော မြန်မာ့အာမခံလုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲ 

By Yangon Khit Thit News Agency March 29, 2023

 စစ်ကောင်စီအတွက် အလုပ်လုပ်နေသော မြန်မာ့အာမခံလုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲ ရန်ကုန်၊ မတ် ၂၉ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် အကြမ်းဖက်စစ်တပ် လက် အောက်ခံ မြန်မာ့အာမခံ လုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံ စိုးငြိမ်းကို ဖမ်း ဆီး လိုက်ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တောင်ပိုင်းတိုင်း တာဝန် ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မတ်လ ၂၅ ရက် ညနေ ၄ နာရီခန့်က ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် အကြမ်း ဖက်စစ်ကောင်စီ လက်အောက်ခံ ဒေါက်တိုင် လုပ်ကိုင်နေသူတစ်ဦး ဆိုင်ကယ် ဖြင့် သွားလာနေကြောင်း တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေး ပို့ချက်အရ PDF တပ်ရင်း ၅ တပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးမောင်းနှင်လာ သော ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ မြန်မာ့အာမခံလုပ်ငန်းမှ ခရိုင် တာဝန်ခံ အသက် ၅၈ နှစ် အရွယ် စိုးငြိမ်းဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ “သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)နဲ့အမှုဖွင့်ထားပါတယ်၊ ရမန် ကုန်ရင်တော့ တရားစွဲတင်မှာဖြစ်ပါတယ်၊ ကလေးမြို့ထဲမှာလည်း စစ် ခွေး တွေ ဘာမှ မလှုပ်ရှားနိုင်ပါဘူး၊ ကျနော်တို့ စစ် ကိုင်းမှာက ပြည်သူ့ အုပ် ချုပ် ရေးနယ်မြေတွေ ကျယ်လာပါပြီ” ဟု ကလေးမြို့နယ် ပြည်သူ့ ရဲတပ် ဖွဲ့တောင် ပိုင်းတိုင်း တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ဖမ်းဆီးရရှိသူ စိုးငြိမ်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် အမျိုး သား ညီညွတ်ရေး အစိုးရ လက်အောက်ရှိ ကလေးမြို့နယ် ပြည်သူ့ရဲ တပ်ဖွဲ့ ထံသို့ သက်သေခံပစ္စည်းများနှင့်အတူ ယမန်နေ့ မတ် ၂၆ ရက် ညနေ ၃ နာရီ ခန့်အချိန် လွှဲပြောင်းပေးခဲ့ကြောင်း၊ ၎င်းကို ကလေးမြို့နယ် တရားရုံးသို့ တရား စွဲဆို တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့က ပြောသည်။


ဆက်ဖတ်ရန် →
 စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားဦးရေဟာ ၃၁၈၂ဦးထိရှိပြီဖြစ်

စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားဦးရေဟာ ၃၁၈၂ဦးထိရှိပြီဖြစ်

မြန်မာနိုင်ငံ၌ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ရက်နေ့မှ စတင်ပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၉ရက်နေ့အထိ ၂၅လ အတွင်း၌ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားဦး ရေဟာ ၃၁၈၂ဦးထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ ထုတ်ပြန်ချက်အရ သိရသည်။


စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေ ဖော်ဝါရီ ၁ရက်နေ့မှ ၂၀၂၃ခုနှစ် မတ်လ ၂၉ရက်နေ့ ညနေ ၆ နာရီအချိန်ထိ AAPPက ကောက်ယူထားခဲ့သည့် စာရင်းများအရ လက်ရှိအချိန်ထိ စစ်ကောင် စီတပ်၏ မတရားဖမ်းဆီးခံရသူစုစုပေါင်းဟာ ၁၇၀၅၈ဦးထိရှိနေပြီး ၅၂၅၄ဦးဟာထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။


 စစ်ကောင်စီက အပြစ်ဒဏ်ချမှတ်ခဲ့သည့် စာရင်းများတွင်လူ ၁၀၃ ဦးသည် သေဒဏ်ချမှတ်ခံထားရတယ်လို့လဲ  AAPP၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။


ယင်းအပြင် ဖမ်းဆီးခံထားရသူများအတွင်းမှ ၁၂၀ဦးကို မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်ပြီး ၄၁ဦးကို မျက်ကွယ်သေဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။


ထို့ကြောင့် စစ်အာဏာသိမ်းပြီးချိန်မှစပြီး ယမန်နေ့ မတ်လ ၂၉ ရက်နေ့အထိ သေဒဏ်ချမှတ်ခံရသူစုစုပေါင်းသည် ၁၄၅   ဦးထိရှိနေပြီး ဖမ်းဆီးခံထားရသူများထဲမှ ၂၄ဦးသည် အာမခံနှင့် ပြန်လည်လွတ်မြောက်လာခဲ့ကြသောကြောင့် ပြန်လည်လွတ် မြောက်သူစုစုပေါင်းသည်၃၈၄၃ဦးရှိပြီဖြစ်သည်။


နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ်ခံရတဲ့အရပ်သားပြည်သူတွေရဲ့ သတင်းကိုသိရှိပါက AAPPအဖွဲ့ထံဆက်သွယ်ပြီး အသိပေးအကြောင်းကြားနိုင်ကြောင်းလည်း AAPPမှ ထုတ်ပြန်ထားသည်။


🖋ခေတ်နီ




ဆက်ဖတ်ရန် →
မယ်ခါးထာ့စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက် က ၄၈ ဦးသေဆုံးဟုဆို

မယ်ခါးထာ့စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက် က ၄၈ ဦးသေဆုံးဟုဆို

အောင်လေး၊ Salween Press 
မတ်လ၂၈ ရက်၂၀၂၃

KNU တပ်မဟာ ၅ ဒေသ သံလွင်းကမ်းနားရှိ မယ်ခါးထာ့စစ်ကောင်စီတပ်စခန်းနှင့်လယ်တိုးစခန်းနှစ်ခု ဒီနေ့မနက်တွင် တစ်ပြိုင်နက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၄၈ ဦးသေဆုံးကာ တစ်ခုသိမ်းပိုက်ခံရတယ်လို့ KNU သတင်းရင်းမြစ်ကဆိုပါတယ်။ 

KNU မူတြော်ခရိုင်တပ်မဟာ၅အုပ်ချုပ်နယ်မြေတွင်အခြေချကျူးကျော်နေထိုင်သည့်လယ်တိုးစခန်းနှင့်မယ်ခါးထာစခန်းကို ယနေ့မနက်၆နာရီဝန်းကျင်တွင်knlaပူးပေါင်းအဖွဲ့မှတိုက်ခိုက်ခဲ့တယ်လို့knuနဲ့နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။

“အဓိကတိုက်တာမယ်ခါးထာစခန်းကိုသိမ်းတာ။ တိုက်ပွဲကတစ်နာရီဝန်းကျင်ဘဲကြာတယ်” လို့ အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။ 

စခန်းသိမ်းပြီးမီးရှိုပြီးနောက်စစ်ကောင်စီဘက်မှတိုက်လေယာဉ်ဖြင့်မယ်ခါးထာစခန်းထဲသို့လာရောက်ဗုံးကျဲခဲ့တယ်လို့ဆိုပါတယ်။ကျဲချတဲ့ဗုံးသီးကြောင့်ထိုင်းဘက်ခြမ်းရှိ မယ်ခါးထာရွာဘက်သို့ကျည်ခွံအပိုင်းအစလွင့်စင်တာရှိတယ်လို့မယ်ခါးထာမှဒေသခံတစ်ဦးကဆိုပါတယ်။

ထိုစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ၄၈ဦးသေဆုံးကာ အချို့လည်းထွက်ပြေးလွတ်မြောက်သွားတယ်လို့ကရင်လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဉီးကပြောပါတယ်။

“ဒီထက်မကလည်းသေနိုင်တယ်။ သေချာမစီစစ်ရသေးဘူး knlaပူးပေါင်းအဖွဲ့က ၆ ဦးဒဏ်ရာရတယ်။ တစ်ဦးက ပွဲချင်းပြီးသေဆုံးတယ်။ နောက်ထပ်ပြင်းထန်သည့်ဒဏ်ရာကြောင့် ၁ ဦးထပ်မံသေဆုံးခဲ့တယ်” သူကဆိုပါတယ်။ 

knuတာဝန်ရှိသူတစ်ဉီးက “စစ်ကောင်စီဘက်ကထိခိုက်
သေဆုံးမှုနဲ့လက်နက်ခဲယမ်းသိမ်းဆည်းရမိတဲ့စာရင်းတွေအတိကျမလာသေးဘူး။ ကြေးနန်းလာမှဘဲအသေးစိတ်ပြောနိုင်မယ်” လို့ဆိုပါတယ်။

တစ်ပြိုင်နက်တည်းစစ်ကောင်စီလယ်တိုးစခန်းမှ လက်နက်ကြီးကူပစ်မနိုင်အောင် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့တယ်လို့knlaနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

မယ်ခါးထာစခန်းကိုknuဘက်ကသိမ်းပိုက်နိုင်တဲ့အပေါ်အတိုင်းမသိဝမ်းသာတယ် ။သွားလာရတာပိုလွတ်လပ်သွားမယ်။ သိပ်မစိုးရိမ်ရတော့ဘူး။ လယ်တိုးစခန်းပါတစ်ခါတည်းသိမ်းစေချင်တယ်” လို့ ဒေသခံလှေသမားတစ်ဉီးကပြောပါတယ်။

ပုံ - မယ်ခါးထာ့စခန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (Photo supplied to Salween Press) 



#Salweenpress #KNU #Burma #Myanmar
ဆက်ဖတ်ရန် →
"နေပျော်သေးရဲ့လား သူငယ်ချင်းတို့"

"နေပျော်သေးရဲ့လား သူငယ်ချင်းတို့"

"တပ်မတော်အရာရှိဟောင်းတစ်ဦးမှ Hlaing Info သို့ ပေးပို့လာသော  စာ"

ခွင့်ပြန်ဖို့ အချိန်ကောရကြသေးရဲ့လား။

ခွင့်ရရင်ရော အရင်လို အိမ်ကို ဆောင့်ကြွားကြွား ပြန်ရဲကြသေးရဲ့လား။

အိမ်ပြန်ရောက်ရင်ရော အရင်လိုသူငယ်ချင်းတွေ မိသားစုတွေနဲ့ ဟိုနားဒီနား သွားရဲကြသေးရဲ့လား။

အရင်တုန်းက သူငယ်ချင်းတွေကရော မင်းကိုအရင်လိုအထင်ကြီး လေးစားနိုင်ကြသေးရဲ့လား။

အရင်လိုရော အဖက်လုပ်ကြသေးရဲ့လား။

ပြောရရင်ဆုံးတော့မှာ မဟုတ်။

ဒီနှစ်နှစ်အတွင်းမှာ စစ်တပ်ဟာ ဥပဒေက ကင်းလွတ်ခွင့်ရထားတဲ့ လူသတ်မုဒိန်းကောင်လိုပဲ ပြုမူလုပ်ကိုင်ခဲ့သမျှအားလုံးက မင်းတိုရဲ့ယူနီဖောင်းမှာ စွန်းထင်းပေကျံနေခဲ့ပြီ။

အဲဒီအတွက် ပြည်သူတွေရဲ့အသွေးထဲ၊ အသားထဲ၊ နှလုံးသားထဲ တောက်လောက်နေတဲ့ နာကျည်းမှုမီးတောက်တွေက မီးသတ်ဌာနခေါ်ပြီး ဥုံဖွလုပ် ငြိမ်းလိုရတဲ့မီး မဟုတ်။

ရက်စက်ယုတ်မာမှုတွေကို မင်းတို့ကိုယ်တိုင်က ကာယကံမြောက်ကျူးလွန်ထားရင်တော့ သိကြားမင်းလည်း ဆင်းမကယ်နိုင်တာမို့
ဝဋ်လည်မယ့်နေ့သာ ထိုင်စောင့်။

မင်းမပါခဲ့ဘူးဆိုရင်တော့ ကိုယ့်ဘဝအတွက်
ကိုယ်စဥ်းစားရမယ့် နောက်ဆုံးအချိန်ရောက်ပြီဆိုတာ လာသတိပေးတာ။ 

မင်းတို့ရဲ့ဘဝတွေက အောက်ခြေနားမှာ
နေရသူတွေမို့ သေစရာရှိရင်လည်း
ရှေ့ဆုံးက ခွေးလိုဝက်လိုတန်ဖိုးမဲ့ သေရမယ့်ဘဝ။

အထက်က ပြိုကျလာရင်လည်း တုံးအောက်ကဖားလို (အထိုးကြွေးခံဘဝနဲ့) ပြားပြီးသေရဦးမယ့် ဘဝတွေ။  

လမ်း မသိတာလား။
လမ်း မရှာတာလား။
ပြေးစရာ အခံမရှိတာလား။
ပြေးစရာဉာဏ် မရှိတာလား။
တွေးစရာဉာဏ်ရော မရှိတာလား။
မသိတတ်လို့ မိုက်တာလား။
သိလျက်နဲ့ မိုက်တာလား။
ဘာနဲ့ပဲမိုက်မိုက် အသက်ဆိုတာ နှစ်ချောင်းမပါ။
အခွင့်အရေးကောင်းဆိုတာကလည်း နှစ်ခါမရ။ 

ငါတို့မသိခဲ့တဲ့တချိန်က စစ်တပ်ဟာ တိုင်းရင်းသားနယ်မြေတွေမှာ လူမဆန်တဲ့ရက်စက်ယုတ်မာမှုတွေနဲ့ တော်လှန်ရေးမျိုးဆက်ကို သွေးသစ်လောင်းနေခဲ့တယ်။ 

ဒီနေ့မှာတော့ စစ်တပ်ဟာ  တောရောမြို့ပါမကျန်
လူမဆန်မှုအပေါင်း သရဖူဆောင်းကာ ယုတ်မာရက်စက်ပြခဲ့ပြီး တော်လှန်ရေးမျိုးဆက်သစ်ကို အရှိန်အဟုန်အမြင့်ဆုံးအဆင့်ထိ ဆွဲတင်မွေးထုတ် ပေးခဲ့လိုက်ပြီ။ 

"ပြည်တင်းရင် မင်းမခံနိုင်" ဆိုတာ အလကား စကားပုံမဟုတ်။ 

US ရဲ့ NDAA ပါ Burma Act...
UN ရဲ့ Resolution 2669...
(ဆက်ဒမ်ဟူစိန်နဲ့ ကဒါဖီတုန်းက ဘယ်လို ဆက်ဖြစ်သွားလဲကြည့်) 

လက်ရှိတိုင်းပြည်ရဲ့ ပြည်တွင်းအခြေအနေ၊ 
အာဆီယံအခင်းအကျင်း၊ 
UN/US/NUG/EROs/PDF
ဒါတွေအားလုံးရဲ့လက်ရှိအရွေ့နဲ့ အလားအလာ၊
ဒါတွေကို ဉာဏ်ရှိသေးရင် စဥ်းစား၊ တွက်ချက်။ 

ကျန်စစ်သားတုန်းကလည်း စောလူးမင်းကို
လက်ကမ်းခဲ့တာပဲ။
မိတ်ဆွေရန်သူ မခွဲခြားတတ်တော့
စောလူးမင်းက ရန်သူကိုအသံပေးတယ်။ 

ပေးတဲ့အသံလည်း မမှားစေနဲ့။
ပြေးမယ့်အကြံလည်း မကြားစေနဲ့ သူငယ်ချင်းတို့။ 

နောက်ဆုံးအနေနဲ့ မေးလိုက်ချင်သေးတယ်...
"နေပျော်သေးရဲ့လား သူငယ်ချင်းတို့" ...။ 

(နေပျော်သေးရင်တော့ သေပျော်ဖို့လည်း ကြိုပြင်ထားကြပေါ့။) 

Hlaing Info.....



ဆက်ဖတ်ရန် →
 ငွေညှစ်နေသော ယာဉ်ထိန်းရဲအဖွဲ့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲမေ ၁ ဦးဒဏ်ရာရ

ငွေညှစ်နေသော ယာဉ်ထိန်းရဲအဖွဲ့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲမေ ၁ ဦးဒဏ်ရာရ

တာမွေတွင် လိုင်းကြေးတောင်း ငွေညှစ်နေသော ယာဉ်ထိန်းရဲအဖွဲ့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲမေ ၁ ဦးဒဏ်ရာရ ၊ အလုံမြို့နယ်တွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ မတ် ၂၈ ခေတ်သစ်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် လိုင်းကြေးတောင်း ငွေညှစ်နေသော ယာဉ် ထိန်းရဲအဖွဲ့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲမေ ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသ ပြည် သူများနှင့် စစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်  ရန်ကုန်တိုင်း၊ တာမွေ မြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ဝင်းဘရားသား မှန်အလူမီနီယံဆိုင်​ရှေ့တွင် ယာဉ်များကို စစ်ဆေးပြီး ငွေကြေးတောင်းခံ နေသော ယာဉ်ထိန်းရဲအဖွဲ့ကို တာမွေ ခုံးကျော်တံတားပေါ်မှ ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲ ၁ ဦး ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။ 

"ဗုံးပေါက်ပြီးတော့ အဲဒီနားမှာ ကားတွေကို လိုက်စစ်တာရှိတယ်။ ဗုံးသံကလည်း ကျယ်တယ်။ တံတားဘက်အခြမ်းတော့ ခဏလေး ပိတ်ဆို့ပြီး ရှင်းလင်းတာတွေ လုပ်တယ်။ ခဏကြာတော့ ပြန်ဖွင့်သွားပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။ 

ထို့ပြင် မတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် အလုံလမ်းဘေး ရထား သံလမ်းတွင် ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်တပ်က ပိတ်ဆို့ပြီး ဗုံးဖောက် ခွဲခဲ့ ကြောင်း ၊ ယင်းဗုံးမှာမူ စစ်တပ်က ကင်းပုန်းချထားသည့် ရထားဘူတာနှင့် လမ်းဆုံနားတွင်တွေ့ရှိရ၍ စစ်တပ်၏ လုပ်ဇတ်ဟု ဒေသပြည်သူတချို့က ဆိုသည်။ 

"အခုနောက်ပိုင်း သတိထားမိတာ။ ရထားသံလမ်းကျော်လူကူးတံတား၊ ရထား လမ်း၊ လမ်းဆုံတွေနားမှာ ကင်းပုန်းတွေအများကြီးပဲ။ နေ့ရောညပါ ၂၄ နာရီရှိ တယ်။ အခု ဗုံးတွေ့တဲ့နားကလည်း ကင်းပုန်းတွေချထားတဲ့နေရာနဲ့ သိပ်မဝေးဘူး။ သူတို့ဟာသူတို့ ဗုံးတွေ့တယ်လုပ်ပြီး အများပြည်သူ ထိတ်လန့်ကြောက်အောင် အထင်လွဲအောင် လုပ်တယ်လို့ထင်ပါတယ်။ ဗုံးထောင်တယ်ဆိုတဲ့ နေရာကလည်း အများပြည်သူသွားလာနေတဲ့နေရာ ။ စစ်ရေးပစ်မှတ်မဟုတ်တော့ စစ်ခွေးတွေ ဆင်တဲ့ လုပ်ဇတ်ပဲ နေမှာပေါ့" ဟု အလုံမြို့နယ်မှ တက်ကြွလှုပ်ရှားသူ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။


ဆက်ဖတ်ရန် →
မအလသားအကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး

မအလသားအကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး

ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်းရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု သတ်မှတ်ခံရသူ ထားဝယ်အထူးစီးပွားရေးဇုန် အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး 

By Yangon Khit Thit News Agency March 24, 2023 

 ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်းရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု သတ်မှတ်ခံရသူ ထားဝယ်အထူးစီးပွားရေးဇုန် အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ မတ် ၁၄ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်း ရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု စွပ်စွဲခံရသူ၊ ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေ အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေ ဆုံး သွားကြောင်း Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ သန်လျင်မြို့ နယ် အမှုထမ်းရပ်ကွက်၊ ဖွံဖြိုးရေးလမ်း (ဖွံဖြိုးရေးလမ်းဆုံအနီး)တွင် အိမ်သို့ ကားဖြင့် ပြန်လာစဉ် Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ မင်းတေဇညွန့်တင်က စစ်ကောင်စီ၏ အာဏာသိမ်းမှုအား ပေါ်ပေါ်တင်တင်ထောက်ခံရုံသာမက စစ်ကောင်စီနှင့်အကျိုးတူစီးပွားရေးများစွာကို လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ကြောင်း၊ လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေရေးရာကော်မတီဝင်တဦးဖြစ်ပြီး သူသည် ပြည်သူလူထုအပေါ် နေ့စဉ်ရက်ဆက် တိုက်လေယာဉ်များဖြင့် ဗုံးကြဲနေသော အကြမ်းဖက်လေတပ်ကိုဦးစီးသည့် စစ်တပ်၏ လေတပ်ချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးမြတ်ဟိန်း (လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ) နှင့် အလွန်ရင်းနှီးသူဖြစ်ကြောင်း သိရှိရသည်။ လေတပ်ချုပ်နှင့် မိသားစုဝင်များအပါအဝင် စစ်ဗိုလ်ချုပ်များ၊ စစ်ကောင်စီနှင့်ဆက်စပ်နေသူများ၏ ပိုင်ဆိုင်မှုများအား ဒဏ်ခတ်ပိတ်ဆို့ထားသည့် ကြားမှ ၎င်းတို့၏ပိုင်ဆိုင်မှုများ၊ ငွေကြေးများကို ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့ပေးနေသူဖြစ်ကြောင်း၊ မင်းတေဇညွန့်တင်က အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဥပဒေအကြံပေးကုမ္ပဏီများ တည်ထောင်ထားပြီး ငွေကြေးခဝါချခြင်း၊ ကွန်ဒိုနှင့် မြေကွက်များဝယ်ယူခြင်း၊ ကုမ္ပဏီ တည်ထောင်ခြင်းများကို ဝန်ဆောင်မှုပေးနေကြောင်း၊ ထို့ပြင် လူတိုင်းကို ဝန်ဆောင်မှုပေးမည် မဟုတ်ဘဲ စိတ်ချရသူများ၊ တပ်ထောက်ခံသူများကိုသာ ဝန်ဆောင်မှုပေးမည်ဟု ၂၀၂၁ အာဏာသိမ်းပြီး တလအကြာ မတ်လတွင် သူ့ကိုယ်ပိုင် Facebook တွင် ကြေညာခဲ့ဖူးပြီး ၎င်းပိုင်ကုမ္ပဏီများမှတဆင့် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဝန်ဆောင်မှုပေးခဲ့သည်မှာ ဒေါ်လာသန်းရာနှင့်ချီရှိကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီနှင့် အကျိုးတူလုပ်ကိုင်နေသော စီးပွါးရေးလုပ်ငန်းရှင်များကို ရာဇသံထပ်မံပေးလိုက်ခြင်းလည်းဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် စီးပွါးရေးလုပ်ကိုင်နေသူများ၊ စစ်ကောင်စီနှင့် အပေါင်းအပါများအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပြည်ပသို့ရွှေ့ပြောင်းရန် ပြင်ဆင်နေသည်များ၊ လမ်းကြောင်းများ အစရှိသည်တို့ကို တော်လှန်ရေးအင်အားစုများ အနေဖြင့် စုံစမ်းရရှိထားပြီးသားဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီအတွက် ဒုတိယမြောက် အကြီးမားဆုံး စီးပွါးရေးထောက်တိုင်ဆုံးရှုံးမှုဖြစ်သည်ဟု ယူဆပြီး မကြာခင်ကလည်း မူးယစ်ဆေးဝါးမှု၊ လက်နက်ကုန်သည်မှုနှင့် ငွေကြေးခဝါချမှုများဖြင့် စစ်တပ်နှင့် နီးစပ်သူ ထွန်းမင်းလတ်သည်လည်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရပြီး မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ မင်းတေဇာညွန့်တင်သည် Biz Law Consult Myanmar၏ ထူထောင်သူနှင့် CEO ဖြစ်ပြီး ထားဝယ်စီးပွားရေးဇုန်၏ ဥပဒေအကြံပေး ဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် မြို့ပြပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြေပြင်အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် တော်လှန်ရေးရဲဘော်များအားလုံး ဘေးလွတ်ကင်းကြောင်း သိရှိရသည်။ 
 ဓာတ်ပုံ- ပစ္စတို လက်နက်ကိုင်ဆောင်ထားသော မင်းတေဇာညွန့်တင်။
ဆက်ဖတ်ရန် →
 မင်္ဂလာဆောင်ရန် စီစဉ်ထားခဲ့သော်လည်း အလောင်းပင်ပြန်မရ

မင်္ဂလာဆောင်ရန် စီစဉ်ထားခဲ့သော်လည်း အလောင်းပင်ပြန်မရ

နမ့်စန်လေတပ်မှ လေတပ်အင်ဂျင်နီယာ ၂ ပွင့်ဗိုလ် ရဲသူရ  ရာထူးတိုး မက်လုံး ကြောင့် ရှေ့တန်းထွက်စဉ် ကရင်နီတိုက်ပွဲတွင် သေဆုံး၊ ရှေ့တန်းမှ ပြန်လာ ပါက  မင်္ဂလာဆောင်ရန် စီစဉ်ထားခဲ့သော်လည်း အလောင်းပင်ပြန်မရ

ရန်ကုန်၊ မတ် ၂၄ ခေတ်သစ်

ရှမ်းပြည်နယ်၊ နမ့်စန်လေတပ်မှ ၂ ပွင့် ဗိုလ် လေတပ်အင်ဂျင်နီယာ ရဲသူရကို ရာထူးတိုးပေးမည်ဟုဆိုပြီး ရှေ့တန်းကို စေလွှတ်စဉ် ရှမ်းပြည်နယ်နှင့် ကရင်နီ ပြည် အစပ်တွင်ဖြစ်ပွားသော တိုက်ပွဲတွင် သေဆုံးသွားကြောင်း ဒေသသတင်း ရင်းမြစ်များထံမှ သိရှိရသည်။ 

ရှမ်း-ကရင်နီ တိုက်ပွဲတွင် လေတပ်ဗိုလ် ရဲသူရ တိုက်ပွဲတွင် သေဆုံးသွားခြင်း ဖြစ် ပြီး အင်အားမရှိ၍ လေတပ် ဗိုလ်ရဲသူရကို  ရှေ့တန်းပြန်လာလျှင် ရာထူး တိုးပေးမည်ဆိုသော မက်လုံးဖြင့် ရှေ့တန်း စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၂၃ ရက်နေ့တွင် တိုက်ပွဲအတွင်း သေဆုံးသွား ပြီဟု မိသားစုထံသို့ သတင်းပေးပို့ အကြောင်း ကြား လာကြောင်း သိရှိရသည်။  

"နမ့်စန်လေတပ်က နှစ်ပွင့်နဲ့ လပ်တီးကောင်  ရှမ်းကရင်နီ တိုက်ပွဲမှာ သေတာ။ အလောင်းပြန်မရဘူး။ နာမည်က ရဲသူရ တပ်က  မိသားစုကို အကြောင်း ပြန်လာ တယ်။ မတ်လ ၂၅ ရက်နေ့မှာ အလောင်းပြန်မရဘဲ ဆွမ်းသွပ်မယ်။ ရဲရင့်သူက ရှေ့တန်းပြန်လာရင် မင်္ဂလာဆောင်ဖို့ နှစ်ဖက်မိဘတွေက စီစဉ်နေတာလို့ သိရတယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။ 

အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းတွင် တိုက်ခိုက်ရေးတပ်များ အထိနာနေ သဖြင့် လေတပ်၊ ရေတပ်နှင့် လက်ရုံးတပ်များကို‌ ရှေ့တန်းသို့ စေလွှတ်ပြီး စစ်တိုက်ခိုက်မှုများရှိနေကြောင်း၊ ရုံးထိုင် တပ်ရင်းများမှ တပ်ကြပ်ကြီးစာရေး ကဲ့သို့ သော စစ်သည်များ ပင် ရှေ့တန်းထွက်လာနေရကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- နမ့်စန်လေတပ်။


ဆက်ဖတ်ရန် →
နေပြည်တော် လွှတ်တော်ဝန်းနဲ့ အိမ်တော်ကြား မီးလောင်၊ မီးသတ်တပ်ဖွဲ့ သတင်းထိမ်ချန်

နေပြည်တော် လွှတ်တော်ဝန်းနဲ့ အိမ်တော်ကြား မီးလောင်၊ မီးသတ်တပ်ဖွဲ့ သတင်းထိမ်ချန်

မဲခေါင်၊ မတ် ၂၃

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ လွှတ်တော်ဝန်းနဲ့  အိမ်တော်ကြား၊ တောအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပေမယ့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်တာ မရှိဘူးလို့ သိရပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီကျော်မှာ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးများလာတဲ့ အတွက် မီးလောင်ရာ အနီးအနားမှာ နေထိုင်တဲ့ ဝန်ထမ်းတွေကို ရုံးအချိန်စော ဆင်းပေးပြီး အိမ်ပြန်လွှတ်ခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"လွှတ်တော်ဝန်း အိမ်ရာ တိုက်ဝန်းမှာနေတဲ့ ဝန်ထမ်းတွေကိုတော့ ရုံးကနေ စောစောပြန်လွှတ်လိုက်တယ်။ မီးက တဖြည်းဖြည်း များလာတော့ မြို့နယ်မီးသတ်က မနိုင်တော့ဘူး။ နေပြည်တော်က မီးသတ်ကားတွေ အပြင် ပျဉ်းမနား မီးသတ်က မီးသတ်ကားတွေပါ လာငြိမ်းရတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး" လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အနေနဲ့ မီးလောင်မှု၊ ကယ်ဆယ်မှု သတင်းတွေကို အချိန်နဲ့ တပြေးညီ ဖေစ့်ဘွတ် စာမျက်နှာမှာ တင်ပေးပေမယ့် စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ မီးလောင်မှု၊ သေဆုံးမှုတွေ ကိုတော့ တင်တာ မတွေ့တော့ဘူးလို့ ရန်ကုန် ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့နေ့လယ် ၁ နာရီခွဲက မရမ်းကုန်းမြို့နယ်၊ အောင်သပြေ ရဲရိပ်သာဝန်း အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပေမယ့် မီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်တာ မရှိဘဲ ထိမ်ချန်ထားတယ်လို့ သိရပါတယ်။

MK-005
#MeKongNews 
#နေပြည်တော်
#တောမီးလောင်
#လွှတ်တော်ဝန်း




ဆက်ဖတ်ရန် →
ဘုရားဖူး ပြည်သူများကို ပိတ် ဆို့ပြီး ဒုစစ်ခေါင်းဆောင်ကို ကြိုဆိုနှုတ်ဆက်ဟု ဇတ်လမ်းဆင်

ဘုရားဖူး ပြည်သူများကို ပိတ် ဆို့ပြီး ဒုစစ်ခေါင်းဆောင်ကို ကြိုဆိုနှုတ်ဆက်ဟု ဇတ်လမ်းဆင်

 ရန်ကုန်ခေတ်သစ်
အကြမ်းဖက်စစ်ခေါင်းဆောင် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် မတ်လ ၁၈ ရက် နေ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိခဲ့စဉ်  ရွှေဥ မင်သဘာ၀ လှိုဏ်ဂူဘုရားဖူး ပြည်သူများကို ပိတ် ဆို့ပြီး ဒုစစ်ခေါင်းဆောင်ကို ကြိုဆိုနှုတ်ဆက်ဟု ဇတ်လမ်းဆင် ဓာတ်ပုံရိုက်ကူး ဝါဒ ဖြန့် ခဲ့ကြောင်း ဘုရားဖူး ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ 

မတ်လ ၁၈ ရက်နေ့ အကြမ်းဖက်စစ်ခေါင်းဆောင် စိုးဝင်းသည် ရှမ်းပြည်နယ် ပင်းတယမြို့သို့ သွားရောက်ခဲ့ပြီး ယင်း ခရီးစဉ်တွင် ရွှေဥမင် သဘာ၀ လှိုဏ်ဂူ ဘုရားကိုလည်း သွားရောက်စဉ် ဘုရားဖူးပြည်သူများကို  ပိတ်ဆို့ခဲ့ကြောင်း၊ ယင်းနောက်စိုးဝင်းက သူ့ကို ပြည်သူများက နှုတ်ဆက်နေသည့်ပုံစံမျိုး လိုက် လံနှုတ်ပြီး ဝါဒဖြန့် ဓာတ်ပုံ ဗီဒီယိုများ ရိုက်ကူး ထုတ်လွှင့်ခဲ့ကြောင်း သိရှိရသည်။ 

"ဘုရားကလည်း ရွှေဥမင် သဘာ၀ လှိုဏ်ဂူဘုရားဆိုတော့ ဂူဘုရားပုံစံ။ ဝင် ပေါက် ထွက်ပေါက်ပဲရှိတာကို စစ်သားတွေနဲ့ ပိတ်လိုက်တယ်။ အထဲက ပြည်သူ ကလည်း ထွက်မရ၊ အပြင်ကလူကလည်း ဝင်မရတဲ့အခြေအနေမှာ စိုးဝင်းက ဝင်လာပြီး သူ့ကိုပဲ နှုတ်ဆက်သလိုလို လုပ်တယ်" ဟု ဘုရားဖူးပြည်သူတစ်ဦးက ပြောဆိုသည်။ 

ဘုရားဖူးပြည်သူတချို့ကလည်း စိုးဝင်း လာရောက်မည်ကို မသိရှိရဘဲ အပိတ်ခံရ ပြီး စိုးဝင်းကို နှုတ်ဆက်သည့်ပုံစံ ဓာတ် ပုံ နှင့်ဗီဒီယိုရိုက်ကူးခံရသည်ကို စိတ် ပျက် လက်ပျက်ဖြစ်ကြကြောင်း၊ ပြည်သူတစ်ရပ်လုံးကို ဖိနှိပ်နေသည့် စစ်အာ ဏာရှင်၏ လုပ်ကြံဇတ်လမ်းဆင်မှုကို ပြည်သူတစ်ရပ်လုံး သိရှိစေလိုကြောင်း၊ ဘုရားဖူး ပြည်သူများက စိုးဝင်းကို နှုတ် ဆက် သည်ဆိုသော ဝါဒဖြန့် သတင်းကို လုပ်ကြံ ဝါဒဖြန့် နေသည်ကို သိစေလိုကြောင်း ပြောဆိုကြသည်။



ဆက်ဖတ်ရန် →
မင်းလှအခြေစိုက် ခလရ(၁)တပ်က စစ်သား၃ဦး လက်နက်တွေယူကာ ထွက်ပြေး

မင်းလှအခြေစိုက် ခလရ(၁)တပ်က စစ်သား၃ဦး လက်နက်တွေယူကာ ထွက်ပြေး

မင်းလှ မတ်၂၃ ၂၀၂၃ Tharyarwaddy 8 City 

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက မင်းလှမြို့နယ် ခလရ(၁)တပ်ရှိ စစ်သား၃ဦးမှာ ယနေ့နံနက် အစောပိုင်းက လက်နက်တွေယူကာ ထွက်ပြေးသွားကြောင်း သိရသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၆၆) လက်အောက်ခံ မင်းလှမြို့နယ် စိန်ကန့်လန့်ရွာအခြေစိုက် အမှတ်(၁) ခြေလျင်တပ်ရင်းတွင် အချုပ်ကျနေသော စစ်သား၁ဦးအား မတ်လ၂၃ရက် ယနေ့နံနက် ၃နာရီခန့်တွင် ကင်းတာဝန်ကျစစ်သား ၂ဦးမှ အချုပ်တံခါးအား ဖြတ်ဆီး၍ အပြင်သို့ခေါ်ထုတ်ကာ သေနတ်၃လက်နှင့် ကျည်ဆန်များ ယူကာ ထွက်ပြေးခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

"ဒီမနက်၃နာရီလောက်က ခလရ၁တပ်မှာ အချုပ်ကျနေတဲ့ စစ်သားကို ကင်းကျနေတဲ့စစ်သား၂ယောက်က အချုပ်ခန်းတံခါးကို သော့အတုနဲ့ တိတ်တိတ်ကလေးဖွင့်ပြီး ခေါ်ထုတ်ဖို့လုပ်နေတာ အဲ့ဒါကို မုဒိန်းမှုနဲ့ အချုပ်ကျနေတဲ့ ထွန်းနိုင်ဆိုတဲ့ စစ်သားက သိပြီးအော်ခေါ်တော့ ကျန်သူတွေပါနိုးလာတာပေါ့ အဲ့မှာ ဟိုစစ်သားတွေက အဖမ်းခံရမှာ စိုးလို့ထင်ပါတယ် တံခါးကို ကြုံသလိုဖြတ်ပြီး သေနတ်၃လက်ပါ ယူထွက်ပြေးတာ မနက်ကတော့ ရိုးမဘက်ကိုထွက်ပြေးတယ်ဆိုပြီး တောနင်းရှာနေကြတယ်"ဟု ခလရ(၁) တပ်သတင်းရင်းမြစ်က Tharyarwaddy 8 City ကိုပြောပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးသွားကြသည့် စစ်သား၃ဦးအား တောနင်းရှာဖွေနေကာ တွေ့သည့်နေရာတွင် ပစ်သတ်ကြရန်နှင့် လက်နက်များ မရရအောင် ဆောင်ရွက်ကြဖို့ အမိန့်ပေးခံထားရကြောင်း လက်ရှိတွင် ခလရ(၁)တပ်ရင်းမှူးမှာလည်း ရှေ့တန်းမှာရောက်နေပြီး ယခုဖြစ်စဉ်ကြောင့် ရာထူးချခံရသည်အထိ အရေးယူခြင်းခံရနိုင်သောကြောင့် အလွန်ပင်စိတ်ဆင်းရဲနေသည်သိရကာ အာဏာသိမ်းပြီးနောက် ခလရ(၁)တပ်မှ စစ်သား၄ဦးအထိ ကယားပြည်နယ်ဘက်တွင် ရှေ့တန်းထွက်စဉ်မှာ တော်လှန်ရေးအဖွဲ့တွေထံ CDMပြုလုပ်ထားသည်ဟု သိရပါသည်။


ဆက်ဖတ်ရန် →
စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း အသက်ရှင်ကျန်ရစ်သူ ၆၀ကျော်ဖြင့် ပြန်လည်ထွက်ပြေး

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း အသက်ရှင်ကျန်ရစ်သူ ၆၀ကျော်ဖြင့် ပြန်လည်ထွက်ပြေး

အင်အား ၁၅၀နှင့် မြောင်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း အသက်ရှင်ကျန်ရစ်သူ ၆၀ကျော်ဖြင့် ပြန်လည်ထွက်ပြေးရ 
 CJ Platform 
 စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ပါ စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာရာတွင် ၆၀ ကျော်သာကျန်ရှိတော့သည်ကို ဒရုန်းများဖြင့် ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု Myaung PDF CDSOM မှ တာဝန်ရှိသူ ကိုနွေဦးက CJ Platform သို့ပြောကြားသည်။ စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် စစ်ကိုင်း တိုင်းအတွင်း ပြည်သူများကို ဓားစာခံအဖြစ်ဖမ်း ဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်နေသည့် အကြမ်းဖက် စစ်ကြောင်းတစ်ခု ဖြစ်ကြောင်းကိုလည်း ဒေသခံများက ပြောကြားထားသည်။ “၁၅ ရက်နေ့ကစပြီးစစ်ကြောင်းထိုးနေတာ၊ အဲ့ဒီရက်မှာပဲ ခွေး ၈ ကောင်သေတယ်။ ၁၆ ရက်နေ့မှာ ၉ ကောင်သေတယ်။ ၂၁ ရက်ညမှာ ၁၉ ကောင်သေတယ်။ အလာတုန်းက ၁၅၀ ကျော်၊ ဒီနေ့ဒီကောင်တွေ စစ်ကြောင်းပြန်ဆုတ်တော့ ၆၀ကျော်ပဲတွေ့ရတော့တယ်” ဟု ကိုနွေဦးက ပြောကြားသည်။ ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူး သေ ဆုံးခဲ့ပြီး၊ အခြားအဆင့် စစ်သားများလည်းသေဆုံးခဲ့ကြောင်း ၊ သေဆုံးစစ်သားအလောင်းများကို မီးရှို့ခြင်း၊ မြင်းခြံဘက်သို့ ပို့ဆောင်ခြင်းများပြုလုပ်ခဲ့သည်ဟုလည်း ကိုနွေဦးက ရှင်းပြသည်။ “ဒီနေ့ သူတို့စစ်ကြောင်းမှူးအလောင်းကို ထမ်းပြီးပြန်နေကြတာ၊ တပ်ကြပ်ကြီးမြင့်ကျော် အလောင်းတော့ ဒီနေ့သူတို့ပြန်ရတယ်။ အခြားအလောင်းတွေတော့ မီးရှို့သွားတာရော၊ မြင်းခြံဘက် ပို့လိုက်တောတွေရော ရှိပါတယ်” ဟု ကိုနွေဦးကဆိုသည်။ ဘီလူးစစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ရာတွင် မတ် ၁၅ ရက်တွင် တော်လှန်ရေးရဲဘော် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ မတ် ၂၁ ရက်တွင် ဒရုန်းတစ်စီးအား စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့ကြောင်းလည်း သိရသည်။ အထိနာခဲ့သည့် ဘီလူးစစ်ကြောင်းသည် မြောင်မြို့နယ်မှ ဆုတ်ခွာပြီးနောက် မုံရွာမြို့နယ်အခြေ စိုက် နမခ တပ်ရင်းသို့ ပြန်လည် ဆုတ်ခွာနေကြောင်းလည်း သိရသည်။ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို Myaung PDF CDSOM အပြင်ဒေသခံ PDF အဖွဲ့အစည်းပေါင်း ၂၀ နီးပါးမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။ 
 🖋️လင်းခိုင် ဓာတ်ပုံ-Ko Nway Oo-Myaung #CjPlatform #ဘီလူးစစ်ကြောင်း #မြောင် 


ဆက်ဖတ်ရန် →