ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ထောင်ငါးနှစ် ထပ်မံချမှတ်ခံရ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ၂၁ ရက် ဒီကနေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
- RFA Burmese
2022-12-21
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ၂၁ ရက် ဒီကနေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုင်ငံတော်သမ္မတရုံး သတင်းနဲ့လုံခြုံရေးဆိုင်ရာဌာနကြီး၊ လုံခြုံရေးအရာရှိချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးကို အောက်တိုဘာ ၁၃ ရက်ကလည်း မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ-၃၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (ဂ) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။
ဒါ့ကြောင့် ဦးအောင်နိုင်ဦးဟာ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်ကျခံရဖို့ ရှိနေပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို ဖမ်းဆီးမိချိန်က ကိုဂျင်မီဖုန်းထဲမှာ ဦးအောင်နိုင်ဦးနဲ့ ဆက်သွယ်ထားတာကို တွေ့ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဦးအောင်နိုင်ဦးကို ဖမ်းဆီးခဲ့တာပါ။
ဦးအောင်နိုင်ဦးက အမျိုးသားဒီမိုကကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ လုံခြုံရေးအတွက် စီမံခန့်ခွဲရသူဖြစ်ပါတယ်။
စစ်အစိုးရလက်ထက် ၁၉၉၀ အလွန်ကာလတွေက ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ်ကျနေတုန်းကလည်း ဦးအောင်နိုင်ဦးက ရဲအရာရှိငယ်ဘဝနဲ့ ကာလအတန်ကြာ စောင့်ကြပ်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ သတင်းရဲတပ်ဖွဲ့ရဲမှူး တာဝန်ကနေ နိုင်ငံတော်သမ္မတရုံး သတင်းနဲ့ လုံခြုံရေးဆိုင်ရာဌာနကြီးကို ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရတာပါ။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတာဝန်ယူခဲ့သူ ရဲအုပ်ပြည့်ဖြိုးနိုင်နဲ့ ဒုရဲအုပ်ချယ်ရီထက်တို့လည်း ဖမ်းဆီးထောင်ချခံထားရပါတယ်။ ဒုရဲအုပ်ချယ်ရီထက်က ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်သုံးနှစ်၊ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ ထောင်နှစ်နှစ်၊ စုစုပေါင်း ငါးနှစ် ချမှတ်ခံထားရတာပါ။ ရဲအုပ်ပြည့်ဖြိုးနိုင်ကတော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပေဒေနဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၂၀ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်ကို ၁၃,၀၈၈ ဦးကို ဖမ်းဆီးထားပြီး အဲဒီအထဲက ၁,၇၆၃ ဦးကို ထောင်ဒဏ်ချမှတ်ထားပါတယ်။
မုံရွာမြို့ပေါ်မှာ ပစ်သတ်ခံရတဲ့ ရဲအလောင်းနဲ့ ဒဏ်ရာရ ရဲ ၂ ဦးကို လာသယ်တဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရ
စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ မင်းအောင်လှိုင် သမီးကို ရိုးမဘဏ်က ထောက်ပံ့နေ
ခဲတလုံးနဲ့ငှက်နှစ်ကောင်ဇာတ်စပြီ
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ကူညီမှု (၂၀၂၃)
တော်လှန်ရေး အင်အားစုများ နောက်ကွယ်မှ ရံပုံငွေ
အမေရိကန်နိုင်ငံကပေးအပ်မယ့် အကူအညီတွေကြောင့် စစ်အာဏာရှင်တော်လှန်ရေးမှာ အလှည့်အပြောင်းဖြစ်လာမယ်
ဖြတ်ဖေါက်ချူပ်ကြိုက်တဲ့ Kylian Mbappé
အီတလီနှင့် ပြင်သစ်ရှိ မီဒီယာများ၏ ဖော်ပြချက်အရ Kylian Mbappé (World Soccer Sensation) သည် Playboy မဂ္ဂဇင်း မျက်နှာဖုံးတွင် ပထမဆုံးဖေါ်ပြခံရသည့် လိင်ပြောင်းမော်ဒယ် Ines Rau နှင့် တွဲနေပြီး
အသက် 24 နှစ်အရွယ်ဘောလုံးသမား၏ရည်းစားအသစ်သည် 32 နှစ်ဖြစ်ပြီး 16 နှစ်တွင်လိင်ပိုင်းဆိုင်ရာခွဲစိတ်မှုခံယူခဲ့သည်။
Dec 20✨သတင်းပေါင်းချုပ်

ရွှေလက်အိတ်နဲ့ ကော့ပြခဲ့တဲ့အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ မာတီနက်ဇ်
by Kaung Htet
အာဂျင်တီးနားဂိုးသမား အီမီ မာတီနက်ဇ်ဟာ ပြင်သစ်ပရိသတ်တွေက ၎င်းကို လှောင်ပြောင်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ဆုဖလားအောင်ပွဲခံချိန်မှာ အံ့အားသင့်ဖွယ် ပြုလုပ်ခဲ့တဲ့ အပြုအမူကိုရှင်းလင်းခဲ့ပါတယ်။
မာတီနက်ဖ်ဟာ နောက်ထပ်တစ်ကြိမ် အလွန်ကောင်းမွန်တဲ့ ပင်နယ်တီ အဆုံးအဖြတ်စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပြီး အချိန်ပိုမှာ မူအာနီရဲ့ အပိုင်ကန်သွင်းချက်ကို အရေးကြီးတဲ့ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကို ရရှိခဲ့တဖြစ်ပါတယ်။ စင်မြင့်ပေါ်မှာ ဆုလက်ခံရယူပြီးနောက် အသက် ၃၀အရွယ် ဂိုးသမားက ရွှေလက်
အိတ်ဆုကို ပေါင်ခြံနားကို နှိမ့်ပြီး ပရိသတ်အုပ်စုရှိရာဘက်ကို ကော့ပြခဲ့တာဖြစ်ပါတယ်
မာတီနက်ဇ်ဟာ ပြင်သစ်အသင်းပရိသတ်တွေဆီကနေ လှောင်ပြောင်သံတွေ ရရှိခဲ့တာကြောင့် တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ပွဲအပြီးမှာ အာဂျင်တီးနားရေဒီယိုဌာန La Red ကို ပြောကြားခဲ့ပါတယ်။ “ကျွန်တော် အဲဒါကို လုပ်ခဲ့တယ်။ဘာလို့လဲဆိုတော့ ပြင်သစ်တွေက ကျွန်တော့်ကို လှောင်ပြောင်ခဲ့ကြလို့ပါ။ ဂုဏ်သိက္ခာက ကျွန်တော့်အတွက်အလုပ်မဖြစ်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်
မာတီနက်ဇ်ရဲ့ အငြင်းပွားဖွယ် အပြုအမူက ပွဲအပြီးမှာတင်မဟုတ်ခဲ့ဘဲ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းချိန်မှာလည်း ဖြစ်ပျက်ခဲ့ပြီး ကင်းစလေ ကိုမန်းရဲ့ ကန်သွင်းကို ကာကွယ်နိုင်ခဲ့ပြီးနောက် အာဂျင်တီးနားဂိုးသမားဟာ ပုခုံးတွန့်ကပြပြီး ပြင်သစ်အသင်း ပရိသတ်တွေရဲ့ ဒေါသကို ဆွခဲ့သေးတာဖြစ်ပါတယ်
အီမီလီယာနို မာတီနက်ဇ်ဟာ ပြင်သစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး အဝတ်လဲခန်းထဲမှာ အာဂျင်တီးနားအသင်းဖော်တွေကို ပြင်သစ်တိုက်စစ်မှူးအတွက် တစ်မိနစ် ငြိမ်သက်ပေးဖို့ တောင်းဆိုခဲ့ပြီး အမ်ဘာပေကို လှောင်ပြောင်ခဲ့သေးတာဖြစ်ပါတယ်
မာတီနက်ဇ်ဟာ နီကိုလတ်စ် အော်တာမန်ဒီရဲ့ အင်စတာဂရမ် Live ထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းသားတွေဟာ ကမ္ဘာ့ဖလားအောင်ပွဲအတွက် သီချင်းတွေသီဆို အောင်ပွဲခံနေချိန်မှာ အာဂျင်တီးနားဂိုးသမားက ရပ်တန့်စေခဲ့ပြီး အမ်ဘာပေကို လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်
အာဂျင်တီးနားအသင်းသားတွေဟာ အောင်ပွဲခံနေချိန်မှာ အက်စတန် ဗီလာဂိုးသမားက ရုတ်တရက် ရပ်တန့်ခိုင်းခဲ့တာကြောင့် အံ့အားသင့်သွားခဲ့ပြီး ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ဖို့ ပြောကြားခဲ့တဲ့အချိန်မှာ ဝမ်းသာအားရနဲ့ ဆူညံသံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

























