နောက်ဆုံးရ
တပ်ရင်း ၃ ခုကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀၀ ဝန်းကျင်သေဆုံးဟုဆို

တပ်ရင်း ၃ ခုကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀၀ ဝန်းကျင်သေဆုံးဟုဆို

ကြာအင်းဆိပ်ကြီးတွင် စစ်တပ် တပ်ရင်း ၃ ခုကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀၀ ဝန်းကျင်သေဆုံးဟုဆို၊ စစ်ကောင်စီက စစ်သားသေဆုံးမှု သတင်းများကို ငြင်းဆိုထား

ရန်ကုန်၊ ဇန်နဝါရီ ၄ 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တပ်ရင်း ၃ ခုကို တော်လှန်ရေး တပ်ပေါင်းစုများက ယနေ့ တိုက်ခိုက်ရာ စစ်သား ၂၀၀ ဝန်းကျင်သေဆုံး ကြောင်း ကြာအင်း ဆိပ်ကြီး မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က သတင်း ထုတ် ပြန်သည်။ 

သို့ရာတွင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စုံစမ်းသိရှိရ သမျှကို ပြန်လည် သတင်းထုတ်ပြန်တင်ပြခြင်းဖြစ်ပြီး  သက်ဆိုင်ရာ စစ်ရေး တာဝန်ရှိသူများက  ထုတ်ပြန်ပေးမှသာ အတည်ဖြစ်ကြောင်း ပြည်သူများကို ဆက်လက် အသိပေးထားသည်။

ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ  စစ်ကောင်စီတပ်၏ ခလရ ၃၂ ၊ ခလရ ၂၈၃ ၊ ခလရ ၂၈၄  တပ်ရင်းများကို တော်လှန်ရေးတပ်ပေါင်းစုများက ယမန်နေ့ ညက တည်း က ချဉ်းကပ်ခဲ့ပြီး ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် တပ်ရင်းများ အတွင်း ဝင် ရောက် စီးနင်းခဲ့ကြောင်း သိရှိရသည်။ 

ထိုသို့ စီးနင်းရာတွင်   တိုက်ပွဲစတင်ဖြစ်ပွားသည်နှင့် စစ်ကောင်စီတပ်ဘက်မှ  ‌တိုက် လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ အဆက်မပြတ် လာရောက်ပစ်ကူပေးခဲ့သဖြင့် တော်လှန်ရေး တပ်ပေါင်းစုဖက်မှ ခက်ခဲစွာဖြင့် ထိုးဖောက် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၂၀၀ ဝန်းကျင် သေဆုံး ခဲ့ကြောင်း ရှေ့တန်းတွင် တိုက်ပွဲဝင်နေသော နဂါးနီရဲဘော်များ၏ ပြောဆို ချက် ကို ကိုးကား၍ ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က သတင်း ဖော်ပြသည်။ 

"၃၂ နဲ့ ၂၈၄ ဝင်တဲ့ ပွဲမှာတော့ မြိန်စရာကြီး။ ပစ်ရတာ ကားကနဲ့ ကားကနဲ့ပါပဲ ခန့်မှန်း ၂ ရင်းပေါင်း စ‌စ်ခွေးသေတာ ၂၀၀ လောက်ရှိပါမယ် ။ ၃၂ မှာတော့ ဘား တိုက်တချို့ကို မီးရှို့ နိုင်ခဲ့ပြီး၊ ၂၈၄ မှာတော့ မီးမရှို့နိုင်ပါဘူး။ အရာရှိ နေအိမ် တွေကိုတော့ ဖျက်ဆီးနိုင်ခဲ့ပါတယ်။  ၂၈၄ က စစ်ခွေးတပ်ရင်းမှူး မယား ကို ဖမ်းဆီးမိပြီးမှ ပြန်အဝိုင်းခံရတာကြောင့်ရယ် လေယာဉ်ဗုံးကျဲတဲ့ အချိန်ဝပ် နေချိန်မှာ ရုတ်တရက် ပြန်လွတ်သွားကြောင်းကို သိရတယ်" ဟု နဂါနီးရဲဘော် က ပြောကြားကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့ အုပ် ချုပ် ရေးအဖွဲ့က သတင်းဖော်ပြသည်။ 

တော်လှန်ရေး အင်အားစုဖက်မှ စစ်သား CDM  ရဲဘော် ရဲနိုင်သွေး အပါဝင် ၄ ဦး  ကျဆုံး ကြောင်း ဆက်လက် ထုတ်ပြန်ထားသည်။ 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးရှိ စစ်တပ် တပ်ရင်း ၃ ခု အတိုက်ခံရမှု ကြောင့် စစ်တပ်ဘက်မှ  သေဆုံးမှု များပြားနေသော သတင်းများအပေါ် မဟုတ် မှန်ကြောင်း စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် ငြင်းဆိုသည်။ 

စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများရှိပြီး လာရောက်တိုက်ခိုက်သော PDF ၊ KNLA တပ်များဘက်မှ အကျအဆုံးများသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 

"အခုထက်ထိ တိုက်ပွဲမပြီးသေးဘူး။ လေယာဉ်တွေလည်း ဝဲနေတယ်။ ပေါင် ၁၀၀၀ ဗုံးတွေချနိုင်တယ်လို့ သုံးသပ်ထားတယ်။ လက်နက်ကြီးတွေလည်း တောက်လျှောက်ထုနေတုန်းပဲ" ဟု ရှေ့တန်း သတင်းရင်းမြစ်က ပြောသည်။ 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ စစ်ကောင်စီတပ်၏ တပ်ရင်း ၃ ခုကို ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုက ယနေ့ နံနက်ပိုင်းတွင် ဝင် ရောက်တိုက်ခိုက်ရာ တပ်ရင်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး အရှင်ဖမ်းမိသူများ၊ သေဆုံးသူများများပြားကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ၏ ရှေ့တန်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ်၊ ကြာ အင်း ဆိပ်ကြီးမြို့နယ်၊ စစ်ကောင်စီ၏ တပ်ရင်း များဖြစ်ကြသည့် ခလရ ၃၂ တပ်၊  ခလရ ၂၈၄ တပ်၊ ခလရ ၂၈၃ တပ်များကို KNLA ၊ KTLA ၊ PDF မဟာ မိတ် ပြည်သူ့ကာကွယ် ရေး တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ နံနက်ပိုင်း မှစတင်၍ လက်ရှိအချိန်အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေ ကြောင်း၊ စစ်ကောင်စီဘက်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အကြိမ် ပေါင်းများစွာ လုပ်ဆောင်နေကြောင်း သိရှိရသည်။ 

"တပ်ရင်းတွေ ရပြီဆိုပြီး ပြောတာတွေလည်းရှိတယ်။ တကယ့်ရှေ့တန်း အခြေ အနေက သေချာသိဖို့ခက်တယ်။ တပ်ရင်း ၃ ခုမှာ ၂ ခုရပြီလို့တော့ သတင်းတွေ ရထားတယ်။ ၃၂ နဲ့ ၂၈၄ ရတယ်။ ၂၈၃ မှာတော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ပြောတယ်။ အရှင်ဖမ်းမိတွေလည်းရှိတယ်။ စစ်တပ်ဘက်က အသေတွေ လည်းများတယ်။ လောလောဆယ်တော့ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ လက်နက် ကြီးတွေ လေကြောင်းပစ်ကူတွေနဲ့ စစ်တပ်က တအားဖိနေတယ်။ ကိုယ့်ဘက် ကလည်း ထိခိုက်ကျဆုံးမှုတချို့ရှိတယ်။ အသေးစိတ်တော့ ဘာမှ ပြောလို့ မရသေးဘူး" ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။ 

စစ်ကောင်စီဘက်မှ တပ်ရင်း တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများ အပါအဝင် သေဆုံး မှုများ များစွာရှိကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်အများအပြား ရရှိထား သည်ဆိုသော သတင်းများရရှိထားသော်လည်း အတည်ပြုရနိုင်ရန် ခက်ခဲနေ ဆဲဖြစ်သည်။ 

စစ်တပ်ထောက်ခံသူများနှင့် လော်ဘီများ တယ်လီဂရမ်လူမှုကွန်ရက်များတွင် ကြာအင်းဆိပ်ကြီးတွင် စစ်တပ်တပ်ရင်းများ တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား ကြောင်း၊  ကြာအင်းဆိပ်ကြီး  ခလရ ၂၈၄ တပ်ရင်းတစ်ခုလုံး သေဆုံးပြီး ခလရ ၃၂ က အပြင်းအထန်ခုခံနေရကြောင်း၊ ကော့ကရိတ် စကခ ၁၂ ၊ တပ်၊ ကျုံဒိုးအထိုင် ခမရ ၅၄၆ တပ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးများကျဲချနေသဖြင့် စစ်ကူလိုနေကြောင်း ရေးသားထားကြသည်။ 

ဓာတ်ပုံ- ယနေ့  ကြာအင်းဆိပ်ကြီး စစ်ကောင်စီတပ်ရင်းထဲသို့ ပြည် သူ့ကာ ကွယ်ရေး တပ်များ ဝင်ရောက်သည့်ဓာတ်ပုံဟု ပေးပို့လာ ခြင်းဖြစ်ပြီး ရန်ကုန် ခေတ်သစ်အနေဖြင့် ယင်းဓာတ်ပုံကို သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပေ။


ဆက်ဖတ်ရန် →
ဒီလိုတရားမျိူးမင်းအောင်လှိုင် တနေ့၃ခါနာသင့်တယ်

ဒီလိုတရားမျိူးမင်းအောင်လှိုင် တနေ့၃ခါနာသင့်တယ်

ဒီလိုတရားမျိူးမင်းအောင်လှိုင်
တနေ့၃ခါနာသင့်တယ် ဘောမလေး
တွေလိုက်မမှီတဲ့ဒဿနတွေ

သူပြောခဲ့တဲ့အထဲမှာ
မအေလိုးမင်းအောင်လှိုင်လို့
မှမပါတာ ဖမ်းရင်မတရား
ဖမ်းတဲ့ပြစ်မှု မအလငယ်ထိပ်
မှင်ထပ်တို့ခံရမှာပဲ

အမှားများစွာနဲ့နိဂုံးပဲဆိုတာ
လည်ပင်းအစ်တဲ့နေ့သိမယ်





ဆက်ဖတ်ရန် →
 စစ်တွေတွင် သေနတ်ပစ်ခံရ၍သေဆုံးသွားသူ ၃ ဦးမှာ  ALP မှ စစ်ဦးစီးချုပ် ၁ ဦးနှင့် အရာရှိ ၂ ဦးတို့ဖြစ်ဟုဆို

စစ်တွေတွင် သေနတ်ပစ်ခံရ၍သေဆုံးသွားသူ ၃ ဦးမှာ ALP မှ စစ်ဦးစီးချုပ် ၁ ဦးနှင့် အရာရှိ ၂ ဦးတို့ဖြစ်ဟုဆို



နိရဥ္စရာ၊ ဇန်နဝါရီ ၄/၂ဝ၂၃


ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့နံနက်က သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားသူ ၃ ဦးမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ စစ်ဦးစီးချုပ် ၁ ဦးနှင့် အရာရှိ ၂ ဦးတို့ဖြစ်သည်ဟု နိရဥ္စရာက စုံစမ်းသိရသည်။


သေဆုံးသွားသူ ၃ ဦးမှာ ALP မှ စစ်ဦးစီးချုပ် ခိုင်စောမြ (၅၃)နှစ်၊ တပ်ရင်းမှူး ခိုင်ကျော်စိုး (၃၄)နှစ်နှင့် ဗိုလ်ကြီးအဆင့် ကျော်မင်းစိုး(ခ)ခိုင်သူရိန္ဒ(၃၁)နှစ်တို့ ဖြစ်ကြသည်ဟု အတွင်းသတင်းများအရ သိရသည်။


သူတို့ ၃ ဦးသည် ယနေ့ ဇန်နဝါရီလ ၄ ရက်၊ နံနက် ၇ နာရီကျော်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ဆီတန်းအနီး၌ အိမ်စီးကားတစ်စီးအတွင်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။


ပစ်ခတ်ခံရမှုကြောင့် ALP စစ်ဦးစီးချူပ် ခိုင်စောမြတွင် မေးစေ့နှင့် ဦးခေါင်းထိပ်တို့ ပွင့်ထွက်သွားပြီး ခန္ဓာကိုယ်ညာဘက်ခြမ်းအပါအဝင် ပေါင် ၂ ချောင်းတို့တွင် ဖောက်ထွက်ဒဏ်ရာများနှင့် လက်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။


အလားတူ တပ်ရင်းမှူး ခိုင်ကျော်စိုးတွင်လည်း ဦးခေါင်းပွင့်ထွက်သွားပြီး ညာဘက်ဂျိုစောင်း၊ ညာဘက် နားအောက်နှင့် ဘယ်ဘက် နားထင်အထက်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့သည်။


ယင်းအပြင် ဗိုလ်ကြီးအဆင့် ကျော်မင်းစိုး(ခ) သူရိန္ဒတွင် နားနှစ်ဘက်အောက်နှင့် ရင်အုံတို့၌ သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာနှင့် လက်တို့တွင် သေနတ်ဒဏ်ရာများရရှိကာ သေဆုံးသွားကြခြင်းဖြစ်သည်ဟု သိရသည်။


မည်သူမည်ဝါတို့က ပစ်ခတ်သွားသည်ကို မသိလိုက်ရဟုလည်း ဒေသခံများက ဆိုသည်။


ယခုကိစ္စနှင့်ပတ်သက်ပြီး ALP ပါတီမှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊  တွဲဘက်အထွေထွေအတွင်းရေးမှူး ခိုင်အောင်စိုးသန်းတို့အပါအဝင် ALP တပ်ဖွဲ့အချို့ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းများပိတ်ထား၍ အဆက်အသွယ်မရခဲ့ပါ။


ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ယခုသတင်းမှာ ဌာနဆိုင်ရာများ၏ Viber ဂရုအတွင်းတက်လာခြင်းမရှိသည့်အတွက် ယခုသေဆုံးသွားသူများမှာ ALP ဘက်မှဖြစ်နိုင်သည်ဟု မှတ်ချက်ပြုသည်။ 


လက်ရှိတွင် အလောင်းများကို စစ်တွေမြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။

(စစ်တွေလေဆိပ်မှာသူ့ဘဝရဲ့နောက်ဆုံးပုံ)




ဆက်ဖတ်ရန် →
ဟန်ငြိမ်းဦးမျက်နှာအရေလှန်ရတော့မယ်

ဟန်ငြိမ်းဦးမျက်နှာအရေလှန်ရတော့မယ်

နောက်တန်းစခန်းတွေအတိုက်ခံရတော့

မိန်းမတွေကျမှာပေါ့ သဲအိတ်ဝဋ်ခံရပြီ

လေ၊ နောက်တန်းစခန်းတွေမှာစခအို

နဲ့မိန်းမတွေပဲရှိတော့တယ် စခမျိူး

ပြုနိးချက်ကအောင့်ထားတဲ့သေး

ပေါက်ချလိုက်လို့ ဆီးအိမ်ထဲမှာ

ပေါ့သွားသလိုမျိူး ပဲ၊ CDMလုပ်မလား

ရဲဘော်သေ မသေ သော်စာအုပ်ရောင်း

ဘဝနဲ့နေထိုင်သွားမလား

ထမင်းစားပြီးလူလိုတွေး

လူလိုဆုံးဖြတ်ကြပေါ့


NDAA

———

နည်းပညာအထောက်အပံ့ဆိုတာ—


USAရဲ့စစ်ပွဲတွေမှာအခုနောက်ပိုင်း

အသံတိတ်လေယာဉ်နဲ့အကြီးစား

ဒရုန်းတွေပိုသုံးလာသလိုဂြိုလ်တု

တွေကလဲပစ်မှတ်ကို 🎯 Targeting 

လုပ်ထားရင် အဲ့လူဘယ်ကိုရွေ့ရွေ့

လျှောက်လိုက်နေတာ


မအလကိုအသေလိုချင်ရင်ဒီနေ့သတ်

ဒီနေ့သေတယ်

အနာဂတ်စစ်ပွဲတွေမှာ လူသားကိုယ်

တိုင်တိုက်တဲ့ခေတ်လျော့နဲလာတော့

မယ်၊ 

ကြာအင်းတိုက်ပွဲမှာတာဝန်ကျေခဲ့တဲ့

ဒရုန်းတပ်ဖွဲ့ကိုလဲဂုဏ်ယူပါတယ်

ဒါ NDAAလို့တရားဝင်နာမည်တတ်မ

ရပေမယ့် ဒေါ်နဲ့မပဲကွဲပါတယ်


ရေသည်တို့အဖွဲ့တွေတောင်ဖင်ယား

တာနဲနဲလျော့လာတယ်


ပြည်တွင်းမှာဟိုလူဖမ်းခိုင်း

ဒီရွာကိုမီးရှို့လုပ်နေရုံနဲ့ငါတို့မနိုင်တော့

ဖူးဆိုတာသိသွားပြီ


ရှေ့လျောက်မအလဟာဖင်ချနည်း

ထက်ဖင်ခံနည်းတွေထုတ်သုံးဖို့ပဲ

ကျန်တော့တယ် အခုတိုက်ရမှာ

နည်းပညာတိုက်ပွဲပါ မအလက

၃တန်းကျောင်းသားအဆင့်ပဲရှိတယ်

ဒီလိုနည်းပညာကြားတောင်ကြားဖူးမှာ

မဟုတ်ဖူး၊ 


USAရဲ့ပုခုံးထမ်းလက်နက်တွေက

ရုရှားလေယာဉ်အစီးပေါင်းများစွာ

တင့်ကားတွေကတော့မပြောနဲ့

စစ်ပြီးရင်သံရည်ကြိုစက်ရုံ

ကလိုက်ကောက်ရမှာနှစ်တောင်

ပေါက်နိုင်တယ် ယူကရိန်းမှာ၊


ဆတ်ဒန်ဟူစိန်ကိုတိုက်တုံးကလို

လူမလာတော့ဖူး မအလတပ်လိုက်မမှီ

တာလေးတွေပဲပေးမှာ


အမှန်တော့မြို့ကြီးတွေအတွက်ခွဲတမ်း

ကရှိပြီးသားပါ Meetings တွေမှာတင်ပြ

သလောက်တွေကိုခြုံကြည့်ရင် နေရာ

အခက်အခဲ ပဲ ထွက်သွားပြီးရင် ကိုယ်ဆီ

ပြန်ရောက်လာဖို့လိုသေးတယ်လေ


တစင်းဆုံးရှုံးရင်မအလက စခငယ်လေး

တွေပေါ်ခွေးသေ လဒစား တန်ဖိုးထား

တာထက်အဆ၁၀၀၀လောက်တန်ဖိုး

ရှိတယ် 


အိုင်းရင်းပေးတာထိုင်စားနေပြီး

ပန်ပန်တို့ထောက်ပို့ငွေတွေဘယ်ရောက်

ကုန်ပြီလဲဆိုပြီး ကိုယ်ပိုင်အစိုးရထောင်

ထမင်းလွတ်ဟင်းလွတ် ရူးနေတဲ့

ကျော်နိုင်ဆိုတဲ့သက်ကြားအိုက

တမှောင့် စောက်စကားတခွန်းထွက်

တာကြားလိုက်ရုံနဲ့ အိုင်းရင်းလောက်

တောင်တော်လှန်ရေးအသိမရှိဖူး


သူ့စကားတွေက ရေသည်တို့

စွပ်စွဲတဲ့လေသံမျိူးဆိုတော့

အဲ့အဖိုးကြီးသေချာတယ်

ဒလန်ကေဒါတယောက်ပဲ


နာဆာကိုဟန်ငြီမ်းဦးရုပ်ပို့ထားတယ်

မသေချင်ရင်မင်းမျက်နှာကို

အရေခွဲသာလှန်ထားလိုက်


မင်းပထွေး မအလကြောက်နေတာ

အဲ့ဒီNDAAပဲ 


ဘူမှန်းကိုးမှန်းမသိတဲ့ရေသည်တို့လို

အရိုးကိုက်လေးတွေအတွက်တော့

ခွေးတကောင်သေသလို လမ်းဘေး

မှာပုပ်ကြရတော့မယ်


အော် မျက်ရည်တစက်

(အောက်ကပုံက NUGကိုစောက်ဖေါင်း

ထုပြမှ စားစရာ ငွေလေး

ရနေတဲ့ကျော်နိုင်နဲ့သူမယားပုံပါ)






အဖမ်းခံတဲ့ရင်မှူးကတော်အတွက်လဲမျက်ရည််တစက်ပါ



ဆက်ဖတ်ရန် →
ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ (၂၈၃)နှင့် ခလရ(၃၂)ကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ တပ်ရင်းမှူး ဇနီးကို အရှင်ဖမ်းမိထား


မဇ္ဈိမ။   ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၃)နှင့် ခရလ (၃၂) တပ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ခိုင်မာသော KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။


ကြာအင်းဆိပ်ကြီးမြို့အဝင်ရှိ အဆိုပါ စစ်ကောင်စီတပ် ခလရ(၂၈၃)နှင့် ခရလ (၃၂)တို့ကို KNLA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ကျန်ရှိသော ခလရ (၂၈၄) တပ်ရင်း ဆက်လက်တိုက်ခိုက်ခံနေရပြီး တိုက်ပွဲများပြင်းထန်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။


“စစ်ကောင်စီတပ်ဘက်က အသေအပျောက်များတယ်၊ အရှင်ဖမ်းမိသူတွေလည်း ရှိတယ်။ ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်” ဟု သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။


KNLA သတင်းရင်းမြစ်၏အဆိုအရ တိုက်ပွဲအတွင်း ခလရ(၃၂)တပ်မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇင်ဦး၏ ဇနီးဖြစ်သူ ဒေါ်သီရီဝေလည်း အရှင်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သိရသည်။


လက်ရှိတွင် စစ်ကောင်စီဘက်က ကြာအင်းဆိပ်ကြီးမြို့ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှု အများ အပြားပြုလုပ်နေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း သိရသည်။


ယခုကြာအင်းဆိပ်ကြီးတိုက်ပွဲနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသေးသကဲ့သို့ မဇ္ဈိမအနေဖြင့်လည်း ဆက်လက်စုံစမ်းစောင့်ကြည့်နေဆဲ ဖြစ်သည်။


အလားတူ KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့နယ်၊ တောင်စွန်းကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံဖြစ်သော BGF စခန်းကုန်းနှစ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာလ ၃၁ ရက်နေ့မှစတင်ကာ သိမ်းပိုက်ထားပြီး လက်ရှိတွင် ထိုနေရာ၌ တိုက်ပွဲများ ပြင်းထန်နေသည်။


စာတည်း။  ။စောဖေ

စာမူတည်းဖြတ်။  ။စောဖေ


#ကရင်ပြည်နယ်

#ကြာအင်းဆိပ်ကြီးမြို့

#ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)

#ခလရ(၂၈၃)

#ခလရ(၃၂)

#တိုက်ပွဲများပြင်းထန်နေ



ဆက်ဖတ်ရန် →
ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေ

ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေ


#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#KNLA
#MilitaryCoupInMyanmar 
#DeltaNewsAgency 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့များကြားထိတွေ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက DNA ကိုပြောပါတယ်။

" တိုက်ပွဲကတော့အတော်ကြမ်းနေတယ်၊မြေပြင်အ​ခြေအနေကလှုပ်ရှားနေတုန်းပဲဆိုတော့တချို့အပိုင်းတွေပြောလို့မရသေးဘူး၊နေရာကသုံးနေရာခွဲတိုက်နေတာဆိုတော့အတော်ဖြစ်နေတယ်၊သူတို့ဖက်က လေကြောင်းပစ်နေတာတော့တောက်လျှောက်ပဲ"လို့ မြေပြင် စစ်ရေးလှုပ်ရှားမှုတွေမှာ လက်ရှိပါဝင်နေတဲ့KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက စစ်တပ်အ ခြေစိုက်စခန်းတွေဖြစ်တဲ့ခလရ (၂၈၃)၊ (၂၈၄)၊ အမှတ် (၃၂) ခြေမြန်တပ်ရင်းတွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်ပြီး ခလရ (၂၈၄) တပ် ရင်းကိုသိမ်းပိုက်နိုင်ပြီလို့သတင်းတွေထွက်နေပေမယ့် မြေပြင်သတင်းရင်းမြစ်တွေကတော့ အတည်မပြုပေးသေးပါဘူး။

လက်ရှိမှာ အဲ့ဒီ တပ်ရင်းတွေကနေ (၁၂၀) မမလက် နက်ကြီးတွေနဲ့ပစ်ခတ်နေသလို လေကြောင်းကပစ် ခတ်မှုတွေလည်း ပိုလုပ်လာတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

 ဒီကနေ့မနက်ပိုင်းကစလို့ စစ်ကောင်စီဖက်က လေ ကြောင်းတိုက်ခိုက်တာတွေအကြိမ်ရေများလာသလို  လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်မှုတွေဆက်တိုက်ရှိနေလို့ နို့တကော၊တဂေး၊တခါခီး၊ကရာနီး၊ ဆိပ်ကြီး စတဲ့ ကျေးရွာတွေကဒေသခံတွေဗုံးခိုကျင်းတွေထဲပုံးအောင်းနေရတယ်လို့သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒီကနေ့မနက်အစောပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေလို့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို သတိပြုကြဖို့ ထုတ်ပြန်အသိပေးထားပါတယ်။
လက်ရှိတိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေလည်းရှိနေပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ မြေပြင်သတင်းတွေကဆိုပါတယ်။ စစ်ကောင်စီ (၂၈၄)တပ်ရင်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်နိုင်သလို တပ်ရင်းမှူးဇနီးကိုလည်းဖမ်းမိတယ်လို့ လူမှုကွန်ရက်ပေါ်မှာရေးသားမှုတွေရှိနေပေမယ့် မြေပြင်အတည်ပြုချက်တော့မရသေးပါဘူး။

လက်ရှီတိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နဂါးဖြူစစ်ကြောင်း၊ကော်ဘရာစစ် ကြောင်း၊ဖက်ဒရယ်လေကြောင်းတပ်ဖွဲ့တွေKNUနဲ့ပူးပေါင်းတိုက်ခိုက်နေသလိုနဂါးဖြူစစ်ကြောင်းကတဦးကျဆုံးပြီး ကော်ဘရာစစ်ကြောင်းက နှစ်ဦးဒဏ်ရာရ  ရတယ်လို့ DNAရဲ့ မြေပြင်သတင်းရင်း မြစ်တွေဆီကအတည်ပြုချက်ရရှိထားပါတယ်။


ဆက်ဖတ်ရန် →
တပ်ရင်းမှူးကတော် အပါအဝင်အများအပြားဖမ်း ဆီးခံထားရ

တပ်ရင်းမှူးကတော် အပါအဝင်အများအပြားဖမ်း ဆီးခံထားရ

ကြာအင်းဆိပ်ကြီးအခြေစိုက်တပ်ရင်း ၃ ခုတိုက်ခိုက်ခံရပြီး အထိနာနေလို့လေယာဉ်နဲ့ဗုံးကြဲနေ၊ ခလရ ၃၂ တပ်ရင်းမှူးကတော် အပါအဝင်အများအပြားဖမ်း ဆီးခံထားရ
ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ ဒီကနေ့မနက်အစောပိုင်းကစတင်လို့ စစ်ကောင်စီတပ်နဲ့တော် လှန်ရေးတပ်ဖွဲ့ဝင်တွေအကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၂၈၃၊ ၂၈၄ နဲ့ ခလရ ၃၂ တပ်ရင်းတွေကို ကရင်ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားနေလို့ လေကြောင်းက နေဗုံးကြဲတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
''မနက်အစောကြီးထဲက တိုက်ပွဲတွေဖြစ်နေတာ။ ၂၈၄ တပ်ရင်းက ခုတိုက်နေတုန်းလို့ သိရတယ်။ သူတို့ဘက်ကထိခိုက်မှုများတယ်ဆိုတာလောက်ဘဲသိရတယ်။ အထိနာနေလို့ လေယာဉ်နဲ့တောက်လျှောက်ဗုံးကြဲနေတယ်''လို့ မြေ ပြင်တော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့အခြေစိုက်တပ်ရင်း ၃ ခုတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးနဲ့ အရှင်ဖမ်းဆီးခံရမှု များပြားနေကာ ခလရ ၃၂ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ဇင်ဦးရဲ့ မိန်းမဖြစ်သူ ဖမ်းဆီးခံလိုက်ရတယ်လို့ တပ်သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုပါတယ်။
''အခုက ကြာအင်းဆိပ်ကြီးတပ် ၃ တပ်လုံး ဝင်စီးခံရတာ။၂၈၄ တပ်ရင်းဝင်အစီးခံရပြီးတော့ တပ်ရင်းထဲကအဆောက်အဦတွေ မီးရှို့ခံထားရတယ်လို့ သိရတယ်။ တိုက်တာတော့ခုထိ တိုက်နေကြတုန်း။ အဖမ်းခံရတဲ့အထဲ ခလရ ၃၂ က တပ်ရင်းမှူးကတော် ပါတယ်။ တပ်ရင်းမှူးက ဗိုလ်မှူး ကျော်ဇင်ဦး။ သူတော့အဖမ်းမခံလိုက်ရဘူး။ သူ့မိန်းမ တပ်မှူးကတော် နာမည်က သီရိဝေတဲ့။ သူတို့မှာ သမီးလေးတယောက်ရှိတယ်။ ကြာအင်းမှာရှိတဲ့ တပ်ရင်း ၃ ခုလုံးဝင်အစီး ခံရပြီး ကျတာတွေ အရှင်ဖမ်းခံလိုက်ရတာတွေ အရမ်းများတယ်''လို့ သူက ဆိုပါတယ်။
လက်ရှိအချိန်ထိ ကြာအင်းဆိပ်ကြီးအခြေစိုက်တပ် ရင်းတွေနဲ့ စစ်ကောင်စီတပ်အကြားတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ပစ်ကူပေးတိုက်ခိုက်နေ တယ်လို့ သိရပါတယ်။
ဆက်ဖတ်ရန် →

ကချင်ဘာသာရေးခေါင်းဆောင်ကို ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲထား

ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌဟောင်းကို မြစ်ကြီးနားထောင်တွင် ချုပ်နှောင်ထားပြီး မတရား အသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် ရုံးထုတ်စစ်ဆေးမည်ဟု မိသားစုဝင်ထံမှ​ သိရသည်။
Published on Jan 2, 2023
 ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Hkalam Samson Facebook)

ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Hkalam Samson Facebook)

ဒီဇင်ဘာ လဆန်းပိုင်းကတည်းက ဖမ်းဆီးခံထားရသည့် ကချင်နှစ်ခြင်းအသင်းတော်(KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပါ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားပြီး ဇန်နဝါရီ ၁၁ တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။

ဒေါက်တာခလမ်ဆွန်မှာ KBC အဖွဲ့ဝင်နှစ်ဦးနှင့်အတူ ဆေးကုသရန် ထိုင်းနိုင်ငံသို့သွားရောက်မည့်ဆဲဆဲ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ထို့နေ၌ပင် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားကာ နောက်တစ် ရက်တွင် တရားစွဲဆိုမည့်အကြောင်း စစ်တပ်က KBC တာဝန်ရှိသူများကို အသိပေးခဲ့သည်။​

ကချင်လူထုအကြား ဩဇာတိက္ကမကြီးမားသည့် ဘာသာရေးခေါင်းဆောင်ကို မြစ်ကြီးနားထောင်တွင် ချုပ်နှောင်ထားကာ ဒီဇင်ဘာ ၂၈ ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးက တရားလိုပြု လုပ်ကာ မြစ်ကြီးနားရဲစခန်း၌ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

"လောလောဆယ် အတိအကျတော့ ၁၇(၁)ပဲ။ အခြားအမှုဘာတွေပါသေးလဲ အတိအကျ မသိရသေးဘူး " ဟု မိသားစုဝင် အမျိုးသမီးက ပြောသည်။"(တရားလိုက) ရဲစခန်းက မဟုတ်ဘူး။ မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) က ဗိုလ်မှူးတစ်ယောက်လို့ ပြောတယ်။ နာမည်ပြောလို့ မရသေးဘူးတဲ့"

ဒီဇင်ဘာ ၃၀ ရက်တွင် မြစ်ကြီးနားရဲစခန်းသို့ ဒေါက်တာခလမ်ဆမ်ဆွန်၏ မိသားစုဝင်များက သွားရောက် စုံစမ်းစဉ် ၁၇(၁)ဖြင့် တရားစွဲထားကြောင်း သိခဲ့ရခြင်းဖြစ်သည်။

"The Bible and electronic devices (သမ္မာကျမ်းစာအုပ်နှင့် အီလက်ထရောနစ်ပစ္စည်းများ) တွေကိုတော့ သိမ်းလိုက်တယ်၊ သက်သေတဲ့။ ၁၀ မျိုးတော့ သိမ်းထားတယ်လို့တော့ ပြောတာပဲ" ဟု အထက်ပါ မိသားစုဝင်က ပြောသည်။

အဖမ်းခံထားရသည်မှာ တစ်လနီးပါးရှိလာသည့်အချိန်ထိ မိသားစုအနေဖြင့် ဒေါက်တာခလမ်ဆမ်ဆွန်ကို တွေ့ဆုံခွင့် မရသေးကြောင်း သိရသည်။ အသင်းတော် ဥက္ကဋ္ဌဟောင်းနှင့် တွေ့ဆုံခွင့်ရရန် KBC တာဝန်ရှိသူ များက တောင်းဆိုခဲ့သော်လည်း စစ်တပ်က အကြောင်းမပြန်ကြောင်း KBC မှ ဓမ္မဆရာတစ်ဦးက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်မှာ လိုင်ဇာသို့သွားရောက်ကာ KIA ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း ကြောင့် ဖမ်းဆီးအရေးယူခံရခြင်းဖြစ်သည်ဆိုသော ပြောဆိုချက်မှာ အဓိပ္ပာယ်မရှိကြောင်း မိသားစုဝင် အမျိုးသမီးက ဆိုသည်။​

ဒေါက်တာခလမ်ဆမ်ဆွန်သည် ခရစ်ယာန်သိက္ခာတော်ရ ဆရာတော်တပါးဖြစ်သည့်အပြင် KBC အဖွဲ့၏ တာဝန်ရှိသူဖြစ်သည့်အတွက် အသင်းသူ၊ အသင်းသားများရှိသည့် မည့်သည့်နေရာကိုမဆို သွားလာ သည့်အတွက် ၎င်းတွင် အပြစ်မရှိကြောင်း မိသားစုဝင်က ဆိုသည်။

“အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးထားတာကို အမြန်ပြန်လွှတ်ခိုင်းစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်မှာ KBC ဥက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်နေကြောင်း ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုပြီးနောက် ဒေါက်တာခလမ်ဆမ်ဆွန်ကို အရေးယူပေးရန် စစ်တပ်က မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။

သို့သော် သုံးရက်အကြာတွင် အမှုကို ပြန်လည်ရုပ်သိမ်းပြီးနောက် ကချင်ဘာသာရေးခေါင်းဆောင်ကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ပင် ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။ ထို့ပြင် တစ်နှစ်ခန့်အကြာ ၂၀၂၀ ဒီဇင်ဘာတွင် မြစ်ကြီးနားရောက်လာသည့် မင်းအောင်လှိုင်က ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဖိတ်ခေါ်ကာ တကူးတကတွေ့ဆုံခဲ့သည်။

ဆက်ဖတ်ရန် →
ပိုပိုပေးတဲ့MSGတခုကိုရလိုက်တယ်

ပိုပိုပေးတဲ့MSGတခုကိုရလိုက်တယ်

အများစုကပိုပိုကိုအပြစ်တင်တယ်


သူမလွတ်ခင်မှာဘောမတွေကထောင်ထဲ

အထိကူညီတယ် လွတ်အောင်လုပ်ပေးတယ်

NCDM ဖြစ်အောင်လုပ်ခဲ့တယ်


ပိုပိုပေးတဲ့MSGတခုကိုရလိုက်တယ်




ဆက်ဖတ်ရန် →
၂၀၂၃ တွင် ကြီးမားသော အလှည့် အပြောင်းကြီး ဖြစ်လာမည်ဟု ယာယီ သမ္မတကြီး မှ ပြော

၂၀၂၃ တွင် ကြီးမားသော အလှည့် အပြောင်းကြီး ဖြစ်လာမည်ဟု ယာယီ သမ္မတကြီး မှ ပြော

အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူးဝါး လရှီးလ မှ သူ၏ ၂၀၂၃ ခုနှစ် နှစ်သစ်ကူး မိန့်ခွန်းတွင် ၂၀၂၃ သည် စစ်အာဏာရှင်များ အား ဆန့်ကျင်တွန်းလှန်နေသည့် တော် လှန်ရေး တွင် ကြီးမားသော အလှည့် အပြောင်းကြီး ထွက်ပေါ်လာဖို့ ရှိနေသည်ဟု ထည့်သွင်းပြောဆိုသွားခဲ့သည်။
စစ်အာဏာသိမ်း အဖွဲ့သည် ပြည်သူများ နှင့် တော်လှန်ရေး တပ်ဖွဲ့များ အားအင် ဆုတ်ယုတ်လာမည့် အချိန်ကို စောင့်နေကြ၍ မိမိတို့ဖက်မှ ဆက်လက်ပြီး တော်လှန်ရေး ကို အရှိန်မြှင့်တင်သွားဖို့ လိုအပ်ကြောင်း ဆိုသည်။
တော်လှန်ရေးကြီး အောင်မြင်ဖို့ အဓိက သော့ချက်သည် တော်လှန်ရေး တပ်ဖွဲ့များ နှင့် ပြည်သူများ စည်းလုံး ညီညွတ်မှု ရှိနေရေးပင် ဖြစ်သည်ဟုလည်း ဆိုသည်။
သမ္မတကြီး ၏ ပြောဆိုသွားသကဲ့သို့ပင် ကချင် လွတ်မြောက်‌ရေး အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်းလ မှ မိမိတို့မှ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် အောင် တွန်းလှန်သွားမည်ဟု သူ၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ကတိပေးသွားခဲ့သည်။
ပြည်သူတရပ်လုံး နှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ အားလုံး ပြတ်ပြတ်သားသား ခုခံတွန်းလှန် သွားမည် ဆိုလျှင် ဘယ်လို စစ်အာဏာရှင်မှ ခံနိုင်မည် မဟုတ်၊ ကျဆုံးရမည်သာ ဖြစ်သည်ဟု ဆိုသည်။
မြောက်ပိုင်း ညီနောင်များ အဖွဲ့ကလည်း မိမိတို့ တိုင်းရင်းသားများ အားလုံး အိုးအိမ်မဲ့ ဖြစ်ကာ အကြောက်တရား ဖြင့် နေထိုင်နေကြရပြီ ဖြစ်သည့် အတွက် တော်လှန်ရေး တပ်ဖွဲ့များ နှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမည်ဟု ပူးတွဲ ကျေညာချက် ထုတ်ပြန်ခဲ့ကြပြန်သည်။
ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၅ မှ အစိုးရ ဝန်ထမ်းများ အားလုံး ဖာပွန်ခရိုင် အတွင်း မှ ဇန်နဝါရီ ၁၀ ရက် နောက်ဆုံးထားပြီး ထွက်ခွာကြရန် အပြီးသတ် သတိပေးချက်ကို ထုတ်ပြန် လာခဲ့သည်။
NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်မှ အကြမ်းဖက် စစ်တပ်အား ထိုးစစ်ဆင်ရန် မဟာဗျူဟာ ကို အသင့် ရေးဆွဲထားပြီး ဖြစ်၍ မိမိတို့မှ တော်လှန်ရေး တပ်ဖွဲ့များကို လက်နက်များ တိုးမြှင့် တပ်ဆင်ပေးသွားမည်ဟု သူ၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောဆိုသွားခဲ့သည်။
အခြား ထင်ရှားသော အရပ်ဖက် အဖွဲ့အစည်း ၂၂ ဖွဲ့မှလည်း စစ်အာဏာရှင် အမြစ်ဖြတ်ရေး နှင့် တော်လှန်ရေး အောင်မြင်ရန် ညီညီညွတ်ညွတ် ဖြင့် မနားမနေ လက်တွဲ ဆောင်ရွက်သွားမည်ဟု ကတိပြု ကျေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်‌ဟောင်း စကော့ မာစီယယ် နှင့် ဧရာဝတီ တွေ့ဆုံ မေးမြန်းချက် များကို ဆက်လက် ကောက်နှုတ်တင်ပြသွားပါမည်။
Burma Act သည် ကွန်ဂရက်မှ မြန်မာ ပြည်သူများ နှင့် ဘိုင်ဒင် အစိုးရအား သူတို့ အနေဖြင့် ပို၍ ပြတ်သားစွာ ဆောင်ရွက် သွားစေချင်ကြောင်း အသိပေးလိုက်ခြင်း ဖြစ်သည်။ ထို့အတွက် ဘိုင်ဒင် အစိုးရ ၏ လက်ရှိ သွားနေ သည့် လမ်းကြောင်း သည် ပို၍ မြန်ဆန်သွက်လက်လာဖွယ် ရှိသည်။ ရံပုံ‌ငွေ ထောက်ပံ့သွားဖို့ ရှိနေသော်လည်း မည်ရွေ့မည်မျှ နှင့် မည်သို့ ခွဲဝေ သုံးစွဲရမည် ကိုတော့ အတိအကျ ဖေါ်ပြထားခြင်း မရှိ။
စစ်တပ်နှင့် မပတ်သက်သည့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ သေချာပေါက် ပါဝင်မည် ဖြစ်ပြီး NUG နှင့် EAO များ ကိုလည်း အထောက်အပံ့များ ပေးသွားဖို့ ရှိနေသည်။ သို့သော် အမေရိကန် ၏ အထောက်အပံ့ ရနေသည့် မည်သည့် အဖွဲ့အစည်း မဆို မည်သို့မည်ပုံ သုံးစွဲသည်ကိုတော့ အတိအကျ စာရင်း ပြန်ပြဖို့ လိုနေသည်။
တရုတ်
တရုတ်သည် မြန်မာ နှင့် ပတ်သက်၍ လက်တွေ့ကျသည့် မူဝါဒမျိုး ကျင့်သုံးနေကြောင်း၊ စစ်အာဏာရှင်များ ပြုတ်ကျသွားလည်း မည်သို့မျှ နေမည် မဟုတ်သည့် အပြင် နောက်တက်လာမည့် အစိုးရ အဖွဲ့ နှင့်လည်း ယခုလို ပင် လက်တွဲလုပ်သွားမည်သာ ဖြစ်သည်။
လက်ရှိ စစ်အာဏာသိမ်း အဖွဲ့သည် ရေရှည် ခံမည် မဟုတ်ဆိုသည်ကို တရုတ်တို့ ကောင်းစွာ သိရှိထားပြီးဖြစ် ကြောင်း၊ တော်လှန်ရေး အင်အားစုများကို နိုင်အောင် ကိုင်တွယ်နိုင်ခဲ့သည် ဆိုစေဦး ၎င်းတို့အပေါ် အယုံအကြည် မရှိ၊ ရွံရှာ မုန်းတီးနေသည့် လူထု ကြောင့် နိုင်ငံ‌ရေး အရ မည်သို့မျှ တည်ငြိမ်အောင် အုပ်ချုပ်သွားနိုင်မည် မဟုတ် ဆိုသည်ကိုလည်း တွက်ဆထားပြီး ဖြစ်ကြောင်း
ထို့အတွက် NUG နှင့် EAO များ အနေနှင့် တရုတ်တို့ နှင့် ဆက်ဆံဖြစ်သည့် အခါတိုင်း မိမိတို့ အနေဖြင့် တရုတ်ကို ရန်လိုသည့် သဘောထား မရှိကြောင်း နားလည်အောင် လုပ်ဖို့ လိုအပ်နေသည်။
မြန်မာ အရေးအား အမေရိကန်သည် ယခုထက်ပို၍ ထဲထဲဝင်ဝင် ပတ်သက်မည် ဆိုလျှင် တရုတ်သည် ၎င်းတို့ အတွက် ပြဿနာ အဖြစ် ယူဆကာ စစ်တပ်အား ပို၍ ထောက်ခံလာဖွယ် ရှိ၍ အမေရိကန်-တရုတ် ပြဿာနာ ကြီး အဖြစ် ကူးပြောင်းသွားမည့် အရေး စိုးရိမ်ပြီး သတိကြီးစွာ ထားနေသည်။
ရုရှား
ပူတင်သည် မြန်မာ၊ တရုတ် နှင့် ပတ်သက်၍ စိတ်ဝင်တစား မရှိကြောင်း၊ အကျိုးရှိမည် ဆိုက နှောက်ယှက်လို့ ရသမျှ နှောက်ယှက်နေခြင်း ဖြစ်သည်။ မြန်မာ နှင့် ပတ်သက်၍ လက်နက်များ ရောင်းနေရသဖြင့် အကျိုးအမြတ် ရှိနေသည်။ ဒီထက် ပို၍ ‌ရေရှည် ဦးတည်စေမည့် နက်ရှိုင်းသည့် သံယောဇဉ် မျိုး မရှိ။ အခွင့်အရေး ရရာ ရကြောင်း နေရာတနေရာ အဖြစ်သာ သဘောထား၊ ရုရှားတွင်လည်း သူတို့ ပြဿနာ နှင့် သူတို့ ဖြစ်နေ၍ လက်ရှိ ရနေသည့် အခွင့်အရေးထက် ပိုပြီး စိတ်ဝင်စားမည် မဟုတ်။
ထိုင်း
ထိုင်းသည် အရေးပါဆုံး ဖြစ်နေသည်။ ထိုင်း အနေဖြင့် လက်ရှိ စစ်အာဏာသိမ်း အဖွဲ့သည် မြန်မာ နိုင်ငံ တည် ငြိမ်ရေး အတွက် ရှေ့ဆက် ကောင်းလာအောင် လုပ်နိုင်မည့် သူများ မဟုတ်ဆိုသည်ကို သိထားရမည်။ လက်ရှိ စစ်တပ်နှင့် ဆက်ဆံရေး ကမောက်ကမ ဖြစ်သွားမည်ကိုတော့ လိုလားဟန် မရှိ။ အမေရိကန် အရာရှိကြီးများ ကလည်း ထိုင်းဖက်မှ အကူအညီရရန် အမြဲလို ပြောဆိုနေကြောင်း၊ အကူအညီများ မြန်မာထဲ သို့ ပိုရောက်လေ ၎င်းတို့ဖက်သို့ ဒုက္ခသည်များ အဖြစ် ဝင်ရောက်လာသူ နည်းလာလေပင် ဖြစ်မည်။
လက်ရှိ အာဏာသိမ်း အဖွဲ့ တည်မြဲနေသမျှ တိုင်းပြည်အတွက် မျှော်လင့်ချက်မရှိ၊ NUG, EAO, နှင့် တော်လှန်ရေး အဖွဲ့များ အပေါ် ဝေဖန်မှု များ ရှိနေသော်လည်း ထိုအဖွဲ့အစည်းများကသာ မျှော်လင့်ချက်များ နှင့် အစစ်အမှန် တိုးတက်မှုများ ဆောင်ကျဉ်းပေးနိုင်မည် ဖြစ်သည်။
စစ်အာဏာသိမ်း အဖွဲ့နှင့် ၎င်းတို့ မဟာမိတ် ပြုနေသည့် အဖွဲ့များလည်း တဖြေးဖြေး နှင့် အင်အားချည့်နဲ့ လိုက်လာနေသော်လည်း ဘာတွေ ဆက်ဖြစ်လာမည်ကို အတိအကျ ပြောဖို့ ခက်နေကြောင်း အစရှိသဖြင့် ပြောဆိုသွားခဲ့သည်။
လောလောဆယ်တွင် တခါက အမည်းရောင် မှန်လုံ နိုင်းတူးနိုင်း ကားကြီးများ ဖြင့် ခေါင်းတမော့မော့ လည် တကြော့ကြော့ဖြင့် သွားလာနေကြသော မိသားစုများသည် ထိုအချိန်က ၎င်းတို့ သွားရာ ဒေသများတွင် ကြုံကြိုက်ပါက လုံခြုံရေး တာဝန်ယူပေးနေရရှာပြီး သူတို့အား ခေါင်းပင် မော်မကြည့်ဝံ့သည့် စစ်ဗိုလ်လေး အား ယခုအခါ တန်းစီ၍ အလုအယက် ဂါဝရ ပြုနေကြပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
Photo Credit - IRRAWADDY

 
ဆက်ဖတ်ရန် →
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ခိုက်မည်ဟု MNDAA ၊TNLA နှင့် AA မဟာမိတ် ၃ ဖွဲ့က တရားဝင် ကြေညာ

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ခိုက်မည်ဟု MNDAA ၊TNLA နှင့် AA မဟာမိတ် ၃ ဖွဲ့က တရားဝင် ကြေညာ

၊ စစ်အာဏာရှင် တော်လှန်ရေးကို အိမ်နီးချင်းနိုင်ငံများက ကူညီရန် အရေးကြီး ကာလ ရောက်ပြီဟု KIO ဥက္ကဋ္ဌ ပြော
ရန်ကုန်၊ ဇန်နဝါရီ ၂
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ထုတ်မည်ဖြစ်ကြောင်း MNDAA ၊TNLA နှင့် ULA/AA မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့တွင် တရားဝင်ကြေညာသည်။
မြန်မာလူထုများအတွက် နှစ်သစ်ကို ဝမ်းမြောက်စွာ ကြိုဆိုကြရမည့် အစား စစ်ကောင်စီ၏ အာဏာ သိမ်းသည့် လုပ်ရပ်နှင့် အတူ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆက်လက်ကျူးလွန်နေသည့် ၎င်းတို့၏ လုပ်ရပ်များကြောင့် မြန်မာပြည်သူများ နေရပ်၊ အိုးအိမ်နှင့် မြို့ရွာများကို စွန့်ခွာ၍ အသက်ဘေး လွတ် ရာသို့‌ ရှောင်တိမ်းနေကြရကြောင်းနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့ က စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ရန် လုပ်သင့်လုပ် ထိုက်သည် များ ကို ဆက်လုပ် ဆောင် သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့တွင် တရားဝင် ကြေညာသည်။
စစ်အာဏာသိမ်းမှု ၂ နှစ်နီးပါးသို့‌ ရောက်ရှိလာပြီဖြစ်ပြီး အာဏာသိမ်းမှု ဆန့်ကျင်သည့် ပြည်သူများ သည် အာဏာသိမ်းပြီး မရှေးမနှောင်းပင် ‘နွေဦး တော်လှန်ရေး’ ကို ရရာလက်နက်၊ ရသည့် နည်း လမ်းဖြင့် ဆင်နွဲနေသည် မှာလည်း သက်တမ်း ၂ နှစ်နီးပါးရှိပြီဖြစ်ကြောင်း၊ စစ်အာဏာ သိမ်းမှု ကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိ ပြည်တွင်းရေး၊ နိုင်ငံရေး၊ စစ်ရေး မတည် မငြိမ်မှု များကြောင့် စစ်ဘေး ဒဏ်သင့် ပြည်သူများ ခံစားနေရသည့် ခံစားချက်များကို ညီနောင် မဟာမိတ်အဖွဲ့ ၃ ဖွဲ့ အနေနှင့် ထပ်တူထပ်မျှ စာနာ နားလည်ပြီး အပြည့်အဝ ကိုယ်ချင်းစာကြောင်း ပြောဆိုသည်။
ထို့ပြင် လက်ရှိရင်ဆိုင်နေရသည့် ပြည်တွင်းစစ်မီးကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံအတွင်း နေထိုင်သည့် ပြည်သူများနှင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးစည်းလုံးညီညွတ်စွာ အလုပ်လုပ်ကြရန် အထူးအရေးကြီး လိုအပ်လျက်ရှိကြောင်းနှင့် ညီနောင် မဟာ မိတ် ၃ ဖွဲ့အနေနှင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် တော်လှန်ရေး အဖွဲ့အစည်း များ ထဲ မှ ပြည်သူ့ထောက်ခံမှုရရှိထားပြီး တော်လှန်ရေးဆန်သည့် အဖွဲ့အစည်းအချို့နှင့် လက်တွဲ၍ ပြည်သူများ မျှော်ထားသည့် ဘုံရည် မှန်းချက်များ ပြည့်ဝစေရန်၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှား နိုင်ရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ် နိုင်ရန်အတွက် လုပ်သင့်လုပ် ထိုက်သည် များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ဟု ကြေညာထားသည်။
စည်းလုံးညီညွတ်မှုအား၊ စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီညီလုပ်ဆောင် နိုင်မှသာ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြုတ်နိုင်မည်ဖြစ်သောကြောင့် နှစ်သစ်ကူးနေ့မှ စ၍ ယခင်ထက် အင်တိုက် အားတိုက် ကြိုးပမ်းလုပ် ဆောင်သွားကြရန် တိုက်တွန်းကြောင်း မဟာမိတ် ၃ ဖွဲ့က ကြေညာသည်။
အလားတူ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၏ ၂၀၂၃ ခုနှစ် နှစ်သစ်မိန့်ခွန်းတွင် ပြည်သူလူထုကို သတ်ဖြတ် နှိပ်စက်နေသည့် စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ကျင်းပခွင့်မရှိဘဲ အဆိုပါ ရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်အောင်ကြိုးပမ်းသည့် နည်း လမ်းတစ်ခုဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ပြည်သူ လူထုနှင့် လက်နက် ကိုင် အဖွဲ့များကို အိမ်နီးနားချင်းနိုင်ငံများက ကူညီရန် အလွန်အရေး ကြီးသည့်ကာလ ရောက်နေပြီ ဖြစ် ကြောင်း ပြောဆို ထား ကြောင်း ကချင်သတင်းဌာနများက သတင်းဖော်ပြထားသည်။
ဓာတ်ပုံ- KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ MNDAA ဥက္ကဋ္ဌ ဖုန်တာရွှင်၊ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း။

 
ဆက်ဖတ်ရန် →
တပ်မဟာ ၅ နယ်မြေတွင်ရွေးကောက်ပွဲ ကျင်းပခွင့် လုံး၀ ခွင့်မပြု ၁၀ ရက်အတွင်း ရာထူးမှ နုတ် ထွက်  ထွက်ခွာကြရန်

တပ်မဟာ ၅ နယ်မြေတွင်ရွေးကောက်ပွဲ ကျင်းပခွင့် လုံး၀ ခွင့်မပြု ၁၀ ရက်အတွင်း ရာထူးမှ နုတ် ထွက် ထွက်ခွာကြရန်

Khit Thit Media  

 KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီဝန်ထမ်းများအားလုံး ၁၀ ရက်အတွင်း ရာထူးမှ နုတ် ထွက် ထွက်ခွာကြရန် နောက်ဆုံးသတိပေး၊ ရွေးကောက်ပွဲ ကျင်းပခွင့် လုံး၀ ခွင့်မပြုဟု ကြေညာ ရန်ကုန်၊ ဇန်နဝါရီ ၁ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီဝန်ထမ်းများအားလုံး ၁၀ ရက်အတွင်း ရာထူးမှ နုတ်ထွက်၍ ထွက်ခွာကြရန် နောက်ဆုံးသတိပေး ကြေညာပြီး စစ်တပ်ကျင်းပမည့် ရွေး ကောက် ပွဲ လုံး၀ ခွင့်မပြုဟု သတိပေးထုတ်ပြန်လိုက်သည်။ ကရင်အမျိုးသားအစည်းအရုံး ၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်စခန်းများ ရုပ်သိမ်းရန် ၊ ဒေသပြည်သူများအနေဖြင့် မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် မပူးပေါင်းရန်၊ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်များအားလုံး ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း အပြီးအပိုင် နုတ်ထွက် စွန့်ခွာကြရန် KNLA က ဇန်န ဝါရီလ ၁ ရက်နေ့စွဲဖြင့် အမိန့် ထုတ်ပြန် လိုက်သည်။ KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့၏ အုပ်ချုပ်ရေးယန္တရားများ တည်ရှိမှု ကို လုံးဝ လက်ခံမည်မဟုတ်သကဲ့သို့ အားလုံးထွက်သွားရန် နည်းမျိုးစုံဖြင့် ဖိအားပေးလုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ KNU အမှတ် ၅ တပ်မဟာ သတ်မှတ်ထိန်းချုပ်နယ်မြေအတွင်းရှိ ဖာပွန်၊ ကမမောင်း မြို့တို့ နှင့် ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် အခြားအရပ်ဒေသမှ လာ သည့်ဝန် ထမ်းများအားလုံး အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းခြင်းမပြုရန် အမိန့်ထုတ်ပြန်ကြောင်း သတိပေးသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အလုပ်တာဝန် ရာထူးများစွန့်ခွာ ထွက်ခွာ၍ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို ထောက်ခံ အားပေးအသိအမှတ်ပြုစေသည့် လုပ်ရပ်မှန်သမျှ မပြုလုပ်ကြရန်၊ သတ်မှတ်ချိန်အတွင်း ထွက်ခွာရန် အမိန့်ထုတ်ပြန်ထားသည်။ စစ်ကောင်စီက ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် တပ်မဟာ ၅ နယ်မြေ သတ်မှတ် ထိန်းချုပ် နယ်မြေအတွင်းရှိ မည်သူမဆို လုံးဝပူးပေါင်းပါဝင် ပတ်သက် မှု မပြုလုပ်ရန် သတိပေးကြောင်း၊ ယခု ထုတ်ပြန်ချက်ကို လေးစားကြရန်နှင့် မလေးစား မလိုက်နာပါက အရေးယူနိုင်သည့် လူပုဂ္ဂိုလ်များ ကို ဥပဒေနှင့်အညီ အရေးဆောင်ရွက်မည်ဖြစ်ပြီး အရေးမယူနိုင်သည့် ပုဂ္ဂိုလ်များအတွက် နောက်ဆက် တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် ၎င်းတို့အပေါ်တွင်သာ မူတည်လိမ့်မည်ဖြစ်ကြောင်း၊ ယခု ထုတ်ပြန်သည့် အမိန့်သည် နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ကြောင်း KNLA တပ်မဟာ ၅ ဌာနချုပ်၊ စစ်ရေးချုပ်ရုံးက သတိပေးထားသည်။

ဆက်ဖတ်ရန် →

နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရက်အကန့်အသတ်မရှိ ပိတ်သိမ်း

 

 ဗီဒီယို-ယနေ့ နံနက်ပိုင်း ရန်ကုန်၊ ရန်ကင်းရှိ နိုင်ငံကူးလက်မှတ်ရုံးတွင် တန်းစီနေသူများကို ပြန်လွှတ်နေသည့် မြင်ကွင်း။

 Khit Thit Media
စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရက်အကန့်အသတ်မရှိ ပိတ်သိမ်း
ရန်ကုန်၊ ဇန်နဝါရီ ၂
ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းရှိ နိုင်ငံကူးလက်မှတ် လျှောက်ထား ထုတ်ပေး သည့်ရုံးများအားလုံးကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်သိမ်း လိုက် ပြီး နိုင်ငံကူး လက် မှတ် ထုတ်ပေးမှု ရပ်ဆိုင်းထားကြောင်း ယနေ့ နိုင်ငံ ကူး လက်မှတ် သွား ရောက် လုပ်ခဲ့သူများထံမှ သိရှိရသည်။
ရန်ကုန်မြို့၊ ရန်ကင်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ဒီဇင်ဘာ တတိ ယ အပတ် မှစတင်၍ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို ရက်အကန့် အသတ်မရှိ ရပ်ဆိုင်းကြောင်း ရုံးတွင်း ကြေညာချက် ထုတ်ပြန်ထားခဲ့ရာ ယနေ့ တွင် ပြန်လည်လုပ်ငန်းစတင်မည်ဟု သတင်းရရှိ၍ ပြည်သူအများအပြားသွား ရောက် တန်းစီခဲ့ကြသော်လည်း ရက်အကန့်အသတ်မရှိ ရုံးပိတ်ထားသည်ဟု သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ပြောဆိုကြောင်း၊ နိုင်ငံကူးလက်မှတ် လာလုပ် သူများကို အိမ်ပြန်ကြရန် ပြောဆိုပြီး ရုံးတံခါးပိတ်သွားခဲ့ကြောင်း သိရှိရသည်။
"ဒီဇင်ဘာတတိယအပတ်တုန်းက နှစ်သစ်ကူးမို့ ပိတ်တာလားဆိုပြီး ထင်ခဲ့တာ။ ဒီနေ့ ရုံးအားလုံးပြန်ဖွင့်ကြမှာဆိုတော့ ဖွင့်မှာပဲဆိုပြီးလာတာ။ အခုက ရက် အကန့် အသတ်မရှိ ပိတ်ထားတယ်ပြောတယ်။ ကျနော်က QR Code ရပြီး သားပါ" ဟု ယနေ့ နံနက်ပိုင်း နိုင်ငံကူးလက်မှတ် သွားရောက် လျှောက် ထားခဲ့သူတစ်ဦးက ပြောသည်။
နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှု ဒီဇင်ဘာ ၅ ရက်မှ စတင်ရပ်ဆိုင်းကြောင်း၊ ထိုသို့ ရပ်ဆိုင်းရခြင်းမှာလည်း Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက် ထားခြင်း ကို ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေခြင်းကြောင့် ရပ်ဆိုင်းခြင်း ဖြစ် ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ကမူ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် လုံခြုံရေး စက္ကူ လုံး၀ မရှိတော့၍ မှာယူထားသည့်အတွက် ယင်းလုံခြုံရေး စက္ကူ များ တင်သွင်းထားမှု ပြန်လည်ဝင်ရောက်လာမှသာ နိုင်ငံကူးလက်မှတ် ထုတ် ပေး နိုင်မည်ဟု သတင်းကြားသိရသည်ဟု ပြောဆိုသည်။
နိုင်ငံကူးလက်မှတ်ရုံးများတွင်မူ System အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည် ဖြစ်ပါသဖြင့် ရုံးအား ခေတ္တပိတ်ထားကြောင်း ကြေညာချက်ကို ဆိုင်းဘုတ် ထောင် ကြေညာထားကြောင်း သိရှိရသည်။

ဆက်ဖတ်ရန် →
 မြင့်ဆွေ ငုတ်တုတ် ရှိနေသည့်ကြားမှ သမ္မတ အဆောင် အယောင် ရွှေစလွယ်ဝတ်နဲ့သမ္မတရူး

မြင့်ဆွေ ငုတ်တုတ် ရှိနေသည့်ကြားမှ သမ္မတ အဆောင် အယောင် ရွှေစလွယ်ဝတ်နဲ့သမ္မတရူး

ယာယီသမ္မတ အမည်တပ်ထားသည့် မြင့်ဆွေ ငုတ်တုတ် ရှိနေသည့်ကြားမှ သမ္မတ အဆောင် အယောင် ရွှေစလွယ်ဝတ်၍ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်မှု မင်းအောင်လှိုင် သမ္မတရူး ရူးနေမှုကို ပိုမို ပေါ်လွင်စေလာ
ရန်ကုန်၊ ဇန်နဝါရီ ၂
ယာယီသမ္မတ အမည်တပ်ထားသည့် မြင့်ဆွေ ငုတ်တုတ်ရှိနေသည့်ကြားမှ သမ္မတ အဆောင် အယောင် ရွှေစလွယ်ဝတ်၍ မင်းအောင်လှိုင်က ဂုဏ်ထူး ဆောင် ဘွဲ့များချီးမြှင့်မှုသည် သမ္မတရူး ရူးနေသည့် မြင်ကွင်းကို ပိုမို ပေါ်လွင် သိသာ စေကြောင်း နေပြည်တော် သတင်းရင်းမြစ်များက ပြောသည်။
နေပြည်တော်တွင် ဇန်နဝါရီလ ၁ ရက်နေ့ ကျင်းပသည့် ၃ ခုနှစ် (၇၅) နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ဂုဏ်ထူးဆောင်ဘွဲများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား သို့တက် ရောက်ပြီး သမ္မတအဆောင် အယောင် ရွှေစလွယ်ဝတ်၍ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခြင်းမှာ ၎င်းတို့ ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဥပဒေကျွမ်းကျင်သည့် နေပြည်တော်သတင်းရင်းမြစ်တစ်ခုက ပြောသည်။
"သမ္မတရွှေစလွယ်က န၀ရတ်ကိုးပါးပါတယ်။ မင်းအောင်လှိုင်ဝတ်ထားတဲ့ ရွှေစလွယ်မှာ န၀ရတ်ကိုးပါး မပါဘူး။ ဒါပေမယ့် သမ္မတနဲ့ ဒုတိယသမ္မတ အဆောင်အယောင် ရွှေစလွယ် လိုက်ဝတ်တာ။ သမ္မတ၊ ဒုတိယသမ္မတ အဆောင် အယောင်တွေကို သူယူသုံးတဲ့သဘောပဲ။ အဲဒါ သုံးခွင့်မရှိဘူး။ နောက်ပြီး သူက အိမ်စောင့်အစိုးရလို့ နာမည်တပ်ပြီး ဝန်ကြီးချုပ် ရာထူး ယူထားတာဖြစ်တယ်။ ၂၀၀၈ အခြေခံ ဥပဒေအရ နိုင်ငံတော်အကြီးအကဲလို့ ပြောရင် သူတို့တရားဝင် အသိအမှတ်ပြုထားတဲ့ ယာယီသမ္မတ မြင့်ဆွေ ရှိနေတယ်။ မြင့်ဆွေ တက်ပြီး ပေးရမယ်။ မင်းအောင်လှိုင်မှာ အဲဒီလို ပေးခွင့် မရှိဘူး။ ဥပဒေ တရားဝင် ပြဋ္ဌာန်းချက်ကို သူချိုးဖောက်လုပ်တာ" ဟု နေပြည် တော်သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၅ အုပ်ချုပ်ရေး၊ ပုဒ်မ ၂၀၅ (က) (ခ) တွင် နိုင်ငံတော်သမ္မတ သည် ဥပဒေနှင့်အညီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့် အပ်နှင်းခြင်းပြု နိုင်ပြီး ရုပ်သိမ်းခြင်းပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
"၂၀၀၈ ဥပဒေနဲ့ မညီဘဲ အာဏာသိမ်းတယ်။ ၂၀၀၈ ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်ပြီး သမ္မတ လုပ်ပိုင်ခွင့်တွေကို သူက အကုန်ယူသုံးတာ။ သမ္မတရူး ရူးနေတာ ပိုပေါ်လွင်စေတာပေါ့။ သူလုပ် ချင်ရာလုပ်တာပေါ့။ ယာယီသမ္မတ နာမည်တပ်ထားတဲ့ မြင့်ဆွေငုတ်တုတ်ကြီးရှိနေတာ။ ဟိုကလည်း ငြိမ်ခံနေရ တဲ့သဘောပဲ" ဟု နေပြည်တော် သတင်းရင်းမြစ်က ဆိုသည်။
မင်းအောင်လှိုင်သည် သမ္မတရူး ရူးနေလျက်ရှိရာ လက်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်တွင် အဆောင် များတိုးချဲ့ခြင်း၊ အသစ်ဆောက် လုပ် ခြင်း အပါအဝင် အိမ်တော်ပြုပြင်ရေး လုပ်ငန်းများကို ၎င်း စိတ် တိုင်းကျ လုပ်ဆောင်နေကြောင်း ၊ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် လည်း ဗိုလ်ရှု သဘင် အခမ်း အနားဖြင့် အလေးပြု ခံမည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်ဖတ်ရန် →
ရုပ်ကိုကသူမဟုတ်သလိုနဲ့

ရုပ်ကိုကသူမဟုတ်သလိုနဲ့

စင်ပေါ်တက် ဖါသည်မကြီးလို့အော်ခဲ့သူ
ထမင်းဝအောင်စားထားလို့ ခြိမ်းခြောက်ဖူးသူ
PDFတွေကို ပျက်ရယ်ပြုရဲသူ
ဘိန်းစားလိုအမူအရာတွေလုပ်ပြတတ်သူ
အခုတော့—
မျက်လွှာလေးချ အိန္ဒြေရရနဲ့ သိက္ခာတော်ရ
ဆရာတော်ကြီးပေါ့လေ
ဘယ်လိုပဲဖြစ်ဖြစ် မအလပေးတဲ့အချောင်း
ကဆီဆွတ်လိုက်ရင် ကိုယ့်ဖင်ထဲကိုယ်ထိုးထည့်
လို့ရတာ ပေါ့
သူရတာမအလရဲ့အရိုးတချောင်းဆိုတော့

သီရိပျံချီ ဝီရကတုံးမ တို့ ညစာလုံလောက်ပြီပေါ့
























ဆက်ဖတ်ရန် →