မဲဆောက်မြို့က မြန်မာ CDM အများအပြား အခက်အခဲတွေ့
မဲဆောက်မြို့က မြန်မာ CDM အများအပြား အခက်အခဲတွေ့

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
အာဏာသိမ်းစစ်ကောင်စီကို CDM လုပ် ဆန့်ကျင်ကြတဲ့အထဲ တက္ကသိုလ်ဆရာ အများအပြားလည်း ပါဝင်ခဲ့
တစ်ချိန်က တက္ကသိုလ်ကျောင်းဆရာတစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တဲ့ အသက် ၅၀ ဝန်းကျင် ဆရာလင်းဟာ နယ်စပ်ဒုက္ခသည်မြို့လို့ တင်စားကြတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကို ရောက်နေတာ တစ်နှစ်ကျော်ရှိနေပါပြီ။
စစ်အာဏာသိမ်းပြီးနောက် စစ်တပ်အောက်မှာ တာဝန်မထမ်းဆောင်နိုင်ဘူးဆိုပြီး ဝန်ထမ်းတွေ အာဏာဖီဆန်တဲ့ Civil Disobedience Movement (CDM) မှာ ဆရာလင်းလည်း ပါဝင်ခဲ့ပါတယ်။
“တက္ကသိုလ်ဆရာ၊ ဆရာမများ ကိုယ်စားပြုကော်မတီအနေနဲ့ သပိတ်မှာပါဝင်ခဲ့တယ်။ CDM မှာ ပါဝင်ဖို့ တိုက်တွန်းတာတွေ၊ ထောက်ပံ့တာတွေ လုပ်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ပုဒ်မ ၅၀၅ တပ်ခံရတဲ့အတွက် ကျွန်တော်လည်း မဲဆောက်ကို ရောက်လာတာ” လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ဥပဒေအရ မြန်မာနိုင်ငံကနေ ခိုးဝင်လာရတာဖြစ်လို့ တရားမဝင်နေထိုင်သူတွေ ဖြစ်နေတာကြောင့် တရားဝင် အလုပ်လုပ်ခွင့် မရကြသလို တရားဝင် နေထိုင်ခွင့်တွေလည်း မရကြပါဘူး။
“ထိုင်းရဲ မြင်တာနဲ့ လန့်နေရတာ၊ အဖမ်းခံရပြီဆိုရင် ဒဏ်ငွေတပ်ခံရတယ်၊ ထောင်ချခံရတယ်၊ တချို့ဆို မြန်မာဘက်ကို ပြန်ပို့ခံရတာတွေလည်း ရှိတယ်” လို့ ဆရာလင်းက ပြောပါတယ်။
<ထောင်ကနေလွတ်ဖို့ လာဘ်ထိုးကြတာတွေလည်း ရှိတယ်။>
မဲဆောက်မြို့မှာ တန်းလျားတစ်ခုလို အခန်းတစ်ခန်းငှားဖို့အတွက် ဘတ် ၃၅၀၀ (မြန်မာငွေ ၃ သိန်း နီးပါး) ပေးရပြီး မိသားစု စားသောက်စရိတ် တစ်ရက် ဘတ် ၅၀၀ (မြန်မာငွေ ၄ သောင်း)လောက် ကုန်ကျနေပါတယ်။ တရားဝင် အလုပ်လုပ်ခွင့်မရှိတာကြောင့် ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတချို့ကို ထုခွဲရောင်းချပြီး စားသောက်နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, WIKIMEDIA
မဲဆောက်-မြဝတီကြားက ထိုင်း-မြန်မာနယ်စပ်ဂိတ်
“မြန်မာနိုင်ငံမှာ သူ့ဘာသာသူ ဘာလုပ်လုပ် ထိုင်းကို တရားမဝင် ဝင်လာရင် ရွှေ့ပြောင်းအလုပ်သမားလို့ပဲ မြင်တယ်။ ရွှေ့ပြောင်းအလုပ်သမားလို့မြင်ရင် သူ့ရဲ့သဘောသဘာဝအတိုင်း စာရွက်စာတမ်း အကုန်အပြည့်အစုံလုပ်ရမယ်။ အကုန် အလုပ်ကြမ်းပဲ လုပ်ခွင့်ရတယ်။ ဈေးရောင်းမယ်ဆိုရင်တောင် ဈေးဆိုင်အကူပဲရမယ်၊ ကိုယ်ပိုင်ဆိုင် ဖွင့်ခွင့်မရှိဘူး” လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
စာရွက်စာတမ်းတွေ အပြည့်အစုံမရှိကြတဲ့ အတွက် သက်ဆိုင်ရာ ရဲတွေကို လိုင်းကြေးအနေနဲ့ ဘတ် ၃၅၀ (မြန်မာငွေ သုံးသောင်းနီးပါး) ပေးရတဲ့အကြောင်း၊ ဒ့ါအပြင် ထိုင်းအလုပ်ရှင်အများစုက တရားမဝင် အလုပ်သမားခိုင်းစေမှု ဥပဒေတွေကြောင့် အလုပ်မပေးချင်ကြတဲ့အကြောင်း၊ နေ့စဉ်ပုံမှန်သွားလာတဲ့အခါမှာလည်း ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ထောက်လှမ်းရေး အပါအဝင် တခြားသော ထိုင်းအာဏာပိုင်တွေကို ငွေကြေးပေးရတာတွေရှိနေတယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။
နောက်ပြီး မဲဆောက်မှာ မြန်မာပြည်နဲ့ပတ်သက်ပြီး ဆန္ဒပြမှုလို နိုင်ငံရေးလှုပ်ရှားမှုတစ်ခုခု ပေါ်ပေါက်လာတဲ့အခါတွေမှာလည်း လုံခြုံရေးစစ်ဆေးမှုတွေ ရှိလာတာကြောင့် CDM တွေအပါအဝင် ကျန်တဲ့မြန်မာနိုင်ငံသားတွေပါ လုံခြုံရေးသတိ ပိုထားကြရပါတယ်။
“ပြောရမယ်ဆိုရင် ဘက်ပေါင်းစုံက မလုံခြုံဘူးပေါ့။ အသွားအလာ၊ အနေအထိုင် ၊ အစားအသောက်၊ အသက်ရှင်ရပ်တည် လှုပ်ရှားရုန်းကန်ရတာ အဆင်မပြေဘူး”လို့ ဦးမိုးကြိုးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, WIKIMEDIA
မြန်မာတွေ အများအပြား အလုပ်လုပ်ကြတဲ့ မဲဆောက်မြို့က ဈေး
အလုပ်လုပ်ကိုင်ခွင့်ကတ်ရဖို့၊ အလုပ်ရဖို့ ကြိုးစားတဲ့အခါတွေမှာလည်း ငွေကြေးလိမ်လည်တာတွေ ခံကြရသလို ငွေချေးတာတွေကြောင့် အချင်းချင်း လူမှုရေးပြဿနာတွေလည်း ရှိနေကြတာပါ။
CDM လုပ်လို့ အဖမ်းမခံရအောင် မဲဆောက်ကိုရောက်လာကြသူတွေထဲမှာ ဆရာလင်းတို့လို တက္ကသိုလ်ကျောင်းဆရာ၊ ရုံးဝန်ထမ်း၊ ကျောင်းဆရာတွေလည်း ပါဝင်ကြပါတယ်။ တချို့ ကျောင်းဆရာမတွေဆိုရင် အထည်ချုပ်လိုနေရာမျိုးတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေလို့ အလုပ်ကြမ်းတွေအပါအဝင် ဈေးရောင်းတာမျိုးတွေအထိ ကိုယ့်ရဲ့ မူလအသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်ပြီး လုပ်ကိုင်နေကြရတာပါ။
ဈေးရောင်းမယ်ဆိုရင်တောင် ဈေးရောင်းခွင့်လက်မှတ်၊ နေထိုင်အလုပ်လုပ်ခွင့်လက်မှတ်တွေနဲ့ မြို့နယ်စည်ပင်သာယာရေးရုံးကို လျှောက်ရတယ်လို့ ဆိုပါတယ်။ အထောက်ထားတစ်ခုရဖို့ အနည်းဆုံးဘတ် ၁ သောင်း (မြန်မာငွေ ရှစ်သိန်း) လောက်ပေးရပါတယ်။
အထောက်ထားမရှိလို့ အဖမ်းခံရရင် ထိန်းသိမ်းရေးစခန်းမှာ ၃ ရက်လောက် အချုပ်ခံရပြီး ဘတ် ၅ ထောင်ကနေ တစ်သောင်းခွဲကြား ( မြန်မာငွေလေးသိန်းကျော်ကနေ ၁၂ သိန်းကျော်) အထိ ဒဏ်ငွေချမှတ်ခံရနိုင်ပါတယ်။
နိုင်ငံရေးအရ မဲဆောက်ကို တိမ်းရှောင်လာသူတွေနဲ့ ဒုက္ခသည်တွေအရေး ထုတ်ဖော်ဆော်သြပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Maesot Refugee Voice ကနေလည်း မြန်မာဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို အရေးပေါ်တိုက်တွန်းချက်ဆိုပြီး ဇန်နဝါရီ ၂၉ မှာ ထုတ်ပြန်လာပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစလို့ အာဏာသိမ်းခံလိုက်ရတဲ့ မြန်မာနိုင်ငံကနေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းမီဒီယာတွေ၊ CDM ကျောင်းဆရာ ဆရာမတွေ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ အသက်ဘေးနဲ့ လုံခြုံရေးကြောင့် မဲဆောက်မြို့ကို ခိုလှုံနေရတဲ့အကြောင်း၊ မဲဆောက်မှာ ကိုယ့်အစီအစဥ်နဲ့ကိုယ် ပုန်းအောင်းနေထိုင်ကြရပြီး လူ့တန်ဖိုး၊ လူ့ဂုဏ်သိက္ခာအရ ရပ်တည်ခွင့်မရဘဲ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှု၊ ငွေကြေးတောင်းခံမှု၊ တရားစီရင်တာတွေကို ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့ကြောင့် မြန်မာဒုက္ခသည်တွေရဲ့ အရေးကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လစ်လျူရှုနေဖို့ မသင့်ဘဲ နိုင်ငံတကာ အစိုးရအဖွဲ့တွေကိုဖြစ်ဖြစ်၊ ထိုင်းနိုင်ငံ အာဏာပိုင်တွေကိုဖြစ်ဖြစ် ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ တိုက်တွန်းထားတာပါ။
ဒီတိုက်တွန်းချက်ကို ဆရာလင်းတို့လို CDM တွေသာမက ဦးမိုးကြိုးတို့လို အလုပ်သမားအရေး ကူညီပေးနေသူတွေကပါ ထောက်ခံတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ပြောပြတာကတော့ “Case တစ်ခုချင်းစီတော့ ဖြေရှင်းပေးနေတာရှိတယ်။ အလုပ်သမားအရေးဆို MOL (အလုပ်သမားဝန်ကြီးဌာန) ရော တစ်ခုချင်းစီအလိုက် ဖြေရှင်းပေးနေတာရှိတယ်ဗျ။ ပြေးလာသမျှ လူတွေအကုန်လုံးကို ပုံစံမျိုးစုံနဲ့ ရောက်လာကြတာဆိုတော့ စစ်ဘေးရှောင်ဆိုတဲ့ အခြေအနေနဲ့ သွားဖို့ရဖို့က (NUG) အစိုးရနဲ့ ထိုင်းအစိုးရတို့ ညှိနှိုင်းဆောင်ရွက်တဲ့ အဆင့်မှာပဲ ရှိသေးတယ်။ CDM တွေဆိုရင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ လက်အောက်ဌာနတွေကနေ တာဝန်ယူထောက်ပံ့နေတာရှိတယ်။ ရှိသမျှ CDM တွေရဲ့ ၁၀ ရာခိုင်နှုန်းပဲ ထောက်ပံ့နိုင်သေးတယ်”လို့ ပြောပါတယ်။
တက္ကသိုလ်ကျောင်းဆရာဘဝကနေ မဲဆောက်ရောက် တရားမဝင်နေထိုင်ရတဲ့ အခြေအနေရောက်နေတဲ့ ဆရာလင်းကတော့ “ကျွန်တော်တို့က ထိုင်းနိုင်ငံကို တရားမဝင်ရောက်လာတာဆိုတော့ သူတို့နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ပြီးသားဖြစ်နေတယ်။ ဒီလိုမျိုး မဖြစ်သာလို့ ရောက်လာတဲ့ လူတွေကို သီးခြား စောင့်ရှောက်တဲ့ စီမံကိန်းမျိုး ချမှတ်ထားဖို့တော့ လိုအပ်မယ်ထင်တယ်၊ အမှန်တရားအတွက် ဆောင်ရွက်ခဲ့ကြတဲ့သူတွေကို လူ့ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်မယ်လို့ ပြောချင်ပါတယ်။’’
CDM တွေအပါအဝင် စစ်ကောင်စီတပ်တွေရဲ့ အဖမ်းဆီးခံရမယ့်ဘေးကနေ ထွက်ပြေးလာသူတွေအတွက် စုပေါင်းနေထိုင်နိုင်တဲ့ ရိပ်သာလိုနေရာမျိုးတွေ စီစဉ်ပေးတာ၊ တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရဖို့ အကူအညီတွေ လိုအပ်နေကြတာဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
တက္ကသိုလ်ဆရာ ဆရာလင်းကတော့ သူလက်ရှိပိုင်ဆိုင်မှုတချို့ကို ရောင်းချပြီး ရလာတဲ့ ဝင်ငွေတစ်ခုကိုသာ ရပ်တည်နေရပြီး တခြားဝင်ငွေမရှိတဲ့အတွက် ငွေကြေးကျပ်တည်းမှုကို ရင်ဆိုင်နေရပါတယ်။
“တောင့်ခံနိုင်ဖို့ဆိုတော့ တော်တော်လေး ယိုင်ယိုင်နဲ့နဲ့ဖြစ်နေပါတယ်။ ရှေ့အလားအလာအတွက် မဟုတ်ဘဲနဲ့ လက်ရှိ ရှိနေတဲ့ အချိန်အတွင်းမှာပဲ ဘယ်လိုဖြတ်သန်းရမလဲ၊ ဘယ်လိုစရိတ်လျှော့ပြီး နေထိုင်စားသောက်ရမလဲ၊ ဒီလိုပဲ စီမံဆောင်ရွက်နေရတယ်” လို့ ဆရာလင်းက ပြောပါတယ်။
ဆရာလင်းလိုမျိုး အခြေအနေအမျိုးမျိုးကြောင့် စစ်ကောင်စီဖမ်းဆီးမှုကနေ ထွက်ပြေးလာတဲ့သူတွေဟာ နှစ်နှစ်အတွင်းမှာ ၆ သောင်းဝန်းကျင်ရှိနေပြီး မဲဆောက်မှာ ၅ သောင်းဝန်းကျင်၊ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင် စတဲ့ ဒေသတွေမှာ ၁ သောင်းဝန်းကျင်ရှိတယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ကနေ သိရပါတယ်။
အသံတိတ် သပိတ်နေ့ နံနက် ၃ နာရီမှစ၍ စစ်တပ်နှင့်ရဲများ လုံခြုံရေး ယူမည် ဖြစ်ပြီး မြို့နယ် အားလုံး တွင် စစ်တပ်ထောက်ခံပွဲများဖြင့် လှည့်လည်မည်
ရန်ကုန်.နေပြည်တော်နှင့်မန္တလေးအပါအဝင်တိုင်းမြို့ကြီးနှင့်မြို့နယ်များအားလုံးရှိဌာနဆိုင်ရာဝန်ထမ်းများအားမနက်ဖြန်အရပ်ဝတ်နဲ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိသက်ဆိုင်ရာရုံးများအရှေ့နှင့်လမ်းများပေါ်တွင်ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်စေထားကြောင်းနှင့်လမ်းမလျှောက်သောဝန်ထမ်းများအားထိထိရောက်ရောက်အရေးယူမည်ဟုညွှန်ကြားထားကြောင်းရန်ကုန်ဝန်ထမ်းအသိုင်းအဝန်းမှဖုန်းဆက်ပြောဆို
(အင်တာနက်သတင်း)
ရွေးကောက်ပွဲမလုပ်ဖြစ်တော့ပါ
ဆိုင်ပိတ်စရာ မလို၊ ရုံးပိတ်စရာမလို သတ်မှတ်အချိန်အတွင်း အပြင်မထွက်ဘဲ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် ပြည်လုံးကျွတ် သပိတ်မှာ ပြည်သူ အားလုံး ပါဝင်ရေး ဦးမင်းကိုနိုင် တိုက်တွန်း (ရုပ်/သံ)
ဒုဗိုလ်မှူးကြီးအဆင့် အရာရှိကိုပါ ပစ်သတ်သည်အထိ အရှိန်မြင့်လာတဲ့ တပ် တွင်း ပုန်ကန်မှု တွေကြောင့် မင်းအောင်လှိုင် စစ်တပ် ပြိုကွဲဖို့ နီးလာပြီလား

စစ်အာဏာသိမ်းမှုကြောင့် ဆုတ်ယုတ်မှုအတိုင်းအတာကြီးမားနေလို့ ကုလထောက်ပြ
voanews
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှားပြီး စစ်တပ် အာဏာသိမ်းခဲ့တာ ၂ နှစ် ကြာလာချိန်မှာ တိုင်းပြည်တွင်း အကျပ်အတည်းတွေဟာ စဉ်းစားကြည့်လို့ မရနိုင်လောက်အောင် ဆိုးဝါးဆုတ်ယုတ်လာခဲ့တယ်လို့ UNOHCR လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Volker Türk က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းကစလို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသဖြင့် နယ်ပယ်စုံမှာ လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ ဆိုးရွားလာခဲ့တယ်လို့ ကုလ မဟာမင်းကြီး Volker Türk က ဒီကနေ့ ကြေညာချက် ထုတ်ပြန်သတိပေးလိုက်တာပါ။ အကြမ်းဖက်မှုတွေ ဖြစ်လာရင် အရပ်သားတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိတဲ့ စစ်တပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ဆက်တိုက်ချိုးဖောက်နေတယ်လို့ ပြောပါတယ်။
အရပ်သား စစ်သား မခွဲခြားဘဲ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး ရွာလုံးကျွတ်မီးရှို့တာ၊ နှိပ်စက်ညှင်းပမ်းတာ၊ တရားလက်လွတ် သတ်ဖြတ်တာ၊ ကုန်ကြောင်း လေကြောင်းတွေကနေ တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ကုလ မဟာမင်းကြီးက ပြောပါတယ်။ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေအရ စစ်တပ်နဲ့ သူတို့အပေါင်းအပါတွေရဲ့ လက်ချက်နဲ့ သေဆုံးရသူ ၂၈၉၀ ထက်မနည်း ရှိနေပြီး တကယ်တမ်း စစ်တပ်လက်ချက်နဲ့ သေဆုံးရတဲ့ အရပ်သားတွေဟာ အခုထက်ပို နိုင်တယ်လို့လည်း ပြောပါတယ်။ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူပေါင်း ၁.၂ သန်း ကျော်ရှိနေပြီး နိုင်ငံနယ်နိမိတ်ဖြတ်ကျော် ထွက်ပြေးရတဲ့ ဒုက္ခသည်က ၇ သောင်းကျော် ရှိတယ်လို့လည်း ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့တောင်းဆိုတဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့လက တညီတညွတ်တည်း ချမှတ်နိုင်ခဲ့တာကိုလည်း ကုလမဟာမင်းကြီး Volker Türk က ပြန်လည်ထောက်ပြပြီး မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုတွေ ရပ်တန့်အောင်၊ မြန်မာပြည်သူတွေကို ကာကွယ်ပေးနိုင်အောင်နဲ့ အခြေခံ လူ့အခွင့်အရေး လေးစား လိုက်နာမှုတွေ ရှိလာအောင် ကမ္ဘာကြီးက ဝိုင်းဝန်း ဖိအားပေးရမယ့်အချိန် ဖြစ်တယ်လို့လည်း ဒီကနေ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
အာဏာသိမ်းအုပ်ချုပ်နေတာ ၂ နှစ်ရှိပြီဖြစ်တဲ့ စစ်ကောင်စီဟာ သူ့ ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်နေဆဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူထုဆက်ဆံရေးဌာနရဲ့ ShareAmerica အင်တာနက် စာမျက်နှာမှာ ဖေါ်ပြပါတယ်။ မြန်မာပြည်သူတွေ သူတို့ အနာဂတ်ကို သူတို့ ပုံဖေါ်နိုင်အောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဟိုးအရင်ထဲက ထောက်ခံအားပေးခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ရဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့က ပေးပို့တဲ့ သဝဏ်လွှာပါ ရေးသားချက်ကိုလည်း ရန်ကုန် အမေရိကန် သံရုံး Twitter စာမျက်နှာမှာ ပြန်လည်ဖော်ပြထားပါတယ်။
နိုင်ငံရေးလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲကျင်းပမယ့် စစ်ကောင်စီကို ကုလအကြီးအကဲ သတိပေး
voanews
မြန်မာနိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ခွင့်တွေမရှိဘဲ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် မတည်မငြိမ်အခြေအနေတွေ ပိုဆိုးလာနိုင်ကြောင်း ကုလသမဂ္ဂအကြီးအကဲက သတိပေးလိုက်ပါတယ်။
စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားနေအိမ်တွေကို တိုးပြီး မီးရှို့လာနေသလို နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေနဲ့ သတင်းသမားတွေကို ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်နှောက်ယှက်မှုတွေကြားမှာ ရွေးကောက်ပွဲ ကျင်းပမယ့်အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က စိုးရိမ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်တာပါ။
သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၂ နှစ်ပြည့်အဖြစ် အတွင်းရေးမှူးချုပ်ရုံးက တနင်္လာနေ့မှာ ထုတ်ပြန် လိုက်တဲ့ ကြေညာချက်မှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းလည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အကျပ်အတည်းပေါင်းစုံဟာ ပိုမိုဆိုးရွားလာနေပြီး ဒေသတွင်းကိုပါ အလေးအနက် ရိုက်ခတ်လာနေချိန် မှာအကြမ်းဖက်လုပ်ရပ် မှန်သမျှကို အပြင်းအထန် ရှုတ်ချကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ မြန်မာ့အရေး ကုလ သမဂ္ဂလုံခြုံရေးကောင်စီက ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ဆုံးဖြတ်ချက် ချနိုင်ခဲ့တဲ့အပေါ်မှာလည်း ကြိုဆိုခဲ့တာပါ။
မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေ၊ လိုအပ်ချက်တွေကို လေးစားကြဖို့နဲ့ ဒီမိုကရေစီစံနှုန်းတွေကို လေးစားလိုက်နာဖို့ စစ်ခေါင်းဆောင်တွေကို မြန်မာ့အိမ်နီးချင်း နိုင်ငံတွေက တောင်းဆိုကြဖို့လည်း အတွင်းရေးမှူးချုပ်က ထပ်မံတိုက်တွန်းခဲ့ပါတယ်။
KlA နှင့် PDF များကို အကြမ်းဖက် သမားများဖြစ်သည်ဟု လိမ်လည်ရေးသား ထားသော စာစောင်များ ပြည်သူများထံဝေငှ၍ စစ်ကောင်စီတပ် ဝါဒဖြန့်
ဒဂုံဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ရာအိမ်မှူး ၃ ဦး ဒဏ်ရာ လေးဦးစလုံးပြင်း ဘယ်သူသေလဲမသိရသေး
DVB TV News
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေလီလမ်းနဲ့ ဧရာဝဏ်လမ်း ထောင့်ရှိ ၆၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဇန်နဝါရီ ၃၀ ရက် မနေ့ညက ပစ်ခတ်တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ရာအိမ်မှူး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ည ၉ နာရီဝန်းကျင်က ဧည့်စာရင်းပေးပြီး ရုံးပိတ်ဖို့လုပ်နေချိန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို ဆိုင်ကယ်စီးလာသူတွေက လက်ပစ်ဗုံးနဲ့ပစ်ခဲ့ပြီး သေနတ်နဲ့ပါ ထပ်မံပစ်ခတ်ခဲ့လို့ လေးဦးဒဏ်ရာရရှိခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဗုံးအရင်ပေါက်ပြီး သေနတ်သံတွေထွက်လာတာ ငါးချက်လောက်ရှိမယ်။ အဲ့လိုတွေဖြစ်ပြီး မကြာဘူး လူနာတင်ယာဥ်တွေရော စစ်ကားတွေပါ ရောက်လာတာ"လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲပြီး သေနတ်နဲ့ပါထပ်မံပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူး ၁ဦးနဲ့ ရာအိမ်မှူး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး စစ်ကောင်စီတပ်တွေက လူနာတင်ယာဥ်နဲ့ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီး စပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ဒဏ်ရာကတော့ လေးဦးစလုံးပြင်းတယ်။ ဘယ်သူသေလဲ၊ ဘယ်ဆေးရုံပို့တယ်ဆိုတာ မသိရဘူး။” မနေ့မနက်ကလည်း လှိုင်မြို့နယ် ၂ ရပ်ကွက် ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ရာမှာ ရွှေဝါဆပ်ပြာစက်ရုံရဲ့ ဒုထွေထွေမန်နေဂျာဦးမြင့်စိုး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး
































