NUG, PDF နဲ့ ပတ်သက်သူတွေကို အရေးယူမယ်လို့ SMS ပေးပို့ကာ စစ်အုပ်စုခြိမ်းခြောက်
ဖေဖော်ဝါရီ ၂
စစ်အုပ်စုက သူတို့အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ NUG, PDF တွေနဲ့ ပတ်သက်သူတွေ၊ အားပေးထောက်ခံသူတွေကို အရေးယူသွားမယ်လို့ ဖုန်းအော်ပရေတာတွေကနေတစ်ဆင့် ပြည်တွင်းရှိ ဖုန်းသုံးစွဲသူ ပြည်သူတွေထံသို့ SMS စာတိုတွေ ပေးပို့ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
စစ်အုပ်စုလက်အောက်ခံ အဖွဲ့တစ်ခုဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီဆိုတဲ့ (CCCT) က "အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးရာရောက်တဲ့ ဂိမ်းကစားခြင်း၊ ကြော်ငြာထည့်သွင်းခြင်းတွေဟာ ဥပဒေအရ အရေးယူခံရနိုင်တယ်" လို့ ဆိုပြီး ဖုန်းသုံးစွဲသူတွေထံသို့ ဆက်သွယ်ရေးအော်ပရေတာတွေကနေတစ်ဆင့် တိုက်ရိုက်စာတိုမက်ဆေ့တွေ ပေးပို့လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် "အကြမ်းဖက်မှုနှင့်ဆိုင်သော Post Share, Like, Comment တင်ခြင်းတွေဟာ ဥပဒေအကြောင်းအရ အရေးယူရခံနိုင်တယ်" လို့လည်း စစ်အုပ်စုလက်အောက်ခံ CCCT ဆိုတဲ့အဖွဲ့က SMS စာတိုတွေ ပေးပို့ခြိမ်းခြောက်လာတာဖြစ်ပါတယ်။
"အခုရက်ပိုင်း ဖုန်းတွေကို စာတိုတွေ တောက်လျှောက်ဝင်နေတယ်။ သူတို့ပေးပို့လာတဲ့စာအရ NUG, PDF အဖွဲ့တွေ တော်လှန်ရေးအဖွဲ့တွေနဲ့ မပတ်သက်ဖို့ကို တိုက်ရိုက်ရည်ညွှန်းထားပါတယ်။ ပတ်သက်ရင် အရေးယူမယ်လို့လည်း ပါတယ်" လို့ ရန်ကုန်မြို့တွင်းနေ ဖုန်းသုံးစွဲသူ ပြည်သူတစ်ဦးက ငွေမောင်းသံသို့ ပြောပါတယ်။
ဖုန်းသုံးစွဲသူတွေထံသို့ အဲဒီစာတိုမက်ဆေ့တွေကို အခု ဖေဖော်ဝါရီလဆန်းပိုင်းအတွင်းမှာ စစ်အုပ်စုလက်အောက်ခံ (CCCT) အဖွဲ့က တောက်လျှောက်ပေးပို့နေတာဖြစ်တယ်လို့ သိရပါတယ်။
~~~~
ထူးထူး
ပုံစာ - စစ်အုပ်စုရဲ့ CCCT အဖွဲ့က ပေးပို့လာတဲ့ SMS စာတိုများ။
#ငွေမောင်းသံ မီဒီယာ
မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ယူကေပါလီမန်၌ ပြုလုပ်သည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး
စစ်အာဏာသိမ်း ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ထပ်ရှိလာတော့မည်မဟုတ်ဟု အမေရိကန်ပြော
By DVB
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးနဲ့ NUG အစိုးရကို အခုနှစ်မှာပံ့ပိုးကူညီမှုတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး မနှစ်မြို့စရာကောင်းတဲ့ ၃ နှစ်မြောက် အာဏာသိမ်းမှုနှစ်ပတ်လည်နေ့ဆိုတာ ထပ်ရှိလာမှာမဟုတ်တော့ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်လာတော့မယ်လို့ မျှော်လင့်ကြောင့် အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က ပြောကြားလိုက်ပါတယ်။
မြန်မာစစ်အာဏာရှင်တွေ ရက်စက်ကြမ်းကြတ်မှုတွေအပေါ်မှာ တာဝန်ခံမှုရှိစေရေးအတွက် အမေရိကန်ရဲ့ကြိုးပမ်းမှုတွေ၊ မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်ဟာ ဖေဖော်ဝါရီ ၁ ရက်က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာမီဒီယာဆုံမှတ်ကတဆင့် သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို တယ်လီဖုန်းကနေတဆင့် ဖြေကြားရာမှာ ပြောကြားခဲ့တာပါ။
အမေရိကန်အနေနဲ့ မြန်မာစစ်ကောင်စီအပေါ် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားတွေ ပိုမိုများပြားလာအောင် ဆောင်ရွက်ပြီး စစ်ကောင်စီရဲ့ အရည်အသွေးနဲ့ လုပ်နိုင်စွမ်းတွေ လျော့ကျလာအောင် ဆောင်ရွက်နေကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေအပေါ်မှာ ထောက်ပံ့ကူညီနေတာကြောင်းပြောပါတယ်။
အမေရိကန်လွှတ်တော်ကလည်း မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေကို ကူညီထောက်ပံ့နိုင်ဖို့ BURMA ACT ဥပဒေကို အတည်ပြုပေးခဲ့ပြီး စစ်အာဏာရှင်တွေကို သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် အပြစ်ပေးနိုင်ရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ကူညီထောက်ပံ့ရေး၊ လိုအပ်တဲ့ နေရာတွေမှာ လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးရေးတို့အတွက် အမေရိကန် လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်နေသလို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့လည်း မကြာခဏတွေ့ဆုံပြီး လိုအပ်တာတွေကို တတ်နိုင်သလောက် ကူညီပေးနေတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပိုပိုပြီးလိုအပ်နေတဲ့ လူသာချင်းစာနာမှုအကူအညီတွေပေးပို့ထောက်ပံ့နိုင်ရေး ဆောင်ရွက်နေပြီး အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံက ပဋိပက္ခတွေ အတွက် ထောက်ပံ့ကူညီမှု အများဆုံးပေးခဲ့တဲ့ နိုင်ငံဖြစ်တယ်၊ အာဏာသိမ်းပြီနောက်ပိုင်း မြန်မာနိုင်ငံက အရေးပေါ်အကူအညီလိုအပ်နေတဲ့နေရာတွေနဲ့ နိုင်ငံရပ်ခြားထွက်ပြေးခိုလှုံနေကြရသူတွေအတွက် အမေရိကန်က ဒေါ်လာ သန်း ၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့ ဒဲရက်ခ်ချောလက်က ပြောပါတယ်။
အဲဒါတွေအပြင် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါး ချက်အတိုင်း မြန်မာစစ်အာဏာရှင်တွေ လိုက်နာဆောင်ရွက်ရေးကို ထောက်ခံအားပေးနေသလို အာဆီယံမှာ မြန်မာစစ်အာဏာရှင်တွေရဲ့အဆင့်ကို ပိုမိုလျော့ချနိုင်ရေးကိုလည်း အာဆီယံမိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က “အရှေ့တောင်အာရှဟာ အမေရိကန်အတွက်အရေးပါတဲ့ ဒေသဖြစ်တာကြောင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့ မြန်မာ့အရေးဟာ ကျနော်တို့အတွက်လည်း အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ဆက်ဆံရေးပိုမိုကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်ပြီး သမ္မတဘိုင်ဒန်ကလည်း ပြီးခဲ့တဲ့ မေလမှာ အမေရိကန် - အာဆီယံ ညီလာခံကို ဝါရှင်တန်မှာ ကျင်းပခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံသားတွေရဲ့ ပြဿနာနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးတို့ဟာ ကျနော်တို့အတွက် အရေးပါတဲ့ ကိစ္စအဖြစ် မှတ်ယူထားပါတယ်။ စစ်အာဏာရှင်တွေကို ပိုမိုအထီးကျန် အင်အားနည်းလာအောင်နဲ့ သူတို့ကို အပြစ်ပေးအရေးယူနိုင်အောင် ဆောင်ရွက်နေသလို မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကိုကူညီရေးနဲ့ အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေဆီ လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့ထောက်ပံ့နိုင်ရေးကိုလည်း ကျနော်တို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။
အာဆီယံညီလာခံတွေနဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာစစ်အာဏာရှင်ကို မပါဝင်နိုင်ရေးအတွက် အမေရိကန်က ဆောင်ရွက်နေတယ်လို့ ပြောပေမဲ့ အခုလထဲမှာ ဘန်ကောက်မှာ ထိုင်းနဲ့ အမေရိကန်တို့ ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမဲ့ အာဆီယံ ဒေသတွင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို တက်ရောက်ဖို့ ဖိတ်ကြားတာနဲ့ ပတ်သက်ပြီးလည်း ဒဲရက်ခ်ချောလက်က ရှင်းလင်းပြောသွားပါတယ်။
“အာဆီယံက ဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ကျနော်တို့က ကူညီထောက်ပံ့ပေးနေခြင်းကြောင့် မြန်မာစစ်အာဏာရှင်တွေကို တရားဝင်မှုပေးခြင်းမဖြစ်အောင် ကျနော်တို့ အထူးလေးထားတယ်ဆိုတာကို အသိပေးချင်ပါတယ်။ ဖေဖော်ဝါရီလထဲမှာ ထိုင်းမှာကျင်းပဖို့ရှိနေတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် သက်ဆိုင်ရာ ပညာရှင်များ အစည်းအဝေးဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကပ်ရောဂါအခြေအနေကြောင့် အွန်လိုင်းကနေတစ်ဆင့် ခြောက်လတစ်ကြိမ် ကျင်းပခဲ့တာဖြစ်ပြီး အခုတစ်ခေါက်မှာတော့ လူကိုယ်တိုင် တက်ရောက်ရမယ့် အစည်းအဝေးဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာလည်း အာဆီယံအဖွဲ့ဝင်ဖြစ်နေသေးတာကြောင့် သူတို့ကို ဖိတ်ကြားရတာဖြစ်ပေမဲ့ နိုင်ငံရေးအရကိုယ်စားပြုအဆင့်မဟုတ်ဘဲ နည်းပညာအရကျွမ်းကျင်သူအဆင့်ကိုသာ ဖိတ်ကြားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အခုလို ကျွမ်းကျင်မှုနဲ့ ပညာရပ်ဆိုင်ရာ အာဆီယံအစည်းအဝေးတွေမှာလည်း မြန်မာနိုင်ငံဟာ၊ အွန်လိုင်းကနေတဆင့် တက်ရောက်တာ ဒါမှမဟုတ် ကျွမ်းကျင်သူအနေနဲ့ တက်ရောက်တာ ဒါမှမဟုတ် လုံးဝမတက်ရောက်တာပဲ ရှိခဲ့ပါတယ်။ အာဆီယံအစည်းအဝေးတွေမှာ မြန်မာကိုယ်စားပြုအဆင့်မြင့်အရာရှိတွေ မပါဝင်နိုင်ရေးအတွက် အာဆီယမိတ်ဖက်နိုင်ငံတွေနဲ့ ကျနော်တို့ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ကိုလည်း ထောက်ခံအားပေးကြောင်း၊ အရင်နှစ်တွေက အာဆီယံဥက္ကဋ္ဌတွေနဲ့ မြန်မာ့အရေးကို ပူးပေါင်းဆောင်ရွက်ခဲ့သလို အခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌ အင်ဒိုးနီးရှားနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားဖြစ်တယ်လို့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည် ဖြေကြားခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ အပေါင်းပါတွေကို စီးပွားရေးနဲ့ လက်နက်ဝယ်ယူခွင့်ပိတ်ဆို့လိုက်တာတွေကြောင့် စစ်အာဏာရှင်တွေအတွက် ဝင်ငွေရရှိမှု လျော့နည်းသွားသလို အကြမ်းဖက်ရာမှာ အသုံးပြုဖို့ လက်နက်ဝယ်ယူနိုင်စွမ်းလည်း လျော့ကျသွားကြောင်း၊ ရုရှားနဲ့ မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်လာပြီး မြန်မာနိုင်ငံသားတွေအပေါ်မှာ ရုရှားရဲ့ စစ်လက်နက်တွေ အသုံးပြုတိုက်ခိုက်နေတဲ့ အပေါ်မှာလည်း ထိန်းချုပ်တားမြစ်နိုင်အောင် ကြိုးစားသွားမှာဖြစ်ကြောင်းလည်း အမေရိကန် အရာရှိက ပြောပါတယ်။
စစ်အာဏာရှင် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိမှာမဟုတ်သလို၊ မြန်မာပြည်သူတွေရဲ့ အပြည့်အဝ ပါဝင်မှုမရှိတဲ့ ရွေးကောက်ပွဲဟာ စစ်တပ်က အာဏာကို ဆက်လက်ဆွဲကိုင်ထားဖို့ ဗြောင်ကျကျကြိုးပမ်းမှုဖြစ်တယ်လို့လည်း ဒဲရက်ခ်ချောလက်က ပြောကြားသွားပါတယ်။
ဒီမြိုနယ်တွေမာရှယ်လောတဲ့
ကယား
~~~~~
ဒီမော့ဆိုမြို့နယ်
ဖရူဆိုမြို့နယ်
ရှားတောမြို့နယ်
ဘော်လခဲမြို့နယ်
တနင်္သာရီ
~~~~~~~
တနင်္သာရီမြို့နယ်
ပုလောမြို့နယ်
မွန်
~~
ရေးမြို့နယ်၊
ကရင်
~~
ကြာအင်းဆိပ်ကြီးမြို့နယ်
ကော့ကရိတ်မြို့နယ်
ပဲခူး
~~~
ထန်းတပင်မြို့နယ်
အုတ်ဖိုမြို့နယ်
နတ်တလင်းမြို့နယ်
ပေါင်းတည်မြို့နယ်
စစ်ကိုင်း
~~~~~
ဂန့်ဂေါမြို့နယ်
ထီးလင်းမြို့နယ်
ဆောမြို့နယ်
ပေါက်မြို့နယ်
ချင်း
~~~
ဖလမ်းမြို့နယ်
ကန်ပက်လက်မြို့နယ်
မတူပီမြို့နယ်
ထန်တလန်မြို့နယ်
ဟားခါးမြို့နယ်
တီးတိန်မြို့နယ်
တွန်းဇံမြို့နယ်
စစ်ကိုင်း
~~~~~
အင်းတော်မြို့နယ်
ဗန်းမောက်မြို့နယ်
ကောလင်းမြို့နယ်
ပင်လယ်ဘူးမြို့နယ်
မြောင်မြို့နယ်
ဆားလင်းကြီးမြို့နယ်
ပုလဲမြို့နယ်
ယင်းမာပင်မြို့နယ်
ခင်ဦးမြို့နယ်
တန့်ဆည်မြို့နယ်
ရေဦးမြို့နယ်
တိုင်းမှူးတွေအနေနဲ့ဖမ်းမိသူကိုစိတ်ကြိုက် သေဒဏ်ပေးခွင့်ထောင်ချခွင့်ပြုထားတယ်
အော် သေမှာမကြောက်လို့ပေတရာလျှောက်ခဲ့တာလို့ပြန်ရှင်းပြရမလိုဖြစ်နေပြီ
များများဖမ်းများများသတ်လေလေ စကစ နေဝင်ချိန်ပိုပြီးမြန်မြန်လာလေပဲဆိုတာ ခေါင်းကြီးတို့
အခုထိမသိရခြင်းအကြောင်းကအစာအိမ်အောက်ခြေကမစင်စုတဲ့နေရာကခေါင်းထဲမှာသွားရှိနေလို့ပဲ
အလံကိုင် ၁၅၀၀၀ကျပ်၊ ရိုးရိုးလိုက် ၁၀၀၀၀ကျပ်ဖြင့် မြောင်းမြမြို့တွင် လုပ်ဆောင်သည့် တပ် ထောက်ခံပွဲ ဝေစုမတည့်၍ ရန်ဖြစ်
ဖေဖော်ဝါရီ ၂၊ ၂၀၂၃
ဧရာဝတီတိုင်း မြောင်းမြမြို့တွင် တပ်ထောက်ခံပွဲအား အလံကိုင်လိုက်သူအား ၁၅၀၀၀ကျပ်၊ ရိုးရိုးလိုက်သူအား ၁၀၀၀၀ ကျပ်ဖြင့် နေ့စားခခေါ်ကာ ယနေ့ မနက်ပိုင်းတွင် ကျင်းပခဲ့ပြီးနောက် ကြံ့ခိုင်ရေးရုံးအတွင်း နေ့စားခများ ခွဲဝေရာတွင် အဝေမတည့်ခြင်းကြောင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မြောင်းမြမြို့တွင် ယနေ့ ဖေဖေါ်ဝါရီလ ၂ရက်နေ့ မနက်ပိုင်းတွင် လူအင်အား ၅ရာခန့်ဖြင့် စင်္ကြနန္ဒဘုရားရှေ့မှ စတင်ကာ မြို့မဘောလုံးကွင်းအထိ လမ်းလျှောက်ကာ ကြံ့ခိုင်ရေးပါတီဝင်များ ဦး ဆောင်မှုဖြင့် တပ်ထောက်ခံပွဲ လုပ်ခဲ့ခြင်းဖြစ်သည်။နေ့စားလိုက်ခေါ်တာက ဦးတင်မြင့်တို့ ၊တရုတ်စိုးမြင့်တို့ပါတယ်၊ အလံကိုင်ကတော့ အမူးသမားတွေနဲ့ ကြံ့ခိုင်ရေးက ငပေါတွေကိုင်တာ၊ တစ်ယောက်တစ်သောင်းခွဲနဲ့ လိုက်တာကတော့ ရပ်ကွက်စုံပဲ အောင်သပြေကရော၊ ရွာတွေနဲ့ ကွယ်လွယ်ကရော၊ ပွဲပြီးတော့ ကမ်းနားက ကြံ့ခိုင်ရေးရုံးထဲမှာ နေ့စားခထုတ်ပေးတာမှာ တစ်သောင်းပြောပြီး ငါးထောင်ပေးလို့ ရန်တွေဖြစ်ကြတယ်ဟု မြောင်းမြဒေသခံတစ်ဦးက ပြောသည်။
မအူပင်မြို့တွင်လည်း ယနေ့ တပ်ထောက်ခံပွဲပြုလုပ်ရန်အတွက် တစ်အိမ်တစ်ယောက်မဖြစ်နေ လိုက်ကြရန် အုပ်ချုပ်ရေးမှူးများမှ တဆင့် ဖိအားပေး ခိုင်းစေခဲ့ကြောင်း သိရသည်။
#CjPlatform
10 နှစ်နဲ့တောင် အရင်း မကြေမယ့် EV
ကော့သောင်းတွင် ပျူစောထီး ဒုခေါင်းဆောင်တစ်ဦး ရှင်းလင်းခံရပြီး လက်နက်နှင့် ကျည်များ သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ပျူစောထီး ဒုတိယ ခေါင်းဆောင် ဆိုသူတစ်ဦးကို ရှင်းလင်းခဲ့ပြီး ၎င်းထံမှ လက်နက်နှင့် ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲ မာရမ်းကျေးရွာရှိ ပျူစောထီး ဒုခေါင်းဆောင်ဆိုသူ ဦးဆန်းတင်ကို ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်မနက်၆ နာရီခန့်မှာ ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ကာ ဓားဖြင့် ရှင်းလင်းခဲ့တာပဲ ဖြစ်သည်။
ထိုသို့ ဝင်ရောက် ရှင်းလင်းခဲ့မှုအတွင်း ဦးဆန်းတင်မှာ သေဆုံးသွားပြီး ၎င်း ထံမှ M16 A1 သေနတ် ၂ လက် ၊ကျည်ဘောက်တစ်ခု၊ ကျည်၂၈ တောင့်နှင့် ဓားမြှောင် ၃ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“နေအိမ်တွင်းမှာပဲ ဓားနဲ့ ဝင်ခုတ်ရှင်းလင်းခဲ့တာပါ ၊ဓားနဲ့၂ချက်၃ချက် ထိုးပီး ဆွဲခွဲလိုက်တာပါ ပြီးမှပစ္စည်းအချို့ သိမ်းယူခဲ့တာပါ သူ့ကိုရှင်းပြီးတော့ စခတွေအင်အားနဲ့ ဆင်းလာတော့ လမ်းကနေဖြတ်ပြီး မိုင်းထပ်ဆွဲလိုက်တာ အထိနာသွားတယ်”ဟု ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ပြောသည်။
ထို့နောက် ထိုနေ့ မနက်၁၁ နာရီခွဲခန့်မှာလည်း မာရမ်းကြီးကျေးရွာဘက်သို့ ခမောက်ကြီးမြို့နယ်ခွဲမှ ဆင်းလာသည့် စစ်ကောင်စီတပ်၏ အင်အား ၆၀ ခန့်ပါ ကား ၂ စီးကို ရှမ်း ကိုးရွာ ရွာချင်း ဆက်လမ်းမပေါ် အောင်ချမ်းသာကျေးရွာနှင့် ဆိပ်ဖူးကျေးရွာအကြား ပလက်ခွတံတားအနီးမှာကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးတာကြောင့် စစ်သား ၈ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါသေးသည်။
ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို PDFများ စီးနင်းသိမ်းပိုက်ထား
CJ Platform
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ကြောင်း ခန္တီးခရိုင် အမှတ်(၁)တပ်ရင်း -ဟုမ္မလင်းနှင့် HPDF 124တို့မှ ထုတ်ပြန်ထားသည်။
ရွှေပြည်အေးမြို့သစ်မှာရှိသည့် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်စွဲထားသည့် စခန်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၁ရက်နေ့ မနက်ပိုင်းမှစတင်ကာ HPDFနှင့် မဟာမိတ်အဖွဲ့များမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။
အဆိုပါတိုက်ပွဲကို ခန္တီးခရိုင်အမှတ်(၁)တပ်ရင်း-ဟုမ္မလင်း ၊HPDF-124 ၊ HPDF ၊ HPDF- မိုးကြိုး စသည့် မဟာမိတ် တပ်ပေါင်းစုများအဖွဲ့မှ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့ပေမယ့် တပ်ပေါင်းစုဘက်မှ လက်ရှိအချိန်အထိ ရွှေပြည်အေးမြို့အား သိမ်းပိုက်ထားနိုင်ဆဲ ဖြစ်ကြောင်း အသိပေးထားသည်။
ယင်းအခြေအနေများနှင့် ပတ်သက်ပြီး HPDF 124တပ်ရင်း တာဝန်ရှိသူထံ ဆက်သွယ် မေးမြန်းရာမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းကိုသာ အတည်ပြုပြောကြားထားပြီး စစ်ရေးအခြေအနေများ တင်းမာနေဆဲ ဖြစ်တာကြောင့် အသေးစိတ် ဖြေကြားခြင်း မပြုနိုင်သေးကြောင်းသာ ဖြေကြားထားသည်။
ထို့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကလည်း ရှမ်းနီတပ်မတော်SNA၏ တော်စီ စခန်းကုန်းနှင့် ဂိတ်စခန်းများကို HPDF မဟာမိတ်တပ်ပေါင်းစုမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိခဲ့သည်။
သိမ်းပိုက်ခံထားရသည့် ရွှေပြည်အေးမြို့သစ်သည် နအဖခေတ် စစ်ကိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်ဦးသာအေး တည်ထားခဲ့သည့် မြို့ဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသေးတာကြောင့် ဟုမ္မလင်း-ရွှေပြည်အေး၊
ရွှေပြည်အေး-ဖောင်းပြင် ရေလမ်းများကို ပြည်သူများအနေဖြင့် အသုံးပြုသွားလာခြင်း မပြုကြရန်လည်း တပ်ပေါင်းစုဘက်က အသိပေးထားသည်။
ခေတ်နီ
NUG အစိုးရကို ထောက်ခံအားပေးဖို့ အမေရိကန်အမတ်တွေတိုက်တွန်း
နယူးယောက် ကုလသမဂ္ဂရုံးအဆောက်အအုံ နံရံပေါ်တွင် မီးဆလိုက်ထိုး၍ ဆန္ဒပြ
“မင်းအောင်လှိုင်ရဲ့ သဒ္ဓါကရေစီကို မျှော်နေကြသေးတာလား”
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ် မ ၄၂၅ အရ စစ်ကောင်စီထံသို့ အာဏာ ခြောက်လ ထပ်မံ ပေးကြောင်း စစ်တပ်ထိန်းချုပ်ထားသည့် နိုင်ငံပိုင် မီဒီယာများကထုတ်ပြန်ကြေညာလာသည်။
အဆိုပါ ပုဒ်မ၌ “ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီသည် ပြည်ထောင်စု လွှတ်တော် သက်တမ်း ကုန်ဆုံးသွားချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ် အချိန်ကာလ တိုးမြှင့် ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက သာမာန်အားဖြင့် တစ်ကြိမ်လျင် ခြောက်လအထိ နှစ်ကြိမ် တိုးမြှင့် ပေးနိုင်သည်” ဟု ဖော်ပြထားသည်။
ယမန်နေ့က စစ်ကောင်စီတို့ ဘက်မှ ကာလုံခေါ်ခဲ့ပြီး NLD ၏ တိုင်းရင်းသား အမတ် ဖြစ်ခဲ့သူ ဦးဟင်နရီ ဘန်ထီးယူက အစည်းအဝေး မတိုင်မီလေး နေအိမ်တွင် ချော်လဲပြီး ဆေးရုံရောက်သွားသဖြင့် ခွင့်တိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာလုံ ဟု ခေါ်သည့် အစည်းအဝေးသည် ခြေဥ အရ ဆိုကာ သက်တမ်း အကြိမ်ကြိမ် တိုးခဲ့ပြီး ဖြစ်သည့် စစ်ကောင်စီ၏ အာဏာသိမ်း သက်တမ်း သက်တမ်းနှစ်နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်သည့် အစည်းအဝေးတစ်ခု လည်း ဖြစ်သည်။
သို့သော် ယခု သက်တမ်းတိုးခြင်းသည်ကား ၂၀၀၈ ခြေဥသည် စစ်ခေါင်းဆောင်များ လက်ထဲမှ ပေးသမျှ ကိုသာ ရနိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုသာ ဖြစ်ကြောင်း ခိုင်မာသည့် သမိုင်း သက်သေပြချက် တစ်ခုတော့ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
“သာမာန်” ဟူသော စကားလုံးသည် မြန်မာ စကားတွင် မည်သို့မျှ မထူးဆန်းသည့်အရာ ဖြစ်ရိုးဖြစ်စဉ် အကြောင်းအရာများကို ရည်ညွှန်းသည့် အခါတွင် သုံးသည့် သာမာန် စကားလုံးလေး တစ်လုံးမျှသာ ဖြစ်သော်လည်း ၂၀၀၈ ခြေဥတွင် စစ်ခေါင်းဆောင်များအတွက် တရားဝင်ဟု အကြောင်းပြပြီး အာဏာကို လက်ကိုင်ထားနိုင်ရန် အကူအညီ ပေးသည့် စကားလုံး တစ်လုံး အဖြစ် ပြောင်းသွားခဲ့သည်။
ယမန်နေ့က စစ်ခေါင်းဆောင်များ၏ အာဏာသိမ်း ကာလုံ၌ ငူတူတူ ငေါင်တောင်တောင်ဖြင့် အိပ်မှုံစုံမွှားရုပ်ဖြင့် ဦးမြင့်ဆွေက ယာယီ သမ္မတအဖြစ် စားပွဲထိပ်တွင် ထိုင်ခဲ့ရပြီး ပြီးခဲ့သည့် နှစ်နှစ်ကကဲ့သို့ အခန်းကျဉ်းလေးတစ်ခုထဲ မသေမသပ် ဝတ်ဆင်ထားသည့် ပုံစံများတော့ မဟုတ်တော့ပေ။
စစ်ကောင်စီ လုပ်သမျှ တရားဝင်ကြောင်း သတင်းစာရှင်းလင်းပွဲများ အကြိမ်ကြိမ် ဦးဆောင်ပြုလုပ်ခဲ့သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အစည်းအဝေး စားပွဲဝိုင်း၏ အနောက်ပိုင်း ခပ်ကျကျ၌ ထိုင်နေခဲ့သည်။
ယခင် နှစ်နှစ် အတွင်း သက်တမ်း တစ်နှစ်ပြည့်၊ ယင်းနောက် ခြောက်လ နှစ်ကြိမ် သက်တမ်း တိုးပွဲများ ပြုလုပ်ခဲ့ပြီး ဖြစ်သည့် စစ်ကောင်စီသည် ယခု နှစ်နှစ်ပြည့် ချိန်တွင်တော့ ၂၀၀၈ ခြေဥ အရပင် အာဏာ ဆက်ကိုင်၍ မရတော့သည့် သဖွယ် ယုံကြည်မှုများလည်း ကွယ်ပျောက်ခဲ့ပြီ ဖြစ်သည်။
သာမာန် အခြေအနေ မရောက်သေးသဖြင့် ဟု ဆိုသဖြင့် တာဝန်ပြီးစီးအောင် မဆောင်ရွက်နိုင်သေးဟု အဓိပ္ပာယ် ကောက်သွားခဲ့ပြန်ခဲ့ပြီး ထို့အတွက် သာမာန်အားဖြင့် ခြောက်လတစ်ကြိမ်စီ နှစ်ကြိမ် ထပ်မံ တိုးမြှင့်၍ ရသေးသည့် သဘော ဖြစ်သည်။
နောက်ထပ် ခြောက်လပြည့်ချိန်တွင်လည်း သာမာန် အခြေအနေမဟုတ်ဟု ဆက်တင်ပြပါက သာမာန်အားဖြင့် သက်တမ်းတိုး၍ ရသည်ဟု ဆိုဦးမည်သာ ဖြစ်သည်။ စစ်ကောင်စီ တင်ပြသည့် အချက်များထဲတွင် သာမာန် အခြေအနေမဟုတ်သေး ဆိုသည့် အချက်တစ်ခုကတော့ အရှိတရား ဖြစ်သည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီ ခေတ် တစ်လျှောက် သာမာန် မဟုတ်သည့် ဖြစ်စဉ်များစွာ ဖြစ်ပွားခဲ့သည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်၌ ဆန္ဒပြပွဲအနီး ဘတ်စ်ကားမှတ်တိုင်၌ ရပ်နေသည့် မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်းကို စစ်ကောင်စီ တပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကျဆုံးခဲ့ရသည်။ ထိုမှ စခဲ့သည့် ကျဆုံးမှုများသည် နှစ်နှစ်အတွင်း ၂၉၀၀ ဦး နီးပါးရှိလာခဲ့ပြီ ဖြစ်သည်။
အာဏာသိမ်း ကနဦး လများက တစ်နိုင်ငံလုံးမှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲများကို ရက်ရက်စက်စက် ဖြိုခွဲခဲ့ခြင်းကြောင့် ရာနှင့်ချီသည့် အရပ်သားများ သေဆုံးခဲ့ရသည်။ စစ်ကောင်စီ၏ ရက်စက်မှုများကြောင့် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့က လည်း အပြင်းအထန်ပင် နှိမ်နင်းသတ်ဖြတ်လျက် ရှိသည်။
PDF များ ရှိသည်ဟု အကြောင်းပြပြီး ကျေးရွာများထဲ ဝင်ရောက်ကာ မီးရှို့ခြင်း၊ ပစ်ခတ်ခြင်း၊ ဖမ်ဆီးနှိပ်စက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ အကြားတွင်လည်း အညာဒေသ၌ အရပ်သားများ နေ့စဉ် လိုလို သေဆုံးမှုများ ရှိနေသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်အတွင်း တွင်လည်း လေကြောင်း အင်အား အဆမတန် သုံးခြင်း၊ လက်နက်ကြီးများ အကြောင်းမဲ့ ပစ်ခတ်ခြင်းများကြောင့်လည်း ကလေးငယ်များ အပါအဝင် အရပ်သား ရာနှင့် ချီသေဆုံးခဲ့ရသေးသည်။
Burma Associated Press( BAP) ၏ စာရင်းများအရ စစ်ကောင်စီ အာဏာသိမ်းကာလ နှစ်နှစ်အတွင်း အရပ်သား ၂၈၅၄ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ ဒေသများ၌ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး စစ်ကောင်စီ တပ်များက တော်လှန်ရေး တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အရပ်သား ပစ်မှတ်များကိုလည်း ဆက်တိုက် ဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည်။
ISP Myanmar ၏ စစ်တမ်းအရ တစ်နိုင်ငံလုံး၌ ပြီးခဲ့သည့် နှစ်နှစ်အတွင်း စစ်ကောင်စီ တပ်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သား နေအိမ်အဆောက်အအုံ လေးသောင်းကျော် မီးလောင်ပျက်ဆီးခဲ့ရသည်။ မီးရှို့ဖျက်ဆီးခံရမှု အများဆုံး ဖြစ်ရာ ဒေသမှာ အညာဒေသဖြစ်ပြီး ကျေးရွာများထဲ စစ်ကြောင်းဝင်တိုင်း မီးရှို့ဖျက်ဆီးမှုများက ရှိစမြဲ အခြေအနေမျိုး ဖြစ်သည်။
အညာဒေသ၌ မီးဘေးသင့်၊ စစ်ဘေးရှောင် ပြည်သူ ရှစ်သိန်းခွဲကျော် ရှိနေပြီး ပြီးခဲ့သည့် လများအတွင်း စစ်ကောင်စီ တပ်များ၏ စစ်ကြောင်းထိုးမှုများ ပိုမိုများပြားလာသည့်နှင့်အမျှ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွားများ ပိုတိုးလာကာ နေရပ်စွန့်ခွာရသူ သောင်းနှင့်ချီ၍ ထပ်မံ တိုးလာဖွယ် ရှိနေသည်။
ဒီပဲယင်းမြို့နယ်တစ်ခုတွင်ပင် ပြီးခဲ့သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများက စစ်ကောင်စီ တပ်များ စစ်ကြောင်းများစွာ ခွဲ၍ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် သုံးထောင်ကျော် မီးလောင်ပျက်ဆီးခဲ့ရသည်။
ထိုသို့သော ဖြစ်စဉ်များကို စစ်ကောင်စီတပ်များက နေ့စဉ်နှင့်အမျှ အညာဒေသတစ်ခွင်တွင် ကျူးလွန်နေဆဲပင် ဖြစ်သည်။
ဒေသခံ စစ်ဘေးရှောင်များသည် တိုက်ပွဲ သက်တမ်းကြာမြင့်လာခြင်း၊ ဖျက်ဆီးခံရသည့် ကျေးရွာ အရေအတွက် အဆမတန် တိုးလာခြင်း၊ လယ်ယာစိုက်ပျိုးရေးများ မပြုလုပ်နိုင်ခြင်း စသည့် အခြေအနေများ ကြုံနေရပြီး စားနပ်ရိက္ခာများလည်း ပြတ်လပ်စပြုလာပြီ ဖြစ်သည်။
ဖျက်ဆီးမှုမခံရသည့် ကျေးရွာများက ဖျက်ဆီးခံရသည့် ကျေးရွာများမှ ပြည်သူများကို စောင့်ရှောက်ပေးသည့် ပုံစံဖြင့် ရိုင်းပင်ကူညီရင်း ကျားကန် ရပ်တည်ခဲ့သော်လည်း အခြေအနေများက ပို၍ ဆိုးရွားလာနေခဲ့ပြီး စစ်ကောင်စီတပ်များ၏ အကြမ်းဖက် ဖျက်ဆီးမှုများက လျော့ကျသွားဖွယ် မရှိသေးပေ။
ဆောင်းရာသီ ဝင်စကပင် ရေပြတ်လပ်မှုများ ကြုံနေရပြီ ဖြစ်သည့် ကရင်နီပြည်တွင်လည်း ယခုအခါ ရေ အခက်အခဲက အချိန်နှင့် အမျှ လိုအပ်ချက် ပိုမိုမြင့်မားလာနေသည်။
ဒေသတွင်း လူဦးရေ၏ သုံးပုံနှစ်ပုံကျော် စစ်ဘေးရှောင်နေရပြီး အများစုမှာ ခေါင်ဖျားသည့် ကျေးရွာများနှင့် တောတောင်များထဲတွင် အမှီပြု နေထိုင်နေရသည်။
၎င်းတို့သည် စားနပ်ရိက္ခာ ရှားပါးနေခဲ့သည်မှာ တစ်နှစ်ခွဲကျော်ခဲ့ပြီ ဖြစ်ပြီး စစ်ဘေးရှောင် စခန်းများပေါ်သို့ စစ်ကောင်စီ တပ်များက လက်နက်ကြီးများ မကြာခဏ ပစ်ခတ်လေ့ရှိသဖြင့် သေဆုံးရသူ အများအပြား လည်း ရှိသည်။
ကရင်နီဒေသအား စစ်ကောင်စီတပ်များက ဖြတ်လေးဖြတ် ပြုလုပ်ထားပြီး ဆေးဝါးတင်သွင်းခွင့်များကို ပြီးခဲ့သည့် နှစ်စကပင် ထိန်းချုပ် တင်းကြပ်ထားသဖြင့် စစ်ဘေးရှောင်များ အတွက် သက်တမ်းလွန် ဆေးဝါးများကိုသာ အမှီပြုနေထိုင်ခဲ့ရသည်။
လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေးငယ်များ၏ စိတ်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်ထားဖွယ် ရှိသည်ကိုလည်း ကရင်နီပြည်၌ မြင်တွေ့ရပြီး ကလေးငယ်များသည် စစ်ကောင်စီ တပ်များ၏ တပ်အပြောင်းအရွှေ့ ရဟတ်ယာဉ် သံများကြားလျင်ပင် ကြောက်ရွံ့ နေကြပြီ ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်သည်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်းက တိုက်ပွဲများ အများဆုံး ဖြစ်ပွားရာ ဒေသတစ်ခုဖြစ်သည်။ ဒီမိုကရေစီ၊ ဖက်ဒရယ် အရေး တိုက်ပွဲဝင်မည့် လူငယ်အများအပြား တော်လှန်ရေးပညာများ ခံယူခဲ့ရာ KNU နယ်မြေသည် စစ်ကောင်စီ တပ်များ၏ ကျူးကျော်မှုကို အရှိန်မြှင့် ခုခံနေခဲ့ရသည်။
ငြိမ်းချမ်းရေးမြို့တော်ဟု သတ်မှတ်ပြီး ဦးသိန်းစိန် လက်ထက်က တည်ဆောက်ခဲ့သည့် လေးကေ့ကော်မြို့သစ်ကိုပင် စစ်ကောင်စီက ဗုံးကြဲဖျက်ဆီး ပစ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း လေကြောင်း တိုက်ခိုက်မှု အကြိမ် ရာနှင့်ချီပြီး စစ်ကောင်စီ တပ်များက အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ကရင်တပ်ဖွဲ့များနှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ က အရှိန်မြှင့် ခုခံတော်လှန်နေဆဲ ဖြစ်သည်။
KNU နယ်မြေ အတွင်း အဆိုပါ တိုက်ပွဲများအကြား ဒေသခံ ငါးသိန်းဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ထိုင်းနယ်စပ် တစ်လျှောက်တွင် ခုံလှုံနေရသည့် မြန်မာဒုက္ခသည် တစ်သိန်းနီးပါးလည်း ရှိနေသေးသည်။
ပြီးခဲ့သည့်နှစ်တွင် KNU နယ်မြေအတွင်း ပြည်တွင်းစစ်မီးပွားက ရခိုင်ပြည်နယ်သို့ ကူးစက်ခဲ့သေးပြီး ရခိုင်ပြည်နယ်၌ တစ်ကျော့ပြန်စစ်ပွဲများ လပိုင်းခန့် ဖြစ်ပွားခဲ့သည်။
ယခု လတ်တလောတွင်တော့ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ယာယီ အပစ်အခတ်ရပ်စဲ ထားသဖြင့် တိုက်ပွဲများ ငြိမ်သက်လျက် ရှိနေသေးသည်။
ထို့အတူ ချင်းတော်လှန်ရေး တပ်ဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းသည့် ချင်းပြည်နယ်သည် စစ်ကောင်စီ တပ်များ၏ အကြမ်းဖက်ကျူးကျော်မှုများကို ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရသည်။
၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ထန်တလန်မြို့ မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်သည် စစ်ကောင်စီ တပ်များ၏ ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများထဲမှ တစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံမြောက်ဘက်ဖျားမှ အင်အားကောင်းသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည်လည်း စစ်ကောင်စီ တပ်များကို အရှိန်မြှင့်တော်လှန်နေပြီး နွေဦးတော်လှန်ရေး၌ NUG နှင့်လည်း လက်တွဲလုပ်ဆောင်မှုများစွာ ရှိထားသည့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ တစ်ခုဖြစ်သည်။
PDF တပ်ဖွဲ့များကို လေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးသည်ဟု ယူဆခြင်း တို့ကြောင့် စစ်ကောင်စီဘက်က ၎င်းတို့၏ သတင်းစာ ရှင်းလင်းပွဲ အတော်များများတွင် KIA အား အပုတ်ချ ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
မြေပြင် အခြေအနေတွင်လည်း အရပ်သား ရာနှင့်ချီ ရှိနေသည့် အနန့်ပါ ပွဲ ပြုလုပ်နေစဉ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခြင်း ကဲ့သို့ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့သည်။
ရှမ်းပြည်နယ် အတွင်းတွင်လည်း SSPP/SSA၊ MNDAA၊ TNLA တို့၏ ထိန်းချုပ်နယ်မြေများသို့ စစ်ကောင်စီ တပ်များ ကျူးကျော် ဝင်ရောက်မှုများကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများ ဖြစ်ပွားရာတွင် စစ်ကောင်စီတပ်များ အရေးမသာမှုများ ကြုံတွေ့ခဲ့ရပြီး လေကြောင်းအင်အားသုံးခဲ့သည့်တိုင် အကျအဆုံး အထိအခိုက်များခဲ့သည့် တိုက်ပွဲများ ဖြစ်ခဲ့သည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း စစ်ကောင်စီ တပ်များကို တွန်းလှန်နေသည့် တော်လှန်ရေးတိုက်ပွဲများ ပိုမိုအားကောင်းလာပြီး ပြည်တွင်းစစ်ကလည်း အရှိန်မြှင့်တောက်လောင်လျက် ရှိနေသည်။
တိုက်ပွဲများနှင့် ဝေးကွားနေဆဲ ဖြစ်သည့် ရန်ကုန်၊ မန္တလေး တို့ကဲ့သို့ မြို့ကြီးများသည် စစ်ဘေးသင့် မနေခဲ့သော်လည်း စစ်အာဏာသိမ်း ကပ်ဘေးတွင်တော့ မလွတ်မြောက်နိုင်ခဲ့ပေ။
အာဏာသိမ်းအပြီး ခြောက်လကျော်အကြာ ကိုဗစ် တတိယလှိုင်းအတွင်း စစ်ကောင်စီ အာဏာသိမ်းထားမှုက မြို့ကြီးများ၌ သောင်းနှင့်ချီပြီး ကိုဗစ်ကူးစက်ခံရမှုကြောင့် သေဆုံးခဲ့ရသည်။
သုဿာန်များ၌ သေဆုံးသူများ၏ အလောင်းများ တန်းစီနေခဲ့ပြီး ပရဟိတအဖွဲ့များ လက်ပန်းကျသည်ထိ ဖြစ်ခဲ့ရသည်။ မိသားစုလိုက် သေဆုံးမှုများ၊ မိဘနှစ်ပါးသေဆုံးခဲ့ရ၍ မိဘမဲ့ ဖြစ်ခဲ့ရသည့် ကလေးငယ်များက စစ်ကောင်စီ အာဏာသိမ်းမှု၏ အကျိုးဆက်များ ပင်ဖြစ်သည်။
ထို့ပြင် ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကလည်း မြို့ပြ များကို ကျပ်တည်းစေခဲ့သည်။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ ထွက်ခွာကုန်သဖြင့် ၎င်းတို့ကို အမှီသဟဲပြုနေရသည့် အလုပ်အကိုင်များလည်း ရပ်ဆိုင်းကုန်သည်။
အလုပ်လက်မဲ့ ဦးရေ တိုးမြှင့်လာပြီး အလုပ်အကိုင်များ ရှားပါးလာသည်။ ဆီဈေး၊ ဆန်ဈေးများ နှစ်ဆ သုံးဆ ထိုးတက်ခဲ့သည်။ အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာ စားအုန်းဆီ တစ်ပိဿ ကျပ်ခြောက်ထောင်၊ ဆန်တစ်ပြည် သုံးထောင် ဝန်းကျင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ခေါက်ဆွဲ ခြောက်ထုတ် တစ်ထုပ် ပင်လျင် ယခင်က ကျပ် နှစ်ရာ ဝန်းကျင်သာ ရှိရာမှ ယခုအခါ ကျပ် လေးရာ ကျော်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
စက်သုံးဆီ ဈေးနှုန်း၊ ဒေါ်လာဈေးနှုန်းများကလည်း စစ်ကောင်စီ သက်တမ်းအတွင်း တည်ငြိမ်သည့်ကာလ နည်းပါးခဲ့သည်။ စက်သုံးဆီ တစ်လီတာလျင် ကျပ်နှစ်ထောင်ကျော်လိုက် ကျလိုက်ဖြင့် ရစ်ဝဲ နေဆဲ ဖြစ်ပြီး အမေရိကန် ဒေါ်လာ တစ်ဒေါ်လာလျင် ကျပ်နှစ်ထောင်ကျော် ပေါက်ဈေး ဖြစ်နေဆဲ ဖြစ်သည်။
ဖေ့စ်ဘွတ် ပို့စ်တစ်ခုဖြင့် နေအိမ်ကို ချိတ်ပိတ်သည်အထိ တင်းကျပ်စွာ ဖိနှိပ်ထားသဖြင့် မြို့နေလူထုမှာ အုံကြွရန် လမ်းစ ရှာမရသေး၍ စစ်ကောင်စီ ပေးသည့် ဒုက္ခကို ခါးဆည်း ခံနေရဆဲ ဖြစ်သည်။
အဆိုပါ အခြေအနေများ ဖြစ်ပွားနေသော်လည်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် နိုင်ငံပိုင် မီဒီယာများသည် မည်သည့် ပွဲတော်ကာလ ရောက်ရောက် နိုင်ငံအတွင်း သာယာစည်ပင်နေသည်ဟုသာ ဦးစားပေးဖော်ပြခဲ့ကြသည်။
နှစ်သစ်ကူးပွဲများလည်း စည်ကား သင်္ကြန်လည်း စည်ကား နေသည်ကို စစ်ကောင်စီ သတင်းစာ ရုပ်သံများတွင် မြင်တွေ့နေကြဖြစ်သည်။
သို့သော် ယခု ကာလုံတွင်တော့ အဆိုပါ သာယာစည်ပင်မှုများ ကို စစ်ကောင်စီ အကြောင်းမပြတော့ပေ။
သာမာန် မဟုတ်သည့် အခြေအနေများ ဖြစ်နေဆဲ ဟု ဆိုပြီး ဖွဲ့စည်းပုံအရ ဆိုကာ သက်တမ်းတိုးလိုက်ပြန်ခြင်း ဖြစ်သည်။
တော်လှန်မှုများကို အကြမ်းဖက် နှိမ်နင်းနေသော်လည်း ထိန်းချုပ်မရသဖြင့် အကျပ်ရိုက်နေသည့် စစ်ကောင်စီသည် တိုက်ပွဲမဖြစ်သည့် မြို့ပြအချို့၌ ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေခဲ့ပြန်သည်။
တစ်ဖက်တွင်လည်း ခြေဥမှ သာမာန် ဆိုသည့် စကားလုံးကို အသုံးပြုပြီး ထောက်ခံသူများကို တရားဝင်ကြောင်း အကြောင်းပြကာ စစ်ကောင်စီက အာဏာ ဆက်ယူထားဦးမည် ဖြစ်သည်။
စစ်ကောင်စီ အကြောင်းပြသည့် ပုဒ်မ ၄၂၅ တွင် ပြည်ထောင်စုလွှတ်တော်သက်တမ်း ကုန်ဆုံးသွားချိန် ဖြစ်နေသဖြင့် ယခုကဲ့သို့ ကာလုံက သက်တမ်းထပ်တိုးပေး၍ ရသည့် ပုံစံမျိုး ဖြစ်နေရာ စစ်ကောင်စီသည် ၎င်းတို့ စိတ်တိုင်းကျ ပြုလုပ်မည့် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် လွှတ်တော်ဖြစ်လာမှသာလျင် အာဏာသိမ်းသည့် ပုံစံကို ဖယ်ရှားပြီး သဒ္ဓါကရေစီ ပြန်ပေးမည့် ပုံစံမျိုးပင် ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက နိုင်ငံရေး ပါတီ များ မှတ်ပုံတင်ခြင်း ဥပဒေ သစ်ဟု ဆိုကာ ၎င်းတို့၏ ရွေးကောက်ပွဲ ဝင်လိုသည့် နိုင်ငံရေး ပါတီများကိုပါ ထိန်းချုပ် ဖိနှိပ် လိုက်သည် ။ မဖြစ်မနေ စည်းရုံးရမည့် ပါတီဝင် အင်အား၊ထားရှိရမည့် ဘက်ဂျက် ပမာဏ များက လူထု ထောက်ခံမှု နည်းပါးလွန်းသည့် အဆိုပါ ပါတီများအတွက် ဖျက်သိမ်းခံရမည့် အရေးကလည်း ရှိနေသည်။
အဆိုပါ ဥပဒေကို ကြံ့ကြံ့ခိုင်နိုင်မည့် ပါတီဟူ၍ ကြံ့ခိုင်ရေး ပါတီ တစ်ခုသာ ရှိနေဖွယ် ရှိပြီး NLD ပါတီကလည်း စစ်ကောင်စီ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ကြေညာချက် ပူပူနွေးနွေး ထုတ်ပြန်ထားသေးသည်။
အဆိုပါ အခြေအနေမှာ ကြံ့ခိုင်ရေး ပါတီ တစ်ခုတည်းဖြင့် PR စနစ် သုံးကာ ရွေးကောက်ပွဲ ပြုလုပ်ရန် ကြံစည်နေသည့် သဖွယ် ဖြစ်နေခြင်း ဖြစ်သည်။
၎င်းတို့၏ ရွေးကောင်ပွဲ ဝင်ပြီး ၂၀၀၈ ခြေဥ အောက်မှ လွှတ်တော်အခင်းအကျင်းကို ပြန်သွားလိုသူ နိုင်ငံရေး သမားအချို့မှာလည်း စစ်ကောင်စီ၏ နိုင်ငံရေး ပါတီများကို ထပ်မံ ဖိနှိပ်လိုက်မှုကို စိတ်ပျက်လာသည့် ပုံစံများ ပြသလာခဲ့သည်။
ထိုသူများအတွက် ရည်ညွှန်းသည်ဟု မဆိုထားသော်လည်း စစ်ကောင်စီ မတရားဖမ်းဆီးထားမှုမှ ပြန်လည် လွတ်မြောက်လာသည်မှာ မကြာသေးသည့် ဝါရင့်နိုင်ငံရေး သမားကြီး ကိုမြအေးက
“ ကျားကိုခံရတဲ့ ဒဏ်ရာကို ကျားလျှာနဲ့သပ်မှ ပျောက်မယ်လို့ ယူဆပြီး ကျားနားမှာ ရစ်သီ ရစ်သီ လုပ်နေရင် အစားခံရမှာပဲ စဉ်းစားပေါ့” ဟု ဆိုထားလေသည်။















