နောက်ဆုံးရ

​ရန်ကုန်မြို့ထဲက ငွေစက္ကူအတုရောင်းချသူနှင့် တွေ့ဆုံခြင်း


ရိုဇာ

“လှည်းတန်းစင်တာထဲမှာတောင် တစ်ထောင်တန်အတုနဲ့ ငါ ကီးချိန်းတောင် ဝယ်လိုက်သေးတယ်”ဟု ငွေစက္ကူအတုရောင်းဝယ်သူဖြစ်သည့် ကိုစိုးနိုင်က အာပေါင်အာရင်းသန်သန်ဖြင့် ပြောနေသည်။


ကိုစိုးနိုင်ဟာ အွန်လိုင်းပေါ်မှာ ငွေစက္ကူအတုရောင်းချနေသူတစ်ဦးဖြစ်ပြီး သူ့နှင့်တွေ့ဖို့အတွက် Dayli ဆိုတဲ့ ဖေ့ဘွတ်စ်အကောင့်ကနေတစ်ဆင့် ယခုသတင်းထောက်ကိုချိတ်ဆက်ပေးခဲ့တာဖြစ်သည်။ ငွေအတုများဝယ်လိုသောကြောင့် နမူနာကြည့်ချင်၍ အနည်းငယ်ဝယ်ချင်ကြောင်းပြောကာ ငွေအတုရောင်းသည့်သူနှင့် တွေ့ဖို့ ဖြစ်လာခဲ့သည်။


ငွေစက္ကူအတုကို လာယူတဲ့အခါ စာအုပ်ထဲတွင်ညှပ်ပေးရန် ပြောသော်လည်း ရောင်းသည့်သူကတော့ စိုးရိမ်စိတ်မရှိဘဲ "ငွေစက္ကူအတုတွေ အများကြီးပိုက်ပြီး လျှောက်သွား ရောင်းနေတာ ဘာမှမဖြစ်ဘူး၊ ကြောက်စရာမလိုဘူး"ဟူ၍တောင် ပြန်တုံ့ပြန်ခဲ့သည်။


ရန်ကုန်မြို့ လူစည်ကားရာ လှည်းတန်းစင်တာအရှေ့ဝင်ပေါက်တွင် ငွေစက္ကူအတုရောင်းသည့် ကိုစိုးနိုင်ကို အင်္ကျီအဝါရောင်၊ အားကစားဘေးလွယ်အိတ်အမည်းတစ်လုံးကို ပိုက်ပြီး လူအများနှင့်ရောထိုင်နေတာတွေ့ရသည် ။ သူ့မျက်လုံးများက ကျီးကြည့်ကြောင်ကြည့် ကြည့်နေသော်လည်း ငွေစက္ကူအတုလာဝယ်သည့်သူကို သံသယဖြစ်ဟန်၊ ကြောက်ဟန်မရှိသည်ကိုတွေ့ရသည်။ သူ့ကို လက်လှမ်းပြလိုက်သည့်အခါ အထုပ်လေးပိုက်ပြီး ရောက်လာသည်။ လှည်းတန်းစင်တာအရှေ့တွင်ပင် ငွေစက္ကူအတုထည့်ထားသည့် လွယ်အိတ်ကို သူဖွင့်ချလိုက်ပြီး ငွေတွေကို ချက်ချင်းလှမ်းပေးသည်။ ပြီးတော့လည်း စကားစမည်ပင် စိတ်အေးလက်အေးထပ်ပြောနေသေးသည်။


လတ်တလော၌ လူမှုကွန်ရက်စာမျက်နှာတွင် ငွေစက္ကူအတုရောင်းဝယ်သူများ၏အကောင့်များအပြင်ဂရုများပါ ထွက်ပေါ်လာခဲ့သလို  ငွေစက္ကူအတုရောင်းဝယ်သူများက အိမ်အရောက်ငွေချေ ၊ လူတွေ့ငွေချေနှင့် ငွေကြိုလွှဲ ကားဂိတ်တင်ပေးသည့်ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်ကြသည်ဟု ပြောဆို ရောင်းဝယ်ကြသည်။


“အွန်လိုင်းပေါ် ပေါ်တင်ရောင်းနေတဲ့ ငွေအတုရောင်းဝယ်ရေးပါ။ ပေါ်တင်ရောင်းတာဖြစ်ပါတယ်။ မြန်မာငွေအတုရောင်းဝယ်ရေး အရောင်းအဝယ်အလဲအထပ် လိုအပ်သူများ စီဘီကို ဆက်သွယ်နိုင်ပါတယ်”ဟု ရွေကမ္ဘာနန်းဆန်သူဆိုတဲ့ ဖေ့ဘွတ်စ်အကောင့်တစ်ခုက ရေးသားထားတာကို တွေ့ရသည်။


ထို့အပြင် Shar Khat ဆိုသည့်နာမည်ဖြင့် ဖေ့ဘွတ်စ်အကောင့်တစ်ခုကလည်း “အရည်အသွေးပေါ်မူတည်ပြီး ငွေအဆကွဲပါတယ်။ အိမ်အရောက် ငွေချေရလား၊ မမေးပါနဲ့ လုံးဝမရပါဘူး။ ဝယ်သူပဲ လိမ်ခံထိတာမဟုတ်ပါဘူး ။ ညီမတို့ရောင်းတဲ့သူတွေလည်း အလိမ်ခံရတာတွေ ရှိပါတယ်။ Face to Face ရလားဆိုပြီး တချို့က မေးပါတယ်။ တရားဝင် အလုပ်မဟုတ်တဲ့အတွက် Face to Face ရောင်းပေးဖို့ ခက်ခဲပါတယ်”ဟု ရေးသားသည်ကိုလည်း တွေ့ရသည်။


ငွေစက္ကူအတုရောင်းဝယ်သူများက ငွေအစစ်တစ်ဆ၊ ငွေအတုဆယ်ဆ ရောင်းဝယ်မှုရှိသလို ခြောက်ဆ တစ်ဆနှင့် နှစ်ဆ တစ်ဆ ရောင်းသည်ဟု ကြေညာကြသည်။  


ကိုစိုးနိုင်ကတော့ ငွေစက္ကူအတုနှင့်အစစ်ကို နှစ်ဆ တစ်ဆ ရောင်းဝယ်သူဖြစ်သည်။


သူကိုယ်တိုင်ကတော့ မြဝတီဘက်နှင့် ရှမ်းပြည်ဘက်မှမှာယူပြီး တစ်ဆင့်ပြန်လည်ရောင်းချနေခြင်းဖြစ်သည်ဟု ဆိုသည်။


“ဆယ်ဆ ပေးတာတွေက အရည်အသွေးမကောင်းဘူး။ ကိုယ်က အတုကိုင်တာကို အရည်အသွေးမကောင်းတာ ကိုင်ထားရင် တခြားလူကို ပြရောင်းလို့တောင် မရတော့ဘူး။ ငါ့ဆီမှာတောင် အဲ့လို အရည်အသွေးမကောင်းတာ ခုနှစ်သိန်းဖိုးလောက်ရှိတယ်။ ငါတောင် အဲ့ဒါတွေဝယ်ထားပြီး ပိုက်မိသွားတာ ။ တကယ်လို့ လိုချင်ရင် ငါးဆ ခုနှစ်ဆတောင်ပေးလိုက်လို့ရတယ်” ဟု သူက ပြောသည်။


သို့သော် သူ၏ ငွေစက္ကူအတုများကို တစ်ရွက်ချင်းသုံးမည်ဆိုပါက အခြေအနေကိုကြည့်ပြီး သုံးဖို့လိုအပ်ကြောင်းလည်း သတိပေးလိုက်သည်။


ကိုစိုးနိုင်ဆီက ဝယ်ယူနေသူအများစုမှာ အုတ်သဲကျောက်ဒိုင်များ၊ ချဲဒိုင်နှင့် ကုန်စုံဆိုင်များဖြစ်သည်ဟုဆိုသည်။ သို့သော် သူပြောကြားချက်အပေါ် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။


“  သူတို့က ညှပ်ထည့်ပြီးသုံးတာလေ။ တစ်သောင်းတန် အကြီးပုံစံကော အသေးပုံစံကောကို။ မနက်ဖြန်တောင် အုတ်သဲကျောက်ဒိုင်က ခုနှစ်သိန်းဖိုး ငါ့ဆီက လာယူလိမ့်မယ် ။ သူတို့က ညှပ်ထည့်သုံးတာမို့ အဆင်ပြေတယ်။ တစ်ရွက်ချင်းကျတော့ ကိုယ်က ခေါင်းနည်းနည်းသုံးရတာပေါ့” ဟုဆိုသည်။


ကိုစိုးနိုင်ဆီက ဝယ်ယူလာသည့်ငွေစက္ကူအတုများကို အသက်ကြီးပိုင်းအရွယ်တစ်ချို့ကို ပေးကြည့်သည့်အခါ ငွေစက္ကူအတုမှန်း မသိရှိကြတာကိုတွေ့ရသော်လည်း လူလတ်ပိုင်းများကကတော့ ငွေအတုကို မြင်တာနှင့်ချက်ချင်းတန်းသိကြနေကြသည်။


 “ အတုတွေပေါ်တယ်ဆိုတာကို ကြားပြီးကတည်းက ပိုက်ဆံအစစ်တွေအကုန်လုံးကို အတုတွေထင်ပြီး လိုက်ကြည့်နေမိတော့တာပေါ့။တကယ် အခု အတုလည်းတွေ့ကော ငွေအစစ်နဲ့အရမ်းကွာမှန်းသိတော့တာ။ အတုက အရမ်းအသိသာကြီးပဲ ကိုင်ကြည့်စရာတောင် မလိုဘူး။ မြင်တာနဲ့တန်းသိတယ် ။ ကာလာက အရမ်းတောက်တောက်ကြီး ။ အတုနဲ့အစစ်က အရမ်းကွာတာဆိုတော့ သိပ်တော့ကြောက်စရာမရှိပါဘူး”လို့ မနွယ်နွယ်ဝင်းက ယင်းငွေစက္ကူအတုများကို မျက်မြင်တွေ့ရချိန်မှာ ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။


ငွေစက္ကူအတုများသည် တစ်ထောင်တန် ၊ ငါးထောင်တန် နှင့်တစ်သောင်းတန်များတွေ့ရပြီး  တစ်ထောင်တန်ကတော့အမှတ်တမဲ့ကြည့်ပါက ငွေအစစ်နှင့်ဆင်တူသည့်ပုံစံ ရှိနေသည်ကို တွေ့ရသည်။ တစ်သောင်းတန်အတုက ငွေအစစ်ထက် အရောင်ပိုတောက်ကာ တစ်ချို့အတုက CBM တံဆိပ်မပါသလို တချို့ငွေအတုမှာတော့ CBM တံဆိပ် ခပ်မှိန်မှိန်လေးပါနေသည်။ ထို့အပြင် ၁၀၀၀၀ ဆိုသည့်ဂဏန်းများတွင် ရောင်ပြေးလေးမပါသလို ငွေအတုကို မီးထိုးကြည့်သည့်အခါ ကြာဖူးပုံစံလေး မပါနေသည်ကိုလည်းတွေ့ရသည်။ ငွေစက္ကူအတု၏အသားမှာ ပြောင်ချောနေသည်။ ငွေစက္ကူအတုတိုင်းမှာ တူညီသည့်အချက်တစ်ခုမှာ ရေနှင့်ထိလျှင် အရောင်ပြယ်လွင့်ခြင်းဖြစ်သည်။


ယခုကဲ့သို့အရောင်ပြယ်လွင့်သည့်အကြောင်းကိုလည်း ငွေစက္ကူအတုရောင်းဝယ်သူ ကိုစိုးနိုင်က ဝန်ခံထားပြီးတော့ ရေနှင့်လုံးဝမထိစေရန် အထပ်ထပ်မှာကြားသည်။


ငွေစက္ကူအတုဝယ်ထားမိသူတစ်ဦးက ငွေတုပုံစံကို လက်ထဲတကယ်မြင်ရချိန်တွင် ထုတ်သုံးရန် မလွယ်ကြောင်းပြောသည်။


“ ဓာတ်ပုံရိုက်ပြတော့ ပုံစံက တော်တော်တူသလိုလိုဖြစ်နေတာ ။တကယ်လက်ထဲရောက်တော့ တော်တော်အကွာကြီးဖြစ်နေတာမို့ အပြင်ထုတ်မသုံးရဲဘူး။ ကိုယ်က ငွေအများကြီး ညှပ်သုံးဖို့လဲ မလွယ်တာမို့ ပြန်ရောင်းနေရတယ်”ဟုငွေစက္ကူအတု ဝယ်ယူခဲ့သူတစ်ဦးက ဆိုသည်။


ငွေတုရောင်းဝယ်ရေးလုပ်ငန်းဟု နာမည်တပ်ထားသည့် ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုတွင် “ ခေတ်ပျက်ကြီးမှာ သုံးရဲရင် မင်းအတွက်ကြီးပါပဲ ။ အတုနဲ့လုံးဝမတူလို့ သုံးစွဲရလွယ်ကူပါတယ်” လို့ ကြေညာပြီးရောင်းနေလေသည်။


ကိုစိုးနိုင်ကလည်း ငွေစက္ကူအတုများကို လူအများကြားအလွယ်တကူထုတ်သုံးရန် မလွယ်ကြောင်းဝန်ခံသည့်အပြင် ဝယ်ယူလိုသည်ဟုကမ်းလှမ်းလာသူအချို့က အပြင်တွင်အမှန်တကယ်တွေ့ရသည့်အခါမဝယ်ဘဲပြန်လှည့်ကုန်သည်ဟုဆိုသည်။


စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တာဝန်ရှိသူတစ်ဦးက ငွေစက္ကူအတုရောင်းဝယ်မှုကို စုံစမ်းစစ်ဆေးမှုများလုပ်နေကြောင်းနှင့်ပြ ည်ထဲရေးနှင့် ပေါင်းပြီး ထိန်းချုပ်တားဆီးဖို့ကို လုပ်နေကြောင်း ဖေဖော်ဝါရီလက ဘီဘီစီမြန်မာပိုင်းနှင့် အင်တာဗျူးတွင်ပြောကြားထားသည်။


သို့သော် လူမှုကွန်ရက်တွင် ငွေအတုရောင်းသည်ဆိုသော ကြော်ငြာများ အတွေ့ရများနေခြင်းနှင့်ကို စိုးနိုင်ကဲ့သို့ ရန်ကုန်မြို့ထဲ ငွေစက္ကူအတုတွေပိုက်ပြီး လိုက်ရောင်းနေသူကို မြင်နေရခြင်းသည် စစ်အစိုးရ၏ ငွေတုနှင့်ပတ်သက်၍ ကိုင်တွယ်နိုင်စွမ်းကို သံသယဖြစ်စေသည်။


ငွေစက္ကူအတုသတင်းများက လူအများတွင် စိုးရိမ်စိတ်ဖြစ်လာစေခဲ့သည်။


“ အစ်မတို့လို သမာအာဇီဝနဲ့ ပင်ပန်းပြီးရှာတဲ့သူတွေအတွက်က ပိုက်ဆံက အရမ်းတန်ဖိုးရှိတာပဲလေ။ ကိုယ့်ဆီရောက်မှ အတုညှပ်ပါလာတာဖြစ်မှာစိုးရတယ်။ တစ်သောင်းဆိုတဲ့ ပမာဏက များတဲ့သဘောရောက်တယ်လေ။ အခုဆို အမြဲတမ်း တစ်သောင်းတန်ရရင် အတုလား ဟုတ်ပါ့မလား ဖြစ်နိုင်ပါ့မလား ဖြစ်ပါ့မလားနဲ့ စိုးရိမ်စိတ်တွေ အရမ်းဖြစ်တယ်။ အစစ်ကိုင်မိတာတောင် အတုဖြစ်နေမလားဆိုပြီး ဟိုစစ်ဒီစစ်နဲ့ပေါ့”ဟု သာကေတမြို့နယ်အတွင်းရှိ စျေးသည်တစ်ဦးက ပြောသည်။


စစ်ကောင်စီထိန်းချုပ်ထားသော ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကို မတ်လ ၂၂ရက်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ငွေတုကိစ္စမှာ "ကောလာဟလ" သာဖြစ်သည်ဆိုကာ ပယ်ချခဲ့၍ အသေးစိတ်ဖြေရန်ငြင်းဆိုခဲ့သည်။


ကိုစိုးနိုင်သည် လူမှုကွန်ရက်တွင် အကောင့်အမျိုးမျိုးသုံး၍ ငွေတုရောင်းနေသူဖြစ်ကာ သူနှင့်ချိတ်ဆက်ရန် လူအချို့ကို အကျိုးဆောင်အဖြစ်ထားရှိနေသည်။


ငွေစက္ကူအတုများ အရောင်းအဝယ်ဖြစ်ပေါ်နေခြင်းကို စစ်ကောင်စီလက်အောက်ခံ သတင်းထုတ်ပြန်ရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၄ရက်ကပြုလုပ်သည့် (၁၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် “ပြည်သူလူထုအနေနဲ့ အဲ့ကောလာဟလအပေါ်မှာ စိုးရိမ်ပူပန်မှု မဖြစ်ရန် အသိပေးလိုပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ငွေစက္ကူအတုတွေရောင်းနေတာကိုလည်း တွေ့ရပါတယ်။ ငွေစက္ကူအစစ်တွေကို ဓာတ်ပုံရိုက်ပြီး ပေစ့်မှာလိမ်လည်ဖော်ပြခြင်းနဲ့ ပုံအဟောင်းတွေ ကူးယူပြီး ဖော်ပြထားတာတွေကိုလည်းတွေ့ရပါတယ်။ အင်တာနက်စာမျက်နှာများပေါ်မှာငွေစက္ကူအတုများ ရောင်းချတယ်ဆိုပြီး အရောင်းအဝယ်ပြုလုပ်တာမဟုတ်ဘဲ အွန်လိုင်းပေါ်မှာ ယုံကြည်အောင်ပြောဆိုကာ ကြိုတင်လွှဲပို့တဲ့ငွေတွေကို လိမ်လည်ရယူနေတာတွေကိုလည်း တွေ့ရပါတယ်။ ငွေသုံးသောင်း စရံတောင်းခံပြီး ငွေရရှိပါက ထပ်မံဆက်သွယ်မရဘဲ ဖုန်းပိတ်ထားတာတွေ အကောင့်ဖျက်ပြီး ပြေးတာမျိုးတွေ လုပ်ဆောင်ကြတာကိုလည်း ကျွန်တော်တို့ တွေ့ပါတယ်။ နောက်တစ်ခုကတော့ ငွေစက္ကူအတုတွေ ဘယ်နေရာမှာချထားမယ် သွားယူပါဆိုတဲ့ ငွေကြိုလွှဲခိုင်းပြီးမှ လိမ်သွားတာကိုလည်း စုံစမ်းတွေ့ရှိရပါတယ်”ဟု ပြောသည်။


မြန်မာနိုင်ငံတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဏာရေးနှစ်တွင် ငွေစက္ကူအတုရောင်းဝယ်မှုသည် ၂၅ ကြိမ်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထက် လေးဆကျော်တိုးတက်လာခြင်းဖြစ်သည်။


၂၀၂၂ ခုနှစ် မတ်လအတွင်း ငွေစက္ကူအတုနှင့်ပတ်သက်ပြီး  အွန်လိုင်းလိမ်လည်မှု ခုနှစ်မှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။


ငွေစက္ကူအတုရောင်းဝယ်နေသည့် ကိုစိုးနိုင်ကတော့ သူ့ထံမှ ငွေစက္ကူအတုများဝယ်ပြီး သူ့လိုရောင်းဝယ်သူတစ်ဦးလုပ်ဆောင်ရန်ပင် တိုက်တွန်းနေတော့သည်။


 “ဒီခေတ်ကြီးထဲမှာရိုးနေလို့မရဘူး။ သူများမျက်ရည်ပေါက် ကြီးငယ်မပါရင် ပြီးတာပဲ ။ သမ္မာအာဇီဝကျကျနဲ့ လုပ်စားလို့ရတယ်။ သမ္မာအာဇီဝဆိုတာက ကိုယ်က ငွေတုလို့ပြောပြီး ရောင်းတယ် အတုမှန်းသိလို့ ဝယ်တယ်။ လာဝယ်တဲ့သူတွေကို မလိမ်ဘူးလေ။ တချို့ဆိုရင် သိတဲ့အတိုင်းပဲ ငွေလွှဲလိုက်တာနဲ့ ဘလော့သွားကြတာ။ ”ဟု သူက ပြောသည်။


#MizzimaTV

#ငွေတု


ဆက်ဖတ်ရန် →

မန္တလေး၊ ဇွဲထက်ရွှေဆိုင်ပေါက်ကွဲမှုဖြစ်

​


မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ လမ်း (၃၀)နဲ့ (၈၄)လမ်းထောင့်မှာရှိတဲ့ ဇွဲထက်ရွှေဆိုင်အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 


ဒီကနေ့မတ်လ (၃၀)ရက်၊ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေများတယ်လို့ ဆိုပါတယ်။ 


“ကျွန်တော်တို့ရောက်တော့ ဆိုင်တံခါးကိုပိတ်ထားလိုက်ပြီ၊ အဲ့ဒီထဲကနေမှ ထိခိုက်မိသူတွေက ထွက်လာကျတာ။ ကျွန်တော်တို့ကတော့ နှစ်ဦးကူညီပေးလိုက်ရတယ်၊ အရေးပေါ်ပို့ပေးထားတယ်။ ဒဏ်ရာကတော့ မပြင်းထန်ပါဘူး။”လို့ ကူညီပေးခဲ့ရတဲ့ လူမှုကူညီရေးအသင်းက ဘီဘီစီကို ပြောပါတယ်။ 


ဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိစာရင်းအတိအကျတော့ ဘီဘီစီဘက်က အတည်မပြုနိုင်ခဲ့ပါဘူး။ လက်ရှိအခင်းဖြစ်ပွားရာနေရာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ စစ်ဆေးမှုလုပ်နေတယ်လို့ သိရပါတယ်။


ဒါ့အပြင် ဒီဖြစ်စဉ်အပြီး မိနစ်ပိုင်းအတွင်း ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း ၁ဝ၇လမ်းနဲ့ ၁ဝ၈လမ်းကြားမှာရှိတဲ့ ဇွဲထက်ရွှေဆိုင်နောက်ထပ်ဆိုင်ခွဲတခုမှာပါ ပေါက်ကွဲမှုတခု ထပ်ဖြစ်ခဲ့တယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 


ဒီဖြစ်စဉ်ဟာ ဇွဲထက်ဆိုင်ရှေ့မှာဖြစ်ခဲ့တာဖြစ်ပြီး မန္တလေးဆိုင်ခွဲအကုန်လုံးကို ယာယီပိတ်ထားပြီလို့ ဇွဲထက်ရွှေဆိုင်ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။ 


ဓာတ်ပုံ - CJ

ပုံစာ   - လူမှုကွန်ယက်စာမျက်နှာပေါ်မှာပြန့်နေတဲ့ ဇွဲထက်ရွှေဆိုင်ပေါက်ကွဲမှုမြင်ကွင်း။

ဒီသတင်းအပါအဝင် ဘီဘီစီရဲ့ နောက်ဆုံးရသတင်းစုစည်းချက်။ 

https://www.bbc.com/burmese/live/burma-60719839


ဆက်ဖတ်ရန် →

​အငြင်းပွားစရာဖြစ်နေတဲ့ ကချင်သူဌေးကြီးရဲ့ မြစ်ဆုံရွှေတူးဖော်မှု


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Frontier Myanmar ပါဆောင်းပါး (ဘာသာပြန်)


FEBRUARY 11, 2022

By EMILY FISBHEIN, JAW TU HKAWNG, 

NU NU LUSAN and JAUMAN NAW


ကချင်ပြည်နယ် မလိခမြစ်ထဲ စတင် ရွှေတူးခဲ့တဲ့ (၂၀၁၃) ခုနှစ်မှာ ဆွတ်မိုင်ရဲ့ အသက်က (၁၈) နှစ် ရှိပါပြီ။ သူက မီးစက်၊ ရေစုပ်စက်၊ တူရွင်းစသဖြင့် တပိုင်တနိုင် ပစ္စည်းတွေကို သုံးပြီး ရွှေတူးနေပါတယ်။ ဒေသခံတွေ ဒီအတိုင်း ရွှေတူးလာတာ ဟိုးအရင်တည်းကပါ။ ဒါပေမယ့် အရမ်း ပင်ပန်းပြီး အကျိုးအမြတ်လည်း သိပ်မရကြပါဘူး လို့ သူက ပြောပြပါတယ်။


သူက မြစ်ကြီးနားမြို့နယ်ထဲမှာ ရှိတဲ့ တန်ဖရဲရွာဇာတိဖြစ်ပြီး မလိခနဲ့ မေခမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံရဲ့ အနောက်ဘက်ကပ်ရပ်မှာ တည်ရှိပါတယ်။ မြစ်ဆုံကနေ မြန်မာနိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ ဧရာဝတီ စီးဆင်းလာပါတယ်။


မြန်မာလို မြစ်ဆုံလို့ ခေါ်ကြပြီး ကချင်လို မလိအင်မိုင်ဇွပ်လို့ သိကြတဲ့ အဲဒီဒေသက (၂၀၁၁) ခုနှစ်အတွင်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။ မြစ်ဆုံဒေသမှာ တည်ဆောက်မယ့် အမေရိကန်ဒေါ်လာ (၃.၆) ဘီလျံတန် ရေအားလျှပ်စစ် စီမံကိန်းကို အဲဒီအချိန်တုန်းက သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းခဲ့တာမို့ပါ။ အဲဒီမတိုင်ခင် (၂) နှစ်အလိုမှာ မြစ်ဆုံဆည် စီမံကိန်းကို တရုတ်အစိုးရပိုင် စွမ်းအင်ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်းနဲ့ မြန်မာအေးရှားဝေါလ်ကုမ္ပဏီတို့ ပူးပေါင်းပြီး စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီစီမံကိန်းကြောင့် စင်္ကာပူနိုင်ငံထက် ပိုကျယ်တဲ့ မြစ်ဆုံအနီးတဝိုက်က ဒေသတွေကို ရေလွှမ်းမိုးသွားနိုင်ပြီး ဒေသခံပေါင်း (၁၀၀၀၀) ကျော် နေရပ်စွန့်ခွာရွှေ့ပြောင်းရလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။


မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပြည်သူတွေက လူမျိုးရေး၊ နိုင်ငံရေး မခွဲခြားဘဲ တညီတညွတ်တည်း ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် သမ္မတဦးသိန်းစိန်က အခုလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ခဲ့ရတာပါ။


မြစ်ဆုံဆည်ကြီးကို မတည်ဆောက်နိုင်တော့ပေမယ့် အဲဒီစီမံကိန်း မစတင်ခင် လပိုင်းအလိုမှာ ဒေသခံတွေကို စစ်တပ်က အတင်းအကြပ် ဖိအားပေး နေရပ်ရွှေ့ပြောင်းခိုင်းခဲ့ပါသေးတယ်။ အဲဒီထဲမှာ တန်ဖရဲရွာသူရွာသားတွေလည်း ပါဝင်ခဲ့ပြီး သူတို့ကို ဈေးပေါပေါနဲ့ ဖြစ်သလို ဆောက်ထားတဲ့ နေရာသစ်တွေမှာ ရွှေ့ပြောင်းနေထိုင်စေပါတယ်။ အဲဒီနေရာတွေမှာ စိုက်ပျိုးရေးလုပ်ဖို့လည်း အဆင်မပြေခဲ့ပါဘူး။ နောက်ပိုင်းနှစ်တွေမှာ ရေအားလျှပ်စစ်စီမံကိန်းကြီးကို ပြန်လည် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားမှုတွေ ရှိခဲ့ပြီး ကြိုးစားတိုင်းလည်း ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရပါတယ်။


(၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြစ်ဆုံနဲ့ ဒေသခံတွေခမျာ နောက်ထပ် အန္တရာယ်ကြီးတခုနဲ့ ရင်ဆိုင်နေကြရပြန်ပါပြီ။ အဲဒါကတော့ အလွန်အကျွံ ရွှေတူးဖော်ကြခြင်းပါ။ အဲဒီ တူးဖော်မှုတွေကို နောက်ကွယ်ကနေ အဓိက ကြိုးကိုင်ထားတာက ကချင် စီးပွားရေးလုပ်ငန်းရှင်ကြီး  ယွပ်ဇော်ခေါင် ပိုင်ဆိုင်တဲ့ (ကျောက်စိမ်းမြေ) Jadeland ကုမ္ပဏီဖြစ်ကြောင်း ဒေသခံတွေ၊ တတ်ကြွလှုပ်ရှားသူတွေနဲ့ လူမှုရေးဝန်ထမ်းတွေက ပြောပြပါတယ်။ ဧရာမ စက်ယန္တရားကြီးတွေကို အသုံးပြုပြီး သတ်မှတ်ချက်ထက် ပိုမို လုပ်ကိုင်နေတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး ဒေသခံတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ ဆိုကြပါတယ်။


အခုလိုမျိုး အလွန်အကျွံ ရွှေတူးဖော်နေမှုအပေါ် မြစ်ဆုံဆည် စီမံကိန်းတုန်းကလိုမျိုး ဆန့်ကျင်ကန့်ကွက်မှု များများစားစား မရှိကြတော့ပါဘူး။ လူထုအပေါ် ဩဇာလွှမ်းတဲ့ ကချင်ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက ဒီကိစ္စနဲ့ ပတ်သက်လာရင် အများအားဖြင့် နှုတ်ဆိတ်နေတတ်ကြပြီး တခါတရံ တခြားသူတွေအပေါ် အပြစ်ဖို့တာ၊ ယွပ်ဇော်ခေါင်နဲ့ Jadeland ကုမ္ပဏီတို့ကို အကာအကွယ်ပေးတာတွေ ပြုလုပ်နေပါတယ်။ ဒီလိုနဲ့ ဒေသခံတွေ၊ တတ်ကြွလှုပ်ရှားသူတွေခမျာ Jadeland ကုမ္ပဏီနဲ့ အပေါင်းအပါတွေဘက်က ရန်ငြှိုးထား လက်တုံ့ပြန်မှာကို ကြောက်တာမို့ ဒီအကြောင်းကို ပေါ်ပေါ်ထင်ထင်တောင် မပြောရဲကြတော့ပါဘူး။


ဒေသခံတွေ အဲဒီအကြောင်း ပြောလေလေ ပိုပြီး ဒုက္ခရောက်လေလေ၊ ပိုပြီး နစ်နာဆုံးရှုံးရလေလေပါပဲ။ ကျနော်တို့အတွက် ဘယ်သူမှ မရပ်တည်ပေးဘူး ဆိုပြီး ဒေသခံတဦးဖြစ်တဲ့ ဘရန်လီက ပြောပြပါတယ်။ ဘာခွင့်ပြုချက်မှ မရှိဘဲ Jadeland ကုမ္ပဏီက သူ့မြေပေါ်မှာ တူးချင်တိုင်း လာတူးနေတယ်လို့လည်း သူက ဆိုပါတယ်။ ကျနော်တို့ဘက်က ရပ်တည်ပြီး Jadeland ကုမ္ပဏီကို ရင်ဆိုင်ပေးဖို့၊ ကျနော်တို့ မြေတွေကို ပြန်တောင်းပေးဖို့ တယောက်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတခုခု လိုချင်မိတယ် လို့ သူက ပြောပြပါတယ်။


>>> လုပ်သမျှအားလုံး အလကားပဲ


ကချင်ပြည်နယ်မှာ ရွှေတူးခဲ့ကြတာ မျိုးဆက်တွေနဲ့ချီပြီး ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် အဲဒီတူးဖော်မှုတွေက အသေးစား၊ တပိုင်တနိုင်သာ ဖြစ်ကြပြီး ပတ်ဝန်းကျင်ထိခိုက်မှုလည်း မရှိသလောက် ဖြစ်ခဲ့ပါတယ်။ မြစ်တွေ ချောင်းတွေ ပျက်စီးရလောက်တဲ့အထိတော့ ကျနော်တို့ အဖိုးအဖွားတွေက မလုပ်ခဲ့ကြပါဘူး လို့ ကချင်လူမျိုး သဘာဝပတ်ဝန်းကျင်ရေးရာ တတ်ကြွလှုပ်ရှားသူ နိန်ရန် ယူမာက ဆိုပါတယ်။


ဒါပေမယ့် ပြည်နယ်ရဲ့ အဓိက လက်နက်ကိုင်အင်အားစုဖြစ်တဲ့ KIO/KIA နဲ့ စစ်အာဏာပိုင်တွေကြား နှစ်ဖက်သဘောတူ အပစ်အခတ် ရပ်စဲလိုက်တဲ့ (၁၉၉၄) ခုနှစ်မှာ အခြေအနေတွေ အားလုံး ပြောင်းလဲသွားပါတော့တယ်။ အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ပြီးတာနဲ့ ဧရာမ စက်ယန္တရားကြီးတွေ တန်းရောက်လာတော့တာပဲ လို့ သူက ပြန်ပြောပြပါတယ်။


(၂၀၀၄) ခုနှစ်အတွင်း ကချင်လူမှုအဖွဲ့အစည်းတခုက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစောင်မှာ ကချင်ပြည်နယ်တွင်းက စိတ်မချမ်းမြေ့ဖွယ်ရာ ရွှေတူးဖော်နေမှုအခြေအနေကို ဖော်ပြထားပါတယ်။ ကုမ္ပဏီတွေက သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေကို လုံးဝ လျစ်လျူရှုပြီး ရေဆုံးမြေဆုံးအထိ အပြိုင်အဆိုင် တူးဖော်နေကြတာကို ဓါတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။


(၂၀၁၆) ခုနှစ်အတွင်း အာဏာရလာတဲ့ NLD အစိုးရက ရွှေတူးဖော်မှုအပါအဝင် ကချင်ပြည်နယ်တွင်းက သတ်မှတ်ချက်ထက် လွန်ကဲနေတဲ့ လုပ်ငန်းတွေကို ထိန်းချုပ်ဖို့ အထိုက်အလျောက် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အစိုးရသက်တမ်းတလျှောက်လုံးမှာလည်း ဒုံရင်းက ဒုံရင်းပဲလို့ ဒေသခံတွေ၊ တတ်ကြွလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် NLD အစိုးရလက်ထက်မှာ ရရှိခဲ့တဲ့ တိုးတက်မှုလေးတောင် စစ်အာဏာသိမ်းမှုကြောင့် ပျောက်ကွယ်သွားရပါပြီ။ တဦးတယောက်ချင်း ဒါမှမဟုတ် ကုမ္ပဏီလိုက် စိတ်ကြိုက်တူးဖော်နိုင်ဖို့ လမ်းစတွေ ပွင့်သွားခဲ့တယ်လို့ ဆိုကြပါတယ်။


ဒီမိုကရေစီအစိုးရလက်ထက်မှာ ကျနော်တို့ ကြိုးစားခဲ့သမျှက အခုတော့ အလကားပဲ လို့ ဟင်နရီ အောင်က ညည်းတွားပါတယ်။ (EITI) အပြည်ပြည်ဆိုင်ရာ သယံဇာတ တူးဖော်ရေး ပွင့်လင်းမြင်သာမှု ရှေ့ဆောင်အဖွဲ့ကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ NLD အစိုးရလက်ထက်မှာ စတင် တည်ထောင်ခဲ့တဲ့ ကချင်ပြည်နယ်လေ့လာစောင့်ကြည့်ရေးအဖွဲ့မှာ သူ တာဝန်ထမ်းဆောင်ခဲ့တာပါ။ အာဏာသိမ်းပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း EITI အဖွဲ့ကြီးက မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ရပ်စဲခဲ့သလို ပုံမှန် စောင့်ကြည့်လေ့လာရေး လုပ်ငန်းတွေကိုလည်း ရပ်တန့်လိုက်ပါတယ်။ 


အကျိုးဆက်ကတော့ ကုမ္ပဏီတွေအနေနဲ့ သူတို့ကြိုက်သလောက် တူးယူခွင့် ရသွားကြတာပါပဲ။ တခါတရံ ဆန့်ကျင်ကန့်ကွက်တဲ့ ဒေသခံတွေကို ဖိအားပေးခြိမ်းခြောက်တာမျိုးတောင် ပြုလုပ်လာကြပါသေးတယ်။ တဖက်မှာလည်း ယိုယွင်းလာတဲ့ စီးပွားရေးအခြေအနေကြောင့် သာမန်လူတွေခမျာ စားဝတ်နေရေးအတွက် ရွှေတူးတဲ့ဘက်ကို လှည့်လာကြရတယ်လို့ ဟင်နရီ အောင်က ပြောပြပါတယ်။


မြစ်ဆုံဒေသအပြင် ဝိုင်းမော်၊ ဖားကန့်၊ မချမ်းဘော၊ ပူတာအို၊ ဆွမ်ပရာဘွမ်၊ ရွှေဂူ၊ ဗန်းမော်နဲ့ မြစ်ကြီးနားမြို့နယ်တွေမှာလည်း သဘာဝပတ်ဝန်းကျင်ကို ပျက်စီးရလောက်တဲ့အထိ အလွန်အကျွံ ရွှေတူးဖော်မှုတွေ ရှိနေပြီလို့ ပြီးခဲ့တဲ့ လတွေအတွင်း ဒေသခံသတင်းရင်းမြစ်တွေက ထုတ်ပြန်လာကြပါတယ်။


ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင်ရေး၊ လူမှုရေး ပြဿနာတွေအတွက် မြစ်ဆုံဒေသမှာ ရွှေတူးတယ်ဆိုတာ အပေါ်ယံလေးပဲ ရှိသေးတယ် လို့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးအဖွဲ့ဝင်တဦးက ကောက်ချက်ချပါတယ်။


>>> အခွင့်အရေးသမားတွေက အခွင့်အရေးယူဖို့ လက်မနှေးဘူး။


ကချင်ပြည်နယ်မှာ အလွန်အကျွံ ရွှေတူးဖော်နေတာကြောင့် မကောင်းမြင်ခံနေရတာ Jadeland ကုမ္ပဏီတခုတည်းတော့ မဟုတ်ပါဘူး။ မြစ်ဆုံဒေသမှာ လုပ်ကိုင်နေတာ အဲဒီကုမ္ပဏီတခုတည်းလည်း မဟုတ်ပါဘူး။ ငါးမွေးကန်တွေ တူးမယ်ဆိုပြီး ရွှေတူးနေကြတဲ့ မြစ်ဆုံဒေသက တခြားလုပ်ငန်းရှင်တွေရဲ့အကြောင်းကို ဒေသခံသတင်းတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဖော်ပြထားပါတယ်။ 


လူသိများ ကျော်ကြားလှတဲ့ ယွပ်ဇော်ခေါင်ရဲ့ ပုဂ္ဂိုလ်ရေးအရှိန်အဝါ၊ Jadeland ကုမ္ပဏီနဲ့ ဒေသခံတွေကြားက ပဋိပက္ခအခြေအနေ စတာတွေကြောင့် Jadeland ကုမ္ပဏီက ပိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေပုံ ရပါတယ်။ Jadeland ကုမ္ပဏီက မြစ်ဆုံဒေသမှာ အကြီးဆုံး ရွှေတူးဖော်ရေး လုပ်ငန်းကြီး ဖြစ်နိုင်တယ်ဆိုပြီး တချို့က သုံးသပ်ကြပါတယ်။ ဒါပေမယ့် တူးဖော်ရေး လုပ်ကွက်တွေကို အစောင့်အကြပ်တွေ ထူထူထပ်ထပ် လုံခြုံရေးချထားတာမို့ ကုမ္ပဏီအကြောင်း အသေးစိတ် စုံစမ်းဖို့ ခက်ခဲလှပါတယ်။


ပြဿနာတွေ တက်ပြီး သတင်းတွေမှာ ပါလာတဲ့အခါ ကုမ္ပဏီဘက်က ဒေသခံတွေကို သူတို့လုပ်ကွက်တွေနား လာခွင့် မပေးတော့ဘူး။ အစောင့်တွေ အများကြီးလည်း ထပ်ငှါးထားတယ် လို့  ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေး အဖွဲ့အစည်းတခုဖြစ်တဲ့ မုန်းကြိန်ရောဒ်ဂျပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုပါတယ်။ တတ်ကြွလှုပ်ရှားသူတွေ ဆယ်စုနှစ်တခုကျော် ကာကွယ်တိုက်ခိုက်ခဲ့ကြရတဲ့ အဲဒီဒေသလေး ဖျက်ဆီးခံလိုက်ရမှာ စိုးရိမ်မိကြောင်း သူက ပြောပါတယ်။


မြစ်ဆုံက ကချင်လူမျိုးအားလုံးအတွက် အရေးပါတဲ့ နေရာပါ။ ဆည်တည်ဆောက်မယ် ဆိုတုန်းကလည်း ဒေသခံတွေ ဆန့်ကျင်ကာကွယ်ခဲ့ကြလို့ မြစ်ဆုံက မပျောက်မပျက်ဘဲ ဆက်ရှိနေခဲ့တာ၊ ဆက်စီးဆင်းနေခဲ့တာ။ အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ် ဖြစ်နေချိန်မှာ အခွင့်အရေးသမားတွေက မြစ်ဆုံနား ရွှေတူးဖို့ လက်မနှေးခဲ့ကြဘူး လို့ သူက ရှင်းပြပါတယ်။


လက်နဲ့ဖြစ်စေ၊ စက်နဲ့ဖြစ်စေ တပိုင်တနိုင် အသေးစား ရွှေတူးနေကြသူတွေကိုလည်း Jadeland ကုမ္ပဏီက မောင်းထုတ်နေကြောင်း ပြောပြကြပါတယ်။ ကုမ္ပဏီကြောင့် သူ့မှာ ရွှေတူးစရာ နေရာ ရှားပါးလာကြောင်း၊ ကုမ္ပဏီရဲ့ လည်ပတ်ပုံက ဒေသခံရွှေတူးသမားတွေရဲ့ စားဝတ်နေရေးကို ထိခိုက်လာကြောင်း ကိုယ်တိုင် တပိုင်တနိုင် ရွှေတူးနေသူ ဆွတ်မိုင်က ပြောပြပါတယ်။


မြစ်ဆုံဒေသကို Jadeland ကုမ္ပဏီ ရောက်လာခြင်းနဲ့ ပတ်သက်ပြီး ဥပဒေအရ မရှင်းမလင်းတာတွေလည်း ကျန်နေပါသေးတယ်။ (၂၀၂၀) ခုနှစ်အတွင်း ကချင်ပြည်နယ်အစိုးရက ကုမ္ပဏီကို တန်ဖရဲရွာအနီး အကျယ် လေးဧကရှိမယ့် လုပ်ကွက်တခုမှာ ငါးနှစ်ကြာ တူးဖော်ခွင့် ပေးခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဘက်ကနေ သတ်မှတ်ဧရိယာထက် ကျော်လွန်တူးဖော်နေပြီး မြစ်ဆုံနဲ့ ကီလိုမီတာအနည်းငယ် အကွာအဝေးထိ ရောက်လာနေပါပြီ။ မြစ်ကမ်းဘေး မီတာ ရာအနည်းငယ်အတွင်းမှာတင် စက်ယန္တရားကြီးတွေကို လှမ်းမြင်နေရပါပြီ။ ဒါတွေကြောင့် မိုးရာသီကျရင် မြေပြိုတာ၊ ရေကြီးတာတွေ ဖြစ်လာမှာကို ဒေသခံတွေ အထူးစိုးရိမ်နေကြရပါတယ်။


ဒေသခံတွေရဲ့  ကိုယ်ပိုင်မြေတွေကို မဖြစ်မနေ ရောင်းဖို့ ကုမ္ပဏီက အတင်းအကြပ် ဖိအားပေးခဲ့တယ်လို့ ပြောပြကြပါတယ်။ တန်ဖရဲရွာမှာ ရှိတဲ့ သူ့မြေကို ဝယ်ဖို့ အောက်တိုဘာလအတွင်း ယွပ်ဇော်ခေါင်ကိုယ်တိုင် ရောက်လာခဲ့တယ်လို့ ဘရန်လီက ပြောပြပါတယ်။ ဒါပေမယ့် အဲဒီမတိုင်ခင် တလလောက်တည်းက သူ့မြေပေါ်မှာ ကုမ္ပဏီက စတင် တူးဖော်နေပါပြီ။ ကျနော် ခွင့်မပြုဘဲ သူတို့က စက်ကြီးတွေနဲ့ လာတူးနေကြတာ၊ ကျနော်တို့ ဘာမှမတတ်နိုင်ဘူး လို့ သူက ဆိုပါတယ်။


ဘရန်လီက သူ့မြေကို ရောင်းဖို့ ငြင်းဆန်နေဆဲပါ။ ဒါပေမယ့် တခြားသူတွေကတော့ တဖြည်းဖြည်းနဲ့ သဘာတူ လိုက်ရပြီလို့ ပြောပြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ အတော် ခံစားရပါတယ်။ နောင်လာနောက်သားတွေကို ကျနော်တို့ ဘာအမွေသွားပေးရမှာလဲ။ ကျနော်တို့ ဘယ်လို တောင့်ခံကြရမှာလဲ။ ကျနော်တို့ရွာလေး ပျက်စီးရတော့မယ်။


Jadeland ရဲ့ လုပ်ကွက်တွေမှာ လုံခြုံရေးအထပ်ထပ်ချထားကြောင်း ပြောပြကြပါတယ်။ အဲဒီမှာ မျှော်စင် (၈) ခုလောက် ရှိတယ်။ တယောက်ယောက် အနားကပ်လာတာနဲ့ အစောင့်တွေက ဝစီမှုတ်ပြီး ချက်ချင်း ရပ်ခိုင်းတော့တာပဲ။

ရွာသားတွေ သူတို့လယ်ကို သွားဖို့တောင် မဖြတ်ခိုင်းဘူး လို့ ဆွတ်မိုင်က ပြောပြပါတယ်။


မြစ်ဆုံဒေသမှာ အလွန်အကျွံ တူးဖော်နေတဲ့ Jadeland ကုမ္ပဏီအကြောင်း လူသိထင်ရှား ဝေဖန်မိတဲ့ ဒေသခံတဦးကို လူတစုက လမ်းပေါ်မှာ ဓါးတွေကိုင်ပြီး၊ ဝိုင်းဝန်းထိုးကြိတ်ထားကြောင်း အစီရင်ခံစာတစောင်မှာ တွေ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို သူ့ရဲ့ လုံခြုံရေးအတွက် ဒီထက် ပိုပြီး အသေးစိတ်ထုတ်ပြန်လို့ မရသေးပါဘူး။


>>> ဩဇာကြီးမားလွန်းတဲ့ Jadeland ပိုင်ရှင်


ကချင်လူမျိုး အများစုအတွက် ယွပ်ဇော်ခေါင်က တကယ့် ပုဂ္ဂိုလ်ကြီးတဦးပါ။ လက်ဖဝါးခြေဖဝါးကနေ ချမ်းသာလာခဲ့တဲ့ သူ့ဘဝဇာတ်ကြောင်းကြောင့် ဖြစ်နိုင်သလောက် ရိုးရာ မနောပွဲတွေအပါအဝင် ကချင်ရိုးရာယဉ်ကျေးမှုအတွက် အကြီးအကျယ် ထောက်ပံ့အကျိုးပြုခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူက ကချင်ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှာ (၁၉၉၈) ခုနှစ်ကနေ (၂၀၀၈) ခုနှစ်အထိ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။


ဒါပေမယ့် သူ့ဘဝက ထင်သလောက်တော့ မရိုးစင်းနေပါဘူး။ သူ့ကို ကချင်ပြည်နယ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် (၂၀၀၉) ခုနှစ်အတွင်း အမေရိကန်သံရုံးရဲ့ ကြေးနန်းတစောင်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် KIO အပါအဝင် ပြီးခဲ့တဲ့ စစ်အစိုးရနဲ့ ဆက်စပ်မှုတွေကြောင့် သူနဲ့ သူ့မိသားစုဝင်တွေ၊ လုပ်ငန်းတွေကို ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့ဖို့ အကြံပြုတင်ပြထားခဲ့ဖူးပါတယ်။


(၁၉၉၄) ခုနှစ်အတွင်း KIO နဲ့ စစ်တပ်တို့ အပစ်အခတ်ရပ်စဲနိုင်မှုမှာ သူက အခရာကျခဲ့ပြီး အဲဒီအတွက် အထူးအခွင့်အရေးအဖြစ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတွင်း (၁၀) တွင်းလောက် တူးဖော်ခွင့် ရခဲ့တယ်လို့ ကြေးနန်းမှာ ဖော်ပြထားပါတယ်။ ဖားကန့်ဆိုတာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး ကျောက်စိမ်းထွက်ဒေသတခုပါ။ ဒါ့အပြင် သစ်ထုတ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ ဇီဝလောင်စာထုတ်လုပ်ငန်းတွေမှာလည်း အခြားအထူးအခွင့်အရေးတွေ ရရှိခဲ့ပါသေးတယ်။


အဲဒီနောက်ပိုင်း (၁၃) နှစ်ကြာတဲ့အခါ သူ ဘယ်လောက် ချမ်းသာလာမှန်း ဘယ်သူမှ မခန့်မှန်းနိုင်ကြပေမယ့် သူ့ရဲ့အဆက်အသွယ်တွေကတော့ ကောင်းနေဆဲဆိုတာ ပေါ်လွင်လှပါတယ်။ (၂၀၁၁) ခုနှစ်အတွင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတဲ့ KIO နဲ့ စစ်တပ်တို့ကြား ဖြန်ဖြေနိုင်ဖို့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးအဖွဲ့မှာ တရားဝင်အဖွဲ့ဝင် သုံးဦးရှိတဲ့အနက် သူက တဦးအပါအဝင် ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဝင်တွေက စက်မှုလုပ်ငန်းနဲ့ သယံဇာတတူးဖော်ရေး လုပ်ငန်းတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားကြတဲ့ တကယ့် စီးပွားရေးသမားကြီးတွေ ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဖော်ပြထားပါတယ်။


ယွပ်ဇော်ခေါင်ရဲ့ ဒုတိယသား ယွပ်ဆိန်ဂေါင် နော်ထွယ်က လက်ရှိ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်ရဲ့ သမီးနဲ့ လက်ထပ်ထားပါတယ်။

ရွှေတူးဖော်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ယွပ်ဇော်ခေါင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း၊ ဖုန်းလက်ခံခြင်း မရှိခဲ့ပါဘူး။ Jadeland ကုမ္ပဏီကို ဆက်သွယ်တဲ့အခါ ပြန်လည် ဆက်သွယ်မယ်လို့ အကြောင်းပြန်ခဲ့ပေမယ့် ဘာမှ မထူးခြားလာတာကြောင့် ထပ်မံ ဆက်သွယ်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ဖုန်းမအားတော့ပါဘူး။ Jadeland ကုမ္ပဏီရဲ့ မြစ်ဆုံဒေသ ရွှေတူးဖော်ရေးမှာ ဦးဆောင်နေသူလို့ ဒေသခံတွေ ပြောကြတဲ့ ယွပ်ဆိန်ဂေါင်နော်ထွယ်ကို Signal ကတဆင့် ဆက်သွယ်တဲ့အခါ တစုံတရာ တုံ့ပြန်ခဲ့ပေမယ့် သူ့ကို မေးထားတဲ့ မေးခွန်းတွေကိုတော့ ပြန်လည် ဖြေကြားခြင်း မပြုတော့ပါဘူး။


>>> မအောင်မြင်ခဲ့တဲ့ ကြားဝင်စေ့စပ်မှု


အဆက်အသွယ်ကောင်းလွန်းတဲ့ ယွပ်ဇော်ခေါင်က တော်ရုံတန်ရုံ အံတုဖို့ မလွယ်တဲ့ ပုဂ္ဂိုလ်မျိုးပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ဆုံဒေသမှာ ရွှေတူးဖော်မှုတွေ စတင် ပြုလုပ်လာတဲ့အခါ ဒေသခံတွေက KIO ဆီ စတင် အသနားခံတိုင်ကြားခဲ့ပါတယ်။ (၂၀၂၁) ခုနှစ် ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်း ဌာနချုပ်နဲ့ ဒေသရုံးခွဲတွေကို စာပို့ခဲ့ပြီး မြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေနဲ့ အလွန်အကျွံ ရွှေတူးဖော်နေတာကို တားမြစ်ပေးဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။


မြစ်ဆုံက စစ်ကောင်စီခန့် ပြည်နယ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပေမယ့်လည်း စစ်ကောင်စီရဲ့ ပင်ကိုယ်စရိုက်ကြောင့် KIO ကသာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း အဲဒီအကြောင်းကြားစာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသူနှစ်ဦးက ပြန်ပြောပြပါတယ်။


စစ်ကောင်စီက ကုမ္ပဏီတွေကို ဘယ်လောက် ရွှေတူးခွင့်ပေးပေး၊ KIO ကသာ ခွင့်မပြုရင် ဘယ်သူမှ မတူးရဲဘူး လို့ တဦးက ဆိုပါတယ်။ တကယ်လို့ ပြည်နယ်အစိုးရကို တိုက်ရိုက်စာပို့လိုက်ရင် KIO ကို မခန့်လေးစား လုပ်ရာရောက်လိမ့်မယ်ဆိုပြီး နောက်တဦးက ရှင်းပြပါတယ်။


အဲဒီအကြောင်းကြားစာကို သူ အနေနဲ့ လက်ခံရရှိကြောင်း သိရှိထားပြီး ဒါပေမယ့် မဖတ်ရသေးတာမို့ တစုံတရာ မှတ်ချက်မပေးနိုင်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဇန်နဝါရီလ (၅) ရက်နေ့မှာ ဖြေကြားခဲ့ပါတယ်။


အောက်တိုဘာလ (၅) ရက်နေ့မှာ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့က အဲဒီအကြောင်းကြားစာပေါ်  ပါဝင်လက်မှတ်ထိုးခဲ့သူတချို့နဲ့ တန်ဖရဲရွာရဲ့ တောင်ဘက် ကားနဲ့ (၄၅) မိနစ်ခရီးသာ ရှိမယ့် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ ကချင်လို WMR လို လူသိများတဲ့ အဲဒီအဖွဲ့က ပြည်နယ်တွင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ လူမှုရေး အငြင်းပွားမှုတွေကို အဖြေရှာညှိနှိုင်းပေးလေ့ ရှိပါတယ်။


WMR ကိုယ်စားလှယ်တွေက ယွပ်ဇော်ခေါင်ဘက်ကနေ လိုက်ပြီး ပြောပေးကြတယ်၊ ရွှေတူးပြီးရင် အဲဒီနေရာတွေကို သူ ပြန်ပြုပြင်ပေးလိမ့်မည်ဟု သူတို့က ကတိဝင်ပေးကြတယ်လို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ ဒေသခံတဦးဖြစ်တဲ့ ဇော်ထွဲက ပြန်ပြောပြပါတယ်။ ရွှေတူးပြီးရင် မြေတွေ ပြန်ဖို့ပေးမယ်၊ သစ်ပင်တွေလည်း ပြန်စိုက်ပေးပြီး မြစ်ကမ်းဘေးမှာ ရေကာနံရံတွေ ဆောက်ပေးဦးမယ် ပြောတယ်။


မြစ်ဆုံမှာ ယွပ်ဇော်ခေါင် ဆက်ပြီး ရွှေတူးတာကို ခွင့်ပြုကြောင်း သူအပါအဝင် တက်ရောက်လာတဲ့ ဒေသခံတွေက ဝန်ခံလက်မှတ်ထိုးဖို့ WMR က အဲဒီတွေ့ဆုံပွဲမှာ ဖိအားပေးခဲ့ကြောင်း သူက ဆိုပါတယ်။ မင်းတို့က ရွာသူရွာသားတွေရဲ့ ကိုယ်စားလှယ်အဖြစ် လာတက်ကြတာပဲ။ မင်းတို့ ပြောရင် သူတို့ နားဝင်မှာပါ။ ဒီပြဿနာကို အခုပဲ အဆုံးသတ်နိုင်အောင် မင်းတို့ လက်မှတ်ထိုးသင့်တယ် ဆိုပြီး WMR ကိုယ်စားလှယ်တွေက ပြောကြောင်း ဇော်ထွဲက ပြန်ပြောပြပါတယ်။ ကျနော်တို့ သဘောတူလာအောင် သူတို့က ပရိယာယ်မျိုးစုံသုံးပြီး အမျိုးမျိုး ဖိအားပေးကြတယ်။

ဒါပေမယ့် တက်ရောက်လာတဲ့ ဒေသခံတွေက လုံးဝ လက်မှတ်မထိုးခဲ့ကြပါဘူး။


အဲဒီနေ့က တွေ့ဆုံပွဲကို WMR ကိုယ်စားလှယ်ငါးဦး တက်ရောက်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ WMR အဖွဲ့ဝင်တဦးက ပြောပြပါတယ်။ အဲဒီထဲမှာ ကချင်လူထုအပေါ် ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တဦးလည်းဖြစ်၊ WMR ရဲ့ နာယကလည်း ဖြစ်တဲ့ သိက္ခာတော်ရဆရာတော် ခလမ်း ဆမ်ဆွန်လည်း တဦးအပါအဝင်ပါ။ ဆရာတော်က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့  ဥက္ကဌလည်း ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင် အများစုဖြစ်တဲ့ ကချင်လူမျိုးတွေအတွက် KBC က အကြီးဆုံး ဘာသာရေးအဖွဲ့အစည်းတခုပါ။


(၂၀၂၁) ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပခဲ့တဲ့ မြစ်ကြီးနားမြို့နယ်ထဲက နောင်ပုံဘုရားကျောင်းဖွင့်ပွဲမှာ ဆရာကြီး ခလမ်း ဆမ်ဆွန်ကို ယွပ်ဇော်ခေါင်နဲ့အတူ တွေ့မြင်ခဲ့ရပါတယ်။ (၂၀၁၈) ခုနှစ် ဘုရားကျောင်း စတင် တည်ဆောက်ချိန်မှာ ယွပ်ဇော်ခေါင်က အလှူငွေတွေ လှူဒါန်းခဲ့ပြီး သူ့ရဲ့နာမည်ကို ဘုရားကျောင်းရှေ့မှာ ကဗျည်းရေးထိုးထားပါတယ်။

ဒီဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းဖို့ ဆရာတော်ခလမ်း ဆမ်ဆွန်ကို ခွင့်တောင်းခဲ့ပေမယ့် ငြင်းပယ်ခဲ့ပါတယ်။


WMR အစည်းအဝေးမှာ ပါဝင်တက်ရောက်ခဲ့သူ နောက်တဦးက လမိုင်ဂွမ်ဂျာပါ။ သူက ငြိမ်းချမ်းရေးတည်ဆောက်ရေးအဖွဲ့မှာ ယွပ်ဇော်ခေါင်နဲ့အတူ လက်တွဲလုပ်ဆောင်နေသူတဦးလည်း ဖြစ်ပါတယ်။ သူ့ကို ဆက်သွယ်ကြည့်တဲ့အခါ အလုပ်ရှုပ်နေကြောင်းသာ ထပ်တလဲလဲ ပြောနေပြီး နောက်ပိုင်းမှာ ဖုန်းလက်ခံဖြေကြားခြင်း မပြုတော့ပါဘူး။


မြစ်ဆုံဒေသခံတွေနဲ့ ကုမ္ပဏီကြား ပဋိပက္ခကို စကားဝိုင်းမှာ အဖြေရှာဖို့ WMR နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအဖွဲ့က ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မရတဲ့အခါ WMR ရဲ့ မေတ္တာရပ်ခံချက်ကြောင့် နောက်ပိုင်းမှာ ယွပ်ဇော်ခေါင်ကိုယ်တိုင် လာရောက်ခဲ့ကြောင်း သိရပါတယ်။


ဒေသခံတွေအပေါ် ဖိအားပေးတာမျိုး မပြုလုပ်ခဲ့ပါဘူးဆိုပြီး WMR ပြောရေး ဆိုခွင့်ရှိသူက ပြန်လည် ရှင်းလင်းပါတယ်။ နှစ်ဖက်စလုံးက တဦးကိုတဦး အပြန်အလှန် နားလည်မှု ရှိရှိနဲ့ ဆွေးနွေးနိုင်အောင် ကြိုးစားခဲ့တာပဲ ရှိပါတယ်။ ပြဿနာအရင်းအမြစ်က ဘာလဲဆိုတာ နှစ်ဖက်စလုံး နားလည်ဖို့၊ တဦးကိုတဦး အပြစ်မတင်ဖို့ လိုအပ်ပါတယ်။ အားလုံး ပါဝင်စဉ်းစား အဖြေရှာပြီး ဒီပြဿနာကို ဖြေရှင်းသင့်ပါတယ် လို့ သူက ဆိုပါတယ်။


မြစ်ဆုံမှာ ရွှေတူးနေတာနဲ့ ပတ်သက်လို့ KIO ကို ပေးပို့ခဲ့တဲ့ အကြောင်းကြားစာကြောင့် KIO က WMR ကို စေလွှတ်ခဲ့တာလားဆိုပြီး ဒေသခံတွေ သို့လောသို့လော ဖြစ်နေရပါတယ်။ ဒီလိုမျိုး မဟုတ်ပါဘူးလို့ WMR ဘက်က ငြင်းဆန်ထားပါတယ်။ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောခွင့်မရှိဘူးလို့သာ ဆိုပါတယ်။


KIO ထံ အကြောင်းကြားစာ ပို့ခဲ့ပေမယ့် ဘာမှ ထူးမလာတဲ့အခါ မြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးခြင်းကို ကန့်ကွက်ကြောင်း ကြေငြာချက်တစ်စောင်ကို ဒေသခံတွေက အောက်တိုဘာလ (၁၈) ရက်စွဲနဲ့ လူသိထင်ရှား ထုတ်ပြန်ခဲ့ပါတယ်။


အဲဒီကြေငြာချက် ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ဒေသခံတွေအနေနဲ့ ကုမ္ပဏီရဲ့ ခြိမ်းခြောက်ဖိအားပေးမှုတွေကို ပိုမို ကြုံတွေ့ခံစားလာရကြောင်း ဒေသခံသုံးဦးက ပြောပြပါတယ်။


WMR ဘက်က နောက်ထပ် တွေ့ဆုံမှု တခု ထပ်လုပ်ဖို့ အကြောင်းကြားခဲ့ကြောင်း၊ ဒေသခံတွေဘက်က ငြင်းဆန်လိုက်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ WMR က ယွပ်ဇော်ခေါင်ရဲ့ ကိုယ်စားလှယ်လိုမျိုး ဖြစ်နေပြီဆိုပြီး သူတို့ ခံစားမိလာတာကြောင့်ဖြစ်ကြောင်း ဒေသခံတဦးက ရှင်းပြပါတယ်။


KIO နဲ့ သူတို့ရဲ့ လက်နက်ကိုင်အင်အားစုဖြစ်တဲ့ KIA က ဒေသဆိုင်ရာ အရာရှိတွေ တန်ဖရဲရွာကို ရောက်လာပြီး ဒီကြေငြာချက်ကို ဘယ်သူတွေ ရေးတာလဲလို့ လိုက်လံစုံစမ်းခဲ့ကြောင်း အဲဒီဒေသခံကပဲ ပြောပြပါတယ်။ ဗိုလ်မှူးကြီးနော်ဘူကတော့ KIO ဗဟိုအနေနဲ့ ဒီအကြောင်းကို မသိရှိရကြောင်း၊ မှတ်ချက်တစုံတရာ မပေးနိုင်ကြောင်း ဖြေကြားသွားပါတယ်။


ကြေငြာချက် ထုတ်ပြန်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီ အာဏာပိုင်တွေက ဒေသခံတွေနဲ့ တွေ့ဆုံနိုင်ဖို့ အကြောင်းကြားခဲ့ကြောင်း၊ ဒါပေမယ့် ဒေသခံတွေဘက်က ငြင်းဆန်လိုက်ကြောင်း တခြားဒေသခံတဦးက ပြောပြပါတယ်။

ကျနော်တို့က ကြေငြာချက်တောင် ထုတ်ပြီးပြီမို့ သူတို့နဲ့ ဆွေးနွေးစရာ မလိုတော့ဘူး။ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း အထင်မခံချင်ဘူး ဆိုပြီး ဒေသခံတွေက ဆိုပါတယ်။


Jadeland ကုမ္ပဏီကို ပေါ်ပေါ်ထင်ထင် ဝေဖန်ကန့်ကွက်နေတဲ့ ဒေဗသခံတဦးရဲ့ ဆိုင်ကယ်မှာ စာလုံးအနီရောင်နဲ့ ရေးသားထားတဲ့ စာတစောင်ကို လာထားသွားပါတယ်။ ဒီစာကို အမှန်တရားမျိုးချစ်အဖွဲ့ က ပေးတာလို့ ပြောထားပြီး သတင်းမှားတွေ ဖြန့်နေတာ ရပ်တန်းက ရပ်ဖို့ စာထဲမှာ သတိပေးထားပါတယ်။ ဒါက သူ့ကို ခြိမ်းခြောက်တာပဲဆိုပြီး လက်ခံရရှိတဲ့ ဒေသခံက သူ့ခံစားချက်ကို ပြောပြပါတယ်။


>>> ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ်


အမျိုးသားညီညွတ်ရေးအစိုးရမှာ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး တာဝန်ယူထားသူ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလဲန်တူးခေါင်က မြစ်ဆုံဒေသအနီး Jadeland ကုမ္ပဏီရဲ့ ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်မပေးနိုင်ကြောင်း ပြောပါတယ်။ ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH က (၂၀၂၁) ခုနှစ် ဧပြီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းခဲ့ပြီး မြန်မာပြည်သူတွေရဲ့ တရားဝင်အစိုးရအဖြစ် စစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်နေပါတယ်။


Jadeland ကုမ္ပဏီနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ မကျေနပ်ချက်ကို အရေးယူဖို့ ဒါမှမဟုတ် စုံစမ်းစစ်ဆေးဖို့ NUG ရဲ့ တာဝန်မဟုတ်ဘူးလို့ ခလဲန်တူးခေါင် က ဆိုပါတယ်။ ပြည်နယ်အဆင့်ကိစ္စကို ပြည်ထောင်စုအဆင့်ကနေ ဝင်ရောက်ဆောင်ရွက်ဖို့ သင့်တော်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီကိစ္စကို ကိုင်တွယ်ဖို့ KPICT ကို ကျနော် အကြောင်းကြားထားပါတယ် ဆိုပြီး သူက ပြောပါတယ်။


KPICT ဆိုတာ ပြီးခဲ့တဲ့ မတ်လအတွင်း ပြည်တွင်း၊ပြည်ပ ကချင်အဖွဲ့အစည်းတွေ စုပေါင်းတည်ထောင်ထားတဲ့ အသင်းအဖွဲ့တခုပါ။ ကချင်လူမျိုးတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ကိုယ်စားပြုဖို့အတွက် ရည်ရွယ်ထားပါတယ်။


KIO၊ KIA ရဲ့ လုံခြုံရေး ထီးရိပ်အောက်မှာ ကချင်ဒေသကို အုပ်ချုပ်စီမံနိုင်ရေး အတွက် CRPH နဲ့ ဆွေးနွေးတိုင်ပင် လုပ်ဆောင်လျက်ရှိကြောင်း KPICT ရဲ့ ပြောရေးဆိုခွင့်ရှိသူ အင်ဆန်ဂွမ်ဆန် က ဒီဇင်ဘာလ (၈) ရက်နေ့ ရက်စွဲနဲ့ အီးမေးတစောင်မှာ ဖော်ပြထားပါတယ်။


KPICT အနေနဲ့ ကချင်ပြည်နယ်တွင်းက ရွှေတူးဖော်မှုတွေကို ထဲထဲဝင်ဝင် စူးစမ်းလေ့လာနေပါကြောင်း၊ ဒါပေမယ့် မတည်မငြိမ် ဖြစ်နေတဲ့ ပြည်နယ်အခြေအနေ၊ ဘယ်ဘက်ကမှ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်းမရှိတဲ့ နယ်မြေအနေအထားတွေကြောင့် တူးဖော်ရေး စံချိန်စံညွှန်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေတွေ ပြဌာန်းသတ်မှတ်ဖို့ စိန်ခေါ်မှုတွေ ရှိနေကြောင်း သူက ရှင်းပြပါတယ်။


ပြည်နယ်ရဲ့ ဘယ်နေရာမှာမဆို စစ်ကောင်စီက ခွင့်ပြုတိုင်း လက်လွတ်စပယ် ရွှေမတူးကြဖို့ ကျနော်တို့ ပြည်နယ်ထဲ နေထိုင်ကြသူအားလုံးကို အသိပေးထားပြီးသားပါ။ တကယ်လို့ ကျနော်တို့သာ အခုအတိုင်း ဆက်ပြီး တူးချင်သလို တူးနေကြဦးမယ်ဆိုရင် ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေအနေနဲ့ ကချင်ပြည်နယ်ရဲ့ တောတောင်အလှ၊ ကျေးလက်သဘာဝကို မြင်တွေ့နိုင်မှာ မဟုတ်တော့ပါဘူး။


ဒါပေမယ့် KPICT က ယွပ်ဇော်ခေါင် ဒါမှမဟုတ် Jadeland ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်ခဲ့တာမျိုးတော့ မရှိဘူးလို့ သူက ဆိုပါတယ်။ ရွှေတူးတာနဲ့ ပတ်သက်ပြီး ပြည်နယ်တခုလုံးစာ မြင်ကွင်းကျယ် ကြည့်တတ်ဖို့ အရေးကြီးကြောင်း၊ ရွှေတူးဖော်ရေး စီမံကိန်းကြီးတွေမှာ အဓိက ထောက်ပံ့နေသူ၊ ခွင့်ပြုပေးနေသူတွေကို စုံစမ်းဖော်ထုတ်ဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ရွှေတူးတာနဲ့ ပတ်သက်လို့ ယွပ်ဇော်ခေါင် တဦးတည်းကိုပဲ ကွက်ပြောနေလို့ မရပါဘူး။


Jadeland ကုမ္ပဏီအနေနဲ့ ရွှေတူးဖော်ခွင့်ကို NLD အစိုးရလက်ထက်မှာ ရရှိခဲ့တာ မှန်ပေမယ့် မြစ်ဆုံဒေသ ပျက်စီးမယ့်အရေးကို KPICT က ခွင့်ပြုမှာ၊ လျစ်လျူရှုထားမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

မြစ်ဆုံနားမှာ ရွှေတူးနေကြတဲ့ Jadeland နဲ့ တခြားကုမ္ပဏီတွေက ကျနော်တို့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ပြန်လည်ပြင်ဆင်လို့ မရနိုင်မယ့် ပျက်ဆုံးဆုံးရှုံးမှုတွေ ဖြစ်စေတယ် လို့ သူက ရှင်းပြပါတယ်။


>>> ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်တာကလည်း တော်လှန်ရေးပဲ


KIO ရဲ့ ထိန်းချုပ်မှုအောက်က ဒေသအားလုံးမှာ ရွှေတူးဖော်မှုကို တားမြစ်ကြောင်း KIO က (၂၀၂၁) ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ မြစ်ဆုံအပါအဝင် သူတို့ထိန်းချုပ်မှု အပြင်က ဒေသတွေမှာ ရွှေတူးဖော်နေမှုကိုတော့ မတားမြစ်နိုင်သလို ခွင့်ပြုပေးလို့လည်း မရဘူးဆိုပြီး ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။


သဘာဝပတ်ဝန်းကျင် ဒါမှမဟုတ် ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်အပေါ် ထိခိုက်ပျက်စီးစေမယ့် လုပ်ရပ်အားလုံးကို KIO က ဆန့်ကျင်ပါတယ်။ ဒါပေမယ့် KIO ရဲ့ ထိန်းချုပ်မှုအပြင်က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်လို့တော့ မရနိုင်သေးဘူး လို့ သူက ပြောခဲ့တာပါ။


မြစ်ဆုံမှာ ရွှေတူးဖော်နေမှုအပေါ် KIO ရဲ့ ထိန်းချုပ်မှု မရှိဘူးဆိုပေမယ့် ပြည်နယ်အနှံ့က တခြားစီမံကိန်းတွေနည်းတူ မြစ်ဆုံရွှေတူးဖော်ရေး လုပ်ငန်းတွေကိုလည်း KIO က အခွန်ကောက်ခံလျက် ရှိကြောင်း သူက အတည်ပြုပါတယ်။


ရွှေတူးဖော်နေမှုက ကျနော်တို့အားလုံးနဲ့၊ ကချင်နိုင်ငံတော်နဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ အခွန်ကောက်တာပါ။ အခွန်ကောက်ခံတယ်ဆိုတာ လက်တွေ့မြေပြင်က လက်အောက်ခံတပ်တွေ ပုံမှန်အတိုင်း လုပ်ဆောင်ရတဲ့ ကိစ္စအသေးအဖွဲသာ ဖြစ်ပြီး မြစ်ဆုံရွှေတူးဖော်ရေးလုပ်ငန်းတွေအပေါ် အခွန်ကောက်ခံတဲ့ အသေးစိတ်အချက်အလက်တွေကို သူ မသိရှိကြောင်း ပြောခဲ့ပါတယ်။


KIO အနေနဲ့ သီးခြားနယ်မြေတခုအတွက် ရွှေတူးဖော်ရေး စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့ အခက်တွေ့ရကြောင်း၊ ဒါကြောင့် ပြည်နယ်တခုလုံးစာ ခြုံငုံမယ့် မူဝါဒတွေ ရေးဆွဲနေကြောင်း၊ ဒါပေမယ့် စစ်ကောင်စီနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ အခုလိုအချိန်မျိုးမှာ ဒါက လွယ်ကူတဲ့ ကိစ္စတခု မဟုတ်ကြောင်း သူက ရှင်းပြပါတယ်။ အခုချိန်မှာ အရေးကြီးဆုံးက တော်လှန်ရေးကို မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်နိုင်ဖို့ပဲ လို့ သူက ဆိုပါတယ်။


ဖေဖော်ဝါရီလ (၆) ရက်နေ့ ကမ္ဘာ့ကချင်ကွန်ဂရက် (WKC) က ဦးဆောင်ကျင်းပခဲ့တဲ့ ဗီဒီယိုဆွေးနွေးပွဲတခုမှာ KIO ရဲ့ အထွေထွေအတွင်းရေးမှူးကြီး ကွမ်ထပ်ထိန်နန်က ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး မေးခွန်းတချို့ကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာ ခွင့်ပြုပေးခဲ့တဲ့ မြစ်ဆုံဒေသ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ထပ်မံ ခွင့်ပြုပေးခဲ့ကြောင်း၊ မြစ်ဆုံဒေသကို ခရီးသွား အပန်းဖြေစခန်းအဖြစ်၊ သဘာဝ ပန်းခြံကြီးအဖြစ် ပြုပြင်မွမ်းမံဖို့ အစီအစဉ်တွေ ရှိကြောင်း သူက ပြောကြားခဲ့ပါတယ်။


စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းမအားကြောင်းသာ တွေ့ရှိရပါတယ်။


ရွှေတူးဖော်မှုကြောင့် သမိုင်းဝင် သဘာဝပတ်ဝန်းကျင်ဒေသကို ထိခိုက်မှု ရှိလာမှာ၊ ဒေသခံတွေ ဒုက္ခရောက်မှာ ပြည်သူတွေ စိုးရိမ်နေကြတယ်ဆိုတာ သိရှိထားပါကြောင်း ကွမ်ထပ်ထိန်နန်က ဆိုပါတယ်။ အရင်တုန်းကလည်း ရေအားလျှပ်စစ် စီမံကိန်းကြီး ဆောက်ဖို့ စီစဉ်ဖူးပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ ဆန့်ကျင်နိုင်ခဲ့ကြပါတယ်။ အခုလည်း အဲဒီဒေသမှာ နောက်ထပ် ပြဿနာတခု ပေါ်လာပြန်ပါပြီ။ စစ်ကောင်စီဘက်က တခြား ဘယ်လို အစီအစဉ်တွေ ရှိနေဦးမလဲဆိုတာ ကျနော်တို့ စုံစမ်းလေ့လာနေပါတယ် လို့ သူက ဆိုပါတယ်။


ကွမ်ထပ်ထိန်နန်ရဲ့ အဆိုအရ မြစ်ဆုံဒေသမှာ ရွှေတူးဖော်နေမှု အားလုံး ရပ်ဆိုင်းဖို့ KIO မြစ်ကြီးနား ရုံးက အမိန့်ပေးထားပြီး ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် စီးပွားရေးသမားတွေက ဒီအမိန့်ကို လိုက်နာခြင်း မရှိကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူက အမည်နာမ တစုံတရာ ထည့်သွင်းပြောဆိုတာမျိုးတော့ မရှိခဲ့ပါဘူး။


စီးပွားရေးသမားတွေရဲ့ လုပ်ရပ်က ခေတ်မကောင်းတာကို အခွင့်အရေးယူသလို ဖြစ်နေပါတယ်။ သူတို့ ပြောနေတာ အမှန်လား၊ ဒါမှမဟုတ် လိမ်နေသလားဆိုတာ ကျနော်တို့ အနီးကပ် စောင့်ကြည့်လေ့လာဖို့ လိုအပ်ပါတယ် လို့ မြစ်ဆုံဒေသမှာ သဘာဝပန်းခြံ တည်ဆောက်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး သူက မှတ်ချက်ပေးပါတယ်။


မြစ်ဆုံဒေသမှာ ရွှေတူးဖော်မှု အားလုံး ရပ်ဆိုင်းဖို့ အမိန့်တစုံတရာ မထုတ်ပြန်ခင်မှာ KIO ဗဟိုကော်မတီအနေနဲ့ အခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်နေဆဲ ဖြစ်ကြောင်း သူက ဆိုပါတယ်။

မြစ်ဆုံဒေသမှာ ရွှေတူးဖော်နေမှုနဲ့ ပတ်သက်ပြီး KIO အနေနဲ့ ဘက်မလိုက်ဘဲ ဆောင်ရွက်ပေးတာကို မြင်လိုကြောင်း ဒေသခံတွေ၊ တတ်ကြွလှုပ်ရှားသူတွေက ပြောနေကြပါတယ်။


လောလောဆယ် ကျနော်တို့မှာ တရားဝင်အစိုးရ မရှိသေးဘူး။ ဒါကြောင့် ဒေသခံတွေရဲ့ ဆန္ဒကို ကောင်းကောင်းကြားနိုင်မယ့်နေရာမျိုး မရှိသေးတာပါ လို့ မုန်းကြိန်ရောဒ်ဂျပ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူတဦးက ဆိုပါတယ်။ ဒါကြောင့်ပဲ ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးတွေကို ကာကွယ်ပေးနေတဲ့ KIO ကသာ ဒီကိစ္စအတွက် အဓိကတာဝန်ရှိမယ်လို့ ကျနော်တို့ ထင်ပါတယ်။ ကျနော်တို့ KIO ကို ယုံကြည်ပါတယ်။ မြစ်ဆုံဒေသရဲ့ ရေရှည် တည်တံ့မှုကို မျှော်တွေးပြီး ရွှေတူးဖော်နေမှုတွေ ရပ်တန့်ပစ်ဖို့ကို သူတို့ရဲ့ အကြီးဆုံး တာဝန်သဖွယ် သဘောထားပေးကြပါလို့ ကျနော်တို့ မေတ္တာရပ်ခံချင်ပါတယ်။


KIO အနေနဲ့ တော်လှန်ရေး အောင်မြင်ပြီး မေခနဲ့ မလိခမြစ်တွေ ပျက်စီးသွားပြီဆိုရင် တော်လှန်ရေး အောင်မြင်တာ ဘာအကျိုးရှိတော့မလဲ လို့ သူက ထောက်ပြပါတယ်။


ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် တော်လှန်ရေးဆင်နွှဲရင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို တပါတည်း ဆောင်ရွက်ရမယ်လို့ ဇော်ထွဲလည်း ယူဆပါတယ်။ ကချင်ပြည်နယ်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရပြီးမှ ဘာမှမကျန်တော့ဘူးဆိုရင်လည်း အလကားပဲလေ။ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်နေတာကလည်း တော်လှန်ရေးပါပဲ လို့ သူက ဆိုခဲ့ပါတော့တယ်။


EMILY FISBHEIN, JAW TU HKAWNG, NU NU LUSAN and JAUMAN NAW


(This article was supported by the Pulitzer Center Rainforest Journalism Fund.)


မူရင်း -

https://www.frontiermyanmar.net/en/kachin-tycoon-draws-controversy-over-mining-at-myitsone/


Disclaimer

-------------------

အထက်ပါ ဘာသာပြန်ဆိုမှုသည် အလွတ်သဘော ဘာသာပြန်ဆိုမှုသာ ဖြစ်ပြီး မူရင်းစာရေးသူ၏ အာဘော် အပြည့်အ၀ အား ကိုယ်စားပြု ပြန်ဆိုမှုတွင် အားနည်းချက်များ ရှိနိုင်ကြောင်း နှင့် ဆောင်းပါး ရှင်၏ သဘောထားများသည် ACDD အဖွဲ့အစည်း ၏ နိုင်ငံရေးအာဘော်အား ကိုယ်စားပြုမှုမရှိပါကြောင်း အသိပေးအပ်ပါသည်။


ဆက်ဖတ်ရန် →

စစ်ကားပေါ်မှ စက် သေနတ်ဖြင့် ကလေးငယ် ၂ ဦးကို ပစ်သတ်

​ဘီးလင်းရွှေရောင်ပြရွာအနီး တိုက်ပွဲမဖြစ်ဘဲ  စစ်တပ်က စစ်ကားပေါ်မှ စက် သေနတ်ဖြင့်  ကလေးငယ် ၂ ဦးကို ပစ်သတ်ပြီး အရပ်သားများကိုပါ စိတ်ကြိုက် ပစ်ခတ်သတ်ဖြတ်နေသည့် ဗီဒီယို၊ မြင်မြင်သမျှ ပစ်သတ်ရန်နှင့်ရွာမီးရှို့ရန် စစ်သားများ ကြွေးကြော်ဆဲဆို (ရုပ်/သံ)


ရန်ကုန်၊ မတ် ၃၀ 

ခေတ်သစ်မီဒီယာ

မွန်ပြည်နယ်၊ သထုံနှင့်ဘီးလင်းအကြား၊ ရွှေရောင်ပြကျေးရွာအနီးတွင် ယမန် နေ့ မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စစ်ကားများဖြင့် ချီတက်ရာ လမ်းတလျှေက် အရပ်သားကားများကို စစ်ကားပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၂ ဦးသေဆုံးပြီး အရပ်သားတချို့ ဒဏ်ရာရရှိခဲ့သည်။ 


ယခုဖော်ပြပါ ဗီဒီယိုဖိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စစ်ကားပေါ်မှ စက်သေနတ်ဖြင့် အရပ်သားကားများကို ဦးတည်ပစ်ခတ်နေသည်ကို မြင်တွေ့ရပြီး ယင်းဗီဒီယိုဖိုင်ကို စစ်တပ်ဘက်က ရိုက်ကူးထားခြင်းဖြစ်သည်။


ယင်းဗီဒီယိုတွင် စစ်သားများက မြင်မြင်သမျှကို ပစ်ခတ်သတ်ဖြတ်ရန် ၊ ရွာကို မီးရှို့ရန် ဆဲဆို ပြောဆိုနေသည်ကို မြင်တွေ့ရသည်။


စစ်တပ်က ပစ်သတ်လိုက်သော အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနှင့် အသက် ၉ နှစ်အရွယ် မောင်ညီညီဇော်တို့သည် သုံးဘီးယာဉ်တွင် လိုက်ပါလာကြခြင်းဖြစ်ပြီး စစ်တပ်က ပစ်ခတ်မှုကိုကြောက်၍ လမ်းဘေးတွင် ဆင်း၍ ဝပ်နေစဉ် ပစ်ခတ် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။


ဆက်ဖတ်ရန် →

​ရဲနဲ့စစ်သား တွေ အညံခံပြီး စခန်းမစွန့်ခွာဖို့ကို စစ်ကောင်စီ ညွှန်ကြား

​ရဲနဲ့စစ်သား တွေ အညံခံပြီး စခန်းမစွန့်ခွာဖို့ကို စစ်ကောင်စီ ညွှန်ကြား၊ အညံ့မခံဘဲ အသေခံတိုက်ခိုင်းတဲ့သဘောလို့ ဆို


ရန်ကုန် | မတ် ၃၀

ခေတ်သစ်မီဒီယာ

အာဏာသိမ်းစစ်ကောင်စီလက်အောက် ရဲစခန်း၊ ရဲကင်းတွေက တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေရဲ့ စခန်းသိမ်းတိုက်ခိုက်မှုတွေကြုံရပါက လက်နက်ချအညံခံတာတွေ၊ စခန်းကိုစွန့်ခွာထွက်ပြေးတာတွေ မလုပ်ကြဖို့ ညွှန်ကြားထားတဲ့ စစ်ကောင်စီကြေးနန်းစာတစ်စောင်ကို Myanmar Police CDM Channel က ထုတ်ပြန်ပါတယ်။ 


ရဲစခန်း၊ ရဲကင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက ကြိုတင်စည်းရုံးသိမ်းသွင်းတာတွေလုပ်ဆောင်နေတယ်လို့လည်း အဆိုပါ စစ်ကောင်စီကြေးနန်းညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။


ရဲတပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေနဲ့ပူးပေါင်းပြီး တပ်တွင်းသတင်းပေးတာတွေ၊ အလစ်အငိုက်တိုက်ခိုက်ခံရရင် လက်နက်ချအညံခံတာနဲ့ စခန်းစွန့်ခွာတာတွေလုပ်နေတယ်လို့လည်း အဆိုပါကြေးနန်းက ဆိုပါတယ်။


တပ်တွင်းစည်းလုံးမှုမပြိုကွဲဖို့နဲ့ တပ်ဖွဲ့ဝင်တွေ NUG၊ PDF အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာတွေမလုပ်စေဖို့အတွက် ကြပ်မတ်‌ဆောင်ရွက်ဖို့လည်း ညွှန်ကြားထားတာတွေ့ရပါတယ်။


"စခန်းမစွန့်နဲ့ မင်းတို့ အသေခံတိုက်ဆိုတဲ့သဘောပဲ။ အသေခံတိုက်။ သေချင်လည်း သေပါစေ မင်းတို့ စခန်းကို ရအောင် ပြန်တိုက်လို့ ပြောတာပါပဲ။ မင်းတို့အသက်ထက် စခန်းမကျဖို့က အရေးကြီးတယ်ပေါ့။ ညွှန်ကြားချက်က အဲဒီအဓိပ္ပာယ်ပဲ" လို့ CDM စစ်သားတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။


ဆက်ဖတ်ရန် →

BeeXprss, ကြံ့ခိုင်ရေးပါတီနဲ့ UMG, Openmind တို့ရဲ့ ဆက်နွယ်မှု

​28 MAR, 2022

UMG ရဲ့ နာမည်ကြီး လုပ်ငန်းအများစုတွေထဲမှာ ရန်ကုန် ရှုခင်းသာမှာရှိတဲ့ Yangon Waterboom, နောက် ‘တောင်သူရွှေခတ်’ မြေသြဇာထုတ်လုပ်တာ၊ myDoctor လို နည်းပညာနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ အပြင် Volvo, Hitachi, SDLG နဲ့ Sunward တို့လို စက်ကြီးတွေ တင်သွင်းဖြန့်ချိတာလည်း ရှိပါသေးတယ်။

‘၇၇ နှစ်မြောက် တပ်မတော်နေ့’ လို့ စာရေးပြီး မြန်မာနိုင်ငံအလံ နောက်ခံနဲ့ စစ်သားတချို့ အလေးပြုနေပုံ၊ သေနတ်ကိုင်ထားပုံတွေပါတဲ့ ဓာတ်ပုံတစ်ပုံကို ရန်ကုန်အခြေစိုက် ပါဆယ်ဝန်ဆောင် ကုမ္ပဏီတစ်ခုက Facebook ပေါ် တင်ခဲ့လို့ အင်တာနက် အသုံးပြုသူများ အကြား ဂယက် ထ သွားခဲ့ပါတယ်။ 

အဲ့ဒီနောက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ရာကနေ “မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းနဲ့မျှ ပတ်သတ်ဆက်နွယ်ခြင်း မရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ပိတ်ရက်များအား ပုံမှန်တင်နေကျဖြစ်ပါသဖြင့် ချစ်လှစွာသော Customer များအား အထင်လွှဲမှားစေသည့် post အား မှားယွင်းပေါ့ဆစွာ တင်ခဲ့မှုကြောင့် BeeXprss မှအနူးအညွှတ် တောင်းပန်အပ်ပါကြောင်း” ဆိုပြီး နာရီပိုင်းအကြာမှာ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ 

ဒါပေမယ့်  စစ်တပ်က အာဏာသိမ်းထားချိန်၊ ပြည်သူအများစုက စစ်ကောင်စီကို ရွံမုန်းနေချိန်မှာ  တပ်မတော်နေ့ဆိုပြီး စာတင်ခဲ့ခြင်းက BeeXprss အတွက် စွန့်စားလွန်းရာ ကျပါတယ်။ သူတို့ Facebook စာမျက်နှာမှာ အင်တာနက် အသုံးပြုသူတွေက အုံနဲ့ကျင်းနဲ့ ဝေဖန်ပြောဆိုကြပြီးတဲ့နောက် BeeXprss ဟာ နဂိုပို့စ်ကို ဖြုတ်ပစ်လိုက်သလို ပေးလာတဲ့ Comment တွေကို ဖျက်ပစ်တာတွေထိ လုပ်ခဲ့ပါတယ်။ 

တကယ်တော့ BeeXprss ဟာ အာဏာသိမ်းစစ်တပ်နဲ့ ‘တိုက်ရိုက်’ ပတ်သက်နေသလား ဆိုတာကိုတော့ တိကျရေရာတဲ့ သက်သေမတွေ့ရပါဘူး။ Beexprss ရဲ့ တကယ့် မိခင်ကုမ္ပဏီကတော့ စီးပွားရေး လုပ်ငန်းစုကြီး ဖြစ်ပြီး ရန်ကုန်က လူသိများတဲ့ လုပ်ငန်းတော်တော်များများကို ပိုင်ဆိုင်ပါတယ်။

သူကတော့ UMG ပဲဖြစ်ပါတယ်။ UMG ဟာ မြေသြဇာထုတ်လုပ်တာ၊ စားသောက်ကုန်ထုတ်လိုက်တာ၊ ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှုပေးတာ၊ စက်ကြီးတွေ ငှားရမ်းတာ၊ ကစားကွင်း စီးပွားရေးကနေ နောက်ဆုံး ကြော်ငြာ မားကက်တင်း အေဂျင်စီအထိ လုပ်ငန်းပေါင်းစုံ လုပ်ကိုင်တဲ့ ကုမ္ပဏီကြီး တစ်ခု ဖြစ်ပါတယ်။ 

အာဏာသိမ်းပြီး တစ်လအကြာ မတ်လ ပထမပတ်က စမ်းချောင်းမှာ ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကို စစ်ကောင်စီရဲတပ်ဖွဲ့က ဖြိုခွင်းရာမှာ မြေကော်စက်၊ မြေတူးစက် စတဲ့ စက်ကြီးတွေအသုံးပြုတာတွေ ရှိခဲ့ပြီး ဒီစက်တွေဟာ UMG က စက်တွေလို့ နာမည်ထွက်ခဲ့ပါသေးတယ်။

ဒါပေမယ့် “UMG Group of Companies မှ တင်သွင်းဖြန့်ချိလျှက်ရှိသော စက်ယန္တရားဆိုင်ရာ Brand အမှတ်တံဆိပ်များသည် ယခု ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူလူထုအား အကြမ်းဖက် နှိမ်နင်းသည့် နေရာများတွင် အသုံးပြုသည့် စက်ယန္တရားများ၌ တွေ့ရှိရသော Brand အမှတ်တံဆိပ်များ မပါဝင်ကြောင်း” ဆိုပြီး ပြီးခဲ့တဲ့နှစ် မတ် ၂ က ထုတ်ပြန်ခဲ့ပါတယ်။  


UMG ရဲ့ နာမည်ကြီး လုပ်ငန်းအများစုတွေထဲမှာ ရန်ကုန် ရှုခင်းသာမှာရှိတဲ့ Yangon Waterboom, နောက် ‘တောင်သူရွှေခတ်’ မြေသြဇာထုတ်လုပ်တာ၊ myDoctor လို နည်းပညာနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ အပြင် Volvo, Hitachi, SDLG နဲ့ Sunward တို့လို စက်ကြီးတွေ တင်သွင်းဖြန့်ချိတာလည်း ရှိပါသေးတယ်။   

UMG ကို အာဏာသိမ်း စစ်တပ်နဲ့ တွဲစပ်ပြီး ဝေဖန်ကြပေမယ့် တိုက်ရိုက် ပတ်သက်ဆက်နွယ်နေမှုမျိုးကို လတ်တလော မတွေ့ရှိရပါ။ ဒါပေမယ့် UMG ရဲ့ မားကက်တင်းနဲ့ ကြော်ငြာအေဂျင်စီဖြစ်တဲ့ Openmind ကုမ္ပဏီလီမိတက်ကတော့ ဟိုးအရင် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလက ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အလုပ်လုပ်ပေးခဲ့ဖူးကြောင်း တွေ့ရှိရပါတယ်။


● UMG ရဲ့ Openmind Co., Ltd 


Openmind ကို ၂၀၁၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီးတော့ UMG ရဲ့ အဓိက လုပ်ငန်းတွေထဲက လုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ ကြော်ငြာ၊ မားကက်တင်း၊ ဒီဂျစ်တယ်မားကက်တင်း၊ မားကက်တင်းသုတေသန စတဲ့ ဝန်ဆောင်မှုတွေ လုပ်ပါတယ်။ 


Facebook ရဲ့  ၂၀၂၀ ပြည့်နှစ် အောက်တိုဘာက ထုတ်ပြန်ချက်အရ Openmind နဲ့ဆက်စပ်နေတဲ့ Facebook Page ၆ ခု၊ အကောင့်ပေါင်း ၃၆ ခု၊ Facebook Group ၂ ခုနဲ့ Instagram အကောင့် ၁ ခုတို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 


အဲ့ဒီ အကောင့်များဟာ “မြန်မာနိုင်ငံရှိ PR အေဂျင်စီဖြစ်သည့် Openmind နှင့် ချိတ်ဆက်နေ” တယ်လို့ Facebook က ဆိုပါတယ်။ ဒါ့အပြင် “ဤလှုပ်ရှားမှုသည် မြန်မာနိုင်ငံရှိ ပြည်တွင်းပရိသတ်များကို ပစ်မှတ်ထားခြင်းဖြစ်သည်။ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ အစစ်အမှန် မဟုတ်တဲ့ သံသယရှိဖွယ် အပြုအမူတွေကို စုံစမ်းစစ်ဆေးရာမှာ ဒီကွန်ရက်ကို တွေ့ရှိခဲ့သည်” လို့ Facebook က ထုတ်ပြန်ခဲ့ဖူးပါတယ်။ 

Openmind နဲ့ ချိတ်ဆက်နေတယ်လို့ Facebook က ပြောတဲ့ အကောင့်တွေဟာ အနီရောင် - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဦးတည်တိုက်ခိုက်ပြီး အစိမ်းရောင် - ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဦးစားပေးရွေးချယ်ဖို့ ဝါဒဖြန့်လှုံ့ဆော်တဲ့ စာတွေ၊ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေ တောက်လျှောက်တင်ခဲ့တာ ဖြစ်ပါတယ်။


စာဖတ်သူများ သိကြတဲ့အတိုင်း အနီရောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဆိုလိုတာ ဖြစ်ပြီး အစိမ်းရောင်ကတော့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ 


မှတ်တမ်းများအရ အနီရောင်ကို ဦးတည်တိုက်ခိုက်တဲ့ Facebook စာမျက်နှာတွေထဲမှာ ‘စေ့စပ်သေချာ မဲပေးပါ’၊ ‘Free To Talk’၊ ‘USDP Women Committee’ နဲ့ Brighter Future စာမျက်နှာတို့ဖြစ်တာကို တွေ့ရပါတယ်။ ဒီထဲမှာ USDP Women Committee သာ ကျန်နေသေးပြီး အခြား စာမျက်နှာတွေကတော့ လက်ရှိအချိန်မှာ မရှိတော့ပါဘူး။ 


ရွေးကောက်ပွဲမှာ USDP အောင်နိုင်ရေးအတွက် ဝါဒဖြန့်နေတဲ့ ဒီ အကောင့်တုတွေဟာ Openmind နဲ့ဆက်စပ်နေတယ်လို့ Facebook က ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ မယမင်းမြင့်ဆွေက ဒီလိုကိစ္စတွေကို သူ မသိတဲ့အကြောင်း ငြင်းဆိုခဲ့ဖူးပါတယ်။ 


ဒါ့အပြင် Openmind ကလည်း သူတို့အနေနဲ့ ဒီလိုမျိုး နိုင်ငံရေးကိစ္စတွေမှာ မပါဝင်သလို USDP အတွက် အကောင့်တွေကလည်း သူတို့လုပ်တာ မဟုတ်ကြောင်း သူတို့ Facebook ကနေ ကြေညာခဲ့တယ်လို့ Reuters သတင်းဌာနက ၂၀၂၀ နိုဝင်ဘာ ၆ က ရေးသားခဲ့ဖူး ပါတယ်။ 

ဒါပေမယ့် Openmind ရဲ့ အဲ့ဒီ ထုတ်ပြန်ချက်ကိုတော့ ခုချိန်မှာ သူတို့ Facebook ပေါ်မှာ ရှာမတွေ့တော့ပါဘူး။ 

● Openmind ကို ဘယ်သူတွေ ဦးဆောင်သလဲ

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ရဲ့ ဖော်ပြချက်အရ Openmind ကို ဦးဆောင်သူ ဒါရိုက်တာတွေထဲ အင်ကြင်းဆွေ၊ မာလာဝင်း၊ သက်ထားရွှေစင် နဲ့ သင်းရတီရွှေစင်တို့ကို တွေ့ရပါတယ်။ ဒီထဲက ဒေါ်မာလာဝင်း၊ သက်ထားရွှေစင်နဲ့ သင်းရတီရွှေစင်တို့ဟာ UMG ရဲ့ ဒါရိုက်တာတွေလည်း ဖြစ်ပြန်ပါတယ်။ 

ဒေါ်မာလာဝင်းရဲ့ အမျိုးသားဖြစ်သူ အင်ဒိုနီးရှားနိုင်ငံသား Kiwis Aliwarga ကိုတော့ DICA ရဲ့ မှတ်ပုံတင်စာရင်းထဲ တရားဝင်ဖော်ပြထားတာ မတွေ့ရပေမယ့် UMG ရဲ့ Facebook ပို့စ် တစ်ခုမှာတော့ ဦးကီဝီ (CEO) + ဒေါ်မာလာဝင်း (Chairwoman) (UMG Group of Companies) လို့ ရေးသားထားတာ တွေ့ရပါတယ်။  

 

● UMG ၏ Win Food ကုမ္ပဏီပြဿနာ

အာဏာသိမ်းကာလအတွင်း စက်ရုံကို ယာယီပိတ်သိမ်းမယ်လို့ ကြေညာလိုက်ပြီးတဲ့နောက်  UMG ကုမ္ပဏီလုပ်ငန်းစုရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ Win Food စားသောက်ကုန်ထုတ်စက်ရုံကနေ အလုပ်သမား ၇ ဦး အလုပ်ထုတ်ခံခဲ့ရဖူးပါတယ်။ 

ဘာကြောင့်လဲဆိုရင် စက်ရုံပိတ်ထားတဲ့ကာလမှာ အလုပ်သမားအခွင့်အရေး ရဖို့ တိုင်စာပို့ တောင်းဆိုတဲ့အတွက်ပါ။ စက်ရုံပိတ်ထားတဲ့ကာလမှာ အနည်းဆုံး အခကြေးငွေ ခံစားလိုတာကို အလုပ်သမား ၇ ဦးက ကုမ္ပဏီနဲ့ သက်ဆိုင်ရာ မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ ထွေအုပ်၊ လူဝင်မှု ကြီးကြပ်ရေးတို့ကို ပြီးခဲ့တဲ့နှစ် သြဂုတ်က တိုင်ခဲ့ဖူးပါတယ်။ 

အဲ့ဒီလို အလုပ်သမားအခွင့်အရေး လိုချင်လို့ တိုင်ကြားခဲ့တဲ့ အလုပ်သမားတွေကို UMG ရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲ Win Food က အလုပ်ထုတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

https://mmsentiment.com


ဆက်ဖတ်ရန် →

တယ်လီနောမြန်မာကို စစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်ဖူးသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်က ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်

​တယ်လီနောမြန်မာကို ပိုင်ရှင်သစ်များ စတင်ကိုင်တွယ်တော့မည်

သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော မိုဘိုင်းအော်ပရေတာကို ပိုင်ဆိုင်ခွင့်ရသည့် ကုမ္ပဏီတွင် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်၏သားကို ဒုအမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ထားသည်။​ 


အောင်နိုင်

Published on Mar 26, 2022

Myanmar Now


 တယ်လီနောမြန်မာကို စစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်ဖူးသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်က ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မည်ဖြစ်သည်။ 

တယ်လီနောမြန်မာကို စစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်ဖူးသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်က ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မည်ဖြစ်သည်။ 

တယ်လီနောမြန်မာကို အပြီးသတ်လွှဲပြောင်း ရောင်းချပြီးပြီဖြစ်ရာ ပိုင်ရှင်သစ်များဖြစ်သည့် လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ဖက်စပ်ထူထောင်သည့် Investcom ကုမ္ပဏီတို့က စတင်ကိုင်တွယ်တော့မည်ဖြစ်သည်။


သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော မိုဘိုင်းအော်ပရေတာကို ပိုင်ဆိုင်ခွင့်ရ Investcom ကုမ္ပဏီတွင် စစ်တပ်အဆက်အနွယ် ရွှေဗျိုင်းဖြူကုမ္ပဏီက ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မည်ဖြစ်သည်။ ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော်၏သား ဝင်းပိုင်ကျော်ကို Investcom ကုမ္ပဏီ၏ ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ်လည်း ခန့်အပ်ထားသည်။​ 

 

ယမန်နေ့ (မတ် ၂၅) တွင် တယ်လီနောမြန်မာဝန်ထမ်းများ လက်ခံရရှိသည့် အသိပေးစာအရ တယ်လီနောမြန်မာကို စတင်ကိုင်တွယ်မည့် Investcom ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်မှာ M1 Group မှ Muhammad Ziaullah Siddiqui ဖြစ်သည်။ 


လက်ရှိတွင် တယ်လီနောအမှတ်တံဆိပ်ဖြင့် ဝန်ဆောင်မှုပေးဦးမည်ဖြစ်သော်လည်း လာမည့်လေးလအတွင်း အမှတ်တံဆိပ်အသစ် ပြောင်းလဲဖွယ်ရှိကြောင်း တယ်လီနောမြန်မာဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။


ဝန်ထမ်းအကြီးအကဲအသစ်များတွင် တယ်လီနောပြိုင်ဘက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် Ooredoo တို့တွင် တာဝန်ထမ်းဆေင်ခဲ့သူ သုံးဦးပါဝင်ကြောင်း ဝန်ထမ်းအကြီးအကဲများခန့်အပ်မှုနှင့် ပတ်သက်သည့် သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။​


တယ်လီနောမြန်မာကို စတင်ကိုင်တွယ်မည့် စီမံခန့်ခွဲမှုအဖွဲ့ဝင်များ လာမည့်သီတင်းပတ်အတွင်း စတင် ရုံးတက်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။​


Investcom ဒါရိုက်တာအဖွဲ့တွင် M1 Group ဘက်မှ လက်ရှိ လက်ဘနွန်ဝန်ကြီးချုပ်၏တူဖြစ်သူ M1 အကြီးအကဲ Azmi Mikati နှင့် အခြားသူနှစ်ဦးပါဝင်ပြီး ရွှေဗျိုင်းဖြူဘက်မှ ဦးသိန်းဝင်းဇော်နှင့် သားဖြစ်သူ ဝင်းပိုင်ကျော်တို့ ပါဝင်သည်။ 


ဦးသိန်းဝင်းဇော်နှင့် ဝင်းပိုင်ကျော်တို့သည် ယခုလ ၂၂ ရက်ကမှ Investcom ကုမ္ပဏီ ဒါရိုက်တာအဖွဲ့တွင် ပါဝင်လာခြင်းဖြစ်ကြောင်း စင်ကာပူအစိုးရ၏ စာရင်းအင်းနှင့် ကုမ္ပဏီများ ကြီးကြပ်ရေးအာဏာပိုင် (ACRA) မှတ်တမ်းများတွင် ဖော်ပြသည်။


M1 Group က စင်ကာပူတွင် မှတ်ပုံတင်ခဲ့သည့် Investcom ကုမ္ပဏီတွင် ရွှေဗျိုင်းဖြူက ၄၉ ရာခိုင်နှုန်း လွှဲပြောင်းရယူပြီးဖြစ်ကာ တယ်လီနောမြန်မာကို အပြီးသတ်လွှဲပြောင်းဝယ်ယူပြီးနောက် ၃၁ ရာခိုင်နှုန်း ထပ်မံပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။​


တယ်လီနောမြန်မာကို လည်ပတ်နိုင်ရေးအတွက် M1 Group နှင့် ရွှေဗျိုင်းဖြူက Investcom Myanmar ကုမ္ပဏီခွဲတစ်ခုကို ယခုလ ၃ ရက်တွင် မှတ်ပုံတင်ထူထောင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများတွင် တွေ့ရသည်။ 


Investcom Myanmar ၏ ဒါရိုက်တာအဖွဲ့တွင် ဝင်းပိုင်ကျော်၊ ရွှေဗျိုင်းဖြူလက်အောက်ခံကုမ္ပဏီများ၌ ဒါရိုက်တာအဖြစ် တွေ့ရလေ့ရှိသည့် ဦးစိုးသီဟ၊ လက်ဘနွန်နိုင်ငံသား Lebanese Hicham Ramadan နှင့် Rana Shatila တို့ပါဝင်သည်။ 


တယ်လီနောမြန်မာပိုင်ရှင်သစ် ဖြစ်လာဖွယ်ရှိသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်မှာ စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဖူးသူဖြစ်သည်။​ အသက် ၅၉ နှစ်အရွယ် လုပ်ငန်းရှင်တွင် စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းအပြင် အမိုနီယံနိုက်ထရိတ်တင်သွင်းခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်းနှင့် အခြားလုပ်ငန်းများလည်း ရှိသည်။ ​ 


ရွှေဗျိုင်းဖြူကုမ္ပဏီသည် တရုတ်နိုင်ငံသို့ တရားမဝင်ကျောက်စိမ်းတင်ပို့ရောင်းချခြင်းလုပ်ငန်းများနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွှယ်နေပြီး ငွေကြေးခဝါချမှုမကင်းသော အထောက်အထားများလည်း ထွက်ပေါ်နေသည်။


တယ်လီနောမြန်မာကို ရောင်းချရာတွင် သုံးစွဲသူများ၏ အချက်အလက်ပိုင်း လုံခြုံရေးနှင့် ပတ်သက်၍ တယ်လီနောမှာ ဝေဖန်ပြစ်တင်ခံနေရသည့်ပြင် နော်ဝေရဲဌာနတွင် အမှုဖွင့်တိုင်ကြားခံထားရသည်။

 

တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စတွင် နော်ဝေအစိုးရသည် ကော်ပိုရိတ်လုပ်ငန်းပိုင်းဆိုင်ရာ တာဝန်ရှိမှုအပေါ် ပျက်ကွက်ခြင်းများရှိနေကြောင်း နော်ဝေတက္ကသိုလ် ပါမောက္ခတစ်ဦးက မတ် ၁၇ တွင် Transit အမည်ရ မဂ္ဂဇင်းမှတစ်ဆင့် ဝေဖန်ရေးသားသည်။ 


အဓိကအချက်နှစ်ခုအနေဖြင့် တယ်လီနောမြန်မာကို စစ်တပ်နှင့် နီးစပ်သူထံ ရောင်းထုတ်သည်၊ သုံးစွဲသူများနှင့် သက်ဆိုင်သည့် အချက်အလက်များ လုံခြုံရေးအာမခံချက်ပေးရန် ပျက်ကွက်သည်ဟု ၎င်းက ထောက်ပြသည်။


ဆက်ဖတ်ရန် →

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ



▪️ပြည်သူလူထုဘက် ရပ်တည်မည်လားဆိုသည်ကို ဆုံးဖြတ်ရန် အချိန်တန်နေပြီဖြစ်ပြီး လက်ကမ်းကြိုနေသော ပြည်သူများရှိနေသည်ကို ပြောလိုကြောင်း ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း ​ပြော


—People’s Spring


ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်နေသည့် လုပ်ရပ်များကြောင့် စစ်တပ်က ဂုဏ်သိက္ခာမရှိတော့သည်ကို လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းက သိရှိနေပြီဖြစ်ကြောင်း CDM တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။


အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်လာသည့် ခမရ (၃၅၁)တပ်ရင်မှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဗိုလ်ကြီး ညီသုတနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။


ဒုတိယဗိုလ်မှူးကြီးအဆင့်မှာ လက်ရှိအချိန်အထိ ထောင်နှင့်ချီသော ပြည်သူလူထုဘက်ကူးပြောင်းရပ်တည်လာသည့် တပ်မတော်သားများအနက် ရာထူးအကြီးဆုံးဖြစ်ပြီး အနည်းဆုံး ၂ ဦး ရှိနေပြီဖြစ်သည်။


ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းအနေဖြင့် ပြည်သူ့လူထုဘက် ကူးပြောင်းရပ်တည်လာခြင်း၏ အဓိက တွန်းအားမှာ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေယာဉ် ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့်ဖြစ်သည်ဟု ဆိုသည်။


“အစ်ကိုတို့ အနေနဲ့ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေရတာ အမေအိမ် ခွင့်ပြန်ဖို့တောင် ခွင့်ရခဲ့ရင် ပြန်လို့မရတော့တဲ့ အနေအထားမျိုးလေ။ ပြည်သူရဲ့ နာကြည်းမုန်းတီးမှုတွေပေါ့။ အစ်ကိုတို့ကို စစ်ခွေးလို့ခေါ်နေတာတွေ။ လက်ရှိအနေအထားမှာ ပြည်သူတွေနဲ့ အစ်ကိုတို့  စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေရတာ အရင်စစ်သားပေါ့။ စစ်သားဘ၀တုန်းက သူပုန်နဲ့ တိုက်နေရတဲ့အနေအထားမျိုးမဟုတ်တော့ဘူး။ ပြည်သူနဲ့ ပြန်တိုက်ပြီးတော့ အရင်ကတော့ စစ်သား။ အခု သူပုန်ဖြစ်နေတဲ့ အနေအထားမျိုးတွေပေါ့” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။


စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ပါက သေလျှင်လည်း ပြည်သူ့ကျိန်စာတိုက်ခြင်းကို ခံရမည်ဖြစ်ပြီး ယခု ပြည်သူလူထုဘက်ကူးပြောင်းလာခြင်းကြောင့် ပြည်သူ့မေတ္တာရရှိကြောင်း ၎င်းက ဆက်ပြောသည်။


“ပြည်သူက ပို့သတဲ့မေတ္တာတွေ ၊ ပြည်သူရဲ့ မေတ္တာကိုခံစားရပြီ။ ပြည်သူက ဘာပဲဖြစ်ဖြစ် ပြည်သူဘက်မှာ ပူးပေါင်းပါဝင်လာတာဖြစ်တဲ့အတွက် ပြည်သူကတော့ စိတ်အား တက်ကြွမှုရှိတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။


အာဏာသိမ်းလိုက်ခြင်း၏အကျိုးဆက်ကြောင့် စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင် နေသူတိုင်းသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူတရပ်လုံး၏ ခုခံတော်လှန်စစ်ကို ရင်ဆိုင်နေရပြီး ပြည်သူလူထု၏ ရန်သူဖြစ်နေကာ ဆွေမျိုး၊ မိသားစုဝင်များအပါအဝင် အသက်အန္တရာယ်ကို နေ့စဉ်နှင့်အမျှ စိုးရိမ်နေရကြောင်း အထက်ပါ CDM တပ်ရင်းမှူးက ပြောသည်။


လက်ရှိအချိန်သည် စစ်ကောင်စီလက်အောက် ဆက် လက်ရပ်တည်မည်လား၊ ပြည်သူလူထုဘက် ရပ်တည်မည်လားဆိုသည်ကို ဆုံးဖြတ်ရန် အချိန်တန်နေပြီဖြစ်ပြီး ပြည်သူဘက်ရပ်တည်မည်ဆိုပါက နွေးထွေးသည် ခံစားမှုကို ပေးမည့် ပြည်သူများ၊ လက်ကမ်းကြိုနေသော ပြည်သူများရှိနေသည်ကို ပြောလိုကြောင်း ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်းက သတင်းစကားပါးသည်။


(ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းအား ​တွေ့ရစဥ်)



ခမရ  ၃၅၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း CDM ဝင်၊ ဇာတိမြေကို စစ်တပ်က ဗုံးကျဲ မီးရှို့နေ၍ မိခင်အိမ်ပင် မပြန်ရဲဘဲ ပြည်သူ၏ မုန်းတီးမှု၊ စစ်ခွေးဟုခေါ်ဆိုမှု၊ ရန်သူသတ်မှတ်မှု မခံစားနိုင်တော့၊ ပြည်သူ့တော်လှန်ရေး တွင် ဆက်လက်ပါဝင်မည်


ရန်ကုန်၊ မတ် ၂၀ 


မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိမြေ ဖြစ်သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းကို စစ်ကောင်စီက ဗုံးကျဲ မီးရှိုနေ့၍ အမေ့အိမ်ပင် မပြန်ရဲတော့သည့်အပြင် ပြည်သူက မုန်းတီးပြီး စစ်ခွေးဟုလည်းကောင်း၊ ရန်သူဟုလည်းကောင်း ခေါ်ဆိုသည့် ဘ၀တွင် မနေနိုင်တော့၍ CDM ဝင်ရန် ဆုံးဖြတ်ခဲ့ဟု  ခမရ  ၃၅၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီး မျိုးမင်းထွန်း ပြောဆိုလိုက်သည်။ 


ပြည်သူ့ရင်ခွင်မှ CDM ဗိုလ်ကြီး ညီသုတနှင့်တွေ့ဆုံမေးမြန်းခန်း ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ 


"အဓိက တွန်းအားကတော့ လက်ရှိလုပ်နေတဲ့ စစ်ကောင်စီ လုပ်နေတဲ့လုပ်ရပ်တွေ ကိုယ့်တို့ ဇာတိမြေ အညာ တို့ စစ်ကိုင်းတိုင်း ဝန်းကျင်မှာဆိုရင်လည်း အကိုက ဒီပဲယင်း ဇာတိပါ။ စစ်ကိုင်းတိုင်းဝန်းကျင်မှာဆိုရင်လည်း ရွာလုံးကျွတ် မီးရှို့တာတွေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဒါတွေက အကိုတို့ နီးစပ်ရာတွေက တစ်ဆင့် ပြန်သိရတာပေါ့။  ပြန်သိတဲ့အချိန်မှာ ကိုယ်တို့ကိုလည်း သူတို့က မျိုးမင်းရေ CDM မလုပ်သေးဘူးလား။ ဒါမျိုးတွေ မေးတာတွေ မြန်းတာတွေ ပြီးတော့ အကိုတို့အနေနဲ့ စစ်ကောင်စီ အောက်မှာ တာဝန်ထမ်းဆောင်နေရတာ အမေ့အိမ် ခွင့်ပြန်ဖို့တောင်းမှ ခွင့်ရခဲ့ရင်တောင်မှ ခွင့်ပြန်လို့မရတဲ့ အနေအထားမျိုးတွေ ပြည်သူရဲ့ နာကျဉ်း မုန်းတီးမှုတွေ အကိုတို့ကို စစ်ခွေးလို့ခေါ်နေတာတွေ ပြီးတော့ လက်ရှိအနေအထားမှာ ပြည်သူတွေနဲ့ အကိုတို့ စစ်ကောင်စီ အောက်မှာ တာဝန်ထမ်းဆောင်နေရတာ အရင် စစ်သား ဘဝတုန်းက အကိုတို့က သူပုန်နဲ့ တိုက်နေရတဲ့ အနေအထားမျိုး မဟုတ်တော့ဘူး" ဟု ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။  


ပြည်သူ၏ ရန်သူဘ၀တွင် မနေနိုင်တော့သည့်အပြင် ပြည်သူလူထုဘက်မှ ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ပြီး CDM ဝင်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 


"ပြည်သူနဲ့ ပြန်တိုက်ပြီးတော့ ကိုယ်က အရင်ကတော့ စစ်သား အခု သူပုန်ဖြစ်နေတဲ့ အနေအထားမျိုးတွေ ပြီးတော့ ပြည်သူ လူထုရဲ့ ထောက်ခံအားပေးမှုတွေ လက်ရှိ အာဏာသိမ်းတဲ့ အကျိုးဆက်ကြောင့်မို့လို့ ဖြစ်လာခဲ့ပြီ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီခုခံ တော်လှန်စစ်ကို ဆင်နွှဲနေကြတာတွေရှိနေတဲ့ အချိန်မှာ ပြည်သူ တစ်ရပ်လုံးနဲ့ ဆင်နွှဲနေတာ ဖြစ်တဲ့အတွက် စစ်ကောင်စီအောက်မှာ ဆက်တာဝန် ထမ်းဆောင်နေရင် ကိုယ်တို့ကို အလိုလိုရန်သူ ဖြစ်နေပြီ ကိုယ်တို့ အသက် အန္တရာယ်တွေကလည်း တစ်နေ့တစ်ခြား ပိုပြီး စိုးရိမ်နေရတယ်။ ပြီးတော့လည်း ဆွေမျိုး အသိုင်းအဝိုင်းမှာလည်း စိုးရိမ်ကြောင့်ကျ မှုတွေရှိလာတယ်။ 

ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ ဒီတိုင်းဆက်နေလို့တော့ မရဘူး။ ပြည်သူဘက်ကိုတော့ ပူးပေါင်းပါဝင်မှ ရမယ်" ဟု ဒုတိယဗိုလ်မှူး‌ကြီး မျိုးမင်းထွန်းက ဆိုသည်။  


ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းသည် ၅၁၃ ပင်လုံတပ်၊ ၅၇၄ တပ်တွင် ယာယီ တပ်ခွဲမှူး ဗိုလ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံး စစ်မဟာ ဗျူဟာ လေ့လာရေးဌာနတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊  ဒုတပ်ရင်းမှူးအဖြစ် ခမရ ၄၃၁ ကော့သောင်းတွင်  ၃နှစ်နှင့် ၁ဝလလောက် ကြာခဲ့ကြောင်း၊ ယင်းနောက်  တပ်ရင်းမှူး ရာထူးဖြင့် ခမရ ၃၅၁ ကျောက်ကြီးတွင် တာဝန်ထမ်းဆောင်ပြီး  CDM လုပ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ကျောက်ကြီးမြို့နယ် ခမရ  ၃၅၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း။ 


(တွေ့ဆုံမေးမြန်းခန်း ဗီဒီယိုကိုလည်း ဖော်ပြပါမည်)

credit:Khit Thit Media

ဆက်ဖတ်ရန် →

မင်းအောင်လှိုင်၏ လျှို့ဝှက်အစည်းအဝေး မှတ်တမ်း နှင့် စိုးထွဋ်အသံဖိုင်ပေါက်ကြားမှု ဒုဝန်ကြီးမှစ၍ ဌာနဆိုင်ရာ ညွှန်ချုပ်များအထိ စစ်ဆေးခံရ၊ စစ်ကိုင်းတိုင်းမှ ထွေ/အုပ်အရာရှိတစ်ဦး ဖမ်းဆီးခံထားရ

​


ရန်ကုန်၊ မတ် ၂၀ 


မင်းအောင်လှိုင်က နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သော အလွတ်သဘော လျှို့ဝှက်အစည်းအဝေး ပြောဆိုမှုများ မှတ်တမ်း ပေါက်ကြားသည့်အတွက် စစ်ကိုင်းတိုင်းမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိတစ်ဦး ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။ 


ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မင်းအောင်လှိုင်၏ လျှို့ဝှက်အစည်းအဝေး ပြောဆိုမှု မှတ်တမ်းများကို ရန်ကုန်ခေတ်သစ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မှတ်တမ်းဖိုင်များအားလုံး ဖော်ထုတ်တင်ပြခဲ့ရာ ယင်းဖော် ထုတ်တင်ပြမှုအတွက် ရန်ကုန်တိုင်းအစိုးရ ၊ E-government ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့်နေပြည်တော် စစ်ကောင်စီရုံးမှ ဝန်ထမ်းတချို့ ၁ ပတ်ကျော်ကြာ ခေါ်ယူ စစ်ဆေးခံရကြောင်း၊ ယင်းနောက် စစ်ကိုင်းတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ 


"မအလနဲ့ တိုင်းကောင်စီဥက္ကဋ္ဌတွေရဲ့ အစည်းအဝေး မှတ်တမ်း ခေတ်သစ်ကိုပို့ပေးလို့ လိုင်းပေါ်တက်လာတယ်ဆိုပြီး စစ်ကိုင်းတိုင်းထွေ/အုပ်အရာရှိတစ်ဦး အဖမ်းခံရပါတယ်" ဟု စစ်ကိုင်းတိုင်းမှ အရာရှိတစ်ဦးက ပြောသည်။ 


ထို့ပြင် ဇန်နဝါရီလ ၂၅ ရက်နေ့ နေပြည်တော်တွင် အသံတိတ်သပိတ်တားဆီးရေး ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ပြောဆိုသော အသံဖိုင်သည် ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပေါက်ကြားခဲ့မှုအတွက်လည်း အစည်း အဝေးတက်ရောက်သူ ဒုဝန်ကြီးမှစ၍ ထွေ/အုပ်အရာရှိကြီးများ၊ ရဲတပ်ဖွဲ့ အရာရှိကြီးများနှင့် စည်ပင် အရာရှိများ၊ ဌာနဆိုင်ရာများကို ခေါ်ယူ စစ်ဆေးခြင်း၊ မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးခြင်းများ စစ်တပ်က လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။ 


"ဝန်ကြီးကတော့ သူ့အသံဖိုင်ပေါက်ရမလားဆိုပြီး ငါနဲ့ချည်းကိုင်တုပ်တာ။ စားပွဲပေါ်က ဖိုင်တွေပါ ပစ်ပေါက်တယ်။ တော်တော်ကို ဒေါသထွက်တယ်တဲ့။ ဒီလောက်ကြီးအထိ ဖြစ်ရလား မလုံခြုံတော့ဘူးလားဆိုပြီး အကုန်ပတ်ရမ်းတယ်" ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။ 


ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၏ အသံဖိုင်ကို မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်ခေတ်သစ်က ထုတ်လွှင့်တင်ဆက်ခဲ့သည်။ 


အစည်းအဝေးမှတ်တမ်းဖိုင်များ၊ စစ်ရေးဆိုင်ရာကိစ္စရပ်များ မကြာခဏဆိုသလို ပေါက်ကြားနေမှုနှင့်ပတ် သက်၍ အထူးစိစစ်ဆောင်ရွက်ရန်၊ အစည်းအဝေးခန်းမများအတွင်းသို့ မည်သူမဆို တယ်လီဖုန်း အပါအဝင် လျှပ်စစ်ပစ္စည်းများ ယူဆောင်ခြင်းမပြုရန်၊ ရန်ကုန်ခေတ်သစ်မီဒီယာနှင့်ချိတ်ဆက်၍ စစ်ကောင်စီ၏ သတင်းများ ဆက်တိုက်ပေါက်ကြားနေမှုကို စုံစမ်းစစ်ဆေးရန်၊ ခေတ်သစ်မီဒီယာကို ဖမ်းဆီးအရေးယူရန်ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က အမိန့်ထုတ်ထားကြောင်း သိရှိရသည်။


ထို့ပြင် တစ်သောင်းတန်နှင့် ငါးထောင်တန် ငွေတုများသတင်းကို ရန်ကုန်ခေတ်သစ်က အမည်မဖော်လိုသူ ဗဟိုဘဏ်အရာရှိကို ကိုးကားသတင်းဖော်ပြခဲ့ရာ ယင်းဖော်ပြမှုအတွက်လည်း ဗဟိုဘဏ်က ရန်ကုန်ခေတ်သစ်မီဒီယာကို အရေးယူပေးပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ စာပေးပို့ထားကြောင်း သိရှိရသည်။


ဆက်ဖတ်ရန် →

မြန်မာတို့၏ ဒီမိုကရေစီ တိုက်ပွဲ အောင်မြင်နိုင်၊ ကမ္ဘာတဝှမ်းမှ ပံ့ပိုးမှုသာ လိုအပ်

အထက်ပါ ခေါင်းစဉ် ဖြင့် အိန္ဒိယ အခြေစိုက် The Wire အွန်လိုင်း ဂျာနယ်တွင် မြန်မာတို့၏ ခုခံတွန်းလှန်စစ်ကို မျက်ခြေမပြတ် လေ့လာနေသည့် သုတေသီ မက်သယူး အာနိုး ရေးသားထားသည်ကို ပြန်လည် တင်ပြသည်။


မြန်မာ စစ်တပ်၏ အင်အားသည် အမှန် ရှိသည်ထက် အလွန်အကျွံ ခန့်မှန်းနေကြခြင်းသာ ဖြစ်ပြီး လက်ရှိ ပဋိပက္ခ ၏ အသွင် လက္ခဏာကိုသာ တမျိုးသားလုံး၏ အရေးတော်ပုံကြီး အဖြစ် ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့မည်ဆိုလျှင် စစ်အင်အား ချိန်ခွင်လျှာသည် တော်လှန်ရေး အင်အားစု များဖက် အလေးသာ လာမည်သာ ဖြစ်သည်ဟု အစချီထားသည်။


ထို့အတွက် မြန်မာတို့၏ တော်လှန်ရေး သည် နိုင်ခြေရှိနေပြီ ဖြစ်၍ ကမ္ဘာတဝှမ်းမှ ပံ့ပိုးပေးဖို့သာ လိုအပ်သည်၊ လုပ်သင့်လုပ်ထိုက်သော အရာလည်း ဖြစ်သည်။ စစ်တပ်သည် အာဏာသိမ်းပြီးသည်မှာ တနှစ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း ယခုထိ နိုင်ငံကို ကျစ်လစ်အောင် စုစည်း အုပ်ချုပ်နိုင်ခြင်း မရှိသေးပေ၊ ထို့အတွက်လည်း ဂမူးရှူးထိုးဖြင့် နေတဒူဝ သတ်ဖြတ်နေသည်နှင့်အမျှ တော်လှန်ရေး အင်အားစုများလည်း နိုင်ငံ အနှံ့တွင် အင်အားကောင်းလာနေပြီ ဖြစ်သည်။


လေ့လာသူများက မြန်မာစစ်တပ်သည် အင်အား သုံးသိန်းခွဲ ခန့် ရှိသည်ဟု ပေါ့ပေါ့တန်တန် ခန့်မှန်းခဲ့မှု နှင့် အတူ အလွယ်တကူ အနိုင်ရနိူင်ဖွယ် မရှိ ဟု ပြောဆိုလာခဲ့ကြသည်။ လက်ရှိတွင် စစ်ဗိုလ်ချုပ်များသည် ၎င်းတို့အပေါ် နိုင်ငံတဝှမ်း မှ ပုန်ကန်လာအောင် ဖန်တီးခဲ့ကြ၍ စစ်တပ်သည် အရေးနိမ့်ဖို့ ဖြစ်လာခဲ့ရသည်။


မြန်မာသည်  အစဉ်အဆက် တိုက်ခိုက်ခံနေရသော အဖွဲ့အစည်း တခု တည်းသာ ရှိသည့် နိုင်ငံ ဖြစ်သည်။ ထိုအဖွဲ့အစည်းက စစ်တပ်ပင် ဖြစ်သည်။ လက်ရှိ ပြည်တွင်းစစ်သည် ယခင်အခါများကဲ့သို့ တဖက်နှင့် တဖက် တိုက်ခိုက်နေပြီး ပြည်သူများက ကြားမှစောင့်ကြည့်နေသည့် binary war မဟုတ်တော့၊ တနိုင်ငံလုံးက စစ်တပ်ကို စုပေါင်းတွန်းလှန်လာနေကြသည့် အမျိုးသား တော်လှန်ရေးကြီး အဖြစ် အသွင် ပြောင်းလာခဲ့ပြီ ဖြစ်သည်။


စစ်ဗိုလ်ချုပ်များ အာဏာသိမ်းလိုက်ခြင်းကပင် မဟာဗျုဟာအရ အမှားကြီး ဖြစ်သည်အပြင် ၎င်းတို့အား အမြဲလို ဒုက္ခပေးလာတော့မည့် အကျပ်အတည်းကြီး ဖြစ်လာခဲ့ရသည်။


ပြည်သူ့ကာကွယ်ရေး တပ် များ သည် ဒေသအလိုက် ဖွဲ့စည်းကာ လက်နက် တပ်ဆင်လာကြပြီး ရန်ကုန်၊ မန္တလေး အပြင် နိုင်ငံ၏ အလယ်ပိုင်းဒေသများတွင် ခြေကုပ်ယူလာနိုင်ခဲ့ကြပြီ ဖြစ်သည်။ ထို့အတွက် ရှေ့လျောက် စစ်တပ်ကို တွန်းလှန်မှုများက အရှိန်ရလာဖို့သာ ရှိပေတော့သည်။


မိမိ ပြုစုထားသော စာရင်းများအရ ပြောရလျှင် စစ်ကောင်စီ တပ်များအား တိုက်ခိုက်လာမှုသည်ဇန်နဝါရီ တလတည်းမှာပင် ယခင်ထက် ၂၅% တိုးမြင့်လာခဲ့သည်။ နိုင်ငံတွင်းရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၀ တွင် တနည်းမဟုတ် တနည်း တိုက်ခိုက်ခြင်းကို ခံလာခဲ့ကြရသည်။ စစ်တပ်သည် နိုင်ငံအား ပြည်ပမှ လာရောက် ကျုးကျော် သိမ်းပိုက်ထားသည့် တပ်များဘဝ သို့ ပြောင်းလဲသွားခဲ့ရပြီး နေစဉ်လို အင်အား ကြီးထွားလာနေသည့် တော်လှန်ရေး အင်အားစုများကို နှိမ်နှင်းနေရပြီ ဖြစ်သည်။


စစ်တပ်သည် ထိုသို့ နိူင်ငံနှင့် အဝှမ်း မှ ၎င်းတို့အား တိုက်ခိုက်လာနေမှု အပေါ် တန်ပြန်နိုင်ရန် ပြင်ဆင်ထားခဲ့ခြင်းမရှိ၊ ပြောင်းလဲလာနေသော အနေအထားများကလည်း ၎င်းတို့ကို မျက်နှာသာ မပေးခဲ့ပြန်။


ပထမဦးဆုံး အချက်အဖြစ် တော်လှန်ရေး အင်အားစု များသည် အရင်းအမြစ်များ၊ ခိုလှုံရာ နေရာများ နှင့် အင်အားလည်း တောင့်တင်းလာပြီ ဖြစ်‌၍ စစ်တပ် အဖို့ မည်သို့မျှ အလွယ်တကူ ငြိမ်းသတ်၍ မရနိုင်သည့် မီးတောက် ကြီး ဖြစ်လာနေသည်။ အဓိက ကျသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း ၎င်းတို့နှင့် အပစ်အခတ် ရပ်စဲရန် သို့မဟုတ် အမျိုးသား ညီညွတ်ရေး အစိုးရ NUG, PDF တို့နှင့် မပူးပေါင်းရန် သွေးဆောင် ဖြားယောင်ခဲ့မှု များသည်လည်း အောင်မြင်မှု မရခဲ့ပြန်ပေ။


ဒုတိယ အချက်သည်ကား PDF များသည် နိုင်ငံတဝှမ်း အခိုင်အမာ ခြေကုပ်ယူလာနေကြခြင်းပင် ဖြစ်သည်။ PDF သည် စစ်ကောင်စီ တပ်များကို ‌ဧရာဝတီ မြစ်ရိုးတလျောက် အနှံ့အပြား တိုက်ခိုက်လာနိုင်ခဲ့သည်။ အထူးသဖြင့် မကွေးတိုင်း မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း နှင့် မန္တလေး တိုင်း ဒေသကြီးများတွင် ဖြစ်သည်။ ရန်ကုန် နှင့် ပဲခူးမြို့ကြီးများနှင့် မကွေးတိုင်း တောင်ပိုင်းတို့တွင် အင်အား တိုးချဲ့ လာနိုင်ခဲ့ကြပြန်သည်။ ထိုသို့ နိုင်ငံ၏ အချက်အခြာ ဒေသများတွင် လက်နက်ကိုင် တော်လှန်ရေး များ အရှိန်အဟုန် နှင့် ဖြစ်ပေါ်လာနေခြင်းသည်ကပင် စစ်ကောင်စီ အတွက် မဟာဗျုဟာ အရ အကြီးမားဆုံး ခြိမ်းချောက်လာမှု ကြီးပင် ဖြစ်သည်။


တတိယ အချက်သည် PDF နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်  လက်တွဲမဖြုတ်စတမ်း ပို၍ စည်းလုံးလာကြခြင်းပင် ဖြစ်သည်။ PDF များဖက်မှ အင်အားတိုးချဲ့လာပြီး ထဲထဲဝင်ဝင် ထိုးဖေါက်လာနေခြင်းနှင့် တဖက်တွင်လည်း အဓိကကျသည့် အဖွဲ့များဖြစ်သည့် ကေအင်ယူ၊ ကေအိုင်အေ၊ ကေအင်ပီပီ၊ စီအင်အက်ဖ် များသည်လည်း စစ်ရေး လှုပ်ရှားမှု များ တသမတ်တည်း ပြုလုပ်လာကြသည်။


ချင်း ပြည်နယ်၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီ တိုင်းများ အတွင်း PDF များသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပူးတွဲ စစ်ဆင်ရေးများ ဆင်နွှဲလာခဲ့ကြသည်။ ချင်း နှင့် ကယား ပြည်နယ်များတွင် အသစ်ဖွဲ့စည်း ပေါ်ပေါက်လာသော စီဒီအက်ဖ် နှင့် ကေအင်‌ဒီအက်ဖ် တို့သည် ရှိနှင့်ပြီးသား စီအင်အက်ဖ်၊ ကေအင်ပီပီတို့ နှင့် ကောင်းစွာ ချိတ်ဆက်နိုင်ခဲ့ကြသည်။


ထို့အပြင် ကေအိုင်အေသည်လည်း စစ်ကိုင်းတိုင်း မြောက်ပိုင်း အထိ PDF များနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလာခဲ့သည်။ အလားတူပင် ကေအင်ယူသည်လည်း မွန်၊ ပဲခူး၊ ကရင် နှင့် တနင်္သာရီ ဒေသများအတွင်း PDF များနှင့် အတူတွဲ တိုက်ခိုက်လာခဲ့သည်။


စတုတ္ထ အချက်သည်ကား စစ်ကောင်စီ ထိန်းချုပ်ထားသည့် အုပ်ချုပ်ရေး ယန္တရားများ အားပျော့လာနေမှု ဖြစ်သည်။ တော်လှန်ရေး အင်အားစုများက နယ်မြေ ထိန်းချုပ်နိူင်ရေး အတွက် စစ်အင်အားအပြင် ဒေသအတွင်း အုပ်ချုပ်နိုင်ရန််ကို ပို၍  အလေး ပေး လာခဲ့သည်။


နိူင်ငံတဝှမ်း တော်လှန်ရေး ဆင်နွှဲရာတွင် ထိုသို့ ထိန်းချုပ်လာနိုင်ရန်မှာ စစ်အင်အားအပြင် လူထု၏ ထောက်ခံမှု၊ နယ်မြေ ကျွမ်းကျင်နှံ့စပ်မှု နှင့် ကွန်ယက်များ ရှိနေမှု အပေါ် မူတည်နေပေသည်။ ထိုအချက်တွင် တော်လှန်ရေး အင်အားစုများသည် စစ်တပ်ထက် ပို၍ အလေးသာနေပေသည်။ စစ်အင်အား အရသာ စစ်တပ်က အသာစီး ရနေသည်။ ထို့အတွက်ကြောင့်လည်း စစ်တပ်၏ အားနည်းသော ဒေသများတွင် အနည်းဆုံး တဝက်တပျက်အထိ ထိန်းချုပ်လာနိုင် ခဲ့ကြသည်။


ထို့သို့ တော်လှန်ရေး အားကောင်းလာနေသည်ကို တန်ပြန်နိုင်ရန် စစ်တပ်သည် စနစ်တကျစီမံကိန်းချ၍ လူထု အတွင်း အကြောက်တရားများ ကိန်းအောင်းလာရန် အကြမ်းဖက် မဟာဗျူဟာ ကို ကျင့်သုံးလာကြသည်။ ခုခံတော်လှန်ရေး အဖွဲ့များကို ထောက်ခံသည်ဟု သံသယ ရှိယုံမျှနှင့်ပင် (လက်သုံးချောင်း ထောင်သူများ၊ ဆိုင်ပိတ်သူများ၊ ဆဲရေး တိုင်းထွာသူများပါမကျန်) အကြမ်းဖက် လုပ်ရပ်များကို အစွမ်းကုန် ပြုလုပ်လာကြသည်။


၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို တနိုင်ငံလုံး နေ့စဉ်နှင့် အမျှ တွေ့ကြုံနေကြရသည်။ ရွာများ၊ ကျွဲနွားတရိစ္ဆာန်များ၊ စပါးကျီ များ အား မီးရှို့ခြင်း၊ ရွာများကို ဝင်ရောက်စီးနင်း လုယက် သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြသည်။


လက်ရှိ တွင် ကမ္ဘာတဝှမ်းမှ ယူကရိန်း အရေးပေါ် အာရုံစိုက်နေကြသည်ကို အခွင့်ကောင်းယူ၍ အကြမ်းဖက် စစ်တပ်သည် ယခင်ကထက် ပို၍ပင် အကြမ်းဖက်လာဖို့ ရှိနေပေသည်။ သို့သော် ထိုသို့ ၎င်းတို့ ဖက်က ရက်စက် ကြမ်းကြုပ်မှုများကို သာ ကြည့်၍ တဖက်က မိမိတို့ ရရှိနေသည့် စစ်မြေပြင်က အောင်ပွဲများကို မျက်ခြေမပြတ်သင့်ပေ။


နိုင်ငံတကာ က မြန်မာစစ်တပ်၏ အင်အားကို အလွဲလွဲ အချော်ချော် တွက်ချက်ခဲ့မှု နှင့် ရေရှည် ကြံ့ကြံခံနိုင်ခဲ့သည် ဆိုသည် အပေါ် မူတည်ပြီး မြန်မာ၏ ရှေ့လျောက် ဖြစ်လာနိုင်သည့် အလားအလာများကို မဟာဗျူဟာပိုင်းအရ တွက်ချက် သုံးသပ်ထားကြခြင်းသာ ဖြစ်ပေသည်။ 


ထို့ပြင် တဖက်တွင်လည်း စစ်တပ်မှ မိမိတို့သည်သာ နိုင်ငံကို နှစ်ပေါင်း ခြောက်ဆယ်နီးပါး မပြိုကွဲအောင် ထိန်းချုပ်နိုင်သည့် အဖွဲ့အစည်း ဖြစ်သည် ဆိုသည့် အပြောကို လက်ခံ ယုံကြည်နေမှုများလည်း ရှိနေပြန်သည်။


ထိုအစား လက်ရှိ ဖြစ်ပေါ်လာသော အကျပ်အတည်းအား တည်ငြိမ်သော ဒီမိုကရေစီ နိူင်ငံသစ် တခု ပေါ်ပေါက်လာနိုင်သည့် တံခါးချပ်တခု အဖြစ် ပြောင်းလဲ ရှု့မြင်သင့်ပေသည်။ သို့မှသာ ဒေသတွင်း တည်ငြိမ်ရေးကို အမြဲလို ခြိမ်းချောက်လာနေမှု၊ အာဆီယံ အတွက်လည်း ကိုယ့်အလုပ် ကိုယ်မလုပ်ရပဲ အမြဲလို အရှက်ရကာ လိုက်လံ ဖြေရှင်းနေရသည့် အဖြစ်မှ အပြီးအပိုင် ကင်းလွတ်သွားမည်သာ ဖြစ်သည်။


နိူင်ငံတွင်းရှိ ဒီမိုကရေစီ အင်အားစုများ အနေဖြင့် ဒီမိုကရေစီ ကို ထောက်ခံကြပါရန်၊ လူအခွင့်အရေးများကို ကာကွယ်ပေးပါရန် ဆိုသည်များကို အခြေခံပြီး နိုင်ငံတကာ အကူအညီများ ကို 

မတောင်းခံသင့်။


NUG နှင့် အကျိုးတူ အဖွဲ့များ ၏  ဦးဆောင်သော တော်လှန်ရေး သည် အောင်ပွဲဆီသို့ တက်လှမ်းနိုင်

မည့် လမ်း‌ ကြောင်းပေါ် ရောက်နေပြီး၊ ရှေ့လျောက်လည်း အောင်မြင်သည်အထိ စွမ်းဆောင်နိူင်ကြောင်းကို ပြသလာနိုင်မှု အပေါ် သာ အခြေခံပြီး နိုင်ငံတကာ အကူအညီများကို တောင်းဆိုသင့်သည်။


ရုရှား၏ ယူကရိန်း အား ကျုးကျော်လာမှုသည် လွယ်ကူရိုးရှင်းသော အမှန်တရားကို မီးမောင်းထိုးပြနိူင်ခဲ့သည်။ ရက်စက်ကြမ်းကြုပ်မှု နှင့် အာဏာရှင် ဝါဒမှ မိမိကိုယိ မိမိ ကာကွယ်နေသူများအား ထောက်ခံ ပံ့ပိုးခြင်းသည် ရှက်စရာ မဟုတ် ဆိုသည်ပင် ဖြစ်သည်။ ယင်းနှင့် အတူ ဆုံးခန်းတိုင်ဖို့ မမြင်သော ပြည်ပစစ်ပွဲများကို ထောက်ခံရာတွင်လည်း သတိကြီးစွာ ထားရမည် ဆိုသည်ပါ ခိုင်မာသော အကြောင်းတရပ် အဖြစ် ပေါ်လွင်လာခဲ့သည်။


ထို့အတွက် ယူကရိန်း ပြည်သူများ၏ ခုခံတွန်းလှန်နေမှု ကို ကမ္ဘာက ထောက်ခံနေခြင်းသည် မှန်ကန်သော လုပ်ရပ် ဖြစ်ပြီး မြန်မာပြည်သူများအတွက် ပို၍ပင် လုပ်ပေးသင့်သည်။


မြန်မာပြည်သူများ ဖက်က ထိုသို့ ထောက်ခံ ပံ့ပိုးသင့်မှု နှင့် ထိုက်တန်လှသည့် မိမိတို့ နိုင်ငံ အနာဂတ်နှင့် မိမိတို့ အရေး ကို ကာကွယ်ရန် လုံလောက်သော သတ္တိနှင့် ခိုင်မာသော သံဓိဋ္ဌာန် များ ရှိနေကြောင်းကို  ပြသနိုင်ခဲ့ကြပြီလည်း ဖြစ်သည်။


သို့မှသာ စစ်အာဏာရှင် ဝါဒကို အပြီးအပိုင် မြေမြုပ် သင်္ဂြိုလ်ပြီး နောက်ဆုံးတွင် ငြိမ်းချမ်းသာယာသော အနာဂတ်နိုင်ငံကို ဖန်တီးနိုင်ရန် ကြိုးစားနိုင်ကြမည်လည်း ဖြစ်ပေသည်။ 


ပြည်သူတို့၏ တရားသော ခုခံ တွန်းလှန်စစ်

မုချ အောင်ရမည်!!!


လှစိုးဝေ

Image credit - Times of India


(သီးခြား နောက်ဆက်တွဲ သတင်းတရပ် အဖြစ် ကုလသမဂ္ဂ ၏ ရေရှည်တည်တံ့မည့် ဖွံဖြိုးမှု ရရှိရေး ဖြေရှင်းချက် အစီအစဉ်မှ ယနေ့ ထုတ်ပြန်သည့် World Happiness Report" တွင် နိုင်ငံပေါင်း ၁၄၆ နိုင်ငံ၏ ရလဒ်ကို ထုတ်ပြန်ခဲ့သည်၊ ထိုအထဲတွင် မြန်မာသည် အဆင့် ၁၂၃ ရှိပြီး အာဆီယံ နိုင်ငံများထဲတွင် ပျော်ရွင်မှု အနည်းဆုံး အဖြစ် ထွက်ပေါ်လာခဲ့သည်)


ဆက်ဖတ်ရန် →

​◾ ဒဂုံတက္ကသိုလ်ကျောင်းသားနှစ်ဦးကို စစ်ခုံရုံးက ထောင်ဒဏ်တသက်နဲ့ သေဒဏ်ချမှတ်

ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာနမှ ကျောင်းသူတဦးဖြစ်သူ မဆောင်းလေပြေ (ခ) ဇူဇူး နှင့် မြန်မာမှုဌာနမှ ကိုနိုင်အောင်(ခ)Snake တို့ ၂ ဦးကို အကြမ်းဖက်စစ်အုပ်စုရဲ့စစ်ခုံရုံးက မတ်လ ၁၇ ရက်နေ့မှာ ထောင်ဒဏ်တသက်နဲ့ သေဒဏ်တွေအသီးသီးချမှတ်လိုက်ကြောင်း သိရပါတယ်။

ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ လူငယ်တွေဟာ လှိုင်သာယာ က ၈ ဦး၊ဒဂုံဆိပ်ကမ်းမြို့သစ်က ၃ ဦးနဲ့ မြောက်ဥက္ကလာပ က ၄ ဦး ဖြစ်ပြီး လှိုင်သာယာက လူငယ် ၃ ဦးနဲ့ မြောက်ဥက္ကလာပက ၄ ဦး စုစုပေါင်း ၇ ဦးတို့ဟာ သေဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ကာ ဒဂုံတက္ကသိုလ် ဓာတုဗေဒဌာနမှ  မဆောင်းလေပြေ(ခ)ဇူးဇူး နှင့် မြန်မာမှုဌာနမှ ကိုနိုင်အောင်(ခ)Snakeလည်းပါဝင်ပါတယ်။ 

အဲ့ဒီလူငယ်တွေဟာ  မြောက်ဥက္ကလာပအဝိုင်းမှာ အထက် တန်းပြဆရာမတဦးကို သေနတ်နဲ့ပစ်သတ်တာနဲ့ လှိုင်သာယာမြို့နယ်ထဲက ရာအိမ်မှူးကို ပစ်သတ်တဲ့အမှုတွေနဲ့ဆက်စပ်လို့ ကျူးလွန်ခဲ့တယ်ဟု စွပ်စွဲကာ သေဒဏ်ချမှတ်တာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ရန်ကုန်မြို့က စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ မြို့တွေမှာ စစ်ကောင်စီက ၄င်းတို့ထုတ်ပြန်ထားတဲ့ ပြစ်မှု ၂၃ မျိုးကို စစ်ခုံရုံးဖွဲ့စစ်ဆေးနေတာဖြစ်ပြီး အဲ့ဒီပြစ်မှုတွေကို အမြင့်ဆုံးပြစ်ဒဏ်များဖြင့်သာ ချမှတ်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ မတရားအမိန့်ချခံနေရတဲ့ ကျောင်းသားပြည်သူမြောက်များစွာရှိနေပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ


ဆက်ဖတ်ရန် →

ကျောက်ကြီးမြို့ ခမရ (၃၅၁) တပ်ရင်းမှူး စစ်တပ်ကိုစွန့်ခွာထွက်ပြေး၊ တိုက်ပွဲတွင်ကျဆုံးသည်ဟု စစ်ကောင်စီ သတင်းလွှင့်

​


ကိုကိုလေး/ ဧရာဝတီတိုင်းမ်

မတ်လ ၁၉ ရက်


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၅၁ တပ်ရင်းမှ တပ် ရင်းမှူး ရှေ့တန်းစစ်ဆင်ရေးထွက်နေရာမှ ဖေဖော်ဝါရီလအတွင်းကစစ်ကောင်စီတပ်ကို စွန့်ခွာထွက်ပြေးနေကြောင်း ၄င်းနှင့်နီးစပ်သူတဦးထံကသိရသည်။


စစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးနေသူ တပ်ရင်းမှူးမှာ ဒု-ဗိုလ်မှူးကြီး မျိုးမင်းထွန်း ဆိုသူဖြစ်ပြီး KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေရာမှ စစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးသွားခြင်းဖြစ် သည်။


 အဆိုပါဒု-ဗိုလ်မှူးကြီး မျိုးမင်းထွန်းမှာ ယခင်က ကော့သောင်းမြို့အခြေစိုက် ကမ်းရိုးတန်ဒေသတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ  ခမရ ၄၃၁ တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဖြစ်ပြီးဇန်နဝါရီလဆန်းပိုင်းတွင် ရာထူးတိုးဖြင့် ဒု-ဗိုလ် မှူးကြီးအဆင့်ရရှိကာ ကျောက်ကြီး ခမရ ၃၅၁ တပ်ရင်းသို့ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း သိရသည်။


'' သူက အရင်က ကော့သောင်း ၄၃၁ က ဒု-တပ်ရင်းမှူး။ အဲ့ဒီကနေ တပ်ရင်းမှူးဖြစ်ပြီး ကျောက်ကြီး ၃၅၁ ကိုပြောင်းသွားတာ ၁လပိုင်းထဲကမှ။ အဲ့ဒီတပ်ကနေ မှ KNU တပ်မဟာ ၃ နဲ့ ၅ ကြားမှာ စစ်ဆင်ရေးထွက်ရင်းအဲ့ဒီကနေမှ ထွက်သွားတာ'' ဟု ၄င်း ဒု-ဗိုလ်မှူးကြီးနှင့် နီးစပ်သည့် ကော့သောင်းမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။


အဆိုပါ ဒု-ဗိုလ်မှူးကြီးမှာ စစ်ကိုင်းတိုင်းဇာတိဖြစ်ပြီး စစ် ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်မှမီးရှို့ သတ်ဖြတ်နေသဖြင့် ၄င်း၏မိဘများလည်းစစ်ဘေးရှောင်ဒေသများတွင်နေထိုင်နေရကြောင်း သိရသည်။


ဒု-ဗိုလ်မှူးကြီး စစ်ကောင်စီတပ်ကိုစွန့်ခွာသွားမှုကို   စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲအတွင်းကျဆုံးသွားသည်ဟု သတင်းလွှင့်ထားကြောင်း သိရသည်။


'' သူ့အရင်တပ် ကော့သောင်း ၄၃၁ ထဲမှာတောင် အရင်  2IC(ဒု-တပ်ရင်းမှူး) တိုက်ပွဲကျသွားတယ်လို့ဘဲ သိထားတာ။ သူ့ကို သေပြီလို့သတင်းလွှင့်ထားတယ် ။ ဒီလိုတပ်ကိုစွန့်ခွာသွားတယ်လို့မသိကြဘူး " ၄င်း ကော့သောင်းမြို့ခံက ပြောသည်။


၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းအစောပိုင်းကာလအတွင်း CDM လှုပ်ရှားမှူများစတင်ချိန်တွင် ကော့သောင်းမြို့ အခြေစိုက်  ခမရ ၄၃၁ မှ အသက်၂၁ နှစ်အရွယ် ဗိုလ် ချမ်းမြသူ သည် CDM လှုပ်ရှားမှုအစောပိုင်းပါဝင်လာခဲ့ကြောင်း သိရသည်။


စစ်ကောင်စီတပ်မှ CDM တွင်ပါဝင်လာသည့် တပ်မတော်သားအရာရှိများတွင် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင်ဖြင့် ပါဝင်လာသူ ၃ ဦး ရှိပြီဖြစ်ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ဝင် CDM တပ်မတော်သားအရာရှိများဘက်မှဖေဖော်ဝါရီ လအတွင်း ပြောဆိုထားပြီးအဆိုပါ ဒု-ဗိုလ်မှူးကြီးနှင့် ပတ် သက်၍ တစုံတရာထုတ်ပြန်ခြင်းမျိုး မရှိသေးပါ။


#Ayeyarwaddy_Times


ဆက်ဖတ်ရန် →

​မြန်မာ စစ်ဗိုလ်ချုပ်များကို ဩစတေးလျှ တွင် တရားစွဲ ရန် ပြင်ဆင်

သွေးစွန်းနေသော မြန်မာ စစ်ဗိုလ်ချုပ် များအား အာဆီယံ မှ ဖနွမ်းပင်တွင် ကျင်းပသည့် ကာကွယ်ရေး စစ်ဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ခွင့် ပြုကာ ကြိုဆိုခဲ့ကြသော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရမှ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ၎င်းတို့ ဒီမောဆိုတွင် ကျူးလွန်ခဲ့ကြသော အရပ်သားများအား မီးရှို့သတ်ဖြတ်ခဲ့မှုကြီး အတွက် ဩစတေးသျှ တရားရုံးတွင် ရုံးတင် တရားစွဲဆိုရန် လိုအပ်သည်များကို အသေးစိတ် ပြင်ဆင်နေသည်ဟု လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက မတ်လ ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖေါ်ပြောဆိုခဲ့သည်။


ဂျာမဏီ နှင့် ဗြိတိန် တို့တွင်လည်း အလားတူ တရားစွဲရန် ကြိုးပမ်းနေသည်ဟုလည်း ဆိုသည်။


ကုလသမဂ္ဂသည် စိုးရိမ်မကင်းကြောင်းသာ ထပ်တလဲလဲ ထုတ်ပြန်နေသော်လည်း ၎င်းတို့ ထမ်းဆောင်ရမည့် တာဝန်များကို ပျက်ကွက်လျက် ရှိနေဆဲ ဖြစ်သည်ဟု လည်း ထောက်ပြသွားသည်။


ကမ္ဘာလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွံ့ကြီးမှလည်း ကုလ လူ့အခွင့်အရေး ကောင်စီ အနေဖြင့် ၎င်းတို့ ဗုဒ္ဓဟူး‌ နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအတိုင်း မြန်မာ ထံ လက်နက်များ စီးဝင်နေမှုကို တားမြစ်ပေးရန်၊ ပါဝင် ပတ်သက်နေသော စစ်ဗိုလ်ချုပ် တဦးချင်းစီကို စီးပွားရေးအရ ဒဏ်ခတ်ရန် နှင့် လုံခြုံရေး ကောင်စီအား ၎င်းတို့ကို နိုင်ငံတကာ ရာဇဝတ် တရားရုံးသို့ လွှဲပြောင်းပေးရေး တိုက်တွန်းရန် တို့ကို တောင်းဆိုလာခဲ့သည်။


ကုလ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိူင်ငံ ဖြစ်သော ရုရှားကပင် အိမ်နီးချင်း နိုင်ငံ တနိုင်ငံ၏ အချူပ်အခြာ အာဏာကို အလေးမထားပဲ ဗြောင်ကျကျ ကျူးကျော်လာနေခဲ့ပြီ ဖြစ်၍ ကုလလုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ၏  ဗီတိုအာဏာ အသုံးပြုခွင့်ကို ပယ်ဖျက်သင့်နေပြီ ဖြစ်သည်။


အမေရိကန်သည် အီရတ် နှင့် လစ်ဗျား အရေးတွင် ကုလ ၏ ခွင့်ပြူချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။


ယူကရိန်းသည် ရုရှား၏ ကျုးကျော်မှူကို လုံခြုံရေး ကောင်စီအနေဖြင့် အရေးယူ၍ မရမှန်း သိနေ၍ ကမ္ဘာတရားရုံးချုပ် အိုင်စီဂျေ သို့ ဦးတိုက် လျှောက်ထားခဲ့ရာ အိုင်စီဂျေ တရားရုံး တရားသူကြီး များက ၁၃ မဲ ၂ မဲဖြင့် ရုရှားတပ်များ ယူကရိန်းမှ ဆုတ်ခွာပေးရန် အမိန်ုချမှတ်လိုက်သည်။


ကန့်ကွက်မဲ နှစ်မဲသည် ရုရှား နှင့် တရုတ် ဖြစ်သည်ကိုတော့ ထည့်သွင်း ဖေါ်ပြနေစရာ လိုမည်မထင်။


အိုင်စီဂျေ၏ ဆုံးဖြတ်ချက်ကို နိုင်ငံအားလုံးက လိုက်နာရန် တာဝန်ခံထားပြီး ဖြစ်သော်လည်း ဆုံးဖြတ်ချက် အများစုကို လိုက်နာကြခြင်း မရှိပေ။


သို့သော် မည်သူက မှားသည် မှန်သည်ကိုတော့ အိုင်စီဂျေ၏ ဆုံးဖြတ်ချက်သည် သမိုင်းတွင် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။


နှောင်းလူများအဖို့ ထိုစစ်ပွဲကြီးကို မြန်မာစစ်ခေါင်းဆောင်များက အဘယ်ကြောင့် ထောက်ခံခဲ့ကြပေသနည်း ဟု ခေါင်းတရမ်းရမ်း ဖြင့် အဖြေထုတ်နေကြပြီ ဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် ဖွဲ့စည်းပုံ နှင့် အညီ အာဏာသိမ်းခဲ့ခြင်းကို ပုဒ်မ တခုတလေ နှင့်မျှ ထောက်ပြနိုင်ခြင်း မရှိသော်လည်း ၎င်းတို့ ဘုရားဟော နိပတ်များ အလား ကိုးကွယ်နေသည့် အဆိုပါ ဖွဲ့စည်းပုံ၏ ပုဒ်မ ၄၁ တွင် နိုင်ငံ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ထောက်ခံသည်ဟု အတိအလင်း ပြဋ္ဌာန်းထားသည်ကို ဖတ်မိကြမည်မှာ မလွဲဧကန် ဖြစ်သောကြောင့်ပင်။


နောက်ထပ် အရေးတကြီး ဖြစ်စဉ် တရပ်အနေဖြင့် မြန်မာ မှ ထွက်ပြေး တိမ်းရှောင်လာသူများ ကို လက်ခံ အကာအကွယ် ပေးမည်ဆိုသော ဩစတေးလျှ ပြည်ထဲရေး ဝန်ကြီး၏ ကြေညာချက်တွင် ပါရှိလာခဲ့သည်။ ဝန်ကြီး၏ ကြေညာချက်တွင် စစ်မှုထမ်းများဟု သီးခြားရည်ညွန်းဖေါ်ပြထားခြင်း မရှိသော်လည်း NUG ၏ ဩစတေးသျှ တာဝန်ခံ ဒေါက်တာ ထွန်းအောင်ရွှေက စစ်မှုထမ်းများကို စတင် လက်ခံနေသည့် သတင်းကို အတည်ပြုခဲ့သည်။


ဩစတေးလျှ ၏ Sydney Herald ၏ သတင်းအရ အာဏာသိမ်းပြီး တနှစ် အတွင်း လူပေါင်း ၅၁၃ ဦးအား ဗီဇာထုတ်ပေးခဲ့ပြီ ဖြစ်သည်ဟု သိရသည်။


နော်ဝေး ၏ တယ်လီနော ကုမ္ပဏီမှ လက်ဘနွန်ရှိ M1 နှင့် မြန်မာ စစ်တပ်နှင့် ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီ အဖွဲ့ ဖက်စပ်ထားသည့် ၊Investcom PTE Ltd အား ရောင်းချ မှုကို အာဏာသိမ်း စစ်ကောင်စီ မှ အတည်ပြု ပေးလိုက်ပြီ ဖြစ်၍ ၎င်းတို့ ဓါးစာခံသဘော နှင့် တိုင်းပြည်တွင်းမှ ထွက်ခွာခွင့် မပေးခဲ့သည့် ကုမ္ပဏီ အရာရှိကြီးများ မကြာခွင့် ပြည်တော်ပြန် နိုင်တော့မည်ဟု ယုံကြည်ရပေသည်။


M1 သည် လာမည် ဇူလိုင်လမှစ၍ မိုဘိုင်းလုပ်ငန်းများကို စတင်လုပ်ကိုင်မည်ဟု သိရသည်။ သို့သော် လက်ရှိတွင် M1 သည် ရှယ်ယာ ၅၁% နှင့် ရွှေဗျိုင်းဖြူသည် ၄၉% အသီးသီး ပိုင်ဆိုင်ထားသည်၊ နောက်ပိုင်းတွင် M1 သည် ၎င်းတို့ပိုင် ရှယ်ယာများထဲမှ ၃၁% ကို ရွှေဗျိုင်းဖြူအား ရောင်းချမည် ဖြစ်၍ ရွှေဗျိုင်းဖြူသည် ရှယ်ယာ ၈၀% ကို တင်းပြည့်ကျပ်ပြေ့ ပိုင်ဆိုင်လာတော့မည် ဖြစ်သည်။ ရွှေဗျိုင်းဖြူသည် စစ်ဗိုလ်ချုပ် များ နှင့် ဆက်စပ် ပတ်သက်နေသည့် အတွက် မိုင်တဲ ကဲ့သို့ပင် သုံးစွဲသူများ၏ လုံခြုံရေး ကို ခြိမ်းချောက်လာမည်လား ဆိုသည်က စောင့်ကြည့်ရမည်သာ ဖြစ်သည်။


နော်ဝေး အစိုးရ မှ ရှယ်ယာ အများစု ပိုင်ဆိုင်ထားသော တယ်လီနောသည် ရန်ကုန်တွင် ခြေချုပ်မိနေသော ၎င်း ကုမ္ပဏီဝန်ထမ်းများ လုံခြုံရေး အတွက် ဆိုကာ သုံးစွဲသူ ၁၈ သန်း၏ ကိုယ်ရေး အချက်အလက်များကို စစ်အာဏာပိုင် တို့လက်ထံ လွှဲအပ်ပြီး တာဝန်မဲ့စွာ ထွက်ခွာသွားကြပြီ ဖြစ်သည်။


ပြင်သစ် သံရုံး နှင့် NLD ရန်ကုန်တိုင်း အစိုးရ အကြား ပူးပေါင်း လုပ်ဆောင်သည့် စီမံချက် ဖြစ်သည့် မြေနီကုန်း ကုန်းကျော် တံတားအောက်ရှိ နံရံ ဆေးရေး ပန်းချီကား အား မည်သည့် အကြောင်းတစုံရာမျှမရှိ၊ ၎င်းတို့အား လည်း အသိမပေးပဲ ဆေးဖြူထပ်သုပ်ကာ ဖျက်ဆီးခဲ့မှုအား ပြင်သစ်သံရုံးက ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။


တော်လှန်ရေးကြီးမုချအောင်ရမည်!!!

လှစိုးဝေ

ဓါတ်ပုံ - CNN


ဆက်ဖတ်ရန် →

​''ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးကြမယ်'' လို့ ဒု-စစ်ခေါင်းဆောင် စိုးဝင်းပြော



ဧရာဝတီတိုင်းမ်

မတ်လ ၁၉ ရက်


ရှမ်းပြည်နယ်၊ ကလောမြို့မှာရောက်ရှိနေတဲ့ ဒု-စစ် ခေါင်း ဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မနေ့နေ့လည်ပိုင်းမှာ ကလောတပ်နယ်က ၄င်းတို့လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေကို တွေ့ဆုံပြီးတော့ '' ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးကြ'' ဖို့  မှာကြားလိုက်ပါတယ်။


ဒါ့အပြင် ဒု-စစ်ခေါင်းဆောင်ကတပ်မတော်၏ လက်ရှိရင် ဆိုင်နေရသည့် စစ်ဆင်ရေးများတွင် တပ်မတော်ဘက်မှ ရှုံးနိမ့်နေသည့်အခြေအနေသဘောမျိုး မီဒီယာတွေမှာ ဝါ ဒဖြန့်ဖော်ပြ​နေပြီး တပ်မတော်ပြိုကွဲအောင်လုပ်နေလို့ စည်းလုံးညီညွတ်ကြဖို့ မှာကြားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာဖော်ပြပါတယ်။


လက်ရှိမှာ စစ်ကောင်စီတပ်က နိုင်ငံဒေသအသီးသီးမှာ တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ၄င်းတိုက်ပွဲများမှာ အထိနာနေတာကြောင့် တိုက်ပွဲတိုင်းလိုလို လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူတွေပေးနေရတာဖြစ်ပါတယ်။


ဒု-စစ်ခေါင်းဆောင်ရောက်ရှိနေတဲ့ ကလောမြို့ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးတာတွေပိုမိုလုပ်ဆောင်နေကာ စျေးဆိုင်တွေကိုလည်း ည ၆ နာရီနောက်ပိုင်းပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


#စိုးဝင်း #စစ်ကောင်စီ #ကလော

#Ayeyarwaddy_Times


ဆက်ဖတ်ရန် →

​ငါးလောင်းပြိုင် လူသတ်မှုမှ ထပ်မံထွက်ပေါ်လာသည့် မြှုပ်ကွက်များ (၂)

စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပထမဆုံး ရောက်လာသည့်အဖွဲ့မှာ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာကို လုံခြုံရေးယူထားသည့် စစ်တပ်ဖြစ်သည်။ ဒုတိယ ရောက်လာသည်မှာ ရန်ကုန်တိုင်း အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဖြစ်သည်။ တတိယ ရောက်လာသည့် အဖွဲ့မှာ ၁၉၉သို့ ဖုန်းဆက်သဖြင့် အနောက်ပိုင်းခရိုင် ရဲအထူးတပ်ဖွဲ့ ဖြစ်သည်။ သို့သော် တကယ် စစ်ဆေးရမည့် ရဲအဖွဲ့ ရောက်ရှိလာချိန်တွင် လူအများ ၀င်ထွက်ပြီး ဖြစ်သဖြင့် အခင်းဖြစ်သည့် နေရာမှ ခြေရာလက်ရာများ ပျက်နေပြီး စစ်ဆေးရန် ခက်ခဲနေပြီ ဖြစ်သည်။


ထိုမှုခင်းကို စုံစမ်းစစ်ဆေးခဲ့ရသူ တစ်ဦးက အမှုမှာမပေါ်တဲ့ အမှုနဲ့ မဖော်တဲ့အမှုဆိုပြီးရှိတယ်။ ဒီအမှုက မပေါ်တဲ့အမှု မဟုတ်ဘူး။ အထက်က လူကြီးတွေ မဖော်တဲ့အမှုဟုပြောပြခဲ့သည်။ Tomorrow ဂျာနယ် ယခင်အပတ်က ဖော်ထုတ်စုံစမ်းရေးသားသည့် 

အချက်များနှင့် သူ့မျက်မြင် ဖြစ်ရပ်များ ကွဲလွဲမှုရှိကြောင်းလည်း အဆိုပါ အမည်မဖော်လိုသူ ရဲအရာရှိက ပြောပြခဲ့သည်။ သူက ပြောပြရာတွင် လိမ္မော်သီးရောင်းသူ

ယောင်ဆောင်ပြီး သတ်သည်ဟု ယူဆချက်မှာ အခြာ းစစ်ဆေးသည့် နယ်မြေခံရဲအဖွဲ့၏ ယူဆချက်ဖြစ်သည်။

အမှန်မှာ အိမ်ရှင်နှင့် အကျွမ်းဝင်သူများက အိမ်သို့အလည်လာပြီး သတ်သွားခြင်းသာဖြစ်သည်။ လာရောက်သွားသူ ဧည့်သည်များမှာ ငါးဦးရှိကြောင်းကို ဧည့်ခန်းအတွင်း 

မသောက်ရသေးသည့် ကော်ဖီငါးခွက်နှင့် နေကြာစေ့ ပန်းကန်များက သက်သေခံနေကြောင်း၊ ဦးချာလီကို ဧည့်ခန်းတွင်းတွင် ပစ်ခတ်ပြီး အပေါ်ထပ်သို့ ဒရွတ်ဆွဲခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးချာလီမှ အနီးရှိ တုတ်ဖြင့် ပြန်လည် ခုခံခဲ့သော်လည်းသေနတ်မှန်သွားသဖြင့် လူသတ်သမားတို့ ပြုသမျှ ခံလိုက်ရကြောင်း၊ ဧည့်ခန်းအတွင်းပြုတ်ကျနေသော လိုက်ကာနှင့် သွေးများက ဧည့်ခန်းအတွင်း ပစ်ခတ်ခံရသည်ကိုပြနေကြောင်း၊ အပေါ်ထပ်တွင် သူတို့လိုချင်သည်များကို ယူပြီးမှ ပစ်သတ်ခြင်းဖြစ်ကြောင်း၊ ထွက်ပြေးသည့် အိမ်ဖော်၏ နောက်စေ့ကို သေနတ်ဖြင့် ထိမှန်အောင်ပစ်နိုင်သည့်အတွက် ကြေးစား လူသတ်သမား ပါ၀င်ကြောင်း၊ အသံတိတ် သေနတ်ဖြင့်

 ပစ်ခတ်သော်လည်း အချက်များစွာ ပစ်ခတ်သော်လည်း အချက်များစွာ ပစ်ခတ်သည့်အတွက် ဒုတ်ဒုတ် ဒုတ်ဒုတ်ဟူသော အသံများကို အိမ်နီးချင်းများမှ ကြားနိုင်သော်

လည်း အိမ်နီးချင်းများကို မေးမြန်းမရခဲ့သည့်အပြင် မောင်းထုတ်ခြင်းပင် ခံခဲ့ရကြောင်းလည်း သိခဲ့ရသည်။ လူသတ်သမားများထဲတွင် ကွမ်းအဆက်မပြတ်စားသူတစ်ဦး အနည်းဆုံးပါကြောင်း၊ လှေကားအတက် နံရံတွင် ကွမ်းတံတွေးများထွေးသွားခဲ့ကြောင်း စစ်ဆေးခဲ့သူ အရာရှိက ပြောပြသည်။

ထို့ပြင် ကျန်ရှိနေသော အိမ်မှ အတွင်းပစ္စည်းများကို တရားသူကြီးများရှေ့တွင် စစ်ဆေး သိမ်းဆည်းရာတွင် စိန်များ၊ လက်ဝတ်ရတနာများ အစုလိုက်အပြုံလိုက် ကျန်သေးသည်ကို တွေ့ရသဖြင့် လူသတ်သမားများသည် စိန်ရွှေရတနာများမှ တန်ဖိုး အကြီးဆုံးများကိုသာ ရွေးနုတ်ယူသွားခဲ့ကြောင်း ထင်ရှားသလို အိမ်ရှင်၏ ငွေရေးကြေးရေးဆိုင်ရာအားလုံး ထည့်သွင်း မှတ်တမ်းတင်သည့် ကွန်ပျူတာ လက်ပ်တော့နှင့် တယ်လီဖုန်းမှာလည်း ပျောက်ဆုံးသွားခဲ့ကြောင်း၊ ထို့အပြင် အိမ်ဘေးရှိ လျှပ်စစ်မီးမိန်းခလုတ်ကို လူသတ်သမားများက ပိတ်သွားသဖြင့် CCTV ကင်မရာများလည်း အလုပ်မလုပ်နိုင်ဖြစ်

ခဲ့ကြောင်းလည်း အဆိုပါ ရဲအရာရှိက ဆက်လက် ပြောပြခဲ့သည်။

လူသတ်သမား အဖွဲ့သည် လုံးဝလက်ဗွေရာ မကျန်အောင် ဆောင်ရွက် သွားနိုင်ခဲ့သဖြင့် အတွေ့အကြုံရှိ ကြေးစားတစ်ဦးက ဦးဆောင်ခြင်း ဖြစ်နိုင်သည်ဟု သူကယူဆသည်။ရဲတပ်ဖွဲ့ အနေဖြင့် ဦးချာလီ၏ သားမက်ဖြစ်သူနှင့် ၀န်ထမ်းများကို ရန်ကုန်ဆေးရုံကြီးတွင် မေ့ဆေးထိုးသွင်းပြီး အိပ်မွေ့ချ စစ်ဆေးမှုကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ အလားတူ သံသယရှိသူ တစ်ဦးကို စစ်ဆေးစဉ် လက်လွန်ပြီးအဆိုပါ သံသယရှိသူ နံရိုးများ ကျိုးကာ သေဆုံးသွားသဖြင့် စစ်ဆေးသူ အားလုံးကိုရာထူးချပြီး နယ်စွန်နယ်ဖျား အသီးသီးသို့ အပို့ခံလိုက်ရကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့ဝင်က ဆက်လက် ပြောပြရာတွင် အသတ်ခံရသူများသည် အားမတန်သဖြင့်အသတ်ခံ ရသော်လည်း အသတ်ခံရသည့် ၀ိညာဉ်က လူသတ်သမားနောက်သို့

တောက်လျှောက် လိုက်နေကြောင်း၊ ထိုအချက်ကို သီလ၊ သမာဓိရှိသည့် ရဲတပ်ဖွဲ့ဝင်တိုင်း ယုံကြည်ကြကြောင်း၊ ထိုသို့ ယုံကြည်သဖြင့် ၀ိညာဉ်က ဖော်ထုတ်ပေးခဲ့သည့်

 အမှုများလည်း ရှိကြောင်း၊ လူသတ်မှု ဖြစ်လျှင်ဖြစ်ချင်း အချို့ရဲများက အလောင်းအနီးကပ်ပြီး လူသတ်သမားကို ဖော်ထုတ်ပေးရန် ပြောသည်ကို မိမိလည်း ယုံကြည်

လက်ခံကြောင်း သူက ဆက်လက်ပြောပြသွားသည်။ ယခုဖြစ်ပွားခဲ့သည့် အမှုတွင်သေဆုံးသူများ အတွက် သက်ပျောက် ဆွမ်းမကျွေးခဲ့သည်ကိုလည်း မိမိ သတိတ

ရရှိနေကြောင်း သူက ဆက်လက်ပြောပြသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်က သူ့အနေဖြင့် အမှုကို ဆက်လက် စစ်ဆေးခွင့် မရသော်လည်း ထိုအမှုသည် ရင်းနှီးအကျွမ်းဝင်သူများက အိမ်သို့ အလည်လာပြီး သတ်ဖြတ်ခဲ့သည့်

 ကြိုတင်ကြံစည်သော လူသတ်မှု ဖြစ်ကြောင်း၊ စုစုပေါင်း ထိုနေ့က အိမ်အတွင်းသို့လူသတ်သမား အပါအဝင် ငါးဦး ရောက်ရှိခဲ့ကြောင်း၊ ပစ္စည်းယူရန်ထက် မှတ်တမ်း

မှတ်ရာများကို ဖျောက်ဖျက်လိုသဖြင့် သတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း၊ အဓိက ပျောက်ဆုံးသွားသည်မှာ ဓမ္မစေတီမင်းကြီး၏ မိဖုရား ပန်ခဲ့သည်ဆိုသော သမိုင်းဝင် နားဋောင်းနှင့် ပြည်တန် ပတ္တမြားကြီး တစ်လုံးပင်ဖြစ်ကြောင်း၊ ထိုအမှုနှင့် ပတ်သက်ပြီး အသတ်ခံရသူ မိသားစုနှင့် အဆက်အသွယ်ရှိသော နာမည်ကျော် စီးပွားရေးသမားများနှင့်ရုပ်ရှင် ဒါရိုက်တာ တစ်ဦးကိုပါ ခေါ်ယူစစ်ဆေးခဲ့ကြောင်းလည်း ထပ်မံသိရှိရသည်။

ရန်ကုန်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုများအနက်မပေါ်သည့် အမှု နှစ်မှုသာရှိကြောင်း၊

တစ်မှုမှာ သင်္ဃန်းကျွန်းတွင် ဖြစ်ပွားခဲ့သော ဆရာဝန် မိသားစု ငါးဦးကို သတ်ဖြတ်ခဲ့သည့် အမှုနှင့် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု နှစ်ခုသာ ဖြစ်ကြောင်း

အဆိုပါ ရဲအရာရှိက ဆက်လက် ပြောကြားသွားသည်။

အချို့အမှုများတွင် တရားခံ သို့မဟုတ် တရားခံနှင့် ဆက်စပ် ပတ်သက်နေသူများသည်အာဏာရှိ အသိုင်းအဝိုင်းက ဖြစ်စေ၊ အာဏာရှိ အသိုင်းအဝိုင်းနှင့် ပတ်သက်နေသူများဖြစ်စေ ဖြစ်နေပါက ရဲတပ်ဖွဲ့ အနေဖြင့် စုံစမ်းဖော်ထုတ်ရသည်မှာ ခက်ခဲကြောင်း၊ 

အဘယ်ကြောင့်ဆိုသော် အဆိုပါ သူများကို ဖမ်းဆီးစစ်ဆေးခွင့် မရနိုင်သောကြောင့်ဖြစ်ကြောင်း သူက ဆက်လက်ရှင်းပြသည်။

ယခုအခါ ထိုအမှုကို ပိတ်သိမ်းခြင်း မပြုသေးဘဲ ရဲမှုခင်းတပ်ဖွဲ့(CID)က ဆက်လက် ကိုင်တွယ်နေသော်လည်း မူလစစ်ဆေးခဲ့သည့် လူဟောင်းများ တစ်ယောက်မှမရှိတော့သည့် အတွက် လူသတ်သမားအဖွဲ့ အတွင်းမှ တစ်ဦးဦးက သစ္စာဖောက်ဖော်ထုတ်ခြင်းမှလွဲပြီး အမှုပေါ်ရန်မှာ မှေးမှိန်နေပြီ ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဝင်က သူ၏အတွေ့အကြုံနှင့်ယှဉ်ပြီး ပြောပြသွားခဲ့သည်။

Tomorrow သတင်းအဖွဲ့

SEPTEMBER 24, 2014



ဆက်ဖတ်ရန် →
​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)


…

‘ကလင် … ကလင် … ကလင်

ဟယ်လို … စခန်းမှူး ကိုမင်းမောင်လား … အခုပဲ ရဲချုပ်က ခင်ဗျားကို သူ့ရုံးခန်း လာခဲ့ပါလို့ ခေါ်နေတယ်’

‘အေးဗျာ လာတာပေါ့’ ဟုပြောပြီး ကိုမင်းမောင်က တယ်လီဖုန်းပြန်ချပြီးနောက် သူ့ရဲ့ကုတ်အင်္ကျီထဲက စီးကရက်ဗူးကို ထုတ်၍ စီးကရက်တစ်လိပ်ကို မီးခြစ်ပေါ် ဆေးသားညီအောင် ခေါက်ပြီး မီးညှိဖွာရှိုက်လိုက်ပါတယ်။ ကိုမင်းမောင်က သူသောက်လက်စ စီးကရက်ကို သူ့ရဲ့နှုတ်ခမ်းမှာ တေ့ဖွာရှိုက်ပြီး လွမ်းမောခြင်းနဲ့အတူ ဆေးလိပ်မီးခိုတွေကို မှုတ်ထုတ်လိုက်တယ်။

အမှုမှာ နှစ်အတော်ပင် ကြာခဲ့လေပြီ။ မည်သူမျှ အမှုမှန် မဖော်နိုင်သေးပါ။ မဖော်နိုင်သေးသည်မဟုတ်၊ မဖော်ထုတ်ရဲသေးတာပါ။

အချိန်က ၂၀၀၈ ခုနှစ် မတ်လ ၃ ရက် ငါးလောင်းပြိုင်လူသတ်မှု ရန်ကုန်မြို့လည်ခေါင်တွင် ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။ ဖြစ်ပွားပုံမှာ ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်ကြသော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖော် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ဆိုသော သတင်းပင် ဖြစ်သည်။

‘အင်း … အမှုကတော့ နက်နဲလာပြီ ကိုသန်းအောင်ရေ … ကျွန်တော်တို့ ဒလဘက်ကို သွားကြရအောင်ဗျာ’ ဟု ရဲတပ်ကြပ်ကြီး ကိုသန်းအောင်ကို ခေါ်လေသည်။ ရဲတပ်ကြပ်ကြီး ကိုသန်းအောင်မှာလည်း အံ့အားသင့်သွားလေသည်။ ခုကလေးတင် ရဲချုပ်ရုံးမှ ဖုန်းလာသည်။ ဒလဘက်သွားမည်ဟု ဆိုသော စခန်းမှူး ကိုမင်းမောင်အား စဉ်းစားမရအောင်ပင် ဖြစ်မိပါသည်။

"ကိုသန်းအောင်ရေ … ကျနော်တို့ သမိုင်းဝင် ဓနုတ်စေတီတော်နားမှာပဲ ဆင်းရအောင် ဘုရားအရင်ဝင်ဖူးမယ်ဗျာ"

ကျနော်တို့ ဒလ တဘက်ကမ်းမှ စီးလာတဲ့ အငှားကားသည် သမိုင်းဝင် ဓနုတ်စေတီအနီးတွင် ရပ်ပေးလိုက်သည်။ ကျနော်နဲ့ ကိုမင်းမောင်လည်း ကားပေါ်က ဆင်းလိုက်ကြသည်။

"လာဗျိုး ကိုသန်းအောင်ရေ … သံဃာတော်တွေတော့ ရောက်ပြီး ရွတ်ဖတ်နေလောက်ပြီဗျ"

ပြောပြောဆိုဆို ကျနော်နဲ့ ကိုမင်းမောင် သမိုင်းဝင် ဓနုတ်စေတီ အနောက်ပေါက်ကနေ ခတ်သွက်သွက် ဝင်လာခဲ့ကြတယ်။ ကျွန်ုပ်မှာ တလမ်းလုံး မြိုသိပ်လာခဲ့ရသမျှ မနေနိုင်တော့ “နေပါဦး ကိုမင်းမောင်ရ … ခင်ဗျား အခု ဘုရားဖူးလာတာလား ရဲချုပ် ဖုန်းဆက်ထားတယ်လေ”

ကျွန်ုပ်မှာ မည်သို့မျှ ဆက်စပ်၍ တွေးမရတော့သည့် နောက်ဆုံးတွင် မေးလိုက်မိလေသည်။ “အင်း … ဒီလိုဗျ … ဓနုတ်စေတီတော်ကြီးကို ရှေးဘုရင်အဆက်ဆက်က ထိန်းသိမ်းခဲ့ပြီး ဒေါ်ကြိုင်ကြိုင်က နန်းသက်ဆက်ရန် ယတြာချေတဲ့အနေနဲ့ ထီးတင်ခဲ့တာလေ။ ဆိုလိုတာကဗျာ အဲဒီစေတီတော်ကြီးကို ဘုရင်မကြီး ရှင်စောပုကိုယ်တိုင် ပြုပြင်ထိန်းသိမ်းခဲ့ဖူးတဲ့အတွက် ဒေါ်ကြိုင်ကြိုင်ကလည်း ဘုရင်မတပါးအဖြစ် သူ့ကိုယ်သူ သတ်မှတ်ပြီး ထီးတော်တင်ခဲ့တာပေါ့။ အဲဒီမှာ ဇာတ်လမ်းက စတာပဲဗျို့…။ ခင်ဗျား ဇာတ်ရည်လည်အောင် ဒေါ်မကြိုင်အကြောင်းကပဲ စရှင်းပြရတော့မှာပဲဗျို့ …။

ဒေါ်မကြိုင်(ခ) ဒေါ်ကြိုင်ကြိုင်

ဒေါ်ကြိုင်ကြိုင်သည် ကရင်ပြည်နယ် ဘားအံမြို့ ဆင်းရဲသော မိဘများမှ မွေးဖွားခဲ့သူ၊ ဖားအံနဲ့ သထုံမြို့ကြားက ရွှေကုန်းဒေသသူ ပအို့ဝ်၊ တရုတ်ကပြားပအို့ဝ်လူမျိုး ဗေဒင်လက္ခဏာ ယတြာကို အထူးယုံကြည် ကိုးကွယ်သူဖြစ်ပါတယ်။ ဒေါ်ကြိုင်ကြိုင်ဟာ သူ့ခင်ပွန်းဟောင်းက တိုက်ပွဲကျသွားပြီးတဲ့နောက်မှာမှ ဗိုလ်သန်းရွှေနဲ့ ရခဲ့တာဖြစ်ပါတယ်။ အရင်အိမ်ထောင်နှင့် သားတယောက် ထွန်းကားဖူးပါတယ်။

ဗိုလ်သန်းရွှေ တပ်မတော်အရာရှိငယ်ဘဝက အစိုးရမှပေးသော တိုက်ခန်းငယ်လေးတွင် သားသမီး ၈ ယောက်နှင့်အတူ နေထိုင်ခဲ့ရပါတယ်။ သာမန်အရာရှိငယ်များထက်စာလျှင် သားသမီးများခြင်းကြောင့် နေထိုင်စားသောက်ရေး များစွာ ကျပ်တည်းခဲ့ရပါတယ်။ အဲဒီအချိန်က ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် စက်ချုပ်ပြီး အပိုဝင်ငွေ ရှာခဲ့ရပါတယ်။ မိသားစုဝင်များမှာ ထွန်းနိုင်ရွှေ (ဒေါ်ကြိုင်ကြိုင်၏ ပထမအိမ်ထောင်မှ )၊ ကြိုင်သန်းရွှေ (သား) ခင်ပြုံးရွှေ (သမီး)၊ ကြည်ကြည်ရွှေ (သမီး)၊ အေးအေးသစ်ရွှေ (သမီး)၊ သန္တာရွှေ (သမီး)၊ သန့်ဇော်ရွှေ (သား) တို့ဖြစ်ကြပါတယ်။ ဗိုလ်သန်းရွှေ၏ သားအငယ်ဆုံး ဘိုးတော်သန်းဇော်ရွှေ မွေးဖွားပြီးနောက် ရာထူးတက်ပြီး လာဘ်လာဘများ တိုးတက်လာသဖြင့် အကျိုးပေးသော သားဟုဆိုပြီး ဘိုးတော်သန်းဇော်ရွှေ ပြောသမျှကို ဒေါ်ကြိုင်ကြိုင်မှ ဗိုလ်သန်းရွှေအား နောက်ကွယ်မှ ကြိုးကိုင်ပြီး ခိုင်းပါတော့တယ်။

၁၉၈၂၊ ၈၃ ခန့် ဗိုလ်သန်းရွှေ အနောက်တိုင်းစစ်ဌာနချုပ် ဧရာဝတီတိုင်း တိုင်းမှူးတာဝန်ထမ်းဆောင်နေစဉ် ဒေါ်ကြိုင်ကြိုင်အား အကြားအမြင်ရ ပအို့ဝ်အမျိုးသမီးတစ်ဦးမှ မိဖုရားဖြစ်မည်ဟု ပြောခဲ့ဘူးပါတယ်။ အဆိုပါ တိုက်ဆိုင်မှုဟာ ဒေါ်ကြိုင်ကြိုင်မှ မောင်သန်းရွှေအား ဗေဒင်လက္ခဏာ ယတြာများအရ ဝင်ရောက်စွက်ဖက်မှု များလာရပါတယ်။ မောင်သန်းရွှေကိုယ်တိုင် ဒေါ်ကြိုင်ကြိုင် ခိုင်းသည့် ယတြာများကို ငြင်းပယ်ခြင်းမရှိခဲ့ပါ။ အဆိုပါ တိုက်ဆိုင်မှုဟာ ဗိုလ်သန်းရွှေရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စစ်ရည်စစ်သွေးတွေကိုတော့ မမြင်ခဲ့ကြရပေမယ့် သူက တဖြည်းဖြည်းနဲ့ ရာထူး တက်လာခဲ့ပါတယ်။

ဧရာ၀တီတိုင်း (အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ) တိုင်းမှူး ဖြစ်လာတော့ အသက် ၅၀ ပဲ ရှိပါသေးတယ်။ ၁၉၈၃ ခုနှစ်မှာ တိုင်းမှူးဖြစ်လာခဲ့တာပါ။ ၁၉၈၃ မှာ နခတ တိုင်းမှူးနဲ့ ဧရာဝတီတိုင်းရဲ့ ဒေသပါတီကော်မတီ ဥက္ကဌရာထူးတွေပါ ချီးမြှင့်ခံရပြီး ၁၉၈၅ ခုနှစ်မှာတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။ တိုင်းမှူးဘ၀ကနေ ၁၉၈၅ ခုနှစ်မှာ ဒု-စစ်ဦးစီးအရာရှိချုပ်နဲ့ ဒု-ကာကွယ်ရေး၀န်ကြီးအဖြစ် ခန့်အပ် တာ၀န်ပေးခံရပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပါတယ်။

ဒေါ်မကြိုင်ရဲ့ ယတြာ ကောင်းလို့ပဲလား မသိ၊ ဗိုလ်သန်းရွှေဟာ အသက် ၅၂ နှစ်မှာ ရာထူးအဆင့် ၂ ဆင့် ခုန်တက်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အပေါ်မှာ မဆလတပ်ရဲ့ ထိပ်ပိုင်းတပ်မှူးတွေအတွင်းမှာ မကျေနပ်မှုတွေတောင် ဖြစ်ပေါ်လာခဲ့ရပါတယ်။ ၁၉၉၂ ဧပြီ ၂၃ ရက်မှာတော့ န.ဝ.တ ဥက္ကဌ ဖြစ်လာပြီး နိုင်ငံတော်အာဏာဟာ သူ့လက်ထဲ ရောက်ရှိခဲ့ပါတော့တယ်။

၁၉၉၅၊ ၉၆ ခနှစ်လောက်က စပြီး စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များအတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သော အသိုင်းအဝိုင်းနှင့် နက္ခတ္တဗေဒပညာရှင် အသိုင်းအဝိုင်းမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခင်ဘဝများက ကျောက်ဆည်တွင် ဆည်များ တည်ခဲ့သော သာလွန်မင်းတရားကြီး ဖြစ်ခဲ့သလို ဒေါ်ကြိုင်ကြိုင်သည်လည်း မိဘုရားခေါင်ကြီး ဖြစ်ခဲ့သည်ဟု သတင်းများ ပြန့်နှံ့ခဲ့သည်များ ရှိခဲ့ပါတယ်။ အဲဒီအချိန်မှစပြီး စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များအတွင်း ဒေါ်ကြိုင်ကြိုင်ကို မယ်တော်ကြီး ခေါ်ဆိုရမည်ဖြစ်ပြီး သားသမီးများအား သားတော် သမီးတော်ဟု ခေါ်ဆိုရမည်ဟု နှုတ်မိန့်များ ထွက်လာခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းရွှေနေအိမ်ကိုလည်း ရှေးဘုရင်များကဲ့သို့ အဆင်အပြင်များ ဆင်ယင်ပြီး နေထိုင်ခဲ့ပါတယ်။ ဗေဒင်လက္ခဏာ ယတြာများကို ဒေါ်ကြိုင်ကြိုင် အလိုအရ အားလုံးစီမံခွင့်ရှိပါတယ်။

အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းဆိုရင် အရင်ဆုံး အခန်းဝမှာ ရောက်ကတည်းက ဒူးထောက်လိုက်ပါတယ်။ ပြီးမှ ဒူးနဲ့ လမ်းလျှောက်သွားကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် ခြေထောက်ကို ကိုင်ပြီး နဖူးနှင့်ထိ၍ ကန်တော့ပါတယ်။ ပြီးမှ နောက်ကိုဆုတ်ပြီး ကော်ဇောတွင် ကြုံ့ကြုံ့လေး ထိုင်ကြောင်း သိရပါတယ်။ အဲဒီအချိန်လောက်က စပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ယခင်ဘဝက ကျောက်ဆည်မှ သာလွန်မင်းတရားကြီး ဝင်စားသည်ဆိုပြီး ဇာတ်လမ်းတွေ စခဲ့တာ အခုထက်ထိလို့ ပြောရပါမည်။ ယတြာတွေ အမျိုးမျိုးလည်း ချေခဲ့ကြပါတယ်။ ဘုရားတည်ခြင်းကိစ္စများ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျက်နှာပုံနှင့် ကျောက်စိမ်းဆင်းတု ထုလုပ်ပြီး ရွှေတိဂုံဘုရားတွင် ထားခြင်း၊ ညဘက်တွင် ၉ မိုင် တောင်ကုန်းပေါ်ရှိ ဆင်ဖြူတော် စီးခြင်း အစရှိသည့် ယတြာများအပြင် အရေးကြီးသည့် နေ့ရက်များကို ဗေဒင် နက္ခတ် အလိုအရ နောက်ကွယ်မှ ဒေါ်ကြိုင်ကြိုင်သည် သန်းရွှေအား ကြိုးကိုင်နိုင်ခဲ့ပါတယ်။

ဆင်ဖြူတော်ကို တစ်နာရီ တစ်ကြိမ် ဖုန်းနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီက သတင်းပို့နေရပြီး ဆင်ကြီး စားကောင်း မကောင်း၊ နေကောင်းမကောင်း စိုးရိမ်ကြီးစွာနဲ့ စောင့်ကြည့်ရတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အပူ (၁၁) မီး ငြိမ်းစေဖို့ (၁၁) ရက် (၁၁) လ (၂၀၀၅) ကို ထွက်ပြီလို့ ဝန်ကြီးတွေအား အော်ခိုင်းပြီး ရန်ကုန်က ရုံးတွေ နေပြည်တော်ကို အတင်းရွှေ့ခိုင်း၊ နေပြည်တော်ကို ရှေးခေတ်နန်းတော် အဆောက်အဦးတွေလို ဆောက်ခိုင်းကာ သူကိုယ်တိုင် သာလွန်မင်းတရားကြီး ၀င်စားလို့ဆိုပြီး ဘုရင်ရူးရူးနေတာတွေရယ်၊ ရွှေတိဂုံဘုရားက ဘုရားဌာပနာတွေကို ရွှေ့ဖို့ လုပ်ခိုင်းတာတွေရယ်၊ ရွှေတိဂုံဘုရားက ကျောက်စိမ်းဘုရားကို နိုင်ငံတကာအကြီးအကဲတွေ လာရောက်တိုင်း ဦးခိုက်ခိုင်းတာတွေ၊ ဘုရားရင်ပြင်တော်မှာ လုံခြုံရေးအတွက် ဆိုပြီး သေနတ်တကားကားနဲ့ ဦးသန်းရွှေအနားမှာ တွေ့မြင်ရတာတွေ ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်ဖို့ ကတ်ကင်းဖြစ်တဲ့ ကြက်ဆူပင် စိုက်ခိုင်းတာတွေ၊ အိမ်တော်ကို လာတဲ့ ဧည့်သည်တွေကို ဖျာခင်းပြီးအောက်မှာ ထိုင်ခိုင်းပြီး ဆိုဖာပေါ်ရှိ သူ့ကို ဖူးတွေ့ခိုင်းတာတွေဟာ အစွဲအလန်းကြီးမားမှုနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အောက်လမ်းနည်းတွေပဲ ဖြစ်ပါတယ်။ ယတြာတွေ အမျိုးမျိုးလည်း ချေခဲ့ကြပါတယ်။ အင်္ဂါနံဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို နံနှိမ်တဲ့အနေနှင့် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း နေပြည်တော်လုပ်ခဲ့သည့် မန္တလေးမြို့ကျုံး၏ ထောင့်လေးထောင့်မှာ အင်္ဂါနံ စဉ့်အိုးထဲတွင် ဆီထည့်ပြီး အင်္ဂါနေ့ နံနက်အချိန် မြေမြုပ်ခိုင်းသည့် ယတြာအားလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဘယ်လောက်အထိလဲဆိုရင် မန္တလေးက မဟာမြတ်မုနိဘုရားကြီးကိုတောင် ပတ္တမြားမျက်ရှင် လိုချင်လို့ ဗိုက်ဖောက်ခဲ့ဖူးတယ်လေ (၁၉၉၅ /၉၆) လောက်တုန်းကပေါ့။

အယူအဆ အစွဲအလမ်း ကြီးမားပြီး အာဏာရူးသွပ်နေတဲ့ မကြိုင်ကြိုင်ဟာ ဗေဒင်နက္ခတ်အရ ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်စေဖို့ အင်္ဂါသား ဗိုလ်စိုး၀င်းကို ၀န်ကြီးချုပ်အဖြစ် သွေးထိုးစီစဉ်ခဲ့ပြီး၊ နန်းပြောင်းနန်းလွှဲဖြစ်မှသာ ယတြာအရ ချေပြီးသား ဖြစ်မည်ဟု ကိုးကွယ်တဲ့ ဆရာများက ပြောကြပါတယ်။ ဦးအောင်သောင်း ကိုးကွယ်တဲ့ သင်္ကန်းကျွန်းမှ အကြားအမြင်ဆရာမတစ်ဦးရဲ့ တိုက်တွန်းမှုအရ ကြက်ဆူပင် စိုက်ခိုင်းခဲ့သလို မပြောင်းရအောင် ပြောင်းဖူး စိုက်ခိုင်းစေပြီး၊ ကြက်ဆူမှာ ဒေါ်အောင်ဆန်းစုကြည် ကတ်ကင်းဖြစ်သော်လည်း ယတြာအချေကောင်းမှုကြောင့် တန်ပြန်သက်ရောက်ကာ တပြည်လုံး ကျက်ကျက်ဆူသွားခဲ့ရပါတယ်။ နိုင်ငံတော်အလံ အပြောင်းအလဲ အခမ်းအနားမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်တဲ့အနေနှင့် (စုကြည်) စင်ကြယ်ဘိနပ် စီးစေခဲ့ပါတယ်။

အမှတ် ၁၂၆၊ စိမ်းလဲ့ကန်သာလမ်း၊

ကမာရွတ်မြို့နယ်။

အချိန်မှာ ၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ ဖြစ်၏။

ရန်ကုန်မြို့၏ လူကုံထံရပ်ကွက်တစ်ခုဖြစ်သော စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြိ့ုနယ် နေရာသည် အစောင့်အကြပ် ထူထပ်ပြီး တစိမ်းတရံ မျက်နှာမွဲတဦး ဝင်ရောက် ဖြတ်သန်းရန်ပင် လွယ်ကူလှသည့် နေရာမဟုတ်။ ထိုစိမ်းလဲ့ကန်သာလမ်း၊ အမှတ် ၁၂၆ တွင်၊ ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်ကြသော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖော် မအယ်ဖော (၁၅ နှစ်) တို့ မိသားစုဝင် ၄ ဦးနှင့် အိမ်အကူ လုပ်သားတဦးတို့ နေထိုင်ကြလေသည်။ ရန်ကုန်မြို့ မိုးကုတ်သူဌေး ဦးမြမောင်၏ အဆက်အနွယ်များ လည်းဖြစ်ကြလေသည်။ မိုးကုတ်ဦးမြမောင်ဆိုလျှင် ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ သိကြပေသည်။ ဆွေမျိုးစဉ်ဆက် မည်မျှချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင် ဘဏ်အကောင့်ဖွင့်၍ ငွေကြေးသုံးစွဲရန် ထားရှိခဲ့ကြောင်း အများသိပင်ဖြစ်၏။ မိုးကုတ်ဦးမြမောင်မှာ ရှေးအစဉ်အဆက်မှပင် ပတ္တမြားတွင်းများ ပိုင်ခဲ့သူဖြစ်ရာ၊ ယခုတိုင် ပတ္တမြားများကို သေတ္တာများဖြင့် သိမ်းဆည်း သိုလှောင်ထားသူဖြစ်ပေသည်။

တနေ့တွင် နိုင်ငံတော်ဧည့်ရိပ်သာနှင့် မဝေးသလို လူကုံထံများနှင့် သံတမန်များ နေထိုင်ကြသည့် တက္ကသိုလ်ရိပ်သာလမ်းတွင် လူစိတ်၀င်စားခံရဆုံး လူသတ်မှုတစ်မှု ဖြစ်ခဲ့လေသည်။ နေ့ခင်းအချိန်တွင် ကားဖြင့် ၀င်လာပြီး အိမ်ရှိ မိသားစုအားလုံးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းအား အဆိုပါလမ်းသွယ်ရှိ နိုင်ငံတော် ဧည့်ဂေဟာတဝိုက်တွင် ထားရှိသည့် လုံခြုံရေးရဲများ မသိရှိလိုက်သည့် အဖြစ်ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ထူးဆန်းနေသည်ဟု ရန်ကုန်မြို့ခံအချို့ ဝေဖန်ခဲ့ကြသည်။ အသတ်ခံရသူများမှာ တောင်ပိုင်စော်ဘွားကြီး စပ်ခွန်ဖ၏ သားဖြစ်သူ ဦးချာလီနှင့် မိုးကုတ် ဦးမြမောင်တို့၏ သမီးဖြစ်သူ ဒေါ်စန်းစန်းမြ၊ သမီး ၂ ဦးနှင့် အိမ်ဖော်တဦးတို့ ဖြစ်သည်။ သေနတ်သမားများက လက်၊ မျက်နှာနှင့် ဦးခေါင်းတို့ကို သေနတ်ဖြင့် အချက်များစွာ ပစ်သတ်ခဲ့ပြီး မီးခံသေတ္တာအတွင်းမှ ဒေါ်လာငွေများ တန်ဖိုးကြီး စိန်ရွှေ ရတနာများအား ယူဆောင်သွားခဲ့ကြသည်။

ရှင်စောပု ဘုရင်မကြီး ဝတ်ဆင်ခဲ့သည့် နားကပ်တစ်ဘက် … အင်း … ဇာတ်လမ်းကတော့ တော်တော်စိတ်ဝင်စား စရာကောင်းပြီး တော်တော်လည်း ယုတ်မာပက်စက်တာပဲ …

ကိုမင်းမောင်က သူ သောက်လက်စ စီးကရက်ကို သူ့ရဲ့နုတ်ခမ်းမှာ တေ့ဖွာ ရှိုက်ပြီး ဆေးလိပ်မီးခိုတွေကို မှုတ်ထုတ်လိုက်ပါတယ်။ အဲဒီနောက် သူက “ဒါပေါ့ဗျာ .. သူတို့ရဲ့ လောဘက အတောမသတ်နိုင်သလို အမှားတွေကို မှားပြီးရင်း မှားနေတာတွေတောင် မမြင်နိုင်ပဲဖြစ်ရတာပဲ။”

‘‘ကိုမင်းမောင် ခင်ဗျားလည်း တော်တော် လေ့လာထားတာပဲဗျ’’

‘‘ဒါပေါ့ဗျာ ကျွန်တော်တို့က ရဲဝန်ထမ်းဆိုတော့ အဘက်ဘက်က သိအောင် လုပ်ထားရတာပေါ့ …”

‘‘ဒါနဲ့ ဆက်စမ်းပါဦး ဓနုတ်စေတီတော်ကြီးကို လာရတဲ့အကြောင်းက ဘယ်လိုများ ပတ်သက်နေသလဲဗျ။”

‘‘အင်း ခုနက ပြောထားတဲ့အတိုင်းပဲ ဒေါ်မကြိုင်က မိဖုရားရူး ရူးနေရာကနေ ဘုရင်မပါ ဖြစ်ချင်လာတယ်လေ။ အဲဒီတော့ ဒေါ်ကြိုင်ကြိုင်ကလည်း ဘုရင်မတပါးအဖြစ် သူ့ကိုယ်သူ သတ်မှတ်ပြီး ဘယ်သူက ဖွလိုက်လဲ မသိပါဘူး၊ ဘုရင်မကြီး ရှင်စောပုရဲ့ ဝတ်ဆင်ခဲတဲ့ နားကပ်တစ်ဘက် ရှိတယ် ဆိုတဲ့ သတင်းအနံ့ ရပါလေရော …။ အဲဒီမှာ မရမက ရှာပုံတော် ဖွင့်တော့တာပဲဗျို့။”

“ဒါနဲ့ အဲဒီနားကပ်က ဘယ်သူ့ဆီမှာတဲ့လဲ”

“ပြီးခဲ့တဲ့နှစ်က ၂၀၀၈ ခုနှစ် မတ်လပိုင်းမှာ နေ့ခင်းကြောင်တောင်ကြီး မြို့လယ်ခေါင်မှာ အသတ်ခံရတဲ့ ငါးလောင်းပြိ်ုင် လူသတ်မှုကို ခင်ဗျားမှတ်မိလား …”

“ဟာ သိတယ်လေ”

“အင်း … အဲဒီ အသတ်ခံရတဲ့ ငါးယောက်က မိုးကုတ်ဦးမြမောင်နဲ့ ပတ်သက်နေတယ်လေ”

“အဲဒါလည်း ကျုပ် သိပါတယ်ဗျ ကိုမင်းမောင်ရ … မိုးကုတ်ဦးမြမောင်ဆိုရင် ရှေ့မီနောက်မီပုဂ္ဂိုလ်တို့ အကုန်သိကြပါတယ်။ ဆွေမျိုးစဉ်ဆက် မည်မျှချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင် ဘဏ်အကောင့်ဖွင့်ပြီး ငွေကြေးသုံးစွဲရန် ထားရှိခဲ့ကြောင်း အားလုံးသိနေကြတာပဲ။ မိုးကုတ်ဦးမြမောင်က ဟိုးရှေးအစဉ်အဆက်ကထဲက ပတ္တမြားတွင်းတွေ ပိုင်ခဲ့တယ်၊ ယခုတိုင် ပတ္တမြားတွေကို သေတ္တာများဖြင့် သိမ်းဆည်း သိုလှောင်ထားတဲ့သူပေါ့ဗျာ။”

“ဒါပေါ့ဗျာ အခုမှ လိုရင်းရောက်တော့မှာ .. အဲဒီ မိုးကုတ်ဦးမြမောင် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေထဲမှာ ရှင်စောပုဘုရင်မကြီး ဝတ်ခဲ့တဲ့ နားကပ်တစ်ဘက် ရှိတယ်ဆိုတဲ့ သတင်းကြောင့်ပေါ့ဗျာ”

“ဗျာ … ဘယ်လို … ခင်ဗျား ဆိုလိုတာက .. လူသတ်တရားခံက …”

နိုး … နိုး … နိုး … ကိုသန်းအောင် … ကျုပ်က သူတို့ တိုက်ရိုက်သတ်တယ်လို့ မဆိုလိုဘူး။ တနည်းနည်းနဲ့ ပတ်သက်နေတယ်လို့ ပြောတာ ...”

“ကျုပ်တော့ … နားမလည်တော့ဘူးဗျာ … လိုက်မမီလို့လားတော့မသိ … ခင်ဗျားပဲ ရှင်းပြပေတော့ဗျို့ …”

“ဒီကိစ္စရဲ့တရားခံကို သိလည်းသိရော အကုန်လုံးက လက်ရှောင်နေကြတာလေ ဘယ်သူမှ အစ မဖော်ရဲတော့ဘူး။ အခုလည်း ကျုပ်ကို ရဲချုပ် ဖုန်းဆက်တာ ဒီအမှုကိစ္စကို နှုတ်ဆိတ်နေဖို့ပဲဗျို့ …”

“ရဲချုပ်ခင်ရီနှင့် ပြည်ထဲရေး၀န်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ နှစ်ယောက်လုံး သိပြီး အဲဒီအမှုကို ဆက်လက်ကိုင်တွယ်ဖို့ လက်တွန့်နေကြတယ်လေ။ ကျုပ်က ဒီဓနုတ်စေတီကို လာရတာက ဒေါ်မကြိုင် ထီးတင်ခဲ့တဲ့အကြောင်း စိတ်ဝင်စားလို့ လာခဲ့တာ… အဲဒီ ရှင်စောပု ဘုရင်မကြီးရဲ့ နာကပ်တစ်ဘက်ကို ရ မရတော့ မသိဘူး။ အဲဒီ ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပြီးနောက်ပိုင်း ဒေါ်မကြိုင်က နန်းသက်ဆက်ဖို့ ယတြာခြေမယ် ဆိုပြီး ဟောဒီ ရှေးဟောင်းသမိုင်းဝင် ဓနုတ်စေတီတော်ကြီးကို ထီးတင်ဖို့ လုပ်တော့တာပဲ။”

“ကဲ လာဗျာ … ဟော ဟိုမှာ ကျုပ် တပည့်လေး နေတဲ့ အိမ်ပဲ အဲဒီမှာ စေတီတော်ကြီး ထီးတင်စဉ်က အဖြစ်အပျက်တွေ မေးကြရအောင် …”

“ကဲ မောင်လေးမောင်ရေ မင်းပဲ ရှင်းပြလိုက်ပါကွာ။ ဓနုတ်စေတီတော်ကြီး ထီးတင်တုန်းက အဖြစ်အပျက်တွေကို …”

“ဒီလိုဗျ … တလောက ၂၀၀၉ ခုနှစ် မေလ ၇ ရက်နေ့က ဒေါ်ကြိုင်ကြိုင် ဦးစီးပြီး ထီးတင်လှူခဲ့ပြီးနောက် ၂၃ ရက်အကြာမှာ မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်မှာ ပြိုကျခဲ့တာ ခင်ဗျားသိတယ်မဟုတ်လား …”

“အေး … ဗျ .. ကျွန်တော် ကြားမိလိုက်တယ်”

“အဲဒီ .. ဓနုတ်စေတီတော်ကြီး ပြိုကျခဲ့စဉ်က ရုတ်တရက် အမှောင်ကျလာပြီး မီးလုံးအနီကြီးတွေ ဖြတ်သန်းလာတာ မပြိုကျမီ ညပိုင်းအချိန်များမှာ စေတီကြီး၏ အရိပ်ကို ထီးတော်မပါဘဲ ကောင်းကင်မှာ ဖူးတွေ့ရတယ်”

“နို့ … နေပါအုန်း၊ အဲဒါနဲ့ ဘယ်လိုများ ပတ်သက်နေတုန်းဗျ။”

“အဲဒီအချိန်ကထဲက စပြီး ဘယ်သူမှ ထီးမတင်ရဲတောဘူးဗျို့၊ အထူးသဖြင့် ဒေါ်မကြိုင်တို့မိသားစုပေါ့ဗျာ”

“အဲဒီတုန်းက စေတီပြိုကျမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။ အခုတော့ ဒေသခံတွေနဲ့ပဲ ရပ်ရွာက ဦးစီးပြီးတော့ ထီးတော်တင်ဖို့ လုပ်နေကြရတာပေါ့။ ဗိုလ်ချုပ်မှူးကြီးနဲ့ ဒေါ်မကြိုင်တို့ကတော့ ဒီဘုရားကြီးအတွက် လှူဒါန်းမှု မပြုတော့ဘူးလို့ သိရတာပဲ ... ဒီတခေါက် ထီးတင်ပွဲနဲ့ စိန်ဖူးတော်တင်ပွဲကို နိုင်ငံတော်အကြီးအကဲ မိသားစုဝင်တွေ တစ်ဦးမျှ မပါဝင်တော့ဘူးလို့ သိရတယ်။ ရွှေသံလွင်ကုမ္ပဏီက မြေသားအပျော့အမာ စစ်ဆေးတာတွေ လုပ်နေကြတယ်လေ။”

“ဒီစေတီတော်ကြီးက ဘုန်းတန်ခိုးကြီးမားတဲ့ ဘုရင်မင်းအဆက်ဆက်က ပြုပြင် ကိုးကွယ်ခဲ့ကြတာ .. သာသနာသက္ကရာဇ် ၂၄၀ ပြည့်နှစ်မှာ မြတ်စွာဘုရား ဆံတော်နှစ်ဆူနှင့် ဓာတ်တော် ၂၄ ဆူကို ဌာပနာပြီး သထုံမင်း စူဠသီရိမာသောက အထောက်အပံ့နှင့် လေးသည်ရွာမှာ တည်ထားခဲ့တယ်။ စတည်ခါစက ဒုန္နိဂ္ဂဟ စေတီလို့ ဘွဲ့အမည်တွင်ပြီး ခေတ်တွေပြောင်းလာတော့ ဓနုတ်စေတီလို့ ခေါ်လာကြတာပေါ့ဗျာ။ အင်း … မြန်မာသက္ကရာဇ် ၇၁၅ ခုနှစ်လောက်က ဟံသာဝတီဘုရင် ဗညားဦး မြန်မာသက္ကရာဇ် ၇၅၆ မှာ ဘုရင် သုတသောမ ရာဇာဓိရာဇ် တို့က ပြုပြင် တည်ထား ကိုးကွယ်ခဲ့ကြပြီး သက္ကရာဇ် ၈၁၉ ခုနှစ်မှာငလျင်လှုပ်ပြီး ပြိုကျခဲ့တော့ ဘုရင်မကြီး ရှင်စောပုကနေပြီး ပြန်လည်ပြုပြင် ကိုးကွယ်ခဲ့တယ်လေ။ အဲဒီနောက်ပိုင်းမှာတော့ သက္ကရာဇ် ၈၁၉ မှာ ဓမ္မစေတီမင်း၊ သက္ကရာဇ် ၉၀၁ ခုနှစ်မှာ တောင်ငူဘုရင် တပင်ရွှေထီး၊ သက္ကရာဇ် ၉၂၆ မှာ ဘုရင့်နောင်၊ သက္ကရာဇ် ၁၀၀၆ မှာ သာလွန်မင်း၊ သက္ကရာဇ် ၁၀၄၁ မှာ မင်းရဲကျော်ထင်၊ သက္ကရာဇ် ၁၁၇၃ မှာ ဘိုးတော်မင်းတရား တို့က တည်ထားကိုးကွယ်ခဲ့ကြပါတယ်။” ဟု လူငယ်လေး မောင်လေးမောင် က ရှင်းပြလေသည်။

“ဘယ်ဆိုးလို့တုန်းဗျ ကိုမင်းမောင်၊ ခင်ဗျားတပည့်က ဗဟုသုတ တော်တော်စုံသားဗျ”

“ဒါပေါ့ ကိုသန်းအောင်ရာ ကျုပ်ကလည်း ဒီလိုတော်တဲ့ လူငယ်တွေ ပေါင်းထားရတာပေါ့ဗျ”

“ကဲ .. ဆရာတို့လည်း နားနားနေနေ လက်ဖက်ရည်လေး သောက်ပြီး စကားပြော၊ ကျွန်တော်ကတော့ ဘုရားမှာ သံဃာတော်တွေ ကြွလာလို့ သွားပြီး လုပ်အားပေးလိုက်ဦးမယ်” ဟု ပြောပြောဆိုဆိုပင် ထိုလူငယ်လေး မောင်လေးမောင်မှာ စေတီတော်ကြီးဘက်သို့ ထွက်သွားပါတော့တယ်။

“ဒါနဲ့ ကိုမင်းမောင်ရ … ကျွန်တော် မသိလို့ မေးပါရစေဦး။ အဲဒီ ဒေါ်မကြိုင်က ဘာဖြစ်လို့ ထီးတော် ပြန်မတင်ရဲတော့တာလဲဗျ”

“ဒီလို ကိုသန်းအောင်ရဲ့ ပထမတော့ ဒေါ်မကြိုင်က သူ့ရဲ့ အခါတော်ပေးတွေက မိဘုရားဖြစ်မယ်လို့ ဟောလိုက်တယ်လေ။ အဲဒီမှာ သူ့ကိုယ်သူ မိဖရားဖြစ်ချင်တာနဲ့ ယတြာတွေ အမျိုးမျိုးချေခဲ့တယ်။ တိုက်ဆိုင်မှုလားတော့မသိဘူး၊ သူ့ယောက်ျား ဗိုလ်သန်းရွှေကလည်း ရာထူးအဆင့်ဆင့် တက်ပြီး နောက်ဆုံးအဆင့်အထိ နိုင်ငံတော်အာဏာကို သူ့လက်ထဲ ရခဲ့တာပဲမဟုတ်လား။ အခုအချိန်အထိ ဘယ်သူ လှန်ရဲလို့လဲ။ အခု ငါးလောင်းပြိုင် လူသတ်မှုမှာ သူတို့မိသားစုနဲ့ ပတ်သက်နေတယ်လည်း ဆိုရော အကုန်လုံးက တွန့်သွားကြတာ အမှုမှန် ဘယ်သူမှ မလိုက်ရဲဘူး။ ကျုပ်တို့ကိုတောင် နှုတ်ဆိတ်နေဖို့ ပြောနေကြတာ။ ဗိုလ်ခင်ညွန့်တောင် သူ့ကို လုံခြုံရေးပေးမှ ဒီအမှုကိစ္စ ပြောနိုင်မယ်တဲ့လေ ...။ အဲဒီတော့ ဒေါ်မကြိုင်က မိဘုရားရူး ရူးနေရာက ဘုရင်မပါဖြစ်ချင်နေတာ သူ့ကို ဘယ်သူမှ မော်မကြည့်နိုင်အောင် လုပ်ချင်နေတာ။ အဲဒီတော့ သူရထားတဲ့ နေရာကနေပြီး ပြန်ပြုတ်မကျသွားအောင် နည်းမျိုးစုံသုံးပြီး နှိပ်ကွက်တော့တာပေါ့။ သူက ဘုရင်မဖြစ်ချင်လာတယ်လေ။ အဲဒီတော့ ရှင်စောပု ဘုရင်မကြီးကို အားကျပြီး အဆောင်အယောင်တွေ လိုချင်လာတော့တာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ မင်းမဲ့စရိုက်ကြောင့် ဘုရားတန်ခိုးပြတာလား မသိ၊ နိုင်ငံတော်အကြီးအကဲတွေ အကုန်လုံး နောက်ထပ် ထီးတော်မတင်ရဲကြတော့ဘူးဗျ။

အဲဒီအကြောင်းတွေ ပြောရရင်တော့ ‘စိန်စီသောည’ ကနေ စရမှာပဲဗျို့ …။

စိန်စီသောည

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမီးတော်လေး၏ မင်္ဂလာပွဲ "စိန်စီသောည" ၏ ဇာတ်လမ်းအစပင် ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်က ကြီးမားတဲ့ စိန်ဘယက်ကြီးကို အခန့်သားဆွဲရင်း အနောက်တိုင်းသားတယောက်၏ မျိုးစေ့ကို လွယ်ကာ လူပုံအလည်၌ မျက်နှာထားတင်းတင်းဖြင့် နွားရွေးပွဲကို ဆင်နွှဲခဲ့သည့် မောင်သန်းရွှေ ဒေါ်မကြိုင်တို့၏ ရှုမငြီးသော သမီးကညာ၏ မင်္ဂလာပွဲမှ စတင်ကာ သူကြွယ်မိသားစုခမျာ လုပ်ကြံခံလိုက်ရပါတယ်။

ထိုဦးမြမောင် ဆွေမျိုး - အသတ်ခံရသူတို့သည် လုပ်ငန်းဆောင်တာ ဆက်သွယ်မှုအရ မန္တလေးတိုင်းမှူး ဖြစ်ခဲ့သော ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် (တိုင်းမှူးဘ၀က ဗိုလ်ချုပ်ရဲမြင့်)၊ ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့် နှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့ကြပါတယ်။ ထိုသို့ခင်မင်ရာမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး မင်္ဂလာဆောင်မည်ရှိသောအခါ ခေတ္တပွဲနေပွဲထိုင် ငှားရမ်းပါမည့်အကြောင်း ဒေါက်တာဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားကမ်းလှမ်း ငှားရမ်းခဲ့ပြီး ဒေါက်တာ ဒေါ်တင်လင်းမြင့်နှင့် မျက်နှာနာသည်ကလည်း တစ်ကြောင်း၊ အာဏာအရှိန်အဝါကြောင့်တစ်ဖုံ ငှားရမ်းလိုက်ကြပါတယ်။

မင်္ဂလာပွဲပြီးသည့်အခါ ဗိုလ်ချုပ်မှူးကြီးသမီးများက ဒေါက်တာဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားပါးလိုက်၏။ စိန်များကို ရောင်းပါ။ စျေးဘယ်လောက် ဖွင့်မည်လည်းဟု အမေးခိုင်းလိုက်ရာ မိုးကုတ်ဦးမြမောင်မှာ ရှေးအစဉ်အဆက်မှပင် ပတ္တမြားတွင်းများ ပိုင်ခဲ့သူဖြစ်ရာ၊ ယခုတိုင် ပတ္တမြားများကို သေတ္တာများဖြင့် သိမ်းဆည်း သိုလှောင်ထားသူဖြစ်ပေရာ ငွေမလိုချေ။ "ငွေမလို၊ သည်စိန်တို့မှာ ဆွေမျိုးအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းချနိုင်ပါကြောင်း၊ မိမိတို့မှာ ဆွေမျိုးဂုဏ်ကို ဆက်လက်ထိန်းသိမ်းရန် တာ၀န်ရှိပါကြောင်း ကွယ်လွန်သူတို့မှ ပြန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ထိုအခါ ဗိုလ်ချုပ်မှူးကြီးသမီးများမှ "မြန်မာငွေမို့ ငြင်းသလား။ ဒေါ်လာနှင့်ပေးချေပါမည်။ ကြိုက်တဲ့စျေးပြောပါ၊ ဒေါ်လာနှင့်ချေမည်" ဟု ပြန်ပြောတိုက်တွန်းခိုင်းပြန်ပါတယ်။ ကွယ်လွန်သူတို့မှ "မည်သို့မှ မရောင်းနိုင်ပါကြောင်း၊ ဒေါ်လာလည်း မလိုအပ်ပါကြောင်း၊ အခြားပစ္စည်း ဆိုလျှင် အလကားပင် လက်ဆောင်ပေးနိုင်ပါကြောင်း၊ ဤစိန်တို့မှာ ဆွေမျိုးစဉ်ဆက်ထိန်းသိမ်းရမည်ဟု အဖိုး မသေမီကပင် တာ၀န်ပေးခဲ့သော စိန်များဖြစ်သဖြင့် မရောင်းနိုင်ကြောင်း" ထပ်လောင်းပြောကြားခဲ့သည်ဟု သိရပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရသည့် မိသားစုသည် ၄င်းတို့မိသားစု ပိုင်သော ဘိုးစဉ်ဘောင်ဆက်ရတနာကို ပြန်လည်ကာ မိကြိုင်ထံမှ ဖုန်းဆက်တောင်းခံရာ နေ့ရွှေ့ ညရွှေ့ လုပ်နေသည့် ချစ်တီးမယားအကျင့် ကျင့်ကြံသော မိကြိုင်က စိတ်ကွက်တော်မူခြင်းဖြစ်၏။ အဲဒီနောက်မှာ ဘုရင်မ ရှင်စောပုရဲ့ နားကပ်တစ်ဘက် သတင်းကလည်း ထွက်လာတော့ ဘုရင်ရူးရူးနေတဲ့ မိသားစုအတွက် လိုချင်စရာ ဖြစ်လာတော့တာပေါ့ နောက်ဆုံးတွင် မိကြိုင် စိတ်ကွက်တော်မူကာ ၀ လူမျိုးတစ်ယောက်နှင့် ယိုးဒယားလူမျိုး လေးယောက်ပါသော ကြေးစားလူသတ်သမားအဖွဲ့ကို ငှားရမ်းကာ လုပ်ကြံခဲ့ခြင်းဖြစ်ပါတယ်။

အဲဒါကို ဗိုလ်ချုပ်ကြီးအေးနှင့် နိုင်ငံတကာသံရုံးများသို့ တိုးတိုးတိတ်တိတ် သတင်းပေးပို့ခဲ့ကြကာ သူတို့ ပါ၀င်ပတ်သက်မှုမရှိဟု လက်ဦးမှုရယူထားပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေ၊ ဗိုလ်ချုပ်တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ရွှေမန်းတို့လည်း ထိုကိစ္စကို သိရှိကြသော်လည်း ဒေါ်မကြိုင်နှင့် ဗိုလ်သန်းရွှေတို့ လုပ်သည့်ကိစ္စဖြင့်သဖြင့် ထိုရဲစွမ်းသတ္တိနှင့် အလွန်တရာ ပြည့်စုံဟန် ဟန်ရေးပြလေ့ရှိသော ဗိုလ်ချုပ်များလည်း ထမိန်ဖြင့် အအုပ်ခံရမည်ကို ကြောက်ရွံ့လှသဖြင့် နှာစေးနေကြပေသည်။ ရဲချုပ်ခင်ရီနှင့် ပြည်ထဲရေး၀န်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ကတော့ သတ္တိရှိ၍ပေလော ပိုမိုအကြောက်လွန်၍လော မသိ၊ ထိုအမှုကို နှုတ်ဆိတ်လို့ နေကြပေတော့သည်။

ပထမအကြိမ် မှုခင်းအသွားအလာ စစ်ဆေးစဉ်က ကျည်ဆံနံပါတ်များမှာ သွားလေသူ ဗိုလ်ချုပ်မောင်ဘို (ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို) ၏ နံပါတ်များ၊ အခြား မသွားသေးသူ ဗိုလ်ချုပ်တစ်ယောက်၏ ကျည်နံပတ်များ တွေ့ရှိရသည်ဟု သိရ၏။ သတင်းအမှန်မှာ "ရွှေသမင်ဘယ်က ထွက်၊ မင်းကြီးတာမှ ထွက်" ဟု ဆိုရပေချိမ့်မည်။

မောင်ဘို သေဆုံးပြီးနောက် အမှုမှန်ဖော်ထုတ်မည်ဟု သတင်းသန့်သန့် ထွက်လာ၏။ သို့သော် ဤအစိုးရလက်ထက်၌ ဤအမှုမှန် မဖော်ထုတ်နိုင်ဟု ယုံကြည်ခဲ့ပေသည်။ မကြာခင်ကမှ မှုးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်ရဲ့ အသိုင်းအဝိုင်းကနေ ငါးလောင်းပြိုင် လူသတ်မှုမှာ နအဖ စစ်ဘီလူးခေါင်းဆောင် သန်းရွှေရဲ့မိန်းမ ဒေါ်ကြိုင်ကြိုင် ပါ၀င်ပတ်သက်နေတယ် ဆိုတဲ့ အသံထွက်ပေါ်လာခဲ့ပါတယ်။ မူးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်က သူ့ရဲ့ကိစ္စကို အရေးယူဆောင်ရွက်မယ်ဆိုရင် ဒေါ်ကြိုင်ကြိုင် ပါ၀င်ပတ်သက်ခဲ့တဲ့ ဒီငါးလောင်းပြိုင် လူသတ်မှုကို ဖော်ထုတ်မယ်လို့ ပြန်လည်ခြိမ်းခြောက်တယ်လို့ အောင်ဇော်ရဲမြင့်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အသိုင်းအဝိုင်းကနေ သတင်းတွေ ပြန်ထွက်လာပါတယ်။

ကဲ … ဇာတ်လမ်းကတော့ အဖြေက ရှင်းနေပြီ ကိုသန်းအောင်ရေ ဒီအမှုမှာတော့ ကျွန်တော်တို့တတွေလည်း လက်လျှော့လိုက်ရတဲ့ အမှုတစ်ခုပါပဲဗျာ … နောက်ဆက်တွဲ သတင်းတွေကတော့ စောင့်ကြည့်လိုက်ကြအုန်းပေါ။ ကဲဗျာ … အချိန်လည်း မနည်းတော့ဘူ။ ရန်ကုန်ဘက်ကမ်းကို ပြန်ကြရအောင်၊ ရဲချုပ်ရုံးကိုလည်း ဝင်ရအုန်းမယ် …

ရန်ကုန်၊ မေ ၁၂ ၊ ၂၀၁၁ (YPI) - ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ၂၀၀၈ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်လူသတ်မှုမှ ကျန်ရစ်သည့် ပိုင်ဆိုင်မှုပစ္စည်းများအား သေဆုံးခဲ့သူများ၏ ဆွေမျိုးရင်းသူ နှစ်ဦးကို ခွဲဝေပေးလိုက်ပြီဟု သိရပါတယ်။ လူသတ်မှု ဖြစ်ပွားပြီး ၃ နှစ်ကျော်ကြာသည်အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အမွေခွဲဝြေခင်းကို တရားရုံးမှတဆင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြပါတယ်။ လူသတ်သမားများအနေဖြင့် မီးခံသေတ္တာ ၁၀ လုံးအနက် ၇ လုံးသာ ဖွင့်နိုင်ခဲ့ပြီး ၃လုံးမှာ ဖွင့်မရသဖြင့် ကျန်ရစ်ခဲ့သည်။ အဆိုပါ ကျန်ရစ်သည့် မီးခံသေတ္တာတွင်းမှ ဒေါ်လာငွေများ၊ စိန်နှင့် အခြားရတနာ အများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု ထိုစဉ်က ပါ၀င်ခဲ့သူ ရဲ၀န်ထမ်းတဦးက ပြောဆိုခဲ့ပါတယ်။ လူသတ်မှုဖြစ်ပွားပြီးနောက် နေအိမ် ကားများနှင့် စိန်ရွှေ ရတနာများအား အစိုးရက တာ၀န်ယူ သိမ်းဆည်းထားခဲ့ပါတယ်။ ပိုင်ဆိုင်မှု ပစ္စည်းများ၏ တန်ဖိုးမှာ အလွန်များပြားပြီး အသတ်ခံရရာ အိမ်နှင့် ကား ၄ စီးအား ကျပ် သိန်း ၃ သိန်း၀န်းကျင်ဖြင့် တန်ဖိုးဖြတ်ခဲ့သလို ကျပ် သိန်း ၂ ထောင် ၃ ထောင်တန်သည့် တစ်ပွင့်စိန်များလည်း ပါ၀င်ပါတယ်။

သေဆုံးသူ ဦးချာလီ၏ ညီဖြစ်သူနှင့် ဒေါ်စန်းစန်းမြဘက်မှ အဖေတူ အမေကွဲ မောင်ဖြစ်သူတို့အား တ၀က်စီ ဝေခွဲရရှိခဲ့ပြီး အတော်များပြားသည့် ငွေပမာဏကို အစိုးရဘဏ္ဍာနှင့် မေတ္တာကြေးအဖြစ်လည်း ပေးအပ်ခဲ့ရသည်ဟု ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာတွင် မိသားစုအရင်းများအားလုံး သေဆုံးခဲ့ကြရသဖြင့် လူသတ်သမားများ လက်ထဲမည်၍ မည်မျှ ပါသွားသည်။ မည်မျှ ကျန်ရစ်သည်ကို အတိအကျ ပြောနိုင်သူမရှိဟုလည်း သတင်းရင်းမြစ်များက ဆိုပါတယ်။ လူသတ်မှုဖြစ်ပွားပြီး နောက် ၃ လကြာမျှ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် ဦးချာလီနှင့် ဒေါ်စန်းစန်းမြ၏ သားမက်ဖြစ်သူ ဦးသုဇော်အား ပိုင်ဆိုင်မှုပစ္စည်းများ ခွဲဝေပေးခြင်းမရှိခဲ့ပါ။

နောက်ထပ် သတင်းတစ်ခုကတော့ မိုးကုတ်သူဋ္ဌေး ဦးမြမောင်နဲ့ ဒေါ်အုန်းကြည်တို့ရဲ့ တစ်ဦးတည်းသောသမီး၊ ဒေါ်စန်းစန်းမြနဲ့ ခင်ပွန်း ဦးစောကြည်ဖေတို့ရဲ့ မွေးစားသမီးဖြစ်တဲ့ မမြစန္ဒာရဲ့ ခင်ပွန်းဦးသုဇော်ဟာ အလောင်းအစား ခုံမင်တယ်။ ဗိုလ်ချူပ်သာအေး သား အစရှိတဲ့ နအဖစစ်ဗိုလ်ချုပ် သားသမီးတွေ အပါအ၀င် ဦးသုဇော်တို့ လေးကောင်ဂျင် ကစားကြရာ ဦးသုဇော် အကြီးအကျယ် ရှုံးပြီး အကြွေးပါတင်သွားတယ်။ အဲ့ဒီအကြွေးတွေ ချေဖို့အတွက် ဒေါ်ကြိုင်ကြိုင်က ဦးသုဇော်ကို သူ့ယောက္ခမပိုင်တဲ့ ပတ္တမြားကြီးကို ယူပေးဖို့ စီမံညွှန်ကြားခဲ့ရာက ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ တရားခံ မဖော်နိုင်သော၊ မဖော်နိုင်သည်မဟုတ် မဖော်ဝံ့ မဖော်ထုတ်ရဲသော အမှုပေါင်းများစွာပင် ရှိနေပါသေးသည်။

ဇင်ယော်ဖြူ

28.12.2014        











စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပထမဆုံး ရောက်လာသည့်အဖွဲ့မှာ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာကို လုံခြုံရေးယူထားသည့် စစ်တပ်ဖြစ်သည်။ ဒုတိယ ရောက်လာသည်မှာ ရန်ကုန်တိုင်း အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဖြစ်သည်။ တတိယ ရောက်လာသည့် အဖွဲ့မှာ ၁၉၉သို့ ဖုန်းဆက်သဖြင့် အနောက်ပိုင်းခရိုင် ရဲအထူးတပ်ဖွဲ့ ဖြစ်သည်။ သို့သော် တကယ် စစ်ဆေးရမည့် ရဲအဖွဲ့ ရောက်ရှိလာချိန်တွင် လူအများ ၀င်ထွက်ပြီး ဖြစ်သဖြင့် အခင်းဖြစ်သည့် နေရာမှ ခြေရာလက်ရာများ ပျက်နေပြီး စစ်ဆေးရန် ခက်ခဲနေပြီ ဖြစ်သည်။


ထိုမှုခင်းကို စုံစမ်းစစ်ဆေးခဲ့ရသူ တစ်ဦးက အမှုမှာမပေါ်တဲ့ အမှုနဲ့ မဖော်တဲ့အမှုဆိုပြီးရှိတယ်။ ဒီအမှုက မပေါ်တဲ့အမှု မဟုတ်ဘူး။ အထက်က လူကြီးတွေ မဖော်တဲ့အမှုဟုပြောပြခဲ့သည်။ Tomorrow ဂျာနယ် ယခင်အပတ်က ဖော်ထုတ်စုံစမ်းရေးသားသည့် 

အချက်များနှင့် သူ့မျက်မြင် ဖြစ်ရပ်များ ကွဲလွဲမှုရှိကြောင်းလည်း အဆိုပါ အမည်မဖော်လိုသူ ရဲအရာရှိက ပြောပြခဲ့သည်။ သူက ပြောပြရာတွင် လိမ္မော်သီးရောင်းသူ

ယောင်ဆောင်ပြီး သတ်သည်ဟု ယူဆချက်မှာ အခြာ းစစ်ဆေးသည့် နယ်မြေခံရဲအဖွဲ့၏ ယူဆချက်ဖြစ်သည်။

အမှန်မှာ အိမ်ရှင်နှင့် အကျွမ်းဝင်သူများက အိမ်သို့အလည်လာပြီး သတ်သွားခြင်းသာဖြစ်သည်။ လာရောက်သွားသူ ဧည့်သည်များမှာ ငါးဦးရှိကြောင်းကို ဧည့်ခန်းအတွင်း 

မသောက်ရသေးသည့် ကော်ဖီငါးခွက်နှင့် နေကြာစေ့ ပန်းကန်များက သက်သေခံနေကြောင်း၊ ဦးချာလီကို ဧည့်ခန်းတွင်းတွင် ပစ်ခတ်ပြီး အပေါ်ထပ်သို့ ဒရွတ်ဆွဲခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးချာလီမှ အနီးရှိ တုတ်ဖြင့် ပြန်လည် ခုခံခဲ့သော်လည်းသေနတ်မှန်သွားသဖြင့် လူသတ်သမားတို့ ပြုသမျှ ခံလိုက်ရကြောင်း၊ ဧည့်ခန်းအတွင်းပြုတ်ကျနေသော လိုက်ကာနှင့် သွေးများက ဧည့်ခန်းအတွင်း ပစ်ခတ်ခံရသည်ကိုပြနေကြောင်း၊ အပေါ်ထပ်တွင် သူတို့လိုချင်သည်များကို ယူပြီးမှ ပစ်သတ်ခြင်းဖြစ်ကြောင်း၊ ထွက်ပြေးသည့် အိမ်ဖော်၏ နောက်စေ့ကို သေနတ်ဖြင့် ထိမှန်အောင်ပစ်နိုင်သည့်အတွက် ကြေးစား လူသတ်သမား ပါ၀င်ကြောင်း၊ အသံတိတ် သေနတ်ဖြင့်

 ပစ်ခတ်သော်လည်း အချက်များစွာ ပစ်ခတ်သော်လည်း အချက်များစွာ ပစ်ခတ်သည့်အတွက် ဒုတ်ဒုတ် ဒုတ်ဒုတ်ဟူသော အသံများကို အိမ်နီးချင်းများမှ ကြားနိုင်သော်

လည်း အိမ်နီးချင်းများကို မေးမြန်းမရခဲ့သည့်အပြင် မောင်းထုတ်ခြင်းပင် ခံခဲ့ရကြောင်းလည်း သိခဲ့ရသည်။ လူသတ်သမားများထဲတွင် ကွမ်းအဆက်မပြတ်စားသူတစ်ဦး အနည်းဆုံးပါကြောင်း၊ လှေကားအတက် နံရံတွင် ကွမ်းတံတွေးများထွေးသွားခဲ့ကြောင်း စစ်ဆေးခဲ့သူ အရာရှိက ပြောပြသည်။

ထို့ပြင် ကျန်ရှိနေသော အိမ်မှ အတွင်းပစ္စည်းများကို တရားသူကြီးများရှေ့တွင် စစ်ဆေး သိမ်းဆည်းရာတွင် စိန်များ၊ လက်ဝတ်ရတနာများ အစုလိုက်အပြုံလိုက် ကျန်သေးသည်ကို တွေ့ရသဖြင့် လူသတ်သမားများသည် စိန်ရွှေရတနာများမှ တန်ဖိုး အကြီးဆုံးများကိုသာ ရွေးနုတ်ယူသွားခဲ့ကြောင်း ထင်ရှားသလို အိမ်ရှင်၏ ငွေရေးကြေးရေးဆိုင်ရာအားလုံး ထည့်သွင်း မှတ်တမ်းတင်သည့် ကွန်ပျူတာ လက်ပ်တော့နှင့် တယ်လီဖုန်းမှာလည်း ပျောက်ဆုံးသွားခဲ့ကြောင်း၊ ထို့အပြင် အိမ်ဘေးရှိ လျှပ်စစ်မီးမိန်းခလုတ်ကို လူသတ်သမားများက ပိတ်သွားသဖြင့် CCTV ကင်မရာများလည်း အလုပ်မလုပ်နိုင်ဖြစ်

ခဲ့ကြောင်းလည်း အဆိုပါ ရဲအရာရှိက ဆက်လက် ပြောပြခဲ့သည်။

လူသတ်သမား အဖွဲ့သည် လုံးဝလက်ဗွေရာ မကျန်အောင် ဆောင်ရွက် သွားနိုင်ခဲ့သဖြင့် အတွေ့အကြုံရှိ ကြေးစားတစ်ဦးက ဦးဆောင်ခြင်း ဖြစ်နိုင်သည်ဟု သူကယူဆသည်။ရဲတပ်ဖွဲ့ အနေဖြင့် ဦးချာလီ၏ သားမက်ဖြစ်သူနှင့် ၀န်ထမ်းများကို ရန်ကုန်ဆေးရုံကြီးတွင် မေ့ဆေးထိုးသွင်းပြီး အိပ်မွေ့ချ စစ်ဆေးမှုကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ အလားတူ သံသယရှိသူ တစ်ဦးကို စစ်ဆေးစဉ် လက်လွန်ပြီးအဆိုပါ သံသယရှိသူ နံရိုးများ ကျိုးကာ သေဆုံးသွားသဖြင့် စစ်ဆေးသူ အားလုံးကိုရာထူးချပြီး နယ်စွန်နယ်ဖျား အသီးသီးသို့ အပို့ခံလိုက်ရကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့ဝင်က ဆက်လက် ပြောပြရာတွင် အသတ်ခံရသူများသည် အားမတန်သဖြင့်အသတ်ခံ ရသော်လည်း အသတ်ခံရသည့် ၀ိညာဉ်က လူသတ်သမားနောက်သို့

တောက်လျှောက် လိုက်နေကြောင်း၊ ထိုအချက်ကို သီလ၊ သမာဓိရှိသည့် ရဲတပ်ဖွဲ့ဝင်တိုင်း ယုံကြည်ကြကြောင်း၊ ထိုသို့ ယုံကြည်သဖြင့် ၀ိညာဉ်က ဖော်ထုတ်ပေးခဲ့သည့်

 အမှုများလည်း ရှိကြောင်း၊ လူသတ်မှု ဖြစ်လျှင်ဖြစ်ချင်း အချို့ရဲများက အလောင်းအနီးကပ်ပြီး လူသတ်သမားကို ဖော်ထုတ်ပေးရန် ပြောသည်ကို မိမိလည်း ယုံကြည်

လက်ခံကြောင်း သူက ဆက်လက်ပြောပြသွားသည်။ ယခုဖြစ်ပွားခဲ့သည့် အမှုတွင်သေဆုံးသူများ အတွက် သက်ပျောက် ဆွမ်းမကျွေးခဲ့သည်ကိုလည်း မိမိ သတိတ

ရရှိနေကြောင်း သူက ဆက်လက်ပြောပြသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်က သူ့အနေဖြင့် အမှုကို ဆက်လက် စစ်ဆေးခွင့် မရသော်လည်း ထိုအမှုသည် ရင်းနှီးအကျွမ်းဝင်သူများက အိမ်သို့ အလည်လာပြီး သတ်ဖြတ်ခဲ့သည့်

 ကြိုတင်ကြံစည်သော လူသတ်မှု ဖြစ်ကြောင်း၊ စုစုပေါင်း ထိုနေ့က အိမ်အတွင်းသို့လူသတ်သမား အပါအဝင် ငါးဦး ရောက်ရှိခဲ့ကြောင်း၊ ပစ္စည်းယူရန်ထက် မှတ်တမ်း

မှတ်ရာများကို ဖျောက်ဖျက်လိုသဖြင့် သတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း၊ အဓိက ပျောက်ဆုံးသွားသည်မှာ ဓမ္မစေတီမင်းကြီး၏ မိဖုရား ပန်ခဲ့သည်ဆိုသော သမိုင်းဝင် နားဋောင်းနှင့် ပြည်တန် ပတ္တမြားကြီး တစ်လုံးပင်ဖြစ်ကြောင်း၊ ထိုအမှုနှင့် ပတ်သက်ပြီး အသတ်ခံရသူ မိသားစုနှင့် အဆက်အသွယ်ရှိသော နာမည်ကျော် စီးပွားရေးသမားများနှင့်ရုပ်ရှင် ဒါရိုက်တာ တစ်ဦးကိုပါ ခေါ်ယူစစ်ဆေးခဲ့ကြောင်းလည်း ထပ်မံသိရှိရသည်။

ရန်ကုန်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုများအနက်မပေါ်သည့် အမှု နှစ်မှုသာရှိကြောင်း၊

တစ်မှုမှာ သင်္ဃန်းကျွန်းတွင် ဖြစ်ပွားခဲ့သော ဆရာဝန် မိသားစု ငါးဦးကို သတ်ဖြတ်ခဲ့သည့် အမှုနှင့် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု နှစ်ခုသာ ဖြစ်ကြောင်း

အဆိုပါ ရဲအရာရှိက ဆက်လက် ပြောကြားသွားသည်။

အချို့အမှုများတွင် တရားခံ သို့မဟုတ် တရားခံနှင့် ဆက်စပ် ပတ်သက်နေသူများသည်အာဏာရှိ အသိုင်းအဝိုင်းက ဖြစ်စေ၊ အာဏာရှိ အသိုင်းအဝိုင်းနှင့် ပတ်သက်နေသူများဖြစ်စေ ဖြစ်နေပါက ရဲတပ်ဖွဲ့ အနေဖြင့် စုံစမ်းဖော်ထုတ်ရသည်မှာ ခက်ခဲကြောင်း၊ 

အဘယ်ကြောင့်ဆိုသော် အဆိုပါ သူများကို ဖမ်းဆီးစစ်ဆေးခွင့် မရနိုင်သောကြောင့်ဖြစ်ကြောင်း သူက ဆက်လက်ရှင်းပြသည်။

ယခုအခါ ထိုအမှုကို ပိတ်သိမ်းခြင်း မပြုသေးဘဲ ရဲမှုခင်းတပ်ဖွဲ့(CID)က ဆက်လက် ကိုင်တွယ်နေသော်လည်း မူလစစ်ဆေးခဲ့သည့် လူဟောင်းများ တစ်ယောက်မှမရှိတော့သည့် အတွက် လူသတ်သမားအဖွဲ့ အတွင်းမှ တစ်ဦးဦးက သစ္စာဖောက်ဖော်ထုတ်ခြင်းမှလွဲပြီး အမှုပေါ်ရန်မှာ မှေးမှိန်နေပြီ ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဝင်က သူ၏အတွေ့အကြုံနှင့်ယှဉ်ပြီး ပြောပြသွားခဲ့သည်။

Tomorrow သတင်းအဖွဲ့

SEPTEMBER 24, 2014


ဆက်ဖတ်ရန် →