နောက်ဆုံးရ
NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး  စစ်ကောင်စီ၏ ၈ နာရီ နီးပါး ကြာသော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေး မှတ် တမ်းများ ရန်ကုန်ခေတ်သစ်က မကြာမီ ထုတ်ပြန်မည်

NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး စစ်ကောင်စီ၏ ၈ နာရီ နီးပါး ကြာသော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေး မှတ် တမ်းများ ရန်ကုန်ခေတ်သစ်က မကြာမီ ထုတ်ပြန်မည်



ရန်ကုန်၊ ဇန်နဝါရီ ၁၅ 

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီက NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး စစ်ကောင်စီ၏ ၈ နာရီနီးပါး ကြာမြင့်သော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေးတစ်ခုကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ သွေးပျက်ခြောက်ခြားနေသည့် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးမှု ရလဒ်များကို မင်းအောင်လှိုင်ထံ တိုက်ရိုက် အစီရင်ခံရသော အစည်းအဝေးလည်းဖြစ်သည်။  

ယင်း သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက် အစည်းအဝေး တက်ရောက်သူများစာရင်း၊  အစည်း အဝေး မှတ်တမ်းများအားလုံးကို ရန်ကုန်ခေတ်သစ်က ရရှိထားပြီး စာမျက်နှာ ၄၀ ပါရှိရာ ပြည်ထဲရေးဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန အပါအဝင် စစ်ကောင်စီ၏ ထိပ်တန်း အရာရှိ ၅၅ ဦး တက်ရောက် ခဲ့ကြသည့် အစည်းအဝေးလည်းဖြစ်သည်။


ဆက်ဖတ်ရန် →
 ကြူကြူလှအနေဖြင့် ဇာတ်မြုပ်ခါ သားသမီးများ မွေးခဲ့သည်

ကြူကြူလှအနေဖြင့် ဇာတ်မြုပ်ခါ သားသမီးများ မွေးခဲ့သည်

ဖြစ်ရပ်မှန် ဇတ်လန်းတွေက ထူးခြားနေတာ။
~~~~~~~~~~~~~

၁၉၇၃ခုနှစ် ၊ အောက်တိုဘာလ ၊ ၁၃ ရက်။

အချိန်ကား ည ၇ နာရီ။

"ဆွီတီ မင်းထွက်လာစမ်း။ ထွက်လာခဲ့စမ်းလို့...တောက်"

လသာမြို့၏ စားသောက်ဆိုင်အမည်ခံ ဆောင်ကြာမြိုင် ခေါ် ဘိတစ်ခုရှေ့တွင် လူငယ်တစ်ယောက် ခေါက်တုံ့ခေါက်ပြန်လျောက်၍ ဆွီတီဟူသော အမျိုးသမီးတစ်ဦးအား ခေါ်ထုတ်နေခြင်းဖြစ်သည်။

ခေါ်သာခေါ်နေသော်လည်း အထဲမှ မည်သူတစ်ဦးမှ ပြန်မထူး။

"မင်းမထွက်လာရင် တစ်ဆိုင်လုံး မီးရှို့ပစ်မှာနော်"

ကချင်ကွက်ပုဆိုးနှင့် တီရှပ်အဖြူခပ်နွမ်းနွမ်းကို ဝတ်ထားသော ချာတိတ်သည် ဒေါသစိတ်ကြောင့် တကယ်ပင်လုပ်မည့်အလား ဟန်ပြင်နေသည်။

ထိုအချိန် စားသောက်ဆိုင်၏ ပထမထပ် ဝရံတာ တံခါးလေးပွင့်လာပြီး

"ကိုမင်း ရှင်တော်တော် တရားလွန်နေပြီနော်။ အချိန်လည်း မတော်တော့ဘူး ပြန်လိုက်ပါတော့ရှင်"

ကိုမင်းဆိုသည့် ချာတိတ်က အပေါ်ထပ်ကိုမော့ကြည့်ပြီး

"မင်းဆင်းလာမလား ငါမီးရှို့ရမလား။ မလုပ်ရဲဘူးမထင်နဲ့နော်"

ဆွီတီက ကိုမင်းကို ငုံ့ကြည့်လျက် သက်ပြင်းတစ်ချက် ချလိုက်ပြီး

"လာပါပြီတော် လာပါပြီ"

ကိုမင်း ၅၅၅ (ငါးသုံးလုံး) စီးကရက်တစ်လိပ်ကို ခဲလိုက်ပြီး ဒေါသများနှင့်အတူ ဆေးလိပ်ငွေ့များကို လေထဲသို့ မှုတ်ထုတ်ရင်း စောင့်နေသည်။

ခဏနေ ဆွီတီဆင်းလာသည်။

ဆွီတီ့ကိုမြင်သော် ကိုမင်းက အနားကိုတိုးပြီး တင်းတင်းကြပ်ကြပ် ဖက်လိုက်ကာ ဆွီတီ့၏ ကိုယ်သင်းရနံ့ကို တစ်ဝကြီး ရှုရှိုက်လိုက်သည်။

"လွှတ်ပါရှင် တော်ကြာ မဂျစ်ခမ်းတို့လူတွေ ရောက်လာမှ ရှင်သေနေပါဦး"

''အောင်မယ် သေစမ်းပါစေ။ ဆွီတီ့အတွက်ဆို အသက်ချင်းလဲပြီး ပြန်တိုက်လိုက်မယ်။ လာ...ကိုယ်နဲ့ ခဏလိုက်ခဲ့"

ပြောဆိုပြီး ဆွီတီ့လက်ကို ဆွဲကာ ဂျစ်ကားပေါ်သို့ တင်သွား၏။

ထို့နောက် ကိုမင်းကိုယ်တိုင် ကားကိုမောင်း၍ ကမ်းနားလမ်းဖက်သို့ ထွက်လာ၏။

ကားပေါ်တွင် နှစ်ယောက်သား စကားမပြောဖြစ်ကြ။

ဆွီတီက ကားလမ်းဘက်ကို ကြည့်ကာ နှုတ်ဆိတ်၍ လိုက်ပါလာ၏။

ကမ်းနားလမ်းသို့ရောက်သော် ကားကို အမှောင်ရိပ်ထဲသို့ မီးပိတ်ကာ ထိုးရပ်လိုက်ပြီး။

"ဆွီတီ ကိုယ်ပြောစရာရှိတယ်။"

''အို ဒီအချိန်ကြီး လူကို ခေါ်ထုတ်လာ​ပြီး ပြောစရာမရှိဘူး ဆိုရင်လဲ ဟင်း...."

"မရွဲ့ပါနဲ့ ဆွီတီ ကိုယ်ဒေါသတွေထွက်နေတယ်"

ဆွီတီအသံဆိတ်သွားသည်။

''မင်း ကိုယ်နဲ့ ထပ်မတွေ့နိုင်တော့ဘူးဆိုတာ ဘာသဘောလည်း"

"အို...ဘာသဘောရမှာလဲ မတွေ့ချင်လို့ မတွေ့ချင်ဘူးပြောတာလေ"

"အကြောင်းပြချက်တော့ ပေးကွာ။ ကိုယ်ကျေနပ်ရင် လက်ခံပေးမယ်"

''ထပ်မတွေ့ချင်တာပဲ အကြောင်းပြချက်လိုလို့လားတော်။ ဘာကို ဖြေရှင်းချက်တွေ ထပ်ပေးနေရမှာလည်း"

ကိုမင်း မျက်မှောင်ကျုံ့သွားသည်။

''ကောင်းပြီလေ ကိုယ်မင်းနဲ့ မခွဲနိုင်ဘူး။ ဒါဟာ အမှန်တရားပဲ။ အဲ့တော့ ကိုယ်ဆွီတီ့ကို ပြန်မပို့တော့ဘူး။ ကိုယ်နဲ့တစ်ခါတည်း လိုက်ခဲ့တော့"

''အို...ရှင်မသိဘူးနော်။ ကျွန်မက ကားတင်ပြေးလို့ရတဲ့အထဲမှာ မပါဘူးရှင့်။ ရှင်​သေလိမ့်မယ်နော်။"

''သေစမ်းပါစေကွာ ဘယ်ကောင့်ကို ဂရုစိုက်ရမှာလဲ။ ဘာလဲ မင်းက ကိုယ့်ကိုယ် စိတ်ပူလို့လား"

ဆွီတီ ခေါင်းကို အသာလေးခါလိုက်ပြီး 

"ဒီမှာ ဆွီတီ အကို့ကို ပွင့်ပွင့်လင်းလင်းပြောမယ်။ ဆွီတီ့က ပြည့်တန်ဆာ။ ကိုမင်းက ကျောင်းသား။ နှစ်ယောက်အခြေအနေက မိုးနဲ့မြေလိုပဲ။ ဆွီတီ့ကြောင့် ကိုမင်းအသိုင်းအဝိုင်းထဲမှာ သိက္ခာကျလိမ့်မယ်။"

''ဟာကွာ သိက္ခာတွေဘာတွေဆိုတာ အလကားပါကွာ။ တကယ်အရေးကြီးတာ ချစ်ဖို့ပဲ။"

ဆွီတီသက်ပြင်း တစ်ချက်ချလိုက်သည်။

"ကိုမင်း ဆွီတီတို့ဘဝမှာလေ ချစ်တာတွေ သစ္စာတွေက အရေးမပါတော့ဘူးရှင့်။ အရေးကြီးတာ ငွေပဲ။ ငွေပေးသူတိုင်းနဲ့ ဆွီတီအိပ်တယ်။ အတူအိပ်နေတုန်း ချစ်လား မေးရင် ချစ်တယ်လို့ ဖြေရတာပဲ။ ချစ်တယ်ဆိုတာ ဆွီတီ့ရင်ဘတ်ထဲမှာ မရှိတော့ဘူး။ ချစ်တယ်ဆိုတာ တကယ်တော့ အလုပ်သဘောအရ ပါပဲ။"

"ဒါဆို ကိုယ့်အပေါ်မှာရှိတဲ့ ဆွီတီ့ခံစားချက်ကကော"

ဆွီတီ ဘာမှ ဆက်မဖြေ။ မြစ်ပြင်ကျယ်ကိုသာ ငေးကြည့်နေသည်။

"ဒါဆိုမင်းက ငွေသိပ်မက်တာပေါ့....ဟုတ်လားဆွီတီ.....တောက်!"

ဆွီတီ မြစ်ပြင်ကျယ်ကိုကြည့်ရင်း မျက်ရည်များ စီးကျလာရင်း

"ရှင်ဟာလေ ဘာမှနားမလည်ပါလား ကိုမင်းရယ်။ ဆွီတီတို့က ကိုယ့်ဘဝကိုယ်မပိုင်ဘူးရှင့်။ အခုလို ငွေမက်တယ်ဆိုတာကလည်း ကိုယ့်ဘဝကိုယ် ပြန်ရွေးချင်လို့ရှင့်။ ဒီဘဝက လွတ်မြောက်ဖို့ဆို ခေါင်းစိုးဝင်းဆီက ငါးထောင်နဲ့ ပြန်ရွေးရမှာ။ ထွက်ပဲပြေးပြေး ကိုမင်းပဲခေါ်ခေါ် သူတို့လက်က မလွတ်ဘူးရှင့်။ ဘယ်နေရာရောက်ရောက်လိုက်သတ်လိမ့်မယ်။ မဂျစ်ခမ်းတို့နဲ့လည်း အဆက်အသွယ်ရှိတယ်ရှင့်။"

"ဟုတ်ပြီ ဒါဆိုရင် ကိုယ် ဆွီတီ့ကို ငွေသားငါးထောင်နဲ့ ပြန်ရွေးမယ်ဆိုရင် ဆွီတီကိုယ့်နောက်လိုက်နိုင်မလား။ ကိုယ် ဆွီတီ့ကို တစ်သက်လုံး တင့်တောင့် တင့်တယ် ထားမှာပါ။"

''အို...  အဲ့ဒီ့လောက် ပိုက်ဆံအများကြီး ဘယ်ကရှာမတုန်း ကိုမင်းရဲ့။"

''ကိုယ်ကြံပါ့မယ်။ စိတ်မပူနဲ့ ဆွီတီ ကိုယ်မင်းကို လက်လွှတ်မခံနိုင်ဘူး" 

ဆွီတီ မျက်ရည်များကြားမှ တစ်ချက်ပြုံးလိုက်သည်။

ကိုမင်းက ဆွီတီကို ဖက်လိုက်ပြီး မျက်ရည်များ စီးဆင်းနေသည့် ပါးမို့မို့ကို တစ်ချက်နမ်းရှုံ့လိုက်သည်။

အိုဘဲ့....မွှေးပါဘိ။

ထို့နောက် ဆွီတီ့ကို ဆောင်ကြာမြိုင်သို့ ပြန်လိုက်ပို့သည်။ 

ဆောင်ကြာမြိုင်ရှေ့အရောက်တွင် ဆွီတီက ကားပေါ်ကဆင်းလိုက်ပြီး 

"ဆွီတီသွားတော့မယ်နော် ကိုမင်း"

ပြောပြီးနောက် လှည့်အထွက် ကိုမင်းက ကားပေါ်မှနေ၍

"ဆွီတီ... "

''ရှင့်...ကိုမင်း"

ဆွီတီ သမင်လည်ပြန်လှည့်၍ ဖြေရှာသည်။

ကိုမင်းက မျက်လုံးတွင် ယုံကြည်ချက်အပြည့်ဖြင့် ဆွီ့တီကို ကြည့်လျက်

"ကိုယ့်ကို အလုပ်ရှာပေးပါလား"

"ဒီ.... "

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

ဤသို့ဖြင့် ကိုမင်းသည် ဆွီတီ့အကူအညီဖြင့် ဆောင်ကြာမြိုင်တွင် အလုပ်ရလေ၏။

ချစ်သည့်သူနှင့် နီးနီးနားနား မကွဲမကွာ အတူတူနေရလေ၏။

ဆွီတီ့အတွက် ဝင်ငွေပိုရဖို့ရာ ဆွီတီသည် အပြုအစုကောင်းကြောင်းကိုလည်း စကားဖြန့်ပေး၏။

ဆွီတီလည်းဖောက်သည်ပိုရသလို ကိုမင်းလည်း မုန့်ဖိုးများရ၏။

ဆွီတီဧည့်သည်ဝင်ပါက ရေဆိုလျှင်ရေ အအေးဆိုလျှင်အအေး ဧည့်ဝတ်ကလည်း ကြေသဖြင့် နှစ်နှစ်အတွင်း ခေါင်းလေး ရာထူးရလေ၏။

နှစ်နှစ်အကြာ ပိုက်ဆံစုပြီးသော် ငွေသားသုံးထောင်ခန့်ကို ဆွီတီ့လက်ထဲ ထည့်ပေးခဲ့ကာ မည်သူနှင့်အိပ်အိပ် အိပ်ရေးဝအောင်အိပ်ဟု မှာခဲ့ပြီး DSA ထဲသို့ ဝင်လေ၏။ 

များမကြာမီ ယူနီဖောင်းအပြည့်အစုံနှင့် ဆွီတီ့ကို လာခေါ်ပြီး အိုအောင်မင်းအောင် ပေါင်းသင်းကြ၏။

နောင်အခါ ကိုမင်းသည် မင်းအောင်လှိုင်ဟုဖြစ်လာပြီး အာဏာသိမ်းခေါင်းဆောင် ဖြစ်လာခဲ့သည်။

ဆွီတီသည်လည်း အမည်ရင်း ကြူကြူလှအနေဖြင့် ဇာတ်မြုပ်ခါ သားသမီးများ မွေးခဲ့သည်။

ခေါင်းလေးနှင့် ပြည့်တန်ဆာမှ မွေးထုတ်ပေးခဲ့သော သားသမီးများသည်လည်း မူးယစ်လောကနှင့်ဆက်နွယ်ကာ ထိုင်းတွင် ပိုင်ဆိုင်မှုများ တိုးချဲ့လျက်ရှိလေတော့သည်။ 😁😁

#Crd.z@.


ဆက်ဖတ်ရန် →
 ဘုရင်ရူးမင်းအောင်လှိုင်နဲ့ တပ်မွေးခရိုနီ တွေကပြည်သူကို လုပ်သားအဖြစ်  သတ်မှတ်လိုက်ပြီ

ဘုရင်ရူးမင်းအောင်လှိုင်နဲ့ တပ်မွေးခရိုနီ တွေကပြည်သူကို လုပ်သားအဖြစ် သတ်မှတ်လိုက်ပြီ

သင်ဟာမြန်မာပြည်ထဲမှာရှိနေတယ်ဆိုရင်
အခုအချိန်မှာမိဘပြည်သူ ဘဝ ကနေ
လုပ်သားပြည်သူ ဘဝ ရောက်သွားပြီ
ဆိုတာ သူတို့လော်နဲ့လိုက်အော်နေတာ
နားထောင်လိုက်တာနဲ့ သိမှာပါ
သင်ကသူတို့ရဲ့လုပ်သားလား
နာမ်နှိမ်ပြီးခေါ်တာပါ ရှေးဘုရင်တွေ
အလုပ်အကျွေးပြုသူတွေကို 
ကျွန်အဖြစ်သတ်မှတ်တယ်

ဘုရင်ရူးမင်းအောင်လှိုင်နဲ့ တပ်မွေးခရိုနီ
တွေကပြည်သူကို လုပ်သားအဖြစ် 
သတ်မှတ်လိုက်ပြီ

ရုန်းမထွက်နိုင်ရင် ကျွဲပုခုံး ထဖို့သာပြင်၊



ဆက်ဖတ်ရန် →
"အယူသည်းလှ‌သော မြန်မာ စစ်ဗိုလ်ချုပ်များ"

"အယူသည်းလှ‌သော မြန်မာ စစ်ဗိုလ်ချုပ်များ"

ဒါက နောက်တမျိုး
***************

Forbes မဂ္ဂဇင်းကြီး ၏ စစ်တမ်းအရ ကမ္ဘာတွင် အချက်အလက် မှန်ကန်တိကျစွာ ဖေါ်ထုတ် နိုင်
သည့် ထိတ်တန်း သတင်းစာ ကြီးများထဲတွင် ပဉ္စမ မြောက် နေရာတွင် ရပ်တည်နေသည့် အင်္ဂလန် နိုင်ငံ တွင် ထုတ်ဝေသည့် အီကောနော်မစ် မဂ္ဂဇင်းကြီးမှ "အယူသည်းလှ‌သော မြန်မာ စစ်ဗိုလ်ချုပ်များ" ဟူ၍ သတင်းဆောင်းပါး ပါရှိလာပြန်သည်။

ထိုသတင်းစာကြီးများသည် အချက်အလက် မှန်ကန်မှု ဆိုသည့် ဂုဏ်သိက္ခာကို အရင်းပြု ရပ်တည်နေရ၍ ‌လက်လွတ်စပယ် ရေးသားခွင့် မရှိပေ၊ ထို့အတွက်လည်း ထိုသတင်းစာကြီးများ၏ အာဘော်ကို ကမ္ဘာခေါင်းဆောင်များက တလေးတစား လေ့လာ ဖတ်ရှုနေကြခြင်းသည်လည်း ဆန်းကြယ်သည့် ကိစ္စတော့ မဟုတ်ပေ။

ကြုံကြိုက်၍ ဗဟုသုတ အနေဖြင့် တင်ပြရမည် ဆိုလျှင် နံပတ်တစ် နေရာတွင် နယူးယောက်တိုင်းမ်၊ နံပါတ် နှစ် အဖြစ် ဝေါစထရိ ဂျာနယ်၊ နံပတ် သုံး ဝါရှင်တန် ပို့စ်၊ နံပတ် လေး ဘီဘီစီ တို့ ဖြစ်သည်။

နံပတ် ငါး ဖြစ်သည့် ယခု အပတ်ထုတ် အီကောနော်မစ် တွင် ပါရှိလာသည့် "Myanmar's generals are deeply superstitious" ဆောင်းပါးတွင် ယခုလို ဖေါ်ပြထားပြန်သည်။

ထီးလိုမင်းလို စေတီ သည် မြန်မာတွင် ရာစု နှစ်ပေါင်းများစွာကတည်းက မင်းလောင်းများ မဖြစ်မနေ ဦးခိုက်ရသည့် ဘုရားတဆူလည်း ဖြစ်သည်။ ယခုလည်း မြန်မာဒီမိုကရေစီ နေဝင်လုဆဲဆဲ အချိန် ၂၀၂၀ တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုဘုရားကြီးတွင် ထီးတော်တင်ပွဲ ပြုလုပ်လာခဲ့သည်။ ထီးတော်ဆိုသည်က မြန်မာဘုရင်တို့၏ တန်ခိုးအာဏာ ကို ကိုယ်စားပြုသည့် သင်္ကေတ တခုလည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးသည် ဘုရားအား အမွှေးနံ့သာရည် များ ဆွတ်ထားသော  ငွေစက္ကူများ နှင့် တောက်၍ ပက်ဖျန်းခဲ့ပြန်သည်။

နောက်တနှစ် အကြာတွင် သူသည် တိုင်းပြည်အာဏာကို သိမ်းယူလိုက်ပြီ ဖြစ်သည်။

ယင်းနှင့် အတူ မင်းအောင်လှိုင်သည် ၁၉၆၂ မှ ၂၀၁၅ အထိ တိုင်းပြည်အာဏာကို ဆုပ်ကိုင်ထားသော စစ်တပ် လက်အောက်သို့ ပြန်လည် သွတ်သွင်းခဲ့သည်။ ယခင် စစ်အာဏာရှင် များ ကဲ့သို့ပင် mumbo-jumbo ဆိုသည့် ဘာမှန်း ညာမှန်း မကွဲပြားသည့် စကားများ၊ အပြုအမူ များ ကို အမြင့်ဆုံး အထိ ဆွဲတင်လာခဲ့ပြန်သည်။

သို့သော် နိုင်ငံတွင်း ဖြစ်ပွားနေ‌သော ပြည်တွင်းစစ်ကြီး အဆုံးသတ်ရေး အတွက်တော့ ရလဒ် ကောင်းများ ထွက်ပေါ်မလာခဲ့ပေ။ သို့သော်လည်း ၎င်းတို့အဖို့က လူထု၏ ထင်မြင် ယူဆချက်၊ အာဏာသည် လူထု ထံမှ ဆင်းသက်ရမည် ဆိုသည်ထက် အထက်ဘုံ လောကသားတို့ ထံမှ ဆင်းသက်ကျဆင်းလာမည့် အာဏာ သည်သာ တရားဝင် သည်ဟု ယူဆနေကြသည့် အတွက် ပို၍ အရေးပါသည်ဟု မှတ်ယူနေကြသူများ ဖြစ်သည်။

နိုင်ငံတွင် ဗေဒင် ကိန်းခန်းများ အပေါ် ယုံကြည်သက်ဝင်မှုသည်လည်း ရေပန်းစားလျှက် ရှိသည်။ လူဦးရေ ၅၅ သန်း ရှိသည့် အနက် အများစုသည် 
ဂြိုလ်နက္ခတ် လားရာ အရ "ယတြာ" ခြေလေ့ ရှိကြပြန်သည်။

တိုင်းပြည် ၏ လွတ်လပ်ရေး ကိုပင် ဝေဒ ဆရာကြီးများ၏ ညွှန်ပြသည့် အတိုင်း နမိတ်ကောင်း တရပ် အဖြစ် နေ့ရက် အချိန်နာရီကို တွက်ချက်စေကာ ဇန်နဝါရီ ၄ ရက်  နံနက် လေးနာရီ မိနစ် နှစ်ဆယ် တွင် လက်ခံရယူခဲ့သည်။

လက်ရှိ စစ်ဗိုလ်ချုပ်များကတော့ ထူးထူးခြားခြား အယူသည်းကြသူများဟု ဆိုရမည် ဖြစ်သည်။ ယခင် စစ်အာဏာရှင် သန်းရွှေသည် မြို့တော်ကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည့် အကြောင်းရင်းများထဲတွင် နက္ခတ် ဗေဒင် ဆရာများ၏ ညွှန်ပြချက် သည် တစိတ်တပိုင်း အားဖြင့် ပါဝင်ခဲ့သည်။ နေပြည်တော် ဆိုသည့် မြို့တော်ကြီးအား တောထဲ တောင်ထဲတွင် မြေကွက်ဖေါ်ပြီး စတင် ဆောက်လုပ်ခဲ့ကြသည်။ (နောက်ပိုင်း သုံးနှစ်အကြာ ရန်ကုန်သို့ကြောက်မက်ဖွယ်ရာ ဆိုင်ကလုံး မုန်တိုင်းကြီး ဝင်ရောက် မွှေနှောက် ခံခဲ့ရမှုကြောင့် နတ်ဘုရား တို့ လမ်းညွှန်ပြမှုသည် မှန်ကန်သည်ဟု သက်သေထူပေးသလို ဖြစ်သွားခဲ့ပြန်သည်။)

ထိုအချိန်က တနိုင်ငံလုံးတွင် နေကြာ မစိုက်မနေရ လှုပ်ရှားမှုကြီး ထွက်ပေါ်လာနေချိန်လည်း ဖြစ်သည်။ သန်းရွှေ၏ ဟူရား ဆရာသမားများက "အနေကြာအောင်" ဆိုသည့် မြန်မာ စကား အသံထွက်နှင့် ကိုက်ညီသည့် နေကြာပန်းကို စိုက်ခိုင်းခြင်း ဖြစ်သည်ဟု ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

သန်းရွှေ၏ ကံကောင်းသော ဂဏန်းသည် ၁၁ ဖြစ်သည်။ ထို့အတွက် နိုင်ငံရေး အကျဉ်းသား များကို ထောင်ဒဏ်ချမှတ်ရာတွင် ပေါင်းခြင်း ၁၁ ရသည့် ၆၅ နှစ်၊ ကျေညာချက်များအားလည်း ပေါင်းခြင်း ၁၁ ရသည့် နေ့ ရက်၊ အချိန်နာရီများတွင်သာ ထုတ်ပြန်လေ့ရှိသည်။

မင်းအောင်လှိုင်ကမူ သူ၏ အာဏာတည်မြဲ‌ ရေး အတွက် အယူသည်းမှုက ပို၍ ရက်စက်ကြမ်းကြုပ်လှသည်ဟု ဆိုရမည် ဖြစ်သည်၊ စစ်တပ်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသူ အများစုသည် ‌ဦးခေါင်းတွင် ထိမှန် ခဲ့ကြသည့် အဖြစ်ကြောင့် မင်းအောင်လှိုင်သည် ၎င်းကိုးကွယ်နေသော ဆရာသမားများ၏ အကြံပေးသည် ဗျုဟာ အတိုင်း အမိန့်ပေးခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

စစ်အာဏာသိမ်း အဖွဲ့သည် နေကြာပန်း ထွက်ရှိရေး အတွက် ဟာကွက် မရှိ‌ အောင် အသေးစိတ် စီမံခန့်ခွဲလာခဲ့ကြသည်။ သို့သော် လူထု အစိုးရ လက်ထက်တွင် အထွက်နှုန်း ကျဆင်းလာခဲ့သည်။

ယခုနှစ်တွင် မူ ၂၀၂၁ အထိ ဧက ‌၆ သိန်း ရှိခဲ့သည့် နေကြာ စိုက်ခင်းများအား ဧက တသန်းခွဲအထိ တိုးမြှင့်ရန် စီစဉ်လာကြသည်။ စားအုံးဆီ တင်သွင်းမှု ကို လျော့ချနိုင်ရန် နေကြာဆီ ဖြင့် အစားထိုးနိုင်ရေး အတွက်လည်း ဖြစ်သည်။ သို့သော် ထိုသို့ အစားထိုး နိုင်သည့်  မြေပဲ၊ နှမ်း ကဲ့သို့သော သီးနှံများ အတွက်ကိုမူ ရည်မှန်းချက် တစုံတရာ ထား ရှိသည်ကို မ‌တွေ့ရဟု မြန်မာ အရာရှိတဦးက ပြောပြခဲ့သည်။

တဖက်တွင် စစ်အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင် တွန်းလှန်နေသူများဖက်ကလည်း အလားတူ အယူသည်းမှု များ နှင့် ချေဖျက်လာကြသည်။

အာဏာသိမ်းပြီးစ တွင် အဓိကရုဏ်း နှိမ်နှင်းရေး တပ်ဖွဲ့ဝင်များ လှည့်လည်သွားလာနေသည့် နေရာများ တွင် အမျိုးသမီး ထမိန်တန်းများ ဆွဲထားခဲ့ကြသည်။ ထိုထမိန်တန်းအောက်မှ ဖြတ်လျှောက်မိသူ အမျိုးသားများ အတွက် ဘုန်းနိမ့်သည် ဆိုသော အယူ ရှိ၍လည်း ဖြစ်သည်။

အွန်လိုင်း မှ ဆန့်ကျင်တွန်းလှန်နေကြသူများ က ကျေးရွာများတွင် နေကြာပန်းများ မစိုက်မနေရ အမိန့်ထုတ်ပြန်လာမှု အပေါ် ကြာကြာမနေရဖူး စကား နှင့် ထပ်တူကျသည့် "ကြာဖူး" ပုံများကို ဆိုရှယ် မီဒီယာ များ ပေါ်တွင် တင်လာခဲ့ကြသည် ဟု မဂ္ဂဇင်း တွင် ရေးသားခဲ့သည်။

ထပ်မံရရှိသော သတင်းတပုဒ် အရ စစ်အာဏာသိမ်း အဖွဲ့ မှ ၎င်းတို့ ပြည်တွင်းရေး တွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် နှင့် ၎င်းတို့မှ အကြမ်းဖက် အဖွဲ့အစည်းဟု သမုတ်နေသော အမျိုးသား ညီညွတ်ရေး အဖွဲ့ နှင့် မဆက်သွယ်ရန် သတိပေးချက် ထုတ်ပြန်လာခဲ့သည်၊ ဤသည်ကပင် အာဆီယံ ၏ မူ ငါးချက် ကို လိုက်နာမည် မဟုတ်ဟု သွယ်ဝိုက် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ‌ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင်တန်နယ်ကိုပင် လွတ်ငြိမ်းခွင့် ပယ်ဖျက်သည်ဟုပင် ပြောလာသော လူများ ၏ ခေါင်းမှ ထွက်လာသော စကားများကို မည်သူက အလေးအနက်ထား စဉ်းစာကြပေဦးမည်နည်း။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ





ဆက်ဖတ်ရန် →
 ပရာရွတ်အနေနဲ့ မအလကို ဘယ်အဆင့်မှာထား မှာလဲ

ပရာရွတ်အနေနဲ့ မအလကို ဘယ်အဆင့်မှာထား မှာလဲ

ကမ္ဘာစာမျက်နှာတွေမှာပါလာပြီ
ရေမီးရှားက Like  & share
ကလဲနည်းလိုက်တာ

ဒီဖေါ်ထုတ်ချက်က မအလ
အရှိုက်တဲ့တဲ့ထိတာ
အပြောင်းအလဲတခုတောင်
ဖြစ်လာနိုင်တယ်

ဒီသတင်းကြီးရဖို့ ခိုင်လုံတဲ့
နေရာကပေးမှတင်ရဲတာ
အခုလောက်ဆို ထိုင်းရဲအကြီးအကဲ
တွေ သတင်းဘယ်ကထွကိလဲ
စုံစမ်းနေရလောက်ပြီ

ပရာရွတ် နဲ့ မအလကြား
အနေအထားတခုဖြစ်သွားပြီ
ထိုင်းနိုင်ငံမှာမာဖီယားတွေ
ပုံစံမျိူးစုံ လူမျိူးစုံရှိတယ်
နိုင်ငံတခုခေါင်းဆောင် မိသားစု
ကသူ့နိုင်ငံထဲမှာ မာဖီးယားလာ
လုပ်တာဒါထိုင်းသမိုင်းမှာ
ပထမဆုံးမှတ်တမ်းတခု
ဖြစ်လာသလို ပရာရွတ်အနေနဲ့
မအလကို ဘယ်အဆင့်မှာထား
မှာလဲ 
မာဖီးယားလား?
ဝန်ကြီးချူပ်လား?

သိချင်လိုက်တာ



ဆက်ဖတ်ရန် →
Rဇာနည်ပုံကို တင်ခဲ့တဲ့ Tee Tee အကောင့်ပိုင်ရှင်

Rဇာနည်ပုံကို တင်ခဲ့တဲ့ Tee Tee အကောင့်ပိုင်ရှင်


ကာယကံရှင်ဆန္ဒမပါပဲ အလုပ်ခွင်ကပုံ
တင်ဖို့မပြောနဲ့ရိုက်ခွင့်တောင်မရှိဖူး
တရားစွဲလို့ရတယ် အဲ့မြို့ကလူတွေ
သိကြတာပဲ ရိုက်ခွင့်မရှိလို့မရိုက်
သလို သူ့ကို ချစ်လို့မရိုက်ကြတာ
Tee Teeကိုဝိုင်းသမနေကြလို့
Rဇာနည်ကတောင်ပြန်အားနာပေး
နေရတယ်
တင်တဲ့သူအပြောခံရလို့စိတ်တောင်
မကောင်းဖြစ်ပေးနေသေးတယ်

အခုအကောင့်ဒီိသွားပါပြီ





စိတ်ထားပြည့်ဝတဲ့ ပြည်သူချစ်တဲ့Rဇာနည်ပါ
နာမည်ကြီးအဆိုတော်တယောက် အောင်မြင်
နေတဲ့ကယ်ရီယာနဲ့ မိသားစု ရဲ့အဝေးမှာ
တိုင်းပြည်အတွက် ပြည်သူအတွက်
စံပြနိုင်ငံသားအဖြစ် စွန့်လွှတ်အနစ်နာခံ
ပေးနေတာ ကိုပဲ ဂုဏ်ယူနေကြရတာပါ
အရေးတော်ပုံအောင်ပြီးရင်
နိုင်ယာဂရာရေတံခွန်ကြီးဆီထပ်သွားကြမယ်

I miss you guys. 













ဆက်ဖတ်ရန် →
အာဆီယံ ဘုံသဘောတူညီချက် များကို  စစ်တပ်က အကောင် အထည် မဖော်မှု  အင်ဒို နိုင်ငံခြားရေးဝ စိတ်ပျက်

အာဆီယံ ဘုံသဘောတူညီချက် များကို စစ်တပ်က အကောင် အထည် မဖော်မှု အင်ဒို နိုင်ငံခြားရေးဝ စိတ်ပျက်

အာဆီယံ ဘုံသဘောတူညီချက် များကို  စစ်တပ်က အကောင် အထည် မဖော်မှု စိတ်ပျက်ရပြီး မြန်မာ့ရေး အားလုံးနှင့် ထိတွေ့ဆက်ဆံမည်ဟု အာဆီယံဥက္ကဋ္ဌ အင်ဒို နိုင်ငံခြားရေးဝန်ကြီးပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ခေတ်သစ်

မြန်မာ့ အကျပ်အတည်းကို အာဆီယံအတွက် ဓားစာခံအဖြစ် လက်ခံမည် မဟုတ်ဘဲ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံ အဖြေရှာမည်ဟု အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နိုင်ငံခြားရေးဝန်ကြီး Retno L.P. Marsudiက ပြောဆိုလိုက်သည်။ 

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ 

ဇန်နဝါရီ ၁၁ ရက် နိုင်ငံခြားရေး ဝန်ကြီး Retno L.P. Marsudiက အင်ဒိုနီးရှားအနေဖြင့် အာဆီယံ ဥက္ကဋ္ဌသစ် အဖြစ် တာဝန်ယူချိန်တွင်  ဒေသတွင်း စည်းလုံးညီညွတ်မှု တိုးမြှင့်ရေး အတွက် မြန်မာ့အကျပ်အတည်းက ဓားစာခံအဖြစ် အနှောင့်အယှက် ဖြစ်နေမှုကို ခွင့်ပြုမည်မဟုတ်ဟု ပြောဆိုသွားသည်။ 

ယခုနှစ်အတွက် အင်ဒိုနီးရှား၏ နိုင်ငံခြားရေးမူဝါဒကို အလေးပေးဖော်ပြသည့် အခမ်းအနားတွင် Retno က အင်ဒိုနီးရှားသည် ၎င်း၏ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ဒေသတွင်း အစုအဖွဲ့၏ အသိုက် အဝန်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အာရုံစိုက်ထားကြောင်း၊ မြန်မာ့ပြဿနာကြောင့် အာဆီယံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဓားစာခံ  အဖြစ်ခံမည်မဟုတ်ကြောင်း ပြောဆိုသည်။ 

 အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်များကို ဖော်ဆောင်ရန် ပျက်ကွက်မှုအပေါ် စိတ်ပျက်မိကြောင်း Retno က ပြောကြားသည်။ 

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဘုံသဘောတူညီချက် ငါးချက် သဘောတူညီမှုအပြင် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများကို အခြေခံ၍ မြန်မာ့အရေး  အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းကတိပြုသည်။ 

“အင်ဒိုနီးရှားအနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံရပါလိမ့်မယ်။ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမှုမှသာလျှင် အမျိုးသားအဆင့် ဆွေးနွေးပွဲများ ဖန်တီးရာတွင် လွယ်ကူချောမွေ့စေရေး သဘောတူညီချက်၏ လုပ်ပိုင်ခွင့်များ ပြည့်စုံနိုင်မယ်" ဟု  Retno က ပြောဆိုသည်။ 

၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ အသစ်အဖြစ် အင်ဒိုနီးရှားနိုင်ငံအစိုးရက စတင် တာဝန်ယူနေပြီဖြစ်ကြောင်း သိရှိရသည်။


ဆက်ဖတ်ရန် →
နောက်ပြန်ဆွဲထားတဲ့စိတ်အမျိူးအစားအကြောင်း

နောက်ပြန်ဆွဲထားတဲ့စိတ်အမျိူးအစားအကြောင်း

ဆောင်းပါးမရေးရတာကြာလို့

Mind Set
လူ့စိတ်အကြောင်းပါ

နောက်ပြန်ဆွဲထားတဲ့စိတ်အမျိူးအစားအကြောင်းပါ
အမှန်ကိုသိနေတယ် လက်ခံဖို့ကိုတင်းထားတာ

ဖက်ဒရယ်ဒီမိုကရေစီစနစ်ဟာ အရမ်းအောင်မြင်
တယ်ဆိုကိုသိတယ် လက်မခံချင်တာ
စစ်ဘုရင်ဘဝကိုပဲနောက်ပြန်ဆွဲချင်နေတာ
ပြည်သူကိုဘုရင်နဲ့ခရိုနီကခိုင်းစားတဲ့စနစ်
ကိုပဲဖက်ကိုင်ထားချင်တာ

မျိူးဆက်ကိုပါပေးဖို့ကြိုးစားတာ
၂၀၂၃မှာ ၁၆နှစ်အရွယ်ရောက်လူငယ်
တွေစိတ်ထဲမှာ စစ်ဘုရင်စနစ်ကိုလက်ခံသူ
ရှိနိုင်ပါ့မလား စာတွေဖတ်ထားတာပဲ
အဲ့ဒါကြောင့် GZ ဆိုတာပေါ်လာတာ

အဲဒီတော့သူတိုဖက်ကဝါဒတရပ်သုံးစရာ
တခုပဲကျန်တော့တယ် ဗုဒ္ဓဘာသာကိုးကွယ်သူ
ဗမာတွေပဲ၊ အမျိူး ဘာသာ သာသနာ ဆိုတဲ့
အရာနဲ့ချည်နှောင်ဖို့လုပ်တယ်

အမျိူး
———
ဗမာကလွဲလို့ကျန်တဲ့အမျိူးတွေကဘင်္ဂလားပင်
လယ်အော်ထဲခုန်ချပေးရမှာလား
တနိုင်ငံလုံးလို့မပြောနဲ့ မဘသထဲမှာကျန်တဲ့ဘာ
သာဝင်တွေမပါဖူး ကချင်တို့ချင်းတို့မပါဖူး
ကရင် မွန်နဲ့ရခိုင်ကိုတော့နဲနဲစည်းရုံးလို့ရမယ်
ဘာသာတူတာရှိလို့

ဘာသာ
————
ဒီထက်ဆိုးလာရင် တရုတ်ပြည်မှာလို အခြားဘာ
သာကိုးကွယ်တဲ့တရုတ်လူမျိူးစုတခုကိုသန်းနဲ့
ချီပြီးဖမ်းထားသလိုတောင်လုပ်လာနိုင်တယ်

သာသနာ
————
ဒီစကားရပ်က ဘာသာထဲမှာပါပြီးသား
ထပ်ကွန့်တာ လူတွေကိုသာသနာကြီးနဲ့ပါ
ပေါက်လိုက်တာ ဝေဝါးအောင် လုပ်တာ 

တဖက်မှာ ဖက်ဒရာယ်ဒီမိုကရေစီကို
၁၆နှစ်သားကလက်ခံပြီးသား
ဖက်ဒရယ်ဒီမိုကရေစီကျင့်စဉ်မှာအမျိူးနဲ့
ဘာသာမပါဖူး

မြို့တမြို့တိုးတက်အောင် မြို့တော်ဝန်နဲ့
ကောင်စီဝင်တွေကိုလုပ်ပိုင်ခွင့်ပေးတယ်
အမျိူးနဲ့ဘာသာပါလား

Statesတွေကိုလုပ်ပိုင်ခွင့်ပေးတယ်
တိုင်းနဲ့ပြည်နယ်ဆိုတဲ့စကားရပ်က
Stateနဲ့မတူတာတော့သေချာတယ်
Territory အသုံးအနုန်းနဲ့ပဲတူတယ်

ကနေဒါမှာ Territory ၃ခုရှိတယ် 
ဌာနေတိုင်းရင်းသားတွေနေတာ

ကချင်ကသူတို့ပြည်နယ်ကိုကချင်ပြည်
လုပ်တော့အရေအတွက်များတဲ့ဗမာက
တိုင်းတွေအကုန်ငါ့ဟာထလုပ်ရော
ဖက်ဒရာယ်ဒီမိုကရေစီမှာ အဲ့အစွဲမပါပြန်ဖူး
State government ကအမြတ်အစွန်းရရင်
ဒီstateထဲမှာနေတဲ့လူမျိူးတိုင်းကိုဝေမျှပေး
ရတယ် 

တိုင်းနဲ့ပြည်နယ်ဆိုတဲ့အသုံးအနုန်းကို
ဖက်ဒရာယ်ဒီမိုကရေစီစနစ်မှာတွဲမသုံး
သင့်ဖူး

ဒီစနစ်ကအောင်မြင်တော့ ထိုင်းမှာဆို 
ဘာသာရေးအရမ်းလုပ်ပေမယ့်ဒီစနစ်
ကအောင်မြင်မယ်မှန်းသိလို့ ဘုရင်စနစ်
ကိုဟန်ပြလောက်ပဲနေလိုက်ပြီး အဲ့စနစ်
နဲ့ပေးသွားလိုက်တယ် အမှန်ကိုလက်ခံ
လိုက်တာ

မြန်မာပြည်မှာလဲ
လူမျိူးစွဲ ဘာသာစွဲတွေ့လျော့ပြီး
အမှန်ကိုမြင်ပေးသင့်ပါပြီ
တင်းမထားပါနဲ့တော့

အချိန်တန်ရင်သေသွားမှာပါ
မဟုတ်တာကြီးကိုဖက်တွယ်ထားတာ
မျိူးဆက်ကိူ That နေတာ
မျိူးဆက်ကိုငြိမ်းအေးတဲ့စနစ်တခုအောက်
နေထိုင်ခွင့်ပေးလိုက်ကြပါတော့

သူတို့က That  ချင်ရင် That
ဘုရင်ခရိုနီစနစ်ဟာမကောင်းဖူး
ဖက်ဒရယ်ဒီမိုကရေစီကပဲကောင်းတယ်
လို့ ခံယူထားသူတွေ ဂိမ်းဆော့လက်တွေ
PDFဘဝ ခံယူလိုက်တယ် သူတို့ကလဲသူတို့
ယုံတဲ့စနစ်အတွက် ပြန်ရင်ဆိုင်တာ
တိုက်ယူဖို့ဆုံးဖြတ်လိုက်တာ

အစောကြီးထဲကထိုင်းဘုရင်လို အမှန်ကိုလက်ခံပြီး
ဝန်ကြီးချူပ်ကိုအုပ်ချူပ်ခွင့်ပေးလိုက်သလိုမျိူး
အရပ်သားအစိုးရကိုအုပ်ချူပ်ခွင့်ပေးသင့်တာ
လက်ခံပေးရမှာ 
ကောင်းမှန်းသိပေမယ့် လက်မခံပဲနောက်ပြန်ဆွဲ
နေလို့ 
နောက်ပြန်စွဲ Mind set ကိုစွန့်လွှတ်ပေးမှသာ
သာယာတဲ့တိုင်းပြည်ကိုထူထောင်နိုင်ပါလိမ့်
မည်။

ရဲဘော်

ငါတို့သေသွားလဲဆက်တိုက်ကြပါ။

ရဲရင့်ငယ် ကနေဒါ


ဆက်ဖတ်ရန် →
“ကြံ့ခိုင်ရေးပါတီနဲ့ တွေ့ဖို့လိုပြောတာတော့မဟုတ်ဘူး

“ကြံ့ခိုင်ရေးပါတီနဲ့ တွေ့ဖို့လိုပြောတာတော့မဟုတ်ဘူး

ပါတီနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကြံ့ခိုင်ရေးပါတီက ကူညီရေးအဖွဲ့တွေကို တွေ့ဆုံ တိုက်တွန်း ဘီဘီစီ

တွေ့ဆုံဖို့ ကြိုတင်ဖိတ်ကြားတာမျိုးမရှိခဲ့ဘူးလို့ဆို

“ကြံ့ခိုင်ရေးပါတီနဲ့ တွေ့ဖို့လိုပြောတာတော့မဟုတ်ဘူးဗျ။ သုံးရာသီဖောင်ဒေးရှင်းဖွဲ့ဖို့သွားတာပေါ့၊ ဟိုရောက်တော့ ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ်ကိုတွေ့လိုက်ရတာပေါ့။ နောက်သိလိုက်ရတာ ဦးခင်ရီလာမယ်။ ဒီလိုပရဟိတအဖွဲ့တွေနဲ့တွေ့မယ်လို့သိလိုက်ရတယ်။ ကျွန်တော်တို့ကဝင်ပြီးသွားတော့ သူတို့ပြောတာကို နားထောင်ပေးတယ်။ ပါတီနဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ပြောတယ်။ ကျွန်တော်တို့ကတော့ ပူးပေါင်းမယ် မပူး ပေါင်းဘူဘာမှတော့မပြောခဲ့ဘူး” လို့ တွေ့ဆုံပွဲကို ရောက်ခဲ့သူ တစ်ဦးကဘီဘီစီကိုပြောပြပါတယ်။

ပြည်ခိုင်ဖြိုးပါတီဘက်ကတော့ ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဉီးမျိုးဇော်သိန်း၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနဲ့ ပါတီတာဝန်ရှိသူတွေက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုအကူအညီပေးရေး အသင်းအဖွဲ့(၂၉)ဖွဲ့မှ စုစုပေါင်း (၂၃၅)ဦးနဲ့ ဇန်နဝါရီ ၇ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ -  USDP




ဆက်ဖတ်ရန် →

မန္တလေးဓူဝံဆေးရုံပိုင်ရှင်ကိုစစ်တပ်ဖမ်းဆီး



10 Jan 2023 by MPA

မန္တလေးမြို့၊ ၇၃လမ်း ၇၄လမ်းကြား၂၈လမ်းပေါ်က ဓူဝံဆေးရုံပိုင်ရှင်ကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် ဖမ်းဆီးသွားကြောင်းကျန်းမာရေးအသိုင်းအဝိုင်းထံက သိရသည်။

 ဇန်နဝါရီ ၁၀ရက်နေ့ညနေ ၅နာရီဝန်းကျင်က ဖမ်းဆီးသွားခြင်းဖြစ်ပြီးဘာကြောင့်ဖမ်းဆီးသွားသလဲဆိုသည်ကိုမူမသိရသေးပေ။ 

မန္တလေးမြို့ပေါ်က ဆေးရုံများမှာ CDM ကျန်းမာရေးဝန်ထမ်းတွေခန့်ထားမှုရှိ၊မရှိ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လိုက်လံစစ်ဆေးခဲ့ကြောင်း မန္တလေးကျန်းမာရေးအသိုင်းအဝိုင်းကသိရသည်။ 

"တစ်ရုံပြီးတရုံလိုက်စစ်နေတာ၊အလုပ်လည်းကောင်းကောင်းမလုပ်ရဘူး"ဟု ပုဂ္ဂလိကဆေးရုံတစ်ရုံက ကျန်းမာရေးဝန်ထမ်းတစ်ဦးကဆိုသည်။ 

မန္တလေးမြို့မဟာအောင်မြေမြို့နယ် လမ်း ၆၀၊ ၃၅လမ်းနဲ့ ၃၆လမ်းကြားကကြယ်စင်လင်းဆေးရုံကိုလည်း စစ်ကောင်စီတပ်က ယနေ့ နေ့ခင်းပိုင်းတွင် CDMကျန်းမာရေး ဝန်ထမ်းရှိမရှိဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

ဓူဝံဆေးရုံသည်  အထူးကုဆေးခန်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုစင်တာဖြစ်ပြီး စင်တာခွဲ သုံးခုရှိကာ ဝန်ထမ်း ငါးဆယ်နှင့် အထက်ရှိသည့်ဆေးရုံဖြစ်သည်။

မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံငါးရုံဖြစ်သည့်  စိန်ပန်းဆေးရုံ၊ နန်းတော်ဆေးရုံ၊မြို့တော်ဆေးရုံ၊ကံကော်ဆေးရုံနှင့် ထက်နေလင်းဆေးရုံတို့ကို CDM ကျန်းမာရေးဝန်ထမ်းခန့်ထးသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဒီဇင်ဘာ၃၁ရက်နေ့မှစတင်ကာ  ပိတ်သိမ်းခဲ့သည်။
ဆက်ဖတ်ရန် →
ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီအား ပစ်ခတ်ရှင်းလင်း

ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီအား ပစ်ခတ်ရှင်းလင်း



ရဲခေါင်/People's Spring

CDM ပြုလုပ်သူများနှင့် တော်လှန်ရေးရဲဘော်များအား အဓိကဒုက္ခပေးနေသည့် ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ -YGFမှတာဝန်ရှိသူ ဗိုလ်ကျန်ရစ်က ပြောသည်။

ယနေ့(ဇန်နဝါရီ ၉ ရက်) နံနက် ၆နာရီခွဲခန့်က လမိုင်းမြို့ လက်ဝှေ့ရုံအနီး၌ ဗိုလ်ကြီးညီညီအားရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

"ထောက်လှမ်းရေးဗိုလ်ကြီးရဲ့ ဦးခေါင်းကနေ ကျည်ပေါက်ပြီး ပြည်သူအမျိုးသမီးတစ်ဦး ထိခိုက်ခဲ့တဲ့အတွက်များစွာစိတ် မကောင်းဖြစ်ရပါတယ်။အနူးအညွှတ်လဲ တောင်းပန်ပါတယ်ဗျာ။လိုအပ်သည့် ကိစ္စများအားလုံးကိုလည်း ကျွန်တော်အပြည့်အဝ တာဝန်ယူဖြေရှင်းပေးပါမယ်"ဟု ဗိုလ်ကျန်ရစ်က အသိပေးသည်။

(YGFက ရှင်းလင်းခဲ့သည့် ဗိုလ်ကြီးညီညီအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဗိုလ်ကျန်ရစ်)



/
ဆက်ဖတ်ရန် →

ဒီပဲယင်းမှာ တလတည်း ရွာပေါင်း ၃၀ မီးရှို့ခံရလို့ ပြည်သူ ၃သောင်းအိုးအိမ်မဲ့ ( ရုပ်/သံ)



မြေလတ်အသံ၊ ဇန်နဝါရီ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁လတည်းမှာ ကျေးရွာပေါင်း ၃၀ကို မီးရှို့ဖျက်စီးခဲ့တာကြောင့် လူနေအိမ် ၃ထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

ဒီဇင်ဘာလ ၁ရက်ကနေ ၁၀ရက်အထိ ကျေးရွာပေါင်း ၁၉ရွာကို မီးရှို့ခဲ့ပြီး ဒီဇင်ဘာ ၂၂ရက်ကနေ ၃၀ အထိ နောက်ထပ် ကျေးရွာ ၁၁ခုကို မီးရှို့ခဲ့တာကြောင့် တလအတွင်း ဒီပဲယင်းနယ်ထဲက ရွာပေါင်း ၃၀ ကို စစ်ကောင်စီတပ်သားတွေမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီကျေးရွာ ၃၀ စလုံးကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ  ရေဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်ဘက် လာတဲ့ ခမရ ၃၆၄နဲ့ ခလရ ၇၀၁တပ်ရင်းတွေကဖြစ်ကာ အင်အား ၁၀၀ ဝန်းကျင်ပါတယ်လို့ ဆိုပါတယ်။

အိမ်တွေမီးရှို့ခံလိုက်ရလို့ လူဦးရေ ၃သောင်းကျော် နေရပ်စွန့်ခွာထွက် ပြေးနေခဲ့ကြရပြီး အဲဒီထဲမှာ လူဦးရေ ၁၂၀၀၀ ကျော် အိုးမဲ့၊အိမ်မဲ့ဖြစ်သွားခဲ့ရပါတယ်။

အဲ့ဒီရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေကို ဒီပဲယင်းညီနောင်များအဖွဲ့က အိမ်ထောင်စု တခုကို ဆန် ၂ပြည်နဲ့ ငွေကျပ် တသောင်းစီ ထောက်ပံ့ပေးနေတာ ၁၆ ရွာအထိ ထောက်ပံ့ပေးထားနိုင်ပြီး ကျန်ရွာတွေကို ထောက်ပံ့နိုင်ဖို့ ပြည်တွင်း ပြည်ပ အလှူရှင်တွေလိုအပ်နေဆဲဖြစ်ပါတယ်။

သတင်း- အောင်စိုး၊ တည်းဖြတ်- ငြိမ်းဇော်
#မြေလတ်အသံ
ဆက်ဖတ်ရန် →

ပုသိမ်အကျဉ်းထောင် အဓိကရုဏ်းနှိမ်နင်းမှုအပေါ် လှုပ်ရှားသူတွေတုံ့ပြန်

VOA
ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်က နိုင်ငံရေးသမားတချို့ နှိပ်စက်၊ ညှင်းပန်းခံရပြီးနောက် သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ကိစ္စကို ကုလအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းလေ့လာခဲ့သူတချို့ကတော့  ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှု ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ပုသိမ်အကျဉ်းထောင် အကြမ်းဖက်မှုဖြစ်စဉ်ကို နိုင်ငံတကာအဆင့် အဖွဲ့ အစည်းတွေဆီပေးပို့သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ ၅ ရက်နဲ့ ၆ ရက်မှာဖြစ်ပွားခဲ့တဲ့ ဒီအကြမ်းဖက်မှုဖြစ်စဉ်မှာ အကျဉ်းသားတယောက် သေဆုံးပြီး နောက်ထပ်၇၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။

မြန်အောင်မြို့က နိုင်ငံရေးအကျဉ်းသား ကျောင်းဆရာတဦးကို သေဒဏ်စီရင်ဖို့ ထောင်အာဏာပိုင်တွေပြင်ဆင်နေတာကို အကျဉ်းသား ၈ ယောက်က ကန့်ကွက်ခဲ့တဲ့အတွက် ရိုက်နှက်၊ တိုက်ပိတ်တာကနေ ဒီပြဿနာ စတင်ခဲ့တာပါ။ အကျဉ်းသား ၇ ယောက်ကို တိုက်ပိတ်ခဲ့ပေမဲ့ အကျဉ်းသား ဝင်းမင်းထက်ကတော့ ပျောက်ဆုံးနေခဲ့ပါတယ်။ 

နိုင်ငံရေးအကျဉ်းသား ဝင်းမင်းထက်ကိုပြန်ပေးဖို့ အကျဉ်းသား ၇၀ လောက်ကတောင်းဆိုတဲ့အခါမှာတော့ ထောင်ဝန်ထမ်းတွေက စတင်ရိုက်နှက်ခဲ့ပါတယ်။ အဲဒီနောက် ရဲဝတ်စုံဝတ်ဆင်ထားတဲ့ လူ ၃၀ လောက်က ကိုးလုံးရာဘာကျည်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အကျဉ်းသား ၇၀ လောက် ဒဏ်ရာရခဲ့တာပါ။ အဲဒီနောက် အခန်းတွေထဲကဆွဲထုတ်ခံရပြီး ထပ်မံ ရိုက်နှက်ခံခဲ့ရတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲက PDF လို့စွပ်စွဲခံထားရတဲ့ကိုဝေယံဖြိုးကို နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့ကြတယ်လို့ သတင်းတွေက ရေးသားဖော်ပြကြပါတယ်။ ကိုဝေယံဖြိုးဟာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာသုံးချက်နဲ့သေဆုံးခဲ့တယ်လို့ NUG ဘက်ကလည်း ထုတ်ပြန်ထားတာပါ။

ဒီကိစ္စကို စုံစမ်းရေးသားခဲ့တဲ့ Ayeyarwaddy Times သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဆလိုင်းသန့်စင်ကတော့ ဒါဟာ ထောင်အာဏာပိုင်တွေဘက်က လူသေစေတဲ့အထိကျူးလွန်ခဲ့တဲ့ ထောင်တွင်းအကြမ်းဖက်မှုဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။ ထောင်ဆူပူမှုမှာပါတယ်လို့ သူတို့ယူဆတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို တယောက်ပြီးတယောက် ရွေးထုတ်ပြီး ရိုက်နှက်ခဲ့ကြတာဖြစ်ကြောင်း သူကပြောပါတယ်။

"ကျနော်တို့သိတဲ့အရ ဆိုရင် ကိုဝေယံဖြိုး (ခေါ်) ကိုရာစုက သေနတ်နဲ့ပစ်ခံရလို့ သေတယ်လို့လည်း ကြားတယ်။ ရိုက်လို့ သေတယ်လို့လည်း ကြားရတယ်။ ဘယ်ဟာလဲလို့ တိတိကျကျ ကျနော်တို့ အတည်ပြုလို့ မရဘူး။ သိတဲ့သူတွေကတော့ သေနတ်ဒဏ်ရာ တွေ့တယ်လို့လည်း ပြောကြတယ်ပေါ့နော်။ ဒါပေမဲ့ သူ့ရဲ့အလောင်းကို မိသားစုဆီ ပြန်ပေးတာလည်း မရှိဘူး။ စစ်ကောင်စီက သူတို့သဘောနဲ့ သူတို့ သဂြိုဟ်ပစ်တာပေါ့လေ။ အဲဒီတော့ ကိုဝေယံဖြိုး မိသားစုက သူတို့ရဲ့ခင်ပွန်းဖြစ်တဲ့သူ၊ သားဖြစ်တဲ့သူသာ သေသွားတယ်။ ဘာကြောင့်သေတယ်ဆိုတာ တိတိကျကျ သိရတဲ့အနေအထားမျိုး မရှိဘူး။ အားလုံးကို ပြန်သုံးသပ်ကြည့်တဲ့အခါမှာ မတရား ဖိနှိပ်၊ အကြမ်းဖက်၊ ရက်စက်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတယောက် သေတဲ့အထိဖြစ်သွားတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ ဒီဖြစ်စဉ်သည် ပုသိမ်ထောင် အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ လူသေစေတဲ့အထိ ရိုက်နှက်ကျူးလွန်ခဲ့တဲ့ ထောင်တွင်းအကြမ်းဖက်မှု၊ လူသတ်မှုဖြစ်စဉ်လို့ပဲ ပြောချင်ပါတယ်။"

သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုးကို မနေ့က ဇန်နဝါရီ ၇ ရက်မှာ ပုသိမ်မြို့ မီးသဂြိုဟ်စက်မှာ လုံခြုံရေးအပြည့်နဲ့ သဂြိုဟ်ခဲ့ပါတယ်။ မိဘနှစ်ပါးကိုတော့ မီးမသဂြိုဟ်ခင် မြင်ခွင့်ပေးခဲ့ကြောင်း နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။ သေနတ်ဒဏ်ရာကြောင့်လား၊ ရိုက်နှက်ခံရတာလား အတိအကျ မပြောနိုင်ပေမဲ့ ဦးခေါင်းကြေမွတဲ့ဒဏ်ရာကြောင့် သေဆုံးခဲ့ကြောင်း နီးစပ်သူက အခုလိုပြောပါတယ်။

" နားအထက်ကနေ လက်သန်းလုံးလောက် အရေပြားကို သူတို့ကယူပြီးတော့ အနောက်နား နားနှစ်ဖက်ဆီ ခေါင်းအကုန်လုံးကို ခွဲထားတဲ့ပုံစံမျိုး ပြန်ချုပ်ထားတယ်။ အကြီးကြီးပဲ လုပ်ထားတယ်ဆိုတော့။ သူတို့ကပြောတယ်။ ဒါသေနတ်ဒဏ်ရာ မဟုတ်ဘူးဆိုပြီး ပြောတယ်။ အန်တီတို့က တအားကြီးလည်း မစစ်ကြောနိုင်ဘူး။ ငါးမိနစ်လောက်ပဲ အချိန်ရတယ်။ သူတို့က အမိန့်ပြန်ပေးတယ်။ သူတို့ကား ဆယ်စီးလောက်လာပြီးတော့ သဂြိုဟ်ပေးတယ်။ သူတို့ပြန်တော့မှ သရဏဂုံလည်းတင်တယ်၊ အကုန်လုံးပေါ့နော် အဲလို။"

ဧရာဝတီတိုင်း အကျဉ်းဦးစီးဌာနကို ဗွီအိုအေက မေးမြန်းခဲ့ပေမဲ့ ဖြေဆိုဖို့ ငြင်းခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း နယ်စပ်ရေးရာဝန်ကြီးနဲ့ အကျဉ်းဦးစီး ဌာနက ဦးဇော်စစ်အောင်တို့လည်း ပဋိပက္ခဖြစ်တဲ့အချိန်မှာ ရှိနေခဲ့ကြတယ်လို့ နီးစပ်သူတချို့က ပြောပါတယ်။ စစ်ကောင်စီကတော့ ကီးပတ်ဖုန်းသုံးနေတဲ့ အကျဉ်းသားတဦးကို အရေးယူဖို့လုပ်နေချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် အကျဉ်းသားတွေဘက်က စတင်ခဲ့တာလို့ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ထောင်ပြင်ပမှာရှိတဲ့ ဆက်စပ်သူတွေကိုလည်း ဖမ်းဆီးတာတွေလည်း ဆက်ရှိနေပါတယ်။
#PDF #ပုသိမ်အကျဉ်းထောင် #အဓိကရုဏ်း #ဝေယံဖြိုး #ကိုရာစု #ဝင်းမင်းထက် #နိုင်ငံရေးအကျဉ်းသား

ဆက်ဖတ်ရန် →
ပုသိမ်ထောင်တွင်း ညှဉ်းပန်းသတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တရားမျှတမှုရဖို့ ဆောင်ရွက်မယ်လို့ ဧရာဝတီတိုင်း စစ်ဒေသခွဲဆို

ပုသိမ်ထောင်တွင်း ညှဉ်းပန်းသတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တရားမျှတမှုရဖို့ ဆောင်ရွက်မယ်လို့ ဧရာဝတီတိုင်း စစ်ဒေသခွဲဆို



မဲခေါင်၊ ဇန်နဝါရီ ၉ 

စစ်ကောင်စီက ပုသိမ်ထောင် အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေကို အကြမ်းဖက် ညှဉ်းပန်း နှိပ်စက်တာ၊ သတ်ဖြတ်တာတွေ အတွက် တရားမျှတမှု ရရှိဖို့ ဆောင်ရွက်မယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၅ ရက်က ပုသိမ်အကျဉ်းထောင် အတွင်း စစ်အုပ်စု လက်အောက်ခံ ထောင်အာဏာပိုင်တွေက မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေကို လူကို သေစေနိုင်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်တာ၊ အသံဗုံး ခွဲတာ၊ အုပ်စုလိုက် ဝိုင်းဝန်း ရိုက်နှက်တာ၊ လက်ပြန်ကြိုးတုပ်ပြီး အပြင်းအထန် ရိုက်နှက်တာတွေကြောင့် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး တစ်ဦး သေဆုံးခဲ့ရပြီး ပျောက်ဆုံးသူ တစ်ဦးနဲ့ အများအပြား အပြင်းအထန် ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရသူ တွေလည်း ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်တွေက အကျဉ်းထောင် လုပ်ထုံးလုပ်နည်း‌တွေကို ကျော်လွန် လုပ်ဆောင်တာ ဖြစ်ပြီး မတရား ညှဉ်းပန်း နှိပ်စက်မှုနဲ့ ဥပဒေမဲ့ သတ်ဖြတ်တာဖြစ်လို့ ကြီးမားတဲ့ ရာဇဝတ်မှု ကျူးလွန်လိုက်တာ ဖြစ်ပြီး အကြမ်းဖက် နှိပ်စက်မှုတွေမှာ အင်အား ၅၀ ခန့်ရှိ ထောင်အာဏာပိုင်နဲ့ ထောင်ဝန်ထမ်းတွေ၊ ရဲနဲ့ တပ်ရဲပြေး အကျဉ်းကျနေသူတွေ ပါဝင်ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့ အမာခံ ထောက်တိုင်တွေဖြစ်တဲ့ တရားသူကြီးတွေ၊ စစ်သားတွေ၊ ရဲတွေ၊ အကျဉ်းဦးစီး ဝန်ထမ်းတွေက စစ်အုပ်စု အလိုကျ မတရား ဖမ်းဆီးတာ၊ ဥပဒေမဲ့ မတရား ပြစ်ဒဏ်တွေ ချမှတ်တာ၊ နိုင်ငံရေး အကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ညှဉ်းပန်း နှိပ်စက်တာ၊ အနိုင်ကျင့် စော်ကားတာတွေ ပြုလုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုသိမ်ထောင် ဖြစ်စဉ်က အင်အား အလွန်အကျွံသုံးပြီး အသက်သေဆုံးစေတဲ့ မတရား ညှဉ်းပန်း နှိပ်စက်တာ၊ ဥပဒေမဲ့ မတရား သတ်ဖြတ်တာကို ကျူးလွန်တာ ထင်ရှားတယ် ဆိုတာနဲ့ အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုနဲ့ တစ်ကွ သက်ဆိုင်ရာ ထောင်အာဏာပိုင်‌တွေ၊ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ‌တွေ၊ အမိန့်ပေး စေခိုင်းသူတွေနဲ့ ကိုယ်တိုင် ကျူးလွန်သူတွေ အားလုံး အခုဖြစ်စဉ်မှာ အစအဆုံး ပါဝင်ခဲ့သူတွေ အဖြစ် မလွှဲမသွေ တာဝန်ခံရမယ်လို့လည်း ဧရာဝတီတိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သသိပေးထားပါတယ်။

ဥပဒေမဲ့ မတရား သတ်ဖြတ်တာနဲ့ မတရား ညှဉ်းပန်း နှိပ်စက်တာတွေ အပေါ် ဧရာဝတီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချလိုက်ပြီး မတရား ကျူးလွန်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး အတွက် တရားမျှတမှု ရရှိဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-003
#MeKongNews


ဆက်ဖတ်ရန် →
မဲစာရင်းအမှားတွေနဲ့ တစ်ဖက်သတ်လုပ်မယ့် ရွေးကောက်ပွဲ

မဲစာရင်းအမှားတွေနဲ့ တစ်ဖက်သတ်လုပ်မယ့် ရွေးကောက်ပွဲ

၂၀၂၃ ရွေးကောက်ပွဲအတွက် စစ်ကောင်စီ လူဦးရေစာရင်း စတင်ကောက်ယူ
~~~~~
■ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းအမှားတွေရှိခဲ့တယ်လို့ စွပ်စွဲထားတဲ့ စစ်ကောင်စီဟာ ၂၀၂၃ ဩဂုတ်လ ရွေး ကောက်ပွဲမတိုင်ခင် မဲစာရင်းအမှန်ရနိုင်ဖို့ ငြိမ်းချမ်းတဲ့ ဒေသတချို့မှာ လူဦးရေစာရင်းတွေ စတင်ကောက်ယူ နေပြီလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ နေပြည်တော်နယ်မြေ လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ အရင်ဆုံး စတင်နေပြီး ဒီနေ့ ဇန်နဝါရီ ၉ ရက်ကနေ ၃၁ ရက်နေ့အထိ ကောက်ယူသွားမယ်လို့ အဲဒီလဝက အရာရှိက ရှင်းပြပါတယ်။

၂၀၂၃ ရွေးကောက်ပွဲအတွက် လဝကဌာနကပြုစုထားတဲ့ eID စနစ်ထဲက အချက်အလက်တွေနဲ့ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် အိမ်ထောင်စုတွေမှာရှိနေတဲ့ လူဦးရေစာရင်း ကိုက်ညီမှု ရှိမရှိ လိုက်လံစစ်ဆေးနေတာလို့ သူက ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှာ အမှားများစွာရှိခဲ့တဲ့အတွက် အခုလို မြေပြင်ကွင်းဆင်း ကောက်ယူတဲ့စနစ်ကို ပြန်လုပ်နေတာလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသူရိန်ထွဋ် က RFA ကို ပြောပါတယ်။

“အဓိကက ကျနော်တို့  ၂၀၂၀ မဲစာရင်းတွေကို ပြန်စိစစ်တဲ့အခါကျတော့ နှစ်ကြိမ်ထပ်၊ သုံးကြိမ်ထပ်တွေ ပါလာတာတွေ ရှိတယ်။ ပြီးရင် ၆၆/၆ (အိမ်ထောင်စုစာရင်း) မရှိတဲ့သူတွေ ပါလာတာတွေ ရှိတယ်။ ပြီးရင် အမည်တွေ ထပ်နေတာတွေ ရှိတယ်။ အဲဒီလိုပေါ့။ လွဲတဲ့ Error တွေက အများကြီး ဖြစ်နေတော့ အဲဒီဟာကို ကျနော်တို့ မြေပြင်မှာ ကွင်းဆင်းပြီးတော့ ကောက်တဲ့စနစ်ပေါ့။ အဲဒီဟာကို သူတို့ လုပ်ကြတာပါ”

မဲစာရင်းတွေ မှန်ကန်ဖို့ ပထမအဆင့် ဆောင်ရွက်တဲ့အခါ လူတစ်ဦးမှာ မှတ်ပုံတင် တစ်ခုထက်ပိုပြီး ကိုင်ထားသူ ငါးသိန်း ရှိနေတာ၊ မှတ်ပုံတင်ရှိပါလျက် အချက်အလက်မစုံတဲ့ နိုင်ငံသားကတ်ကိုင်ထားသူ တစ်သန်းကျော် ရှိနေတာ တွေ့ရတယ်လို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးမှာ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့ပါတယ်။

အိမ်ထောင်စု စာရင်းတွေကို စိစစ်ရာမှာလည်း သေဆုံးတဲ့သူတွေ ပါနေတာ၊ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ထွက်သွားသူတွေနဲ့ ပြည်ပနိုင်ငံတစ်ခုခုမှာ နိုင်ငံသားခံယူထားသူတွေ ပါနေတာတွေကို တွေ့ရှိပြီး အဲဒီစာရင်းတွေကို အတိအကျ ပြန်စိစစ်ဖို့ ခက်ခဲတယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင်က ဝန်ခံ ထားပါတယ်။

ဆင်းရဲနိမ့်ကျပြီး နည်းပညာအားနည်းတဲ့ မြန်မာနိုင်ငံမှာ လူဦးရေစာရင်းနဲ့ မဲစာရင်းအမှားက ၂၀၁၀ ရွေးကောက်ပွဲကတည်းက ရှိခဲ့တာလို့ NLD အစိုးရလက်ထက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“၂၀၁၀ မှာ သူတို့ ဦးသိန်းစိုးကြီး တာဝန်ယူတဲ့အချိန်မှာ ဘယ်လောက်မှားလဲ၊ ၈၀ ရာခိုင်နှုန်းလောက် မှားတယ်။ ဦးတင်အေးကျတော့ သူကိုယ်တိုင် ပြောသွားတယ်လေ ၇၀ ရာခိုင်နှုန်း မှားတယ်၊ ၃၀ ရာခိုင်နှုန်းပဲ မှန်တယ်လို့ ပြောတာလေ။ ၂၀၂၀ မှာလည်း နိုင်ငံတကာကကြည့်ပြီး တွက်ပြီးသား ၂၀ ရာခိုင်နှုန်းလောက် မှားတယ်လို့ ခန့်မှန်းထားတော့ တွက်ကြည့်လိုက်ပေါ့။ အဲဒါက အမေရိကန်လို နိုင်ငံတောင် တကယ့် ခေတ်မီတဲ့ နိုင်ငံကြီး တွေမှာတောင် မမှန်ဘူးလေဗျာ။ လူဦးရေ စာရင်းထိန်းရတာက ဒီနေ့မွေး၊ နောက်နေ့ သေနေတာက တစ်နေ့ချင်း၊ တစ်နေ့ချင်း မွေးလာတဲ့လူရှိသလို သေတဲ့လူလည်း ရှိနေတာလေ”

အခုလို လွဲမှားနေတဲ့ စာရင်းတွေနဲ့ လုပ်ရတဲ့ ဘယ်ရွေးကောက်ပွဲကော်မရှင်မဆို အခက်အခဲနဲ့ အမှားအယွင်း အနည်းငယ်ရှိတာဟာ သဘာဝပဲလို့ သူက ပြောပါတယ်။ ဒီအချက်တွေကြောင့် စစ်ကောင်စီ လုပ်ဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲအသစ်ကလည်း မဲစာရင်းအမှားတွေနဲ့ တစ်ဖက်သတ်လုပ်မယ့် ရွေးကောက်ပွဲ ပဲ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

ခေတ်အဆက်ဆက် မမှန်ခဲ့တဲ့ လူဦးရေစာရင်းကို တစ်ပွဲတိုးပုံစံနဲ့ အတင်းကောက်ယူလည်း မြန်မာပြည်ရဲ့ လက်ရှိအနေအထားအရ အမှန် မရနိုင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က အချက်အလက်ကောက်ယူရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

“စာရင်းကောက်မယ့် လုပ်ငန်းစဉ်ကလည်း ပွင့်လင်းမြင်သာမှု မရှိဘူး။ ပေါင်းစပ်ညှိနှိုင်းမှုတွေ အားနည်းတယ်ဆိုတာလည်း တွေ့ရတယ်။ စစ်ကောင်စီက တခြားသက်ဆိုင်တဲ့သူတွေနဲ့ တိုင်ပင်တာတွေ ညှိနှိုင်းတာတွေ မရှိဘဲနဲ့ သူတို့ လုပ်မယ့် ရွေးကောက်ပွဲအတွက် ဇွတ်အတင်းပေါ့ တစ်ကိုယ်တော် ပြင်ဆင်နေတဲ့သဘော ဖြစ်နေတယ်။ စာရင်းကောက်မယ့်အထဲမှာလည်း လူမျိုးလို အကဲဆတ်တဲ့ နာမည်တွေ ပါနေတယ်၊ ဒါကလည်း ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်ပေါ့နော်၊ အမြဲတမ်း ပြောင်းလဲနေတဲ့ လူဦးရေစာရင်းကို လစဉ် Update လုပ်ဖို့ဆိုတာက အခုလို လိုက်ကောက်နေလို့ မရဘူး၊ စနစ်တစ်ခု ရှိမှပဲ ရမယ်။ အခုဟာက ခေတ်အဆက်ဆက် မမှန်ခဲ့တဲ့ လဝကရဲ့စာရင်းကို ဌာနဆိုင်ရာတွေက တစ်ပွဲတိုး ပုံစံနဲ့ ဝိုင်းကူပြီး လုပ်ပေးနေတာလို့ မြင်ပါတယ်ဗျ”

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်း မတည်ငြိမ်မှုတွေ ဖြစ်နေချိန် စာရင်းကောက်မယ့်အဖွဲ့ရဲ့ လုံခြုံရေး၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု၊ စာရင်းကောက်မယ့်သူတွေရဲ့ အရည်အချင်းနဲ့ လူအင်အား စတဲ့အချက်တွေပေါ် မူတည်ပြီး လုပ်ငန်းအောင်မြင်မှု ရှိမရှိ၊ တိကျမှန်ကန်မှု ရှိမရှိ ဆုံးဖြတ်ရလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း ကတော့ စစ်တပ်က အာဏာသိမ်းတာဟာ မဲစာရင်းမှားလို့ မဟုတ်ဘဲ မဲစာရင်းအမှား ပြဿနာကို NLD အစိုးရလက်ထက် ရွေးကောက်ပွဲကော်မရှင်က မရှင်းနိုင်တဲ့အတွက် အခုလောက်ထိ အခြေအနေတွေ ဖြစ်လာတာလို့ ပြောပါတယ်။ 

“အဲဒီတုန်းက ပြေပြေလည်လည် တွေ့ ဆုံညှိနှိုင်းခဲ့လို့ရှိရင် အခုလိုဖြစ်ချင်မှလည်း ဖြစ်မှာပေါ့နော်။ ပြောချင်တာကတော့ အာဏာသိမ်းချင်လို့ သိမ်းတာတော့ မဟုတ်ဘူး။ ဒါလည်း အကြောင်းပြချက်တစ်ခုအနေနဲ့ မဲစာရင်းမှားလို့ သိမ်းတယ် ဆိုတာလည်း မဟုတ်ဘူး။ မရှင်းလို့။ အမှန်က ရှင်းရမှာ။ ရှင်းလင်းတဲ့ကိစ္စတစ်ခု သူတို့ မလုပ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ အခုလို အထိ အခြေအနေဆိုးသွားတာလို့ ကျနော်ကတော့ သုံးသပ်တယ်”

စစ်တပ်ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်လာရင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ် အာဏာကသာ အတည်ဖြစ်တာမို့ မဲစာရင်းအမှားကို အကြောင်းပြပြီး အာဏာသိမ်းတာကတော့ ဒီမိုကရေစီစနစ်အရ အရုပ်ဆိုးလွန်းတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက မှတ်ချက်ပေးပါတယ်။

“အာဏာသိမ်းတာတော့ မဲစာရင်းမှားတယ်ဆိုတာထက် မဲမသမာမှုရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ သိမ်းတာပေါ့နော်၊ မဲစာရင်းမှားတယ်ဆိုတဲ့ဟာက ကျနော်တို့ မှားလေ့မှားထ ရှိပါတယ်၊ မှားတဲ့ဟာကို ဘယ်လို ပြန်ပြင်လဲဆိုတဲ့ဟာ အပေါ် တော့ မူတည်တာပေါ့။ အခု စစ်ကောင်စီက မဲမသမာမှု ရှိတယ်ဆိုတဲ့ဟာနဲ့ သိမ်းပြီးတော့မှ သူကိုယ်တိုင်ပဲ ပြန်ပြီးတော့ ရွေးကောက်ပွဲ ပြန်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတတာက အင်မတန်မှ ရုပ်ဆိုးတယ်လို့ ပြောလို့ရတယ်၊ မေးခွန်းထုတ်စရာတွေ အများကြီး ရှိတယ်။ အဆင်ပြေမှာတော့ မဟုတ်ဘူး”

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံး ဆန့်ကျင်တိုက်ဖျက်ဖို့ ဇန်နဝါရီလ ၅ ရက်နေ့က ပန်ကြားချက် တစ်စောင် ထုတ်ပြီး တိုက်တွန်းထားပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လူဦးရေစာရင်းကောက်ယူမှုနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ ခြိမ်းခြောက်မှုများရှိပါက သတင်းပေးပို့ တိုင်ကြားဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတစ်ဝန်းက လူဦးရေစာရင်းတွေကို eID ကွန်ပျူတာဒေတာစနစ်နဲ့ ကောက်ယူနေသလို တစ်ဖက်မှာလည်း မြန်မာ့အသံနဲ့ မြဝတီရုပ်သံကတစ်ဆင့် (E-voting) အီလက်ထရွန်နစ်နည်းနဲ့ မဲပေးတဲ့စနစ်ကို ပြည်သူလူထုသိအောင် ထုတ်လွှင့်ရှင်းလင်းနေပါတယ်။
RFA



ဆက်ဖတ်ရန် →
ဘုံသဘောတူညီချက်တွေအကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့မလေးရှားပူးတွဲတိုက်တွန်း

ဘုံသဘောတူညီချက်တွေအကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့မလေးရှားပူးတွဲတိုက်တွန်း

RFA

■  မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ အာဆီယံအသင်းနဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားနှစ်နိုင်ငံခေါင်းဆောင်တွေက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုုကိုဝီဒိုဒိုနဲ့ မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်တို့ အင်ဒိုနီးရှားနိုင်ငံ ဘိုဂေါမြို့မှာ ဒီနေ့တွေ့ဆုံပွဲကနေ ပူးတွဲတိုက်တွန်းလိုက်တာပါ။ မြန်မာစစ်တပ်အနေနဲ့ အာဆီယံနဲ့ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ပြောဆိုတာ ဖြစ်ပါတယ်။

အာဆီယံအသင်းကို ပိုပြီးအားကောင်းမောင်းသန်ဖြစ်အောင် ကြိုးစားကြမယ်လို့ ဒီနေ့တွေ့ဆုံပွဲကနေ ကတိကဝတ်ပြုလိုက်ကြသလို၊ အင်ဒို-ပစိဖိတ်ဒေသငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝချမ်းသာရေး ဆောင်ရွက်တဲ့အခါမှာ အာဆီယံအသင်းဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ဆက်ရှိနေရမယ်ဆိုတာ နှစ်နိုင်ငံခေါင်းဆောင်တွေသဘောတူကြတယ်လို့ လက်ရှိအာဆီယံအသင်းဥက္ကဋ္ဌလည်း ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးဟာ အရေးကြီးတယ်ဆိုတာကို နှစ်နိုင်ငံလုံးက အမြင်တူကြပြီး ဒါကိုအကောင်အထည်ဖော်ဖို့ တိုက်တွန်းတယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်ဟာ အင်ဒိုနီးရှားကို နိုင်ငံတော်ဧည့်သည်အနေနဲ့ မနေ့က တနင်္ဂနွေနေ့မှာ ရောက်သွားပြီး ဒီနေ့မှာတော့ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြသလို၊ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ ရှစ်ခုကို လက်မှတ်ထိုးခဲ့ကြပါတယ်။
_____________
- အင်ဒိုနီးရှားသမ္မတ ဂျိုုကိုဝီဒိုဒိုနှင့် မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်တို့ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ဆုံကြစဉ်။ (Photo: Reuters)


ဆက်ဖတ်ရန် →

နေပြည်တော်မှာ ဇန်နဝါရီလ ၄ ရက်နေ့မှာ လေထီးစစ်သမီးတစ်ဦး လေထီး ခုန်နေရင်း ကြိုးပြတ်ပြီး ဆုံး




မင်းအောင်လှိုင်ကို  ဗိုလ်ရှုခံ ချီတက် အလေးပြုစဉ် လေထီးခုန် စစ်သည် အမျိုး သမီး ကြိုးပြတ်သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိ

ရန်ကုန်၊ ဇန်နဝါရီ ၉ ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  ဗိုလ်ရှုခံ ချီတက် အလေးပြု စဉ် လေထီးခုန် စစ်သည် အမျိုးသမီး ကြိုးပြတ်သေဆုံးခြင်း၊ နံနက်အစော ချီတက်လေ့ကျင့်လမ်းလျှောက်စဉ် ဝန်ထမ်းတစ်ဦး လဲကျသေဆုံးမှုများ ရှိခဲ့ပြီး စစ်ကောင်စီက သတင်းမပြန့်ရန် ပိတ်ပင်ခဲ့ကြောင်း နေပြည်တော်ဝန် ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ မင်းအောင်လှိုင်ကို ချီတက်အလေး ပြုမည့် ဝန်ထမ်းစစ်ကြောင်းက လေ့ကျင့်ရေး အတွက် စစ်ကြောင်းပုံစံ လမ်းလျှောက်စဉ် ဝန်ထမ်းတစ်ဦး လဲကျသေဆုံးခဲ့ကြောင်း၊ ယင်းနောက် ယင်းနေ့တွင် လေ့ကျင့်ခန်းများ ရပ်နားခဲ့ပြီး ဝန်ထမ်းတစ်ဦးလျှင် ပင်ပန်း စရိတ်ဟုဆိုကာ ငွေကျပ် ၁ သောင်း ပေးခဲ့ကြောင်း သိရှိရသည်။ 

"လွပ်လပ်ရေးနေ့အတွက်ဝန်ကြီးဌာနပေါင်းစုံကဝန်ထမ်းတွေကို စစ်ရေးပြနေ စဥ်လေ့ကျင့်ခိုင်းနေခဲ့တာ။ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ လောက် ထသွားရင်းနဲ့ ဝန်ကြီးဌာနရဲ့ အမျိုးသမီးဝန်ထမ်း တစ်ဦး ဦးနှောက်သွေးကြော ပြတ် လဲကျသေဆုံးသွားခဲ့ပါတယ်။ အဲဒါ ဝန်ထမ်းတွေကို ပင်ပန်းစရိတ်အဖြစ် တစ်ဦးကို တစ်သောင်းပေးတယ်။ နှုတ်ပိတ်တာပေါ့။ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စစ်ရေးပြလေ့ကျင့်ရေးကို အနားပေးလိုက်ပြီး တစ်ယောက် တစ်သောင်း မုန့်ဖိုးထပ်ပေးတယ်။  အပန်းဖြေဆိုပြီး MICC မှာ သူ့ကျွန်မခံပြီ ဇာတ်ကား ကိုမကြည့်မနေရပြပေးတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့ကစပြီး စစ်ရေးပြ လေ့ကျင့် ရေး ရပ်သွားတာ"ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်။ 

အလားတူ နေပြည်တော်တွင် ဇန်နဝါရီလ ၄ ရက်နေ့  လွတ်လပ်ရေးနေ့  ဗိုလ်ရှု ခံ အခမ်းအနားတွင် မင်းအောင်လှိုင်ကို  လေထီးခုန် အလေးပြုသည့် အစီ အစဉ် ပြုလုပ်နေစဉ် လေထီးခုန် စစ်သည်အမျိုးသမီး ၁ ဦး လေထီးကြိုးပြတ်ပြီး မြေပြင် နှင့် အရှိန်ပြင်းပြင်း ရိုက်မိကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 

"နေပြည်တော်မှာ ဇန်နဝါရီလ  ၄ ရက်နေ့မှာ လေထီးစစ်သမီးတစ်ဦး လေထီး ခုန်နေရင်း ကြိုးပြတ်ပြီး ဆုံးတယ်။  သူ့အဖေကလည်း လေတပ် တပ်ကြပ်ကြီးပဲ။  လေထီးတွေက စုတ်နေတော့ ကြိုးပြတ်ပြီး မြေကြီးနဲ့ရိုက်မိတာ။ အဲဒီနေ့ လေထီးခုန်တွေမှာ သစ်ပင်မှာချိတ် ပြီး ဒဏ်ရာ ရ တာလည်း များတယ်" ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

မင်းအောင်လှိုင်ကို ချီတက်အလေးပြုစဉ်နှင့် လေ့ကျင့်စဉ် သေဆုံးသည့် သတင်း များ နှင့်ပတ်သက်၍ စစ်ကောင်စီက ပြင်ပသို့ သတင်းပေါက်ကြားခြင်းမရှိစေရန် ဝန်ထမ်းများနှင့် စစ်သည်များကို သတိပေးခဲ့ပြီး သေဆုံးသူများအတွက် နာရေး ထောက်ပံ့ကြေး နှင့် မိသားစုထောက်ပံ့ကြေးများလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 

ဗီဒီယို- ဇန်နဝါရီလ ၄ ရက်နေ့ စိန်ရတု လွတ်လပ်ရေး နေ့ လေထီးခုန်စဉ် အမျိုးသမီးစစ်သည်တစ်ဦး အရှိန်လွန်ထိခိုက်မှု မြင်ကွင်း။
ဆက်ဖတ်ရန် →