နောက်ဆုံးရ
မြန်မာခရိုနီ ထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်အမတ်အကြား နက်နက်ရှိုင်းရှိုင်း ပတ်သက်နေကြောင်း ပေါ်ထွက်လာ

မြန်မာခရိုနီ ထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်အမတ်အကြား နက်နက်ရှိုင်းရှိုင်း ပတ်သက်နေကြောင်း ပေါ်ထွက်လာ



By မဇ္ဈိမ/ Prachatai 19 February 2023

ဖေဖော်ဝါရီလ ၁၉ ရက်

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်နီးစပ်သည့် ဆက်ဆံရေးရှိသူ မြန်မာခရိုနီလက်နက်ပွဲစားထွန်းမင်းလတ်နှင့် မိမိအကြား ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ထိုင်းလွှတ်တော်အမတ် ဥပါကစ် ပချာရီယန်ကွန်းက လူသိရှင်ကြား ထပ်တလဲလဲ ငြင်းဆန်ခဲ့သော်ငြား ယခုအခါ ၎င်းနှင့် ထွန်းမင်းလတ်အကြား စီးပွားရေးဆက်ဆံပတ်သက်မှုများက မကြာသေးခင်က ပါလီမန်ဆွေးနွေးမှုတစ်ခုအတွင်း ပေါ်ထွက်လာခဲ့ကြောင်း ထိုင်းအွန်လိုင်းသတင်းဌာန Prachatai က ဖော်ပြသည်။

၂၀၂၃ ဖေဖေါ်ဝါရီ ၁၅ ရက် ပါလီမန်အစည်းအဝေးတစ်ခုအတွင်း ရှေ့သို့လှမ်းချီပါတီ (MFP) မှ လွှတ်တော်အမတ် ရန်ဆီမန် ရိုမီက ယခုကိစ္စကိုထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်၌ ပြောဆိုစဉ် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် အကျင့်ပျက် ပုဂ္ဂိုလ်များနှင့် ရောနှောပတ်သက်နေကြောင်းနှင့် မူးယစ်ဆေးနှင့် ဆက်စပ်သည့် ကိစ္စရပ်များကိုစနစ်တကျ ကိုင်တွယ်ပါ့မည်ဆိုသည့်ကတိကဝတ်ကို လျစ်လျူရှုထားကြောင်း၎င်းစွပ်စွဲသည်။

ထိုင်းအထက်လွှတ်တော်အမတ် ဥပါကစ်သည် ထိုင်းနိုင်ငံ အခြေစိုက် Allure Group (P&E) Co Ltd ၏တည်ထောင်သူနှင့် အဓိကရှယ်ယာရှင်ဟောင်း ဖြစ်ရုံတင်မကဘဲ Myanmar Allure ကို ထွန်းမင်းလတ်နှင့်အတူ ပူးတွဲတည်ထောင်သူဖြစ်ကြောင်း ရန်ဆီမန်က ပြောသည်။ ထို့ပြင် ဥပါကစ်၏ သားမက် ဒင်းန် ယန်း ဂူလ်တူလာသည်လည်း ထိုကုမ္ပဏီနှစ်ခုစလုံး၏ ဘုတ်အဖွဲ့ဝင်နှင့် ရှယ်ယာရှင်ဟောင်းတစ်ဦးဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် ထွန်းမင်းလတ်နှင့် ဒင်းန် အပြင် “P” နှင့် “N” ဆိုပြီး ရည်ညွှန်းပြောဆိုသည့် အခြားလူပုဂ္ဂိုလ်နှစ်ဦးတို့အပေါ် လက်ရှိတွင် တရားရုံးတစ်ခု၌တရားစွဲဆိုထား

သည်။ Allure Group (P&E) ကို အသုံးပြုပြီး လျှပ်စစ်ဝယ်ယူမှုများမှတစ်ဆင့် မူးယစ်ဆေးငွေကြေးများကို ခဝါချရန် လုပ်ဆောင်မှုအတွက် တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို လေးဦးသည် လက်ရှိတွင် ထိုင်းအကျဉ်းထောင်

တစ်ခု၌ ထိန်းသိမ်းခံထားရသည်။

ရန်ဆီမန်က ပြင်ပသို့ ပေါက်ကြားလာသည်ဆိုသော ထိုင်းလွှတ်တော်အမတ်နှင့် အမှုနှင့် သက်ဆိုင်ပတ်သက်သူများ

အကြား အွန်လိုင်း စကားအဆက်အသွယ်ပြောဆိုမှုများ ဆိုသည်ကို ပြသသည်။ ယင်းတွင် ဥပါကစ်ကAllure P&E ကို မှတ်ပုံတင်ရန် “P” ကို ညွှန်ကြားခဲ့သည်ဆိုသည့် ပြော

ဆိုချက်တစ်ခုကို တွေ့ရသည်။ နောက်ထပ် အွန်လိုင်း စကားအဆက်အသွယ်ပြောဆိုမှုတစ်ခုအရလည်း နောက်ပိုင်းတွင် “P” က ဥပါကစ်ထံ ကုမ္ပဏီ၏ဘဏ္ဍာရေး အစီရင်ခံစာနှင့်အတူ ၎င်း၏ ရှယ်ယာဝင်ငွေဆိုင်ရာ အချက်အလက်များကို ပေးပို့ခဲ့သည်ဆိုသည်ကိုပြသနေသည်။

ဥပါကစ်ထံ ပေးပို့သည့် မက်ဆေ့ချ်များတွင် “P” က ထိုင်းလွှတ်တော်အမတ်ကို “ဘော့စ်” ဟု သုံးနှုန်းထားသည်။ထို့ပြင် ထိုင်းလွှတ်တော်အမတ်သည် ကုမ္ပဏီ၏ လိုဂိုဒီဇိုင်းကိစ္စမှစပြီး ရုံးများ၏ တည်နေရာအထိ ကိစ္စအမျိုးမျိုးတွင် ပါဝင်ပတ်သက်နေခဲ့ကြောင်းကို ပေါက်ကြားလာသည့် အွန်လိုင်းစကားပြောဆိုမှုများအရ သိရသည်။

“P” က သူမသည် အခြားသူများအတွက် အမည်ခံတစ်ဦးအဖြစ် ကုမ္ပဏီတွင် ရှယ်ယာများ ထိန်းထားခြင်းဖြစ်သည်ဟု အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကို ပြောခဲ့ကြောင်း ရန်ဆီမန်က ပြောသည်။

အခြားသော ပေါက်ကြားမှုတစ်ခုအရ ထွန်းမင်းလတ်က ယခုအမှုတွင် ပါဝင်သည့် နောက်ထပ် တရားခံတစ်ဦးဖြစ်သော “N” ကို ကုမ္ပဏီဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်ထားရန် ဥပါကစ်ကို ပန်ကြားခဲ့ကြောင်းကို ပြသနေသည်။ထို့ပြင် ထွန်းမင်းလတ်သည် ဥပါကစ်ထံ ၎င်း၏ အမည်ပြောင် “Ou” ကိုသုံးပြီး လျှပ်စစ်ဝယ်ယူမှုအတွက် ဘဏ်ဖြတ်ပိုင်းများကို ပေးပို့ခဲ့သည်။

ထို့ပြင် Allure Group ၏ အခြားသော အဓိကရှယ်ယာရှင်ဖြစ်ပြီး လက်ရှိအချိန်တွင် ဖမ်းမမိသေးသည့် အွန်လိုင်းလောင်းကစားသူဌေး ပန်နာရောင် ခွန်ပီတက်ခ်၏ လက်မှတ်ကို အတုလုပ်ရန် ဥပါကစ်က ထွန်းမင်းလတ်ကို ပြောခဲ့ကြောင်း ရန်ဆီမန်က ထုတ်ဖော်သည်။ ဥပါကစ်သည် ထိုအွန်လိုင်းဆက်သွယ်ပြောဆိုမှုတွင် ပန်နာရောင်၏ ပတ်စ်ပို့မိတ္တူတစ်ခုကို တွဲပို့ပေးခဲ့ပုံရသည်။

ထို အွန်လိုင်း စကားအဆက်အသွယ်များသည် ဥပါကစ် အထက်လွှတ်တော်အမတ် ဖြစ်နေခဲ့ပြီးဖြစ်သည့်၂၀၂၀-၂၁ ကာလတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရန်ဆီမန်က မှတ်ချက်ပြုသည်။ ထိုကဲ့သို့ ရန်ဆီမန်၏ ပြောဆိုချက်အရ ဥပါကစ်သည် ၂၀၁၉ ခုနှစ်က လွတ်တော်အမတ်နေရာကို မရယူခင် ကုမ္ပဏီမှ ထွက်ခွာထားကြောင်းကိုပြသနေသည့် ကော်ပိုရိတ် မှတ်တမ်းအပေါ် စိန်ခေါ်နေသည်။

 ထို အွန်လိုင်း စကားအဆက်အသွယ်များအပြင် ရန်ဆီမန်သည် ဥပါကစ်ကို ဖမ်းဝရမ်းထုတ်ရန် ရာဇဝတ်မှုတရားရုံးတစ်ခု၏ ဆုံးဖြတ်ချက်ကို ပယ်ချသည့် ၂၀၂၂ အောက်တို

ဘာ ၃ ရက် တရားရုံးအမိန့်ညွှန်ကြားချက်တစ်ရပ်ကိုပါ တင်ပြခဲ့သည်။ ထွန်းမင်းလတ်နှင့် အမှုတွင် ပါသည့် အ

ခြားသော တရားခံများသည် စက်တင်ဘာလက ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဖမ်းဝရမ်းကို မနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး နေ့လည်ခင်းတွင် ပြန်ရုပ်သိမ်းခဲ့သည်။ ဥပါကစ်သည် ဖမ်းဆီးမခံရသင့်ဘဲ ဆင့်ခေါ်သင့်သည့် “အရေးကြီး ပုဂ္ဂိုလ်တစ်ဦး” ဖြစ်သည့်အတွက်ကြောင့်ဆိုပြီး အကြောင်းပြချက် ထွက်ပေါ်ခဲ့ကြောင်း ရန်ဆီမန်က ပြောသည်။

ဥပါကစ်၏ ဖမ်းဝရမ်းကို အလျင်အမြန် ပြန်ရုပ်သိမ်းထားခဲ့သည် ဆိုသည့် ပရာချာထိုင်းနှင့် စနစ်တကျ စီစဉ်သောရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားမှု အစီရင်ခံရေး ပရောဂျက် (OCCRP) တို့၏ ၂၀၂၂ အောက်တိုဘာလ တွေ့ရှိချက်များကို ထုတ်ပြန်ချက်က ထပ်လောင်း အတည်ပြုသည်။

၁၉၉၉ ခုနှစ်က မြန်မာနယ်စပ်မြို့ တာချီလိတ်အနီး Allure Resort အပန်းဖြေနေရာတစ်ခုကို ဥပါကစ်တည်ဆောက်စေနိုင်ရန် ထွန်းမင်းလတ်၏ ဖခင်က ကူညီပေးခဲ့ကြောင်း Justice for Myanmar ၏ အစီရင်ခံစာတစ်ရပ်ကို ရန်ဆီမန်က ကိုးကားပြောသည်။ အဆိုပါ အပန်းဖြေနေရာတွင် ကာစီနိုရုံတစ်ခုနှင့် ဖျော်ဖြေရေးနေရာတစ်ခုတို့ ပါဝင်သည်။ ယင်း၏ ဝင်ငွေ၏ ၆ ရာခိုင်နှုန်းသည် မြန်မာစစ်တပ်ထံ တိုက်ရိုက် ပျံ့နှံ့စီးဝင်စေခဲ့သည်။အဓိကအားဖြင့် ဥပါကစ်၏ စီးပွားရေးလုပ်ငန်းများက မြန်မာစစ်တပ်ကို အကျိုးဖြစ်ထွန်းစေခဲ့သည်။

ဥပါကစ်၏ မရှင်းမရှင်းဖြစ်သော စီးပွားရေးလုပ်ငန်းကိစ္စများအကြောင်း ထုတ်ဖော်ပြီးနောက် MFP အမတ်သည်ဥပါကစ် ပိုင်ဆိုင်သော ဘန်ကောက်ရှိ Ari soi 5 ရှိ မြေ

ကွက်တစ်ကွက်အကြောင်း ဆက်လက် ဆွေးနွေးပြောဆိုသည်။ ယင်းမြေကွက်သည် လက်ရှိတွင် Ruam Thai Sang Chart ပါတီရုံးနေရာ ဖြစ်နေပြီး ယင်းသည် ဗိုလ်ချုပ်ကြီး ပရာယွတ် တရားဝင် ပူးပေါင်းပါဝင်ထားသည့် အသစ်ထူထောင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဗိုလ်ချုပ်ကြီး ပရာယွတ် သို့မဟုတ် ၎င်း၏ ရောင်းရင်းမိတ်ဆွေ ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆုဝမ် ဦးဆောင်သောဆိနိတ်လွှတ်တော် ရွေးချယ်ရေး ကော်မတီက ဥပါကစ်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို နှောင့်ယှက်ခဲ့သလား ဆိုပြီး ရန်ဆီမန်က မေးခွန်းထုတ်သည်။ ၎င်းတို့သည် ဥပါကစ်၏ စီးပွားရေးလုပ်ငန်းကို သိရုံသာမကဘဲ ၎င်းတို့ အာဏာဆက်မြဲစေရေး ဥပါကစ်က အကူအညီပေးနိုင်ရန် အလို့ငှာ ၎င်းကို နိုင်ငံရေးတွင်အခန်း ကဏ္ဍတစ်ခု ပေးထားခဲ့သည်ဟု ရန်ဆီမန်က မှန်းဆ ပြောဆိုသည်။

“ဒီလောက် များပြားတဲ့ ပုံမှန် မဟုတ်တဲ့ အခြေအနေတွေ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်နေမှုအရဆိုရင် ဒီလွှတ်တော်အမတ်ကို တရားစွဲဖို့ အားထုတ်မှုတိုင်းက တားဆီးခံရလိမ့်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်းအချက်ပြနေတယ်။ အဲဒီလို ပူးပေါင်းချိတ်ဆက်လုပ်ဆောင်မှုတွေက ကန့်လန်ကာ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်မှုတွေကို ပြသနေသည်။ လွှတ်တော်အမတ် ‘Ou’ ဆီကနေ ကာလကြာ အကျိုးဖြစ်ထွန်းရရှိထားတဲ့သူ၊ သူ့ကို ဆက်ပြီးအသုံးချချင်တဲ့သူကတော့ ဗိုလ်ချုပ်ကြီး ချန်အိုချာပါပဲ”

“ဆိုတော့ ရှင်းရှင်းလင်းလင်း ဖြစ်နေတာက ဥပါကစ်ကို လွှတ်တော်အမတ်တစ်ဦးအဖြစ် ဗိုလ်ချုပ်ကြီး ပရာယွတ်ရဲ့ခန့်အပ်မှုက သူ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ အဲဒါက သူ့ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းသွင်းမှုအတွက် မဲပေးမှုနဲ့ အကူအညီဖြစ်စေရုံတင်မကဘဲ အဲဒါက ပါတီသစ် 

တည်ထောင်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ ဒီတော့ Ruam Thai Sang Chart ပါတီက မြေနေရာနဲ့အဆောက်အအုံကို ငှားဖို့ စာချုပ်ချုပ်ခဲ့သလား၊ မချုပ်ခဲ့ဘူးလားဆိုတာနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီး ပရာယွတ်အနေနဲ့ ရှင်းပြစေချင်ပါတယ်။ တကယ်လို့ ဟုတ်တယ်ဆိုရင် ဘယ်လောက်နဲ့ ချုပ်တာလဲ။ ဒါမှမဟုတ် အဲဒါကရက်ရောမှု လုပ်ရပ်တစ်ခုလား၊ အလကား ငှားရမ်းမှုလား” ဟု ရန်ဆီမန်က မေးခွန်းထုတ်သည်။

Prachatai ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြသည်။

ဤဆောင်းပါပါ အမြင်များသည် မဇ္ဈိမ မီဒီယာဂရု(ပ်) ၏ အမြင်များကို ထင်ဟပ်မှု မရှိပါ။

ဆက်ဖတ်ရန်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ဆက်ဖတ်ရန် →
ထန်းတပင်မြို့နယ်ရှိ ဘုံမတီချောင်းကူးတံတားအားဖေါက်ခွဲဖျက်စီး

ထန်းတပင်မြို့နယ်ရှိ ဘုံမတီချောင်းကူးတံတားအားဖေါက်ခွဲဖျက်စီး

Pearl (NP News) - ဖေ‌ဖော်ဝါရီ ၁၉

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ရှိ ဘုံမတီချောင်းကူးတံတားအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထပ်မံ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် ဩဂုတ်လ (၃ဝ) ရက်၊ ည (၁၁) 

နာရီ၊ (၂၅) မိနစ်အချိန်ခန့်တွင် ထန်းတပင်မြို့နယ်၊

လှည်းလမ်းကူးကျေးရွာနှင့် သမစိတ္တကျေးရွာကြား

 ကျေးရွာချင်းဆက်လမ်းရှိ အကျယ် (၂၄) ပေ၊ အရှည်

 (၁၄ဝ) ပေခန့်ရှိသော ဘုံမတီချောင်းကူးတံတားအား

 ပထမအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံ

တားတစ်ခြမ်း ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။





ထို့နောက် ဖေဖော်ဝါရီလ (၁၇) ရက်၊ နေ့လယ်(၂) နာရီ (၃ဝ) မိနစ်အချိန်ခန့်တွင် အဆိုပါတံတားသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၇) ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။


ဆက်ဖတ်ရန် →
 ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံး သေနတ်၊ လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်

ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံး သေနတ်၊ လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်

Breaking News- ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံး သေနတ်၊ လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်မှု ရာအိမ်မှူး ၂ ဦး သေဆုံး 


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ခေတ်သစ်


ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံးကို ယနေ့ မွန်းလွဲပိုင်း သေနတ်၊ လက်ပစ်ဗုံးများဖြင့် ဝင်ရောက် ပစ်ခတ်ရာ  အမှတ် ၉၄ ရပ်ကွက် ရာအိမ်မှူး ဝင်းမြင့်နှင့် ထွန်းထွန်းဝင်းတို့ သေဆုံးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ 


ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇဥယျာဉ်အိမ်ရာ ၁၄လမ်းထိပ်ရှိ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လက်ပစ်ဗုံးများ ပါပေါက်ကွဲကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့်  ရာအိမ်မှူး ဝင်းမြင့်နှင့် ရာအိမ်မှူး ထွန်းထွန်းဝင်းတို့ သေဆုံးကြောင်း သိရှိရသည်။ 


" ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စစ်မှုထမ်းဟောင်း ခင်မောင်ဇင်  နဲ့ ရာအိမ်မှူး ထွန်းထွန်းဝင်း၊ ရာအိမ်မှူး ဝင်းမြင့်တို့ရှိနေတယ်။ ရပ်ကွက်ရုံးထဲမှာ  သေနတ်သံ ၇ချက်ကြားရ တယ်။ ရက်ကွက်အုပ်ချုပ်ရေးမှူးရုံး ထဲဝင်ပစ်တာ။လက်ပစ်ဗုံး ၁လုံးကွဲတယ်။ အခင်းဖြစ်ပြီးတော့ ရဲကား ၃ ကား စစ်ကား၂စီး ရောက်နေတယ်။  လူနာ တင်ကား၂စီးလာတယ်။  အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်က  ရေတပ် ထောက်လှမ်းရေး အငြိမ်းစားက လွတ်သွားတယ်။  ၂၀၂၀ရွေးကောက်ပွဲတုန်းက သူရရွှေမန်း ပါတီက အမတ်အဖြစ် ဝင်ပြိုင်သေးတယ်။ မနိုင်ဘူး ရှုံးတယ်။ သေဆုံးတာကရာအိမ်မှူး ဝင်းမြင့်နဲ့ ထွန်းထွန်းဝင်း သေတယ်" ဟု မြို့ပြပျောက်ကျား တော်လှန်ရေးရဲဘော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။ 










သာကေတတွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်သည့် လူမိုက်၊ ပျူစောထီး၊ မဘသ၊  လက်နက်ကိုင် နေမျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ သာကေတ တစ်မြို့နယ်လုံးကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ 


ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်ပြီး စစ်တပ် သတင်းပေး လုပ် ဆောင်နေသူ လူမိုက် ပျူစောထီး၊ မဘသ လက်နက်ကိုင် နေမျိုးအောင် ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။


ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်အချိန် ခိုင်ရွှေဝါလမ်းမကြီးပေါ် သောက်ရေကန်အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ လူမိုက် ထောင်ထွက် နေမျိုးအောင်သည် မဘသ၊ အမျိုးသားရေး အစွန်းရောက်များနှင့် စစ်တပ်ထောက်ခံပွဲများတွင် ပါဝင်သူဖြစ်‌ပြီး ရပ်ကွက်ကို ခြိမ်းခြောက်နေသူဖြစ်ကြောင်း၊ သာကေတတွင် စစ်တပ်ထောက်ခံသူနှင့် မဘသ  တင်လင်းထိုက် လူမိုက်  နဂါးလေး၊ လူမိုက် ဝင်းထွဋ်ဝင်းတို့နှင့်အတူ နေမျိုးအောင်က ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့ ဖွဲ့၍ PDF များကို ဖမ်းဆီးခြင်း၊ သတင်းပေးခြင်း၊ ပြည်သူလူထုကို ရမ်းကား ဖိနှိပ်ခြင်းပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။ 


"ပစ်ခံရတာက ဦးခေါင်းထိပြီး ပွဲချင်းပြီးသေတယ်။  သူနေတာက သာလ္လာဝတီ ၁၃ရပ်ကွက် ၂လမ်းဘက်မှာနေတာ။ ခိုင်ရွှေဝါ လမ်းဘက်က သူတို့ ကျက်စားတဲ့ဂွင်တွေ။ နေမျိုးအောင်က ထောင်ထွက် လူမိုက်၊ မဘသ ၊ စစ်တပ်ထောက်ခံသူလည်းဖြစ်တယ်။ လက်နက်လည်းရှိတယ် သူ့မှာ။ ရပ်ကွက်နဲ့ ပြည်သူတွေကို ဒုက္ခပေးနေသူ"ဟု သာကေတပြည်သူတစ်ဦးက ပြောသည်။ 


လက်ရှိတွင် စစ်တပ်က သာကေတတစ်မြို့လုံးကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း ၊ သာကေတမြို့နယ်အတွင်းရှိ ကမာကြည်တံတားသာကေတအဝိုင်း၊ ရွှေပုစွန်၊ ရှုခင်းသာ၊ ၁ စျေးကွေ့နား တို့တွင် ပိတ်ဆို့ စစ်ဆေးနေကြာင်း သိရှိရသည်။ 




ရေတာရှည်တွင် ကျေးရွာများကို ဓားပြတိုက် ပြန်လာသော စစ်ကြောင်းကို တိုက် ခိုက်မှု  စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ဦးကျော်သေဆုံးပြီး လက်နက် ၇ လက်၊ ခဲယမ်းများနှင့်  ခိုးရာပါ ရွှေနှင့်ဖုန်း သိမ်းဆည်းရမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ 


ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ကျေးရွာများကို ဓားပြတိုက် ပြန်လာသော စစ်ကြောင်းကို တိုက်ခိုက်ရာ  စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးကျော်သေဆုံးပြီး လက်နက် ၇ လက်၊ ခဲယမ်းများနှင့်  ခိုးရာပါ ရွှေနှင့်ဖုန်းများ သိမ်း ဆည်းရမိကြောင်း  တောင်ငူခရိုင် PDF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 


ဖေဖော်ဝါရီလ ၁၆ ရက်နေ့   နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပဲခူးတိုင်း၊ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊တပ်ခွဲ ၄၊ တပ်ခွဲ ၆ ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ သည်  ရေတာရှည်မြို့နယ် ဇရစ်ရိုးကုန်းကျေးရွာနှင့် လိပ်သိုမြို့နယ် ပိန်းသီလာကျေးရွာ အနောက်ဘက် စစ်တောင်းမြစ်ဘေးတွင် တိုက်ပွဲဖြစ်ပွားရာအကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၀ ဦး‌ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရှိရသည်။ 

 

စစ်တပ်ဘက်မှ လက်နက် ၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိရာတွင်  


၁။ MA3  (၄)လက်

၂။ MA11  (၂)လက်

၃။ MA2  (၁)လက်

၄။ ကျည်ဘောက်  (၁၈) ခု

၅။ ကျည်  (၅၂၀) တောင့်

၆။ (၆၀)မမဗုံးသီး (၂)လုံး နှင့် ရိက္ခာအများအပြားတို့ဖြစ်ကြောင်း သိရှိရသည်။ 


သေဆုံးသွားသော စစ်သားများထံမှ  


၁။ လက်ကောက် (၂)ကွင်း

၂။ ဆွဲကြိုး (၁)ကုံး

၃။ လက်စွပ်(၁)ကွင်း

၄။ ဖုန်း(၃)လုံးတို့ကိုပါ သိမ်းဆည်းရရှိပြီး သိမ်းဆည်းရရှိသော လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မူလပိုင်ရှင်များထံ အတိအကျ ပြန်လည်အပ်နှံနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 


ထို့ပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ၊ ၈ ရက်နေ့ ၊ ၁၂ ရက်နေ့ ၊ ၁၄ ရက်နေ့တွင်လည်း PDF ပူးပေါင်းတပ်ဖွဲ့များနှင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊  ၎င်းတိုက်ပွဲများတွင်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး အရေအတွက် အတိအကျကိုမူ ထပ်မံအတည်ပြုလျက်ရှိကြောင်း သိရှိရသည်။






ဆက်ဖတ်ရန် →
ကော်ဘရာဂိုး စစ်ရေးလေ့ကျင့်မှု ထိုင်းက မြန်မာစစ်တပ်ကို မဖိတ်

ကော်ဘရာဂိုး စစ်ရေးလေ့ကျင့်မှု ထိုင်းက မြန်မာစစ်တပ်ကို မဖိတ်



ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃  

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အင်ဒိုပစိဖိတ်ဒေသတွင်း အကြီးဆုံး စစ်ရေးပူးပေါင်းလေ့ကျင့်မှုဖြစ်သော ကော်ဘရာဂိုး (Cobra Gold) စစ်ရေးလေ့ကျင့်မှုတွင် မြန်မာစစ်တပ်ကို ဖိတ်ကြားသွားမည် မဟုတ်ဟု ထိုင်းတော်ဝင်တပ်က ဗိုလ်ချုပ် Thitichai Thienthong ကပြောဆိုလိုက်ကြောင်း ထိုင်းအခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားသည်။

လာမည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၁၀ ရက်အထိ နှစ်ပတ်ကြာ ကျင်းပသွားမည့် ထိုစစ်ရေးလေ့ကျင့်မှု အခမ်းအနားမှာ ထိုင်ခုံအရေအတွက် ကန့်သတ်ထားခြင်းကြောင့် မြန်မာကို မဖိတ်ကြားတော့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ် စစ်ရေးလေ့ကျင့်မှုကို အမေရိကန်စစ်တပ် နှင့် ထိုင်းစစ်တပ်တို့က စစ်အင်အားအများဆုံးဖြင့် ဦးဆောင် စစ်ရေးလေ့ကျင့်ကြခြင်းဖြစ်ကာ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား နှင့် မလေးရှား စသည့် ၇နိုင်ငံက စစ်သည်ပေါင်း ခုနစ်ထောင်ကျော်လည်း ပါဝင်မည်ဖြစ်သည်။  

ယခင်က မြန်မာစစ်တပ်အနေဖြင့် ကော်ဘရာဂိုးစစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူအနေဖြင့် တက်ရောက်ခွင့်ရခဲ့သော်လည်း  စစ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မှ စတင်ပြီး ထိုစစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် ပါဝင်ခွင့် မရတော့ခြင်း ဖြစ်ရာ ယခုနှစ် နှင့်ဆိုလျှင် သုံးကြိမ်မြောက် ရှိလာပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကော်ဘရာဂိုးစစ်ရေးလေ့ကျင့်မှုကို ကိုဗစ်ကပ်ရောဂါကြောင့်စစ်သည်အင်အားကို ယခင်ထက် လျှော့ချပြုလုပ်ခဲ့ပြီး အမေရိကန်၊ ထိုင်းစစ်တပ်တို့နှင့်အတူ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ သြစတြေးလျ၊ ဂျပန် နှင့် အိန္ဒိယတို့က စစ်သည် ထောင်နှင့်ချီကာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။ 

#WhatsHappeningInMyanmar
#RejectMilitaryCoup




ဆက်ဖတ်ရန် →