နောက်ဆုံးရ
အိုးဘိုထောင်မှ နိုင်ကျဉ်းအမျိုးသမီး အယောက် ၃၀ အား အဆက်အသွယ်ဖြတ်ထားပြီး ထောင်တွင်းအကြမ်းဖက်မှု ဆိုးရွားနေသဖြင့် ကူညီပေးရန် နိုင်ကျဉ်းများထောင်းဆို

အိုးဘိုထောင်မှ နိုင်ကျဉ်းအမျိုးသမီး အယောက် ၃၀ အား အဆက်အသွယ်ဖြတ်ထားပြီး ထောင်တွင်းအကြမ်းဖက်မှု ဆိုးရွားနေသဖြင့် ကူညီပေးရန် နိုင်ကျဉ်းများထောင်းဆို

Author လင်းခိုင်

Published on Feb 17, 2023

cjplatform

မန္တလေးတိုင်း၊ အိုးဘိုထောင်မှ နိုင်ကျဉ်းအမျိုးသမီး အယောက်၃၀ ကို အဆက်အသွယ်ဖြတ်ထားပြီး ထောင်တွင်းအကြမ်းဖက်မှု ဆိုးရွားနေသဖြင့် ကူညီပေးရန် အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုထားသည့်စာတစ်စောင် ယမန်နေ့တွင် ထွက်ပေါ်လာသည်။

အိုးဘိုထောင်တွင် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ရေချိုးသည့်အချိန်နှင့် ရေနွေးပေးဝေသည့်အချိန် တိုက်နေသည့်ကိစ္စကြောင့် အကျဉ်းစီးမှ ဝန်ထမ်းများနှင့် နိုင်ငံရေးအကျဉ်းများ စကားများရာမှ အကျဉ်းဦးစီး ဝန်ထမ်းသက်သက်ခိုင်သည် နိုင်ငံရေးအကျဉ်းသားများကို ဆဲဆိုသဖြင့် ပြသနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြသနာဖြစ်ပွားပြီးနောက် အကျဉ်းဦးစီးဌာမှ သုံးပွင့် အမျိုးသမီးဝန်ထမ်း မသွယ်သွယ်ဦးသည် အကျဉ်းသူ မစုနိုင်အား ရိုက်နှက်သည့်အတွက် မစုနိုင်မှ ပြန်လည်ခုခံရာတွင် ဘေးအနားရှိ ဝန်ထမ်းများမှ ပါ မစုနိုင်ကို ရိုက်နှက်ခဲ့ကြောင်း၊ အထက်ပါ ကိစ္စကို အကျ အဆောင်မှူးကို တင်ပြသော်လည်း၊ ဇန်နဝါရီ ၄ နာရီတွင် အချုပ်ဆောင်၊အကျဆောင်၊ ဆေးရုံဆောင်များကို အကျဉ်းဦးစီးဌာနမှ အမျိုးသားဝန်ထမ်းများနှင့် အမျိုးသမီးဝန်ထမ်းများသည်အင်အားအလုံးရင်းဖြင့် နိုင်ငံရေးအကျဉ်းသူများကို ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

အထက်ပါ ကိစ္စကို ဖြေရှင်းပေးရန် အိုးဘိုထောင်ပိုင်ကို တွေ့ဆုံခွင့်ရရန် နိုင်ငံရေးအကျဉ်းသူများမှ တင်ပြသော်လည်း အခြေအနေမထူးခဲ့ကြောင်း၊ ဇန်နဝါရီ ၇ ရက်တွင် ထောင်ပိုင် အောင်မျိုးချွန် ရောက်ရှိလာပြီး နိုင်ငံရေးအကျဉ်းသူ အယောက် ၃၀ ကို လူမရှိသည့် အဆောင်များသို့ ပို့ဆောင်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကဆိုသည်။

အဆိုပါ အမျိုးသမီး အယောက် ၃၀ အား ထောင်ထမင်းဟင်းသာ ကျွေးသော်လည်း ထောင်တွင် ပုံမှန် ကျွေးနေကြဖြစ်သည့် ကြက်သားနှင့် ငါးကို ပေးခြင်းမရှိကြောင်း၊ ရေချိုးရန်အတွက်ကိုလည်း အိမ်သာရေဖြင့်သာ ချိုးခွင့်ပြုပြီး၊ အစာရေစာ ဖြတ်တောက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ထိုကဲ့သို့ အစာရေစာဖြတ်တောက်ခံရသည့် အကျဉ်းသူများသည်၊ မခိုင်သဇင်၊ မရွှေရည်ဝင့်ကျော်၊ မစောဥမ္မာချစ်၊ မဝိုင်းမဒီ၊ မမာလာ၊ မပိုပြည်သူ့၊ မဇင်မြတ်နိုးဦး၊ မငုဝါရွှေရည်ဦး၊ မဝင်းသိမ့်သိမ့်ဇင်၊ မအိမြတ်နိုးဦး၊ မရွှေရည်ဦး၊ မချောစုစုဝေ၊ မကေခိုင်မောင်မောင်၊ မချစ်ဖူးငုံ၊ မပိုးသဉ္ဇာကျော်၊ မအေးငြိမ်းသူဇာ၊ မချယ်ရီစု၊ မစောနွယ်နီ၊ မအေးမြတ်ပိုင်၊ မအေးသန္တာစိုး၊ မသက်ဖူးနိုင်၊ မခင်အေးမော်၊ မနှင်းပွင့်ဝေ၊ မခင်စန္ဒာငြိမ်း၊ ဒလက် ၊ ပြူးပြူး နှင့် ကျန် သုံးယောက်၏ အမည်နာမများ မသိရှိရကြောင်း အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသားများကဆိုသည်။

အစာရေစာဖြတ်တောက်ခံထားရသူများနှင့် လက်ရှိတွင် အဆက်အသွယ်ဖြတ်ထားပြီး သတင်းအမှောင်ချထားကာထောင်တွင်းအကြမ်းဖက်မှု ပိုမိုဆိုးရွားနေကြောင်း၊ အိုးဘိုထောင်အတွင်း တရားခွေ အကျယ်ကြီးဖွင့်ခြင်းနှင့် သီးချင်အကျယ်ကြီးဖွင့်ပါက ထောင်တွင် အကြမ်းဖက်ရိုက်နှက်ခံနေရခြင်းဖြစ်သဖြင့် ကူညီပေးကြရန် နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုထားသည်။

ထို့ကြောင့် ပြည်သူများ၊ ဓမ္မဘက်တော်သားများ၊ PDF များအနေဖြင့် ယခုကိစ္စကို ထိထိရောက်ရောက်ကူညီပေးရန်နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားများက တောင်းဆိုထားသည်။




ဆက်ဖတ်ရန် →
အင်အားကြီးနိုင်ငံအချို့ မြန်မာနိုင်ငံကို အနိုင်ကျင့်ဗိုလ်ကျ‌နေဟု မင်းအောင်လှိုင်ညည်းတွား

အင်အားကြီးနိုင်ငံအချို့ မြန်မာနိုင်ငံကို အနိုင်ကျင့်ဗိုလ်ကျ‌နေဟု မင်းအောင်လှိုင်ညည်းတွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ 

လူငယ့်ခေတ် 

အင်အားကြီးနိုင်ငံအချို့သည် မြန်မာနိုင်ငံအပေါ်  ခွဲခြားဆက်ဆံခြင်းပြုလုပ်နေသည်ဟု အာဏာသိမ်းစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ 

ဖေဖော်ဝါရီလ ၁၆ ရက်တွင်ကျင်းပသည့် ရုရှား - မြန်မာ

 ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌ ၎င်းကအထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

"နိုင်ငံငယ်လေးများအပေါ် မလိုတစ်မျိုး၊ လိုတစ်မျိုးလုပ်ပြီး ဖိအားပေးအကျပ်ကိုင်မှုများ၊ အနိုင်ကျင့်ဗိုလ်ကျမှုများ၊ ခွဲခြားဆက်ဆံမှုများပြု လုပ်နေသည်" ဟု NUG အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံကြီးများကိုရည်ရွယ်ကာ ၎င်းကထိုသို့ ညည်းတွား ပြောဆိုခဲ့သည်။ 

သို့သော် စစ်ကောင်စီအပေါ် ဖေးမရပ်တည်ပေးသည့် ရုရှားကိုကျေးဇူးတင်ရှိကြောင်းနှင့် စစ်ကောင်အနေဖြင့် ရုရှားနိုင်ငံနှင့် ချစ်ကြည်ရေး ကို အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကို တလေးတစားပြောဆိုခဲ့သည်။  

NUG အစိုးရသည် လက်ရှိအချိန်၌ အာရှတွင်အင်အားကြီးမားသည့် ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံအပါအ၀င် ဥ‌ရောပနိုင်ငံအများအပြား၌ ၎င်း၏သံတမန်ရေးရာ ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ထားသည်။ 



ဓာတ်ပုံ - ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌တွေ့ရသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်

#M02 #Lungekhit

ဆက်ဖတ်ရန် →
“တဝမ်းပူမျဉ်းစောင်း ကြည်းနှစ်သောင်းဖြင့် စစ်တပ်လဲပြို တပ်ချုပ်လဲငိုအံ့”

“တဝမ်းပူမျဉ်းစောင်း ကြည်းနှစ်သောင်းဖြင့် စစ်တပ်လဲပြို တပ်ချုပ်လဲငိုအံ့”

ဖေဖေါ်ဝါရီ ၁၇။

စစ်တပ်မှာ ကိုယ်ပိုင်အမှတ် ကပမျဉ်းစောင်း (ကပ
/၁၂၃၄၅) စစ်သည်တွေ ဂဏန်းနံပါတ် ၆ လုံးအ
ထက်ရှိလာတော့ စစ်သည်တွေရဲ့ ကိုယ်ပိုင်အမှတ်ကို 
တမျဉ်းစောင်း (တ/၁၂၃၄၅) အဖြစ် ပြောင်းလဲ 
သတ်မှတ်လိုက်ပါတယ်။ စစ်တပ်ရဲ့ အင်အားစာရင်းအား ကိုယ်ပိုင်အမှတ်ကို နှစ်အကန့်အသတ်အလိုက် တွက်ခြင်းဖြင့်လည်း တွက်ချက်လို့ ရနိုင်ပါတယ်။ စစ်တပ်ထဲ ဝင်တဲ့သူတိုင်း အခြားအဆင့် ကိုယ်ပိုင်နံပါတ် ကိုယ်စီ ရှိကြပါတယ်။ ဆိုရရင် စစ်သည်ကိုယ်ပိုင်အမှတ်တွေကို အရာရှိတွေကအစ တပ်ထဲစဝင်ပြီဆိုတာနဲ့ ရရှိကြပါတယ်။ 

သို့ပေမယ့် အရာရှိတွေဆိုရင်တော့ တပ်ဝင်တပ်သားအမှတ် တ/...၊ ဗိုလ်လောင်းအမှတ်၊ နောက်ဆုံး ကြည်းတပ်ဆို (ကြည်း-၁၂၃၄၅)၊ ရေတပ်(ရေ-၁၂၃၄)၊ လေတပ်(လေ-၁၂၃၄)၊ သူနာပြု (N-၁၂၃၄) စသည်ဖြင့် ကိုယ်ပိုင်နံပါတ်တွေရဲ့ ရှေ့မှာ သတ်ဆိုင်ရာ ဌာနအလိုက်ခွဲသတ်မှတ်ပြီး ရရှိတာကြောင့် အရာရှိတစ်ယောက်မှာ တပ်သားသစ်အဖြစ် စတင်ဝင်ရောက်ချိန် ကိုယ်ပိုင်အမှတ်၊ ဗိုလ်လောင်း သင်တန်းအတွက် ဗိုလ်လောင်းအမှတ်၊ အရာရှိဖြစ်တော့ ပြန်တမ်းဝင်အမှတ်ဆိုပြီး ရှိကြပါတယ်။ 

ဆေးတပ်၊ အင်ဂျင်နီယာတပ်နဲ့ ကျန်တဲ့လက်ရုံးတပ်က အရာရှိတွေကတော့ ရှေ့ကနေ ကြည်းဆိုပြီး ကိုယ်ပိုင်နံပါတ်ကို သတ်မှတ်ပါတယ်။ အရာရှိကိုတော့ ကိုယ်ပိုင်နံပါတ်လို့ မသုံးပဲ ပြန်တမ်းဝင်အမှတ်လို့ သုံးကြပါတယ်။ နိုင်ငံတော်ပြန်တမ်းဖြင့် ခန့်အပ်ထားတဲ့အရာထမ်းတွေလို့ ဆိုနိုင်ပါတယ်။
 
စစ်သည်တွေမှာတော့ ကပ/ ...၊ တ/....ဆိုပြီး ကိုယ်ပိုင်နံပါတ်တွေရဲ့ ရှေ့မှာ ဒီစာလုံးလေးတွေ ရှိတတ် ကြပါတယ်။ ၂၀၁၆ နောက်ပိုင်းမှာတော့ လူအင်အားလိုအပ်ချက်ကြောင့် ပညာရေး ရေး/ဖတ်တတ် ရုံလောက်ဖြင့် စစ်တပ်ထဲဝင်လို့ရပြီး ၅ နှစ်တာဝန်‌ထမ်းဆောင်ပြီးတာနဲ့ ထွက်ခွင့်ပြုမယ်ဆိုတဲ့ ကတိနဲ့ (တတ/၁၂၃၄၅၆) တဝမ်းပူနှစ်လုံးတွေ ကို စတင်သတ်မှတ်ပြီး စုဆောင်းလာခဲ့ပါတယ်။ 

ကိုယ်ပိုင်နံပါတ် ကပ/... နဲ့ စတဲ့ စစ်သည်တွေဟာ စစ်ရေးအတွေ့အကြုံရင့်ကျက်သလို နေဝင်းခေတ်၊ သန်းရွှေခေတ်တုန်းက စစ်သားရင့်မာကြီးတွေဖြစ်တာကြောင့် ခုဆိုရင်တော့ အငြိမ်းစားယူရတော့မယ် အရွယ်တွေ ရောက်လာပါပြီ။ သူတို့မှာ စစ်တပ်နဲ့ပတ်သက်ပြီး အဆင့်ဆင့်လက်ဆင့်ကမ်းအမွေတွေ၊ အသိပညာတွေ၊ စစ်ရေးအတွေ့အကြုံတွေ ရှိကြပါတယ်။ 

စစ်သည်မျိုးဆက် တဝမ်းပူမျဉ်းစောင်း (တ/၁၂၃၄၅) တွေကတော့ နောက်ပိုင်းမျိုးဆက်တွေဖြစ်ကြပြီး စစ်ရေးအတွေ့အကြုံအလွန်တရာမှ နည်းပါးလှတဲ့ မျိုးဆက်သစ်တွေပဲ ဖြစ်ပါတယ်။ တဝမ်းပူနှစ်လုံး တွေကတော့ (တတ/...) လုံးဝမှ ကို စစ်ရေးအတွေ့အကြုံမရှိဘဲ ပြင်ပလောကရဲ့ အလုပ်အကိုင် အခွင့်အလမ်းမရှိမှုနဲ့ စားဝတ်နေရေးအဆင်မပြေမှုတွေကနေ ဝင်ရောက်လာကြတဲ့သူတွေနဲ့ ပုံစံမျိုးစုံနဲ့ စုဆောင်းရရှိတဲ့ စစ်သည်တွေပဲဖြစ်ပါတယ်။

 စီနီယာကျပြီး စစ်ရေးအတွေ့အကြုံ အတော်အသင့်ရှိကြတဲ့ ကပအမှတ်နဲ့ စစ်သည်တွေဟာ သူတို့ တတ်မြောက်ထားတဲ့ စစ်ပညာနဲ့ အတွေ့အကြုံတွေကို တမျဉ်းစောင်း စစ်သည်တွေအား ဝေမျှ လက်ဆင့်ကမ်း‌ပေးခဲ့ကြပေမယ့် မျိုးဆက်ကွာဟမှုနဲ့ အသိပညာအားနည်းမှု၊ ဝေမျှ‌ပေးရမယ့် ကိုယ်ပိုင်အချိန်မလုံလောက်မှု‌တွေကြောင့် ထိုက်သင့်သလောက် မပေးနိုင်ခဲ့ကြပါဘူး။ အဲ့မှာတင် စစ်တပ်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အောက်ခြေအဆင့်ယန္တရားဟာ ပျက်စီးလုနီးပါး ဖြစ်လာခဲ့ကြပါတယ်။ 

အလားတူ ၂၀၁၀ နောက်ပိုင်း စစ်တပ်အတွင်း တပ်သားသစ်ဝင်ရောက်မှု နည်းပါးလာတာကြောင့် စရိုက်အစုံ နောက်ခံမျိုးစုံနဲ့ သူတွေကို အင်အားရရင်ပြီးရောပုံစံနဲ့ ကြုံသလို စုဆောင်းလာတာကြောင့် ပျက်စီးလုဖြစ်နေတဲ့ စစ်တပ်အောက်ခြေအဆင့်အစိတ်အပိုင်းဟာ ပျက်စီးခြင်းအဆင့်သို့ ဆိုက်ရောက် လာခဲ့ပါတယ်။ 

ဒါကြောင့် တပ်မတော်ရဲ့ တချိန်က ကောင်းမြတ်တဲ့ အစဉ်အလာတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ နိုင်ငံရေး ခံယူချက်တွေဟာ တစနှင့်တစ လူလည်ကျတဲ့ အထက်အရာရှိကြီးတွေရဲ့ ဝါဒဆိုး ဝါးမျိုမှုရဲ့အောက်မှာ ကျရောက်ခဲ့ကြပြီး စစ်တပ်ဟာ ပြည်သူ‌တွေနဲ့ တစတစ ဝေးကွာလို့ လာပါတော့တယ်။ 

စစ်တပ်မှာ အရင်ကဆို အနိမ့်အမြင့် လူမှုအဆင့်အတန်းအများစုဟာ နိုင်ငံတော်ကာကွယ်မည်ဟူသော ခံယူချက်ဖြင့် နယ်ပယ်အစုံကနေ ဝင်ရောက်လာခဲ့ကြပါတယ်။ နယ်ပယ်အစုံက လူတွေဖြစ်နေတဲ့ အတွက် တစ်ဦးချင်းတတ်မြောက်ထားတဲ့ အသက်မွေးဝမ်းကြောင်းပညာအစုံကို ပြန်လည်သင်ယူနိုင် ဆည်းပူးနိုင်ရာ ကျောင်းတော်ကြီးသဖွယ်ဖြစ်ခဲ့ဖူးပါတယ်။ 

လက်သမား၊ လယ်သမား၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အသီးသီးရဲ့ လက်ဆင့်ကမ်း အမွေပေးမှု တွေနဲ့ တပ်ဝန်းကျင်ဟာ သာယာလှပခဲ့ပါတယ်။ လူနေမှုအဆင့်အတန်းနိမ့်ကျပေမယ့် စစ်သည်များဘဝ သာယာဝပြောခဲ့ဖူးပါတယ်။ 

စစ်တပ်တပ်ရင်းတစ်ခုဟာ ရပ်ကွက်ကြီးတစ်ခုသဖွယ် မိသားစုသဖွယ် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြင့် ကူးသန်းဆက်နွယ်၍ ပျော်ရွှင်သာယာစွာနေလာခဲ့ကြသည်မှာ ချစ်စရာဓလေ့သဖွယ် ဖြစ်နေပါတယ်။ 

ဒီလို အခြေအနေအရပ်ရပ်ကို အာဏာရူးကိုယ်ကျိုးရှာတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ဖျက်လိုဖျက်ဆီး လုပ်ခဲ့ကြပါတယ်။ အဆင့်ဆင့်ချုပ်ကိုင် ကြပ်မတ်မှုစနစ်ဖြင့် အောက်ခြေတပ်တွင်းအာဏာကိုပါ တိုက်ရိုက်ချုပ်ကိုင်လာခဲ့ကြပါတယ်။ လိုလားချက်တွေ၊ လိုအင်တွေ၊ လိုအပ်ချက်တွေ များစွာဖြစ်လာပြီး ညွှန်ကြားချက်တွေ လမ်းညွှန်ချက်‌တွေ အများကြီးဖြင့် အောက်ခြေအဆင့်ဆင့်ဟာ တာဝန်များစွာဖြင့် ဝန်ပိလာရပါတယ်။ 

မနိုင်ဝန်ကို ထမ်းလာရပြီး မူလတာဝန်အပြင် လိုရင်လိုသလို၊ ကြုံရင်ကြုံသလို တာဝန်များစွာ ထမ်းဆောင်လာရတာကြောင့် လက်ဆင့်ကမ်းအမွေဆက်ဟာ ပေးသူမရှိ ယူသူမရှိဖြင့် အဆက်ပြတ် ခဲ့ကြပြီး စစ်တပ်ဟာ အာဏာရှင်စစ်ဗိုလ်ချုပ်တွေ လက်အောက် ပြားပြားဝပ်ခဲ့ရပါတယ်။ 

စစ်တပ်မှာ ဟာသအနေနဲ့ ပြောလေ့ရှိတဲ့ စကားလေးတစ်ခု ရှိခဲ့ဘူးပါတယ်။ အဲ့ဒါက 

``တဝမ်းပူမျဉ်းစောင်း ကြည်းနှစ်သောင်းတဲ့’’ 

အောက်ခြေစစ်သည်ဆရာကြီးတွေက တဝမ်းပူမျဉ်းစောင်းတွေ နဲ့ အုပ်ချုပ်သူအရာရှိ‌ကြီးတွေက ကြည်းနှစ်သောင်းဆိုတဲ့ အချိန်ရောက်ရင် တပ်မတော်ဟာ ပျက်စီးလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်လို့ စီနီယာစစ်သည်ကြီးတွေ ပြောကြလေ့ရှိတယ်။ 

အခုအ‌ခြေအနေမှာ ဒီစကားရပ်လေးဟာ တကယ်ဖြစ်လာပြီလို့တောင် ထင်မိပါတယ်။ အနယ်နယ် အရပ်ရပ်မှာ ထိတွေ့မှုတိုက်ပွဲဖြစ်တာနဲ့ ကြွက်မနိုင် ကျီမီးရှို့တဲ့နည်းကလွဲရင် ခံလိုက်ရတဲ့ စစ်တပ်၊ လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခွင့်ရလည်း ရှုံးလိုက်ရတဲ့ စစ်တပ်၊ လက်နက်ခဲယမ်း ပြည့်ပြည့်စုံစုံရှိလဲ ‌ေ-သလိုက်ရတဲ့ စစ်တပ်၊ တစ်ရာရှေ့တန်းထွက်လို့ တစ်ယောက် နောက်တန်းပြန်ရောက်ရင်တောင် ကံကောင်း၊ အလောင်းတောင် မကောက်နိုင်လောက်အောင် တိုက်တိုင်းရှုံးနေကြတဲ့ စစ်တပ်၊ ``တုံးတိုက်တိုက် ကျားကိုက်ကိုက်’’ ဆိုတဲ့ ရဲစွမ်းသတ္တိဘယ်လောက်ရှိကြောင်း ကြွေးကျော်ခဲ့တဲ့ စစ်တပ်ဆောင်ပုဒ်ကို "တုံးတိုက်လဲ ‌‌ေ-သ ကျားကိုက်လဲ ‌ေ-သ"ဆိုပြီး အစားထိုး ပြောင်းသင့်ခဲ့တာ ကြာခဲ့ပါပြီ။ 

ဒါကြောင့် ကပအမှတ်နဲ့ စစ်သည်တွေ အငြိမ်းစားယူရတဲ့ အချိန်၊ ကိုယ်ပိုင်အမှတ် တဝမ်းပူမျဉ်းစောင်း စစ်သည်တွေနဲ့ အရာရှိဖြစ်သူတွေက ကြည်း နှစ်သောင်းတင်မက ခုနှစ်သောင်းတောင်ကျော်လောက်ပြီ၊ တပ်မတော်ကြီးဟာ ပျက်စီးဖို့ အချိန်တန်လာလေပြီလားလို့ တွေးမိလာပါတယ်။ 

တပ်ချုပ်လုပ်သူက အောက်ခြေရဲ့ အရည်အချင်းပြည့်ဝမှု မရှိတာကို မသိ။ အောက်ခြေ အခြေယိုင်နဲ့ နေတာကို မသိ။ မြှောက်ပေးတိုင်း (-)တက်အောင် က,တဲ့အပြင် ကိုယ်တိုင်ကလဲ အာဏာရူးနေလေတော့ အရည်အချင်းထက် အရည်အတွက်များတဲ့ စစ်တပ်ကြီးမှာ တဝမ်းပူမျဉ်းစောင်း ကြည်းနှစ်သောင်း‌ ကျော်များဖြင့် စစ်တပ်လဲပြို တပ်ချုပ်လဲငိုရမယ့် အခြေအနေဆိုက်ရောက်လာနေပြီး ပြည်သူတွေ လက်ခမောင်းခတ် ရမည့်အချိန်ကို ရောက်လာတော့မည်ဟု ပြောရင်း...။ 

အောင်မျိုးထက် (CDM ဗိုလ်ကြီး)



ဆက်ဖတ်ရန် →
ဖားကန့်တွင် ပြည်သူ ၁၀၀ နီးပါးသေဆုံးစေခဲ့သည့် လေတပ် ဗုံးကျဲမှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက တာဝန်ရှိသူ တံတားဦးလေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူး ရာထူးတိုးဖြင့် မြစ်ကြီးနားလေတပ်သို့ ပြောင်း ရွှေ့

ဖားကန့်တွင် ပြည်သူ ၁၀၀ နီးပါးသေဆုံးစေခဲ့သည့် လေတပ် ဗုံးကျဲမှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက တာဝန်ရှိသူ တံတားဦးလေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူး ရာထူးတိုးဖြင့် မြစ်ကြီးနားလေတပ်သို့ ပြောင်း ရွှေ့

ရန်ကုန်၊  ဖေဖော်ဝါရီ ၁၇ ခေတ်သစ်


မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူးသည် ဗိုလ်မှူးချုပ်ရာထူးတိုးဖြင့် မြစ်ကြီးနား လေတပ်သို့ ပြောင်းရွှေ့သွားကြောင်း လေတပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

" မနေ့ညက လေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူးရဲ့ နှုတ်ဆက်ပွဲ ဟန်ကာမှာ ကျင်းပခဲ့တယ်။ တိုက်ခိုက်ရေးအုပ်၆၂ (531) က ရိပ်သာ ၁ မှာ စားပွဲ သောက်ပွဲ ကျင်းပခဲ့တယ်" ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။  

တံတားဦး လေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူးသည် ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလအတွင်း ကချင်ပြည်နယ်၊ဖားကန့်တွင် ပြည်သူ ၁၀၀ နီးပါးသေဆုံးစေခဲ့သည့် လေတပ်ဗုံးကျဲမှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ဖားကန့်ဒေသကို လေကြောင်း အထူးစစ်ဆင်ရေး ဆောင်ရွက်ရန်  တံတားဦး လေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူး နှင့် အမှတ် ၆၂ အုပ်မှူး  ဗိုလ်မှူး ရဲဇော်နိုင်က လေယာဉ်ပျံသန်းမှုနှင့် ပစ် မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သူ ပိုင်းလော့ များ ရွေးချယ်ခဲ့ကြပြီး  ဗိုလ်မှူးရဲဇော်နိုင် ( Yak-130 တိုက်ခိုက်ရေးအုပ် အုပ်မှူး)  အပါအဝင် ပိုင်းလော့ ၅ ဦးက ဗုံးကျဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ 

တံတားဦးလေတပ်စခန်းသို့ မြိတ်လေတပ်စခန်းမှ စခန်းမှူး ရောက်ရှိမည်ဟု သိရှိရပြီး လတ်တလော အသေးစိတ် မသိရှိရသေးပေ။ 


ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်စခန်းတစ်ခု။



ဆက်ဖတ်ရန် →
ဦးဝင်းမြင့်သာတရားဝင်သမ္မတဖြစ်ကြောင်း ဦးရဲထွဋ်ပြောပြီ

ဦးဝင်းမြင့်သာတရားဝင်သမ္မတဖြစ်ကြောင်း ဦးရဲထွဋ်ပြောပြီ

အမေရိကန် - အာဆီယံ အစည်းအဝေး ၂၀၁၆

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားချက်အရ အမေရိကန် - အာဆီယံခေါင်းဆောင်များအစည်းအဝေးကို ကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်း စိန် ကိုယ်စား ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့တယ်။ 

ပြောချင်တာက အဲဒီထိပ်သီးအစည်းအဝေးအကြောင်းမဟုတ်ဘူး။ ဒုတိယသမ္မတ  ဦးဉာဏ်ထွန်း အစည်းအဝေးတက်တဲ့အကြောင်းပြောချင်တာ။ ဦးဉာဏ်ထွန်းက ၂၀၁၅  ခုနှစ် အထွေထွေ ရွေး ကောက်ပွဲမှာ ပဲခူးတိုင်း၊ ဇီးကုန်းမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လူထု ထောက်ခံမဲ ၆၀.၃၈% ၊ မဲအရေအတွက် ၂၄၉ ၅၂ မဲ နဲ့  ရွေး ချယ်တင်မြှောက်ခံရတယ်။ 
ဦးဉာဏ်ထွန်းက ရွေး ကောက်ခံရပြီးတော့လည်း ဒုတိယသမ္မတ တာဝန်ကို ဆက်လက်ထမ်း ဆောင်ခဲ့တဲ့ အပြင် သမ္မတ ဦးသိန်းစိန် ကိုယ်စား နိုင်ငံတကာထိပ်သီးအစည်းအဝေး ပါတက်ရောက် ခဲ့တယ်။ 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရတဲ့အတွက် ရွေးကောက်ပွဲပြီးတဲ့အချိန်ကစပြီး သမ္မတ မဟုတ်တော့ဘူး လို့ ပြောနေသူတွေ စဉ်းစားနိုင်ဖို့ပါ။  

#yehtutarticle
#politics






ဆက်ဖတ်ရန် →
မလေးရှားဝန်ကြီးချုပ် အန်ဝါရဲ့ မြန်မာကို အာဆီယံအဖွဲ့မှထုတ်ပယ်ဖို့ အကြံပြုချက်က ငြင်းခုံမှုတွေ ဖြစ်စေ

မလေးရှားဝန်ကြီးချုပ် အန်ဝါရဲ့ မြန်မာကို အာဆီယံအဖွဲ့မှထုတ်ပယ်ဖို့ အကြံပြုချက်က ငြင်းခုံမှုတွေ ဖြစ်စေ

ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီလ ၁၇ ရက်

 

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပယ်သင့်တယ်ဆိုတဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ အကြံပြုချက်ဟာ အာဆီယံအဖွဲ့ ရင်ဆိုင်နေရတဲ့ ဖိအားဖြစ်လာတယ်လို့ သိရပါတယ်။

နိုဝင်ဘာလအတွင်း ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် ပထမဆုံးသော ဒေသတွင်းခရီးစဉ်အဖြစ် ထိုင်း နိုင်ငံသို့သွားရောက်စဉ် မိန့်ခွန်းပြောကြားရာမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကျူးလွန်တဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းပေါ် အာဆီယံအဖွဲ့ရဲ့ တုံ့ပြန်ချက်ကိုအန်ဝါက ပြောကြားခဲ့တာဖြစ်ပါတယ်။

 အန်ဝါရဲ့ မှတ်ချက်စကားက အာဏာသိမ်းမှုဖြစ်ပြီး နှစ်နှစ်အကြာမှာ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ရပ် ဆိုင်းဖို့သို့မဟုတ် ထုတ်ပယ်ဖို့ အာဆီယံနိုင်ငံတွေက ဆန္ဒရှိ မရှိ ငြင်းခုံမှုတွေ ဖြစ်စေခဲ့ပါတယ်။

 မြန်မာ့အရေးကြောင့် အာဆီယံအဖွဲ့နဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောမှု မြှင့်တင်ပေးမယ့် ပိုမိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို အာဆီယံအဖွဲ့က အာရုံမပြောင်းသင့်ဘူးလို့ မလေး ရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘာရီကဒါက ပြောပါတယ်။

မြန်မာအရေးမှာ ငြိမ်းချမ်းသော တာရှည်ခံသော အဖြေတစ်ခုရရှိစေဖို့ ကြိုးပမ်းမှုမှာ မလေးရှားနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အနီးကပ် အပြုသဘောဆောင်စွာ ဆက်လက်လုပဆောင်မယ်လို့ သူက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲနဲ့ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာ မှာတိုးတက်မှုမရှိတာကြောင့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ လုံးဝ ရပ်ဆိုင်းဖို့ တက်ကြွလှုပ်ရှားသူအဖွဲ့တွေက အာဆီယံအဖွဲ့ကို တိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်။

အဖွဲ့ဝင်နိုင်ငံအချို့ကြား သည်းညည်းမခံနိုင်တော့တာကြောင့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ရပ်ဆိုင်းဖို့ က ဖြစ်နိုင်တယ်လို့ နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာပြုလုပ်တဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာလေ့လာသူအချို့က ကနဉီး အကြံပြုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေကြား အမြင်ကွဲပြားနေပြီး ဗီယက်နမ်၊ ထိုင်းနဲ့ လာအိုနိုင်ငံ တွေကပြန်လည်သင့်မြတ်စေလိုတဲ့ ရပ်တည်ချက်ရှိနေပါတယ်။

စင်ကာပူအခြေစိုက် ISEAS – Yusof Ishak Institute က မကြာသေးမီကပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပယ်သင့်တယ်လို့ ဖြေကြားသူ ၁၃ ဒသမ ၇ ရာခိုင်နှုန်းက ဖြေဆိုခဲ့ပြီး မနှစ်က ၈ရာခိုင်နှုန်းထက် ပိုများလာခဲ့ပါတယ်။


ကိုးကား - South China Morning Post

Ref; Malaysian PM Anwar’s suggestion of Asean ‘carving out Myanmar’ faces uphill task

ဆက်ဖတ်ရန် →
စစ်တပ်က ရည်ရွယ်မီးရှို့သဖြင့်  ၀ယာနှင့် ယာကြီးကျေးရွာမှ နေအိမ် ၁၀၀ ကျော် ပြာကျ (ရုပ်သံ)

စစ်တပ်က ရည်ရွယ်မီးရှို့သဖြင့် ၀ယာနှင့် ယာကြီးကျေးရွာမှ နေအိမ် ၁၀၀ ကျော် ပြာကျ (ရုပ်သံ)

ချောင်းဦးတွင် လေတိုက်နေချိန် ရွာလုံးကျွတ်မီးလောင်

စေရန် စစ်တပ်က ရည်ရွယ်မီးရှို့သဖြင့်  ၀ယာနှင့် ယာ

ကြီးကျေးရွာမှ နေအိမ် ၁၀၀ ကျော် ပြာကျ (ရုပ်သံ)


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာတွင် တပ်စွဲထားသောအကြမ်းဖက်စစ်သား များ၏မီးရှို့

ဖျက်ဆီးမှုကြောင့် ဝယာကျေးရွာနှင့် ယာကြီးကျေးရွာမှ နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ ကြောင်း ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် (Chaung U Revolution Army)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။



ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့လည် ၁၂ နာရီခန့်တွင် ကံကြီးကုန်းရွာတွင် တပ်စွဲထားပြီး ယာကြီး ရွာ မြောက်ဖျားပိုင်းတွင် ကင်းယူထားသော အကြမ်းဖက်စစ်သား များနှင့် ပျူစောထီးအင်အား ၂၀ ခန့်သည် လေတိုက် နေမှုကိုအခွင့်ကောင်းယူပြီး ယာယီရွာမြောက်ပိုင်းမှ စတင်မီးရှို့ရာ ဝယာကျေးရွာ တောင်ပိုင်းအထိ တစ် ဆက်တည်းလောင်ကျွမ်းသွားပြီး နေအိမ် ၁၀၀ ကျော်မီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“ယာကြီးရွာမြောက်ဖျားမှာ ကင်းယူထားတဲ့ ခွေးတွေက အရင်ကတည်း လေးငါးအိမ်အဲလိုမျိုး မီးရှို့ နေကြ။ အခုဟာ လေတိုက်နေတာကို အခွင့်ကောင်းယူပြီး အရှေ့အနောက် အတန်းလိုက်ကြီးရှို့လွှတ် လိုက်တာ၊ မီးအားကအရမ်းများပြီး ဝယာတောင်ပိုင်းအထိ တစ်ဆက်တည်းလောင်သွားတာ၊ နေအိမ် အရေအတွက်ကတော့ အတိအကျမသိရသေးဘူး။ အခုထိ မီးငြှိမ်းသတ်နေရတုန်း၊ မျက်လုံးတွေစပ် နေပြီ။ မနားရသေးဘူး” ဟု ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် - CRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ရှင်းပြသည်။


စစ်သား၊ ပျူစောထီးများ၏ အကြိမ်ကြိမ် မီးရှို့နေမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ရွာသူ၊ရွာသားအားလုံးနေထိုင်နိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှလည်း ဝယာကျေးရွာတောင်ပိုင်းအထိ လုံခြံရေးကင်းယူထားသော်လည်း ပစ်ခတ်တိုက်ပွဲ မရှိပဲ တမည်တကာရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းဖြစ်ကြောင်း၊  အဆိုပါမီးလောင်ကျွမ်းမှုကို ချောင်းဦးမြို့ နယ် တော်လှန်ရေးတပ် - CRA (မုံရွာခရိုင် တပ်ရင်း၁၅ ၊တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊တပ်ခွဲ ၃ နှင့် ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။



ဆက်ဖတ်ရန် →