နောက်ဆုံးရ

တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ


နိုင်ငံတကာ

တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ

ဘေဂျင်းမှာရှိတဲ့ ကုသရေး စင်တာတွေဟာ မကြာခင် ရက်ပိုင်းအတွင်း Paxlovid သောက်ဆေးတွေကို လက်ခံ ရရှိလာနိုင်တယ်လို့ ရှီနဲ့ နီးစပ်သူ တစ်ဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ
တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ 

ပြည်တွင်းမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ အရမ်း အရှိန်မြင့်လာတဲ့နောက် တရုတ် အာဏာပိုင်တွေက ဘေဂျင်းမြို့တော်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ ဖြန့်ဝေပေးနိုင်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

တရုတ်ဟာ ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက် ထိုးနှံပေးခဲ့ပေမယ့် တရုတ်လုပ် ကာကွယ်ဆေးတွေက မျိုးဆက်သစ် Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကို ဟန့်တားနိုင်စွမ်း မရှိသလောက် နည်းသွားပါတယ်။ ဒါကြောင့်လည်း လက်ရှိ အခြေအနေတွေအရ တရုတ်ဟာ Omicronက နှိပ်စက်တဲ့ ကိုဗစ် ကူးစက်မှုတွေဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်ရဲ့ mRNA နည်းပညာသုံး ကာကွယ်ဆေးတွေ တင်သွင်းပြီး ပြည်သူတွေကို ထိုးနှံပေးရေး တောင်းဆိုမှုတွေကို ကာလရှည်ကြာ ငြင်းဆိုခဲ့ဖူးသူပါ။ လတ်တလော အခြေအနေတွေကြောင့် ရှီအနေနဲ့ အမေရိကန် ဆေးဝါးတွေကို ရှောင်လွှဲလို့ မရဘဲ အားကိုးဖို့ စဉ်းစားနေရပြီလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး ထိုးနှံပေးတာမျိုး မဟုတ်ဘဲ Pfizerက ထုတ်လုပ်တဲ့ Paxlovid သောက်ဆေးတွေကို တင်သွင်းဖို့ စီစဉ်နေတာလို့ သတင်းတွေက ဖော်ပြပါတယ်။

ဘေဂျင်းမှာရှိတဲ့ ကုသရေး စင်တာတွေဟာ မကြာခင် ရက်ပိုင်းအတွင်း Paxlovid သောက်ဆေးတွေကို လက်ခံ ရရှိလာနိုင်တယ်လို့ ရှီနဲ့ နီးစပ်သူ တစ်ဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်ဟာ လက်ရှိ အခြေအနေအရ ကိုဗစ်ကူးစက်မှုတွေကို ထိန်းချုပ်လို့ မရနိုင်တဲ့ အနေအထားမျိုးထိ ရင်ဆိုင်နေရပြီး နေ့စဉ် ကူးစက်နှုန်းနဲ့ သေကြေမှု ကိန်းဂဏန်းတွေကိုတောင် အာဏာပိုင်တွေက မထုတ်ပြန်တော့ဘဲ ဆိုင်းငံ့ထားလိုက်ရပါတယ်။

တရုတ်ဟာ Paxlovid ဆေးဝါးကို ပြည်တွင်းမှာ တင်သွင်း သုံးစွဲခွင့် ပြုလိုက်မယ်ဆိုရင် တရုတ် အစိုးရက တရားဝင် ခွင့်ပြုတဲ့ တစ်ခုတည်းသော ကိုဗစ် ကုသဆေး အနေနဲ့ မှတ်တမ်း ဝင်လာမှာ ဖြစ်ပါတယ်။

သတင်းတွေရဲ့ အဆိုအရ တရုတ်ပိုင်နက်ထဲမှာ အမေရိကန်လုပ် ကာကွယ်ဆေးတွေ ထိုးနှံခွင့်ရှိတဲ့ တစ်ခုတည်းသော နေရာလို့ သတ်မှတ်ရမယ့် ဟောင်ကောင်ကို သွားရောက်ပြီး ဆေးထိုးနှံနိုင်ဖို့ ကြိုးစားသူ အရေအတွက်ဟာလည်း တရိပ်ရိပ် တိုးပွားလာနေကြောင်း သိရပါတယ်

ဆက်ဖတ်ရန် →
အင်းစိန်ထောင်သီးသန့်တရားရုံးတွင် တရားသူကြီးကို နိုင်ငံရေးအကျဉ်းသား တချို့က ရုပ်သေးရုပ် လက်ဆောင်ပေး၍  ဆန္ဒပြ

အင်းစိန်ထောင်သီးသန့်တရားရုံးတွင် တရားသူကြီးကို နိုင်ငံရေးအကျဉ်းသား တချို့က ရုပ်သေးရုပ် လက်ဆောင်ပေး၍ ဆန္ဒပြ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ခေတ်သစ်မီဒီယာ

ရန်ကုန်၊ အင်းစိန်ထောင်သီးသန့်တရားရုံးတွင် တရားသူကြီးကို နိုင်ငံရေး အ ကျဉ်း သား တချို့က ရုပ်သေးရုပ် လက်ဆောင်ပေး၍  ဆန္ဒပြကြကြောင်း နိုင်ငံ ရေး အကျဉ်းသားသတင်းရင်းမြစ်တစ်ခုက ပြောသည်။ 

ရန်ကုန်  အင်းစိန်ဗဟိုအကျဉ်းထောင် ထောင်တွင်းသီးသန့်တရားရုံးတွင် ထောင် တွင်း အင်အား စုတစ်စုက ၎င်းတို့ကို အမိန့်ချမှတ်လိုက်သောတရားသူကြီးကို  ရုပ်သေးရုပ်တရုပ်လက်ဆောင်ပေး၍ ရုပ်သေးရုပ်ကဲ့သို့ ကြိုးဆွဲရာကနေသည့် တရားရေးမဏ္ဏိုင်ကို ဆန္ဒပြကြောင်း သိရှိရသည်။ 

ဒီဇင်ဘာ ၂၆ရက်နေ့ ၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် ထောင်တွင်းသီးသန့် တရားရုံး တွင် နိုင်ငံရေးအကျဉ်းသားတစ်စုက အမှုရင်ဆိုင်နေစဉ် တရားသူကြီး ၏လက်ထဲသို့ ရှေ့နေကုတ် အင်္ကျီပူးတွဲချုပ်ထားသော ရုပ်သေးရုပ်တစ်ရုပ်ကို လက်ဆောင်ပေးပြီး  “ ဥပဒေအထက်တွင် မည်သူမျှမရှိစေရ၊ သို့သော်စစ်ဖိနပ် တစ်ရံ တော့ရှိသည်” ဆိုသည့်စာကိုပါ ပူးတွဲ ထည့်ပေးလိုက်ကြောင်း၊ တရား သူကြီး က  အမိန့်ချမှတ်ပြီးသည့်အချိန်တွင် ထိုသို့ လက်ဆောင်ထည့်ပေး လိုက် ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

နိုင်ငံရေးအကျဉ်းသား အမျိုးသား ၇ဦး နှင့် အမျိုးသမီး ၁ဦးတို့သည် အမိန့်ချမှတ် ခံရပြီး ချိန်တွင် ထိုသို့ တရားသူကြီးကို လက်ဆောင်ပေးခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံရေးအကျဉ်းသားများသည် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများ ၊ လက်နက်မှုများဖြင့် မတရားစွဲချက်တင်ခံထားရသူ များဖြစ် ကြောင်း သိရှိရသည်။

အဖွဲ့ခေါင်းဆောင် နိုင်ငံရေးအကျဉ်းသားသည်  ဒီဇင်ဘာ ၂၆ရက်နေ့တွင် အမှု ၇ မှုအတွက် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံထားရပြီး ကျန်သူများမှာ ထောင်ဒဏ် ၅ နှစ်စီ အသီးသီးချမှတ်ခံရကာ နောက်ထပ်အမှုများကိုလည်း ဆက်လက် ရင်ဆိုင် နေရကြောင်း သိရှိရသည်။


ဆက်ဖတ်ရန် →
အမေရိကန် NDAA အက်ဥပဒေ နေပြည်တော်ဗိုလ်ချုပ်များ ကတုန်ကရင်ဖြစ်နေ

အမေရိကန် NDAA အက်ဥပဒေ နေပြည်တော်ဗိုလ်ချုပ်များ ကတုန်ကရင်ဖြစ်နေ

အမေရိကန် NDAA အက်ဥပဒေ နေပြည်တော်ဗိုလ်ချုပ်များ ကတုန်ကရင်ဖြစ်နေဟုဆို

27 Dec 2022 By MPA

လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို မှုစရာမလိုကြောင်း စစ်ကောင်စီတပ်တွင်း၌ အရာရှိကြီးအချို့က လက်သီးလက်မောင်းတန်း ပြောဆိုမှုရှိသော်လည်း  နွေဦးတော်လှန်ရေးအား ပံ့ပိုးပေးမည့် အမေရိကန် NDAAအက်ဥပဒေအကြောင်းကိုမူ  ထုတ်ဖော်ပြောကြားခြင်းလုံးဝ မရှိကြောင်း သိရသည်။

ဒီဇင်ဘာ၂၁ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာအရေးဆုံးဖြတ်ချက်-၂၆၆၉ ထွက် ပေါ်လာပြီးနောက် အောက်ခြေတပ်ရင်းများ၌ တပ်အရာရှိကြီးတို့က လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ကိုဂရုစိုက်စရာမလိုကြောင်း တပ်တွင်း အရာရှိ၊အရာခံဗိုလ်အဆင့်များအား ပြောကြားခဲ့ပြီး အမေရိကန်အကူအညီပေးမည့် NDAAဥပဒေကိုမူ အရာရှိကြီးများကယနေ့ထိတိုင်ပြောကြားခြင်းမရှိ ကြောင်း CDMဗိုလ်ကြီးတစ်ဦးကပြောသည်။

“နေပြည်တော်ကနေပြီး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ပြောခိုင်းတယ်လို့ထင်တယ်။လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်ချပြီး အာချောင်တာပဲရှိတယ်။ဘာမှ လာလုပ်လို့မရဘူးပေါ့။NDAA ဥပဒေ ကိုလည်း နေပြည်တော်ကနေပြီး မပြောခိုင်းလို့ မပြောတာလို့ နားလည်ရတယ်။NDAA ကို နေပြည် တော်က ဗိုလ်ချုပ်တွေ ကတုန်ကရင်ဖြစ်နေတယ်လို့ ကြားတယ်”ဟု ၎င်းကပြောသည်။

NDAAအက်ဥပဒေတွင် ဒီမိုကရေစီအင်အားစုများကို ကူညီထောက်ပံ့ခြင်းအပြင် CDMစစ်သားများကို ပါ ကူညီခြင်းနှင့် စစ်ကောင်စီကို ထိရောက်စွာပိတ်ဆို့မည့်အစီအစဉ်များပါဝင်သောကြောင့် စစ်တပ် တွင်း မပြောခိုင်းခြင်းဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

“အရင်တုန်းကစစ်တပ်မဟုတ်တော့ဘူး။အကုန်ဖေ့စ်ဘွတ်ခ်သုံးနေတော့ NDAA ဆိုတာဘာမှန်ူ သေချာမသိပေမဲ့ မအလ ဒေါ်လာမရအောင်ပိတ်ဆို့မယ်တို့ CDM စစ်သားတွေကို ကူညီမယ်တို့ ဆို တာလောက်သိကြတယ်။အဲဒီလိုပိတ်တာတွေကူတာတွေပါလို့ စစ်တပ်ထဲ NDAAလည်း ဂရုစိုက်စ ရာမလိုဘူးလို့ မပြောခိုင်းတာနေမှာ”ဟု ၎င်းကဆက်လက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ BURMA Act of 2022 ထည့်သွင်းထားသော အမေရိကန်NDAA အက်ဥပဒေကို  ပြင်းထန်စွာကန့်ကွက်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ၂၃ရက်နေ့၊အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြုခဲ့သည့် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act–NDAA)အက်ဥပဒေတွင် မြန်မာ့အရေးဖော်ပြချက်များသည် မြန်မာပြည်တွင်းရေးကိုဝင်ရောက် စွက်ဖက်ခြင်းနှင့်အချုပ်အခြာအာဏာကို ထိပါးရာရောက်သဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“အချုပ်အခြာအာဏာကိုထိပါးတာက စစ်အုပ်စုပါ။ ပြည်သူတွေရဲ့ အချုပ်အခြာအာဏာကို သေနတ်နဲ့ ထိပါးခဲ့တာ ၂နှစ်ပြည့်ဖို့နည်းနည်းပဲလိုတော့တယ်”ဟု မဲဆောက်မြို့ရောက် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးကပြောသည်။

NDAA အက်ဥပဒေတွင် မြန်မာ့နွေဦးတော်လှန်ရေးကို အထောက်အပံ့ပေးရေးနှင့် စစ်ကောင်စီကို ထိရောက်စွာပိတ်ဆို့အရေးယူရေးတို့ပါဝင်ပြီး စစ်ကောင်စီအတွက် ဒေါ်လာဝင်ငွေအဓိကရနေသော ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို အမေရိကန်က ပိတ်ဆို့ အရေးယူလိမ့်မည်ဟု ကျွမ်းကျင်သူတချို့က ဆိုသည်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar – IIMM) သို့ ငွေကြေးထောက်ပံ့မှုအပေါ်လည်း ကန့်ကွက်ကြောင်း စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လုံခြုံရေးကောင်စီ၏မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉ နှင့်ပတ်သက်၍ လည်း စစ်ကောင်စီ၊နိုင်ငံခြား  ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ၂၃ရက်တွင် ကြေညာချက်ထုတ်ပြန်ကာယင်းဆုံးဖြတ်ချက်များသည် 
ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် ညီညွတ်ခြင်းမရှိကြောင်း တုံ့ပြန်ကန့်ကွက်ခဲ့သေးသည်။




ဆက်ဖတ်ရန် →
သူနဲ့ ကျမ နှစ်ယောက်တည်းသိတဲ့အကြောင်းအရာတွေကို ဒီလိုပြည်သူကိုချပြရတာ တကယ်ပဲ စိတ်မကောင်းပါ။

သူနဲ့ ကျမ နှစ်ယောက်တည်းသိတဲ့အကြောင်းအရာတွေကို ဒီလိုပြည်သူကိုချပြရတာ တကယ်ပဲ စိတ်မကောင်းပါ။

ဟိုဘက်ကမ်းကအမ အကြောင်း— 

အခုအချိန်အထိမပြောပဲနေခဲ့ပါတယ်—မ IR က စင်္ကာပူနိုင်ငံသားဖြစ်လို့ တော်လှန်ရေးကထွက်တော့မယ်လို့ ပြောလိုက်တာမို့ ဒါတွေ ပြီးသွားပြီလို့လည်းထင်လို့ပါ။

၂၀၂၂ နှစ်ထဲ နွေဦးဘုန်းဘုန်းကို zoom ငှါးမိတဲ့ကိစ္စ၊ ဗိုလ်နဂါးအတွက် fund ဝိုင်းရှာတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မ IRက ဆဲဆိုခဲ့တာကြောင့် ကျမ သူ့ကို လနဲ့ချီစကားမပြောခဲ့ပါ။

နောက်ထပ် ကိုဟိန်းဇော်ညိုကို ကျမက ထောက်ပို့လုပ်နေတယ်လို့စွပ်စွဲလာတာကို ရှင်းဖို့ live လွှင့်ပြောပြန်တယ်။ ကျမကို ဆဲဆိုတဲ့အတွက် ၂၀၂၂ နိုဝင်ဘာလဆန်းပိုင်းမှာ ကျမ သူ့ဆီဖုန်းဆက်ရှင်းခဲ့ပါတယ်။

လိုရင်းတိုရှင်းပြောရရင် အဲ့ဒီ့နောက်ပိုင်း သူ့ signal ကို ပြန်ပြီး မ block ခဲ့ပါဘူး။ မကြာခင်မှာ သူက အကူအညီ အချို့တောင်းခဲ့ပါတယ်။

▪️ကိုဟိန်းဇော်ညိုကို သားနှစ်ယောက်အကြောင်း မရေး မပြောဖို့ —

▪️သား၂ ယောက်passport သက်တန်းတိုးဖို့ —

မ IR ကိုယ်တိုင်က ၂၀၂၂ ခရစ္စမတ်နေ့ က live ထဲမှာ ဒီနှစ်ခုက ပြည်သူတွေကို ပြောပြလိုက်တာမို့ အဲ့ဒါကို အရင်ဆုံးပြန်ရှင်းပြပါတယ်။ 

✍︎ ✍︎ ✍︎

ကိုဟိန်းဇော်ညိုနဲ့ ကျမ အဲ့လိုပြောဖို့အထိ မရင်းနှီးပေမဲ့ ကျမ ကိုဟိန်းဇော်ညိုကို သားနှစ်ယောက်အကြောင်းမပြောဖို့သွားပြောပေးခဲ့ပါတယ်။ 

ကိုဟိန်းဇော်ညိုက ‘ကျနော့် မိသားစုကို သူစပြီးခြိမ်းခြောက်တာပါ အမ၊အမက ကျနော့်အမေမဟုတ်ဘူး၊ ကျနော့်အမေပြောလည်း ကျနော် မှန်တယ်ထင်ရင် လုပ်မှာပါ’ လို့ပြန်ဖြေခဲ့တယ်။ အဲ့ဒီ့စကားအတိုင်း ပြန်ပြောပြခဲ့တယ်။

✍︎ ✍︎ ✍︎

Passport နဲ့ ပတ်သက်ပြီး သူက သူ့ဖာသာ နည်းလမ်းရှာနိုင်ပေမဲ့ NUG က သူ့ကိုကူညီတယ်ဆိုတာမျိုးအမှတ်တရ ကျေးဇူးတင်ချင်တဲ့အကြောင်းပြောလာပါတယ်။

Passport ကိစ္စတွေ ကျမ သိပ်နားမလည်တဲ့အတွက် ချက် အစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ သံအမတ်ကြီး ဦးလင်းသန့်ကို မေးကြည့်ပါလို့ မိတ်ဆက်ပေးခဲ့တယ်။

ဆရာက အဲ့ဒီ့တုန်းက ခရီးထွက်နေတဲ့ကြားကနေ အချိန်လုပြီးစကားပြောပေးခဲ့တယ်။

ဆရာက အသေအချာနားထောင်ပြီး စင်္ကာပူနိုင်ငံရဲ့ဥပဒေထက်ကျော်ပြီး ကူညီဖို့ဆိုရင်တော့ မဖြစ်နိုင်ကြောင်းပြောပြခဲ့တယ်။

ဒါကြောင့် သူ့ကို NUG ဘက်က မကူညီခဲ့မဟုတ်ပါဘူး။ ဆရာက ကြိုးစားခဲ့ပါတယ်။

ပြောချင်တာက NUG ကိုဆဲ၊ ကျမကို fာသည် ဆဲဆိုရေးသားခဲ့တာတောင် သူ ဒုက္ခရောက်နေတဲ့အချိန် ဆရာဦးလင်းသန့်က NUG အနေနဲ့၊ ကျမကတော့ပြည်သူ တစ်ယောက်အနေနဲ့ ပါဝင် ကူညီခဲ့တယ်ဆိုတာပါ။

အချုပ်အားဖြင့် ဒါဟာ စစ်ကောင်စီရဲ့ မတရားတဲ့ ဖြတ်တောက်မှုတွေမို့ ကူညီဖို့မတတ်နိုင်ခဲ့တဲ့အရာတွေပါ။

✍︎ ✍︎ ✍︎

ရေသည်ကောင် SS ထဲ ဆရာဦးလင်းသန့် နာမည်ပါလာတာ အတော်စိတ်မကောင်းပါ။

ဘာကိုစိတ်မကောင်းတာလဲဆိုတော့ ဆရာဦးလင်းသန့်ကို မိတ်ဆက်ပေးမယ်ဆိုတော့ သူက ဆရာ့နာမည်တောင် (လုံးဝ) မသိခဲ့ဘူး— ကျမ မိတ်ဆက်ပေးလို့ ပထမဆုံးသိခဲ့တာပါတယ်။

နောက်တစ်ခုက ဆရာဦးလင်းသန့်ကို ‘နိုင်ငံခြားရေးဝန်ကြီး’ လို့ မှားခေါ်တာ ကျမသတိထားမိတယ်။

ဒါကြောင့် ရေသည်ကောင်တင်ထားတဲ့ SS ထဲက ‘နိုင်ငံခြားရေးဝန်ကြီး ဦးလင်းသန့် ’ လို့ရေးထားတာတွေ့ရတော့ ကျမ အတော် ထိတ်လန့်မိတယ်။

ဆရာ့ကို ‘နိုင်ငံခြားရေးဝန်ကြီး’ လို့ခေါ်တာ သူတစ်ယောက်တည်းရှိပါတယ်။ 

ဒါကြောင့် ကျမ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ — ‘ ရက်စက်လိုက်တာ ဟိုဘက်ကမ်းကအမရယ်’ လို့ စာတစ်ကြောင်းပဲရေးခဲ့ပါတယ်။

နောက်ထပ် သက်သေအရ— မအိုင်ရင်းက ၂၀၂၂ ခရစ္စမတ်နေ့  က live ထဲမှာ ဆရာ့ကို ‘နိုင်ငံခြားရေးဝန်ကြီး’ လို့ မှားပြီး ထပ်ခေါ်ထားပါတယ်။ 

✍︎ ✍︎ ✍︎

▪️နောက်အချက်တွေက မအိုင်ရင်းက ကျမနဲ့ နှစ်ယောက်တည်း စကားပြောတဲ့ အထဲ ပန်ဆယ်လိုက သူ့ကို လူ *****တ်ခိုင်းတယ် လို့ပါတယ်။

ရေသည်ကောင် SS ထဲ အဲ့ဒီအကြောင်းပါနေတာပဲ။ ဒါဟာ သာမာန် အတင်းပြောတဲ့စကားမဟုတ်လို့ ကျမ အသေအချာမှတ်မိနေပါတယ်။

✍︎ ✍︎ ✍︎

ကျမ အဲ့ဒီ့တုန်းက သူ့ကို မပန်တို့ မိုးမိုးတို့ကို ကျမ ချစ်လည်းချစ်တယ် အာမခံတယ်၊ မဟုတ်တာမလုပ်ဘူး ၊ ယုံကြည်ပါလို့ပြောပြခဲ့ဖူးပါတယ်— သူက ကျမကို ယုံကြည်တဲ့အတွက် ထားလိုက်တော့မယ်လို့ပြောခဲ့တယ်။

ပြောချင်တာက —  ဒီ post ဟာ စည်လုံးညီညွတ်ရေးပျက်ပြားစေရန်ရေးသားတာ မဟုတ်ပါ။ကျမ စည်းလုံးမှုကို အလွန်အလေးထားပါတယ်။ ဒီ post ကိုရေးဖို့ အတော် စဉ်းစားခဲ့ပါတယ်။

✍︎ ✍︎ ✍︎

မ IR လည်း စင်္ကာပူနိုင်ငံသားဖြစ်လို့ အနားယူမယ်ပြောထားခဲ့တယ်။ ဒီမှာပြီးသွားရင်တောင် ကျမ ဒီ post ကိုရေးဖြစ်မှာ မဟုတ်ပါ။  

အခုမှဘာလို့ရေးတာလဲဆိုတော့— 

ထပ်ပြီး ပေါ်လာတဲ့ အသံဖိုင် ( မပန် post ) မှာပြောထားတဲ့ လူ ၃ ယောက်ကို ရှင်းခိုင်းတဲ့အကြောင်းပါလာလို့ပါ။

▪️အရင်ကတည်းကပြောတယ်၊ ▪️ရေသည်ကောင်ကိုပြောတယ်၊ ▪️ပြဿနာတွေတက်ပြီး zoom မှာထပ်ပြောတယ်ဆိုတာပါ။

သူနဲ့ ကျမ နှစ်ယောက်တည်းသိတဲ့အကြောင်းအရာတွေကို ဒီလိုပြည်သူကိုချပြရတာ တကယ်ပဲ စိတ်မကောင်းပါ။

SS တွေထဲက ကျမနဲ့ သူ နှစ်ဦးသာ သိခဲ့တဲ့ စကားလုံးအသုံးအနှုံး အကြောင်းအရာတွေရှိနေပြီး ဒါဟာ SS အတုမဟုတ်ပါဘူးလို့ သက်သေခံနေတာဖြစ်တယ်။

ဒါကိုပြည်သူတွေကို ပြောပြတာပါ။ doubled agent လုပ်တာလား ဘက်ပြောင်းသွားတာလား ကျန်တာတွေကိုတော့ ကျမအနေနဲ့ မဝေဖန်လိုပါ။

ကျမသိတာတွေမပြောပြမိခဲ့လို အန္ထရာယ်တစုံတရာ ကြီးကြီးမားမားရှိလာမယ်ဆိုရင် ကျမ တစ်ယောက်တည်း တစ်သက်လုံးနောင်တရနေမှာမို့ပါ။

အမှန်တရားကိုပြည်သူတွေ သိစေချင်တာတစ်ခုပါပဲ။

✍︎ ✍︎ ✍︎

မရွှေမိုး-ကိုရီးယား
𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 27th,2022.


ဆက်ဖတ်ရန် →
ဟန်ငြိမ်းဉီးကရိုးသားပြီးပန်ဆယ်လိုကလူသတ်ခိုင်းတယ်ဆိုတဲ့မအိုင်းရင်း(အောက်မှာဖတ်ပါ)

ဟန်ငြိမ်းဉီးကရိုးသားပြီးပန်ဆယ်လိုကလူသတ်ခိုင်းတယ်ဆိုတဲ့မအိုင်းရင်း(အောက်မှာဖတ်ပါ)

 https://youtu.be/Xup2K3Cw97w  ဖိုင်
 
ပွင့်ပွင့်လင်းလင်းပြောရရင် အိုင်းရင်းကိစ္စကို ကျွန်မ လွန်ခဲ့တဲ့နှစ်ရက်တည်းက ရပ်ဖို့ စဉ်းစားပါတယ်။ ကျွန်မမှာ ဒီလကုန် တော်လှန်ရေးအစီအစဉ်တွေ ကြိုတင်စီစဉ်ဖို့တွေနဲ့ ထပ်အချိန်မပေးချင်တော့ဘူး။ လူတွေလည်း အာရုံနောက်နေမယ်ဆိုတာရယ်၊ လုံလောက်နေပြီဆိုတာရယ် ကျွန်မသိလို့ ရပ်ဖို့စဉ်းစားပေမယ့် ဒီမိန်းမရဲ့ အလိမ်အညာတွေက ရပ်တန့်မသွားခဲ့ဘူး။ ကျွန်မတို့က ပွဲတစ်ခုကို မစရင်လည်း မစဘူး၊ စမယ်ဆိုရင်လည်း ဆုံးအောင်ကရပါမယ်။ မဟုတ်ရင် ပြည်သူတွေ ဝေဝါးနိုင်ပါတယ်။ 

အခု ကျွန်မဆီကို အိုင်းရင်းရဲ့ ဒီအသံဖိုင် ရောက်လာပါတယ်။ အိုင်းရင်းရဲ့ အလှူရှင်ဟောင်းတစ်ဦးဆီက ပို့လာတာပါ။ အိုင်းရင်းနဲ့ ယောက်ျားနှစ်ယောက်ပြောနေတဲ့ အသံပါ။ ကျွန်မက လူသုံးယောက်ကို သတ်ခိုင်းတယ်။ ဖော်မယ်ဆိုတဲ့ကိစ္စပါ။ 

အောင်အောင်ကျော်(စစ်ဦးဇီးချုပ်ဆိုတဲ့ကောင်) ဇီးရိုး (မြတ်အောင်ဆိုတဲ့ကောင်)၊ CDM ဆရာဝန် (တွေးကြည့်တာ ကျော်သူရလို့ထင်တယ်) ဒီသုံးယောက်ကို သတ်ခိုင်းပါတယ်တဲ့။ အကုန်ဖော်မယ်တဲ့။ 

ကဲ…. စိတ်ဝင်စားစရာကောင်းတာက ကျွန်မက ဒီသုံးယောက်ကို သတ်မယ်ဆိုရင် သူ့ကို သတ်ခိုင်းစရာ အကြောင်းရှိလား။ အိုင်းရင်းနဲ့ ကျွန်မက လွန်ခဲ့တဲ့ ၁၂လပိုင်းက စပြီး ဘာအဆက်အသွယ်မှလည်း မရှိတော့ဘူး။ ကျွန်မဘက်က အဆက်သွယ်မခံတော့တာ။ အဆက်အသွယ်နှစ်ခါပဲရှိဖူးတယ်။ အဲ့နှစ်ခါမှာလည်း သူချည်းပဲပြောတာ။ 

ကျွန်မက အခုမှ စစကားပြောဖို့ ဆက်သွယ်လာတဲ့လူတစ်ယောက်ကို လူသတ်ဖို့ကိစ္စပြောတယ်ဆိုတာ ဖြစ်နိုင်မလား။ ပြီးတော့ ဒီကာလမှာ ကျွန်မအတွက် ဒီလောက်ကောင်တွေက အမှုန်အမွှားပဲ။ သတ်ချင်ရလောက်အောင်အထိ ကျွန်မဘဝကို ဘာအထိအခိုက်မှ ပေးနိုင်ခဲ့တဲ့သူတွေမဟုတ်။ 

ကျွန်မအနေနဲ့ ဒီတော်လှန်ရေးမှာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စအတွက် တော်လှန်ရေးကို ခုတုံးမလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်အမြဲဆုံးမတယ်။ ကျွန်မကို သုံးနှစ်လုံးတရားရုံးတက်ခိုင်းခဲ့တဲ့ အကာအကွယ်မဲ့နေတဲ့ ဘောမကိုတောင် ဒီနေ့အထိ ကျွန်မ မသတ်ခိုင်းဘူး။ ရန်ပုံငွေရှာဖွေရေးကလွဲရင် စစ်ရေးစစ်ရာကိစ္စတွေမှာလည်း ဝင်မပါဘူး။ မြို့ပြUGတွေအတွက် ဒေါ်လာ၇သိန်းကျော် တစ်လုံးတစ်ခဲတည်း ရှာဖွေပေးခဲ့ပေမယ့် ဘယ်UGနဲ့မှ တိုက်ရိုက်အဆက်အသွယ်မလုပ်ဘူး။ 

အိုင်းရင်းအနေနဲ့ ဖော်မယ်၊ ဖော်မယ် ပြောနေရအောင် ဘာကိုစောင့်နေတာလဲ။ အခုလောက်တောင် ဖြစ်နေတဲ့ဟာကို ဘာကိုစောင့်နေတာလဲ။ တခါတည်း စိန်ခေါ်ပါရစေ။ ကျွန်မကို ဘာနဲ့မှ ညှိလို့မရတော့ဘူး။ ဖော်ပါ။ သက်သေအထောက်အထားနဲ့ ပြပါ။ 

ဖော်တယ်ဆိုတာ ပါးစပ်ကြီးနဲ့ ပြောလို့မရဘူး။ သက်သေအထောက်အထားနဲ့ပြောပါ။ ဟော့ဒီ့ ဗမာစုတ်မက ဘယ်လိုလူသတ်ခိုင်းလဲ၊ ဘယ်မှာပြောလဲ၊ ဘယ်လိုသက်သေရှိလဲ၊ ကျကျနနဖော်ပေးပါ။ Welcome ပါ။နင် ဒလန်လုပ်တာကို ဖော်ထုတ်ခံရသလိုမျိုးပေါ့။ 

တော်လှန်ရေးမှာ ကျွန်မတို့က စကားလည်း မဖွာဘူး။ အာလည်းမချောင်ဘူး။ ကိုယ်မကျွမ်းကျင်တဲ့ စစ်ရေးကိစ္စတွေမှာလည်း ဝင်မပါဘူး။ မြေပြင်အဖွဲ့တွေကိုလည်း ဝင်မစွက်ဖက်ဘူး။ ကိုယ့်ရဲ့ ပါစင်နယ်အညှိုးတရားကို တော်လှန်ရေးမှာ ခုတုံးလုပ်မရှင်းဘူး။ ရာဇဝင်လည်း မရှိဘူး။ နာမည်ပျက်လည်း မရှိဘူး။

အရမ်းတိုက်ဆိုင်နေတာကတော့ အိုင်းရင်းက Screenshot အတုပါလို့ တွင်တွင်လိမ်နေတဲ့ ထော့ကျိုး ချပြတဲ့ Screenshot တွေ Videoတွေထဲမှာ “ပန်ဆယ်လို လူသတ်ဖို့လုပ်နေတာတွေပါပေးမယ်” လို့ ပြောထားတယ်။ အခု ဒီအသံဖိုင်မှာလည်း ပြောထားတာနဲ့ ကိုက်ညီနေပြန်တယ်။ အဲ့တော့ ဟန်ငြိမ်းဦးနဲ့ ပြောတာအတုပါလို့ လိမ်ချင်သေးလား။ ဒီအသံဖိုင်ကိုရော အတုပါလို့ လိမ်ချင်သေးလား။ 

အိုင်းရင်းသည် ဟန်ငြိမ်းဦးနဲ့ ဆက်သွယ်ပြီး ဒလန်လုပ်ခဲ့တယ်ဆိုတာ ဒီအသံဖိုင်က နောက်ထပ်သက်သေဖြစ်သွားပြန်ပါတယ်။ 

ကျုပ်ပါးစပ်ကို ပိတ်ချင်ရင် ဟိုလူ့ညှိခိုင်း ဒီလူညှိခိုင်းတွေ လုပ်မနေနဲ့ ရှင့်ပါးစပ်ပြဲကြီးနဲ့ လျှာအရိုးမရှိ ဆက်လိမ်နေတာတွေကို ချက်ချင်းရပ်။

ပြည်သူ့ငွေနဲ့ ဩဇာထူထောင်စည်းရုံးပြီး ကိုယ်ကျိုးအတွက် PDFတွေကို ချကျွေးနေသူက အိုင်းရင်းမှမဟုတ်ဘူး၊ ဘယ်သူမဆို ကျုပ်နဲ့ တွေ့မှာပဲ။ 

တော်လှန်ရေးမှာ လက်နက်မကိုင်နိုင်ဘူး။ တော်လှန်ရေးရဲ့ ဆူးညှောင့်ခလုတ်တွေကိုတော့ ရှင်းလင်းမှာပဲ။

#PhayLoeMaDaLanMa
 





 

ဆက်ဖတ်ရန် →


မြိုင်တွင် စျေးဝယ်ထွက်လာသော စစ်သား ၇ ဦးကို PDF တပ်များက လမ်းမှ စောင့်ကြို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး(ရုပ်/သံ)
ရန်ကုန် ၊ ဒီဇင်ဘာ ၂၆
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း စျေးဝယ်ထွက်လာသော စစ်သား ၇ ဦးကို PDF တပ်များက လမ်းမှ စောင့်ကြို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၁၁ မိနစ်အချိန် မြိုင်မြို့နယ် ကိုင်းတောမ ရေစက်ဝင်း (ကိုင်းတောမ မှ စက်မှု ၂ သို့ အဓိက ရေပေးနေသောရေစက်) အတွင်းမှ စစ်သား ၇ ဦးသည် စျေးဝယ်ရန်အတွက် အပြင်သို့ လမ်းလျှောက်ထွက်လာစဥ် PDF မဟာမိတ်တပ်များက လမ်းမှ စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း၊ အခြား စစ်သား ၂ ဦးလည်း ဒဏ်ရာ
ဆက်ဖတ်ရန် →
 ငွေနဲ့မိန်းမကိစ္စ အတွက် ဘာမဆိုလုပ်ရဲသူ  အစွန်းရောက် ရှေ့နေအေးပိုင်

ငွေနဲ့မိန်းမကိစ္စ အတွက် ဘာမဆိုလုပ်ရဲသူ အစွန်းရောက် ရှေ့နေအေးပိုင်

ဥပဒေပညာကို တလွဲအသုံးချ တိုင်းပြည် ဖျက်ဆီးရေး ဦးဆောင်ခဲ့သူ အမျိုးသားရေး အစွန်းရောက် ရှေ့နေအေးပိုင်(သို့မဟုတ်)  ငွေနဲ့မိန်းမကိစ္စ အတွက် ဘာမဆိုလုပ်ရဲသူ

By ဟိဏ်းဝေယံ ခေတ်သစ်မီဒီယာ

ဦးသိန်းစိန်အစိုးရခေတ်၊ NLD အစိုးရ ခေတ်မှာ လုပ်ခဲ့တဲ့ တပ်ထောက်ခံပွဲ၊ အမျိုးသားရေးနဲ့မဘသ ပွဲတိုင်းမှာ မပါမဖြစ် ပါဝင်နေတဲ့ ရှေ့နေတစ်ဦးကတော့ အေးပိုင်ဖြစ်ပါတယ်။ ဥပဒေပညာနဲ့ အသက် မွေးသူ ရှေ့နေတစ်ဦးဖြစ်ပေမယ့် လည်း ငွေရလွယ်တဲ့အတွက် အမျိုးသားရေးလောကထဲကို  ဒိုင်ဗင်ထိုး ဝင်လာခဲ့သူလည်းဖြစ်ပါတယ်။ 

ဥပဒေပညာဆည်းပူးခဲ့တယ်ဆိုပေမယ့် ဟောပြောပွဲတွေမှာ သူ့ရဲ့ ဟောပြောမှုတွေက တကယ့်ကို အဆင့်အတန်းမရှိတဲ့ ဟောပြောမှုတွေသာဖြစ်ပါတယ်။ လမ်းဘေးစရိုက်ဆန်ဆန် NLD အပေါ်ကို ပုတ်ခတ်ပြီး စစ်တပ်အကြိုက် အမျိုးသားရေးသမားတွေ အကြိုက် ငွေရှာသူတစ်ဦးဆိုရင်လည်းမမှားနိုင်ပါဘူး။ 

ရှေ့နေလောကမှာတော့ သူလိုက်တဲ့ အမှုမှန်သမျှ ရှုံးတာပါပဲ။ ရှေ့နေ လောက အသက်မွေးလို့ မရတော့ မဘသနဲ့ အမျိုးသားရေး လောကထဲလှည့်လို့ ငွေလာရှာသူလည်းဖြစ်ပါတယ်။ သူရဲ့ ထင်ရှားတဲ့ လုပ်ရပ်တစ်ခုကတော့ အမျိုးစောင့်ဥပဒေတွေ ပေါ်ထွန်းရေးကို ဦးဆောင်ခဲ့တာပါပဲ။ 

ဦးသိန်းစိန်အစိုးရလက်ထက်မှာ အမျိုးစောင့်ဥပဒေ(တစ်လင်တစ်မယားစနစ်)ကို လွှတ်တော်ကနေ အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပါတယ်။ မဘသ အစွန်းရောက် အဖွဲ့ကနေ အမျိုးစောင့်ဥပဒေ ခေါ် တစ် လင် တစ်မယားစနစ် ဥပဒေကို တင်သွင်းခဲ့တာ ဖြစ်ပြီး  ရှေ့နေ အေးပိုင်က အဲဒီမျိုး စောင့်ဥပဒေတွေ ပေါ်ထွန်းဖို့ အဓိက အခရာအဖြစ် ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ကြုံလို့ စကားစပ်လို့ ပြောရရင်တော့  မျိုးစောင့်ဥပဒေတွေ ရေးဆွဲစဉ် ဥပဒေ အကြံပေးအဖြစ် အဓိက ပါဝင်ခဲ့သူ  အမျိုးသားရေးအစွန်းရောက် ရှေ့နေအေးပိုင်ကိုယ်တိုင်က မျိုးမစောင့်နိုင်ခဲ့ပါဘူး။ အိမ် ထောင်ရှိလျက်နဲ့ အငယ် အနှောင်း ကိစ္စတွေ ထားတဲ့ ကိစ္စတွေ ပေါ်ပေါက်ခဲ့လို့  အမျိုးသားရေး လောက ထဲမှာ အရှက်တကွဲ အကျိုးနည်းခဲ့ပါတယ်။ 

မဘသလက်အောက်ခံ အမျိုးသားရေးအစွန်းရောက်အသင်း မျိုးချစ်သွေးဓမ္မကွန်ယက်မှ အောင်လင်းနဲ့ ကျနော်တို့ကိုယ်တိုင် ရှေ့နေအေးပိုင် အငယ်အနှောင်းကိစ္စအတွက် ယိုသူမရှက် မြင်သူရှက် တည်းခိုခန်း ဝင်တာကို မျက်မြင် တွေ့ခဲ့ရပါတယ်။ ဒါကိုလည်း အမျိုးသားရေး အစွန်းရောက်တွေ အားလုံး သိကြပါတယ်။ 

အခြားဘာသာဝင်နှင့် အခြားသောသူများကိုသာ မကောင်းပြောတိုက်ခိုက်ကြသူတို့ရဲ့ ထုံးစံအတိုင်း  ကိုယ့် မျက် ချေး ကိုယ်မမြင်တဲ့ပုံစံနဲ့ ဖုံးဖိပေးထားကြပါတယ်။ မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေး ဦးဆောင် သူကြီးကိုယ် တိုင်က အငယ် အနှောင်းကိစ္စများစွာနဲ့ နာမည်ပျက်ရှိနေတာဟာ မဘသနဲ့ အမျိုးသား ရေး လောကအတွက် အရှက်ရစရာမို့ အားလုံးက ၀ိုင်းဝန်း ဖုံးဖိနေခဲ့ကြတာ လည်း ဖြစ်ပါတယ်။ 

ရှေ့နေ အေးပိုင်က ဝီရသူ စီစဉ်တဲ့ ဥပဒေ ပညာပေး သင်တန်းတွေမှာလည်း နယ်လှည့်ပြီး  ဥပဒေ ပညာရပ်နှင့် ပုဒ်မတွေအကြောင်း လိုက်လံသင်ကြားပေးပါတယ်။ ဒါ့အပြင် စစ်တပ်ထောက်ခံပွဲ  သာသနာရေးဝန်ကြီး သူရဥိးအောင်ကို ဖြုတ်ချရေးပွဲ နှင့် အခြားသော မဘသ အစွန်းရောက် ပွဲတွေ တိုင်းမှာ စစ်တပ်မှ ငွေကြေးစပွန်ဆာ ဟောပြောခယူကာ  ဥပဒေ ကြောင်း ကနေ လိုက်လံ ဟောပြော နေသူသာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်းမှာ  အဆိုတော်ချစ်သုဝေနဲ့ ဖခင် ဦးဇော်ဝင်းကို  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားရေးဆွဲမှုမှာ သာသနာ ညိုးနွမ်း စေတယ်ဆိုပြီး  တရားစွဲဖို့အတွက်  သင်္ဃန်းကျွန်းတရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်က NLD အစိုးရ လက်ထက်ဖြစ်တာမို့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက အမှုကို ပလပ်ခဲ့ပါတယ်။ 

အဲဒီလို အဆိုတော်ချစ်သုဝေနဲ့ ဖခင်ဖြစ်သူကို တရားစွဲဖို့အတွက် ကြံ့ဖွတ်နဲ့စစ်တပ်ဆီက အမှုလုပ်ဖို့ ငွေကြေးအမြောက် အမြားတောင်း ယူခဲ့တယ်လို့ သိရပေမယ့် ပမာဏကိုတော့ မသိခဲ့ရပါဘူး။ 

မျိုးစောင့်ဥပဒေတွေ ပေါ်ထွန်းရေးအတွက် ဦးဆောင်ခဲ့တဲ့ အကြံပေး ရှေ့နေအေးပိုင်ဟာ တိုင်းပြည်ကို ငွေကြေး တစ်ခုတည်းအတွက် ဖျက်ဆီးခဲ့ရုံမက ငွေရဖို့နဲ့ နဲ့ မိန်းမကိစ္စအတွက် ဘာမဆိုလုပ်မယ့် တိုင်း ဖျက် ပြည်ဖျက် ရှေ့နေတစ်ဦးအဖြစ် သမိုင်းမှတ်တမ်းဆိုး ရှိနေခဲ့ပြီဖြစ်ပါတယ်။




ဆက်ဖတ်ရန် →
ရုရှားထံမှ ရေငုပ်သင်္ဘော တိုက်ရိုက် ထပ်မံ ဝယ်ယူနိုင်ရေး ကြိုးပမ်းနေပြီး တော်ပီဒိုစက်ရုံ ကိစ္စပါဝင်ဖွယ်ရှိ

ရုရှားထံမှ ရေငုပ်သင်္ဘော တိုက်ရိုက် ထပ်မံ ဝယ်ယူနိုင်ရေး ကြိုးပမ်းနေပြီး တော်ပီဒိုစက်ရုံ ကိစ္စပါဝင်ဖွယ်ရှိ



ရန်ကုန်၊ ဒီဇင်ဘာ ၂၆  ခေတ်သစ်မီဒီယာ

အကြမ်းဖက်စစ်ကောင်စီက  ရုရှားထံမှ ရေငုပ်သင်္ဘောတစ်စီး ထပ်မံ ဝယ် ယူ နိုင် ရေး ဆွေးနွေးမှု များရှိနေပြီး တော်ပီဒို စက်ရုံ ကိစ္စများလည်း ရုရှားနှင့် မြန် မာ အကြား ဆွေးနွေးမှုများ ရှိနိုင်ကြောင်း ရေတပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ 

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှား ဒုရေတပ်စစ်ဦးစီးချုပ်  Vice Admiral Igor MUKHAMETSHIN နှင့်အဖွဲ့သည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စစ် ကောင် စီ ၏ ရေတပ် ဦးစီးချုပ် မိုးအောင်တို့အဖွဲ့က တွေ့ဆုံပြီး နှစ်နိုင်ငံ ရေ တပ်ချင်း ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေးကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်သည်။ 

ဆွေးနွေးမှုများတွင် နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည် ရေးခရီးစဉ်များ လေ့လာလည်ပတ်နိုင်မှုနှင့် နှစ်နိုင်ငံရေတပ်များအ ကြား ခရီး စဉ်များ အပြန်အလှန် လေ့လာလည်ပတ်နိုင်ရေး၊ စစ်ကောင်စီတပ်က ရုရှား သို့ သင်တန်းသားများ စေလွှတ်သင်ကြားလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ ရေတပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေးနွေးကြောင်း စစ်တပ်ဘက်က သတင်း ထုတ်ပြန်ထားသည်။ 

ရန်ကုန်ခေတ်သစ်၏‌ ရေတပ်သတင်းရင်းမြစ်တချို့က စစ်ကောင်စီက ရုရှားထံမှ ရေငုပ်သင်္ဘော ၁ စီး ထပ်မံ ဝယ်ယူနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ လက်ရှိ ရေတပ်တွင် အိန္ဒိယရေတပ်မှ ရယူထားသော ရုရှားထုတ် မင်းရဲသိင်္ခသူ ရေငုပ် သင်္ဘောနှင့် တရုတ်က ပေးထားသည့် မင်းရဲကျော်ထင် ရေငုပ်သင်္ဘော ၂ စီးရှိ နေပြီး ထပ်မံ၍ တိုက်ခိုက်ရေးဆိုင်ရာ ခေတ်မီ ရေငုပ်သင်္ဘောတစ်စီးရယူရန် ကြိုးစား လျက်ရှိကြောင်း ပြောဆိုသည်။ 

"လက်ရှိ မင်းရဲသိင်္ခသူက  အိန္ဒိယကနေ ရယူခဲ့တဲ့ ရုရှားရေငုပ်သင်္ဘော။ဒုတိယ က  မင်းရဲကျော်ထင် ရေငုပ်သင်္ဘောက တရုတ်က ပေးတာ။ ရေတပ်ထဲမှာ သတင်း ဖြစ်နေတာက ရုရှားဆီက တိုက်ရိုက် ရေငုပ်သင်္ဘော အကြီးတစ်စီး ရဖို့ ကြိုးစား နေတယ်လို့သိရတယ်။ ရှေ့မှာတုန်းက ပထမဆုံးဟာက  အိန္ဒိယ ရေတပ် က ရတဲ့ ရုရှားရေငုပ်သင်္ဘော။ နှစ်စီးလုံးက တစ်ပတ် ရစ် အဟောင်း တွေဆိုတော့ နောက်ထပ် ဒီနှစ်စီးထက် အဆင့်မြင့်တာကို ရယူဖို့ လုပ် တယ် လို့ သိထားပါတယ်။  အခုကတော့ ရုရှားဆီကနေ တိုက်ခိုက်ရေး ရေငုပ် သင်္ဘော ရဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။  နောက်ထပ် ရုရှားဆီကလာမယ့်  ရေငုပ် သင်္ဘော အတွက် သင်တန်းတွေ စေလွှတ်တာတွေလည်း လုပ်တော့ မယ် လို့ သိရပါတယ်။ အဲဒါက ရေတပ်အသိုင်းအဝိုင်းမှာ သိရတာပါ " ဟု ရန်ကုန် ခေတ် သစ် ၏ သတင်းရင်းမြစ်က ပြောဆိုသည်။ 

ထို့ပြင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ဒလ ရေတပ်ဝင်း အတွင်း တွင် တော်ပီဒို သိုလှောင်ထုတ်လုပ်ရေး စက်ရုံကို တည်ဆောက်ခဲ့ပြီး ယင်း တော်ပီဒိုစက်ရုံကိစ္စများလည်း ရုရှားရေတပ်ဒုစစ်ဦးချုပ်၏ ခရီးစဉ်အတွင်း ဆွေး နွေးနိုင်ဖွယ်ရှိကြောင်း ရေတပ်သတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရ သည်။ 

ဓာတ်ပုံ- ရုရှားရေတပ်ဒုချုပ်နှင့် မိုးအောင်တို့ ဒီဇင်ဘာလ ၂၅ ရက်နေ့ တွေ့ဆုံ စဉ်။


ဆက်ဖတ်ရန် →
 စဆရကများ စာ၊ကဗျာ ကလောင်စွမ်းတွေနဲ့ ပျောက်နေရာမှ ပြန်ပေါ်လာပါမည်

စဆရကများ စာ၊ကဗျာ ကလောင်စွမ်းတွေနဲ့ ပျောက်နေရာမှ ပြန်ပေါ်လာပါမည်

#အကြားအမြင်ဟောစာတမ်း

လာမည့် နှစ်ထောင့်နှစ်ဆယ်သုံးမှာ...(၂၀၂၃)

၁။ FB ပေါ်ကနေ ပျောက်နေသူတွေ
ပြန်ပေါ်လာပါမည်။

၂။ စာပေလောကမှ စဆရကများ
စာ၊ကဗျာ ကလောင်စွမ်းတွေနဲ့
ပျောက်နေရာမှ ပြန်ပေါ်လာပါမည်။

၃။ တို့က လပ်တီးမျိုးမို့ ရင်ထဲကပန်း
ပေါ်ပေါ်တင်တင် ပွင့်မရလို့ပါဆိုပြီး
အငိုမျက်လုံးအပြုံးမျက်နှာနဲ့
အကယ်ဒမီရှော့တွေ များပြီး
Photo Profile တွေ ချိန်းချိန်းတက်လာပါမည်။

၄။ တို့တွေက သားသမီး၊မြေးမြစ်တွေနဲ့
ငဲ့ နေရလို့ပါ ခိုးခိုးပြီး လျှို့ဝှက်
လှူကူပါတယ် ဆိုပြီး...
ဒရမ်မာတွေ ခင်းကြပါလိမ့်မည်။

၅။ တို့တွေရဲ့ သွေးက အမြဲနီပါတယ်၊
ဆိုပြီး သူများသွေးက မနီသလို၊
ဒေါင်းယောင်ဆောင်တဲ့ မြွေပွေးတွေ
ဒေါင်းယောင်ဆောင်တဲ့ မြေခွေးတွေ
အရေခွံလဲ ပါလိမ့်မည်။

၆။ ရှေ့ကာလ၊နှစ်၊လ တွေမှာ..
အစားမပျက်၊အသွားမပျက်နဲ့
ပျော်စားလည်ပတ်နေပြီး
လာမည့်နှစ်တွင် ခံဝန်ဖြင့်
မသွားမဖြစ်လို့ပါဆိုတဲ့
အကြောင်းပြချက် မုသားများ
FB ပေါ်မှာ ရေးတင်ပါလိမ့်မည်။

၇။ သူတပါးချွေးနည်းစာ
အပူစာများကို လိမ်စား ခွထိုင်များ..
ခွချက် ချက်ရင်း...
မျောက်သစ်ကိုင်းလွတ်သလို
တောင်ကပ် မြောက်ကပ်နဲ့
စူပါဂလူးသုံးလာပါလိမ့်မည်။

၈။ တို့တွေက တို့တွေကနဲ့...
နေရာလုပွဲများ များလာပါဦးမည်။

၉။ ကျနော်/ကျမနှင့် Friends များကို
Un&Block သွားကြသော..
စိမ်းသလိုလို နီသလိုလိုနဲ့ လိမ္မော်ရောင်
ကိုကို၊ မမ ကတော်များလည်း
အကြောင်းပြကောင်းများဖြင့်
Fri Add ရင်း& Ph များအဆက်မပြတ်
ခေါ်လာပါဦးမည်။

၁၀။ ယက္ကန်းရုံများလည်း...
ယောထမိန်၊ ပင်နီစများ အော်ဒါများ၍
မနိုင်မနင်း ယက်လုပ်ရပါဦးမည်။
သို့ပါ၍ ကုန်ကြမ်းများစုဆောင်းထားပါက
စီးပွားဖြစ်တိုးတက်ပါလိမ့်မည်။

စပ်မိစပ်ရာ အထူးဟောချက်

via ဂျေလှသင်

#Credit



ဆက်ဖတ်ရန် →

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်


အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကို ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ကျင်းပသည့် (NCA) လက်မှတ်ရေးထိုးမှု ခုနစ်နှစ်ပြည့်အခမ်းအနားမှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား တွေ့ရစဉ် Tai Freedom - Burmese Version

အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကို ပြောပါတယ်။

အပစ်ရပ် ခုနစ်ဖွဲ့ဘက်က မဟုတ်ဘဲ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဖိတ်ကြားလာတာလို့ ဆိုပါတယ်။

တွေ့ဆုံမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ဆွေးနွေးမှာဖြစ်သလို တိုင်းရင်းသားတွေဘက်က သီးခြားလိုလားတဲ့ အချက်တွေကိုပါ ဆွေးနွေးမှာဖြစ်တယ်လို့ PPST ပြောရေးဆိုခွင့်ရှိသူ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ (KNLA-PC) က ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

"ကျနော်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့က ကြိုးပမ်းတာကတော့ ဖိတ်ခေါ်ဆွေးနွေးမှုကအစ နေရာ၊ နေ့ရက် ဆွေးနွေးမယ့်အကြောင်းအရာကို နှစ်ဖက်စလုံးကနေ ကြိုတင်ညှိနှိုင်းပြီးမှ နှစ်ဖက်စလုံးအတွက် အဆင်ပြေနိုင်မယ့် အခင်းအကျင်းပေါ့လေ၊ ကျနော်တို့သွားချင်တာပေါ့နော်။ အခုက ဆွေးနွေမယ့် အကြောင်းအရာက စာထဲမှာ ပါတဲ့အတိုင်းပဲပေါ့နော်။ ကျနော်တို့နဲ့ ကြိုတင် ညှိနှိုင်းထားတာမရှိပါဘူး။ သူတို့ရဲ့ ဖိတ်ခေါ်စာမှာတော့ အဲဒါတွေ ဆွေးနွေးမယ် ဆိုပြီးတော့ ရေးလာတာကို တွေ့ရတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ခုနစ်ဖွဲ့ကလည်းပဲ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်နေတုန်း ဖြစ်ပါတယ်"

အဖွဲ့တစ်ခုချင်းစီက ခေါင်းဆောင် အပါအဝင် ကိုယ်စားလှယ် သုံးဦးစီ တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီက ဖိတ်ကြားတဲ့ NCA အပစ်ရပ် ခုနစ်ဖွဲ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA PC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်ပြည် လွတ်မြောက် ရေး ပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ မွန်ပြည်သစ်ပါတီ (MNSP) တို့ ပါဝင်ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီဆွေးနွေးပွဲဟာ ပြည်သူလူထုအတွက်တော့ အကျိုးမထူးနိုင်ဘူးလို့ ဝေဖန်ပါတယ်။

"အခုတွေ့တဲ့အဖွဲ့တွေကလည်း စစ်ကောင်စီနဲ့ ဘာပြဿနာမှလည်း မရှိဘူး။ စစ်ရေးမှာ အရန်အင်အားအနေနဲ့ ပြည်သူ့စစ်တွေဖွဲ့ထားသလို နိုင်ငံရေးမှာလည်း သူ့အတွက် အရန်အင်အားလို သဘောထားတဲ့ ဒီအဖွဲ့တွေကို လိုအပ်ချက်အရ အခုလိုခေါ်ပြီး ဆွေးနွေးနေတာ။ ပြည်သူလူထုအတွက်တော့ ဒီဆွေးနွေးပွဲက ဘာမှ သိပ်ထူးခြားမှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံပြင်တယ်ဆိုတာက လွှတ်တော်ရှိမှ ပြင်လို့ရတာ။ အခုက သူ့ကိုထောက်ခံတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ သူတို့လိုချင်တာကို အတင်းပြင်မယ့် ပုံစံဖြစ်နေတယ်"

အပစ်ရပ်ခုနစ်ဖွဲ့က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ အလွတ်သဘောတွေ့ဆုံဖို့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်တောင်းဆိုခဲ့တာပါ။

စစ်ကောင်စီဘက်က တွေဆုံဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာ ငြင်းပယ်ခဲ့ပြီးနောက် အခုလို ပြန်လည်ဖိတ်ကြားလာတာလည်း ဖြစ်ပါတယ်။

အခု အပစ်ရပ်ခုနစ်ဖွဲ့ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နှစ်ကြိမ်စီ တွေ့ဆုံဆွေးနွေးပြီးဖြစ်တဲ့ အဖွဲ့တွေဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
ဟိုက PAGE တောင်အသံမထွက်တတ် လို့ ADMIN ခန့်ထားရတာ

ဟိုက PAGE တောင်အသံမထွက်တတ် လို့ ADMIN ခန့်ထားရတာ

အိုင်းရင်းကိုယုံတာမယုံတာထက်

ဟိုမအေလိုးလေးကိုမယုံတာ


ဒီလိုအကောင့်လောက်တော့ကလေး

တောင်ဖွင့်တတ်တယ်


ထော့ကျိူးမသိတာအိုင်းရင်းမှာ

အတန်းပညာမရှိတာပဲ

သူက Live! လွှင့်တာလောက်ပဲတတ်တာ

စာရေးမသန်ဖူး ဆိုင်တဖက် ကလေး

၂ယောက်နဲ့ ၊


ထော့ကျိူးတနေ့တနေ့တင်နေတာ စာအုပ်

တအုပ်စာရှိတော့မယ်

အိုင်းရင်းတကယ်သစ္စာဖေါက်မဖေါက်

ထော့ကျိုးဖက်က ဒီထက်ပိုတဲ့သက်သေ

ပြနိုင်ရမယ်


အလုပ်ကိစ္စပြောထားတာတွေကို

နုတ်အားဖြင့် လူချင်းသော်၎င်း Voice

MSG သော်၎င်း အသံဖိုင် ထုတ်ပြဖို့လို

တယ် အိုင်းရင်းက ဒလန်လုပ်ပြီးပို့ထား

တဲ့ UG List ရှိလား ဒီလောက်နဲ့တက်

မလာနဲ့ ထော့ကျိူး ငါတို့နိုင်ငံရေးစလုပ်

ချိန်မင်းမမွေးသေးဖူး 


ငါတို့အကောင့်မျိူးစုံနဲ့ပြန်/ဝန်ကျော်ဆန်း

တပည့်ရုရှားကစခတွေနဲ့တိုက်ခဲ့ကြတဲ့

၂၀၀၇မှာ မင်းကအင်တာနက်ဆိုတာ

ဂိမ်းဆော့ဖို့ ဆိုတဲ့အသိပဲရှိသေးတယ်


ငါတို့ကလွယ်လွယ်နဲ့မယုံတတ်ဖူး

မင်းစကားတခွန်းနဲ့ အိုင်ရင်းကိုချနင်း

ပြီး လောင်ပြရမှာလား ဝေးသေးတယ်


အိုင်းရင်းကဆဲလိုက်တော့မင်းတုံ့ပြန်တာ

ပျော့တယ် လုပ်ပါ စာရိုက်တာတွေချည်း

တင်မနေနဲ့ အိုင်းရင်းပြောသလိုသူ့သား

၂ယောက်ရဲ့စာအုပ်မိတ္တူပြ​လေ

သူပို့တဲ့UGစာရင်းပြလေ


နောက်တခါ  Chat Box တွေတင်ရင်

စာမြင့်မြင့်နဲ့ရှည်ရှည်တွေလျှော့တင်

ဟိုက PAGE တောင်အသံမထွက်တတ်

လို့ ADMIN ခန့်ထားရတာ


သောက်ကလေး လီးလိုလို မှိုလိုလို

ဂြိုလ်သားလိုလိုနဲ့ ကမကလလေး







ဆက်ဖတ်ရန် →