မင်းအောင်လှိုင် အလိမ်ပေါ်ပြန်ဘီ !
VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်
ဒဗမက၏ဇနီး ထမီအလှန်ခံရ
ရေမထွက်၍ မြေအောက် ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူ ခံရနိုင်ဖွယ် ရှိနေ
စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး
ထီးချိုင့်မြို့နယ်၊ ဦးလာဘ ဘုရားရှိ စစ်ဘေးရှောင်များကို စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၁ ခေတ်သစ်
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ပေါက်ကုန်းရွာနှင့် ဦးလာဘ ဘုရားရှိ စစ်ဘေးရှောင်များကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်နှင့် ညနေ ၄ နာရီ ၃၀ မိနစ်တို့တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါက်ကုန်းရွာ၊ ဝဲကြီးရွာနှင့် အင်ဒေါင်းရွာ အကြားရှိ ဦးလာဘ ဘုရားအနီးရှိ စစ်ဘေးရှောင် ပြည်သူများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
"ဝဲကြီးနဲ့ အင်ဒေါင်းရွာ အကြားက ဦးလာဘဘုရား အနီးမှာ စစ်ရှောင်နေသော အရပ်သား ပြည်သူတွေရှိတဲ့ နေရာကို စစ်ခွေးတွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ အရပ်သား ပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးခန့်ထိခိုက် ဒဏ်ရာရရှိတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး။ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်တာပါ" ဟု Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
Photo - အကြမ်းဖက် စစ်တပ် ဗုံးကျဲခြင်းကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ပေါက်ကုန်းရွာက ပြည်သူပိုင် နေအိမ် ၁ လုံး
အရပ်သားထိခိုက်မှုမရှိသည့် မည်သည့်နေရာမဆို တိုက်ပွဲဖော်ဆောင်ရန် အသင့်ရှိဟု စစ်ကောင်စီကို စိန်ခေါ်
စစ်အာဏာရှင်စနစ် အမြန်ချုပ်ငြိမ်းရေး နေရာအသီးသီး၌ စစ်ရေးအရှိန်မြင့်တိုက်ခိုက်ရန် ထန်တလန် CDF တောင်းဆို
▪️အရပ်သားထိခိုက်မှုမရှိသည့် မည်သည့်နေရာမဆို တိုက်ပွဲဖော်ဆောင်ရန် အသင့်ရှိဟု စစ်ကောင်စီကို စိန်ခေါ်
မောင်မောင်/People’s Spring
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နေရာအသီးသီး ၌ စစ်ရေးအရှိန်မြင့် တိုက်ခိုက်ရန် ထန်တလန်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို တောင်းဆိုလိုက်သည်။
ထန်တလန်မြို့နယ် ခွာဖိုရွာအား စစ်ကောင်စီတပ်က မတ်လ ၃၀ရက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ရှစ်ဦး သေဆုံးခဲ့ပြီး ၁၁ဦးဒဏ်ရာရခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ထန်တလန် CDFက သဘောထား ထုတ်ပြန်ရာ အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ခွာဖိုရွာ နေပြည်သူများကို တိုက်ခိုက်မှုအပေါ် ဝမ်းနည်းကြေကွဲရသည့် တော်လှန်ရေး ဘက်တော်သားများဖြစ်ကြသည့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက အကြမ်းဖက်စစ်ကောင်စီ အာဏာရှင်စနစ်ကြီး အမြန်ချုပ်ငြိမ်းနိုင်ရန် အတွက် ကိုယ့်နေရာ အသီးသီးမှ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်ဆောင်ရွက်ကြရန် တောင်းဆိုကြောင်း ထန်တလန် CDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထန်တလန် CDF ၏ (၂)နှစ်ကာလအတွင်း တိုက်ပွဲဖော်ဆောင်နေရာတွင် အများပြည်သူ လုံခြုံမှု ရှိရေးကို ပထမဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကောင်စီမှ သူရဲဘောကြောင်ခြင်းမရှိဘဲ သတ္တိရှိပါက အများပြည်သူထိခိုက်နိုင်ခြင်းမရှိသည့် မည်သည့်နေရာဒေသတွင်မဆို တိုက်ပွဲဖော်ဆောင်ရန် စိန်ခေါ်လိုက်ကြောင်းလည်း ထုတ်ပြန်သည်။
ထန်တလန် CDFက ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိနိုင်ရန် အတွက် လက်က်ပြီး ပိုမိုပြင်းထန်သော တိုက်ပွဲများ အရှိန်မြှင့် ဖော်ဆောင်လာမည်ဖြစ်၍ ပြည်တွင်း၊ ပြည်ပနေ ပြည်သူများ အနေဖြင့် တော်လှန်ရေးကို ယခင်ကထက် ပိုမိုအားပေးရန်း အတူတကွ တိုက်ပွဲဝင်ကြရန် နှိုးဆော်ထားသည်။
၂၀၂၃နှစ်စပိုင်းမှစ၍ ထန်တလန်မြို့တွင်း တိုက်ပွဲတွင် အရေးနိမ့်မြဲနိမ့်နေသော စစ်ကောင်စီဘက် က ၎င်းတို့ ခြေကုပ်နေရာယူထားသည့် ရဲစခန်း သိမ်းပိုက်ခံရသည့် အချိန်မှစ၍ ယနေ့အထိ သာလွန်အင်အား အသုံးပြု လျက် တိုက်လေယာဉ် အသုံးပြုပြီး နေ့စဉ်လိုလို တိုက်ခိုက်နေသည်ဟု ဆိုသည်။
ဇန်နဝါရီမှ မတ်လအထိ သုံးလအတွင်း ထန်တလန်မြို့နယ်အတွင်း လေကြောင်း ဖြင့် တိုက်ခိုက်မှု ၁၁၂ ကြိမ် ထက်မနည်းပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အရေးနိမ့်နေမှုအပေါ် မကျေနပ်သည့် သဘောဖြင့် အပြစ်မဲ့ ပြည်သူများနေထိုင်သည့်ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်ပြီးပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထန်တလန် CDFက ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ကုလ လုံခြုံရေးကောင်စီ၊ အာဆီယံ ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများမှ ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် နှိုးဆော် ထားသည်။
အဓိကတရားခံဖြစ်ပြီး တာဝန်ယူ အမိန့်ပေးနေသည့် မင်းအောင်လှိုင်၊ စိုးဝင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး မျိုးထွဋ်လှိုင် ၊ ချင်းပြည်နယ် အမှတ်(၁) စစ်ဗျူဟာမှူး စောထွန်း၊ ချင်းပြည်နယ် နယ်စပ်ဒေသ ကာကွယ်ရေးဝန်ကြီး ဟန်ဝင်းအောင်၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ၀ုန်ဆွန်ထန် တို့၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်အပေါ် ထိုက်သင့်သည့် ပြစ်ဒဏ်များ ကျခံနိုင်ငံရေးနှင့် တာဝန်ယူ တာဝန်ခံနိုင်မှု ရှိလာနိုင်ရေး အထူးဆောင်ရွက်ပေးရန် နှိုးဆော်ကြောင်း ထန်တလန် CDFက ထုတ်ပြန်သည်။
(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling)
NUG နဲ့မဟာမိတ်များကို အကူညီပေးရေး
KMKL&KPKL
Project DragonFly နှင့် ပတ်သက်သော နောက်ဆက်တွဲအခြေအနေများကို အသိပေးထုတ်ပြန်
တပ်သားတွေရဲ့ သားသမီးတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း
ဂုဏ်သိက္ခာရှိတဲ့ သတင်းဓာတ်ပုံဆု
တရားမျှတမှုဆိုတာကို ပြန်ပေးဖို့တော့ မေ့နေကြတာ
စွမ်းဆောင်ရည်မြင့်မားသည့် ဒုတိယမျိုးဆက် ဒရုန်းအမျိုးအစားအသစ်များ
Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားဦးရေဟာ ၃၁၈၂ဦးထိရှိပြီဖြစ်
မြန်မာနိုင်ငံ၌ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ရက်နေ့မှ စတင်ပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၉ရက်နေ့အထိ ၂၅လ အတွင်း၌ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားဦး ရေဟာ ၃၁၈၂ဦးထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေ ဖော်ဝါရီ ၁ရက်နေ့မှ ၂၀၂၃ခုနှစ် မတ်လ ၂၉ရက်နေ့ ညနေ ၆ နာရီအချိန်ထိ AAPPက ကောက်ယူထားခဲ့သည့် စာရင်းများအရ လက်ရှိအချိန်ထိ စစ်ကောင် စီတပ်၏ မတရားဖမ်းဆီးခံရသူစုစုပေါင်းဟာ ၁၇၀၅၈ဦးထိရှိနေပြီး ၅၂၅၄ဦးဟာထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။
စစ်ကောင်စီက အပြစ်ဒဏ်ချမှတ်ခဲ့သည့် စာရင်းများတွင်လူ ၁၀၃ ဦးသည် သေဒဏ်ချမှတ်ခံထားရတယ်လို့လဲ AAPP၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
ယင်းအပြင် ဖမ်းဆီးခံထားရသူများအတွင်းမှ ၁၂၀ဦးကို မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်ပြီး ၄၁ဦးကို မျက်ကွယ်သေဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် စစ်အာဏာသိမ်းပြီးချိန်မှစပြီး ယမန်နေ့ မတ်လ ၂၉ ရက်နေ့အထိ သေဒဏ်ချမှတ်ခံရသူစုစုပေါင်းသည် ၁၄၅ ဦးထိရှိနေပြီး ဖမ်းဆီးခံထားရသူများထဲမှ ၂၄ဦးသည် အာမခံနှင့် ပြန်လည်လွတ်မြောက်လာခဲ့ကြသောကြောင့် ပြန်လည်လွတ် မြောက်သူစုစုပေါင်းသည်၃၈၄၃ဦးရှိပြီဖြစ်သည်။
နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ်ခံရတဲ့အရပ်သားပြည်သူတွေရဲ့ သတင်းကိုသိရှိပါက AAPPအဖွဲ့ထံဆက်သွယ်ပြီး အသိပေးအကြောင်းကြားနိုင်ကြောင်းလည်း AAPPမှ ထုတ်ပြန်ထားသည်။
🖋ခေတ်နီ































