နောက်ဆုံးရ
ရွေး ကောက်ပွဲကို စိတ်လည်း မ၀င်စားဘူး။ ဘယ်သူတွေဆိုတာလည်းမသိဘူး

ရွေး ကောက်ပွဲကို စိတ်လည်း မ၀င်စားဘူး။ ဘယ်သူတွေဆိုတာလည်းမသိဘူး

စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်ပြန်လည် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၉ ခုရှိပြီး   ကြံ့ခိုင်ရေးပါတီမှ စည်းရုံးရေးများ စတင်လုပ်ဆောင်နေ

ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC)မှ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဆိုင်ရာ နည်းဥပဒေများကို အတည်ပြုကြေညာခဲ့ပြီးနောက် မှတ်ပုံတင်ရန်နှင့် ပါတီထူထောင်ခွင့်လျှောက်ထားသည့်ပါတီ ၉ ခုရှိကြောင်း UEC မှထုတ်ပြန်ထားသည်။

စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ပြဌာန်းထားသည့် ပါတီဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပထမဦးဆုံးလျောက်ထားသည့်ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဖြစ်သည်။ USDP သည် ယခုလက်ရှိတွင် ပါတီစည်းရေးရုံး အနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ လူငယ်များနှင့်တွေ့ဆုံခြင်း၊ ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်နေပြီး ယမန်နေ့က MCC ခန်းမတွင် လူငယ် ၃၀၀၀ ကျော်နှင့် တွေ့ဆုံခဲ့ကြောင်း USDP က ထုတ်ပြန်ထားသည်။

USDP ပါတီဥက္ကဋ္ဌဦးခင်ရီက "လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအနေနဲ့ မဲဆန္ဒနယ်အားလုံးမှာ ၀ငျရောကျ ယှဉ်ပြိုင်အရွေးခံသွားမယ်" ဟု တွေ့ဆုံပွဲတွင် ပြောကြားထားသည်။

ထို့ပြင် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီမှ ပါတီတည်ထောင်ခွင့် လျှောက်ထား ခဲ့ပြီး ဒီမိုကရေစီပါတီသစ်(ကချင်)နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့မှ နိုင်ငံရေး ပါတီ အဖြစ် ဆက်လက်တည်ထောင်လိုကြောင်း လျှောက်ထားခဲ့ကြသည်ဟု စစ်ကောင်စီ လက်အောက်ခံ UEC က ဆိုသည်။

ပါတီတည်ထောင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီများမှာ ဒေါ်ချိုချိုကျော်ငြိမ်း ဦးဆောင် သည့်ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ(ပဲခူးတိုင်း)၊ ပြည်ထောင်စုဒီမိုကရက်တစ် ပါတီ (ပြည်ထောင်စုတစ်၀န်းလုံး)၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ(မန္တလေးတိုင်း) တို့မှ လျှောက်ထားခဲ့ကြပြီး မှတ်ပုံတင်ခွင့်လျှောက် ထားသည့်ပါတီမှာ ဦးခင်ရီဦး ဆောင်သည့် USDPပါတီ(ပြည်ထောင်စုတစ်၀န်းလုံး)၊ မြန်မာ့ပြည်သူ့ဒီမိုကရက်တစ်ပါတီ (ရန်ကုန်တိုင်း)၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်ပါတီ(ရှမ်းပြည်နယ်)၊ အမျိုးသားဒီမိုကရေစီ ပါတီသစ် (ရန်ကုန်တိုင်း)တို့မှ လျှောက်ထားခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ "ခုလာမယ့်ရွေးကောက်ပွဲကို စိတ်လည်း မ၀င်စားဘူး။ ဘယ်သူတွေဆိုတာလည်းမသိဘူး။ သိတာဆိုလို့ ကြံ့ခိုင်ရေးပါတီပဲသိတာ။ မဲလည်းမထည့်ဘူး။ ပါလည်း မပါဘူး" ဟု အသက် ၃၅ နှစ်အရွယ်ရှိ ပြည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်   ပြည်သူ့ပါတီမှ ဦးကိုကိုကြီးနှင့် မအူပင် ဦးစိန်၀င်း၏ (NUDP) ပါတီပူးပေါင်းမည်ဖြစ်သည်။ ထို့ပြင် NLD ပါတီ၀င်ဖြစ်ခဲ့ပြီး ဒေါက်တာသက်သက်ခိုင်၏ PPP ပါတီတွင်လည်း ဒုဥက္ကဋ္ဌအဖြစ်တာ၀န်ယူခဲ့သူ ဦးကျော်ဇေယျက ပြည်သူ့ညီညွတ်ရေးပါတီ ထူထောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ပြည်ထောင်စု တစ်၀န်းလုံးတွင် စည်းရုံးလှုပ်ရှားမည့် ပါတီများအနေဖြင့် ပါတီအင်အား ၁ သိန်း စည်းရုံးရမည်ဖြစ်ပြီး မဲဆန္ဒအားလုံး၏ ထက်၀က်တွင် ၀ငျရောကျယှဉျပွိုငျရမညျ ဖြစ်သည်။  ထို့ပြင် ယခင်ရှိပြီးသား ပါတီများအနေဖြင့် ၂ လအတွင်း ပြန်လည်၍ မှတ်ပုံမတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်မည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က လက်မှတ်ရေးထိုး၍ ထုတ်ပြန်ထားသည်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသည့် စစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှုမရှိသဖြင့် ၎င်းတို့ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအား မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမည် ဖြစ်သည်။ စစ်ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာတွင် အားပေးကူညီသူများအဖြစ် သတ်မှတ်မည် ဖြစ်သည် ဟု ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ နေ့က ထုတ်ပြန်ထားသည်။

#စစ်ကောင်စီရွေးကောက်ပွဲ #ပါတီမှတ်ပုံတင် #နိုင်ငံရေးပါတီ #၉ပါတီ #Ayeyarwaddy_Times


ဆက်ဖတ်ရန် →
CDMများ၏ ဆန္ဒကိုထည့်သွင်းစဉ်းစားပြီး အကူအညီများရရေးကြိုးပမ်းရန်  ပြည်ထောင်စု ဝန်ကြီးချုပ်ပြော

CDMများ၏ ဆန္ဒကိုထည့်သွင်းစဉ်းစားပြီး အကူအညီများရရေးကြိုးပမ်းရန် ပြည်ထောင်စု ဝန်ကြီးချုပ်ပြော

သက်ဝေ/People’s Spring

အာဏာဖီဆန်ရေးလှုပ်ရှားမှ(CDM) မူဝါဒ အသက်ဝင်အောင်လုပ်ဆောင်ရန်နှင့် CDMများ၏ ဆန္ဒကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယမန်နေ့က ကျင်းပသည့် CDM အောင်မြင်ရေးကော်မတီအစည်းအဝေး၌ ပြောကြားခဲ့သည်။


အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် နွေဦးတော်လှန်ရေးကြီးကို အရှိန်အမြင့်ဆုံးရောက်ရှိသွားပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုရရှိနိုင်ခဲ့သည်အထိ တော်လှန်ရေးကိုအားကောင်းအောင်မောင်းနှင်ပေးခဲ့ကြောင်း၊ ယင်းလှုပ်ရှားမှုတွင် ပါဝင်ပြီး ယနေ့အထိ အားမလျှော့စတမ်း တိုက်ပွဲနေသည့် CDMများသည် နိုင်ငံ့ဂုဏ်ဆောင်များဖြစ်ပြီး လေးစားချီးကျူးထိုက်သူများ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။


 "တိုင်းပြည်ရဲ့ အနာဂတ်အတွက် မိမိတို့ရဲ့ ဘဝတွေ အသက်တွေစတေးပြီးယုံကြည်စွာနဲ့ ရှေ့ဆက်နေကြတဲ့အတွက် အခုလိုနှစ်နှစ်ကျော်ကြာတဲ့အထိ တော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ စစ်အာဏာရှင်အကြမ်းစစ်တပ်ကို ဆက်လက်ပြီး အားကောင်းစွာဖိအားပေးတုံ့ပြန်လျက်ရှိပါတယ်။ ဒီစိတ်ဓါတ်တွေနဲ့ ဆက်လက် တိုက်ပွဲဝင်နေကြတဲ့အတွက်ကြောင့်ဘဲ အခုဆိုရင် ကမ္ဘာကြီးက မျက်နှာလွှဲထားလို့မရအောင် မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ပိုပြီးအာရုံစိုက် လုပ်ဆောင်လာရတာတွေရှိပါတယ်။ ကော်မတီအနေနဲ့လည်း ဒီကဏ္ဏကနေပြီး ကျွန်တော်တို့ရဲ့ စီဒီအမ်များအတွက် အကူအညီများရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားဖို့ကိုလည်း မှာကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။


ပြီးခဲ့သည့် ၂နှစ်အတွင်း ကော်မတီအနေဖြင့် CDMဆိုင်ရာ အထောက်ပံ့ကူညီရေးအစီအစဉ်များ၊ လုံခြုံရေး၊ လှုမှုရေး၊ လေ့လာသင်ယူမှု မရပ်တန့် စေရေးစီမံကိန်းများ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အားဖြည့်အကူအညီပေးရေး အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့သော်လည်း လိုအပ်ချက်များ အကန့်အသတ်များ ရှိနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။


 ကော်မတီအနေဖြင့် တော်လှန်ရေးအခြေအနေအရ ဆက်လက်အကောင်အထည်ဖော်သင့်သည့်ကိစ္စများကို ဆွေးနွေးလုပ်ဆောင်ကြရန်လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မှာကြားသည်။


 "ကော်မတီအနေနဲ့ စီဒီအမ်များနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ မူဝါဒများကို ဆက်လက်ပြီး အသက်ဝင်အောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။နိဂုံးချုပ်အနေနဲ့ ပြောကြားရရင် မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရာမှာလည်း စီဒီအမ်များရဲ့ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစားဖို့ အင်မတန်အရေးကြီးသလို တဖက်မှာလည်း ကျနော်တို့အစိုးရဟာ လူအခွင့်အရေးကို အာမခံတဲ့ အစိုးရတရပ်အနေနဲ့ စံတန်ဖိုးများကို လိုက်နာရမှာ ဖြစ်တဲ့အတွက် ဒီအချက်တွေကို သေသေချာချာ ထည့်သွင်းစဉ်းစားပြီး ဆွေးနွေးဆောင်ရွက်သွားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။


CDM များအတွက် ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာ ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ယခု ဖေဖော်ဝါရီ ၁ရက်တွင် ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးကာလအလွန်တွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်ပေးအပ်ရန်၊ ယခု ဖေဖော်ဝါရီ ၁ရက်မှစ၍ မူလရာထူးတာဝန်ထက် တစ်ဆင့်တိုး၍ ရာထူးတိုးခန့်အပ်ကြောင်းနှင့် တော်လှန်ရေး ကာလအလွန်တွင် လုပ်ခလစငွေများ၊ ချီးမြှင့်ငွေများကို တလုံးတခဲတည်း ပြန်လည်ပေးအပ်သွားရန်အချက်များ ပါဝင်သည်။




ဆက်ဖတ်ရန် →
ဝေါမြို့ပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကိုPDFတိုက်ခိုက် သုံးဦးသေ၊ လေးဥဦးဒဏ်ရာပြင်းထန်ဟုဆိ

ဝေါမြို့ပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကိုPDFတိုက်ခိုက် သုံးဦးသေ၊ လေးဥဦးဒဏ်ရာပြင်းထန်ဟုဆိ

ကျော်ဇော/People's Spring 


ပဲခူးတိုင်း၊ ဝေါမြို့ပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဝေါမြို့နယ် ပ.က.ဖ မှတော်လှန်ရေးရဲဘော်များက 'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ယမန်နေ့ညပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေ သခွဲက ယနေ့ ဖေဖော်ဝါရီ ၂၇ တွင် ထုတ်ပြန်သည်။


ဖေဖော်ဝါရီ ၂၆ ရက်နေ့ည ၈ နာရီခွဲခန့်က ဝေါမြို့ ဘုရားပျိုရွာထိပ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များစောင့်ကြပ်လျှက်ရှိသူ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ဝေါမြို့နယ် ပ.က.ဖ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဆေးရေးဂိတ်တွင်ရှိနေသည့် ရာအိမ်မှူးတစ်ဦး၊ မီးသတ်ဝန်ထမ်းနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး၊ ဒုရဲအုပ်တစ်ဦးနှင့် ပျူစောထီးနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိ၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ဖော်ပြသည်။အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သပ်၍ ပဲခူးတိုင်းစစ်​ဒေသခွဲကို ​မေးမြန်ရန် ဆက်သွယ်​သော်လည်း အဆက်အသွယ်မရ​သေးပါ။ 


"ဝင်ပစ်ခံရတဲ့နေရာက ဝေါမြို့ထဲမှာပဲ။ ဝေါတံတားအဆင်းနားက လမ်းဆုံဂိတ်ကို ဝင်ပစ်သွားတာ။ဒီမနက် (ဖေဖော်ဝါ

ရီ ၂၇)ကြားရတာက လေးဦးလောက်သေတယ်လို့ သိရတယ်"ဟု ဝေါမြို့နယ်မှ ဒေသခံတစ်ဦးက People's Spring သတင်းဌာနသို့ပြောသည်။


အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၂ မိနစ်ခန့်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်ဦးမှူယူတိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်​သေခွဲက အသိပေးထားသည်။




ဆက်ဖတ်ရန် →
ကေအန်ယူ ဗဟိုကော်မတီဝင်အားလုံး နုတ်ထွက်ရန်တောင်းဆိုမှုအထွေထွေအတွင်းရေးမှူး တုံ့ပြန်

ကေအန်ယူ ဗဟိုကော်မတီဝင်အားလုံး နုတ်ထွက်ရန်တောင်းဆိုမှုအထွေထွေအတွင်းရေးမှူး တုံ့ပြန်

DVB | 27 February, 2023

ကမ္ဘာတဝန်း ကရင်လူမှုအဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာပါ ကိစ္စရပ်တွေကို ကေအန်ယူရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းသွားဖို့လိုအပ်ကြောင်းနဲ့ အဆိုပါပေးစာနဲ့ ပတ်သက်ပြီး လိုအပ်ပါက ပွင့်လင်းရင်းနှီးစွာနဲ့ တွေ့ဆုံဆွေးနွေးဖို့အဆင်သင့်ရှိကြောင်း ကေအန်ယူအထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးကထုတ်ပြန်လိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီတဖွဲ့လုံးအနေနဲ့ ကရင်တမျိုးသားလုံးရဲ့ ကံကြမ္မာအတွက် စိတ်သဘောထားကြီးစွာနဲ့ ခေါင်းဆောင်တို့ရဲ့ ကျင့်ဝတ်တန်ဖိုးနဲ့အညီ စုပေါင်းတာဝန်ယူမှု၊တာဝန်ခံမှုရှိတဲ့စိတ်ဓာတ်တွေနဲ့ မိမိသဘောနဲ့ နုတ်ထွက်ပေးဖို့ ကမ္ဘာတဝန်းရှိ ကရင်လူမှုအဖွဲ့အစည်းတွေကဖေဖော်ဝါရီ ၂၃ ရက် အိတ်ဖွင့်ပေးစာပေးခဲ့တဲ့အပေါ် အတွင်းရေးမှူးက တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းရှိ ကရင်လူမှုအဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာမှာတော့ ကေအန်ယူ ဗဟိုကော်မတီ တဖွဲ့လုံး နုတ်ထွက်ပေးဖို့နဲ့ ကေအန်ယူခေါင်းဆေင်တချို့ကို အရေးယူပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီလိုတောင်းဆိုထားတဲ့ အကြောင်းတွေထဲမှာ ကရင်ပြည်နယ်၊ မောထိုတလေးနယ်မြေမှာ ပြုလုပ်တဲ့ စီမံကိန်းဖွင့်ပွဲမှာ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကာကွယ်ရေးဌာနဌာနမှူး ပဒိုစောရောဂျာခင် တက်ရောက်ခဲ့တဲ့ကိစ္စ  အရေးယူဆောင်ရွက်ခဲ့တာမရှိခြင်း၊ ရွှေကုက္ကိုလ် မြို့သစ်နဲ့နီးတဲ့ ဟွမ်ယာမြို့သစ်စီမံကိန်းကို ပဒိုစောရောဂျာခင်က ခွင့်ပြုချက်ပေးခဲ့မှုကို အရေးယူဆောင်ရွက်ခဲ့မှုမရှိတာနဲ့ ကေအန်ယူရဲ့ မူဝါဒနဲ့ ဆန့်ကျင်လုပ်ဆောင်နေတဲ့ခေါင်းဆောင်တွေကို အရေးယူမှုမရှိတဲ့အချက်တွေကို ထောက်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကပေးတဲ့ ဂုဏ်ထူးဆောင်ချီးမြှင့်ဆုကို လက်ခံခဲ့တဲ့ ကေအန်ယူ  ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ကေအန်ယူ ဆုံးဖြတ်ချက်နဲ့  ညွှန်ကြားမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ လက်တွဲအလုပ်လုပ်နေတဲ့  ဗဟိုအမြဲတမ်းကော်မတီဝင် ခေါင်းဆောင်တချို့ရဲ့ အပြုအမူတွေဟာ ကေအန်ယူ ဗဟိုအလုပ်မှုဆောင်ကော်မတီနဲ့ ဗဟိုအမြဲတမ်း ကော်မတီ နှစ်ရပ်လုံးရဲ့ ကျဆင်းနေတဲ့ ခေါင်းဆောင်မှုပြဿနာကို ပြသနေတာဖြစ်ကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။

ဒါကြောင့် ဗဟိုအလုပ်မှုဆောင်ကော်မတီ တစ်ဖွဲ့လုံး နုတ်ထွက်ပေးဖို့နဲ့ ကေအန်ယူ အုပ်ချုပ်ရေး၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ နိုင်ငံရေးလုပ်ငန်းတွေ ကေအန်ယူရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လည်ပတ်နိုင်ရေးအတွက်ကြားကာလ စီမံခန့်ခွဲရေးအဖွဲ့ဖွဲ့စည်းပြီး စီမံခန့်ခွဲဖို့လည်း တောင်းဆိုထားပါတယ်။

အဆိုပါအဖွဲ့ဟာ ကေအန်ယူလမ်းစဉ်နဲ့ကိုက်ညီပြီး နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဒီမိုကရေစီစနစ်အရရွေးကောက်ပွဲစံချိန်စံနှုန်းနဲ့ကိုက်ညီတဲ့ ကွန်ကရက်နဲ့ ရွေးကောက်ပွဲ တခုဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်းလည်း အိတ်ဖွင့်ပေးစာမှာ တောင်းဆိုထားပါတယ်။

ဒီလိုတောင်းဆိုချက်တွေအပေါ် ကေအန်ယူ အထွေထွေအတွင်းရေးမှူးက ကေအန်ယူအဖွဲ့ဝင်တွေ  စည်းကမ်းချိုးဖောက်မှုပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အပိုဒ် ၂၀ မှာ  ဖော်ပြထားတဲ့ အပြစ်ပေးအရေးယူခြင်း ပုဒ်မအရအရေးယူဆောင်ရွက်ရမှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ တုံ့ပြန်စာမှာ ဖော်ပြပါတယ်။

ကေအန်ယူ တော်လှန်ရေးလမ်းစဉ် လုပ်ငန်းစဉ်ကို လက်ခံယုံကြည်တဲ့ ကရင်လူမှုအဖွဲ့အစည်းတွေ အပါအဝင်ပြည်တွင်း ပြည်ပမှ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အားလုံးကို ကေအန်ယူရဲ့ အင်အားတွေအဖြစ်လည်း မှတ်ယူထားပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်းလည်း အဆိုပါ ကြောင်းပြန်စာမှာ ဖော်ပြထားပါတယ်။

Photo Credit-KIC




ဆက်ဖတ်ရန် →
ဖြူးမြိုရှိ အလှူအိမ်တွင် ဆက်ကြေးတောင်း၍ ပြန်လာသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နယ်ထိန်းရဲအပါအဝင် ၄ ဦးဒဏ်ရာရ

ဖြူးမြိုရှိ အလှူအိမ်တွင် ဆက်ကြေးတောင်း၍ ပြန်လာသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နယ်ထိန်းရဲအပါအဝင် ၄ ဦးဒဏ်ရာရ

ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဖေဖော်ဝါရီလ ၂၇ ရက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဘုရားလဟာကျေးရွာ အုပ်ချုပ်ရေးမှူး၏ အလှူအိမ်မှ ဆက်ကြေး‌တောင်း၍ပြန်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ယမန်နေ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဖြူးမြို့နယ်(ပကဖ) ဗိုလ်ကျားကြီးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလှူအိမ်မှ ဆက်ကြေး‌တောင်းကာ ပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များကို  ကညွတ်ကွင်းမြို့ အရှေ့ဘက်တွင် မိုင်းဆွဲတိုက်ခိုက်၍ လက်နက်ငယ်များဖြင့်ထပ်မံ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ နယ်ထိန်းရဲသန့်စင်အောင်၏ ဦးခေါင်းကျည်ထိမှန်(စိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDFထံက သိရသည်။

"အုပ်ချုပ်ရေးမှူးရဲ့အလှူပွဲအတွက် စစ်ကောင်စီလက်အောက်ခံတွေကိုလုံခြုံရေး ငှားထားတာ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆို ၂ သိန်း၊ ရဲကိုတစ်သိန်း ပေးပြီး ငှားခဲ့တာလို့သိရတယ်။ နယ်ထိန်းရဲကတော့ ကျည်ထိတဲ့ဒဏ်ရာစိုးရိမ်ရပြီး နေပြည်တော်ဆေးရုံမှာ တင်ထားရ တယ်လို့သိရတယ်" ဟု ပဲခူးတိုင်း PDFပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကြားဖြတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်မှုများမှ ပြန်လည်ပစ်ခတ်မှုကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း စစ်ကောင်စီ သတင်းပေးတစ်ဦးဖြစ်သူ မြပဲခူးရွာ အုပ်ချုပ်ရေးမှူးညွန့်ဝင်းကို ဖြူးမြို့နယ်ပကဖ (အမှန်တရားမြတ်နိုးသူများအဖွဲ့)က ပစ်ခတ်ရှင်းလင်းခဲ့သည်။

#ပဲခူးတိုင်း #ဖြူမြို့နယ် #အလှူအိမ်  #ဆက်ကြေး #ရဲတပ်ဖွဲ့  #မိုင်းဆွဲ #၄ဦးဒဏ်ရာရ #Ayeyarwaddy_Times


ဆက်ဖတ်ရန် →
 သုံးပုံတစ်ပုံကျော် မှာ ထမင်းလျှော့စားနေရ

သုံးပုံတစ်ပုံကျော် မှာ ထမင်းလျှော့စားနေရ

ဒီမိုကရေစီရမှ ထမင်းဝဝ စားနိုင်မည်

27 Feb 2023 By MPA ( အယ်ဒီတာ့ အာဘော်)

ရန်ကုန်မြို့ အဆင်းရဲဆုံးဒေသများတွင် နေထိုင်သူ ပြည်သူတို့၏ လေးပုံတစ်ပုံမှာ ပြီးခဲ့သည့် ၁၂လ တာအတွင်းဝင်ငွေ မရှိခဲ့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP)၏ အစီရင်ခံစာသစ်၌ ဖော်ပြထားသည်။

UNDP က ရန်ကုန်မြို့တွင် လူ ၃၀၀၀ ကို စစ်တမ်းကောက်ယူသည်။ ထို ၃၀၀၀ ထဲက သုံးပုံတစ်ပုံကျော် မှာ ထမင်းလျှော့စားနေရကြောင်း ဖြေကြားခဲ့သလို လေးပုံတစ်ပုံကျော်က ၎င်းတို့၏မိသားစုများ ဆေးဝါးနှင့်ကုသမှုမရှိဘဲ နေထိုင် နေကြကြောင်း ဆိုသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

ဝင်ငွေမရှိသော တစ်နှစ်တာ၊ ကြောက်မက်ဖွယ်ကောင်းသော တစ်နှစ်တာ။ ထိုတစ်နှစ်တာကို မည်သို့မည်ပုံ ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းခဲ့ကြသနည်း။ ထိုမေးခွန်း၏အဖြေမှာ တစစ်စစ်နာကျင်ကိုက်ခဲနေသော အစာအိမ်ကို ဖြစ်ညှစ်ဖြေဆိုရမည်ဖြစ်သလို ကြားရမည့်စကားသံများမှာလည်း နားစည်ထဲ ချော်ရည်များ လောင်းချလိုက်သလို ပူလောင်နေမည်က သေချာသည်။

မအောင်မြင်သော အာဏာသိမ်းမှုစတင်ပြီး သိပ်မကြာ၊ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုကို တတိယလှိုင်း ကိုဗစ်က မေးခွန်း ထုတ်လိုက်သည်။ ရန်ကုန်တစ်မြို့လုံး အလောင်းချင်းထပ်ကာ ဖြစ်သလိုသင်္ဂြိုဟ်ခြင်း အမှုကိုပင် အလျဉ်မမီသဖြင့် သုဿန်များရှေ့ အလောင်းများ တန်းစီစောင့်ခဲ့ရသည်။

တတိယလှိုင်းကိုဗစ် ကာလ၊ ကိုယ့်အသက် မသေလျှင်ပြီးရော ကိုယ့်အသက် ကိုယ့်ဘာသာ ပြန်လုနေရသည့်အချိန်တွင် ထမင်း၂နပ်မှန်ရေးကိုပင် နှလုံးမသွင်းနိုင်။ တတိယလှိုင်းအလွန်၊ဖြူကာပြာကာကျနေသော ဘဝများကို ပြန် လည်ဖာထေး ပြုပြင်တော့မည်ဆိုတော့လည်း အသက်ငင်နေသော စီးပွားရေးလုပ်ငန်းများအား ပြန်လည်နှိုးဆွပေးနိုင်စွမ်းမရှိသည့်အတွက် ရန်ကုန်မြို့ပြ ဆင်ခြေဖုံးဒေသက စက်ရုံအလုပ်သမားများမှာ တန်းစီ အလုပ်ပြုတ်ရပြန်သည်။

ထို့နောက် စစ်ကောင်စီ၏ အဆင်ခြင်ကင်းမဲ့သော အာဏာသိမ်းမှုနှင့် အာဏာသိမ်းမှုကိုခုခံသော ပြည်သူများအား ခေါင်းတည့်တည့်ပစ် အမြစ်ဖြတ်နေမှုများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ မြန်မာမြေပေါ်မှ ပြန်လည်ဆုတ်ခွာတော့ အစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ဖြစ်မှုမှာ ထပ်တစ်ကြိမ် ဒီတက်ခဲ့ပြန် သည်။

ထို့နောက် ၂၀၂၁ခုနှစ်အကုန်နှင့် ၂၀၂၂ နှစ်သစ် စတင်ချိန်တွင် လျှပ်စစ်ကား၊ လျှပ်စစ်ရထားနှင့်မြေအောက်ရထား နိုင်ငံတစ်ဝန်းပြေးဆွဲတော့မည့်ပမာ မင်းအောင်လှိုင် ကယောင်ကတမ်းထအော်နေချိန်၌ တစ်နိုင်ငံလုံးအနှံ့ ဆိုးဆိုးရွားရွား လျှပ်စစ်အငတ်ဘေးသင့်ခြင်းဒဏ် ရင်ဆိုင်ခဲ့ကြရပြန်သည်။ ထို့အပြင် လောင်စာ ဆီဈေးကပါ မိုးထိထောင်တက်ခဲ့လေတော့ တအီအီရှိုက်သံမျိုးဖြင့် မလည့်ချင်လည်ချင် ဖြည်းဖြည်းချင်း လည်နေသော မြို့ ပြစက်ရုံများစွာကိုတင်မက အသေးစား အိမ်တွင်းလုပ်ငန်းများကိုပါ ထိုးရပ်သွားအောင် ဆောင့် ဆွဲလိုက်တော့သည်။

ထပ်မံအလုပ်ပြုတ်ကြပြန်သည်။ တချို့သော စက်ရုံဝန်ထမ်းများမှာ တရားဝင် ဝန်ထမ်းဘဝမှ လျော်ကြေးငွေ တစ်ပြား တစ်ချပ်မှမရဘဲ  နေ့စားဘဝသို့ သက်ဆင်းခဲ့ရသော်လည်း လုံးဝအပြတ် အလုပ်မပြုတ်သွားခြင်းမှာ ကံကောင်း သည်ဟု ကိုယ့်ကိုယ်ကိုယ် ဖြေတွေးတွေးရသည်။

အလုပ်လက်မဲ့ပြဿနာ တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားလာခြင်းနှင့်အပြိုင် ရေနစ်သူကို ရေနစ် သေ လျှင်သေ၊မသေလျှင်လည်းရေထဲ၌ မသေအောင်အသက်လုရုန်းနေရသည့်ဘဝမှ ဆက်မတက်နိုင်အောင် ဝါးကူ ထိုးပေးနေသော ခိုင်မာတောင့်တင်းလှသည့် ဝါးလုံးကြီးတစ်လုံးမှာ မြန်မာကျပ်ငွေတန်ဖိုး ဇောက်ထိုးဆင်းကာ ထိန်းမနိုင်သိမ်းမရ ကုန်ဈေးနှုန်းတက်ခြင်းဖြစ်သည်။

တိုင်းပြည်အာဏာ ရူးမတတ်လိုချင်နေသော စစ်ကောင်စီမှာ တိုင်းပြည်ဖျက်သည့်နေရာတွင် ပြိုင်စံရှား သလောက် အပြုသဘော တွေးခေါ်မျှော်မြင် လုပ်ကိုင်နိုင်စွမ်းသော အရည်အချင်း ကင်းမဲ့သူများဖြစ်ကြသဖြင့် ကုန်ဈေးနှုန်းတက်တော့လည်း တက်သည်ဟုမှတ်ကာ ငုတ်တုတ်ထိုင်ကြည့်နေရုံကတစ်ပါး အခြားမရှိပေ။

ထို့အပြင် လိုက်၍မမီအောင် ပြေးနေသော ကုန်ဈေးနှုန်း၏နောက်တွင် လုပ်ခလစာက ပြတ်ကျန်နေခဲ့ခြင်းအရ အလုပ်လုပ်သူများကလည်း လုပ်ရင်းနှင့် ငတ်ကြတော့သည်။

ထိုသို့ အငတ်ဘေးသင့်နေမှန်းသိလျက် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင် ကျူးကျော်ရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ပြည်သူ့အိုးအိမ်ကို အဓမ္မ ဖယ်ရှားပစ်ခြင်းကြောင့်လည်း တစ်ပူပေါ်နှစ်ပူဆင့် နေစရာမဲ့ဘဝ အဖြစ်သို့ သက်ဆင်းခဲ့ရပြန်သည်။

ယခုရက်ပိုင်းအတွင်း မီဒီယာတစ်ခုက ရန်ကုန်မြို့တွင် ဟင်းအစားထိုး အကြော်များဝယ်ယူကာ စရိတ် ချွေတာနေကြခြင်းကြောင့် ဈေးကွက်ထဲ အကြော်စုံ အရောင်းသွက်နေသည်ဟုဆိုသည်။ ပြည်သူတို့မှာ ဖြစ်သလို ရသလို ကိုယ့်ဘဝကိုယ် လွတ်ထွက်မသွားအောင် အားကုန်ဆုပ်ကိုင်ထားနေကြရသည်။

ဝင်ငွေမရှိ၍ ထမင်းလျှော့စားနေရကြောင်း မင်းအောင်လှိုင်ကို ပြောပြအကြံတောင်းပါက တစ်ချိန်က နာမည်ကျော်စကားတစ်ခွန်းဖြစ်သော ထမင်းတစ်နပ်လျှော့စားဟုသာ ပြန်ပြောတတ်ပေမည်။ လတ်တလော ကျပ်တည်းမှုသည် ပိုမိုဆိုးရွားသောကျပ်တည်းမှုများဆီသို့သာ ဦးတည်နေခြင်းကြောင့် ပြည်သူ-ပြည်သူချင်း တတ်နိုင်သမျှဖေးမကူညီခြင်းဖြင့်သာ အံကြိတ်အားစိုက်ဖြတ်ကျော်ရပေမည်။

ယခုလိုအကျပ်အတည်းကြီးမှာ စစ်အာဏာရှင်များ ရှိသ၍ ဆက်လက်လောင်မြိုက်နေမည်ဖြစ်၍ ပြည် သူတစ်ဦးချင်းစီအနေနှင့် စစ်အာဏာရှင်ဖုတ်သွင်းသင်္ဂြိုဟ်ခန်းတွင် နိုင်ရာဝန်ထမ်းရန် လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။
#စစ်ကောင်စီ #ပြည်သူ #ဝင်ငွေ #အာဏာသိမ်းကာလ #MPA

 .
ဆက်ဖတ်ရန် →
နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် အွန်လိုင်းမှ တစ် ဆင့် လျှောက်ထားခိုင်းသည့် စနစ်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စ တင် ခဲ့ပြီး ၃ ရက်အတွင်း လူ ၈၅၀၀ ကျော် လျှောက်ထားပြီးနောက် Online Booking စနစ်ကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။ 

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူများက နိုင်ငံကူးလက်မှတ် များ လျှောက်ထားကြရန် https://www.passport.gov.mm/ ဝင်ရောက် သောအခါ ငွေသွင်းပြီး ရက်ချိန်းမရသူများသာ ရက်ချိန်း ရက် ကြည့်ရှုနိုင် မည်ဖြစ်ပြီး အသစ်လျှောက်ထားလိုသူများအနေဖြင့်  စနစ်အား ပြင်ဆင်မွမ်းမံမှု များ ပြုလုပ်နေကြောင်း၊ နိုင်ငံကူးလက်မှတ် Online Booking ဝန်ဆောင်မှု ပြန်လည် စတင်ဖွင့်လှစ်မည့်အချိန်ကို ကြေညာပေးသွားမည်ဖြစ်ကြောင်း ကြေညာ ထားသည်။ 

"ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စဖွင့်တယ်။ ၂၄ ရက်နေ့ တစ်ရက်တည်းပဲ တင်လို့ ရလိုက်တယ်။ ၂၅ ရက်နဲ့ ၂၆ ရက်နေ့မှာက ဝင်မရ ပြုမရနဲ့ ။ သူတို့ ကြေညာ ထားတာက ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လူပေါင်း ၈၅၂၉ ဦး လျှောက်ထားတယ်။ ဒီမနက်ကျတော့ ငွေသွင်းပြီး ရက်ချိန်းမရသူ တွေပဲ ရက်ချိန်းကြည့်လို့ရတယ်။ အသစ်လျှောက်ထားသူတွေ လျှောက်မရ တော့ဘူး။ တရားဝင်လည်းကြေညာထားတယ်။ ၃ ရက်အတွင်း လူ ၈၀၀၀ ကျော် လျှောက်တာဆိုတော့ ပမာဏက တိုးလာဖို့ပဲရှိတယ်။ မနိုင်မနင်းဖြစ်လို့ ခဏ ရပ် သွားတာထင်တယ်" ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူ ပြည်သူ တစ်ဦးက ပြောသည်။ 

လက်ရှိတွင် နယ်ဒေသမှ လူငယ်များအားလုံးမှာ အွန်လိုင်းမှ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို နားလည် တတ်ကျွမ်းမှုမရှိ၍ အခက်အခဲများစွာ ကြုံနေရ ကြောင်း နယ်ဒေသမှ ပြည်သူများက ဆိုကြသည်။ 

"ဖေဖော်ဝါရီ ၂၄ ၊ ၂၅ ၊ ၂၆ ရက်နေ့ ၃ ရက်ဖွင့်ပေးတာက မြို့ပေါ်က လူတွေ အများ စု လျှောက်လို့ ရသွားကြတာ။ နယ်တွေမှာက လိုင်းမကောင်းဘူး။ ပြီးတော့ လျှောက်ရတာ သိပ်မကျွမ်းကျင်ဘူး။ကျနော်ဆိုရင် ခင်ဦးဘက်ကပါ ။ အဲဒါ အင်တာနက်ရတဲ့ မန္တလေးဘက်သွားပြီး လျှောက်ဖို့ လုပ်ကြည့်တာ။ မရဘူး။ အဆင်မပြေဘူး" ဟု ခင်ဦးမြို့နယ်မှ လူငယ်တစ်ဦးက ဆိုသည်။ 

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ နိုင်ငံကူးလက် မှတ် ထုတ်ပေးမှုများကို ရပ်ဆိုင်းခဲ့ပြီး ၂ လခွဲနီးပါး အကြာတွင် အွန်လိုင်းမှ တစ် ဆင့် နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများ ခွင့်ပြု လာခြင်းဖြစ်ကြောင်း သိရှိရသည်။



ဆက်ဖတ်ရန် →
တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာ

တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာ

တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်းအောင်လှိုင် ကိုယ်တိုင် စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်ပြောနေရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ်


အကြမ်းဖက် စစ်တပ်အတွင်း ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးများ ကိုယ်တိုင် တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်း အောင် လှိုင်က စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်လံသတိပေး ပြောဆို နေရသည်။ 


ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရခိင်ပြည်နယ်၊ စစ်တွေသို့ ရောက်ရှိနေသည့် စစ် ခေါင်း ဆောင် မင်းအောင်လှိုင်က  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိများ နှင့် စစ်သည်များကို စည်းကမ်းနှင့်အမိန့်နာခံမှုရှိရန်လိုအပ်ဟု အမိန့်ပေးမှာ ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။  


"စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်ကာ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှုရှိမှသာလျှင် စစ်သားကောင်းတစ်ယောက်ပီသမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်ခြင်းသည် အမိန့်နာခံမှုရှိခြင်း ပင်ဖြစ်ကြောင်း" ဟု မင်းအောင်လှိုင်က ပြောသည်။ 


စစ်စည်းကမ်းများထုတ်ပြန်ထားရှိခြင်းသည် မည်သည့်လုပ်ငန်းကိုမဆို စည်း စနစ်တကျ ဆောင်ရွက်တတ်စေရန်နှင့် မဖြစ်သင့်သည်များကိုမဖြစ်စေရန် ထုတ် ပြန်ထားခြင်းဖြစ်ပြီး အကြောင်းမဲ့တင်းကျပ်ထားခြင်းမဟုတ်သည်ကို နားလည် သဘောပေါက်ရန်လိုကြောင်း၊ စည်းကမ်းလိုက်နာခြင်းဖြင့် မိမိကိုယ် ကိုမြှင့်တင်ရမည်ဟု မင်းအောင်လှိုင်က ပြောသည်။  


စစ်သည်တော်များအနေဖြင့် အချင်းချင်းတည့်မတ်ထိန်းကြောင်းရမှာဖြစ်သလို ဦးစီးခေါင်းဆောင်သူများအနေဖြင့်လည်း မိမိတို့တပ်ဖွဲ့ကို ညီညွတ်မျှတစွာ ကွက်ကဲအုပ်ချုပ်ဖို့ လိုသလို တပ်မှူးကောင်းစိတ်ဓါတ်ဖြင့် အုပ်ချုပ်ရန် လိုသည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။ 


မင်းအောင်လှိုင်ကိုယ်တိုင် စစ်တပ်အတွင်း အမိန့်နာခံရန် ပြောဆိုလာရခြင်း၏ နောက်ကွယ်တွင် တပ်တွင်း ပုန်ကန်မှုများနှင့် ပစ်ခတ်သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။ 


၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကရင်ပြည်နယ်တွင် ရှေ့တာဝန်ချထားသည့် ခမရ  ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို အမိန့်မနာခံမှု၊ စစ်တိုက်ရန် ပုန်ကန်ငြင်းဆန်မှုဖြင့် ဖမ်းဆီး အရေးယူခံခဲ့ရသည်။ 


ခမရ ၄၀၃ သည် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အခြေစိုက် တပ်ဖြစ်ပြီး ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ရှေ့တန်း တာဝန်ချထားခံရသည့် တပ်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ မဲသလောက် စစ်တပ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းကို ပြန်လည် သိမ်းယူရန် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို တိုင်းစစ်ဌာနချုပ်က အမိန့်ပေးရာတွင် အဆိုပါ အရာရှိ ၃ ဦးက  အမိန့်မနာခံဘဲ စစ်တိုက်ရန် ငြင်းဆန်ပုန်ကန်ခဲ့ကြကြောင်း သိရှိရသည်။


ထို့ပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်ပင် ခမရ ၄၀၅ မှ  တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး ကြည် သာဖြိုးတို့က  KNU တပ်မဟာ ၅ နယ်မြေ မဲ၀ိုင်စခန်းသို့ ပြောင်းရွှေ့ရန် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များ၏ အမိန့်ကို ငြင်းဆန်ခဲ့ကြသဖြင့်  တပ်တွင်း ပုန်ကန်မှု ပုဒ်မတပ်၍  စစ်တပ်က ဖမ်းဆီး အရေး ယူမှုများ လုပ်ဆောင်ထားကြောင်း သိရှိရသည်။ 


ထို့ပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း ပြင်ဦးလွင်၊ စစ်တပ် ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်သင်တန်းကျောင်း ဒုကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုး အောင် ကို စစ်သည် ၁ ဦးက သေနတ်ဖြင့် ၂ ချက် ပစ်သတ်ခဲ့သည်။ 


နောက်တန်း အထိုင်တပ်တွင် အရာရှိကြီးကို စစ်သည်တစ်ဦးက ပစ်ခတ်ခြင်းဖြစ်ရာ ရှေ့တန်းတပ်များသာမက  နောက်တန်းအထိုင်တပ်များတွင်ပါ အမိန့်မနာခံမှုနှင့် တပ် တွင်း ပုန်ကန်မှုများ ဖြစ်ပေါ်လာနေကြောင်း သိရှိသည်။  ပစ် ခတ်သည့် စစ်သည်၏သတင်းမှာ လုံး၀ ပျောက်ဆုံးနေပြီး စစ်သည်၏ မိ သားစုမှာ သတင်းအစအန မရရှိတော့ဘဲ ပျောက်ကွယ်နေသည် ဟုသိရှိရသည်။ 


စစ်တပ်အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသော တပ်တွင်းပုန်ကန်မှုများစွာမှာလည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။ 


၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ စစ်ပင်ကွင်း ကျေးရွာတွင် စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သည် ၇ ဦးကို စစ်သား ၂ ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။  


ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးမျိုးဟန်၊ တပ်ကြပ်သိန်းအောင်၊ တပ်သားတိုးတက် နိုင်၊ တပ်သားမျိုးမင်းခန့်၊ တပ်သားစန်းဝင်း၊ တပ်သားအောင်လေးနဲ့ တပ်သား လင်းလင်းထွေး တို့ သေဆုံးခဲ့ကြပြီး  တပ်တွင်းပုန်ကန်သူ စစ်သား ၂ ဦးကို စစ်တပ်က သတ်ဖြတ်လိုက်သည်။

ထို့ပြင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်ကျေးရွာ၊ အမှတ် ၇ တပ်မ တော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ စစ်သား ၈ ဦးကို အရာခံ ဗိုလ် အောင်သန်းက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ 


၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ အရာရှိ တချို့က အမှတ် ၇ တပ်မတော်တန်းမြင့်သင်တန်းကျောင်းကို လာရောက် စစ်ဆေးရာတွင် လုံခြုံရေး ကင်းကျနေသည့် စစ်သား ၁၀ ဦးက ဆေးသုံးစွဲပြီး မူးယစ် နေခြင်း၊ အရက်သောက်ထား သည်ကို တွေ့ရှိရခြင်းတို့ကြောင့်  သင်တန်း ကြီးကြပ်ရေးအရာရှိ အရာခံဗိုလ်အောင်သန်းကို စစ်အရာရှိများ ခေါ်ယူ အပြစ် ပေး ဆူပူခဲ့ကြောင်း၊ ဇွန်လ ၆ ရက်နေ့  ညပိုင်းတွင် အရာခံဗိုလ် အောင်သန်းက   စစ်သား ၈ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။  အရာခံဗိုလ်အောင်သန်းမှာ လက်နက်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- စစ်တွေ ရောက်ရှိနေသော အကြမ်းဖက် မင်းအောင်လှိုင်။ 


Photo Credit- Border News Agency




ဆက်ဖတ်ရန် →
VPNကိုကျော်ဖြတ်လာကြပြီ

VPNကိုကျော်ဖြတ်လာကြပြီ

VPNတွေစတင်ခံသုံးရချိန်ထဲက တရုတ်ဆိုက်ဘာပညာရှင်
တွေဟာ ဖေ့ဘွတ်အပလီကေးရှင်းကိုထိန်းချုပ်ဖို့ရန်ကုန်မှာ
ရောက်ရှိနေတဲ့သတင်းတက်ခဲ့ပြီးဖြစ်တယ်၊
လုံခြုံရေးအားနဲတဲ့ အကောင့်တွေကိုခိုးဝင်ပြီးစစ်ဆေး ဖတ်
ရှု့နေတယ်လိုယူဆရပါတယ်၊ ဒီလိုဝင်ရောက်တာနဲ့ ဆာဗာ
ကသိလို့လော့ခ်ချလိုက်ပေမယ့် ဖတ်ရှု့တာခံခဲ့ရလားဆို
တာဖြေကြားထားတာမတွေ့ရပါဖူး၊စာဖတ်ရုံအသုံး
ချသူတွေအတွက်မစိုးရိမ်ရပေမယ့် မက်ဆင်ဂျာကိုတော်
လှန်ရေးအတွက်သုံးသူတွေအတွက်အန္တရာယ်ပါ၊လုံခြုံရေး
၂ဆင့်ခံထားသည့်တိုင် တော်လှန်ရေးကိစ္စများအတွက်အ
ခြားသောအပလီကေးရှင်းများအသုံးပြုစေလိုပါသည်၊
တရုတ်ပညာရှင်များက VPN အချို့ကိုအောင်မြင်စွာဖြတ်
ကျော်နိုင်ခဲ့သည့်သဘောဖြစ်ပါ၍ မိမိသုံးနေသောVPN
များအား upgrade ပြုလုပ်ကြရန်လဲလိုအပ်ပါသည်။
ပရုဖိုင်လော့ချသည့်တိုင်နိုင်ငံရေးသတင်းများ ကွန်မန့်
ပေးသူများသည် လိပ်စာပါသည့်ပို့စ်များ မိသားစုဝင်
များကိုတက်ခ်တွဲထားခြင်းများစသဖြင့် ကိုယ်ရေး
အချက်များအားလုံးမြေလှန်ရှာပြီးဖျက်ထားရန်လိုအပ်
ပါသည်၊ တော်လှန်ရေးအားကောင်းဖို့ ဖေ့ဘွတ်ကို
ဆက်လက်အသုံးပြုရမည်ဖြစ်သော်လည်းအကောင့်
အစစ်၊နာမည်အစစ်ဖြင့်တော်လှန်ရေးမလုပ်ရန်
တော်လှန်ရေးကွန်မန့်များမပေးရန်လိုအပ်သည်။
အချူပ်အားဖြင့်တော်လှန်ရေးအကောင့်သီးသန့်
ထပ်ဖွင့်ရန်တိုက်တွန်းအပ်ပါသည်၊



ဆက်ဖတ်ရန် →
(ဘန်ကောက်ပို့စ်) သူပုန်များက ရဲစခန်းသို့ ဝင်ရောက်ပြီးနောက် Sangkhla Buri မှ ဖြတ်ကျော် ခိုက်ရန်ဖြစ်ပွား

(ဘန်ကောက်ပို့စ်) သူပုန်များက ရဲစခန်းသို့ ဝင်ရောက်ပြီးနောက် Sangkhla Buri မှ ဖြတ်ကျော် ခိုက်ရန်ဖြစ်ပွား

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။


လုပ်ဖော်ကိုင်ဖက်များ လွတ်မြောက်ရေးအတွက် အာဏာသိမ်းမှု ဆန့်ကျင်ရေး သူပုန်များက ရဲစခန်းသို့ ဝင်ရောက်ပြီးနောက် Sangkhla Buri မှ ဖြတ်ကျော် ခိုက်ရန်ဖြစ်ပွား


မြန်မာနိုင်ငံမှ ရွာသားများ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခြင်း မရှိကြောင်း အဆိုပါ သတင်းရင်းမြစ်ကဆက်လက်ပြောသည်။


စနေနေ့မွန်းလွဲပိုင်းလောက်မှာတော့ ဘုရားသုံးဆူဘုရားလမ်းမှာ လူနေမှုဘဝနဲ့ ကုန်သွယ်မှုတွေ ပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။ သို့သော် ဖြစ်နိုင်ချေရှိသော ကျူးကျော်ဝင်ရောက်မှုများကို တားဆီးရန် အထူးသဖြင့် ထိခိုက်လွယ်သောနေရာများတွင် နယ်စပ်တစ်လျှောက် လုံခြုံရေးအရာရှိများက အချိန်ပြည့်သတိရှိနေကြမည်ဖြစ်သည်။


Sangkhla Buri ခရိုင်အကြီးအကဲ Sutthiporn Siwawetphikul သည် ၎င်း၏လက်ထောက် Damrongrat Suphaphan ကို စနေနေ့တွင် နယ်စပ်ဧရိယာအား စစ်ဆေးရန်နှင့် အခြေအနေကို စောင့်ကြည့်ရန် တာဝန်ပေးအပ်ခဲ့သည်။


လတ်ယာတပ်နယ် ဒုတပ်မှူး ဗိုလ်မှူးကြီး Thatchadet Arbuarat က နယ်စပ်တလျှောက်ရှိ တပ်သားများအားတပ်လှန့်ထားရန် အမိန့်ပေးခဲ့သည်။ ပြည်သူများ ဘေးကင်းစေရန်အတွက် Nong Lu ရှိ နမ့်ကောက်လုံခြုံရေးဂိတ်ကို ဖြတ်သန်းသွားလာခွင့်မပြုပေ။


အာဏာသိမ်းဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ သူပုန်များက Payathongzu ရဲစခန်းကို အစောပိုင်း မြန်မာစစ်သားများက ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များကို ကယ်တင်ရန်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။


PDF အဖွဲ့ဝင်များ လွတ်မြောက်သွားပြီးနောက် သူပုန်တပ်ဖွဲ့များက လျှပ်စစ်မီးဖြတ်တောက်ကာ ဘူတာရုံရှေ့တွင်ရပ်ထားသည့် ကားတစ်စီးအား ၎င်းတို့နယ်မြေကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း မြန်မာတပ်များထံ အချက်ပြပေးပို့ခဲ့သည်။


နောက်ပိုင်းတွင် အရေအတွက်မသိသော သူပုန်များသည် ၎င်းတို့၏ သစ်တောစခန်းသို့ ဆုတ်ခွာသွားကြသည်။အခုအခြေအနေက ပုံမှန်ပြန်ဖြစ်နေပါပြီ။


KANCHANABURI - စနေနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားနေသဖြင့် Sangkhla Buri ခရိုင် နယ်စပ်တစ်လျှောက် လုံခြုံရေး တင်းကျပ်ထားသည်။


မြန်မာစစ်တပ်သည် အမည်မသိတပ်များနှင့် တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုင်းနိုင်ငံဘက်ခြမ်းတွင်နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က သေနတ်သံများကြားရပြီး မြန်မာနိုင်ငံ Payathongzu မြို့နယ်အတွင်းမှ Phra Chedi Sam Ong ကျေးရွာ မူး ၉ ဘက်ခြမ်း၊ Sangkhla Buri ခရိုင် Nong Lu မှ မီးတောက်များ ထူထပ်စွာ ထွက်ပေါ်လာကြောင်း သိရသည်။


မီးလောင်ကျွမ်းခဲ့သည့်နေရာများမှာ ခရိုင်ရုံးနှင့် Payathongzu ရဲစခန်းတို့ဖြစ်ကြောင်း ကနဦးယုံကြည်ခဲ့သည်။၎င်းတို့သည် Sangkhla Buri ရှိ ဘုရားသုံးဆူမှ မီတာ ၂၀၀ ခန့် ကွာဝေးသည်။



ဆက်ဖတ်ရန် →
စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်ကို ထက်ဝက်ကျော် ​လျှော့ချလိုက်ပြီး စရိတ်မျှပေး ဆေးကုသရေးစနစ်ကို အားပေး

စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်ကို ထက်ဝက်ကျော် ​လျှော့ချလိုက်ပြီး စရိတ်မျှပေး ဆေးကုသရေးစနစ်ကို အားပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ခေတ်သစ်

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း စစ်သားများ ထိ ခိုက် ဒဏ်ရာရရှိမှု များပြားနေသော်လည်း စစ်ဘက်ဆိုင်ရာ ကျန်းမာ ရေး အသုံးစရိတ် ကို ထက်ဝက်ကျော်​လျှော့ ချလိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်က  ​လျှော့ချလိုက်သော စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်များတွင် ဆေးဝါးနှင့် ကုသရေးဆိုင်ရာ ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ သင်တန်းများအတွက် အသုံးစရိတ်များ ပါဝင်ကြောင်း၊ ယင်းသို့ ကျန်းမာရေး အသုံးစရိတ် မလျှော့ချမီ လွန်ခဲ့သည့် ၄ လခန့်ကပင် ဒဏ်ရာရစစ်သားများ စစ်ဆေးရုံများသို့ ရောက်ရှိလာချိန်တွင် ဆေးဝါး မစုံလင်မှုများ၊ စျေးပေါ၍ အရည်အသွေးနိမ့်ကျသော ဆေးဝါးများနှင့် ရက်လွန်ပြီးသော ဆေးဝါး အစုတ်အပြတ်များဖြင့် ကုသမှု ခံယူနေရကြောင်း သိရသည်။

ထို့ပြင် ဒဏ်ရာရ စစ်သားများ လိုအပ်သော အရေးကြီးဆေးဝါးနှင့် ဓာတ်ဆား ထုပ် ကဲ့သို့ သာမာန်ဆေးဝါးက အစ စစ်ဆေးရုံတွင် ပြတ်လပ်နေပါက ပြင်ပ ဆေးဆိုင်များမှ ကိုယ့်စရိတ်ဖြင့်ကိုယ် ဝယ်သုံးနေရသည်မှာ ယခင်ကတည်းကပင် ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်များ ထက်ဝက်လျော့ချ လိုက်ပြီဖြစ်သောကြောင့် အ​ခြေအ​​နေပိုမိုဆိုးရွားလာနိုင်ကြောင်း၊ ယင်းသို့ သက်တမ်းလွန် ဆေးပစ္စည်းများနှင့် ညံ့ဖျင်းသော ကျန်းမာရေး စောင့်ရှောက်မှုများကို အရာရှိများနှင့် အောက်ခြေ စစ်သားများက အဓိက  ခံစားနေကြရကြောင်း သိရှိရသည်။ 

စစ်တပ်ရှိ ရာထူးကြီး ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ ယောက္ခမ၊ ဇနီး၊ ဦးလေး၊ အဒေါ် စသည့် ဆွေတော်မျိုးတော်များ စစ်ဆေးရုံသို့ ရောက်ရှိပါက အထွေထွေ ဝန်ဆောင်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို အခွင့်ထူးခံ ဦးစားပေး ဆောင်ရွက်ပေးရပြီး လိုအပ်ပါက ဗိုလ်ချုပ်​ဆွေမျိုးများကို စစ်ဆေးရုံက စရိတ် စိုက်ထုတ်၍ ကုသပေး နေရကြောင်း  တပ်တွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်တပ်က အသုံးပြုနေသော နှစ်စဉ် ကျန်းမာရေးအသုံးစရိတ် သိရှိနိုင်ရန် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ထံသို့ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ် မရရှိဘဲလက်ခံဖြေကြားခြင်းမရှိပေ။ 

စစ်ဘက်ဆိုင်ရာ  ဆရာဝန်အသိုင်းအဝိုင်းတွင်လည်း CDM မလုပ်သည့်တိုင် မင်းအောင်လှိုင်နှင့်လက်ရှိ စစ်တပ် ဗိုလ်ချုပ်များ၏ လူသတ်ဖြတ်သည့် လမ်းစဉ်ကို မကြိုက်နှစ်သက်ကြကြောင်း၊ စစ်ဆေးဆရာဝန် များမှာ နည်းလမ်းအမျိုးမျိုးဖြင့် တပ်မှ  ထွက်ရရန် ကြိုးစားမှုများရှိကြောင်း သိရှိရသည်။ 

"CDM မလုပ်ပေမယ့် မင်းအောင်လှိုင်ကိုတော့ လုံးဝ အယုံအကြည်မရှိကြဘူး။ ကိုယ့်မိသားစုနဲ့အသက်ထက် ဘာမှအရေးမကြီးဘူး။ နေမကောင်းလိုက်။ ကိစ္စတစ်ခုပြ လိုက်နဲ့ တာဝန်တွေလှည့်ပတ်ရှောင်နေတာ။ စစ်ဆေးဆရာဝန်နဲ့ ဆေးတပ်သားတွေပါ ရှေ့တန်းထွက်ခိုင်းနေတဲ့အခြေအနေကိုလည်း ရောက်လာနေတယ်" ဟု စစ်ဆေးဆရာဝန်အသိုင်းအ၀ိုင်းက ဆိုသည်။ 

ဓာတ်ပုံ- စစ်ဆေးရုံတွေ လှည့်ပတ်စစ်ဆေးနေတဲ့ အကြမ်းဖက် မင်းအောင် လှိုင်။


ဆက်ဖတ်ရန် →
စ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာတင်သ္ငင်းရန်ရှိ

စ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာတင်သ္ငင်းရန်ရှိ

စစ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာကို မတ်လ (၇) ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မဟာမင်းကြီးသစ် Volker Türk က တင်သွင်းဖို့ ရှိနေကြောင်း NUG ကြားကာလ၊ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့နဲ့ တွေ့တဲ့အခါမှာလည်း လာမယ့် လူ့အခွင့်အရေးကောင်စီ မတ်လ (၇) ရက်နေ့ နောက်ထပ်အစီရင်ခံစာ၊ ပိုမိုပြင်းထန်မယ့် အချက်တွေပါတဲ့ အစီရင်ခံစာကို ထပ်ပြီးထုတ်ပါမယ်။ နဂိုကတည်းက လူ့အခွင့်အရေး အခြေခံစိတ်ဓါတ်ရှိတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကောင်းကောင်းသိပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုဖို့ အင်အားအသင့်ရှိပြီသား ဖြစ်တဲ့အတွက် ကျနော်တို့ အားကိုးစရာ၊ နောက်တခါ ကျနော်တို့နဲ့ လက်တွဲလုပ်ဆောင်စရာ လူ့အခွင့်အရေး မဟာမင်းကြီးဖြစ်မှာ သေချာပါတယ်။"

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Volker Türk နဲ့ တွေ့ဆုံချိန်မှာလည်း မြန်မာနိုင်ငံမှာ ဆက်လက်ပြီး ဆိုးရွားနေတဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ရွာတွေကို မီးရှို့၊ လူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြောင်း လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

လူ့အခွင့်အရေးမဟာမင်းကြီး တာဝန်ကို မနှစ်ကစထမ်းဆောင်ခဲ့တဲ့ Volker Türk အနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ပထမဆုံးအကြိမ် တင်သွင်းမှာဖြစ်ပါတယ်။ မဟာမင်းကြီးအနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို မကြာခင်က တင်သွင်းထားတာ ဖြစ်ပါတယ်။

(၅၂) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံကို ဖေဖေါ်ဝါရီလ (၂၇) နေ့၊ တနင်္လာနေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး၊ ဧပြီလ (၄) ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားလှယ်အရေးမှာတော့ မနှစ်ညီလာခံလိုပဲ ခုံအလွတ်ထားရှိမှာ ဖြစ်ပါတယ်။

မြန်မာကိုယ်စားလှယ်နေရာအတွက် ဘယ်သူ့ကိုထားမလဲဆိုတာ ဆုံးဖြတ်ချက်ချဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ရွှေ့ဆိုင်းခဲ့ပြီး လက်ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ကိုယ်စားပြုထားသူ ဖြစ်ပါတယ်။

ဒါကြောင့် ကုလသမဂ္ဂနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ အရေးကြီးတဲ့ ညီလာခံတွေမှာ ဒီနှစ်အတွက်လည်း မြန်မာကိုယ်စားလှယ်နေရာ လွတ်လပ်နေမှာ ဖြစ်တယ်လို့ မြန်မာ့အရေးအကဲခတ်တွေက ပြောပါတယ်။

VOA



ဆက်ဖတ်ရန် →