နောက်ဆုံးရ
စစ်ခွေးတွေ အမျိုးသားလူငယ်တွေကို ထမိန်ခြုံ နှိပ်စက်

စစ်ခွေးတွေ အမျိုးသားလူငယ်တွေကို ထမိန်ခြုံ နှိပ်စက်

ရန်ကုန်မှာ စစ်ကောင်စီက လူငယ်တွေကို ဖမ်းဆီးငွေညှစ်၊ အမျိုးသားလူငယ်တွေကို ထမိန်ခြုံ နှိပ်စက် 
 မဲခေါင်၊ မတ် ၁၀ 
 ရန်ကုန်တိုင်း၊ မြို့နယ်အချို့မှာ နေအိမ်ရှေ့၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင် ထိုင်နေတဲ့ လူငယ်တွေကို စစ်တပ်က ဖမ်းဆီးပြီး သက်ဆိုင်ရာ မြို့နယ် ရဲစခန်းတွေကို ခေါ်ဆောင် စစ်ဆေး ငွေညှစ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၉ ရက်နေ့၊ ည ၉ နာရီခွဲခန့်က တာမွေမြို့နယ်၊ ကျောက်မြောင်း၊ သီတာလမ်း၊ ဦးရှင်ကြီးအနီး လမ်းဘေးမှာ ဘီယာ ထိုင်သောက်နေတဲ့ လူငယ် ၃ ဦးကို စစ်ကားတစ်စီးက လာရောက် ဖမ်းဆီး သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လှိုင်မြို့နယ် မာလာမြိုင်မှာလည်း လူငယ်တွေကို စစ်ကားနဲ့ လာဖမ်းသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ "၉ ရက်နေ့ ည ၇ နာရီလောက်မှာ မာလာမြိုင် (၈) လမ်းထိပ်မှာ အရှေ့ပေငါးဆယ်လမ်းမှာ ဖမ်းတယ်။ လမ်းသွားလမ်းလာတွေ ရိုက်ပြီး တင်ခေါ်တာ။ အဲ့လိုဖမ်းရင် စစ်ကားနဲ့လာပြီး ဖမ်းတာ များတယ်။ လမ်းသွားတဲ့အခါ ဖုန်းထဲမှာ ရှိတဲ့ဟာတွေ ဖျက်ပြီး သွားတာ အကောင်းဆုံးပဲ။ လူငယ်ဆိုရင် ယောကျ်ား၊ မိန်းကလေး အကုန်ဖမ်းတာ" လို့ သူကပြောပါတယ်။ အလားတူ မတ်လ ၈ ရက်၊ ညနေ ၆ နာရီ ဝန်းကျင်က ကြည့်မြင်တိုင်ဈေးကြီး ရပ်ကွက်၊ ညဈေးအနီး ဂိမ်းထိုင်ဆော့နေတဲ့ လူငယ်တွေ အပါအဝင် အမျိုးသားနဲ့ အမျိုးသမီး ၁၅ ဦး ဝန်းကျင်ကို စစ်ကား ရဲကားတွေနဲ့ ကြည့်မြင်တိုင်ရဲစခန်းကို ၃ ယောက်တစ်တွဲ၊ ၂ ယောက်တစ်တွဲ လမ်းလျှောက်ခိုင်းကာ ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။ ရွှေပြည်သာမြို့နယ်နဲ့ အခြားမြို့နယ်များတွင်လည်း မိမိနေအိမ်ရှေ့ အရက်သောက်သူ လူငယ်တွေနဲ့ ဘီယာဆိုင်မှာ ထိုင်သောက်နေတဲ့ လူငယ်တွေကို ဆက်တိုက် ဖမ်းဆီး ရိုက်နှက်မှုတွေ ရှိနေတဲ့အတွက် ညဘက် အပြင်ထွက်တဲ့အခါ သတိထား သွားလာဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူငယ်တွေကို ဖမ်းဆီးပြီးနောက် နည်းမျိစုံ အသုံးပြုပြီး စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ ပြုလုပ်ရာမှာ ဖမ်းဆီးထားတဲ့ လူငယ် ၂ ဦးကို လူမြင်ကွင်းမှာ စစ်တပ်နဲ့ ရဲတွေ ဝိုင်းထားပြီး ထမိန်ခြုံထားပေးတာကို တွေ့ရပါတယ်။ ဒီဖြစ်စဉ်ဟာ အခုရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်က အတည်ပြုပါတယ်။ အဆိုပါ ဖမ်းဆီးမှုတွေကို စစ်ကောင်စီက တက္ကသိုလ်ဝင်တန်း ဖြေဆိုတဲ့ မတ်လ ၈ ရက်နေ့မှ စတင်နေတာ ဖြစ်ပြီး ရဲစခန်းနဲ့ တရားရုံးတွေမှာ အမှုမျိုးစုံ ခေါင်းစဉ်တပ် ဖွင့်ကာ ပိုက်ဆံ သိန်းချီတောင်းပြီးမှ ပြန်လွှတ်ပေး နေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။ MK 005 #MeKongNews #ရန်ကုန် #တက္ကသိုလ်ဝင်တန်း #ဖမ်းဆီးငွေညှစ်



ဆက်ဖတ်ရန် →
လက်နက်ခဲယမ်း ဝယ်ယူမှုနှင့် အခြားသော ကိစ္စရပ်များအတွက် အရေးပေါ် သုံးစွဲမှုများကြောင့် တပ်ရိက္ခာ လျော့ချခဲ့ရခြင်းဖြစ်ဟု MOD အတွင်းဝန်ပြော

လက်နက်ခဲယမ်း ဝယ်ယူမှုနှင့် အခြားသော ကိစ္စရပ်များအတွက် အရေးပေါ် သုံးစွဲမှုများကြောင့် တပ်ရိက္ခာ လျော့ချခဲ့ရခြင်းဖြစ်ဟု MOD အတွင်းဝန်ပြော

Author လင်းခိုင် Published on Mar 09, 2023 
 လက်နက်ခဲယမ်းဝယ်ယူမှုနှင့် အခြားသော ကိစ္စရပ်များအတွက် အရေးပေါ် သုံးစွဲမှုများကြောင့် တပ်ရိက္ခာ လျော့ချခဲ့ရခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က CJ Platform သို့ ပြောကြားသည်။ “အခြားသော ခေါင်းစဉ်များနဲ့ ထောက်ပံ့မှုတွေ လုပ်မှာဖြစ်တယ်။ ဒါကယာယီပေါ့နော်၊ လက်နက်ခဲယမ်း ဝယ်ယူမှုနဲ့ အခြားသော ကိစ္စရပ်တွေမှာ အရေးပေါ် သုံးစွဲမှုတွေရှိတဲ့အတွက်ကြောင့်မို့လို့ အနည်းငယ်လျော့ချတဲ့ သဘောဖြစ်ပြီးတော့၊ ပြန်ပြီးတော့ အပြည့်အဝ ပေးသွားမှာ ဖြစ်သလို၊ အခြားသော လိုအပ်ချက်တွေကို ထောက်ပံ့နိုင်ဖို့ ကိစ္စလည်း ပိုပြီးဆောင်ရွက်ဖို့ရှိပါတယ်။ ဒါကြောင့်မို့လို့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေ ပိုပြီးအားကောင်းအောင် ပြင်ဆင်ဆောင်ရွက်တဲ့ အချိန်မို့လို့ ယာယီဖြစ်တဲ့ ကိစ္စဖြစ်ပြီးတော့ ပိုပြီးအားကောင်းအောင် ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်” ဟု ဦးနိုင်ထူးအောင်က ပြောကြားသည်။ ထိုကဲ့သို့ တပ်ရိက္ခာအား လျော့ချရာတွင်လည်း အနည်းငယ်သာလျော့ချခြင်းဖြစ်ပြီး၊ အခြားသော ခေါင်းစဉ်ဖြင့် ထောက်ပံ့မှုများ ပြုလုပ်သွားရန်ရှိကြောင်း ဦးနိုင်ထူးအောင်က ဆက်လက်ရှင်းပြသည်။ “တပ်ရိက္ခာ ထောက်ပံ့တဲ့ ပမာဏ လျော့ချတယ်ဆိုတာ အနည်းငယ်ပဲဖြစ်ပါတယ်။ အခြားသော ခေါင်းစဉ်နဲ့ ထောက်ပံ့မှုတွေ ပိုပြီးလုပ်သွားဖို့ဖြစ်တယ်။ အရင်တုန်းကတော့ ရိက္ခာဆိုတာထက် အထွေထွေသုံးဖို့ဆိုတဲ့ ပုံစံမျိုးပေါ့၊ ရိက္ခာအပါအဝင်၊ အခြား လိုတာသုံးဖို့ပေါ့” ဟု ဦးနိုင်ထူးအောင်က ပြောကြားသည်။ ထို့ပြင် NUG မှ တော်လှန်ရဲဘော်များကို ထောက်ပံ့သည့် လက်နက်များအနက် တစ်ဝက်ခန့်သည် အညာဒေသသို့ ထောက်ပံ့ပေးထားကြောင်း၊ အညာဒေသအား လျစ်လျူရှု့ထားသည်မှာ မဟုတ်မှန်ပဲ လက်နက်ထပ်မံ တပ်ဆင်ပေးနိုင်ရန်အတွက် ကြိုးစားနေကြောင်း ဦးနိုင်ထူးအောင်က ပြောကြားသည်။ “ကျွန်တော်တို့ရဲ့ လက်နက်တပ်ဆင်မှု တစ်ဝက်ကျော်က အညာဒေသကို တပ်ဆင်ထားတာဖြစ်ပါတယ်၊ အညာဒေသက တပ်ရင်းတပ်ဖွဲ့ များပြားသလို၊ စစ်ရေးအရလဲ လိုအပ်ချက်တွေများပြားပါတယ်။ ဒါကြောင့်မို့လို့ ထပ်မံပြီးတော့ တပ်ဆင်ဖို့ ကိစ္စကို အစွမ်းကုန်ကြိုးစားပြီးတော့ ဆောင်ရွက်နေတဲ့ အနေအထားရှိပါတယ်။ ဒါကြောင့် အညာဒေသကို လျစ်လျူရှု့ထားတယ်ဆိုတာ မဟုတ်ပါဘူး၊ ဒါကို အမြန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု ဦးနိုင်ထူးအောင်က ဆိုသည်။ လက်ရှိ အညာဒေသတွင် စစ်ကောင်စီကို တွန်းလှန်နေသည့် တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့အချို့သည့် တပ်ရိက္ခာ လျော့ချခံရခြင်း၊ လက်နက်လုံလောက်စွာ ရရှိမှုမရှိခြင်း၊ အလှူငွေရရှိမှု နည်းပါးလာခြင်းများကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရပြီး၊ အချို့သောအဖွဲ့များသည် တိုက်ပွဲများကိုပင် ရပ်နားထားရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည်။ဓာတ်ပုံ- Pale Jokers PDF


ဆက်ဖတ်ရန် →
အမေစုနာမည်သုံးပြီးတော်လှန်ရေးမှာမပါဖို့စည်းရုံးနေ

အမေစုနာမည်သုံးပြီးတော်လှန်ရေးမှာမပါဖို့စည်းရုံးနေ

 ဘောမမီဒီယာက စန္ဒာမင်းကိုစင်တင်ပွဲထုတ်လာပြီ





စမ်းစမ်းမော် us လက်ရှိ လှိုင်သာယာ လယ်ကွက်တွင်တဲထိုးနေရသည့် မိသားစုမှ ဖြစ် လှိုင်သာယာတွင် ဆန်တိုး ထုတ်ချင်း ဆန်ပေးသူ ပုံစံမကျခြင်းကို အော်ဟစ်ဆန့်ကျင် ရိုင်းပြခြင်းကြောင့် ကိုယ်ဝန်နှင့်ထောင်ကျ နိုင်ငံရေးပုဒ်မ နှင့်ထောင်ကျခြင်းမဟုတ် ဆင်းရဲငတ်ပြတ်လွန်းသဖြင့် ဆန်တိုးပြီး ဆန်ဆိုင်၏မတရားမှုကိုဆန့်ကျင်ရင်း ထောင်ကျသဖြင့် နိုင်ငံရေးသမားများက စောင့်ရှောက်ပေးကမ်းကြ ထောင်ထဲတွင် ခလေးမွေး သားဖြစ်သူကို မြန်မာ အောင်ဆန်းအိုးဝေ ဟုအမည်ပေး ထောင်ကထွက်ချိန်မှ NLD ပါတီကိုရောက်လာသူ မည့်သည့်နိုင်ငံရေးအခြေခံမှ မရှိပဲ စရိုက် အရိုင်းစိုင်း လမ်းဘေးအဆင့် ဖြစ်Cwc nug crph လိုအပ်ချက် အားနည်းချက်တွေအများကြီး သိပါတယ် ..ဒါပေမဲ့ တော်လှန်ရေး ကာလ ...ဖြစ်တယ် San Maw ကတော်လှန်ရေးကို ထိခိုက်စေမှာတွေ ရေးတင်တယ် သူသိတဲ့သမိုင်း အဖြစ်တွေမဟုတ်ဘူး သူ့ကို ကေကျူ့ အဖွဲ့ဝင် တင်မောင်ဦး ရေးပေးနေတာတွေဒေါ်မေဝင်းမြင့်  ကိုလှည့်ချပြန်ပြီ မသာမ စစ်ဘောမ နေတာအခု က တိုးလွင်တို့ဘက်က ထရပ်တည်ပြီး cwc nug ကို ကစ်လာတာ သူက ဘာနိုင်ငံရေးသမားမှမဟုတ်ဘူး ဆန်တိုးရန်ဖြစ်ရင်းထောင်ကျတာ ...ဆန်တိုးတဲ့ပြည်သူအများဖက်က ရပ်တည်တယ်ဆိုပြီးပေါ့စွာတေးလန်အရိုင်းအစိုင်းမ










နောက်ကောင်မ က နယူဇီလန်က မိုးမြတ်သူမိန်းမ ဥမ္မာရွှေ သာကေတ သိန်းလွင် (ကင်မရာမန်း) ရဲ့ အတူနေ living together မယားဟောင်း










ဆက်ဖတ်ရန် →
မလေးရှားစူပါလိဂ်တွင်ဇော်မင်းထွန်းဂိုးသွင်းပြီးလက်သုံးချောင်ထောင်အောင်ပွဲခံ

မလေးရှားစူပါလိဂ်တွင်ဇော်မင်းထွန်းဂိုးသွင်းပြီးလက်သုံးချောင်ထောင်အောင်ပွဲခံ

ဇော်မင်းထွန်းပါဝင်သည့် ပီနန်းအသင်းနှင့် ခီဒအသင်းတို့သည် ယမန်နေ့က မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ခဲ့ရာ အချိန်ပိုအပါအဝင် မိနစ် ၁၂၀အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။ 

 ByLuduNwayOo ဓာတ်ပုံ - ပီနန်းအသင်း 

မလေးရှားစူပါလိဂ်ကလပ် ပီနန်းအသင်းတွင်ကစားနေသည့် မြန်မာနောက်ခံလူ ဇော်မင်းထွန်းသည် ယမန်နေ့က ယှဥ်ပြိုင်သည့် မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်တွင် ဂိုးသွင်းယူအပြီး၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့သည်။ ဇော်မင်းထွန်းပါဝင်သည့် ပီနန်းအသင်းနှင့် ခီဒအသင်းတို့သည် ယမန်နေ့က မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ခဲ့ရာ အချိန်ပိုအပါအဝင် မိနစ် ၁၂၀အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။ ယင်းပယ်နယ်တီ အဆုံးအဖြတ်၏ ပထမဆုံးပယ်နယ်တီကို ဇော်မင်းထွန်းက တည်တည်ငြိမ်ငြိမ်ဖြင့် အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး သင်္ကေတလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။ အဆိုပါပွဲတွင် ပီနန်းအသင်းက ခီဒအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဇော်မင်းထွန်းသည် လက်ရှိတွင် လက်ရွေးစင် ကစားသမားအဖြစ်မှ အနားယူကြောင်း ကြေညာထားသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။ ဇော်မင်းထွန်း အပါအဝင် မြန်မာ့လက်ရွေးစင် အသင်း၏ နာမည်ကြီး ကစားသမားများ ဖြစ်သည့် အောင်သူ၊ ကျော်ကိုကို၊ ကျော်ဇင်ထက် စသည့် စီနီယာကစားသမားအများစုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်ရွေးစင်အဖြစ် ပါဝင်ကစားရန် ငြင်းပယ်ထားခဲ့ကြသည်။ အဓိက ကစားသမားအများစု မပါဝင်သည့် မြန်မာ့လက်ရွေးစင် အသင်းသည် စစ်အာဏာရှင် လက်အောက် ယှဥ်ပြိုင်ကစားသည့် နိုင်ငံတကာပွဲစဥ်တိုင်းတွင် ရှုံးနိမ့်ထားပြီး ဂျပန်အသင်းကို ၁၀ ဂိုး ဂိုးမရှိ၊ ကာဂျစ်စ္စတန် အသင်းကို ၈ ဂိုး ၁ ဂိုးတို့ဖြင့် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရှုံးပွဲများကိုလည်း ကြုံတွေ့ထားရသည်။


ဆက်ဖတ်ရန် →
သူနာပြုဆရာမအားဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်ခဲ့သည့်စစ်အုပ်စုမှပျူ​ခေါင်း​ဆောင်အိမ်ကိုPDFများတိုက်ခိုက်

သူနာပြုဆရာမအားဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်ခဲ့သည့်စစ်အုပ်စုမှပျူ​ခေါင်း​ဆောင်အိမ်ကိုPDFများတိုက်ခိုက်

 အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ 

 By LuduNwayOo 

စစ်​ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ပြီး အဓ္ဓပြုကျင့်၍သတ်ဖြတ်ခံခဲ့ရသော အုတ်ဖိုမြို့နယ်မှ CDM သူနာပြုဆရာမကိုကျူးလွန်ရာတွင်ပါဝင်ခဲ့သည့် ပျူစောထီးခေါင်းဆောင် ၏ အိမ်ကို ၄၀ မမ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ ဆရာမလေး ကိုမုဒိမ်းကျင့်သတ်ရာမှာ ပါဝင်ခဲ့တဲ့ ပျူခေါင်းဆောင် မျိုးဝင်းအိမ်ပါ။အိမ်ထဲကို ၄၀မမ ၅လုံးပစ်ထည့်နိုင်ခဲ့တယ်” ဟု တာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။ အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ “ ထိခိုက်မှုကတော့ မနက် ၂နာရီ ၁၅ ဖြစ်တဲ့အတွက် အတိကျမသိရဘူး” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ ၄၀ မမဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး​နောက်စစ်ကောင်စီတပ်ဘက်မှ ပြန်လှန်ပစ်ခတ်ရာတွင် ၎င်းတို့အဖွဲ့ထုတ်လုပ်ထားသည့် လက်လုပ် လက်နက်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး အဖွဲ့သားအားလုံး ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။ “ ကျွန်တော်တို့မှာ နိုင်ချင်တဲ့စိတ်ကသူတို့ယှဉ်ရဘူး။လက်လုပ် ၄၀မမ တွေနဲ့ တိုက်ခိုက်ရတာပါ။မောင်းပြန်လိုအပ်ချက်တွေ ရှိပါတယ်” ဟု၎င်းကဆိုသည်။ ပျူစောထီးမျိုးဝင်းသည် စစ်အုပ်စုအာဏာသိမ်းစကာလကတည်းကစစ်တပ်လက်ကိုင်တုတ်အနေဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး CDM သူနာပြုဆရာမကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ရာတွင်လည်း ပါဝင်ကျူးလွန်ခဲ့သူဖြစ်သည်ဟုသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ မှ​ပြောသည်။ CDM သူနာပြုဆရာမသည် ဖေဖော်ဝါရီလဆန်းတွင် စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၆ ရက်တွင်မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။


ဆက်ဖတ်ရန် →
 ပေါက်တောမြို့နယ်မှ ANP ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦး နှုတ်ထွက်

ပေါက်တောမြို့နယ်မှ ANP ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦး နှုတ်ထွက်

2021၊ 4 မတ် · DMG၊ မတ် ၄ 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ရခိုင်အမျိုးသားပါတီ၏ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်သည် (ANP) ပါတီဝင်အဖြစ်မှ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ၎င်းက DMG သို့ ပြောသည်။ ဦးတက်ထွန်းအောင်သည် ANP ပါတီမှ မတ်လ ၃ ရက်နေ့တွင် နှုတ်ထွက်သွားခြင်းဖြစ်ပြီး နှုတ်ထွက်စာလွှာကို ယနေ့ မတ်လ ၄ ရက်နေ့တွင် စစ်တွေမြို့ရှိ ပါတီဗဟိုရုံးသို့ စာတိုက်မှတစ်ဆင့် ပေးပို့ထားသည်ဟုဆိုသည်။ ရခိုင်အမျိုးသားပါတီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းခြင်းကို မလိုလားသည့်အတွက် ယင်းသို့ နှုတ်ထွက်ရခြင်းဖြစ်ကြောင်း ဦးတက်ထွန်းအောင်က ပြောသည်။ “အာဏာသိမ်းပြီးနောက်ပိုင်းမှာ ANP သည် ပါတီတစ်ခုလုံးရဲ့ ဆန္ဒပါမဘဲနဲ့ လူသုံးလေးငါးယောက်က စီမံအုပ် ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းဖို့ လက်ခံပြီးပါဝင်တာကို တွေ့ရတယ်။ ကျွန်တော်အနေနဲ့ စိတ်ဆိုးမိတယ်” ဟု ၎င်း ပြောသည်။ ဦးတက်ထွန်းအောင်က ၎င်းနှုတ်ထွက်ရခြင်းနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် အတိတ်သမိုင်းက သင်ခန်းစာပေးခဲ့သော ငသံဒွေ၏လုပ်ရပ်ဆိုးမွေ မြောက်များစွာကို သတိရစွာဖြင့် ရခိုင်အမျိုးသားပါတီ (ANP) ပါတီဝင်အဖြစ်မှ လည်းကောင်း၊ ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ်မှလည်းကောင်း အပြီးအပိုင်နှုတ်ထွက်ခြင်း ဖြစ်ကြောင်း နှုတ်ထွက်စာတွင် ရေးသားထားသည်။ ANP ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက “ သူနှုတ်ထွက်စာတော့ လိုင်းပေါ်မှာတွေ့လိုက်တယ်။ ပါတီကို ရောက်လား၊မရောက်လား ဆိုတာတော့ မသိရသေးဘူး။ ဒါကတော့ ပါတီအတွက် ပြဿနာမရှိဘူး။ သူ့အနေနဲ့ ပါတီမှာမလုပ်ချင်။ ဒါမှမဟုတ် တခြားပါတီတစ်ခုမှာ လုပ်ချင်တယ်၊ တစ်ခုခုတော့ သူ့အတွေးအခေါ်နဲ့သူ မလုပ်ချင်တာကိုတော့ ပါတီကလည်း ဘယ်တားလို့ရမှာလဲ” ဟု ၎င်းက ပြောသည်။ ဦးတက်ထွန်းအောင်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ အနိုင်ရခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံတွင် တပ်မတော်မှ နိုင်ငံတော်အာဏာရယူပြီးနောက်တွင် ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ရခိုင်အမျိုးသားပါတီ (ANP)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကို ခန့်အပ်လိုက်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ရခိုင်အမျိုးသားပါတီ (ANP) မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးပါဝင်ပြီး နောက်တွင် ပါတီဝင်တချို့ နှုတ်ထွက်ခြင်းများရှိလာပြီး လက်ရှိတွင် ပါတီကို နှုတ်ထွက်စာတင်ထားသူ ၅ ဦးအထိရှိနေပြီဖြစ်သည်။


ဆက်ဖတ်ရန် →

ပြည်သူတွေ အလိမ်မခံရစေဖို့

တော်လှန်ရေးကာလကြာမြင့်လာတာနဲ့အမျှ တော်လှန်ရေးကိုဗန်းပြပြီး အလိမ်အညာတွေ ပိုများသထက်များလာတာကို တွေ့ရပါတယ်။တချို့က တော်လှန်ရေးထဲမှာ လက်ရှိမပါဝင်တော့ဘဲ သင်တန်းဆင်းတုန်းက ပရိုဖိုင်ပုံနဲ့ ပြည်သူတွေအပေါ် ခုထိညာစားကောင်းနေတုန်းပါပဲ။ တချို့အဖွဲ့အစည်းတွေကျပြန်ရင်လည်း တော်လှန်ရေးကိုထိထိရောက်ရောက်အားမပြုဘဲ ပြည်သူ့အလှူငွေနဲ့ ဘီယာလေးတမြမြဖြစ်ကာ ဂိတ်စောင့်သလို၊ဘာလိုလိုလုပ်ရင်း ကိုယ်ကျိုးစီးပွားဖက်ကို ကူးပြောင်းနေကြပါတယ်။ပြည်သူ့အလှူငွေတွေဟာ တကယ်အလုပ်လုပ်ပြီး လိုအပ်နေတဲ့အဖွဲ့အစည်းတွေဆီ မရောက်နိုင်ရင် တော်လှန်ရေးကို သက်ဆိုးပိုရှည်ဖို့ 
တွန်းအားပေးနေတာကို သတိချပ်စေချင်ပါတယ်။ပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုကို လှူမယ်ဆိုရင် ဆိုရှယ်မှာ နာမည်ကြီးတာတွေ ၊ ပြည်သူကြိုက်စကားလုံးတွေနဲ့ မျက်ရည်ခြူအပြောကောင်းတာတွေကို ခဏဘေးချိတ်ပါ။မြေပြင်မှာ တကယ်အလုပ်လုပ်၊မလုပ်ကို အမှန်တကယ်သိနိုင်အောင် နီးစပ်ရာမြေပြင်အဖွဲ့အစည်းတွေ၊ပြည်သူတွေဆီ လေ့လာစုံစမ်းကာ အတည်ပြုချက်ရယူပြီးမှသာ လှူပါ။ တပ်ရင်းတပ်ဖွဲ့ဆိုရင် အလှူငွေရဖို့ လာရောက်ချိတ်ဆက်သူရဲ့ ရာထူးတာဝန်နဲ့ လက်ရှိအခြေစိုက်လှုပ်ရှားနယ်မြေ၊တပ်ရင်းကုဒ်ကျပြီးလား၊မကျပြီးလားမေးပါ။တပ်ရင်းကုဒ်ကျပြီးပြီ
ဆိုရင် တပ်ရင်းကုဒ်ကို တစ်ချက်ပြောခိုင်းပါ။ငါးသိန်းနဲ့အထက်ဆို MODကပေးတဲ့ ဂုဏ်ပြုလွှာကိုတောင်းယူပါ။ပရိုဖိုင်ကိုကြည့်ပြီး ၊မီဒီယာမှာ နာမည်ကြီးနေတာကိုကြည့်ပြီး ဘာကိုမှ ပုံအောမလှူပါနဲ့။ မီဒီယာအချိတ်အဆက်အားကောင်းပြီး မီဒီယာနဲ့လုပ်စားနေကျဆိုရင် မီဒီယာမှာ နာမည်ကြီးနိုင်တာပါပဲ(အဖွဲ့တိုင်းကို မဆိုလို) ။တချို့အဖွဲ့တွေဆို လက်နက်တွေ သုံးလေးငါးရာကိုင်ပြီး စစ်ဦးထုပ်တစ်လုံး၊
ခြင်းကျားတစ်လုံးတောင်မပြနိုင်ဘဲ မီဒီယာမှာသာ Attention ယူပြီး အချောင်သက်သက်နာမည်ကြီး၊ပြည်သူ့ရန်ပုံငွေအကုန်စုပြုံရောက်နေတာတွေတောင်ရှိပါတယ်။နောက်ပြီး ပေ့ခ်ျတွေမှာ သက်သေအထောက်အထားမပြနိုင်ဘဲ တင်လိုက်ရင် အနည်းဆယ်စခနှစ်ဆယ်သေနေတာတွေဟာ ဘာအဓိပ်ပါယျမှမရှိပါဘူး။ စခန်းမသိမ်းနိုင်ရင် ဘယ်PDFမှ စခအလောင်းတွေကို အေးအေးဆေးဆေးထိုင်ရေမနေနိုင်ပါဘူး။ရန်ကုန်ခေတ်သစ်မှာ နေ့စဉ်ဖော်ပြနေတဲ့ စခကျဆုံးစာရင်းတွေဟာလည်း မြေပြင်မှာ စောက်တလွဲဖြစ်နေတာပါပဲ။ လက်ရှိအချိန်မှာ တော်လှန်ရေးကို အားမပြုဘဲ လက်နက်နဲ့ ငွေကြေးအရသာကိုသိလာပြီးလက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းနဲ့ ပြည်သူအပေါ် အာဏာပြစိုးမိုးချင်တဲ့ မအလလက်သစ်ငနဲသားတွေလည်း တစ်နေ့တစ်ခြားထွက်ပေါ်လာနေပါပြီ။ဒါကြောင့် ပြည်သူတွေအနေနဲ့ ဘာကိုမှမျက်စိစုံမှိတ်မယုံဘဲ ဘယ်အဖွဲ့အစည်းကိုပဲကူကူ၊ မြေပြင်ကို သေသေချာချာလေ့လာစုံစမ်းပြီးမှသာ ကူပါလို့ပဲတိုက်တွန်းချင်ပါတယ်။

#Crd #နှင်းရိပ်နွေ
ဆက်ဖတ်ရန် →

အရွေ့တခု ကြိမ်းသေ လာပြီ !

US CIA စကားဟလာမှု နောက်ကွယ်မှာ စစ်တပ် အကြမ်းဖက်မှုတင် မဟုတ် မူးယစ်ကေ့ နူကလိ့ယား ချာပါတီပေါက်စီက လက်နက်တွေ မအလကနေတဆင့် ‌ရုစကီးဆီ ပေးဘို့ အချက်တွေကို ကြိုဟန့်ထားတာ ပါပါလိမ့်မယ် 


ရွေးကောက်အကြောင်းပြ သာကောလာပြီး ချူချာကို ကပစကျည်ခဲယမ်းတွေ ပို့မယ့် သတင်းတွေ ထွက်လာတာ တိုက်ဆိုင်မှုတော့ မဟုတ်ပါ 


ခုမြင်ရသလောက်ဆို ဘက်စုံက အသံထွက်လာတာရယ် NUG နဲ့ တွေ့ဆုံဆွေးနွေးမှုတွေရယ်က အချိန်ကျပြီလို့ပဲယူဆတယ် 


သတိထားမိသလောက် US CIA က အသံထွက်လာပြီဆို တခုခု ပြောင်းလဲလုပ်ဆောင်ကြတယ် အချိုးကွေ့နဲ့ ကြီးကြီးမား အရွေ့တခုပေါ့ 


ထိုင်းမူး-ယ-စ်ကေ့တွေ ဘုတ်မဖြစ်ခင်က ခုလိုပဲ အသံထွက်လာပြီး တောက်လျောက် စွဲစိ ဖော်ကြတာ မအလထိပါလာတာပဲ 


ဒီတော့ ကမ္ဘာနိုင်ငံရေးမှာ US CIA ထောက်လှန်းရေးက အသံထွက်ပြရင် လုပ်စေဘို့ လမ်းညွန် အသိပေးတာပဲ တနည်း ကွန်းဖန်း‌ကြောင်း အချက်ပြတာ 


ဒီတော့ခု မြန်မာဒီမိုကရေစီအင်အားစုများ ပြင်ပအကူအညီလိုအပ်နေဟု အမေရိကန်ထောက်လှမ်းရေးဆိုတယ်ဆိုတာ လက်နက် စစ်ရေးကလွဲလို့ ဘာရှိမလဲ မေးစရာမလို 


အကြောင်းက ကျန်းမာရေးဆို WHO ၊ စားနပ်ရိက္ခာဆို UN တို့က အသံထွက်ပြမှာ ဖြစ်ပြီး စစ်ရေးနဲ့ သုတ်သင်ရှင်းလင်းရေးအတွက်ဆို US ထောက်လှန်းရေးက အသံထွက်ပြတယ်ဆိုတာ ရှေ့မှာ သာဓကတွေ ရှိပြီးသားမဟုတ်ပါလား 


‌ဒီတော့ US ပြောဆိုထားတဲ့ စကားတွေနဲ့ ခုဖြစ်စဉ် လုပ်ရပ်တွေကို ခြုံငုံကြည့်ရင် ဖြစ်စဉ်တွေဟာ တိုက်ဆိူင်မှုမဟုတ်ပဲ အစီစဉ်တကျနဲ့ လာနေပြီဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်


ဒိီတော့ ကြိမ်းသေကို အရွေ့တခု လာတော့မယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ် မအလတွေ သွေးပျက်စေမည့်အလှည့်က ပိုပိုနီးကပ်လာနေပါပြီ !


#နန်းကြည်ညိုဝေ 🦚

ဆက်ဖတ်ရန် →
NLDကိုမိသားစုပိုင်လုပ်ချင်တဲ့မိသားစု

NLDကိုမိသားစုပိုင်လုပ်ချင်တဲ့မိသားစု



အမျိုးသားပြန်လည်သင့်မြတ်ရေး၊သဟဇာတဖြစ်ရေး၊တွေ့ဆုံဆွေးနွေးရေး၊အကြမ်းမဖက်ရေး…ဆိုပြီး စကစ ရဲ့စစ်ဖိနပ်အောက်ကလျောက်ရမည့်အချောင်သမားနိုင်ငံရေးလမ်းကြောင်းကို သူတို့ကလက်ခံကြတယ်၊ ယခုနွေဦးတော်လှန်ရေးရဲ့ ပေးထားချက်တောင်းဆိုချက်ကို သူတို့လက်မခံကြဘူး။
CRPH & NUG ရဲ့ တော်လှန်ရေးလမ်းစဉ်ကို သူတို့ မယုံကြည်ဘူး၊လက်မခံဘူးဆိုထဲက ပြည်သူ့ကိုမျက်နှာမမူတာထင်ရှားတယ်။

(၂၂.၆.၂၀၂၂)နေ့ ၊တိုးလွင် စန္ဒာမင်းတို့က NLD ရုံးချုပ်သော့ကို၊ ရဲမင်းသိန်းထံမှ တောင်းတယ်။(ရုံးအတွင်းပျက်စီးနေမှုများပြင်ဆင်ရန်၊သန့်ရှင်းရေးလုပ်ရန်၊အကြောင်းအမျိုမျိုးပြ) သူ့ကိုဘယ်သူမှရုံးသော့ ရုံးချုပ်မအပ်ဘူး အာဏာ လုခံရစဥ် အတင်းလာတာ နေ့စဉ်
 လာတာ ...ရုံး အဖောက်ခံရမှ သူကို  သူ့အိမ်နဲ့နီးလို့ ခြံ
စည်းရိုးသော့ပဲ အပ်ထား တာ CEC ထဲမှာ ဖမသ ကလွဲ
ရင်သူ့ကို ဘယ်သူမှ အဆက်ဆံမလုပ်ဘူး

NLD YGN အလုပ်အမှုဆောင်အဖွဲ့ဆုံးဖြတ်ချက်ဖြင့် သော့မပေးနိုင်ဘူး ပြန်ကြားလိုက်တော့၊တရားဝင်ရုံးဖွင့်
ခွင့်ရအောင် DASSKနဲ့သွားတွေ့တယ်။၂၀၂၂ခုနှစ် ဒီဇင်ဘာ ပထမအပတ်အတွင်း တိုးလွင်နဲ့စန္ဒာမင်း၊DASSK ထံ မအလ အစီအစဉ်နဲ့သွားတွေ့ခဲ့တယ်။

(၃၀.၆.၂၀၂၂)နေ့မှာ စကစ UEC သ်ို့၊ စန္ဒာမင်းအပါ (၆)ယောက်သွားတွေ့ခဲ့တယ်။

NLD ရုံးချုပ်ကို DASSK အမိန့်နဲ့ တရားဝင်ဖွင့်ဖို့၊ နိုင်ငံရေးစည်းရုံးဖို့၊ပါတီမှတ်ပုံတင်ဖို့…စတဲ့အလုပ်တွေလုပ်နိုင်ဖို့ကြိုးစားခဲ့ကြတယ်၊အပြင်မှာရှိနေတဲ့(ဆက်သွယ်နိုင်တဲ့ CEC ၄ဦး)ကိုကျော်လွန်ပြီး မအလ အစီအစဉ်နဲ့ DASSK ကိုသွားတွေ့ခဲ့တယ်၊နောက်ဘယ်တော့မှ မလာပါနဲ့ မောင်းထုတ်ခံရတော့မှ ငွေစာရင်းရှင်းတမ်းနဲ့ရုံးတွင်းသော့ အပ်ဖို့ဖြစ်လာတာပါ။

နိုင်ငံတကာခေါင်ဆောင်တွေတောင် တွေ့ခွင့်မရတဲ့ DASSK ကို မအလ အစီအစဉ်နဲ့သွားတွေ့ခွင့်ရခဲ့တဲ့ (တိုးလွင် စန္ဒာမင်း )ဘယ်လောက်ထိခရီးပေါက်နေပြီလဲဆိုတာစဉ်းစားနိုင်တယ်။

နေပြည်တော်ကို ဘယ်ကားနဲ့သွားတယ် နံပါတ်ကအစ အကုန်သက်သေရှိတယ်၊

အနှစ်ချူပ်ရရင် တိုးလွင်ကဖမသလူ
ဖမသ မိန်းမအကိုက ကိုဌေးကြွယ်
ကိုဌေးကြွယ် ကြိတ်နေတာကစန္ဒာမင်း
NLDကိုမိသားစုပိုင်လုပ်နေကြတာ

ဘာသိချင်သေးလဲပြော။





ဆက်ဖတ်ရန် →
ဖိနှိပ်ခံရချိန်မှာ စောက်သံတစက်မထွက် ပေးတဲ့ မင်းတို့ ၃ ယောက်ကိုထုတ်တယ်

ဖိနှိပ်ခံရချိန်မှာ စောက်သံတစက်မထွက် ပေးတဲ့ မင်းတို့ ၃ ယောက်ကိုထုတ်တယ်

အခုမှ၂နှစ်ပဲရှိသေးတယ်အတိတ်မေ့ချင်ယောင်ဆောင်တယ်၊
ရှောင်တိမ်းနေသူတွေကိုတရားမဝင်ဖူးပြောတယ်၊အလုပ်တွေဆက်လုပ်ဖို့အဖမ်းမခံပဲရှောင်တာနဲ့ပဲ
တရားမဝင်ဘူးဆိုတော့ —-

အခုထိရပ်ကြေး NLD အဆင့်တွေတောင်အိမ်တံခါး
လာခေါက်နေချိန်မှာ NLDပါတီဝင်၇၆၀ကျော်အဖမ်း
ခံရချိန်တယောက်ကလွဲလို့ကျန်တဲ့ဝန်ကြီးချုပ်အကုန်
အဖမ်းခံရချိန် ငါ NLD ကိုတာဝန်ခံတယ် ဖမ်းထားသူ
တွေလွှတ်ပေး၊ ငါတို့တွေမပါနိုင်အောင်လုပ်ထားပြီးမှ
ကျင်းပတဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ပါတယ်၊အာဆီယံ
မူ၅ချက်ကိုလိုက်နာပါ စသဖြင့် ဗဟိုအမှုဆောင်တ
ယောက်အနေနဲ့ ရှေ့ထွက်ရဲခဲ့လား? တိုးလွင်—

ရပ်ကြေးတွေတောင်ဝရမ်းပြေးနေရချိန်မှာ မင်းနဲ့စန္ဒာမင်း
ကဘာလို့လွတ်နေရလဲ၊ ခံဝန်ထိုးထားတာလား မင်းမိန်းမ
ကိုယ်ပိုင်စာသင်ကျောင်းအပိတ်ခံရမှာစိုးလို့ စောက်သံ
တိတ်နေတာမဟုတ်ဖူးလား၊ 

မင်းနဲ့စန္ဒာမင်း၂ယောက်ထဲဆန္ဒနဲ့အမေစုကိုသွားတွေ့
တယ်၊ပါတီမှတ်ပုံတင်ဖို့သွားပြောတယ်၊မအလကခွင့်ပြု
တယ်၊ ဘာကြောင့်ခွင့်ပြုလိုက်ဲတာလဲ မင်းတို့၂ယောက်က
ရော ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီးကိုယ့်ခေါင်းဆောင်တွေ
ကိုဖမ်းထားတဲ့သူတွေအကြိုက်လိုက်လုပ်နေလို့သစ္စာဖေါက်လောက်ကောင်တွေအဖြစ် သတ်မှတ်လိုက်တာ၊

မတရားမှုကိုတုန့်ပြန်နေသူတွေကိုတရားမဝင်ဖူးဆို
တော့ အောက်ကိုလဲငုံ့ကြည့်အူး

မင်းလ က စပဖြစ်နေပြီလားမသိဖူး

ပါတီရဲ့ဂုဏ်သိက္ခာဆိုတာဘာလဲ စစ်တပ်ဆိုတာလုပ်
ချင်တာလုပ်လို့ရတယ်ဆိုတဲ့စောက်ချိုးကိုအောက်က
နေပြီး မှတ်ပုံတင်ခွင့်ပြန်ထပ်ယူရအောင် တမဲမှမရတဲ့
ကေကျူ့ပါတီလို သက်သက်ခိုင်ထင်နေတာလား

မင်းတို့ကိုမထုတ်ရင် NLD သိက္ခာကျပြီ

ဒေါ်အောင်ဆန်းစုကြည်ကသူ့မှတ်ပုံတင်ခဲ့တဲ့ ပါတီကို
ပြည်သူလက်ပြန်အပ်ခဲ့တဲ့သက်သေငါတို့မှာရှိတယ်
ဒီမှာဆယ်ခါပြန်နားထောင်ကြည့်
https://youtu.be/BhLPXRE5ONE ၂နှစ်ပဲရှိသေးတယ်် 
လိလိုလို မှိုလိုလိုမလုပ်နဲ့၊အခုလောလောဆယ်မှာခေါင်း
ဆောင်တွေအဖမ်းခံထားရချိန်မှာ NLD ကို ငါတို့ပြည်သူပိုင်တယ်၊

ငါတို့တွေဖိနှိပ်ခံရချိန်မှာ စောက်သံတစက်မထွက်
ပေးတဲ့ မင်းတို့ ၃ ယောက်ကိုထုတ်တယ်ကွာ
လိဖြစ်လား🖕🏿



ဆက်ဖတ်ရန် →
ပုသိမ်မြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကိုစစ်တပ်ထောက်ခံသူများနဲ့ ကြံ့ဖွံပါတီ၀င်တွေကိုအစားထိုးခန့်အပ်

ပုသိမ်မြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကိုစစ်တပ်ထောက်ခံသူများနဲ့ ကြံ့ဖွံပါတီ၀င်တွေကိုအစားထိုးခန့်အပ်

ဧရာဝတီတိုင်းမ်
မတ်လ ၆ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ မြို့ပေါ်ရပ်ကွက် ၁၅ ခုက အုပ်ချုပ်ရေးမှူးတွေကို မတ်လ ၃ ရက်နေ့ကစတင်ပြီး စစ်တပ်ထောက်ခံသူအမာခံတွေနဲ့ ကြံ့ဖွံပါတီ၀င်တွေကို အစားထိုးခန့်အပ်လိုက်တယ်လို့ပုသိမ်မြို့ခံတွေကပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အပြင် ရာအိမ်မှူး ၆၀ ကျော်ကိုလည်း ယခင် လူများ အုပ်ချုပ်ရေးမှူးအသစ်များ တင်ပြလာတဲ့ လူတွေကို အစားထိုးခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။

"အုပ်ကြီးအများစုက စစ်ကောင်စီဆန္ဒပြပွဲတွေတုန်းက ပြည်သူတွေနောက်ကို သတင်းလိုက်ယူတဲ့သူတွေ နဲ့ စစ်တပ်ထောက်ခံပွဲဆိုရှေ့ဆုံးက နေတက်ကြွနေတဲ့လူတွေပါတယ်၊ နောက်ပြီး၂၀၂၀ ရွှေးကောက်ပွဲတုန်းကကြံဖွံပါတီရဲ့ စည်းရုံးရေးမှူးတွေလဲပါတယ်" လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

ပုသိမ်မြို့မှာ မြို့ပေါ်ရပ်ကွက် ၁၅ ရပ်ကွက် ရှိတဲ့အထဲက ရပ်ကွက် ၁၂ ခုက အုပ်ချုပ်ရေးမှူးတွေကို ပြောင်းလဲခဲ့ပြီး အမှတ် ၅၊ ၈၊ ၁၅ စတဲ့ ရပ်ကွက် ၃ညခုက အုပ်ချုပ်ရေးမှူး ၃ ဦးကိုတော့ ယခင်အတိုင်းထားရှိခဲ့တယ်လို့ ထွေအုပ်ရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

" စစ်ကောင်စီက အင်အားနည်းလာတော့အောက်ခြေအုပ်ချုပ်ရေးမှာသူတို့ယုံကြည်ရတဲ့လူတွေကို ထားဖို့ထင်တယ်ခု တက်လာတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ရာအိမ်မှူးတွေက ပညာတတ်ဘွဲ့ရမပါဘူး စစ်ထောက်ခံပွဲနေ့စားလိုက်တဲ့လူတွေ ၊ ရွှေးကောက်ပွဲတုန်းက ကြံခိုင်ရေးအမာခံတွေ၊ ဒလန်စာရင်းပေါက်နေတဲ့သူတွေချည်းပဲ ပြည်သူတွေကို တစ်ခုခုဆိုစစ်တပ်ကိုတိုင်ဖို့ အဆင့်သင်ဖြစ်နေတဲ့သူမျိုးတွေကိုရွေးလိုက်တာထင်တယ်"လို့ ပုသိမ်မြို့ခံတစ်ဦးကပြောပါတယ်။

လက်ရှိ အသစ်ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ရပ်ကွက်အတွင်းက NLD ပါတီ၀င်တွေနဲ့ ဆန္ဒပြစဥ်က ပါ၀င်ခဲ့ဘူးများကို အဓိကထား စောင့်ကြည့်ဖို့ စစ်ကောင်စီက တာ၀န်ပေးထားတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပုသိမ်ခရိုင်အတွင်းမှာ NLD အစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ရာခိုင်နှုန်းကို အသစ်ပြန်လည်ခန့်အပ်ခဲ့ပြီးမြို့ပေါ်ရပ်ကွက်အများစုက အုပ်ချုပ်ရေးမှူး ၄၀ ရာခိုင်နှုန်းခန့်ကို ယခင်အတိုင်းဆက်လက်တာ၀န်ထမ်းဆောင်ခိုင်းထာခဲ့ရာကနေ ၂၀၂၃မတ်လအတွင်းမှာပြောင်းလဲပစ်ခဲ့တာလို့ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀န်းကနေသိရပါတယ်။


ဆက်ဖတ်ရန် →
အမ်းမြို့မရဲစခန်းရှိ အချုပ်သားအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံနေကြရ

အမ်းမြို့မရဲစခန်းရှိ အချုပ်သားအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံနေကြရ

ဧရာဝတီတိုင်းမ်
မတ်လ ၇ ရက်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့မရဲစခန်းမှာ အကျဥ်းကျနေကြသူအားလုံးဟာ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရတယ်လို့ မိသားစုဝင်တွေနဲ့ရဲအသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီစခန်းထဲမှာအဖမ်းခံထားရသူတွေဟာ ရိုက်နှက်ခံရတာ၊ဆဲဆိုခံရတာ၊မိသားစုနဲ့တွေ့ခွင့်မရတာ၊အစားအစာ၊ဆေးဝါးတွေကို ပေးခွင့်မရတာတွေကြုံ တွေ့နေကြရတာလို့ ဆိုကြပါတယ်။

"ကျွန်မယောကျ်ားက အေအေနဲ့အဆက်အသွယ်ရှိတယ်ဆိုပြီးအမ်းအချုပ်မှာဖမ်းဆီးခံထားရတာ... အရင်က အချုပ်မှာသွားတွေ့လို့ရတယ်။မုန့်ဖိုးငါးထောင် တစ်သောင်းပေးရပါတယ်။တရားရုံးထုတ်ရင် ရုံး ထုတ်လာတဲ့ရဲတွေစားသမျှ ရှင်းပေးရပါတယ်။ခုတော့ အမ်းအချုပ်မှာ သွားတွေ့လို့မရတော့ဘူး။စားစရာလည်း ပေးလို့မရတော့ဘူး။ထမင်းပို့ဖို့ လပေးရှင်းထားတဲ့ ရဲကလည်း ထမင်းပို့ခွင့်မရှိတော့ဘူး။ပုံစံ ထမင်းပဲစားရတော့မယ် ပြောတယ်။''လို့ အဲဒီမှာဖမ်း ဆီးခံထားရသူတစ်ဦးရဲ့ဇနီးဖြစ်သူက ဆိုပါတယ်။

အဲဒီမှာ အဖမ်းခံထားရသူတွေဆီက ဂတ်စာရေးတပ်ကြပ်ကြီးရဲဆွေနဲ့အကူစာရေးရဲတပ်ကြပ်သက်နိုင်အေးတို့ဟာ ခြိမ်းခြောက်ငွေတောင်းတာတွေပြုလုပ်နေပြီး အဲဒီကရတဲ့ပိုက်ဆံတွေနဲ့အမ်းမြို့ မရဲစခန်းမှူး ဒုရဲမှူးမျိုးကြည်နဲ့အမ်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းဦးတို့ကို လစဥ်သိန်းတစ်ရာနီးပါးရှာဖွေပေးနေကြတ ယ်လို့လည်း ရဲတပ်ဖွဲ့ဝင်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။ 

အဲဒီသတင်းတွေဟာ အဲဒီမှာအဖမ်းခံ ထားရသူတွေနဲ့ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သတင်းမီဒီယာတွေ ဆီသတင်းပေါက်ကြားသွားတာမို့ ပိုမိုပြီးလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြုလုပ်နေကြတာလို့ ဆိုကြပါတယ်။ 

အဲဒီအပြင် အဲဒီအမ်းမြို့မရဲစခန်းမှာဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာစော်ကားအနိုင်ကျင့်မှုတွေလည်းပြုလုပ်နေကြသလို အဲဒီလိုပြုလုပ်နေတဲ့အထဲမှာ အမှုစစ်ဒုရဲအုပ်ဆန်းလင်းအောင်လည်းပါဝင်တယ်လို့ ဆိုကြပါတယ်။

''အမျိုးသမီးတွေကိုလည်း လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေလုပ်တယ်။အချုပ်သားတွေအကုန်လုံးကို ဆဲဆိုကြိမ်းမောင်းတယ်။မွတ်ဆလင်တွေကိုဆိုရင်ပါးတွေကိုတောင်ရိုက်တယ်။''လို့ အဲဒီစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီအမ်းမြို့မရဲစခန်းက အမှုစစ်တွေဟာ အမ်းမြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့အမ်းမြို့ မရဲစခန်းမှူးအတွက် လစဥ်ငွေကြေးရှာပေးနေကြရသလို မပေးနိုင်ရင်အမှုမစစ်ခိုင်းသလို ခိုင်းချင်သခိုင်းနေကြတာမို့ တာဝန်ရှိသူတွေက စီစစ်အရေးယူပေးကြဖို့ ရဲအရာရှိတချို့နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။ 

အဲဒီအမ်းမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ရဲအရာရှိအချို့ဟာ အာဏာအလွှဲသုံးစားလုပ်ပြီး လာဒ်စားတာတွေ၊ကိုယ်ကျိုးစီးပွားရှာတာတွေအပြင် ရဲတပ်ဖွဲ့ဝင်မိသားစုဝင်တွေကိုပါ နိုင်ထက်စီးနင်းပြုလုပ်တာတွေလည်း ပြုလုပ်နေကြတယ်လို့ ရဲမိသားစုဝင်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

(ဓာတ်ပုံ-အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်/BNA)
(ဓာတ်ပုံ-မောင်တောမြို့မှမွတ်ဆလင်တစ်ဦးကိုင်ဆောင်ထားတဲ့နိုင်ငံသားစီစစ်ရေးကတ်ပြားတစ်ခု/BNA)
(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)


ဆက်ဖတ်ရန် →
Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့


စွန့်စားမှုသည် တိုးတက်မှုအခွင့်အလမ်းသစ်များဆီသို့ ပို့ဆောင်နိုင်သည့် အရင်းအနှီးကို ဖွင့်ထုတ်ရန် ၎င်း၏ အစီအစဉ်များနှင့် လိုက်လျောညီထွေဖြစ်ကြောင်း Keppel မှ ပြောကြားခဲ့သည်။ KEPPEL CORP SINGAPORE – Keppel Land နှင့် ၎င်း၏လုပ်ငန်းခွဲ Double Peak Holdings တို့သည် Greenfield Development တွင် ၎င်းတို့၏ အစုရှယ်ယာ 100 ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ 57.4 သန်း (S$77.2 million) ဖြင့် ေရာင်းချလိုက်သည် Greenfield Development သည် မြန်မာနိုင်ငံတွင် ဟိုတယ်တစ်လုံး ဆောက်လုပ် လည်ပတ်ခွင့်ရှိသည့် Straits Greenfield ကို ရာနှုန်းပြည့် ပိုင်ဆိုင်ပါသည်။ အမေရိကန်ဒေါ်လာ 57.4 သန်း ထည့်သွင်းစဉ်းစားခြင်းသည် Greenfield Development ၏ အသားတင်ပိုင်ဆိုင်မှုတန်ဖိုး US$ 43.9 သန်းထက် 2023 ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကျော်လွန်သွားသည်ဟု Keppel Land ၏ မိခင် Keppel Corp မှ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ၎င်း၏ပိုင်ဆိုင်မှုကို ခွဲထုတ်ခြင်းသည် Keppel Corp ၏ ပိုင်ဆိုင်မှုငွေရှာခြင်းအစီအစဉ်များနှင့် လိုက်လျောညီထွေဖြစ်ပြီး တိုးတက်မှုအခွင့်အလမ်းသစ်များဆီသို့ ပို့ဆောင်နိုင်သည့် အရင်းအနှီးကိုသော့ဖွင့်ရန် အုပ်စုက ထပ်လောင်းပြောကြားခဲ့သည်။ အဆိုပါ စွန့်စားမှုအား 2023 ခုနှစ် ပထမနှစ်ဝက်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရပြီး Greenfield Development နှင့် Straits Greenfield နှစ်ခုစလုံးသည် Keppel Corp ၏ လုပ်ငန်းခွဲများ မဟုတ်တော့ပါ။ လက်ရှိဘဏ္ဍာရေးနှစ်အတွက် Keppel ကော်ပိုရေးရှင်း၏ ရှယ်ယာတစ်ခုလျှင် အသားတင်မြင်သာထင်သာရှိသော ပိုင်ဆိုင်မှုများ သို့မဟုတ် ရှယ်ယာတစ်ခုလျှင် ဝင်ငွေအပေါ် သက်ရောက်မှုရှိမည်ဟု မျှော်လင့်မထားပါ။ Keppel ကော်ပိုရေးရှင်း၏ ရှယ်ယာများသည် သောကြာနေ့တွင် သုံးဆင့် သို့မဟုတ် 06 ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး $5.46 ဖြင့် ပိတ်ခဲ့သည်။
 BUSINESS TIMES 

 စင်ကာပူ Keppel Land ကုမ္ပဏီ က ရန်ကုန် ဆီဒိုးနားဟိုတယ်ကို အမေရိကန်ဒေါ် လာ ၅၇ သန်းကျော်ဖြင့် ရောင်းချ 

 ရန်ကုန်၊ မတ် ၆ ေခတ်သစ် 
 မြန်မာနိုင်ငံတွင် ရန်ကုန် ဆီဒိုနားဟိုတယ်နှင့် Junction City တာဝါ အပါအဝင် ဟိုတယ်နှင့်တည်ဆောက်ရေး လုပ် ငန်း များတွင် တည်ဆောက် ရင်းနှီးမြှုပ်နှံထားသော စင်ကာပူ Keppel Land ကုမ္ပဏီက သူ၏ လုပ်ငန်းရှယ်ယာများကို အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် ရောင်းချလိုက်ကြောင်း စင်ကာပူ The Straits Times သတင်းစာက သတင်းဖော်ပြသည်။ စင်ကာပူ Keppel Land နှင့်လုပ်ငန်းခွဲ Double Peak Holdings တို့က ရာနှုန်းပြည့်ပိုင်ဆိုင်သော Greenfield Development ကို အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် Spring Blossom Ventures သို့ ရောင်းချခြင်းဖြစ်ပြီး ၃ ရစ်ခွဲ၍ ငွေပေးချေမည်ဖြစ်ကြောင်း သိရှိရသည်။ Greenfield Development သည် မြန်မာနိုင်ငံတွင် ဆီဒိုးနားဟိုတယ်ကို လည် ပတ်လုပ်ကိုင်နေသည့် Straits Greenfield ကို ရာနှုန်းပြည့် ပိုင်ဆိုင်သော ကုမ္ပဏီ ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းတန်ဖိုးရှိ လုပ်ငန်း အစုရှယ်ယာများ လွှဲပြောင်းရောင်းချမှုကို ၂၀၂၃ ခုနှစ် ပထမ နှစ်ဝက်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရပြီး လွှဲပြောင်းရောင်းချမှုများ ပြီးစီးပါက ဆီဒိုးနားဟိုတယ် အပါအဝင် ဟိုတယ်လုပ်ငန်းများသည် စင်ကာပူ Keppel Land ကုမ္ပဏီအပိုင်မဟုတ်တော့ပေ။ Keppel Land အစုရှယ်ယာများကို အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းကျော် ဖြင့် ဝယ်ယူသွားသည့် Spring Blossom Ventures ကုမ္ပဏီအကြောင်းကို အသေးစိတ် မသိရှိရသေးပေ။




ဆက်ဖတ်ရန် →
ဖုန်းလုယက်သူတွေက အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းကို ဓားနဲ့ခုတ်

ဖုန်းလုယက်သူတွေက အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းကို ဓားနဲ့ခုတ်


C8 News
ရန်ကုန်၊ မတ် (၆) 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကမ္ဘာသစ်ဆီဆိုင်ရှေ့မှာ မနေ့ နေ့လည်ပိုင်းက ဖုန်းလုယက်သူတွေဟာ အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းကို ဓားနဲ့ခုတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

"ဖုန်းလုယက်ခံရပြီး လုယူသူများမှ အမျိုးသမီး၏ ဦးခေါင်းအား ဓားဖြင့်ခုတ်၍ ထွက်ပြေးသွားကြောင်း သတင်းရရှိသဖြင့် ၊ သွေးထွက်လွန်နေသော အမျိုးသမီးအား လိုအပ်သော ဆေးကုသမှုပေး၍ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကူညီပေးခဲ့" တယ်လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့အတွင်းက မြို့နယ်တွေမှာ ညပိုင်းတွေတင်သာမက နေ့လယ်ခင်းတွေမှာပါ လုယက်မှုတွေ မကြာခဏ ဖြစ်နေတာပါ။ 



ဆက်ဖတ်ရန် →
မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရဖွယ်ရှိ

မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရဖွယ်ရှိ

Breaking News- မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရဖွယ်ရှိ 

■ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးကို သတ်ဖြတ်ခဲ့သည့် စစ်တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းနေခြင်းဟုဆို  

ရန်ကုန်၊ မတ် ၆ 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရဖွယ်ရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီမှစတင်၍ မြင်းမူမြို့နယ်၊ လကက္ကပင်ကျေးရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ သေနတ်များ ပစ်ခတ် ဝင်ရောက်လာကြောင်း၊ ယင်းနောက် ကျေးရွာသူ ကျေးရွာသား ၂၀၀ ခန့် ပိတ်မိပြီး စစ်တပ်က ဖမ်းဆိးခဲ့ကြောင်း သိရှိရသည်။ 

မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးထားသော သူများအနက်မှ ကျေးရွာသား ၃ ဦးကို ပစ်သတ်လိုက်ပြီး အိမ် ၂ လုံးကို မီးရှို့ကြောင်း၊ တစ်ရွာလုံးကိုလည်း မွှေနှောက်လျက်ရှိပြီး ကျေးရွာသား အမျိုးသားတချို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖွယ်ရှိနေကြောင်း သိရှိရသည်။ 

"ဖမ်းထားတာက လူ ၂၀၀ လောက်ရှိတယ်။ အဲဒီအထဲက အမျိုးသားတွေကို ရွေး ထုတ်ပြီး သတ်တယ်လို့ သိရတယ်။ အဲဒီ ရွာကို ဝင်နေတဲ့ စစ်ကြောင်းက တာ တိုင် ကျေးရွာမှာ ပြည်သူ ၁၇ ဦးကို သတ်ဖြတ်သွားတဲ့ စစ်ကြောင်းပါ။ ပြည်သူတွေလည်း ထွက်ပြေးနေရတယ်။ အတိအကျ မသိရသေးဘူးအခြေအနေက ။ စစ်ခွေးတွေကလည်း ရွာထဲက မထွက်သေးဘူး။ ဒဏ်ရာရထားတဲ့ ပြည်သူတွေလည်းရှိနေပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 

စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာတွင် မတ်လ ၂ ရက်နေ့ စစ်တပ်က ပြည်သူ ၁၇ ဦးကို လူသားဒိုင်း ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပြီး အမျိုးသမီး ၃  ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အမျိုးသား ၁၄ ဦးကို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ 

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က ယနေ့ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၈ ရွာမှ ပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ပြည်သူ ၄ ဦး ကျည်ထိမှန်ထား

ရန်ကုန်၊ မတ် ၆ 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က   ယနေ့ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၈ ရွာမှ ပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ပြည်သူ ၄ ဦး ကျည်ထိမှန်ထားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

ယနေ့ နံနက်ပိုင်းမှစတင်၍ စစ်ကိုင်းမြို့နယ်နှင့်၀က်လက်မြို့နယ် အစပ် ဆားတောင်နယ်ကို စစ်ကောင်စီတပ် စစ် ကြောင်းများက နယ်မြေရှင်းလင်းရေး အမည်တပ်၍ စစ်ကြောင်းထိုးလာကြောင်း၊ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ကျေးရွာများကို ပစ်ခတ်သဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး အနည်းဆုံးကျေးရွာ ၈ ရွာမှ ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။ 

"သားပျောက်ကုန်း ၊ဒီလုံးပို ၊ဥရှစ်ကြီး ၊ကန်တော်ရိုး ၊ပေါက်မတောင်၊ ပေါက်မ မြောက်၊ မြိုင်ကုန်း၊ ကျီကုန်း ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရပါတယ်။ ပြည်သူ ၄ ဦး ကျည်ထိမှန်ထားပါတယ်" ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  

စစ်ဘေးရှောင်နေရသော ကျေးရွာများတွင် ဒီလုံးပိုကျေးရွာတွင် အိမ်ခြေ ၁၀၀၊  သားပျောက်ကုန်းရွာတွင် အိမ်ခြေ ၄၀၀၊  ကန်တော်ရိုးရွာတွင် အိမ်ခြေ ၁၅၀ ၊ ဦးရှစ်ကြီးကျေးရွာတွင်  အိမ်ခြေ ၁၅၀ ၊  ကန်တော်ရိုးရွာတွင် အိမ်ခြေ ၁၅၀ ၊  ပေါက်မတောင်ရွာတွင် အိမ်ခြေ ၁၅၀၊  ပေါက်မ မြောက်ရွာတွင် အိမ်ခြေ  ၁၅၀ ရှိကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း ယမန်နှစ် နှောင်းပိုင်းကာလ စစ်တပ်က စစ် ကြောင်း ထိုးလာ၍ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ပြည်သူတချို့။

ဆက်ဖတ်ရန် →