နောက်ဆုံးရ

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်


အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကို ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ကျင်းပသည့် (NCA) လက်မှတ်ရေးထိုးမှု ခုနစ်နှစ်ပြည့်အခမ်းအနားမှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား တွေ့ရစဉ် Tai Freedom - Burmese Version

အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကို ပြောပါတယ်။

အပစ်ရပ် ခုနစ်ဖွဲ့ဘက်က မဟုတ်ဘဲ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဖိတ်ကြားလာတာလို့ ဆိုပါတယ်။

တွေ့ဆုံမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ဆွေးနွေးမှာဖြစ်သလို တိုင်းရင်းသားတွေဘက်က သီးခြားလိုလားတဲ့ အချက်တွေကိုပါ ဆွေးနွေးမှာဖြစ်တယ်လို့ PPST ပြောရေးဆိုခွင့်ရှိသူ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ (KNLA-PC) က ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

"ကျနော်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့က ကြိုးပမ်းတာကတော့ ဖိတ်ခေါ်ဆွေးနွေးမှုကအစ နေရာ၊ နေ့ရက် ဆွေးနွေးမယ့်အကြောင်းအရာကို နှစ်ဖက်စလုံးကနေ ကြိုတင်ညှိနှိုင်းပြီးမှ နှစ်ဖက်စလုံးအတွက် အဆင်ပြေနိုင်မယ့် အခင်းအကျင်းပေါ့လေ၊ ကျနော်တို့သွားချင်တာပေါ့နော်။ အခုက ဆွေးနွေမယ့် အကြောင်းအရာက စာထဲမှာ ပါတဲ့အတိုင်းပဲပေါ့နော်။ ကျနော်တို့နဲ့ ကြိုတင် ညှိနှိုင်းထားတာမရှိပါဘူး။ သူတို့ရဲ့ ဖိတ်ခေါ်စာမှာတော့ အဲဒါတွေ ဆွေးနွေးမယ် ဆိုပြီးတော့ ရေးလာတာကို တွေ့ရတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ခုနစ်ဖွဲ့ကလည်းပဲ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်နေတုန်း ဖြစ်ပါတယ်"

အဖွဲ့တစ်ခုချင်းစီက ခေါင်းဆောင် အပါအဝင် ကိုယ်စားလှယ် သုံးဦးစီ တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီက ဖိတ်ကြားတဲ့ NCA အပစ်ရပ် ခုနစ်ဖွဲ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA PC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်ပြည် လွတ်မြောက် ရေး ပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ မွန်ပြည်သစ်ပါတီ (MNSP) တို့ ပါဝင်ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီဆွေးနွေးပွဲဟာ ပြည်သူလူထုအတွက်တော့ အကျိုးမထူးနိုင်ဘူးလို့ ဝေဖန်ပါတယ်။

"အခုတွေ့တဲ့အဖွဲ့တွေကလည်း စစ်ကောင်စီနဲ့ ဘာပြဿနာမှလည်း မရှိဘူး။ စစ်ရေးမှာ အရန်အင်အားအနေနဲ့ ပြည်သူ့စစ်တွေဖွဲ့ထားသလို နိုင်ငံရေးမှာလည်း သူ့အတွက် အရန်အင်အားလို သဘောထားတဲ့ ဒီအဖွဲ့တွေကို လိုအပ်ချက်အရ အခုလိုခေါ်ပြီး ဆွေးနွေးနေတာ။ ပြည်သူလူထုအတွက်တော့ ဒီဆွေးနွေးပွဲက ဘာမှ သိပ်ထူးခြားမှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံပြင်တယ်ဆိုတာက လွှတ်တော်ရှိမှ ပြင်လို့ရတာ။ အခုက သူ့ကိုထောက်ခံတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ သူတို့လိုချင်တာကို အတင်းပြင်မယ့် ပုံစံဖြစ်နေတယ်"

အပစ်ရပ်ခုနစ်ဖွဲ့က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ အလွတ်သဘောတွေ့ဆုံဖို့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်တောင်းဆိုခဲ့တာပါ။

စစ်ကောင်စီဘက်က တွေဆုံဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာ ငြင်းပယ်ခဲ့ပြီးနောက် အခုလို ပြန်လည်ဖိတ်ကြားလာတာလည်း ဖြစ်ပါတယ်။

အခု အပစ်ရပ်ခုနစ်ဖွဲ့ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နှစ်ကြိမ်စီ တွေ့ဆုံဆွေးနွေးပြီးဖြစ်တဲ့ အဖွဲ့တွေဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
ဟိုက PAGE တောင်အသံမထွက်တတ် လို့ ADMIN ခန့်ထားရတာ

ဟိုက PAGE တောင်အသံမထွက်တတ် လို့ ADMIN ခန့်ထားရတာ

အိုင်းရင်းကိုယုံတာမယုံတာထက်

ဟိုမအေလိုးလေးကိုမယုံတာ


ဒီလိုအကောင့်လောက်တော့ကလေး

တောင်ဖွင့်တတ်တယ်


ထော့ကျိူးမသိတာအိုင်းရင်းမှာ

အတန်းပညာမရှိတာပဲ

သူက Live! လွှင့်တာလောက်ပဲတတ်တာ

စာရေးမသန်ဖူး ဆိုင်တဖက် ကလေး

၂ယောက်နဲ့ ၊


ထော့ကျိူးတနေ့တနေ့တင်နေတာ စာအုပ်

တအုပ်စာရှိတော့မယ်

အိုင်းရင်းတကယ်သစ္စာဖေါက်မဖေါက်

ထော့ကျိုးဖက်က ဒီထက်ပိုတဲ့သက်သေ

ပြနိုင်ရမယ်


အလုပ်ကိစ္စပြောထားတာတွေကို

နုတ်အားဖြင့် လူချင်းသော်၎င်း Voice

MSG သော်၎င်း အသံဖိုင် ထုတ်ပြဖို့လို

တယ် အိုင်းရင်းက ဒလန်လုပ်ပြီးပို့ထား

တဲ့ UG List ရှိလား ဒီလောက်နဲ့တက်

မလာနဲ့ ထော့ကျိူး ငါတို့နိုင်ငံရေးစလုပ်

ချိန်မင်းမမွေးသေးဖူး 


ငါတို့အကောင့်မျိူးစုံနဲ့ပြန်/ဝန်ကျော်ဆန်း

တပည့်ရုရှားကစခတွေနဲ့တိုက်ခဲ့ကြတဲ့

၂၀၀၇မှာ မင်းကအင်တာနက်ဆိုတာ

ဂိမ်းဆော့ဖို့ ဆိုတဲ့အသိပဲရှိသေးတယ်


ငါတို့ကလွယ်လွယ်နဲ့မယုံတတ်ဖူး

မင်းစကားတခွန်းနဲ့ အိုင်ရင်းကိုချနင်း

ပြီး လောင်ပြရမှာလား ဝေးသေးတယ်


အိုင်းရင်းကဆဲလိုက်တော့မင်းတုံ့ပြန်တာ

ပျော့တယ် လုပ်ပါ စာရိုက်တာတွေချည်း

တင်မနေနဲ့ အိုင်းရင်းပြောသလိုသူ့သား

၂ယောက်ရဲ့စာအုပ်မိတ္တူပြ​လေ

သူပို့တဲ့UGစာရင်းပြလေ


နောက်တခါ  Chat Box တွေတင်ရင်

စာမြင့်မြင့်နဲ့ရှည်ရှည်တွေလျှော့တင်

ဟိုက PAGE တောင်အသံမထွက်တတ်

လို့ ADMIN ခန့်ထားရတာ


သောက်ကလေး လီးလိုလို မှိုလိုလို

ဂြိုလ်သားလိုလိုနဲ့ ကမကလလေး







ဆက်ဖတ်ရန် →
မြန်မာစစ်တပ် တာဝန်ခံမှု ရှိစေရေး မဆုပ်မနစ် ညီညွတ်စွာ ကြိုးပမ်းစို့ ဟု အဓိပ္ပါယ်ရသည့် Burma Unified through Rigorous Military Accountability (BURMA ACT)

မြန်မာစစ်တပ် တာဝန်ခံမှု ရှိစေရေး မဆုပ်မနစ် ညီညွတ်စွာ ကြိုးပမ်းစို့ ဟု အဓိပ္ပါယ်ရသည့် Burma Unified through Rigorous Military Accountability (BURMA ACT)

BURMA ACT ဥပ‌ဒေ အတည်ဖြစ်
*****************

သောကြာနေ့ နံနက်ပိုင်း တွင် အမေရိကန် သမ္မတ နှင့် တပ်ပေါင်းစု ၏ စစ်သေနာပတိလည်း ဖြစ်သူ ဂျိုး ဘိုင်‌ဒင် မှ အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ ကို လက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်၍ ထိုအထဲတွင် ထည့်သွင်းထားသော မြန်မာစစ်တပ် တာဝန်ခံမှု ရှိစေရေး မဆုပ်မနစ် ညီညွတ်စွာ ကြိုးပမ်းစို့ ဟု အဓိပ္ပါယ်ရသည့် Burma Unified through Rigorous Military Accountability (BURMA ACT) သည် ဥပ‌ဒေ ဖြစ်လာခဲ့သည်။

BURMA ACT အတွက် ပါရှိသော ဘတ်ဂျက်သည် အမေရိကန် အလုပ်သမား ဝန်ကြီးဌာန၊ လူမှု ဝန်ထမ်း ဝန်ကြီး ဌာန သို့ ချပေးခြင်း မဟုတ်၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ၏ အသုံးစရိတ် အတွက် ချပေးခြင်း ဖြစ်သည်ကို စစ်တပ် အနေဖြင့် ရှင်းလင်းစွာ ရှုမြင် တတ်ဖို့ လိုအပ်လာပြီ ဖြစ်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဌာနမှလည်း စစ်တိုင်းကြီးများကို အခိုင်အမာ ဖွဲ့စည်းထားပြီးလည်း ဖြစ်သည်။

ရုရှားသို့ အကြောင်းအမျိုးမျိုးပြ အခေါက်ခေါက် အခါခါ သွား၊ နိုင်ငံထဲသို့ ခေါင်းစဉ် အမျိုးမျိုး ဖြင့် ဖိတ်ခေါ်၊ ငါ့တို့နောက်တွင် ရုရှား ရှိတယ် ဟု ပြည်သူများကို ခြိမ်းခြောက်ရန်၊ အမေရိကန်တို့ စိတ်လည်လာစေရန် သန်းရွှေ‌ ခေတ်က မြောက်ကိုရီယား နှင့် ပေါင်းပြီး "နျူ သံ" ပေးလာသလို ယခုလည်း ရုရှား နှင့် "နျူသံ" ပေးလာပြန်သည်၊ ထိုအကျိုးဆက်များ
ကြောင့် BURMA ACT ထွက်ပေါ်လာခြင်း မဟုတ်ပါလော။

မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး မကြာမီ မှာပင် ပထမဆုံး နှင့် နောက်ဆုံးအကြိမ် ဖိတ်ကြားခံခဲ့ရသော အာဆီယံ ထိပ်သီး အထူးအစည်း အဝေးသို့ နိုင်ငံ ခေါင်းဆောင် ဘဝ တင်းပြည့်ကျပ်ပြေ့ ရောက်ခဲ့လေပြီ ဟု အတွေးဖြင့် အပြေးကလေး ဂျကာတာ သို့ ရောက်လာခဲ့ရှာသည်။

သို့သော် သူ့ကို အသင့်စောင်နေကြသူများက နိုင်ငံတကာအရေး၊ စီးပွားရေး နယ်ပယ်များ တွင် ဝါရင့် သမ္ဘာရင့် ခေါင်းဆောင်များ ဖြစ်နေကြသည်၊ ထိုသို့သော ပုဂ္ဂိုလ်များ နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လိုက်ရသည့် အခါတွင်တော့ ဝါးလုံးခေါင်းထဲ လသာ ဖို့လောက်သာ လေ့ကျင့်ထားသော မေမြို့ စစ်တက္ကသိုလ် ပညာရေးလောက် သာ တတ်မြောက်ထားရှာသည့်  မင်းအောင်လှိုင် အဖို့ ချက်ခြင်းလို စိတ်ဓါတ်ရေးရာအရ သိမ်ငယ်သွားရပေသည်။

အားလုံးကလည်း သိုးဆောင်းဘာသာ စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနေကြလေရာ သူ့ကျမှ ဘာသာ ပြန်ဖို့ လိုမည်ဆိုက ရာဇဝင်ရိုင်းချေတော့မည်။

ဤသို့ဖြင့် မြန်မာအရေး ဖြေရှင်းရန် အချက် ငါးချက်ကို ဘာမှန်းညာမှန်း ကွဲကွဲပြားပြား မသိပဲ ချွင်းချက်ပင် မထားနိုင်တော့ပဲ ငါးချက်စလုံး သဘောတူ ပါသည် ဆိုကာ ပြန်လာခဲ့ရပေပြီ။

မည်သူ၏ အကြံညဏ် မျှ ယူရကောင်းမှန်း မသိ၊ လက်အောက်လူများ၏ အထင်ကြီးကိုသာ ခံယူလိုသော မင်းအောင်လှိုင်၏ ကျုးလွန်ခဲ့သော အမှားကား သံတမန်ရေး တွင် မည်သို့မျှ ခေါင်းမထောင်နိုင်တော့။ မင်းအောင်လှိုင် အဖို့လည်း အမြဲလို ချောက်လှန့်ခံရသည့် အိမ်မက်ဆိုးကြီး ဖြစ်သွားခဲ့ရပေတော့သည်။

သူကိုယ်တိုင် သဘောတူထားခဲ့သည့် အချက် ငါးချက်ကို ကုလ၊ အမေရိကန်၊ တရုတ်၊ အီးယူ တို့က တောက်ရှောက်စွဲကိုင်လာပြီး ယခု ကုလ ဆုံးဖြတ်ချက် ၂၆၆၉ တွင်ပင် ထည့်သွင်းလာခဲ့ပြီ ဖြစ်သည်။

ယမန်နေ့က ဘန်ကောက်တွင် ပြုလုပ်သော အလွတ်သဘော ‌ဆွေးနွေးပွဲတွင် ဝဏ္ဏမောင်လွင်သည် အိမ်ရှင် ယိုးဒယား၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ လာအို နိုင်ငံ များ မှ နိုင်ငံခြားရေး ဝန်ကြီးများ နှင့် တွေ့ခွင့်ရခဲ့ရှာသည်။ မျှား သုံးစင်းအား ကာကွယ်ဖို့ အရေးတွင် ရုရှား နှင့် တရုတ်တို့၏ တင်းပြေ့ကျပ်ပြေ့ ထောက်ခံမှု ကို မရတော့သည်ကို သဘောပေါက်လာပြီး ဝဏ္ဏမောင်လွင်၏ လေသံများ ပျော့ပြောင်းလာသည်ဟု သတင်းများက ဆိုသည်။

သို့သော် ပြည်တွင်းရှိ နဝေတိမ်တောင် သမားများ အကြိုက် ဟန်ကိုယ်ဖို့ မိမိတို့သည် အမျိုးသား ညီညွတ်ရေး အစိုးရ အား "အကြမ်းဖက်သမား" များ အဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ၎င်းတို့အား ရုပ်ဝတ္ထု အရရော၊ စိတ်ဓါတ်ရေးရာ အရပါ အကူအညီ မပေးရန် တောင်းဆိုခဲ့သည်ဟု ကျေညာချက် ထုတ်ပြန်လာခဲ့သည်။

သို့သော် ထိုအလွတ်သဘော တွေ့ဆုံပွဲအား သတင်းယူနေသည့် အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ဝေသော ဖနွမ်းပင် ပို့စ် သတင်းစာတွင် မူ ထိုသို ပြောဆိုသွားခဲ့သည်ဟု တစွန်းတစမျှ ပင် မပါရှိပဲ လက်ရှိ အချက် ငါးချက် အပြင်ဖက်က အခြား လက်‌ တွေ့ ကျသည့် နည်းလမ်းများကို ‌ရှာဖွေခဲ့ကြသည့်အပြင်၊ မြန်မာပြည်အား ယခင်လို အနေအထား ပြန်ရောက်စေမည့် exit strategy ထွက်ရပ်လမ်း အထိ ပါ ပြောဆို ဆွေး‌‌နွေးခဲ့ကြသည်ဟု ပါရှိသည်။
(ပုံတွင် "ရွှေဘဲ" စားသောက်ဆိုင် လား ယူဆရသည့် ဆိုင်မျိူးတွင် ထိုင်နေသည့် ဝဏ္ဏမောင်လွင် နှင့် ကိုကိုလှိုင် ကို ‌တွေ့မြင်ရစဉ်)

လက်ရှိတွင် မင်းအောင်လှိုင်သည် သူ လုပ်မည့်‌ ရွေးကောက်ပွဲ အတွက် နိုင်ငံတကာ၏ ယုံကြည်မှု ရနိုင်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းနေရှာသော်လည်း သူများ ပြောသမျှ အဟုတ်ထင်နေတတ်သည့် မင်းအောင်လှိုင်သည် ရန်ကုန်တိုင်း အတွင်း အုပ်ချုပ်ရေး အား ကြံဖွတ်သို့ လွှဲပေးလိုက်ရရှာပြီ ဖြစ်သည်။

လာမည့် ‌ရွေးကောက်ပွဲသည်ကား ထို ကြံဖွတ် ပါတီမှပင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ဥပမာ ပေးရက အာဂျင်တီးနား နှင့် မြန်မာ အသင်း ယှဉ်ပြိုင်မည့် ပွဲမျိုးတွင် ပင် အာဂျင်တီးနား ကွင်းလယ်ဒိုင်၊ အာဂျင်တီနား စည်းကြပ်ဒိုင်၊ အာဂျင်တီးနား var ကြီးကြပ်များ တာဝန်ပေးထားသလို မျိုး ဖြစ်သွားရသည်ကိုပင် စဉ်းစား နိုင်စွမ်း မရှိရှာတော့။

ကြံ့ဖွတ်ရှိ ခင်ရီတို့ အဖွဲ့မှ ရန်ကုန်တိုင်းအား မင်းအောင်လှိုင် လက်မှ အုပ်ချုပ်ရေး အာဏာများကိုအောင်မြင်စွာ အရယူ နိုင်ခဲ့ပြီ ဖြစ်သည်။ 

ကမ္ဘာ ငြိမ်းချမ်းရေး အတွက် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ နှင့် ဖွဲ့စည်းထားသော ကုလသမဂ္ဂ အဖွဲ့ကြီးကိုပင် ၎င်းတို့ အပေါ် လုံခြုံရေး ကောင်စီမှ ချမှတ်ခဲ့သည့် သမိုင်းတွင်မည့် ဆုံးဖြတ်ချက် ကိုပင် အနာပေါ် တုတ်ကျ ဖြစ်သွားသည့် စစ်ကောင်စီ မှ ကုလသည် နိုင်ငံများ၏ ပြည်တွင်းရေး မတည်မငြိမ် ဖြစ်အောင် ကြံဆောင်နေသည်ဟုပင် ပြောထွက်သူများ ဖြစ်သည်။

ထိုင်း အစိုးရ ပိုင် PTT ရေနံကုမ္ပဏီကြီးသည် မြန်မာ အရေး ကြောင့် နော်ဝေး အစိုးရ ပိုင် ရင်းနှီးမြုပ်နှံမှု များ ဆုံးရှုံးသွားပြီး တပတ်အကြာတွင် လက်အောက်ခံ ကုမ္ပဏီ ခွဲ ဖြစ်သော PTTOR မှ မြန်မာနိုင်ငံ အတွင်း ရေနံ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေး လုပ်ငန်းများကို ပြည်တွင်း မငြိမ်သက်မှု များ ကြောင့် ရပ်ဆိုင်းတော့မည်ဟု ကျေညာခဲ့ပြန်သည်။

မည်သို့ပင် ဖြစ်စေ ပြည်သူတော်လှန်ရေး အင်အားစုများ အနေဖြင့် မင်းအောင်လှိုင်လို လူမျိုး နှင့် ရင်ဆိုင်ရသည်က အင်မတန် ကုသိုလ် ထူးလှပေသည်ဟုသာ ပြောရပေတော့မည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ



ဆက်ဖတ်ရန် →
န်  ဥပဒေ ပြဋ္ဌာန်းချက်များ စတင် အသက်ဝင်ပြီ

န် ဥပဒေ ပြဋ္ဌာန်းချက်များ စတင် အသက်ဝင်ပြီ

အမေရိကန်ကာကွယ်ရေးဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုး ၊ NUG ၊ NUCC နှင့် CRPH ကို ထောက်ခံ အားပေးရန်၊ PDF နှင့် EAO များကို အကူအညီပေးရ န်  ဥပဒေ ပြဋ္ဌာန်းချက်များ စတင် အသက်ဝင်ပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ 

၂၀၂၃ ခုနှစ် အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ပြီး ဥပဒေတွင် ပါဝင်သည့် မြန်မာ့အရေး ဆိုင်ရာ ပြဋ္ဌာန်းချက်များဖြစ်သော  NUG ၊ NUCC နှင့် CRPH တို့ကို ထောက်ခံရန်နှင့်  PDF နှင့် EAO များကို နည်းပညာအကူအညီပေးရန် ပြဋ္ဌာန်းချက်များမှာ စတင် အသက်ဝင်နေပြီဖြစ်သည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၄ ရက်နေ့)တွင် အဆိုပါ ဥပဒေကို လက်မှတ် ရေးထိုး အတည် ပြုခြင်းဖြစ်ပြီး  မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် လူသတ် စစ်ကောင်စီ ၏ အာဏာသိမ်းမှုအရေးကို ​ဖြေရှင်းရန် အမေရိကန်က အမျိုးသား ကာကွယ်ရေး ဥပဒေ (NDAA) ၏ အစိတ်အပိုင်းအဖြစ် ပြဋ္ဌာန်းထားသည်။ 

အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေတွင် စာမျက်နှာ ၄၄၀၈ မျက်နှာ ပါဝင် ပြီး မြန်မာ့အရေး ကိုင်တွယ်ရန် စာ မျက်နှာ ၂၅ မျက်နှာ ပြဋ္ဌာန်းထားကာ အမေရိကန်ပြည်ထောင်စု၏ မြန်မာ့အရေး မူဝါဒ အဖြစ် အချက် ၈ ချက်ပါဝင်သည်။

၁-မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု တိုက်ပွဲဝင် နေမှုကို ဆက်လက် ထောက်ခံ အားပေးရန်။

၂- စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ စစ်အာဏာရှင် အဆုံးသတ်ရေး တိုက်ပွဲဝင် နေသော မြန်မာနိုင်ငံ အတွင်းနှင့် မြန်မာနိုင်ငံ ပြင်ပမှ   NUG ၊ NUCC ၊ CRPH နှင့် CDM လှုပ်ရှားမှု၊ အခြားအဖွဲ့ အစည်း များ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန်။

၃- လူထုရွေးကောက်ထားသော အရပ်သားအစိုးရလက်သို့ အာဏာပြန်အပ်ရေး၊ စစ်တပ်သည် အရပ် သားအုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ပြီး ထိုအရပ်သား အုပ်ချုပ်မှုသည် ဖက်ဒရယ် ပြည်ထောင်စု စနစ်နှင့် လူနည်းတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်သော အခြေခံဥပဒေ ပြုပြင်ပြောင်း လဲရေး၊ နိုင်ငံရေး နှင့်စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန်။

၄-အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများအပေါ် ကျူးလွန်သော လူအခွင့် အရေး ချိုးဖောက်မှုများ၊ တိုင်းရင်းသားများအပေါ်ကျူးလွန်သော လူ့အခွင့် အရေးချိုးဖောက်မှုများအတွက် ကျူးလွန်သူများ ကို တာဝန်ခံမှုရှိစေရေး ဆောင် ရွက်ရန်။

၅-စစ်တပ်ကို ထောက်ခံနေသော တရုတ်နှင့်ရုရှားကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန်။

၆-စစ်တပ်၏ ကျူးလွန်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာ ပြည်သူများ အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက် ပေးရန်။ 

၇-နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေးဆောင်ရွက်ရန်။

၈-ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ မြန်မာပြည် တွင်းမှပြည်သူများအတွက် လူသားချင်း စာနာ ထောက် ထားမှု အကူအညီများကို စစ်တပ်ထံ ဖြတ် သန်း ခြင်းမပြုဘဲ ထောက်ပံ့ကူညီနိုင်ရန် တို့ပါဝင်သည်။ 

စစ်တပ်၊ စစ်ဗိုလ်ချုပ်များ၊ စီးပွားရေးလုပ်ငန်းများကို အရေးယူခြင်း
=====================================

အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ အတည်ပြုပြီးသည်နှင့် မြန်မာ စစ်တပ်ဗိုလ်ချုပ်များ၊ စီးပွားရေးကုမ္ပဏီများ၊ ဆက်နွယ်နေသော ပြည်ပ ကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များ၊ စစ်တပ်အတွက် ငွေရှာပေးနေသည့် မြန်မာ့ ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စီးပွားရေးများ၊ လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများကို အမေရိကန်က  အရေးယူရန် ဖော်ပြထားသည်။  

ဒဏ်ခတ်အရေးယူမှုများသည် ၈ နှစ်တာကာလအထိ တည်ရှိနေမည်ဖြစ်ပြီး ယင်းအရေးယူမှုများကို ရပ်ဆိုင်းလိုပါက သမ္မတက ကွန်ကရက်ကို တင်ပြ၍ ဆောင်ရွက်ရန်လည်း ပြဋ္ဌာန်းထားသည်။ 

ထို့ပြင် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို လုံး၀ ပိတ်ဆို့အရေးယူရန် ကုလ သမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် ရှုတ်ချခြင်း၊ ပိတ်ပင်ခြင်းများ လုပ်ဆောင်ရန် ပါဝင်သည်။ 

PDF နှင့် EAOများကို အမေရိကန်က နည်းပညာနှင့်လက်နက်မဟုတ်သော အကူအညီပေးမည်
====================================================

မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ(EAO)၊ People’s Defense Forces (PDF) များ၊ ဒီမိုကရေစီရေး လှုပ်ရှား နေကြ သည့် အဖွဲ့ အ စည်း များအတွက်  ဆက်သွယ်ရေး၊ အမိန့်ပေး ထိန်းချုပ် ကွပ်ကဲမှုနှင့် ပူး ပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်း ခိုင်မာလာ စေရန် နည်းပညာနှင့် လက် နက် မဟုတ်သော အထောက်အပံ့များပေးရန်ဥပဒေတွင် ပါဝင်သည်။ 

ထို့ပြင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေး ပြန်ထူ ထောင်ရန်အားပေးသော မြန်မာစစ်တပ်မှတပ်ဖွဲ့ဝင်ဟောင်း များနှင့် ပတ် သက်သည့် အစီအစဉ်များ၊ လှုပ်ရှားဆောင် ရွက်မှု များကို ကူညီရန်လည်း ပါဝင်သည်။ 

ဖက်ဒရယ်စနစ်အားကောင်းစေရေး အမေရိကန်ကထောက်ပံ့အကူအညီပေးရေး၊ စစ်တပ်၏ လူ့အခွင့် အရေးချိုးဖောက်ကျူးလွန်မှုများကို စုံစမ်းဖော်ထုတ်သည့် CSO များကို အကူအညီပေးရေး၊ နိုင်ငံရေး အ ကျဉ်းသားများကို ကူညီနေသည့် CSO များ၊ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နေသည့် CSO များကို ကူညီရန်လည်း ပါဝင်သည်။ 

အဆိုပါအကူအညီများသည် လာမည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် ဘဏ္ဍာရေး နှစ် အလိုက် ဆောင်ရွက် ရန်ဖြစ်ကြောင်း သိရှိရသည်။



ဆက်ဖတ်ရန် →
ပြည်သူတွေကို ချွေတာခိုင်းတဲ့ မင်းအောင်လှိုင်နဲ့ မိန်းမ ကြူကြူလှ ဒေါ်လာ ထောင်ချီတန် အဝတ်၊ အိတ်အသုံး အဆောင် တွေနဲ့  လူလုံးပြ ပွဲတက်နေ၊  တစ်မိသားလုံး တန်ဖိုးကြီး နာမည်ကြီး တံဆိပ် များကိုသာ သုံးစွဲ

ပြည်သူတွေကို ချွေတာခိုင်းတဲ့ မင်းအောင်လှိုင်နဲ့ မိန်းမ ကြူကြူလှ ဒေါ်လာ ထောင်ချီတန် အဝတ်၊ အိတ်အသုံး အဆောင် တွေနဲ့ လူလုံးပြ ပွဲတက်နေ၊ တစ်မိသားလုံး တန်ဖိုးကြီး နာမည်ကြီး တံဆိပ် များကိုသာ သုံးစွဲ

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို လျှပ်စစ် ချွေတာဖို့ ၊ စက်သုံးဆီ ချွေတာ ဖို့အတွက် တဖွဖွပြောပြီး စက်ဘီးပါ စီးခိုင်း လာပေမယ့်လည်း မင်းအောင်လှိုင်နဲ့ သူ့မိန်းမ ကြူကြူလှကတော့ ဒေါ်လာ ထောင်ချီ တန် အဝတ်တွေ၊ အိတ်တွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကိုကိုင် ဆောင် အသုံးပြု  ပွဲတွေတက်လူလုံးပြနေပါတယ်။ 

နိုဝင်ဘာလ ၂၄ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီ အစည်း အဝေး၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ ကချင်ပြည်သူ စစ်ကောင်စီအစည်းအဝေးတွေမှာ မင်းအောင် လှိုင်က ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓာတ်အား ချွေတာဖို့ ၊ ရေကို ချွေတာဖို့ ၊ စက်သုံးဆီချွေတာဖို့ အမြဲမ ပြတ်ပြောနေပါတယ်။ ဒါ့အပြင် စက်သုံးဆီ သုံးစွဲမှုကို လျှော့ချပြီး စက်ဘီးကဲ့ သို့သော ယာဉ်များ ပြည်သူတွေ စီးနင်းကြဖို့ တိုက်တွန်းခဲ့ တာလည်း ဖြစ်ပါတယ်။
 
 ပြည်သူတွေကို ချွေတာဖို့ ပြောနေပေမယ့်လည်း အကြမ်းဖက် မင်းအောင်လှိုင်၊ကြူကြူလှနဲ့ မိသားစုတစ်ခုလုံးက အသုံးအဆောင်တွေ ဝယ်ယူရာမှာ ပြည်ပ နာမည်ကြီး တံဆိပ်တွေကို ခုံခုံမင်မင် ဝယ်ယူသုံးစွဲနေကြတာလို့ စစ်ဘက် သတင်းရပ်ကွက်က အတည်ပြုပြောဆိုပါတယ်။

မင်းအောင်လှိုင်နဲ့ ကြူကြူလှကိုယ်တိုင် တက်ရောက်တဲ့  ပွဲအခမ်းအနားတွေမှာ ဒေါ်လာ ထောင်ချီတန် အိတ်နဲ့ အင်္ကျီတွေကို ဝတ်ဆင်ပြီး လူလုံးပြ နေကြ ပါတယ်။ 

ရန်ကုန်ခေတ်သစ်က မင်းအောင်လှိုင်နဲ့ ကြူကြူလှ တို့အသုံးပြုနေတဲ့ အိတ်တွေ၊ အင်္ကျီတွေကို အသေးစိတ် လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။  အခု ဒီဇင်ဘာလ အတွင်း မင်းအောင်လှိုင်နဲ့ ကြူကြူလှဟာ ပွဲ  ၂ ခုအတွင်းမှာ ဒေါ်လာ ထောင်ချီ တန် အိတ်တွေ၊ အင်္ကျီနဲ့ ဂျာကင်တွေကို ထုတ်ဝတ်ပြီး လူလုံးပြ အခမ်းအနား တက်ခဲ့ကြပါတယ်။  

မင်းအောင်လှိုင်ဝတ်တဲ့ ဒေါ်လာ ၁၃၀၀ တန် ဂျာကင်
=============================

အကြမ်းဖက်မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ မြစ်ကြီးနားနဲ့ ပူတာအို ဒေသသို့ သွားရောက် လည်ပတ်ခဲ့ပြီး ပူတာအိုမှာ မင်းအောင်လှိုင်က အမေရိကန်ဒေါ်လာ ၁၂၉၀ တန် Burberry   ဂျာကင်ကို ထုတ်ဝတ်ပြီး ပွဲတက် စစ်ဆေးရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

မြန်မာကျပ်ငွေ တစ်ဒေါ်လာ ၂၉၀၀ နီးပါး ရှိနေချိန်မှာ မင်းအောင်လှိုင် ဝတ် ထား တဲ့ Burberry ဂျာ ကင် က မြန်မာကျပ်ငွေ ၃၇ သိန်းကျော် တန်ကြေး ရှိနေတာဖြစ်ပါတယ်။ 

မင်းအောင်လှိုင်က အဲဒီBurberry   ဂျာကင်ကိုဝတ်ဆင်နေ ရတာ ကို အတော် သဘော ကျနေပုံလည်းရှိ နေပါတယ်။ 

ကြူကြူလှ ကိုင်တဲ့ ဒေါ်လာ ၂၈၀၀ ကျော်တန် အိတ်
==================================

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိန်းမ ကြူကြူလှကတော့  ဒီဇင်ဘာလ ၂၁ ရက်နေ့ မင်္ဂလာဒုံ စစ် ဆေးတက္ကသိုလ်ရဲ့ သင်တန်းဆင်း ညစာစားပွဲမှာ အမေရိကန်ဒေါ်လာ ၂၈၃၀  တန် မြန်မာကျပ်ငွေ  ၈၂ သိန်း တန်ကြေးရှိတဲ့ louis vuitton  အိတ်ကို ကိုင်ဆောင်ပြီး ပွဲတက်လာပါတယ်။  ကြူကြူလှက အဝတ်အစား အရောင်နဲ့လိုက်ဖက်အောင် အနီရောင်  louis vuitton  အိတ်ကို အသုံးပြုခဲ့ပါတယ်။ 

မင်းအောင်လှိုင်မိသားစုက နာမည်ကြီးတံဆိပ်များကိုသာ အသုံးပြု
====================================
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ တရားစွဲဆိုထားတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင် အနေနဲ့  ဘယ်ဝင်ငွေနဲ့များ အခုလို ပြည်ပ နာမည်ကြီး တံဆိပ်တွေ ဝယ်နိုင်တာပါ လဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါ တယ်။ 

ပြည်တွင်းဖြစ်ကို အားပေးပါဆိုတဲ့ မင်းအောင်လှိုင်အနေနဲ့ နိုင်ငံခြား နာမည်ကြီး အသုံးအဆောင် တွေကိုချည်း သုံးစွဲနေတာက သူ့စကားသူ မစောင့်စည်းနိုင် မှုကို ပြသနေတာလည်းဖြစ်ပါတယ်။ 

သုံးသပ်ချက်
=======

ပြည်သူတွေ ဆင်းရဲ ကျပ်တည်းနေချိန်မှာ မင်းအောင်လှိုင်နဲ့ ကြူကြူလှ ၊ စစ်ဗိုလ်ချုပ် ကြီးတွေအနေနဲ့ ငဲ့ညှာခြင်း မရှိဘဲ ၎င်းတို့ စိတ်ကြိုက် ပြည်သူ့ ငွေတွေနဲ့  ပျော်ပါး သုံးစွဲခွင့်ရနေကြပါတယ်။   

ဗိုလ်ရှုသဘင်ပွဲတွေ၊ စိန်ရတုပြည့်နှစ်  အခမ်းအနားတွေကို  ပြည်သူ့ဘဏ္ဍာ ငွေကျပ် ဘီလီယံ ပေါင်း များစွာ သုံးစွဲ ကျင်းပနေတာလည်း ဖြစ်ပါတယ်။   ပြည်သူ ကို ချွေတာခိုင်းပေမယ့် မင်းအောင်လှိုင်နဲ့ မိန်းမ ကတော့   ပွဲတက် မပြတ်၊ ပွဲဆက်မပြတ် ရှိနေပါတယ်။ 

မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှု အခြေခံအကြောင်းတရားက မဲစာရင်းမှား ယွင်းမှု အမည် တပ်လို့   မင်းအောင်လှိုင် မိသားစု၊ စစ်တပ်အသိုင်းအဝိုင်း စီးပွား ရေးကို ကာကွယ်ဖို့၊ စစ်တပ် အကျိုးစီးပွား အာဏာ တည်ဆောက်ဖို့ဆိုတာ မင်း အောင်လှိုင်နဲ့ ကြူကြူလှတို့ရဲ့ ဒေါ်လာထောင်ချီတန် ပွဲတက် ဖက်ရှင်  အသုံး အဆောင်တွေက ညွှန်ပြနေပါတယ်။








ဆက်ဖတ်ရန် →
ရေတပ်နှစ်ပတ်လည်နေ့ စစ်ခေါင်းဆောင်တက်ရောက်မည်ဟု သတင်းများထွက်နေပြီးသန်လျင်မြို့ အနှံ့လုံခြုံရေးတင်းကြပ်ထားကာ ဖမ်းဆီးအစစ် အဆေးကြမ်းနေ

ရေတပ်နှစ်ပတ်လည်နေ့ စစ်ခေါင်းဆောင်တက်ရောက်မည်ဟု သတင်းများထွက်နေပြီးသန်လျင်မြို့ အနှံ့လုံခြုံရေးတင်းကြပ်ထားကာ ဖမ်းဆီးအစစ် အဆေးကြမ်းနေ


ဒီဇင်ဘာလ ၂၃ ရက်

စစ်ကောင်စီတပ်၏ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်ကျရောက်မည့် ၇၅ နှစ်​မြောက် ရေတပ်နှစ်ပတ်လည်နေ့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်မည်ဟု စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းထံကသိရပြီး သန်လျင်မြို့အနှံ့လုံခြုံရေးတင်းကြပ်ထားကာ ကင်းပုန်းများချထားသည့်အပြင် လှည့်ကင်းများလှည့်၍ စစ် ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ ရေတပ်နှစ်ပတ်လည်နေ့အား ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်အခြေစိုက် သန်လျင်ရေတပ်စခန်းဌာနချုပ်တွင်ပြုလုပ်မှာဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်မှစတင်၍ သန်လျင်မြို့ သန်လျင်-သီလဝါ သွားကားလမ်းမကြီးနှင့်ရပ်ကွက်အတွင်းလမ်းသွယ် များထိပါ စစ်ကားများဖြင့် ကင်းလှည့်နေပြီး တစ်အိမ်တက်ဆင်းစစ်ဆေးမှုများလည်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

" မနေ့ မနက်ထဲက မိန်းလမ်းမကြီးပေါ်ရော ရပ်ကွက်ထဲကလမ်းတွေကိုရောကားတွေနဲ့ပတ်နေတာ။ ဒီနေ့လည်းပတ်နေတယ်။ မနေ့ညက တစ်အိမ်ချင်းဝင်စစ်တယ်။ရပ်ကွက်ရဲ့လမ်းတွေထဲထိပါ စစ်ကားတွေ ၃၊ ၄ စီးပတ်ပြီးတော့ သွားနေတာ။လမ်းမှာဆိုင်ကယ်မြင်ရင်ဆွဲတင်ပြီးတော့ ဘေးတွဲတွေကိုတော့ လူလိုင် စင်၊ ယာဥ်လိုင်စင်စစ်ပြီးအကုန်ပြည့်စုံနေရင် တောင် ထိုင်ထလုပ်ခိုင်းတယ်။ သူတို့နဲ့မတွေ့လေကောင်းလေပါပဲ။ဒီမနက်လည်းအစောကြီးကတည်း က ရောက်လာပြီးဖမ်းနေတယ်"ဟု သန်လျင်မြို့ခံ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

သန်လျင်မြို့ သန်လျင်-သီလဝါသွား ကားလမ်းမကြီးတစ်လျှောက်တွင်လည်း ကင်းပုန်းများစွာ ချ ထားပြီး မီးတန်းယာဥ်၊ကင်းလှည့်ယာဥ်များအသုံး ပြု၍ အင်အားအပြည့်ဖြင့် မြို့တွင်းလှည့်ပတ်စစ် ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

လက်ရှိတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂၀ ရက်ညနေပိုင်းကစတင်၍  ရန်ကုန်မြို့ကိုရောက်ရှိနေခြင်းပြီး ရန်ကုန်မြို့တွင်းကိုလည်း လုံခြုံရေးတင်းကြပ်ထားကာ မနက်ဖြန် ဒီဇင်ဘာလ ၂၄ ရက်နေ့ ရေတပ်နှစ်ပတ်လည်နေ့ကို ၄င်းတက်ရောက်မည်ဖြစ်၍ ယင်းကဲ့သို့လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သန်လျင်ရေတပ်အသိုင်းအဝိုင်းထံကသိရသည်

AYAT - Hlaing Info


ဆက်ဖတ်ရန် →
မင်းအောင်လှိုင် ရန်ကုန်ရောက်ချိန် လုံခြုံရေး တင်းကျပ် ထားသည့်ကြားမှ တာမွေ  ကျောက်မြောင်း ပွဲစျေး နှင့် မရမ်းကုန်းတိုတွင်  ဗုံးများပေါက်ကွဲ

မင်းအောင်လှိုင် ရန်ကုန်ရောက်ချိန် လုံခြုံရေး တင်းကျပ် ထားသည့်ကြားမှ တာမွေ ကျောက်မြောင်း ပွဲစျေး နှင့် မရမ်းကုန်းတိုတွင် ဗုံးများပေါက်ကွဲ

ဒီဇင်ဘာလ ၂၃ ရက်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်ရောက်နေချိန် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ တာမွေကျောက်မြောင်းပွဲစျေးတန်း အနီး နှင့် မရမ်းကုန်း တိုတွင် ဗုံးများပေါက်ကွဲကြောင်း ရန်ကုန်မြိုခံများက ပြောသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန်တွင် တာမွေမြို နယ်၊ ကျောက်မြောင်းပွဲစျေးအနီးတွင် ဗုံးပေါက်ကွဲသွားပြီး ပွဲစျေးမှ လူတချို ၀ရုန်းသုန်းကား ထွက်ပြေးရကြောင်း တာမွေ ပြည်သူတချိုက‌ ပြောဆိုသည်။

"ကျောက်မြောင်းပွဲဈေးဗုံးပေါက်တာ အမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦး ထိသွားတယ်။ ပွဲစျေးက လူမရှိပါဘူး။ ဗုံးပေါက်တော့ မရှိတဲ့လူတွေပါ ၀ရုန်း သုန်းကား ပြေးတယ်။ လူနာတင်ကား ၁ စီးလာတယ်။ ဒဏ်ရာရတာက အသက် အန္တရာယ် မစိုးရိမ်ရဘူး။ ခြေထောက်မှာ ဗုံးစ ထိတယ်လိုပြောတယ်။အခုတော့ ခွေးတွေ ရောက်နေကြပြီ" ဟု တာမွေ ပြည်သူတစ်ဦးက ဆိုသည်။

အလားတူ မရမ်းကုန်းမြိုနယ်တွင်လည်း ယနေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် ဗုံးပေါက် ကွဲသံ ၂ ချက်ကြားရပြီး ပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း၊ မည် သည့်နေရာတွင် ပေါက်ကွဲသည်ကို မသိရှိရသေးသော်လည်း ဗုံးပေါက်သံ ကျယ်လောင်မှုကို မရမ်းကုန်းမြိုနယ်နေရာတချိုမှ ကြားရကြောင်း မရမ်ကုန်း မြိုနယ်၊ ကျိုက်၀ိုင်းဘုရားလမ်း နေထိုင်သူ တစ်ဦးက ပြောဆိုသည်။ 

ဓာတ်ပုံ- ရန်ကုန်မှာ ဒီနေ့ ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲ အတင်း လာ တက်တဲ့ အကြမ်းဖက် မင်းအောင်လှိုင် နဲ့ မိန်းမ ကြူကြူလှ။
KTM - Hlaing Info


ဆက်ဖတ်ရန် →
မြန်မာ့အရေးကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စင်ကာပူကြိုဆို

မြန်မာ့အရေးကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စင်ကာပူကြိုဆို

ဒီဇင်ဘာလ ၂၃ ရက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်လိုက်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို စင်ကာပူအစိုးရက ကြိုဆိုတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး က ပြောလိုက်ပါတယ်။

စင်ကာပူဟာ မြန်မာ့နိုင်ငံရဲ့အကျပ်အတည်းကို အလွန်အမင်းစိုးရိမ်နေပြီး ကုလသမဂ္ဂနဲ့ အနီးကပ်လက်တွဲဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

ဒါအပြင် မြန်မာ့အရေးကို သက်ဆိုင်သူတွေကြား ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့လိုလားတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကဆိုထားပါတယ်။

စင်ကာပူနိုင်ငံဟာ ထိုင်းနိုင်ငံက ကမကထ လုပ်ပြီး စစ်ကောင်စီတက်ခွင့်ရတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တာမရှိပါဘူး။

ဒီဇင်ဘာလ၂၁ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံအနက် တရုတ်၊ ရုရှားနဲ့အိန္ဒိယက ကြားနေမဲပေးပြီး ကျန် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ  အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ၊ အာဆီယံ ရဲ့ သဘောတူညီချက်တွကို အကောင်အထည်ဖော်ဖို့ ၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့ ၊လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့ ၊မတရားဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးဖို့ အချက်တွေ ပါဝင်ပါတယ်။

LNO  - Hlaing Info


ဆက်ဖတ်ရန် →
ရန်ကုန်မြို့ရှိ Barနှင့် Clubများတွင် "ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ"စတစ်ကာများဖြင့်လှုပ်ရှားမှုပြုလုပ်

ရန်ကုန်မြို့ရှိ Barနှင့် Clubများတွင် "ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ"စတစ်ကာများဖြင့်လှုပ်ရှားမှုပြုလုပ်

သုည/People's Spring

ရန်ကုန်မြို့ရှိ Bar နှင့် Club များတွင် "ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ" ဟူသော စာတန်းပါ စတစ်ကာများ ကပ်၍ Yangon Revolution Force - YRF ( Soft Strike Community )မှ ရဲဘော်များက လူထုအား လှုံ့ဆော်သည့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ 

အာဏာရှင်တို့၏ အကြမ်းဖက်ဖိနှိပ် ချုပ်ချယ်မှုများကြောင့် ရန်ကုန်မြို့အပါအဝင် မြို့ပြဒေသများတွင် ပြည်သူလူထုအနေဖြင့် နွေဦးတော်လှန်ရေးအား သိသာထင်ရှားစွာ ပါဝင်ပံ့ပိုးနိုင်မှု အားနည်းလျက်ရှိကြောင်း YRF က ဖော်ပြခဲ့သည်။

သို့သော်တိတ်ဆိတ်စွာ ရရာနည်းလမ်းဖြင့် တော်လှန်အင်အားစုများအား ဆက်လက်ပံ့ပိုးနေသော မြို့ပြနေပြည်သူ အမြောက်အများရှိနေသေးကြောင်းနှင့် အပြင်ပုံပန်းသဏ္ဍာန်သာ ကြည့်မည်ဆိုပါက ရန်ကုန်မြို့သည် သွေးအေးနေပြီး ပုံမှန်အခြေနေအတိုင်း လည်ပတ်နေသလို ဖြစ်နေသော်လည်း ပြည်သူလူထုအနေဖြင့် အပန်းဖြေ၊ အနားယူခြင်းကို အပြစ်မမြင်ကြောင်း YRF က ဆိုသည်။

အပန်းဖြေ အနားယူသည့်အချိန်တွင် စစ်ကောင်စီနှင့် ဆက်စပ်နေသော Bar များ၊ Club များ၊ စားသောက်ဆိုင်၊ ခန်းမနှင့် တည်းခိုရာနေရာများအား ရှောင်ကျဉ်ကြရန်နှင့် ပွဲစီစဉ်သူများက စစ်တပ်နှင့်ဆက်နွယ်သူများဖြစ်ပါက မလွဲမသွေ Boycott ကြပါရန်နှင့် တော်လှန်ရေး အနိုင်ရပါက ယခုထက် အဆပေါင်းများစွာ ပိုပျော်ရမည်ဖြစ်ကြောင်းကိုလည်း သတိချပ်စေရန် အသိပေးသည့်အနေဖြင့် ယင်းလှုပ်ရှားမှုအား ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း YRF က အသိပေးခဲ့သည်။

ဓာတ်ပုံ - YRF







ဆက်ဖတ်ရန် →
စကစ လက်ပါးစေမှန်သမျှ ဘယ်လိုအာဆီယံအစည်းအဝေးမှ တက်ရောက်တာ လက်မခံနိုင်လို့ စင်ကာပူဆို

စကစ လက်ပါးစေမှန်သမျှ ဘယ်လိုအာဆီယံအစည်းအဝေးမှ တက်ရောက်တာ လက်မခံနိုင်လို့ စင်ကာပူဆို

မဲခေါင်၊ ဒီဇင်ဘာ ၂၃

ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံက ကမကထပြုလုပ်ပြီး စစ်ကောင်စီလက်ပါးစေတွေနဲ့အစည်းအဝေးမှာ ထိပ်သီးအာဆီယံနိုင်ငံကိုယ်စားလှယ်တွေ မတက်ရောက်ခဲ့တဲ့အကြောင်းအရင်းထဲ စစ်ကောင်စီကို အာဆီယံက ဖယ်ကြဉ်ထားလို့ အသိအမှတ်မပြုတာကြောင့်ဖြစ်ကြောင်း သိရပါတယ်။ 

ဒီအစည်းအဝေးဟာ အာဆီယံအစည်းအဝေးမဟုတ်ဘဲ ထိုင်း-မြန်မာ နှစ်ဘက်သဘောတူ ပွင့်လင်းမြင်သာ အစည်းအဝေးတစ်ရပ်သာဖြစ်တယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားပြီး လာအို၊ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးတွေရယ်၊ ဗီယက်နမ်က ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။ 

အာဆီယံ ထိပ်သီးတွေဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်း၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံက ကိုယ်စားလှယ်တွေ စေလွတ်ခြင်းမရှိဘဲ စစ်ကောင်စီလက်ပါးစေကိုယ်စားလှယ်တွေအဖြစ် နိုင်ငံခြားရေးဝန်ကြီး ၀ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး ကံဇော်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ကိုကိုလှိုင် တို့ တက်ရောက်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကန်ချနာက အာဆီယံဆွေးနွေးပွဲမဟုတ်ပေမယ့် အာဆီယံရဲ့ မြန်မာ့အရေးလမ်းစဉ်မှာ အကျိုးရှိစေနိုင်မယ့်အလားအလာတွေကို ရရှိဖို့ ဆွေးနွေးခဲ့တာသာဖြစ်ကြောင်း၊ ဆွေးနွေးပွဲဟာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အကြောင်းကို ဦးတည်ခဲ့ပြီး ခိုင်မာတဲ့ ဖြေရှင်းမှုရလဒ်ကို ဘာမှမရနိုင်ခဲ့ဘူးလို့သာ တုံ့ပြန်ခဲ့တယ်။
 
ရိုက်တာသတင်းဌာနက စစ်ကောင်စီလက်ပါးစေတွေဟာ အာဆီယံအသိုင်းအဝိုင်းကို ပြည်တွင်းမှာ အကြမ်းဖက်နေတဲ့ PDF တွေ၊ အတိုက်အခံအဖြစ် ဦးဆောင်နေတဲ့ NUG အစိုးရကို ဘယ်လိုလူမှုရေး၊ ရုပ်၀တ္တု၊ ငွေကြေးဆိုင်ရာအထောက်အပံ့မျိုးတွေ မပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြပြီး ဒီအစည်းအဝေးကို မတက်ဘဲ ဆန့်ကျင်ခဲ့တဲ့ အာဆီယံနိုင်ငံတွေထဲမှာ စင်ကာပူဘက်က ပြတ်သားတဲ့ စကစ အသိအမှတ်မပြုမှုကို သိရှိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ထိုင်းရဲ့ ဖိတ်ကြားမှုမှာ မလေးရှားဘက်က အကြောင်းပြချက်တစ်စုံတစ်ရာမပေးဘဲ မတက်ရောက်နိုင်ဘူးလို့ တုံ့ပြန်ကြောင်း၊ ဖိလစ်ပိုင်ကလည်း အကြောင်းပြချက်မပေးဘဲ မတက်ဘူးလို့ ငြင်းကြောင်း၊ ၂၀၂၃ အာဆီယံအလှည့်ကျဥက္ကဌဖြစ်မယ့် အင်ဒိုနီးရှားက သူတို့နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲ နှစ်ဦးစလုံးဟာ ဂျာကာတာကို တရားဝင်သွားရောက်လည်ပတ်ပြီး ဗီယက်နမ်သမ္မတနဲ့ တွေ့ဆုံနေရလို့ မတက်နိုင်ဘူးလို့ ငြင်းဆိုကြောင်း ဖော်ပြခဲ့တယ်။

ဒီဖော်ပြမှုမှာ စင်ကာပူနိုင်ငံကတော့ အပြတ်သားဆုံး တုံ့ပြန်ခဲ့တယ်လို့ သံတမန်အသိုင်းအဝိုင်းကရတဲ့ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ယခုလိုဖော်ပြသွားပါတယ်။ 

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး လက်မှတ်ထိုးခဲ့တဲ့စာထဲ ထိုင်းရဲ့ ဖိတ်ခေါ်မှုကိုလက်ခံလိုက်ရင် အာဆီယံကပါ စစ်ကောင်စီကို အသိအမှတ်ပြုသလိုဖြစ်သွားမယ့်အရေးကြောင့် ဘယ်လိုအစည်းအဝေးမျိုးကမှ စစ်ကောင်စီကို အသိအမှတ်မပြုနိုင်ဘူးလို့ ရေးသားတုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။

MKF - 001
#MeKongNews
Ref:Reuter


ဆက်ဖတ်ရန် →

အာဆီယံနိုင်ငံများအနေဖြင့် CRPH၊ NUG၊ PDF တို့ကို အားပေးထောက်ခံခြင်း မပြုသင့်ကြောင်း ထိုင်းနိုင်ငံမှ စီစဉ်သည့်အလွတ်သဘောဆွေးနွေးပွဲ၌ နစကဝန်ကြီးများ ဆွေးနွေး

22/12/2022 19:02

NP News - ဒီဇင်ဘာ ၂၂

အာဆီယံနိုင်ငံများအနေဖြင့် CRPH၊ NUG၊ PDF တို့ကို အားပေးထောက်ခံခြင်း မပြုသင့်ကြောင်း ထိုင်းနိုင်ငံမှ စီစဉ်သည့်အလွတ်သဘောဆွေးနွေးပွဲ၌ နစကဝန်ကြီးများက ဆွေးနွေးပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ ယနေ့(ဒီဇင်ဘာလ ၂၂ ရက်)တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သော အလွတ်သဘောဆွေးနွေးပွဲသို့ နစက၏ ဝန်ကြီးများဖြစ်သည့် ဦးဝဏ္ဏမောင်
လွင်၊ ဒေါက်တာကံဇော်နှင့် ဦးကိုကိုလှိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအလွတ်သဘောဆွေးနွေးပွဲ၌ အာဆီယံ၏တူညီဆန္ဒ(၅)ချက်အပေါ် ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စအပါအဝင် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အခြေအ နေများကို မြန်မာကိုယ်စားလှယ်အဖွဲ့ နစကဝန်ကြီးများက ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာအစိုးရက တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကြေညာကာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့်ကိစ္စ၊ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည် ဦးမော့လာရေးဆောင်ရွက်နေသည့်ကိစ္စနှင့် ရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေး ကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည့်ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ကြိုး ပမ်းနေမှုများကို CRPH၊ NUG၊ PDF များက ပျက်စီးစေလိုသည့်ဆန္ဒဖြင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေပြီး၊ ယင်းတို့၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာများနှင့် သီလရှင်များ၊ ဝန်ထမ်းများ သေကြေခဲ့ကြောင်း ဆွေးနွေးပွဲနှင့်ပတ်သက်၍ နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စာသင်ကျောင်း၊ ဆေးရုံ၊ ဘဏ်များအပါအဝင် နိုင်ငံပိုင်နှင့် ပြည်သူပိုင်အ ဆောက်အဦးများ၊ လမ်း၊ တံတား၊ လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးခြင်းခံနေရသည့်အခြေအနေများကို နစကဝန်ကြီးများက ထည့်သွင်းဆွေးနွေးခဲ့
ကြောင်း သိရသည်။

ထို့ကြောင့် အကြမ်းဖက်လုပ်ရင်များအား ကျူးလွန်နေသူများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အားပေးထောက်ခံခြင်း မပြုသင့်ကြောင်းကို မြန်မာကိုယ်စား လှယ်အဖွဲ့ နစကဝန်ကြီးများက ဆွေးနွေးပြောဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါအလွတ်သဘောဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံမှ ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး မြန်မာအပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ပြီး ကျန်အာဆီယံ(၅)နိုင်ငံမှာ တက်ရောက်ခဲ့ခြင်းမရှိကြောင်းသိရသည်။

ဆက်ဖတ်ရန် →

ဓမ္မလေးညှို့ရှင်မှ ပစ်လွှတ်လိုက်သော မြားသုံးစင်း
*****************

မြန်မာ တော်လှန်ရေး အတွက် ၂၀၂၃ တွင် အလင်းရောင် တန်း လေး အဖြစ် ဓမ္မ လေးညို့ရှင်က ပစ်တင် လိုက်သော မြားသုံးစင်းသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ရသည်။

ယင်းသည် အင်ဒိုနီရှား မှ အာဆီယံ ဥက္ကဌ ဖြစ်လာခြင်း၊ အမေရိကန် လွှတ်တော်မှ BURMA ACT ထွက်ပေါ် လာခြင်း နှင့်  နောက်ဆုံး ကုလ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

မြားသုံးစင်းသည် တခု နှင့် တခု ဆက်စပ်လျှက် ရှိနေပေသည်။ အင်ဒိုနီရှား သည် G-20 အဖွဲ့ဝင် ဖြစ်ရုံမျှမက ဥက္ကဌ နေရာ မှပင် ထိပ်သီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ခြင်း နှင့် အတူ ကမ္ဘာစင်မြင့်တွင် ခေါင်းဆောင် နိုင်ငံ အဖြစ် အသိအမှတ် ပြုလာခဲ့ကြသည်။ ထို့အတွက် မြန်မာပြည် အရေးအား သတိကြီးစွာနှင့် ပြတ်ပြတ်သားသား ကိုင်တွယ်သွားမည့် အလားအလာ များ ရှိနေသည်။

ထိုအရေးကို ယိုးဒယား မှ အမြန်ဆုံး ကာကွယ် နိုင်မှ ဖြစ်မည် ဆိုကာ မိမိတို့ သဘောထားကို လွတ်လွတ် လပ်လပ် တင်ပြနိုင်သည် ဆိုသည့် open-ended အလွတ်သဘော ဆွေးနွေးပွဲကို ဘန်ကောက်တွင် လူစုပြီး တန်ပြန် နိုင်ရန် စီစဉ်လာခဲ့သည်။ ယိုးဒယားသည် လက်ရှိ မြန်မာ အရေး မှ အကျိုးများစွာ ဖြစ်ထွန်းနေသည့် နိုင်ငံလည်း ဖြစ်နေသည်။ ယခုအခါ ဝဏ္ဏမောင်လွင်သည် ဘန်ကောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအစည်းအဝေး သို့ လာအို၊ ဗီယက်နမ် နှင့် ကမ္ဘောဒီယား တို့သာ တက်ရောက်မည် ဖြစ်ပြီး အာဆီယံ ၏ အဓိက အဖွဲ့ဝင် နိုင်ငံများ တနိုင်ငံမှ ကိုယ်စားလှယ် စေလွှတ်ခဲ့ခြင်း မရှိပေ။

အမေရိကန် ကွန်ဂရက် မှ ပြဋ္ဌာန်းပေးလိုက်သော NDAA ပါ BURMA ACT သည် စစ်ဖက်နှင့် မဆိုင်သော အကူ အညီများ သာ ပေးရန် ဆိုသော်လည်း စစ်ဖက် နှင့် စစ်ဖက် မဟုတ်သည် ဆိုသည့် အကြား ပိုင်းခြားထားသော မျဉ်းသည် လွန်စွာ ပါးလွှာနေကြောင်း အမေရိကန် တို့  ပတ်သက်ခဲ့သည့် ပဋိပက္ခ နှင့် ယဉ်ပါးခဲ့သူတိုင်း ကောင်းစွာ သိကြသည်။

အခြေအနေသည် တဖြေးဖြေး နှင့် အင်အားကြီး နိုင်ငံများ ၏ တဆင့်ခံ စစ်မြေပြင်သို့ ပြောင်းလဲရန် ချဥ်းကပ် လာနေသည်ဟု ဘန်ကောက်ပို့စ်တွင် ရေးသား လာခဲ့သည်။

အမေရိကန်၏ BURMA ACT ကြောင့်  ရုရှားတို့က ၎င်းတို့အား ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လုံးဝလက်လွှတ်၍ မရတော့မှန်း သိထားပြီး ဖြစ်သည်။ ကုလ ဆုံးဖြတ်ချက်ကို အဘယ် အတွက်ကြောင့် မိမိတို့ ဂုဏ်သိက္ခာ နှင့် ရင်းပြီး ကန့်ကွက်ဖို့ လိုပေမည်နည်းဟု သုံးသပ်ခဲ့ကြသည်။ ထို့အပြင် ရုရှား တို့သည် အရှေ့တောင် အာရှ နိုင်ငံများ၊ အထူးသဖြင့် အင်ဒိုနီရှား ၏ အငြိုအငြင် ခံရမည်ကို စိုးရွံ့နေသည်။

ဗြိတိန် ၏ မူလ အဆိုတွင် ပါဝင်သော လက်နက် ရောင်းချ၊ လွှဲပြောင်းမှု ပိတ်ပင်ရန် ဆိုသည့် အချက်နှင့် နိုင်ငံတော် အတိုင်ပင်ခံ၊ သမ္မတကြီးတို့အား ပြန်လွှတ်ပေးရမည် ဆိုသည်ကို အလဲအလှယ်လုပ်ကာ ဖြုတ်ချခဲ့ပြီး ဖြစ်သည်။ ထို့အတွက်လည်း တရုတ် နှင့် ရုရှားက ကြားနေပေးလိုက်ခြင်း ဖြစ်ကာ ၎င်း နိုင်ငံများ အနေနှင့် ဆိုလျှင် လုံခြုံရေး ကောင်စီ သဘာပတိ၏ ကျေညာချက်မျိုး လောက်နှင့်သာ ပြီးသွားစေချင်ကြသည်။

အိန္ဒိယ မှ ကြားနေလာခြင်းသည် လွန်စွာ စိတ်ဝင်စားဖို့ ကောင်းနေရသည်။ အိန္ဒိယသည် တရုတ် ဆန့်ကျင်ရေး တွင်သာ အမေရိကန် နှင့် တက်ကြွစွာ ပူးပေါင်းခဲ့သော်လည်း သူတို့၏ အဓိက ရန်သူတော်ကြီး ဖြစ်သော ပါကစ္စတန် နှင့် ပတ်သက်၍ မူ အမေရိကန်ကို လုံးဝ ယုံကြည် စိတ်ချထား၍ မရမှန်း သိနေ၍ ရုရှား နှင့် အတူ ရပ်တည်ပေးလာခြင်း ဖြစ်သည်။ နောက်တကြောင်းမှာ မြန်မာ စစ်ခေါင်းဆောင် များကို ကန္တကောစ လုပ်ပါက တရုတ်ဖက် ရောက်သွားမည့် အရေးကို စိုးရွံ့နေ၍လည်း ဖြစ်သည်။

ဤကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း အတွက် လူ့အခွင့်အရေး အဖွဲ့များက ကြိုဆိုခဲ့ကြသည်။ သို့သော် ဒီမျှ နှင့် ရပ်မနေဘဲ ဆက်၍ တွန်းတွန်းတိုက်တိုက် လုပ်သွားရန် တောင်းဆိုခဲ့ကြပေသည်။

လက်ရှိ ကုလ ဆုံးဖြတ်ချက်သည် ရုရှား နှင့် တရုတ်တို့၏ ဗီတိုရန်မှ ကာကွယ်ရန် အခြေအနေအရ စကားလုံး အသုံးအနှုန်းများကို အပေးအယူ လုပ်ခဲ့ရသော်လည်း မြန်မာ နှင့် ပတ်သက်၍ ထိုသို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့မှု၏ အရေးပါမှု ကိုမူ လျော့တွက်၍ မရပေ။ အရေး မပါဟုဆိုလျှင် ထိုနိုင်ငံများက ကျားကုတ်ကျားခဲ နှင့် နဂို ကတည်းက ကန့်ကွက်စရာ မလိုပေ။ ၎င်းတို့ အစဉ်တစိုက် ကန့်ကွက်ခဲ့ကြ၍သာ ယခုမှ ထိုသို့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ရိုဟင်ဂျာ တို့အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု မျိုးတွင်ပင် ထိုသို့ ဆုံးဖြတ်ချက် ထွက်ပေါ် မလာခဲ့ပေ။

ဆုံးဖြတ်ချက်အား မလိုက်နာပါက ဆက်လက်၍ လက်နက် ရောင်းချမှု ပိတ်ပင်ခြင်း၊ စီးပွားရေး ပိတ်ဆို့ ဒဏ် ခတ်ခြင်းများဖြင့် တဆင့်တက်လာဖို့ ရှိနေသည်။ အမေရိကန်သည် ထိုသို့သော လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ် ချက်များကို ကောင်းစွာ အသုံးချ၍ အီရတ် နှင့် လစ်ဗျားတွင် အာဏာရှင်များကို ဖြုတ်ချ နိုင်ခဲ့ကြသည်။ ဤအရေးကို ကြိုမြင်လာသော တရုတ် သံအမတ်ကြီးမှ လစ်ဗျားတွင်လည်း ထိုကဲ့သို့ ဖြစ်သွားသည့် သာဓက များကို ထောက်ပြ၍ သတိကြီးစွာ ထားရန် လုံခြုံရေး ကောင်စီတွင် သတိပေးလာခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အဆိုပါ ဆုံးဖြတ်ချက်ပေါ် မူတည်၍ ကုလသမဂ္ဂတွင် အခြေအတင် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် လမ်းပွင့်သွားပြီ ဖြစ်သည်။ အမေရိကန် နှင့် အနောက်အုပ်စုများ အတွက် သံတမန်ရေးအရ အောင်ပွဲရသွားခဲ့ခြင်း ဖြစ်သည်။ မြန်မာ ပြည်သူ များ အတွက်လည်း မိမိတို့ ရင်ဆိုင်နေရသည့် ပြဿနာကြီး သည် ကမ္ဘာ ငြိမ်းချမ်းရေး အတွက် မဖြစ်မနေ ဖြေရှင်းရမည် ဆိုသည်ကို ကမ္ဘာ အမြင့်ဆုံး အဖွဲ့အစည်းကြီးမှ တရားဝင် အသိအမှတ် ပြုခံလိုက်ရခြင်းလည်း ဖြစ်ပေသည်။

အကြမ်းဖက် စစ်တပ်သည် ကုလ ဆုံးဖြတ်ချက် အား လိုက်နာ ကြလိမ့်မည် မဟုတ်သော်လည်း ယခင်ကကဲ့သို့ ပရမ်းပတာ သတ်ဖြတ် အနိုင်ကျင့်ခြင်းမျိုး ကို တတ်နိုင်သမျှ လျော့ချသွားမည်ကတော့ ကျိန်းသေသည်။ ထိုသို့ ဆက်လုပ်နေမည်ဆိုက ဒီထက် ပြင်းထန်သော ဆုံးဖြတ်ချက်များ ထွက်ပေါ်လာအောင် အနောက် အုပ်စုမှ နည်းမျိုးစုံဖြင့် ကြိုးပမ်းလာလျှင် အခုကဲ့သို့ တရုတ် နှင့် ရုရှား တို့ နောက်လန်သွားမည် ဆိုက ဒုက္ခများဖို့သာ ရှိပေတော့သည်။ လုံးဝ စိတ်ချထား၍ မရတော့မှန်း သင်ခန်းစာ ရသွားခဲ့ကြပြီ ဖြစ်သည်။

ထို့အတွက် ဓမ္မ လေးညှို့ ရှင်မှ ပစ်လွှတ်ပေးလိုက်သော မြား သုံးစင်း ဟု ဆိုလိုရင်း ဖြစ်ပေသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

(ပုံတွင် သမိုင်းတွင်မည့် မြန်မာ အရေး ကုလ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ချမှတ်သည့် နေ့ အစည်းအဝေး မြင်ကွင်း ကို ရိုက်တာ သတင်းက ဖေါ်ပြထားသည်ကို တွေ့နိုင်သည်)

လှစိုးဝေ


ဆက်ဖတ်ရန် →