နောက်ဆုံးရ
 ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ်သားအောင်မိုးတို့ ငွေကျပ် သိန်း ၁၀၀ စီရရှိ

ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ်သားအောင်မိုးတို့ ငွေကျပ် သိန်း ၁၀၀ စီရရှိ

စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ်သားအောင်မိုးတို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်၊ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လျှင် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ခေတ်သစ် 

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ် သား အောင်မိုးတို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်ကြောင်း  ချင်းပြည်သူ့ကာကွယ်ရေးတပ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင်  ခမရ-၃၀၄ မှ တပ်သား ရဲဘော်လင်းထက်အောင်သည် CDF-Kanpetlet ထံသို့  MA 1 - သေနတ် ၁လက်၊ MAကျည် -၃၃၆တောင့်၊ နင်းမိုင်း -၁လုံး၊ လက်ပစ်မိုင်း  -၁လုံး၊ အီနာဂါ  -၂လုံး၊ စကားပြောစက် -၁လုံး၊ ကျည်ကာအင်္ကျီ  -၁ထည် တို့ဖြင့် အလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။ 
ထို့အတူ  ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ခလရ ၂၆၈ တပ်မှ အောင်မိုးသည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့်  CNO/CNDF ထံသို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း၊  CNO/CNDF က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တပ်သား အောင်မိုးကို  ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်၍  ဆုကြေးငွေ ချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။ 
CNO/CNDF အနေဖြင့် စစ်ကောင်စီထံမှလက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ် သား၊ရဲ များအား ယခင်တွင် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအတွက် သိန်း ၅၀  ဆုချီးမြှင့်ခဲ့ကြောင်း၊   CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံနှင့် အလင်းဝင်ရောက်သူအားလုံးကို ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း(၅၀)အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း(၅၀)၊စုစုပေါင်း ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည်ဖြစ်ကြောင်း ချင်းအမျိူးသားအဖွဲ့ချူပ်က သတင်းထုတ်ပြန်ထားသည်။




ဆက်ဖတ်ရန် →
စစ်တပ်က ပြည်သူတွေကို  ဖိနှိပ်သတ်ဖြတ်နေချိန် အမေရိကန် ကုန်သည်အသင်းနဲ့ အပေါင်းအပါတွေက ရန်ကုန်မှာ ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပဖို့ စီစဥ်နေမှု ဝေဖန်ခံရ

စစ်တပ်က ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေချိန် အမေရိကန် ကုန်သည်အသင်းနဲ့ အပေါင်းအပါတွေက ရန်ကုန်မှာ ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပဖို့ စီစဥ်နေမှု ဝေဖန်ခံရ

By ရန်ကုန်ခေတ်သစ်


မြန်မာနိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများ အသင်း(AmCham) ဟာ ရန်ကုန်မြို့မှာ မကြာမီရက်ပိုင်းအတွင်း ဂေါက်သီးရိုက်ပြိုင်ပွဲတစ်ခုကို ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။


လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်းမှာ ကျင်းမှာမှာဖြစ်တဲ့ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) နဲ့အတူ မြန်မာ ဟောင်ကောင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MHKCCI)၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူအသင်း (SAM) နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (TBAM) တို့က ဦးဆောင်ကျင်းပမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။


အာရှ-ပစိဖိတ် အပြည်ပြည်ဆိုင်ရာ အစားအသောက်၊ စိုက်ပျိုးရေး၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ဆေးရွက်ကြီး သမဂ္ဂနှင့် မဟာမိတ် အလုပ်သမားများအသင်း (IUF) ကြီးကတော့ နိုင်ငံရဲ့အာဏာကို တရားမဝင် အင်အားသုံး လုယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို ပြည်သူတွေက နည်းပေါင်းစုံနဲ့ အခုလိုတော်လှန်နေချိန်မှာ ဒီဂေါက်သီးရိုက်ပြိုင်ပွဲကို ဦးဆောင်ကျင်းပတဲ့  အမေရိကန် ကုန်သည်ကြီးများအသင်းနဲ့ သူ့အပေါင်းအဖော် အဖွဲ့ဝင်တွေကို ကန့်ကွက်ရှုတ်ချတယ် လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။


“ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်လည်ပတ် လုပ်ကိုင်နေကြောင်း” အထင်အရှား သက်သေထူလိုတဲ့ လုပ်ရပ်သဖွယ်ဖြစ်နေပြီး၊ အဖိနှိပ်ခံ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးတို့အပေါ် ညှာတာမှု ကင်းမဲ့တဲ့၊ မထောက်ထား မစာနာတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဂေါက်သီးရိုက်ပွဲ ပြန်လည်ကျင်းပခြင်းဟာ နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းအနေနဲ့ ပြစ်ဒဏ်ပေးခံရခြင်းကနေ လွတ်မြောက်နေတဲ့ အပြစ်သား (စစ်အုပ်စု) တွေနဲ့ နောက်တစ်ကြိမ် ထပ်မံပူးပေါင်း လုပ်ကိုင်နေကြောင်းကို ညွှန်ပြနေတဲ့ အချက်လည်း ဖြစ်ပါတယ်” လို့ IUF က သူတို့ရဲ့ website မှာ ‌ရေးသားဖော်ပြထားပါတယ်။


ကိုကာကိုလာ၊ ပန်ပစိဖိတ်(Pan Pacific)၊ Park Royal နှင့် The Pizza ကုမ္ပဏီတွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်မှာ ကျင်းပမဲ့ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် ငွေကြေးမဟုတ်သော ပစ္စည်းနဲ့ ပူးတွဲထောက်ပံ့တဲ့ အလှူရှင်ကုမ္ပဏီများအဖြစ် ဖော်ပြထားပါတယ်။ 


အဆိုပါ အလှူရှင်ကုမ္ပဏီတွေရဲ့ လိုဂိုအမှတ်တံဆိပ်တွေကို ဖေဖော်ဝါရီ ၈ ရက်မှာ AmCham ရဲ့ဝဘ်ဆိုဒ်မှ ဖယ်ရှားခဲ့ပြီးဖြစ်ပေမဲ့၊ (လူမှုကွန်ရက် စာမျက်နှာထက်ရှိ) ပြိုင်ပွဲပေ့ချ် စာမျက်နှာမှာတော့ ဆက်လက်ပြသထားဆဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အခြားစပွန်ဆာတွေထဲမှာ Luther ဥပဒေကုမ္ပဏီ၊ RMA အုပ်စု၊ ဂရမ်းရိုင်ရယ် (Grand Royal)၊ ရိုးမဘဏ် (Yoma Bank) နဲ့ M Tower စတဲ့အဖွဲ့အစည်းတွေလည်း ပါဝင်နေပါတယ်။


တရားမဝင် စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် အခုလို တိုင်းပြည်က မငြိမ်မသက်ဖြစ်ပြီး ပြည်သူများ ခက်ခဲစွာ ရုန်းကန်နေရချိန်မှာ ညစာအပါအဝင် ပါဝင်ခွင့် လက်မှတ်တစောင်ကို နိုင်ငံခြားကုန်သည်ကြီးများ အသင်းဝင်အတွက် မြန်မာကျပ်ငွေ ၂၅၀,၀၀၀ နဲ့ အသင်းဝင်မဟုတ်သူများအတွက် မြန်မာကျပ်ငွေ  ၃၀၀,၀၀၀ အထိကုန်ကျမှာဖြစ်တဲ့ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ရှုတ်ချမှုတွေကလည်း ထွက်ပေါ်လို့ လာနေပါတယ်။


လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice For Myanmar က စစ်ထောက်ချုပ်ရုံးပိုင် မြေ‌ပေါ်မှာ  ငှားရမ်းတည်ဆောက်ထားပြီး မြန်မာစစ်တပ်ကို အခွန်ဘဏ္ဍာငွေတွေ ပေးဆောင်နေတဲ့ ရန်ကုန် LOTTE ဟော်တယ်ဟာ ဒီပြိုင်ပွဲကို  စပွန်ဆာပေး ထောက်ပံ့သူအနေနဲ့ ပါဝင်နေတဲ့အပေါ် ထောက်ပြဝေဖန်လိုက်ပါတယ်။ 


ဒါ့အပြင် မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့နေပြီး စစ်တပ်ရဲ့ ရာဇ၀တ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက်စေတဲ့  စီးပွားရေးလုပ်ငန်းတွေကို အားပေးမြှင့်တင်ပေးနေတဲ့ နိုင်ငံခြား ကုန်သည်ကြီးများ အသင်းတွေရဲ့ လုပ်ရပ်ဟာ  ရှက်ဖွယ်လိလိပါပဲ လို့လည်း JFM က ဝေဖန်ပြောဆိုခဲ့ပါတယ်။


မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတဦးကတော့ အခုလို နိုင်ငံခြား ကုန်သည်ကြီးအသင်းတွေရဲ့ လုပ်ရပ်အပါဝင် မြန်မာအကြမ်းဖက် စစ်အုပ်စု ပိုင်ဆိုင်ထားတဲ့ ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ  နိုင်ငံတကာကုမ္ပဏီတွေ ဆက်လက်လုပ်ကိုင်နေနိုင်တာဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့မှုတွေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် လို့ ဆိုပါတယ်။ 


"ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို တကယ်ပဲ ရပ်တန့်‌စေချင်ရင်တော့ အနောက်နိုင်ငံတွေအနေနဲ့ ရှေ့နောက် မညီတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပြီး၊ ဒီထက်ပိုပြီး ပြတ်သားတဲ့ ထိရောက်တဲ့ ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို အမြန်ဆုံး ချမှတ်ပေးရမှာပါ။ အထူးသဖြင့် MOGE လို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းအမည်ခံ စစ်တပ်ထိန်းချုပ်ထားတဲ့ လုပ်ငန်းမျိုးကိုပေါ့" လို့ပြောခဲ့ပါတယ်။ 


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲအကြမ်းဖက်စစ်အုပ်စုအတွက် ဝင်ငွေအမြောက်အမြား   ရှာဖွေပေးနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို ထောက်ပံ့ကူညီနေတဲ့ အမေရိကန်၊ ဆွစ်ဇာလန်၊ ဂျပန်၊ ယူကေနဲ့ အိုင်ယာလန် ကုမ္ပဏီတွေပါဝင်တဲ့ နိုင်ငံတကာ သဘာဝဓတ်ငွေ့လုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီ ၂၂ ခု အကြောင်းကို အသေးစိတ်စုံစမ်း စစ်ဆေး ဖော်ထုတ်ထားတဲ့ သတင်းနဲ့ အစီရင်ခံစာတွေကို Justice for Myanmar နဲ့ The Guardian သတင်းစာကြီးက ထုတ်ပြန်ခဲ့ပါသေးတယ်။




ဆက်ဖတ်ရန် →
ရွှေဘို၊ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀၀ ကျော်ပြာကျ

ရွှေဘို၊ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၆၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကျောက်မြင့်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တင့်တယ်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
"​ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျောက်မြင့်ရွာက အရင်းဆုံး မီးရှို့ခံရတာ နံနက်အစောပိုင်းလောက်မှာ ရွာကို စစ်ခွေးတွေက ဝင်စီးပြီး ၈ နာရီလောက်မှာ စရှို့တယ် နေအိမ် ၂၀၀ ကျော် မီးလောင်ပြာကျသွားတယ်။ မွန်းလွဲ ၁၂ နာရီလောက်မှာ တင့်တယ်ရွာကို ဝင်ရောက်စီးနင်းပြီး ၁ နာရီလောက်မှာ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်။ အဲ့ ၂ ရွာပြီးတော့ ကျားရွာကို ထပ်ရှို့တာပဲ" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။









ဆက်ဖတ်ရန် →