နောက်ဆုံးရ
သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်

သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်

အောင်ဇော်
1 April 2023
အမေရိကန် ပြည်ထောင်စုသည် မြန်မာစင်ပြိုင်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ပြီး ဒီမိုကရက်တစ် အတိုက်အခံနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ထောက်ခံရန် စိတ်အားထက်သန်လာသောအခါ အိမ်နီးချင်း တရုတ်နိုင်ငံသည် အမေရိကန် သြဇာကြီးထွားလာခြင်းကို ဆန့်ကျင်ရန် ခြေလှမ်းများ လှမ်းလာသည်။ သို့သော် တရုတ်သည် မှန်ကန်သောမူဝါဒကို ချမှတ်ခြင်းရှိ၊ မရှိ မေးခွန်းထုတ်ရန်ရှိသည်။

တရုတ်က အသစ်ခန့်လိုက်သည့် အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် မြန်မာသို့ ဒီဇင်ဘာလအတွင်း နှစ်ကြိမ်လာရောက် လည်ပတ်ခဲ့သည်။ သူ၏ ခရီးစဉ်တွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခြင်းလည်း ပါဝင်သည်။

သူသည် မြောက်ပိုင်းမဟာမိတ်များထံသို့ သွားရောက်ပြီး ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့မှ ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးသည်။ ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သည် တရုတ်သြဇာအောက်တွင် ရှိနေပြီး ၎င်းတို့အနက် သုံးဖွဲ့ဖြစ်သည့် KIA, TNLA နှင့် MNDAA တို့သည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်တွင် စစ်ကောင်စီကို အပြင်းအထန် တိုက်ခိုက်နေသည်။

တရုတ်နိုင်ငံ၏ လက်ရှိသဘောထားမှာ ထိုအဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပြီး နယ်စပ်တွင် တိုက်ခိုက်မှုများ ရပ်ဆိုင်းစေရန်ဖြစ်သည်။

မကြာသေးမီက ‘ဝ’ ဒေသတွင် အစည်းအဝေးကျင်းပပြီးနောက် ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဘေဂျင်း၏ အားထုတ်မှုများကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့် ကြေညာချက်တစောင် ထုတ်ပြန်ပြီး “မြန်မာ့ပြည်တွင်း ပဋိပက္ခတွင် တရုတ်က ကြားဝင်ခြင်းကို ကြိုဆို” ကာ ပူးပေါင်းလုပ်ဆောင်ရန် ကတိပြုသည်။
မကြာသေးမီက ‘ဝ’ ဒေသတွင် အစည်းအဝေးကျင်းပပြီးနောက် ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဘေဂျင်း၏ အားထုတ်မှုများကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့် ကြေညာချက်တစောင် ထုတ်ပြန်ပြီး “မြန်မာ့ပြည်တွင်း ပဋိပက္ခတွင် တရုတ်က ကြားဝင်ခြင်းကို ကြိုဆို” ကာ ပူးပေါင်းလုပ်ဆောင်ရန် ကတိပြုသည်။

ထိုကြေညာချက်သည် နေပြည်တော်မှ စစ်ကောင်စီခေါင်းဆောင်များ၏နားတွင် အလွန်သာယာသော ကြေညာချက် ဖြစ်သည်။

ဒီဇင်ဘာလတွင် မစ္စတာ တိန့်သည် နေပြည်တော်သို့ ခပ်လျှိုလျှိုသွားရောက်ပြီးနောက် စိတ်ဝင်စားစရာတခု ဖြစ်လာသည်။ စစ်ကောင်စီသည် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်အောက်မှ စစ်ဆင်ရေးဌာနချုပ် သုံးခု သို့မဟုတ် တပ်ရင်း ၃၀ ခန့်ကို ထုတ်နုတ်ပြီး ကယားနှင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် တောင်ပိုင်းတွင် ထိုဒေသများမှ လက်နက်ကိုင်ခုခံသူများနှင့် အရပ်သားများကို အဓိကထိုးစစ်များဆင်ရန် ပြန်လည်ဖြန့်ကျက်သည်။

အယူအဆတခုမှာ တရုတ်အထူးသံတမန်က ရွှေလီ-မန္တလေး ရထားလမ်း တည်ဆောက်ရန် တရုတ်အနေဖြင့် စိတ်အားထက်သန်နေသည့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးတင်းမာမှု လျှော့ချပေးရန် စစ်ကောင်စီကို ကတိပြုသည်ဆိုသည့် အချက်ဖြစ်သည်။ မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံသောအခါ တရုတ်အထူးသံတမန်က နယ်စပ်တွင် တိုက်ခိုက်မှုရပ်ရန် ပြောဆိုသည်။


တရုတ်အထူးသံတမန်က စစ်ကောင်စီခေါင်းဆောင်နှင့် မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များအကြား လွန်းပျံခရီးစဉ်များသည် အမေရိကန် ကွန်ဂရက်က မကြာသေးမီက အတည်ပြုလိုက်သည့် အမျိုးသားကာကွယ်ရေး အခွင့်အာဏာပေးမှု ဥပဒေ NDAA ၏ အစိတ်အပိုင်းဖြစ်သော Burma Act ကို တုံ့ပြန်မှုဖြစ်သည်ဟု သုတေသီများက ပြောသည်။ Burma Act သည် မြန်မာမှ EAOs များ အပါအဝင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို ငွေကြေးနှင့် နည်းပညာအကူအညီပေးရန် ခွင့်ပြုခြင်းဖြစ်သည်။ သို့သော်မည်သည့် အကူအညီမျှ ရောက်မလာသေးပေ။ မည်သို့ဆိုစေ တရုတ်သည် ၎င်း၏နယ်စပ်တွင် အနောက်တိုင်းသြဇာ ပျံ့နှံ့လာခြင်းကို မလိုလားဘဲ တားဆီးမည်ဖြစ်သည်။

စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ဝါရှင်တန်တွင် ရုံးခန်းတခုဖွင့်ထားသည်။ တရုတ်နိုင်ငံမြို့တော်တွင် ထိုသို့သောရုံး မရှိသော်လည်း NUG အရာရှိများသည် ဘေဂျင်းနှင့် ယူနန်ပြည်နယ်မှ တရုတ်အရာရှိများကို ဆက်သွယ်သည်။ NUG သည် အောက်တိုဘာလက ကျင်းပသည့် ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက်အတွင်း တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သော ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် ပါဝင်သည်။

မစ္စတာ တိန့်ရှီကျွန်းက မြောက်ပိုင်းနယ်စပ်သို့ သွားရောက်နေသည့်အချိန်တွင် NUG အဆင့်မြင့် ကာကွယ်ရေးအရာရှိများသည် UWSA ဌာနချုပ် ပန်ဆန်းတွင် ရှိနေသည်။

အင်အားကြီးမားသော ‘ဝ’ ခေါင်းဆောင်များက NUG ကို ထောက်ခံရန် မကြာသေးမီက ကတိပြုပြီး MNDAA သည် လွန်ခဲ့သောနှစ်မှ စတင်ပြီး NUG နှင့် PDF တပ်များကို လက်နက်နှင့် လေ့ကျင့်မှု ပေးနေသည်။ နေပြည်တော်မှ စစ်ကောင်စီသည် ကြီးထွားလာနေသည့် ထိုမဟာမိတ်များကို သွေးခွဲလိုပြီး တရုတ်ထောက်ခံမှုကို ရယူလိုသည်။

တရုတ်၏ ကစားပွဲသစ်လား

ASEAN အထူးသံတမန်ဟောင်းဖြစ်သော မစ္စတာ တိန့်သည် မြန်မာတွင် အာဏာသိမ်းပြီးနောက် လာရောက်လည်ပတ်သည့် ဆွန်ကော့ရှန်နေရာတွင် ခပ်လျှိုလျှို အစားထိုးဝင်ရောက်လာခဲ့သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက မစ္စတာ ဆွန်သည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံသော်လည်း ဖြုတ်ချဖမ်းဆီးခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် သူ၏တောင်းဆိုမှုကို ငြင်းပယ်ခံရသည်။
ဒေါ်အောင်ဆန်းစုကြည်က ထိုအထူးသံတမန်ကို တွေ့ဆုံလိုသော်လည်း ဖြုတ်ချခံ သမ္မတ ဦးဝင်းမြင့်နှင့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်တို့လည်း တက်ရောက်ရမည်ဟု တောင်းဆိုခဲ့ကြောင်း အတိုက်အခံ သတင်းရင်းမြစ်များက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် ၎င်းတို့ နှစ်ဦးသည် ဖမ်းဆီးခံထားရသူများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီမှ အခြားထိပ်တန်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံရန် တောင်းဆိုသော်လည်း ခွင့်မပြုကြောင်း ဖော်ပြကြသည်။ ထို့ကြောင့် တရုတ်အထူးသံတမန်နှင့် မတွေ့ဆုံဖြစ်တော့ပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် တရုတ်က မည်သည့်အတွက် စိတ်ဝင်စားနေသနည်း။ ၂၀၂၁ ခုနှစ်က စစ်ကောင်စီ၏လက်တွင် တရားစွဲဆိုခံရသည့် ကနဦးကာလ၌ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးသို့ ရောက်လာသည့် ပါတီခေါင်းဆောင်များကို တရုတ်နိုင်ငံနှင့် ဆက်သွယ်ရန် ပြောသည်ဟု ဆိုသည်။
ယခုအခါ ပုန်းအောင်းနေရသည့် မြန်မာအစိုးရ အရာရှိများက တရုတ်သည် ပြောင်းလဲလာသည့် နိုင်ငံရေးရှုခင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်ကို သိလိုသည်ဟု ယုံကြည်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် “ကိုယ်တိုင်ပြောကြားသည့်” စကားကိုကြားလိုသည်ဟု ဆိုသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဖိတ်ခေါ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ရှီ၏ အထူးဧည့်သည်တော်ဖြစ်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုနိုင်သည်။
၂၀၂၀ ပြည့်နှစ်တွင် မြန်မာသို့ လာရောက်လည်ပတ်စဉ် မစ္စတာ ရှီက တရုတ်-မြန်မာစီးပွားရေး စင်္ကြံ (CMEC) မှ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် နှစ်ဖက် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ပြောခဲ့သည်။ နှစ်နိုင်ငံတို့သည် CMEC ၏ မဏ္ဍိုင် သုံးခုဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်နှင့် ရန်ကုန်မြို့သစ်စီမံကိန်းတို့ကိုအားပေးရန်လိုကြောင်း သူကအလေးထားပြောသည်။ အာဏာသိမ်းပြီးနောက် ထိုစီမံကိန်းများအားလုံး ရပ်ဆိုင်းသွားသော်လည်း တရုတ်နိုင်ငံသည် ထိုစီမံကိန်းများ ပြန်လည်စတင်ရန် လွန်ခဲ့သောနှစ်မှစတင်ပြီး တိတ်တဆိတ် လုပ်ဆောင်နေသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရန် မန္တလေးတိုင်း၊ ရှေးဟောင်းမြို့တော် ပုဂံသို့ ရောက်လာသည်။ သို့သော် မြန်မာတွင် ကျင်းပရန် စီစဉ်ထားသည့် LMC ထိပ်သီး ဆွေးနွေးပွဲမှာမူ နိုင်ငံတကာအထီးကျန်မှု၊ ကြီးထွားနေသော မတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပုန်ကန်မှုများ ရင်ဆိုင်နေရသည့် စစ်ကောင်စီက တရုတ်ကို ဖိတ်ခေါ်သည်ကို တရုတ်က မတုံ့ပြန်သောကြောင့် မကျင်းပဖြစ်ပေ။
ထိုထက်ပိုမိုအရေးကြီးသည့် အချက်မှာ လွန်ခဲ့သောနှစ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ကောင်စီကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ချသောအခါ တရုတ်နိုင်ငံက မဲမပေးဘဲနေခြင်းဖြစ်သည်။ ထိုအချက်က တရုတ်သည် တရားဝင်မှုကို တောင့်တနေသည့် စစ်ကောင်စီကို ထောက်ခံမှုသည် အကန့်အသတ်ရှိကြောင်း ပြသနေသည်။ တရုတ်နှစ်သစ်ကူးတွင် ပေးပို့သည့် သဝဏ်လွှာတွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်အစိုးရသည် ကုလသမဂ္ဂတွင်၊ အထူးသဖြင့် လုံခြုံရေးကောင်စီတွင် မြန်မာပြည်သူများနှင့်အတူ ရပ်တည်သောကြောင့် ကျေးဇူးတင်ကြောင်း ဖော်ပြထာသည်။
ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သော ASEAN ကလည်း စစ်ကောင်စီခေါင်းဆောင်ကို ရှောင်ရှားပြီး ထိပ်သီးဆွေးနွေးပွဲများသို့ ဖိတ်ကြားခြင်းမပြုပေ။ တရုတ်သည် ASEAN အင်အားချိနဲ့သည်ကို မမြင်လိုဘဲ ASEAN ၏ ရပ်တည်ချက်အတိုင်း လိုက်နာသည်။ ထို့အပြင် တရုတ်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့အတွက် သဝဏ်လွှာပေးပို့ခြင်း မပြုပေ။ ဘေဂျင်းက စစ်ကောင်စီနှင့် ဆက်ဆံရေးတွင် အကန့်အသတ်ရှိကြောင်း ထပ်မံပြသလိုက်ခြင်းဖြစ်သည်။
မြန်မာ၏ တရုတ်ဆန့်ကျင်ရေး ရပ်တည်ချက်
စစ်ကောင်စီကို လူသိရှင်ကြား ထောက်ခံသည့် ထိုအကန့်အသတ်များရှိသော်လည်း တရုတ်သည် အခြားနိုင်ငံများထက် မြန်မာတွင် ရေရှည်သေနင်္ဂဗျူဟာ အကျိုးစီးပွားရှိနေပြီး မြန်မာ၏ ပြည်တွင်းရေးကို အမြဲတမ်း စွက်ဖက်နေသည်။
မြန်မာနိုင်ငံသားများသည် တရုတ်ဆန့်ကျင်ရေးဝါဒဖြန့်ချိမှုနှင့် ထိတွေ့နေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ယခုအခါ သယံဇာတငတ်မွတ်နေသော တရုတ်၏ စီမံကိန်းကြီးများကို မြန်မာတွင် တွေ့နေရသည်။ မြန်မာနိုင်ငံသားအများစုသည် မြောက်ပိုင်းအိမ်နီးချင်း တရုတ်ကို အယုံအကြည်မရှိဟု ဆိုနိုင်သည်။
၂၀၁၂ ခုနှစ်တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက တရုတ်နိုင်ငံကို ကြောက်ရကြောင်း စစ်ကိုင်းတိုင်း၊ မုံရွာမှ လူထုအစည်းအဝေးတခုတွင် လူသိရှင်ကြားဝန်ခံသည်။ ထိုစဉ်က သူနှင့် အစိုးရအဆင့်မြင့် အရာရှိများသည် တရုတ်ကျောထောက်နောက်ခံဖြင့် ပြုလုပ်နေသည့် အငြင်းပွားဖွယ် ကြေးနီစီမံကိန်းကို ဆန့်ကျင်သည့် ဒေသခံပြည်သူများကို သွားရောက်တွေ့ဆုံခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများကဲ့သို့ပင် စစ်ခေါင်းဆောင်များကလည်း တရုတ်ကို မနှစ်သက်ပေ။
၂၀၁၉ ခုနှစ်က အစည်းအဝေးတခုတွင် ထိုစဉ်က တရုတ်အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်နှင့် တွေ့ဆုံစဉ် မင်းအောင်လှိုင်က မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တရုတ်ထံမှ လက်နက်များ ဝယ်ယူနေကြောင်း ပြောသည်ဟုဆိုသည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရုရှားနှင့် ချစ်ကြည်ရေးကို အားကိုးပြီး ရုရှားသည် မြန်မာကို လက်နက်အဓိက ထောက်ပံ့သည့် နိုင်ငံဖြစ်လာသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာမှ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို စစ်ကောင်စီက သွေးချောင်းစီးနှိမ်နင်းမှုကို အနောက်နိုင်ငံများက ရှုတ်ချသော်လည်း တရုတ်က မရှုတ်ချခဲ့ပေ။ ကြီးမားသည့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ မြန်မာတွင် ဖြစ်ပေါ်လာသည်။ တရုတ်၏ ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပစ်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ အပါအဝင် ခုခံတော်လှန်ရေး အင်အားစုများက ခြိမ်းခြောက်ကြသည်။
တရုတ်၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) တွင် မြန်မာသည် အရေးပါသည့် နိုင်ငံများအနက် တခုဖြစ်သည်မှာ မှန်သည်။ သို့သော် ယခုကဲ့သို့သော မတည်ငြိမ်မှုများနှင့် ရေရှည် လက်နက်ကိုင် ပဋိပက္ခများကြားတွင် မြန်မာမှ BRI စီမံကိန်းများသည် မရေမရာဖြစ်နေသည်။




မြန်မာနိုင်ငံတွင် တရုတ်ဩဇာလွှမ်းမိုးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ တည်နေရာပြမြေပုံ

သို့သော် စစ်ကောင်စီက တနိုင်ငံလုံးကို အပြည့်အဝ မထိန်းချုပ်နိုင်ကြောင်း ဝန်ခံသည့်တိုင် ထိုစီမံကိန်းများကို ပြန်လည်စတင်လိုသည့် လက္ခဏာများကို တရုတ်က ပြသနေသည်။ မေးစရာဖြစ်လာသည့် မေးခွန်းမှာ တရုတ်၏ သေနင်္ဂဗျူဟာ စီးပွားရေး စီမံကိန်းများနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဖြည့်ဆည်းပေးနိုင်သည့် စွမ်းရည်ရှိသလား ဆိုသည့် မေးခွန်းပင်ဖြစ်သည်။
တရုတ်သည် မြန်မာတွင် အာဏာသိမ်းကတည်းက ရပ်ဆိုင်းထားရသည့် လက်ပံတောင်း ကြေးနီစီမံကိန်းကို ပြန်လည်စတင်လိုသည်။ တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လေအားလျှပ်စစ်တာဘိုင်များ တပ်ဆင်မည့် ကန်ထရိုက်တခုကို ယခုလအတွင်း လက်မှတ်ရေးထိုးထားပြီး ထိုစီမံကိန်းကို ဒီဇင်ဘာလတွင် စတင်ရန် စီစဉ်ထားသည်။
ဘေဂျင်းအတွက် အခြားထိပ်တန်း ဦးစားပေးတခုမှာ BRI အတွက် အရေးပါသည့် အစိတ်အပိုင်းဖြစ်သော တရုတ်နိုင်ငံ၊ ရွှေလီနှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူကို ဆက်သွယ်မည့် ရွှေလီ-မန္တလေး-ကျောက်ဖြူ ရထားလမ်း တည်ဆောက်ရေးဖြစ်သည်။ သို့သော် မြန်မာမှ မတည်ငြိမ်မှုများကြောင့် ထိုရည်မှန်းချက်ကြီးမားသော စီမံကိန်း မကြာမီ စတင်နိုင်မည့် အလားအလာမရှိပေ။ ထိုစီမံကိန်းကို အကောင်အထည် ဖော်ရန်အတွက် တရုတ်သည် မြန်မာမြောက်ပိုင်းမှ EAOs များကို စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး တွန်းအားပေးနေမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် သေနင်္ဂဗျူဟာပြောင်းလဲပြီး နေပြည်တော်မှ ရာဇဝတ်စစ်ကောင်စီကို ပိုမိုသိသိသာသာ ထောက်ခံရန် လုပ်ဆောင်နေသည်။ သမိုင်းအရပြောရပါက တရုတ်သည် မြန်မာတွင် မှားယွင်းသောဘက်၌ အမြဲရှိနေပြီး မြန်မာပြည်သူများ စက်ဆုတ်မုန်းတီးသည့် စစ်အုပ်စုများကို ထောက်ခံခြင်း၊ ပူပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သည်။ ပိုမိုအရေးကြီးသောအချက်မှာ မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို လူထုက မထောက်ခံခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ဦးစားပေးများကို မပြောင်းလဲလျှင် မြန်မာတွင် အောင်ပွဲခံနိုင်မည်မဟုတ်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Aung Zaw ၏ China Once Again on Wrong Side of History in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)


ဆက်ဖတ်ရန် →
မင်းအောင်လှိုင် အလိမ်ပေါ်ပြန်ဘီ !

မင်းအောင်လှိုင် အလိမ်ပေါ်ပြန်ဘီ !

နောက်ဆုံးလိမ်တဲ့ကောင်သာ အရှုံးဆိုတာ အမှန်ပဲ ပြည်သူမသိခင်တော့ သာသလိုရှိတာပေါ့လေ ကြောင်ကြာကြာ ရေမငုတ်နိုင်ဆိုတာ ဒါပါပဲ ထင်တော့ထင်သား သတင်းက ထွက်မလာသေးလို့သာ ဒါကြောင့် မအလ ရခိုင်သွားပြီး သွေးခွဲပြနေတာလို့ ရေးပြခဲ့သလို တပင်ရွှေထီး သွေးခွဲအကွက်တွေ ထုတ်သုံးနေတာလို့ ကြိုရေးခဲ့သေး ဘာကြောင့်ဆိုတော့ သာကောလာတယ် NLD ဖျက်တယ် ရခိုင်သွားတယ် မသိရင် သာကောစနက် ထောက်ခံသလိုတွေ ဖြစ်စေဘို့ အာရုံလွဲ ဂျင်းထဲ့တာပဲ 

ခု ဧရာဝတီသတင်းထဲမှာပါလာတဲ့ ပြည်သူမသိသေးတဲ့ အချက်တွေအရဆိုရင် NUG အဆင့်မြင့် ကာကွယ်ရေး
အရာရှိတွေ မြောက်ပိုင်းသွားရောက်ပြီး ‘ဝ’ အပါအဝင် တိုင်းရင်းသားလန-က်ကိုင်အဖွဲ့အစည်း မဟာမိတ်များနှင့် 
အစည်းအဝေးများ ကျင်းပခြင်းနဲ့ စိန့ တိန့်ရှီကျွန်းက မြောက်ပိုင်းနယ်စပ် ရောက်နေတဲ့အချိန်မှာ NUG အဆင့်မြင့် ကာကွယ်ရေးအရာရှိများက 
UWSA ဌာနချုပ် ပန်ဆန်းတွင် ရှိနေတယ်ဆိုတာရယ်  ‘ဝ’ ခေါင်းဆောင်များက NUG ကို ထောက်ခံရန် မကြာသေးမီက 
ကတိပြုပြီး MNDAA သည်လည်း လွန်ခဲ့သောနှစ်မှစတင်ပြီး NUG နှင့် PDF တပ်များကို လန-က်နှင့် လေ့ကျင့်မှု ပေးနေမှု ဒီအချက်တွေကို မအလတို့ စိုးရိမ်ပြီး ၀နဲ့ မြောက်ပိုင်းအဖွဲ့တွေခေါ်တွေ့တယ် အဆင်မပြေကြောင်း သိရပြီး NUGနဲ့ ပူးပေါင်း ဆက်ဆံမှု ကြီးထွားလာနေတဲ့ ခုမဟာမိတ်များကို ကြောက်ပြီး သွေးခွဲဖို့ တ-ရု-တ်ထောက်ခံမှုကို ရယူပြီး လိုက်ရောပေးဘို့ ခုလိုရခိုင်သွား တျုတ်ကို အဆွကစားပြနေတယ်ဆိုတာ ထင်ရှားနေပါတယ် 

ဒီလိုဆို ယတိပြတ်တွက်ဆလို့ရတာက NUG ကို ၀တို့က ထောက်ခံတယ်ဆိုတော့ MNDAA ,စပိုစ့်နေတဲ့ BPLA ကိုလည်း သိပ်မစိုးရိမ်ရသလို ၀ရဲ့ လေယဉ်ပ-စ်တွေ ပြင်ဆင်နေခြင်းတွေဟာလည်း ကိုယ်တွေဘက်အတွက်ဆိုတာ ထင်ရှားနေ၍ ၀တို့ MNDAA တို့ ပါလာပြီဆိုမှတော့ မအလ မရှုံးပဲ နေမလားဟုဆိုချင်လေသည် ဒါကို မသိရင် မအလက တ-ရု-တ် ၀ မြောက်ပိုင်း အဖွဲ့နဲ့ ခုရခိုင်အေအေပါ သူ့ဘက်ပါသလို ပုံဖမ်း လှည့်စားပြနေတာ ခု အလိမ်ပေါ်ပြီဆိုတော့ ရှက်ပြီး ဒီသတင်းကြောင့် သွေးပြန်တက်အုံးမလား မသိ ! 

#မင်းကြည်ညိုနေ 🕊️



ဆက်ဖတ်ရန် →
VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်

VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်

By ကျော်မောင်—

၂၀၂၁ မေလက Nikkei Asia ဆောင်းပါးမှာပါတဲ့ စိတ်၀င်စားစရာ အချက်ကတော့ 

🔻 A key figure in VPower's deals with the Myanmar military is Tun Min Latt, son of retired Lt. Col. Khin Maung Latt. He was named in a 2019 United Nations Fact-Finding Mission report on the military's economic interests as a private shareholder in the Star Sapphire Group of Companies 🔻 ဆိုတာပါပဲ 

မြန်မာစစ်တပ်နှင့် VPower သဘောတူညီချက်များတွင် အဓိကကျသူမှာ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး ခင်မောင်လတ်၏သား ထွန်းမင်းလတ်ဖြစ်သည်။  သူ့ကို Star Sapphire Group of Companies တွင် စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားအတွက် ပုဂ္ဂလိက ရှယ်ယာရှင်အဖြစ် 2019 United Nations Fact-Finding Mission အစီရင်ခံစာတွင် ထည့်သွင်းခဲ့သည်။

၂ နှစ်ခန့် ကြာသောအခါ ‌မီးပေးတဲ့ သင်္ဘောကြီးလည်း ထွက်ခွာသွားခဲ့ပါပြီ....

ဟောင်ကောင် အခြေစိုက် VPower နဲ့ တရုတ်အစိုးရပိုင် CNTIC တို့ဟာ မြန်မာ့အရေးစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေရဲ့ မေးခွန်းထုတ်မှုနဲ့ ဝေဖန်မှုကို ၂၀၂၁ တည်းက ရင်ဆိုင်ခဲ့ရပါတယ်။ အဓိကကတော့ စစ်တပ်နဲ့အကျိုးစီးပွား‌ ရှိနေတဲ့အတွက်ပါ။ ဒါ့ကြောင့် မြန်မာမှာ သူတို့လုပ်နေတဲ့ စီမံကိန်းတွေထဲက တချို့ကို ရပ်နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၁ မေလ Nikkei Asia ဆောင်းပါး၊  ဩဂုတ်လ Myanmar now ဆောင်းပါးနဲ့ ဧရာဝတီသတင်းတို့မှာပါတဲ့ စိတ်၀င်စားစရာ အချက်တွေကတော့
ကတော့ 

🔻 VPower နဲ့ CNTIC ဟာ မြန်မာမှာ လျှပ်စစ်ကဏ္ဍအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်နေကြတာဖြစ်တယ်။ VPower က ၁၀၀ ရာခိုင်နှုန်းရှယ်ယာအပြည့်နဲ့ လည်ပတ်နေတဲ့ စီမံကိန်းတွေလည်း ရှိသလို CNTIC နဲ့ ဖက်စပ်လုပ်နေတဲ့ စီမံကိန်းတွေလည်းရှိတယ်။ အာဏာမသိမ်းခင် VPower က မြန်မာနိုင်ငံထဲ ဆောင်ရွက်နေတဲ့ စီမံကိန်း ၉ ခုရှိတယ်။

🔻 စီမံကိန်းတွေက ရန်ကုန်၊ မြင်းခြံ၊ ကျောက်ဖြူစတဲ့ဒေသတွေမှာ အသီးသီးပျံ့နှံ့ပြီးရှိနေတယ်။ (comment ကပုံမှာ ကြည့်ပါရန်) အဲတာတွေထဲမှာမှ စစ်တပ်ရဲ့ ဦးပိုင်လီမိတက် (MEHL) အောက်က မြေကွက်တွေကို ငှားရမ်းထားတာမျိုး‌တွေလည်း ရှိနေတယ်။ အဓိကက သန်လျင် သီလဝါမှာလို့ပြောတယ်။

🔻 ဒါ့ကြောင့် အာဏာသိမ်းမှုအပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး VPower က သူ့ရဲ့စီမံကိန်းတချို့ကို စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာတွေရှိလာတယ်။ ကျောက်ဖြူနဲ့ မြင်းခြံက စီမံကိန်းတွေကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ဧရာ၀တီသတင်းမှာ လွန်ခဲ့တဲ့ ၂ နှစ်က ရေးထားတယ်။

🔻 VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်လို့ဆိုတယ်။ (အခုထိုင်းမှာ မူးယစ်မှုနဲ့ ဖမ်းခံထားရတဲ့ တယောက်) 






..
ဆက်ဖတ်ရန် →
ဒဗမက၏ဇနီး ထမီအလှန်ခံရ

ဒဗမက၏ဇနီး ထမီအလှန်ခံရ


မင်္ဂလာဒုံလေတပ်မှ ဒုဗိုလ်မှူးကြီး မြင့်ဝေကို မြို့ပြပြောက်ကျားအဖွဲ့ အနီးကပ် ၈ ချက် ပစ်ပြီး ရှင်းလင်း
………………………………………..
ယင်းသတင်းကို ဖုံးကွယ်ဖို့ အကြမ်းဖက် စစ်ကောင်စီက သတင်းမှား ပြန်လည် ဖြန့်ဝေ
~~~~~~~~~~~~~~~~~~~~
ဧပြီ ၁

အကြမ်းဖက် စစ်ကောင်စီ၊ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာနရဲ့ ဒုဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်ဝေဆိုသူကို မနေ့က မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်မှာ မြို့ပြပြောက်ကျားအဖွဲ့က အထူးစစ်ဆင်ရေးအနေနဲ့ အနီးကပ် ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ လေတပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာန၊ ဒုဌာနမှူး၊ ဒုဗိုလ်မှူးကြီး အဆင့်ရှိ မြင့်ဝေဆိုသူကို ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ ၃၄ရပ်ကွက်၊ ဦးလှဖေလမ်း၊ အိမ်အမှတ် ၇၉၀ ၎င်းရဲ့ နေအိမ်ရှေ့မှာ အပြင်ကနေ ကားနဲ့ပြန်လာစဉ် သေနတ်နဲ့ အနီးကပ် ၈ ချက် ပစ်ခတ်ခဲ့တာကြောင့် သေချာပေါက် သေဆုံးနိုင်တယ်လို့ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

“သူက အပြင်ကနေ ကားနဲ့ ပြန်လာတာဗျ။ ကားပေါ်မှာ သူ့မိန်းမနဲ့ သမီးလည်း ပါတယ်။ အားလုံး ၃ ယောက်ပေါ့။ သူ့မိန်းမနဲ့ သမီးက ကားပေါ်က ဆင်းပြီး အိမ်ခြံတံခါး သွားဖွင့်နေကြတာ။ သူတစ်ယောက်တည်း ကားပေါ်မှာ ကျန်နေတုန်း အနီးကပ် ၈ ချက် ပစ်ပြီး ရှင်းခဲ့တာပါ။ အခု ပစ်ခတ် ရှင်းလင်းခံရတဲ့သူက မြန်မာနိုင်ငံ အနှံ့အပြားက ပြည်သူတွေရဲ့ နေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ အပါအဝင် ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တွေကိုပါ လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးလုပ်ဆောင်နေသူ၊ လက်နက်ခဲယမ်းတွေ ၊ ဗုံးသီးတွေ ထုတ်လုပ်တပ်ဆင်ပေးနေသူပါ။ ဒါကြောင့် ရှင်းလင်းရတာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း စကစရဲ့ လေတပ် နောက်ချန် စခန်းတွေကို  ဆက်လက် တိုက်ခိုက်သွားမှာပါ” လို့ မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။ 

ဒီဖြစ်စဉ်ကို အကြမ်းဖက် စစ်ကောင်စီဘက်က “ဒဂုံမြို့သစ် မြောက်ပိုင်းတွင် သာမန်အပြစ်မဲ့ အငြိမ်းစား ဝန်ထမ်း တစ်ဦးအား လူသတ်အကြမ်းဖက် pdf တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်” ဆိုပြီး သတင်းမှားတွေ ပြန်လည် ဖြန့်ဝေနေတာ တွေ့ရပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီက သတင်းမှား ဖြန့်ဝေရာမှာ ဒုဗိုလ်မှူးကြီး မြင့်ဝေ ပစ်ခတ်ခံရတာကို ဖုံးကွယ်ထားပြီး ၎င်းရဲ့ ဇနီးဖြစ်သူ  မြန်မာ့သစ်လုပ်ငန်း၊ လက်ထောက် အထွေထွေမန်နေဂျာ (ငြိမ်း) ဒေါ်ခင်ချိုဝင်းဆိုသူ သေနတ်နဲ့ ၆ ချက် အနီးကပ် ပစ်ခတ်ခံရပြီး ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရခဲ့ကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ လုပ်ကြံဖန်တီးပြီး ထုတ်ပြန်ခဲ့ထားတာ တွေ့ရပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဒေါ်ခင်ချိုဝင်းရဲ့ ဓာတ်ပုံတွေအရ ပေါင်မှာ ပတ်တီးစည်းထားပေမယ့် သွေးစသွေးနတွေ မတွေ့ရတာ၊ ယောင်ရမ်းနေတာမျိုး မရှိတာကြောင့် ဒဏ်ရာ ရထားတဲ့ အနေအထားမျိုး မတွေ့ရဘဲ၊ လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံဆိုတာ သိသာနေတယ်လို့ သုံးသပ်ပြောဆိုတာတွေလည်း ရှိပါတယ်။ 

ဒါ့အပြင် ဒုဗိုလ်မှူးကြီး မြင့်ဝေဆိုသူ ပစ်ခတ်ခံရစဉ်မှာ ကားပေါ်မှာ အတူပါလာနဲ့ ၎င်းရဲ့ ဇနီးနဲ့ သမီးဖြစ်သူဟာ အိမ်ခြံတခါးကို သွားဖွင့်နေကြတာ ဖြစ်ပြီး ထိမှန်ဒဏ်ရာရခဲ့တာမျိုး မရှိဘူးလို့ စုံစမ်း သိရှိရပါတယ်။

“ လူနာတင်ကား ၂ စီးလာတယ်ဗျ။ တစ်စီးနဲ့ တစ်ယောက်ကို တင်သွားတယ်။ သူ့မိန်းမကိုတော့ အိမ်မှာ ဆေးကုသတဲ့ ပုံစံမျိုး မှတ်တမ်းယူပြီး ထားခဲ့တာပဲ။ တကယ် ဒဏ်ရာရရင် ဆေးရုံခေါ်သွားရမှာပေါ့။ တကယ်ထိပြီး လူနာတင်ကားနဲ့ ခေါ်သွားတဲ့ လူက လေတပ်က ဗိုလ်မှူးကြီးဆိုတာ ကျနော်တို့လည်း နောက်မှ သိရတာ“လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“စစ်တပ်က သူတို့တပ်ထဲက ရာထူးကြီးသူတွေ သတ်ဖြတ်ခံရတယ်ဆိုတာ သတင်း မပြန့်စေချင်လို့ အခုလိုတွေ လျှောက်ဖုံးပြီး သတင်းမှားတွေ ပြန်ဖြန့်နေတာ” လို့  အမည်မဖော်လိုသူ တပ်တွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

ပြည်သူတွေအပေါ် အကြမ်းဖက် ဗုံးကြဲ ပစ်ခတ်နေတဲ့ လေတပ်ကို အနီးကပ် ညွှန်ကြားနေတဲ့ လေတပ်ဌာနချုပ်မှူး၊ ဒုဌာနချုပ်မှူး၊ အုပ်စုမှူး၊ ဌာနမှူး၊ အုပ်မှူး၊ တပ်မှူးများစာရင်းရဲ့ အမှတ်စဉ် ၉၃ မှာ ပစ်ခတ်ခံရတဲ့ ဒုဗိုလ်မှူးကြီးမြင့်ဝေရဲ့ နာမည်ကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာလည်း ရန်ကုန်မြို့၊ နေပြည်တော်နဲ့ တောင်ငူမြို့တွေရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လေတပ်စခန်းတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
…………
နှင်းမြ
#ငွေမောင်းသံ မီဒီယာ







မင်္ဂလာဒုံလေတပ်မှ ဒုဗိုလ်မှူးကြီး မြင့်ဝေကို မြို့ပြပြောက်ကျားအဖွဲ့ အနီးကပ် ၈ ချက် ပစ်ပြီး ရှင်းလင်း၊ သတင်းဖုံးကွယ်ရန် စစ်တပ်က  ကြိုးစား

ရန်ကုန်၊ ဧပြီ ၁ ခေတ်သစ်

အကြမ်းဖက် စစ်ကောင်စီ၊ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာနရဲ့ ဒုဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်ဝေဆိုသူကို မနေ့က မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်မှာ မြို့ပြပြောက်ကျားအဖွဲ့က အထူးစစ်ဆင်ရေးအနေနဲ့ အနီးကပ် ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ လေတပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာန၊ ဒုဌာနမှူး၊ ဒုဗိုလ်မှူးကြီး အဆင့်ရှိ မြင့်ဝေဆိုသူကို ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ ၃၄ရပ်ကွက်၊ ဦးလှဖေလမ်း၊ အိမ်အမှတ် ၇၉၀ ၎င်းရဲ့ နေအိမ်ရှေ့မှာ အပြင်ကနေ ကားနဲ့ပြန်လာစဉ် သေနတ်နဲ့ အနီးကပ် ၈ ချက် ပစ်ခတ်ခဲ့တာကြောင့် သေချာပေါက် သေဆုံးနိုင်တယ်လို့ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

“သူက အပြင်ကနေ ကားနဲ့ ပြန်လာတာဗျ။ ကားပေါ်မှာ သူ့မိန်းမနဲ့ သမီးလည်း ပါတယ်။ အားလုံး ၃ ယောက်ပေါ့။ သူ့မိန်းမနဲ့ သမီးက ကားပေါ်က ဆင်းပြီး အိမ်ခြံတံခါး သွားဖွင့်နေကြတာ။ သူတစ်ယောက်တည်း ကားပေါ်မှာ ကျန်နေတုန်း အနီးကပ် ၈ ချက် ပစ်ပြီး ရှင်းခဲ့တာပါ။ အခု ပစ်ခတ် ရှင်းလင်းခံရတဲ့သူက မြန်မာနိုင်ငံ အနှံ့အပြားက ပြည်သူတွေရဲ့ နေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ အပါအဝင် ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တွေကိုပါ လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးလုပ်ဆောင်နေသူ၊ လက်နက်ခဲယမ်းတွေ ၊ ဗုံးသီးတွေ ထုတ်လုပ်တပ်ဆင်ပေးနေသူပါ။ ဒါကြောင့် ရှင်းလင်းရတာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း စကစရဲ့ လေတပ် နောက်ချန် စခန်းတွေကို  ဆက်လက် တိုက်ခိုက်သွားမှာပါ” လို့ မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာလည်း ရန်ကုန်မြို့၊ နေပြည်တော်နဲ့ တောင်ငူမြို့တွေရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လေတပ်စခန်းတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒီဖြစ်စဉ်ကို အကြမ်းဖက် စစ်ကောင်စီဘက်က “ဒဂုံမြို့သစ် မြောက်ပိုင်းတွင် သာမန်အပြစ်မဲ့ အငြိမ်းစား ဝန်ထမ်း တစ်ဦးအား လူသတ်အကြမ်းဖက် pdf တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်” ဆိုပြီး သတင်းမှားတွေ ပြန်လည် ဖြန့်ဝေနေတာ တွေ့ရပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီက သတင်းမှား ဖြန့်ဝေရာမှာ ဒုဗိုလ်မှူးကြီး မြင့်ဝေ ပစ်ခတ်ခံရတာကို ဖုံးကွယ်ထားပြီး ၎င်းရဲ့ ဇနီးဖြစ်သူ  မြန်မာ့သစ်လုပ်ငန်း၊ လက်ထောက် အထွေထွေမန်နေဂျာ (ငြိမ်း) ဒေါ်ခင်ချိုဝင်းဆိုသူ သေနတ်နဲ့ ၆ ချက် အနီးကပ် ပစ်ခတ်ခံရပြီး ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရခဲ့ကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ လုပ်ကြံဖန်တီးပြီး ထုတ်ပြန်ခဲ့ထားတာ တွေ့ရပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဇနီးဓာတ်ပုံတွေအရ ပေါင်မှာ ပတ်တီးစည်းထားပေမယ့် သွေးစသွေးနတွေ မတွေ့ရတာ၊ ယောင်ရမ်းနေတာမျိုး မရှိတာကြောင့် ဒဏ်ရာ ရထားတဲ့ အနေအထားမျိုး မတွေ့ရဘဲ၊ လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံဆိုတာ သိသာနေတယ်လို့ သုံးသပ်ပြောဆိုတာတွေလည်း ရှိပါတယ်။ 

ဒါ့အပြင် ဒုဗိုလ်မှူးကြီး မြင့်ဝေဆိုသူ ပစ်ခတ်ခံရစဉ်မှာ ကားပေါ်မှာ အတူပါလာနဲ့ ၎င်းရဲ့ ဇနီးနဲ့ သမီးဖြစ်သူဟာ အိမ်ခြံတခါးကို သွားဖွင့်နေကြတာ ဖြစ်ပြီး ထိမှန်ဒဏ်ရာရခဲ့တာမျိုး မရှိဘူးလို့ စုံစမ်း သိရှိရပါတယ်။

“ လူနာတင်ကား ၂ စီးလာတယ်ဗျ။ တစ်စီးနဲ့ တစ်ယောက်ကို တင်သွားတယ်။ သူ့မိန်းမကိုတော့ အိမ်မှာ ဆေးကုသတဲ့ ပုံစံမျိုး မှတ်တမ်းယူပြီး ထားခဲ့တာပဲ။ တကယ် ဒဏ်ရာရရင် ဆေးရုံခေါ်သွားရမှာပေါ့။ တကယ်ထိပြီး လူနာတင်ကားနဲ့ ခေါ်သွားတဲ့ လူက လေတပ်က ဗိုလ်မှူးကြီးဆိုတာ ကျနော်တို့လည်း နောက်မှ သိရတာ“လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“စစ်တပ်က သူတို့တပ်ထဲက ရာထူးကြီးသူတွေ သတ်ဖြတ်ခံရတယ်ဆိုတာ သတင်း မပြန့်စေချင်လို့ အခုလိုတွေ လျှောက်ဖုံးပြီး သတင်းမှားတွေ ပြန်ဖြန့် နေတာ” လို့  အမည်မဖော်လိုသူ တပ်တွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

ပြည်သူတွေအပေါ် အကြမ်းဖက် ဗုံးကြဲ ပစ်ခတ်နေတဲ့ လေတပ်ကို အနီးကပ် ညွှန်ကြားနေတဲ့ လေတပ်ဌာနချုပ်မှူး၊ ဒုဌာနချုပ်မှူး၊ အုပ်စုမှူး၊ ဌာနမှူး၊ အုပ်မှူး၊ တပ်မှူးများစာရင်းရဲ့ အမှတ်စဉ် ၉၃ မှာ ပစ်ခတ်ခံရတဲ့ ဒုဗိုလ်မှူးကြီးမြင့်ဝေရဲ့ နာမည်ကို တွေ့ရပါတယ်။
ဆက်ဖတ်ရန် →
ရေမထွက်၍ မြေအောက် ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူ ခံရနိုင်ဖွယ် ရှိနေ

ရေမထွက်၍ မြေအောက် ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူ ခံရနိုင်ဖွယ် ရှိနေ

🤣 ဘုန်းတော်ကြောင့် ရေ မထွက် 🤣

စစ်ကောင်စီဥက္ကဋ္ဌ မြေအောက် အကူပိုက်လိုင်းကို စက်ခလုတ်ဖွင့်၍ ရေစမ်းသပ် ဖြည့်တင်းခဲ့ရာတွင် ရေမထွက်၍ မြေအောက် ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူ ခံရနိုင်ဖွယ် ရှိနေ  

နိရဉ္စရာ၊ ဧပြီ ၁/၂၀၂၃ 

စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၃၀ ရက်နေ့က ကန်တော်ကြီးသို့ ရေဖြည့်တင်းမည့် မြေအောက်အကူ ရေပိုက်လိုင်းကို စက်ခလုတ်ဖွင့်ကာ ရေစမ်းသပ် ဖြည့်တင်းခဲ့ရာတွင် ရေမထွက်သဖြင့် မြေအောက်ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူခံရနိုင်ဖွယ်ရှိနေသည်ဟု သတင်းရရှိသည်။

စစ်တွေမြို့၊ ကန်တော်ကြီးအနီးနေထိုင်သည့် ဒေသခံတစ်ဦးက " ဟိုတစ်နေ့က ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ကန်တော်ကြီးကိုသွားပြီးတော့ စက်ခလုတ်ဖွင့်ပြီး  ရေစမ်းသပ်လွှတ်ကြည့်တယ်လို့ သိရတယ်။ ခဏစမ်းသပ်လွှတ်ကြည့်တာပါ။ ရေဖြည့်တော့ ရေမထွက်လို့ မအောင်မြင်ခဲ့ဘူးလို့ သိရတယ်"ဟု နိရဥ္စရာသို့ ပြောသည်။

သို့အတွက် ၎င်းမြေအောက်ရေရှာဖွေတူးဖော်နေသည့် ရေရရှိရေးလုပ်ငန်း အဖွဲ့ဝင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ရေတူးရာတွင် ပါဝင်သည့် တာဝန်ရှိသူများ အရေးယူခံရနိုင်ဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

စစ်တွေမြို့ အစိုးရဌာနဆိုင်ရာနှင့် နီးစပ်သူတစ်ဦးက "ရေလွှတ်ကြည့်တော့ ရေကမထွက်လို့ အဆင်မပြေဘူးလို့ သိရတယ်။ အဲဒါမြေအောက်ရေတူးတဲ့ ပိုက်လိုင်း တာဝန်ရှိတဲ့သူတွေကိုတောင် အရေးယူမယ်လို့ ပြောသံကြားတယ်" ဟု သူက ပြောသည်။

မတ်လ ၃၀ ရက်က စစ်တွေမြို့သို့ ဒုတိယအကြိမ်ရောက်ရှိလာသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအနီး မြေအောက်ရေ စမ်းသပ်တူးဖော်နေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး သင်္ဂနက်ရွာမှ စစ်တွေကန်တော်ကြီးသို့ သွယ်တန်းထားသည့် မြေအောက် အကူပိုက်လိုင်းကို စက်ခလုတ်ဖွင့်ကာ ရေစမ်းသပ်ဖြည့်တင်းခဲ့ကြောင်း မတ်လ ၃၁ ရက်ထုတ် စစ်ကောင်စီပိုင် သတင်းစာများတွင်လည်း ဖော်ပြထားသည်။

စစ်တွေမြို့ တစ်ခုလုံးကို ရေပေးဝေသည့် ကန်တော်ကြီးတွင် မတ်လ ဆန်းပိုင်းက စပြီး ရေခမ်းခြောက်သွားခဲ့ပြီ ဖြစ်သဖြင့် ၎င်းကန်တော်ကြီးသို့ ရေဖြည့်ရန် ရည်ရွယ်ချက်ဖြင့်  စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအနီးတွင် မတ်လ ဒုတိယအပတ်မှစတင်ကာ ရေရရှိရေး လုပ်ငန်းအဖွဲ့ဝင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)ကဦးဆောင်၍ မြေအောက်(အဝီစိ)တွင်း ၆ တွင်းခန့်ကို စက်ယန္တရားကြီးများဖြင့် စမ်းသပ်တူးဖော်နေသည်ဟု သိရသည်။ 

အဆိုပါ အဝီစိတွင်းရေများမှ ရေများကို စစ်တွေကန်တော်ကြီးသို့ ပိုက်လုံးများဖြင့် သွယ်တန်းပို့ဆောင်ရန် စီစဉ်နေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် စက်ခလုတ်ဖွင့်ပြီး ရေစမ်းသပ်ပို့လွှတ်ရာ ရေအနည်းငယ်သာထွက်ပြီးနောက် ပြန်ပိတ်သွားခဲ့သည်ဟု မျက်မြင် တက်ရောက်သူများက ပြောကြားသည်။ 

စစ်တွေကန်တော်ကြီးမှ ရေကို စစ်တွေတစ်မြို့လုံးနီးပါးကို သောက်သုံးရေ ဖြန့်ဝေပေးနေရပြီး စစ်တွေမြို့တွင် နေထိုင်သူ လူဦးရေတိုးပွားလာသည့် အပြင် တစ်ခြားတစ်ဖက်တွင်လည်း မိုးရေကို ခေတ်စနစ်နှင့်အညီစနစ်တကျ ထိန်းသိမ်းသိုလှောင်မှု အားနည်းနေသဖြင့် နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။

၂ဝ၁၄ ခုနှစ်မှစတင်ကာ အစိုးရက ကျပ်သိန်းပေါင်း မြောက်များစွာ အကုန်အကျခံကာ ကန်တော်ကြီးကို တူးဖော်မွန်းမံသော်လည်း “အလုပ်ထက် အစား” များသဖြင့် ငွေသာကုန်ပြီး နှစ်စဉ်နွေရာသီရောက်တိုင်း စစ်တွေတွင် ရေရှားပါးမှုနှင့် ကြုံနေရဆဲဖြစ်သည်ဟု စစ်တွေဒေသခံများက ပြောကြားသည်။

စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အများအပြားတွင် နှစ်စဉ် သောက်သုံးရေ ရှားပါးသဖြင့်  ဝယ်ယူသုံးစွဲနေကြရသည့် အတွက် ငွေကုန်ကြေးကျ ပိုများလျက်ရှိသည်ဟုလည်း မြို့ခံများက ပြောသည်။



စစ်တွေကန်တော်ကြီးကန်ကို အင်္ဂလိပ်အစိုးရတို့ ရခိုင်ပြည်ကို သိမ်းယူ အုပ်စိုးစဉ် ၁၉ဝ၆ ခုနှစ်မှ စတင် တူးဖော်ခဲ့သည်ဟု သိရသည်။  


ဆက်ဖတ်ရန် →
 စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး

စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး

ထီးချိုင့်မြို့နယ်၊ ဦးလာဘ ဘုရားရှိ စစ်ဘေးရှောင်များကို စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး 


ရန်ကုန်၊ ဧပြီ ၁ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ပေါက်ကုန်းရွာနှင့် ဦးလာဘ ဘုရားရှိ စစ်ဘေးရှောင်များကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်နှင့် ညနေ ၄ နာရီ ၃၀ မိနစ်တို့တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါက်ကုန်းရွာ၊ ဝဲကြီးရွာနှင့် အင်ဒေါင်းရွာ အကြားရှိ ဦးလာဘ ဘုရားအနီးရှိ စစ်ဘေးရှောင် ပြည်သူများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 


"ဝဲကြီးနဲ့ အင်ဒေါင်းရွာ အကြားက ဦးလာဘဘုရား အနီးမှာ စစ်ရှောင်နေသော အရပ်သား ပြည်သူတွေရှိတဲ့ နေရာကို စစ်ခွေးတွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ အရပ်သား ပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးခန့်ထိခိုက် ဒဏ်ရာရရှိတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး။ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်တာပါ" ဟု Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


Photo - အကြမ်းဖက် စစ်တပ် ဗုံးကျဲခြင်းကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ပေါက်ကုန်းရွာက ပြည်သူပိုင် နေအိမ် ၁ လုံး




ဆက်ဖတ်ရန် →
အရပ်သားထိခိုက်မှုမရှိသည့် မည်သည့်နေရာမဆို တိုက်ပွဲဖော်ဆောင်ရန် အသင့်ရှိဟု စစ်ကောင်စီကို စိန်ခေါ်

အရပ်သားထိခိုက်မှုမရှိသည့် မည်သည့်နေရာမဆို တိုက်ပွဲဖော်ဆောင်ရန် အသင့်ရှိဟု စစ်ကောင်စီကို စိန်ခေါ်

စစ်အာဏာရှင်စနစ် အမြန်ချုပ်ငြိမ်းရေး နေရာအသီးသီး၌ စစ်ရေးအရှိန်မြင့်တိုက်ခိုက်ရန် ထန်တလန် CDF တောင်းဆို


▪️အရပ်သားထိခိုက်မှုမရှိသည့် မည်သည့်နေရာမဆို တိုက်ပွဲဖော်ဆောင်ရန် အသင့်ရှိဟု စစ်ကောင်စီကို စိန်ခေါ်


မောင်မောင်/People’s Spring


စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နေရာအသီးသီး ၌ စစ်ရေးအရှိန်မြင့် တိုက်ခိုက်ရန် ထန်တလန်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို တောင်းဆိုလိုက်သည်။


ထန်တလန်မြို့နယ် ခွာဖိုရွာအား စစ်ကောင်စီတပ်က မတ်လ ၃၀ရက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ရှစ်ဦး သေဆုံးခဲ့ပြီး ၁၁ဦးဒဏ်ရာရခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ထန်တလန် CDFက သဘောထား ထုတ်ပြန်ရာ အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။


စစ်ကောင်စီ၏ ခွာဖိုရွာ နေပြည်သူများကို တိုက်ခိုက်မှုအပေါ် ဝမ်းနည်းကြေကွဲရသည့် တော်လှန်ရေး ဘက်တော်သားများဖြစ်ကြသည့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက အကြမ်းဖက်စစ်ကောင်စီ အာဏာရှင်စနစ်ကြီး အမြန်ချုပ်ငြိမ်းနိုင်ရန် အတွက် ကိုယ့်နေရာ အသီးသီးမှ  စစ်ရေးအရှိန်မြှင့် တိုက်ခိုက်ဆောင်ရွက်ကြရန် တောင်းဆိုကြောင်း ထန်တလန် CDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


ထန်တလန် CDF ၏ (၂)နှစ်ကာလအတွင်း တိုက်ပွဲဖော်ဆောင်နေရာတွင် အများပြည်သူ လုံခြုံမှု ရှိရေးကို ပထမဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကောင်စီမှ သူရဲဘောကြောင်ခြင်းမရှိဘဲ သတ္တိရှိပါက အများပြည်သူထိခိုက်နိုင်ခြင်းမရှိသည့် မည်သည့်နေရာဒေသတွင်မဆို တိုက်ပွဲဖော်ဆောင်ရန် စိန်ခေါ်လိုက်ကြောင်းလည်း ထုတ်ပြန်သည်။


ထန်တလန် CDFက ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိနိုင်ရန် အတွက် လက်က်ပြီး ပိုမိုပြင်းထန်သော တိုက်ပွဲများ အရှိန်မြှင့် ဖော်ဆောင်လာမည်ဖြစ်၍ ပြည်တွင်း၊ ပြည်ပနေ ပြည်သူများ အနေဖြင့် တော်လှန်ရေးကို ယခင်ကထက် ပိုမိုအားပေးရန်း အတူတကွ တိုက်ပွဲဝင်ကြရန် နှိုးဆော်ထားသည်။


၂၀၂၃နှစ်စပိုင်းမှစ၍ ထန်တလန်မြို့တွင်း တိုက်ပွဲတွင် အရေးနိမ့်မြဲနိမ့်နေသော စစ်ကောင်စီဘက် က ၎င်းတို့ ခြေကုပ်နေရာယူထားသည့် ရဲစခန်း သိမ်းပိုက်ခံရသည့် အချိန်မှစ၍ ယနေ့အထိ သာလွန်အင်အား အသုံးပြု လျက် တိုက်လေယာဉ် အသုံးပြုပြီး နေ့စဉ်လိုလို တိုက်ခိုက်နေသည်ဟု ဆိုသည်။


 ဇန်နဝါရီမှ မတ်လအထိ သုံးလအတွင်း ထန်တလန်မြို့နယ်အတွင်း လေကြောင်း ဖြင့် တိုက်ခိုက်မှု ၁၁၂ ကြိမ် ထက်မနည်းပြုလုပ်ခဲ့ကြောင်း၊  တိုက်ပွဲအတွင်း အရေးနိမ့်နေမှုအပေါ် မကျေနပ်သည့် သဘောဖြင့် အပြစ်မဲ့ ပြည်သူများနေထိုင်သည့်ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်ပြီးပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထန်တလန် CDFက ထုတ်ပြန်သည်။


အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ကုလ လုံခြုံရေးကောင်စီ၊ အာဆီယံ ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများမှ  ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် နှိုးဆော် ထားသည်။


အဓိကတရားခံဖြစ်ပြီး တာဝန်ယူ အမိန့်ပေးနေသည့် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး မျိုးထွဋ်လှိုင် ၊ ချင်းပြည်နယ် အမှတ်(၁) စစ်ဗျူဟာမှူး စောထွန်း၊ ချင်းပြည်နယ် နယ်စပ်ဒေသ ကာကွယ်ရေးဝန်ကြီး ဟန်ဝင်းအောင်၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ၀ုန်ဆွန်ထန် တို့၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်အပေါ် ထိုက်သင့်သည့် ပြစ်ဒဏ်များ ကျခံနိုင်ငံရေးနှင့် တာဝန်ယူ တာဝန်ခံနိုင်မှု ရှိလာနိုင်ရေး အထူးဆောင်ရွက်ပေးရန် နှိုးဆော်ကြောင်း ထန်တလန် CDFက ထုတ်ပြန်သည်။



(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling)

ဆက်ဖတ်ရန် →
NUG နဲ့မဟာမိတ်များကို အကူညီပေးရေး

NUG နဲ့မဟာမိတ်များကို အကူညီပေးရေး

🔻 Burma Act 
ကျွန်တော်တို့ Burma Act ထဲက အချက်တွေ လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ နေ့စဉ် အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ အများဆုံးပေးနေတဲ့ နိုင်ငံ    တစ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့အတွက် ရန်ကုန်မြို့ အမေရိကန်သံရုံးကတစ်ဆင့် ကြိုးပမ်းနေပါတယ်။

🔻 NUG နဲ့မဟာမိတ်များကို အကူညီပေးရေး
အခုဆိုရင် မြန်မာနိုင်ငံဧရိယာရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ စစ်ကောင်စီရဲ့ထိန်းချုပ်မှု အပြင်ဘက်မှာ ရှိနေပြီဖြစ်တဲ့အတွက်၊ ဒီဒေသတွေမှာ စီမံအုပ်ချုပ်နိုင်ဖို့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာငွေစာရင်း ရေးဆွဲတာလို အပိုင်းတွေအတွက် နည်းပညာ အကူအညီတွေ ပေးသွားဖို့ ဖြစ်ပါတယ်။ ဒီလို အကူအညီပေးဖို့အတွက်လည်း အမေရိကန်လွှတ်တော်မှာ ပါတီနှစ်ရပ်လုံးရဲ့ တစ်ခဲနက် ထောက်ခံမှုကို ရထားပါတယ်။ Burma Act ပါ အကြောင်းအရာ တွေကိုလည်း လွှတ်တော်ကို ပုံမှန် အစီရင်ခံတင်ပြပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

🔻 ရုရှားနဲ့စစ်ကောင်စီ ဆက်ဆံရေး
အခုလို ရုရှားက လက်နက်ရောင်းချနေတာ လက်ခံနိုင်စရာ မရှိတဲ့အကြောင်း မိတ်ဖက်နိုင်ငံအားလုံး သိအောင် ပြောထားပြီး ဖြစ်ပါတယ်။ မြန်မာစစ်တပ်အနေနဲ့လည်း သူတို့တိုက်နေတဲ့ စစ်ပွဲတွေအတွက် လောင်စာဖြစ်စေတဲ့ အရင်းအမြစ်တွေ ရဖို့ ပိုပြီးခက်ခဲသထက် ခက်ခဲလာအောင် လုပ်နေပါတယ်။ ကမ္ဘာ့နိုင်ငံ အားလုံးအနေနဲ့လည်း ရုရှားရဲ့ လက်နက်တင်ပို့ ရောင်းချမှုတွေ ဆက်လုပ်လို့ မရတော့အောင် လုပ်လို့ရသမျှ နည်းလမ်းအားလုံးနဲ့ ပိတ်ဆို့တားဆီးသင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ယူကရိန်းစစ်ပွဲကိုလည်း အာရုံစိုက်နေတဲ့အတွက် ရုရှားရဲ့ ယူကရိန်းစစ်ပွဲကို ဆက်တိုက်ဖို့ တွန်းအားဖြစ်စေတဲ့ လက်နက်တင်ပို့မှုကို တားဆီးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက်ရော ကမ္ဘာကြီးရဲ့ တည်ငြိမ်အေးချမ်းရေးအတွက်ပါ အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။

🔻 တရုတ်နဲ့စစ်ကောင်စီ ဆက်ဆံရေး
ကျွန်တော်တို့ မြန်မာနိုင်ငံအကျပ်အတည်းကို တရုတ်နဲ့  အမေရိကန်ကြားက အားပြိုင်ပွဲလို့ မရှုမြင်ပါဘူး။ မြန်မာနိုင်ငံကိစ္စကို စိုးရိမ်စရာကောင်းတဲ့ သီးခြားပြဿနာအနေနဲ့ပဲ မြင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံဟာ အလွန်ဆိုးဝါးတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအဖြစ် ပြောင်းလဲသွားတာဟာ မြန်မာစစ်တပ်က ပြည်သူ့ဆန္ဒနဲ့အညီ မဲပေးရွေးချယ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်လို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်းကိုလည်း တရုတ်နိုင်ငံကို တင်ပြပြောဆိုနေပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် အသစ်ခန့်အပ်လိုက်တဲ့ သံတမန်နဲ့လည်း ထိတွေ့ဆက်ဆံပြီး နှစ်ဘက်လုံးက လက်ခံနိုင်တဲ့ ဖြေရှင်းနည်းတစ်ခုရဖို့ ဖြစ်နိုင်မလား ဆိုတာကို ဆွေးနွေးချင်ပါတယ်။ မြန်မာ့အရေးမှာ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံလုံး တူညီတဲ့ ရည်မှန်းချက်တွေ ရှိနိုင်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းတာ မြင်ချင်ပါတယ်။ မြန်မာနိုင်ငံဟာ ရာဇဝတ်မှုတွေ၊ လက်နက်တွေ ၊ မူးယစ်ဆေးတွေနဲ့ လူကုန်ကူးမှုတွေ ထုတ်လုပ်တင်ပို့ရာနိုင်ငံ      မဖြစ်အောင် ကျွန်တော်တို့ တားဆီးသွားပါမယ်။ တရုတ်နိုင်ငံက လုပ်နေတာလည်း ဒီအတိုင်းပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

RFA နှင့် အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet မေးမြန်းခန်း
(မတ်လ ၂၇/၂၀၂၃)
#WhatsHappeningInMyanmar

Aung Kyaw Sint

KKH🌏


ဆက်ဖတ်ရန် →
KMKL&KPKL

KMKL&KPKL

ဘာလဲဟေ့သောက်ကျိုးနဲ
ဇာတ်ကားရိုက်လဲသေချာလေ့လာပြီးရိုက်ကြ

ကချင်စကားမှာ “အာဝါး အာနူး” ဆိုတာမရှိဘူး
ကချင်လို့ အဖေကို အဝါး (A Wa) အမေကို အနိုး (A Nu) လို့ခေါ်တယ်။ 
ကချင်လူမျိုးတွေ ဘယ်တော့အခါမှ လင်မယားချင်း အဝါး (A Wa) အနိုး (A Nu) လို့မခေါ်ကြဘူး။ ဘာလို့လဲဆိုရင် အဝါး (A Wa) အနိုး (A Nu) ဆိုတာ ကိုယ့်ရဲ့မိဘအရင်းကိုပဲခေါ်တဲ့အခေါ်အဝေါ်ဖြစ်တယ်။ လင်မယားချင်း အဝါး  (A Wa) လို့ခေါ်ရင် ကိုယ့်ဖခင်အရင်းနဲ့ အိမ်ထောင်ပြုခြင်း အနိုး (A Nu) လို့ခေါ်လိုက်ရင် ကိုယ့်မိခင်အရင်းနဲ့အိမ်ထောင်ပြုခြင်းအဖြစ်ဆိုလိုရင်းသက်ရောက်တယ်။ 
ခုထုတ်လွင့်နေတဲ့ စောင်နီလေးတစ်ထည်ဝါဒဖြန့်ဇာတ်ကားမှာ ရန်အောင်နဲ့ စိုးမြတ်သူဇာကလင်မယားခန်းမှာသရုတ်ဆောင်ပြီး တစ်ယောက်နဲ့တစ်ယောက် အာဝါး (A Wa) အာနူး (A Nu) ခေါ်နေကြတာက “ကိုယ့်ဖအေကိုယ်လိုး ကိုယ့်မအေကိုယ်လိုး” တွေလိုအဓိပ္ပါယ်သက်ရောက်တယ်။ အဲဒါနင်တို့ကောင်တွေအတိုင်းပဲ နင်တို့ရဲ့ဇတ်ရုပ်အမှန်ပဲ။ 

မသိရင်မှတ်ထား ကချင်မှာလင်မယားချင်း နိန်ဝါး (ကလေးဖေ) နိန်နိုး (ကလေးမေ)လို့ပဲခေါ်တယ်။ အချို့ကလည်း ချစ်စနိုးနဲ့ စောရ (ချစ်ချစ်) မာင (ကလေးလေး) လို့ခေါ်ကြပါတယ်။
Crd


ဆက်ဖတ်ရန် →
Project DragonFly နှင့် ပတ်သက်သော နောက်ဆက်တွဲအခြေအနေများကို အသိပေးထုတ်ပြန်

Project DragonFly နှင့် ပတ်သက်သော နောက်ဆက်တွဲအခြေအနေများကို အသိပေးထုတ်ပြန်

သတင်းထုတ်ပြန်ချက်
Project DragonFly နှင့် ပတ်သက်သော နောက်ဆက်တွဲအခြေအနေများကို
အသိပေးထုတ်ပြန်ခြင်း
၂၀၂၃ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့
 
၁။​အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်များတွင် အတတ်ပညာ၊ အသိပညာ၊ ငွေကြေးအားဖြင့် ပါဝင်ကူညီအားဖြည့်ပေးနေကြသူ တစ်ဦးချင်းစီတိုင်း၏ ကြိုးစားအားထုတ်မှုများကို လေးစားစွာဖြင့် အသိ အမှတ်ပြုအပ်ပါသည်။
၂။​အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များထံမှ တဆင့် Project DragonFly အတွက် အမေရိကန်ဒေါ်လာ (၂.၂) သန်းတိတိကို လက်ခံရရှိသုံးစွဲလျက်ရှိပါသည်။ ရရှိထားသော ရန်ပုံငွေများကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁.၄) သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၈) သိန်း လျာထား သုံးစွဲလျက်ရှိပါသည်။
၃။​အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည့် ရန်ပုံငွေရှာဖွေရေးစီမံချက်များမှ ရရှိလာသော ရန်ပုံငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိ လက်ခံရရှိခဲ့ပါသည်။
၄။​Project DragonFly မှ ရရှိခဲ့သော ရန်ပုံငွေများဖြင့် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအောင်မြင်မှုများကို လုံခြုံရေး အရ သင့်လျော်သည့် အချိန်များတွင် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
 
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ


ဆက်ဖတ်ရန် →
တပ်သားတွေရဲ့ သားသမီးတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း

တပ်သားတွေရဲ့ သားသမီးတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း

ကော့သောင်း၊ ခမောက်ကြီး ခမရ ၄၃၁ နဲ့ ၅၈၂ တပ်ရင်းတွေမှာ စစ်ကောင်စီတပ်သားတွေရဲ့ သားသမီးတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း

ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ခမရ ၄၃၁ နှင့် ၅၈၂ တပ်ရင်းတို့တွင် စစ်ကောင်စီတပ်သားများ၏ ၎င်းတို့၏ ဇနီးမယားများအပြင် သားသမီးများပါ အလှည့်ကျ ကင်းစောင့်ပေးနေရကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ၏  သားသမီးတွေကို ည ၈ နာရီမှ ည ၁၂ နာရီအထိ ၄ နာရီအကြာ  ၎င်းတို့ရဲ့ဇနီးမယားများနှင့်အတူ ပူတွဲကာ အလှည့်ကျ ကင်းစောင့်တာဝန်ချပေးထားတာကြောင်း အဆိုပါ တပ်ရင်းများနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ထို ကင်းစောင့်ပေးနေရသည့် စစ်ကောင်စီတပ်သားများ၏ သားသမီးများမှာ အသက် ၁၆ ၊ ၁၇ နှစ် အရွယ်ရှိပြီး စာမေးပွဲပြီးချိန်ကတည်းက စတင်ကာ ယခုလို လုပ်ဆောင်နေကြရတာဖြစ်ကြောင်းသိရှိရသည်။

"ခမရ ၄၃၁ နဲ့ ၅၈၂ ကတော့ အလှည့်ကျ ကင်းစောင့်နေရတယ်လို့သိရပါတယ်။ အခြားတပ်ရင်းတွေရဲ့ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ အခုရက်က စာမေးပွဲပြီးသွားပီဆိုတော့ သူတို့သားသမီးတွေလည်း အလှည့်ကျ ကင်းစောင့်ရတယ်လို့ သိရတယ်။ သိရသလောက်က တပ်တွင်းမှာလည်း အရင်ထက် အင်အားက အ​တော်လေးရော့နဲသွားတာကို တွေရှ်ိရတယ်" လို့ ​ခမရ ၄၃၁ တပ်ရင်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

အဆိုပါ ခမရ ၄၃၁ နဲ့ ခမရ ၅၈၂ တပ်ရင်းများသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အောက်ရှိ ကော့သောင်း၊ ခမောက်ကြီး အခြေစိုက် စကခ -၂၀ လက်အောက်မှာရှိသည့် တပ်ရင်းများလည်း ဖြစ်ကြသည်။

လက်ရှိဖြစ်ပွားနေသည့် ကရင်ပြည်နယ်တိုက်ပွဲများတွင် ကရခ လက်အောက်ခံ ခမောက်ကြီးအခြေစိုက် စကခ - ၂၀၊ ဘုတ်ပြင်း အခြေစိုက် စကခ-၁၃ နှင့် ရေဖြူမြို့နယ်အ ခြေစိုက် စကခ-၈ လက်အောက်ခံ တပ်ရင်းများသည် ကရင်ပြည်နယ်အတွင်း လှုပ်ရှားနေပြီး သေဆုံးမှုများပြားနေသည်မှာ အဆိုပါ စကခ လက်အောက်ခံ တပ်ရင်းများမှဖြစ်ကြောင်းသိရှိရသည်။

ဒါ့ပြင် စစ်ကောင်စီတပ်ရင်းများသည် နေရာအနှံ့ထိခိုက်သေဆုံးမှုများမြင့်မားနေပြီး တပ်သားသစ်များ ၀င်ရောက်မှုမရှိတော့သလို တပ်တွင်းအင်အား မလုံလောက်မှုများ ဖြစ်ပေါ်နေပြီး  ရဲမေနှင့် စစ်ကောင်စီတပ်သားများ၏ ဇနီးများအပြင် ၎င်းတို့ရဲ့ သားသမီးများကိုပါ ထုတ်သုံးလာခဲ့ခြင်းဖြစ်သည်။

#ကော့သောင်း #ခမောက်ကြီး #ခမရ၄၃၁ #၅၈၂တပ်ရင်း #စစ်ကောင်စီတပ်သား #သားသမီး #အလှည့်ကျ #ကင်းစောင့်
#Ayeyarwaddy_Times


ဆက်ဖတ်ရန် →
ဂုဏ်သိက္ခာရှိတဲ့ သတင်းဓာတ်ပုံဆု

ဂုဏ်သိက္ခာရှိတဲ့ သတင်းဓာတ်ပုံဆု


⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯❍

တကမ္ဘာလုံးက သတင်းဓာတ်ပုံဆရာတွေ၊ မှတ်တမ်းဓာတ်ပုံဆရာတွေ ဝင်ပြိုင်ကြတဲ့ World Press Photo ဆုတွေထဲက ဆုတစ်ခုကို လွိုင်ကော် ပီဒီအက်ဖ်အဖွဲ့က ဓာတ်ပုံဆရာ မောက်ခမ်းဝါ ရရှိကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ဒီနေ့ ကြေညာပါတယ်။ 
.
ဆုရတဲ့ ဓာတ်ပုံကတော့ မနှစ်က ကရင်နီ (ကယား)၊ မိုးဗြဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုအတွင်း လွိုင်ကော်ပီဒီအက်ဖ် တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ဒဏ်ရာရသူတစ်ဦးကို ထမ်းခေါ်လာတဲ့ ပုံပါ။ 
.
ဥရောပ၊ အလယ်ပိုင်းနဲ့ မြောက် အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ အာရှ၊ အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဆိုပြီး နယ်မြေအလိုက် သတ်မှတ် ဆုပေးတဲ့အထဲမှာ မောက်ခမ်းဝါရဲ့ ဓာတ်ပုံက အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဒေသအတွက် ပေးတဲ့ ဆုတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ 
.
အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဒေသအတွက် Singles, Stories, Long-Term Project, Open Format နဲ့ Honorable Metion ဆိုတဲ့ ဆု ၅ ဆုကြေညာခဲ့ပြီး မောက်ခမ်းဝါက Singles ကဏ္ဍအတွက် ဆုရခဲ့တာ ဖြစ်ပါတယ်။ 
.
World Press Photo Award ဆိုတာကတော့ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းက ဓာတ်ပုံသတင်းထောက်တွေ၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးသူတွေ အများဆုံး ဝင်ပြိုင်ကြတဲ့ ဂုဏ်သိက္ခာရှိတဲ့ ဆု တစ်ခုပါ။
.
နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ အခြေစိုက် World Press Photo အဖွဲ့ဟာ ၂၀၁၁ ခုနှစ်ကတည်းက နှစ်စဉ် ဆုပေးပွဲတွေကျင်းခဲ့တာဖြစ်ပြီး သတင်းဓာတ်ပုံလောကနဲ့ မှတ်တမ်းဓာတ်ပုံလောကထဲမှာ ပြောစမှတ်ပြုရ၊ အသိအမှတ်ပြုရတဲ့ ဆုတစ်ခုလည်း ဖြစ်ပါတယ်။
Mratt kyaw thu


ဆက်ဖတ်ရန် →
တရားမျှတမှုဆိုတာကို ပြန်ပေးဖို့တော့ မေ့နေကြတာ

တရားမျှတမှုဆိုတာကို ပြန်ပေးဖို့တော့ မေ့နေကြတာ

တရားမျှတမှုဆိုတာကို လူတွေက ကိုယ့်အတွက်ပဲ လိုချင်ကြတာ။ ပြန်ပေးဖို့တော့ မေ့နေကြတာမျိုး။

တရားမျှတမှုဆိုလို့ ရာဇဝတ်ပြစ်မှုအကြီးကြီးတွေပဲ ပြေးမြင်ရမှာလည်းမဟုတ်ဘူး။ 
ကိုယ့် လူ့ပတ်ဝန်းကျင်မှာအသေးအဖွဲ တရားမျှတမှုမရှိတာကို လက်ပိုက်ကြည့်မနေတာ လည်း တရားမျှတမှုကို ကျင့်ကြံတာပဲ။

ကိုယ်ယူခဲ့သလို ပြန်ပေးတတ်တာမျိုးကလည်း တရားမျှတမှုကို ကျင့်ကြံတာပဲ။ ဒီ society ကြောင့် ကိုယ်အသာစံခဲ့ရတယ် ဆိုရင်၊ ဒီ society နာနေတဲ့အချိန် ကိုယ်မနာချင်လို့လည်း မရဘူး။

နောက်တမျိုးက  သူ့ဖက်ကျတော့ အိုးပစ် အိမ်ပစ် ဘဝပစ် career ပစ် မိသားစုပစ် လုပ်ပလေ့စေ၊ ကိုယ့်ဖက်ကျတော့ အသေးအဖွဲသာယာမှုလေးတွေတောင် အောင့်ထားဖို့ အားမနာတတ်ဘူး။ သူတို့ခက်ခဲနေချိန် ငါ ဒါလုပ်လိုက်ရင် မတရားသလိုများဖြစ်မလား လို့မတွေးဘူး။ ဒါဟာလည်း တရားမျှတဖို့ ပျက်ကွက်တာပဲ။

"ဟာ…ဒါလေး တွေများကွာ၊ ရေးကြီးခွင်ကျယ်" ဆိုပြီး တရားမျှတမှုခေါင်းစဉ်အောက် ထည့်တွေးရမှန်း‌တောင် မသိ‌သေးဘူးဆိုရင်တော့ တရားမျှတမှုဟာ ဝေးနေဦးမှာပဲ။ 

ဘာလို့ဆို…ကြီးမားတဲ့ တရားမျှတမှုတွေဆိုတာ သေးငယ်တဲ့ တရားမျှတမှုတွေအပေါ် ဆင့်ကဲတည်ဆောက်ထားတာ ဖြစ်လို့ပါ။ 

Justice is not one sided.

ဖြူဖြူကျော်သိန်း



ဆက်ဖတ်ရန် →
စွမ်းဆောင်ရည်မြင့်မားသည့် ဒုတိယမျိုးဆက် ဒရုန်းအမျိုးအစားအသစ်များ

စွမ်းဆောင်ရည်မြင့်မားသည့် ဒုတိယမျိုးဆက် ဒရုန်းအမျိုးအစားအသစ်များ

Federal Wings မှ ပထမမျိုးဆက်ထက် စွမ်းဆောင်ရည်မြင့်မားသည့် ဒုတိယမျိုးဆက် ဒရုန်းအမျိုးအစားအသစ်များ ထုတ်ဖော်ပြသ

CJ Platform

KNU ထိန်းချုပ်နယ်မြေများအတွင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တွန်းလှန်နေသည့် Federal Wings မှ ပထမမျိုးဆက်ထက် စွမ်းဆောင်ရည်မြင့်မားသည့် ဒုတိယမျိုးဆက် ဒရုန်းအမျိုးအစားသစ်များကို ယနေ့တွင် ထုတ်ဖော်ပြသခဲ့သည်။

Federal Wings သည် KNU-KNLA/KNDO တပ်ရင်းတပ်ဖွဲ့များဖြင့် ပူးပေါင်းကာ ပူးတွဲတိုက်ဝင်နေခြင်းလည်း ဖြစ်သည်။

Federal Wings အနေဖြင့် ပထမဆုံး ဒရုန်းပျံသန်းမှု စမ်းသပ်ခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် စတင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ် ဧပြီ လမှစတင်ကာ KNU တပ်မဟာ ၆ နှင့် တပ်မဟာ ၃ နယ်မြေများ၌ စစ်ဆင်ရေးများကို စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

🖋မွန်လေး

ဓာတ်ပုံ- Federal Wings

#CjPlatform #FederalWings







ဆက်ဖတ်ရန် →
Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

စစ်ကောင်စီအတွက် အလုပ်လုပ်နေသော မြန်မာ့အာမခံလုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲ 

By Yangon Khit Thit News Agency March 29, 2023

 စစ်ကောင်စီအတွက် အလုပ်လုပ်နေသော မြန်မာ့အာမခံလုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲ ရန်ကုန်၊ မတ် ၂၉ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် အကြမ်းဖက်စစ်တပ် လက် အောက်ခံ မြန်မာ့အာမခံ လုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံ စိုးငြိမ်းကို ဖမ်း ဆီး လိုက်ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တောင်ပိုင်းတိုင်း တာဝန် ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မတ်လ ၂၅ ရက် ညနေ ၄ နာရီခန့်က ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် အကြမ်း ဖက်စစ်ကောင်စီ လက်အောက်ခံ ဒေါက်တိုင် လုပ်ကိုင်နေသူတစ်ဦး ဆိုင်ကယ် ဖြင့် သွားလာနေကြောင်း တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေး ပို့ချက်အရ PDF တပ်ရင်း ၅ တပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးမောင်းနှင်လာ သော ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ မြန်မာ့အာမခံလုပ်ငန်းမှ ခရိုင် တာဝန်ခံ အသက် ၅၈ နှစ် အရွယ် စိုးငြိမ်းဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ “သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)နဲ့အမှုဖွင့်ထားပါတယ်၊ ရမန် ကုန်ရင်တော့ တရားစွဲတင်မှာဖြစ်ပါတယ်၊ ကလေးမြို့ထဲမှာလည်း စစ် ခွေး တွေ ဘာမှ မလှုပ်ရှားနိုင်ပါဘူး၊ ကျနော်တို့ စစ် ကိုင်းမှာက ပြည်သူ့ အုပ် ချုပ် ရေးနယ်မြေတွေ ကျယ်လာပါပြီ” ဟု ကလေးမြို့နယ် ပြည်သူ့ ရဲတပ် ဖွဲ့တောင် ပိုင်းတိုင်း တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ဖမ်းဆီးရရှိသူ စိုးငြိမ်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် အမျိုး သား ညီညွတ်ရေး အစိုးရ လက်အောက်ရှိ ကလေးမြို့နယ် ပြည်သူ့ရဲ တပ်ဖွဲ့ ထံသို့ သက်သေခံပစ္စည်းများနှင့်အတူ ယမန်နေ့ မတ် ၂၆ ရက် ညနေ ၃ နာရီ ခန့်အချိန် လွှဲပြောင်းပေးခဲ့ကြောင်း၊ ၎င်းကို ကလေးမြို့နယ် တရားရုံးသို့ တရား စွဲဆို တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့က ပြောသည်။


ဆက်ဖတ်ရန် →
 စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားဦးရေဟာ ၃၁၈၂ဦးထိရှိပြီဖြစ်

စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားဦးရေဟာ ၃၁၈၂ဦးထိရှိပြီဖြစ်

မြန်မာနိုင်ငံ၌ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ရက်နေ့မှ စတင်ပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၉ရက်နေ့အထိ ၂၅လ အတွင်း၌ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားဦး ရေဟာ ၃၁၈၂ဦးထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ ထုတ်ပြန်ချက်အရ သိရသည်။


စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေ ဖော်ဝါရီ ၁ရက်နေ့မှ ၂၀၂၃ခုနှစ် မတ်လ ၂၉ရက်နေ့ ညနေ ၆ နာရီအချိန်ထိ AAPPက ကောက်ယူထားခဲ့သည့် စာရင်းများအရ လက်ရှိအချိန်ထိ စစ်ကောင် စီတပ်၏ မတရားဖမ်းဆီးခံရသူစုစုပေါင်းဟာ ၁၇၀၅၈ဦးထိရှိနေပြီး ၅၂၅၄ဦးဟာထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။


 စစ်ကောင်စီက အပြစ်ဒဏ်ချမှတ်ခဲ့သည့် စာရင်းများတွင်လူ ၁၀၃ ဦးသည် သေဒဏ်ချမှတ်ခံထားရတယ်လို့လဲ  AAPP၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။


ယင်းအပြင် ဖမ်းဆီးခံထားရသူများအတွင်းမှ ၁၂၀ဦးကို မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်ပြီး ၄၁ဦးကို မျက်ကွယ်သေဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။


ထို့ကြောင့် စစ်အာဏာသိမ်းပြီးချိန်မှစပြီး ယမန်နေ့ မတ်လ ၂၉ ရက်နေ့အထိ သေဒဏ်ချမှတ်ခံရသူစုစုပေါင်းသည် ၁၄၅   ဦးထိရှိနေပြီး ဖမ်းဆီးခံထားရသူများထဲမှ ၂၄ဦးသည် အာမခံနှင့် ပြန်လည်လွတ်မြောက်လာခဲ့ကြသောကြောင့် ပြန်လည်လွတ် မြောက်သူစုစုပေါင်းသည်၃၈၄၃ဦးရှိပြီဖြစ်သည်။


နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ်ခံရတဲ့အရပ်သားပြည်သူတွေရဲ့ သတင်းကိုသိရှိပါက AAPPအဖွဲ့ထံဆက်သွယ်ပြီး အသိပေးအကြောင်းကြားနိုင်ကြောင်းလည်း AAPPမှ ထုတ်ပြန်ထားသည်။


🖋ခေတ်နီ




ဆက်ဖတ်ရန် →