ပျူတွေကိုသနပ်ခါးပင်တွေပါမီးရှို့ခိုင်းတဲ့အာဏာရူး
ဆုတောင်းအလွဲတွေနဲ့ ဇာတ်သိမ်းမလှသူများ
မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို
တန့်ဆည်တွင် စစ်ကောင်စီတပ်အန္တရာယ်ကြောင့် ကျေးရွာ (၁၀)ရွာမှ ဒေသခံတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်
တန့်ဆည် - ကံထူးမလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အနောက်ခြမ်းသို့ စစ်ကောင်စီတပ်၏ ခမရ(၃၆၁)က စစ်ကြောင်းထိုးနေ၍ ကျေးရွာ (၁၀)ရွာခန့်မှ ဒေသခံပြည် သူ တစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၄ ရက်က တန့်ဆည်မြို့ပေါ်မှ ခင်နုဆည်ကျေးရွာသို့ ညအိပ်တပ်စွဲခဲ့ပြီး ယမန်နေ့နံနက်ပိုင်းတွင် ချောင်းဦးရွာအနီးမှတစ်ဆင့် သပြေရင်း-သရက်ခါး - ကံထူးမကျေးရွာအထိ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ယမန်နေ့ညက ကံထူးမအနီးဝန်းကျင် ညအိပ်တပ်စွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
"တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပျူတွေက စစ်ကြောင်းနှစ်ကြောင်း ပြိုင်ထိုးနေတယ်။စစ်ကြောင်းနှစ်ခုပေါင်း အင်အားက၂၅၀ ကျော် တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။
ကံထူးမအနီးရှိ ကျေးရွာပေါင်း ၁၀ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်မှာ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း၊ တန့်ဆည် - ကံထူးမလမ်းပိုင်းကိုလည်း ယာယီပိတ်ထားသောကြောင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း သတိပေးထားသည်။
တန့်ဆည်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ခပေါင်းကြိုင်ရွာမှ မှန်ရင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော ခမရ(၃၆၁) နှင့် ပျူစောထီးအဖွဲ့အား တန့်ဆည်(ပကဖ)နှင့် တပ်ရင်း (၂၅) တို့က ပဒေသာမိုင်း ရှစ်လုံးတွဲဖြင့်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ငါးဦး သေဆုံးကြောင်း တန့်ဆည် (ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ
အိုက်မောင်/People's Spring
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ၏ ကပစ(၁၂)နှင့် ကပစ(၁၀)တပ်မှ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး အဆိုပါစစ်ကြောင်းသည် မင်းလှမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ပြောသည်။
အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၂၀ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ရက် တွင် ပြန်လည်ဆုတ်ခွာသွားခြင်းဟု
အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"စစ်ကောင်စီစစ်ကြောင်းက ကပစ (၁၂)ရော ကပစ(၁၀)ရောပါလာတာ။ သူတို့ဘက်က နှစ်ယောက်ကျပြီး ဒဏ်ရာရသူတွေများတယ်။ ထွက်ပြေးတာ။ ကျည်တွေပါကျကျန်ခဲ့တယ်"ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောသည်။
တိုက်ပွဲမှာ ဖေဖော်ဝါရီ ၂၀ရက် နံနက် ၉နာရီ မိနစ် ၄၀ခန့်တွင်စတင်ခဲ့ပြီး ထိုနေ့ ညနေအထိ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
"ကပစ (၁၂)က တစ်ယောက်၊ ကပစ(၁၀)က တစ်ယောက် သေတယ်။ ဖရဲသီးဆီက သတင်းပြန်ရတာပါ။သူတို့က ၂၃ရက်နေ့မှာ မြို့ထဲဘက်ကို ပြန်ဆုတ်သွားပါတယ်။ ကျွန်တော်တို့ကတော့ ဌာနေဆီမပြန်သေးဘဲ အသင့်အနေအထားရှ်ိနေပါတယ်"ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ယနေ့(ဖေဖော်ဝါရီ ၂၆ရက်) ပြောသည်။
အဆိုပါတိုက်ပွဲကို အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( UMPDF)နှင့်အတူမကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (SMPDF)၊ အရှိုချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ACDF)နှင့်Key of Revolution တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ(၁၂)သည် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ ပိတောက်ပင်ကျေးရွာတို့၏ တောင်ဘက် (၃)မိုင်ကျော် တွင်တည် ရှိသည်။ကပစ(၁၀)သည် မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအနီးတွင်တည် ရှိသည်။
တရုတ်၏ မြန်မာ အာဏာသိမ်း အဖွဲ့ အပေါ် ထောက်ခံမှု အကန့်အသတ် နှင့်သာ ဖြစ်
အရာတော်မြို့နယ်ရှိ ပျူစောထီးစခန်းများကို တိုက်ခိုက်မှု စစ်အရာရှိတစ်ဦးနှင့် ပျူစောထီး တစ်ဦးသေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ခေတ်သစ်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း၌အကြမ်းဖက်စစ်တပ်မှ အင်အား အလုံး အရင်းဖြင့် စစ် ကြောင်းထိုးနေချိန် နောက်တန်းတွင် အင်အားနည်း နေ သော ပျူစောထီးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ စစ် တပ်မှ အရာရှိ တစ်ဦးနှင့် ပျူစောထီးတစ်ဦးသေဆုံးပြီး စခန်းတချို့ကိုဖျက်ဆီးနိုင်ခဲ့ ကြောင်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ပြီး အကြမ်းဖက်စစ်တပ်မှ အရာတော်မြို့ နယ်တောင်ပိုင်းကို လေ ကြောင်းစစ်ကူပေးကာ မြေပြင်မှ အင်အား အလုံးအရင်း ဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်နေရာ အင်အား နည်းပါးစွာကျန်ရှိနေသည့် နောက် တန်းပျူစောထီးစခန်းများဖြစ်သော စပါးတွင်းကျေးရွာ၊ နောင်ကြီးအိုင် ရဲစခန်း၊သစ်ကျင်းကြီးကျေးရွာပျူစောထီးစခန်းတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၆ နာရီခန့်က အရာတော်မြို့နယ်၊ စပါးတွင်း ကျေးရွာ ပျူစောထီးခစန်းကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် ၁၉ PDF တပ်ရင်းနှင့် မဟာမိတ်တော် လှန်ရေးအင်အားစု များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ကျေး ရွာ အ တွင်း ဓားစာခံအဖြစ် အသုံးပြုခံရသော ပြည်သူများကို ကယ်ထုတ် နိုင်ခဲ့ ပြီး ပျူစော ထီးစခန်းတချို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် အရာတော်မြို့ နယ် နောင်ကြီးအိုင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်း ကိုလည်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်နယ် ၁၊ ၂၊ ၆ ၊ ၈ ရဲဘော်များက ပူးပေါင်း၍ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
ထို့ပြင်ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၇ နာရီခန့်တွင် အရာတော်မြို့နယ် အ မြောက် တပ် ၃၆၉ တပ်ရင်းအနီးရှိ သစ်ကျင်းကြီးကျေးရွာ ပျူစောထီး ခြေကုပ် စခန်းကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာ ခရိုင် အမှတ်၆ PDF တပ်ရင်း နှင့် မုံရွာခရိုင်အမှတ်၁၉ PDF တပ်ရင်းပူးပေါင်းတပ်ဖွဲ့က ဝင် ရောက် စီး နင်းတိုက်ခိုက်ခဲ့ရာ စစ်အရာရှိတစ်ဦးနှင့် ပျူစောထီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

YMBA ဥက္ကဋ္ဌ၊ ပျူစောထီး ခေါင်းဆောင်မြေဩဇာဖြစ်
မော်လမြိုင်ကျွန်းမြို့နယ်၊ YMBA ဥက္ကဋ္ဌ၊ ပျူစောထီး ခေါင်းဆောင် ကျော်တင် ဦး ယမန်နေ့ ပစ်ခတ်ခံရပြီး ယနေ့မှ သေဆုံး၊ တောင်တွင်းကြီးတွင်လည်း အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ခေတ်သစ်
ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ YMBA ဥက္ကဋ္ဌ ပြည်သူ့စစ်(ခေါ်) ပျူ စောထီး ခေါင်း ဆောင် ကျော်တင်ဦးသည် ယမန်နေ့ ပစ်ခတ်ခံရပြီးနောက် ဆေး ကုသမှု ခံယူနေစဉ် ယနေ့ သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် မော်လမြိုင်ကျွန်းမြို ၊ ဗိုလ် ချုပ်စျေးအနီး လက်ဖက် ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောက်နေ သော YMBA အသင်းဥက္ကဋ္ဌ၊ ပျူစောထီးခေါင်းဆောင် ကျော်တင်ဦးကို သေနတ် သမား တချို့ ပစ်ခတ်ခဲ့ကြောင်း၊ ကျော်တင်ဦးသည် ဒဏ်ရာရရှိပြီး မော်လမြိုင် ကျွန်းမြို့ ဆေးရုံမှ တစ်ဆင့် ပုသိမ်မြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ယနေ့ သေဆုံးသွားကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် မကွေး တိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ လိပ်တိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုးမြင့် သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ၃ ချက် ပစ်ခတ်ခံရ၍ ခေါင်းပေါက်ထွက်ကာ သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆေးရုံနှင့်စာသင်ကျောင်းကိုစစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်
အရာတော်၊ မလဲသာရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု တိုက်နယ်ဆေးရုံနှင့် အထက်တန်း ကျောင်းတို့ ထိခိုက် ပျက်စီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ခေတ်သစ်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်မှုကြောင့် အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံနှင့် ကျန်းမာရေးဌာနတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း အရာတော်ပို့စ်ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ Mi 35 ရဟတ်ယာဉ်ဖြင့် မလဲသာကျေးရွာရှိ တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်းနှင့် ကျန်းမာရေးဌာန အဆောက်အအုံတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။
“ရဟတ်ယာဉ်နဲ့ပစ် စစ်ကူတွေချပြီးတော့ မြေပြင်ကနေလည်း ဆေးရုံကိုဝင်ပစ်တယ်။ ရဟတ်ယာဉ် နဲ့ စစ်ကူက အင်အား ၁၀၀ ကျော်လောက်ရှိတယ်။ လေယာဉ်နဲ့ ချသွားတာ အင်အား ၁၀ လောက်စီနဲ့ စစ်ကြောင်းနှစ်ခုခွဲပြီး လှည့်ပတ်မီးရှို့နေတာ၊ ကန်ရင်း၊ မလဲသာ၊ သခွပ်ပင်ရွာတွေလည်း မီးရှို့ဖျက် ဆီးခံရတယ်။ အဲဘက်မှာလဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်တာ၊ စစ်သားတွေ ထိခိုက် သေဆုံးမှုရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့ပြင် မလဲသာကျေးရွာ၊ ကန်ရင်းကျေးရွာနှင့် ညောင်ပင်ကျေးရွာအနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် လှည်ပတ်ပစ်ခတ်ပြီးနောက် Mi 17 ရဟတ်ယာဉ်ဖြင့် အကြမ်းဖက် စစ်သား အင်အား ၁၀၀ ခန့်ကို မြေပြင်တွင် ချပြီး မြေပြင်မှစစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားအင်အား ၁၀၀ ခန့်ဖြင့်ပူးပေါင်းကာ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်တပ် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့ ထိခိုက်ကျဆုံးမှုရှိကြောင်း PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်လည်း အရာတော်မြို့နယ်ရှိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုး စီးနင်းလျက်ရှိပြီး PDF တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရှိရသည်။
အရာတော်တောင်ပိုင်း တိုက်ပွဲဖြစ်နေချိန် အင်အားနည်းနေသည့် စစ်ကောင်စီစခန်းများအား ဝင်တိုက်
▪️စစ်တပ်အရာရှိနှင့်ပျူသေဆုံးပြီး စခန်းအချို့အား မီးရှို့ဖျက်ဆီး
▪️စစ်ကောင်စီတပ်က အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကို လေကြောင်း တိုက်ခိုက်
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်း၌ တိုက်ပွဲ ဖြစ်ပွားနေစဥ် တပ်ဖွဲ့အင်အားနည်းပါးနေသည့် ပျူစောထီးစခန်းနှစ်ခုနှင့် ရဲစခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အရာတော်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။
တိုက်ခိုက်မှုကြောင့် စစ်တပ်အရာရှိတစ်ဦးနှင့် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း ပကဖက ဆိုသည်။
စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် သုံးရက်အတွင်း၌ အရာတော်မြို့နယ်တောင်ပိုင်းမှ လေကြောင်းအကူဖြင့် အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ပွဲဝင်နေချိန် ဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ အင်အားနည်းပါးနေသည့် အခြားတပ်စခန်းနေရာများကို ရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အရာတော်(ပကဖ) အဖွဲ့က အသိပေးသည်။
ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆နာရီခွဲခန့်က အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းများအား လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့နောက် ည ၈နာရီခန့်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ထိုကျေးရွာရှိ ပျူစောထီးစခန်းအချို့အား စီးနင်းဖျက်ဆီးနိုင်ခဲ့ကြောင်း ပကဖက ဆိုသည်။
တိုက်ပွဲကြားတွင် စစ်ကောင်စီတပ်များက ဓားစာခံလုပ်ထားသဖြင့် ပိတ်မိနေသည့် စပါးတွင်းကျေးရွာပြည်သူများအားလည်း အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း အရာတော်(ပကဖ)က ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲတွင်အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မုံရွာခရိုင် အမှတ်(၁၉) PDF တပ်ရင်းတို့နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၂ နာရီခန့်တွင်လည်း နောင်ကြီးအိုင်ကျေးရွာ ရဲစခန်းအား (၆၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုစခန်းတိုက်ခိုက်မှုကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်နယ် (၁)၊ (၂)၊ (၆)၊ (၈) ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၇နာရီခန့်တွင်လည်း အမတ(၃၆၉)တပ်ရင်းအနီး သစ်ကျင်းကြီးကျေးရွာရှိ ပျူစောထီးခြေကုပ်စခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားပြီး စစ်တပ်အရာရှိတစ်ဦးနှင့် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦးတို့ကို အသေပစ်ခတ်နိုင်ခဲ့ကြောင်း အရာတော်(ပကဖ)က အသိပေးသည်။
သစ်ကျင်းကြီးပျူစခန်း တိုက်ခိုက်မှုတွင် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မုံရွာခရိုင် အမှတ်(၆) PDF တပ်ရင်းနှင့်မုံရွာခရိုင်အမှတ်(၁၉) PDF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အရာတော်တောင်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသေးပြီး စစ်ကောင်စီတပ်များကလည်း ဖြန့်ခွဲစစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း အရာတော်ပကဖအဖွဲ့က အသိပေးထားသည်။
ဖြစ်စဥ်များနှင့်ပတ်သက်၍ အရာတော်(ပကဖ) အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီသာသာခန့်က မလဲသာကျေးရွာ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပျက်စီးထိခိုက်မှုများရှိခဲ့သည်။
"အရာတော်တောင်နယ်က ရွာကြီးတွေဖြစ်တဲ့ မလဲသာ၊ ကန်ရင်း ကျေးရွာများနဲ့ ရွာဘေးပတ်လည်၊ ဆေးရုံ၊ ကျောင်း နေရာတွေကို စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ ပျံတက်လာခဲ့တဲ့ Mi35 ရဟတ်ယာဉ်က အချိန်အတော်ကြာကြာ လှည့်ပတ်ပစ်ခတ်ခဲ့ပါတယ်။"ဟု ဒေသတွင်း အရာတော်ပို့စ်က ရေးသားသည်။
စစ်ကောင်စီတပ်သည် အရာတော်မြို့နယ် တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်ပြီးနောက် Mi17 ရဟတ်ယာဉ်တစ်စီးဖြင့် နမခမှ စစ်ကောင်စီတပ်ဖွဲ့များကို သယ်ဆောင်ကာ မလဲသာ၊ ကန်ရင်း၊ ညောင်ပင် ကျေးရွာများတဝိုက်၌ လေးကြိမ်ဆင်းသက်ပြီး စစ်အင်အားထပ်ဖြည့်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကိုင်းတိုင်း၊ အရာတော်နယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းနှင့် ဒေသတွင်း PDFများ သုံးရက်နီးပါးတိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး PDF ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ZERO ပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောကြားထားသည်။
အိမ်အလည်ပင်သွားခွင့်မရသော Non-CDM များ
ပြည်ကြီးတံခွန် မြိုနယ်တွင် မီးရထားရဲတပ်ဖွဲ ဒုရဲမှူး ဝင်းမင်းသန့် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ခေတ်သစ်
ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်တွင် ပြည်ကြီးတံခွန်မြိုနယ်၊ ဋ ရပ်ကွက်၊ ညောင်ပင်ကုန်းကျေးရွာရှိ မြေပွဲစား ဒေါ်ခင်လှ နေအိမ်ကို အလည်ရောက်ရှိနေသည့် မြစ်ငယ် မီးရထားတပ်ဖွဲမှူး ဒုရဲမှူး ဝင်းမင်းသန့်ကို သေနတ်သမားများက ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
မြစ်ငယ်ရထားရဲတပ်ဖွဲ့ ဒုရဲမှူး မန္တလေးရောက်နေချိန် ပစ်သတ်ခံရ
ဆိုင်းမင်း/People's Spring
မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြို့နယ် ဋ ရပ်ကွက်မှာရှိတဲ့ အမ နေအိမ်ဆီ အလည်ရောက်နေတဲ့ ဒုရဲမှူးတစ်ဦး မနေ့ကညပိုင်းက ပစ်သတ်ခံလိုက်ရပါတယ်။
ပစ်သတ်ခံရသူဟာ မြစ်ငယ်အမှတ် (၆) ရဲထားရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းမင်းသန့်ဆိုသူဖြစ်ပြီး အမ အိမ် ဆီ အလည်လာချိန် သတ်ခံရတာလို့ ဒေသခံအချို့က ပြောပြပါတယ်။
စစ်အုပ်စုဘက်ကတော့ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက် မှာနေတဲ့ အိမ်ခြေမြေပွဲစား အမျိုးသမီးရဲ့နေအိမ်ကို မနေ့ညပိုင်း ၆ နာရီဝန်းကျင်က အမျိုးသား ၈ ဦး ဆိုင်ကယ် ၃ စီးနဲ့ရောက်လာပြီး လူသတ် ဓားပြတိုက်သွားတာလို့ သတင်းထုတ်ထားပါတယ်။
" ဒုရဲမှူး က ယူနီဖောင်းနဲ့မဟုတ်ဘူး ၊အရပ်ဝတ်နဲ့ပဲ၊ စကားပြောစက်ကအသံထွက်လာတာကနေသိပြီး ပစ်သွားတာ"လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
အဲဒီ ဒုရဲမှူး ဆီကနေ ခြောက်လုံးပြုး နဲ့စကားပြောစက် ယူသွားတယ်လို့သိရပါတယ်။
အဲဒီဖြစ်စဉ်မှာ ကျပ်သိန်းသုံးရာအပြင် ရွှေထည်တွေပါသွားတယ်လို့ လူမှုကွန်ရက်မှာ စစ်အုပ်စု ဘက်က သတင်းဖြန့်ထားတာတွေ့ရပါတယ်။
ပစ်ခတ်ခံရတဲ့ ဒုရဲမှူးဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတာပါ။
အင်တာနက်စာမျက်နှာတွင်မိမိကိုယ်ရေးအချက်အလက်များပေးပို့ခြင်းကိုအထူးဂရုပြုကြရန်
''နိုင်ငံခြားသို့ ထွက်မည့် စီဒီအမ်များကို ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လူ နှစ်သိန်းကျော်၏ နာမည်စာရင်းပို့ထားသည့် အချက်အလက်အလက်များကို စစ်ကောင်စီ အဆင့်မြင့်အရာရှိ ဖရဲသီး၏ ကူညီမှုဖြင့် The Fifth Column က ရရှိထားသည်။မေးမြန်းရာတွင် [နာမည်၊ အဖ အမည်နှင့် ကိုယ်လုပ်ကိုင်သည့်ဌာန] ကို တပါတည်း ထည့်သွင်း မေးမြန်းပေးရန် လိုအပ်သည်။[နာမည်၊ အဖ အမည်နဲ့ ဌာန] ကို တိုက်ဆိုင်စိစစ်ပြီး စာရင်းထဲတွင် မေးမြန်းသည့် နာမည်ပါဝင်နေပါက The Fifth Column အဖွဲ့သားများက မေးမြန်းသူ၏ မွေးသက္ကရာဇ်ကို ပြန်လည်ပြသပြီးနာမည်ပါဝင်ကြောင်း အတည်ပြုပေးမည်ဖြစ်သည်။'' ဖော်ပြဖိတ်ခေါ်ထားသည့် page တခုတွင်နာမည်စာရင်းပေးသွင်းသူများရှိနေပါသည်။အင်တာနက်စာမျက်နှာတွင် မိမိကိုယ်ရေးအချက်အလက်များပေးပို့ခြင်းကိုအထူးဂရုပြုကြရန်သတိပေးအပ်ပါသည်။
ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်
ဘုရားသုံးဆူ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ေခတ်သစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံ ရဲစခန်း ကို ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံးကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ယနေ့ နံနက် ၆ နာရီခန့်အချိန်မှစတင်၍ ဘုရားသုံးဆူ နယ်မြေခံရဲစခန်းကို နဂါးနီစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်များက စတင်တိုက် ခိုက်ခဲ့ ကြောင်း၊ တိုက်ပွဲစတင်ဖြစ်ပွာပြီး မကြာမီ ဘုရားသုံးမြို့အတွင်းမှ စစ်ကောင်စီ ခလရ ၂၈၄ ၊ ခလရ ၉၇ တပ်များမှ ထုတ်နှုတ်အင်အား ၃၀ ခန့်က တိုက်ပွဲဖြစ် ပွား ရာ နေရာသို့ စစ်ကူ လာရောက်သဖြင့် မဟာမိတ်ပူးပေါင်းတပ်များနှင့် နံနက် ၇ နာရီ ဝန်းကျင် အချိန်တွင် ထပ်မံ တိုက်ပွဲဖြစ်ပွားကြောင်း ၊ နံနက် ၈ နာရီ ခန့် တွင် မဟာမိတ်တပ် များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စုစုပေါင်း တိုက် ပွဲကြာချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲအတွင်း ရဲစခန်း နှင့် စစ်ကောင်စီတပ်များဘက်မှ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး PDF တစ်ဦး ကျဆုံးကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရှိရသည်။
FOEIM ကိုရအောင်ပြန်ယူသင့်ပြီ
ခေတ်သစ်ကို မယုံကြည်ကြရန် ဝန်ထမ်းများကို ပြော ဆို
စသုံးလုံး ဒုညွှန်ချုပ်၏ ကရင် ခရီးစဉ်တွင် ခေတ်သစ်ကို မယုံကြည်ကြရန် ဝန်ထမ်းများကို ပြော ဆိုပြီး NUG ၊ CRPH နှင့် PDF ဆက်သွယ်လျှင် ဝန်ထမ်း မိသားစုဆွေမျိုးများပါ မချန် ထောင်ချမည်ဟု ခြိမ်းခြောက်
ရန်ကုန်၊ ဖေဖော်၀ါရီ ၂၅ ခေတ်သစ်
ကရင်ပြည်နယ်၊မြ၀တီမြို့၊ ရွှေက္ကိုလ်မြို့သစ်တွင် အွန်လိုင်းလောင်းကစားဂိမ်းများက ဗီယက်နမ် နိုင်ငံ သားများထံမှ ဒေါ်လာ သိန်းချီ လိမ်လည်သော အမှုကို လာရောက်စစ်ဆေးသည့် စသုံးလုံး ဒုညွန်ကြားရေးမှူးချုပ် သိန်းနိုင်ထွန်းက စသုံးလုံး ဝန်ထမ်းများအနေဖြင့် ခေတ်သစ်သတင်းများကို မယုံကြည်ကြရန်နှင့် မဖတ်ကြရန် တိုက်တွန်းပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ လာရောက်သွားခဲ့သည့် စသုံးလုံး ဒုညွှန်ချုပ် သိန်းနိုင်ထွန်းက ခေတ်သစ်သတင်းများကို မယုံကြရန်၊ ခေတ်သစ်တွင် ဖော်ပြထားသည့် ဗီယက်နမ်နိုင်ငံက တိုင်ကြားသည့် ရွှေက္ကိုလ် လောင်းကစား ကိစ္စကြောင့် လာရောက်ခြင်းမဟုတ်ဘဲ ဝန်ထမ်းများ စည်းရုံးရေး အတွက် လာရောက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
"ဒုညွှန်ချုပ်ခရီးစဥ်မှာ ခေတ်သစ်သတင်းတွေကိုမယုံဖို့ ခေတ်သစ်မှာ ဖော်ပြထားတဲ့ ကိစ္စအတွက် လာရောက်ခြင်းမဟုတ်ဘဲ မိသားစုစည်းရုံးရေးအတွက် အထက်ကချမှတ် ပေးအပ်တဲ့ တာဝန် ဖြင့်သာလာရောက် စည်းရုံးကွင်းဆင်းခြင်းဖြစ်ပါတယ်လို့ ပြောတယ်" ဟု ပြည်ထဲရေး သတင်း ရင်းမြစ်က ပြောသည်။
စသုံးလုံး ဒုညွှန်ချုပ် သိန်းနိုင်ထွန်းက စသုံးလုံး ဝန်ထမ်းများအနေဖြင့် CRPH ၊ NUG ၊ PDF တို့ကိုထောက်ပံ့ခြင်း အားပေးအားမြှောက်ခြင်းများ မလုပ်ကြရန်၊ ဝန်ထမ်း မိသားစုဝင် များ အနေဖြင့် မဆက်သွယ်ကြရန် ၊ တားမြစ်ထားသည့်ကြားထဲမှ NUG CRPH PDF နှင့် ဆက်သွယ် ကူညီထောက်ပံ့မှုတွေ့ရှိပါက မိသားစု ဆွေမျိုးပါမချန် ထောင်ချ အရေးယူမည်ဟု ခြိမ်းခြောက်သည်။
" ဝန်ထမ်း(အိမ်ထောင်သည်)လင်စုံမယားစုံအရေးယူအပြစ်ပေးခံရမယ်။ လူပျို၊အပျို ဖြစ်ပါက သက် ဆိုင်သူမိသားစုပါ အရေးယူအပြစ်ပေးခြင်းခံရမယ်ဆိုပြီး ဒုညွှန်ချုပ်က ခြိမ်းခြောက်တယ် ။ ဝန်ထမ်း တွေကို ပျဥ်းမနား မျှစ်ချဥ်တွေ လက်ဆောင်ပေးသွားတယ်။ ဝန်ထမ်းတွေ သွေးတိုး အကြောတက်ပြီး တစ်ဖက်လှည့်နဲ့ သတ်နေသလားပဲ" ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။
စသုံးလုံး ဒုညွှန်ချုပ်သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းသို့ စုံစမ်းစစ်ဆေးရေး ခရီးစဉ် အဖြစ် လာရောက်ခဲ့ရာတွင် ပြည်နယ်၂ခုပေါင်းခရီးစဥ် စားစရိတ် သိန်းရာချီကုန်အောင် သုံးဖြုန်း သွားကြောင်း၊ ဒုညွှန်ချုပ် သိန်းနိုင်ထွန်းခရီးစဥ်ကြောင့် ပြည်နယ် မြို့နယ် ခရိုင် စသုံးလုံး တာဝန်ခံ များ ဘတ်ဂျတ် ၃ လစာဝန်းကျင် အထိ နစ် နာဆုံးရှုံးရကြောင်း၊ ခေတ်ပျက်တွင် စည်းရုံးရေးပုံစံဖြင့် စစ်ဆေးရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။














.jpg)
.jpg)

.jpg)
.jpg)
























