နောက်ဆုံးရ
၂ နှစ်ကျော်အတွင်း စစ်အုပ်စုက အပြစ်မဲ့ပြည်သူ ၃,၀၀၀ ကို သတ်ဖြတ်ခဲ့ဟု အေအေပီပီ ထုတ်ပြန်

၂ နှစ်ကျော်အတွင်း စစ်အုပ်စုက အပြစ်မဲ့ပြည်သူ ၃,၀၀၀ ကို သတ်ဖြတ်ခဲ့ဟု အေအေပီပီ ထုတ်ပြန်

DVB | 17 February, 2023
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၃,၀၀၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၉,၇၃၉
ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်အထိ အေအေပီပီကကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တ
ကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၅,၈၈၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက၄,၃၉၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့၃,၈၃၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို အင်အား ၁၀၀ လောက် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပျူစောထီးတွေ ဝင်ရောက်စီးနင်းခဲ့ကြပြီး နေအိမ်တွေကို မီးရှို့ခဲ့ရာ သီလရှင်တပါးဖြစ်တဲ့ ဒေါ်ဆိတ်မှာ အသက်ကြီးတာကြောင့် ထွက်မပြေးနိုင်ဘဲ နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ ပုသိမ်မြို့ဒေသခံ ကိုစိုးပိုင်ဦးကို ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(စ)၊၅၂(က) တို့နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထောင်ဒဏ် နှစ် ၂၀ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုစိုးပိုင်ဦးဟာ ပုသိမ်မြို့က တော်လှန်ရေး အင်အားစုတွေအတွက် လက်နက်တွေ သယ်ဆောင်ပေးတယ်လို့ စွပ်စွဲခံခဲ့ရပြီး၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရား
စွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အ
ကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။



ဆက်ဖတ်ရန် →
တော်လှန်ရေးခရီးထွင်ရန် မဟာမိတ်များနှင့် ပေါင်းကူးဆက်ဆံရေး အခရာကျဟု NUG ဝန်ကြီးချုပ်ပြော

တော်လှန်ရေးခရီးထွင်ရန် မဟာမိတ်များနှင့် ပေါင်းကူးဆက်ဆံရေး အခရာကျဟု NUG ဝန်ကြီးချုပ်ပြော



lusane | 16 February, 2023

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လျှောက်လှမ်းနေတဲ့ တော်လှန်ရေးလမ်းမှာ ခရီးတွင်ဖို့ဆိုရင် မဟာမိတ်တွေနဲ့ ခိုင်မြဲတဲ့ ပေါင်းကူးဆက်ဆံရေးဟာ အခရာကျတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။  

ဖေဖော်ဝါရီ ၁၆ ဒီကနေ့ ပြုလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး ကော်မတီမအနေနဲ့ မဟာမိတ်တွေနဲ့ အခါအားလျော်စွာ တွေ့ဆုံတဲ့အစည်းအဝေးတိုင်းမှာ ပေါင်းစပ်လုပ်ဆောင်မှု အားကောင်းနေတဲ့ ကဏ္ဍတွေဖြစ်တဲ့ လူသားစာနာကဏ္ဍ၊ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေရဲ့ စုစုစည်းစည်း လုပ်ဆောင်နိုင်မှုအတွက် ကောင်းမွန်တဲ့ မှတ်ချက်ပြုမှုတွေလည်း အမြဲကြားရတာမို့ မဟာမိတ် တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်ဆံရေးတွေ ပိုပြီးကောင်းလာအောင် အဓိကဆောင်ရွက်ပေးနေကြတဲ့ သက်ဆိုင်ရာဌာနများက တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်တယ်လို့လည်းပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။  

“အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းပြည်အခြေအနေကို သူတို့ထိန်းချုပ်လို့မရတော့မှန်း သိလာ တဲ့အခါ ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းနဲ့ တိုင်းပြည်ကို ကစဉ့်ကလျားဖြစ်အောင် လက်နက်ခဲ ယမ်းကိုင် ဆောင်ခွင့်မူကို ထုတ်ပြန်ပြီး ပြည်သူများအကြားမှာ စိတ်နှလုံးမငြိမ်းချမ်းရအောင် ပိုပြီး ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ ပြည်သူကို ပိုပြီးအကာ အကွယ်ပေးနိုင်ဖို့ နည်းလမ်းတွေကို စဉ်းစားကြရတော့မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဆိုတာ နယ်မြေစိုးမိုးမှုနဲ့ တိုက်ရိုက်အချိုးကျတာကြောင့်နယ်မြေစိုးမိုးနိုင်မှု၊ တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်နိုင်မှုတွေကိုလည်း ပိုတိုးပြီးဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုမှာ အထောက်အကူ ဖြစ်စေဖို့ ထုတ်ပြန်ထားတဲ့ လုပ်ငန်းလက်စွဲတွေမှာပါဝင်တဲ့ မူဝါဒတွေဟာ မြေပြင်နဲ့ ကိုက်ညီပြီး လက်တွေ့ကျဖို့ အထူးလိုအပ်မှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုပါတယ်။

“အုပ်ချုပ်ရေးလုပ်ငန်းဆိုတာ နေရာဒေသတခုနဲ့တခု ထပ်တူကျတာမျိုး ဘယ်တော့မှရှိမှာ မဟုတ်တဲ့အတွက် အခုလို တော်လှန်ရေး အချိန်ကာလမျိုးမှာ သူ့အရပ်နဲ့သူ့ဇာတ် လုပ်သာကိုင်သာရှိစေမယ့်၊ မြေပြင်မှာအကောင်အထည်ဖော်မှု ပိုမိုအဆင်ပြေစေမယ့် မူဝါဒတွေကို ကျနော်တို့ရဲ့ ကော်မတီဝင် ဝန်ကြီးဌာနတွေဘက်ကရေးဆွဲချမှတ်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ကော်မတီဟာ မြေပြင်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမှုအပြင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီတွေ၊ ပြည်နယ်အတိုင်ပင်ခံကောင်စီတွေနဲ့လည်းလစဉ်ပုံ မှန်တွေ့ဆုံမှုတွေ ဆောင်ရွက်နေရတဲ့အတွက် မဟာမိတ်ဆက်ဆံရေးကို ထူထောင်တဲ့ လမ်းတံတား လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လျှောက်လှမ်းနေတဲ့ တော်လှန်ရေးလမ်းမှာခရီးတွင်ဖို့ဆိုရင် မဟာမိတ်များနဲ့ ခိုင်မြဲတဲ့ ပေါင်းကူးဆက်ဆံရေးဟာ အခရာကျပါတယ်။”

NUG အစိုးရဟာ တော်လှန်ရေး ကာလအတွက်ပဲ တာဝန်ရှိတာမဟုတ်ဘဲ တော်လှန်ရေးအလွန်ကာလပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့အခါမှာလည်း ဆက်လက်တာဝန်ယူကြမယ့် အသွင်ကူးပြောင်းရေးကာလ တာဝန်ရှိသူတွေ အဆင်ပြေစွာ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်ဖို့ပါ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြဖို့ တာဝန်ရှိတာကြောင့် ကော်မတီဝင် ဝန်ကြီးဌာနတွေရော အစိုးရ အဖွဲ့ဝင်တွေရော အားလုံးကထက်မြက်တဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိကြဖို့ အထူးလိုအပ်မှာဖြစ်ကြောင်းနဲ့၂၀၂၃ ခုနှစ်မှာတော့ စစ်အာဏာရှင်စနစ် တကြိမ်တည်းအပြီး အမြစ်ဖြတ်နိုင်ဖို့ ဝိုင်းဝန်း အားထုတ်ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံးမထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။


ဆက်ဖတ်ရန် →
ရန်ကုန်တိုင်း ၈ မြို့နယ်တွင် လူဦးရေ၏ ၄ ပုံ ၁ ပုံ လစာဝင်ငွေမရှိဘဲ နေထိုင်နေရ

ရန်ကုန်တိုင်း ၈ မြို့နယ်တွင် လူဦးရေ၏ ၄ ပုံ ၁ ပုံ လစာဝင်ငွေမရှိဘဲ နေထိုင်နေရ



DVB | 17 February, 2023

ရန်ကုန်မြို့က ဆင်းရဲနွမ်းပါးသူ လူဦးရေအများဆုံးနေထိုင်တဲ့ မြို့နယ် ၈ မြို့နယ်ရဲ့ လူဦးရေ လေးပုံတပုံလောက်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ဝင်ငွေမရှိဘဲနေရတဲ့ အခြေအနေကို မကြာခဏ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က စစ်တမ်းထုတ်ပြန်ပါတယ်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဒဂုံဆိပ်ကမ်း၊ ဒလမြို့နယ်၊ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ သန်လျင်မြို့နယ်တို့မှာစစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ဒီအခြေအနေတွေက အဲဒီမြို့နယ်တွေမှာရှိတဲ့ အိမ်ထောင်စုတွေရဲ့ ကျန်းမာရေးနဲ့လူမှုစီးပွား အခြေအနေတွေကို ခြိမ်းခြောက်နေတယ်လို့ UNDP က ဆိုပါတယ်။

အိမ်ထောင်စုဝင်တွေဟာ ဝင်ငွေလျော့နည်းလာမှုကို အစာလျှော့စားတာ၊ ပိုင်ဆိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို ခွဲခြမ်းရောင်းချတာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ မခံယူတာ၊ ကလေးသူငယ်တွေကို ပညာသင်ကြားမှုက ရပ်ဆိုင်းပြီးအလုပ်လုပ် ဝင်ငွေရှာစေတာ စတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

UNDP ရဲ့ စစ်တမ်းအရ မြို့နယ် ၈ မြို့နယ်ကအိမ်ထောင်စု

 ၂၇ ဒသမ ၅ ရာခိုင်နှုန်းဟာ ဝင်ငွေကျဆင်းလာမှုကြောင့် လွန်ခဲ့တဲ့ ၁၂ လ အတွင်းမှာ အာဟာရပြည့်ဝလုံလောက်စွာ မစားသုံးနိုင်ခဲ့ဘူးလို့ ဖြေဆိုခဲ့ကြပြီး ၃၅ ဒသမ၇ ရာခို

င်နှုန်းကျော်ကတော့ ဝင်ငွေမရှိတာကြောင့် အစားလျှော့စားခဲ့ရတယ်လို့ ဖြေဆိုခဲ့ကြောင်း UNDP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျန်းမာရေးပိုင်းမှာလည်း ပြည်သူ့ကျန်းမာရေးစော

င့်ရှောက်မှုစနစ်တွေ ဆုတ်ယုတ် အားနည်း လာတာနဲ့အမျှ ပြည်သူတွေဟာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကိုပဲ အား

ထားနေရပြီး ဝင်ငွေကျဆင်းလာတာကြောင့် လူအများစုက‌ကျန်းမာရေးစောင့်ရှောက်မှုတွေကို လက်လှမ်းမီ ရရှိဖို့လည်း အလွန်ခက်ခဲလာကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလေ့လာတွေ့ရှိမှုတွေက လူပေါင်း ၃၀,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူထားချက်ကနေ ကောက်နုတ်ထားတာဖြစ်ပြီး UNDP, UN Women နဲ့ UN-Habitat တို့ပူးပေါင်းပြီး အဲဒီ ၈ မြို့နယ်မှာရှိတဲ့ မြို့ပြပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့UNDP က ဆိုပါတယ်။

UNDP ဌာနေကိုယ်စားလှယ် တီတွန်မီထရာက ရန်ကုန်ရဲ့ မြို့ပြဆင်းရဲနွမ်းပါးမှုနှုန်းဟာ သိသိသာသာ မြင့်တက်နေပြီး အလုပ်လက်မဲ့ဖြစ်ခြင်းနဲ့ ဝင်ငွေလျော့နည်းခြင်းတွေကလည်း တနေ့တခြား ပိုမိုများပြားလာကြောင်း၊ ဒီအ

ခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တည်ငြိမ်တဲ့ အလုပ်အကိုင်နဲ့ လူတွေကို ဝင်ငွေပိုမိုရရှိအောင် ပံ့ပိုးပေးခြင်းနဲ့ လူတွေရဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝကို တိုး

တက်စေတဲ့ ရေရှည်တည်တံ့တဲ့ နည်းလမ်းတခုကိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ က စတင်ခဲ့တဲ့ စီးပွားရေးကျဆင်းလာမှုနဲ့ ၂၀၂၂ မှာ သိသိသာသာ မြင့်တက်လာတဲ့ ဆင်းရဲနွမ်းပါးမှုရဲ့နောက်ဆက်တွဲ အကျိုးဆက်တွေကို ရန်ကုန်မြို့ရဲ့ ဧရိယာတွေမှာ တွေ့ကြုံခံစားနေရတာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ နိုင်ငံအတွင်းက ထွက်ခွာသွားတဲ့အပြင် ကုန်ထုတ်လုပ်တဲ့စက်ရုံတွေ ပိတ်သိမ်းသွားတာနဲ့အတူအလု

ပ်လက်မဲ့နှုန်းတွေ မြင့်တက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာခဲ့တာလို့ UNDP က ထောက်ပြထားပါတယ်။

ဒါ့အပြင် လောင်စာဆီဈေးနှုန်းတွေနဲ့ အခြေခံစားသော

က်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားမှုကအိမ်ထောင်စုတွေရဲ့ လူမှုစီးပွားအခြေအနေကို ပိုမိုဆိုးရွားစေခဲ့တယ် လို့လည်း UNDP က ထောက်ပြထားပါတယ်။

ဆက်ဖတ်ရန် →