နောက်ဆုံးရ

ထန်းတပင်မြို့နယ်တွင် စစ်တပ်က ပြည်သူ (၁၈)ဦးကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်



▪️︎​မေ ၁၀ ရက်တိုက်ပွဲတွင် စစ်တပ်က ၃၀ ခန့်သေဆုံးဒဏ်ရာရပြီး အရာရှိ ၂ဦးအဖမ်းခံရပြီး​​နောက်အနီးရှိရွာမှပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်


ကျော်ဇော/People's Spring


ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ (၁၈)ဦးကို ခေါင်းဖြတ်၊ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People's Spring သတင်းဌာနသို့ ပြောသည်။


မေလ ၁၀ ရက်နေ့ ၁၀ နာရီခွဲနှင့် နေ့လယ် ၃နာရီတို့တွင်ကျောက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာရွာတွင် KNU၊  PDFပူးပေါင်တပ်ဖွဲ့ကစစ်ကောင်စီတပ်စစ်​ကြောင်းအား နှစ်ဖက်ညှပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အင်အား (၁၀၀)

ဝန်းကျင်တွင် (၃၀)ခန့်ထိခိုက်သေဆုံး၍ ဗိုလ် ၃ ဦးဖမ်းဆီးခံရကာအထိနာခဲ့သည်။တိုက်ပွဲပြီးချိန်၌ ညောင်ပင်သာမြောက်ကမ်းမှ ကလေး ၅ ဦး အပါအဝင် အပစ်မဲ့ပြည်သူ (၁၈)ဦးအား စစ်​ကောင်စီတပ်က လူမဆန်စွာ ရက်ရက်

စက်စက် သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ထန်းတပင် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


သတ်ဖြတ်ံခံရသူများတွင် ​လေးငယ် ၅ ဦး  ၊အမျိုးသမီး၉ ဦးနှင့် သက်ကြီးရွယ်အိုအများစုပါဝင်​နေသည်ကို​တွေ့ရသည်။


"ဟုတ်ပါတယ် သူတို့ဘက်က ကျဆုံးများသွားလို့ အကြောင်း

မဲ့သတ်တာပါ။ (ထိခိုက်သေဆုံး)၂၀ ကျော် ၃၀ နီးပါး ပါခင်ဗျ။ ဗိုလ်သုံးယောက် အရှင်ဖမ်းမိပါတယ်"ဟုတာဝန်ရှိသူက ဆက်ပြော သည်။


ထို့နောက် အထိနာသွားသောစစ်တပ်က ​ညောင်ပင်သာ မြောက်ကမ်းဘက်မှ က​လေးငယ်များ ၊အမျိုးသမီးများ ၊သက်ကြီးရွယ်အို အများစုပါ​သောပြည်၁၈ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။


"​ညောင်ပင်သာ ​မြောက်ဘက်ကပ်မှာ တစ်မိသားစုလုံးသတ်ပြီးမီးရှို့သွားတာ ။စစ်တပ်က။ သူတို့​အိမ်မှာ​နေ ​နေတာ။ ဒီ​လောက်စစ်ဖြစ်​​နေတာ မပြေးလို့ဆိုပြီး သတ်ပလိုက်တာ"ဟု​ဒေသခံတစ်ဦးက​ပြောသည်။


ထန်းတပင် ပ.က.ဖကလည်း လူမဆန်၊ ရက်စက်ယုတ်မာသော ဖက်ဆစ်တပ်အား အကြွင်းမကျန်အောင် ချေမှုန်းသွားမည်"ဟုကတိပြုသည်။


ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ထန်းတပင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် အသက်ဆုံးရှုံးခဲ့ရသော မိသားစုများနှင့် ထပ်တူ ထပ်ဝမ်းနည်းကျေကွဲရကြောင်း ထုတ်ပြန်ထားသည်။


စစ်တပ်ကရက်ရက်စက်သက်သတ်​စတ်ဖြတ်ခ့သူမျခဲ့​သော ပြည်သူများ


၁။ ဒေါ်ခင်ရီ အသက် ၆၈နှစ်

၂။ မသန်းသန်းဆွေ အသက် ၃၅နှစ်

၃။ မသက်နှင်းစံ အသက် ၅နှစ်

၄။ ဦးဝင်းမြိုင် အသက် ၇၀နှစ်

၅။ ကိုဇော်မိုးအောင် အသက် ၄၀နှစ်

၆။ မသူဇာ အသက် ၄၀နှစ်

၇။ မောင်မိုးဝဿန် အသက် ၁၅နှစ်

၈။ မောင်မိုးဝေယံ အသက် ၇နှစ်

၉။ ဒေါ်ချွတ်တီ အသက် ၅၈နှစ်

၁၀။ ဒေါ်တင်ဆန်း အသက် ၅၃နှစ်

၁၁။ ဒေါ်ခင်အုန်း အသက် ၅၅နှစ်

၁၂။ ဒေါ်တင်အုန်း အသက် ၅၃နှစ်

၁၃။ မသန်းသန်းဝေ အသက် ၂၈နှစ်

၁၄။ မောင်သက်ပိုင်ဟိန်း အသက် ၅နှစ်

၁၅။ ဦးတိုးတိုး အသက် ၅၃နှစ်

၁၆။ မဂျုးဂျုးမေ အသက် ၂၅နှစ်

၁၇။ ဦးကျော်သိန်း အသက် ၅၅နှစ်

နှင့်

၁၈။ အမည် စုံစမ်းဆဲ က​လေးငယ်တစ်ဦး


စသည့်ပြည်သူ ၁၈ ဦးကို ခေါင်းဖြတ်၊ မီးရှို့သတ်ဖြတ်ခဲ

သည်ဟု ထန်းတပင် ပ.က.ဖ ကအတည်ပြုသည်။


စစ်​​ကောင်စီတပ်သည် နိုင်ငံတစ်ဝန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို အကြိမ်​ရေ ဆယ်နှင့်ချီ၍ ကျူးလွန်ထားသည်။


ထိုအပြင် မေ ၂ ရက်ညနေပိုင်းတွင်လည်း တို့တွင် ထန်းတပင်မြို့နယ်၊(ဇရပ်ကြီးတောင်ခြမ်းဒေသ)ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အား K8-W တိုက်လေ

ယာဥ်နှစ်စီးဖြင့်ဗုံးကျဲခြင်းနှင့် မြေပြင်စစ်တပ်မှ လက်နက်

ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းတို့ဖြင့် နှစ်ဖက်ညှပ် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ​က​လေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး​သေဆုံးပြီး ၃ ဦးဒဏိရာရခဲ့သည်။

ဆက်ဖတ်ရန် →
The marriage ကအပြင်မှာတကယ်ရှိခဲ့တယ်မြဒေဝီ

The marriage ကအပြင်မှာတကယ်ရှိခဲ့တယ်မြဒေဝီ







တိုက်ဆိုင်မှုကတော့ မနေ့ကကျွန်မဒီ post ကိုစမြင်တဲ့နေ့ဟာ အန်တီမာကို ဆေးရုံအရေးပေါ်စပို့ရတဲ့နေ့တဲ့ ကျွန်မက ရက်စွဲတွေနဲ့ပတ်သက်ရင်မမှတ်မိတတ်သူမို့ အမေပြောမှသိရလို့ပါ
ဒီဇာတ်လမ်းကို fb ပေါ်မှာ ခဏခဏမြင်နေရတာ ပထမတစ်ပိုင်းတော့ကြည့်ဖြစ်လိုက်တယ် ခုတော့ ဒီဇာတ်လမ်းကဘယ်ဖြစ်ရပ်ကို inspiration ယူထားတယ်ဆိုတာသဘောပေါက်သွားပြီ
ဆရာဝန်မနာမည်က 'မြ' တဲ့ စစချင်းအခန်းမှာထဲက သားလေးတစ်ယောက်လဲထည့်ရိုက်ထားသေးတယ် ယောက်ျားကသင်္ဘောသားဟုတ်မဟုတ်တော့မသိဘူး EDITED - ဒီဇာတ်ကားထွက်တာနဲ့ အန်တီမာဆုံးခဲ့တဲ့မေလမှာ ၈နှစ်ပြည့်တော့မှာနဲ့ကွက်တိပါပဲ
Edited - အပြင်မှာတော့ ဖောက်ပြန်ခံရသူမှာရုပ်ရှင်ထဲကထက်အပူတွေနဲ့ပေါ့ စသိတာကလဲ မယငရဲ့ အမေကိုယ်တိုင်တမင်လာပြောလို့သိတယ် အန်တီမာကအဲ့အချိန်က fb မသုံးတတ်တာကိုအခွင့်ကောင်းယူပြီး အပြင်မှာရော fb ပေါ်မှာပါပုံတွေပလူပျံပျော်ပျော်ကြီးဖောက်ပြန်ကြတာပေါ့ သူ့ကိုယ်သူ သင်္ဘောကပ္ပတိန်ကတော်ပါဆိုပြီး ဂုဏ်တွေဆာ
ငါ့အဒေါ်က သူ့ကို fb acc ဖွင့်ပေးပါ သုံးနည်းသင်ပေးပါဆိုတော့ သင်ပေးလိုက်တော့သူ့ခမျာ အဲ့ကောင်နဲ့ကောင်မ acc တွေကိုရှာ ပုံတွေစာတွေအကုန်လုံးကို save လုပ် memory stickထဲထည့် print တွေထုတ်ပြီးသိမ်းထားခဲ့တာ သူ့မှာ ဗေဒင်ဆရာမျိုးစုံဆီလဲရောက်ခဲ့ သူ့လင်ညီအမခေါ်သွားတဲ့ ဆရာမျိုးစုံထဲမှာဗလီဆရာတောင်ပါသေးတယ်
အန်တီမာကိုယ်တိုင်အဲ့မိန်းမအိမ်သွားတောင်းပန်တာလဲမရ ဖောက်ပြန်တဲ့ကောင်ကတော့ အဆုံးထိငြင်းတာပေါ့ fb ပေါ်ကပုံတွေဟာ Photoshop နဲ့လုပ်ထားတာပြောလိုပြော
အန်တီမာဆေးတွေသောက်တဲ့နေ့မနက်မသောက်ခင်မှာအဲ့ကောင်နဲ့ကောင်မ ph ပြောထားတဲ့ call list တွေအဲ့ကောင်ဖုန်းထဲကတွေ့လို့ လင်မယားရန်ဖြစ်ကြ ငါ့အဒေါ်က သူ့ in-law တွေအိမ်သွားပြောတာကို in-law တွေဘာပြောလွှတ်လိုက်လဲမသိ အဲ့အိမ်ကနေသူ့အိမ်ကိုပြန်လာပြီး ဆေးတွေသောက်တာပဲ
ဆေးတွေသောက်တဲ့အချိန်သူ့အိမ်ကအခန်းထဲမှာတစ်ယောက်ထဲတွေ့ချိန်မှာဆေးရုံကိုကားမောင်းပို့ရတာကကျွန်မ ကျွန်မအမေ ကအဲ့ကောင်ကို ph ဆက်ပြောတော့ phထဲကနေအဲ့ကောင်ကအမေ့ကိုတောင်အော်သေးဆိုပဲ
နောက်ဆုံးဆေးရုံမှာအန်တီမာခွဲခန်းဝင်ရချိန် ခွဲခန်းရှေ့မှာစောင့်နေတုန်းတောင် တူမလုပ်သူကျွန်မကိုအဲ့ကောင်ပြောတာ ကောင်မလေးကသူ့ရည်းစားကိုအရွဲ့တိုက်ချင်လို့ သူကကူညီပြီး အယောင်ဆောင်ပုံတွေဓာတ်ပုံရိုက်တင်ပေးတာပါပြောသေးတာ မျက်နှာပြောင်ချက်ကကမ်းကုန်တယ်
ဆေးတွေသောက်ကိုယ့်ဘာသာသတ်သေတာတောင် သူတို့ဆရာဝန်တွေ လက်ဝါးရိုက်ပြီး တကယ်ဆေးမသောက်ပဲ ဘာမှမဖြစ်တာကို ICUထဲထည့်ထားတာပါဆိုပြီးအဲ့ကောင်ကသူ့အဖေကိုပြောနေတာကို ကျွန်မနားနဲ့ဆတ်ဆတ်ကြားလို့ ကျွန်မရဲ့ဆရာ ဆရာဝန်ကြီးရုံခန်းထဲထိအဲ့ကောင်ကိုခေါ်ပြီးရှင်းပြခိုင်းတာတောင် ဆရာဝန်ကြီးရှေ့မှာ တကယ်ဆေးသောက်မသောက် သွေးဖောက်စစ်လို့ရမလားမေးခဲ့သေးတာ သူအမှားလုပ်တာကိုတချက်မှနောင်တမရခဲ့တဲ့ကောင်
သေပြီးတောင် အန်တီမာကရောဂါကြောင့်သေတာသတင်းဖြန့်သေးတာ ဖုံးမနိုင်သတ်သေတယ်ထွက်လာတော့လဲ စိတ်ရောဂါကြောင့်သတ်သေတယ်လုပ်ပြောသေးတာ
ကျွန်မတို့ဆွေတော်မျိုးတော်တွေကလဲ မျက်နှာပျက်မယ် ဂုဏ်သိက္ခာကျမယ်ဆိုပြီးကြိတ်ခံကြတယ်လေ ရဲတိုင်ဖို့ဆိုတာအဝေးကြီး ရက်လည်မှာ ရဲကသတင်းကြားပြီးရောက်လာတော့အဲ့ကောင်အရှက်မရှိ ကျွန်မဦးလေးရဲ့ လက်ကိုဆွဲပြီး အကိုကျွန်တော့်ကိုကယ်ပါတွေဘာတွေပြောသေးတာတဲ့
ကိုယ့်ဆွေတော်မျိုးတော်တွေအကုန်လုံးကလူလိမ္မာတွေချည်းပဲဆိုတော့ ကျွန်မတစ်ယောက်သာအမှန်ကိုပြောသူလူမိုက်ပေါ့လေ 😂 လူတွေဒီအကြောင်းဒီလောက်သိသွားတာတောင် မယားကြီးအဖွဲ့ကအမတွေထုတ်ဖော်လို့သိကြတာနို့မို့သိမှာတောင်မဟုတ်
BTW - ခုပြန်တွေးတာ အန်တီမာ့ရဲ့ တကယ့် cause of death က pre-renal failure leading to uremic encephalopathy secondary to antihypertensive overdose causing hypotensionဖြစ်လိမ့်မယ်ထင်တယ် ထိုအချိန်ကတော့ ကျွန်မဆရာဝန်ပေါက်စ နိုင်ငံအပြင်လဲမထွက်ဖူးသေးတော့မသိဘူးပေါ့လေ hypotension ကြောင့် renal dialysis လုပ်မရဘူးဆိုလို့ alternative option of dialysis ရှိမလားမေးခဲ့တယ် speciality ကို လူနာchart ကိုင်ပြီးကိုယ်တိုင်သွားshow ခဲ့တဲ့ ကျွန်မလူနာရှင်ကိုတောင် လူတွေအများကြီးရှေ့ OPD မှာသူ့ကိုဆရာလုပ်တာလားဆိုပြီးအော်ငေါက်သေးတဲ့ renal physician တွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်လေ 😂 ခုတော့ကျွန်မရဲ့ဘဝမှာ သူများတိုင်းပြည်က ICUထဲမှာပါလုပ်ဖူးခဲ့ပြီမို့ BP ကျနေတဲ့ လူနာကို vasopressor တင် CVC ထည့်ပြီး ICU ထဲမှာတင် haemofiltration လုပ်နိုင်တာလဲမြင်ဖူးခဲ့ပြီ အန်တီမာ့ကိုသာအဲ့တုန်းက haemofiltration တင်ခဲ့ပြီး renal rescue therapy ပေးခဲ့ရင် သေချင်မှာသေမယ်ပေါ့လေ ဒါတောင် vasopressor ကို central line ကမထည့်ပဲ peripheral line ကတင်လို့ tissue necrosis ရပြီး လက်တခုလုံးညိုမည်းပုတ်သလိုဖြစ်လို့ operation ဝင်ရပြီး လက်ကြီးကိုသေတဲ့အချိန်ထိ အသားတွေလွှာ ဟောင်းလောင်းကြီး ဖွင့်ထားရတာကိုထည့်မပြောတော့ပါဘူးလေ 😢့

















ဆက်ရန်


ဆက်ဖတ်ရန် →
မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား  ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

လှိုင်မြို့နယ်၊ စစ်တပ်ပိုင် ချည်မျှင်စက်ရုံက အလုပ်သမား မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား  ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

ကိုကိုလေး/ဧရာဝတီတိုင်းမ်
မေလ ၂ ရက်

လှိုင်မြို့နယ်၊ စစ်တပ်ပိုင် ချည်မျှင်စက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမား မိန်းမပျိုလေးတွေဟာ နေပြည်တော်ကောင်စီနယ်မြေက စစ်ကောင်စီတပ် အရာရှိတွေကို ပြုစုပေးဖို့ အဓမ္မစေလွှတ်ခံနေရတယ် လို့ လှိုင်မြို့ခံတွေထံက သိရပါတယ်။

နေပြည်တော်ရှိ စစ်ကောင်စီအရာရှိ ၈၀ ဝန်းကျင်ကို ချည်မျှင်စက်ရုံက မိန်းမပျိုလေး တွေဟာ နှစ်ပတ်ကြာ သွားရောက် ပြုစုပေးရပြီး စက်ရုံရှိ မိန်းမပျိုအားလုံး ၁၅ ဦးစီ အလှည့်ကျ အဓမ္မ စေလွှတ်ခံနေတာ ဖြစ်တယ် လို့ စက်ရုံနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

"သူတို့ရဲ့အဝတ်လျှော်ရတယ်၊ မီးပူတိုက်ရတယ်၊ နှိပ်ခိုင်းတယ်၊ သူတိုစားဖို့ သောက်ဖို့လုပ်ပေးရတယ်။ ပြီးတော့ တစ်ခြား လိင်ပိုင်း ကိစ္စတွေ လဲရှိသေးတယ် ထုတ်မပြောသင့်လို့ပါ။ မခံနိုင်လို့ ပြန်ပြောမိတဲ့အခါ  ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိတယ်" လို့ ချည်မျှင်စက်ရုံမှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးဝန်ထမ်း တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

လက်ရှိ စစ်ကောင်စီပိုင် ချည်မျှင်စက်ရုံကို စက်ရုံမှူး ဦးခိုင်ရွှေ ဦးဆောင်၍ ခေါင်းဆောင်ပိုင်း ၃၀ နဲ့ လည်ပတ်နေတာဖြစ်ပြီးအမျိုးသမီး အလုပ်သမား ၈၀၀ ဝန်းကျင် နဲ့ အမျိုးသား အလုပ်သမား ၂၀၀ ဝန်းကျင် ရှိတယ်လို့ လှိုင်မြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီ စက်ရုံမှာရှိတဲ့  အလုပ်သမား အမျိုးသား အများစုဟာ ခြေပြတ်၊ လက်ပြတ်နဲ့ စစ်ကောင်စီတပ်က စစ်ထွက်တွေများတယ် လို့ ချည်မျှင်စက်ရုံဝန်ထမ်းတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

အဆိုပါ စစ်တပ်ပိုင် ချည်မျှင်စက်ရုံမှာ ဝန်ထမ်းပေါင်း ၁,၀၀၀ ဝန်းကျင် ရှိတဲ့အနက် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို အာဏာဖီဆန်ကာ  CDM ပြုလုပ်လာသူ ဝန်ထမ်းပေါင်း ၅၀ ထက်မနည်းရှိတယ် လို့လည်း သိရပါတယ်။

"စက်ရုံ အဆောင်မှာနေပြီး အလုပ်လုပ်တဲ့ အပျိုလေးတွေကို ရွေးလွှတ်တာပါ။ အိမ်ထောင်ရှိတွေကို မလွှတ်ဘူး။ သူတို့ယောက်ကျားတွေနဲ့ ပြဿနာတက်မှာစိုးလို့။ မသွားရင် အလုပ်ထုတ်မယ်၊ အဆောင်ကနေလည်း မောင်းထုတ်မယ်လို့ပြောတယ်။ သူတို့ရဲ့ ပျော်တော်ဆက်လို သဘောထား ဆက်ဆံနေကြတာ။ တိုင်ရဲတဲ့သူလည်းမရှိဘူး"လို့ ၎င်းက ဆက်လက်ပြောပါတယ်။

ချည်မျှင်စက်ရုံအတွင်းရှိ အလုပ်သမားဝန်ထမ်းအချို့ကလည်း အခုလို အလုပ်သမား မိန်းမပျိုလေးတွေအများစုက အခုလိုလူ့အခွင့်ရေးချိုးဖောက်ခံနေရတာကို ကျေနပ်မှု မရှိကြဘူးလို့ သိရပါတယ်။

"အရင်ဆုံး နေပြည်တော်က ဗိုလ်ကတော်တွေအိမ်မှာထားကြတယ်။ အဲဒီအိမ်ကကိစ္စတွေကိုလုပ်ခိုင်းတယ်။  အဲဒီလိုတွေလုပ်ပြီးကာမှ ရှေ့တန်းထွက်မယ့် တပ်မှူးတွေ၊  ဗိုလ်‌လောင်းတွေဆီတဆင့် ပို့တာလို့" စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့သူတစ်ဦးကပြောပါတယ်။

အဆိုပါ စစ်တပ်ပိုင်ချည်မျှင်စက်ရုံရှိ အလုပ်သမား မိန်းမပျိုလေးတွေဟာ ၂၀၁၃ ခုနှစ်ကနေစတင်ပြီး လက်ရှိ ၂၀၂၃ ခုနှစ်အထိ နေပြည်တော်ကို ပို့ဆောင်ခံနေရာတာ ၁၀ စုနှစ် တစ်စုစာရှိခဲ့ပြီလို့ သိရပါတယ်။

ဒါ့ပြင် အဲ့ဒီ ချည်မျှင်စက်ရုံကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကြာခဏဝင်ရောက်စစ်ဆေးလေ့ရှိသလို စက်ရုံအပြင်မှာလည်း လုံခြုံရေးတွေ အမြဲအပြည့်ချထားတယ် လို့ စက်ရုံဝန်ထမ်းတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

လှိုင်မြို့နယ် စစ်တပ်ပိုင် ချည်မျှင်စက်ရုံရှိ အလုပ်သမားမိန်းမပျိုလေးတွေကို နေပြည် တော် ကောင်စီနယ်မြေအတွင်းက ဘယ်နေရာတွေကိုပို့ဆောင်နေတယ် ဆိုတာ ကိုတော့ ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

#လှိုင်မြို့နယ် #စစ်တပ်ပိုင်ချည်မျှင်စက်ရုံ #အလုပ်သမားမိန်းမပျိုများ #နေပြည်တော်ကောင်စီ #စစ်ကောင်စီတပ်အရာရှိ  #ပြုစု #အဓမ္မစေလွှတ် #Ayeyarwaddy_Times


ဆက်ဖတ်ရန် →
 အမေရိကန်က နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ် သင်္ဘောများကို တောင်ကိုရီးယားဆီ ပို့ပေးမည်

အမေရိကန်က နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ် သင်္ဘောများကို တောင်ကိုရီးယားဆီ ပို့ပေးမည်

(ကျော်မောင်)

မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှုများကနေ ကာကွယ်ဖို့ ဂတိစကားအသစ်အရ အမေရိကန်ဟာ ဆယ်စုနှစ်များအတွင်း ပထမဦးဆုံး အဖြစ် နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ် သင်္ဘောများကို တောင်ကိုရီးယားဆီ ပို့ပေးမှာ ဖြစ်ပါတယ်။

သမ္မတ ဘိုင်ဒင် နဲ့  သမ္မတ ယွန်းဆက်ရဲ တို့ဟာ အဆိုပါ သဘောတူညီချက်ကို ဝါရှင်တန် ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုး လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေဟာ မြောက်ကိုရီးယားထက်စာရင် ချိုင်းနားကွန်မြူနစ်အတွက် ရည်ရွယ်တာ ပိုပြီး ဖြစ်နိုင်ခြေရှိနေပါတယ်။

ကီလို ၂၀၀၀ အကွာအဝေးအောက် လျှော့ ပစ်လို့ မရတဲ့ Trident D5 missiles တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေကို အဲဒီနားထားလိုက်တာဟာ ICBM တွေ သွားထား ထားတာထက် ချိုင်းနားကွန်မြူနစ်ကို တုန့်ပြန်ချိန် နဲနဲလေး ပဲ ပေးလိုက်တာ ဖြစ်သွားပါလိမ့်မယ်။

..

US to send nuclear armed submarines to South Korea for the first time in decades — in new pledge to protect it from North Korea's threats

Biden & South Korean President Yoon Suk Yeol, will sign the agreement in Washington on Wednesday, officials said.

Nuclear armed subs in SouthKorea is probably more about China than NorthKorea

Placing subs with Trident D5 missiles that can't hit anything shorter than their MINIMUM 2000 Km range is more about having ICBMs near China, giving CN little reaction time, than about NK.

Credit

..

စဉ်းစားမိတာက

သန်းရွှေ သိန်းစိန် မအလ အကြားမှာ ထူးခြားတဲ့ ဆက်စပ်မှုတွေ့ရတယ်၊ ရှီကျိန်းဖျင် ကိုယ်စားလှယ် ပိန်ရှူဘင် လာအပြီး ပထမ ထွက်လာတဲ့ သတင်းက သန်းရွှေက မအလ ကို အတွေ့မခံလို့ ပိန်ရှူဘင်က မအလ နဲ့ သန်းရွှေကြား အက်ကြောင်း ကြီးမလာအောင် လာစေ့စပ်ပေးတာ တဲ့၊ ပြောချင်တာက မအလ က သန်းရွှေကို တောင်ကျော်ပြီး ပင်စင်မယူပဲ ကိုယ့်ကိုယ်ကို သက်တမ်းတိုး တာတွေက သိန်းစိန် မြှောက်ပေးလို့ တဲ့။

၂၀၁၅ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၉ ရက်နေ့မှာ သန်းရွှေ မြေးက အမေစု နဲ့ သွားတွေ့ခဲ့တယ်၊ ၂၀၁၅ ဒီဇင်ဘာ ၄ ရက်နေ့မှာ သန်းရွှေ အိမ်မှာ အမေစု နဲ့ သန်းရွှေ သိန်းစိန် တို့ တွေ့ကြပြီး သန်းရွှေက ၂၀၁၅ ရွေးကောက်ပွဲရလာဒ်အရ မြန်မာနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ အားလုံး လက်ခံရမယ့်အမှန်တရား ဖြစ်တယ်ဆိုပြီး သန်းရွှေက ပြောခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီ နောက်ပိုင်းမှာလည်း သန်းရွှေက ၂၀၀၈ ခြေဥ အကာအကွယ်နောက်မှာ ပဲနေတော့တယ်၊ ဘာမှ ဝင်မပြောတော့ဘူး တဲ့၊ သိန်းစိန်က ပိုင်ဆိုင်မှု မစို့မပို့လေးနဲ့ သန်းရွှေက ပစ်ထားသွားလို့ ရှီကျိန်းဖျင်အားကိုးနဲ့ သိန်းစိန်က မအလကို မြှောက်ပေးပြီး တစ်နေ့ ရွှေဥ တစ်လုံး ဥ ပေးတဲ့ ငန်းကို အာဏာလု ပွဲဖျက်လိုက်တာ တဲ့၊ သိန်းစိန်က ရှီကျိန်းဖျင် အားကိုး နဲ့ မအလ ကို မြှောက်ပေးပြီး သန်းရွှေကို ပြန်လှန်ဖို့ လုပ်တာ တဲ့။

အခုလောက်အထိ မအလ ပွဲကြမ်းပြနေတာကို သန်းရွှေအုပ်စု မောင်အေးအုပ်စု ခင်ညွန့်အုပ်စု ရွှေမန်းအုပ်စု တို့က သူတို့ နဲ့ ဘာမှ မဆိုင်သလို နေပြနေလို့ အခုတော့ ခြေလွန်လက်လွန် ကျွံသွားတဲ့ မအလက တစ်ယောက်ထဲ ICC တရားရုံး သွားရမလို ဖြစ်နေပြီတဲ့၊ အဲဒီမှာတင် သိန်းစိန် က သန်းရွှေကို မရ မက အမှုတွဲမယ်ဆိုရင် မအလ က သန်းရွှေ မောင်အေး ခင်ညွန့် အုပ်စု ၄ ခုကို အကျယ်ချုပ် ဖမ်းလိုက်ရတော့မှာတဲ့၊ အဲဒါမျိုး မအလ က သန်းရွှေ မောင်အေး ခင်ညွန့် ရွှေမန်း တို့ကို သာ ပြန်ဖမ်းခဲ့ရင် မအလ တပ်က ကွဲတော့မှာတဲ့၊ ဒါကြောင့် ပိန်ရှူဘင် ဆင်းချလာရတာ တဲ့၊ ဒါက ပထမ ထွက်လာတဲ့ သတင်းနော်။

နောက်ထွက်လာတဲ့ သတင်းကတော့ ၂၀၂၁ ဖေဖဝါရီ ၁ ရက်အာဏာလုတာက ရှီကျိန်းဖျင် နဲ့ သန်းရွှေတိုင်ပင်ပြီး မအလ ကို အာဏာလုခိုင်းတာ တဲ့၊ မအလ အာဏာလုတာကို မောင်အေး ခင်ညွန့် ရွှေမန်းတို့ကလည်း သဘောတူတယ် တဲ့၊ အခု ပိန်ရှူဘင်လာတာက ထွက်ပေါက်ပိတ်နေတဲ့ မအလ အတွက် သန်းရွှေ နဲ့ သိန်းစိန်က လူရှေ့ပြန်ထွက်ပြပြီး ရွေးကောက်ပွဲ မဖြစ် ဖြစ်အောင် ဘယ်လို ဆက်လုပ်မလဲ ဆိုတာ တိုင်ပင်ကြတာ တဲ့။

တိန့်ရှီချွမ်း ပြောတဲ့ သတင်းအရ မြောက်ပိုင်း ၇ ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာတော့ ရွေးကောက်ပွဲ လုပ်လို့ရတယ် တဲ့၊ မအလ က RCSS PNO NMSP BGF DKBA နယ်မြေ တွေထဲမှာလည်း ရွေးကောက်ပွဲ လုပ်လို့ ရတယ် တဲ့၊ KNU ကွန်ဂရက် ပြီးရင်လည်း KNU ထိန်းချုပ် နယ်မြေတွေမှာလည်း ရွေးကောက်ပွဲ လုပ်လို့ ရသွားနိုင်မယ် တဲ့၊ ရွေးကောက်ပွဲ ကို ၅ နှစ် ဒါမှမဟုတ် ၁၀ နှစ် ကြာအောင် တဆင့်ချင်း လုပ်သွားနိုင်ဖို့ ရှီကျိန်းဖျင် နဲ့ ပူတင်က ဗီတို နဲ့ ဆက်ကာကွယ် ပေးထားဖို့လိုတယ် တဲ့။

အဲဒီ သတင်း ၂ ခုထဲမှာ ဖြစ်နိုင်တာရော မဖြစ်နိုင်တာတွေပါ ပါနေတာမို့ ဆက်စောင့်ကြည့်ရမှာပါပဲ၊ အရေးကြီးတာက နွေဦးတော်လှန်ရေးမှာ တစ်နိုင်ငံလုံးက တော်လှန် ဗျုဟာတွေ အချိတ်အဆက် မိနေစေဖို့ရာ ထောက်ပို့ ရံပုံငွေတွေက ဆက်တိုက် ရရှိနေဖို့လိုပါတယ်၊ နွေဦးထီထိုးတာ၊ ဘွန်းဝယ်တာ၊ ကွန်ဒိုတိုက်ခန်းဝယ်တာတွေလည်း အားကောင်းနေဖို့ လိုပါတယ်၊ ဘွန်းဝယ်ထားတဲ့ ငွေကတော့ နွေဦးတော်လှန်ရေးအပြီးမှာ NUG ဗဟိုဘဏ်က ကမ္ဘာသုံး ငွေဖြူအဖြစ် ထောက်ခံပေးနိုင်တဲ့ ငွေကြေး ဖြစ်လာပါလိမ့်မယ်။

..

ပူးတွဲ ပုံထဲပါတဲ့ "တရုတ် စီမံကိန်းများအား ဆန္ဒပြမှု ဝန်ကြီး ဦးစိုးသိန်း အပြစ်တင်" ဆိုတဲ့ ၂၀၁၃ ဧပြီ ၂၆ ရက်က ပို့စ် စဆုံး ကို ဖတ်ရအောင် ပြန်ကော်လိုက်ပါတယ်၊ ၂၀၁၃ ဧပြီဆိုတော့ သိန်းစိန်လက်ထက် အမေစု လွှတ်တော်ထဲ ရောက်တာ တစ်နှစ် မပြည့်တပြည့် အချိန် ဖြစ်ပါတယ်၊ ရခိုင် ကျောက်နီမော် လုံမပျို မသီတာထွေး ကိစ္စ အစ ပြုပြီး သိန်းစိန်က ကျောက်ဖြူကူမင်း ပိုက်လိုင်း တည်ဆောက်ရေးအပေါ် ရခိုင်ဒေသကို အရေးပေါ်အခြေအနေကြေညာပြီး ကာကွယ် သတင်းအမှောင်ချထားတဲ့ ကာလ ဖြစ်နေပါတယ်။ ရက်စွဲတွေကို ပြန်ကြည့်ရင် ပိုက်လိုင်း တည်ဆောက်တာ ရခိုင်ကနေ မိတ္ထီလာဘက် ‌နားနီးလာလို့ ၂၀၁၃ မတ်လ ၂၀ ရက် မိတ္ထီလာမှာ တိုက်ဆိုင်စွာ လူမျိုးရေး ဘာသာရေး စ ဖြစ်ခဲ့ပါတယ်။

..

တရုတ်နိုင်ငံနှင့် တရုတ်စီမံကိန်းများအား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခြင်းသည် မှားယွင်းသည့် လုပ်ရပ်တခုသာ ဖြစ်သည်ဟု သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ရခိုင်ဒေသခံများကို ပြောဆိုကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသရှိ ရွှေ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ရုံးတည်ရှိရာ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် စသည့် ကျေးရွာများမှ ဒေသခံများသည် CNPC အား ဧပြီလ ၁၈ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်၍ ဝန်ကြီးများက ဒေသခံများနှင့် ယမန်နေ့တွင် လာရောက်တွေ့ဆုံရာတွင် ဦးစိုးသိန်းက ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

“တရုတ်စီမံကိန်းတွေကြောင့် ဒေသခံတွေက လယ်မြေနည်းနည်း ပေးရတာပဲရှိတယ် တရုတ်နိုင်ငံက ငွေတွေအများကြီးနဲ့ ကိုယ့်ဒေသမှာ လာရောက် ရင်းနှီးတဲ့အတွက် နိုင်ငံအတွက် အကျိုးအမြတ်တွေ အများကြီးရမယ်၊ ချေးငွေတွေလည်း အများကြီး ပေးထားတယ်၊ ဒီတော့ တရုတ်တွေကို ဆန္ဒမပြသင့်ဘူးဆိုပြီး ပြည်သူတွေကို အပြစ်တင်တဲ့ ပုံစံနဲ့ ပြောဆိုသွားတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ဒေသခံ ဦးထွန်းကြည်က ပြောသည်။

ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ စွမ်းအင် ဝန်ကြီး ဦးသန်းဌေး၊ ပို့ဆောင်ရေး ဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် စသူတို့သည် CNPC ရုံးတည်ရှိရာ မဒေးကျွန်းရှိ ပြိန်ရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံရွာသား ၂၀၀ ဝန်းကျင်နှင့် တွေ့ဆုံခဲ့ကြောင်း ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရကလည်း ဧရာဝတီသို့ မိန့်သည်။

ထို့အပြင် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြောရာတွင် စီမံကိန်းကြောင့် ဆုံရှုံးသွားသည့် လယ်မြေများအတွက် လျော်ကြေးသည် နိုင်ငံတကာ စံနှုန်းသာမက အမေရိကန် နိုင်ငံစံနှုန်းထက်ပင် များနေကြောင်း၊ အမေရိကန်၌ လယ်မြေလျှော်ကြေးသည် စတုန်ရန်း တပေလျှင် ၆ ဒေါ်လာမှ ၈၊ ၁၀၊ ၁၂ ဒေါ်လာ စသည်ဖြင့် ၄ မျိုးသာရှိကြောင်း၊ မြန်မာနိုင်ငံ၌ ၁၁ ဒေါ်လာ အထိ ပေးထား၍ နိုင်ငံတကာထက် များနေသည်ဟု ပြောဆိုသွားကြောင်း သိရသည်။

မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် စသည့် ကျေးရွာများမှ ဒေသခံ ၅၀၀ ဝန်းကျင်သည် ပြိန်ရွာ ဘုန်းတော်ကြီးကျောင်းမှ CNPC ရုံးရှေ့သို့ ချီတက်၍ CNPC အလိုမရှိ ဟူသော ကြွေးကြော်သံနှင့်အတူ ၎င်းတို့၏ နစ်နာမှု တောင်းဆိုချက် ၉ ချက်ကို ဧပြီလ ၁၈ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ အဖွဲ့သည် ဒေသခံပြည်သူများ၏ တောင်းဆိုချက်များကို ဖြေရှင်းပေးရန် လာရောက်သည်ဟု ဆိုသော်လည်း တွေ့ဆုံပွဲ၌ ဒေသခံများကို  မေးမြန်းခွင့်၊ ဆွေးနွေးခွင့် မပေးဘဲ ၎င်းတို့၏ ပြောဆိုမှုများကိုသာ နားထောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများ၏ ဆန္ဒထုတ်ဖော် တောင်းဆိုချက်များအနက် တချို့ကို အကောင်အထည် ဖော်ပေးမည်ဖြစ်ကြောင်း၊ သို့သော် လတ်တလော အနေဖြင့် အကောင်းဆုံး အနေအထား ဆောင်ရွက်ပေးနိုင်မည် မဟုတ်ဟု ဝန်ကြီး ဦးစိုးသိန်းနှင့် စွမ်းအင် ဝန်ကြီး ဦးသန်းဌေးတို့က ပြောဆိုသွားကြောင်း ဒေသခံ ဦးထွန်းကြည်က ပြောသည်။

“တံတားဆိုရင် ကွန်ကရစ်အစား သစ်သားတံတား၊ လမ်းဆိုရင်လည်း ကွန်ကရစ်လမ်းတော့ မဟုတ်ဘူးပေါ့၊ ကွန်ကရစ်လမ်းက နေပြည်တော်မှာတောင် လုပ်ရတာ မလွယ်ဘူးဆိုတာတွေ ပြောတယ်။ တောင်းဆိုချက်တွေကို ဒီနှစ်မှာ ချက်ချင်း မလုပ်ပေးနိုင်ပေမယ့် နောင် ဖြည်းဖြည်း လုပ်ပေးသွားမယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပြည်ထောင်စု အဆင့်ဝန်ကြီးများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် ဒေသခံများ၏ နစ်နာဆုံးရှုံးမှု တောင်းဆိုချက်များကို ဆောင်ရွက်ပေးမည်ဟု သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်မှ စတင် ပြောဆိုနေသည့်တိုင် ယနေ့အထိ လက်တွေ့ အကောင် အထည်ဖော်မှု မရှိသေး၍ ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် လုပ်ဆောင်နေရကြောင်း၊ ၎င်းတို့ နစ်နာ ဆုံးရှုံးမှုများ မရမချင်း ဥပဒေဘောင် အတွင်းမှ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်။

ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့ကြသော ဦးထွန်းကြည်၊ မောင်ယဉ်လှ၊ ကိုမောင်မောင်မြင့်၊ ဦးအောင်သိန်းထွန်း၊ ဦးမောင်ဖြူသီး၊ ဦးထွန်းခင်နု၊ ကိုမောင်မောင်စိုး၊ ကိုမောင်ထွန်းအေး၊ ကိုမျိုးမင်းနိုင် စသည်တို့အား CNPC ရုံး အခြေစိုက်ရာ မဒေးကျွန်းပေါ်ရှိ  ရဲစခန်း၌ ပုဒ်မ ၁၈ ဖြင့် ခံဝန်ကတိ လက်မှတ်ထိုးထားရပြီး မကြာမီ တရားစွဲဆိုသွားမည်ဟု သိရသည်။

သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းနှင့် ဝန်ကြီးများသည် ကျောက်ဖြူမြို့ပေါ်၌လည်း ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ရပ်မိရပ်ဖ တချို့နှင့် ရမ္မာဝတီ ခန်းမ၌ ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း တက်ရောက်ခဲ့သူ ရပ်မိရပ်ဖတဦးက ပြောသည်။

ကျောက်ဖြူဒေသ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်က ရေတပ်အရာရှိအဖြစ် တာဝန်ဆောင်ခဲ့စဉ်ကပင် ကျောက်ဖြူမြို့သည် ရွှေမြို့ဖြစ်လာမည်ဟု ကြိုတင်သိရှိခဲ့ကြောင်း၊ မကြာမီ ရွှေမြို့တခုအဖြစ် ရောက်ရှိတော့မည်ဟု အာမခံကြောင်းလည်း ဝန်ကြီး ဦးစိုးသိန်းက ပြောဆိုသွားကြောင်း သိရသည်။

ဂက်စ်ပိုက်လိုင်း စီမံကိန်းကို တရုတ်နိုင်ငံနှင့် မြန်မာအစိုးရတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေကြောင်း မြန်မာအစိုးရက ထုတ်ဖော် ပြောဆိုထားသည်။ မြန်မာအစိုးရသည် ဂက်စ်ပိုက်လိုင်း ဖြတ်သန်းခ၊ ရေနံပိုက်လိုင်းတို့မှ အခွန်အခ အကျိူးအမြတ်များ ရရှိမည်ဖြစ်ပြီး၊ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကိုလည်း နှစ်စဉ် ရရှိမည်ဖြစ်သည်။ ရွှေဂက်စ် စီမံကိန်းအား ယခင်နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က ၂၀၀၉ ခုနှစ်တွင် သဘောတူလက် မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်နိုင်ငံသည် ရခိုင်ကမ်းလွန်ဒေသမှ ဂက်စ်များကို နှစ်ပေါင်း ၃၀ အထိ ထုတ်ယူခွင့် ရမည်ဖြစ်ပြီး၊ ရွှေသဘာ၀ ဓာတ်ငွေ့များကိုလည်း မေလမှစတင်၍ တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဟု CNPC ကုမ္ပဏီမှ ပြောဆိုထားသည်။ တရုတ်နိုင်ငံ၏ စွမ်းအင် လိုအပ်ချက်အတွက် အရှေ့ အလယ်ပိုင်းဒေသ နိုင်ငံများမှ ရေနံစိမ်းများကိုလည်း မဒေးကျွန်းပေါ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။

ဂက်စ်ပိုက် စီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပိုက်လိုင်းအား တချို့နေရာတွင် မြေကြီးထဲ၌ စနစ်တကျ မြှုပ်နှံထားမှု မရှိခြင်း၊ ဂက်စ်များသန့်စင်မည့် စက်ရုံမှ စွန့်ပစ်ပစ္စည်းများကို မည်သည့်နေရာတွင် စွန့်ပစ်မည်ဆိုသည်ကို ပွင့်လင်းစွာ ရှင်းလင်းပြောဆိုမှု မရှိခြင်းတို့ကြောင့် ရခိုင်ဒေသခံများနှင့် ပိုက်လိုင်း တလျှောက်ရှိ ဒေသခံများက စိုးရိမ်မကင်း ဖြစ်နေကြကြောင်း သိရသည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်သည်။

..

တောင်ကိုးရီးယား သမ္မတ အမေရိကန်သို့ ရောက်အပြီး တစ်ရက်အကြာ ဗုဒ္ဓဟူး နေ့မှာ ချိုင်းနားကွန်မြူနစ် သမ္မတ ရှီကျိန်းဖျင်က ယူကရိန်း သမ္မတ ဇာလင်စကီး ထံ နာရီနဲ့ချီ ကြာတဲ့ ဖုန်းခေါ်ဆိုမှု တစ်ခု လုပ်ခဲ့တယ်လို့ သတင်းများထွက်ပေါ်လာပါတယ်၊ ၂၀၂၃ မတ်လ ၂၀ ရက်တုန်းက ချိုင်းနားကွန်မြူနစ် သမ္မတ ရှီကျိန်းဖျင်ဟာ ရုရှားသမ္မတ ပူတင် နဲ့ မော်စကို သို့ သွားရောက်တွေ့ဆုံခဲ့ပြီး ရုရှား နဲ့ ချိုင်းနားကွန်မြူနစ်တို့အကြား မကြုံစဖူး ထူးကဲ ခိုင်မာတဲ့ ဆက်ဆံရေး ဖြစ်ထွန်းနေပြီး ရုရှား နဲ့ ချိုင်းနားကွန်မြူနစ်တို့ဟာ "No Limits Partnership"ကန့်သတ်ချက်မထားရှိသော လက်တွဲဖော် မဟာမိတ်တွေ ဖြစ်တယ် လို့ ကမ္ဘာကို ကြေညာခဲ့ပါတယ်။

ရှီကျိန်းဖျင် က ပူတင် ဆီကို စစ်ရေး နဲ့ သက်ဆိုင်တဲ့ ထောက်ပံ့မှုတွေ ရှိခဲ့တယ် ဆိုတဲ့ သက်သေတွေ ရရှိထားတယ်လို့ သတင်းများ ထွက်ပေါ်လာပြီး ‌မကြာခင်မှာ ရှီကျိန်းဖျင်က ဇာလင်စကီး ဆီ ဖုံးဆက်ပြီး ယူကရိန်း နဲ့ ရုရှားရဲ့ ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်လိုတယ်လို့ စတင်ပြောဆိုလာတာ ဖြစ်ပါတယ်၊ ယူကရိန်းကို ရုရှား ကျူးကျော် ဝင်ရောက်ပြီး အချိန်ကတည်းက ရုရှား ရေနံစိမ်း သင်္ဘောများစွာ ကျောက်ဖြူဆိပ်ကမ်းမှာ လာရောက်ဆိုက်ကပ်ခဲ့ပြီး ကူမင်းကျောက်ဖြူ ပိုက်လိုင်းမှတဆင့် ယူနန်နယ်ထဲသို့ ရေနံစိမ်းတွေ ပေးပို့ခဲ့တယ် ဆိုတဲ့ သတင်းကလည်း မကြာသေးခင်ရက်တွေက ထွက်ပေါ်လာခဲ့သေးပါတယ်။

ရှီကျိန်းဖျင်ရဲ့ ငြိမ်းချမ်းရေးအတွက် ဖုံးခေါ်ဆိုမှုကို ပဏာမအနေနဲ့ အမေရိကန် နဲ့ ဥရောပ တာဝန်ရှိသူများက ကြိုဆိုလိုက်ကြပြီး နေတိုးမဟာမိတ်အဖွဲ့ အကြီးအကဲကလည်း ကြိုဆိုလိုက်တယ် ဆိုတဲ့ သတင်းများထွက်ပေါ်လာပါတယ်၊ တိုက်ဆိုင်မှုကို ပြောရမယ်ဆိုရင် အမေရိကန်က တောင်ကိုးရီးယားကို နျူကလီးယား လက်နက်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘော ပေးသုံးမယ်လို့ သဘောတူလိုက်တဲ့ နေ့မှာပဲ ချိုင်းနားကွန်မြူနစ် သမ္မတ ရှီကျိန်းဖျင်က ယူကရိန်း သမ္မတ ဇာလင်စကီး ဆီ နာရီနဲ့ ချီ ကြာတဲ့ ဖုံးခေါ်ဆိုမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဖုံးဆက်ပြီး နောက်တစ်ရက် ကြာသပတေးနေ့မှာပဲ ရှီကျိန်းဖျင်က အမေရိကန် နဲ့ တောင်ကိုးရီးယား ရဲ့ ရေငုပ်သင်္ဘော လက်လွှဲ အသုံးပြု သဘောတူညီချက် လုပ်ရပ်ဟာ မြောက်ကိုးရီးယားကို ထိပ်တိုက်တွေ့ဖို့ ရန်စနေတာဖြစ်တယ်လို့ ပစ်တင်ရှုံ့ချ လိုက်ပြန်ပါတယ်၊ ဧပြီ ၁၃ ရက်က မြောက်ကိုးရီးယားဟ အကွာအဝေး ကီလိုမီတာ ထောင်ကျော်ကို ပစ်ခတ်နိုင်တဲ့ လောင်စာခဲသုံး IBCM Missile ကို ဂျပန် ပင်လယ် အနီးနားသို့ စမ်းသပ် ပစ်လွှတ်ခဲ့ပါသေးတယ်၊ အဲဒီနောက်ပိုင်းမှာ အမေရိကန် သမ္မတ ဘိုင်ဒင်က မြောက်ကိုးရီးယားဟာ အမေရိကန်ကို ဖြစ်စေ၊ တောင်ကိုးရီးယားကို ဖြစ်စေ၊ စတင်တိုက်ခိုက်ပါက ကင်ဂျုံအန် အစိုးရ နိဂုံးချုပ်သွားမယ်လို့ ပြင်းထန်စွာ တုန့်ပြန်လိုက်ပါတယ်။

ပူတင်က ယူကရိန်းကို စတင်ကျူးကျော်လိုက်တဲ့ ၂၀၂၂ ဖေဖဝါရီ ၂၄ နောက်ပိုင်း အထူးသဖြင့် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကို အလည်လာပြီးတဲ့ နောက်ပိုင်းမှာ မြောက်ကိုးရီးယားဟာ မစ်ဇိုင်းစမ်းသပ်ပစ်လွှတ်မှုကို အတော် စိပ်စိပ် လုပ်လာတာ တွေ့ရပါတယ်၊ ထိုင်ဝမ်တင်းမာမှုကို အကြောင်းပြပြီး ချိုင်းနားကွန်မြူနစ်ရေတပ်ရဲ့ ရမ်းကားလာမှုကို တုန့်ပြန်တဲ့ အနေနဲ့ အိုကီနာဝါကျွန်းစု ထဲက Ishigaki Island အီရှီဂါကီ ကျွန်းမှာ မတ်လ ၁၃ ရက်နေ့က ဂျပန် ဒုံးပျံတပ်ဖွဲ့တွေကို ဖြန့်ကျက် ထားရှိလိုက်ပါတယ်၊ အီရှီဂါကီကျွန်းဟာ ထိုင်ဝမ် အရှေ့ဘက် ကီလို နှစ်ရာကျော် အကွာက ကျွန်း ဖြစ်နေပါတယ်၊ ထိုင်ဝမ်ဟာလည်း ချိုင်းနားကွန်မြူနစ်ရဲ့ ဖိအားများကြောင့် ရေပြင်ကာကွယ်ရေး Harpoon Missile အစင်း ၄၀၀ ကို ဧပြီ ၁၈ ရက်နေ့က ဝယ်ယူလိုက်တယ်လို့ သိရပါတယ်။

..

ထိုင်းမှာ အဖမ်းခံထားရတဲ့ မအလ လူယုံ ထွန်းမင်းလတ် ရဲ့ မူးယစ်အမှုမှာ မအလ ရဲ့ သား နဲ့ သမီး ပါဝင် ပတ်သတ် နေတဲ့ အထောက်အထားတွေ တွေ့ရတယ်ဆိုတဲ့ သတင်းကလည်း ဒေသတွင်း နိုင်ငံတွေအကြား စိတ်ဝင်စားမှုများနေတဲ့ သတင်းဖြစ်လာပါတယ်၊ အဲဒီ အမှုအရ မူးယစ် ဆေးဝါးရဲ့ ပင်ရင်းဟာ မြန်မာ လာအို ထိုင်း နယ်စပ်က ဘယ် EAO နဲ့ ပတ်သတ်နေသလဲ ဆိုတဲ့ ဆက်စပ် မေးခွန်းတွေလည်း ဆက်ပြီး ထွက်လာပါတယ်။

ဒီအတောအတွင်း UWSA က ဝ ဒေသအတွင်း သံဖြူ ထုတ်လုပ်မှု လျှော့ချသွားမယ်လို့ ကြေညာလိုက်တဲ့အတွက် ကမ္ဘာ့သံဖြူဈေးကွက်မှာ ဆယ်ရာခိုင်နှုန်းလောက် ဈေးတက်သွားတယ် ဆိုတဲ့ သတင်းတက်လာပြန်ပါတယ်၊ သံဖြူ ထုတ်လုပ်မှု လျှော့ချ ဆိုတဲ့ သတင်းဟာ ထွန်းမင်းလတ်ရဲ့ မူးယစ်ဆေးဝါး ဘယ်ကရသလဲဆိုတာ UWSA နဲ့ ဘာမှ မဆိုင်ဘူးလို့ တဖက်လှည့်ပြောလိုက်တာ ဖြစ်မယ်လို့ ကောက်ချက်ချတဲ့သူတွေလည်း ရှိလာပါတယ်။ UWSA နဲ့ မပတ်သတ်ဘူး ဆိုရင် အခြား ဘယ်အဖွဲ့ ရှိအုံး မလဲ။

..

ပူတင်က ယူကရိန်းနယ်ထဲ ဝင်ကျူးကျော်ပြီး ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့တာခဲ့တာ ၂၀၁၄ ကတည်းက ဖြစ်ပါတယ်၊ အဲဒီနောက်ပိုင်းမှာလည်း ယူကရိန်း အရှေ့ဖက် ဒွန်းတပ်စ်ဒေသက ရုရှားနွယ်ဖွားတွေကို လက်နက်ထုတ်ပေးပြီး ယူကရိန်းကနေ ခွဲထွက်ဖို့ ပူတင်က ပြောင်ပြောင်ပဲ မြှောက်ပေးထားပါတယ်၊ ၂၀၂၁ မတ်လကုန်လောက်မှာ ပူတင်ရဲ့ တင့်ကားတွေ ယူကရိန်း နယ်စပ်ကို သွေးတိုးစမ်း စရွှေ့ပါတယ်၊ ဧပြီလ ကျတော့ အလုံးအရင်း စရွှေ့ပါတယ်၊ အဲဒါ ရဲ့ အကျိုးဆက်အဖြစ် ၂၀၂၁ ဧပြီ လကုန်ပိုင်းမှာ ဒီမိုကရေစီ မိတ်ဆွေနိုင်ငံတွေက မြန်မာ့ နွေဦးတော်လှန်ရေးနဲ့ ပတ်သတ်တဲ့ အားပေးသံတွေ တိုးသွားတာ တွေ့ရပါတယ်၊ အသံတိုးသွားပြီး နောက်မှာ အာဆီယံ အစည်းအဝေး ဖြစ်လာပြီး မအလ သွားတက်ခဲ့ပါတယ်။

ပူတင်ရဲ့ ယူကရိန်း ကျူးကျော်မှုဟာ နောက်ကွယ်က ရှီကျိန်းဖျင် မြှောက်ပေးတာလို့ သုံးသပ်နေသူတွေလည်း ရှိနေပါတယ်၊ မအလ အာဏာလုတာကတော့ ရှီကျိန်းဖိင် မြှောက်ပေးတာ သေချာပါတယ်၊ ရှီကျိန်းဖျင်က မကြာခင် ပူတင် ယူကရိန်းကို ကျူးကျော်ဖို့ တပ်တွေ စရွှေ့မှာကို ကြိုသိထားတဲ့အတွက် ၂၀၂၁ ဖေဖဝါရီ ၁ ရက်မှာ မအလ ကို အာဏာလုဖို့ ချက်ခြင်းတွန်းလိုက်တာ ဖြစ်ပါတယ်၊ မအလ အာဏာလုအပြီး ရက်ပေါင်း ၅၀ အကျော်မှာ ပူတင်က ယူကရိန်း နယ်စပ်ကို တပ်တွေ စပြီး သွေးတိုးစမ်း ရွှေ့ရာကနေ မြန်မာ့နွေဦးတော်လှန်ရေးကို ဝိုင်းအားပေးနေတဲ့ ဒီမိုကရေစီ မိတ်ဆွေ နိုင်ငံတွေက အသံတွေဟာ တိုးသွားခဲ့တာ တိုက်ဆိုင်မှုမဟုတ်ပါ၊ ရှီကျိန်းဖျင်ရဲ့ အကွက်စေ့ ကစားချက်ပဲ ဖြစ်ပါတယ်။

အခုလည်း ရှီကျိန်းဖျင်က ယူကရိန်းကို ငြိမ်းချမ်းရေး စကား စပြောနေပါပြီ၊ ခုချိန်ထိ ပူတင်ဟာ ယူကရိန်းနယ်မြေ ငါးပုံတစ်ပုံကို ကျူးကျော် ချုပ်ကိုင်ထားဆဲ ဖြစ်နေပါတယ်၊ ရှီကျိန်းဖျင်ရဲ့ ဇာလင်စကီး နဲ့ ဖုံးပြောအပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို အမေရိကန်  နဲ့ ဥရောပ က ကြိုဆိုပါတယ်၊ နေတိုးအကြီးအကဲကလည်း ကြိုဆိုပြန်ပါတယ်၊ ဒီလိုကြိုဆိုတာတွေဟာ ရှီကျိန်းဖျင်ကို ဒီပလိုမေစီ ကစားဝိုင်းထဲ ဆွဲတင် နေရာချလိုက်တာပါပဲ၊ ရှီကျိန်းဖျင်ဟာ ယူကရိန်း ငြိမ်းချမ်းရေးကို ကြားဝင်ဆောင်ရွက်ဖို့ ဘယ်လောက်တောင် စိတ်အားထက်သန်နေသလဲ၊ ယူကရိန်း ပိုင်နက်ထဲမှာ သေနတ်သံတွေ တိတ်ဆိတ်သွားဖို့ ရှီကျိန်းဖျင်က ဘယ်လောက်ပြင်းပြနေသလဲ၊ ဝတ်ကျေတန်းကျေလား၊ ရှီကျိန်းဖျင် သရုပ်ဆောင် ဘယ်လောက်ကောင်းသလဲ အရင်ဆုံး စားပွဲပေါ်ကို၊ ကင်မရာရှေ့ကို၊ ဆွဲခေါ်ပါလိမ့်မယ်။

ပြီးမှ အခုလို ငြိမ်းချမ်းလို စိတ်တွေနဲ့ ထုံမွှန်းထားတဲ့ ရှီကျိန်းဖျင်ရဲ့ ရင်ဘတ်ထဲမှာ မြောက်ကိုးရီးယားရဲ့ ရန်စတဲ့လုပ်ရပ် ဖြစ်တဲ့ မစ်ဇိုင်း ပစ်ပစ် နေတာတွေကို ဘယ်လို တားဆီးမလဲ၊ ထိုင်ဝမ်ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး တောင့်တမှုကို ဘယ်လို ဖြည့်ဆည်းမလဲ၊ ဟောင်ကောင် ပြည်သူတွေရဲ့ လွတ်လပ်စွာတွေးခေါ်ခွင့်ကို ဘယ်လို အသိအမှတ်ပြုမလဲ၊ ဝီဂါဒေသက ညီအစ်ကိုတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ဘယ်လို သဘောထားမလဲ၊ တိဗက်ဒေသက ဌာနေ မျိုးနွယ်စုတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ဘယ်လို အားပေးကူညီမလဲ၊ မြန်မာပြည်သူတွေရဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို ဘယ်လို စာနာမလဲ၊ ချိုင်းနားပြည်သူတွေက ဒီမိုကရေစီ နိုးထမှုကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် ဘယ်လို ပံ့ပိုးမလဲ၊ သီရိလင်္ကာပြည်သူတွေရဲ့ ဂုတ်သွေးစုပ်ခံ အကြွေးထောင်ချောက်ကြား ဗျာများနေတာကို ဘယ်လို အလင်းဖွင့်မလဲ၊ စားပွဲပေါ်မှာ ရှီကျိန်းဖျင်ကို တစ်ခွက်ချင်း အမှောက်တိုက်လို့ ရသွားပါပြီ။

ပူတင် နဲ့ ဇာလင်စကီးကို စားပွဲပေါ် မျက်နှာချင်းဆိုင်ထိုင် ဆွေးနွေးနိုင်ဖို့ ကြိုးစားနေပါတယ် ဆိုတဲ့ ရှီကျိန်းဖျင်ကို ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ ဇာလင်စကီးက ထိုင်ဝမ်သမ္မတကိုပါ အဲဒီ စားပွဲပေါ် သွားခေါ်လာပြီး ရှီကျိန်းဖျင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးနိုင် စေလိုက်ရင်တော့ ကမ္ဘာ့သမိုင်းအတွက် အလှဆုံးမှတ်တိုင်တစ်ခု လုံးဝ ဖြစ်သွားမှာ အသေအချာပါပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။

..
ဆက်ဖတ်ရန် →
အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာကိုချည်နှောင်မည့် အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရလက်ထက်မှာ တ-ရုတ်နဲ့စီးပွားရေး ချည်နှောင်မှုတွေဟာ အားနည်းသွားတဲ့အနေအထားရောက်ခဲ့တယ်လို့ အချက်အလက်ကိန်းဂဏန်းတွေအရ သိရပါတယ်။

ပိုမိုပွင့်လင်းတဲ့ စီးပွားရေးလုပ်‌ဆောင်နိုင်တဲ့အနေအထား‌တွေအရ ဥရောပအပါအ၀င် အခြားနိုင်ငံများနဲ့ သိသိသာသာတိုးမြှင့်ဆက်ဆံနိုင်ခဲ့လို့ တ-ရုတ်ကြွေးမြီကို ၂၆ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ပါတယ်။ တ-ရုတ်နဲ့ကုန်သွယ်ရေး လိုငွေပြမှုတွေလည်း သိသိသာသာလျော့ချနိုင်ခဲ့ပါတယ်။

တ-ရုတ်ဟာ မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံ အာဆီယံနိုင်ငံတွေကို သူ့ရဲ့ ခါးပတ်လမ်းစီမံကိန်း One Belt One Road BRI အရ ချုပ်ကိုင်ထားဖို့ ၂၀၁၃ ခုနှစ်တည်းက စတင်ခဲ့ပါတယ်။ ၂၀၁၃ ကစပြီး အာဆီယံဒေသတွင်းမှာ တ-ရုတ်အစိုးရက BRI ခေါင်းစဉ်အောက်ကနေ ရန်ပုံငွေ ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်သုံးစွဲခဲ့ပြီး ဒါဟာ နိုင်ငံတခုချင်းစီရဲ့ နှစ်စဉ်သုံးရန်ပုံငွေထက်၀က်နဲ့ညီမျှတဲ့အထိဖြစ်ပါတယ်။ တချို့ဆို ကျော်တောင်ကျော်လွန်နေပါသေးတယ်။ အဲ့ထဲမှာ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာပါ၀င်ပါတယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာဟာ ချိုင်းနားကြွေးမြီကို အထူးမှီတည်နေရတဲ့အနေအထားလို့ ဆိုနိုင်ပါတယ်။ အရှေ့တောင်အာရှ ကုန်းမကြီးပေါ်က မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့ဟာ မိမိတို့ရဲ့နှစ်စဉ် ပုံမှန်အသုံးစရိတ်ထက် တ-ရုတ်ကြွေးမြီက ၁ ဆခွဲကနေ ၂ ဆအထိ ပိုများနေပါတယ်။

မြန်မာမှာဆိုရင် အမေရိကန်၊ ‌ဥရောပနဲ့ဆက်ဆံရေးတိုးလုပ်နေတာတောင်မှ တ-ရုတ်က ကုန်သွယ်ဖက်စာရင်းမှာထိပ်ဆုံးရှိနေပါသေးတယ်။

ကမ္ဘာဘဏ်အဆိုအရ ၂၀၁၉ ခုနှစ်မှာ မြန်မာရဲ့ တ-ရုတ်ကြွေးမြီဟာ ဒေါ်လာ ၃.၃၄ ဘီလီယံဖြစ်ပြီး ‌ဒါဟာ ၂၀၁၅ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၄ နှစ်ကျော်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ တိုင်းပြည်မှာ တင်ရှိနေတဲ့ တ-ရုတ်ကြွေးမြီကို ၂၆ ရာခိုင်နှုန်းအထိလျော့ချခဲ့နိုင်တာဖြစ်ပါတယ်။ ဒီလေးနှစ်အတွင်းမှာပဲ ကမ္ဘောဒီးယားမှာ တ-ရုတ်ကြွေးမြီ ၃၄ ရာခိုင်နှုန်းနဲ့ လာအိုမှာ တ-ရုတ်ကြွေးမြီ ၇၂ ရာခိုင်နှုန်းအထိ ထိုးတက်လာခဲ့ပါတယ်။ 

အကယ်၍ ကြွေးမြီများ တရိပ်ရိပ်တက်လာပါက နိုင်ငံရဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို
ပေကျင်းဆီ လွှဲပြောင်းရမယ့် အကြွေးထောင်ချောက်တစ်ခုထဲသို့ကျသွားနိုင်ခြေရှိပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ဟာ အလေးအနက်သတိပြုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒအပြောင်းအလဲများအနက် သိသာတဲ့ ဥပမာတစ်ခုကတော့ တ-ရုတ်က အိန္ဒိယသမုဒ္ဒရာကိုလွှမ်းမိုထားဖို့ ကြိုးစားနေတဲ့ ကျောက်ဖြူဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းရဲ့ သမ္မတသိန်းစိန်ဆင်းခါနီး သဘောတူခဲ့တဲ့ မူလအစီအစဉ်တွေကို ပြန်လည်ပြင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျောက်ဖြူဆိပ်ကမ်းဟာ ကီလိုမီတာအားဖြင့် ၈၇၀ ရှိတဲ့ ပိုက်လိုင်းကြီးနှစ်ခုနဲ့ တ-ရုတ်ကုန်တွင်းပိတ်ပြည်နယ်၊ ယူနန်ထဲကို သဘာ၀ဓါတ်ငွေ့နဲ့ ရေနံတွေ သယ်ဆောင်ဖို့ဖြစ်ပါတယ်။ ဒါ့အပြင် ရေစူးနက်တဲ့ သင်္ဘောကြီးများတွေပဲ ဆိုက်ကပ်နိုင်မယ့် ‌ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေ တရုတ်ရဲ့ မဟာမိတ် ‌အရှေ့အလယ်ပိုင်းနဲ့ တ-ရုတ် အကြွေးနွံထဲနစ်နေတဲ့ အာဖရိကက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို မလက္ကာရေလက်ကြားထိ တကွေ့တပတ် ဖြတ်သန်းစရာမလိုဘဲ တ-ရုတ်ပြည် ကုန်းတွင်းပိုင်းကို သယ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ ဒီရည်မှန်းချက်အောင်မြင်ဖို့အတွက် တသွေမတိမ်းလိုက်နာမယ့် ဩဇာခံအစိုးရတစ်ရပ်ကို ရှီကျင့်ဖင်က လိုလားပါတယ်။

ကျောက်ဖြူစီမံကိန်းရဲ့ ငွေကြေးပမာဏကို ဦးသိန်းစိန်အစိုးရက မူလက ဒေါ်လာ ၇•၂ ဘီလျံနဲ့ သတ်မှတ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အစိုးရဲ့ ပြန်လည်စိစစ်မှုအရ ၂၀၁၈ ခုနှစ်၊ နို၀င်ဘာလမှသာ အခြေခံသဘောတူညီချက်ရရှိခဲ့ပြီး ဒေါ်လာ ၁•၃ ဘီလျံအထိ ပြန်လျှော့ချပစ်နိုင်ခဲ့ပါတယ်။ စီမံကိန်းအသေးစိတ်ကို ဒေါ်‌အောင်ဆန်းစုကြည်အစိုးရရဲ့ တောင်းဆိုချက်နှင့်အညီပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းဝယ်လိုအားကို လက်တွေ့မှ တွေ့မြင်အကောင်အထည်ဖော်ပြီးမှသာလျှင် ကျန်တဲ့နောက်ဆက်တွဲ ရင်းနှီးမြှုပ်နှံမှု အစိတ်အပိုင်းတွေကို ဆက်ဆုံးဖြတ်မယ်လို့ ပြောင်းလဲပစ်ခဲ့ပါတယ်။ ( အဆင့် Phase တခုပြီးမှ တခုထပ်လုပ်မယ်၊ Phase တခုစာပဲ ချေးငွေယူမယ်၊ အဲလိုမဟုတ်ဘဲ Phase အားလုံးတခါတည်း ငွေလုံးငွေရင်းကြီး ချေးထား ပိုက်ထားပြီး လုပ်နေရင်းအတိုးတွေတက်နေတဲ့ အကြွေးထောင်ချောက်ထဲ မ၀င်ဘူး)

ရှီကျင့်ဖင်ရဲ့ ငွေပေး ကြွေးမြီထောင်ချောက်ဗျူဟာကို Debt Trap Diplomacy လို့ သုံးနှုန်းကြပါတယ်။ အာရှ ရှစ်နိုင်ငံဖြစ်တဲ့ ဂျီဘူတီ၊ ကာဂျစ္စတန်၊ လာအို၊ မွန်ဂိုလီးယား၊ မွန်တီနီဂရိုး၊ မော်လ်ဒိုက်၊ ပါကစ္စတန်နှင့်တာဂျစ်ကစ္စတန်နိုင်ငံတို့ဟာ တ-ရုတ်အကြွေးပြဿနာများအတွက်အထူးစိုးရိမ်ရတဲ့ နိုင်ငံများဖြစ်ပါတယ်။ တ-ရုတ်ကြွေးမြီထောင်ချောက် သံတမန်ရေးရဲ့ လက်ရှိနောက်ဆုံးသားကောင်မှာလာအိုနိုင်ငံဖြစ်ပါတယ်။ လာအိုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ လျှပ်စစ်ဓာတ်အားလိုင်း အများစုရဲ့ ထိန်းချုပ်ခွင့်ကို တ-ရုတ်နိင်ငံ ကွမ်ကျိုးမှာ ရုံးစိုက်တဲ့ အစိုးရပိုင် China Southern Power Grid Company ဆီ ပေးအပ်ထားရတဲ့အနေအထားဖြစ်ပါတယ်။

တ-ရုတ်အစိုးရဟာ အခြားဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ
ပမာဏများပြားလွန်းတဲ့ ငွေကြေးအစီအစဉ်တွေအတိုင်းအဆမရှိပေးအပ်နေပြီး အပြန်အလှန်အားဖြင့်နိုင်ငံ၏ မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများကို ဆုပ်ကိုင်ထားခဲ့ပါတယ်။ သီရိလင်္ကာနဲ့ ပါကစ္စတန်လို နိုင်ငံတွေဟာ တ-ရုတ်ရဲ့ အကြွေးဟောင်းများကိုပြန်ဆပ်ဖို့ သူတို့ရဲ့မဟာဗျူဟာမြောက်နေရာတွေကို အလျော့အတင်းလုပ်လိုက်၊ တ-ရုတ်ထံကနေ ချေးငွေအသစ်တွေယူလိုက်နဲ့ ဆိုးဝါးတဲ့ သံသရာမှာ ပိတ်မိနေတာဖြစ်ပါတယ်။

သီရိလင်္ကာဟာ ကိုလံဘိုမှာ Hambantota ဆိပ်ကမ်းတည်ဆောက်ဖို့ တ-ရုတ်ကုမ္ပဏီတစ်ခုကို ၉၉ နှစ် စာချုပ်နဲ့အငှားချခဲ့ရပါတယ်။ 

ပါကစ္စတန်နိုင်ငံမှာ တ-ရုတ်အစိုးရက Gwadar ဆိပ်ကမ်းကို တည်ဆောက်ဖို့ နှစ် ၄၀ စာချုပ် ချုပ်ဆိုခဲ့ပြီး အထူးသီးသန့်အခွင့်အရေးတွေနဲ့ ထူးခြားတဲ့ အခွန်ကင်းလွတ်ခွင့်‌တွေ ရရှိခဲ့ပါတယ်။ ဆိပ်ကမ်း၀င်ငွေရဲ့ ၉၁ ရာခိုင်နှုန်းကို တ-ရုတ်အစိုးရက ရရှိမှာဖြစ်ပါတယ်။ တရုတ်ဟာ Gwadar ဆိပ်ကမ်းဘေးမှာ တရုတ်ရေတပ်အတွက်မဟာဗျူဟာမြောက်ကင်းစခန်းတစ်ခုတည်ဆောက်ဖို့ အစီအစဉ်ရှိနေပြန်ပါတယ်။ တ-ရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုများအပေါ် ပါကစ္စတန်ဟာ အလွန်မှီခိုလာရတဲ့အတွက် နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒကိုလည်း ပြင်းထန်စွာထိခိုက်လာပါတယ်။ ထင်ရှားတဲ့ဥပမာကတော့ တ-ရုတ်နိုင်ငံထဲက ရှင်းကျန်း ဝီဂါမူစလင်တွေ တိုက်ပိတ်ဖိနှိပ်ခံရတာကို ပါကစ္စတန်က ဒါဟာ လုပ်ရိုးလုပ်စဉ်ပါလို့ ပြောပေးခဲ့ရတဲ့အထိ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်ကစပြီး ငွေကြေးကြွယ်ဝတဲ့ တ-ရုတ်ကွန်မြူနစ်ရဲ့ အကြွေးထောင်ချောက်ထဲကျရောက်သွားတဲ့ တာဂျစ်ကစ္စတန်ဟာ နိုင်ငံပိုင် Pamir တောင်တန်းများထဲက ၁,၁၅၈ စတုရန်းကီလိုမီတာရှိသောနယ်မြေကို တ-ရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တ-ရုတ်ကုမ္ပဏီတွေဟာ ဒီဒေသက ရွှေ၊ ငွေနှင့်အခြားတွင်းထွက်တွေကို တူးဖော်ထုတ်ယူခဲ့ကြပါတယ်။ 

နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်နေပြီး တ-ရုတ်အကြွေးနွံနစ်နေတဲ့ ကာဂျစ္စတန်မှာ တ-ရုတ်ပို့ကုန်သွင်းကုန်ဘဏ် (Eximbank) ဟာ ဒေါ်လာ ၄ ဘီလျံနီးပါး ချေးငွေချထားပြီး နိုင်ငံ့ပြည်ပအကြွေးရဲ့ ငါးပုံ ၂ ပုံကျော်ဟာ တရုတ်ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ နိုင်ငံအတွင်းက အဓိကသယ်ယူပို့ဆောင်ရေးနှင့်စွမ်းအင်စီမံကိန်းများကို တရုတ်ကို ပေးအပ်ခဲ့ရပါတယ်။

ဒါတွေဟာ အာရှက တ-ရုတ်အကြွေးနွံနစ်နေတဲ့ နိုင်ငံတွေကိုပဲ ဖော်ပြထားတာဖြစ်ပြီး အာဖရိကတိုက်က နိုင်ငံတွေပါ ထည့်ရေးရင် ပြီးနိုင်တော့မှာမဟုတ်ပါဘူး။

နောက်ကျကျန်ခဲ့တဲ့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ
ဒီနိုင်ငံတွေရဲ့ တ-ရုတ်အပေါ်မှီခိုမှုကို လျော့ချဖို့ ကြိုးစားနေပါတယ်။ Indo-Pacific ကိုဖြတ်ပြီး တ-ရုတ်ရဲ့ကြီးထွားလာနေတဲ့ သြဇာကိုထိန်းချုပ်ဖို့ အမေရိကန်နဲ့ Quad အဖွဲ့က ရှင်းရှင်းလင်းလင်း တန်ပြန်ဆောင်ရွက်ဖို့ ကြိုးစားနေပေမယ့် အောင်မြင်မယ် မအောင်မြင်ဘူး အလားအလာ ဘယ်လိုရှိမလဲဆိုတာ လက်တွေ့မသိနိုင်သေးပါ။

(Nikkei Asia, Reuters, Eurasiatimes နှင့် နိုင်ငံတကာသတင်းဆောင်းပါးများကို ကိုးကားသည်။)

Credit AKS








ဆက်ဖတ်ရန် →
ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

Breaking News- နိုင်ငံတကာက ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲသည့် Cluster ဗုံးများကို မကွေးလေတပ်သို့ ပို့ဆောင်


■ ပြည်သူများအနေဖြင့် ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများ၏ အန္တရာယ် ကို သိရှိရန် လိုအပ်


ရန်ကုန်၊ ဧပြီ ၂၂ ခေတ်သစ်


နိုင်ငံတကာတွင် အသုံးပြုခြင်း မပြုရန် ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေတတ်သည့် ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထားကြောင်း စစ်တပ် သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဧပြီလ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဆင် တဲ စခန်းရှိ  အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၃) က ထုတ်လုပ်သည့် 50 kg 120 cluster (လေယာဉ်တင်ဗုံး)များ ကို မကွေးလေတပ်သို့  စစ်ကား ၁၂ စီးဖြင့် သယ်ဆောင်ထွက်ခွာသွားကြောင်း သိရှိရသည်။ 


CDM ဗိုလ်ကြီး လင်းထက်အောင်က စစ်ကောင်စီအနေဖြင့် ပြည်သူများကို ပိုမို ရက်စက်စွာ သတ်ဖြတ်ရန် အတွက် အလွန်ရက်စက်သော ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေသည့် ဖျက်အားပြင်း Cluster ဗုံးများ အသုံးပြုလာသည်ကို အထူး သတိထားရန် သတိပေးသည်။ 


"ကပစမှာ နိုင်ငံတကာက ကန့်သတ်ထားတဲ့ ဖျက်အားပြင်း Cluster ဗုံး အမျိုး အစား ၂မျိုးရှိပါတယ် ။ Guided Gliding Cluster Bomb နဲ့ Inertia Guided Cluster Bombပါ ။ အမျိုးအစား၁ခုကို ၁၀လုံးစီထုတ်ထားပြီးသားရှိပါတယ် ။ ။ တရုတ်နိုင်ငံပညာရှင်တွေကိုယ်တိုင် ကပစမှာ လာရောက်ထုတ်လုပ်သွားတဲ့ ဗုံးတွေပါ ။ ဒါပေမယ့်ဒီဗုံးတွေကို သယ်ဆောင်ကျဲချနိုင်တဲ့ လေယာဉ် အမျိုး အစား မြန်မာနိုင်ငံမှာမရှိသေးတဲ့အတွက် လက်ရှိမှာ 120ဗုံးသီးတွေနဲ့ Cluster ပုံစံ တုပထုတ်လုပ်ထားတဲ့ ပြည်တွင်းဖြစ် Cluster bomb တွေ ကိုအသုံး ပြုပါတယ် ။ ပင်မဗုံးbodyအတွင်းမှာ 120 ဗုံးသီးများ စွာကိုထည့် သွင်းပြီး ပြုလုပ်ထားတာပါ ။ ပင်မဗုံးသီးကွဲတာနဲ့ အတွင်းမှာရှိတဲ့ 120 ဗုံးသီးတွေ ပါ ဆင့်ပွား ကွဲ စေတဲ့အတွက် ဖျက်အားပြင်း လေယာဉ်ဗုံး အမျိုး အစား ဖြစ်ပါတယ်" ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။ 


ထို့ပြင် ပြည်သူများအနေဖြင့် ယင်း ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေသည့် ဖျက်အားပြင်း Cluster ဗုံးများ၏ အန္တရာယ်ကို ကာကွယ်ရေး ကြိုတင် လုပ် ဆောင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။ 


"ဒီဗုံးရဲ့အန္တရာယ်က ကြိုတင်ကာကွယ်ဖို့အတွက်  ဗုံးခိုကျင်းတူးထားဖို့လိုပါမယ် ။  စခန်းကိုဝေဟင် မြင်ကွင်းကနေ ဖုံးကွယ်တပ်ဖျောက်ထားဖို့လိုပါမယ် ။( ဥပမာ စခန်းခေါင်းမိုးပေါ်မှာသစ်ရွက် အစိမ်းတွေအုပ်ထားတာမျိုး) ။ လူစု လူဝေး နဲ့ စခန်းချတာမျိုးမလုပ်သင့်ပါ ။ တပ်ဖြန့်နိုင်သလောက် ဖြန့်ထား ဖို့လိုပါတ ယ်" ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ရှင်းပြသည်။ 


ဓာတ်ပုံ- ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေသည့် ဖျက်အားပြင်း Cluster ဗုံး အမျိုးအစားပုံစံတစ်ခု။ (အခြားနိုင်ငံမှ ဗုံးအမျိုးအစားပုံစံဖြစ်ပါသည်။)



ဆက်ဖတ်ရန် →