နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ်
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် အွန်လိုင်းမှ တစ် ဆင့် လျှောက်ထားခိုင်းသည့် စနစ်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စ တင် ခဲ့ပြီး ၃ ရက်အတွင်း လူ ၈၅၀၀ ကျော် လျှောက်ထားပြီးနောက် Online Booking စနစ်ကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူများက နိုင်ငံကူးလက်မှတ် များ လျှောက်ထားကြရန် https://www.passport.gov.mm/ ဝင်ရောက် သောအခါ ငွေသွင်းပြီး ရက်ချိန်းမရသူများသာ ရက်ချိန်း ရက် ကြည့်ရှုနိုင် မည်ဖြစ်ပြီး အသစ်လျှောက်ထားလိုသူများအနေဖြင့် စနစ်အား ပြင်ဆင်မွမ်းမံမှု များ ပြုလုပ်နေကြောင်း၊ နိုင်ငံကူးလက်မှတ် Online Booking ဝန်ဆောင်မှု ပြန်လည် စတင်ဖွင့်လှစ်မည့်အချိန်ကို ကြေညာပေးသွားမည်ဖြစ်ကြောင်း ကြေညာ ထားသည်။
"ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စဖွင့်တယ်။ ၂၄ ရက်နေ့ တစ်ရက်တည်းပဲ တင်လို့ ရလိုက်တယ်။ ၂၅ ရက်နဲ့ ၂၆ ရက်နေ့မှာက ဝင်မရ ပြုမရနဲ့ ။ သူတို့ ကြေညာ ထားတာက ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လူပေါင်း ၈၅၂၉ ဦး လျှောက်ထားတယ်။ ဒီမနက်ကျတော့ ငွေသွင်းပြီး ရက်ချိန်းမရသူ တွေပဲ ရက်ချိန်းကြည့်လို့ရတယ်။ အသစ်လျှောက်ထားသူတွေ လျှောက်မရ တော့ဘူး။ တရားဝင်လည်းကြေညာထားတယ်။ ၃ ရက်အတွင်း လူ ၈၀၀၀ ကျော် လျှောက်တာဆိုတော့ ပမာဏက တိုးလာဖို့ပဲရှိတယ်။ မနိုင်မနင်းဖြစ်လို့ ခဏ ရပ် သွားတာထင်တယ်" ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူ ပြည်သူ တစ်ဦးက ပြောသည်။
လက်ရှိတွင် နယ်ဒေသမှ လူငယ်များအားလုံးမှာ အွန်လိုင်းမှ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို နားလည် တတ်ကျွမ်းမှုမရှိ၍ အခက်အခဲများစွာ ကြုံနေရ ကြောင်း နယ်ဒေသမှ ပြည်သူများက ဆိုကြသည်။
"ဖေဖော်ဝါရီ ၂၄ ၊ ၂၅ ၊ ၂၆ ရက်နေ့ ၃ ရက်ဖွင့်ပေးတာက မြို့ပေါ်က လူတွေ အများ စု လျှောက်လို့ ရသွားကြတာ။ နယ်တွေမှာက လိုင်းမကောင်းဘူး။ ပြီးတော့ လျှောက်ရတာ သိပ်မကျွမ်းကျင်ဘူး။ကျနော်ဆိုရင် ခင်ဦးဘက်ကပါ ။ အဲဒါ အင်တာနက်ရတဲ့ မန္တလေးဘက်သွားပြီး လျှောက်ဖို့ လုပ်ကြည့်တာ။ မရဘူး။ အဆင်မပြေဘူး" ဟု ခင်ဦးမြို့နယ်မှ လူငယ်တစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ နိုင်ငံကူးလက် မှတ် ထုတ်ပေးမှုများကို ရပ်ဆိုင်းခဲ့ပြီး ၂ လခွဲနီးပါး အကြာတွင် အွန်လိုင်းမှ တစ် ဆင့် နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများ ခွင့်ပြု လာခြင်းဖြစ်ကြောင်း သိရှိရသည်။
တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာ
တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်းအောင်လှိုင် ကိုယ်တိုင် စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်ပြောနေရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ်
အကြမ်းဖက် စစ်တပ်အတွင်း ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးများ ကိုယ်တိုင် တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်း အောင် လှိုင်က စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်လံသတိပေး ပြောဆို နေရသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရခိင်ပြည်နယ်၊ စစ်တွေသို့ ရောက်ရှိနေသည့် စစ် ခေါင်း ဆောင် မင်းအောင်လှိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိများ နှင့် စစ်သည်များကို စည်းကမ်းနှင့်အမိန့်နာခံမှုရှိရန်လိုအပ်ဟု အမိန့်ပေးမှာ ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။
"စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်ကာ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှုရှိမှသာလျှင် စစ်သားကောင်းတစ်ယောက်ပီသမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်ခြင်းသည် အမိန့်နာခံမှုရှိခြင်း ပင်ဖြစ်ကြောင်း" ဟု မင်းအောင်လှိုင်က ပြောသည်။
စစ်စည်းကမ်းများထုတ်ပြန်ထားရှိခြင်းသည် မည်သည့်လုပ်ငန်းကိုမဆို စည်း စနစ်တကျ ဆောင်ရွက်တတ်စေရန်နှင့် မဖြစ်သင့်သည်များကိုမဖြစ်စေရန် ထုတ် ပြန်ထားခြင်းဖြစ်ပြီး အကြောင်းမဲ့တင်းကျပ်ထားခြင်းမဟုတ်သည်ကို နားလည် သဘောပေါက်ရန်လိုကြောင်း၊ စည်းကမ်းလိုက်နာခြင်းဖြင့် မိမိကိုယ် ကိုမြှင့်တင်ရမည်ဟု မင်းအောင်လှိုင်က ပြောသည်။
စစ်သည်တော်များအနေဖြင့် အချင်းချင်းတည့်မတ်ထိန်းကြောင်းရမှာဖြစ်သလို ဦးစီးခေါင်းဆောင်သူများအနေဖြင့်လည်း မိမိတို့တပ်ဖွဲ့ကို ညီညွတ်မျှတစွာ ကွက်ကဲအုပ်ချုပ်ဖို့ လိုသလို တပ်မှူးကောင်းစိတ်ဓါတ်ဖြင့် အုပ်ချုပ်ရန် လိုသည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
မင်းအောင်လှိုင်ကိုယ်တိုင် စစ်တပ်အတွင်း အမိန့်နာခံရန် ပြောဆိုလာရခြင်း၏ နောက်ကွယ်တွင် တပ်တွင်း ပုန်ကန်မှုများနှင့် ပစ်ခတ်သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကရင်ပြည်နယ်တွင် ရှေ့တာဝန်ချထားသည့် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို အမိန့်မနာခံမှု၊ စစ်တိုက်ရန် ပုန်ကန်ငြင်းဆန်မှုဖြင့် ဖမ်းဆီး အရေးယူခံခဲ့ရသည်။
ခမရ ၄၀၃ သည် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အခြေစိုက် တပ်ဖြစ်ပြီး ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ရှေ့တန်း တာဝန်ချထားခံရသည့် တပ်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ မဲသလောက် စစ်တပ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းကို ပြန်လည် သိမ်းယူရန် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို တိုင်းစစ်ဌာနချုပ်က အမိန့်ပေးရာတွင် အဆိုပါ အရာရှိ ၃ ဦးက အမိန့်မနာခံဘဲ စစ်တိုက်ရန် ငြင်းဆန်ပုန်ကန်ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်ပင် ခမရ ၄၀၅ မှ တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး ကြည် သာဖြိုးတို့က KNU တပ်မဟာ ၅ နယ်မြေ မဲ၀ိုင်စခန်းသို့ ပြောင်းရွှေ့ရန် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များ၏ အမိန့်ကို ငြင်းဆန်ခဲ့ကြသဖြင့် တပ်တွင်း ပုန်ကန်မှု ပုဒ်မတပ်၍ စစ်တပ်က ဖမ်းဆီး အရေး ယူမှုများ လုပ်ဆောင်ထားကြောင်း သိရှိရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း ပြင်ဦးလွင်၊ စစ်တပ် ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်သင်တန်းကျောင်း ဒုကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုး အောင် ကို စစ်သည် ၁ ဦးက သေနတ်ဖြင့် ၂ ချက် ပစ်သတ်ခဲ့သည်။
နောက်တန်း အထိုင်တပ်တွင် အရာရှိကြီးကို စစ်သည်တစ်ဦးက ပစ်ခတ်ခြင်းဖြစ်ရာ ရှေ့တန်းတပ်များသာမက နောက်တန်းအထိုင်တပ်များတွင်ပါ အမိန့်မနာခံမှုနှင့် တပ် တွင်း ပုန်ကန်မှုများ ဖြစ်ပေါ်လာနေကြောင်း သိရှိသည်။ ပစ် ခတ်သည့် စစ်သည်၏သတင်းမှာ လုံး၀ ပျောက်ဆုံးနေပြီး စစ်သည်၏ မိ သားစုမှာ သတင်းအစအန မရရှိတော့ဘဲ ပျောက်ကွယ်နေသည် ဟုသိရှိရသည်။
စစ်တပ်အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသော တပ်တွင်းပုန်ကန်မှုများစွာမှာလည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။
၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ စစ်ပင်ကွင်း ကျေးရွာတွင် စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သည် ၇ ဦးကို စစ်သား ၂ ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။
ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးမျိုးဟန်၊ တပ်ကြပ်သိန်းအောင်၊ တပ်သားတိုးတက် နိုင်၊ တပ်သားမျိုးမင်းခန့်၊ တပ်သားစန်းဝင်း၊ တပ်သားအောင်လေးနဲ့ တပ်သား လင်းလင်းထွေး တို့ သေဆုံးခဲ့ကြပြီး တပ်တွင်းပုန်ကန်သူ စစ်သား ၂ ဦးကို စစ်တပ်က သတ်ဖြတ်လိုက်သည်။
ထို့ပြင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်ကျေးရွာ၊ အမှတ် ၇ တပ်မ တော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ စစ်သား ၈ ဦးကို အရာခံ ဗိုလ် အောင်သန်းက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ အရာရှိ တချို့က အမှတ် ၇ တပ်မတော်တန်းမြင့်သင်တန်းကျောင်းကို လာရောက် စစ်ဆေးရာတွင် လုံခြုံရေး ကင်းကျနေသည့် စစ်သား ၁၀ ဦးက ဆေးသုံးစွဲပြီး မူးယစ် နေခြင်း၊ အရက်သောက်ထား သည်ကို တွေ့ရှိရခြင်းတို့ကြောင့် သင်တန်း ကြီးကြပ်ရေးအရာရှိ အရာခံဗိုလ်အောင်သန်းကို စစ်အရာရှိများ ခေါ်ယူ အပြစ် ပေး ဆူပူခဲ့ကြောင်း၊ ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် အရာခံဗိုလ် အောင်သန်းက စစ်သား ၈ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ အရာခံဗိုလ်အောင်သန်းမှာ လက်နက်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တွေ ရောက်ရှိနေသော အကြမ်းဖက် မင်းအောင်လှိုင်။
Photo Credit- Border News Agency
VPNကိုကျော်ဖြတ်လာကြပြီ
(ဘန်ကောက်ပို့စ်) သူပုန်များက ရဲစခန်းသို့ ဝင်ရောက်ပြီးနောက် Sangkhla Buri မှ ဖြတ်ကျော် ခိုက်ရန်ဖြစ်ပွား
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။
လုပ်ဖော်ကိုင်ဖက်များ လွတ်မြောက်ရေးအတွက် အာဏာသိမ်းမှု ဆန့်ကျင်ရေး သူပုန်များက ရဲစခန်းသို့ ဝင်ရောက်ပြီးနောက် Sangkhla Buri မှ ဖြတ်ကျော် ခိုက်ရန်ဖြစ်ပွား
မြန်မာနိုင်ငံမှ ရွာသားများ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခြင်း မရှိကြောင်း အဆိုပါ သတင်းရင်းမြစ်ကဆက်လက်ပြောသည်။
စနေနေ့မွန်းလွဲပိုင်းလောက်မှာတော့ ဘုရားသုံးဆူဘုရားလမ်းမှာ လူနေမှုဘဝနဲ့ ကုန်သွယ်မှုတွေ ပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။ သို့သော် ဖြစ်နိုင်ချေရှိသော ကျူးကျော်ဝင်ရောက်မှုများကို တားဆီးရန် အထူးသဖြင့် ထိခိုက်လွယ်သောနေရာများတွင် နယ်စပ်တစ်လျှောက် လုံခြုံရေးအရာရှိများက အချိန်ပြည့်သတိရှိနေကြမည်ဖြစ်သည်။
Sangkhla Buri ခရိုင်အကြီးအကဲ Sutthiporn Siwawetphikul သည် ၎င်း၏လက်ထောက် Damrongrat Suphaphan ကို စနေနေ့တွင် နယ်စပ်ဧရိယာအား စစ်ဆေးရန်နှင့် အခြေအနေကို စောင့်ကြည့်ရန် တာဝန်ပေးအပ်ခဲ့သည်။
လတ်ယာတပ်နယ် ဒုတပ်မှူး ဗိုလ်မှူးကြီး Thatchadet Arbuarat က နယ်စပ်တလျှောက်ရှိ တပ်သားများအားတပ်လှန့်ထားရန် အမိန့်ပေးခဲ့သည်။ ပြည်သူများ ဘေးကင်းစေရန်အတွက် Nong Lu ရှိ နမ့်ကောက်လုံခြုံရေးဂိတ်ကို ဖြတ်သန်းသွားလာခွင့်မပြုပေ။
အာဏာသိမ်းဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ သူပုန်များက Payathongzu ရဲစခန်းကို အစောပိုင်း မြန်မာစစ်သားများက ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များကို ကယ်တင်ရန်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
PDF အဖွဲ့ဝင်များ လွတ်မြောက်သွားပြီးနောက် သူပုန်တပ်ဖွဲ့များက လျှပ်စစ်မီးဖြတ်တောက်ကာ ဘူတာရုံရှေ့တွင်ရပ်ထားသည့် ကားတစ်စီးအား ၎င်းတို့နယ်မြေကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း မြန်မာတပ်များထံ အချက်ပြပေးပို့ခဲ့သည်။
နောက်ပိုင်းတွင် အရေအတွက်မသိသော သူပုန်များသည် ၎င်းတို့၏ သစ်တောစခန်းသို့ ဆုတ်ခွာသွားကြသည်။အခုအခြေအနေက ပုံမှန်ပြန်ဖြစ်နေပါပြီ။
KANCHANABURI - စနေနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားနေသဖြင့် Sangkhla Buri ခရိုင် နယ်စပ်တစ်လျှောက် လုံခြုံရေး တင်းကျပ်ထားသည်။
မြန်မာစစ်တပ်သည် အမည်မသိတပ်များနှင့် တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုင်းနိုင်ငံဘက်ခြမ်းတွင်နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က သေနတ်သံများကြားရပြီး မြန်မာနိုင်ငံ Payathongzu မြို့နယ်အတွင်းမှ Phra Chedi Sam Ong ကျေးရွာ မူး ၉ ဘက်ခြမ်း၊ Sangkhla Buri ခရိုင် Nong Lu မှ မီးတောက်များ ထူထပ်စွာ ထွက်ပေါ်လာကြောင်း သိရသည်။
မီးလောင်ကျွမ်းခဲ့သည့်နေရာများမှာ ခရိုင်ရုံးနှင့် Payathongzu ရဲစခန်းတို့ဖြစ်ကြောင်း ကနဦးယုံကြည်ခဲ့သည်။၎င်းတို့သည် Sangkhla Buri ရှိ ဘုရားသုံးဆူမှ မီတာ ၂၀၀ ခန့် ကွာဝေးသည်။
စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်ကို ထက်ဝက်ကျော် လျှော့ချလိုက်ပြီး စရိတ်မျှပေး ဆေးကုသရေးစနစ်ကို အားပေး
စ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာတင်သ္ငင်းရန်ရှိ
စစ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာကို မတ်လ (၇) ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မဟာမင်းကြီးသစ် Volker Türk က တင်သွင်းဖို့ ရှိနေကြောင်း NUG ကြားကာလ၊ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။
"ကျနော်တို့နဲ့ တွေ့တဲ့အခါမှာလည်း လာမယ့် လူ့အခွင့်အရေးကောင်စီ မတ်လ (၇) ရက်နေ့ နောက်ထပ်အစီရင်ခံစာ၊ ပိုမိုပြင်းထန်မယ့် အချက်တွေပါတဲ့ အစီရင်ခံစာကို ထပ်ပြီးထုတ်ပါမယ်။ နဂိုကတည်းက လူ့အခွင့်အရေး အခြေခံစိတ်ဓါတ်ရှိတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကောင်းကောင်းသိပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုဖို့ အင်အားအသင့်ရှိပြီသား ဖြစ်တဲ့အတွက် ကျနော်တို့ အားကိုးစရာ၊ နောက်တခါ ကျနော်တို့နဲ့ လက်တွဲလုပ်ဆောင်စရာ လူ့အခွင့်အရေး မဟာမင်းကြီးဖြစ်မှာ သေချာပါတယ်။"
ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Volker Türk နဲ့ တွေ့ဆုံချိန်မှာလည်း မြန်မာနိုင်ငံမှာ ဆက်လက်ပြီး ဆိုးရွားနေတဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ရွာတွေကို မီးရှို့၊ လူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြောင်း လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
လူ့အခွင့်အရေးမဟာမင်းကြီး တာဝန်ကို မနှစ်ကစထမ်းဆောင်ခဲ့တဲ့ Volker Türk အနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ပထမဆုံးအကြိမ် တင်သွင်းမှာဖြစ်ပါတယ်။ မဟာမင်းကြီးအနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို မကြာခင်က တင်သွင်းထားတာ ဖြစ်ပါတယ်။
(၅၂) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံကို ဖေဖေါ်ဝါရီလ (၂၇) နေ့၊ တနင်္လာနေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး၊ ဧပြီလ (၄) ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားလှယ်အရေးမှာတော့ မနှစ်ညီလာခံလိုပဲ ခုံအလွတ်ထားရှိမှာ ဖြစ်ပါတယ်။
မြန်မာကိုယ်စားလှယ်နေရာအတွက် ဘယ်သူ့ကိုထားမလဲဆိုတာ ဆုံးဖြတ်ချက်ချဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ရွှေ့ဆိုင်းခဲ့ပြီး လက်ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ကိုယ်စားပြုထားသူ ဖြစ်ပါတယ်။
ဒါကြောင့် ကုလသမဂ္ဂနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ အရေးကြီးတဲ့ ညီလာခံတွေမှာ ဒီနှစ်အတွက်လည်း မြန်မာကိုယ်စားလှယ်နေရာ လွတ်လပ်နေမှာ ဖြစ်တယ်လို့ မြန်မာ့အရေးအကဲခတ်တွေက ပြောပါတယ်။
VOA
နတ်မောက်မှာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီအရာရှိ ၂ ဦးအပါ ၄ ဦးသေဆုံး
ဘာတွေ့တွေ့မကောက်ဖို့လိုအပ်
နေရာရှားတဲ့မြေရှား(Rare Earth)
သေခါနီးအထိ ဝင်ဆို့နဲ့ထွက်ဆို့ ကြားဗျာများသူများ
ခင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံ ၁၀၀၀၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးနေရ
ထန်တလန်မြို့ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲခံရ၊ ချင်းကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး သေဆုံး
စစ်ကောင်စီဥက္ကဋ္ဌ ခရီးစဉ်ကြောင့် စစ်တွေမြို့ စျေးဆိုင်အားလုံးပိတ်ထားရ





























