နောက်ဆုံးရ
ခင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံ ၁၀၀၀၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးနေရ

ခင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ဒေသခံ ၁၀၀၀၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးနေရ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆

ခင်ဦးမြို့ပေါ်ကနေ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်နဲ့ ခြေလျင်စစ်ကြောင်း ထိုးလာတာကြောင့် ဒေသခံရွာသား ၁၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းဟာ ခင်ဦးကနေ မနေ့ကထွက်လာတာဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ခင်ဦး-ရေဦး လမ်း နားက တဲစုကျေးရွာကို လက်နက်ကြီးငယ် တွေနဲ့ ပစ်ခတ်ဝင်ရောက်နေသလို ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ ဈေးတန်းနဲ့ ရွာသစ်ကုန်းပျူခြံနဲ့ ချမ်းသာကုန်းကျေးရွာဘက်ကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ကြောင်းတွေကြောင့် ဗအိုး၊ အင်တိုင်းကြီး၊ ကံသစ်၊ ဂွေးကုန်း၊ မြစ်တော်၊ တဲစု၊ ကင်းပြစ်၊ သာဂရ၊ သရက်ကုန်း၊ သာဝတ္ထိ၊ မြင်းဒေါင်း၊ မြင်းကျ၊ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံနဲ့ ဆည်ကြီး စတဲ့ ကျေးရွာပေါင်း ၁၆ ရွာက ဒေသခံ ၁၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး ကထုတ်ပြန်ထားပါတယ်။






MK-001
#MekongNews 
#ခင်ဦး
#ကျေးရွာပေါင်း၁၆ရွာ 
#ဒေသခံ၁၀၀၀၀ကျော်
#ဘေးလွတ်ရာကိုထွက်ပြေး
ဆက်ဖတ်ရန် →
ထန်တလန်မြို့ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲခံရ၊ ချင်းကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး သေဆုံး

ထန်တလန်မြို့ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲခံရ၊ ချင်းကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး သေဆုံး

■ ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီလေတပ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက တိုက်ပွဲတွေကြောင့် ပျက်စီးနေတဲ့ ထန်တလန်မြို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလလယ်ကစလို့ နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာလို့ ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က (၁၅) ကြိမ်ထက်နည်း ဗုံးလာကြဲတော့ သူတို့မှာလည်း သေချာတာက အထိအခိုက်တော့ အတော်များများ ရှိမယ်လို့ ခန့်မှန်းလို့ရတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ဘက်က နှစ်ယောက်ကျသွားတယ်၊ အဲဒါကတော့ သေချာတယ်။ ရဲစခန်းကို ပြန်သိမ်းချင်လို့ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်နေတာ"

သေဆုံးသူတွေဟာ ချင်းအမျိုးသားတပ်မတော် (CNA/CNF) နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့က တစ်ဦးစီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ထန်တလန်မြို့ရဲစခန်းကို CNA နဲ့ CDF ထန်တလန် ပူးပေါင်းတပ်တွေ ဖေဖော်ဝါရီ ၈ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှု ရှိနေသလို ဟားခါးမြို့ဘက်ကနေလည်း ငါးမိနစ်တစ်ကြိမ် လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံက ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက် ဒီနေ့မှာလည်း ထန်တလန်မြို့မှာ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

ထန်တလန်မြို့ ရဲစခန်းသိမ်းပိုက်ခံရတာကိုတော့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန် ဝန်ခံခဲ့ပြီး ပြန်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။

ချင်းအမျိုးသားတပ်မတော် (CNA/CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ တစ်မြို့လုံးနီးပါးကို ချင်းကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးထားနိုင်တယ်လို့ မီဒီယာတွေမှာ ဖြေဆိုထားပါတယ်။
_________RFA




ချင်းပြည်နယ်၊ ထန်တလန်မြို့အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Salai Tial Hram Ling)
ဆက်ဖတ်ရန် →
စစ်ကောင်စီဥက္ကဋ္ဌ ခရီးစဉ်ကြောင့် စစ်တွေမြို့ စျေးဆိုင်အားလုံးပိတ်ထားရ

စစ်ကောင်စီဥက္ကဋ္ဌ ခရီးစဉ်ကြောင့် စစ်တွေမြို့ စျေးဆိုင်အားလုံးပိတ်ထားရ

■ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ဖို့ရှိတာကြောင့် ဈေးဆိုင်တွေအားလုံး ပိတ်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ဈေးဆိုင်တွေပိတ်ဖို့ စစ်ကောင်စီရဲ့ အာဏာပိုင်တွေက တစ်ရက်ကြို ညွှန်ကြားထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်တွေပွိုင့်က ဈေးတွေလည်း ပိတ်ခိုင်းထားတယ်။ နောက်ပြီး လမ်းဘေးမှာ ဆိုင်ခန်းတွေလည်းပါတယ်။ ဦးဥတ္တမ ပန်းခြံနားက ဆိုင်ခန်းတွေလည်း ခဏပိတ်ခိုင်းထားတယ်။ လုံခြုံရေးချထားတာတွေလည်း တွေ့တယ်"
စစ်တွေမြို့ပေါ်မှာ လုံခြုံရေးတိုးမြှင့်ချထားတာတွေ တွေ့ရပြီး စည်ပင်ဝန်ထမ်းတွေကလည်း လမ်းသန့်ရှင်းရေးလုပ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စစ်တွေမြို့မှာ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။
ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချလမ်ပိုလ် ဆရီဆဝဒ်နဲ့ တွေ့ဆုံခဲ့ပြီး (၈) ကြိမ်မြောက် ထိုင်း- မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ကော်မတီအစည်းအဝေးကို သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
---------------RFA




ရခိုင်ပြည်နယ်၊ စစ်တွေမြို့တစ်နေရာကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဆက်ဖတ်ရန် →
အရာတော်နဲ့ မြင်းမူမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံမီးရှို့ခံရ

အရာတော်နဲ့ မြင်းမူမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံမီးရှို့ခံရ

■ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး ခြောက်ရက်ကြာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဘုန်းကြီးကျောင်းသုံးကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းနဲ့ ဆေးရုံတစ်ရုံကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းမူမြို့နယ်၊ ကန်တော်ရွာက ဘုန်းကြီးကျောင်း သုံးကျောင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့တယ်လို့ Zero ပြောက်ကျားအဖွဲ့တာဝန်ရှိသူ ကိုမုတ်ဆိတ်က ပြောပါတယ်။

"ကန်တော်ရွာက ဘုန်းကြီးကျောင်းတွေချည်းပဲ ရှို့နေတာ။ အဲဒီမှာ စစ်ရှောင်တွေနေတာရှိတယ်။ အခုက အကုန်လုံးက ပြေးကြရတော့တာ"

RFA နဲ့ အဆက်အသွယ်ရတဲ့ ညနေ ၃ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေသလို ဂျက်တိုက်လေယာဉ် လာရောက်တာပါ ရှိနေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာပဲ မြင်းမူမြို့နယ်ထဲက ကန်တော်ရွာ၊ ကန်ပြားရွာ၊ ဆပ်ပြာကျင်းရွာ၊ ခွက်ခွင်းရွာ၊ လက်ပဲကျင်းရွာနဲ့ ပဲကူရွာက ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့လည်း ကိုမုတ်ဆိတ်က ပြောပါတယ်။

ဒီမတိုင်ခင်ကလည်း ငါးကင်းရွာ၊ ပဒတ္တိုင်းရွာ၊ ညောင်ပင်ကန်ရွာ၊ စိုင်မြစ်နဲ့ ကန်ဆွယ်ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့နယ်က မလဲသာရွာကိုလည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်နဲ့ ဝင်ရောက်စီးနင်းပြီး စာသင်ကျောင်းနဲ့ ဆေးရုံကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့က မင်းရွာကိုလာတော့ ဒီကအဖွဲ့တွေက ရွာမီးရှို့မှာစိုးလို့ ကာထားတော့ သူတို့ထွက်မရတော့ဘူး။ အဲဒီတော့ ဘာမှမဆိုင်တဲ့ ပြည်သူပဲရှိတဲ့ မလဲသာရွာကို ဟတ်စကီးလေးစင်းနဲ့ ဝင်စီး၊ ရွာသား ၁၅၀ လောက်နဲ့ ဒဏ်ရာရ သာမန်ပြည်သူတွေထားတဲ့ ဆေးရုံကို မီးရှို့၊ အခုမင်းရွာကြီးပါ မီးရှို့သွားတယ်"

အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၂ ရက်ကနေ ၂၅ ရက်အတွင်း မင်းရွာ၊ မလဲသာရွာနဲ့ ကန်ရင်းရွာတို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ အဲဒီရွာတွေ အနီးတစ်ဝိုက်က ရွာတွေလည်း ဘေးလွတ်ရာကို ထွက်ပြေတိမ်းရှောင်နေကြရပြီး အရေအတွက် အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

အဲဒီအင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ လက်ရှိညနေပိုင်းမှာတော့ မြင်းမူမြို့နယ်၊ ကန်တော်ရွာကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
---------------RFA

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခံရသည့် ဆေးရုံမှ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းတချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ)



ဆက်ဖတ်ရန် →
 သူနာပြု ဆရာမကို ဖမ်းဆီးပြီးနောက် ရက်ပေါင်းများစွာ စစ်ကြောရေး လုပ်ခဲ့ပြီး  စစ်တပ်က  မုဒိမ်းကျင့်

သူနာပြု ဆရာမကို ဖမ်းဆီးပြီးနောက် ရက်ပေါင်းများစွာ စစ်ကြောရေး လုပ်ခဲ့ပြီး စစ်တပ်က မုဒိမ်းကျင့်

အုတ်ဖိုတွင် ဆေးကု ပြန်လာသည့် CDM သူနာပြု မမေဇွန်မိုးကို စစ်တပ်က မုဒိမ်းကျင့် သတ် ဖြတ်အလောင်းဖျောက်၊  သူနာပြု ကို လိုက်ပို့သည့် PDF ၂ ဦးကိုမူ  စစ် တပ်က ပစ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ခေတ်သစ်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးကို စစ်တပ်က မုဒိမ်းကျင့် ပစ်ခတ်သတ် ဖြတ်အလောင်းဖျောက်ခဲ့သော်လည်း PDF ရဲဘော် များက သူနာပြု ဆရာမ၏ အလောင်းကို ပြန်လည် တွေ့ရရှိခဲ့ရကြောင်း မျက် မြင် များနှင့်PDF သတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးသည် အုတ်ဖို မြို့နယ် PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦး၏ အမျိုးသမီးကို တောထဲတစ်နေရာတွင် သွားရောက်မီးဖွားပေးခဲ့ကြောင်း၊ ယင်းနောက် အုတ်ဖိုမြို့သို့ PDF ရဲဘော် ၂ ဦးက လိုက်ပို့ခဲ့ကြောင်း၊  အုတ်ဖို၊ အေးမြ သာယာအုပ်စု ကျောက်ဖြူတောင် ကျေးရွာ အနီး ခမရ ၆ တိမ်ညွန့်တပ် စစ်ဆေးရေးဂိတ်တွင် သူနာပြုဆရာမ မမေဇွန်မိုးကို လိုက်ပို့သည့် PDF ရဲဘော် ၂ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ ကြောင်း၊ CDM သူနာပြု ဆရာမ မမေဇွန်မိုးမှာမူ ထွက်ပြေး ပုန်းအောင်းခဲ့ သော် လည်း စစ်တပ်က ဖမ်းမိသွားခဲ့ကြောင်း သိရှိရသည်။ 

စစ်တပ်က  CDM သူနာပြု ဆရာမကို ဖမ်းဆီးပြီးနောက် ရက်ပေါင်းများစွာ စစ်ကြောရေး လုပ်ခဲ့ပြီး   ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထန်းပင်ကုန်းရွာအနီး စစ်တပ်က  မုဒိမ်းကျင့် ပစ်ခတ် သတ်ဖြတ် ခဲ့ကြောင်း၊ ယင်းနောက် အလောင်း ကို မီးရှို့ခဲ့သော်လည်း အကုန်လောင်ကျွမ်းခြင်းမရှိဘဲ အလောင်း အကြွင်း အကျန် များကို ရဲဘော်များက ပြန်လည် ရရှိခဲ့ကြောင်း  သိရသည်။

" အုတ်ဖိုမြို့နယ်မှာ PDF တွေကို ဆေးကုပေးပြီး ပြန်လာတဲ့ သူနာပြု ဆရာမ ကို စစ်ခွေးတွေက ဖမ်းသွားပြီး မုဒိန်းကျင့် သတ်ဖြတ်ခဲ့တယ်။ ကျနော်တို့ ရဲ ဘော် တွေ ၂၃ ရက်နေ့မှာ အလောင်း တွေ့ရ လို့ မုဒိန်းကျင့်သတ်တယ်ဆိုတာ သိရတာ။  စစ်ခွေးတွေက ဆရာမလေး အလောင်းကို မီးရှို့ခဲ့ပေမယ့် အလောင်း က အကုန်လုံး မလောင်ဘူး။ ဆရာမလေးအဝတ်အစားတွေနဲ့ အလောင်းကို မီးရှို့တာ အကုန်မလောင်တော့ ဆရာမလေးမှန်း သိခဲ့ရတယ်။ ဆရာမလေး အသတ်ခံရတဲ့ ထန်းပင်ကုန်း ရွာမှာက စစ်ခွေးတွေစခန်းချထားတယ်။ ရဲစခန်း လည်းရှိတယ်။ ဆရာမလေးကို မုဒိမ်းကျင့် သတ်ဖြတ်တာ မျိုးဝင်းဆိုတဲ့ ထန်းပင် ကုန်း အုပ်စု အရှေ့ကုန်းရွာ ပျုစောထီးလည်းပါတယ်။ စစ်ခွေး တွေ ရဲတွေလည်းပါတယ်။ မုဒိမ်းပြုကျင့်တာကို မျက်မြင်တွေ့တဲ့သူတွေဆီက အတည် ပြု ချက်ရ တယ်။ ဆရာမလေးကို စစ်တပ်က သတ်တာက ဖေဖော် ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီပါ။  ဆရာမလေးကို လိုက်ပါ စောင့်ရှောက်ဖို့ ထည့်ပေးလိုက်တဲ့ ရဲဘော် ၂ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်ဆေးရေးဂိတ်မှာ စစ်ခွေးတွေက တစ်ခါတည်း ပစ်သတ်လိုက်တယ်" ဟု PDF သတင်းရင်းမြစ်က ပြောသည်။

CDM သူနာပြု ဆရာမ မမေဇွန်မိုးသည် အုတ်ဖိုမြို့နယ် ဥသျှစ်ကုန်းကျေးရွာ အုပ်စု ကြပ်ကွင်း ရွာတွင် နေထိုင်သူ ဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ် ရှား မှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ သဖြင့် စစ်တပ်က ဖမ်းဝရမ်းထုတ် သော ကြောင့်  အုတ်ဖို မြို့နယ်အတွင်း တိမ်းရှောင် နေထိုင် နေရသူဖြစ်ကြောင်း သိရသည်။

စစ်တပ်က မုဒိမ်းကျင့် ပစ်ခတ်သတ်ဖြတ်ခဲ့သော CDM သူနာပြု ဆရာမ မမေဇွန်မိုး ၏ ခင်ပွန်း ဖြစ် သူ ကိုအောင်ဇင်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ  ဦးဆောင်မှုဖြင့် စစ်တပ်က ဖမ်း ဆီးခဲ့ကြောင်း၊ လက်ရှိတွင် ပုဒ်မ ၅၀၅ (က)ဖြင့်ထောင်ဒဏ် ၃ နှစ်ကျခံနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က သတ်ဖြတ်လိုက်သော CDM သူနာပြု ဆရာမ မမေဇွန်မိုး နှင့် PDF ရဲဘော် ၂ ဦး။






ဆက်ဖတ်ရန် →
ပျူတွေကိုသနပ်ခါးပင်တွေပါမီးရှို့ခိုင်းတဲ့အာဏာရူး

ပျူတွေကိုသနပ်ခါးပင်တွေပါမီးရှို့ခိုင်းတဲ့အာဏာရူး

မြိုင်မြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ဦးဆောင်ပြီး ဒေသခံတွေရဲ့ သနပ်ခါးခြံ ဧက ၂၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ 

ဧရာဝတီတ်ိုင်းမ်
ဖေဖော်ဝါရီလ ၂၆ ရက် 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်း ဆိုသူဦးဆောင်ပြီး ဒေသခံများ၏ သနပ်ခါးခြံများကို ဆက်တိုက်မီးဖျက်ဆီးနေကြောင်း ဒေသခံများထံက သိရသည်။ 

အဆိုပါ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်မှာ ကန်နီကျေရွာတွင်နေထိုင်ပြီး သနပ်ခါးစိုက်ထားသည့် ခြံဧက ၂၀ ကျော်ခန့်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။ 

"အခုသူတို့မီးရှို့ ဖျက်ဆီးနေတဲ့ သနပ်ခါးခြံ ဧက အ​တော်များများဟာ ဒေသခံတွေရဲ့ သနပ်ခါးခြံတွေပါ။ တမင်သက်သက်ကို ဒီကောင်တွေ ဒုက္ခပေးနေကြတာ ယုတ်မာလွန်းပါတယ်ဗျာ။ အခုဆို သနပ်ခါးခြံတွေရဲ့ တန်ဘိုးကလည်း မနည်းပါဘူး အတော်လေးဆုံးရှုံးသွားသလို ပြာပုံပဲရှိတော့တယ်။ အခုလည်း သူတို့ရဲ့ရန်ကြောက်လို့ အိမ်မှာ မနေရဲဘဲ ထွက်ပြေးနေကြရတယ်" လို့ ကန်နီ ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။ 

ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်းနှင့် ပျူစောထီးအဖွဲ့များသည် ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စတင်ပြီး ဒေသခံများ၏ သနပ်ခါးခြံ ဧက ၂၀ ကျော်ကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။ 

ဒါ့ပြင် အဆိုပါ ပျူစောထီးခေါင်းဆောင် ကျော်ဆန်ဝင်း ဦးဆောင်အဖွဲ့က သနပ်ခါးခြံများကို ဆက်တိုက် မီးရှို့နေသလို ဒေသခံများ၏ အသက်အန္တရယ်ကိုပါ ခြိမ်းခြောက်မှုများပြုလုပ်နေမှုကြောင့် ကန်နီ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ဆက်လက်ပြောသည်။ 

















#ကန်နီ #ပျူစောထီးများ #သနပ်ခါးခြံများကိုမီးရှို့ဖျက်ဆီး #Ayeyarwaddy_Times

ဆက်ဖတ်ရန် →
ဆုတောင်းအလွဲတွေနဲ့ ဇာတ်သိမ်းမလှသူများ

ဆုတောင်းအလွဲတွေနဲ့ ဇာတ်သိမ်းမလှသူများ




သာမန်မေတ္တာပို့ဆုတောင်းသမားတွေက
“သတ္တဝါတွေ ကျမ်းမာချမ်းသာပါစေ” လို့ဆုတောင်း
ချိန်မှာ ရင်မှအေးချမ်းနေတာမျက်နှာမှာအထင်းသား
ပေါ်ပါတယ်၊ မျက်နှာလေးကကြည်လင်နေပြီး အရေး
ကြောင်းမပေါ်ပြေလျော့နေပါတယ်၊

မဟုတ်တာလုပ်ထားသူတွေ ဆုတောင်းတာကျတော့
တမျိူး၊ တပြားလှုပြီးတရာဖိုးဆုတောင်းကြတာ၊သူ
များအတွက်တပြားဖိုးတောင်မပါဖူး၊ မျက်မှောင်ကို
ကျုံ့ပြီး အတင်းတောင်းတာ ရာထူးမြဲဖို့၊ ခိုးထားတာ
တွေမြဲဖို့၊ လုပ်ထားတဲ့မကောင်းမှုတွေအပြစ်မကျဖို့၊
ခိုးလမ်းကြောင်းပျက်မသွားဖို့၊ ဇနီးသားသမီးနဲ့မြေး
တွေအမှုမပါတ်ဖို့အန္တာရာယ်ကင်းဖို့၊ တောင်းတဲ့ဆု
တွေအကုန်ပြည့်ဖို ဘုရားဆယ်ဆူလောက်ပေးမှရ
သဘောရှိတယ်၊
အဲ့လိုလူတွေက ဘယ်တော့မှနိဗ္ဗာန်ဆု မတောင်းဖူး
သေရင်ငရဲကျမှာ သိပြီးသား ဘုရားတည်ရင်လွတ်
တယ်ဆိုပြီး အကြံပေးတွေက မြှောက်ပြောလို့ စလွယ်
အဖြူသိုင်းပြီး အတင်းကြီးဆုတောင်းတာ မယုံသွား
မေးကြည့် တပြည်လုံးစာဘယ်တော့မှ ဆုမတောင်းဖူး
သူ့ကိုသတ်ဖို့ကြိုးစားသူတွေ မပါဖူး အဲ့ဒီအတွက် အရပ်
၈မျက်နှာပတ်ပြီး ဆုတောင်းမေတ္တာပို့လေ့မရှိဖူး၊ အဲ့ဒါ
ကြောင့်မျက်နှာဟာ ဘယ်တော့မှ မကြည်လင်ဖူး၊ 
အဲ့လိုလူတွေဟာ သေတာနဲ့ ချက်ချင်းပုပ်တယ်၊
သွေးထဲမှာမသေခင်ထဲက အဆိပ်တက်နေတဲ့သဘော၊
မချိမဆန့်နဲ့  ရုပ်ပျက်ဆင်းပျက် အသက်ထွက်ကြရတယ်၊

(ရဲရင့်ငယ်)







ဆက်ဖတ်ရန် →
မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ၊ မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို 

ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဖေဖော်ဝါရီလ ၂၆ ရက် 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရန်အောင်စိုးအား ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်ပံနီ)က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။ 

တနင်္သာရီမြို့ပေါ်မှ တစ်မိုင်ခန့်သာဝေးကွာသည့်ဆင်ခြေဖုံးကျေးရွာအုပ်စုသို့ပြန်လာသည့် လမ်းတွင် အုပ်ချုပ်ရေးမှူးရန်အောင်စိုးအား တနင်္သာရီ(ပကဖ) မှပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။ 

"အဓိကကတော့ စစ်ကောင်စီရဲ့သစ္စာခံဖြစ်တာရယ်၊ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးဖြစ်တာရယ် ပါတယ်။ (ပကဖ)ကနေ စကစခန့် အုပ်မှုးတွေနှုတ်ထွက်ဖို့လည်း စာထုတ်ထားပီးဖြစ်ပါတယ်။ လာတ်စားပီး စကစကိုဘောမတဲ့ အုပ်ကြီးတစ်ယောက်ပါ။" ဟု တနင်္သာရီ(ပကဖ)မှ ဧရာဝတီတိုင်းမ်ကိုပြောသည်။ 

စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နယ်တွင် တနင်္သာရီမြို့ပေါ်နှင့် မောတောင်မြို့ပေါ်မှလွဲ၍ ကျန်သည့်ရပ်ကျေးအုပ်ချုပ်ရေးယန္တရားများမှာလည်ပတ်နိုင်ခြင်းမရှိတော့ပဲ သက်ဆိုင်ရာ (ပကဖ)၊ (ပအဖ) များ၏ယန္တရားလည်ပတ်နေပြီဖြစ်ကြောင်း တနင်္သာရီ(ပကဖ) ထံမှသိရသည်။ 

သို့ဖြစ်၍ စစ်ကောင်စီ ယန္တရားလည်ပတ်‌နေသည့် တနင်္သာရီမြို့ပေါ်နှင့်မောတောင်မြို့ပေါ်မှ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေးထောက်တိုင်များအားလည်း ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း တနင်္သာရီ(ပကဖ)မှ ထုတ်ပြန်ထားသည်။ 

#တနင်္သါရီ #အုပ်ချုပ်ရေးမှူးရှင်းလင်းခံရ #Ayeyarwaddy_Times



ဆက်ဖတ်ရန် →
တန့်ဆည်တွင် စစ်ကောင်စီတပ်အန္တရာယ်ကြောင့် ကျေးရွာ (၁၀)ရွာမှ ဒေသခံတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်

တန့်ဆည်တွင် စစ်ကောင်စီတပ်အန္တရာယ်ကြောင့် ကျေးရွာ (၁၀)ရွာမှ ဒေသခံတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်

တန့်ဆည် - ကံထူးမလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား


အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အနောက်ခြမ်းသို့ စစ်ကောင်စီတပ်၏ ခမရ(၃၆၁)က စစ်ကြောင်းထိုးနေ၍ ကျေးရွာ (၁၀)ရွာခန့်မှ ဒေသခံပြည် သူ တစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၄ ရက်က တန့်ဆည်မြို့ပေါ်မှ ခင်နုဆည်ကျေးရွာသို့ ညအိပ်တပ်စွဲခဲ့ပြီး ယမန်နေ့နံနက်ပိုင်းတွင် ချောင်းဦးရွာအနီးမှတစ်ဆင့် သပြေရင်း-သရက်ခါး - ကံထူးမကျေးရွာအထိ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ယမန်နေ့ညက ကံထူးမအနီးဝန်းကျင် ညအိပ်တပ်စွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

"တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပျူတွေက စစ်ကြောင်းနှစ်ကြောင်း ပြိုင်ထိုးနေတယ်။စစ်ကြောင်းနှစ်ခုပေါင်း အင်အားက၂၅၀ ကျော် တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ကံထူးမအနီးရှိ ကျေးရွာပေါင်း ၁၀ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်မှာ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း၊ တန့်ဆည် - ကံထူးမလမ်းပိုင်းကိုလည်း ယာယီပိတ်ထားသောကြောင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း သတိပေးထားသည်။

တန့်ဆည်မြို့နယ်တွင် ​ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ခပေါင်းကြိုင်ရွာမှ မှန်ရင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော ခမရ(၃၆၁) နှင့် ပျူစောထီးအဖွဲ့အား တန့်ဆည်(ပကဖ)နှင့် တပ်ရင်း (၂၅) တို့က ပဒေသာမိုင်း ရှစ်လုံးတွဲဖြင့်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ငါးဦး သေဆုံးကြောင်း တန့်ဆည် (ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ထားသည်။




ဆက်ဖတ်ရန် →
အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ

အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ

အိုက်မောင်/People's Spring 

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ၏ ကပစ(၁၂)နှင့် ကပစ(၁၀)တပ်မှ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး အဆိုပါစစ်ကြောင်းသည် မင်းလှမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ပြောသည်။ 

အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၂၀ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဖေ‌ဖော်ဝါရီ ၂၃ရက် တွင် ပြန်လည်ဆုတ်ခွာသွားခြင်းဟု 

အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

"စစ်ကောင်စီစစ်ကြောင်းက ကပစ (၁၂)ရော ကပစ(၁၀)ရောပါလာတာ။ သူတို့ဘက်က နှစ်ယောက်ကျပြီး ဒဏ်ရာရသူတွေများတယ်။ ထွက်ပြေးတာ။ ကျည်‌တွေပါကျကျန်ခဲ့တယ်"ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောသည်။ 

တိုက်ပွဲမှာ ဖေဖော်ဝါရီ ၂၀ရက် နံနက် ၉နာရီ မိနစ် ၄၀ခန့်တွင်စတင်ခဲ့ပြီး ထိုနေ့ ညနေအထိ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 

"ကပစ (၁၂)က တစ်ယောက်၊ ကပစ(၁၀)က တစ်ယောက် သေတယ်။ ဖရဲသီးဆီက သတင်းပြန်ရတာပါ။သူတို့က ၂၃ရက်နေ့မှာ မြို့ထဲဘက်ကို ပြန်ဆုတ်သွားပါတယ်။ ကျွန်တော်တို့ကတော့ ဌာနေဆီမပြန်သေးဘဲ အသင့်အနေအထားရှ်ိနေပါတယ်"ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ယနေ့(ဖေဖော်ဝါရီ ၂၆ရက်) ပြောသည်။ 

အဆိုပါတိုက်ပွဲကို အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( UMPDF)နှင့်အတူမကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (SMPDF)၊ အရှိုချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ACDF)နှင့်Key of Revolution တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်၏ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ(၁၂)သည် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ ပိတောက်ပင်ကျေးရွာတို့၏ တောင်ဘက် (၃)မိုင်ကျော် တွင်တည် ရှိသည်။ကပစ(၁၀)သည် မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအနီးတွင်တည် ရှိသည်။



ဆက်ဖတ်ရန် →
တရုတ်၏ မြန်မာ အာဏာသိမ်း အဖွဲ့ အပေါ် ထောက်ခံမှု အကန့်အသတ် နှင့်သာ ဖြစ်

တရုတ်၏ မြန်မာ အာဏာသိမ်း အဖွဲ့ အပေါ် ထောက်ခံမှု အကန့်အသတ် နှင့်သာ ဖြစ်

(လှစိုးဝေ)
တရုတ်သည် အာဏာသိမ်း အဖွဲ့၏ အနေအထား ပို၍ အားပျော့လာနေချိန်တွင် မြန်မာ အပေါ် ဒီထက်တိုး၍ ဩဇာ သက်ရောက် နိုင်မည့် အရေး အတွက် ၎င်းတို့၏ ချည်းကပ်မှု ကို ပြန်လည် သုံးသပ်လာနေပြီ ဖြစ်သည်ဟု ဆောင်းပါး ရှင် ဂျေဆင် တာဝါ မှ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု တွင် The Limits of Beijing’s Support for Myanmar Military ခေါင်းစဉ် ဖြင့် ယခုလို ရေးသားလာခဲ့သည်။

၂၀၂၂ အကုန်ပိုင်း လောက်မှ စ၍ မြန်မာ စစ်အာဏာသိမ်း အဖွဲ့ ဖက်မှ ရပ်တည်ပေးနေမှု နှင့် ၎င်းတို့၏ လုပ်ရပ်များ ကို တာဝန်ခံမှု ရှိရေး ကြိုးပမ်းမှု များ မှ အကာအကွယ် ပေးလာနေမှု များ သည် အကန့်အသတ် ရှိနေသည်ဟု အရိပ်အယောင်များ ပြသလာခဲ့ပြီ ဖြစ်သည်။ ထိုသို့ အကန့်အသတ်မရှိ ထောက်ခံနေမည် ဆိုက အာဆီယံ နိုင်ငံများ နှင့် ဆက်ဆံရေး ထိခိုက်လာနိုင်ပြီး ကုလသမဂ္ဂတွင် ဂုဏ်သိက္ခာ ကျဆင်းလာမည့် အရေး တို့ကို တွက်ဆလာ၍လည်း ဖြစ်သည်။

စစ်အာဏာသိမ်း အဖွဲ့ အပေါ် တိုးပွားလာနေသော နိုင်ငံတကာ ဖိအား များထဲ တွင် တရုတ်တို့ ဆတ်ဆတ်ထိ မခံ ဖြစ်လာရသည်က EAO နှင့် PDF များ အပေါ် အနောက်တိုင်း မှ ပံ့ပိုးမှုများ များပြားလာနိုင်သည့် အရေးကိုပင် ဖြစ်သည်။ ထို့အတွက် ပဋိပက္ခ ၏ သွားရာလမ်းကြောင်း ကို ထိန်းချုပ်နိုင်မှ ဖြစ်တော့မည်ဟု လည်း တဖက်တွင် ယူဆလာခဲ့သည်။

စစ်တပ်ကို အတိုင်းအဆမရှိ ထောက်ခံမှု ပေးမည့် အစား ဘီဂျင်းသည် စစ်တပ် နှင့် နယ်ခြားဒေသရှိ အင်အား အကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင် ခြောက်ဖွဲ့ ကို လက်ရှိ ထောက်ခံမှု ပေးသည့် အတိုင်းအတာကို ပို၍ ခိုင်မာအောင် ပြုလုပ်သွားခြင်း ဖြင့် စစ်တပ်အပေါ် ဩဇာ ညောင်းနိုင်မည့် အနေအထားကို မြှင့်တင် သွားနိုင်ရန်ပင် ဖြစ်သည်၊ သို့သော် တရုတ်တို့၏ အကြံအစည်သည် ဒီမိုကရေစီ အင်အားစု များ နှင့် အင်အားကြီးသော EAO များ အကြား မဟာမိတ် ဖွဲ့စည်းရန် ကြိုးပမ်းနေမှု ကို ခြိမ်းချောက်လာခဲ့သည်။ တရုတ်သည် မြောက်ပိုင်းရှိ EAO များ အား အနောက်အုပ်စု နှင့် ကင်းကင်းနေရန် တွန်းတွန်းတိုက်တိုက် လုပ်လာနေခြင်းကြောင့်ပင် ဖြစ်သည်။

အမေရိကန်၏ BURMA ACT သည်လည်း ထိုကဲ့သို့ အားလုံး ပါဝင်သည့် တော်လှန်ရေး တပ်ပေါင်းစုကြီး အား ကူညီပေးသွားရန် ထိတ်တန်း ဦးစားပေး အဆင့် သတ်မှတ်ထားခဲ့သည်။

အာဏာသိမ်း အဖွဲ့ နှင့် တရုတ် အကြား ဆက်ဆံရေး
**************
အာဏာသိမ်းပြီးကာစ တွင် တရုတ်သည် စောင့်ကြည့် မည့် အနေအထားကို ကျင့်သုံးလာခဲ့သော်လည်း ၂၀၂၁ နှစ်လယ်ပိုင်း တွင် စစ်အာဏာသိမ်း အဖွဲ့ဖက် ပို၍ ယိမ်းပြလာခဲ့သည်။ လန်ကန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ နိုင်ငံခြားရေး ဝန်ကြီး အဆင့် ဆွေးနွေးပွဲ ကို ဝမ်ယီ ကိုယ်တိုင် ဦးဆောင်ပြီး မြန်မာပြည်တွင် ပြုလုပ်ပေးခဲ့သည်။ ၂၀၂၂ နှစ် ကုန်ပိုင်း တွင် အဆိုပါ အဖွဲ့၏ ထိပ်သီး အစည်းအဝေးကို မင်းအောင်လှိုင် နှင့် အတူ ပူးတွဲ ၍ လုပ်ပေးမည်ဟု ကတိပေးခဲ့ပြန်သည်။

ထို အဖွဲ့ တွင် လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ် နှင့် ထိုင်း တို့ ပါဝင်နေ၍ မြန်မာ အရေး ဖြေရှင်း နိုင်ရေး အတွက် NUG နှင့် ဆွေးနွေးရန် အထိ ခြေလှမ်းပြင်နေပြီ ဖြစ်သော အာဆီယံ မှ မိမိတို့ အဖွဲ့၏ ညီညွတ်ရေးကို ထိခိုက် ပျက်ပြားသွားနိုင်သည်ဆိုက အပြင်းအထန် ကန့်ကွက်လာခဲ့ကြသည်။ ဘီဂျင်းသည် ထိုအခါတွင် (အာသာငမ်းငမ်း စောင့်မျှော်နေသော) မင်းအောင်လှိုင် ကို မငဲ့ကွက်နိုင်တော့ပဲ အာဆီယံ အလိုကျ အဆိုပါ ထိပ်သီး အစည်းအဝေး ကို ဖျက်သိမ်း ပစ်လိုက်သည်။ နောက်တကြောင်းက မြန်မာစစ်တပ် သည် စစ်မျက်နှာများ တွင် တနေ့တခြား အခြေမလှ ဖြစ်လာ၍ ၎င်းတို့၏ ရင်းနှီး မြုပ်နှံထားသော အခြေခံ အဆောက် အအုံ များ မည်သို့ မျှ တိုးတက်မှု မရှိ ဖြစ်လာနေသည့် အတွက်ကြောင့်လည်း ဖြစ်သည်၊ ထို့အတွက် မင်းအောင်လှိုင် နှင့် ဘီဂျင်း အကြား ဆက်ဆံရေး သည် သိသိသာသာ တင်းမာလာခဲ့ရသည်။

မြောက်ပိုင်းရှိ EAO ခုနှစ်ဖွဲ့ အား စစ်တပ်နှင့် စေဆပ်ဆွေးနွေးရန် သာ အမြဲလို ဖိအားပေးလာသည်၊ သို့သော် EAO များဖက်က စစ်တပ် သည် စစ်မြေပြင် တွင် အရည်အသွေး ကျဆင်းလာနေပြီ ဖြစ်၍ အားပျော့သည့် ရန်သူ နှင့် သာ ရင်ဆိုင်ရဖို့ ရှိသည်ကို သိလာနေပြီ ဖြစ်သည့် အတွက် အာဏာမသိမ်မှီး နှစ် နှစ်ဆယ် အတွင်း လက်လွှတ် ခဲ့ရသည့် နယ်မြေများကို ပြန်၍ အရယူနိုင်ရန် သာ စိတ်စော နေကြသည်။

ဝ အဖွဲ့သည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပြိုင်ဖက် အဖွဲ့များကို နှိမ်နှင်းရန် ၎င်းတို့၏ မဟာမိတ် များကို ထောက်ခံပေးနေသည်။ ယင်းသည် စစ်တပ်ကို အားပျော့သွားစေပြီး တရုတ်၏ ဩဇာ စက်ဝန်းကို ချဲ့ပေးရာ ရောက်သည့်အပြင် စစ်ပွဲများကို နယ်ခြားဖက် ရောက်မလာအောင် လုပ်ပေးရာ ရောက်သည့် အတွက် ဘီဂျင်း ကလည်း သဘောကျနေသည်။

မြန်မာ စစ်တပ်ဖက်ကလည်း ၎င်းတို့ အရည်အချင်းကို လူသိအောင် လုပ်လာခဲ့ပြန်သည်။ ၂၀၂၂ အောက်တိုဘာလတွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၏ အဓိက စစ်စခန်း များကို ကမူးရှူးထိုး နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်၊ ယင်းသည် စစ်ရေးအရရော၊ နိုင်ငံရေး အရပါ မည်သို့မျှ အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်စွမ်း မရှိသည့် အပြင် EAO များ က တန်ပြန် ထိုးစစ် ပါ ဆင်နွှဲလာနိုင်ခဲ့၍ ၎င်းတို့၏ နယ်ခြားကို ခြိမ်းချောက်လာနေသော်လည်း မြန်မာ စစ်တပ်သည် ၏ အားနည်းချက်များကို တရုတ်က ကောင်းစွာ သိနားလည် ခွင့် ရသွားခဲ့သည်။

မြန်မာ အ‌ရေး မည်သူ စွက်ဖက် နေသနည်း
**************
မြန်မာ စစ်တပ် နှင့် တရုတ် အကြား တင်းမာမှုများ ဆက်လက် ရှိနေစဉ်အတွင်း ၂၀၂၂ ဒီဇင်ဘာ လတွင် ကုလ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ထွက်လာခဲ့သည်။ တရုတ်သည် မြန်မာ စစ်အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်များကို တကမ္ဘာလုံး က ရွံရှာနေကြပြီ ဆိုသည်ကို ရိပ်စားမိနေ၍ ယခင်လို ဗီတို အာဏာ ဖြင့် ပိတ်ဆို့ဖို့ အခက်တွေ့လာနေရသည်။ ထို့အတွက် စကားလုံး များ ကို ပျော့ပျော့ပြောင်းပြောင်း ဖြစ်အောင် ပြင်ဆင်ခိုင်းပြီး ကြားနေပေးခဲ့သည်။

နောက်ထပ် အရေးပါသော ဖြစ်စဉ်ကြီးက အမေရိကန်၏ BURMA ACT ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ စစ်အာဏာသိမ်း အဖွဲ့လည်း တရုတ်ဖက် တဖန် ပြန် ချည်းကပ် လာရပြန်သည်။ တောင်တရုတ်ပင်လယ် နှင့် တိုင်ဝမ် အရေး တွင် နိုင်ငံ‌ရေးအရ တရုတ်အား ထောက်ခံမှု ပေးလာခြင်း နှင့် အနောက်အုပ်စု ထောက်ခံနေသည့် PDF များအား နိုင်ငံတကာ မှ “အကြမ်းဖက်သမားများ” အဖြစ် ထင်မြင်လာအောင် အခြေအနေများ ဖန်တီးပေးခြင်း၊ သတင်း အမှားများ ထုတ်လွှင့်ခြင်းများ ပြုလုပ်ပေးလာခဲ့သည်။

စစ်အာဏာသိမ်း အဖွဲ့သည် ယခင်ကလို ခေါင်းမမာနိုင်တော့ပဲ အပိုးကျိုးလာချိန်တွင် တရုတ်သည် ၎င်းတို့၏ ချည်းကပ်မှု ကို ပြန်လည် ချိန်ဆလာခဲ့သည်။ မြန်မာ အရေး အထူး သံတမန် အဖြစ် ဒိန် ဆိုင်ဂျွန်း အား ၂၀၂၂ ဒီဇင်ဘာလ တွင် အစားထိုး ခန့်အပ်လာခဲ့သည်။ သို့သော် ထိုသို့ ခန့်အပ်ခြင်းအား တရားဝင် မကျေညာခြင်း၊ စစ်တပ်နှင့် မတွေ့မီ မြောက်ပိုင်း EAO များ နှင့် အရင်တွေ့ဆုံခဲ့ခြင်း၊ EAO များ အား စစ်တပ်နှင့်သာ ဆက်ဆွေးနွေးရန် နှင့် အနောက်အုပ်စု၏ အကူအညီများ လက်မခံရန် ဖိအားပေးခြင်း အစရှိသည့် ထူး ခြားမှုများ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

တရုတ်သည် အားပျော့နေပြီ ဖြစ်သော စစ်တပ်ထံမှ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့် ကို ရနိုင်သလောက် ညှစ်ထုတ် နိုင်အောင် ဆွေးနွေးရယူရန်၊ တဖက်တွင်လည်း တနေ့ထက် တနေ့ အင်အား ကြီးမားလာနေသည့် PDF၊ NUG နှင့် မဟာမိတ် ပြုထားသည့် EAO များ အား စစ်တပ်၏ ဟန့်တားနေမှုများကို ထောက်ခံမှု ပေးသွားမည် ဆိုသော ဗျုဟာ ကို ကျင့်သုံးသွားမည်၊ ဝ အဖွဲ့က လည်း တရုတ်၏ ဗျူဟာကို လက်ခံရန် EAOများအား ဖိအား ပေးလာခဲ့သည်။ ၂၀၂၃ ဖေဖေါ်ဝါရီ လ တွင် ပြုလုပ်ခဲ့သည့် ဝ အဖွဲ့၏ နိုင်ငံရေး အစည်းအဝေး တွင် စစ်တပ် နှင့်ကော NUG နှင့်ပါ ဆက်ဆံရေး ထိန်းသိမ်းသွားမည် ဖြစ်ပြီး NUG အားလည်း Second Myanmar Government အဖြစ် လက်ခံထားသည်ဟု ကျေညာခဲ့သည်။

တရုတ်သည် လက်ရှိ မြန်မာ အကျပ်အတည်းအား ၎င်းတို့ ဖြစ်စေချင်သည့် လမ်းကြောင်းအတိုင်း ဆက်ရှိနေစေရန် မြန်မာ စစ်တပ် အတွက် အသက်ဆက်နိုင်ရန် အဓိက ပံ့ပိုးပေးနေသည့် lifeline သုံးခု အားကိုးလာသည်။

ယင်းသည် တရုတ် အစိုးရ ပိုင် ကုမ္ပဏီများ၊ မြန်မာ စစ်တပ်နှင့် နီးကပ်သော ဆက်ဆံရေး ရှိနေသည့် ယူနန် ပြည်နယ် အစိုးရ၊ တရုတ် နှင့် ပတ်သက်နေသည့် နယ်ခြားဖြတ်ကျော် လှုပ်ရှားနေသော ရာဇဝတ်ဂိုဏ်းများ ဖြစ်သည်။

အမေရိကန်ဖက်မှ တန်ပြန်လာနိုင်သည့် အလားအလာ
***************
တရုတ်သည် ခြုံ၍ ကြည့်လျှင် ဒီမိုကရေစီ အင်အားစုများ ထက် ဗိုလ်ချုပ်ကြီးများအား မျက်နှာသာ ပေးသွားမည့် ဗျုဟာ ကျင့်သုံး နေသော်လည်း ၎င်းတို့ အကြား အက်ကြောင်းများ ထလာနေပြီ ဖြစ်သည်။ ထို့ပြင် ၎င်းတို့ ဩဇာခံ EAO များ အား နယ်စပ်ဒေသများတွင် စစ်တပ်အား တိုက်ခိုက်နေသည်ကို ခွင့်ပြုထားခြင်းဖြင့် မြန်မာ စစ်တပ် အပေါ် ဩဇာ ပို၍ ညောင်းလာစေရန် ကြံဆလာခြင်းလည်း ဖြစ်သည်။ ဘီဂျင်း၏ ထိုသို့သော လုပ်ရပ်သည် မြန်မာ အကျပ်အတည်းကို ပို၍ ရှည်ကြာအောင် ဆွဲဆန့်နေသလို ဖြစ်နေသည်။

တရုတ်သည် မြောက်ပိုင်း EAO များ နှင့် စစ်တပ် အကြား ဆက်ဆံ‌ရေး ကောင်းမွန်အောင် ဖန်တီးပေးခြင်း ဖြင့် ဒီမိုကရေစီ အင်အားစုများ နှင့် အနောက်တိုင်း ဩဇာလွှမ်းမိုးမှု ကို အားပျော့အောင် လုပ်နိုင်မည်ဟု ယူဆနေသည်။

တရုတ်သည် အမေရိကန်၏ BURMA ACT အားလည်း အဓိပ္ပါယ် လွဲမှားစွာ ကောက်ယူနေသည်၊ အမေရိကန်သည်  EAO များ နှင့် PDF များ အကြား ရေရှည် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရန် အခြေခံ အုတ်မြစ်များ ချပေးထားခြင်း ဖြစ်သည်။

ထို့အတွက် အမေရိကန် သည် BURMA ACT ကို သုံး၍ ထို အနေအထား ဖြစ်လာအောင် လိုအပ်သည်များ ပံ့ပိုးသွားရတော့မည် ဖြစ်သည်ဟု ဂျေဆင် တာဝါ၏ ဆောင်းပါးမှ ကောက်နှုတ်တင်ပြလိုက်ပါသည်။

ပြည်သူတို့၏ ခုခံစစ် မုချ အောင်ရမည်!!!

Photo credit – Irrawaddy News



ဆက်ဖတ်ရန် →
အရာတော်မြို့နယ်ရှိ ပျူစောထီးစခန်းများကို တိုက်ခိုက်မှု စစ်အရာရှိတစ်ဦးနှင့်  ပျူစောထီး တစ်ဦးသေဆုံး

အရာတော်မြို့နယ်ရှိ ပျူစောထီးစခန်းများကို တိုက်ခိုက်မှု စစ်အရာရှိတစ်ဦးနှင့် ပျူစောထီး တစ်ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း၌အကြမ်းဖက်စစ်တပ်မှ အင်အား အလုံး အရင်းဖြင့် စစ် ကြောင်းထိုးနေချိန် နောက်တန်းတွင် အင်အားနည်း နေ သော ပျူစောထီးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ စစ် တပ်မှ အရာရှိ တစ်ဦးနှင့် ပျူစောထီးတစ်ဦးသေဆုံးပြီး စခန်းတချို့ကိုဖျက်ဆီးနိုင်ခဲ့ ကြောင်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ပြီး အကြမ်းဖက်စစ်တပ်မှ အရာတော်မြို့ နယ်တောင်ပိုင်းကို လေ ကြောင်းစစ်ကူပေးကာ မြေပြင်မှ အင်အား အလုံးအရင်း ဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်နေရာ အင်အား နည်းပါးစွာကျန်ရှိနေသည့် နောက် တန်းပျူစောထီးစခန်းများဖြစ်သော စပါးတွင်းကျေးရွာ၊ နောင်ကြီးအိုင် ရဲစခန်း၊သစ်ကျင်းကြီးကျေးရွာပျူစောထီးစခန်းတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက  ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၆ နာရီခန့်က အရာတော်မြို့နယ်၊ စပါးတွင်း ကျေးရွာ ပျူစောထီးခစန်းကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် ၁၉ PDF တပ်ရင်းနှင့် မဟာမိတ်တော် လှန်ရေးအင်အားစု များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ကျေး ရွာ အ တွင်း ဓားစာခံအဖြစ် အသုံးပြုခံရသော ပြည်သူများကို ကယ်ထုတ် နိုင်ခဲ့ ပြီး ပျူစော ထီးစခန်းတချို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် အရာတော်မြို့ နယ် နောင်ကြီးအိုင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်း ကိုလည်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်နယ် ၁၊ ၂၊ ၆ ၊ ၈ ရဲဘော်များက ပူးပေါင်း၍ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ထို့ပြင်ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၇ နာရီခန့်တွင် အရာတော်မြို့နယ် အ မြောက် တပ် ၃၆၉ တပ်ရင်းအနီးရှိ သစ်ကျင်းကြီးကျေးရွာ ပျူစောထီး ခြေကုပ် စခန်းကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာ ခရိုင် အမှတ်၆ PDF တပ်ရင်း နှင့် မုံရွာခရိုင်အမှတ်၁၉ PDF တပ်ရင်းပူးပေါင်းတပ်ဖွဲ့က ဝင် ရောက် စီး နင်းတိုက်ခိုက်ခဲ့ရာ စစ်အရာရှိတစ်ဦးနှင့် ပျူစောထီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။





ဆက်ဖတ်ရန် →
YMBA ဥက္ကဋ္ဌ၊ ပျူစောထီး ခေါင်းဆောင်မြေဩဇာဖြစ်

YMBA ဥက္ကဋ္ဌ၊ ပျူစောထီး ခေါင်းဆောင်မြေဩဇာဖြစ်

မော်လမြိုင်ကျွန်းမြို့နယ်၊ YMBA ဥက္ကဋ္ဌ၊ ပျူစောထီး ခေါင်းဆောင် ကျော်တင် ဦး ယမန်နေ့ ပစ်ခတ်ခံရပြီး ယနေ့မှ သေဆုံး၊ တောင်တွင်းကြီးတွင်လည်း အုပ်ချုပ်ရေးမှူး  ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ခေတ်သစ်
ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ YMBA ဥက္ကဋ္ဌ ပြည်သူ့စစ်(ခေါ်) ပျူ စောထီး ခေါင်း ဆောင် ကျော်တင်ဦးသည် ယမန်နေ့ ပစ်ခတ်ခံရပြီးနောက် ဆေး ကုသမှု ခံယူနေစဉ် ယနေ့ သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်  မော်လမြိုင်ကျွန်းမြို ၊ ဗိုလ် ချုပ်စျေးအနီး လက်ဖက် ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောက်နေ သော YMBA အသင်းဥက္ကဋ္ဌ၊ ပျူစောထီးခေါင်းဆောင် ကျော်တင်ဦးကို သေနတ် သမား တချို့ ပစ်ခတ်ခဲ့ကြောင်း၊ ကျော်တင်ဦးသည် ဒဏ်ရာရရှိပြီး မော်လမြိုင် ကျွန်းမြို့ ဆေးရုံမှ တစ်ဆင့် ပုသိမ်မြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ယနေ့ သေဆုံးသွားကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့  နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်  မကွေး တိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ လိပ်တိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုးမြင့် သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ၃ ချက် ပစ်ခတ်ခံရ၍ ခေါင်းပေါက်ထွက်ကာ သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရှိရသည်။



 

ဆက်ဖတ်ရန် →
ဆေးရုံနှင့်စာသင်ကျောင်းကိုစစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

ဆေးရုံနှင့်စာသင်ကျောင်းကိုစစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

အရာတော်၊ မလဲသာရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု တိုက်နယ်ဆေးရုံနှင့် အထက်တန်း ကျောင်းတို့ ထိခိုက် ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်မှုကြောင့် အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံနှင့် ကျန်းမာရေးဌာနတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း အရာတော်ပို့စ်ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ Mi 35 ရဟတ်ယာဉ်ဖြင့် မလဲသာကျေးရွာရှိ တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်းနှင့် ကျန်းမာရေးဌာန အဆောက်အအုံတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။

“ရဟတ်ယာဉ်နဲ့ပစ် စစ်ကူတွေချပြီးတော့ မြေပြင်ကနေလည်း ဆေးရုံကိုဝင်ပစ်တယ်။ ရဟတ်ယာဉ် နဲ့ စစ်ကူက အင်အား ၁၀၀ ကျော်လောက်ရှိတယ်။ လေယာဉ်နဲ့ ချသွားတာ အင်အား ၁၀ လောက်စီနဲ့ စစ်ကြောင်းနှစ်ခုခွဲပြီး လှည့်ပတ်မီးရှို့နေတာ၊ ကန်ရင်း၊ မလဲသာ၊ သခွပ်ပင်ရွာတွေလည်း မီးရှို့ဖျက် ဆီးခံရတယ်။ အဲဘက်မှာလဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်တာ၊ စစ်သားတွေ ထိခိုက် သေဆုံးမှုရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် မလဲသာကျေးရွာ၊ ကန်ရင်းကျေးရွာနှင့် ညောင်ပင်ကျေးရွာအနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် လှည်ပတ်ပစ်ခတ်ပြီးနောက် Mi 17 ရဟတ်ယာဉ်ဖြင့် အကြမ်းဖက် စစ်သား အင်အား ၁၀၀ ခန့်ကို မြေပြင်တွင် ချပြီး မြေပြင်မှစစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားအင်အား ၁၀၀ ခန့်ဖြင့်ပူးပေါင်းကာ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့ ထိခိုက်ကျဆုံးမှုရှိကြောင်း PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်လည်း အရာတော်မြို့နယ်ရှိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုး စီးနင်းလျက်ရှိပြီး PDF တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရှိရသည်။






 

အရာတော်တောင်ပိုင်း တိုက်ပွဲဖြစ်နေချိန် အင်အား​နည်းနေသည့် စစ်ကောင်စီစခန်းများအား ဝင်တိုက်


▪️စစ်တပ်အရာရှိနှင့်ပျူသေဆုံးပြီး စခန်းအချို့အား မီးရှို့ဖျက်ဆီး


▪️စစ်ကောင်စီတပ်က အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကို လေကြောင်း တိုက်ခိုက်


အောင်ဇေယျ/People's Spring


စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်း၌ တိုက်ပွဲ ဖြစ်ပွားနေစဥ် တပ်ဖွဲ့အင်အားနည်းပါးနေသည့် ပျူစောထီးစခန်းနှစ်ခုနှင့် ရဲစခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အရာတော်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။


တိုက်ခိုက်မှုကြောင့် စစ်တပ်အရာရှိတစ်ဦးနှင့် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း ပကဖက ဆိုသည်။


စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် သုံးရက်အတွင်း၌ အရာတော်မြို့နယ်တောင်ပိုင်းမှ လေကြောင်းအကူဖြင့် အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ပွဲဝင်နေချိန် ဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ အင်အားနည်းပါးနေသည့် အခြားတပ်စခန်းနေရာများကို ရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အရာတော်(ပကဖ) အဖွဲ့က အသိပေးသည်။


 ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆နာရီခွဲခန့်က အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းများအား လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ထို့နောက် ည ၈နာရီခန့်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ထိုကျေးရွာရှိ ပျူစောထီးစခန်းအချို့အား စီးနင်းဖျက်ဆီးနိုင်ခဲ့ကြောင်း ပကဖက ဆိုသည်။


တိုက်ပွဲကြားတွင် စစ်ကောင်စီတပ်များက ဓားစာခံလုပ်ထားသဖြင့် ပိတ်မိနေသည့် စပါးတွင်းကျေးရွာပြည်သူများအားလည်း အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း အရာတော်(ပကဖ)က ထုတ်ပြန်သည်။


အဆိုပါ တိုက်ပွဲတွင်အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မုံရွာခရိုင် အမှတ်(၁၉) PDF တပ်ရင်းတို့နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။


 ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၂ နာရီခန့်တွင်လည်း နောင်ကြီးအိုင်ကျေးရွာ ရဲစခန်းအား (၆၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုစခန်းတိုက်ခိုက်မှုကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်နယ် (၁)၊ (၂)၊ (၆)၊ (၈) ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။


ထို့အပြင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၇နာရီခန့်တွင်လည်း အမတ(၃၆၉)တပ်ရင်းအနီး သစ်ကျင်းကြီးကျေးရွာရှိ ပျူစောထီးခြေကုပ်စခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားပြီး စစ်တပ်အရာရှိတစ်ဦးနှင့် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦးတို့ကို အသေပစ်ခတ်နိုင်ခဲ့ကြောင်း အရာတော်(ပကဖ)က အသိပေးသည်။


သစ်ကျင်းကြီးပျူစခန်း တိုက်ခိုက်မှုတွင် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မုံရွာခရိုင် အမှတ်(၆) PDF တပ်ရင်းနှင့်မုံရွာခရိုင်အမှတ်(၁၉) PDF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


အရာတော်တောင်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသေးပြီး စစ်ကောင်စီတပ်များကလည်း ဖြန့်ခွဲစစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း အရာတော်ပကဖအဖွဲ့က အသိပေးထားသည်။


ဖြစ်စဥ်များနှင့်ပတ်သက်၍ အရာတော်(ပကဖ) အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။


စစ်ကောင်စီတပ်သည်  ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီသာသာခန့်က မလဲသာကျေးရွာ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပျက်စီးထိခိုက်မှုများရှိခဲ့သည်။


"အရာတော်တောင်နယ်က ရွာကြီးတွေဖြစ်တဲ့ မလဲသာ၊ ကန်ရင်း ကျေးရွာများနဲ့ ရွာဘေးပတ်လည်၊ ဆေးရုံ၊ ကျောင်း နေရာတွေကို စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ ပျံတက်လာခဲ့တဲ့ Mi35 ရဟတ်ယာဉ်က အချိန်အတော်ကြာကြာ လှည့်ပတ်ပစ်ခတ်ခဲ့ပါတယ်။"ဟု ဒေသတွင်း အရာတော်ပို့စ်က ရေးသားသည်။


စစ်ကောင်စီတပ်သည် အရာတော်‌မြို့နယ် တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်ပြီးနောက် Mi17 ရဟတ်ယာဉ်တစ်စီးဖြင့် နမခမှ စစ်ကောင်စီတပ်ဖွဲ့များကို သယ်ဆောင်ကာ မလဲသာ၊ ကန်ရင်း၊ ညောင်ပင် ကျေးရွာများတဝိုက်၌ လေးကြိမ်ဆင်းသက်ပြီး စစ်အင်အားထပ်ဖြည့်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။


စစ်ကိုင်းတိုင်း၊ အရာတော်နယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းနှင့် ဒေသတွင်း PDFများ သုံးရက်နီးပါးတိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး PDF ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ZERO ပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောကြားထားသည်။










ဆက်ဖတ်ရန် →
အိမ်အလည်ပင်သွားခွင့်မရသော Non-CDM များ

အိမ်အလည်ပင်သွားခွင့်မရသော Non-CDM များ

 ပြည်ကြီးတံခွန် မြိုနယ်တွင် မီးရထားရဲတပ်ဖွဲ ဒုရဲမှူး ဝင်းမင်းသန့် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ခေတ်သစ်
ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်တွင် ပြည်ကြီးတံခွန်မြိုနယ်၊ ဋ ရပ်ကွက်၊ ညောင်ပင်ကုန်းကျေးရွာရှိ မြေပွဲစား ဒေါ်ခင်လှ နေအိမ်ကို အလည်ရောက်ရှိနေသည့် မြစ်ငယ် မီးရထားတပ်ဖွဲမှူး ဒုရဲမှူး ဝင်းမင်းသန့်ကို သေနတ်သမားများက ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။





မြစ်ငယ်ရထားရဲတပ်ဖွဲ့ ဒုရဲမှူး မန္တလေးရောက်နေချိန် ပစ်သတ်ခံရ

ဆိုင်းမင်း/People's Spring

မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြို့နယ် ဋ ရပ်ကွက်မှာရှိတဲ့ အမ နေအိမ်ဆီ အလည်ရောက်နေတဲ့ ဒုရဲမှူးတစ်ဦး မနေ့ကညပိုင်းက  ပစ်သတ်ခံလိုက်ရပါတယ်။

ပစ်သတ်ခံရသူဟာ မြစ်ငယ်အမှတ် (၆) ရဲထားရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းမင်းသန့်ဆိုသူဖြစ်ပြီး အမ အိမ် ဆီ အလည်လာချိန် သတ်ခံရတာလို့  ဒေသခံအချို့က ပြောပြပါတယ်။

စစ်အုပ်စုဘက်ကတော့  ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက် မှာနေတဲ့ အိမ်ခြေမြေပွဲစား အမျိုးသမီးရဲ့နေအိမ်ကို မနေ့ညပိုင်း ၆ နာရီဝန်းကျင်က အမျိုးသား ၈ ဦး ဆိုင်ကယ် ၃ စီးနဲ့ရောက်လာပြီး လူသတ် ဓားပြတိုက်သွားတာလို့  သတင်းထုတ်ထားပါတယ်။

" ဒုရဲမှူး က ယူနီဖောင်းနဲ့မဟုတ်ဘူး ၊အရပ်ဝတ်နဲ့ပဲ၊   စကားပြောစက်ကအသံထွက်လာတာကနေသိပြီး ပစ်သွားတာ"လို့  မိသားစုနဲ့  နီးစပ်သူတစ်ဦးကပြောပါတယ်။ 

 အဲဒီ ဒုရဲမှူး ဆီကနေ ခြောက်လုံးပြုး နဲ့စကားပြောစက် ယူသွားတယ်လို့သိရပါတယ်။

အဲဒီဖြစ်စဉ်မှာ  ကျပ်သိန်းသုံးရာအပြင် ရွှေထည်တွေပါသွားတယ်လို့ လူမှုကွန်ရက်မှာ စစ်အုပ်စု ဘက်က သတင်းဖြန့်ထားတာတွေ့ရပါတယ်။

ပစ်ခတ်ခံရတဲ့ ဒုရဲမှူးဟာ  နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတာပါ။




ဆက်ဖတ်ရန် →
အင်တာနက်စာမျက်နှာတွင်မိမိကိုယ်ရေးအချက်အလက်များပေးပို့ခြင်းကိုအထူးဂရုပြုကြရန်

အင်တာနက်စာမျက်နှာတွင်မိမိကိုယ်ရေးအချက်အလက်များပေးပို့ခြင်းကိုအထူးဂရုပြုကြရန်

''နိုင်ငံခြားသို့ ထွက်မည့် စီဒီအမ်များကို ဖမ်းဆီးစစ်‌ဆေးရန် စစ်ကောင်စီက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လူ နှစ်သိန်းကျော်၏ နာမည်စာရင်းပို့ထားသည့် အချက်အလက်အလက်များကို စစ်ကောင်စီ အဆင့်မြင့်အရာရှိ ဖရဲသီး၏ ကူညီမှုဖြင့် The Fifth Column က ရရှိထားသည်။မေးမြန်းရာတွင် [နာမည်၊ အဖ အမည်နှင့် ကိုယ်လုပ်ကိုင်သည့်ဌာန] ကို တပါတည်း ထည့်သွင်း မေးမြန်းပေးရန် လိုအပ်သည်။[နာမည်၊ အဖ အမည်နဲ့ ဌာန] ကို တိုက်ဆိုင်စိစစ်ပြီး စာရင်းထဲတွင် မေးမြန်းသည့် နာမည်ပါဝင်နေပါက The Fifth Column အဖွဲ့သားများက မေးမြန်းသူ၏ မွေးသက္ကရာဇ်ကို ပြန်လည်ပြသပြီးနာမည်ပါဝင်ကြောင်း အတည်ပြုပေးမည်ဖြစ်သည်။'' ဖော်ပြဖိတ်ခေါ်ထားသည့် page တခုတွင်နာမည်စာရင်းပေးသွင်းသူများရှိနေပါသည်။အင်တာနက်စာမျက်နှာတွင် မိမိကိုယ်ရေးအချက်အလက်များပေးပို့ခြင်းကိုအထူးဂရုပြုကြရန်သတိပေးအပ်ပါသည်။




 



ဆက်ဖတ်ရန် →