နောက်ဆုံးရ

ဘူဒိုဇာတွေ ဘယ်ကပေါ်လာတာလဲ

 ဘူဒိုဇာ ပိုင်ရှင်အထုပ္ပတ္တိ

-------------------------------


Serge Pun (ခေါ်) ဦးသိမ်းဝေ ရဲ့ JCB Dozer ဘူဒိုဇာ တွေသုံးပြီး သပိတ်စစ်ကြောင်းကိုဖြိုခွဲခဲ့တယ်ဆိုတာတွေ့လိုက်တော့ သူ့ကုမ္ပဏီအကြောင်းလေးရှင်းပြချင်လို့ပါ။
ဦးသိမ်းဝေဟာ Serge Pun & Associates (SPA Group) ပိုင်ရှင်ဖြစ်ပြီး SPA Group ပိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Yoma Strategic Holdings ဟာ စင်ကာပူစတော့အိပ်ချိန်းမှာတင်ထားပါတယ် ကျနော်ကိုယ်တိုင်အဲဒီရှယ်ယာဝယ်ခဲ့ဖူးတဲ့အတွက် သူ့ရဲ့စီးပွားရေးတွေကိုအလွတ်ရသလောက်ကိုသိပါတယ် အခုတော့ရှယ်ယာအကုန်ရောင်းလိုက်ပါပြီ။ SPA Group သည်အောက်ပါစီးပွားရေးလက်တံ၄ခုမှ ဝင်ငွေရရှိနေတာဖြစ်ပါတယ် သင့်တော်သလို သပိတ်မှောက်နိုင်ပါတယ်။ အဲဒီထဲမှာ Metro group ပါနေတဲ့အတွက် စစ်တပ်နဲ့အချိတ်အဆက်ရှိတာသိပ်တော့မထူးဆန်းပါဘူး။

စားသောက်ကုန်
၁ - KFC Myanmar
၂ - YKKO ကြေးအိုး (၆၅% ပိုင်)
၃ - METRO Group (၁၅% ပိုင်)
၄ - KOSPA logistics
၅ - Seagram's Imperial Blue Whisky 
၆ - Seagram's High Class Whisky
၇ - Seagram's 100 Pipers Whisky

ငွေကြေးနှင့်ဘဏ်လုပ်ငန်း
၁ - ရိုးမဘဏ်
၂ - Wave Money
၃ - Yoma Fleet

ဆောက်လုပ်ရေး
၁ - Star City 
၂ - City Loft
၃ - FMI City, FMI Centre
၃ - ပန်းလှိုင်အိမ်ရာ

ကားလုပ်ငန်း
၁ - Volkswagen ကားဖြန့်ချိရေး
၂ - Mitsubishi ကားဖြန့်ချိရေး (၅၀% ပိုင်)
၃ - JCB
၄ - New Holland လယ်ယာသုံးထွန်စက်နှင့်အခြားယာဉ်များ
၅ - Bridgestone တာရာ (၃၀% ပိုင်)

ကြော်ငြာလုပ်ငန်း
၁-FMIDecaux - စည်ပင်နဲ့ ရှယ်ယာလုပ်တာ ရန်ကုန် Bus Shelter အသစ်တွေက FMI နဲ့ JCDecaux ပေါင်းပြီး YCDC နဲ့လုပ်တာ ကြော်ငြာတွေကပ်ပြီး ပိုက်ဆံရနေတာ။ မူရင်း ပြင်သစ်ကုမ္ပဏီပါ။

#RejectMilitaryCoup
#JusticeForMyanmar
#SocialPunishment

#credit

BOYCOTT ALL ABOVE

ဆက်ဖတ်ရန် →
မခန့်ကျော်ကျော်အောင် UCS(mdy)နဲ့သူငယ်ချင်းများအဖမ်းခံရ

မခန့်ကျော်ကျော်အောင် UCS(mdy)နဲ့သူငယ်ချင်းများအဖမ်းခံရ

မခန့်ကျော်ကျော်အောင် UCS(mdy)ကို (၂၀.၃.၂၀၂၁)၉:၃၀amဝန်းကျင် ၈၁လမ်း ၁၅*၁၆ကြားမှာ ဖမ်းခေါ်သွားပါတယ် သူနဲ့အတူ ကျား ၄ မ၂ ပါသွားပါတယ် အခုအိုးဘိုမှာလို့သိရပါတယ် လူချင်းမတွေ့ရသေးပါဘူး ညီမတို့သူငယ်ချင်းအတွက် speak out လုပ်ပေးကြပါဦး
ဆက်ဖတ်ရန် →
ဒီပွဲမှာ ငွေနဲ့လောင်းကြေးထပ်လို့ရရင် ပြည်သူတွေဘက်က ထပ်မယ့်Tom Andrews.UN အထူးကိုယ်စားလှယ်

ဒီပွဲမှာ ငွေနဲ့လောင်းကြေးထပ်လို့ရရင် ပြည်သူတွေဘက်က ထပ်မယ့်Tom Andrews.UN အထူးကိုယ်စားလှယ်



~~~~~~~~
မကြာခင်မှာဘဲ -
UN အထွေထွေအတွင်းရေးမှူးရဲ့ အထူးသံမာန်ကိုလဲ မြန်မာပြည် အမြန်ဆုံး သွားဖို့ လုံခြုံရေးကောင်စီက စေလွှတ်တယ်၊ သို့သော် မြန်မာဖက်က လက်မခံသေးတဲ့ အတွက် အရှေ့တောင်အာရှဖက်ကို သွားပြီး အာဆီယံအဖွဲ့နဲ့ လုပ်စရာဆက်လုပ်မယ် ပြောတယ်၊ source: Twitter @SchranerBurgen1
ဒေါက်တာဆာဆာ ကလဲ သိပ်ကြီးနောက်မကျသွားခင်မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအရေးပေါ် ထိပ်သီးအစည်းအဝေးခေါ်ယူဖို့ဆိုတာက တကယ့်ကို လိုအပ်ချက်တရပ် ဖြစ်လာပါပြီ လို့ အသိပေးလိုက်တယ်၊ source: Dr.Sasa's Facebook
တဆက်တည်း -
အာဆီယံအရေးပေါ် ဆွေးနွေးပွဲခေါ်ယူဖို့ မလေးရှားဝန်ကြီးချုပ် ထပ်မံတောင်းဆိုတဲ့ သတင်းထွက်လာတယ်။ source: BBC
ထိုင်းဖက်မှာလဲ မြန်မာပြည်ကို အပြည်ပြည်ဆိုင်ရာတပ်တွေ ဝင်ဖို့ အခြေအနေရှိတာကြောင့် အဲဒီတပ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ပြင်ဆင်ထားပြီလို့ ထိုင်းသတင်းမှာ ဖော်ပြခဲ့တယ်၊ source: Thai PBS News
UN အထူးကိုယ်စားလှယ် Tom Andrews ကလဲ ဒီပွဲမှာ ငွေနဲ့လောင်းကြေးထပ်လို့ရတယ် ဆိုရင် ပြည်သူလူထုဘက်က သူလောင်းကြေးထပ်မယ် လို့ ပြောလိုက်တယ်၊ source: Twitter @RapporteurUN
- TrueMyanmar.info မှ စုဆောင်းထားသည့် အချက်အလက်များ တင်ပြသည်။
(ပွဲပြီးခါနီးပါပြီ
သို့သော် တက်မထောင်ကြပါနဲ့အုံး၊
အဆုံးအထိရောက်အောင် လုပ်ကြရပါမယ်)
အရေးတော်ပုံ အောင်ရမည်။
ဆက်ဖတ်ရန် →
ဒီနေ့ စနိုက်ပါ လက်ချက်မိပီး ကျောက်မြောင်းမှာကျဆုံးသွားတဲ့ကိုသက်ပိုင်စိုး

ဒီနေ့ စနိုက်ပါ လက်ချက်မိပီး ကျောက်မြောင်းမှာကျဆုံးသွားတဲ့ကိုသက်ပိုင်စိုး

စစ်သား သားသမီးဖြစ်ပေမယ့်
အမှန်တရားကိုမြတ်နိုးလို့ လိုင်းခန်းမှာမနေပဲ
သူငယ်ချင်းတွေနဲ့.နေရင်း
နေ့တိုင်းထွက်တိုက်နေတဲ့သူတဲ့
ဒီနေ့ စနိုက်ပါ လက်ချက်မိပီး
ကျောက်မြောင်းမှာကျဆုံးသွားတဲ့
အာဇာနည် ကိုသက်ပိုင်စိုး
Rest in power
ကျောပိုးအိတ်ထဲမှာ ဒန်အိုးလေးထည့်ထားတယ်တဲ့



ဆက်ဖတ်ရန် →