အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး
ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ
ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာဘာသာဖြင့် သူ၏ တွစ်တာ လူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်ထား
ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ
မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ
ဆိုင်းမင်း/People's Spring
အသက် ၇၄ နှစ်အရွယ် မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြဟာ ဒီနေ့မှာ လွတ်ရက်စေ့လို့ မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
ဒေါ်ဝင်းမြမြ ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာတင် ဖမ်းဆီးကာ ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ချခဲ့တာပါ။
ဒီနေ့မနက်ပိုင်းမှာတော့ လွတ်ရက်စေ့လို့ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးပြောပြပါတယ်။
ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က လျော့ရက်ရခဲ့လို့ သတ်မှတ်ရက်ထက်စောပြီးလွတ်လာတာလို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
ဒေါ်ဝင်းမြမြဟာ NLD ပါတီ စတင်ထူထောင်ချိန်ကတည်းက ပါတီဝင်အဖြစ် ထောက်ခံအားပေးခဲ့သူဖြစ်ပြီး ယခင်စစ်အစိုးရ လက်ထက်မှာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း ၊ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် NLD ပါတီကို ကိုယ်စားပြုပြီး အနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။
ထန်းတပင်မြို့နယ်တွင် စစ်တပ်က ပြည်သူ (၁၈)ဦးကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်
▪️︎မေ ၁၀ ရက်တိုက်ပွဲတွင် စစ်တပ်က ၃၀ ခန့်သေဆုံးဒဏ်ရာရပြီး အရာရှိ ၂ဦးအဖမ်းခံရပြီးနောက်အနီးရှိရွာမှပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်
ကျော်ဇော/People's Spring
ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ (၁၈)ဦးကို ခေါင်းဖြတ်၊ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People's Spring သတင်းဌာနသို့ ပြောသည်။
မေလ ၁၀ ရက်နေ့ ၁၀ နာရီခွဲနှင့် နေ့လယ် ၃နာရီတို့တွင်ကျောက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာရွာတွင် KNU၊ PDFပူးပေါင်တပ်ဖွဲ့ကစစ်ကောင်စီတပ်စစ်ကြောင်းအား နှစ်ဖက်ညှပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အင်အား (၁၀၀)
ဝန်းကျင်တွင် (၃၀)ခန့်ထိခိုက်သေဆုံး၍ ဗိုလ် ၃ ဦးဖမ်းဆီးခံရကာအထိနာခဲ့သည်။တိုက်ပွဲပြီးချိန်၌ ညောင်ပင်သာမြောက်ကမ်းမှ ကလေး ၅ ဦး အပါအဝင် အပစ်မဲ့ပြည်သူ (၁၈)ဦးအား စစ်ကောင်စီတပ်က လူမဆန်စွာ ရက်ရက်
စက်စက် သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ထန်းတပင် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သတ်ဖြတ်ံခံရသူများတွင် လေးငယ် ၅ ဦး ၊အမျိုးသမီး၉ ဦးနှင့် သက်ကြီးရွယ်အိုအများစုပါဝင်နေသည်ကိုတွေ့ရသည်။
"ဟုတ်ပါတယ် သူတို့ဘက်က ကျဆုံးများသွားလို့ အကြောင်း
မဲ့သတ်တာပါ။ (ထိခိုက်သေဆုံး)၂၀ ကျော် ၃၀ နီးပါး ပါခင်ဗျ။ ဗိုလ်သုံးယောက် အရှင်ဖမ်းမိပါတယ်"ဟုတာဝန်ရှိသူက ဆက်ပြော သည်။
ထို့နောက် အထိနာသွားသောစစ်တပ်က ညောင်ပင်သာ မြောက်ကမ်းဘက်မှ ကလေးငယ်များ ၊အမျိုးသမီးများ ၊သက်ကြီးရွယ်အို အများစုပါသောပြည်၁၈ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
"ညောင်ပင်သာ မြောက်ဘက်ကပ်မှာ တစ်မိသားစုလုံးသတ်ပြီးမီးရှို့သွားတာ ။စစ်တပ်က။ သူတို့အိမ်မှာနေ နေတာ။ ဒီလောက်စစ်ဖြစ်နေတာ မပြေးလို့ဆိုပြီး သတ်ပလိုက်တာ"ဟုဒေသခံတစ်ဦးကပြောသည်။
ထန်းတပင် ပ.က.ဖကလည်း လူမဆန်၊ ရက်စက်ယုတ်မာသော ဖက်ဆစ်တပ်အား အကြွင်းမကျန်အောင် ချေမှုန်းသွားမည်"ဟုကတိပြုသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ထန်းတပင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် အသက်ဆုံးရှုံးခဲ့ရသော မိသားစုများနှင့် ထပ်တူ ထပ်ဝမ်းနည်းကျေကွဲရကြောင်း ထုတ်ပြန်ထားသည်။
စစ်တပ်ကရက်ရက်စက်သက်သတ်စတ်ဖြတ်ခ့သူမျခဲ့သော ပြည်သူများ
၁။ ဒေါ်ခင်ရီ အသက် ၆၈နှစ်
၂။ မသန်းသန်းဆွေ အသက် ၃၅နှစ်
၃။ မသက်နှင်းစံ အသက် ၅နှစ်
၄။ ဦးဝင်းမြိုင် အသက် ၇၀နှစ်
၅။ ကိုဇော်မိုးအောင် အသက် ၄၀နှစ်
၆။ မသူဇာ အသက် ၄၀နှစ်
၇။ မောင်မိုးဝဿန် အသက် ၁၅နှစ်
၈။ မောင်မိုးဝေယံ အသက် ၇နှစ်
၉။ ဒေါ်ချွတ်တီ အသက် ၅၈နှစ်
၁၀။ ဒေါ်တင်ဆန်း အသက် ၅၃နှစ်
၁၁။ ဒေါ်ခင်အုန်း အသက် ၅၅နှစ်
၁၂။ ဒေါ်တင်အုန်း အသက် ၅၃နှစ်
၁၃။ မသန်းသန်းဝေ အသက် ၂၈နှစ်
၁၄။ မောင်သက်ပိုင်ဟိန်း အသက် ၅နှစ်
၁၅။ ဦးတိုးတိုး အသက် ၅၃နှစ်
၁၆။ မဂျုးဂျုးမေ အသက် ၂၅နှစ်
၁၇။ ဦးကျော်သိန်း အသက် ၅၅နှစ်
နှင့်
၁၈။ အမည် စုံစမ်းဆဲ ကလေးငယ်တစ်ဦး
စသည့်ပြည်သူ ၁၈ ဦးကို ခေါင်းဖြတ်၊ မီးရှို့သတ်ဖြတ်ခဲ
သည်ဟု ထန်းတပင် ပ.က.ဖ ကအတည်ပြုသည်။
စစ်ကောင်စီတပ်သည် နိုင်ငံတစ်ဝန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို အကြိမ်ရေ ဆယ်နှင့်ချီ၍ ကျူးလွန်ထားသည်။
ထိုအပြင် မေ ၂ ရက်ညနေပိုင်းတွင်လည်း တို့တွင် ထန်းတပင်မြို့နယ်၊(ဇရပ်ကြီးတောင်ခြမ်းဒေသ)ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အား K8-W တိုက်လေ
ယာဥ်နှစ်စီးဖြင့်ဗုံးကျဲခြင်းနှင့် မြေပြင်စစ်တပ်မှ လက်နက်
ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းတို့ဖြင့် နှစ်ဖက်ညှပ် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏိရာရခဲ့သည်။
The marriage ကအပြင်မှာတကယ်ရှိခဲ့တယ်မြဒေဝီ
တိုက်ဆိုင်မှုကတော့ မနေ့ကကျွန်မဒီ post ကိုစမြင်တဲ့နေ့ဟာ အန်တီမာကို ဆေးရုံအရေးပေါ်စပို့ရတဲ့နေ့တဲ့ ကျွန်မက ရက်စွဲတွေနဲ့ပတ်သက်ရင်မမှတ်မိတတ်သူမို့ အမေပြောမှသိရလို့ပါ
ဒီဇာတ်လမ်းကို fb ပေါ်မှာ ခဏခဏမြင်နေရတာ ပထမတစ်ပိုင်းတော့ကြည့်ဖြစ်လိုက်တယ် ခုတော့ ဒီဇာတ်လမ်းကဘယ်ဖြစ်ရပ်ကို inspiration ယူထားတယ်ဆိုတာသဘောပေါက်သွားပြီ
ဆရာဝန်မနာမည်က 'မြ' တဲ့ စစချင်းအခန်းမှာထဲက သားလေးတစ်ယောက်လဲထည့်ရိုက်ထားသေးတယ် ယောက်ျားကသင်္ဘောသားဟုတ်မဟုတ်တော့မသိဘူး EDITED - ဒီဇာတ်ကားထွက်တာနဲ့ အန်တီမာဆုံးခဲ့တဲ့မေလမှာ ၈နှစ်ပြည့်တော့မှာနဲ့ကွက်တိပါပဲ
Edited - အပြင်မှာတော့ ဖောက်ပြန်ခံရသူမှာရုပ်ရှင်ထဲကထက်အပူတွေနဲ့ပေါ့ စသိတာကလဲ မယငရဲ့ အမေကိုယ်တိုင်တမင်လာပြောလို့သိတယ် အန်တီမာကအဲ့အချိန်က fb မသုံးတတ်တာကိုအခွင့်ကောင်းယူပြီး အပြင်မှာရော fb ပေါ်မှာပါပုံတွေပလူပျံပျော်ပျော်ကြီးဖောက်ပြန်ကြတာပေါ့ သူ့ကိုယ်သူ သင်္ဘောကပ္ပတိန်ကတော်ပါဆိုပြီး ဂုဏ်တွေဆာ
ငါ့အဒေါ်က သူ့ကို fb acc ဖွင့်ပေးပါ သုံးနည်းသင်ပေးပါဆိုတော့ သင်ပေးလိုက်တော့သူ့ခမျာ အဲ့ကောင်နဲ့ကောင်မ acc တွေကိုရှာ ပုံတွေစာတွေအကုန်လုံးကို save လုပ် memory stickထဲထည့် print တွေထုတ်ပြီးသိမ်းထားခဲ့တာ သူ့မှာ ဗေဒင်ဆရာမျိုးစုံဆီလဲရောက်ခဲ့ သူ့လင်ညီအမခေါ်သွားတဲ့ ဆရာမျိုးစုံထဲမှာဗလီဆရာတောင်ပါသေးတယ်
အန်တီမာကိုယ်တိုင်အဲ့မိန်းမအိမ်သွားတောင်းပန်တာလဲမရ ဖောက်ပြန်တဲ့ကောင်ကတော့ အဆုံးထိငြင်းတာပေါ့ fb ပေါ်ကပုံတွေဟာ Photoshop နဲ့လုပ်ထားတာပြောလိုပြော
အန်တီမာဆေးတွေသောက်တဲ့နေ့မနက်မသောက်ခင်မှာအဲ့ကောင်နဲ့ကောင်မ ph ပြောထားတဲ့ call list တွေအဲ့ကောင်ဖုန်းထဲကတွေ့လို့ လင်မယားရန်ဖြစ်ကြ ငါ့အဒေါ်က သူ့ in-law တွေအိမ်သွားပြောတာကို in-law တွေဘာပြောလွှတ်လိုက်လဲမသိ အဲ့အိမ်ကနေသူ့အိမ်ကိုပြန်လာပြီး ဆေးတွေသောက်တာပဲ
ဆေးတွေသောက်တဲ့အချိန်သူ့အိမ်ကအခန်းထဲမှာတစ်ယောက်ထဲတွေ့ချိန်မှာဆေးရုံကိုကားမောင်းပို့ရတာကကျွန်မ ကျွန်မအမေ ကအဲ့ကောင်ကို ph ဆက်ပြောတော့ phထဲကနေအဲ့ကောင်ကအမေ့ကိုတောင်အော်သေးဆိုပဲ
နောက်ဆုံးဆေးရုံမှာအန်တီမာခွဲခန်းဝင်ရချိန် ခွဲခန်းရှေ့မှာစောင့်နေတုန်းတောင် တူမလုပ်သူကျွန်မကိုအဲ့ကောင်ပြောတာ ကောင်မလေးကသူ့ရည်းစားကိုအရွဲ့တိုက်ချင်လို့ သူကကူညီပြီး အယောင်ဆောင်ပုံတွေဓာတ်ပုံရိုက်တင်ပေးတာပါပြောသေးတာ မျက်နှာပြောင်ချက်ကကမ်းကုန်တယ်
ဆေးတွေသောက်ကိုယ့်ဘာသာသတ်သေတာတောင် သူတို့ဆရာဝန်တွေ လက်ဝါးရိုက်ပြီး တကယ်ဆေးမသောက်ပဲ ဘာမှမဖြစ်တာကို ICUထဲထည့်ထားတာပါဆိုပြီးအဲ့ကောင်ကသူ့အဖေကိုပြောနေတာကို ကျွန်မနားနဲ့ဆတ်ဆတ်ကြားလို့ ကျွန်မရဲ့ဆရာ ဆရာဝန်ကြီးရုံခန်းထဲထိအဲ့ကောင်ကိုခေါ်ပြီးရှင်းပြခိုင်းတာတောင် ဆရာဝန်ကြီးရှေ့မှာ တကယ်ဆေးသောက်မသောက် သွေးဖောက်စစ်လို့ရမလားမေးခဲ့သေးတာ သူအမှားလုပ်တာကိုတချက်မှနောင်တမရခဲ့တဲ့ကောင်
သေပြီးတောင် အန်တီမာကရောဂါကြောင့်သေတာသတင်းဖြန့်သေးတာ ဖုံးမနိုင်သတ်သေတယ်ထွက်လာတော့လဲ စိတ်ရောဂါကြောင့်သတ်သေတယ်လုပ်ပြောသေးတာ
ကျွန်မတို့ဆွေတော်မျိုးတော်တွေကလဲ မျက်နှာပျက်မယ် ဂုဏ်သိက္ခာကျမယ်ဆိုပြီးကြိတ်ခံကြတယ်လေ ရဲတိုင်ဖို့ဆိုတာအဝေးကြီး ရက်လည်မှာ ရဲကသတင်းကြားပြီးရောက်လာတော့အဲ့ကောင်အရှက်မရှိ ကျွန်မဦးလေးရဲ့ လက်ကိုဆွဲပြီး အကိုကျွန်တော့်ကိုကယ်ပါတွေဘာတွေပြောသေးတာတဲ့
ကိုယ့်ဆွေတော်မျိုးတော်တွေအကုန်လုံးကလူလိမ္မာတွေချည်းပဲဆိုတော့ ကျွန်မတစ်ယောက်သာအမှန်ကိုပြောသူလူမိုက်ပေါ့လေ 😂 လူတွေဒီအကြောင်းဒီလောက်သိသွားတာတောင် မယားကြီးအဖွဲ့ကအမတွေထုတ်ဖော်လို့သိကြတာနို့မို့သိမှာတောင်မဟုတ်
BTW - ခုပြန်တွေးတာ အန်တီမာ့ရဲ့ တကယ့် cause of death က pre-renal failure leading to uremic encephalopathy secondary to antihypertensive overdose causing hypotensionဖြစ်လိမ့်မယ်ထင်တယ် ထိုအချိန်ကတော့ ကျွန်မဆရာဝန်ပေါက်စ နိုင်ငံအပြင်လဲမထွက်ဖူးသေးတော့မသိဘူးပေါ့လေ hypotension ကြောင့် renal dialysis လုပ်မရဘူးဆိုလို့ alternative option of dialysis ရှိမလားမေးခဲ့တယ် speciality ကို လူနာchart ကိုင်ပြီးကိုယ်တိုင်သွားshow ခဲ့တဲ့ ကျွန်မလူနာရှင်ကိုတောင် လူတွေအများကြီးရှေ့ OPD မှာသူ့ကိုဆရာလုပ်တာလားဆိုပြီးအော်ငေါက်သေးတဲ့ renal physician တွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်လေ 😂 ခုတော့ကျွန်မရဲ့ဘဝမှာ သူများတိုင်းပြည်က ICUထဲမှာပါလုပ်ဖူးခဲ့ပြီမို့ BP ကျနေတဲ့ လူနာကို vasopressor တင် CVC ထည့်ပြီး ICU ထဲမှာတင် haemofiltration လုပ်နိုင်တာလဲမြင်ဖူးခဲ့ပြီ အန်တီမာ့ကိုသာအဲ့တုန်းက haemofiltration တင်ခဲ့ပြီး renal rescue therapy ပေးခဲ့ရင် သေချင်မှာသေမယ်ပေါ့လေ ဒါတောင် vasopressor ကို central line ကမထည့်ပဲ peripheral line ကတင်လို့ tissue necrosis ရပြီး လက်တခုလုံးညိုမည်းပုတ်သလိုဖြစ်လို့ operation ဝင်ရပြီး လက်ကြီးကိုသေတဲ့အချိန်ထိ အသားတွေလွှာ ဟောင်းလောင်းကြီး ဖွင့်ထားရတာကိုထည့်မပြောတော့ပါဘူးလေ 😢့
ဆက်ရန်

































