စစ်ကောင်စီတပ် စခန်းမှ စတင်ကာမီးလောင်ပြီး တောမီးလောင်မှု
လေးကေ့ကော် ဗျူးပွိုင့်တွင် စခန်းချထားသည့် စစ်ကောင်စီတပ် စခန်းမှ စတင်ကာမီးလောင်ပြီး တောမီးလောင်မှု ဖြစ်ပေါ်ခဲ့
Author လင်းခိုင်
Published on Feb 25, 2023
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့နယ်ရှိ ဗျူးပွိုင့်တွင် အထိုင်စခန်းချထားသည့် စစ်ကောင်စီတပ် စခန်းမှ စတင်ကာ မီးလောင်ပြီး နောက် တောမီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းမှ စုံစမ်းသိရှိရသည်။
ဖေဖော်ဝါရီ ညပိုင်းတွင် လေးကေ့ကော်မြို့နယ်တွင် မိုင်းများ ပေါက်ကွဲပြီးနောက် လေးကေ့ကော်ဗျူးပွိုင် စစ်ကောင်စီတပ်စခန်းမှ မီးလောင်ကာ ၊ လေးကေ့ကော် ခြောက်ရပ်ကွက် နှင့် ပတ်ဝန်းကျင်ရှိ တောတောင်အများအပြား မီးကူးစက်ခဲ့ခြင်း ဖြစ်သည်။
“ညပိုင်းကြီး ဒီကောင်တွေ မိုင်းရှင်းတာနေမယ်။ သူတို့စခန်းကနေ စပြီးတော့ လောင်တာ၊ အဲ့ကောင်တွေစခန်းအကုန်ပြာကျသွားတယ်။ ပြီးတော့ ခြောက်သွေ့နေတော့ မီးက အကုန်ကူးပြီးတော့ ကျွန်တော်တို့ စခန်းနှစ်ခုလည်းမီးထဲပါသွားတယ်။ ” ဟု ကော်ဘရာ သတင်းရင်းမြစ်တစ်ဦးက CJ Platform သို့ပြောကြားသည်။
ထိုကဲ့သို့ တောမီးလောင်ကျွမ်းမှုကြောင့် လေးကေ့ကော်ခြောက်ရပ်ကွက်အတွင်းရှိ နေအိမ်အများအပြား မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု လေးကေ့ကော်ဒေသခံ၊ စစ်ဘေးရှောင်တစ်ဦးက CJ Platform သို့ပြောကြားသည်။
“ကျွန်မတို့ကြားတာတော့ ရှို့မီးလို့ကြားတယ်။ ကျွန်မအိမ်လဲပြာပုံပဲရှိတော့တယ်။ ကိုမင်းကိုနိုင်ရဲ့ ကုန်စုံဆိုင်လဲပါသွားတယ်။ ခြောက်ရပ်ကွက်က အခု လုံး ဝပြာပုံကြီးဖြစ်နေတယ်။ ပြီးတော့ လေးကေ့ကော်ရေကန်နားကကလေးကစားကွင်းလဲ အကုန်ပါသွားတယ်လို့ ကြားတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၁၅ ရက်တွင် စစ်ကောင်စီတပ်သားများသည် လေးကေ့ကော်မြို့အား ဝင်ရောက်ပြီး၊ ပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်ပြီးနောက် ၊ KNLA တပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများသည် စစ်ဘေးရှောင်အဖြစ် နေထိုင်ခဲ့ရသည်။
ထို့နောက် ၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် လေးကေ့ကော်မြို့တွင် ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ လေးကေ့ကော် ခြောက်ရပ်ကွက်ကို စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ယခု ထပ်မံပြီး စစ်ကောင်စီ စခန်းမှ စတင်မီးလောင်မှုကြောင့် လေးကေ့ကော် ခြောက်ရပ်ကွက်ရှိနေအိမ်အားလုံးနီးပါး မီးလောင်မှုတွင် ပါဝင်ခဲ့သည်။
ဓာတ်ပုံ-CJ
#CjPlatform #ကရင်ပြည်နယ် #လေးကေကော် #မီးလောင်
ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ
မောင်မောင်၊ရဲခေါင်/People’s Spring
ကရင်နီ(ကယား)ပြည်နယ် ရှားတောမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းသို့ ရိက္ခာပို့ဆောင်သည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)က ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်) နံနက်အစောပိုင်းတွင် ရှားတောမြို့၏ အရှေ့ဖက်(၉)မိုင်ခန့်အကွာရှိ သံလွင်မြစ်ကမ်းခြေ တာတမောစခန်းမှ ရှားတောမြို့ဗျူဟာကုန်းသို့ လူထုပိုင်မော်တော်ယာဉ်ငယ်များဖြင့် သယ်ဆောင်နေစဉ် ရှားတောမြို့နှင့် စလောင်းကျေးရွာအကြား ချောင်းဆုံတနေရာအရောက်၌ ကရင်နီတပ်မတော်(KA) နှင့် KNDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုမှာ ၁နာရီကြာမြင့်ခဲ့ပြီး ရိက္ခာယာဉ်တန်း၌ ပါလာသည့် စစ်ကောင်စီတပ်ဘက်မှ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ စစ်ကောင်စီ၏ လမ်းကင်း လုံခြုံရေးက လက်နက်ကြီးဖြင့် ပစ်ကူပေး၍ ကရင်နီတပ်မတော် စစ်သည်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။
"တာတမောစခန်းက မြစ်ကမ်းဘေးမှာရှိတယ်။ရှမ်းပြည်ဘက်ကနေ မြစ်ကြောင်းအတိုင်း ရိက္ခာတွေသယ်ပြီး အဲဒီကနေတဆင့် ရှားတော ဗျူဟာကုန်းကို ကားနဲ့ ပြန်သယ်တာကို သတင်းရလို့ ကြားဖြတ်တိုက်တာ။ကားတစ်စီးက လုံးလုံးပျက်စီးတယ်။ကားပေါ်ပါတဲ့ စစ်သားငါးယောက်သေတယ်"ဟု ကရင်နီတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။
စစ်ကောင်စီတပ်သည် လွိုင်ကော်မှရှားတောဒေသနယ်စပ်စခန်းများသို့ စစ်ရိက္ခာနှင့် လက်နက်ခဲယမ်း များပို့ဆောင်ရန် အခက်အခဲများကြုံနေရ၍ ရှမ်းပြည်ဖက်မှ သံလွင်မြစ်အတိုင်း စက်လှေငယ်များဖြင့် စုံဆင်းကာ ရှားတောမြို့နယ်၊ တာတမောစခန်းတွင် စုပုံထားရှိပြီး ယခုကဲ့သို့ ရှားတော့သို့ ထပ်ဆင့်သယ် ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။
ရှားတောမြို့နယ်အတွင်းတွင် ဒေသကွပ်ကဲမှု စစ်ဌာနချူပ်လက်အောက်ခံ ခမရ(၄၂၈)နှင့် ရှမ်းပြည်ဘက်မှ ဆင်းလာသော ခမရ(၅၁၀)ကို ပူးပေါင်း၍ လှုပ်ရှားနေလျက်ပြီး ဖြစ်စဉ်အတွင်းတွင် ရိက္ခာယာဉ်တန်းပေါ်ပါ စစ်ကောင်စီတပ်ဖက်မှ (၅)ဦးသေဆုံးကြောင်း၊ အများအပြားဒဏ်ရာရရှိသွားကြောင်းနှင့် လမ်းကင်းလုံခြုံရေး ယူပေးသော စစ်ကောင်စီတပ်မှ (၈၁)မမ လက်နက်ကြီးကျည်များ ပစ်ကူမှုပြုသဖြင့် ကရင်နီတပ်မတော် စစ်သည်တစ်ဦး၏ ခြေသလုံးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဝေးလံခေါင်ဖျားသည့် ရှေ့တန်းတပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရန်စီစဉ်နေသော စစ်ကောင်စီတပ်များကို ကရင်နီတပ်များက ယခုရက်ပိုင်းအတွင်း ဖြတ်တောက်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့ရာ မကြာသေးမီကလည်း မယ်စဲ့ရှိ ရှေ့တန်းစခန်းသို့ ရိက္ခာပို့သော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ဦးသေဆုံးကာ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး အရှင်ဖမ်းဆီးခံခဲ့ရသည်။
မြေပြင်မှ ကြားဖြတ်တိုက်ခိုက်ခံရ၍ လေကြောင်းမှတဆင့် ရိက္ခာပို့ဆောင်ရာတွင်လည်း ဖေဖော်ဝါရီ ၂၄ရက်တွင် ကရင်နီတပ်၏မြေပြင်မှ ပစ်ခတ်မှုကြောင့် စစ်ကောင်စီရဟတ်ယာဉ် နောက်ကြောင်း ပြန်လှည့်သွားရသည်။
ခမရ(၅၁၀)တပ်ရင်းသည် ရှမ်းပြည်တောင်ပိုင်း ကျိုင်းခမ်းမြို့တွင် အခြေစိုက်သည့်တပ်ရင်းတစ်ခုဖြစ်ပြီး လိုအပ်မှုအရ အရှေ့ပိုင်းတိုင်းစစ်ဌါနချူပ်(ရပခ)၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်အတွင်း ဒကစလက်အောက်ခံတပ်ရင်းနှင့် ပူးတွဲလှုပ်ရှားနေသည်။
စစ်ကောင်စီတပ်သည် ကရင်နီနယ်ရှိ နယ်စပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရန် ရှမ်းအခြေစိုက် တပ်များကို အသုံးပြုနေရကြောင်း၊ စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားပါက ကရင်နီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်နေမည်ဖြစ်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ယမန်နေ့တွင် ပြောကြားထားသည်။
အလားတူ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ကရင်နီပြည်နယ် ရှားတောမြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီတပ်မတော် (KA)က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်
ယန််းဒီ/People’s Spring
ရန်ကုန််မြို့ရှိ ဗြိတိန်သံရုံး၏ ယာယီသံရုံးတာ၀န်ခံအဖြစ် မစ္စတာ Ken O’Flaherty ကို ခန့််အပ်ကြောင်း ယနေ့ ကြေညာသည်။
တရားမဝင််အာဏာသိမ််းစစ်ကောင််စီကို အသိအမှတ်မပြုဘဲ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချထားသည့် နိုင်ငံများထဲတွင် ပါဝင်သော ဗြိတိန်သည်် သံအမတ်အဆင့် ခန့်အပ်ခြင်းမပြုဘဲ ယာယီသံရုံး တာ၀န်ခံသာ ထားရှိခြင်းဖြစ်သည်။
ယာယီသံရုံးတာ၀န်ခံအသစ်က “မြန်မာနိုင်ငံမှာယူကေကို ကိုယ်စားပြုခွင့်ရခြင်းဟာ အခွင့်ထူးပါပဲ။ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် မြန်မာနိုင်ငံက ပြည်သူတွေရဲ့ မှန်ကန်တဲ့ ဆန္ဒတွေကို ဆက်လက်ထောက်ခံအားပေးဖို့ မျှော်လင့်နေပါတယ်” ဟု ပြောသည်
စစ်ကောင်စီအနေဖြင့် ၎င်းတို့၏လုပ်ရပ်များအပေါ် တာဝန်ခံစေမှုနှင့် စစ်ကောင်စီအပေါ် ဖိအားများ တိုးမြင့်လာစေရန် ဗြိတိန်က တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ခြင်း၊ မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားလိုက်နာခြင်းအားဖြင့် ဗြိတိန််၏ လုပ်ဖော်ကိုင်ဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် ခိုင်မာစွာ ကတိပြုထားကြောင််း အထက်ပါ ယာယီသံရုံးတာ၀န်ခံက အသိပေးသည််။
မစ္စတာ Ken O’ Flaherty သည် သံတမန်တစ်ဦးဖြစ်ပြီး ယခင််က ပါရီ၊ တိုကျို၊ ရောမနှင့် ဘရပ်ဆဲလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
ကရင်နီတွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲ
ကရင်နီတွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲသဖြင့် ရှမ်းပြည် ဘက်မှ ဝင်ရောက် ရိက္ခာပို့ရန် ကြိုးပမ်း၊ ရှားတောတွင် စစ် ရိက္ခာသယ် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတိသစ်
ကရင်နီပြည်နယ်တွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲသဖြင့် ရှမ်းပြည်ဘက်မှ ဝင်ရောက်ပြီး ကရင်နီပြည်နယ်အတွင်းရှိ စစ်စခန်းများကို ရိက္ခာပို့ရန် ကြိုးပမ်း လျက်ရှိရာ ရှားတောမြို့နယ်တွင် စစ် ရိက္ခာသယ် ယာဥ်တန်း ကြားဖြတ် တိုက် ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံးကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကယားပြည်နယ်၊ ရှားတောမြို့တွင် အိမ်စီးကားများဖြင့် ရိက္ခာ သယ်နေသည့် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးကြောင်း ၊
ယ မန် နေ့ နံနက် ၃ နာရီ ၄၅ မိနစ်တွင် ရှားတောမြို့၊ သံလွင်မြစ်ကမ်းခြေ တာတမောစခန်းမှ ရှားတောမြို့ ဗျူဟာကုန်းကို ပြည်သူပိုင် ကားများဖြင့် ရိက္ခာသယ်ဆောင်နေသည့် ယာဥ်တန်းကို ရှားတောမြို့နှင့် စလောင်းရွာ အကြား ချောင်းဆုံးတစ်နေရာတွင် ကရင်နီတပ်မတော် KA နှင့် KNDF တို့က ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
"လွိုင်ကော်- ရှားတော လမ်းမကြီးရှိတယ်လေ။ သူတို့ မသုံးရဲဘူး။ နယ်မြေလည်း မစိုးမိုးနိုင်တော့ ရှမ်းပြည်ဘက်ကနေ ဖြတ်ဝင်ပြီး ရိက္ခာပို့ဖို့ ကြိုးစားနေတာ။ လွိုင်ကော်-ရှားတော ကားလမ်း မ ကြီး အတိုင်းလာလည်း ဖြတ်တိုက်ခံရမှာပဲ။ ရှားတောမှာ ခမရ ၄၂၈ ရှိတယ်။ ဒါပေမယ့် အင်အားမရှိဘူး။ ရှမ်းပြည်ဘက်က ခမရ ၅၁၀ က လာပေါင်းပြီး ရိက္ခာပို့ဖို့ ကြိုးစားနေတာ" ဟု ကရင်နီ စစ်ဘက် ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်စ်သတင်းဌာနထံသို့ ပြော ဆိုသည်။
စစ်ယာဥ်တန်းတွင် ရှားတောမြို့နယ်အတွင်းရှိ ဒေသကွက်ကဲမှု စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၄၂၈ နှင့် ရှမ်းပြည်ဖက်မှ ဆင်းလာသည့် ခမရ ၅၁၀ တို့ စစ်သားများပါဝင်ပြီး တိုက်ပွဲအတွင်း ရိက္ခာ ပို့ယာဥ်တန်းပေါ် လိုက်ပါလာသည့် စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ ကာ လမ်းကင်းလုံခြုံရေး ယူပေးသည့် စစ်သားများက ၈၁ မမ လက် နက်ကြီးများဖြင့် ပစ်ခတ် ပေးသောကြောင့် ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်တပ်အနေဖြင့် လွိုင်ကော်မှ ရှားတော ဒေသ နယ်စပ်စခန်းများကို စစ်ရိက္ခာနှင့် လက်နက် ခဲယမ်း များ ပို့ဆောင်ရန် ကြိုးစားနေပြီး ခမရ ၅၁၀ တပ်ရင်းသည် ရှမ်းပြည်တောင်ပိုင်း ကျိုင်းခမ်းမြို့ အခြေစိုက် တပ်ရင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၏ တိုက်ရိုက်ကွက်ကဲမှုဖြင့် တာ တမော စခန်းမှ ရှားတောမြို့ရှိ ဗျူဟာကုန်းကို ရိက္ခာပို့ဆောင်ရန် စီစဥ်နေစဥ် တိုက်ခိုက် ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ယမန်နှစ် မိုင်းထိထားသော စစ်တပ်ကားတစ်စီးကို တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်သည်)
မုံရွာမြို့တွင် PDF သတင်းစုံစမ်းနေသော စစ်မှုထမ်းဟောင်း ဒုတပ်ကြပ် သန်းနိုင် ကို ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်တွင် စစ်တပ်အတွက် ရိက္ခာထောက်ပို့နှင့် သတင်းပေးနေသူ၊ PDF သတင်းများ စုံစမ်းနေသူ စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်သန်းနိုင် ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း ဗန္ဓုလနှင့်အဖွဲ့ သားများ PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်အချိန် မုံရွာမြို့တွင်းတစ်နေရာတွင် ဒုတပ်ကြပ်သန်းနိုင်ကို ဝင် ရောက် ဖမ်းဆီးပြီး သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ရာမှ သေဆုံးသွား ကြောင်း၊ ၎င်းထံမှ မှတ်ပုံတင် အချက်အလက်များ၊ ၉ မမ ကျည်နှစ်တောင့်၊ လက်ပစ်ဗုံးသီးတစ်လုံး နှင့် ဖုန်းတစ်လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“မြို့ထဲဝင်ဖမ်းပြီး ကျည်နှစ်တောင့်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာ၊ စစ်ခွေးတွေက သန်းနိုင်ရဲ့ အလောင်း ကို အရင် လာမသယ်ဘဲ သူ့(သန်းနိုင်)ရဲ့မိသားစုကို နမခတပ်ထဲ အရင်ပို့ပြီးမှ လာသယ်သွားတယ်၊ ပစ်ခတ် ရှင်းလင်းတဲ့နေရာမှာပဲ အလောင်းကို ထားပေးခဲ့ပါတယ်” ဟု ဗန္ဓုလနှင့်အဖွဲ့သားများ PDF မှတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်သန်းနိုင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခတပ်) အတွင်း ရိက္ခာများပို့ဆောင်ပေးခြင်း၊ သတင်းပေး ခြင်းပြုလုပ်နေသည်ဟု ပြည်သူလူထုမှ သတင်းပေး တိုင်ကြားသဖြင့် စောင့်ကြည့်ကာ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါရှင်းလင်းမှုကို မုံရွာ - ဗန္ဓုလနှင့်အဖွဲ့သားများ အဖွဲ့ ၁ ၊ Black Falcon မြို့တွင်း ပြောက်ကျားတပ်ဖွဲ့၊ Brave Heart Army-BHA နှင့် Special Forces- 11 PDF တို့ ပူးပေါင်းကာ ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြင်းခြံတွင် အင်အား ၆၀ ပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ကားတစ်စီး ပျက်စီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အင်အား ၆၀ ပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး ကားတစ်စီး ပျက်စီးသွားကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် မြင်းခြံမြို့နယ် နဘူးအိုင်ရွာဘက်သို့ စစ်အင် အား ၆၀ ခန့်ပါ ကား ၄ စီးနှင့်ဆိုင်ကယ် ၁၁ စီးပါ စစ်ယာဉ်တန်းကို နဘူးအိုင်ရွာ တောင်ဘက်၊ မြောက်ပင်လယ်ဆည်ဘောင်အနီး မိုင်းကွင်းထဲ အရောက်တွင် နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ပဒေသာနှစ်ဆင့်မိုင်း ၁၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီးကို တည့်တည့်မှန်သွားခဲ့ကြောင်း သိရှိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း၊ စစ်ယာဉ် တန်းတွင် ပါဝင်သော မတ်တူး ကားတစ်စီး လုံးဝသုံးမရအောင်အထိ ပျက်စီးသွားပြီး မိုင်းကွင်းထဲတွင် ထားရစ်ခဲ့ကြောင်း သိရှိရသည်။
မအလနဲ့မဘသ အပျော်ခရီး
ရွေး ကောက်ပွဲကို စိတ်လည်း မ၀င်စားဘူး။ ဘယ်သူတွေဆိုတာလည်းမသိဘူး
CDMများ၏ ဆန္ဒကိုထည့်သွင်းစဉ်းစားပြီး အကူအညီများရရေးကြိုးပမ်းရန် ပြည်ထောင်စု ဝန်ကြီးချုပ်ပြော
သက်ဝေ/People’s Spring
အာဏာဖီဆန်ရေးလှုပ်ရှားမှ(CDM) မူဝါဒ အသက်ဝင်အောင်လုပ်ဆောင်ရန်နှင့် CDMများ၏ ဆန္ဒကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယမန်နေ့က ကျင်းပသည့် CDM အောင်မြင်ရေးကော်မတီအစည်းအဝေး၌ ပြောကြားခဲ့သည်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် နွေဦးတော်လှန်ရေးကြီးကို အရှိန်အမြင့်ဆုံးရောက်ရှိသွားပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုရရှိနိုင်ခဲ့သည်အထိ တော်လှန်ရေးကိုအားကောင်းအောင်မောင်းနှင်ပေးခဲ့ကြောင်း၊ ယင်းလှုပ်ရှားမှုတွင် ပါဝင်ပြီး ယနေ့အထိ အားမလျှော့စတမ်း တိုက်ပွဲနေသည့် CDMများသည် နိုင်ငံ့ဂုဏ်ဆောင်များဖြစ်ပြီး လေးစားချီးကျူးထိုက်သူများ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
"တိုင်းပြည်ရဲ့ အနာဂတ်အတွက် မိမိတို့ရဲ့ ဘဝတွေ အသက်တွေစတေးပြီးယုံကြည်စွာနဲ့ ရှေ့ဆက်နေကြတဲ့အတွက် အခုလိုနှစ်နှစ်ကျော်ကြာတဲ့အထိ တော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ စစ်အာဏာရှင်အကြမ်းစစ်တပ်ကို ဆက်လက်ပြီး အားကောင်းစွာဖိအားပေးတုံ့ပြန်လျက်ရှိပါတယ်။ ဒီစိတ်ဓါတ်တွေနဲ့ ဆက်လက် တိုက်ပွဲဝင်နေကြတဲ့အတွက်ကြောင့်ဘဲ အခုဆိုရင် ကမ္ဘာကြီးက မျက်နှာလွှဲထားလို့မရအောင် မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ပိုပြီးအာရုံစိုက် လုပ်ဆောင်လာရတာတွေရှိပါတယ်။ ကော်မတီအနေနဲ့လည်း ဒီကဏ္ဏကနေပြီး ကျွန်တော်တို့ရဲ့ စီဒီအမ်များအတွက် အကူအညီများရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားဖို့ကိုလည်း မှာကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။
ပြီးခဲ့သည့် ၂နှစ်အတွင်း ကော်မတီအနေဖြင့် CDMဆိုင်ရာ အထောက်ပံ့ကူညီရေးအစီအစဉ်များ၊ လုံခြုံရေး၊ လှုမှုရေး၊ လေ့လာသင်ယူမှု မရပ်တန့် စေရေးစီမံကိန်းများ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အားဖြည့်အကူအညီပေးရေး အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့သော်လည်း လိုအပ်ချက်များ အကန့်အသတ်များ ရှိနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။
ကော်မတီအနေဖြင့် တော်လှန်ရေးအခြေအနေအရ ဆက်လက်အကောင်အထည်ဖော်သင့်သည့်ကိစ္စများကို ဆွေးနွေးလုပ်ဆောင်ကြရန်လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မှာကြားသည်။
"ကော်မတီအနေနဲ့ စီဒီအမ်များနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ မူဝါဒများကို ဆက်လက်ပြီး အသက်ဝင်အောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။နိဂုံးချုပ်အနေနဲ့ ပြောကြားရရင် မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရာမှာလည်း စီဒီအမ်များရဲ့ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစားဖို့ အင်မတန်အရေးကြီးသလို တဖက်မှာလည်း ကျနော်တို့အစိုးရဟာ လူအခွင့်အရေးကို အာမခံတဲ့ အစိုးရတရပ်အနေနဲ့ စံတန်ဖိုးများကို လိုက်နာရမှာ ဖြစ်တဲ့အတွက် ဒီအချက်တွေကို သေသေချာချာ ထည့်သွင်းစဉ်းစားပြီး ဆွေးနွေးဆောင်ရွက်သွားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
CDM များအတွက် ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာ ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ယခု ဖေဖော်ဝါရီ ၁ရက်တွင် ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးကာလအလွန်တွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်ပေးအပ်ရန်၊ ယခု ဖေဖော်ဝါရီ ၁ရက်မှစ၍ မူလရာထူးတာဝန်ထက် တစ်ဆင့်တိုး၍ ရာထူးတိုးခန့်အပ်ကြောင်းနှင့် တော်လှန်ရေး ကာလအလွန်တွင် လုပ်ခလစငွေများ၊ ချီးမြှင့်ငွေများကို တလုံးတခဲတည်း ပြန်လည်ပေးအပ်သွားရန်အချက်များ ပါဝင်သည်။
ဝေါမြို့ပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကိုPDFတိုက်ခိုက် သုံးဦးသေ၊ လေးဥဦးဒဏ်ရာပြင်းထန်ဟုဆိ
ကျော်ဇော/People's Spring
ပဲခူးတိုင်း၊ ဝေါမြို့ပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဝေါမြို့နယ် ပ.က.ဖ မှတော်လှန်ရေးရဲဘော်များက 'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ယမန်နေ့ညပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေ သခွဲက ယနေ့ ဖေဖော်ဝါရီ ၂၇ တွင် ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ည ၈ နာရီခွဲခန့်က ဝေါမြို့ ဘုရားပျိုရွာထိပ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များစောင့်ကြပ်လျှက်ရှိသူ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ဝေါမြို့နယ် ပ.က.ဖ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဆေးရေးဂိတ်တွင်ရှိနေသည့် ရာအိမ်မှူးတစ်ဦး၊ မီးသတ်ဝန်ထမ်းနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး၊ ဒုရဲအုပ်တစ်ဦးနှင့် ပျူစောထီးနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိ၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ဖော်ပြသည်။အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သပ်၍ ပဲခူးတိုင်းစစ်ဒေသခွဲကို မေးမြန်ရန် ဆက်သွယ်သော်လည်း အဆက်အသွယ်မရသေးပါ။
"ဝင်ပစ်ခံရတဲ့နေရာက ဝေါမြို့ထဲမှာပဲ။ ဝေါတံတားအဆင်းနားက လမ်းဆုံဂိတ်ကို ဝင်ပစ်သွားတာ။ဒီမနက် (ဖေဖော်ဝါ
ရီ ၂၇)ကြားရတာက လေးဦးလောက်သေတယ်လို့ သိရတယ်"ဟု ဝေါမြို့နယ်မှ ဒေသခံတစ်ဦးက People's Spring သတင်းဌာနသို့ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၂ မိနစ်ခန့်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်ဦးမှူယူတိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်သေခွဲက အသိပေးထားသည်။
ကေအန်ယူ ဗဟိုကော်မတီဝင်အားလုံး နုတ်ထွက်ရန်တောင်းဆိုမှုအထွေထွေအတွင်းရေးမှူး တုံ့ပြန်
ကမ္ဘာတဝန်း ကရင်လူမှုအဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာပါ ကိစ္စရပ်တွေကို ကေအန်ယူရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းသွားဖို့လိုအပ်ကြောင်းနဲ့ အဆိုပါပေးစာနဲ့ ပတ်သက်ပြီး လိုအပ်ပါက ပွင့်လင်းရင်းနှီးစွာနဲ့ တွေ့ဆုံဆွေးနွေးဖို့အဆင်သင့်ရှိကြောင်း ကေအန်ယူအထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးကထုတ်ပြန်လိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီတဖွဲ့လုံးအနေနဲ့ ကရင်တမျိုးသားလုံးရဲ့ ကံကြမ္မာအတွက် စိတ်သဘောထားကြီးစွာနဲ့ ခေါင်းဆောင်တို့ရဲ့ ကျင့်ဝတ်တန်ဖိုးနဲ့အညီ စုပေါင်းတာဝန်ယူမှု၊တာဝန်ခံမှုရှိတဲ့စိတ်ဓာတ်တွေနဲ့ မိမိသဘောနဲ့ နုတ်ထွက်ပေးဖို့ ကမ္ဘာတဝန်းရှိ ကရင်လူမှုအဖွဲ့အစည်းတွေကဖေဖော်ဝါရီ ၂၃ ရက် အိတ်ဖွင့်ပေးစာပေးခဲ့တဲ့အပေါ် အတွင်းရေးမှူးက တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ကမ္ဘာတဝန်းရှိ ကရင်လူမှုအဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာမှာတော့ ကေအန်ယူ ဗဟိုကော်မတီ တဖွဲ့လုံး နုတ်ထွက်ပေးဖို့နဲ့ ကေအန်ယူခေါင်းဆေင်တချို့ကို အရေးယူပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒီလိုတောင်းဆိုထားတဲ့ အကြောင်းတွေထဲမှာ ကရင်ပြည်နယ်၊ မောထိုတလေးနယ်မြေမှာ ပြုလုပ်တဲ့ စီမံကိန်းဖွင့်ပွဲမှာ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကာကွယ်ရေးဌာနဌာနမှူး ပဒိုစောရောဂျာခင် တက်ရောက်ခဲ့တဲ့ကိစ္စ အရေးယူဆောင်ရွက်ခဲ့တာမရှိခြင်း၊ ရွှေကုက္ကိုလ် မြို့သစ်နဲ့နီးတဲ့ ဟွမ်ယာမြို့သစ်စီမံကိန်းကို ပဒိုစောရောဂျာခင်က ခွင့်ပြုချက်ပေးခဲ့မှုကို အရေးယူဆောင်ရွက်ခဲ့မှုမရှိတာနဲ့ ကေအန်ယူရဲ့ မူဝါဒနဲ့ ဆန့်ကျင်လုပ်ဆောင်နေတဲ့ခေါင်းဆောင်တွေကို အရေးယူမှုမရှိတဲ့အချက်တွေကို ထောက်ပြထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကပေးတဲ့ ဂုဏ်ထူးဆောင်ချီးမြှင့်ဆုကို လက်ခံခဲ့တဲ့ ကေအန်ယူ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ကေအန်ယူ ဆုံးဖြတ်ချက်နဲ့ ညွှန်ကြားမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ လက်တွဲအလုပ်လုပ်နေတဲ့ ဗဟိုအမြဲတမ်းကော်မတီဝင် ခေါင်းဆောင်တချို့ရဲ့ အပြုအမူတွေဟာ ကေအန်ယူ ဗဟိုအလုပ်မှုဆောင်ကော်မတီနဲ့ ဗဟိုအမြဲတမ်း ကော်မတီ နှစ်ရပ်လုံးရဲ့ ကျဆင်းနေတဲ့ ခေါင်းဆောင်မှုပြဿနာကို ပြသနေတာဖြစ်ကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။
ဒါကြောင့် ဗဟိုအလုပ်မှုဆောင်ကော်မတီ တစ်ဖွဲ့လုံး နုတ်ထွက်ပေးဖို့နဲ့ ကေအန်ယူ အုပ်ချုပ်ရေး၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ နိုင်ငံရေးလုပ်ငန်းတွေ ကေအန်ယူရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လည်ပတ်နိုင်ရေးအတွက်ကြားကာလ စီမံခန့်ခွဲရေးအဖွဲ့ဖွဲ့စည်းပြီး စီမံခန့်ခွဲဖို့လည်း တောင်းဆိုထားပါတယ်။
အဆိုပါအဖွဲ့ဟာ ကေအန်ယူလမ်းစဉ်နဲ့ကိုက်ညီပြီး နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဒီမိုကရေစီစနစ်အရရွေးကောက်ပွဲစံချိန်စံနှုန်းနဲ့ကိုက်ညီတဲ့ ကွန်ကရက်နဲ့ ရွေးကောက်ပွဲ တခုဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်းလည်း အိတ်ဖွင့်ပေးစာမှာ တောင်းဆိုထားပါတယ်။
ဒီလိုတောင်းဆိုချက်တွေအပေါ် ကေအန်ယူ အထွေထွေအတွင်းရေးမှူးက ကေအန်ယူအဖွဲ့ဝင်တွေ စည်းကမ်းချိုးဖောက်မှုပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အပိုဒ် ၂၀ မှာ ဖော်ပြထားတဲ့ အပြစ်ပေးအရေးယူခြင်း ပုဒ်မအရအရေးယူဆောင်ရွက်ရမှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ တုံ့ပြန်စာမှာ ဖော်ပြပါတယ်။
ကေအန်ယူ တော်လှန်ရေးလမ်းစဉ် လုပ်ငန်းစဉ်ကို လက်ခံယုံကြည်တဲ့ ကရင်လူမှုအဖွဲ့အစည်းတွေ အပါအဝင်ပြည်တွင်း ပြည်ပမှ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အားလုံးကို ကေအန်ယူရဲ့ အင်အားတွေအဖြစ်လည်း မှတ်ယူထားပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်းလည်း အဆိုပါ ကြောင်းပြန်စာမှာ ဖော်ပြထားပါတယ်။
Photo Credit-KIC




















