နောက်ဆုံးရ
အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုများ ရှိလာနိုင်၍ ပြည်သူများ သတိထားကြရန် လိုအပ်

အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုများ ရှိလာနိုင်၍ ပြည်သူများ သတိထားကြရန် လိုအပ်

ချင်း၊ ကရင်နီ၊ ကချင်နှင့် ကရင်ပြည်နယ် တို့ကို လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်သည့်  အထူးစစ်ဆင်ရေးစတင်၊ နေ့ရော ညပါ  အချိန်မရွေးလေကြောင်းတိုက်ခိုက်မှုများ ရှိလာနိုင်၍ ပြည်သူများ သတိထားကြရန် လိုအပ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ခေတ်သစ်


အကြမ်းဖက်စစ်ကောင်စီက ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သည့်   အထူးစစ် ဆင်ရေးတစ်ရပ်ကို စတင်နေပြီဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောသည်။ 


ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညပိုင်းမှစတင်၍ ကချင်၊ ချင်း၊ ကရင်ပြည်နယ်ဘက်သို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ပုသိမ်လေတပ်၊ နမ့်စန် လေတပ်၊ နေပြည်တော် အေလာ လေတပ်၊ မန္တလေးတံတားဦးလေတပ်၊ မှော်ဘီ လေတပ်မှ တိုက်လေယာဉ်များ ယမန်နေ့ ညပိုင်း တစ်ပြိုင်နက်တည်း ပျံသန်း ဗုံးကျဲမှုများ လုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။ 


"နေ့ရော ညပါ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာတွေရှိလာနိုင်တာမို့ သတိထားကြစေချင်ပါတယ်။ အထူးစစ်ဆင်ရေး ဖြစ်လို့ အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိပါလိမ့်မယ်" ဟု လေတပ်သတင်းရင်းမြစ်ကပြောသည်။ 


မင်းအောင်လှိုင်က PDF နှင့် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ  ကြီးထွား ဖြစ်ထွန်းလာမှု၏ ရေသောက်မြစ်သည် တိုင်း ရင်းသား လက်နက်ကိုင် တော်လှန်ရေး EROsတပ်ဖွဲ့များကြောင့်ဖြစ်ပြီး အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်များကို အမြစ်ဖြတ် အင်အားချိနဲ့စေရေး လုပ်ဆောင်နိုင်မှသာလျှင် PDF တပ်များနှင့် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှင်သန်နေမှုကို ဖြတ်တောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေကြောင်း တိုက်ခိုက်မှုနှင့်အထူးစစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


စစ်ကောင်စီက CNA-CDF တပ်များ အခြေစိုက်ရာ ချင်းပြည်နယ်ရှိ ဌာနချုပ်နှင့် တပ်နေရာများကိုလည်းကောင်း၊KIA တပ်များ အခြေစိုက်ရာ ကချင်ပြည်နယ်ရှိ ဌာနချုပ်နှင့်တပ်နေရာများ ကိုလည်းကောင်း၊ KNU တပ်များ တည်ရှိရာ ကရင်ပြည်နယ်ရှိ ဌာနချုပ်နှင့် တပ်နေရာများကိုလည်းကောင်း KNDF အပါအဝင် ကရင်နီတပ်မတော်တို့တည်ရှိရာ ကရင်နီပြည်နယ်ရှိတပ်နေရာများကိုလည်းကောင်းအထူးစစ်ဆင်ရေးအနေဖြင့်ဗုံးကျဲတိုက်ခိုက်သွားရန်ရှိနေကြောင်း သိရှိရသည်။ 


စစ်ဆင်ရေးအတွက် တိုက်လေယာဉ်များ အသုံးပြုမှုအနေဖြင့် Yak-130 ၊ Su-30၊ FTC 2000 G ၊ A-5  လေယာဉ်များကို အသုံးပြုမည်ဖြစ်ပြီး စစ်ဆင်ရေးအတွက် လေဆိပ်များအဖြစ် နေပြည်တော်အေလာလေတပ်၊ ရန်ကုန်မှော်ဘီလေတပ်၊ ပုသိမ်လေတပ်၊ မကွေးလေတပ်၊ တံတားဦးလေတပ်၊ မြစ်ကြီးနားလေတပ်၊ မိတ္တီလာလေတပ်တို့ကိုအဓိကထားအသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


စစ်ကောင်စီက သက်တမ်းတိုးမြှင့်ထားသည့် ၆ လတာကာလနှင့် ပွင့်လင်းရာသီတွင် တိုင်းရင်းသားဒေသများကိုလေကြောင်းတိုက် ခိုက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်သည့်အပြင် မြေပြင်တွင်လည်း စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ် ၃၇ မြို့နယ်ရှိ PDF နှင့် ဒေသကာကွယ်ရေးတပ်များကို အပြတ် ချေမှုန်းရန်ရည်ရွယ်ထားကြောင်း သိရှိရသည်။ 


စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်တစ်ခုကလည်း  လေကြောင်းအထူးစစ်ဆင် ရေး ပြုလုပ်ရန် ရှိနေသော်လည်းလက်ရှိတွင် လေ ယာဉ်ဆီ မလုံလောက်ခြင်း၊ လက်နက်ခဲယမ်းနှင့်ဒုံးများ အလျှဉ်မမီအောင် မရှိခြင်း ပြဿနာများရှိနေကြောင်း၊ စစ်တပ်က  လက် နက်ခဲယမ်း အသစ်များ စမ်းသပ် အသုံးပြုမှုများ ရှိနေသဖြင့် ပြည်သူများသတိထားသင့်ကြောင်း အကြံပြု ပြောဆိုသည်။


ဓာတ်ပုံ- လွန်ခဲ့သော ဒီဇင်ဘာလတွင် ပြုလုပ်သည့် လေတပ် နှစ်ပတ်လည် ပွဲမှ အကြမ်းဖက် မင်းအောင်လှိုင်နှင့်လေယာဉ်များ။



ဆက်ဖတ်ရန် →
နှင်းဆီကျော်မြင့်ထောင်ထဲကယီးလှန်ပြနေ

နှင်းဆီကျော်မြင့်ထောင်ထဲကယီးလှန်ပြနေ

နှင်းဆီပါတီကို ကျော်မြင့်နဲ့ကျော်မိုးတို့နာမည်နဲ့ကနေဒါမှာစဖွဲ့ခဲ့တယ်၊ရန်ကုန်ကိုပိုက်ဆံလှမ်းပို့ပြီးဦးသုဝေတို့ချိုချိုကျော်ငြိမ်းတို့ကိုနာမည်ခံဖွဲ့ခိုင်းတယ်၊၂၀၁၂မှာကျော်မြင့်ကပြန်ယူလိုက်တယ်၊အခုမှတ်ပုံပြန်တင်တယ်ဘယ်သူပဲတင်တင်ကျော်မြင့်ပိုင်တာကပိုင်တာပဲ၊အခုတင်လိုက်တဲ့အတွက်ကုန်ကျစာရိတ်ဘယ်သူ့ဆီကရတယ်ထင်လဲ၊စောက်သဲပေါက်တာကတရုတ်ပတ်စပို့ကိုင်ထားတဲ့ကောင်ကမြန်မာပြည်ကပါတီလာပိုင်နေပြီးကြံဖွတ်နဲ့ဖင်လိုးဖင်ခံလုပ်နေတာပဲ၊မှတ်ပုံတင်ခွင့်ရသွားလို့ကနေဒါပတ်စပို့ကိုင်ထားတဲ့ကျော်မိုးဆိုတဲ့ကောင်ပါတီကိစ္စတွေလုပ်တာတွေ့ရင်အထောက်အထားလှမ်းပို့ပေးပါ၊ကနေဒါအစိုးရကိုတင်ပြပြီးဖင်ချမလို့- -









ဆက်ဖတ်ရန် →
တိုင်ပတ်နေတဲ့အာဆီဆောင်း

တိုင်ပတ်နေတဲ့အာဆီဆောင်း



အာဆီယံအဖွဲ့အစည်းဟာ စီးပွါးရေးကူးလူးဆက်ဆံဖို့လောက်ဖွဲ့ထားတဲ့အဖွဲ့ဖြစ်တယ်၊ သူတို့မြင်တဲ့ ပစ်ထားလိုက်ရင် လုပ်ချင်တာလုပ်ခွင့်ရသွားမယ်ဆိုတဲ့ထင်မြင်ချက်ဟာမှားတယ်၊ထုတ်ပစ်ရမှာ၊စီးပွါးရေးဖြတ်တောက်ပစ်ရမှာ၊ထိုင်းလိုနိုင်ငံမျိူးကအာဆီယံကိုဆန့်ကျင်ပြီးဆက်ဆံနေအုံးမှာပဲ၊အင်ဒိုနဲ့မလေးရှားကစတင်ပြီးဖြတ်တောက်ရင်အာဆီယံအတွင်းအကွဲအပြဲဖြစ်လာနိုင်စရာရှိပေမယ့်လုပ်သင့်တဲ့ကိစ္စ ဖြစ်တယ်၊လက်ရှိမှာဗိယက်နမ်နဲ့ထိုင်းလိုနိုင်ငံတွေကပြောင်ပြောင်တင်းတင်းမအလနဲ့ဆက်ဆံနေတာလူသတ်နေတဲ့မအလကိုလောင်စာဖြည့်ပေးနေသလိုဖြစ်တယ်၊ပြည်သူနဲ့ပြည်သူ့အာဏာကိုအလေးထားရင်မအလနဲ့အဆက်ဖြတ်ကိုဖြတ်ရမယ်၊မအလအားလျော့မှတော်လှန်ရေးအဆုံးသတ်တာမြန်မယ်၊USAကစိတ်ရှိပေမယ့်လွှတ်တော်မှာဘတ်ဂျက်တင်လို့မကျခဲ့ရင်ပေါ်တင်ဖြစ်စေသွယ်ဝိုက်ပြီးဖြစ်စေကူညီဖို့ခက်မယ်အာဆီယံကအထုတ်ပြမှဘိုင်တန်ကလွှတ်တော်မှအပြကောင်းမယ်၊ပြည်တွင်းရေးပြည်တွင်းကလူပဲရှင်းရမယ်လို့သူတို့မှာအမြင်ရှိတာရှိတယ်

မတရားမှုကိုမျက်ကွယ်ပြုချင်နေကြတယ်၊လက်ရှိမျှော်လင့်ချက်ကဘိုင်တန်အစိုးရပဲ၊ဒါပေမယ့်ဆောက်ဖြစ်မှကျောင်းဒကာပါ၊ သူတို့အာရုံစိုက်လာစရာတချက်ပဲရှိတယ် ပြည်သူပိုင်တဲ့နယ်မြေ၇၅%အထက်ဖြစ်လာဖို့ပဲ၊ ဘာအားငယ်စရာရှိလဲ၊၅လပိုင်းလောက်မှလက်နက်ကိုင်အဖွဲ့အဖြစ်တည်ရှိလာတာ အခုဆိုတနှစ်နဲ့ကိုးလလောက်မှာ ရရှိထားတဲ့ခိုင်မာမှုဟာအားရစရာပါဘယ်သူမှလာမကူလဲပြည်သူရဲ့ညီညွတ်မှုနဲ့မအလကျရှုံးမှာပါပဲ၊

နိုင်ကိုနိုင်ရမယ်

နှေးချင်နှေးမယ် မြန်ချင်မြန်မယ်

အဆုံးအထိလျှောက်ဖို့ကကိုယ့်တာဝန်ပဲ၊

စီးပွါးရေးစကားနဲ့ပြောရမှာပဲ၊ရှယ်ယာရှင်ရဖို့မိမိလုပ်ငန်းဟာအမြတ်အစွမ်းရနိုင်တယ်ဆိုတာချပြနိုင်ရတယ်၊


ချပြလိုက်ကြရအောင်☝️☝️☝️☝️☝️

ဆက်ဖတ်ရန် →
ဒုဗိုလ်မှူးကြီး ကျော်စိုးအောင်ကို ပစ်ခတ်ခဲ့သည့် စစ်သည် သတင်းအစအန ပျောက်ဆုံး

ဒုဗိုလ်မှူးကြီး ကျော်စိုးအောင်ကို ပစ်ခတ်ခဲ့သည့် စစ်သည် သတင်းအစအန ပျောက်ဆုံး

ပြင်ဦးလွင် တပ်မတော် ဆက်သွယ်ရေး ဒုတိယ ကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုးအောင်ကို သေဆုံးသည်အထိပစ်ခတ်ခဲ့သည့် စစ်သည် သတင်းအစ အန ပျောက်ဆုံးနေပြီး သေဆုံးဖွယ်ရှိဟုဆို၊ မိသားစုပါ အဖမ်းခံထားရ ဖွယ်ရှိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ခေတ်သစ်


မန္တလေးတိုင်း၊ ပြင်ဦးလွင် တပ်နယ်၊ တပ်မတော် ဆက်သွယ်ရေး နှင့် အီလက်ထရောနစ် သင်တန်းကျောင်းမှဒုတိယ ကျောင်း အုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင် ကို ဒုတပ်ကြပ်တစ်ဦးက သေနတ်ဖြင့် ပစ် သတ်ခဲ့ပြီးအဆိုပါ ပစ်ခတ်ခဲ့သော စစ်သည်

မှာ သတင်းအစအန မရရှိတော့ဘဲ စစ်ကြောရေးတွင် သတ်ဖြတ်လိုက်ပြီဟု ယူဆရ ကြောင်း  စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း ပြင်ဦးလွင်၊ ဆက်သွယ်ရေးသင်တန်း ကျောင်း၊  ဗဟို ကင်း အနီးတွင် လုံခြုံရေးအတွက် အရာရှိနှင့်ရဲဘော်များကို တန်းစီ စကားပြောအပြီးတွင် ဒုတပ်ကြပ်တစ်ဦးက ဒုတိယ ဗိုလ်မှူး‌ကြီး ကျော်စိုးအောင် ကို အနီးကပ် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် ဆေးရုံ ကို အချိန်မီ ပို့ဆောင်ခဲ့သော်လည်းသေသွားခဲ့ကြောင်း ၊ ပစ်ခတ်ခံရပြီး သေဆုံးသွားသော ပြင်ဦးလွင် ဆက်သွယ်ရေးသင်တန်းကျောင်း ဒုတိယကျောင်းအုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်သည် ဗိုလ်သင်တန်း အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး စစ်ဦးစီးတက္ကသိုလ် (ကလော) ကျောင်းပြီး ထားပြီးဖြစ်ကြောင်း၊  ပုသိမ်တပ်နယ်မှ ပြင်ဦးလွင် ဆက်သွယ်ရေး သင်တန်းကျောင်း သို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ပြင်ဦးလွင် ၈ မိုင်သုဿာန်တွင် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးကို မီးသဂြိုလ်ခဲ့ကြောင်း  သိရှိရသည်။ 


"ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်ကို ပစ်သတ်ခဲ့တဲ့ စစ်သည်က ပစ်ခတ်မှုဖြစ်ပြီးတဲ့ ညနေကတည်းက သတင်းမကြားရတော့ဘူး။ နာမည်တွေ မိသားစုတွေ စုံစမ်းပေမယ့် တပ်ထဲမှာ လျှို့ဝှက်ထားတယ်၊ ပေးမသိဘူး။ အဲဒီစစ်သည်ကို စစ်ဆေးနေသလား၊ ဘယ်အချုပ်မှာထားလဲဆိုတာ မေးကြည့်ပေမယ့် သ တင်း က မရတော့ဘူး။စစ်ကြောရေးမှာပဲ သတ်လိုက်တာဖြစ်ဖို့များတယ်။ သူ့မိသားစုနဲ့ပတ်သက်တဲ့ သတင်းလည်း မရတော့ဘူး။ မိသားစုပါ အဖမ်းခံရထားဖို့ များပါတယ်။ ဒါက စစ်သည်က အရာရှိကြီးကို ပစ်ခတ် သတ်တာဆိုတော့ စံပြ အရေးယူမှုလုပ်တဲ့အခြေ အနေလို့ ပြောရမယ်" ဟု စစ်တပ်သတင်းရင်းမြစ်တစ်ခုက ပြောသည်။ 


ဓာတ်ပုံ- သေဆုံးသွားသည့် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်နှင့် ၎င်းကို သဂြိုလ်ခဲ့သည့် စာရင်းဇယားမှတ်တမ်း။





ဆက်ဖတ်ရန် →
မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုကို ဂျပန်က ထောက်ခံဖို့ အချိန်တန်ပြီ

မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုကို ဂျပန်က ထောက်ခံဖို့ အချိန်တန်ပြီ

By Japan Forward (Editorial) By Japan Forward (Editorial)

ခေတ်သစ်မီဒီယာ
မြန်မာအကြမ်းဖက် စစ်ကောင်စီသည် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုများကို လိုက်လျောနားထောင်ခြင်း မရှိပေ။ ယခုအချိန်အထိ သေဆုံးသူ သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခံရသူ အရေအတွက် ထောင်နှင့်ချီ ရှိလာခဲ့ပြီးလူဦးရေ ၁ သန်းမှာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။
-------------------
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းယူပြီး နိုင်ငံကိုထိန်းချုပ်ခဲ့သည်မှာ ယခုအခါ နှစ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပေပြီ။ မြန်မာနိုင်ငံသား အများအပြား သေကြေပျက်စီးခဲ့ရသလို လွတ်လပ်မှုများ ဆုံးရှုံးခဲ့ကြရသည်။အချို့မှာမူ အတင်းအကြပ် ဖိအားပေးမှုကြောင့် နိုင်ငံကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ “အာရှတိုက်၏ နောက်ဆုံးတိုးတက်မှုအလားအ

လာ"ဟု အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့သော မြန်မာ့ဈေးကွက်စီးပွားရေးမှာလည်း ရှေ့မတိုးသာဘဲ နောက်ပြန်ဆုတ်လာခဲ့သည်။
သို့တိုင်အောင်လည်း စစ်ကောင်စီ၏ ဖိနှိပ်မှုများကြားမှ ပြည်သူတို့က ဆက်လက်တော်လှန် အံတုနေကြဆဲပင်။အချို့သော ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများသည် တိုင်းရင်းသားလူနည်းစုတို့၏ လက်နက်ကိုင်တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာကြသည်။ စစ်ကောင်စီ၌ တရားဝင်မှုမရှိသလို လူထုထောက်ခံမှုလည်း ကင်းမဲ့နေကြောင်း လွန်ခဲ့သော နှစ်နှစ်တာကာလက ထပ်လောင်းသက်သေထူလျက် ရှိသည်။ 
တွေ့ဆုံဆွေးနွေးရေးကို ဂျပန်အစိုးရကတောက်လျှောက်အလေးထား ပြောဆိုနေခဲ့သည်။ ထို့သို့ပြောဆိုနေမည့်အစား ၎င်းတို့သည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများနှင့် ပူးပေါင်း၍ မြန်မာစစ်ကောင်စီအားအထီးကျန်ဖြစ်စေရေး လမ်းကြောင်းကို လျှောက်လှမ်းသင့်သည်။
ယခုဖေဖော်ဝါရီလသည် မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမည့် လတစ်လဖြစ်သည်။အကြောင်းရင်းမှာ တိုင်းပြည်ကို အလုံးစုံထိန်းချုပ်ရန်အတွက် စစ်တပ်က တရားမဝင် ယူငင်သုံးစွဲခဲ့သော  နိုင်ငံ့ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းခွင့်သည် ၂ နှစ်အထိ သက်တမ်းရှိနေပြီး အဆိုပါကာလသည် ယခုဖေဖော်ဝါရီလ၌ ကုန်ဆုံးခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။ 
သို့ရာတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ အရောက်တွင် လက်ရှိလုံခြုံရေး အခြေအနေများကို အကြောင်း

ပြ၍ အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ကြောင်း စစ်တပ်က ကြေညာခဲ့သည်။အကျိုးဆက်အနေဖြင့်စစ်တပ်က ဩဂုတ်လတွင် ကျင်းပရန် စီစဥ်နေသော အထွေထွေရွေးကောက်ပွဲများကို အမှန်တကယ် ကျင်းပဖြစ်ရန်မှာလည်း အလှမ်းကွာဝေးသွားခဲ့ရပြီ ဖြစ်သည်။ 
မည်သို့ပင်ဆိုစေ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စုစုပေါင်း ထောင်ဒဏ် ၃၃နှစ် ပြစ်ဒဏ်ချမှတ်ကာ ဘေးဖယ်ထုတ်ပြီးမှ ကျင်းပမည့် အဆိုပါရွေးကောက်ပွဲတွင် တရားမျှတမှုရှိမည်ကိုမျှော်လင့်၍ မရနိုင်သည်မှာ ပြောစရာမလိုအောင် ထင်ရှားနေသည့်အချက်ဖြစ်သည်။


လူ့အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု
===============
စစ်ကောင်စီ၏ ဖြိုခွဲနှိမ်နှင်းမှုကြောင့် ဇန်နဝါရီလ ၃၁ ရက်အထိ လူ ၂,၉၄၀ ဦးသေဆုံးခဲ့ပြီး ၁၃,၇၆၃ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ဖြစ်ကြောင်း မြန်မာလူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။ ထို့အပြင် လူဦးရေ ၁ သန်းကျော်မှာ ယခုအခါ ဒုက္ခသည်ဘဝသို့ ရောက်ရှိသွားကြပြီဖြစ်သည်။
ထိုသို့သော အခြေအနေတွင် ဂျပန်နိုင်ငံ၏ တုံ့ပြန်ဆောင်ရွက်မှုမှာ စိတ်ပျက်စရာကောင်းလှသည်။ အကြမ်းဖက်မှုများကို ချက်ချင်းရပ်ဆိုင်းရန် ဂျပန်က တောင်းဆိုခဲ့သည်။ သို့သော် အနောက်နိုင်ငံများတွင် မရှိသည့် စစ်တပ်နှင့်ဆွေးနွေးရေးလမ်းကြောင်း တစ်ခုကို မိမိတို့ဖွင့်လှစ်ထားသည်ဟု အကြောင်းပြလျက် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု များနှင့် ခပ်ခွာခွာနေခဲ့သည်။ သို့တိုင်အောင်လည်း မြန်မာစစ်အုပ်စုသည် ဂျပန်နိုင်ငံ၏သဘောထားအသံကို အလေးထား နားထောင်သည့် အခြေအနေမျိုးကား မတွေ့ရှိရပေ။
"
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအကြား မဟာမိတ်ဖွဲ့ပြီး မြန်မာနိုင်ငံအပေါ် မဟာဗျူဟာကျကျ ပူးပေါင်း၍ ပိတ်ဆို့အရေးယူမှုများချမှတ်ရန်" မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ အထူးအစီရင်ခံစာ တင်သွင်းသူ Thomas Andrews က ၎င်း၏အစီအရင်ခံစာထဲတွင် တင်ပြတောင်းဆို ထားသည်။ 
မြန်မာနိုင်ငံအပေါ် လက်ရှိပိတ်ဆို့အရေးယူမှုများသည် ရုရှားအပေါ် ချမှတ်သည့် အရေးယူမှုများလောက် ထိရောက်မှုမရှိကြောင်း ၎င်းကထောက်ပြသည်။ မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့မှုများ ချမှတ်ပြဋ္ဌာန်းရေး ဂျပန်နိုင်ငံအနေဖြင့် "ချက်ချင်းအရေးယူဆောင်ရွက်ရန်" ကိုလည်း ၎င်း၏အစီရင်ခံစာထဲတွင် ထည့်သွင်းတောင်းဆိုခဲ့သည်။
ဂျပန်နိုင်ငံအနေနှင့် အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း ကက်ဘိနက် အတွင်းဝန်ချုပ် Hirokazu Matsuno က ပြောကြားသည်။ "မြန်မာစစ်တပ်ဟာ နိုင်ငံတကာ 
အသိုင်းအဝိုင်းရဲ့ အသံတွေကို နားမထောင်ဘဲ အကြမ်းဖက်မှုများကိုအဆုံးသတ်မယ့် လက္ခဏာလည်း မတွေ့ရပါဘူး" ဟု ဖေဖော်ဝါရီလ ၁ရက် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကမှတ်ချက်ပြု ပြောဆိုသည်။
သို့ရာတွင် လက်ရှိအခြေအနေကို စိုးရိမ်မကင်းဖြစ်သည် ဆိုရုံမျှဖြင့် ပြဿနာကိုဖြေရှင်းနိုင်မည် မဟုတ်ပေ။နိုင်ငံတကာ အသိုင်းအဝိုင်း အများစုသည် ယူကရိန်းနိုင်ငံအား ရုရှား၏ကျူးကျော်တိုက်ခိုက်မှု အပေါ်တွင်သာအာရုံစိုက်နေကြသည်။ သို့သော် မြန်မာ့အရေးကို လျစ်လျူရှုထားမည်ဆိုပါက တရုတ်နှင့်ရုရှားကဲ့သို့ အာဏာရှင်နိုင်ငံများကို အားပေးအားမြှောက်ပြုရာ ရောက်ပေလိမ့်မည်။ တရုတ်နှင့် ရုရှား နှစ်နိုင်ငံစလုံးမှာလည်း မြန်မာစစ်ကောင်စီကို ထောက်ခံသည့် နိုင်ငံများအဖြစ် ထင်ရှားသည်။ 
G 7 
အုပ်စု၏ လက်ရှိဥက္ကဋ္ဌ တာဝန်ကို ရယူထားသော ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများနည်းတူ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ အလားတူ ချမှတ်ဆောင်ရွက်ရန် အလေးထား စဉ်းစားသင့်နေပြီ ဖြစ်သည်။
Japan Forward 
တွင် အယ်ဒီတာအာဘော်အဖြစ် ဖော်ပြထားသော “Time for Japan to Support Sanctions on the Junta” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။



ဆက်ဖတ်ရန် →