ပဒိုမန်းရှာလာဖန်းကို လုပ်ကြံသတ်ဖြတ်တာ စောချစ်သူ
ဗိုလ်ချုပ်မြတ်သက်ဦးနဲ့ အပေါင်းအပါအချို့ကို စစ်ကောင်စီခေါင်းဆောင်များကိုယ်တိုင် ဖမ်းဆီးထိန်းသိမ်း
လေတပ် G1 ၏ကတော် လင်းလင်းဦး ILO မှာ ခြယ်လှယ် စိုးမိုးနေ
#မိုက်ကယ်ကျော်မြင့်အား_ငွေပေးစေခိုင်းပြီး #ကြံ့ဖွတ်ပါတီတစ်ခုလုံးကို_ဒေါက်တက်ဖြုတ်ခိုင်း(ရုပ်သံ)
လက်ရှိ ကြံ့ဖွတ်ပါတီဥက္ကဌ ခင်ရီ၏တူမဖြစ်သူ ဒေါ်စောဥမ္မာနှင့်၊ မြေးဖြစ်သူ လဝန်းကြည်ဖြူ တို့အုပ်စုဟာ ငွေကြေး သိန်းပေါင်း ၅၀,၀၀၀ ကျော်အား အုပ်စုဖွဲ့ လိမ်လည်ခဲ့ကြသူများဖြစ်ပြီး၊ ခင်ရီတာဝန်ထမ်းဆောင်ခဲ့သည့် လ.ဝ.က အဖွဲ့အစည်းကပင် လဝန်းကြည်ဖြူအား နိုင်ငံသားမှတ်ပုံတင် အမည်မတူသည့်ကဒ်ပြား ၂ခု ထုတ်ပေးခဲ့ကြောင်း မိုက်ကယ်ကျော်မြင့် မှ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ကြံ့ဖွတ်ပါတီတစ်ခုလုံးကို ဒေါက်တက်ဖြုတ်သွားခဲ့ပါတယ်။
ဖော်ပြပါရှိသော သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ နေလည် ၁၂ နာရီလောက်က Yangon Star City Hotal မှာ ပြုလုပ်ခဲ့တာပါ။
ပွဲအပြီး ရက်ပိုင်းအကြာမှာပဲ မိုက်ကယ်ကျော်မြင့်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာပေါ်ကနေပြီး “ပြည်သူတွေ စိတ်ဆင်းရဲဒုက္ခရောက်စေမည့် ပြဿနာများကို ကာကွယ်ဖြေရှင်းပေးသွားမည်။ သို့သော်... ငါ့တူမ/ငါ့မြေး/ငါ့ဆွေမျိုးတို့၏ လိ-မ်လည် yokeမာမှုကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခရောက်လျှင်မူကား ငါနှင့်လားလားမှမဆိုင်။ ပုံ.. ဥက္ကဌကြီးလောင်ကီး” ဆိုပြီး ကြံ့ဖွတ်ဥက္ကဌခင်ရီကို လှောင်ပြောင်သည့်ပို့စ်များ ရေးသားခဲ့ပါသေးတယ်။
၎င်းပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသည် သူ့ပါတီ၏ငွေကြေးဖြစ်သာ ပြုလုပ်သည်ဟု ပြောကြားခဲ့သော်လည်း၊ ထိုသတင်းစာရှင်းလင်းပွဲကို ခန်းမကြေး ၁နာရီကို ၁၅ သိန်းပေး၍ စုစုပေါင်း ၃နာရီကြာကြာ ပြုလုပ်ခဲ့ပြီး၊ လူတစ်ယောက်စာ စားစရိတ်အတွက် တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်နှုန်းပေး၍ လူ ၁၀၀ နီးပါးနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ မီဒီယာတွေကို ငွေပေးတက်ရောက်ခိုင်းတာ၊ ပွဲတက်လာသူတွေအတွက် အသွားအပြန် စရိတ်အပြင်၊ အခြား လုံခြုံရေးအတွက်တွေရော ငွေကုန်ကြေးကျ များစွာ ခံထားတာပါ။ ဒီလိုကုန်ကျစရိတ်တွေ မိုက်ကယ်ကျော်မြင့်က ဘယ်ကရပါသလဲ..?
မိုက်ကယ်ကျော်မြင့် ယခုလိုလုပ်ဆောင်ရခြင်းသည် လက်ရှိ အကြ-မ်းဖ-က်စစ်ကောင်စီမှ တရားမဝင်ကျင်းပမယ့် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ထားကြသော အခြားပါတီကြီးတွေမှ ငွေပေးစေခိုင်းခြင်းဖြစ်ပြီး၊ ကြံ့ဖွတ်(thu khoe)ပါတီအား ဒေါက်ဖြုတ်ရန် အခြားပါတီစုံမှ အချက်အလက်တွေ ချပေးခဲ့ခြင်းဖြစ်ကြောင်း မျိုးညစ်အတွင်းသတင်းပေးသူက ဆိုပါတယ်။
#အေအန်န်အမ်မ်တီ
အုပ်ချုပ်ရေးမှူး စိုးမင်းဟန် ပစ်ခတ်ခံရပြီး သေဆုံး
မန္တလေးမြို့တွင် ပြည်သူပိုင် နေအိမ်များကို ကျူးကျော်ဟု ဆိုကာ ရှင်းလင်းရာ၌ ဦးဆောင်ခဲ့သည့် အုပ်ချုပ်ရေးမှူး စိုးမင်းဟန် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဧပြီ ၃ ခေတ်သစ်
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး အကြမ်းဖက်စစ်ကောင်စီထောက် တိုင် အကြီးစား စီးပွားရေးသမား စိုးမင်းဟန်အား ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း အောင်စည်တော် စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဧပြီလ ၃ ရက်နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၃၁ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်း ကြားတွင်နေထိုင်သော ပြည်ခွန်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြစ်မှုကျူးလွန်မှုများကို အကြမ်းဖက် စစ်တပ်က ကင်းလွတ်ခွင့်အဖွဲ့ဝင်ကဒ်ပေးထားသူ၊ လန်ဒန်ဆေးရုံပိုင်ရှင်၊ Mytel စီးပွားရေး ပါတနာ၊ မန္တလေးမြို့အတွင်း၌ ကျူးကျော်များဟုဆိုကာ ဖျက်သိမ်းရှင်းလင်းရာတွင် အမိန့်ပေးစေခိုင်းသူ၊ ၅၀၀ တန် ထမင်းထုပ်ဦးဆောင်စီစဉ်သူ စိုးမင်းဟန်အား သေနတ်ဖြင့် ၁၁ ချက်ပစ်ခတ်ရာ သေဆုံးသွား ကြောင်း သိရသည်။
“ထွက်ပြေးတယ်၊ လိုက်ပစ်တာ၊ ဓားနဲ့ဝင်လာတဲ့တစ်ယောက်တော့ တစ်ချက်ပစ်ပြီး ကာကွယ်ခဲ့ရတယ်၊ ဒဏ်ရာတော့ ရနိုင်တယ်၊ ခွေးတွေကတော့ အဓိက မစ်ရှင်ဖြစ်သူကိုပဲ ရှင်းခဲ့တာပါ” ဟု အောင်စည်တော် စစ်ဆင်ရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတိုက်ခိုက်မှုအတွင်း အောင်စည်တော် စစ်ဆင်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြ်သူလူထုအား ဒုက္ခပေးနေသော စခ၊ ရခနှင့် လက်ပါးစေ ထောက်တိုင်များအား တရစပ်ပစ်ခတ်ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် သုံးသောင်းနီးပါးသေဆုံးခဲ့
ဘုရား ကျောင်း ရဟန်း ဒါယကာကြီး KTV မှာအသတ်ခံရ
စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ခမရ ၁၀၈ ဓနုဖြူတပ်ရင်း မှ တပ်ကြပ် မျိုးတင့် ဝန်ခံပြောဆို
ကရင်နီပြည်နယ်၊ ဖရူဆိုတွင် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင်များကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဟု ခမရ ၁၀၈ တပ်မှ တပ်ကြပ် မျိုးတင့် ဝန်ခံ (ရုပ်/သံ)
ရန်ကုန်၊ ဧပြီ ၂
ကရင်နီပြည်နယ်၊ ဖရူဆိုတွင် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင်များကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ခမရ ၁၀၈ ဓနုဖြူတပ်ရင်း မှ တပ်ကြပ် မျိုးတင့် ဝန်ခံပြောဆိုကြောင်း KNDFက ဗီဒီယိုနှင့်တကွ တရားဝင် သတင်းထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ကရင်နီပြည်နယ်၊ ဖရူဆို၊ မိုဆိုဖက်တွင် စစ်တပ်က ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၅ ကို အရှင်လတ်လတ် ဖမ်းဆီး သတ်ဖြတ် မီးရှို့ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၃၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး မော်တော်ယာဥ်များနှင့်အတူ သတ်ဖြတ်မီးရှို့လိုက်ကြောင်း၊ အသတ်ခံရသော ပြည်သူများထဲတွင် ကလေးငယ်များနှင့် မိန်းကလေးငယ်များ ၊အမျိုးသမီးများပါဝင်ကြောင်း၊ သတ်ဖြတ်မီးရှို့ခံရသော ပြည်သူများ၏ ရုပ်အလောင်းများမှာ မီးကျွမ်းပြီး အရိုးများသာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။
ဖရူဆိုမြို့နယ်၊ မိုဆိုအစုလိုက်အပြုံလိုက် လူသတ်မှုအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် စပ်လျဥ်း၍ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ ဓနုဖြူတပ်ရင်း မှ တပ်ကြပ် ဦးမျိုးတင့် (စစ်သုံ့ပန်း) ဝန်ခံပြောကြားထားသည်။
ဒဲရက် ရှိုလက်၏ BURMA ACT အပေါ် ရှင်းလင်းချက်











































































