နောက်ဆုံးရ
လမ်းရွေးခိုင်းထားပြီ ဖြစ်သော လင်းယုန်ကြီး

လမ်းရွေးခိုင်းထားပြီ ဖြစ်သော လင်းယုန်ကြီး

၂၀၂၅ လောက်မှာ US က တျုတ်နဲ့ စစ်ဖြစ်နိုင်ကြောင်း 

ပြောထားပါတယ် ဘေဂျင်းကို အပြုတ်နှံမယ်ဆိုတာ

 Mind Game အရမဟုတ်ရင် ဖြစ်လာနိုင်သော ထိုင်၀မ်

စစ်ပါ၊


 ဒါကြောင့် သူ့ကို support မည့် ရုရှား အီရန်ကို အရင် စ

ဖြိုနေပြီး မြောက်ပါ ငြိမ်အောင် လုပ်ထားမှာ အသေချာပါ


ဒါ့အပြင် နေတိုးမဟာမိတ်‌ပါအားမရပဲ အာရှနေတိုးပါ ထပ်ချဲ့ ဂျပန် တောင်ကိုရီးယားပါ ပတ်ချုပ်ထားရုံမက အာဆန်ထဲက ဖိလစ်ပိုင်နဲ့ အင်ဒိုမှာလည်း US စစ်အခြေဆိုက်စခန်းတွေ လုပ်နေတာ တွေ့ရတယ်


ရှီကျင့်ဖျင်ဟာ ဖွဲ့စည်းပုံပြောင်း တသက်တာအာဏာ

ရှင်အဖြစ် လုယူထားတဲ့ သူ့အာဏာအတွက် ပြန်မ

လှန်နိုင်အောင်နဲ့ (ပြည်သူဟာ အရင်သမ္မတပုံစံ 

စနစ်ပဲ လက်ခံကြိုက်သည်)ကမ္ဘာကိုဗစ် တရားခံ

 လျော်ကြေးပေးမှုမှနေ ကင်းလွတ်ခွင့်ရအောင် တမင် 

ကိုကိုဗစ်အဖြစ်ခံ မွေးမြူထားပြီး ဖန်တီးလုပ်ဆောင် 

အကွက်ရွေ့နေသလားဆိုတာ သံသယဖြစ်ဖွယ်ပါ


အကြောင်းက ခုလို ပြည်သူ ၈၀% ကူးစပ်နေတယ်ဟု 

၀န်ခံပြောဆိုထားတာတောင် အရင်လို ဆေးရုံတွေ 

ဆောက်လုပ် ကုသခြင်းအလျင်းမရှိပဲ သာမန်လုပ်

ဆောင်နေမှုလောက်နဲ့ မသိရင် လူဦးရေပါ လျော့ချ

နေသလို ဖြစ်စေ ခံစား မြင်မိနေတယ်


နောက် ထိုင်၀မ်ကို အကြောင်းပြနေတာဟာလည်း ပထဝီ

နိုင်ငံရေးအရ လောက်လားမဟုတ်ပဲ US က ကြေငြာထား

သလိုမျိုး ပူတင်ပြီး ကျင့်ဖျင်အလှည့်မို့ သူ၌ ထိုင်၀မ်နဲ့

ကာဗာယူပြီး သူ့နိုင်ငံတွင်းရေးနဲ့ ကမ္ဘာ့အရေးကို

လှည့်စားနေသလား တွေးဆစရာပါ


ဆိုလိုတာက တျုတ်ဟာ လူဦးရေသန်း၅၀ ကျော်နေလို့ရ

တဲ့ မြို့သစ်စီမံကိန်းတွေမှာတောင် ဝယ်မည့် နေမည့်သူ

မရှိလို့ သရဲမြို့တော်လိုဖြစ်နေတဲ့ သက်မှတ်ခံထားရတဲ့ 

ထိုမြို့သစ်တွေရော အိမ်ယာစီမံကိန်းတွေရော ဆုံးရှုံးနေ

တဲ့အချိန်မှာထိုင်၀မ်ကို ပထဝီအနေထား လောက်လားစွာ

 မရှိပဲ နိုင်ငံရေး အကြောင်းပြ ရန်ရှာနေမှုဟာ US ကို နည်း

ပညာ ပြိုင်ဆိုင် ပြချင်ရုံရယ် စစ်ရေးနဲ့ပါပြပြီး ကမ္ဘာ့နံပါတ်တစ်နေရာကို လိုချင်နေတဲ့ ဖန်တီးမှုသာလောက်ပဲဆိုတာ တွေ့နေရတယ် ကျန်တာကတျုတ်ဟာ ဒီလောက်မဟုတ်ဘူး


ကမ္ဘာ့အပြင်ကိုပတ်ကျုးကျော် နယ်ချဲ့နေပေမယ့်

 ပြည်တွင်းမှာ ဆုံးရှုံးနေရတဲ့ အရင်းမြစ်တွေ အများကြီး

ပဲ ဒါတွေကိုတောင် ပြည့်စုံအောင် ဖန်တီး မပေး

နိုင်သေးပဲ နည်းပညာပြိုင် ပညာပြ ကြွားပြီး (US က 

တျုတ်ခိုးပြီး ဆင့်ကဲဖန်တီးထားတဲ့ AI နည်းပညာကို

 စိုးရိမ်နေ) တျုတ်က ဒါနဲ့ ဖြဲခြောက်နေဆဲဖြစ်သည်၊


ကမ္ဘာသိမ်းပြီး စူပါပါဝါ နံပါတ်တစ်နေရာ ရရေး ဖြစ်ရေး

နဲ့ တကမ္ဘာလုံး သူ့အောက်ရောက်ရေးပဲ တွက်ချက်နေတဲ့

အာဏာရူးတယောက်ထက် မပိုတဲ့ ကျင့်ဖျင်ကို ဒါကြောင့်

 US က ပူတင်ပြီး ကျင့်ဖျင်အလှည့်လို့ပြောတာ လွန်အံ့

မည် မထင်ပါ သို့ကြောင့် ဖြစ်လာရင်လည်း လွမ်းစရာ

မရှိပဲ ကြည့်လှမည့် ပွဲပါဟု ဆိုချင်သည်


သို့သော် ယခု US နဲ့ တျုတ် စစ်ခင်းရနိုင်သည်ဆိုသည့်

 အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီး ပြောစကားကို တရုတ်အစိုးရသတင်းတွေက ကန့်ကွက်ထားသလို တျုတ်နဲ့ အမေရိကန်ကြား မဟာဗျူဟာအရ ယုံကြည်မှုတွေ ပိုမိုဆိုးရွားထိခိုက်စေမယ်လို့လည်း ပြောဆိုထားပြီး

ပင်တဂွန်စစ်ဌာနချုပ် တာဝန်ရှိသူတွေကလည်း အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီးရဲ့အမြင်ဟာ အမေရိကန်အစိုးရရဲ့ အမြင်အယူအဆတွေမဟုတ်ကြောင်း ပြောဆိုထားတဲ့အတွက် ဖြစ်နိုင်ချေက ၅၀-၅၀ နဲ့ Mind Game

 ပစ်ပြီး အဆွနဲ့တျုတ်ရဲ့ ဖျင်ကျယ်ပြီး ဇာချဲ့လာနေတဲ့ အရေးတွေ တန့်သွားလေမလား ဘယ်လိုတုန့်ပြန်မလဲဆို

တဲ့အချက်ကို သိချင်လို့ ရေထဲခဲပစ်လိုက်တယ်ဟု ယူဆ

သလို မီဒီယာကို သတင်းရောင်း ကမ္ဘာ့အရေးလှုပ်ခတ်‌

နေစေရေး စသည့် media war ကစားမှုကို ဖန်တီးနေတဲ့ 

အချက်ထက် မပိုဘူးဆိုသော်ငြားနိုင်ငံခြားရေး

၀န်ကြီး ဘလင်ကန် တျုတ်လာမှုကို ကြိုဆိုသော်ငြား 

လွှတ်တော်ဥက္ကဌ ထိုင်၀မ်သွားမည့်အရေးကို ကန့်

ကွက် ပြောဆိုပြီးနောက် ထွက်ပေါ်လာတဲ့ သတင်းမို့ 

ရုရှားလည်း ထိုသို့ ပြောဆိုမှုတွေအပြီး ငြင်းဆန်ပြီး 

ယူကရိန်းနဲ့ စစ်ဖြစ်တာကို သတိထားရမှာ ဖြစ်သလို

တျုတ်ရဲ့ made in china 2025 ကိုလည်း ရိုက်ချိုးဖို့ 

(ပျက်နေပါပြီ) မက်ဆေ့ပေး သွေးတိုးစမ်း ခေါ်ဖဲပစ်

လိုက်တဲ့ ပစ်ချက်ဆိုတာ ထင်ရှားနေလို့ တျုတ်အ

တွက် US ရဲ့ ကောင်တာတွေဟာ အိပ်မက်ဆိုးနဲ့ အနှောင့်ယှတ်ဖြစ်မှာ သေချာသောကြောင့် သတင်းလုံခြုံမှုနဲ့

 ကမ္ဘာ့အရေး အခင်းကျင်းတွေကို သေချာတန်ပြန်ပြီး လုပ်ဆောင်နိုင်မှ တော်ကာကျပါလိမ့်မည်။


ဘာပဲဖြစ်ဖြစ် 2025 ရှီရဲ့ ပလန်တွေကိုတော့ ရိုက်ချိုးဖို့ 

US ဟာ ကြိုတင် အဖွင့်အပိတ်နဲ့ မင်းဘာလုပ်မှာလဲဟူသောမေးခွန်းကို မေးထားပြီး ခုဇာချဲ့လုပ်နေတဲ့ အရာ

တွေအားလုံး ရပ်တန့်စေဖို့ ခြိမ်းခြောက်မှုထက် မပိုသော 

သံတမန်နည်းလမ်း ပညာပါသော soft power ဖြင့် လမ်း

ရွေးခိုင်းထားပြီးဖြစ်သည်။(edited)


မင်းကြည်ညိုနေ



ဆက်ဖတ်ရန် →
မအလလက်နက်ကိုင်အစောင့်ထားတဲ့တဆူတည်းသောပုဂံဘုရား

မအလလက်နက်ကိုင်အစောင့်ထားတဲ့တဆူတည်းသောပုဂံဘုရား

၂ ရာစုနှင့် ၁၃ ရာစုကြားတွင် တည်ခဲ့သော ဂူဘုရားအမျိုးအစားဖြစ်သည့် ထီးလိုမင်းလိုဘုရားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးစီဖြင့် နေ့ညမပြတ် အလှည့်ကျလုံခြုံရေးယူ ထားသည်ဟုလည်း သိရသည်။ ထိုလက်နက်ကိုင်အစောင့်များနှင့် မလှမ်းမကမ်းတွင် လုံခြုံရေး ကင်းတဲနှင့် ယာယီတဲ အိမ်အချို့လည်း တွေ့ရသည်။


၁၂ ရာစုနှင့် ၁၃ ရာစုကြားတွင် တည်ခဲ့သော ဂူဘုရားအမျိုးအစားဖြစ်သည့် ထီးလိုမင်းလိုဘုရားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးစီဖြင့် နေ့ညမပြတ် အလှည့်ကျလုံခြုံရေးယူ ထားသည်ဟုလည်း သိရသည်။ ထိုလက်နက်ကိုင်အစောင့်များနှင့် မလှမ်းမကမ်းတွင် လုံခြုံရေး ကင်းတဲနှင့် ယာယီတဲ အိမ်အချို့လည်း တွေ့ရသည်။


ဘုရားပုထိုးပေါင်း ထောင်ချီရှိသည့် ပုဂံတွင် ထီးလိုမင်းလိုဘုရားတစ်ဆူတည်းသာ လက်နက်ကိုင် အစောင့်အရှောက်များ ချထားသည်မှာ ထူးဆန်းသော်လည်း အကြောင်းရင်း ရှိနေသည်။


အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အာဏာမသိမ်းမီက ထီးတင်ခဲ့သော ဘုရားဖြစ်နေခြင်းပင်။


ထီးနန်းအရိုက်အရာနှင့် ပတ်သက်၍ အတိတ်နိမိတ်ကောင်းရှိသည်ဟု ယူဆကြသည့် ထီးလိုမင်းလို ဘုရားကို မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ထီးတော်တင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် လှုပ် ခတ်ခဲ့သောငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ပုဂံဘုရားများအနက် ထီးလို မင်းလို ဘုရားကိုရွေးကာ ထီးတင်ခဲ့ခြင်းဖြစ်သည်။


ဘုရားအမည်ကိုယ်၌က ထီးလိုမင်းလိုဟု ကျော်ကြားသည်။ ပုဂံမင်းဆက်တွင် ထင်ရှားသည့် နရပတိ စည်သူမင်း၏ သားတော်တစ်ပါးဖြစ်သော ဇေယျသိင်္ခမင်းက ထီးနန်းအရိုက်အရာ ဆက်ခံခွင့်ရပြီး နောက် တည်ခဲ့သောဘုရားဖြစ်သည်။ အငယ်ဆုံးသားကို ထီးနန်းဆက်ခံစေရာ၌ ကျန်သားတော်များ ကြည်ဖြူလက်ခံစေရေး အဓိဌာန်ဖြင့် ထီးဖြူစိုက် အဆုံးအဖြတ်ယူသည့်နေရာတွင် ဘုရားတည်ခဲ့ ခြင်းဖြစ်သည်။ ထီးလိုမင်းလိုဘုရားကို နန်းတောင်းများမင်းခေါ် ဇေယျသိင်္ခမင်းက အေဒီ ၁၂၁၁ တွင် တည်ခဲ့သည်။


သမ္မတရူး ရူးနေသည့် စစ်ခေါင်းဆောင်က အာဏာမသိမ်းမီကပင် ယတြာချေသည့်အနေဖြင့် ထီးလို မင်းလို ဘုရားကို ထီးတင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု အသက် ၅၀ ကျော်အရွယ် ပုဂံဒေသခံတစ်ဦးက မှတ်ချက်ပေးသည်။


“ထီးလိုမင်းလိုဘုရားနာမည်က ရှင်းပါတယ်။ ထီးနန်းလိုချင် မင်းဖြစ်တဲ့ ဘုရင်တည်ခဲ့တာကို သူက ထီးတော် ထပ်တင်တာဆိုတော့ သမ္မတဖြစ်ချင်တယ်၊ အာဏာရချင်တဲ့အချက်က ထင်ရှားပါတယ်”


source-Myanmar Now







ဆက်ဖတ်ရန် →
Breaking News- ပြင်ဦးလွင် တပ်မတော်ဆက်သွယ်ရေး သင်တန်းကျောင်း  ဒုတိယ ကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုးအောင်ကို စစ်သည်တစ်ဦးက သေ နတ် ဖြင့် ပစ်ခတ် သတ်ဖြတ် ၊ တပ်တွင်း ပုန်ကန်မှု ဖြစ်၍ သတင်း အမှောင်ချ ပိတ်ဆို့

Breaking News- ပြင်ဦးလွင် တပ်မတော်ဆက်သွယ်ရေး သင်တန်းကျောင်း ဒုတိယ ကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုးအောင်ကို စစ်သည်တစ်ဦးက သေ နတ် ဖြင့် ပစ်ခတ် သတ်ဖြတ် ၊ တပ်တွင်း ပုန်ကန်မှု ဖြစ်၍ သတင်း အမှောင်ချ ပိတ်ဆို့


ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရန်ကုန်ခေတ်သစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင် တပ်နယ်၊ ဆက်သွယ်ရေး နှင့် အီလက်ထရောနစ် သင် တန်း ကျောင်းမှ ဒုတိ ယ ကျောင်းအုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင် ကို ဒုတပ်ကြပ်တစ်ဦးက သေနတ်ဖြင့် ပစ် သတ် လိုက် ကြောင်း စစ်တပ် သတင်း ရင်းမြစ်များထံမှ သိရှိရသည်။ 

ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း ပြင်ဦးလွင်၊ ဆက်သွယ်ရေးသင်တန်း ကျောင်း၊  ဗဟို ကင်း အနီးတွင် လုံခြုံရေးအတွက် အရာရှိနှင့်ရဲဘော်များကို တန်းစီ စကားပြောအပြီးတွင် ဒုတပ်ကြပ်တစ်ဦးက ဒုတိယ ဗိုလ်မှူး‌ကြီး ကျော်စိုးအောင် ကို အနီးကပ် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် ဆေးရုံ ကို အချိန်မီ ပို့ဆောင်ခဲ့သော်လည်း သေသွားခဲ့ကြောင်း သိရှိရသည်။ 

ပစ်ခတ်ခံရပြီး သေဆုံးသွားသော ပြင်ဦးလွင် ဆက်သွယ်ရေးသင်တန်းကျောင်း ဒုတိယကျောင်းအုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်သည် ဗိုလ်သင်တန်း အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး စစ်ဦးစီး တက္ကသိုလ်(ကလော) ကျောင်းပြီး ထားပြီးဖြစ်ကြောင်း၊  ပုသိမ်တပ်နယ်မှ ပြင်ဦးလွင် ဆက်သွယ်ရေး သင်တန်း ကျောင်း သို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရှိရသည်။ 

"ဒုဗိုလ်မှူးကြီး ကျော်စိုးအောင် က တန်းစီစကားပြော အပြီးမှာ  ဒုတပ်ကြပ်က မောင်းတင်ပြီးသား သေနတ် နဲ့၂ချက် ပစ်တာ။ ဆေးရုံ ရောက်တော့ အသည်း ထိ သွားတာလို့ သိရတယ်။ ပြင်ဦးလွင် စစ် ဆေးရုံ မှာပဲ ဆုံးပါတယ်။ချက်ချင်း ဆေးရုံ ပို့ခဲ့ပေမယ့်လည်း ဆေးရုံရောက်ပြီး ၂နာရီ အကြာ မှာ သေဆုံး ခဲ့ပါတယ်။ ပစ်ခတ်ခံရတာက  သေနတ်နဲ့ ၂ချက် ပစ်ခဲ့တာပါ" ဟု စစ်တပ် သတင်းရင်း မြစ်က ဆိုသည်။ 

လတ်တလော ပစ်ခတ်သည့် ဒုတပ်ကြပ်ကို ဖမ်းဆီးထားကြောင်း၊ ယမန်နေ့ ညနေပိုင်းကတည်းက ဒုတိယ ဗိုလ်မှူးကြီး ကျော်စိုးအောင် ပစ်ခတ်ခံရပြီး သေ ဆုံးသွားသည့် ဖြစ်စဉ်ကြောင် တပ်တွင်း ပုန် ကန်မှု ဖြစ်မည်ကို စိုးရိမ်သည့် အတွက် သတင်းအမှောင်ချထားကြောင်း၊ နာရေးကြော်ငြာပင် ပေးမ ထည့် ကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောသည်။ 

" ပြင်ဦးလွင် တပ်နယ် မှူး က ပစ်ခတ်မှုဖြစ်စဉ်နဲ့ ဒုဗိုလ်မှူးကြီး သေဆုံးသွားတဲ့ သတင်းကို သတင်း အမှောင်ချထားတယ်။ ဖုံးထားပါတယ်။  နာရေးသတင်း တောင် မတင်ရဘူးလို့ အမိန့်ထုတ်ထားတယ်။ အထိုင်တပ်၊ ကျောင်းမှာ အဲဒီလို  တပ်ကြပ်က  အရာရှိကြီး ကို ပစ်ခတ်တာ သတ်တာမျိုး ဖြစ်စဉ်က မရှိခဲ့ဖူး သေးဘူး" ဟု စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။ 

ရန်ကုန်ခေတ်သစ်၏ ဖရဲသီး တပ်သတင်းရင်းမြစ်တစ်ခုကလည်း ပြင်ဦးလွင် တပ်နယ် တွင် ဒုတိယ ဗိုလ်မှူးကြီးကျော်စိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး သွား သည့် ဖြစ်စဉ် မှန်ကန်ကြောင်း ထပ်မံ အတည် ပြု ပြောဆိုသည်။ 

ဓာတ်ပုံ- သေဆုံးသွားသည့် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်။


ဆက်ဖတ်ရန် →
တကြော့ပြန့် ဖက်ဆစ်ဝါဒ

တကြော့ပြန့် ဖက်ဆစ်ဝါဒ

အမေရိကန် ကနေဒါ အပါအဝင် ဥရောပ
နိုင်ငံတွေဟာ ဖက်ဒရယ်ပြည်ထောင်စု
ခေတ်ကိုဒီမိုကရေစီနဲ့လူ့အခွင့်အရေး
စံနူန်းတွေမွန်းမံပြင်ဆင်ရင်းအမျိုးသား
ရေးဝါဒ မပါချီတက်ဖို့ကျိူးစားနေကြ
တယ် အဂ်လန်ဝန်ကြီးချူပ်ကအိန္ဒိယ
လူမျိူးပါ ဂျာမဏီနိုင်ငံဆိုရင်အခုအချိန်မှာ
နာဇီဝါဒသမားတွေခေါင်းထောင်လာ
လို့နှိမ်နင်းနေရချိန်ဖြစ်တယ်
ဂျပန်ကတော့အဲ့စိတ်ရှိတာမတွေ့ရတော့ဖူး၊
အမျိူးသားရေးကိုအခြေခံတဲ့နယ်မြေ
သိမ်းပွဲတွေခေါင်းထောင်လာပြန်ပြီ
ရုရှားအများစုနေတဲ့ဆိုဗိယက်မှာနယ်သိမ်းပွဲ
တွေစလာပြီ တရုတ်ကလဲ ထိုင်ဝမ်
ကိုမျက်စောင်းတထိုးထိုး၊
မအလ ကတရုတ်နဲ့ရုရှားကို အားကိုးယုံ
သက်သက်မဟုတ်ဖူး အားပါကျတာ
ရှေးခေတ်ကနယ်တကာပတ်ပြီးရန်ဖြစ်
တတ်တဲ့ဗမာမင်းတွေရဲ့ဝိညာဉ်သူ့ဆီမှာပူး
ကပ်နေသလိုလို စစ်ဘုရင်ရူးရူးနေတာ
မသိဖူး သိမ်းမယ် သတ်မယ်ဆိုတဲ့အတွေးနဲ့ 
ပါတ်ကြမ်း ပတ်ရမ်းနေတာပါ၊
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကသူတို့
အတွက်အဆင်မပြေဖူးလေ၊
ခရိုနီတွေကလဲဇီးသီးဗန်းမှောက်ကျလာ
အောင်မြှောက်ပေးခဲ့ကြတယ်၊
ဖိလစ်ပိုင်လိုဘာသာရေးနွယ်တဲ့ပြည်တွင်းစစ်ကို
ဆွေးနွေးခြင်းအားဖြင့်အဆုံးသတ်တာမျိူးလဲ
မအလနဲ့လူမျိူးရေးအစွန်းရောက်တွေဟာ
ဆန္ဒလုံးဝမရှိဖူး
သူတကွက်မှားတာကဗမာတွေကိုလျှော့
တွက်လိုက်မိခဲ့တာပါ
မဘသလိုဆိုဒ်ဝါးတွေငွေကုန်ခံပြီးကြိုခင်း
ထားတယ်
မြန်မာနိုင်ငံလို့ လူသိတွေသိတဲ့နယ်မြေဟာ
ဗမာစစ်ဘုရင်အဆက်ဆက်လက်ဆင့်ကမ်း
အုပ်ချူပ်နေရမယ် အခွင့်သာ သာခဲ့ရင်
ထိုင်းကိုတောင်နောက်တကြိမ်သိမ်းဖို့
ကြိုးစားမှာ သွေးဆာနေတဲ့စစ်အုပ်စုပါ

 ၊ ရုရှားကယူကရိန်းကိုသိမ်း
သလိုပေါ့ ဒါပေမယ့် ဗမာ လူငယ်လူလတ်
ပိုင်းမှာဒီမိုကရက်အတွေးအခေါ်ကဝင်
ရောက်နေရာယူထားပြီးဖြစ်လို့ထင်တိုင်း
မပေါက်ဖြစ်ရတယ် မကွေးစစ်ကိုင်းဟာ
ဟိုးတုန်းကစစ်တပ်ကုန်းကြမ်းပေါပေါ
ထွက်ခဲ့ပေမယ့်အခုမရတော့ဖူး
မအလရဲ့အတွေးက—-
ဗမာတွေကသူ့ကို loyalty ဖြစ်စေချင်တယ်
 ပြည်နယ်တွေအကုန်ပြန်သိမ်းချင်တယ်
 မသိရင် မသိမ်းရင်ပဲဘုရင့်နောင်ဆူတာခံရ
ရမယ့်ပုံစံမျိူး ဒါပေမယ့် စားပြီးနားမလည်
ဖြတ်ပိုင်းလဲပြန်မလာတဲ့ စစိမိစ္ဆာဆိုတော့
ဘယ်သူကကျွန်ခံမလဲ
သူ့ကျွန်မခံပြီလို့စွတ်အော်နေပေမယ့်
သူကိုယ်တိုင်ကကျွန်ပြုဝါဒကိုဆုပ်ကိုင်
ထားတယ် မယုံရင်မေးကြည့်
ရခိုင်အေးမောင်၊ ကရင်စောမူတူး
ကချင်ကဂွမ်မော်တို့မသေသေးဖူး
စကားပြောကြတိုင်းအထက်စီးက
ဆက်ဆံပြီးအမြဲပြောနေကျ၊
စစ်ဘုရင်မှော်ဝင်နေတဲ့မအလဟာ
ဘုရင်ထိုင်တဲ့ပလ္လင်ကိုတနေ့၃ခါ
မျက်စောင်းထိုးနေသူတဦးဖြစ်တယ်၊
မဲမသမာမှုဆိုတာ စစ်ဘုရင်ပြန်လုပ်ဖို့
ဆင်ခြေလေးတခုပါသူကဆက်သွားမှာ
အမေရိကန်နဲ့မဟာမိတ်တွေဟာ ဖက်စစ်
နဲ့ကွန်မြူနစ် ခေါင်းထောင်လာမှာကိုအ
ဖြစ်မခံနိုင်ဖူး ထိုင်ဝမ်ကိုကာကွယ်ပေး
တယ် ယူကရိန်းကိုကာကွယ်ပေးတယ်
မအလဟာပြည်ပကိုမသိမ်းပေမယ့်ပြည်တွင်း
မှာပတ်သိမ်းနေတယ် ဝါဒကတရုတ်
 ရုရှားနဲ့တူနေတယ်၊ အခုနေစစ်ဖြစ်ရင်
ရုရှား တရုတ်ရဲ့မဟာမိတ်ကဗမာစစ်တပ်
ဖြစ်လာမှာ…
ဖက်စစ်လိုလို ကွန်မြူနစ်လိုလိုနဲ့တကယ်
တော့ဘုရင်ရူးရူးနေတဲ့မင်းအောင်လှိုင်က

လဲလတ်တလောမှာတတိရနေရာကလိုက်
နေတော့ အမေရိကန်နဲ့မဟာမိတ်တွေက
ကျူပင်ခုတ်ကျူငုတ်မကျန်အောင်လုပ်
လာကြလိမ့်မယ် 
ဝါဒနဲ့ယှဉ်ပြီးတိုက်ကြအုံးမယ့်စစ်ပွဲတွေ
တကျော့ပြန်လာပြီ
မအလကိုက အလွယ်လေးလုပ်လို့ရပါတယ်
ဗျူဟာမြောက်အရေးပေါ်လုပ်စရာမလို
သေးလို့မလုပ်တာပါ
အမြစ်ဖြတ်ပွဲလုပ်ချိန်ကျရင်တော့မအလ
ကအော်တိုမစ်တစ်ပါပြီးသားပါ၊

ဖက်ဆစ်ဝါဒရဲ့ တူညီတဲ့ သရုပ်လက္ခဏာ ၁၄ ရပ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂျာမဏီက ဟစ်တလာ၊ အီတလီက မူဆိုလိုနီ၊ စပိန်က
 ဖရန်ကို၊ အင်ဒိုနီးရှားက ဆူဟာတိုတို့အပြင် လက်တင်အ
မေရိကတိုက် နိုင်ငံ ၄-၅ ခုက အစိုးရဆိုးတွေကို လေ့လာ
ဆန်းစစ်ပြီး ပညာရှင်တစ်ဦးက ဖက်ဆစ်ဝါဒရဲ့ တူညီတဲ့
 သရုပ်လက္ခဏာ ၁၄ ရပ်ကို ဖော်ထုတ် တင်ပြထားတာ 
ရှိပါတယ်။
.
၁။ အားကောင်းမောင်းသန်၊ စဉ်ဆက်မပြတ်တဲ့ အမျိုးသား
ရေးဝါဒ

၂။ လူ့အခွင့်အရေးကို အသိအမှတ်ပြုရမှာ မလိုလား

၃။ စည်လုံးညီညွတ်ရေးအတွက် ရန်သူ/တရားခံ ရှာထား။

၄။ စစ်တပ်ရဲ့ ကြီးစိုးမှု

၅။ ကျား-မ ခွဲခြားမှု ပြင်းထန် (နယ်ပယ်တိုင်းမှာ ယောက်ျား
အများစုကသာ ကြီးစိုး လွှမ်းမိုးထား)

၆။ မီဒီယာကို ထိန်းချုပ်ထား

ရ။ နိုင်ငံတော် လုံခြုံရေး ဥပါဒါန်စွဲကပ်နေ

၈။ ဘာသာတရားနဲ့ အစိုးရက ဒွေးရောယှက်တင် (နိုင်ငံထဲ
ကကိုးကွယ်မှု အများဆုံး ဘာသာကို အသုံးချပြီး လူထုရဲ့ 
သဘောထားကို ထင်သလို ချယ်လှယ်နိုင်ဖို့ အားထုတ်တတ်
စမြဲ)

၉။ စီးပွားရေးသမားတွေ၊ အခွင့်ထူးခံတွေရဲ့ သြဇာအာဏာ
ကို ကာကွယ်စောင့်ရှောက်ပေး

၁၀။ လုပ်သားအင်အားစုရဲ့ သြဇာအာဏာကို နှိပ်ကွပ် နှိမ်နင်း
ထား (အလုပ်သမား သမဂ္ဂတွေ ရှိခွင့်မပေး၊ ရှိလည်း 
အကြီးအကျယ် ဖိနှိပ်ထား)

၁၀။ တတ်သိပညာရှင်တွေ၊ အနုပညာတွေကို စက်ဆုပ်

၁၂။ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ် ဥပါဒါန် စွဲကပ်နေ။ (ရဲတွေမှာ 
ကန့်သတ်မဲ့ သြဇာရှိ)

၁၃။ အလွမ်းသင့်သူများ ကောင်းစားရေး ဝါဒရယ် 
အကျင့်ပျက်ခြစားမှုတွေရယ် ထောင်းထောင်းထနေ

၁၄။ မသမာတဲ့ ရွေးကောက်ပွဲတွေ

(အတ္တကျော်၏ FB စာမျက်နှာတွင် ဖော်ပြချက်)


ဆက်ဖတ်ရန် →
အာဏာသိမ်းစစ်ကောင်စီကို အရေးယူဖို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံအပေါ် ဖိအားပေးမှုတွေ တိုးလာ

အာဏာသိမ်းစစ်ကောင်စီကို အရေးယူဖို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံအပေါ် ဖိအားပေးမှုတွေ တိုးလာ

ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၀ ရက်

လွန်ခဲ့တဲ့နှစ်နှစ်က ရွေးကောက်ခံအစိုးရတစ်ရပ်ထံကနေ အာဏာသိမ်းယူခဲ့တဲ့ မြန်မာစစ်တပ်ကို သင့် လျော်သော တုံ့ပြန်မှုတစ်ခု လုပ်ဆောင်ဖို့ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင် ငံအပေါ် ဖိအားတွေ ပေးနေပါတယ်။
 
မြန်မာ့အရေး ပြည်တွင်းစစ်အဖြစ် ပြောင်းလဲသွားတာ ဘုံသဘောတူညီချက်ငါးရပ်အဖြစ် လူသိများတဲ့ အာဆီယံငြိမ်းချမ်းရေး စီမံချက်ကို ထိထိရောက်ရောက် ပယ်ဖျက်ခဲ့ပေမယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုအတွက် မြန်မာစစ်တပ် အကြီးအကဲ မင်းအောင်လှိုင်ကို ပြင်းထန်တဲ့အရေးယူမှုပြုလုပ်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။
 
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားဉီးဆောင်တဲ့ အာ ဆီယံအဖွဲ့ဝင်ကိုးနိုင်ငံကို မြန်မာစစ်ကောင်စီက စမ်းသပ်ခဲ့ပေမယ့် မျှော်လင့်သလို ဖြစ်မလာခဲ့ဖူးလို့ ဖနောင်ပင်မြို့ တော်အခြေစိုက် Risk Analysis & Resources International မှ ညွှန်ကြားရေးမှူး ရော့စ်မီလိုဆီဗစ်က ပြောပါ တယ်။
 
အာဆီယံအဖွဲ့က အမြဲတမ်းဆိုသလို အခြားနိုင်ငံရဲ့ပြည်တွင်းရေးကို မစွက်ဖက်ရဆိုတဲ့ မူဝါဒကျင့်သုံးခဲ့ ပေမယ့် ဒီအစီအစဉ်က မအောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အာဆီယံအဖွဲ့က မြန်မာ့အရေးကို မှန်ကန်တဲ့ နည်း လမ်းတစ်ခုနဲ့ ဖြေရှင်းခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး လို့ သူက ဆိုပါတယ်။
 
နှစ်နှစ်ကြာတဲ့အခါမှာ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ဟာ ပြီးဆုံးသွားခဲ့ပြီလို့ လူ့အခွင့်အရေးဆိုင် ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့မှ ချားလ်ဆန်တီယာဂိုက ပြောပါတယ်။ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံ တွေက အာဆီယံ အလှည့်ကျဥက္ကဌတာဝန်ထမ်းဆောင်ခဲ့ချိန် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို တက် ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
 
ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ စေ့စပ်ညှိနှိုင်းတာ မပြုလုပ်ခဲ့ပါဘူး။ ပြည်သူ ၂၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ အာဆီ ယံအဖွဲ့ကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့တောင် ကမ္ဘောဒီးယားနိုင်ငံက ကြိုးပမ်းခဲ့ပါသေးတယ်။ ပြည်သူ ၁၃၆၀၀ ကျော် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး အရပ်သား တစ်သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက NUG နဲ့ အခြား နိုင်ငံရေးပါတီတွေ ယှဉ်ပြိုင်ဖို့မဖြစ်နိုင်အောင် ပြုလုပ် ထားတာကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ကတိပြုထားတဲ့ ရွေးကောက်ပွဲဟာ ရယ်ဖွယ်ကောင်းတယ်လို့ ဆန် တီယာဂိုက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကြောင့် အာဆီယံအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

အာဆီယံအဖွဲ့အတွင်း အရပ်သားအစိုးရကို စစ်တပ်က ထိန်းချုပ်နိုင်တဲ့ ဘယ်လိုရလဒ်မျိုးကိုမဆို ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ထောက်ခံမှာဖြစ်ပြီး အာဆီယံပြင်ပမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင် လှိုင်ဟာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ထောက်ခံမှုကို ရရှိနိုင်တယ်လို့ ဆန်တီယာဂိုက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက အာဆီယံကို အရူးလုပ်တယ်ဆိုတာ အင်ဒိုနီးရှားနိုင်ငံက မလေးရှား၊ စင် ကာပူ၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းကို ပြောသင့်ပါတယ်။ ဗီယက်နမ်နိုင်ငံကတော့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ကြောင့် ပြောရခက်ပါတယ် လို့ သူက ဆိုပါတယ်။

ပထဝီအနေအထား၊ လူဉီးရေနဲ့ စီးပွားရေးအင်အားအရ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံဒေသရဲ့ အင်အား ကြီးတိုင်းပြည်ဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာ့တတိယအကြီးမားဆုံး ဒီမိုကရေစီတိုင်းပြည်ဖြစ်ပြီး အနောက် နိုင်ငံတွေနဲ့ ခိုင်မာသောဆက်ဆံမှုရှိကာ ဘရူနိုင်း၊ မလေးရှားတို့နဲ့အတူ အာဆီယံအဖွဲ့အတွင်း အစ္စလာမ်သုံးနိုင်ငံ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အရည်အချင်းရှိတဲ့သူတွေ အုပ်ချုပ်ပါစေ လို့ မကြာသေးမီကကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ အင်ဒိုနီးရှား ပင်လယ်ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး လူဟတ်ပန်ဂျိုင်တန်က ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်ရုံးတစ်ခု ထူထောင်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။

အင်ဒိုနီးရှားဝန်ကြီးတွေရဲ့ ထိုသို့သောပြောကြားချက်တွေကြောင့် စစ်ကောင်စီက ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ အကြမ်းဖက်အဖွဲ့တွေ၊ တရားမဝင်အသင်းအဖွဲ့တွေနဲ့ မထိတွေ့ဖို့ အာဆီယံကို သတိပေးခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက လုပ်ဆောင်မယ့်အရာတွေထဲမှာ အာဆီယံအဖွဲ့မှာ မြန်မာထိုင်ခုံနေရာ NUG သို့ လွှဲ ပြောင်းပေးခြင်း၊ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံမှုအားလုံး ဖြတ်တောက်ခြင်း၊ စစ်တပ်ပိုင်ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်အရေးယူတာနဲ့ လက်နက်တင်ပို့မှု ပိတ်ပင်တာတွေ ပါဝင်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒါ့အပြင် လေယာဉ်ဆီတင်သွင်းမှုပိတ်ပင်တာ၊ No-fly zone သတ်မှတ်တာ၊ စစ်ဘေးရှောင်တွေအတွက် safe zone သတ်မှတ်တာနဲ့ အာဆီယံ ဘုံသဘောတူညီချက်အောက်မှာ ဖြစ်မလာတဲ့တဲ့ လူသားချင်းစာနာမှု အကူ အညီ ပေးအပ်ခွင့်ပြုတာတွေ ပါဝင်နိုင်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ စီးပွားရေးအရ ထိရောက်သော တိုင်းပြည်တစ်ခုဖြစ်သလို ကမ္ဘာ့နိုင်ငံတွေနဲ့ ထိ တွေ့ဆက်ဆံမှုအားကောင်းတာကြောင့် မြန်မာစစ်တပ်အပေါ် မယုံကြည်နိုင်စရာ ဖိအားပေးလာပါလိမ့်မယ်။ ဒါ ဟာ ပြည်တွင်းစစ်တစ်ခုဖြစ်ပါတယ် လို့ မီလိုဆီဗစ်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ ကျွမ်းကျင်သူတွေရဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်တပ်ဟာ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံဖို့ ထိရောက် သော ပိုင်နက်နယ်မြေထိန်းချုပ်မှု မပြုလုပ်နိုင်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဒီအစီရင်ခံစာက နိုင်ငံတကာစံချိန်တွေကို အသုံးပြုပြီး တိုင်းပြည်တစ်ပြည်ရဲ့ ပိုင်နက်နယ်မြေ ထိန်းချုပ် နိုင်မှုကို စံသတ်မှတ်ချက်တွေနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး NUG နဲ့ အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေက တိုင်းပြည် ရဲ့ ၅၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ တိုင်းပြည်ရဲ့ပိုင်နက်နယ်မြေ ၂၃ ရာခိုင်နှုန်းမှာ PDF တွေ၊ အခြား ခုခံတွန်းလှန်ရေး တပ်ဖွဲ့တွေနဲ့ ယှဉ်ပြိုင်နေရပြီး အာဏာသိမ်းစစ်ကောင်စီ တိုင်းပြည်ရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်တယ်လို့ အစီရင်ခံစာက တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူနည်းစုတိုင်းရင်းသား ၁၃၅ မျိုးရှိပြီး ၁၄ မျိုးက PDF တွေ ဖွဲ့စည်းကာ ဗီယက်နမ်စစ်ပွဲ ကာလအတွင်း ဗီယက်ကောင်းတွေ အသုံးပြုတဲ့ ပစ်ရှောင်ပြေး နည်းဗျူဟာနဲ့ ပြောကျကွားစဈကို အသုံးပြုကာ တိုက်ပွဲတွေကို တောထဲမှသည် မြို့ပြအထိ ဆင်နွှဲနေတယ်လို့ မီလိုဆီဗစ်က ပြောပါတယ်။

PDF တွေက မြန်မာစစ်တပ်ကို တိုက်ခိုက်နေပြီး မြေပြင်မှာ အနိုင်ရရှိနေပေမယ့် စစ်တပ်ကတော့ လေ ကြောင်းပစ်ကူနဲ့သာ တိုက်ပွဲဝင်နေရတာကြောင့် PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် အခက်အ ခဲရှိနေပါတယ် လို့ သူက ထောက်ပြပါတယ်။

ခြောက်သွေ့ရာသီ စတင်ပြီဖြစ်တာကြောင့် PDF တွေက မြန်မာစစ်တပ်ကို နေ့စဉ် ခြုံခိုတိုက်ခိုက်နေတာ ဗီယက်နမ်စစ်ပွဲကာလအတွင်း ဗီယက်ကောင်းတွေ ပြုလုပ်ခဲ့သလို ထိရောက်သော နည်းလမ်းတစ်ခုဖြစ်တယ်လို့ မီလိုဆီဗစ်က ဆိုပါတယ်။
၂၀၂၃ ခုနှစ်အတွက် အာဆီယံရဲ့ နိုင်ငံခြားရေးမူဝါဒ ချမှတ်မယ့် ဖေဖော်ဝါရီလ ၃ ရက်မှ ၄ ရက်အထိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တံခါးပိတ်အစည်းအဝေး ကျင်းပတဲ့အခါ မြန်မာ့အရေးကို ဉီးစားပေးမယ်လို့ မျှော်မှန်းရကြောင်း ဆန်တီယာဂိုက ပြောပါတယ်။

VOA ဝဘ်ဆိုဒ်မှာ ဆောင်းပါးရှင် Luke Hunt ရေးသားထားတဲ့ Pressure Mounts on ASEAN Chair Indonesia to Act on Myanmar ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။

#Ayeyarwaddy_Times


ဆက်ဖတ်ရန် →
အလွဲတွေနဲ့လွဲနေတဲ့ရေမီးရှား

အလွဲတွေနဲ့လွဲနေတဲ့ရေမီးရှား

နိုင်ငံကြီးတွေမှာ~~~~~

ပါတီတခုဟာ နယ်မြေတခုအတွက် ပြိုင်မယ့်

ကိုယ်စားလှယ်တယောက်ပဲလိုတယ်၊

အဲဒီကိုယ်စားလှယ်ကပိုက်ဆံသုံးနိုင်သူ

ဖြစ်ရတယ်၊သူ့ရဲ့ရုံးလုပ်ငန်းအတွက်သူ့

ဖါသာ၅ယောက်လိုအပ်ရင်၅ယောက်ခန့်ရတယ်


ပါတီထောက်ခံသူတွေအွန်လိုင်း

နေစာရင်းပေးပြီးမဲဆွယ်တဲ့

နေ့တွေမှာစာရွက်ဝေတာ

တွေအခမဲ့ကူညီကြတယ်


ပါတီဝက်ဆိုဒ်ကနေပါတီဝင်ခွင့်ရှိိတယ်

ဒါပေမယ့်နှစ်စဉ်ကြေးပေးရလို့ဝင်တဲ့သူနဲတယ်


အမှန်တော့ပါတီဝင်များစရာမလိုပါဖူး

ပါတီကိုမဲထည့်ဖို့ပဲလိုပါတယ်၊ ပါတီအကျီင်္ 

ကထောက်ခံသူလဲဝတ်လို့ရပါတယ်


ကြေငြာသင့်တာကကိုယ်စားလှယ်အနည်းဆုံးဘယ်လောက်ဘယ်လောက်ပြိုင်ရမယ်

ဆိုပြီးပြဌာန်းရမှာဖြစ်တယ်၊ဒါပေမယ့်နိုင်ငံတဝက်

ပြိုင်ရမယ်ဆိုတာကလဲဖွတ်စိမ်းကောင်တွေပဲလုပ်

နိုင်တာမို့လို့တပါတီစနစ်ဖြစ်နေပြီ ဖွတ်စိမ်းတွေ

တောင်အိမ်ပြင်မထွက်ရဲတာ နိုင်ငံတစိတ်ပြိုင်ရဲရင်

ကံကောင်းပဲ၊

တခုတော့ကောင်းတယ် မိုက်ကယ်ကျော်မြင့်တို့

စွေစောင်းတို့တိုင်ပါတ်ပြီ၊

ဒီဥပဒေဟာ တသီးပုဂ္ဂလတွေအတွက်အကြုံးဝင်

ခြင်းရှိမရှိမသိရပါဖူး၊ 

သူတို့ဖါသာဘာတွေပဲလုပ်လုပ်ပါ

ပြည်သူအပေါ်သဘောထားမမှန်သူတွေ၊

ပဒေသရာဇ်စနစ်အသက်သွင်းပြီးကျွန်ပြု

သူလိုတွေကိုဖယ်ရှားရမှာပြည်သူတွေရဲ့တာ

ဝန်တရပ်ပါပဲ၊ 


ဒီမိုယန္တယားမှာအမတ်နဲ့အစိုးရဆိုတာ

ပြည်သူဖြစ်ချင်တာမှန်တယ်ဆိုရင်

လုပ်ပေးရတယ် ပြည်သူကပဲခြိမ်းခြောက်

ခွင့်ရှိတယ် ( နောက်သက်တမ်းမဲမပေး

ပေးဖူးပြောရင်အမတ်တွေကြောက်မှ

ကြောက်ပဲ)


မအလ သမ္မတဖြစ်သည်ဖြစ်စေ

မဖြစ်သည်ဖြစ်စေ ချီးတုံးဟာ

နံ့သာဆီဖြစ်လာစရာ

စောက်ကြောင်းမရှိပါ၊


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ် ကန့်သတ်ချက် များလွန်းနေ

~~~~~

■ အာဏာသိမ်းစစ်တပ်ရဲ့ အရေးပေါ်ကာလ သက်တမ်း နှစ်နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာပဲ စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ဇန်နဝါရီလ ၂၆ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။


ဒီဥပဒေသစ်ဟာ အရင် စစ်အစိုးရလက်ထက်က ပြဌာန်းထားတဲ့ ဥပဒေတွေထက် ကန့်သတ်ချက်တွေ ပိုများပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေအပေါ် တင်းကြပ်ထားတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။


အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ အရင်ဥပဒေဟောင်းမှာတော့ ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီတွေဟာ မှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကစလို့ ရက်ပေါင်း ၉၀ (သုံးလ) အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်ထောင် စည်းရုံးရမယ်လို့ ဖော်ပြထားပါတယ်။


အခု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်မှာတော့ တစ်နိုင်ငံလုံးမှာ ဝင်ပြိုင်မယ့် ပါတီတွေဟာ ပါတီဝင် တစ်သိန်းအထိ စည်းရုံးရမယ့်အပြင် ပါတီရန်ပုံငွေအဖြစ် ကျပ်သိန်းတစ်ထောင် ဘဏ်စာရင်း ဖွင့်ထားဖို့ လိုအပ်ပါတယ်။


တိုင်းနဲ့ ပြည်နယ်တစ်ခုခုမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကတော့ ပါတီဝင် အရေအတွက် ၁,၀၀၀ နဲ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ ရှိဖို့ လိုအပ်ပါတယ်။ အရင် ဥပဒေအဟောင်း ပြဌာန်းချက်က ပါတီဝင်ဦးရေ ၅၀၀ သာ ပြဌာန်းထားပါတယ်။


ဒါ့အပြင် ၂၀၂၃ ရွေးကောက်ပွဲအသစ်မှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီအားလုံး ဥပဒေသစ် ပြဌာန်းလိုက်တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ကစလို့ ရက်ပေါင်း ၆ဝ အတွင်း မှတ်ပုံတင်အသစ် ပြန်တင်ရမှာပါ။ အဲဒီစည်းကမ်းကို မလိုက်နာရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ဖျက်သိမ်းပြီးသားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ဒီကန့်သတ်ချက်တွေ အရဆိုရင် နိုင်ငံတစ်ဝန်းမှာ ဝင်ပြိုင်နိုင်မယ့်ပါတီက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တစ်ခုတည်းပဲ ကျန်ရှိလိမ့်မယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။


“သူတို့ထွက်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရဆိုရင်တော့ မြန်မာပြည် တစ်ဝန်းလုံးမှာ ပြည်ထောင်စုအဆင့်ဆိုလို့ ကြံ့ခိုင်ရေးပါတီ တစ်ခုတည်းကသာ ဝင်ပြိုင်ပြီးတော့မှ ကျန်တဲ့ပါတီ အကုန်လုံး သူနဲ့ တန်းတူ ဝင်မပြိုင်နိုင်အောင် ကန့်သတ်လိုက်တဲ့ သဘောပေါ့နော်။ နောက်တိုင်းရင်းသား ပါတီတွေကိုတော့ သက်ဆိုင်ရာ သူ့ပြည်နယ် ကိုယ့်ပြည်နယ် ပြန်ပြီးတော့မှ ပြိုင်ကြပေါ့။ အဲမှာတော့ လျော့ပေါ့ထားတာကိုး။ ပြည်ထောင်စုအဆင့်မှာတော့ စောစောပြောသလို ကြံခိုင်ရေးပါတီ တစ်ခုတည်းကိုပဲ နေရာရအောင်ကြံဖန် ရေးထားတဲ့ မှတ်ပုံတင်လို့ ဥပဒေလို့ ဒီလိုပဲနားလည်ပါတယ်ဗျ”


SNLD အနေနဲ့ ပါတီမှတ်ပုံတင်၊ မတင် ဆိုတဲ့ကိစ္စကို ပါတီတွင်း အစည်းအဝေးထိုင်ပြီးမှသာ အတိအကျ သိနိုင်မယ်လို့ သူက ဆိုပါတယ်။


အရင်ဥပေဒဟောင်းမှာ နိုင်ငံရေးပါတီတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် မဲဆန္ဒနယ် အနည်းဆုံး သုံးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်လို့ ဖော်ပြထားပါတယ်။ အခု ဥပဒေသစ်မှာတော့ ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးမယ့် နိုင်ငံရေးပါတီဟာ မဲဆန္ဒနယ် အားလုံးရဲ့ တစ်ဝက်တိတိမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်လို့ တင်းကျပ်ထားပါတယ်။


ဒါဟာ အနည်းဆုံး မဲဆန္ဒယ်နယ် အရေအတွက် ၅၈၀ ကျော်မှာ ဝင်ပြိုင်ရမှာဖြစ်လို့ ပါတီငယ်တွေ ရွေးကောက်ပွဲ မဝင်နိုင်အောင် ရည်ရွယ်ချက်ရှိရှိ ကန့်သတ်ထားတာလို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။


ဒီဥပဒေသစ်ဟာ တိုင်းရင်းသားပါတီငယ်တွေ မဲဆန္ဒနယ်အများစုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတော်ခက်ခဲစေတယ်လို့ ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) ဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောပါတယ်။


“ပါတီဝင် တစ်သိန်း အခုကစပြီးတော့ စည်းရုံးရမယ်ဆိုတဲ့ ကိစ္စကလည်း အင်မတန့် အင်မတန်ကို ခက်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အနေအထား နိုင်ငံရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး အနေအထားရ ပါတီဝင် တစ်သိန်းဆိုတာလည်း ကျနော်တို့မှာ အင်မတန် အခက်အခဲ ဖြစ်တယ်ပေါ့နော်။ မြို့နယ်ပေါင်း ၁၆၅ မြို့နယ်မှာ အနည်းဆုံး ရုံးဖွင့်ရမယ်။ မြို့နယ်ရုံးတွေ ဖွင့်ရမယ်။ ဒီကိစ္စမှာလည်း ပါတီရုံးကိုပါ ကန့်သတ်ထားတဲ့ အနေအထားဖြစ်တဲ့ အခါကျတော့ အဲဒါလည်း တော်တော်ခက်ခဲတဲ့ကိစ္စ ဖြစ်ပါတယ်”


ဒီဥပဒေသစ်ကြောင့် လက်ရှိ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီပေါင်း ၉၀ ကျော်မှာ အများစုက အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီလို့ တိုင်းရင်းသား အင်အားကြီး ပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။


“ဒီဥပဒေ ထွက်လာတဲ့ အတွက်ကြောင့် ကျနော်တို့ ပါတီအပြင် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တခြား တစ်နိုင်ငံလုံးကို စည်းရုံးဖို့အတွက် တခြား တိုင်းရင်းသားပါတီတွေလည်း အကျပ်အတည်း အခက်အခဲရှိသလို ပါတီအများစုကတော့ ဒီဥပဒေ ထုတ်ပြန်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ အခု တရားဝင် မှတ်ပုံတင်ထားတဲ့ ပါတီပေါင်း ၉၀ ကျော်မှာ ပါတီအများစုက အကျပ်အတည်း အခက်အခဲဖြစ်သွားပြီလို့ ကျနော်တော့ အဲဒီလို ရှုမြင်တယ်”


ဒီဥပဒေသစ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်မှုများစွာ လုပ်နေတဲ့  ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ အမြင်သဘောထား သိနိုင်ဖို့ ပါတီပြောခွင့်ရသူ ဦးလှသိန်း ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုဖြင်း မရှိပါဘူး။


စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တစ်နိုင်ငံလုံးမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတိုင်း ပါတီဝင် တစ်သိန်း ရှိရမယ်ဆိုတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်တယ်လို့ RFA ကို ပြောပါတယ်။


“အခြေခံဥပဒေ ပုဒ်မ ၁၆၁ (ဂ) ကိုပြန်ကြည့်ရင် တိုင်းရင်းသားလူမျိုးစုတွေအတွက် အခွင့်အရေး ပေးထားတာ ဖြစ်တယ်။ အဲဒီမှာ ဘာပါတုန်းဆိုတော့ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မရတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေအနေနဲ့ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၀.၁ ရာခိုင်နှုန်း တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ လွှတ်တော်အမတ်ရ ရမယ်ဆိုပြီး ပြောထားတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ ၅၄ သန်း၊ ၅၅ သန်း ပေါ့ဗျာ အဲဒီမှာဆိုရင် ၀.၁ ရာခိုင်နှုန်းဆိုတာ ငါးသောင်းလေးထောင် ဒါမှမဟုတ် ငါးသောင်း ငါးထောင် ဖြစ်ပါတယ်။ အဲဒီတော့ စဉ်းစားကြည့်၊ ဒါလူမျိုးစု တစ်ခုတည်းအတွက်နော် လူဦးရေက အဲဒီလောက်ရှိရမှာဖြစ်တယ်၊ အဲဒီတော့ တစ်နိုင်ငံလုံးကို စည်းရုံးရမယ့် ပါတီအနေနဲ့က ကျနော်တို့ဒေသမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုတောင် ရှိတယ်၊ တစ်နိုင်ငံလုံးမှာ စည်းရုံးမယ့်ပါတီတွေက လူဦးရေ တစ်သိန်းဆိုတာသည် ဒီဥပဒေကို ထောက်ရှုကြည့်ရင် ဒါသည် လျှော်ကန်သင့်မြတ်တဲ့ လူဦးရေလို့ပဲ ကျနော်ပြောချင်ပါတယ်”


လက်ရှိမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ထိ ဖောင်းပွနေပြီး အမှန်တကယ် ရွေးကောက်ပွဲဝင်နိုင်တဲ့ ပါတီက အနည်းငယ်ပဲ ရှိတာကြောင့် မှတ်ပုံတင်မယ့် ပါတီတိုင်း နိုင်ငံရေးအရ စုစည်းညီညွတ်မှု ရှိအောင် လုပ်ဆောင်ထားတာလို့လည်း သူက ဆိုပါတယ်။


စစ်ကောင်စီရဲ့ ဥပဒေသစ်မှာ မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတော်ကို လက်နက်ကိုင် ဆန့်ကျင်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ သတ်မှတ်ထားတဲ့ အဖွဲ့စည်းတွေနဲ့ သူတို့ကို တိုက်ရိုက်၊ သွယ်ဝိုက် အားပေးကူညီနေတဲ့ အဖွဲ့အစည်းတွေလည်း ပါတီမှတ်ပုံတင်ခွင့် မရှိဘူးလို့ တားမြစ်ထားပါတယ်။


ဒါဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ NLD၊ NUG နဲ့ PDF အဖွဲ့တွေကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ရည်ရွယ်ချက်ရှိရှိ ကန့်သတ်တာဖြစ်ပြီး သူ့ကိုထောက်ခံသူတွေနဲ့ပဲ နိုင်ငံရေးလမ်းကြောင်း ဖော်ဆောင်ဖို့ စစ်ကောင်စီက ကြိုးစားနေတာလို့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။


“ဒီအခုသူတို့ စည်းစားတဲ့ စဉ်းစားမှုအရကိုက အခုလက်ရှိ သူတို့ကို ဆန့်ကျင်တော်လှန်နေတဲ့ လူတွေကို မပါစေချင်ဘူးဆိုတဲ့ သဘောတရားကတော့ ရှိနေတာပေါ့။ သူ့ရဲ့ သွားမယ့် လမ်းကြောင်းကို ကဖျက်ယဖျက် လုပ်နေတယ်ဆိုတဲ့ ဥစ္စာမျိုး ဖမ်းဆီးထိန်းသိမ်းတာတွေ၊ အမှုတင်တာတွေ သူတို့ လုပ်နေသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ပေါ့၊ အဲဒီလိုမျိုးဟာတွေ လုပ်နေသေးတယ်၊ အဲဒီဟာက သူတို့ ကန့်သတ်မှုရှိတာသည် ဒီဘက်မှာ အခုဒီလမ်းကြောင်းက သူနဲ့အဆင်ပြေတဲ့ ဒါမှမဟုတ် အဆင်မပြေရင်တောင်မှ သူ့ကို ကန့်လန့်တိုက် ဆန့်ကျင်နေတဲ့သူ မဟုတ်တဲ့လူတွေနဲ့ နိုင်ငံရေးလမ်းကြောင်း ဖော်ဆောင်တယ်လို့ မြင်စရာရှိတာပေါ့”


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေး ကတော့ ဒီဥပဒေသစ်ဟာ အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးအရ တရားဝင်မှု ဖြစ်လာစေဖို့၊ လာမယ့် ရွေးကောက်ပွဲမှာ သူလိုချင်တဲ့ ရလဒ်မျိုး မရ၊ ရအောင်လုပ်ဖို့ စစ်ကောင်စီက နည်းမျိုးစုံနဲ့ အကွက်ချ စီစဉ်နေတာလို့ ဝေဖန်ပါတယ်။


“နိုင်ငံအရေးအရ အသိအမှတ်ပြုခံရဖို့ ရွေးကောက်ပွဲ လုပ်ချင်တယ်။ ပြည်သူတွေက လက်မခံနိုင်မှန်းသိတော့ ရှုံးမှာလည်း ကြောက်တယ်၊ ဒါကြောင့် ပါတီသစ်တွေ အလွယ်တကူ ထူထောင်လို့ မဖြစ်နိုင်အောင် ကန့်သတ်ချက်တွေကို သေချာတွက်ချက်ပြီး ထည့်ထားတာ တွေ့ရပါတယ်။ မြင်သာအောင်ပြောရရင် မရဲဘဲ ကျွဲပြဲ စီးချင်နေတဲ့ သဘောပါဗျ။ ဘယ်သူ့မှ အသိအမှတ်ပြု မခံထားရလို့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြု ခံရအောင် သူတို့လိုချင်တဲ့ ရလဒ်ရအောင် နည်းမျိုးစုံနဲ့ အကွက်ချ စီစဉ်ထားတဲ့ ပြည်သူတွေနဲ့ နိုင်ငံတကာကိုလှည့်စားမယ့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်”


NLD ပါတီက ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့အပေါ် လက်မခံနိုင်လို့  ပါတီကို အင်အား ချိနဲ့သွားအောင်၊ ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေကို ပါတီနား မကပ်ရဲအောင် စနစ်တကျ စီမံချက်ချပြီး ဖိနှိပ်နေတာလို့လည်း ဦးကျော်ထွေးက ဆိုပါတယ်။


NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်နှစ်ပြည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၈ ရက် ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို NLD အနေနဲ့ လုံးဝ အသိအမှတ်ပြု လက်ခံမှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။


စစ်ကောင်စီကတော့ လာမယ့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးမယ်လို့ ပြောဆိုထားပြီး ရွေးကောက်ပွဲအသစ် လုပ်နိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေစာရင်း ကောက်ယူနေပါတယ်။ ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီကို အာဏာလွှဲပေးဖို့ ကြိုတင်ဆောင်ရွက်မှာဖြစ်ပြီး ဘယ်လို အခြေနေမျိုးမှာမဆို ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကြိုးပမ်းရမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇန်နဝါရီ ၂၃ ရက် စစ်ကောင်စီအစည်းအဝေးမှာ ပြောထားပါတယ်။


၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး နောက်ထပ် ရွေးကောက်ပွဲအသစ် ထပ်လုပ်ဖို့၊ အာဏာဆက်ယူဖို့ ကြိုးစားနေတဲ့အတွက် လုံးဝ လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲအကြို လူဦးရေစာရင်း ကောက်ယူမှုတွေကို ဆန့်ကျင်သွားမယ့်အကြောင်း ဇန်နဝါရီလဆန်းကစလို့ ကြေညာချက်တွေအသီးသီး ထုတ်ပြန်ထားပါတယ်။


RFA က ပြုစုထားတဲ့စာရင်းအရ အိမ်ထောင်စုလူဦးရေစာရင်း စတင်ကောက်ယူတဲ့ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ နှစ်ပတ်ကျော်အတွင်း လူဦးရေစာရင်း ကောက်ယူတဲ့ အဖွဲ့တွေနဲ့ ရုံးဌာနတွေ အကြိမ် ၃၀ ထိ တိုက်ခိုက်ခံရပြီး ရဲနဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး အပါအဝင် ရှစ်ဦး သေဆုံးခဲ့ပါတယ်။


စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မယ့်ရက်ကို အတိအကျ မကြေညာသေးပေမယ့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်း နှစ်နှစ်ပြည့်ချိန်ကနေ နောက်ထပ် ခြောက်လအတွင်း မှာ မဖြစ်မနေ ရွေးကောက်ပွဲအသစ်လုပ်ဖို့ ပြဋ္ဌာန်းထားပါတယ်။

_________





ဆက်ဖတ်ရန် →
ဖေဖေါ်ဝါရီ ၁ ရက် - အသံတိတ် သပိတ် တိုက်ပွဲကြီး

ဖေဖေါ်ဝါရီ ၁ ရက် - အသံတိတ် သပိတ် တိုက်ပွဲကြီး

 နိုင်ငံတကာ သတင်းစာမျက်နှာ များ တွင် မြန်မာပြည်တွင် ပေါ်ထွန်းစ ဒီမိုကရေစီ စနစ်အား ရိုက်ချိုး ဖျက်ဆီးခံလိုက်ရပြီး တနိုင်ငံလုံး ကြိမ်မီးအုန်း သလို ဒုက္ခပင်လယ်ဝေခဲ့ရသည့် နှစ် နှစ်မြောက် အထိမ်း အမှတ် အဖြစ် ပါရှိလာနေချိန် တွင် ဒီမိုကရေစီ တိုက်ပွဲဝင် နေကြသော အင်အားစုများက လည်း အသံတိတ် သပိတ် ဆင်နွှဲရန် နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီ အထိ အိမ်ပြင် မထွက်ကြရန် အထွေထွေ သပိတ် ညှိနှိုင်းရေး ကော်မတီ မှ လှုံ့ဆော်လိုက်ပြီ ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် တော်လှန်ရေးကြီး အပြီးသတ် ဆင်နွှဲရန် စိုင်းပြင်းနေကြပြီ ဖြစ်၍ ယခုလို အသံတိတ် သပိတ်ကြီး ဆင်နွှဲခြင်း သည် လွန်စွာ အရေးပါသော နောက်ထပ် ခြေလှမ်းကြီး ဖြစ်သည်။ မြန်မာ အရေး အပေါ် စိတ်ဝင်စားမှု လျော့နည်းလာနေပြီ ဖြစ်သော နိုင်ငံတကာကလည်း မိမိတို့ မြန်မာ ပြည်သူများ သည် စစ်အာဏာရှင် စနစ် ကို မဆုပ်မနစ် ဆက်လက် တိုက်ပွဲဝင်သွားမည်သာ ဖြစ်သည်ဟု ထုတ်ဖေါ်ပြသရာလည်း ရောက်ပေသည်။

၎င်းတို့ လုပ်မည်ဟု ရည်ရွယ်ထားသော ရွေးကောက်ပွဲ ဆိုသည်ကိုလည်း ပြည်သူများက လက်မခံကြောင်း ထုံးတွေ အဖွေးသား ကြားမှထပ်မံ ပြသလိုက်ခြင်းလည်း ဖြစ်သည်။

နိုင်ငံတကာ သည်လည်း စစ်အာဏာရှင်များသည် လက်နက်အားကိုးဖြင့်သာ သက်ဆိုးရှည်နေသူများ ဖြစ်ပြီး ယခုထိ တိုင်းပြည်ကို မည်သို့မျှ အုပ်ချုပ်နိုင်စွမ်း ရှိသူများ မဟုတ်ဟု ထပ်၍ အတည်ပြုနိုင်ပြန်သဖြင့် အရှက်တကွဲ အကျိုးနည်း သွားစေမည့် ထိုးနှက်ချက် ကြီးလည်း ဖြစ်၍ ယခင် အသံတိတ် သပိတ်များထက် ပို၍ လေးနက်ပြီး အနှစ်သာရ ရှိနေသည်။ အထူးသဖြင့် တရုတ် သည် လက်ရှိ အနေအထားတွင် စစ်အာဏာရှင်များ ဖက်မှ လိုလိုလားလား ထောက်ခံပြောဆိုမှု မရှိတော့၍ ထို အနေအထားကို ပို၍ ခိုင်မာအောင် အင်္ဂတေ လောင်းပေးမည့် ပွဲလည်း ဖြစ်သည်။ အာဆီယံ ၏ ဥက္ကဌ အသစ် ဖြစ်လာမည့် အင်ဒိုနီရှား အားလည်း ပြတ်ပြတ်သားသား ဆန့်ကျင်သွားရန် မြန်မာပြည်သူများက mandate အခွင့်အာဏာ ပေးအပ်လိုက်သည့် ပွဲလည်း ဖြစ်သွားပေလိမ့်မည်။

စစ်အာဏာသိမ်း အဖွဲ့သည် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကာလုံ ဆိုသည်ကို တရားမဝင် ခေါ်ယူ ဆွေးနွေးကြမည်ဟု ဆုံးဖြတ်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ မည်သို့ပင် ဆုံးဖြတ်ကြစေကာမူ ထွက်ပေါ်လာမည့် ရလဒ်သည် နိုင်ငံတကာ နှင့် လူထုကို လှည့်ဖျားရန်သာ ဖြစ်၍ မည်သို့မျှ ထူးခြားမည် မဟုတ်သည့် အပြင် အခြေအနေများက အချိန်မရွေး ရုတ်ခြည်း ဆိုသလို ပြောင်းလဲသွား နိုင်ပြန်၍ မိမိတို့ အိမ်တွင်း နေ ကြသည်သာ အကောင်းဆုံး ဟု ယူဆ၍ လည်း ရနေသည်။ ၎င်းတို့အား ထောက်ခံပါသည် ဆိုသော စီတန်း လှည့်လည် ပွဲ များ လည်း ရှိနေပြန်၍ ပြည်သူများကလည်း မိမိတို့ လုပ်နိုင်သည့် ဘောင်အတွင်း မှ တန်ပြန် ဆန္ဒပြကြဖို့သာ ရှိပေတော့သည်။

ဒေါက်တာ တေဇာဆန်း မှ လည်း အကြမ်းဖက် စစ်အုပ်စု မှ အာဏာသိမ်းကာ အရေးပေါ် အခြေအနေ ကျေညာထား ခြင်းသည် ထို့နေ့တွင် ပင် မည်သို့မျှ ရှေ့ဆက်၍ မရတော့ပဲ ကုန်ဆုံး တော့မည် ဖြစ်၍ မည်သို့ပင် ထပ်မံ လှည့်စားစေကာမူ ပြည်သူများက ဆက်လက်ဆန့်ကျင်သွားမည် သာ ဖြစ်သည်ဟု ထုတ်ဖေါ်ပြသရာ ရောက်သဖြင့် တနိုင်ငံလုံး တစိတ်တဝမ်းတည်း စည်းလုံးညီညွတ်စွာ ပါဝင်သွားကြဖို့ တိုက်တွန်း နှိုးဆော် ထားခဲ့သည်။

လက်ရှိ အချိန်အထိ စစ်အာဏာရှင် စနစ် ကို ရိုက်ချိုးရန် တွန်းလှန်ရင်း ကျဆုံးသွားခဲ့သည့် ပြည်သူ ၂,၈၉၀ နှင့် ဖမ်းဆီးခံထားရသူ ၁၇,၄၀၀ ဦး ရှိနေပြီ ဖြစ်၍ ၎င်းတို့ ၏ သွေးများ မြေခခဲ့ရသည်မှာ အလဟသ မဟုတ်၊ မိမိတို့ အမြဲတစေ အောင်မေ့ အမှတ်တရ ရှိနေကြောင်း ငါးနာရီ ခန့် အိမ်ထဲက အိမ်ပြင် မထွက်ကြပဲ ပြသနိုင်ခွင့် ရရှိကြဦးမည် ဖြစ်သည် မဟုတ်ပါလား။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!


ဆက်ဖတ်ရန် →

မြန်မာ့နိုင်ငံရေးအကြပ်အတည်း ဝဲဩဃ သို့မဟုတ်အိုင်ဒီယိုလိုဂျီလွန်ဆွဲပွဲများ



1837 နှင့် 1838 တွင် ကနေဒါအောက်ပိုင်းနှင့် အထက်
ပိုင်း၌လက်နက်ကိုင်အုံကြွမှုနှစ်ခုဖြစ်ခဲ့သည်အထက်ပိုင်း
ကဌာနေလူမျိူးစုအများအခေါ်အင်ဒီးယန်းနှင့်အောက်
ပိုင်းကွိဘက်ပြည်နယ်ကိုကိုလိုနီထားသောပြင်သစ်များ
ဖြစ်သည်အမေရိကန်မှခွဲထွက်အင်္ဂလိပ်များသည်၂နစ်အ
တွင်းပြည်တွင်းစစ်ကိုအပြုတ်တိုက်ပြီးဗြိတိသျှမြောက်
အမေရိကရေးရာဆိုင်ရာ Lord Durhm၏အစီရင်ခံစာ
နှင့်အတူပြည်ထောင်စုအက်ဥပဒေ 1840 သို့တိုက်ရိုက်
ဖြစ်ပေါ်စေပြီး ဗြိတိသျှပြည်နယ်များကိုပြောင်းလဲကာ
နောက်ဆုံးတွင် ဗြိတိသျှမြောက်အမေရိကအက်ဥပဒေ၊
 1867 သို့ ဦးတည်စေကာခေတ်ပြိုင်ကနေဒါဖက်ဒရယ်
ပြည်ထောင်စုကိုဖန်တီးပေးခဲ့သည်။ စုစုပေါင်းအနှစ်၃၀
ကြာခဲ့သည်။

မြန်မာပြည်ကဘာလို့ နှစ်၈၀နီးပါးကြာသည့်တိုင်မြန်
မာပြည်ဖက်ဒရယ်ပြည်ထောင်စုကိုမဖန်တီးသေးနိုင်
တာလဲ?
(https://lampmm.org/)ကတင်ဆက်တဲ့ကိုလိုနီ
နှောင်းပိုင်းမြန်မာ့နိုင်ငံရေးစတင်ခဲ့ပုံကိုပြန်လည်ဖေါ်ပြ
ပေးပါတယ်၊
အနာဂတ်နိုင်ငံရေးကို ပြောရင် အတိတ်နိုင်ငံရေးမပါပဲ
ပြောမရပါ၊

သီအိုရီနောက်ခံနှင့် ကမ္ဘာ့အခင်းအကျင်း

ကမ္ဘာ့သမိုင်းတွင် အမျိုးသားရေးဝါဒကြောင့် ၁၉၁၄
ခုနှစ်နှင့် ၁၉၃၉ ခုနှစ်များတွင် ကြီးမား ကျယ်ပြန့်
သည့် ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး၊ လူမျိုး
ကြီးဝါဒ (Racism)ကြောင့် လူမျိုးတစ်မျိုးထက်ပိုသော
 နိုင်ငံငယ် အများအပြားတွင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့
ကြပါသည်။

၁၈၄၈ ခုနှစ်တွင် အမျိုးသားရေးဝါဒသည် ဥရောပရှိ ကို
လိုနီလက်အောက်ခံ နိုင်ငံများက အင်္ဂလန်နှင့် စပိန်တို့ကို
တော်လှန်ကာ အမျိုးသားနိုင်ငံများ အပြိုင်းအရိုင်းပေါ်
ထွက်လာစေရေးအတွက် အဓိက မောင်းနှင်အား ဖြစ်ခဲ့
သည်။

အမျိုးသားရေးဝါဒသည် သူ့ကျွန်ဘဝကျရောက်နေသော
 နိုင်ငံများအဖို့ ကိုယ်ပိုင် အချုပ်အခြာအာဏာ ရယူရန်
အတွက်  တိုက်ပွဲဝင် အမှတ်တံဆိပ်ပင် ဖြစ်လေသည်။
 ဤအမှတ်တံဆိပ်ကပင် နိုင်ငံများ၏ သမိုင်းကြောင်းကို
ပုံဖေါ်ပေးနိုင်ခဲ့သည့်အပြင်၊ မျိုးချစ်ဝါဒီတို့၏ တော်လှန်
ရေးပေါင်းများစွာကိုလည်း အောင်မြင်စေခဲ့ပါသည်။

“ပြီးခဲ့သည့်ဆယ်စုနှစ် တစ်စုအတွင်း ကမ္ဘာကြီးတွင်  
အမျိုးသားရေးဝါဒသည် လူမျိုးစုအမျိုးသားရေးဝါဒ၊
သို့မဟုတ် လူမျိုးကြီးဝါဒအဖြစ် လှံသဖွယ်၊ ဓါးသဖွယ်
  ချွန်ထွက်လာသည်ကို တွေ့မြင်နိုင်ပါသည်။”

ဒုတိယကမ္ဘာစစ်တွင် ဒီမိုကရေစီအင်အားစုက ဖက်ဆစ်
ဝါဒကို အောင်ပွဲခံခဲ့ခြင်းဖြစ်ပြီး၊ စစ်အေးတိုက်ပွဲတွင်
လည်း လစ်ဘရယ်ဝါဒက ကွန်မြူနစ်တို့ကို အနိုင်ပိုင်းခဲ့
ကာ အိုင်ဒီယိုလိုဂျီတိုက်ပွဲများ နိဂုံးချုပ်သွားပြီဟု ဆိုကြ
ပါသည်။
သို့ရာတွင် ကွန်မြူနစ်ဝါဒသည် နိုင်ငံရေးဝါဒတစ်ခုအဖြစ်
ပေါ်ပေါ်ထင်ထင်ရပ်တည် မနေတော့သော်လည်း အမျိုး
သားရေးဝါဒ အားကောင်းသော နိုင်ငံငယ်များ၊ အထူး
သဖြင့်အာရှနိုင်ငံများတွင် အမြစ်တွယ် ပူးကပ်နေခဲ့သည်
ကို တွေ့ရမှာ ဖြစ်ပါသည်။ အစပ်အဟပ်အတည့်ဆုံးနိုင်ငံ
ရေးဝါဒမှာ ကွန်မြူနစ်ဝါဒကအသင့်တော်ဆုံးဟု ဆိုနိုင်ပါ
သည်။

ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းကာလတွင် အာဖရိက၊
အာရှနှင့် လက်တင်အမေရိကနိုင်ငံများတွင် ဆိုရှယ်လစ်
ဝါဒနှင့်  အမျိုးသားရေးဝါဒတို့ ပေါင်းစပ်ပြီးဆိုရှယ်လစ်
အမျိုးသားရေးဝါဒအသွင်ဖြင့် ခေါင်းထောင်လာသည်
ကိုတွေ့ရမည်  ဖြစ်ပါသည်။  
ထို့အပြင် အာဖရိကနှင့် အာရပ်ကမ္ဘာတွင်ဆိုလျှင်လည်း  
ဘာသာရေးနှင့် လူမျိုးစုအစဉ်အလာ ဆိုရှယ်လစ်ဝါဒဆို
ပြီးနိုင်ငံရေးဝါဒအသစ်များ ပေါ်ထွက်လာပြန်ပါသည်။

ပြီးခဲ့သည့်ဆယ်စုနှစ် တစ်စုအတွင်း ကမ္ဘာကြီးတွင်
 အမျိုးသားရေးဝါဒသည် လူမျိုးစုအမျိုးသားရေးဝါဒ၊
သို့မဟုတ် လူမျိုးကြီးဝါဒအဖြစ် လှံသဖွယ်၊ ဓါးသဖွယ်
 ချွန်ထွက်လာသည်ကို တွေ့မြင်နိုင်ပါသည်။

ဆိုရှယ်ဒီမိုကရေစီ ကျင့်သုံးသည့် ဂျာမနီနိုင်ငံတွင် ဒုတိ
ယကမ္ဘာစစ်နောက်ပိုင်း မထုတ်ဝေဖြစ်ခဲ့သည့် ဟစ်တ
လာ၏Mein Kampf(ကျွန်ုပ်၏ ကြိုးပမ်းမှု)ဆိုသည့်
စာအုပ်မှာ  ၂၀၁၇ ခုနှစ်အတွင်း (၆)ကြိမ်တိုင်တိုင်ရိုက်
နှိပ်ထုတ်ဝေခဲ့ရပြီး၊ နိုင်ငံတစ်၀န်း၌လက်ယာအစွန်း
ရောက်ဝါဒီများကို အထူးစစ်ဆင်ရေးတစ်ရပ်ဖြင့် လိုက်
လံ နှိမ်နင်းရသည်အထိ ဖြစ်ခဲ့ပါသည်။ ထို့အတူ အမေရိ
ကန်နိုင်ငံတွင် ကွန်ဆားဗေးတစ်တို့၏  ရီပတ်ဘလင်ကန်
ပါတီမှ ဒေါ်နယ်ထရန့်က သမ္မတဖြစ်လာခဲ့ပြီး တရုတ်တို့
နှင့် ကုန်သွယ်ရေးစစ် (Trade War)ဆင်နွှဲ ပြန်သည်။
၂၀၁၉ ခုနှစ်တွင် UK ၌ ကွန်ဆားဗေးတစ်ပါတီက ၁၉၈၇
  ခုနှစ် မာဂရက်သက်ချက်နောက်ပိုင်း အကြီးမားဆုံး
အနိုင်ရလဒ်အဖြစ်အပြတ်အသတ် အနိုင်ရခဲ့ပြီး   
ဘောရစ်ဂျွန်ဆင်က ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

နောက်ထပ်အိမ်နီးချင်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်
သော တရုတ်တို့မှာ ကွန်မြူနစ်ရေးထက် ဒေသတွင်း
 တန်ခိုးအင်အားကြီးထွားရေး၊ နယ်ပယ် ကျယ်ပြန့်
ရေးတို့အတွက် တရုတ် အမျိုးသားရေးကို တရစပ်
ဆွဲတင်သည်။ ရုရှားသမ္မတပူတင်က ဆိုဗီယက်
 နယ်မြေများကို ချဉ်ခြင်းတပ်မှုဖြင့် သမိုင်းဟောင်းကို  
မကြာခဏပြန်လည်တူးဆွတတ်ကာများမကြာမှီမှာပင်
ယူကရိန်းကိုကျူးကျော်သည်။

မြန်မာ့နိုင်ငံရေးနောက်ခံကားချပ် အနှစ်ချုပ်

မြန်မာနိုင်ငံသည် ကိုလိုနီစနစ်နှင့် ဖက်ဆစ်တို့ ဖိနှိပ်မှု
အောက်မှ ရုန်းထွက်နိုင်ရန်အတွက် နှိုးဆွမှု အားကောင်း
သည့်အမျိုးသားရေးဝါဒနှင့် တော်လှန်ရေးသဘောတရား
အခြေပြုသော ကွန်မြူနစ်ဝါဒတို့ကို နိုင်ငံရေးလောင်စာ
အဖြစ် အသုံးပြုခဲ့ကြပါသည်။

ထိုစဉ်က ဗြိတိသျှအင်္ဂလိပ်တို့အား ဆန့်ကျင်သည့်
မျိုးချစ်ဗမာလူငယ်များအတွက် နိုင်ငံရေးဝါဒ ရွေး
ချယ်ရာတွင် အရင်းရှင်စနစ်ကို တော်လှန်သည့်အ
မြင်ရှိသော ကွန်မြူနစ်ဝါဒမှာ အစပ်အဟပ်အ
တည့်ဆုံး ဖြစ်ပါသည်။ သို့ဖြစ်ရာ ပဒေသရာဇ်စနစ်
ခေတ်အလွန် မြန်မာ့နိုင်ငံသမိုင်းတွင် အမျိုးသားရေးဝါဒ
က အရင်ပေါက်ဖွားခဲ့ပြီး၊ အမျိုးသားရေးဝါဒီတို့၏
တော်လှန်ရေးအတွက် ကိုင်စွဲသောနိုင်ငံရေးဝါဒမှာ  
ကွန်မြူနစ် ဝါဒဖြစ်သည်ဟု ဆိုရပါမည်။ ဗြိတိသျှနယ်ချဲ့
တော်လှန်ရေးမှသည် ဂျပန်ဖက်ဆစ် တိုက်ဖျက်ရေးအ
ထိတော်လှန်ရေး ခရီးတလျှောက်တွင် ကွန်မြူနစ်များနှင့်
 အမျိုးသားရေးဝါဒီများ သီးခြားစီပြန်ဖြစ်သွားကြသော်
လည်း ဖက်ဆစ် တိုက်ဖျက်ရေးတွင်မူ ပူးပေါင်းဆောင်
ရွက်မှုများ ရှိခဲ့ကြပါသည်။

မြန်မာနိုင်ငံ၏ ပါလီမန် ဒီမိုကရေစီခေတ်သည်ကမ္ဘာတစ်
၀န်း၌ ဆိုရှယ်လစ်နိုင်ငံများ အပြိုင်းအရိုင်းပေါ်ထွန်းလာခဲ့
စဉ်နှင့် တစ်ချိန်တည်းဖြစ်ရာ မြန်မာ့နိုင်ငံရေး သမိုင်းတ
လျှောက်တွင် လက်ဝဲသဘောတရား များကသာ လွှမ်းမိုး
ခြယ်လှယ်ထားခဲ့သည်ဟု ယူဆရပါမည်။ မြန်မာ့ဆိုရှယ်  
လစ်လမ်းစဉ်ပါတီခေတ်သည်လည်း ပုံပျက်ပန်းပျက်ဆို  
ရှယ်လစ်သဘောတရားများဖြင့် တပ်မတော်ကို သိဒ္ဓိတင်
ပေးခဲ့ခြင်းသာ အဖတ်တင်ပြီး၊ နဝတ/နအဖခေတ်တွင်မူ
 မဆလတပ်မတော်မှ မိမိကိုယ်မိမိ အမျိုး၊ ဘာသာ၊  
သာသနာကာကွယ်စောင့်ရှောက်သူများအဖြစ်ပုံဖေါ်ထား
သော တပ်မတော်အဖြစ်သို့ တဖန်ပြောင်းလဲ သွားပြန်ပါ
သည်။

ထိုသို့ဖြင့် အမျိုးသားရေးရုန်းကန်မှုအားကောင်းလာခြင်း
က စစ်တပ်ကို အင်အားပိုမိုကြီးထွား လာစေခဲ့ပြီး၊နောက်
ဆုံးတွင် စစ်အစိုးရက ဖန်တီးပေးခဲ့သည့် ဒီမိုကရေစီအသွင်
ကူးပြောင်းမှုသည် ၂၀၁၀ ခုနှစ်မှစတင်ကာ၂၀၂၁ခုနှစ်ဖေ
‌ဖော်ဝါရီလတွင် စစ်တပ်မှပင် အာဏာသိမ်းကာ အဆုံးသတ်
သွားခဲ့ပါတော့သည်။

၂၁ ရာစု ကမ္ဘာ့အခင်းအကျင်းအသစ်တွင်အမျိုးသားရေး
ဝါဒ  တကျော့ပြန် ရုန်းကြွလာခြင်းနှင့်အတူတစ်ဖက်တွင်  
လူမျိုးစုဆိုင်ရာ သရုပ်လက္ခဏာဆိုင်ရာ အခွင့်အရေးများ
အတွက် တိုက်ပွဲဝင်နေကြပြီး၊ တစ်ဖက်မှာ ဘာသာရေး
အခြေပြု  တည်ဆောက်ထားသော လက်ယာစွန်းများ
ကြီးစိုးထားသောမြန်မာနိုင်ငံ သည်လည်းပဲ ထိုအမျိုး
သားရေးဝါဒ  ရုန်းထလာမှုဝဲဂယက်ထဲမှ မလွတ်မြောက်
နိုင်ခဲ့ပေ။
 ထိုသို့ဖြင့် အမျိုးသားရေး ရုန်းကန်မှု အားကောင်းလာ
ခြင်းက စစ်တပ်ကို အင်အားပိုမိုကြီးထွားလာစေခဲ့ပြီး၊
 နောက်ဆုံးတွင် စစ်အစိုးရက ဖန်တီးပေးခဲ့သည့်
 ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် ၂၀၁၀ ခုနှစ်မှ
စတင်ကာ၂၀၂၁ ခုနှစ်ဖေ‌ဖော်ဝါရီလတွင် စစ်တပ်မှပင်
 အာဏာသိမ်းကာ အဆုံးသတ်သွားခဲ့ပါတော့သည်။

တကယ်တန်းတွင် ဖဆပလခေတ် စစ်တပ် အာဏာသိမ်း
ရခြင်းအရင်းခံမှာထိုခေတ်ကာလ၏ နိုင်ငံရေးအခင်း
အကျင်းအရ နိုင်ငံရေးအိုင်ဒီယိုလိုဂျီများလွန်ဆွဲမှုကြောင့်
နိုင်ငံရေးသမားများ၏အကွဲအပြဲဇာတ်လမ်းများကြောင့်
သော်လည်းကောင်း၊လက်နက်ကိုင်တော်လှန်ရေးလှုပ်
ရှားမှုများကြောင့် နိုင်ငံရေး စင်မြင့်ပေါ်တွင် တပ်မတော်
နေရာရလာခြင်းကြောင့် သော်လည်းကောင်း၊ ပင်လုံက
တိကဝတ်ကို ပျက်ကွက် ခဲ့ခြင်း၏ရလဒ်အဖြစ်တိုင်းရင်း
သားလူမျိုးစုများက ယင်းတို့၏ လိုလားချက်များကိုစု
ပေါင်းတင်ပြလာကြခြင်း ကြောင့်သော်လည်းကောင်း၊
ပြည်မမှ နိုင်ငံရေးခေါင်းဆောင်များ၊ တပ်မတော် ခေါင်း
ဆောင်များ၏ ပုဂ္ဂိုလ်ရေးရှေ့တန်းတင်မှုများကြောင့်
သော်လည်းကောင်းဟုခြုံငုံသုံးသပ်ရမည် ဖြစ်ပါသည်။

၁၉၈၈ တွင် လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာပြီး ၁၉၈၈
ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က  
အာဏာသိမ်းလိုက်သည်။  နဝတ၊ နအဖအစိုးရလက်
ထက်တွင် ဗုဒ္ဓဘာသာကို အခြေပြုထားသည့် “အမျိုး၊
ဘာသာ၊ သာသနာ” ဆိုသည့်တိမ်းညွတ်မှုကို နိုင်ငံတစ်
ဝန်း သွတ်သွင်းသည်။ တပ်မတော်မှာမူ အမျိုး၊ ဘာသာ၊
သာသနာ ကို ကာကွယ် စောင့်ရှောက်သူများအဖြစ်
 ကြီးမြတ်သော ဂုဏ်ပုဒ်ကို ခံယူထားသည်။
စစ်အစိုးရခေတ် တလျှောက်လုံးတွင် တိုင်းရင်းသားလူ
နည်းစုများ၏ ဖြစ်တည်မှုနှင့် ဝိသေသလက္ခဏာရပ်များ
အားလုံးကို လျစ်လျူရှ၊ဖိနှိပ်ထားခဲ့ပြီးလူများစုဗမာတိုင်း
ရင်းသားများ  နေထိုင်ရာဒေသ (တစ်ခြာအသုံးအနှုန်းတ
စ်ခုဖြစ်သော ပြည်မ)ကိုသာ လူနည်းစုများထက် ပိုမိုအ
လေးသာစေခဲ့သည်။
၂၀၁၀ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေး    
ကာလများတွင် တိမ်မြုပ်ဖုံးကွယ်ခံထားရသောလူနည်းစု
များ၏ယဉ်ကျေးမှုပေါင်းစုံများဖူးပွင့်လာခြင်း၊ထုတ်ဖေါ်
ပြောဆိုလာခြင်းများနှင့် လူများစု တို့၏အခိုင်အမာတည်
ဆောက်ထား ပြီးသော နှုန်းစံများအကြား ပွတ်တိုက်မှုများ
 ပြင်းထန်လာသည်။

ထို့အပြင် နိုင်ငံအုပ်စိုးသူ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်
များ၏ နိုင်ငံရေးဆိုင်ရာ အသုံးချမှုများ၊ ဘက်လိုက်
မှုများ၊ ၎င်းတို့ကို ထောက်ခံသူများ၏ အုပ်စုဖွဲ့တိုက်ခိုက်
မှုများ ကလည်း မြန်မာ့နိုင်ငံရေး အကွဲအပြဲ ဝဲဩဃ၊သို့မ
ဟုတ် နိုင်ငံရေးအကြပ်အတည်း သံသရာထဲ တဝဲဝဲလည်
စေရသည့် အရင်းအမြစ်များဟု ဆိုရမည်ဖြစ်ပါသည်။

တစ်နည်းအားဖြင့် စစ်အစိုးရ၏ ပြည်မဗဟိုပြု စီမံခန့်ခွဲမှု
က ဗမာနှင့် ဗမာမဟုတ်သောလူမျိုးများအကြားနားလည်မှု
တဖြည်းဖြည်း ပိုမိုဝေးကွာလာခဲ့ရသည်။အမျိုးသားရေး
မှ ကွန်မြူနစ်ရေး၊ သို့မဟုတ် လက်ယာမှ လက်ဝဲဆီသို့


မြန်မာနိုင်ငံတွင် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့်အတူ
  အမျိုးသားရေးဝါဒ အားကောင်းလာခဲ့ပြီး ဒို့ဗမာအစည်း
အရုံးကို ၁၉၃၀ ပြည့်နှစ်တွင် သခင်ဘသောင်းကစတင်ဖွဲ့
စည်းခဲ့သည်။၁၉၃၆ခုနှစ်တွင် လက်ဝဲနိုင်ငံရေးအယူအဆ
အားသန်သည့်ကျောင်းသားလူငယ်များ ဝင်ရောက်လာခဲ့
ပါသည်။
ဒို့ဗမာအစည်း အရုံးမတိုင်ခင်တွင်ဂျီစီဘီအေအသင်းကြီး
မှစ၍နိုင်ငံရေးလှုပ်ရှားမှုရလဒ်မှာထင်သလောက်မပေါက်
ဖြစ်ခဲ့ရာ အမျိုးသားလွတ်မြောက်ရေးနှင့်နယ်ချဲ့ဆန့်ကျင်
ရေးအတွက်နိုင်ငံရေးဝါဒတစ်ရပ်ရှိသင့်သည်ဟု ယူဆလာခဲ့
ကြသည်။သို့ဖြစ်ရာ လူငယ်လူရွယ်များကနိုင်ငံရေးအယူ
ဝါဒစာအုပ် စာပေများလေ့လာလိုက်စားလာကြပြီးလက်
ဝဲစာပေလေ့လာလိုက်စားမှုများအားကောင်းလာခဲ့သည်။
တစ်ကယ်တန်းတွင်မာ့ခ်စ်၊ လီနင်ဝါဒမှာ၁၉၂၀ ခုနှစ်တဝိုက်
ကတည်းက မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိနှင့်ပြီးဖြစ်ပြီး၊
၁၉၂၈ခုနှစ်မှစ၍ ဂျီစီဘီအေခေါင်းဆောင်ဦးစုကသတင်း
စာ၊ဂျာနယ်များတွင် ဆိုရှယ်လစ်ဝါဒအကြောင်း စတင်
ရေးသားလာခဲ့ပါသည်။

၁၉၂၃ ဝန်းကျင်တွင် ဟုမ္မရူး သတင်းစာ အယ်ဒီတာချုပ်
ကျောက်မြောင်း ဦးခင်မောင်ကြီးကဝံသာနု ရက္ခိတကျမ်း
ကို  ဘာသာပြန်ရေးသားခဲ့ပြီး ဒို့ဗမာအစည်းအရုံး စတင်ထူ
ထောင် သူ သခင်ဘသောင်းကလည်း “ဘုံဝါဒ”ဟူသော
နိုင်ငံရေးဝေါ ဟာရကို တီထွင်သုံးစွဲခဲ့ပါသည်။နောက်ပိုင်း
တွင် မြန်မာမျိုးချစ် လူငယ်များအကြားတွင်ကွန်မြူနစ်ဝါ
ဒနှင့်ဆိုရှယ်လစ်ဝါဒမှာအထူးရေပန်းစားလာခဲ့ပြီး၊ ယင်း
စာပေများကို နဂါးနီစာအုပ်တိုက်နှင့်ကျောင်းသားသမဂ္ဂ
တို့က ရိုက်နှိပ်ဖြန့်ဝေကြသည်။ဒို့ဗမာအစည်းအရုံးအနေ
ဖြင့် အဖွဲ့ဝင်အဖြစ်လက်ခံရာတွင်နယ်ချဲ့ဆန့်ကျင်ရေးအ
တွက် မျိုးချစ်စိတ်ရှိသည့်မည်သူမဆို ကွန်မြူနစ်ဖြစ်စေ၊
ဆိုရှယ်လစ်ဖြစ်စေ၊ အမျိုးသားရေးဝါဒီဖြစ်စေ အားလုံး
ကိုလက်ခံခဲ့ခြင်းဖြစ်ပါသည်။သို့ရာတွင်မူလကအမျိုး
သားရေးဝါဒကို အခြေခံခဲ့သောဒို့ဗမာအစည်းအရုံးမှာ
နောက်ပိုင်းတွင်လက်ဝဲအယူအဆကအားကောင်း
ကောင်းဖြင့် လွှမ်းမိုးသွားခဲ့ပါတော့သည်။
 
၁၉၃၈ နှစ်တွင် ဒို့ဗမာ အစည်း အရုံးနှစ်ခြမ်းကွဲသွားပြီး  
လက်ဝဲအယူအဆကို သဘော မကျသည့် ဒို့ဗမာအစည်း
အရုံး မူလတည်ထောင်သူ သခင်ဗစိန်ဂိုဏ်းနှင့် လက်ဝဲ
အယူအဆ အားသန်သည့် လူငယ်အများစု ပါဝင်သော
 သခင်ကိုယ်တော်မှိုင်းဂိုဏ်း ဟူ၍ ဂိုဏ်းနှစ်ဂိုဏ်း ထွက်
ပေါ်လာသည်။

ဗမာပြည်ကွန်မြူနစ်ပါတီကို၁၉၃၉ ခုနှစ်တွင်သခင်ကိုယ်
တော်မှိုင်းဂိုဏ်းမှ ကိုအောင်ဆန်း ဦးဆောင်သော လက်ဝဲ
လူငယ်များပါဝင်သည့် လူငယ် (၇)ဦးက စတင်တည်
ထောင်သည်။
ဗမာပြည်ကွန်မြူနစ် ပါတီကို မြန်မာလူထု၏အမျိုး
သားရေးလှုပ်ရှားမှုများနှင့် အလုပ်သမားထု၏ လူတန်း
စားတိုက်ပွဲများမှ  မွေးထုတ်ပေးလိုက်သည်ဟုဆိုသည်။
ဗမာပြည်တွင်ကွန်မြူနစ်ဝါဒကဗြိတိသျှနယ်ချဲ့ဆန့်ကျင်
ရေး လှုပ်ရှား မှုနှင့် အတူ  ယှဉ်တွဲဖြစ်တည်ခဲ့သည်။
၁၉၄၁ ခုနှစ်တွင် အင်းစိန်ကြေညာစာတမ်းအရ ဖက်ဆစ်
ဝါဒသည် ကမ္ဘာကြီး၏ ရန်သူဖြစ်သောကြောင့်ဗြိတိသျှ
တို့နှင့်ပူးပေါင်း၍ ဖက်ဆစ်ဝါဒကို အရင်တိုက်ဖျက်ပြီးမှ
သာ မြန်မာပြည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သင့်
သည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီက ဆိုသည်။ နိုင်ငံရေး
အိုင်ဒီယိုလိုဂျီ  အရဆိုလျှင်လဖက်ဆစ်ဝါဒသည် လစ်ဘ
ရယ်အရင်းရှင်နှင့်  ကွန်မြူနစ်တို့၏ ဘုံရန်သူဖြစ်ရာဗမာ
ပြည် ကွန်မြူနစ်ပါတီ၏ ထိုစဉ်က သဘောထားကသက်
သေပြသည်။
ဖဆပလအဖွဲ့ချုပ်ကြီးကို ၁၉၄၄ ခုနှစ် ဩဂုတ်လတွင်
ဖွဲ့စည်းသည်။ အဖွဲ့ကြီး၏ အဓိကအင်အားစု များအဖြစ်  
ဗမာ့တပ်မတော်၊ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်
ပုံပါတီ/PRB (နောင်တွင် ဆိုရှယ်လစ် ပါတီအဖြစ်ပြော
င်းလဲဖွဲ့စည်းခဲ့သည်)တို့ကဦးဆောင်ပါဝင်ပြီး ရခိုင်အမျိုး
သား  အစည်းအရုံး၊  ကရင်ဗဟို အဖွဲ့ချုပ်၊ အရှေ့အာရှလူ
ငယ်များအစည်းအရုံး၊ မျိုးချစ်အဖွဲ့နှင့် မဟာဗမာအဖွဲ့တို့မှ
 ခေါင်းဆောင်တစ်ချို့  လည်းပါဝင်ခဲ့သည်။ဥက္ကဌမှာဗိုလ်
ချုပ်အောင်ဆန်း၊ အတွင်းရေးမှူးမှာ သခင်သန်းထွန်းဖြစ်
သည်။ ဆိုလိုသည်မှာ ဖက်ဆစ်တော်လှန်မည့် ဖဆပလ
အဖွဲ့ကြီးထဲတွင် အမျိုးသားရေးဝါဒီများနှင့် ကွန်မြူနစ်
များ အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
စစ်ပြီးခေတ်တွင် ဖဆပလအဖွဲ့ကြီးအတွင်း အင်အားစု
၃ စုပေါ်လာသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ပြည်သူ့ရဲဘော်အဖွဲ့၊သခင်မြခေါင်း
ဆောင်သော ဆိုရှယ်လစ်အဖွဲ့နှင့် သခင်သန်းထွန်းခေါင်း
ဆောင်သည့်ကွန်မြူနစ်အဖွဲ့တို့ဖြစ်ကြပါသည်။

မြန်မာပြည်၏ပထမဆုံးအိုင်ဒီယိုလိုဂျီအကွဲအပြဲမှာ
ကွန်မြူနစ်ပါတီမှစသည်။

မြန်မာပြည်၏ပထမဆုံးအိုင်ဒီယိုလိုဂျီအကွဲအပြဲမှာ ကွန်
မြူနစ်ပါတီမှစသည်။ ၁၉၄၆ တွင် သခင်စိုးက ဗမာပြည်
ကွန်မြူနစ်ပါတီမှခွဲထွက်ကာကွန်မြူနစ်ပါတီ (ဗမာပြည်
)/CP(B)ကို တည်ထောင်သည်။ ယင်းပါတီကို အလံနီ
ကွန်မြူနစ်  ပါတီဟုလူသိများသည်။ သခင်သန်းထွန်းနှင့်
သခင်သိန်းဖေတို့က ဗမာပြည် ကွန်မြူနစ်ပါတီ (CPB)
အဖြစ်ဆက်လက် ကျန်ရှိခဲ့သည်။ သခင်သိန်းဖေတို့၏
CPBကိုဆိုရှယ်လစ်ဝါဒသို့ ငြိမ်းချမ်းစွာကူးပြောင်းရေး
လမ်းစဉ်သို့ တိမ်းညွတ်ကာ၊ သခင်စိုးတို့က မြေအောက်
တော်လှန်ရေးကိုပိုအားသန် ပါသည်။   
နောက်ပိုင်းတွင်ကွန်မြူနစ်ပါတီနှစ်ခုလုံး တောခိုသွား
ကြပြီး နောက် တော်လှန်ရေးအယူအဆ အနေဖြင့် အလံ
နီကွန်မြူနစ်တို့ကမတ်စ်-လီနင်ဝါဒကိုကိုင်စွဲပြီး၊ဗမာပြည်
 ကွန်မြူနစ်ပါတီကမူ မော်ဝါဒကို လက်ခံခဲ့ကြပါသည်။  
သခင်စိုး၏  အလံနီကွန်မြူနစ်ပါတီက ဗိုလ်ချုပ် အောင်
ဆန်းနှင့် ဖဆပလအဖွဲ့ကို နယ်ချဲ့ လက်ကိုင်တုတ်အဖြစ်  
ဝေဖန်ရှုတ်ချခဲ့ပြီး၊သခင်သန်းထွန်းတို့အုပ်စုကိုလည်းဖဆ
ပလ၏ နောက်မြီးဆွဲများ အဖြစ် တိုက်ခိုက်သည်။ ဖဆ
ပလကလည်းအလံနီတို့ကို အဖွဲ့ကြီးမှ ထုတ်ပယ်ပစ်
လိုက်ပါသည်။

ဘီအိုင်အေတပ်နှင့် ယင်းတို့အကြားပဋိပက္ခများ
မကြာခဏဖြစ်ပွားခဲ့ကြပြီး၊ ဘီအိုင်အေအပေါ်
တိုင်းရင်းသားလူနည်းစုများကယုံကြည်မှုမရှိကြချေ။


ဘီအိုင်အေနှင့် တိုင်းရင်းသားများအကြား ပဋိပက္ခ

ဒုတိယကမ္ဘာစစ်ကာလတွင်ဗမာ့လွတ်လပ်ရေးတပ်မ
တော် (ဘီအိုင်အေ)သည် ဂျပန်တပ်များနှင့် အတူ မြန်
မာပြည်တွင်းသို့  ဝင်ရောက်လာစဉ်၌ လမ်းတလျှောက်
တွင် တပ်သားသစ်များစုဆောင်းလာခဲ့ရာ၊ ရန်ကုန်သို့
ရောက်သောအခါ ဘီအိုင်အေ၏စစ်သည်အင်အားမှာ
 (၁၀၀၀၀)ခန့်ထိရှိလာသည်။
၁၉၄၁ တွင် သခင်တင်မြတို့ ရခိုင်သို့ရောက်ရှိလာကြပြီး
 ဗြိတိသျှတို့အား လက်နက်ကိုင် ဆန့်ကျင်တွန်းလှန်ရန်  
စည်းရုံးရာ ဘီအိုင်အေ တပ်ဖွဲ့သို့ ဦးပညာသီဟ၊ ဦးစိန္ဒာ၊  
ဘုံပေါက်သာကျော် ခေါင်းဆောင်သော ရခိုင်လူမျိုးများ
ပါဝင်လာကြပြီး၎င်းရခိုင်မျိုးချစ်လူငယ်များကိုသခင်တင်
မြကစစ်ရေး၊ နိုင်ငံရေးသင်တန်းများပို့ချခြင်းဖြင့်ရခိုင်တို့
ထံ  မာ့ခ်ဝါဒ အမြစ်တွယ်လာခဲ့လေသည်။ထို့အတူဦးဝမ်
သုမဝေါင်  ဦးဆောင်သော ချင်းလူမျိုးများ  အပါအဝင်
 တခြားလူနည်းစုတိုင်းရင်းသားများလည်း ဝင်ရောက်ပူး
ပေါင်းခဲ့ကြသော်လည်း  စစ်သည်အများစုမှာဗမာလူမျိုး
များဖြစ်ကြပါသည်။  ထိုစဉ်ကဗြိတိသျှတို့ထံသစ္စာခံထား
သော တိုင်းရင်းသားအုပ်စုများလည်း ရှိကြရာ ဘီအိုင်အေ
တပ်နှင့် ယင်းတို့အကြားပဋိပက္ခများ မကြာခဏဖြစ်ပွားခဲ့
ကြပြီး၊ဘီအိုင်အေအပေါ် တိုင်းရင်းသား လူနည်းစုများက
ယုံကြည်မှုမရှိကြချေ။ဗြိတိသျှသစ္စာခံ အိန္ဒိယနွယ်ဖွားများ
မှာဘီအိုင်အေတပ်များ၏  တိုက်ခိုက်မှုကြောင့် များစွာသေ
ကြေပျက်စီးကြရသည်။

ထို့အပြင် ၁၉၄၂ ခုနှစ်တွင်ဘီအိုင်အေခေါင်းဆောင်တချို့
ကဗြိတိသျှတပ်တွင်တာဝန်ထမ်းဆောင်ခဲ့သောကရင်
များထံမှ လက်နက်များသိမ်းဆည်းရန် ဖိအားပေးကြိုး
စားလာခဲ့ပြီး၊ ကရင်စစ်ပြေးများနှင့် ဘီအိုင်အေတပ်များ
အကြား ထိတွေ့တိုက်ပွဲများကြောင့် ပဋိပက္ခကြီးထွား
လာခဲ့သည်။ ရခိုင်တို့ကလည်း ဗြိတိသျှတပ်များဆုတ်ခွာ
စဉ်တွင်  ကရင်စစ်ပြေးများအားကူညီထောက်ပံ့ပေးခြင်း၊
လက်နက်များ ဝှက်ထားပေးခြင်းတို့ ပြုလုပ်ကြသည်။
နောက်ထပ် တစ်ချက်မှာ ဗမာ့  လွတ်လပ်ရေးတပ်မတော်
သို့လက်နက်များအပ်နှံစဉ်တွင် ကရင်ရွာများ ဓါးပြတိုက်
ခံရပြီး၊ ထိုလက်နက်များဖြင့် ဘီအိုင်  အေစစ်သည်များက
ဓါးပြ တိုက်ခဲ့သည်ဟုကရင်များက ယူဆခဲ့ကြကာတင်းမာ
မှုများ စတင်ဖြစ်ပေါ်လာခဲ့သည်။  
ထိုစဉ်အတွင်း ဗိုလ်ချုပ်ကြီးဆူဇူကီး၏အမိန့်ဖြင့်ကရင်
ရွာ နှစ်ရွာအားမီးရှို့သတ်ဖြတ်မှုများ  ကျူးလွန်ခဲ့ကြရာ
ကရင်- ဗမာ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်း
များစွာအသက်ဆုံးရှုံးခဲ့ရလေသည်။ယင်းလူမျိုးရေးအဓိက
ရုဏ်း  အတွက်နှစ်ဖက်ခေါင်းဆောင်များကကြိုးပမ်းခဲ့ကြပြီး
 ဗိုလ်ချုပ်အောင်ဆန်းကလည်း ဗမာ့တပ်မတော်တွင်း
တွင် အင်္ဂလန်ဆင်းဟာ့စ်စစ်တက္ကသိုလ်ဆင်းကရင်အမျိုး
သား စောကြာဒိုးနှင့် စံဖိုးသင်ကဲ့သို့ အရာရှိများကိုနေရာ
ပေးခဲ့သည်။၁၉၄၆ခုနှစ်တွင်စောဘဦးကြီးနှင့်ကရင်ခေါင်း
ဆောင်တချို့က လန်ဒန်သို့သွားရောက်ကာအင်္ဂလိပ်အစိုး
ရထံကရင်ပြည်နယ်ရရှိရေး အရေးဆိုသည်။ ထိုကာလ
တွင်းမှာပင် ဦးလှထွန်းဖြူနှင့် ရခိုင်ခေါင်းဆောင် များက
လည်းသီးခြားရခိုင်ပြည်နယ်ရရှိရေးအတွက်လှုပ်ရှား
ဆောင်ရွက်လာကြပါသည်။ ထို့အပြင် အလံနီကွန်မြူနစ်
တို့ကိုထောက်ခံ သည့်ရခိုင်တောင်ပိုင်းမှ လက်နက်ကိုင်
အဖွဲ့ခေါင်းဆောင် ဦးစိန္ဒာနှင့် ဘုံပေါက်သာကျော်တို့က
တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို သပိတ်
မှောက်ကြသည့်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်း၊
မြေပုံမြို့တွင်ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ညှိနှိုင်း၍မရဖြစ်
ကာ ပြန်သွားရသည်။ ဖဆပလအဖွဲ့ထဲမှ ကွန်မြူနစ်ပါတီ
ကို ထုတ်ပစ်လိုက်ပြီးနောက်ပိုင်းတွင် အစိုးရတပ်
များက ကွန်မြူနစ်ထောက်ခံသည့် ရခိုင်လက်နက်ကိုင်
အ ဖွဲ့ အစည်းများအားပြင်းပြင်းထန်ထန် တိုက်ခိုက်နှိမ်
နင်းခဲ့သည်။

ကရင်တို့က ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကရင်အဖွဲ့
(၄) ဖွဲ့ကို  ပူးပေါင်းကာ ကရင်အမျိုးသား အစည်းအရုံး
 KNU(Karen Nation Union)ကို ထူထောင်ခဲ့ကြ
သည်။၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု  လွှတ်တော် ရွေး
ကောက်ပွဲကို  ဗမာပြည်ကွန်မြူနစ်ပါတီနည်းတူ သပိတ်
မှောက်ခဲ့ကြပြီး၊ ၁၉၄၇ ခုနှစ်  ဇူလိုင်လ ၁၆ ရက်နေ့တွင်
 ကရင့်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO ကို
ဖွဲ့စည်းခဲ့သည်။

ဗမာမျိုးချစ်လူငယ် (၃၀)ဖြင့် စတင်ခဲ့သော ဗမာ့တပ်မ
တော်သည်ဂျပန်တို့ထံမှ စစ်ပညာအမွေ ဆက်ခံထား
သောဗမာလူမျိုးစစ်သည်များသာ အများဆုံးဖြစ်ပြီး တပ်
မတော်အတွင်း ပူးပေါင်းပါဝင်နေကြသောတိုင်းရင်းသား
သေနတ်ကိုင် တပ်ရင်းများမှာမူ ဗြိတိသျှတို့ထံအမှုထမ်း
ခဲ့သည့် တပ်ရင်းများ ဖြစ်ကြပါသည်။ ထိုစဉ်ကဗမာ့တပ်
မတော်မှာ နိုင်ငံရေးဝင်ရောက်စွက်ဖက်မှု မရှိသေးဘဲ၊
တပ်ထဲတွင် တိုင်းရင်းသားတပ်ရင်းများ ပူးတွဲပါဝင်နေ
သဖြင့်  ဟန်ချက်ညီအောင် ထိန်းညှိနေရသည့်သဘော
ဖြစ်ပါသည်။

ဗိုလ်ချုပ်နေဝင်းက ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသော
အခါ   တပ်မတော်တွင်းမှ တိုင်းရင်းသား တပ်ရင်း
များနှင့်အရာရှိကြီး များကို ဖယ်ရှားခဲ့ပြီး သူ၏ တပ်ရင်း
ဖြစ်သော ဗမာ့သေနတ်ကိုင်  တပ်ရင်း (၄)မှအရာရှိများ
ကိုအစားထိုးနေရာပေးလာခဲ့ပါသည်။

လွတ်လပ်ရေးရပြီး ဖဆပလအစိုးရလက်ထက်တွင် မြန်
မာ့တပ်မတော်၏ တိုက်ခိုက်ရေးအင်အားမှာတစ်သောင်း
ခွဲခန့်ဖြစ်ပြီးတစ်ဝက်လောက်မှာလက်ဝဲသမား၊တော်လှန်
ရေးဝါဒီ ဗမာလူမျိုးများ ဖြစ်ကြပါသည်။၎င်းအင်အားထဲ
မှ ကွန်မြူနစ်စစ်ဗိုလ်များကွပ်ကဲသော အမှတ် (၆)ဗမာ့
သေနတ်ကိုင်တပ်ရင်းက တောခိုပြီး၊ အမှတ် ၁နှင့်အမှတ်
 (၃) သေနတ်ကိုင်တပ်ရင်း နှစ်ရင်းကလည်း ပုန်ကန်ထ
ကြွကြသည်။ တပ်မတော်သည် ဗြိတိသျှ  တို့ထံမှလက်
ဆင့်ကမ်း အမွေဆက်ခံရရှိထားသော ကရင်နှင့် ကချင်
 တပ်ရင်း ၆ ခုကို အားကိုးအားထားပြု၍ ကွန်မြူနစ်တို့
ကို တွန်းလှန် နေကြရသည်။ ထိုစဉ်က တပ်မတော်စစ်ဦး
စီးချုပ်မှာ ကရင်လူမျိုးဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းဖြစ်
ပြီး၊ ဒုတိယ စစ်ဦးစီးချုပ်မှာဗိုလ်ချုပ်နေဝင်းဖြစ်ပါသည်။

၁၉၄၈ ခုနှစ်တွင် KNU က ကရင်တို့၏ လိုလားချက် (၃)
ရပ်ကို  တင်ပြရာမှအစပြု၍ အစိုးရနှင့် ကရင်တို့အကြား
ပဋိပက္ခ  တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ ဗမာနိုင်ငံရေး
ခေါင်းဆောင်တစ်ဦး၏ အမိန့်ဖြင့် ရဲများက  ကရင်ရွာကိုဝင်
ရောက် တိုက်ခိုက်ခြင်း၊ ခရစ်စမတ်အကြိုနေ့တွင် ဗမာစစ်သားများက ကရင်လူမျိုး များကို သတ်ဖြတ်ခြင်းနှင့်နှစ်ခြ
င်းသာသနာပြုစာသင်ကျောင်းကို  ဗမာ့သေနတ်ကိုင်တပ်
ရင်း (၄)က  မီးရှို့  ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီး၊ကရင်
အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)ကလည်း
  အင်းစိန်ရှိ  လက်နက်တိုက်ကိုဝင်ရောက် စီးနင်းသိမ်း
ပိုက်ခြင်းတို့ဖြင့် အပြန်အလှန်ဖြစ်ပွားကာ လက်နက်ကိုင်
 ပဋိပက္ခအဖြစ်  ကျယ်ပြန့်သွားတော့သည်။ အစပိုင်းတွင်
 နိုင်ငံရေးမကျေလည်မှုအရလက်နက်ကိုင်တပ်များအ
ကြားတွင်သာဖြစ်ပွားခဲ့သော်လည်း၊ နောက်ပိုင်းတွင်ဗမာ
အရပ်သားများကပါ ကရင်အရပ်သား များကို တိုက်ခိုက်
 လာကြသည်။
ထိုဖြစ်စဉ်အတွင်းမှာပင်ကရင်လူမျိုးတပ်မတော်စစ်ဦးစီး
ချုပ်  ဗိုလ်ချုပ်စမစ်ဒွန်းကို ရာထူးမှ ဖယ်ရှားပြီး၊ ဗမာလူ
မျိုးဖြစ်သည့်  ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်နေဝင်းကို
 စစ်ဦးစီးချုပ်အဖြစ်  ပြောင်းလဲ ခန့်အပ်ခဲ့သည်။ထိုသို့ရှုပ်
ထွေးနေသောအခြေအနေမှာပင် ကရင်သေနတ်ကိုင်တပ်
ရင်း ၃ ခုက ပုန်ကန်ကြပါ တော့သည်။ ထို့အပြင်အမှတ်
 (၁) ကချင်သေနတ်ကိုင်တပ်ရင်းကလည်းပုန်ကန်ကာ
ကရင်တို့နှင့် မဟာမိတ် ဖွဲ့လိုက်သည်။ မွန်တို့ကလည်း  
သူပုန်ထကာ ကရင်နှင့် ပူးပေါင်းလိုက်သည်။ ပခုက္ကူရှိ
ချင်းတပ်ရင်း  တစ်ရင်း ကလည်း မိခင် တောင်တန်းသို့
 ပြန်သွားကြတော့သည်။
 ဗြိတိသျှတို့၏ သူရဲကောင်းဘွဲ့တံဆိပ်ချီးမြှင့်ခံထားရ
သောကချင်အမျိုးသား ဗိုလ်နော်ဆိုင်းက လူမျိုးစုလက်
နက်ကိုင်များနှင့် ကွန်မြူနစ်တို့ပါဝင်သော အထက်ဗမာ
ပြည်စစ်ဆင်ရေး၏  တပ်မှူးအဖြစ်ဆောင်ရွက်ခဲ့သော်
လည်း အောင်မြင်မှုမရခဲ့ပေ။
အင်းစိန်တိုက်ပွဲတွင် KNDO တို့ အရေးနိမ့်ခဲ့ရပြီး၊ ၁၉၅၀
ခုနှစ်၊ဩဂုတ်လတွင်ကရင်အမျိုးသားအစည်းအရုံးခေါင်း
ဆောင်  စောဘဦးကြီး ကျဆုံးခဲ့ရသည်။ စောဘဦးကြီး  
ကျဆုံးခဲ့ပြီးနောက်တွင် ကရင့်တော်လှန်ရေး  ရှေ့ရေးအ
တွက် နိုင်ငံသဘောတရားများဖြည့်စွက်ရန် ကားလ်မာ့ခ်၊
 လီနင်ဝါဒများကို လေ့လာခဲ့ကြပြီးအထူးသဖြင့် မော်ဝါဒကို  
ကရင်အမျိုးသားအစည်းအရုံး၏  နိုင်ငံရေးသင်တန်းများ
 တွင် ထည့်သွင်း ပို့ချလာခဲ့ကြသည်။ ၁၉၅၉ ခုနှစ်တွင်
 ဗကပနှင့်  ကရင်အမျိုးသားယူနီယံတို့ကအမျိုးသားဒီမို
ကရက်တစ်  တပ်ပေါင်းစုထဲတွင် စစ်ရေးမဟာမိတ်များ  
ဖြစ်လာခဲ့ကြသည်။  
ကရင်အမျိုးသားယူနီယံတွင်  မန်းဘဇံ၏ မော်ဝါဒ
လက်ခံသော ကရင်အမျိုးသား ညီညွတ်ရေးပါတီက
 ဗမာပြည် ကွန်မြူနစ်ပါတီနှင့်  ပိုမိုနီးကပ်သွားပါသည်။

ဗိုလ်ချုပ်နေဝင်းက ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာသော
အခါ  တပ်မတော်တွင်းမှ တိုင်းရင်းသား တပ်ရင်းများနှင့်
အရာရှိကြီးများကို ဖယ်ရှားခဲ့ပြီး သူ၏တပ်ရင်းဖြစ်သော
 ဗမာ့သေနတ်ကိုင် တပ်ရင်း (၄)မှ အရာရှိများကိုအစား
ထိုးနေရာပေးလာခဲ့ပါသည်။ ထိုသို့ဖြင့် ဗိုလ်ချုပ်နေဝင်းက  
တပ်မတော်ကို ပြန်လည်တည်ဆောက်ကာလူမျိုးစုလက်
နက်ကိုင် ပုန်ကန်မှုများ၊ ကွန်မြူနစ် ထကြွမှုများနှင့်ကူမင်
တန်တပ်များကို တွန်းလှန်တိုက်ခိုက်ရင်းဖြင့် ဗိုလ်ချုပ်နေ
ဝင်းကသူရဲကောင်းဖြစ်လာပြီးတပ်မတော်မှာလည်းနိုင်ငံ
ရေး  လောကထဲ တစ်စတစ်စ ဝင်ရောက်လာခဲ့သည်။

K.L
(ယခုဆောင်းပါး ပါအချက်အလက်များနှင့် အကြောင်း
အရာများ၊ အမြင်သဘောထားများ သည် ဆောင်ပါးရှင်
၏အာဘော်သာဖြစ်ပြီး LAMPအဖွဲ့၏ အာဘော်မဟုတ်ပါ။)
 
ရည်ညွှန်းကိုးကားစာရင်း–

    မပြိုကွဲနိုင်သော ပြည်ထောင်စုကြီး၊ ဦးရွှေအုန်း

    Andrew Heywood; Political Ideologies: an introduction

    မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက်၊ ကျော်ဝင်း

    Thant Myint-U; The river of lost footsteps by

    ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ဖြတ်သန်းလာ
    သောမြန်မာ့သမိုင်းအကျဉ်းနှင့် တပ်မတော်၊

    တပ်မတော်သားသုတေသီတစ်ဦး

    မြန်မာ့လွတ်လပ်ရေးနောက်ဆုံးတိုက်ပွဲ၊ ဗိုလ်အောင်စိန် (ဘာသာပြန်)

    ပင်လုံညီလာခံသမိုင်းစဉ်အကျဉ်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်

    ကိုလိုနီခေတ်မြန်မာရက်စွဲသမိုင်း (၁၈၈၆-၁၉၄၂)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)

    ငါးနှစ်ရာသီ ဗမာပြည် (၁၉၄၁-၁၉၄၅)၊ ဦးနု

    ဂျပန်ခေတ်ရက်စွဲသမိုင်း (၁၉၄၂-၁၉၄၅)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)

    လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း (၁၉၄၅-၁၉၄၈)၊ ကျော်ငြိမ်း (သမိုင်းသုတေသနဦးစီးဌာန)

    ကျွန်တော်သိသော တစ်ရံရောအခါများ၊ ကိုကိုမောင်ကြီး

    အမှောင်ကြားက ဗမာပြည် (၁၉၄၈-၂၀၀၀)၊ ဝင်းတင့်ထွန်း

    အကွဲအပြဲဇာတ်လမ်း၊ ဂါးဒီးယန်း ဦးစိန်ဝင်း

    ၁၉၈၈-၂၀၀၂ ခုနှစ် မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှုရက်စွဲမှတ်တမ်းများ၊ ABSDF

    ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ သမိုင်းဝင်မှတ်တမ်းမှတ်ရာများ (၁၉၉၈-၂၀၀၃)၊ ခင်ကျော်ဟန်

    လစ်ဘရယ်ဝါဒနှင့် လစ်ဘရယ်သမိုင်းကြောင်း၊ အပိုင်း (၁၀)၊ လင်းသက်

    ပြည်တွင်းသောင်းကျန်မှုသမိုင်း အတွဲ ၁၊ ၂၊ ၅

    အစိုးရသစ်နှင့် တိုင်းရင်းသားအင်အားစုများအကြား အကြပ်အတည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ

    ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန်၊ ကျော်ဝင်း

    ကမ္ဘာ့နိုင်ငံရေးအတွေး အခေါ်များသမိုင်း၊ ဒုတိယတွဲ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ဗဟိုကော်မတီ ဌာနချုပ်

    https://lostfootsteps.org/my/history/the-embers-of-the-cold-war

    ဗိုလ်ချုပ်ကြီးနေဝင်း၏နိုင်ငံရေးအတ္ထုပ္ပတ္တိ၊ Robert H. Taylor

    မြန်မာ့နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း၊ဒေါက်တာမောင်မောင်

    တပ်မတော်ကို ဆိုရှယ်လစ်နည်းနဲ့ ဘိသိက်သွန်း ပေးခဲ့သူများ ၊ ဘိုဘို (ဘီဘီစီမြန်မာပိုင်း)

    NLD ရဲ့ အမျိုးသားညီညွတ်ရေးခေါ်သံအပေါ် တိုင်းရင်းသားပါတီတွေရဲ့ မျှော်လင့်ချက်၊ နန်းလွင့်နှင်းပွင့်၏ ဆောင်းပါး

    ပါတီများပေါင်းစည်းမှု မှန်းချက်နှင့် နှမ်းထွက်မကိုက်သေး၊ အောင်သူငြိမ်း၏ ဆောင်းပါး

    ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD)၏ ဒီမိုကရေစီအရေး၊အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတိုက်ပွဲဝင်မှတ်တမ်းများ၊ ဒေါက်တာလျန်မှုန်းဆာခေါင်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးနှင့် ၂၀၂၀အထွေထွေရွေးကောက်ပွဲ၊ TNI

    ပင်လုံအလွန်မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပြုပြင်ပြောင်းလဲရေးအကျပ်အတည်း၊TNI

    ကယား (ကရင်နီပြည်နယ်)တွင်းစစ်ပွဲမှသည်ငြိမ်းချမ်းရေးဆီသို့၊ TNI

    အသွင်ကူးပြောင်းရေးကာလမြန်မာ့နိုင်ငံရေးပါတီများ၊ Susanne Kempel ၊ ချမ်းမြေ့အောင်ဆန်း၊

    အောင်ထွန်း

    နိုင်ငံရေးမဟာမိတ်များအပေါ် လေ့လာသုံးသပ်မှုစာတမ်း၊ ပညာအလင်းပွင့်မြန်မာ သုတေသနဖေါင်ဒေးရှင်း

    မြန်မာ့ပါတီပေါင်းစည်းခြင်းများ၊ စုမွန်သန့်

    ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက်အသင့်ပြင်ခြင်း၊နော်ဂလဲဒစ်(စ်)မောင်မောင်

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)  
    ချုပ်ဆိုခြင်း (၅)နှစ်မြောက်နှစ်ပတ်လည်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း











ဆက်ဖတ်ရန် →