နောက်ဆုံးရ
မင်းအောင်လှိုင် မြှောက်စားမှုနဲ့ အချမ်းသာဆုံး ထိပ်တန်း ခရိုနီဖြစ်လာတဲ့ 24 hours ကုမ္ပဏီ ပိုင်ရှင် အောင်အောင်ဇော်

မင်းအောင်လှိုင် မြှောက်စားမှုနဲ့ အချမ်းသာဆုံး ထိပ်တန်း ခရိုနီဖြစ်လာတဲ့ 24 hours ကုမ္ပဏီ ပိုင်ရှင် အောင်အောင်ဇော်

By Yangon Khit Thit News Agency March 21, 2023 0 12 
 မင်းအောင်လှိုင် မြှောက်စားမှုနဲ့ အချမ်းသာဆုံး ထိပ်တန်း ခရိုနီဖြစ်လာတဲ့ 24 hours ကုမ္ပဏီ ပိုင်ရှင် အောင်အောင်ဇော် ■ 


MAI နှင့် KBZ လေကြောင်းလိုင်း ရှယ်ယာအများစုကို အောင်အောင်ဇော်က ပိုင်ဆိုင်ပြီး ပိုင်ရှင်သစ်ဖြစ်လာခဲ့ပြီဖြစ် By ရန်ကုန်ခေတ်သစ် အကြမ်းဖက် မင်းအောင်လှိုင် အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ မြန်မာ့စီးပွားရေး လုပ်ပိုင်ခွင့်တွေဟာ စစ်တပ်နဲ့ ကြည်ဖြူ အဆင်ပြေသူတွေ လက်ထဲကို အလုံးအရင်းနဲ့ကို ရောက်ရှိနေပါတယ်။ ထိပ်တန်း အချမ်းသာဆုံးပုဂ္ဂိုလ်က မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖ ဖြစ်ပြီး အဲဒီနောက်မှာတော့ ခရိုနီလက်သစ်တွေ တဖြည်းဖြည်း ပေါ်လာနေပါတယ်။ ဒီအထဲမှာ 24 Hours ကုမ္ပဏီပိုင်ရှင်ဖြစ်လာတဲ့ အောင်အောင်ဇော် လည်း အပါအဝင်ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ 24 Hours ကုမ္ပဏီကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်က အာဏာရှင် သန်းရွှေ စစ်တပ်ကြီးစိုးနေတဲ့ ကာလဖြစ်ပြီး စစ်တပ်နဲ့နီးစပ်သူတွေ အကူအညီနဲ့ပဲ အိမ်ခြံမြေလုပ်ငန်း၊ သတ္တုမိုင်းတူးဖော်ရေးအတွက် သုတေသနနဲ့စစ်တမ်း လုပ်ပေးခြင်း ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းစတင်ခဲ့တာပါ။ စတင်လုပ်ကိုင်ချိန်ကတည်းက သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ လုပ်ပိုင်ခွင့်တွေ အဓိက အကြီးအကျယ်လုပ်ကိုင်ခဲ့တာမို့ စစ်တပ်ရဲ့ ပံ့ပိုးမှု လုပ်ခွင့်ပေးမှုတွေကြောင့် ဒီလုပ်ငန်းတွေရရှိခဲ့တာဖြစ်ပါတယ်။ သူကုမ္ပဏီရဲ့မှတ်တမ်းတွေနဲ့ ထင်သာမြင်သာ ဖြစ်မှုတွေကို ကြည့်ရင် အချိန်တိုကာလတစ်ခုအတွင်းမှာ လုပ်ငန်းတွေဟာ တရှိန်ထိုးကြီးပွားနေတာ မြင်ရပါတယ်။ ၂၀၀၅ ခုနှစ် ကျောက်မီးသွေး၊ ရွှေနဲ့ ခဲမဖြူ အဖြိုက်နက် တူးဖော်ရေး လုပ်ငန်းတွေ အများအပြား လုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဆီအုန်းစိုက်ပျိုးဧက ၅၀၀၀ နဲ့ တနင်္သာရီ တိုင်းမှာ ဆီအုန်းစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းကို စတင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၆၀ ထုတ်လုပ်မယ့် လျှပ်စစ်ထုတ်လုပ်ရေး ပရောဂျက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ MAIနဲ့ KBZ လုပ်ငန်းထဲ ဝင်ရောက် ရင်းနှီးမြှုပ်ခဲ့ပါတယ်။ စစ်တွေမှာ ကစ္စပနဒီကမ်းခြေအိမ်ရာစီမံကိန်း၊ လမ်းစီမံကိန်း၊ ဘိလပ်မြေစီမံစက်ရုံစီမံကိန်း ၊ ဟဲဟိုး အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းတွေကို ဆက်လက်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ မင်းအောင်လှိုင် အာဏာသိမ်းယူပြီးချိန်မှာတော့ 24 နာရီ လေယာဉ်ဆီ၊ စက်သုံးဆီ၊ ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီကို ထူထောင်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်တွေမှာ အမြဲလိုလို လိုက်ပါသွားလေ့ရှိပါတယ်။ သူလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို တစ်ခုချင်းစီအလိုက် ခွဲခြမ်းကြည့်ရအောင်ပါ။ 

 လောင်စာဆီနှင့်စွမ်းအင်ကဏ္ဍ
 ==================
 
 မင်းအောင်လှိုင် အာဏာသိမ်းယူပြီးချိန်မှာတော့ အောင်အောင်ဇော်က 24 နာရီ လေယာဉ်ဆီ၊ စက်သုံးဆီ၊ ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီ( 24 Petroleum Limited)ကို ထူထောင်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်တွေမှာ အမြဲလိုလို လိုက်ပါသွားလေ့ရှိတယ်လို့ ပြောခဲ့ပြီးပါပြီ။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ အောင်အော်ဇော်ဟာ ရုရှားနိုင်ငံကို စစ်ကောင်စီ စွမ်းအင်ဝန်ကြီးနဲ့အတူ သွားရောက်ခဲ့ပြီး နိုင်ငံတကာ ရုရှားစွမ်းအင်ဖိုရိမ် REW 2021 ကို တက်ရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ရုရှားနိုင်ငံ ROSGEO ရဲ့ CEO နဲ့ ဥက္ကဋ္ဌ Mr Sergey N. Gorkov တွေ့ဆုံပါတယ်။ ဒါ့အပြင် ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့အခြားနည်းပညာနဲ့ လျှပ်စစ်ထုတ်လုပ်မယ့် စီမံကိန်းတွေကို အဲဒီရုရှားခရီးစဉ်အတွင်းမှာ ဆွေးနွေးခဲ့ပါတယ်။ ရုရှားသမ္မတပူတင်ကိုယ်တိုင် တက်မိန့်ခွန်းပြောခဲ့တဲ့ နိုင်ငံတကာ ရုရှားစွမ်းအင်ဖိုရိမ် REW 2021 ကို တက်ရောက်ဖို့ မင်းအောင်လှိုင်က အောင်အောင်ဇော်ကို လွှတ်ခဲ့တယ်လို့ဆိုပါတယ်။ ရုရှားစက်သုံးဆီ တင်သွင်းဖြန့်ဖြူရောင်းချရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အောင်အောင်ဇော်ကဟာ ဆက်လက် ပါဝင်လျက်ရှိနေပါတယ်။ု ဒီလုပ်ငန်းတွေကို အောင်အောင်ဇော်ဟာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံရဲ့ ရဲတံခွန်စွမ်းအင်ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ကိုင်မယ့် အလားအလာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း တနင်္သာရီတိုင်းမှာ ကျောက်မီးသွေးသုံး မဂ္ဂါဝပ် ၆၆၀ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံကိုလည်း ဆက်လက် လုပ်ကိုင်လျက်ရှိနေပါတယ်။ 

 သတ္တူတူးဖော်ရေးလုပ်ငန်း 
 ======================= 
 ၂၀၀၅ ခုနှစ်မှာ အောင်အောင်ဇော်ရဲ့ ကုမ္ပဏီဟာ ရွှေ၊ ကျောက်မီးသွေး၊ ခဲမဖြူ အဖြိုက်နက် တူးဖော်ရေးတွေကို စစ်ကိုင်း၊ တနင်္သာရီတိုင်းတွေမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ အခုမှာတော့ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းမှာ တစ်နေ့ကို တန် ၁၀၀၀၀ ထုတ်လုပ်နိုင်တဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းကို ဆက်လက်လုပ်ကိုင်နေပါတယ်။ ကျောက်မီးသွေးတွေ တူးဖော်ဖို့၊ တင်သွင်းဖို့လည်း အမြဲလိုလို ကြိုးစားနေပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်စက်ရုံတွေ မြောက်မြားစွာ ဆက်လက်ထူထောင်ဖို့လည်း စီမံကိန်းတွေ သူလုပ်ကိုင်နေပါတယ်။ 

 ဆောက်လုပ်ရေးကဏ္ဍ 
 ================== 
 လမ်းတံတားဖောက်လုပ်ရေး အကုန် သူလုပ်ကိုင်ပါတယ်။ ဆောက်လုပ်ရေးကဏ္ဍမှာတော့ ရှမ်းပြည် နယ်၊ ဟဲဟိုးလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်နေတာရှိပါတယ်။ နောက်တစ်ခါ စစ်တွေမှာ ကမ်းခြေအိမ်ရာစီမံကိန်း၊ လမ်းစီမံကိန်းတွေကိုလည်း လုပ်ကိုင်နေပါတယ်။ မြို့ပြစီမံကိန်း ဖွံဖြိုးရေးနဲ့ ဟိုတယ်တည်ဆောက်ရေးတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နေပါတယ်။

 စိုက်ပျိုးရေး 
 =========== 
 ဆီအုန်းနဲ့ ကျွန်းပင်စိုက်ပျိုးရေး စီမံကိန်းတွေကို အကြီးအကျယ်လုပ်ကိုင်နေပြီး တနင်္သာရီတိုင်းမှာ မြေဧက ၅၀၀၀ နဲ့ ဆီအုန်းထုတ်လုပ်ရေး စက်ရုံပါ တည်ဆောက်နေပါတယ်။ ပဲခူးတိုင်းဖြူးမြို့ နယ်မှာလည်း ဧက ၅၀၀ ကျွန်းပင်စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေပါတယ်။ 

 MAI နဲ့ KBZ ပိုင်ရှင်အသစ် 
 ================ 
 အောင်အောင်ဇော်ဟာ ၂၀၁၈ ခုနှစ်မှာတော့ MAIနဲ့ KBZ လုပ်ငန်းထဲ ရှယ်ယာတွေ ဝယ်ယူပြီး ဝင်ရောက် ရင်းနှီးမြှုပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်လောက်ကတည်းက Air KBZ နဲ့ MAI မှာ ရှယ်ယာ အများဆုံး အောင်အောင်ဇော်က ပိုင်ဆိုင်ထားတယ်လို့ စီးပွားရေးအသိုင်းအ၀ိုင်းက ပြောပါတယ်။ Air KBZ က ကုမ္ပဏီက Air KBZ လေကြောင်းလိုင်း နဲ့ပတ်သက်တဲ့ ငွေကြေးတွေ အားလုံးကို KBZ ဘဏ်အသုံးမပြုတော့ဘဲ UAB ဘဏ်၊ ဧရာ၀တီဘဏ်၊ ရိုးမဘဏ်၊ CB ဘဏ် အပါအဝင် ပုဂ္ဂလိက ဘဏ် တွေမှာ ပေးသွင်းရမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ကနေ Air KBZ နဲ့ဆိုင်တဲ့ ငွေကြေးတွေကို KBZ ဘဏ် တွေ မှာ အသုံးမပြုတော့ဘူးလို့ တရားဝင် အကြောင်းကြားခဲ့ပါတယ်။ အောင်အောင်ဇော်ဟာ MAIနဲ့ Air KBZ ပိုင်ရှင်သစ် ဖြစ်သွားခဲ့တာ အချိန်အတော်ကြာ ခဲ့ပြီ ဖြစ်ပါတယ်။ 

 စီးပွားရေးအင်ပါယာချဲ့ထွင်ခြင်း 
 ================= 
 အောင်အောင်ဇော်ဟာ သူရဲ့ စီးပွားရေးအင်ပါယာကို စစ်တပ်နဲ့ ပူးပေါင်းပြီး ချဲ့ထွင်နေတာကိုတော့ အာဏာသိမ်းမှု နောက်ပိုင်းမှာ ခပ်စိတ်စိတ်မြင်တွေ့လာရပါတယ်။ သူကိုယ်တိုင်ကလည်း သိုသို သိပ် သိပ် နေထိုင်တာမို့ သူ့အကြောင်း သိသူနည်းပါးလှပါတယ်။ အောင်အောင်ဇော်ဟာ စစ်တပ်နဲ့ စစ်အာဏာရှင်ကို အဓိက ပံ့ပိုးနေတဲ့ ဒေါက်တိုင် ခရိုနီ စီးပွားရေး သမားဖြစ်ပါတယ်။ စစ်တပ်ကြောင့် ချမ်းသာလာသူဖြစ်တာမို့ စစ်တပ်ကိုပဲ အာဏာရ စေချင်တဲ့ ခေတ်ပျက် ခရိုနီတစ်ဦးဆိုရင် လည်းမမှားနိုင်ပါဘူး။ အောင်အောင်ဇော်ဟာ မင်းအောင် လှိုင် လက် ထက်မှာ ထိပ်တန်း ခရိုနီစီးပွားရေးသမား စာရင်းဝင်လာဖို့ တာစူနေပြီဆိုတာက မလွဲ အသေ အချာပဲဖြစ်ပါတယ်။ 
 ဓာတ်ပုံ- အောင်အောင်ဇော်ပုံနှင့် ရုရှားတွင် ရုရှားစွမ်းအင်တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲ တက်နေသည့် အောင်အောင်ဇော်





 
ဆက်ဖတ်ရန် →
စစ်ကောင်စီထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက် NLD ဗဟိုကော်မတီ အတည်ပြု

စစ်ကောင်စီထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက် NLD ဗဟိုကော်မတီ အတည်ပြု

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက်ကို (NLD) ပါတီရဲ့ ပုံမှန်အစည်းအဝေးကနေ အတည်ပြုလိုက်ပါတယ်။ 

 RFA Burmese 2023-03-21 


 ရွေးကောက်ပွဲ မဲရလဒ်ရေတွက်နေချိန် ၂ဝ၂ဝ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် စောင့်ဆိုင်းနေသူတချို့အား တွေ့ရစဉ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက်ကို မတ်လ ၂၁ ရက် ဒီနေ့ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုတိယအကြိမ် ဗဟိုကော်မတီ ကြားကာလ ပုံမှန်အစည်းအဝေးကနေ အတည်ပြုလိုက်ပါတယ်။ အစည်းအဝေးမှာ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ ဗဟိုအလုပ်ကော်မတီ (CWC) ရဲ့ ဆောင်ရွက်ချက်တွေကို တင်ပြအတည်ပြုခဲ့ပြီး ဒီအထဲမှာ မှတ်ပုံပြန်မတင်တဲ့အချက်လည်း ပါဝင်တယ်လို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။ “CWC စပြီးတာဝန်ယူကတည်းက လုပ်ထားတဲ့ဟာတွေအားလုံးကို အစီအရင်ခံစာ ထဲမှာထည့်ပြီး တင်ပြတယ်။ အတည်ပြုပေးဖို့အတွက်ကို တင်တယ်။ ဗဟို ကော်မတီဝင်အားလုံးက တညီတညွတ်တည်း ထောက်ခံပြီး အတည်ပြုလိုက်တယ်။ အဲဒီအတွက် ပါတီကို မှတ်ပုံမတင်ဘူးဆိုတဲ့ကိစ္စရော၊ ရွေးကောက်ပွဲကို ပယ်တဲ့ ကိစ္စရပ်ရော၊ နောက်ပြီးတော့ ဗဟိုကော်မတီဝင် ခြောက်ဦးကို ထုတ်ပစ်တဲ့ကိစ္စရော ပေါ့နော်။ အားလုံးကို အတည်ပြုလိုက်ပါပြီ” စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်မှာတော့ ပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့ နှစ်လအတွင်း မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကတော့ ဖျက်သိမ်းပြီးသားဖြစ်မယ်လို့ ဖော်ပြထားပါတယ်။ ဦးဘိုဘိုဦးကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်မှန်သမျှ အသိအမှတ်မပြုကြောင်းနဲ့ NLD ပါတီဟာ ပြည်သူတွေရှိနေသရွေ့ ဆက်ရှိနေမယ်လို့ ဆိုပါတယ်။ ဒီနေ့အစည်းအဝေးမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့အခါ တိုင်းရင်းသား လူမျိုးစုတွေရဲ့ သဘောဆန္ဒကို အလေးထားဆောင်ရွက်ဖို့ အပါအဝင် ဆုံးဖြတ်ချက် ၁၁ ချက်ကို အတည်ပြု နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအစည်းအဝေးကို ဗဟိုကော်မတီဝင် ၄၀ ဦး၊ အရံဗဟိုကော်မတီဝင် ၁၃ ဦး၊ တိုင်းနဲ့ပြည်နယ် အလုပ်အမှုဆောင် ၂၁ ဦး၊ ဗဟိုရေးရာကော်မတီတွေက ၁၆ ဦး စုစုပေါင်း ၉၀ ဦး တက်ရောက်ခဲ့ကြောင်း ဗဟိုအလုပ်ကော်မတီ CWC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ NLD ပါတီက ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေး အဖွဲ့ (NLD-HRDT) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း NLD လွှတ်တော်အမတ် သုံးဦးအပါအဝင် ပါတီဝင် ၈၄ ဦး သေဆုံးခဲ့ပြီး ၁၂၃၂ ဦး အဖမ်းခံထားရပါတယ်။ NLD ပါတီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရခဲ့ပြီး ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်း ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မဲမသမာမှုတွေရှိခဲ့တယ်လို့ စစ်တပ်ကစွပ်စွဲပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့သလို ရွေးကောက်ပွဲအသစ် ထပ်လုပ်ဖို့လည်း ကြိုးစားနေပါတယ်။
ဆက်ဖတ်ရန် →
စစ်ခေါင်းဆောင်ကို တရားစွဲနိုင်တော့မယ်လို့ NUG ယာယီသမ္မတပြော

စစ်ခေါင်းဆောင်ကို တရားစွဲနိုင်တော့မယ်လို့ NUG ယာယီသမ္မတပြော

RFA
~~~
■ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာတွေကြောင့် မကြာခင်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေကတစ်ဆင့် တရားစွဲ အပြစ်ပေးနိုင်တော့မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောလိုက်ပါတယ်။

မတ်လ ၂၁ ရက်နေ့မှာ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ပြောလိုက်တာပါ။

"ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မဝေးတော့တဲ့အနာဂတ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေနဲ့ တရားစွဲဆို အပြစ်ပေးမှုတွေ လုပ်ဆောင်တော့မှာလည်း ဖြစ်ပါတယ်"

NUG အနေနဲ့  ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းမျိုးစုံနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာမျက်နှာစာကို ချပြနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးပိတ်ဆွေးနွေးပွဲမတိုင်ခင် မြန်မာအမျိုးသမီးလူ့အခွင့်အရေးလှုပ်ရှားသူတွေ က စစ်ကောင်စီကို ခုံရုံးတင်အရေးယူနိုင်ဖို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တိုက်တွန်းခဲ့တဲ့အပေါ် အားရကြောင်းလည်း  ဒူဝါလရှီးလ ကပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် ဒေါက်တာဝင်းမြတ်အေးကလည်း စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကို  ဖမ်းဆီးသတ်ဖြတ်နေတဲ့အကြောင်း ဘာရိန်းနိုင်ငံ၊ မနားမားမြို့တော်မှာ ကျင်းပခဲ့တဲ့ လွှတ်တော်အမတ်များသမဂ္ဂညီလာခံမှာ တင်ပြနိုင်တယ်လို့လည်း သူကထောက်ပြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကလည်း… စစ်ကောင်စီဟာ အခုနှစ် ဖေဖော်ဝါရီလက အရေးပေါ်ကြေညာပြီးနောက် တိုက်ပွဲတွေအရှိန်မြှင့်လာပြီး၊ ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေကို တိုးလုပ်နေတယ်လို့ မတ်လ ၁၆ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောခဲ့ပါတယ်။
----
၂၀၂၀ ခုနှစ်က တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (Photo:AFP)



ဆက်ဖတ်ရန် →
မအလကို ရာဇဝတ်ခုံရုံးတင်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းလိုက်တဲ့ တွမ်အင်ဒရူး

မအလကို ရာဇဝတ်ခုံရုံးတင်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းလိုက်တဲ့ တွမ်အင်ဒရူး

" စစ်အာဏာရှင်တွေကို လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းလိုက်တဲ့ တွမ်အင်ဒရူး " 

 စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ ဗရမ်းဗတာ ဖြစ်နေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ပေးဖို့ အဆိုတစ်ရပ်ကို တောင်းဆိုလိုက်ပါတယ် ။ အားလုံးသိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိဖို့ စီစစ်လေ့လာရေးအဖွဲ့ကို ဦးဆောင်ခဲ့သူပါ ။ နွေဦးတော်လှန်ရေးအချိန်မှာလည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ တာဝန်ပေးချက်အရ မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ်နဲ့ တာဝန်ယူထားပါတယ် ။ ကမ္ဘောဒီးယားနိုင်ငံက ပိုပေါ့အစိုးရကို နိုင်ငံတကာ ခုံရုံးတင်နိုင်အောင် ကြိူးပမ်းခဲ့တာကလည်း တွမ်အင်ဒရူးပါဘဲ ။ တွမ်အင်ဒရူးဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်က တာဝန်ပေးထားတဲ့ မြန်မာ့အရေး အထူးသံတမန် နိုလန်ဟေဇာရဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးက တင်ပြချက်တွေကို ကိုးကားပြီး မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ပေးဖို့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ပေးဖို့အတွက် တောင်းဆိုလိုက်တာပါ ။ အင်ဒရူးရဲ့ တင်ပြချက်ကတော့ " မြန်မာနိုင်ငံ အခြေအနေကို ရာဇဝတ်ခုံရုံးဆီ လွဲပြောင်းပေးဖို့ အဆိုတစ်ရပ်ကို ချမှတ်ပေးဖို့အတွက် တာဝန်ရှိတဲ့ လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ် ။ မြန်မာနိုင်ငံဟာ အလွန်အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံပါ ။ လူဦးရေ ၅၄ သန်း ရှိပါတယ် ။ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားက အရေးပါတဲ့ အစိတ်အပိုင်း နယ်မြေပါ ။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မတည်ငြိမ်မှု့တွေ ၊ ရာဇဝတ်မှု့တွေကို သင် မြင်တွေ့နေပါပြီ ။ ဒါဟာ သင်တို့ရဲ့ အရှေ့မှာ ဖြစ်ပျက်နေတာပါ ။ မြန်မာပြည်သူအချို့ဟာ နယ်စပ်ဖြတ်ကျော်ပြီး ပြေးလွှားနေကြရပါတယ် ။ " " ယူကရိန်းနိုင်ငံသားတွေ သတ်နေတဲ့ လက်နက်တွေဟာ ရုရှားက လာသလို ၊ မြန်မာပြည်သူတွေကို သတ်နေတဲ့ လက်နက်တွေကိုလည်း ရုရှားကနေ တင်ပို့နေပါတယ် ။ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ဟာ တရုတ်နဲ့ ရုရှားဆီကနေ လေယာဉ်တွေရပါတယ် ။ ခုခံစစ်ဆင်နွဲနေတဲ့ မြန်မာပြည်သူတွေကို ဒီလေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်နေပါတယ် ။ ရုရှားနဲ့ ဆားဘီးယားကနေ လက်နက်တွေ ရနေပါတယ် ။ မြန်မာစစ်တပ်ဟာ ခုခံစစ်ဆင်နွဲနေတဲ့ ပြည်သူတွေကို နှိမ်နင်းဖို့အတွက် ရုရှားနဲ့ တရုတ်ရဲ့ လေကြောင်းပိုင်ဆိုင်မှု့တွေအပေါ်မှာ မှီခိုနေပါတယ် ။ မြန်မာစစ်အာဏာရှင်တွေဟာ အကူအညီရဖို့အတွက် ရုရှားနဲ့ တရုတ်ကို လူသိရှင်ကြား ပေါင်းစည်းနိုင်ဖို့ ကြိူးပမ်းနေပါတယ် ။ အာဏာသိမ်းပြီးတဲ့နောက်မှာ အာဏာသိမ်းခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ် ။ ဗလာဒီမာပူတင်ကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ် ။ ရာဇဝတ်မှု့တွေ ကျူးလွန်ရာမှာ အသုံးပြုဖို့အတွက် ပုတင်ဆီကနေ လက်နက်တွေ ရှာဖွေခဲ့ပါတယ် ။" " မြန်မာနိုင်ငံဟာ ဖြစ်ပျက်နေတာတွေက ပြောမပြနိုင်လောက်အောင်ကို စိတ်ပျက်စရာကောင်းပါတယ် ။ ဒါဟာ ကျွန်တော်တို့ မျက်စီရှေ့မှာ ဖြစ်နေတာပါ ။ အချို့သော နိုင်ငံတွေဟာ မြန်မာပြည်သူတွေကို တွေ့ကြုံနေရတဲ့ ရာဇဝတ်မှု့တွေကို မျက်နှာလွှဲနေတာဟာ အံ့သြစရာကောင်းပါတယ် ။ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှု့နဲ့ တုံ့ပြန်မှု့တွေက မလုံလောက်သေးပါဘူး ။ ကမ္ဘာတစ်ဝှမ်းလုံးက မြန်မာအတွက် စိတ်မကောင်းပေး ၊ စိုးရိမ်ပေးနေရုံနဲ့တော့ ရာဇဝတ်မှု့တွေဟာ ဆိုးသထက် ဆိုးလာမှာပါ ။ ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှု့ လိုပါတယ် ။ " " တာဝန်ရှိတဲ့ လုံခြုံရေးကောင်စီဟာ မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်နိုင်ဖို့ ဆုံးဖြတ်ချက်ချဖို စီစဉ်နိုင်ဖို့ တောင်းဆိုပါတယ် ။ " ဒါကတော့ မြန်မာ့အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက လုံခြုံရေးကောင်စီကို တောင်းဆိုထားတာတွေပါ ။ ရှင်းပြရမယ်ဆိုရင် ၊ တွမ်အင်ဒရူးဟာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးခံထားရသူဖြစ်ပြီး ၊ လူ့အခွင့်အရေးအဖွဲ့ကို ကိုယ်စားပြုပါတယ် ။ နိုလန်ဟေဇာကတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးကနေ တာဝန်ပေးထားတဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်ပါ ။ နှစ်ဦးစလုံးဟာ မြန်မာ့အရေး အထူးကိုယ်စားလှယ်တွေဖြစ်ပြီး မြန်မာပြည်သူတွေဘက်ကနေ အပြည့်အဝ ရပ်တည်နေကြတဲ့အတွက် စစ်အာဏာရှင်တွေ မျှော်မှန်းထားသလို ရွေးကောက်ပွဲလည်း မလုပ်နိုင်သလို ၊ စစ်အုပ်ချုပ်ရေးအတွက်လည်း လုံးဝ မဖြစ်နိုင်တော့ဘူးလို့ပဲ သုံးသပ်ချင်ပါတယ် ။
ဘကြီးအောင် LA 
17 March, 2023 


ဆက်ဖတ်ရန် →
လူမှုကွန်ရက်များတွင် အလုပ်ခေါ်စာများ လိမ်တင်ပြီး လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း

လူမှုကွန်ရက်များတွင် အလုပ်ခေါ်စာများ လိမ်တင်ပြီး လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း

စစ်တပ်က လူမှုကွန်ရက်များတွင် အလုပ်ခေါ်စာများ လိမ်တင်ပြီး လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း၊ မြို့နယ်ရဲမှူးများကို တပ်သားသစ်စုဆောင်းရန် စစ်တပ်က တာဝန်ပေးသဖြင့် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရ 

 ရန်ကုန်၊ မတ် ၂၀ ခေတ်သစ်

 အကြမ်းဖက် စစ်တပ်က ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များတွင် အလုပ် ခေါ် စာများ လိမ်လည်တင်ပြီး အလုပ် လျှောက်ထားသူများကို အင်တာဗျူး‌ ခေါ်သည်ဟုဆိုကာ ခေါ်တွေ့ပြီး တပ်သားသစ်အဖြစ် ခြိမ်းခြောက် ခံဝန် လက် မှတ် ထိုး စုဆောင်းနေကြောင်း ပြည်သူ့ရင်ခွင် တပ်တွင်းသတင်းရင်းမြစ် များ ထံမှ သိရှိရသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးထောင်ချခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်လာသဖြင့် ပြည်သူများ ရွံ့ရှာမုန်းတီးမှုခံရပြီး စစ်တပ်ထဲဝင်မည့်သူ မရှိဖြစ်လာ ကြောင်း သိရှိရသည်။ ထိုအချိန်တွင် စစ်တပ်က ထိုသို့ စစ်သားသစ်စုဆောင်းရေးအတွက် ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များတွင် အလုပ်ခေါ်ယူသည့် ကြော်ငြာများ တင်၍ လူငယ်များကို အင်တာဗျူးခေါ်ယူကြောင်း၊ အလုပ်လို၍ လာသော လူငယ် များကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ခံဝန်လက်မှတ်များထိုး တပ်သား သစ်အဖြစ် စုဆောင်းကြောင်း၊ ထိုကဲ့သို့ စနစ်ကို အသုံးပြုလျက်ရှိသောကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေချိန် အလုပ်လက်မဲ့ ဖြစ်နေသော လူငယ် များ သတိပြုရန်လိုအပ်ကြောင်း ပြည်သူ့ရင်ခွင် တပ်တွင်းသတင်း အရင်း အမြစ်ကို ကိုးကား၍ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။ "အာဏာသိမ်းမှုကြောင့် နိုငိငံခြားရင်းနှီးမြုပ်နှံမှုတွေ ထွက်နေတဲ့အချိန် အလုပ် လက်မဲ့ ဖြစ်သွားတဲ့ စက်ရုံအလုပ်ရုံတွေမှ အခြေခံ အလုပ်သမားတွေနဲ့ နယ် ဘက်က အတွေ့အကြုံနုနယ်တဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး စစ်သား စု ဆောင်း နေတာပါ" ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။ တပ်သားသစ်စုဆောင်းရာတွင် စစ်ကောင်စီက တပ်အရာရှိများနှင့် စစ်သည် များကို ပုံစံမျိုးဖြင့် လိမ်လည် စုဆောင်းခွင့်ပြုထားပြီး အဓိကအားဖြင့် တပ်သား သစ် ရရှိ ရန်ဖြစ်ကြောင်း သိရှိရသည်။ "တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ သင်တန်းကျောင်း (တကန) အပတ် စဉ် ၁၁ ကျောင်းဆင်း ရေတပ် တပ်ကြပ်ကြီး ထွန်းမင်းအောင်ဆိုရင် ၁၀ တန်း အမှတ် စာရင်း ဆိုပြီး Page ထောင်တယ်။ သတင်းတွေ ကူးတင်တယ်။ အလုပ် ခေါ်စာတွေ တစ်ချက်ချက် တင်တယ်။ မသိနားမလည်တဲ့ လူငယ်တွေ အဲဒီ Page မှာ အမှတ်စာရင်း တောင်းတာ၊ အလုပ် သွားမေးတာဆိုရင် လာတွေ့ဖို့ ခေါ်ယူပြီး လူငယ်တွေကို လိမ်ခေါ်တယ်။ ကလေးတစ်ယောက်ရရင် သူ့အတွက် ငွေက သိန်းချီရတယ်။ တချိူ့ မသိ နားမလည်တဲ့ကလေးတွေ၊ အသက်မပြည့်တဲ့ ကလေးတွေ တပ်ထဲကို ပုံစံမျိုးနဲ့ ရောက်တာရှိတယ်။ တချို့ ကလေးတွေဆိုရင် မိဘတွေက ငွေကျပ် သိန်းဆယ်နဲ့ချီပေးပြီး သူ့ဆီက လိုက်ရွေးရတယ်" ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ခုက ပြောသည်။ ထို့ပြင် မြို့နယ်ရဲမှူးများကိုလည်း ရဲစခန်းတစ်ခုလုံးအနေဖြင့် တပ်သားသစ်များ မဖြစ်မနေ စုဆောင်းပေးရန် ပြည်ထဲရေးဝန်ကြီးဌာနဘက်က ညွှန်ကြားပြီး တပ် သားသစ် မရှာပေးနိုင်သည့် မြို့နယ်ရဲမှူးများကို နေပြည်တော် သို့ ခေါ်ယူ၍ သတိပေး ခံဝန် လက်မှတ်ထိုးခိုင်းကြောင်း သိရှိရသည်။ "မြို့နယ် ရဲမှူးတွေကို တပ်သားသစ်တွေ ရှာခိုင်းပါတယ်။ ရှာခိုင်းတာမှာ ရှာ လို့မရင် နေပြည်တော်သွား လက် မှတ်ထိုးရတာ။ တပ်သားသစ် မရှာနိုင်တာ ၃ ကြိမ် ဆိုရင် အရေး ယူခံရမယ်ဆိုပြီး သတိပေးတယ်။ ရဲတွေက လမ်းပေါ်က လူငယ် တွေကို ဖမ်းပြီး ခြိမ်းခြောက် တပ်သားသစ်စုဆောင်းတာတွေ လုပ်ပေး ရတယ်။ လမ်းပေါ်မှာ အရက်သောက်တဲ့ လူငယ်တွေတချို့ တပ်သားသစ်အဖြစ် စုဆောင်းခံရတာ ဒီရက်ပိုင်းတွေမှာရှိပါတယ်။ တချို့လူငယ်တွေ ပျောက်သွား တယ်ဆိုတာ အဲဒါမျိုးတွေ။ပေါ်တာဆွဲခံရပြီး တပ်ထဲရောက်တာ။ တတ်နိုင်တဲ့ မိဘတွေက သိန်း ၂၀ ကနေ ၅၀ လောက်အထိ သုံးပြီး သားသမီးတွေကို ပြန်ရွေး ရတယ်" ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ရှင်းပြသည်။ ဓာတ်ပုံ- တပ်သားသစ် စုဆောင်းခံရသည့် လူငယ်တချို့။ (ပုံအဟောင်းဖြစ်သည်။)


ဆက်ဖတ်ရန် →
 တိုးတိုး လေးပဲပျှော်ကြပါ

တိုးတိုး လေးပဲပျှော်ကြပါ

အိန္ဒိယ တရုတ်နဲ့ရုရှားဟာအကြမ်းဖက်စစ်တပ်ကိုနိုင်ငံ 
တကာကပိတ်ဆို့ထားတဲ့လက်နက်တင်သွင်းမှုပိတ်ပင်
နေတာကိုဂရုမစိုက်ပဲ ပေါ်တင်ထောက်ပံ့နေတာရှိပါတယ်

NUG ကလည်းရရှိဖို့ကြိုးစားနေပါတယ်၊ တရားဝင်ရရှိ
ဖို့ပါ၊ လတ်တလောမှာရတာတွေရှိပေမယ့်တရားဝင်မ
ဟုတ်သေးလို့ ဝယ်ယူမှုအပိုင်းမှာလည်းတရားဝင်မဖြစ်
သေးပါဖူး ပွဲစားထားပြီးဝယ်ယူနေရဆဲပါ

NUG စဖွဲ့စဉ်က PDF ၅၀၀၀ အတွက် $သန်း၅၀လိုအပ်
တယ်လို့ လက်နက်နဲ့စစ်ရေးလေ့လာကျွမ်းကျင်သူဒေါ်
ခင်မမမျိူးကတင်ပြခဲ့ပါတယ်၊

လက်ရှိမှာ သန်းရာဂဏန်းအထိ ရရှိနိုင်ပြီး PDFနဲ့ CDM
တွေအတွက် သုံးစွဲနေပေမယ့် လိုအပ်ချက်ကကြီးမား
နေဆဲပါ၊

အထက်ကပြောသလို တရားဝင်မှု ဆိုရာမှာ အစိုးရတ
ရပ်ရဲ့နယ်မြေပိုင်စိုးမှုကအရေးတကြီးလိုအပ်မှုတခု
ဖြစ်လာပါတယ် ကုပဏ္ဏီတခုရှယ်ယာရဖို့ အရင်အမြတ်
အစွန်းရနိုင်ကြောင်းလုပ်ပြရသလိုပေါ့

စစ်ကိုင်းမကွေးတင်္နသာရီမှာ တိုးတက်မှုရှိပေမယ့်
အခြားတိုင်းတွေမှာလိုအပ်နေဆဲပါ

NUGအနေနဲ့bond မြေကွက် အိမ်ယာ စသဖြင့်ပြည်တွင်း
ပြည်ပက မြန်မာတွေဆီကဝင်ငွေနဲ့ပဲ PDFကိုထောက်ပံ့
နေရဆဲပါ 

၂နှစ်တောင်သက်တမ်းမရှိသေးတဲ့ NUGရဲ့တိုးတက်မှု
ဟာ EAOs တွေရဲ့၂နှစ်သက်တမ်းထက်အများကြီးသာ
ပါတယ်၊ 

နှစ်၇၀ကျော်တည်ဆောက်ထားတဲ့စစ်တပ်ကို၂နှစ်သက်
တမ်းပဲရှိတဲ့ NUGကနိုင်အောင်မတိုက်နိုင်ဖူး PDF အကုန်
လက်နက်လဲမဆင်နိုင်ဖူး၊ စသဖြင့် ဘလိန်းနေကြတာ
တွေ့ရသလို စစ်ရေးအရမအောင်နိုင်ဖူးဆိုပြီး ပြည်တွင်း
မှာတစခန်းထကြတဲ့စန္ဒာမင်း တိုးလွင်တို့လို GZဆန္ဒကို
ဆန့်ကျင်သူအချို့ကိုလဲတွေ့ရမှာပါ၊

အမှန်အတိုင်းသိရမှာကမအလကိုအပြုတ်တိုက်တာ
ထက်နယ်မြေပိုင်စိုးမှု ကိုအာရုံစိုက်ကြဖို့ပါ
စစ်ကိုင်း မကွေး ရဖို့လိုပါတယ် ထောက်ပံ့ကြပါ၊

NUG သမ္မတ ဝန်ကြီးချူပ် ဝန်ကြီးတွေ အနေနဲ့ တိုင်းသိ
ပြည်သိ မိန့်ခွန်းတွေပြောဆိုထုတ်လွှင့်ရာမှာ စိတ်ဓါတ်
စစ်ဆင်ရေးအပိုင်းကိုအလေးထား ပြောဆိုရလို့ မြေပြင်
အနေနဲ့ကွာဟမှုရှိတာကို ဘောမတွေပြောတာရှိပေမယ့်
မိမိဘက်တော်သားတွေအနေနဲ့မပြောကြဖို့လိုပါတယ်၊

ထောက်ပို့ရာမှာ NUGကိုပဲဖြစ်ဖြစ် နယ်မြေတိုက်ရိုက်
ပဲဖြစ်ဖြစ်ပေးပို့နိုင်ပါတယ် နယ်မြေတိုက်ရိုက်ကကျယ်
ပြန့်လို့ လိုက်မမှိပေမယ့် NUGရဲ့စစ်ရေးဆိုင်ရာ ငွေကြေး
နဲ့လက်နက်စီးဆင်းမှု ကိုတော့အထိုက်အလျောက်သိပါတယ်၊ အလေအလွင့်မရှိအောင်ထိပ်ပိုင်းခေါင်းဆောင်
တွေကပါဆင်းပြီးကိုင်တွယ်နေတာပါ၊

၂နှစ်သက်တမ်းပဲရှိသေးတဲ့တော်လှန်ရေးကို ယုံကြည်
ချက်မပျက်ဆက်လက်တော်လှန်ကြဖို့ အခက်အခဲတွေ
ကို NUG PDF ထောက်ပို့ ခွဲခြားမမြင်ပဲ အားလုံးဟာ
တတန်းထဲလက်ချင်းတွဲကြဖို့ပါပဲ၊

တခုခုဆိုရင် ၂နှစ်သက်တမ်း NUG ကို ဘလိန်းတာရဲ့
မြစ်ဖျားခံရာက ဘောမမီဒီယာရဲ့တိုက်ကွက်ပါ၊ အဲ့ဒီ
နောက်ကိုမလိုက်ကြဖို့တိုက်တွန်းအပ်ပါတယ်၊

ပြည်သူ့တော်လှန်ရေး ပြည်သူ့မှာလဲတာဝန်ရှိပါတယ်၊

(စစ်ဘေးရှောင်တွေဘဝ ကိုတွေ့ရင် မိမိပျော်ရွှင်သာယာ
ပုံတင်နေတဲ့ကိစ္စတွေဟာရောတရားသလားလက်၃
ချောင်းထောင်လမ်းပေါ်တက်ဖူးသူတယောက်အနေနဲ့
စဉ်းစားပါ ပျှော်ရင်လဲ ဖဖကသ ပြောသလို တိုးတိုး
လေးပဲပျှော်ကြပါ ရဲရင့်ငယ်ကမပျှော်ပါဖူး နိုင်ငံခြား
မှာနေပေမယ့် စိတ်ကယင်းမာပင်ဝန်းကျင်ကမီးရှို့ခံ
ရွာတွေကသူတွေဘယ်လိုနေနေကြရလဲဆိုပြီးစိတ်
ဆင်းရဲနေရပါတယ်)

အခုမနက် ၃နာရီပါ အိပ်မရပဲ စာထိုင်ရေးနေတာ
မနက်လင်းရင်အလုပ်မှာအိပ်ငိုက်ရပါတော့မယ်၊😌


ဆက်ဖတ်ရန် →
အာလာဒင်ဖလား

အာလာဒင်ဖလား

အိုင်းရင်းကဒါမျိူးတွေဖွ
ပြီးရင်ဖလာကြီးချလက်
မှတ်ရောင်းတော့တာပဲ၊
တော်လှန်ရေးအသိုင်းအဝိုင်း
ကိုမယုံကြည်အပုပ်ချပြီး
ဖလားကြီးထဲက ၃သိန်း
လောက်အထွက်ပြ
အာလာဒင်ဖလားကြီး
လှူတဲ့သူကလဲရှိနေဆဲ
ဆေးမိနေကြလားမသိဖူး







ဆက်ဖတ်ရန် →
ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင် ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး

ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင် ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး

လူတယောက်ကိုပါစင်နယ်အဆင့်အထိတိုက်ခိုက်ရတာ
မလုပ်ချင်ဆုံးအလုပ်၊နိုင်ငံရေးအရ တော်လှန်ရေးကို
ထိခိုက်လွန်းမှသာလုပ်ဖြစ်တာ၊ပြီးရင်စိတ်မကောင်းတွေ
ဖြစ်ရတယ်၊ ပကတိနိုင်ငံရေးရဲ့လမ်းကြောင်းမှန်ကိုလိုက်
နေကြရင်ဒါမျိုးတွေကြုံရမှာမဟုတ်ဖူး၊ 

မအလဟာ NLDကိုရွေးကောာက်ပွဲဝင်ခွင့်ပေးရင်တောင်
သူပြောတာနာခံတဲ့CECတွေရှိနေတဲ့NLDအဖြစ်ပဲမြင်
ချင်တာ၊ ပြည်သူ့ပါတီလောက်တောင်အဆင့်ရှိတော့မှာ
မဟုတ်ဖူး၊တကယ့်ခေါင်းဆောင်တွေကအဖမ်းခံရတယ်
ရှောင်နေရတယ်၊

ဒီအချိန်မှာပြည်သူ့ဘက်တော်သားမှန်ရင်ထိပ်တိုက်ရင်
ဆိုင်စရာလမ်းတခုပဲရှိတယ်ရှောင်မရဖူး၊ လေပြေသွေး
တာက နွားပလာတာကျွေးသလို ကျွဲပါးစောင်းတီးသလို
ပဲဖြစ်တယ်၊ မအလဟာ EAO’s တွေကိုအပေါ်စီးကပြော
လေ့ရှိတယ်၊ ဒါကြောင့်တွေ့ဆုံတာလုပ်တာ၊ NUG ကို
လုပ်မရမှန်းသိလို့မတွေ့တာ၊ ညှိနိုင်းရေးလမ်းကလတ်တ
လောမှာမရှိဖူး 

ဒီအချိန်မှာ ကိုယ့်ဖက်ကအမာခံ ပုဂ္ဂိုလ်တွေ အစဉ်အလာ
ရှိသူတွေ ဥပမာ မရမ်းကုန်းလိုနေရာမှာ ရွေးကောက်ပွဲ
အကုန်နိုင်အသက်လဲကြီးပြီဖြစ်တဲ့ဒေါ်မေဝင်းမြင့်လို
လူကို ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင်
ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး personal တိုက်ခိုက်
တာမျိူးမို့လို့ပါစင်နယ်နဲ့ပြန်တိုက်ရတာ၊မလုပ်ချင်ဆုံး
အလုပ်တခုပဲ၊

ပြည်တွင်းမှာနေစဉ်ကရော ပြည်ပရောက်ချိန်ရော
ပြည်သူကဘာဖြစ်ချင်တာလဲ သူတို့ဖြစ်ချင်တဲ့အတိုင်း
ပဲ လိုက်လုပ်တယ်၊ ဘယ်တော့မှစတန့်ထွင်ပြီး
လမ်းကြောင်းအသစ်မဖေါက်သလို ဘောမတဲ့ပုံစံလဲဝင်
အောင်မနေဖူး၊  စိတ်တူတဲ့လူတွေကိုတိုက်ခိုက်လာရင်
လဲမခံဖူး ဝင်ကူတယ်၊ 

တော်လှန်ရေးကိုမထိခိုက်လောက်ဖူးထင်ရင်စာဆိုလဲ
ပြီးအောင်မဖတ်ပဲလွှတ်ထားလိုက်သလိုအပြင်မှာဆို
ရင်လဲထထွက်သွားလိုက်တယ် ပြန်ပြောမနေဖူး၊သူ့
စိတ်နဲ့သူ့ကိုယ်ပဲ၊

ထိခိုက်တယ်ထင်ရင်အမျိူးသူငယ်ချင်းတောင်မရဖူး
သေခန်းပြတ်ဖိုက်တာ၊

ပြည်သူ့မျက်နှာပဲကြည့်တဲ့လူတွေထဲမှာ ရဲရင့်ငယ်
လဲတယောက်အပါအဝင်ပါပဲ။


ဆက်ဖတ်ရန် →
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၄ မှု စစ်ကောင်စီ ကျူးလွန်ခဲ့တယ်လို့ NUG ထုတ်ပြန်

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၄ မှု စစ်ကောင်စီ ကျူးလွန်ခဲ့တယ်လို့ NUG ထုတ်ပြန်

သတ်ဖြတ်ခံရသူတွေထဲမှာ အမျိုးသား ၄၈၂ ယောက်၊ အမျိုးသမီး ၇၈ ယောက် ပါဝင်ပြီး ကျန်တဲ့သူ ၂ဝ၆ ယောက်ရဲ့ ရုပ်အလောင်းတွေကတော့ ကျား၊ မ မခွဲခြားနိုင်တော့တဲ့အခြေအနေဖြစ်နေပြီလို့ ဆိုပါတယ်။ 

 ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)RFA 2023-03-15
စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်အစပ်မှာ အသတ်ခံရထားရသည့် ဒေသခံများ၏ ရုပ်အလောင်းတချို့အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်နေ့က သယ်ဆောင်လာစဉ်။ Citizen Journalist 

အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံးမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၆၄ ကြိမ် ကျူးလွန်ခဲ့ပြီး ၇၆၆ ယောက် အသတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မတ် ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ၂ဝ၂၁ ခုနစ် ဇူလိုင်ကနေ ၂ဝ၂၃ ခုနှစ် မတ်လ ၁၃ ရက်အတွင်း အရပ်သား ငါးယောက်နဲ့အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကို NUG က စာရင်းပြုစုထားတာဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုတွေကို စစ်ကောင်စီက ကချင်၊ ကယား၊ ရှမ်း၊ စစ်ကိုင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ကျူးလွန်ခဲ့တာလို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ထိထိရောက်ရောက် အရေးယူမှုမရှိတဲ့အတွက်ကြောင့် စစ်တပ်အနေနဲ့ crimes against humanity တို့ war crime တို့ ကျူးလွန်တာက တော်တော်ဆိုးဆိုးဝါးဝါး ကျူးလွန်တဲ့ အနေအထားမျိုးရှိတယ်" သတ်ဖြတ်ခံရသူတွေထဲမှာ အမျိုးသား ၄၈၂ ယောက်၊ အမျိုးသမီး ၇၈ ယောက် ပါဝင်ပြီး ကျန်တဲ့သူ ၂ဝ၆ ယောက်ရဲ့ ရုပ်အလောင်းတွေကတော့ ကျား၊ မ မခွဲခြားနိုင်တော့တဲ့အခြေအနေဖြစ်နေပြီလို့ ဆိုပါတယ်။ ဒီလိုရက်စက်တဲ့နည်းလမ်းတွေနဲ့ ချေမှုန်းတာဟာ စစ်ကောင်စီရဲ့နည်းဗျူဟာတစ်ခုဖြစ်တယ်လို့ ပြည်သူ့ဘက် ကူးပြောင်းထားတဲ့ CDM ဗိုလ်ကြီး နတ်သားက ပြောပါတယ်။ “ဒီလိုရက်ရက်စက်စက် ခေါင်းဖြတ်သတ်တယ်။ မီးရှို့သတ်တယ်ဆိုတာ ဒီစစ်ပွဲဆိုတာကို ရွံ့သွားအောင် လုပ်တာဗျ၊ ဒါ စိတ်ဓာတ် စစ်ဆင်ရေး။ အပူးတပ်မတွေလို့ ခေါ်တာပေါ့နော်။ တပ်မ ၁၁ ကနေ ၁၀၁ အထိ ရှိတဲ့ ဂဏန်းအပူးတပ်မတွေကို တိုက်ခိုက်ဖို့သပ်သပ် လူသတ်ဖို့သပ်သပ် လေ့ကျင့်ပေးထားတာ။ အဲဒီတပ်မတွေကို တိုက်ရိုက်ကွပ်ကဲတာက ကက ကြည်းလို့ ခေါ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ကနေ တိုက်ရိုက်ကွပ်ကဲတာ၊ အဲဒီလူတွေကို တိုက်ရိုက်ဖုန်းခေါ်ပြီးတော့မှ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမိန့်ပေးလေ့ရှိတယ်” ပထမဆုံး သတ်ဖြတ်မှုက ၂ဝ၂၁ ဇူလိုင် ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ယင်းရွာမှာ အရပ်သား ၃၄ ယောက် ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုဖြစ်ပါတယ်။ ၂ဝ၂၁ ခုနှစ်အတွင်း ကိုးမှုကျူးလွန်ခဲ့ပြီး လူပေါင်း ၁၄၇ ယောက် အသတ်ခံခဲ့ရပါတယ်။ ၂ဝ၂၂ ခုနှစ်မှာ ၄၄ မှု ဖြစ်ပြီး ၅၁၅ ယောက် သေဆုံးခဲ့ရပါတယ်။ ဒီနှစ် ၂ဝ၂၃ ခုနှစ် နှစ်လကျော်အတွင်းမှာတော့ ၁၁ မှုဖြစ်ပြီး လူပေါင်း ၁၀၄ ယောက် အသတ်ခံခဲ့ရတယ်လို့ NUG စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီနှစ် မတ်လ ၂ရက်နေ့က စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးအပါအဝင် ဒေသခံ ၁၇ ဦးထက်မနည်း ဖမ်းဆီးခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။ တာတိုင်ရွာဖြစ်စဉ်မှာ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို ရုပ်ပျက်ဆင်းပျက် တွေ့ခဲ့ရတယ်လို့ ဒေသခံ ကိုဟွန်ဒါက ပြောပါတယ်။ “ကျွန်တော်တို့ ယူဆမှုအရတော့ လွှတ်ပေးပြီး သေနတ်နဲ့နောက်ကနေ ပစ်တဲ့ပုံစံ၊ သေနတ်ဒဏ်ရာတွေ တွေ့တယ်။ ဦးခေါင်းတွေ ရိုက်ခွဲထားပြီးတော့ ကွဲနေတာတွေလည်းရှိတယ်။ အမျိုးသမီးရုပ်အလောင်းတွေ ဆိုရင် ကစဉ့်ကလျားနဲ့ အင်္ကျီအဝတ်အစားတွေဆိုရင် မြင်မကောင်းအောင်၊ အဲ့ဒါတွေ ကျွန်တော်တို့ ပြန်ဆွဲဖုံးပြီး နောက်ထပ်ကိုးလောင်းကောက်တာ ကျွန်တော်တို့ ခဲရာခဲဆစ် ကောက်ခဲ့ရတာပါ။” အဲဒီအသတ်ခံရသူတွေထဲမှာ အမျိုးသမီး သုံးဦးက အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်တွင် အသတ်ခံရသည့် ဒေသခံများ၏ ရုပ်အလောင်းများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်နေ့က ပြန်လည်တွေ့ရှိရစဉ်။ (Photo: Citizen Journalist) NUG ကတော့ စစ်ကောင်စီရဲ့ ဒီလိုကျူးလွန်မှုတွေကို အရေးယူနိုင်အောင် လုံခြုံရေးကောင်စီကို ဆက်လက်တောင်းဆိုဖို့ပဲ ကြိုးစားနေပါတယ်။ “ထိထိရောက်ရောက် အရေးယူမှုမရှိတဲ့အတွက်ကြောင့် စစ်တပ်အနေနဲ့ crimes against humanity တို့ war crime တို့ ကျူးလွန်တာက တော်တော်ဆိုးဆိုးဝါးဝါး ကျူးလွန်တဲ့ အနေအထားမျိုးရှိတယ်။ ကျွန်တော်တို့အနေနဲ့ တောက်လျှောက်ပဲ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ အထူးသဖြင့် လုံခြုံရေးကောင်စီအနေနဲ့ ဒီလိုမျိုးအကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့၊ လူအသက်သေဆုံးမှုတွေ မဖြစ်အောင် ကာကွယ်ပေးဖို့၊ ထိရောက်တဲ့အရေးယူမှုတွေယူပေးဖို့ဆိုပြီး တောက်လျှောက်တော့ တောင်းဆိုနေတာပေါ့နော်။” အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက RFA နဲ့ သီးသန့် မေးမြန်းချက်မှာ ပြောသွားတာပါ။ ဒီသတ်ဖြတ်မှုတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးရတာတွေ ရှိသလို ဖမ်းဆီးပြီးနောက် သတ်ဖြတ်တာတွေလည်း ပါဝင်ပါတယ်။ စစ်ကောင်စီဘက်ကတော့ NUG၊ CRPH နဲ့ PDF အဖွဲ့တွေကြောင့် ၂ဝ၂၁ ကနေ ၂ဝ၂၃ ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ အရပ်သား ၅၁၅၅ ယောက် သေဆုံးခဲ့တယ်လို့ မတ်လ ၇ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း စစ်တပ်က အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်တာမျိုး မလုပ်ဘူးလို့ သတင်းမီဒီယာတွေကို ငြင်းဆိုဖြေကြားလေ့ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီရဲ့ ဒီလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို ရပ်တန့်အောင်နဲ့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်အောင် အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် အကြမ်းဖက် တိုက်ခိုက်မှုတွေခံနေရတဲ့ဒေသတွေက ပြည်သူတွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ဖြန့်ဝေနိုင်အောင် ကြိုးပမ်းကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဆက်ဖတ်ရန် →
ပါးစပ်ကပြော လက်ကမလှုပ်ရင်စိတ်ကူးယဉ်သက်သက်ပဲ၊

ပါးစပ်ကပြော လက်ကမလှုပ်ရင်စိတ်ကူးယဉ်သက်သက်ပဲ၊

နှစ်၇၀ကျော်မှာ စစ်တပ်ကိုစစ်ရေးနဲ့ ဖြေရှင်းမယ်လို့
ဆုံးဖြတ်ရင်ဒီအချိန်က အချိန်ကောင်းပဲ၊ 

NUGနဲ့PDFနဲ့ပူးပေါင်းလိုစိတ်ရှိဖို့တော့လိုတယ်၊

ဘာလို့လဲဆိုတော့ မစခင်ထဲက PDFက စစ်တပ်ရဲ့
နောက်တန်းမှာနေရာယူထားပြီးသား၊

နှစ်၇၀မှာ စစ်တပ်လာတိုက်မှပြန်တိုက် စစ်တပ်ရဲ့
ရှေ့တန်းစခန်းတွေကို မကျော်တာလား မကျော်
နိုင်တာလားEAOS တွေပဲသိမယ်

၇ဖွဲ့ပေါင်းတာကအရင်ကလိုပဲအစည်းအဝေးတက်
မိုးပေါ်ကစကားလုံးတွေပြော စားသောက်ပြီးပြန်
ကြမှာလား၊ ဒီနေ့ဒီရက်မှာ တပြိုင်ထဲကျည်ဖေါက်
မှာလား မရေရာတဲ့ကြေငြာချက်—-🙄

———-

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး တိုင်းရင်းသားများ၏ အင်အား နှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဟု FPNCC က ကြေညာ

■ စစ်ကောင်စီကို အသိအမှတ်မပြုသည့်အပြင် ဆွေးနွေးမည့်စကားရပ်  လုံး၀ မပါဝင်ခြင်းက ထူးခြားချက်ဟုဆို

ရန်ကုန်၊ မတ် ၁၆ ခေတ်သစ်

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု ထူထောင်ရေး အယူအဆကို အကောင်အထည်ဖော်ရန်အတွက် နောက် ဆုံးတွင် လူနည်းစု တိုင်းရင်းသားများ၏ အင် အားနှင့် အစွမ်းအစ များကို သာ အားကိုးရမည်ဟု မြောက်မဟာမိတ်တပ်ဖွဲ့(FPNCC)  က တရားဝင် ထုတ် ပြန် ကြေညာသည်။ 

မတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၂ ရက်တာ "၀" ပြည်နယ်၊ ပန်ခမ်းမြို့ တွင် FPNCC ၏ လုပ်ငန်း အစည်းအဝေးကို ကျင်းပခဲ့ပြီး ၀ ပြည်သွေးစည်း ညီညွတ် ရေးတပ်ဖွဲ့(UWSA)၊ ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA)၊ ရခိုင်တပ်တော်AA နှင့် ပလောင်တပ်ဖွဲ့TNLA တို့တက်ရောက်ခဲ့ ကြ သည်။ 

FPNCC ၏ ကြေညာချက်တွင် အချက် ၇ ချက်ပါဝင်ပြီး တရုတ်နိုင်ငံ၏ အခန်း ကဏ္ဍကို ကြိုဆိုကာ မြန် မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူ ထောင်ရေး အကောင်အထည်ဖော်ရန် လူနည်းစု တိုင်းရင်းသားများ၏ အင် အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဟု တရားဝင် ကြေညာသည်။ 

"မြန်မာပြည်တွင်းရေးနှင့်ပတ်သက်၍ မိမိတို့ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်း သားလူမျိုးများ အနေ ဖြင့် ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆ ပါသည်။ ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံ ရှိနေ သော် လည်း နောက်ဆုံးတွင် မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ပါသည်" ဟု FPNCC က ကြေညာ ထားသည်။ 

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြည်တွင်း ပဋိ ပက္ခ များ ကို ပြေလည် ချုပ် ငြိမ်းရေးအတွက် ကြားဝင် ဆောင်ရွက်မှု အပေါ် ကြိုဆို ထောက်ခံကြောင်း ဖော်ပြထားသည်။ 

ပြည်တွင်းနိုင်ငံရေးသမားတစ်ဦးက FPNCC ၏ ကြေညာချက်သည် ထူးခြား သော ကြေညာချက်ဖြစ်ကြောင်း သုံးသပ်သည်။ 

"တရုတ်ဖိအားကြောင့်လုပ်ရတဲ့ ဆွေးနွေးပွဲ  ပေမယ့်လည်း စစ်ကောင်စီကို နာမည် တောင် ထုတ်မပြောဘူး။ အသိအမှတ်မပြုဘူး၊ ဆွေးနွေးမယ်မပြောဘူး။ တရုတ်ကိုတော့ မလွန်ဆန်နိုင်တော့ တရုတ်ကြိုးပမ်းချက် ကြိုဆိုတယ်လို့ ပြော တယ်။ အခု တကယ်ဖြစ်နေတာက စစ်ကောင်စီက တရုတ်နိုင်ငံရဲ့ စကားလည်း နားမထောင်ဘူး။ ရုရှားကို ပြေးကပ်နေတယ်။ အဲဒီတော့ ကြေညာချက်ကို ခြုံငုံ ကြည့်ရင် စစ်တိုက်မယ်ဆိုတာ မြင်သာထင်သာမြင်ရတယ်။ နံပါတ် ၄ အချက်က တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ သွားမယ့် လမ်းစဉ်ပဲ။ အင်အားနဲ့ အစွမ်းအစ ဆိုတာ စစ်အင်အား စစ်တိုက်နိုင်စွမ်းကပဲ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင် နိုင်မယ်လို့ အတိအလင်းကြေညာတာပါ" ဟု ပြည်တွင်းနိုင်ငံရေး သမားတစ်ဦးက သုံးသပ်ပြောဆိုသည်။  

ဓာတ်ပုံ- ၂၀၁၇ ခုနှစ် FPNCC အစည်းအဝေး တစ်ခုမြင်ကွင်း။ (ပုံအဟောင်း ဖြစ်သည်။)


ဆက်ဖတ်ရန် →
ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပထမအလုပ်သမားဒုဝန်ကြီးကျော်နီကိုဖေါင်းထုတယ် မပြောသေးဖူး။ ကြည့်နေတယ်၊ နောက်တော့ ဝေမှူးသွင် ကိုဖေါင်းထုတယ် မပြောသေးဖူး ပွဲထိုင်ကြည့်နေခဲ့တယ်၊ ကျော်နီဆိုတာကရန်ကုန်မှာအလုပ်သမားသမဂ္ဂဦးဆောင် သူတဦးဆိုတော့အစိုးရနဲ့ပွတ်တိုက်မှု ရှိခဲ့တယ်၊အခုလိုအရေးကြုံချိန်မှာ အလုပ်ဒုသမားဝန်ကြီးအဖြစ်ကမ်းလှမ်းတာကို လက်ခံပြီးတသားထဲဖြစ်ခဲ့ပြန်တယ်၊ ဝေမှူးသွင် ဆိုရင် ရဲဘော် မေမေဆိုပြီးအစချီလို့ NLDကိုဝေဖန်ရေးလုပ်ခဲ့တဲ့ရှေ့နောက်မှီ ကျောင်းသားမျိူးဆက်ကဗျာဆရာ အခုလိုအချိန်ကျပြန် တော့အပြစ်မပြောတဲ့အပြင် NUGကိုဝင်ကူနေပြန်ရော၊ သူတို့ကNLDတွေမဟုတ်ဖူးနော် ဒါပေမယ့်တော်လှန်ရေး စိတ်ရှိတယ် ပေါင်းရမယ့်အချိန်ပေါင်းကိုပေါင်းကြတယ် အခုထဖေါက်နေတာက အရင်ကမိမိကိုယ်ကို NLDမှာ ဘယ်လိုဘယ်လောက်အရေးပါအနစ်နာခံခဲ့တယ်ဆိုတဲ့ ဟာတွေက တော်လှန်ရေးအပေါ်သစ္စာပျက်ကြတာပဲ၊ ယူအက်စ်က စန်းမော်ဆိုတာက NLDက၊ ဝေမှူးတို့ ဘားဖွင့်တာကိုပွဲလုပ်တယ် အမှန်တော့သူကအဲ့ လောက်မသိဖူးအနောက်ကဖွခိုင်းတဲ့သူရှိတယ်၊ တော်လှန် ရေးကိုထိခိုက်စရာမရှိတဲ့အဆင့်မို့ အကုန်တောင်ဖတ်မနေ တော့ဖူး၊ NUGကိုဖေါင်းထုတယ် လူတယောက်အခွင့်အ ရေးမို့လို့ဘာမှပြောစရာမရှိဖူး စန္ဒာမင်းနဲ့တိုးလွင်တစခန်းထလာတယ်၊ သူတို့ဖက်ကရပ် ပြီး NUGမှာပါတဲ့ NLDတွေ အထူးသဖြင့် ဦးအောင်ကြည် ညွန့်တို့ကိုဖေါင်းထုတယ်၊ စစ်ရေးအရတုံ့ပြန်တာမှားတယ် စန္ဒာမင်းတို့ရပ်တည်တာကမှမှန်တဲ့အရေးအသားတွေတင် လာတာဟာတော်လှန်ရေးကိုထိခိုက်တယ်၊ တချိန်ထဲမှာ စန္ဒာမင်းတို့ဖက်မပါတဲ့CECတွေဖက်လှည့်တိုက်လာတယ် ဒေါ်မေဝင်းမြင့်မိသားစုပုံတွေပါတင်ပြီး ပါစင်နယ် attacks လုပ်လာလို့ သူ့ပါစင်နယ်လေးကိုဖေါ့ဖေါ့လေးရေးတင် ပေးလိုက်တာကို ရေးတဲ့ကိုယ့်ကိုပြောရင်ရပြီလေ ပြောပေါ့ သူပြောကိုယ်ပြော ပြသာနာ မရှိပါဖူး အမှန်တော့သူ့အကြောင်းက ဝေမှူးတို့နဲ့ဖြစ်ချိန်ကွန့်မန့်တခုမှာဖတ်ထား ဖူးတာတင်ရေးလိုက်တာ သမဝါယမဆိုင်မှာဆန်တန်းစီရင်း ရန်ဖြစ်လို့ထောင်ကျသူကနိုင်ကျဉ်းဘွဲ့လိုချင်တယ်ရေး လိုက်တာပါ သူကိုတိုက်ရိုက်ပဲရေးခဲ့ ဘယ်သူမှဆွဲမထည့်ခဲ့ ဖူး၊ သူကကိုယ့်ကိုတုံ့ပြန်တာကနဲနဲ သူတို့အချင်းချင်းပွဲဖြစ် ဖူးသူတွေကိုကိုယ့်အကြောင်းပြပြီး personal Attacks လုပ် တယ် အဲဒီ့သူတွေက သူ့အကြောင်းပြောပြဖို့နေနေသာသာ မက်ဆင်ဂျာမှာတောင် ဟိုင်းမလုပ်ဖူးဘူး၊ယဉ်ထွေးဆိုတာ ကိုအရင်ကမသိပေမယ့်အခုသိရပြီ၊အလုပ်သမားဝန်ကြီး ဖြစ်ချင်နေတဲ့ မောင်မောင် က ကလေးအမေလင်ရှိမယား နဲ့အိပ်တယ်လို့ စန်းမော်ပြော တာလဲသိရပြီ ဟုတ်မဟုတ်ဆိုတာ တော့စန်းမော်နဲ့ အလုပ်သမားမောင်မောင်ရှင်းကြပေါ့၊ ဦးဝင်းထိန်နဲ့ပါအိပ်တယ်ဆိုတာ ကတော့များသွားပြီ၊ တချိန် မှာဒီကိစ္စစွတ်စွဲချက်ကိုနင်ကိုယ်တိုင်ရှင်းရမယ်၊ ယဉ်ထွေးကို ယဉ်နွားလို့ပြောတယ် အမှန်တော့ဟိုကယဉ်ကျား သူ့ညီမကို အိမ်မှာခိုင်းချင်းတာခိုင်းပါဆိုပြီး ယဉ်ထွေး လက်အပ်လိုက်တာနင်ပဲ ဟိုကဘုလိုက်တော့ မောင်မောင်ညီအိမ်ရောက် ဇော်အောင်ကဆက်ဘု ဇော်အောင်ကိုအတင်းယူခိုင်းတကယ့်နွားအစစ်က အခုအမေရိကားက နင့်မတ်တော်မောင်လေး၊ ယဉ်ထွေးကျေးဇူးနင့်မှာရှိတာမမေ့နဲ့ မဆိုင်လို့နင့်ညီမနာ မည်ထည့်မရေးထားသလို ခရေစေ့တွင်းကျလဲမရေးထားဖူး၊ တော်လှန်ရေးကိုနင်ကမထိခိုက်ခဲ့ရင်စောက်ကြောင်းလုပ်ပြီး နင်လိုအဆင့်ကိုအဖက်လုပ်မနေဖူး၊ လက်နက်ကိုင်ပြီးတော် လှန်တဲ့လမ်းစဉ်ကိုနင်တို့ NLDကချမှတ်တယ်လို့ထင်ပြီး စောက်ဖေါင်းထုနေတာရပ်ပါ သူများစောက်တင်းပြောတာ ကြပျှော်နေပြီး ကိုယ့်အောက်ဖဲအလှန်ခံရမှစောက်စိတုန်ပြမနေနဲ့ ၊ ကနေဒါမှာအသားမထိသ၍ ဘာမှတရားစွဲလို့မရဖူး Freedom of speech ပဲ၊ ငါကလဲအမှားတွေမပြောပါဖူး၊ သက်သေအဖြစ် ယဉ်ထွေးကဘယ်နှစ်ခါဘုတယ်၊ ဇော်အောင် ကဘယ်နှစ်ခါဘုတယ် သက်သေတင်မှာပေါ့😜 နင်သာယဉ်ထွေးကိုသူဌေးထင်ပြီးညီမထိုးအပ်ပြီး သူများ လင်မယားကွဲအောင်လုပ်တာဝဠ်မလည်ပါစေနဲ့လို့သာဆုတောင်း၊တန်ရာတန်ရာပဲရမယ်၊နင့်စောက်ဆင့်နဲ့ဒေါ်မေဝင်း မြင့်လိုအဆင့်ကိုစောက်ဖေါင်းထုတာမလုပ်ရင်ပါစင်နယ်မထိ ခိုက်ရင်ဒီလိုဖြစ်လာစရာစောက်ကြောင်းကိုမရှိတာ၊ သူများပါစင်နယ်တွေကျ လိုက်ထိပြီးကိုယ်ညီမထိမှနာတတ်ရင်လဲ စောက်စိကို ကြိုးတုတ် ထုတ်တန်းမှာတက်ချီ ထားလိုက် ကြားလား၊





၊




၊



လက်ရှိနိုင်ငံရေးနတလုံးနားမလည်ပဲဟိုလူလိုက်တိုက်ခိုက်ဒီလူ့စောက်ဖေါင်းထုနေတဲ့USAကအစိတောင်မ စန်းမော်—-



ဆက်ဖတ်ရန် →

ပန်ဆယ်လိုတနေ့ကိုအထုတ် ၁၅၀၀ ရောင်းရပါစေ

ကုန်စုံဆိုင်တခုဟာအမြတ်ကိုတင်ချင်တိုင်းတင်လို့မရဖူး၊
ဝယ်သူတွေကနလပိန်းမဟုတ်ဖူး၊အမြတ်အများကြီးတင်
ထားတာကိုဝယ်ခဲ့ရင်လဲချစ်လို့အားပေးတယ်လို့မှတ်—

ပန်ဆယ်လိုဆိုင်လခ၃၀၀၀ အခြားကုန်ကျစာရိတ်နဲ့ပေါင်း
ရင်၃၆၀၀ပဲထား၊တနေ့ ၁၂၀$အမြတ်ရမှ ဆိုင်ဆက်ဖွင့်
နိုင်မှာ၊ သာမန်အလုပ်လုပ်သူတလ၃၀၀၀ရတယ်ဆိုရင်
လုပ်အားခထည့်ပေါင်းရင်၁၀၀$ ဆိုတော့တနေ့အမြတ်
၂၂၀$ရမှကိုက်မယ်၊ကော်ဖီဆိုင်ဆူရှီးဆိုင်မှာသွားလုပ်
တောင်၃၀၀၀ရတယ်၊ ဝါသနာပါလို့ဆိုင်ဖွင့်သူအတွက်
အနိမ့်ဆုံးကိုတွက်ပြထားတာပါ၊တထုပ်ရောင်းရင်၅$
မြတ်တယ်ထားပါတော့၊ တနေ့ကိုအထုတ်၄၄၀ရောင်း
ရမှရမယ်၊
ပန်ဆယ်လိုရောင်းရပါစေလို့တောင်ဆုတောင်းပေးရအုံး
မယ်၊ အမြတ်အနည်းအများကပန်ဆယ်လိုရဲ့ဥာဏ်ကွန့်
နိုင်မှုအပေါ်မှာမူတည်ပါတယ်၊

ရဲရင့်ငယ်ရောဘာလို့မလုပ်တာလဲမေးကြအုံးလေ—-

သာမန်အလုပ်သမားဟာ တနေ့၈-၁၀နာရီ ပြီးတာနဲ့
ဖုတ်ဖက်ခါပြန်လာရုံပဲ၊ ကုန်စုံဆိုင်အသေးတွေကအမြတ်
ဘယ်လောက်ရတယ်ဆိုတာလူကလဲတော် ကံတရားကလဲ
ကိုယ့်ဖက်ပါပြီးအားပေးသူများမှ၊ ဘာလို့မလုပ်လဲဆိုတော့ ဆီးချူပ်ဝမ်းချုပ်လို့၊ တနေ့၂၂၀$ပဲမြတ်ရင်အလုပ်
သမားငှါးမရဖူး၊ အိမ်သာသွားရင်တံခါးလော့ချ၊ ( I will 
be back in 10 minutes )ဆိုပြီး တံခါးမှာစာကပ်၊ တပတ်
၇ရက်ဖွင့် သာရေးနာရေး ပါတီပွဲတွေလာမဖိတ်ကြနဲ့၊
တော်တော်ခြေချူပ်မိတဲ့အလုပ်၊ အဆင်မပြေဖူး😇

ဆိုင်ရောင်းရဖို့၂နည်းရှိတယ်၊ နေရာကောင်းမှာ ဖေါက်သည်စိတ်ဝင်စားလောက်အောင် performance ကောင်း
ရမယ်၊ ပန်ဆယ်လိုမို့လို့မရောက်ရောက်အောင်သွားဝယ်
မယ်ဆိုတဲ့အားပေးမှုမျိူးရှိရမယ်၊

ဒီဆိုင််မျိူးက ၂၀၀၀၀-၅၀၀၀၀$ကြားဆိုရပြီ၊ပန်ဆယ်လို
ကမြန်မာပြည်မှာနေတုန်းကတောင်$သိန်းချီရင်းပြီးဆိုင်ဖွင့်
အခြား digital marketing အလုပ်တွေပါလုပ်ခဲ့သူတ
ယောက်ပါ၊ ခြူးတပြားမှမရှိလို့အလှုငွေတွေဘုံးပြီးမှရ
လာတဲ့$၅၀၀၀၀နဲ့ဆိုင်ဖွင့်တယ်ပြောသူတွေဟာသိသိကြီး
နဲ့အပုပ်ချတာမဟုတ်ရင် နတလုံးမသိတဲ့စောင်တောသား
လေးတွေပဲဖြစ်မှာပါ၊ 

ကိုယ်ကတော့ဆုတောင်းပေးတယ် 
ပန်ဆယ်လိုတနေ့ကိုအထုတ် ၁၅၀၀ ရောင်းရပါစေ၊
ဆက်ဖတ်ရန် →
ခေတ်ပျက်သည့်တိုင် စီးပွားရေးသောင်းကျန်းနေသည့် ရန်ကုန်က ဂျပန်ဘုရား

ခေတ်ပျက်သည့်တိုင် စီးပွားရေးသောင်းကျန်းနေသည့် ရန်ကုန်က ဂျပန်ဘုရား

ဂျပန်ဘုရားနှင့်အတူ နာမည်ကြီးလာသည့် အောင်ဇမ္ဗူတောရကျောင်း ဆရာတော်၏ သက်တော် ၆၀ ပြည့် မွေးနေ့အကြိုလှူဒါန်းပွဲကို အင်လျားကန်စောင်းရှိ Lotte ဟိုတယ်၌ တခမ်းတနား ပြုလုပ်ခဲ့ပြီး ပြင်ဦးလွင်မြို့တွင် ပြုလုပ်သော စာကြည့်တိုက်အမည်ခံ စံအိမ်တော်ဖွင့်ပွဲသို့ ဆရာတော်က Rolls-Royce ကားကြီး စီးကာ ကြွရောက်လာသည်။ 

 Myanmar Now Published on Mar 9, 2023 

 ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့် နာမည်ကြီးဟိုတယ်တစ်ခု၏အတွင်းပိုင်း ခန်းမကျယ်ကြီးအလယ်၌ စင်မြင့်လျှောက်လမ်းအတိုင်း ဗုဒ္ဓဘာသာရဟန်းအချို့ ဟန်ပါပါ လမ်းလျှောက်ဝင်လာသည်။ ပရိသတ်အပေါင်း ခြံရံထားသည့် လျှောက်လမ်း (Catwalk) ပေါ်၌ တစ်ပါးစီ လမ်းလျှောက်ဝင်လာပုံမှာ နိုင်ငံခြားတိုင်းပြည်များမှ အထင်ကရ ဖက်ရှင်ရှိုးပွဲအလားပင်။​ ဖိနပ်ဒီဇိုင်းမျိုးစုံဖြင့် ကိုယ်ဟန်ပြမော်ဒယ်များနှယ် လျှောက်ဝင်လာသူများမှာ မြန်မာနှင့် သီရိလင်္ကာမှ ရဟန်းများဖြစ်သည်။ နာမည်ကြီးဆရာတော်တစ်ပါး၏ မွေးနေ့အကြို သီရိလင်္ကာနိုင်ငံသို့ ဆန်အိတ်များလှူဒါန်းပွဲ တက်ရောက်လာခြင်းဖြစ်ကာ ရန်ကုန်မြို့ အင်လျားကန်စောင်းရှိ စစ်တပ်နှင့် အကျိုးစီးပွားဆက်နွှယ်နေသော Lotte ဟိုတယ်၌ လွန်ခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လူမှုကွန်ရက်တွင် ပြိုးပြိုးပြက်ပြက် မီးရောင်အောက် ရဟန်းများ လမ်းလျှောက်လာပုံ ပျံ့နှံ့ခဲ့ပြီးနောက် လူအများ ပြက်ရယ်ပြုခဲ့ကြသည်။ နိုင်ငံတစ်ဝန်းတွင် အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးနေချိန် ဗုဒ္ဓဘာသာရဟန်းများက ဟိုတယ်၌ ပြုလုပ်သော အခမ်းအနားတွင် နောက်ဆုံးပေါ် တန်ဖိုးကြီး ဖိနပ်ဒီဇိုင်းမျိုးစုံဖြင့် မင်းသားများနှယ် မွေးနေ့ပွဲတက်နေခြင်းအပေါ် ပြက်ရယ်ပြုကြခြင်းပင်။ မွေးနေ့ရှင် ဘုန်းကြီးမှာ ရန်ကုန်မြို့မှ မိုင် ၃၀ ခန့်အကွာ မှော်ဘီမြို့အဝင်ရှိ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာကျောင်းဆရာတော် အသက် ၆၀ အရွယ် ဘဒ္ဒန္တပဏ္ဍဝံသဖြစ်သည်။ ထိုဆရာတော်၏ ကျောင်းမှာ ဂျပန်ဘုရားဟု လူသိများသည့်နေရာပင်။ Lotte ဟိုတယ်၌ ပြုလုပ်သောအခမ်းအနားတွင် ဟိုတယ်ခန်းမဆောင်ကြီးတစ်ခုလုံး ပရိသတ်များ ပြည့်နှက်နေပြီး စင်မြင့်ထက်ရှိ သံဃာထုအလယ်၌ မွေးနေ့ရှင် ဆရာတော်က နေရာယူထားသည်။ ထိုအခမ်းအနားတွင် အောင်ဇမ္ဗူတောရဆရာတော်က ဆန်အိတ်တစ်ထောင် လှူဒါန်းရာ၌ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး လက်ခံရယူသည်။ ထို့ပြင် တက်ရောက်လာသော သံဃာများကို ကျပ်သိန်း ၁၀၀၊ ၅၀ စသည်ဖြင့် သီးခြားလှူဒါန်းထားသည်ကိုလည်း တွေ့ရသည်။ သံဃာတော်များအတွက် အလှူကန်တော့ပွဲများကို တူညီဝတ်စုံဖြင့် လှပျိုဖြူများက စင်မြင့်ထက်တွင် အတန်းလိုက်အလှပြနေသည့် ဓာတ်ပုံများလည်း တွေ့ရသည်။ မွေးနေ့အကြို ပြုလုပ်သော ထိုပွဲတွင် စုစုပေါင်းတန်ဖိုး မည်မျှလှူဒါန်းခဲ့သည်ကို မသိရသော်လည်း အခမ်းအနားကုန်ကျစရိတ်သည်ပင် အမေရိကန်ဒေါ်လာ ၁၆,၀၀၀ ရှိသည်ဟု Lotte ဟိုတယ်ထံမှ စုံစမ်းသိရှိရသည်။ အခမ်းအနားတွင် အသုံးပြုသည့် ပန်းဖိုးသည်ပင်လျှင် ကျပ်သိန်း ၁၀၀ ကုန်ကျပြီး အောင်ဇမ္ဗူတောရဆရာတော်နှင့် အခြားရဟန်းနှစ်ပါးသည် တစ်ညလျှင် ဒေါ်လာထောင်ချီ ပေးချေရသည့် Lotte ဟိုတယ် အထူးခန်းတွင် နှစ်ညတာ တည်းခိုသွားသည်ဟုလည်း သိရသည်။ ​အောင်ဇမ္ဗူတောရဆရာတော်၏မွေးနေ့မှာ ထိုမျှနှင့် ရပ်တန့်မသွားပေ။ Lotte ဟိုတယ်မှ ဓာတ်ပုံထွက်လာပြီး နှစ်ရက်အကြာ ယခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် လူအများ အပြစ်ပြောစရာ ဓာတ်ပုံများ ထပ်မံပေါ်ထွက်လာပြန်သည်။​ နာမည်ကျော် အပန်းဖြေစခန်းမြို့ ပြင်ဦးလွင်၌ အပျံစားဆောက်လုပ်ထားသည့် အိမ်တစ်လုံးကို ဖွင့်ပွဲလုပ်ခြင်းပင်။ အောင်ဇမ္ဗူတောရဆရာတော်အတွက် စာကြည့်တိုက်ဟု အမည်တပ်ထားသော ထိုခေတ်မီအိမ်ကို သူဌေးသူကြွယ်များ၏ ဇိမ်ခံအိမ်များနှယ် ဆောက်လုပ်ထားခြင်းဖြစ်သည်။ သစ်လွင်တောက်ပသော ခေတ်မီ အိမ်ထောင်ပရိဘောဂများ၊ ဇိမ်ခံပစ္စည်းများအပြင် အမျိုးသမီးများသာ သုံးလေ့ရှိသော အလှပြင်မှန်တင်ခုံပင် ထည့်သွင်းပေးထားသည်။ စာကြည့်တိုက်အမည်ခံ စံအိမ်တော်ဖွင့်ပွဲသို့ ဆရာတော်က ရိုးလ်ရွိုက်စ်ကားကြီး စီးကာ ကြွလာသည်။​ Rolls-Royce မှာ တန်ဖိုးကြီးဇိမ်ခံကားအမျိုးအစားဖြစ်ကာ စီးပွားရေးလုပ်ငန်းရှင် သူဌေးတိုင်းပင် မစီးနိုင်လောက်အောင် တန်ကြေးမြင့်သည်။​ မြန်မာနိုင်ငံတွင် သံဃာပေါင်း သိန်းချီရှိသည့်အနက် အများစုမှာ ပစ္စည်းလေးပါးမည်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပင် မပြည့်စုံနိုင်သဖြင့် ရုန်းကန်နေရသည်။ အထူးသဖြင့် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန့်ကျင်ဆန္ဒပြမှုများ၊ လက်နက်ကိုင်ပုန်ကန်တော်လှန်မှုများ ဖြစ်ပွားနေချိန်ဖြစ်ရာ အလှူဒါနကို အားပြုနေရသော သံဃာထုမှာ ပို၍ အခက်အခဲတွေ့နေသည်။ အရှိန်အဝါကြီးသည့် ဆရာတော်များက အာဏာသိမ်းခေါင်းဆောင်ကို မင်းကောင်းမင်းမြတ်သဖွယ် မြှောက်ပင့်ပြောဆိုသဖြင့် ပြည်သူလူထု၏ အမုန်းတရားနှင့် မကျေနပ်ချက်က ရဟန်းသံဃာများအပေါ် ပုံကျလာသည်။ ထိုအချိန်တွင် အောင်ဇမ္ဗူတောရဆရာတော်၏ ကြွယ်ဝချမ်းသာမှုမှာ အံ့အားသင့်ဖွယ်ပင်။​ အောင်ဇမ္ဗူတောရဆရာတော်နှင့် ဂျပန်ဘုရား မြန်မာနိုင်ငံတွင် ရဟန်းသံဃာပေါင်း လေးသိန်းနီးပါးမျှရှိသည်ဟု သိထားကြသည်။​ ဘုရားပုထိုးစေတီများနှင့် ဘုန်းကြီးကျောင်းများလည်း အနယ်နယ်အရပ်ရပ်တွင် လက်ညှိုးထိုးမလွဲရှိသည်။ ရဟန်းသံဃာများအတွက် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဆိုသော အခြေခံအလုပ်ကြီးသုံးခုရှိရာ မြန်မာနိုင်ငံတွင် ပရိယတ္တိမည်သော စာပေကျမ်းဂန်များ လေ့လာဆည်းပူးခြင်း၊ သင်ကြားပို့ချခြင်းသည် အကျယ်ပြန့်ဆုံးနှင့် အထွန်းကားဆုံးလုပ်ငန်းစဉ်ဖြစ်ခဲ့သည်။ ယနေ့ခေတ်ကာလတွင်မူ ပရိယတ္တိနယ်ပယ်ထက် လာဘ်လာဘပေါများသည့် တခြားအလုပ်များကို ရဟန်းသံဃာများ ရွေးချယ်လာကြသည်။ နယ်လှည့်တရားဟောခြင်း (ဓမ္မကထိက) နှင့် တရားပြခြင်း (ဓမ္မရိပ်သာ) တို့ဖြစ်သည်။ စာသင်စာချအလုပ်တွင် စာချကိုယ်တော်၊ တိုက်အုပ်မှသည် စာသင်တိုက်ပိုင်ရှင်ဆရာတော်ဖြစ်သည်အထိ နှစ်ပေါင်းများစွာ ရုန်းကန်ရသော်လည်း ဓမ္မကထိကနှင့် ဓမ္မရိပ်သာအလုပ်တို့တွင် ပေါက်မြောက်ပါက မခန့်မှန်းနိုင်လောက် ကြွယ်ဝချမ်းသာနိုင်လေသည်။ အထင်ရှားဆုံးဥပမာတစ်ခုမှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို မင်းကောင်းမင်းမြတ်ဟု မြှောက်ပင့်ပြောဆိုထားသည့် သီတဂူဆရာတော် အရှင်ဉာဏိဿရပင်။ သဲကုန်းဆရာတော် ရှင်ဉာဏိဿရဆိုသော အမည်ဖြင့် ဓမ္မကထိကတစ်ဦးအဖြစ် စတင်ထင်ရှားကျော်ကြားခဲ့သူဖြစ်သည်။ ယနေ့အချိန်တွင် သီတဂူဆရာတော်မှာ တစ်တိုင်းတစ်ပြည်လုံးတွင် မသိသူမရှိဖြစ်သည့်အပြင် မရေမတွက်နိုင်လောက်သော စည်းစိမ်ချမ်းသာဖြင့်လည်း ကြွယ်ဝပြီးဖြစ်သည်။ ဓမ္မကထိကများနည်းတူ ဓမ္မရိပ်သာပိုင်ရှင် ဆရာတော်များသည်လည်း လာဘ်လာဘရွှင်ပြီး ကြွယ်ဝ ချမ်းသာကြသည်။ အောင်ဇမ္ဗူတောရဆရာတော်မှာ ဓမ္မရိပ်သာပိုင်ရှင်ဖြစ်သည်။ အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းများ တရားပြကောင်းမကောင်း မကျော်ကြားသော်လည်း ရိပ်သာပိုင်ရှင်ဆရာတော်မှာမူ ကြွယ်ဝချမ်းသာမှုဖြင့် ကျော်ကြားခဲ့ပြီဖြစ်သည်။​ မော်လမြိုင်တွင် အောင်ဇမ္ဗူတောရအမည်ဖြင့် ဓမ္မရိပ်သာဖွင့်လှစ်စဉ်က လူသိထင်ရှားကျော်ကြားခြင်း မရှိသေးပေ။ လွန်ခဲ့သော ဆယ်နှစ်ကျော်က ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ဘက်တွင် အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာခွဲ စဖွင့်သည်။ ၂၀၁၂ ခုနှစ်တွင် ဂျပန်လူမျိုးတစ်ဦးက ၎င်းစုဆောင်းထားသည့် ရှေးဟောင်းဆိုသည့် ၃၀၁ ဆူသော ဗုဒ္ဓဆင်းတုများကို အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းဆရာတော်ထံ လှူဒါန်းခဲ့သည်။ ထိုဆင်းတုတော်များမှာ အမှန်တကယ် ရှေးဟောင်းဘုရား ဟုတ်မဟုတ် ရှေးဟောင်းသုတေသနကဲ့သို့ ဌာနများက ထုတ်ပြန်ထားခြင်း၊ အသိအမှတ်ပြုထားခြင်း မရှိပေ။ သို့သော် ထိုရှေးဟောင်းဘုရားများမှာ ဆုတောင်းပြည့်သည်ဆိုသော တစ်ဆင့်စကားဖြင့် လူအများ လာရောက်ကြရာမှ ဂျပန်ဘုရားဟု နာမည်ကြီးလာပြီး ကျောင်းပိုင်ရှင်ဆရာတော်လည်း တစ်စထက်တစ်စ ကြွယ်ဝလာခြင်းပင်။​ ဂျပန်ဘုရားဟု နာမည်ကြီးလာပြီးနောက် နေ့စဉ် လူထောင်ချီ လာရောက် ဖူးမြော်ကြရာ အောင်ဇမ္ဗူတောရဓမ္မရိပ်သာသည်လည်း ပွဲတော်ကြီးတမျှ စည်ပင်ကြီးထွားလာသည်။ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ဂျပန်ဘုရားနှင့်အတူ နာမည်ကြီးလာသည့် အောင်ဇမ္ဗူတောရဆရာတော်ကို ထင်ရှားကျော်ကြားသူများနှင့် သူဌေးသူကြွယ်များသာမက မင်းစိုးရာဇာများကပါ ဆည်းကပ်ကိုးကွယ်ကြသည်။ အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသကို ၂၀၁၄ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရက မဟာသဒ္မမ္မဇောတိကဓဇဘွဲ့ ဆပ်ကပ်ခဲ့သည်။ ဂျပန်ဘုရားဟု လူအများခေါ်ဝေါ်သည့် မှော်ဘီရှိ ရှေးဟောင်းဘုရားများထားရှိရာ ကျောင်းဆောင်ဟောင်းကို ခေတ်မီငါးထပ်တိုက်ကြီးအဖြစ် အသစ်ပြန်လည်တည်ဆောက်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်ပွဲပြုလုပ်ခဲ့ရာ ထိုစဉ်က သာသနာရေးဝန်ကြီးဖြစ်သူ သူရအောင်ကိုနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်သူ ဦးဖြိုးမင်းသိန်းတို့ကိုယ်တိုင် တက်ရောက်ခဲ့သည်။ ထိုကျောင်းဆောင်သစ်ဖွင့်ပွဲတွင် နိုင်ငံကျော် သရုပ်ဆောင်များ၊ အဆိုတော်များလည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်း၏ Facebook စာမျက်နှာတစ်ခုတွင် တင်ထားသော ဓာတ်ပုံများအရ ဂျပန်ဘုရားဖြင့် နာမည်ကြီးထင်ရှားလာသည့် အောင်ဇမ္ဗူတောရက သံဃာ့အဖွဲ့အစည်းမှ အရေးကြီးဆရာတော်ကြီးများကိုလည်း ဆည်းကပ်ကိုးကွယ်လေ့ရှိသည်ကို တွေ့ရသည်။ အစွန်းရောက်ဘာသာရေးအဖွဲ့အစည်းအဖြစ် ထင်ရှားသည့် မဘသအဖွဲ့ ဦးဆောင်ဆရာတော်ဖြစ်သူ အင်းစိန်ရွာမဆရာတော်ကို ငွေကျပ်သိန်း ၅၀ အထိ လှူဒါန်းခဲ့သည်။ အင်းစိန်ရွာမဆရာတော်ကို စစ်ကောင်စီက အဘိဓဇမဟာရဌဂုရုဘွဲ့ ဆပ်ကပ်ပြီးနောက် ထပ်ဆင့်ဂုဏ်ပြုသည့်အနေဖြင့် ပြီးခဲ့သည့်နှစ် မတ်လအတွင်း ၎င်း၏ ဒကာဒကာမများကို စေလွှတ်ကာ လှူဒါန်းစေခဲ့ခြင်းဖြစ်သည်။ သံဃာမဟာနယကအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဗန်းမော်ဆရာတော်ထံ သွားရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းလည်း ထိုကျောင်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ အောင်ဇမ္ဗူတောရဆရာတော်မှာ အခြားသော ဆရာတော်များကဲ့သို့ နယ်လှည့်တရားဟောခြင်း၊ စာသင်စာချခြင်း မရှိပေ။ မော်လမြိုင်၊ မှော်ဘီနှင့် မေမြို့ ခေါ် ပြင်ဦးလွင်ရှိ ၎င်းပိုင် ဓမ္မရိပ်သာကျောင်း သုံးခု၌သာ အခါအားလျော်စွာ တရားပြလေ့ရှိသည်ဟု ဂျပန်ဘုရားမှ တာဝန်ခံရဟန်းတစ်ပါးဖြစ်သည့် ဦးဉာဏိဿရက Myanmar Now ကို မိန့်ကြားသည်။ မကြာမီက ပြုလုပ်ခဲ့သော အခမ်းအနားများမှာ မွေးနေ့အကြိုဖြစ်ပြီး အောင်ဇမ္ဗူတောရဆရာတော်သည် လာမည့် ကဆုန်လပြည့်နေ့ (မေလ) တွင် အသက် ၆၀ ပြည့်မည်ဟုလည်း သိရသည်။​ ဂျပန်ဘုရားရှိရာ မှော်ဘီမြို့နယ်မှ အောင်ဇမ္ဗူတောရဓမ္မရိပ်သာ၏ အကျယ်အဝန်းမှာ လက်ရှိတွင် ဧက ၃၀ ကျော် ရှိပြီဖြစ်ကာ နေ့စဉ် ဘုရားဖူးလာရောက်သူများ မပြတ်စည်ကားနေဆဲဖြစ်ကြောင်း၊ အခါကြီးရက်ကြီးများတွင် လူပေါင်းသိန်းချီ လာရောက်ကြောင်း တာဝန်ခံ ဦးဉာဏိဿရက မိန့်သည်။ မှော်ဘီရှိ ဂျပန်ဘုရားကို သွားရောက်လေ့လာမည်ဆိုပါက အောင်ဇမ္ဗူတောရဆရာတော်၏ ကြွယ်ဝချမ်းသာမှုကို ရိပ်စားနိုင်မည်ဖြစ်သည်။ မျက်မြင်ကိုယ်တွေ့ ဂျပန်ဘုရားမှ စီးပွားရေးလုပ်ငန်းများ မကြာသေးမီ ရက်ပိုင်းအတွင်း Myanmar Now က ဂျပန်ဘုရားသို့ သွားရောက်လေ့လာခဲ့ရာ ဘာသာရေးအမည်ခံထားသည့် နေရာဖြစ်သော်လည်း ဘုရားဖူးလာသူများထံမှ နည်းမျိုးစုံဖြင့် ငွေရှာနေသည့် နေရာတစ်ခုဖြစ်နေသည်ကို တွေ့မြင်ခဲ့ရသည်။ ရန်ကုန်မြို့မှ တစ်နာရီခွဲခန့် ကားစီးပြီးနောက် ဂျပန်ဘုရားတည်ရှိရာ အောင်ဇမ္ဗူတောရကျောင်းသို့ နေမွန်းမတည့်မီ ရောက်ရှိခဲ့သည်။ ရန်ကုန် - ပြည်လမ်းမအတိုင်း သွားနေရာမှ မှော်ဘီမြို့မရောက်မီ လမ်းချိုးတစ်ခုကို စတင်ချိုးဝင်လိုက်သည်နှင့် ဈေးဆိုင်တန်းများက ဆီးကြိုနေသည်။ ဂျပန်ဘုရားသို့ မရောက်သေးပေ။ ဈေးဆိုင်တန်းက စုံလင်လှသည်။ အစားအသောက်ရောင်းချသည့်ဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များမှစ၍ ယုတ်စွအဆုံး ငါးရံ့ခြောက်သည်အထိ တွေ့ရသည်။ ဈေးဆိုင်တန်းတစ်လျှောက် အရောင်အသွေးစုံ ဘုရားဖူးပြည်သူများ တွေ့ရသည်။ မကြာမီ ဂျပန်ဘုရားရှိရာ အောင်ဇမ္ဗူတောရကျောင်း အဝင်ဝကို ရောက်ရှိသည်။ ဝင်ကြေး ကျပ် ၃၀၀ ပေးရသည်။ မည်သည့်မော်တော်ယာဉ်မဆို ဝင်ကြေးပေးရသည်ဟု ဆိုသည်။ အနည်းဆုံး ပေ ၃၀၀ ခန့် ပတ်လည် အကျယ်အဝန်းရှိ ယာဉ်ရပ်နားဝင်းတစ်ခုလုံး ကားများ ပြည့်ကျပ်နေသည်။ ကားတစ်စီး ကျပ် ၃၀၀ ဖြင့်ပင်လျှင် နေ့စဉ်ဝင်ငွေ အတော်များပေမည်။ ဘုန်းကြီးကျောင်းဝင်းမှာ ဧက ၃၀ ကျော် ကျယ်ဝန်းပြီး ဈေးဆိုင်ခန်းပေါင်း ၅၀ ခန့် တွေ့ရသည်။ အနည်းငယ် တီးခေါက်မေးမြန်းကြည့်ရာတွင် ၁၅ ပေပတ်လည်ဆိုင်ခန်းတစ်ခုအတွက် တစ်လလျှင် ကျပ် ၁၅၀,၀၀၀ (ကျပ်တစ်သိန်းခွဲ) ပေးသွင်းရကြောင်း၊ ဆိုင်ခန်းမယူသည့် လမ်းဘေးဈေးသည်များမှာ နေ့စဉ် ကျပ် ၅၀၀ မှ ၁၀၀၀ ပေးရကြောင်း သိရသည်။ ဆိုင်ခန်းလခသည်ပင် တစ်လလျှင် အနည်းဆုံး ကျပ်သိန်း ၅၀ မှ ၇၅ သိန်းအထိ ရရှိနိုင်သည်။ ဈေးဆိုင်ခန်းများအလွန်တွင် လူ့နှစ်ရပ်ထက်မြင့်သော ပုဂံရှိ သရပါတံခါးနီးပါးမျှ ကြီးမားသည့် အုတ်တံတိုင်းကြီး ဆောက်လုပ်ထားသည်ကို တွေ့ရသည်။ အုတ်တံခါးနောက်ဘက်တွင် ပုံစံတူဘုရားစေတီများ တန်းစီ တည်ဆောက်ထားသည်။ အမှတ်တရဓာတ်ပုံရိုက်နေသူ အများအပြားရှိပြီး ဘုရားစေတီတိုင်းတွင် အလှူခံပုံးများထားထားသည်ကို တွေ့ရသည်။ တောင်ကြောတစ်ခုနှယ်ရှိ ပုံစံတူဘုရားများရှိရာကို ဖြတ်လျှောက်ပြီးနောက် မြေနိမ့်ဘက်သို့ ကြည့်လိုက်မိစဉ် အလွန်လှပသည့် ပန်းခြံကြီးတစ်ခု တွေ့ရသည်။ လျှောက်လမ်းများ၊ အလှဖော်ထားသည့် ပန်းအလှပင်များအပြင် ကလေးကစားကွင်းလေးများလည်း တွေ့ရသည်။ ပန်းခြံအတွင်း ကလေးများအကြိုက် နာမည်ကျော် ဒိုင်နိုဆော၊ ကင်းကောင်အရုပ်ကြီးများ တွေ့ရသည်။ ဧရာမကြီးမားသည့် အရုပ်ကြီးများပင်။ အင်္ဂတေဖြင့် သေသေသပ်သပ် ပြုလုပ်ထားသည့် ကြိုးကြာ၊ သမင်စသည့် အရုပ်များလည်း တွေ့ရသည်။ အရုပ်ကြီးများနှင့်အတူ ကလေးများ ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။ ဘုရားဖူးလူကြီးများကိုသာမက ကလေးများကိုပါ ဆွဲဆောင်ထားသည်ကို တွေ့ရသည်။ အကွက်ကျကျချထားသည့် ထိုင်ခုံများတွင် ချစ်သူစုံတွဲတချို့ကို တွေ့ရသည်။ အသည်းပုံ ဖန်တီးတည်ဆောက်ထားသည့် အမှတ်တရဓာတ်ပုံရိုက်ရန် နေရာများ၊ ပန်းခြံများလည်း တွေ့ရသည်။ နောက်ထပ်စိတ်ဝင်စားစရာ တစ်ခုမှာ ပေရာနှင့်ချီ ကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခုဖြစ်သည်။ ရေကန်ကြီးထဲတွင် ငန်းဖြူပုံ အပျော်စီးခြေနင်းလှေများကို စီးနေသည့် ကလေးငယ်များ၊ စုံတွဲများ တွေ့ရပြန်သည်။ ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုခ်အနီးရှိ ကန်တော်မင်္ဂလာပန်းခြံထဲ ရောက်နေသလား အောက်မေ့ရသည်။​ ခြေနင်းလှေစီးခမှာ အရွယ်အလိုက် တစ်ဦးလျှင် ကျပ် ၅၀၀ နှင့် ၁၀၀၀ ဟု သိရသည်။​ ဂျပန်ဘုရားမှာ ဝင်ငွေကောင်းသည့် လုပ်ငန်းတစ်ခုပင်။ ရေကန်အတွင်းမှ ခြေနင်းလှေများသာမက ဈေးဆိုင်ခန်းများအကြား ကွန်ကရစ်လမ်းပေါ်၌ အပျော်စီးမီးရထားတစ်ခု ပြေးဆွဲပေးနေသည်။ ဈေးဝယ်စင်တာများတွင် ကလေးများ လိုက်ပါစီးနင်းကြသည့် အပျော်စီးမီးရထားပင်။ လူကြီးများသာမက ကလေးငယ်များကို ဆွဲဆောင်ထားသည့် ဂျပန်ဘုရားပင်။ တစ်ခေါက်ရောက်ပြီးပါက နောက်တစ်ခေါက် ထပ်လာချင်ကြပေလိမ့်မည်။ ကလေးငယ်များကိုသာမက လူငယ်များကို ဆွဲဆောင်သည်။ ပျော်ပွဲရွှင်ပွဲများလည်း ရှိသည်ဟု သိရသည်။ အခါကြီးရက်ကြီး ရုံးပိတ်ရက်များတွင် စတိတ်ရှိုးပွဲများပင် ပြုလုပ်ပေးသည်ဟု ဆိုသည်။ ဗုဒ္ဓဘာဘာသာဝင်များ၏ ပွဲတော်ရက်များဖြစ်သည့် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ကဲ့သို့သော အခါသမယများသာမက လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့များတွင်ပါ အကြီးအကျယ်ပွဲလုပ်ပေးသည်ဟု သိရသည်။ ထိုသို့သော နေ့များတွင် နာမည်ကြီးအဆိုတော်များကို ဖိတ်ခေါ်ကာ ရှိုးပွဲလုပ်လေ့ရှိသည်ဟု ဆိုသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ ရပ်ကွက်များ၌ပင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကင်းမဲ့ကာ တိတ်ဆိတ်နေသော်လည်း မှော်ဘီက ဂျပန်ဘုရား၌ ကွင်းလုံးပြည့် ပျော်ပွဲရွှင်ပွဲရှိသည်ဟု သိရသည်။ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဆိုသော ဆိုင်းဘုတ်ကြီးနှင့်အတူ မဏ္ဍပ်ကြီးထိုးထားသည်က သက်သေပင်။ “ဆရာတော်က အဆက်အသွယ်တွေ၊ ကိုးကွယ်တဲ့သူတွေ ပေါတယ်လေ။ ဆရာတော်က လာဆိုရင် အဆိုတော်တွေ လာရတာပဲ” ဟု ဈေးဆိုင်ရှင်တစ်ဦးက ပြောသည်။ ထိုပွဲတော်များက ဂျပန်ဘုရားရှိရာ အောင်ဇမ္ဗူတောရကျောင်းတိုက်ကို ဝင်ငွေတိုးစေသည်။ လစဉ်ကြေးပေးထားရသည့် ဈေးဆိုင်ပိုင်ရှင်များကိုလည်း ပျော်ရွှင်စေသည်။ လူအလာများလေ ဝင်ကြေးပိုရလေ၊ ဈေးရောင်းကောင်းလေပင်။ ဆိုင်ခန်းငှားခ တစ်လ ကျပ်တစ်သိန်းခွဲ ပေးထားရသည့် ဆိုင်ရှင်များက ဘုရာဖူးများကို အလုအယက်ခေါ်ယူနေကြသည်။ သို့မှသာ ဆိုင်ခန်းခ၊ အလုပ်သမားခ ကာမိစေမည်ဟု ဆိုသည်။ “ဘုရားဖူးက ပိတ်ရက်တွေပဲ များများလာတော့ ဒီရက်တွေပဲ အားထားရောင်းရတယ်။ တစ်ခါတလေ အမြတ်မထွက်တဲ့ လတွေရှိတယ်” ဟု ဆိုင်ခန်းနှစ်ခုတွဲယူကာ ထမင်းဟင်းနှင့် ကော်ဖီ၊​ အအေး တွဲရောင်းနေသူတစ်ဦးက ခပ်ညည်းညည်းဆိုသည်။​ ကျုံးသွင်းအလှူခံခြင်း ဂျပန်ဘုရား၏ နောက်ထပ် ဝင်ငွေရပေါက်ရလမ်းတစ်ခုမှာ အိမ်သာအသုံးပြုမှုဖြစ်သည်။​ အိမ်သာအသုံးပြုခမှာ လူတစ်ဦးလျှင် ကျပ် ၂၀၀ ဖြစ်သည်။ နေ့စဉ် ဘုရားဖူးထောင်ချီ လာရောက်နေရာ အိမ်သာသည်ပင်လျှင် ဝင်ငွေမနည်းလှပေ။ ဂျပန်ဘုရားဟု နာမည်ကျော်သည့် ရှေးဟောင်းဘုရားများ ထားရှိရာ ကျောင်းဆောင်ဘက်သို့ ခြေဦးလှည့်လိုက်ပါက အဆင့်မြင့်ဟိုတယ်တစ်ခုနှယ် ခမ်းနားသည့် အဆောက်အအုံကြီးကို တွေ့ရသည်။ ခေတ်အမီဆုံးဒီဇိုင်းဖြင့် ဆောက်လုပ်ထားသည့် ငါးထပ်အဆောက်အအုံကြီးဖြစ်သည်။ ကျောင်းဆောင်အဝင် ပေရာချီရှည်လျားသည့် နိဗ္ဗာန်လမ်းတစ်လျှောက် တန်းစီ စောင့်ဆိုင်းနေကြသည့် အရွယ်စုံဘုရားဖူးများကို တွေ့ရသည်။ ရာဂဏန်းမျှ လူစုမိချိန်တွင် ကျောင်းဆောင်၏ မြေညီထပ်တံခါးကြီး ပွင့်လာသည်။ ကျောင်းဆောင်အတွင်း ဝင်ရောက်ချိန်တွင် တစ်ခုလျှင် ကျပ် ၂၀၀ ဖြင့် မဖြစ်မနေ နှာခေါင်းစည်းဝယ်တပ်ရသည်။ ရောင်းချသူများကမူ နှာခေါင်းစည်းဝတ်မထားပေ။ ဘုရားဖူးတိုင်းလိုလို နှာခေါင်းစည်းမပါကြပေ။ ပြင်ပဈေးကွက်တွင် နှာခေါင်းစည်းတစ်ခု ကျပ် ၅၀ မှ ၁၀၀ သာ ရှိသော်လည်း ဂျပန်ဘုရား၌ ဈေးနှစ်ဆပေးရသည်။ ကျောင်းဆောင်မြေညီထပ်ရှိ ခန်းမအတွင်း ရောက်လာသည်နှင့် ဘုရားဖူးများအားလုံး နေရာတကျ ယူကာ ဘုရားဆင်းတုတော်ကို ရှိခိုးကြသည်။ ဆင်းတုတော်ရှေ့တည့်တည့်၌ နေရာယူထားသည့် ယောဂီရောင်ဝမ်းဆက်ဝတ်ဆင်ထားသူ အသက် ၅၀ အရွယ် အမျိုးသားကိုလည်း ရောယောင်ဦးချမိလျက်သား ဖြစ်သွားသည်။ လုံခြုံရေးတာဝန်ကျနှယ် စည်းကမ်းထိန်းသိမ်းရေးနှယ် အခြားယောဂီဝတ်များလည်း တွေ့ရသည်။ မာမာထန်ထန်ပြောဆို သတိပေးနေသံများလည်း ကြားရသည်။ ဘုရားဆင်းတုတော်ကို ဦးချပြီးချိန်၌ အသက် ၅၀ အရွယ် ယောဂီဝတ်အမျိုးသားက စတင်ဟောပြောတော့သည်။ ထိုသူဟောပြောနေစဉ် အလှူခံဖလားကိုင်ထားသည့် ယောဂီဝတ်အမျိုးသမီးများက အတန်းလိုက်ထိုင်နေသော ဘုရားဖူးများအကြား ဖလားထိုးကာ လိုက်လံအလှူခံသည်။ အနည်းဆုံး ကျပ် ၂၀၀ မှစ၍ တတ်နိုင်သလောက် ထည့်ဝင်လှူဒါန်းကြသည်ကို တွေ့ရသည်။ ယောဂီဝတ်တရားဟောဆရာက ငါးထပ်ကျောင်းဆောင်နံရံများကို ညွှန်ပြကာ ထပ်ဆင့်အလှူခံလေသည်။ ရွှေရောင်ကနုတ်ပန်းများကြားရှိ ဘုရားဆင်းတုတော် အသေးလေးများမှာ ကံထူးသူအလှူရှင်အသီးသီးက တစ်ဆူလျှင် ငွေကျပ် ၅၀၀၀ ဖြင့် လှူဒါန်းထားခြင်းဖြစ်ကြောင်း ရှင်းပြသည်။ “ဒီဆင်းတုတော်တွေကို လှူထားတဲ့အလှူက ကမ္ဘာတည်သရွေ့ တည်ရှိသွားမယ့် အလှူဖြစ်တယ်” ဟု ယောဂီဝတ်အမျိုးသားက ကြွေးကြော်သည်။ ဆင်းတုတော်ငယ်များကို ရွှေချရန် အခွင့်အရေးကောင်းများ ကျန်နေသေးကြောင်း၊ ရွှေဆိုင်းများ ဝယ်ယူကပ်လှူနိုင်ကြောင်းလည်း မနားမနေ ဟောပြောလေသည်။ သူ့ပုံစံမှာ ရွှေဆိုင်းလုပ်ငန်းရှင်များ စေလွှတ်ထားသည့် အရောင်းမြှင့်တင်ရေးသမား (မာကတ်တင်း) ဟုပင် ထင်ရသည်။ အပြောအဟော ကောင်းပါပေသည်။ ဘုရာဖူးများလည်း သူ့ထက်ငါဦးအောင် ထပြေးကာ ရွှေဆိုင်းရောင်းချရာကောင်တာများဆီ ရောက်သွားသည်။ အနည်းဆုံးအားဖြင့် ရွှေဆိုင်းငါးရွက်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ဝယ်ယူလှူဒါန်းနိုင်သည်။ လှူထိုက်လို့သာ ရောက်ရှိနေခြင်းဖြစ်သည်ဆိုသော ဟောပြောချက်ကြောင့် ထင်သည်။ ရွှေချထားသည်ဆိုသော နံရံမှ ဆင်းတုတော်အငယ်စားလေးများကို သေသေချာချာ လေ့လာမိသည်။ အဝေးကကြည့်ပါက အနုစိတ်လက်ရာဟု ထင်ရသည်။ အနီးကပ်လေ့လာကြည့်သောအခါ ထွင်းထုထားခြင်းမဟုတ်ဘဲ ကနုတ်ပုံပါ ကော်ပြားများကို တိုင်နှင့် နံရံများတွင် ကပ်ထားခြင်းပင်။ လက်မခန့်အရွယ်ရှိ ဆင်းတုလေးများကို ဆီလီကွန်ထိုးကာ ကပ်ထားသည်။ အချို့သော ဆင်းတုများနှင့် နံရံများအကြားတွင် ဆီလီကွန်များ ထိုးထွက်နေသည်ကို တွေ့ရသည်။ ဆင်းတုငယ်လေးများ အပါအဝင် ရွှေရောင်တောက်နေသည့် ကနုတ်ပန်းများမှာ အမှန်တကယ် ရွှေချထားခြင်း မဟုတ်ပေ။ ကရဝိတ်ရွှေဆေးကဲ့သို့ သင်္ဘောဆေးသုတ်လိမ်းထားခြင်းဖြစ်သည်။ ဘုရားဖူးများဝယ်ယူသည့် ရွှေဆိုင်းများမှာ မည်သည့်နေရာသို့ ရောက်ရှိသွားသလဲ မခန့်မှန်းနိုင်ပေ။ ခန်းမဆောင်အတွင်းမှ အလှူခံစခန်းမှာ ထိုမျှနှင့် ရပ်မသွားပေ။ ရွှေဆိုင်းရောင်းချပြီးချိန်တွင် ဘုရားဖူးများကို ပြန်ထိုင်စေကာ လိပ်စာကတ်အရွယ် အောင်ဇမ္ဗူတောရဆရာတော်ပုံပါသည့် ဓာတ်ပုံများကို အဆောင်ဟုဆိုကာ လိုက်လံရောင်းချသည်။ ပလတ်စတစ်လောင်းထားသည့် ထိုဓာတ်ပုံငယ်များကို တစ်ပုံလျှင် ကျပ် ၁၀၀၀ ဖြင့် ဝယ်ယူရသည်။ ငါးထပ်ကျောင်းဆောင် မြေညီထပ်ရှိ ထိုခန်းမအတွင်း နာရီဝက်ခန့်ကြာလျှင် တစ်ကြိမ် ရာဂဏန်းရှိ လူအုပ်သွင်းနေခြင်းဖြစ်ရာ နေ့စဉ်ဝင်ငွေမှာ အတော်များပြားသော ပမာဏဖြစ်နိုင်သည်။​ ယောဂီဝတ်အမျိုးသားဟောပြောသည့်နှယ် နံရံမှ လက်မအရွယ် ဆင်းတုငယ်လေးများမှာ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည်ဖြစ်ရာ ကမ္ဘာတည်သရွေ့ တည်ရှိနေပေလိမ့်မည်။ ထူးခြားမှုတစ်ခုမှာ အလှူခံအထပ်ထပ်ရှိရာ ငါးထပ်ကျောင်းဆောင်အတွင်း မဝင်ရောက်မီ ယောဂီဝတ်များက ဓာတ်ပုံမရိုက်ရန် လိုက်လံတားမြစ်သည်။ ရှေးဟောင်းဘုရားသည် ကင်မရာမီးရောင်ကြောင့် ထိခိုက်ပျက်စီးစေနိုင်သော်လည်း ထိုခန်းမအတွင်း မည်သည့်ရှေးဟောင်းဘုရားမျှ မတွေ့ရပေ။ ပါလာသည့် လက်ကိုင်ဖုန်းလေးများဖြင့် ဓာတ်ပုံရိုက်သူများကို ယောဂီဝတ်လုံခြုံရေးများက ငရဲကြီးသည်ဟု ခြိမ်းခြောက်သည်ကိုလည်း တွေ့ရသည်။ ခန်းမရှိရာ မြေညီထပ်မှ ဆက်တက်သွားမှသာ အပေါ်သုံးထပ်၌ ရှေးဟောင်းဘုရားများ တွေ့ရှိရသည်။ အထပ်တိုင်းတွင် အလှူခံပုံးအရေအတွက်မှာ ဘုရားအရေအတွက်နီးပါး ရှိနေသည်။ ငါးထပ်ဘုရားကျောင်းဆောင်မှ ပြန်အထွက်တွင် ခုံတစ်လုံးချကာ ထီလက်မှတ်ရောင်းနေသည့် ယောဂီဝတ်အမျိုးသမီးတစ်ဦးကို တွေ့ရသည်။ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြည်သူလူထုက အကြီးအကျယ်သပိတ်မှောက်ထားသည့် အောင်ဘာလေထီလက်မှတ်များပင်။ “လူတွေ ဘိုင်းကောက် (Boycott) ထားတဲ့ ထီလက်မှတ်ကို ဒီဘုန်းကြီးကျောင်းက ရောင်းနေတာ ဘာသဘောလဲ” ဟု အတူပါလာသည့် ဘုရားဖူးမိတ်ဆွေက မှတ်ချက်ပေးသည်။ လက်ဖက်ထမင်းရုံနှင့် တိရစ္ဆာန်ရုံ ငါးထပ်ကျောင်းဆောင် မြေညီထပ်ခန်းမနှင့် ဆင်းတုတော်များရှိရာ အထပ်သုံးထပ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ကျောင်းဝင်းအတွင်း အခြားစိတ်ဝင်စားဖွယ်နေရာအချို့ကို သွားရောက်လေ့လာဖြစ်သည်။ ထမင်းကျွေးရုံတွင် ဘုရားဖူးများကို သက်သတ်လွတ်လက်ဖက်ထမင်း ပြန်ကျွေးသည်ကို တွေ့ရသည်။ ဘုရားဖူးများ ဆာဆာလောင်လောင် စားသောက်နေကြသည်မှာ ကြည်နူးစရာတစ်ခုအဖြစ် ရှုမြင်နိုင်သည်။ ထမင်းကျွေးရုံအနီးတွင် လှောင်အိမ်များ တွေ့ရသည်။ ကြယ်လိပ်များ၊ ဒေါင်းများ၊ ငှက်များ၊ သမင်များအပြင် ခါးကို ကြိုးချည်ထားသည့် မျောက်တစ်ကောင်ကိုလည်း တွေ့ရသည်။ ကလေးငယ်များ စိတ်ဝင်တစားကြည့်နေကြသည်။ ဘုရားဖူးရင်း အပန်းဖြေကြည့်ရှုစရာ စုံလင်သည့်နေရာပင်။ ကစားကွင်း၊ ပန်းခြံ၊ ရေကန်မှသည် တိရစ္ဆာန်ရုံအသေးစားလေးများပင် ရှိသည်။ အလှဓာတ်ပုံရိုက်ရန် လှလှပပ ဖန်တီးတည်ဆောက်ထားသည့် နေရာများလည်း ရှိသည်။ အဝတ်အထည်နှင့် အမှတ်တရပစ္စည်းမှ ငါးပိငါးခြောက်အထိ ဝယ်ယူနိုင်သည့် ဈေးလည်းရှိသည်။​ နာမည်ကျော်အပန်းဖြေစခန်းများထက် သာလွန်သည့် အတွဲလိုက်ဝန်ဆောင်မှု (Package Tour) ခရီးစဉ်ပင်။ “အောင်ဇမ္ဗူဆရာတော်ဆိုတဲ့ ဂျပန်ဘုရားဘုန်းကြီး ဘာလို့ ဒီလောက်ချမ်းသာနေပါလိမ့်လို့ တွေးမိနေတာ။ ခုမှ သတင်းစုံ သိရတော့တယ်။ ဘုရားတွေတင် ပြစား ရောင်းစားနေတာ မဟုတ်၊ တိရစ္ဆာန်ရုံပါ ဖွင့်စားနေတာကိုး” ဟု လူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။ အခြားသူတစ်ဦး၏ ရေးသားချက်ကို တစ်ဆင့်ပြန်လည်မျှဝေထားခြင်းပင်။ Lotte ဟိုတယ်မှ မော်ဒယ်ရှိုးလမ်းလျှောက်ပုံဓာတ်ပုံနှင့် ပြင်ဦးလွင်မှ စာကြည့်တိုက်အမည်ခံ စံအိမ်တော်ဖွင့်ပွဲဓာတ်ပုံများ ထွက်လာပြီးနောက် တွေ့ရသည့် ရေးသားမှုဖြစ်သည်။ “ရှင်းရှင်းပြောရရင် စစ်ဝတ်စုံတွေ အပွင့်တွေနဲ့ သင်္ကန်းတွေဆိုတာ အရေခြုံလုပ်စားဖို့ အကောင်းဆုံးယူနီဖောင်းတွေပါပဲ။ သူတို့ချင်းကလည်း ကိုင်းကျွန်းမှီကျွန်းကိုင်းမှီတွေ။ ဒါကြောင့် စစ်ယူနီဖောင်းတော်လှန်ရေးမှာ သင်္ကန်းခြုံတော်လှန်ရေးပါ တစ်ပါတည်းပေါ်လာတာ” ဟု ထိုပို့စ်၌ ဆက်လက် ရေးသားထားသည်။ ဂျပန်ဘုရားကို မိသားစုဝင် ၇ ဦးနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ ဘုရားဖူးသွားခဲ့သူ ဇာမဏီ (မုနိမြေ) ဆိုသူကလည်း “မှော်ဘီဘုရားတစ်ခေါက် ငရဲရောက်” ဟု အစချီကာ ၎င်း၏မကျေနပ်ချက်များအကြောင်း လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။ “ကျွန်တော့်အမေနဲ့ ညီမလေးက ဘောင်းဘီအပွ အရှည်နဲ့ပါ၊ အမြင်မရိုင်းပါဘူး။ ဒါပေမဲ့ သူတို့က ယောဂီဝတ်စုံ လဲရမယ်ပြော၊ ကိစ္စမရှိဘူး။ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ယောဂီအဝတ်ငှားရင် တစ်ယောက်ကို နှစ်ထောင်တဲ့။ များတယ်လို့ ထင်တယ်ဗျာ၊ စီးပွားရေးဆန်သလိုပဲ” ဟု ၎င်းက ရေးသားသည်။ ဂျပန်ဘုရားတွင် ကသိကအောက်ဖြစ်ရသည့် ကိစ္စများတွင် တစ်ခါမျှ မကြားဖူးသော “အိမ်ထောင်ရေးဘုရား”၊ “ကျန်းမာရေးဘုရား”၊ “ပညာရေးဘုရား”၊ “စီးပွားရေးဘုရား” စသည်ဖြင့် ဘုရားများကို သီးခြားဘွဲ့အမည်ပေးထားခြင်းကိုလည်း ထိုသူက ထည့်သွင်းပြောဆိုထားသည်။​ လူအောင် (ဝမ်းတွင်း) ဆိုသူကလည်း ဂျပန်ဘုရားကို လမ်းကြုံဝင်ဖူးရင်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပုံကို တခုတ်တရ ရေးသားထားသည်။​ ဘောင်းဘီရှည်ဝတ်လာမိသည့် အမျိုးသမီးဖြစ်သူကို ဝင်ခွင့်မပေးဘဲ ထဘီတစ်ထည် ကျပ် ၁၅၀၀ ဖြင့် ရောင်းကြောင်း၊ ဘုရားအကြောင်းစီဒီတစ်ချပ်ကို ကျပ် ၁၀၀၀၊ လက်တစ်ဆစ်စာ ဘုရားတစ်ဆူကို ၅၀၀၀၊ အဆောင်ပါသည်ဆိုသော ဘုရားပုံ အသေး ၁၀၀၀၊ အကြီး ၂၀၀၀ ဖြင့် ရောင်းနေသည့်အပြင် ကြုံကြိုက်ခဲမို့ သင်္ကန်းတစ်စုံ ကျပ် ၂၀,၀၀၀ ဖြင့် လှူဒါန်းနိုင်ကြောင်းလည်း အတင်းအဓမ္မ အလှူခံသည်ဟု ၎င်းက ရေးသားသည်။​ ဂျပန်ဘုရားရှိရာ မှော်ဘီမြို့နယ်မှ ဒေသခံအချို့ကို မေးမြန်းကြည့်ရာတွင် အလှူခံသောင်းကျန်းသဖြင့် ခုနောက်ပိုင်း သိပ်မသွားကြတော့ကြောင်း၊ အထူးသဖြင့် အာဏာသိမ်းပြီးနောက် တိုင်းပြည် ကမောက်ကမဖြစ်နေချိန် မဆီမဆိုင် သီရိလင်္ကာကို ဆန်လှူသည့်အတွက် ပို၍ မကျေမနပ်ဖြစ်နေကြကြောင်း ဆိုကြသည်။ အမျိုးစုံ အလှူခံခြင်းများအပြင် ရှေးဟောင်းဘုရားများထားရှိရာ ကျောင်းဆောင်အဝင်ဝ၌ နှာခေါင်းစည်းတစ်ခုကို ကျပ် ၁၀၀ ဖြင့် ရောင်းသည့်အပြင် အထွက်၌လည်း ထီအတင်းလိုက်ရောင်းသည်ဟု မကြာမီရက်ပိုင်းက ဂျပန်ဘုရားရောက်ဖြစ်ခဲ့သူ မှော်ဘီဒေသခံတစ်ဦးက ပြောသည်။ “ဘုရားမဖူးခင် သုံးခါ အလှူခံတယ်။ ရေဖိုးမီးဖိုးဆိုပြီးလည်း အလှူခံသေးတယ်။ မီးပြတ်ရင် စက်နှိုးရလို့ တစ်လ (သိန်း) ၃၀ လောက် ကုန်တယ်ပြောပြီး အလှူခံနေတာ” ဟု ထိုမှော်ဘီဒေသခံက ဆိုသည်။ ဂျပန်ဘုရားတွင် အလှူခံများပြားခြင်း၊ အပန်းဖြေစခန်းတစ်ခုနှယ် ဖန်တီးထားခြင်း၊​ တိရစ္ဆာန်ရုံ လုပ်ထားခြင်း စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အောင်ဇမ္ဗူတောရကျောင်းမှ တာဝန်ခံ ရဟန်းတစ်ပါးဖြစ်သည့် ဦးဉာဏိဿရကို ဆက်သွယ်မေးမြန်းရာတွင် သူ့အမြင်ကိုယ့်အမြင် ဝေဖန်ခြင်းများသာ ဖြစ်သည်ဟု မိန့်သည်။ “ဘာမှမဖြစ်ပါဘူး ဒကာကြီး။ တိရစ္ဆာန်ရုံဆိုတာ ဦးဇင်းတို့က သက်သက်ကြီး မွေးထားတာ မဟုတ်ဘူး။ ပြစားတာ မဟုတ်ဘူး။ ဆရာတော်ကို အပြင်က ဒကာဒကာမတွေက လာလှူကြတာပေါ့။ သတ္တဝါတွေကို ကျွေးမွေးထားတာ ခြံလေးတွေ လုပ်ပေးထားတာပဲ ရှိတယ်။ သီးသန့်မွေးထားတာတော့ မဟုတ်ပါဘူး” ကျောင်းအဝင်၌ ဝင်ကြေးကောက်ခံခြင်း၊ ငှားရမ်းခ တောင်းခံပြီး ဈေးဆိုင်ခန်းများဖွင့်လှစ်ကာ စီးပွားရေးဆန်ဆန် လုပ်ဆောင်ခြင်းများနှင့် ပတ်သက်၍လည်း “အဲလိုမျိုးတော့ မလုပ်ပါဘူး ဒကာကြီး။ ဘယ်နေရာမဆို ကားသွားတယ်ဆိုရင် ဝင်ကြေးတော့ ပေးရမှာပဲလေ။​ ဘယ်နေရာဝင်ဝင် အဲလိုမျိုး ကောက်ကြတာ။ ဒီပိုက်ဆံတွေက ဒီမှာပဲ ပြန်သုံးတာပါ။ ကိုယ်ကျိုးစီးပွားအတွက် သုံးတာ မဟုတ်ပါဘူး” ဟု တုံ့ပြန်သည်။ သို့သော် Lotte ဟိုတယ်မှ ဓာတ်ပုံနှင့် ပြင်ဦးလွင်မှ စံအိမ်အကြောင်း ဓာတ်ပုံများ ပျံ့နှံ့လာပြီးနောက် အောင်ဇမ္ဗူကျောင်းဆရာတော်ကို သံဃာအချင်းချင်းပင် ပြစ်တင်ပြောဆိုလာခြင်းများ ရှိသည်ဟု ဦးဉာဏိဿရက မိန့်သည်။ “မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေ သံဃာတွေက ဦးဇင်းတို့ကျောင်းကို ဖုန်းတွေဆက်လာတယ်။​ အရှင်ဘုရား လိုင်းပေါ်မှာ ပျံ့နေတာ။ ကျောင်းကို တိုက်ခိုက်တာတွေ များတယ်လေ။ ဘုန်းကြီးအချင်းချင်းကကို တိုက်ခိုက်ကြတာ” ထိုသို့ပြစ်တင်ဝေဖန်ခြင်းများ ရှိသော်လည်း အောင်ဇမ္ဗူကျောင်းဆရာတော်က မည်သို့မျှ မှတ်ချက်မပေးကြောင်း၊ အလှူခံများနှင့် ပတ်သက်၍လည်း အတင်းအကျပ် ခိုင်းစေခြင်း မရှိဟု ၎င်းက မိန့်သည်။ ဂျပန်ဘုရားမှ အလှူခံများအကြောင်း လူအောင် (ဝမ်းတွင်း) ၏ ရေးသားချက်တွင် “ယောဂီရောင်တွေ ဝတ်ထားတဲ့ အာပေါင်အာရင်းသန်သန် ကြော်ငြာအားကောင်းကောင်း နိဗ္ဗာန်ဆော် လူရည်သန့် ဥပါသကာ ဥပါသိကာမကြီးများ အပြိုင်အဆိုင် မရအရ ချိုင်နေတာ ထားတော့။ ဆရာတော်ကလည်း မြိန့်မြိန့်ထိုင်ပြီး လာသမျှလူကုန် ငါးပါးသီလပေး၊ သင်္ကန်းကပ်ခံ” ဟု ဆိုသည်။

ဆက်ဖတ်ရန် →