နောက်ဆုံးရ
မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လူပုဂ္ဂိုလ် ၁၆ ဦး ကို ဩစတြေးလျအစိုးရက ပိတ်ဆို့ အရေးယူ လိုက်ပြီး စစ်တပ်ပိုင် ဦးပိုင်နှင့်မြန်မာစီးပွားရေး ကော်ပိုရေး ရှင်းကိုပါ ဒဏ်ခတ် ပိတ်ဆို့

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လူပုဂ္ဂိုလ် ၁၆ ဦး ကို ဩစတြေးလျအစိုးရက ပိတ်ဆို့ အရေးယူ လိုက်ပြီး စစ်တပ်ပိုင် ဦးပိုင်နှင့်မြန်မာစီးပွားရေး ကော်ပိုရေး ရှင်းကိုပါ ဒဏ်ခတ် ပိတ်ဆို့

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ခေတ်သစ်

ဩစတြေးလျအစိုးရက အကြမ်းဖက် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်အာ ဏာ သိမ်းမှုနှင့်ဆက်နွယ်သူ လူပုဂ္ဂိုလ် ၁၆ ဦးကို ဒဏ်ခတ် ပိတ်ဆို့ အရေး ယူ ကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန် ကြေညာသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်လာချိန်တွင် ဩစတြေးလျ အစိုးရ အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ် ခေါင်းဆောင် စိုးဝင်း အပါအဝင် အာဏာသိမ်းမှုနှင့် ဆက်နွယ်နေသော လူပုဂ္ဂိုလ် ၁၆ ဦးကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။ 

"ဒီပစ်မှတ်ထား အရေးယူမှုတွေက မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ပြင်း ထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သားပြည်သူတွေရဲ့ ရပိုင်ခွင့် တွေကို ဖိနှိပ်နေမှုတွေကို စိုးရိမ်ပူပန်တဲ့အတွက်  ဩစတြေးလျက အရေးယူ  တာဖြစ်ပါတယ်" ဟု ဩစတြေးလျအစိုးရက ထုတ်ပြန်ထားသည်။ 

ထို့ပြင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ၊ မြန်မာ့စီးပွားရေး ကော် ပိုရေး ရှင်း တို့ကိုလည်း ဩစတြေးလျက ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်၍ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် အကြမ်းဖက် စိုးဝင်းတို့ကို ယမန်နှစ် ရုရှားခရီးစဉ် အပြန် နေပြည်တော်လေဆိပ်တွင် မြင်တွေ့ရစဉ်။


ဆက်ဖတ်ရန် →

မဲဆောက်မြို့က မြန်မာ CDM အများအပြား အခက်အခဲတွေ့

မဲဆောက်မြို့က မြန်မာ CDM အများအပြား အခက်အခဲတွေ့ 

စစ်အာဏာသိမ်း၊ CDM၊ တက္ကသိုလ်ကျောင်းဆရာ

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES

ဓာတ်ပုံ ပုံစာ, 

အာဏာသိမ်းစစ်ကောင်စီကို CDM လုပ် ဆန့်ကျင်ကြတဲ့အထဲ တက္ကသိုလ်ဆရာ အများအပြားလည်း ပါဝင်ခဲ့

တစ်ချိန်က တက္ကသိုလ်ကျောင်းဆရာတစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တဲ့ အသက် ၅၀ ဝန်းကျင် ဆရာလင်းဟာ နယ်စပ်ဒုက္ခသည်မြို့လို့ တင်စားကြတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကို ရောက်နေတာ တစ်နှစ်ကျော်ရှိနေပါပြီ။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်အောက်မှာ တာဝန်မထမ်းဆောင်နိုင်ဘူးဆိုပြီး ဝန်ထမ်းတွေ အာဏာဖီဆန်တဲ့ Civil Disobedience Movement  (CDM) မှာ ဆရာလင်းလည်း ပါဝင်ခဲ့ပါတယ်။

“တက္ကသိုလ်ဆရာ၊ ဆရာမများ ကိုယ်စားပြုကော်မတီအနေနဲ့ သပိတ်မှာပါဝင်ခဲ့တယ်။ CDM မှာ ပါဝင်ဖို့ တိုက်တွန်းတာတွေ၊ ထောက်ပံ့တာတွေ လုပ်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ပုဒ်မ ၅၀၅ တပ်ခံရတဲ့အတွက် ကျွန်တော်လည်း မဲဆောက်ကို ရောက်လာတာ” လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ မြန်မာနိုင်ငံကနေ ခိုးဝင်လာရတာဖြစ်လို့ တရားမဝင်နေထိုင်သူတွေ ဖြစ်နေတာကြောင့် တရားဝင် အလုပ်လုပ်ခွင့် မရကြသလို တရားဝင် နေထိုင်ခွင့်တွေလည်း မရကြပါဘူး။ 

“ထိုင်းရဲ မြင်တာနဲ့ လန့်နေရတာ၊ အဖမ်းခံရပြီဆိုရင် ဒဏ်ငွေတပ်ခံရတယ်၊ ထောင်ချခံရတယ်၊ တချို့ဆို မြန်မာဘက်ကို ပြန်ပို့ခံရတာတွေလည်း ရှိတယ်” လို့ ဆရာလင်းက ပြောပါတယ်။

<ထောင်ကနေလွတ်ဖို့ လာဘ်ထိုးကြတာတွေလည်း ရှိတယ်။>

မဲဆောက်မြို့မှာ တန်းလျားတစ်ခုလို အခန်းတစ်ခန်းငှားဖို့အတွက် ဘတ် ၃၅၀၀ (မြန်မာငွေ ၃ သိန်း နီးပါး) ပေးရပြီး မိသားစု စားသောက်စရိတ် တစ်ရက် ဘတ် ၅၀၀ (မြန်မာငွေ ၄ သောင်း)လောက် ကုန်ကျနေပါတယ်။ တရားဝင် အလုပ်လုပ်ခွင့်မရှိတာကြောင့် ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတချို့ကို ထုခွဲရောင်းချပြီး စားသောက်နေရပါတယ်။

ထိုင်း၊ မြန်မာ၊ ဒုက္ခသည်

ဓာတ်ပုံ ရင်းမြစ်, WIKIMEDIA

ဓာတ်ပုံ ပုံစာ, 

မဲဆောက်-မြဝတီကြားက ထိုင်း-မြန်မာနယ်စပ်ဂိတ် 

“မြန်မာနိုင်ငံမှာ သူ့ဘာသာသူ ဘာလုပ်လုပ် ထိုင်းကို တရားမဝင် ဝင်လာရင် ရွှေ့ပြောင်းအလုပ်သမားလို့ပဲ မြင်တယ်။ ရွှေ့ပြောင်းအလုပ်သမားလို့မြင်ရင် သူ့ရဲ့သဘောသဘာဝအတိုင်း စာရွက်စာတမ်း အကုန်အပြည့်အစုံလုပ်ရမယ်။ အကုန် အလုပ်ကြမ်းပဲ လုပ်ခွင့်ရတယ်။ ဈေးရောင်းမယ်ဆိုရင်တောင် ဈေးဆိုင်အကူပဲရမယ်၊ ကိုယ်ပိုင်ဆိုင် ဖွင့်ခွင့်မရှိဘူး” လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

စာရွက်စာတမ်းတွေ အပြည့်အစုံမရှိကြတဲ့ အတွက် သက်ဆိုင်ရာ ရဲတွေကို လိုင်းကြေးအနေနဲ့ ဘတ် ၃၅၀ (မြန်မာငွေ သုံးသောင်းနီးပါး) ပေးရတဲ့အကြောင်း၊ ဒ့ါအပြင် ထိုင်းအလုပ်ရှင်အများစုက တရားမဝင် အလုပ်သမားခိုင်းစေမှု ဥပဒေတွေကြောင့် အလုပ်မပေးချင်ကြတဲ့အကြောင်း၊ နေ့စဉ်ပုံမှန်သွားလာတဲ့အခါမှာလည်း ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ထောက်လှမ်းရေး အပါအဝင် တခြားသော ထိုင်းအာဏာပိုင်တွေကို ငွေကြေးပေးရတာတွေရှိနေတယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

နောက်ပြီး မဲဆောက်မှာ မြန်မာပြည်နဲ့ပတ်သက်ပြီး ဆန္ဒပြမှုလို နိုင်ငံရေးလှုပ်ရှားမှုတစ်ခုခု ပေါ်ပေါက်လာတဲ့အခါတွေမှာလည်း လုံခြုံရေးစစ်ဆေးမှုတွေ ရှိလာတာကြောင့် CDM တွေအပါအဝင် ကျန်တဲ့မြန်မာနိုင်ငံသားတွေပါ လုံခြုံရေးသတိ ပိုထားကြရပါတယ်။​

“ပြောရမယ်ဆိုရင် ဘက်ပေါင်းစုံက မလုံခြုံဘူးပေါ့။ အသွားအလာ၊ အနေအထိုင် ၊ အစားအသောက်၊ အသက်ရှင်ရပ်တည် လှုပ်ရှားရုန်းကန်ရတာ အဆင်မပြေဘူး”လို့ ဦးမိုးကြိုးက ပြောပါတယ်။

စစ်အာဏာသိမ်း၊ ဖမ်းဆီး၊ ထွက်ပြေး၊ မဲဆောက်

ဓာတ်ပုံ ရင်းမြစ်, WIKIMEDIA

ဓာတ်ပုံ ပုံစာ, 

မြန်မာတွေ အများအပြား အလုပ်လုပ်ကြတဲ့ မဲဆောက်မြို့က ဈေး

အလုပ်လုပ်ကိုင်ခွင့်ကတ်ရဖို့၊ အလုပ်ရဖို့ ကြိုးစားတဲ့အခါတွေမှာလည်း ငွေကြေးလိမ်လည်တာတွေ ခံကြရသလို ငွေချေးတာတွေကြောင့် အချင်းချင်း လူမှုရေးပြဿနာတွေလည်း ရှိနေကြတာပါ။

CDM လုပ်လို့ အဖမ်းမခံရအောင် မဲဆောက်ကိုရောက်လာကြသူတွေထဲမှာ ဆရာလင်းတို့လို တက္ကသိုလ်ကျောင်းဆရာ၊ ရုံးဝန်ထမ်း၊ ကျောင်းဆရာတွေလည်း ပါဝင်ကြပါတယ်။ တချို့ ကျောင်းဆရာမတွေဆိုရင် အထည်ချုပ်လိုနေရာမျိုးတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေလို့ အလုပ်ကြမ်းတွေအပါအဝင် ဈေးရောင်းတာမျိုးတွေအထိ ကိုယ့်ရဲ့ မူလအသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်ပြီး လုပ်ကိုင်နေကြရတာပါ။

ဈေးရောင်းမယ်ဆိုရင်တောင် ဈေးရောင်းခွင့်လက်မှတ်၊ နေထိုင်အလုပ်လုပ်ခွင့်လက်မှတ်တွေနဲ့ မြို့နယ်စည်ပင်သာယာ‌ရေးရုံးကို လျှောက်ရတယ်လို့ ဆိုပါတယ်။ အထောက်ထားတစ်ခုရဖို့ အနည်းဆုံးဘတ် ၁ သောင်း (မြန်မာငွေ ရှစ်သိန်း) လောက်ပေးရပါတယ်။

အထောက်ထားမရှိလို့ အဖမ်းခံရရင် ထိန်းသိမ်းရေးစခန်းမှာ ၃ ရက်လောက် အချုပ်ခံရပြီး ဘတ် ၅ ထောင်ကနေ တစ်သောင်းခွဲကြား ( မြန်မာငွေလေးသိန်းကျော်ကနေ ၁၂ သိန်းကျော်) အထိ ဒဏ်ငွေချမှတ်ခံရနိုင်ပါတယ်။

နိုင်ငံရေးအရ မဲဆောက်ကို တိမ်းရှောင်လာသူတွေနဲ့ ဒုက္ခသည်တွေအရေး ထုတ်ဖော်ဆော်သြပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Maesot Refugee Voice ကနေလည်း မြန်မာဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို အရေးပေါ်တိုက်တွန်းချက်ဆိုပြီး ဇန်နဝါရီ ၂၉ မှာ ထုတ်ပြန်လာပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစလို့ အာဏာသိမ်းခံလိုက်ရတဲ့ မြန်မာနိုင်ငံကနေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းမီဒီယာတွေ၊ CDM  ကျောင်းဆရာ ဆရာမတွေ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ အသက်ဘေးနဲ့ လုံခြုံရေးကြောင့် မဲဆောက်မြို့ကို ခိုလှုံနေရတဲ့အကြောင်း၊ မဲဆောက်မှာ ကိုယ့်အစီအစဥ်နဲ့ကိုယ် ပုန်းအောင်းနေထိုင်ကြရပြီး လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာအရ ရပ်တည်ခွင့်မရဘဲ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှု၊ ငွေကြေးတောင်းခံမှု၊ တရားစီရင်တာတွေကို ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာဒုက္ခသည်တွေရဲ့ အရေးကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လစ်လျူရှုနေဖို့ မသင့်ဘဲ နိုင်ငံတကာ အစိုးရအဖွဲ့တွေကိုဖြစ်ဖြစ်၊ ထိုင်းနိုင်ငံ အာဏာပိုင်တွေကိုဖြစ်ဖြစ် ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ တိုက်တွန်းထားတာပါ။

ဒီတိုက်တွန်းချက်ကို ဆရာလင်းတို့လို CDM တွေသာမက ဦးမိုးကြိုးတို့လို အလုပ်သမားအရေး ကူညီပေးနေသူတွေကပါ ထောက်ခံတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ပြောပြတာကတော့ “Case တစ်ခုချင်းစီတော့ ဖြေရှင်းပေးနေတာရှိတယ်။ အလုပ်သမားအရေးဆို MOL (အလုပ်သမားဝန်ကြီးဌာန) ရော တစ်ခုချင်းစီအလိုက် ဖြေရှင်းပေးနေတာရှိတယ်ဗျ။ ပြေးလာသမျှ လူတွေအကုန်လုံးကို ပုံစံမျိုးစုံနဲ့ ရောက်လာကြတာဆိုတော့ စစ်ဘေးရှောင်ဆိုတဲ့ အခြေအနေနဲ့ သွားဖို့ရဖို့က (NUG) အစိုးရနဲ့ ထိုင်းအစိုးရတို့ ညှိနှိုင်းဆောင်ရွက်တဲ့ အဆင့်မှာပဲ ရှိသေးတယ်။ CDM တွေဆိုရင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ လက်အောက်ဌာနတွေကနေ တာဝန်ယူထောက်ပံ့နေတာရှိတယ်။ ရှိသမျှ CDM တွေရဲ့ ၁၀ ရာခိုင်နှုန်းပဲ ထောက်ပံ့နိုင်သေးတယ်”လို့ ပြောပါတယ်။

တက္ကသိုလ်ကျောင်းဆရာဘဝကနေ မဲဆောက်ရောက် တရားမဝင်နေထိုင်ရတဲ့ အခြေအနေရောက်နေတဲ့ ဆရာလင်းကတော့ “ကျွန်တော်တို့က ထိုင်းနိုင်ငံကို တရားမဝင်ရောက်လာတာဆိုတော့ သူတို့နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ပြီးသားဖြစ်နေတယ်။ ဒီလိုမျိုး မဖြစ်သာလို့ ရောက်လာတဲ့ လူတွေကို သီးခြား စောင့်ရှောက်တဲ့ စီမံကိန်းမျိုး ချမှတ်ထားဖို့တော့ လိုအပ်မယ်ထင်တယ်၊ အမှန်တရားအတွက် ဆောင်ရွက်ခဲ့ကြတဲ့သူတွေကို လူ့ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်မယ်လို့ ပြောချင်ပါတယ်။’’ 

CDM တွေအပါအဝင် စစ်ကောင်စီတပ်တွေရဲ့ အဖမ်းဆီးခံရမယ့်ဘေးကနေ ထွက်ပြေးလာသူတွေအတွက် စုပေါင်းနေထိုင်နိုင်တဲ့ ရိပ်သာလိုနေရာမျိုးတွေ စီစဉ်ပေးတာ၊ တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရဖို့ အကူအညီတွေ လိုအပ်နေကြတာဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

တက္ကသိုလ်ဆရာ ဆရာလင်းကတော့ သူလက်ရှိပိုင်ဆိုင်မှုတချို့ကို ရောင်းချပြီး ရလာတဲ့ ဝင်ငွေတစ်ခုကိုသာ ရပ်တည်နေရပြီး တခြားဝင်ငွေမရှိတဲ့အတွက် ငွေကြေးကျပ်တည်းမှုကို ရင်ဆိုင်နေရပါတယ်။ 

“တောင့်ခံနိုင်ဖို့ဆိုတော့ တော်တော်လေး ယိုင်ယိုင်နဲ့နဲ့ဖြစ်နေပါတယ်။ ရှေ့အလားအလာအတွက် မဟုတ်ဘဲနဲ့ လက်ရှိ ရှိနေတဲ့ အချိန်အတွင်းမှာပဲ ဘယ်လိုဖြတ်သန်းရမလဲ၊ ဘယ်လိုစရိတ်လျှော့ပြီး နေထိုင်စားသောက်ရမလဲ၊ ဒီလိုပဲ စီမံဆောင်ရွက်နေရတယ်” လို့ ဆရာလင်းက ပြောပါတယ်။

ဆရာလင်းလိုမျိုး အခြေအနေအမျိုးမျိုးကြောင့် စစ်ကောင်စီဖမ်းဆီးမှုကနေ ထွက်ပြေးလာတဲ့သူတွေဟာ နှစ်နှစ်အတွင်းမှာ ၆ သောင်းဝန်းကျင်ရှိနေပြီး မဲဆောက်မှာ ၅ သောင်းဝန်းကျင်၊ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင် စတဲ့ ဒေသတွေမှာ ၁ သောင်းဝန်းကျင်ရှိတယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ကနေ သိရပါတယ်။


ဆက်ဖတ်ရန် →
အသံတိတ် သပိတ်နေ့ နံနက် ၃ နာရီမှစ၍ စစ်တပ်နှင့်ရဲများ လုံခြုံရေး ယူမည် ဖြစ်ပြီး  မြို့နယ် အားလုံး တွင် စစ်တပ်ထောက်ခံပွဲများဖြင့် လှည့်လည်မည်

အသံတိတ် သပိတ်နေ့ နံနက် ၃ နာရီမှစ၍ စစ်တပ်နှင့်ရဲများ လုံခြုံရေး ယူမည် ဖြစ်ပြီး မြို့နယ် အားလုံး တွင် စစ်တပ်ထောက်ခံပွဲများဖြင့် လှည့်လည်မည်

၊ ဇန်နဝါရီ ၃၁ ခေတ်သစ်

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် စစ်အာဏာရှင် တော်လှန်ရေး  အသံတိတ် သပိတ် ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၃ နာရီမှစတင် ၍ စစ်တပ်နှင့်ရဲမျးက မြို့ပေါ် လုံခြုံရေး ကင်းပတ်ကြမည်ဖြစ်ကြောင်း ရဲဘက် သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

ရန်ကုန် အပါအဝင် မြို့ကြီးအားလုံးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၃ နာရီ မှ စတင်၍ အသင့်အနေအထားဖြင့် လုံခြုံရေး ယူရမည်ဖြစ်ပြီး ကင်းပုန်းများ ချ ထား မည်ဖြစ်ကြောင်း၊ ထို့ပြင် စနိုက်ပါ စစ်သားများကိုလည်း အထပ်မြင့် တိုက် တာများတွင် ချထားပြီး အဓိကအားဖြင့် စစ်တပ်ထောက်ခံပွဲပြုလုပ်မည့် ရန် ကုန် မြို့တော်ခန်းမရှေ့တွင် ပတ်ပတ်လည်ကို စနိုက်ပါ စစ်သားများ ယခုညက တည်းက ချထားကြောင်း သိရှိရသည်။ 

ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ထောက်ခံကြိုဆိုပွဲများကို ကျင်းပမည်ဖြစ်ပြီး  စစ်မှုထမ်းဟောင်းအဖွဲ့ ၊ ပျူစောထီး(ခေါ်) ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ မဘသနှင့် အမျိုးသားရေး အဖွဲ့ များက မြို့နယ် ထွေ/အုပ်ရုံးများတွင် စုစည်းကြမည်ဖြစ်ကြောင်း၊ နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီအတွင်း ကားများဖြင့် ရန်ကုန်မြို့အနှံ့ မြို့နယ်များ အလိုက် နေရာများခွဲ၍ လှည့်လည်ကြမည်ဖြစ်ကြောင်း သိရှိရသည်။ 

"မြို့နယ် သံဃာအဖွဲ့ဝင်တချို့ပါမယ်။ ရပ်ကွက်အုပ်ကြီးတွေ ရာအိမ်မှုး ဆယ် အိမ် မှူးတွေ ထွေအုပ်၊စည်ပင် ယောက်ျားလေးဝန်ထမ်းတွေကို အရပ်ဝတ်စုံ တွေနဲ့ လူစုခိုင်းထားတယ်။  အိမ်စီးကားမျိုးစုံလည်းအသင့်စုစည်းခိုင်းထား ပြီး  အသံတိတ်သပိတ် လုပ်မယ့် နံနက်၁၀ ​နာရီနဲ့ညနေ ၃နာရီကြား ကားတွေနဲ့ လမ်းမ တွေပေါ်လှည့်သွားဖို့ ညွှန်ကြားချက်တွေ ထွက်လာတယ်။ စစ်တပ်နဲ့ ရဲက လုံခြုံရေးပေးမယ်။  ကားတွေပေါ်မယ် မိမိကိုယ်ကို ကာကွယ်ဖို့ တုတ်၊ဓား၊ လေးခွ များဆောင်လာဖို့လည်း မှာထားကြတယ်"ဟု မရမ်းကုန်းမြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

ရန်ကုန်မြို့လယ်ခေါင်တွင် ပြုလုပ်သည့် စစ်တပ် အာဏာသိမ်းမှု ထောက်ခံကြို ဆိုပွဲ ၂ နှစ်ပြည့် အခမ်းအနားကိုလည်း မြို့နယ်များမှ ကားနှင့်လူများ  သွား ရောက် ပူးပေါင်း ကြမည်ဖြစ်ကြောင်း သိရှိရသည်။  

ဓာတ်ပုံ- ရန်ကုန်တွင် ကျင်းပခဲ့သည့်  စစ်တပ်ထောက်ခံပွဲ တစ်ခုမြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

Photo- AP



ရန်ကုန်.နေပြည်တော်နှင့်မန္တလေးအပါအဝင်တိုင်းမြို့ကြီးနှင့်မြို့နယ်များအားလုံးရှိဌာနဆိုင်ရာဝန်ထမ်းများအားမနက်ဖြန်အရပ်ဝတ်နဲ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိသက်ဆိုင်ရာရုံးများအရှေ့နှင့်လမ်းများပေါ်တွင်ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်စေထားကြောင်းနှင့်လမ်းမလျှောက်သောဝန်ထမ်းများအားထိထိရောက်ရောက်အရေးယူမည်ဟုညွှန်ကြားထားကြောင်းရန်ကုန်ဝန်ထမ်းအသိုင်းအဝန်းမှဖုန်းဆက်ပြောဆို

(အင်တာနက်သတင်း)



ဆက်ဖတ်ရန် →
ရွေးကောက်ပွဲမလုပ်ဖြစ်တော့ပါ

ရွေးကောက်ပွဲမလုပ်ဖြစ်တော့ပါ

ရွေးကောက်ပွဲလုပ်ရန် သမ္မတကိုအာဏာပြန်လွှဲပေးရသည်။
သမ္မတက မအလကို သက်တမ်းတိုးပေးမည်ဖြစ်၍ ရွေး
ကောက်ပွဲပျက်ပြီဖြစ်သည်။
***(ပေါ်ပြူလာတင်သည့်စာပိုဒ်ကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ဘာသာပြန်မရပါ)








ဆက်ဖတ်ရန် →
ဆိုင်ပိတ်စရာ မလို၊ ရုံးပိတ်စရာမလို သတ်မှတ်အချိန်အတွင်း အပြင်မထွက်ဘဲ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် ပြည်လုံးကျွတ် သပိတ်မှာ ပြည်သူ အားလုံး ပါဝင်ရေး ဦးမင်းကိုနိုင် တိုက်တွန်း (ရုပ်/သံ)

ဆိုင်ပိတ်စရာ မလို၊ ရုံးပိတ်စရာမလို သတ်မှတ်အချိန်အတွင်း အပြင်မထွက်ဘဲ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် ပြည်လုံးကျွတ် သပိတ်မှာ ပြည်သူ အားလုံး ပါဝင်ရေး ဦးမင်းကိုနိုင် တိုက်တွန်း (ရုပ်/သံ)





▪️ စစ်အာဏာရှင်က အသံတိတ် သပိတ်ကို  ကြောက်ရွံ့နေ

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ခေတ်သစ်

နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြုလုပ်မည့် စစ် အာဏာ ရှင် တော် လှန်ရေး အသံတိတ် သပိတ်တွင် ပြည်သူများ အားလုံး ပါဝင်ကြရန် ဦးမင်းကိုနိုင်က ယနေ့တိုက်တွန်းပြောဆိုသည်။ 

အသံတိတ် သပိတ်တွင် ဆိုင်ပိတ်စရာ မလို၊ ရုံးပိတ်စရာမလိုဘဲ သတ်မှတ် အချိန် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ အတွင်း အပြင်မထွက်ဘဲ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ်ပါဝင်နိုင်ကြောင်း၊ တစ်သံတည်း တစ်ချီတည်း ရုန်းကြရန်၊ ၂၀၂၃ ခုနှစ်သည် စစ်အာဏာရှင် အမြစ်ဖြတ်ရေး အထူးအရေးကြီး သော အချိန်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောဆိုသည်။


ဆက်ဖတ်ရန် →
ဒုဗိုလ်မှူးကြီးအဆင့် အရာရှိကိုပါ ပစ်သတ်သည်အထိ အရှိန်မြင့်လာတဲ့ တပ် တွင်း ပုန်ကန်မှု တွေကြောင့် မင်းအောင်လှိုင် စစ်တပ် ပြိုကွဲဖို့ နီးလာပြီလား

ဒုဗိုလ်မှူးကြီးအဆင့် အရာရှိကိုပါ ပစ်သတ်သည်အထိ အရှိန်မြင့်လာတဲ့ တပ် တွင်း ပုန်ကန်မှု တွေကြောင့် မင်းအောင်လှိုင် စစ်တပ် ပြိုကွဲဖို့ နီးလာပြီလား

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်ပြီး စစ်အာဏာသိမ်းလိုက်ချိန်မှာ စစ်တပ်အတွင်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့စစ်တပ် အရာရှိ တွေ၊ စစ်သည်တွေ အမြောက်အမြား ရှိနေခဲ့ကြပါတယ်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းကာလကနေ ဒီနေ့အထိ CDM ဝင်ကြတာ၊ တပ် ထဲ ကနေ ထွက်ပြေးကြတာ အပါအဝင် စစ်တပ်ကို စွန့်ခွာသွားတဲ့ စစ်သည် နဲ့ အရာ ရှိ အရေအတွက် ၃ သောင်းနီးပါးရှိတယ်လို့ တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

အကြောင်းအမျိုးမျိုးကြောင့် တပ်ကို မစွန့်ခွာ၊ ထွက်မပြေး၊ CDM မဝင်နိုင် ပေ မယ့်လည်း တပ်တွင်းသတင်းတွေကို ပြင်ပ ထုတ်ပေးတဲ့ ဖရဲသီး တွေလည်း မြောက် မြားစွာရှိခဲ့ပြီး အခွင့်အရေး ရတာနဲ့ တပ်တွင်း ပုန်ကန်မှုတွေ လုပ်ဖို့ ပြင် ဆင်ကြိုးစားမှု များစွာလည်းရှိနေပါတယ်။ အခုအခါမှာတော့ တပ်တွင်း ပုန်ကန် မှု တွေက ပုံစံအမျိုးမျိုးနဲ့ လူထုရှေ့မှောက်ကို ရောက်ရှိလာနေပါတယ်။ 

ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း ပြင်ဦးလွင်၊ စစ်တပ် ဆက်သွယ်ရေးနဲ့ အီလက်ထရောနစ်သင်တန်းကျောင်း ဒုကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုး အောင် ကို စစ်သည် ၁ ဦးက သေနတ်နဲ့ ၂ ချက် ပစ်သတ်လိုက်ပါတယ်။ 

ပစ်သတ်မှုဖြစ်စဉ်က တပ်တွင်း ပုန်ကန်မှု စစ်တပ်က သတင်းမ ပေါက်ကြား စေ ဖို့ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ အမှောင်ချခဲ့ပေမယ့်လည်း တပ်တွင်း ဖရဲသီး တွေ ကြောင့်ပဲ သတင်းပေါက်ကြား ဖော်ပြနိုင်ခဲ့ပါတယ်။ 

ပြင်ပကို သတင်းမထွက်လာတဲ့ တပ်တွင်းပုန်ကန်မှုတွေ များစွာရှိခဲ့ပြီး ဒုတိယ ဗိုလ် မှူး ကြီး အဆင့် အရာရှိကြီးကို စစ်သည် ၁ ဦးက ပစ်ခတ်သတ်ဖြတ် တဲ့ အထိ တပ်တွင်းပုန်ကန်မှုတွေ အရှိန်တက်လာနေတာလည်းဖြစ်ပါတယ်။ 

CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ ဒီဖြစ်စဉ်က  အမိန့်မနာခံမှုနဲ့ တပ် တွင်း ပုန်ကန်မှုတွေ စစ်တပ်အတွင်းမှာ ဖြစ်ပေါ်နေတာကို ပေါ်လွင်စေပြီး ပြည်သူ တွေ မသိလိုက်ရတဲ့ တပ်တွင်း အမိန့်မနာခံမှုနဲ့ ပုန်ကန်မှုတွေ များစွာရှိ နိုင်တယ်လို့ သုံးသပ်ပြော ဆိုပါတယ်။ 

"ပြင်ဦးလွင်လို သင်တန်းကျောင်းတစ်ခုမှာ အခုလို ဒုတိယကျောင်းအုပ်ကြီး ရာထူး ရှိပြီး ဒုတိယဗိုလ်မှူးကြီး  အဆင့်ရှိသူတစ်ဦးကို လက်အောက်ကနေ ပြန်ပြီး တော့ ပစ်သတ်တယ်ဆိုတာက အထက်အောက် ယုံကြည်မှု လျော့နည်း နေတဲ့ သဘောတရားတွေ သွားတွေ့ရတယ်။ နောက်ပြီးတော့ အပေါ်ကနေ ပြီးတော့ လက်အောက်က အဖွဲ့တွေကို ဖိနှိပ်ထားလဲ၊ ချုပ်ခြယ်ထားလဲ။ နောက် ပြီး အတင်းအကျပ် အဓမ္မစေခိုင်းမှုတွေ ဘယ်လောက်ရှိနေမလဲ ဆိုတာကို ကျနော် တို့သွားတွေ့ရတယ်။ ဒီအချက်အလက် တွေကြောင့် အခုလိုမျိုး ဒုတပ် ကြပ် ကနေ ဒုတိယဗိုလ်မှူးကြီး အဆင့်ပေါင်းများစွာ ကွာတဲ့သူကို ဒီလိုမျိုး ပြန်ပစ်တဲ့ဖြစ်စဉ် ဖြစ်သွားတာဖြစ်တယ်။ ကျနော်တို့ အခုလိုမျိုး သိရတဲ့ ဖြစ်စဉ် ပဲရှိသေးတယ်။ မသိရတဲ့ဖြစ်စဉ်တွေ ဘယ်လောက်များရှိမလဲ" လို့ CDM ဗိုလ် ကြီး လင်းထက်အောင်က ဆိုပါတယ်။ 

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသော တပ်တွင်းပုန်ကန်မှုများ
====================================

ရန်ကုန်ခေတ်သစ်အနေနဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တပ်တွင်း ပုန်ကန်မှု သတင်းတွေ ပြန်လည်စာရင်း ကောက်ယူရာမှာ ထူးထူး ခြားခြား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တပ်တွင်း ပုန်ကန်မှုတွေ ဖြစ်ပေါ်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ စစ်ပင်ကွင်း ကျေးရွာမှာ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သည် ၇ ဦးကို စစ်သား ၂ ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ 

ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးမျိုးဟန်၊ တပ်ကြပ်သိန်းအောင်၊ တပ်သားတိုးတက် နိုင်၊ တပ်သားမျိုးမင်းခန့်၊ တပ်သားစန်းဝင်း၊ တပ်သားအောင်လေးနဲ့ တပ်သား လင်းလင်းထွေး တို့ သေဆုံးပါတယ်။ တပ်တွင်းပုန်ကန်ပြီး ပစ်ခတ်ခဲ့တဲ့ စစ် သည် ၂ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီးရမိပြီး စစ်ဆေးအရေးယူတာတွေ မလုပ်တော့ဘဲ သတ်ပစ်လိုက်ပါတယ်။ 

နောက်ထပ် အစုလိုက်အပြုံလိုက် တပ်တွင်း ပုန်ကန်မှု တစ်ခုကတော့  ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်ကျေးရွာ၊ အမှတ် ၇ တပ်မ တော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ စစ်သား ၈ ဦးကို အရာခံ ဗိုလ် အောင်သန်းက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ အရာရှိ တချို့က အမှတ် ၇ တပ်မတော်တန်းမြင့်သင်တန်းကျောင်းကို လာရောက် စစ်ဆေးရာမှာ လုံခြုံရေး ကင်းကျနေတဲ့ စစ်သား ၁၀ ဦးက ဆေးသုံးစွဲပြီး မူးယစ် နေတာ၊ အရက်သောက်ထားတာကို တွေ့ရှိရကြောင်း၊  အဲဒါကြောင့် သင်တန်း ကြီးကြပ်ရေးအရာရှိ အရာခံဗိုလ်အောင်သန်းကို စစ်အရာရှိတွေက ခေါ်ယူ အပြစ် ပေး ဆူပူရာက ညပိုင်းမှာ အရာခံဗိုလ် အောင်သန်းက   စစ်သား ၈ ဦးကို ပစ်ခတ် သတ်ဖြတ်လိုက်တာလည်းဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာတော့ တပ်တွင်း ပုန်ကန်ခဲ့သူ အရာခံဗိုလ်အောင်သန်းကို ဖမ်းဆီးရမိခဲ့ခြင်း မရှိပါဘူး။ 

သုံးသပ်ချက်
==========

မင်းအောင်လှိုင်ရဲ့ အကြောင်းပြချက် မခိုင်လုံဘဲ သမ္မတရူး ရူးနေတဲ့ ဆန္ဒကြောင့် အာဏာသိမ်းခဲ့ရာက ပြည်သူတွေနဲ့ စစ်တပ်အကြားမှာ ရန်သူဖြစ်လာနေတာ၊ နေ့စဉ် စစ်သားတွေ သေဆုံးနေတာ၊ စစ်မှုထမ်းဟောင်းနဲ့ စစ်သား အသိုင်း အဝိုင်း တွေ လုံခြုံမှု မရှိတော့တာတွေကြောင့် တပ်တွင်းပုန်ကန်မှုတွေ ဒီထက် ပိုမို များပြားလာဖို့ ရှိနေပါတယ်။ 

စစ်တပ်က တပ်တွင်းပုန်ကန်မှုတွေ မဖြစ်ဖို့ ၊ CDM တွေ မလုပ်ကြဖို့ အတွက် အရာရှိ၊ စစ်သည် တပြေးညီ ထမင်း၀ိုင်းတွေကို စီမံချက်နဲ့ တပ်တွေထဲမှာ လိုက် လုပ်နေပေမယ့်လည်း အရာရာက နောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။ ကြီးမားတဲ့ တပ်တွင်း ပုန်ကန်မှုတွေက သိပ်မကြာခင် ဖြစ်လာနိုင်တယ်လို့ သုံး သပ်မှုတွေလည်းရှိပါတယ်။ 

CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ တပ်တွင်း အမိန့်မနာခံမှုတွေ ပုန် ကန် မှု တွေ ထပ်ဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကို သဘော တူပါ တယ်။ 

"စစ်တပ်အတွင်းမှာ ပြည်သူတွေရဲ့ ဖိအားပေး တော်လှန်မှုတွေကြောင့် ဘယ် လောက်တောင် ရိုက်ခတ်နေမလဲဆိုတာ တွေးကြည့်လို့ရပါတယ်။ စစ်တပ် အတွင်း မှာ အထက်အောက် မယုံကြည်မှုတွေ  အမိန့် နာခံစီးဆင်းမှုတွေမှာ ပျက်ပြားလာတာတွေ၊ အမိန့်မနာခံမှုတွေ ဒီထက်တိုးလာဖို့ပဲရှိတယ်လို့ ပြော ချင်ပါတယ်" လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ဆိုပါတယ်။

ဘောမတွေကအခုအချိန်အထိ ငါးစာပဲမြင်တုံး
ပြည်သူဟာငါးမျှားချိတ်မှန်းခုထိမသိသေးတာ
စောက်ပိန်းတွေ~~~~~





ဆက်ဖတ်ရန် →
စစ်အာဏာသိမ်းမှုကြောင့် ဆုတ်ယုတ်မှုအတိုင်းအတာကြီးမားနေလို့ ကုလထောက်ပြ

စစ်အာဏာသိမ်းမှုကြောင့် ဆုတ်ယုတ်မှုအတိုင်းအတာကြီးမားနေလို့ ကုလထောက်ပြ

 voanews

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှားပြီး စစ်တပ် အာဏာသိမ်းခဲ့တာ ၂ နှစ် ကြာလာချိန်မှာ တိုင်းပြည်တွင်း အကျပ်အတည်းတွေဟာ စဉ်းစားကြည့်လို့ မရနိုင်လောက်အောင် ဆိုးဝါးဆုတ်ယုတ်လာခဲ့တယ်လို့ UNOHCR လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Volker Türk က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ 

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းကစလို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသဖြင့် နယ်ပယ်စုံမှာ လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ ဆိုးရွားလာခဲ့တယ်လို့ ကုလ မဟာမင်းကြီး Volker Türk က ဒီကနေ့ ကြေညာချက် ထုတ်ပြန်သတိပေးလိုက်တာပါ။ အကြမ်းဖက်မှုတွေ ဖြစ်လာရင် အရပ်သားတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိတဲ့ စစ်တပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ဆက်တိုက်ချိုးဖောက်နေတယ်လို့ ပြောပါတယ်။ 

အရပ်သား စစ်သား မခွဲခြားဘဲ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး ရွာလုံးကျွတ်မီးရှို့တာ၊ နှိပ်စက်ညှင်းပမ်းတာ၊ တရားလက်လွတ် သတ်ဖြတ်တာ၊ ကုန်ကြောင်း လေကြောင်းတွေကနေ တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ကုလ မဟာမင်းကြီးက ပြောပါတယ်။ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေအရ စစ်တပ်နဲ့ သူတို့အပေါင်းအပါတွေရဲ့ လက်ချက်နဲ့ သေဆုံးရသူ ၂၈၉၀ ထက်မနည်း ရှိနေပြီး တကယ်တမ်း စစ်တပ်လက်ချက်နဲ့ သေဆုံးရတဲ့ အရပ်သားတွေဟာ အခုထက်ပို နိုင်တယ်လို့လည်း ပြောပါတယ်။ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူပေါင်း ၁.၂ သန်း ကျော်ရှိနေပြီး နိုင်ငံနယ်နိမိတ်ဖြတ်ကျော် ထွက်ပြေးရတဲ့ ဒုက္ခသည်က ၇ သောင်းကျော် ရှိတယ်လို့လည်း ပြောပါတယ်။

 မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့တောင်းဆိုတဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့လက တညီတညွတ်တည်း ချမှတ်နိုင်ခဲ့တာကိုလည်း ကုလမဟာမင်းကြီး Volker Türk က ပြန်လည်ထောက်ပြပြီး မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုတွေ ရပ်တန့်အောင်၊ မြန်မာပြည်သူတွေကို ကာကွယ်ပေးနိုင်အောင်နဲ့ အခြေခံ လူ့အခွင့်အရေး လေးစား လိုက်နာမှုတွေ ရှိလာအောင် ကမ္ဘာကြီးက ဝိုင်းဝန်း ဖိအားပေးရမယ့်အချိန် ဖြစ်တယ်လို့လည်း ဒီကနေ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။ 

အာဏာသိမ်းအုပ်ချုပ်နေတာ ၂ နှစ်ရှိပြီဖြစ်တဲ့ စစ်ကောင်စီဟာ သူ့ ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်နေဆဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူထုဆက်ဆံရေးဌာနရဲ့ ShareAmerica အင်တာနက် စာမျက်နှာမှာ ဖေါ်ပြပါတယ်။ မြန်မာပြည်သူတွေ သူတို့ အနာဂတ်ကို သူတို့ ပုံဖေါ်နိုင်အောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဟိုးအရင်ထဲက ထောက်ခံအားပေးခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ရဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့က ပေးပို့တဲ့ သဝဏ်လွှာပါ ရေးသားချက်ကိုလည်း ရန်ကုန် အမေရိကန် သံရုံး Twitter စာမျက်နှာမှာ ပြန်လည်ဖော်ပြထားပါတယ်။ 


 

ဆက်ဖတ်ရန် →
နိုင်ငံရေးလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲကျင်းပမယ့် စစ်ကောင်စီကို ကုလအကြီးအကဲ သတိပေး

နိုင်ငံရေးလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲကျင်းပမယ့် စစ်ကောင်စီကို ကုလအကြီးအကဲ သတိပေး

voanews

 မြန်မာနိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ခွင့်တွေမရှိဘဲ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် မတည်မငြိမ်အခြေအနေတွေ ပိုဆိုးလာနိုင်ကြောင်း ကုလသမဂ္ဂအကြီးအကဲက သတိပေးလိုက်ပါတယ်။

 စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားနေအိမ်တွေကို တိုးပြီး မီးရှို့လာနေသလို နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေနဲ့ သတင်းသမားတွေကို ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်နှောက်ယှက်မှုတွေကြားမှာ ရွေးကောက်ပွဲ ကျင်းပမယ့်အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က စိုးရိမ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်တာပါ။ 

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၂ နှစ်ပြည့်အဖြစ် အတွင်းရေးမှူးချုပ်ရုံးက တနင်္လာနေ့မှာ ထုတ်ပြန် လိုက်တဲ့ ကြေညာချက်မှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းလည်း ဖော်ပြထားပါတယ်။

 မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အကျပ်အတည်းပေါင်းစုံဟာ ပိုမိုဆိုးရွားလာနေပြီး ဒေသတွင်းကိုပါ အလေးအနက် ရိုက်ခတ်လာနေချိန် မှာအကြမ်းဖက်လုပ်ရပ် မှန်သမျှကို အပြင်းအထန် ရှုတ်ချကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ မြန်မာ့အရေး ကုလ သမဂ္ဂလုံခြုံရေးကောင်စီက ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ဆုံးဖြတ်ချက် ချနိုင်ခဲ့တဲ့အပေါ်မှာလည်း ကြိုဆိုခဲ့တာပါ။

 မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေ၊ လိုအပ်ချက်တွေကို လေးစားကြဖို့နဲ့ ဒီမိုကရေစီစံနှုန်းတွေကို လေးစားလိုက်နာဖို့ စစ်ခေါင်းဆောင်တွေကို မြန်မာ့အိမ်နီးချင်း နိုင်ငံတွေက တောင်းဆိုကြဖို့လည်း အတွင်းရေးမှူးချုပ်က ထပ်မံတိုက်တွန်းခဲ့ပါတယ်။ 


 

ဆက်ဖတ်ရန် →
KlA နှင့် PDF များကို အကြမ်းဖက် သမားများဖြစ်သည်ဟု လိမ်လည်ရေးသား ထားသော  စာစောင်များ  ပြည်သူများထံဝေငှ၍ စစ်ကောင်စီတပ် ဝါဒဖြန့်

KlA နှင့် PDF များကို အကြမ်းဖက် သမားများဖြစ်သည်ဟု လိမ်လည်ရေးသား ထားသော စာစောင်များ ပြည်သူများထံဝေငှ၍ စစ်ကောင်စီတပ် ဝါဒဖြန့်

ဇွဲနိုင်/ဧရာဝတီတိုင်းမ် (ရေဖြူ)၊ဇန်နဝါရီလ ၃၁ ရက်

 တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် KlA နှင့် PDF များကို အကြမ် းဖက်သမားများဖြစ်သည်ဟု လိမ်လည်ရေးသားထားသော စာစောင်များအား ပြည်သူများထံဝေငှပြီး စစ်ကောင်စီတပ်က ဝါဒဖြန့်ချိနေတယ်လို့ ဒေသခံများထံက သိရပါတယ်။ 

 စစ်ကောင်စီတပ်က လိမ်ညာရေးသားထားတဲ့ စာစောင်တွေကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီခန့်ကတည်းက လိုက်လံ ဝေငှနေတာဖြစ်ပြီး လိုက်လံဝေငှနေသူတွေဟာ မောရ၀တီငှာနချုပ်က စစ်ကောင်စီတပ်သားတွေလို့ သိရပါတယ်။ "သူတို့(စစ်ကောင်စီတပ်)က လမ်းသွားလမ်းလာပြည်သူတွေကို တားပြီး ပေးနေတာဗျ။ ကျွန်တော့်ကိုလည်း ဘာမှမပြောဘဲနဲ့ သူတို့မဟုတ်မမှန် လီဆယ်ဝါဒဖြန့်ထားတဲ့ စာစောင်ကြီး အတင်း ထိုးပေးတယ်။

 ကျွန်တော်လည်း မယူချင်ဘဲနဲ့ယူလာခဲ့ရတာမို့ စာစောင်ကို ဖတ်တောင်မကြည့်ဘဲ လွှင့်ပစ်လိုက်တယ်"လို့ ကံပေါက်ဒေခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ ဝါဒဖြန့်စာစောင်တွေကို လမ်းဆုံလမ်းခွများဖြစ်တဲ့ ပြင်ကြီးလမ်းဆုံ၊ သစ်တောရုံးလမ်းဆုံ၊ စျေး၊ ကျောက်တိုင် နဲ့ ဆင်ရပ်တံတား တို့ကနေ လာသမျှ ပြည်သူတွေဆီ အတင်းလိုက်လံဝေငှ နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

 "သူတို့(စစ်ကောင်စီတပ်)ပဲ ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်၊ မုဒိမ်းကျင့်တာ။ ရွာတွေကိုမီးရှို့ပြီး သူတို့ကပဲ့ မဟုတ်မမှန်လိမ်လည်လီဆယ်ထားတဲ့ စာစောင်တွေကို ဖြန့်နေသေးတယ်။ ဘာရည်ရွယ်ချက်နဲ့ အခုလိုလုပ်နေလဲ မသိဘူး။ အရမ်းရယ် ရတဲ့ အကြမ်းဖက် စစ်တပ်" လို့ ကံပေါက် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။ 

 ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း ကံပေါက်မှာ အုပ်ချုပ်ရေးမှူနဲ့ တပည့်ပျူစောထီး အပါဝင် သုံးဦးပစ်ခတ်ခံခဲ့ရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးမှာ လက်ရှိ အချိန်အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ပါတယ်။ 

 လက်ရှိတွင် ကံပေါက်ဒေသရှိ ဆိုင်ကယ်စီးနင်းခွင့်ကို ပိတ်ပင်ထားပြီး ဒေသခံ ၁၅ ဦးခန့်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားကာ ယနေ့အချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။ 

 #Ayeyarwaddy_Times



ဆက်ဖတ်ရန် →
ဒဂုံဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့  ရာအိမ်မှူး ၃ ဦး ဒဏ်ရာ လေးဦးစလုံးပြင်း ဘယ်သူသေလဲမသိရသေး

ဒဂုံဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ရာအိမ်မှူး ၃ ဦး ဒဏ်ရာ လေးဦးစလုံးပြင်း ဘယ်သူသေလဲမသိရသေး

DVB TV News 

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေလီလမ်းနဲ့ ဧရာဝဏ်လမ်း ထောင့်ရှိ ၆၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဇန်နဝါရီ ၃၀ ရက် မနေ့ညက ပစ်ခတ်တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ရာအိမ်မှူး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ 

 မနေ့ည ၉ နာရီဝန်းကျင်က ဧည့်စာရင်းပေးပြီး ရုံးပိတ်ဖို့လုပ်နေချိန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို ဆိုင်ကယ်စီးလာသူတွေက လက်ပစ်ဗုံးနဲ့ပစ်ခဲ့ပြီး သေနတ်နဲ့ပါ ထပ်မံပစ်ခတ်ခဲ့လို့ လေးဦးဒဏ်ရာရရှိခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

 "ဗုံးအရင်ပေါက်ပြီး သေနတ်သံတွေထွက်လာတာ ငါးချက်လောက်ရှိမယ်။ အဲ့လိုတွေဖြစ်ပြီး မကြာဘူး လူနာတင်ယာဥ်တွေရော စစ်ကားတွေပါ ရောက်လာတာ"လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲပြီး သေနတ်နဲ့ပါထပ်မံပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူး ၁ဦးနဲ့ ရာအိမ်မှူး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး စစ်ကောင်စီတပ်တွေက လူနာတင်ယာဥ်နဲ့ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီး စပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။ 

"ဒဏ်ရာကတော့ လေးဦးစလုံးပြင်းတယ်။ ဘယ်သူသေလဲ၊ ဘယ်ဆေးရုံပို့တယ်ဆိုတာ မသိရဘူး။” မနေ့မနက်ကလည်း လှိုင်မြို့နယ် ၂ ရပ်ကွက် ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ရာမှာ ရွှေဝါဆပ်ပြာစက်ရုံရဲ့ ဒုထွေထွေမန်နေဂျာဦးမြင့်စိုး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဆက်ဖတ်ရန် →
ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

ဩစီရောက် ၈၈မျိူးဆက် ကိုမောင်မောင်သန်းနှင့်
အဖွဲ့က ရဲများကဆွဲခေါ်ဖယ်ရှားသည့်ကြားမှပင်
မြန်မာပြည်တွင်ပြည်သူကိုဖမ်းဆီး သတ်ဖြတ်
နေသည့်စစ်မိစ္ဆာ၏ကိုယ်စားပြုစစ်သံရုံးတံခါးရှေ့
တွင်သံကြိုးဖြင့်ခတ်ပြီးလူဝိတ်ဖြင့်ပိတ်ဆို့ထားသဖြင့်
စစ်ခွေးများဝင်မရ၍ ရဲခေါ်သဖြင့် ကိုမောင်မောင်သန်း
တို့အားဖယ်ရှားနိုင်သော်လဲ ခတ်ထားသောသံကြိုး
အားဖြတ်တောက်မရ၍ ဖမ်းဆီးခြင်းမခံခဲ့ရပါ
ဓါတ်ပုံ ( ကိုမောင်မောင်သန်း )
မီဒီယာများဆင်ဆာပြုလုပ်ရန်မလိုပဲလွတ်လပ်စွာအသုံးပြု
နိုင်ပါသည်၊)




































ဆက်ဖတ်ရန် →
မြန်မာစစ်တပ် ရှေ့လျောက် ညီညွတ်နေဦးမည်လော

မြန်မာစစ်တပ် ရှေ့လျောက် ညီညွတ်နေဦးမည်လော

ဘာတေး လစ်တနာ -
လုံခြုံရေး တင်းကျပ်လာမှု ကြောင့်  စစ်တပ်မှ ထွက်ပြေးခိုလှုံလာသူ အရည်အတွက် သိသိသာသာ ကျဆင်းလာခဲ့သည်ဟု ပြည်သူ့ရင်ခွင် မှ စာရင်းထုတ်ပြန်လာချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ၁၉၆၂ ခုနှစ်ကတည်းက အာဏာကို (လူထုကို နည်းနည်းလေးမျှပင် အားနာရ ကောင်းမှန်း မသိပဲ) တောက်လျှောက် ဆုပ်ကိုင်လာခဲ့သည့် စစ်တပ်သည် ဆက်၍ အောင်မြင်ဦးမည်လောဟု ၂၀၂၃ ခုနှစ်တွင် မေးရဖို့ ဖြစ်လာသည်ဟူသော ဘာတေး လစ်တနာ၏ ဆောင်းပါး ဧရာဝတီတွင် ပါရှိလာခဲ့သည်။

စစ်တပ်ထဲ တွင် ဖြုတ်ထုတ် ချောင်ထိုး သန့်စင်မှုများ အမြဲလို ရှိနေသော်လည်း နောက်ဆုံးတွင် စစ်ဗိုလ်ချုပ်များ ‌ပေးသည့် အမိန့်သည် မည်မျှပင် လူမဆန် ရက်စက်ကြမ်းကြုပ် နေစေကာမူ အောက်‌‌ ခြေ စစ်သားကအစ တသွေမတိမ်း လိုက်နာကြခြင်း ဖြင့် ညီညွတ်နေကြစမြဲ ဖြစ်သည်။

လက်ရှိ အနေအထားသည် ယခင်ကလို ဖြစ်လာတော့မည် မဟုတ်ဟု ပြောရဖို့ ဖြစ်လာသည်။ ဤသည်ကလည်း မင်းအောင်လှိုင် နှင့် သူ့အနား ခစားနေ‌ကြသော ဗိုလ်ချုပ်ကြီးများ၏ မည်သို့မျှ သုံးစားမရသည့် sheer incompetence ကြောင့်ပင် ဖြစ်သည်။

လွန်ခဲ့သည့် နှစ် နှစ် မှစ၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများ၏ လမ်းမများ ပေါ်သို့ တင့်ကားများ၊ လက်နက်ကိုင် စစ်သားများ စေလွှတ်ထားခဲ့သော်ငြားလည်း ယခုထိ အုပ်ချုပ်ရေး ယန္တရားကို အတည်တကျ လည်ပတ်နိုင်ခြင်း မရှိသေးပေ။ နေ့စဉ်လို စစ်ယာဉ်တန်းများအား မိုင်းဆွဲတိုက်ခိုက်မှုများ၊ ဗုံးဖေါက်ခွဲမှုများ၊ ဒလန်များကို လုပ်ကြံ သတ်ဖြတ်ခြင်းများ နေ့စဉ်လို ဖြစ်ပွားနေပြီး ၁၉၇၀ ကျော် နှစ်များ ကတည်းက သေနတ်သံပင် မကြားခဲ့ရသော နိင်ငံ အလယ်ပိုင်း မြို့ကြီးများသို့ပင် ရောက်ရှိလာနေပြီ ဖြစ်သည်။

ထို့ပြင် ‌ကျပ်ငွေဈေးနှုန်းများ မြင့်တက်လာမှု၊ ကုန်စည်များ ရှားပါးပြီး ဈေးနှုန်းများ မြင့်တက်လာမှုများ ကြောင့်လည်း စီးပွားရေး အခြေအနေများ ဆိုးသည်ထက် ဆိုးဝါးလာနေခဲ့သည်။

ခရိုနီကြီးများ နှင့် အလယ် အလတ်၊ အသေးစား လုပ်ငန်းရှင်များအားလုံး ငွေကြေးများကို ထိုင်း၊ စင်္ကာပူ၊ ဒူဘိုင်းသို့ ရွှေ့ပြောင်းကုန်ကြသည်။ စစ်ကောင်စီ၏ အလွဲလွဲအချော်ချော် နှင့် ထင်ရာမြင်ရာ ချမှတ်လာသည့် စီးပွားရေး မူဝါဒ များကြောင့် ၎င်းတို့ပိုင် ငွေကြေးများ လုံးပါးပါးမည့် အန္တရာယ်ကို မြင်လာကြသောကြောင့်လည်း ဖြစ်သည်။ စစ်တပ်ကြောင့် ပြည်တွင်းရှိ ဘဏ်များလည်း မယုံရ ဖြစ်နေသည်။

အခြေအနေများသည် တခါမျှ မကြုံဖူးလောက်အောင် ဆိုးဝါးနေသော်လည်း အာဏာ ကစားပွဲမှ မည်သို့သော ရလဒ် ထွက်‌ပေါ်လာမည် ဆိုသည်ကား ခန့်မှန်းရ ခက်‌နေသည်။

မင်းအောင်လှိုင်အား တနိုင်ငံလုံးက ရွံရှာ မုန်းတီးနေကြပြီ ဖြစ်၍ နောက်လိုက်နောက်ပါများကလည်း ကြိုးစင်ပေါ် ၎င်းနှင့် အတူတက်ရကိန်းကို သိမြင်လာကြသည်။ သို့မဟုတ်ပါကလည်း ထောင်နန်းစံရကိန်း ကြုံရနိုင်သည်။ ထိုသို့ စိုးရိမ်ထိတ်လန့်မှု များနှင့် အခြေ ကျပြီး ဖြစ်သော အကျိုးစီးပွားများ ဆုံးရှုံးကုန် မည့် အရေးများကြောင့် သာ အတူ စည်းလုံးညီညွတ်နေခြင်း ဖြစ်သည်။ 

ယခုထိ တော့ အက်ကွဲကြောင်း သိသိသာသာ ထွက်ပေါ်လာခြင်း မျိုး မတွေ့ရသေးပေ။ စစ်မြေပြင်တွင်မူ တခါမျှ မရှိခဲ့ဖူးသည် အကျအဆုံး များစွာ နှင့် အရေး နိမ့်လာနေသည်။ အချို့ မိ‌ဘဆွေးမျိုးများပင် တော်လှန်ရေး သို့မဟုတ် စီဒီအမ်တွင် ပါဝင်နေကြသည်။

၎င်းတို့၏ စီးပွားရေး ကို ဖျက်လို ဖျက်ဆီး လုပ်ခြင်း ခံနေရသည့် ကရိုနီများ‌ကကော ဘယ်လောက်ကြာကြာ ထောက်ခံမှု ပေးနိုင်ကြမည်နည်း။ ပြည်ပသို့ ငွေကြေး များ အထုတ် နှင့် အထည်နှင့် ယိုထွက်နေသည်။

မင်းအောင်လှိုင် နှင့် မိသားစု က‌တော့ အနေအစား မပျက်ပဲ အဖိုးတန် ပစ္စည်းများ သုံးနိုင်ဖြုန်းနိုင်အောင် ရာဇဝတ်‌သားဟု ဆိုသူများ နှင့် ဒူးတင်ပေါင်တင် လုပ်နေကြဆဲပင် ဖြစ်သည်။

လွန်ခဲ့သည့် နှစ် စက်တင်ဘာလ အတွင်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံလိုက်ရသော မူးယစ်ဆေး ကူးသန်း ရောင်းဝယ်သူ ထွန်းမင်းလတ် သည် မင်းအောင်လှိုင် နှင့် အနီးကပ် ပတ်သက် ဆက်နွယ်နေသူဟု ကမ္ဘာသိ ဖြစ်သွားခဲ့သည်။

ထိုအနေအထားတွင် အာဏာသိမ်းပြီးနောက် မည်သည့် အကျိုးအမြတ် မှ မခံစားရသေးသည့် အရာရှိ များထဲမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည် ဆိုသည့် ကတိမျိုး ရမည် ဆိုလျှင် "အုန်းကျော်မြင့်များ" ထွက်ပေါ်လာနိုင်ပေသည်။

ထိုသို့ ဖြစ်ပေါ်လာဖို့ ဆိုသည်ကလည်း စစ်အာဏာရှင်များကို တွန်းလှန် ဆန့်ကျင်နေကြသည့် တော်လှန်ရေး အင်အားစုများ၏ မူဝါဒ နှင့် ဆောင်ရွက်မှုများ အပေါ် မူတည်နေသည်။ ယခုအချိန်အထိတော့ စစ်မြေပြင်တွင် ပြတ်ပြတ်သားသား အောင်ပွဲ ခံလာချင်းမျိုး မတွေ့ရသေးပေ။

ထို့အတွက် စစ်တပ် အတွင်း မင်းအောင်လှိုင် နှင့် အပေါင်းအပါများအား ဆန့်ကျင်လာမည့်သူများ ထွက်ပေါ်လာစေရန် ယုံကြည် နိုင်လောက်သည့် လွတ်ငြိမ်းချမ်းသာခွင့် ဉပဒေများ အခိုင်အမာ ထုတ်ပြန်ဖို့ လိုနေသည်။

ထိုသို့ မဟုတ်ပါက နိုင်ငံရေး၊ စီးပွားရေး လူမှုရေး အနေအထားများသည့်  မည်သို့မျှ နောက်ကြောင်း ပြန်မလှည့် နိုင်‌ တော့ မည့် ချောက်ကမ်းပါးကြီးဆီသို့ တလိမ့်လိမ့် ဦးတည် သွားနေပေတော့မည်သာ ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ
(ဧရာဝတီ သတင်းတွင် ပါရှိသော ဘာတေး လစ်တနာ၏ "Will Myanmar's Brutal Military Remains United? မှ ကောက်နှုတ် တင်ပြသည်)



ဆက်ဖတ်ရန် →

ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်ဟောပြောပွဲ ဒေါ်ဇင်မာအောင် ဦးရည်မွန်...

ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲ #ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ) #ဦးရည်မွန် (ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ) #ဦးမင်းကိုနိုင်(၁၉၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်
ဆက်ဖတ်ရန် →