နောက်ဆုံးရ
သာမညဆရာတော်ရုပ်အလောင်းကို ဖျက်စီးခဲ့တဲ့စောချစ်သူ

သာမညဆရာတော်ရုပ်အလောင်းကို ဖျက်စီးခဲ့တဲ့စောချစ်သူ

#ရွှေကရင်တို့စည်းလုံးချိန်တန်ပြီ

ကရင်ပြည်နယ်ကောင်းစားချင်ရင်ကရင်လူမျိုးညီညွတ်ဖို့လိုတယ်
စစ်အုပ်စုရဲ့ ယုတ်မာတဲ့အကြံစည်များသိသင့်ပါပြီ

သံတောင်ပြည်သူ့စစ်ကတော့ လက်မောင်းဘက်ခွါပြီး မူလပထမ KNU နဲ့ပြန်ပေါင်းသွားပြီ။ 
တချို့DKBA ကလူတွေလည်း မိခင် KNU ထံ ပြန်လာပေါင်းကြတာတွေရှိပြီ။

BGF က အောက်ခြေ ကရင်တပ်သားတွေလည်း ကရင်လူမျိုးအတွက် ခုလိုအရေးကြီးချိန်မှာ သွေးစည်းဖို့အသိတရားရှိသင့်ကြပါ ပြီ။ 

စောချစ်သူ ဆိုတာ KNU ထဲလည်း ဖူးဂျော်နီတို့ ဖူးဖော့ဒိုတို့လို သဘာ လည်းမရှိသလို ဇ လည်းမရှိ။ပညာဆိုတာ ကလည်း(၄)တန်းတောင်မအောင်။စာမတတ်လို့ သူမိန်းမ ဆရာမက စာသင်ပေးရတဲ့အဆင့်။ DKBA ဖွဲ့စကတောင် နာမည်မရှိနေရာမရှိတဲ့ကောင်က ကရင်ဂွင်ထဲဝင်လာတဲ့ ‘ဝ’တွေဆီက ယာဘ(မြင်းဆေး)နည်းပညာတွေခိုးပြီး “ဝ “ကိုပြန်Thet ခဲ့၊ ဒုက္ခတွေအမျိုးမျိုးပေးပြီး မြဝတီက ‘ဝ’ ပိုင်မြေတွေ မောင်ပိုင်စီးခဲ့လို့ “ဝ “က တရုတ်နဲ့ညှိပြီး တဖက်လှည့်နဲ့ သူ့မြေမှာ ကာစီနိုတွေဖွင့်စေခဲ့ပြီး ရိုးသားတဲ့ကရင်မြေကို အညှီအဟောက်တွေလွှမ်းစေခဲ့တဲ့ လူမျိုးပါ။
ဒါတင်ပဲလားဆိုတော့•••
သာမညဆရာတော်ရုပ်အလောင်းကို သန်းရွှေကဖျက်ဆီးခိုင်းပြီးချိန် မြှောက်စားလို့ တောက်ကြွားလာပြီး ၂၀၀၈/၉ လောက် 9E/ 9999 Hammer ကြီးကို ဘားအံ-ဘီးလင်း၊ ရွှေကုက္ကို-ဘားအံ တကြော ယာဉ်တန်းကြီးနဲ့ ဖျင်ယားကောင်းလိုက်တာ ရတခတိုင်းမှူးကတဆင့် သူ့ကားကို အမေကြိုင်အလှူခံပြီး၊ KNUအမာခံမြေ “မဲဝိုင်”ကို ရွှေကိစ္စအကြောင်း
ပြပြီး စောချစ်သူကို ရှေ့တော်ပြေးအနေနဲ့ နယ်မြေရှင်းဖို့ ပို့ချလိုက်တယ်။ 
ပြီးမှ ဦးအေးရဲ့ အဓိက မိတ်ဖက် sponsor ကြီး ခုမန္တလေးကောင်စီဥက္ကဌ ဦးမောင်ကိုရဲ့ထာဝရကုမ္ပဏီ ရွှေလာတူးတဲ့အခါ ဦးအေးလူမှန်း၊ ထာဝရမှာ ဦးအေးရှယ်ယာအများစုပါမှန်း နကန်းတလုံးမသိဘဲ စက်ပစ္စည်းတွေချည်း ဒေါ်လာ ၄ သန်းဖိုးလောက်ဝယ်ထားရတဲ့ ထာဝရကုမ္ပဏီကို လုံခြုံရေးfees ကို တလသိန်းထောင်ချီတောင်းပြီး စောချစ်သူ လူတွေကပဲ KNU ကပစ်သလိုလိုနဲ့ ကုမ္ပဏီဝင်းထဲကို တလ တစ်ခါ-၂ခါလောက် RPG နဲ့လှမ်းထုလိုက်၊ မဲဝိုင် အတက်ကားတွေကို ဝင်းမောင်းအကျော်ကနေ ရှေ့ထွက်မိုင်းထောင်လိုက်လုပ်နေတာ ကုမ္ပဏီက supervisor တွေထဲ artillery ကကောင်တွေပါလာလို့ ကျည်လာရာလမ်းကြောင်းပြန်တွက်တော့ ထုနေတာ KNU မဟုတ်။ ချစ်သူလူတွေမှန်းသိလို့ ကုမ္ပဏီလည်း ခွက်ခွက်လန်အရှုံးတွေတပွေ့တပိုက်နဲ့ ပြန်ထွက်သွားခဲ့ရတာကို ဦးမောင်ကိုက တအားနာကျည်းထားတာ။ ဘယ်လောက်များနာကျည်းလဲဆို ဝယ်ထားတဲ့စက်ပစ္စည်းအများစုကို ထားပစ်ခဲ့သည်အထိ။ 
မောင်ကိုဆိုတာ မဆလအစိုးရပိုင်ကျောက်ပုထိုးမှာ ဦးနေဝင်းခွက်ခွက်လန်ရှုံးပြီး သူ့ချည်းအမြတ်ကြမ်းခဲ့တဲ့အထိ ကုလားဖန်အထိုးကောင်းတဲ့ လူမျိုး၊ မဆလခေတ်မှာ နေဝင်းခေါင်းပေါ်တက်ထိုင်လို့ နဝတခေတ်မှာလည်း ဦးအေးကို ပေါင်ကြားညှပ်ထားနိုင်သည်အထိ ခေတ်အဆက်ဆက် ဂေါင်းကြီးတွေ မျက်လုံးမွှေးပေါ် စင်္ကြလျှောက်နိုင်ခဲ့သလောက် မဲဝိုင်မှာ ဘာမဟုတ်ညာမဟုတ်တဲ့ ချစ်သူ လိုကောင်က သူ့က်ို ဖျင်ချခဲ့တဲ့ရန်စက သခွတ်ပင်က မီးတကျည်ကျည်တောက်နေဆဲ။  
ခု စကစမှာ မအလ ထက်ပိုအာဏာစက်ပြင်းတဲ့ မိုးမြင့်ထွန်းဆိုတာ ဘိုဝင်းထွန်းပြီးရင်ဦးအေးရဲ့အချစ်ဆုံးသော PSO တယောက်။ ဦးအေးတင်မက  ကြီးတော်မြကပါ သားအရင်းလိုတုန်နေအောင်ချစ်တဲ့တယောက်။ ၂၀၁၀ ပျဉ်းမနားတပ်ရင်း ၉၇ တပ်ရင်းမှူးဘဝကတည်းက အနာဂတ်ရဲ့တပ်ချုပ်တယောက်လို့ ထိပ်ပိုင်းလူတွေကြား နာမည်ကြီးခဲ့တဲ့တယောက်။ 
ကရင်ကိုအပီအပြင်ထိုးစစ်ဖွင့်ချိန် KNU ကို BGF နဲ့ပေါင်းတိုက်စေတယ်ဆိုတာ ကျောင်းတော်က ရန်စကြောင့် ယာလည်းညက်၊ ကြက်လည်းဂိပြီးသားဖြစ်အောင် တမင်ယုတ်နေတာမို့ BGF က အောက်ခြေတပ်သားတွေ သူတို့အချင်းချင်းရဲ့ ရန်ငြိုးတွေကြား ကိုယ့်အသက်ကို မစတေးကြပါနဲ့••• လို့။
ကရင်အချင်းချင်း ကျောချင်းအပ် ရင်ချင်းကပ်ပြီး ညီညွတ်စွာနဲ့ မာနယ်ပလောအကြွေးကိုသာ ပြန်ဆပ်ကြပါ လို့တောင်းပန်းပါရစေ..

ဆရာမ နော်အဲ့မူးရဲ့ အကြွေးပြန်ဆပ်ကြပါလို့ တောင်းပန်ပါရစေ….

©️

🏴‍☠️ မင်းဆက်ကျော်🕊️


ဆက်ဖတ်ရန် →
ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ကို နော်ဝေး ရန်ပုံငွေအဖွဲ့ထုတ်ပယ်

ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ကို နော်ဝေး ရန်ပုံငွေအဖွဲ့ထုတ်ပယ်

မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုကို အထောက်အပံ့ဖြစ်နေတဲ့လုပ်ရပ်တွေကြောင့် ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ကို နော်ဝေး ရန်ပုံငွေအဖွဲ့ထုတ်ပယ်


ဒီဇင်ဘာ ၁၇၊ ၂၀၂၂

ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ရဲ့ လုပ်ရပ်တွေဟာ မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်တွေအတွက် အထောက်အပံ့ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နော်ဝေး ရင်းနှီးမြှုပ်နှံမှုအစုအဖွဲ့မှ ထုတ်ပယ်လိုက်ပါတယ်။ 

ဒါ့အပြင် ကမ္ဘာအကြီးဆုံး အမေရိကန်ဒေါ်လာ ၁.၃ ထရီလီယံရှိတဲ့ ရန်ပုံငွေအဖွဲ့ရဲ့ ဗဟိုဘုတ်အဖွဲ့ကလည်း PTT ရေနံနှင့် လက်လီစီးပွားရေး ကုမ္ပဏီ (PTT OR) နဲ့ အစ္စရေးအခြေစိုက် Cognyte ဆော့ဝဲကုမ္ပဏီနှစ်ခုကို လက်သင့်မခံနိုင်စရာ လူ့အခွင့်အရေး ချိုးဖောက်မှု အကြောင်းပြချက်နဲ့ ထုတ်ပယ်တော့မှာဖြစ်ပါတယ်။

ရန်ပုံငွေအဖွဲ့ရဲ့ ကျင့်ဝတ်ထိန်းသိမ်းရေးကောင်စီက ထိုင်းနဲ့ မြန်မာစစ်ကောင်စီရဲ့ စစ်အုပ်စုပိုင် ကုမ္ပဏီတွေကြား ခိုင်မာတဲ့ မိတ်ဖက်လုပ်ငန်းနဲ့ သူတို့ရဲ့ဆောင်ရွက်မှုတွေက စစ်အုပ်စုရဲ့ စစ်ဆင်ရေးနဲ့အကြမ်းဖက်မှုတွေမှာ ငွေကြေးရင်းမြစ်လမ်းကြောင်းအနေနဲ့ အထောက်အပံ့ဖြစ်နေတယ် လို့ပြောကြာခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီရန်ပုံငွေအဖွဲ့က အဲ့ဒီကုမ္ပဏီတွေအနေနဲ့ စစ်နဲ့ပဋိပက္ခ ဖြစ်ပွားရာ နေရာတွေမှာ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ဖျက်ဆီးနေတဲ့ လက်သင့်မခံနိုင်စရာ ကိစ္စရပ်တွေကိုလည်း ကိုးကားပြောဆိုခဲ့ပါသေးတယ်။


PTT ရဲ့လုပ်ငန်းစုတစ်ခုဖြစ်တဲ့ PTTEP က ပြင်သစ် တိုတယ်စွမ်းအင်ကုမ္ပဏီမြန်မာပြည်က ထွက်ခွာပြီးနောက်မှာ ရတနာရေနံစီမံကိန်း လည်ပတ်မှုကို လွှဲပြောင်းယူမယ်လို့ မတ်လက ပြောဆိုခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ PTTEPက  ဓာတ်ငွေ့ထုတ်လုပ်မှု လျော့နည်းလာပြီဖြစ်တဲ့ ရဲတံခွန်စီမံကိန်းကနေ နှုတ်ထွက်ခဲ့ပါတယ်။

#SpringRevolution
#PVTV
#PVTVNews
ဆက်ဖတ်ရန် →
တအာင်းတပ်မတော် (TNLA) ထုတ်ပြန်ချက်

တအာင်းတပ်မတော် (TNLA) ထုတ်ပြန်ချက်

🟢 တအာင်းဒေသ နမ့်ဆန်မြို့နယ် ကုန်းသာ၊ ဟူးမန်းနဲ့ မန်လုံးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်ချက် ထုတ်လာပါတယ်။


စစ်ကောင်စီဘက်က ထုတ်ပြန်ထားသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတာမရှိပဲ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေကိုသာ TNLA က သိမ်းဆည်းရမိခဲ့တာလို့ ဖော်ပြထားပါတယ်။


ဒီဇင်ဘာ ၁၈ ရက်




ဆက်ဖတ်ရန် →
ထောက်ပို့ရဟတ်ယာဉ် ၁ စီး   ကျည်မှန်ပြီး သုံးမရ

ထောက်ပို့ရဟတ်ယာဉ် ၁ စီး ကျည်မှန်ပြီး သုံးမရ

နမ့်ဆန်တိုက်ပွဲတွင် TNLA၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ရဟတ်ယာဉ် ၁ စီးကို   ကျည်ထိမှန်ပြီး သုံးမရတော့ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၈  ခေတ် သစ်

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့ အထိ ၅ ရက် အကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် TNLA ၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ ရဟတ် ယာဉ် ၁ စီး လက်နက်ငယ်ကျည် ထိမှန်ပြီး သုံးမရတော့ ကြောင်း လေတပ်သတင်းရင်းမြစ်က ပြော သည်။ 

ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်တပ်က ထောက်ပို့ရဟတ်ယာဉ်များဖြင့် စစ်သည်များကို ချထားပေးပြီး နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ထောက်ပို့ ရဟတ်ယာဉ်များဖြင့် လက်နက်ခဲယမ်းများ ချထားပေးခြင်း၊ စစ်အင်အား များ တိုးမြှင့်ချထားခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း၊ ထိုသို့ လုပ်ဆောင်စဉ် TNLA၏ ပစ်ခတ်မှုကြောင့် ထောက်ပို့ ရဟတ်ယာဉ် ၁ စီး ကျည်ထိမှန်သွားပြီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ လက်ရှိတွင် ကျည်ထိမှန်ထားသော ရဟတ်ယာဉ်သည် သုံးမရတော့ကြောင်း လေတပ် သတင်းရင်းမြစ်က ပြော သည်။ 

"ရဟတ်ယာဉ် အပစ်ခံရတာမှန်တယ်။ ထိသွားတယ်။ အခုထက်ထိတော့ မပြင်ရသေးလို့ ဒီအတိုင်း ထားထားတယ်။ စစ်ရေးအခြေအနေ မငြိမ်သေးတာကြောင့်လည်းပါတယ်။ စိန်ရတု လေတပ် နှစ်ပတ် လည်နဲ့ဆိုတော့ အဲဒါကို ပြင်ဖို့ လတ်တလော မလုပ်ရသေးဘူးလို့သိရတယ်။ ရဟတ်ယာဉ်ထိတာရော အပစ်ခံရတာမှန်ပါတယ်။ ရဟတ်ယာဉ် ၁ စီးကျည်ထိထားပါတယ်"ဟု လေတပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ 

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာတွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက် နေ့ အထိတိုက်ပွဲ သည် PDF များ၏ လက်နက်သယ်ယူရေးကို ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး အလောင်း များနှင့်လက်နက်များရရှိကြောင်း၊ TNLA ကို ဝင်တိုက်ခြင်းမဟုတ်ကြောင်း၊ စစ်တပ်ဘက်မှ အရာရှိ နှင့်စစ်သည်များ သေဆုံးကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ 

မြောက်ပိုင်းမဟာမိတ် သတင်းရင်းမြစ်တချို့ကမူ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ် တပ်ဘက်မှ အနည်း ဆုံး ၁၀၀ အင်အားပါ စစ်ကြောင်းပြုတ်သွားပြီး TNLA က စစ်သား အလောင်း များ၊ လက်နက် များသိမ်းဆည်းရမိကြောင်း၊ TNLA ဘက်မှလည်း ကျဆုံးမှုများရှိကြောင်း ရန်ကုန် ခေတ် သစ် သတင်းဌာနသို့ ပြောဆိုထားသည်။ 

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ရုရှားထုတ် Mi-17 ထောက်ပို့ ရဟတ်ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်သည်)
ဆက်ဖတ်ရန် →
NDAA အပေါ် သူတို့အမြင်

NDAA အပေါ် သူတို့အမြင်

အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ သည် နှစ်ပေါင်း ၆၁ နှစ် တိုင် နှစ်စဉ်လိုလို အချိန်မီ ပြဌာန်း နိုင်ခဲ့သဖြင့် ယခုတကြိမ်လည်း နှစ်မကူးမီ သမ္မတ ဂျိုးဘိုင်ဒင်မှ သေချာပေါက် လက်မှတ် ရေးထိုးတော့မည် ဖြစ်သည်။

ထိုဥပဒေတွင် ယခုနှစ် ထူးခြားချက် အဖြစ် မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားမှုများကို အကူအညီပေးနိုင်ရန် BURMA ACT ကို ထည့်သွင်းလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေအား အောက်လွှတ်တော်မှ ယခုနှစ် ဧပြီလ တွင် အတည်ပြု ပေးခဲ့သော်လည်း ဆီးနိတ်တွင် ဆွေးနွေး အတည်ပြုသည့် အဆင့်အထိ ရောက်မလာခဲ့၍ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဂရီဂိုရီ မိခ် (ပုံတွင်ရှု) မှ NDAA တွင် ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။ 
ရှေ့နေတဦးလည်း ဖြစ်သော မစ္စတာ မိခ် သည် ၁၉၉၈ မှ စ၍ နယူးယောက် အမှတ် (၅) မဲဆန္ဒနယ်မြေ ကိုယ်စားပြု အောက်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထမ်းဆောင်ခဲ့သည်မှာ  သက်တမ်း အားဖြင့် ဆယ်ကြိမ် ရှိလာခဲ့ပြီ ဖြစ်သည်။ 

BURMA ACT ဖြင့် အမေရိကန် အစိုးရသည် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည်၊ ယင်းနှင့်အတူ အာဏာသိမ်း စစ်ကောင်စီ နှင့် ၎င်းတို့အား ထောက်ခံနေသူများ အား ပိတ်ဆို့ အရေးယူနိုင်မည့် အစီအစဉ်များ ရေးဆွဲ ချမှတ်နိုင်တော့မည် ဖြစ်သည်ဟု RFA မှ အဲလက်စ် ဝီလီမင်းက သုံးသပ်ရေးသားခဲ့သည်။

ထိုမျှသာမကသေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုပါ လက်နက်မှ လွဲ၍ အခြား အကူအညီမျိုးစုံ ပံ့ပိုးကူညီပေးနိုင်တော့မည် ဖြစ်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ယာယီ သမ္မတကြီး ဒူးဝါး လရှီးလ မှ အဆိုပါ ဥပဒေ ပြဋ္ဌာန်းပေးခဲ့မှုကို ချီးကြုးကြောင်း ကျေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်း ဥပဒေသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှုများအတွက် ရုန်းကန် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများ၊ မိမိတို့၏ ညီနောင် မဟာမိတ် အဖွဲ့အစည်းများအား ထောက်ခံသွားမည့် အမေရိကန် ပြည်ထောင်စု၏ ပေါ်လစီကို ရှင်းလင်း ပြတ်သားစွာ ဖေါ်ပြထားသည့် အရေးပါသော ဥပဒေ ဖြစ်သည်ဟု ကျေညာချက်တွင် ပါရှိခဲ့သည်။

အမေရိကန် ငြိမ်းချမ်း‌ရေး အင်စတီကျု မှ မြန်မာ ရေးရာ တာဝန်ခံ နီကိုးလ် ကောခရန် မှ ဥပဒေ ၏ အထိရောက်ဆုံးသော အချက်သည် အမေရိကန် အာဏာပိုင်များ အနေဖြင့် NUG, NUCC, CRPH တို့ နှင့် တိုက်ရိုက် ဆက်ဆံနိုင်ဖို့ လမ်းပွင့်သွားခဲ့ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။ ယင်းသည် လက်ရှိ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး၏ တစိတ်တပိုင်း ဖြစ်လာခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဆန်ရှင်း ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့သည်လည်း ပြီးပြည့်စုံသည့် ပေါ်လစီ တရပ် ချမှတ် နိုင်တော့မည် လည်း ဖြစ်သည်။

အမေရိကန် အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာ မှ ကွန်ဂရက်သည် ထိုင်းတို့၏ ဖိအား ပေးနေမှု ကြောင့် အရေးပါသည့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းများ အပေါ် ပိတ်ဆို့ အရေးယူရန် အစိုးရ၏ တုံဏှိဘာဝေ လုပ်နေမှု မဖြစ်မနေ လုပ်ရတော့မည့် အဆင့်ရောက်အောင် တွန်းပို့လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

NUG, PDF, နှင့် EAO များ အား ကူညီပံ့ပိုးမှုများ ပို၍ ပြုလုပ်သွားနိုင်ရန် လမ်းဖွင့်ပေးထားပြီး ဖြစ်သော်လည်း အမေရိကန် အစိုးရမှ မည်သို့မည်ပုံ အကောင်အထည် ဖေါ်သွားမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဟု ဆိုသည်။ လက်ရှိ အနေအထားတွင် ပြဿနာ ရေရှည်လာလေ အာဏာသိမ်း အဖွဲ့ အတွက် အကျိုးရှိလေ ဖြစ်လာနိုင်သည်ဟုလည်း ထောက်ပြသွားခဲ့သည်။

မိမိအမြင် ပြောရမည်ဆိုက လက်နက်မဟုတ်သော အကူအညီများ ထဲတွင် တပ်များ စုစည်းပုံ၊ ရွှေ့ပြောင်းပုံများကို တော်လှန်ရေး အဖွဲ့များအား  ထောက်လှမ်းရေး ဂြိုလ်တု သတင်းများ ပေးပို့ခြင်း၊ စစ်ဖက်ဆိုင်ရာ အကြံပေးမှု များ ပါဝင်လာနိုင်ခြင်း တို့ကြောင့် လွန်စွာမှ ထိရောက်မှု ရှိနေပေသည်။ ထိုသို့ ပြုလုပ်နိုင်ကြောင်း အခန်း (၃)၊ အပိုဒ် ၃၀၁ တွင် သွယ်ဝိုက် ဖေါ်ပြထားသည်ကို တွေ့ရသည်။

မင်းအောင်လှိုင်မှ တုန်လှုပ်ခြောက်ချားစွာဖြင့် ရုရှားများ အား မရမက အပူကပ် ခေါ်သွင်းလာခြင်း တို့ကြောင့် အမေရိကန်ဖက်ကလည်း မဖြစ်မနေ ပါဝင်လာရခဲ့၍ ဘယ်သူမပြု မိမိမှုသာ ဟု ပြောရမည်သာ ဖြစ်သည်။

BURMA ACT ၏ အခန်း (၂) အပိုဒ် ၂၀၅ တွင် ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး အား အဆိုများ တင်သွင်းပြီး အကြမ်းဖက် စစ်တပ်ကို အကာအကွယ် ပေးနေသည့် ရုရှား နှင့် တရုတ်တို့ ဂုဏ်သိက္ခာ ကျဆင်းသည်ထက် ကျဆင်းလာစေရန် နှင့် ကုလမှ ပို၍ အရေးယူ ဆောင်ရွက်လာစေရန် လူသိရှင်ကြား အသံဖြင့် မဲခွဲစေရန် သမ္မတ အနေဖြင့် ညွှန်ကြားရမည် ဟုလည်း ပါရှိသည်။

မြန်မာ အရေး နိုင်ငံတကာ ကျွမ်းကျင်သူများ နှင့် ဖွဲ့စည်းထားသည့် အကြံပေး ကောင်စီ မှ ကြာသပတေး‌နေ့က စာတမ်း တစောင် ထုတ်ပြန်ခဲ့ရာတွင် မြန်မာ စစ်တပ် ၏ တာဝန်ခံမှု ကင်းမဲ့နေခြင်းအား အဆုံးသတ်နိုင်မည့် အဖွဲ့အစည်းသည် နိုင်ငံတကာ ရာဇဝတ်မှု များ ဆိုင်ရာ တရားရုံး အိုင်စီစီပင် ဖြစ်သည်ဟု ပါရှိခဲ့သည်။

၂၀၀၂ ခုနှစ်မှ စ၍ မြန်မာ စစ်တပ် မှ ရိုဟင်ဂျာ များ အပါအဝင် နိုင်ငံသား များ အပေါ် ကျုးလွန်ခဲ့သည့် ပြစ်မှု အားလုံးကို အိုင်စီစီ အနေဖြင့် စုံစမ်း အရေးယူ ပိုင်ခွင့် ရှိသည့် ဥပဒေ အကြောင်းအရာ အချက်အလက် များကို အပြည့်အစုံ ဖေါ်ပြထားခဲ့သည်။

နိုင်ငံတကာ မိသားစု အနေဖြင့် ထိုသို့ ရာဇဝတ်မှုများ ကျုးလွန်နေသူ အားလုံးကို အိုင်စီစီ သို့ မဖြစ်မနေ ပို့ဆောင်နိုင်ရေး အတွက် လုပ်စရာ ရှိတာ မှန်သမျှကို ပြုလုပ်ရမည်ဟု အဖွဲ့ဝင် ဖြစ်သည့် မစ္စက် ယန်ဟီလီးမှ ထောက်ပြခဲ့သည်။ မင်းအောင်လှိုင် နှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ်များသည် ထိုသို့ မလုပ်မချင်း မြန်မာပြည်သူများ အပေါ် ရက်စက်ကြမ်းကြုပ်မှု များ ဆက်၍ ကျုးလွန်နေကြမည်သာ ဖြစ်သည်ဟု သတိပေးခဲ့ပြန်သည်။

အိုင်စီစီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် မြန်မာပြည်သူများ အတွက် တရားမျှတမှု ဖေါ်ဆောင်နိုင်ရန် နောက်ထပ်တနှစ် အချိန်မဖြုန်းသင့်ဟု လည်း ဆိုသည်။

အမျိုးသား ညီညွတ်ရေး အစိုးရမှ ရောမ ပြဋ္ဌာန်းချက်ကို လက်ခံကြောင်း ကျေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်၍ အိုင်စီစီ အား ထိုသို့ အရေးယူနိုင်ရန် လမ်းဖွင့်ပေးထားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ အမေရိကန်မှ ထိုအရေးကို အားပေးထောက်ခံသွားမည်ဟု ဥပဒေ၏ အခန်း (၄)၊ အပိုဒ် ၄၀၁ နှင့် ၄၀၂ တွင် ဖေါ်ပြထားပြန်သည်။

ကုလသမဂ္ဂ မှ လည်း အကြမ်းဖက် စစ်တပ်၏ ကိုယ်စားပြုခွင့် တင်ပြလာသည်ကို ဆုံးဖြတ်ချက် ပေးရန် ငြင်းဆိုခဲ့ပြန်သည်။

မကြာသေးမီ ရက်ပိုင်း အတွင်းက လန်ဒန် အခြေစိုက် မြန်မာ အရေး တာဝန်ခံမှု ထွက်ပေါ်ရေး ပရိုဂျက်၏ ဒါရိုက်တာ ဖြစ်သူ ဘီဘီစီ သတင်းထောက်ဟောင်းကြီး ခရစ် ဂန်းနက်စ မှ “ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အရှေ့တောင်အာရှတွင် ပိုပေါ့ ၏ ခမာနီ အုပ်ချုပ်ရေး ကာလအတွင်း ပေါ်ပေါက်ခဲ့သော အကြမ်းဖက် လုပ်ရပ်များ နောက်တွင် တခါဖူးမျှ မကြုံဖူးသည့် အတိုင်းအတာဖြင့် မြန်မာ ပြည်သူများ အပေါ် အကြမ်းဖက်မှု ကျုးလွန်နေခဲ့သူ ဖြစ်သည်” ဟုလည်း နှိုင်းယှဉ် ပြောဆိုသွားခဲ့သည်ကို ဝါရှင်တန် ပို့စ် သတင်းစာတွင်  ပါရှိလာခဲ့သည်။

ယခုအခါ မင်းအောင်လှိုင် နှင့် စစ်ဗိုလ်ချုပ်များအား အမေရိကန် မှ ဦးဆောင်ပြီး အဖွဲ့အစည်း အသီးသီးမှ ပြုတ်တူ ကြီး ဖြင့် ဝိုင်း၍ ညှပ်လာနေပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ
ဆက်ဖတ်ရန် →
ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ

ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ



ရော်နယ်ဒိုတို့...
နေမာတို့ငိုပြလိုက်တယ်...
ကမ္ဘာကျော်တွေရဲ့မျက်ရည်...
တကမ္ဘာလုံးကြွေပေါ့.....

ကမ္ဘာမကျော်တဲ့...
အညာသူကြီးတွေရဲ့မျက်ရည်...
လူမသိသူမိသိ...
ကမ္ဘာကြီးလည်းမသိ...

                          M ! N G Y !  .....
ဆက်ဖတ်ရန် →
ကြိုးမညှိပဲ ဂစ်တာတီးတဲ့သောင်းလှိုင်သား

ကြိုးမညှိပဲ ဂစ်တာတီးတဲ့သောင်းလှိုင်သား

ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ပြောသလို
“ညှာညှာတာတာပြောရမယ်ဆိုရင်
ဗိုလ်ချုပ်မှုးကြီးက ကြိုးမညှိပဲ
ဂစ်တာတီးနေတယ်လို့ ဥပမာပေးချင်တယ်”

နမ့်ဆမ်က မြေဩဇာ၅၀


အကျယ်ချဲ့ကြည့်နည်း
လက်၂ချောင်းနဲ့ထိပြီးကား
လိုက်လို့လဲရတယ်
YouTube မှာတင်မရဲလို့ပါ

ဆက်ဖတ်ရန် →
"စစ်ရေးအရ အဓိကကျနေသည့် စစ်ကောင်စီ၏ ခဲယမ်းလက်နက်အသက်သွေးကြော ကပစတပ်များ"

"စစ်ရေးအရ အဓိကကျနေသည့် စစ်ကောင်စီ၏ ခဲယမ်းလက်နက်အသက်သွေးကြော ကပစတပ်များ"


တေဇ (CDM)

စစ်ကောင်စီ၏ အဓိကအားထားသည်မှာ ရုရှား၊ တရုတ်စသည့် အင်အားကြီးနိုင်ငံများ မဟုတ်ပါ။ နိုင်ငံရေး၊ သံတမန်အရေးတွင်တော့ အားကိုးအားထား ပြုလုပ်နိုင်ပါသည်။ သို့သော် ကျွန်တော်အနေဖြင့် နိုင်ငံရေးနားမလည်သည့်အတွက် သိပ်မပြောလိုပါ။ စစ်ရေးပိုင်းအရ စစ်ကောင်စီကို အဓိကဒေါက်တိုင်အဖြစ် အထောက်အကူပေးနေသည်မှာ စစ်ကောင်စီတပ်များအတွက် စစ်လက်နက်ခဲယမ်းအင်အားကို ပြည့်၀စေရန် ထုတ်လုပ်ပေးနေသော ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) များသာ ဖြစ်ပါသည်။


ကာကွယ်‌ရေးပစ္စည်းစက်ရုံများသည် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) အောက်တွင် ရှိသည်။ ကကထုတ်ရုံးတွင် ထုတ်အရာရှိချုပ်အဖြစ် လက်ရှိတာဝန်ယူထားသူမှာ ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းဖြစ်ပြီး နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စစ်ရုံးအမှတ် (၈) တွင် ရုံးထိုင်ကွပ်ကဲပါသည်။ ထုတ်ချုပ်၏လက်အောက်တွင် ဒုထုတ်ချုပ်နှစ်ဦး ရှိသည်။ ၎င်းတို့မှာ ဗိုလ်ချုပ်ကိုကိုလွင်နှင့် ဗိုလ်ချုပ်မျိုးအောင်တို့ ဖြစ်သည်။ ဗိုလ်ချုပ်ကိုကိုလွင်သည် တပ်မတော်အကြီးစားစက်ရုံများကို တာဝန်ယူကွပ်ကဲပြီး ဗိုလ်ချုပ်မျိုးအောင်သည် တပ်မတော်စစ်လက်နက်ပစ္စည်းစက်ရုံများကို တာဝန်ယူကွပ်ကဲသည်။

ကကထုတ်လက်အောက်တွင် ကပစ စက်ရုံများအပြင် ရန်ကုန် ကမ္ဘာအေး (၁၀၆) ရှိ၊ ကာကွယ်ရေးပစ္စည်းထောက်ပံ့ပို့ဆောင်ရေးတပ် (ကထပ)၊ မိတ္ထီလာရှိ တပ်မတော်အကြီးစားစက်ရုံ (တကစ) အမှတ်(၁) နှင့် (၁၀) စက်ရုံ၊ ယင်းမာပင်တွင် အမှတ် (၂) စက်ရုံ၊ ပဲခူးတိုင်း ဥသျှစ်ပင်မြို့ ကွင်းလှကျေးရွာအနီးရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့သင်တန်းကျောင်း (ကထက) ရှိသည်။ ထို့အပြင် ယခုနောက်ပိုင်းအသစ်ထပ်မံဖွဲ့စည်းသော မကွေးမြို့ တကစ၊ မလွန် တကစ၊ ထုံးဖို တကစသည့် တပ်မတော်ပိုင်အကြီးစားထုတ်လုပ်မှုတပ်များ ရှိသည်။ ကပစစက်ရုံများ၏ တည်နေရာနှင့်ထုတ်လုပ်သည့်လက်နက်များကို ကျွန်တော့်အနေဖြင့်သိရှိသလောက် ပြောပြလိုပါသည်။ ကကထုတ်လက်အောက်တွင် ကပစ (၂၅) တပ် ရှိပါသည်။

ကပစ (၁)
နေပြည်တော်၊ တပ်ကုန်းအနီးတွင် တည်ရှိပါသည်။ အဓိကထုတ်လုပ်သည့် လက်နက်များမှာ Small Arm များဖြစ်ပါသည်။ အဓိကအနေဖြင့် MA-1, MA-2, MA-3, MA-4 အမျိုးအစား ချေမှုန်းရေးရိုင်ဖယ်များ ဖြစ်ပါသည်။

ကပစ (၂)
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ မလွန်မြို့ဟောင်းအနီး တည်ရှိပါသည်။ အဓိကထုတ်လုပ်သည့် ခဲယမ်းများမှာ 80-mm launcher၊ 120-mm launcher၊ MA-10 RPG launcher များအပြင် 5.56-mm ကျည်ဆန်များ ထုတ်လုပ်လျက်ရှိပါသည်။

ကပစ (၃)
ပဲခူးတိုင်း၊ ပြည်မြို့တစ်ဖက်ကမ်း ဆင်တဲကျေးရွာအနီး တည်ရှိသည်။ အဓိကထုတ်လုပ်သည့်လက်နက်ခဲယမ်းများမှာ  RPG ဗုံးသီး၊ ၆၀-မမ၊ ၈၁-မမ၊ ၁၂၀-မမမော်တာ ဗုံးသီးများနှင့် 50-kg၊ 100-kg၊ 200-kg လေကြောင်းဗုံးများ ဖြစ်သည်။ လက်ရှိတွင် 500-kg ဗုံးများလည်း စမ်းသပ်ထုတ်လုပ်နေပါသည်။

ကပစ (၄)
နေပြည်တော်၊ တပ်ကုန်းမြို့ ကပစ(၁) နှင့်အနီးတွင် တည်ရှိသည်။ ကပစအားလုံး၏ အဓိကအကျဆုံးသော ကပစ (၄) သည် စက်ပြုပြင်နှင့် ပုံစံထုတ်စက်ရုံ ဖြစ်သည်။ တပ်မတော်မှသု‌တေသနပြုထုတ်လုပ်လိုသော လက်နက်အသစ်များအား ဒီဇိုင်းများဆွဲခြင်း၊ သင့်တော်သော ကပစများသို့ဖြန့်ဝေ၍ အသစ်ထုတ်လုပ်စေခြင်း စသည်တို့အား အဓိကလုပ်ဆောင်ပါသည်။ ကပစတပ်အားလုံး၏ စက်များအား လိုက်လံပြင်ဆင်ပေးခြင်းလည်း ပြုလုပ်သည်။

ကပစ (၅) 
ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့၊ ကမြိုင်ကျေးရွာအနီးတည်ရှိသည်။ အဓိကအားဖြင့် ယမ်းချက်စက်ရုံဖြစ်သည်။ ကပစအားလုံးအတွက် လိုအပ်သောယမ်းများအား အဓိကထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိသည်။

ကပစ (၆)
ပဲခူးတိုင်း၊ ဥသျှစ်မြို့၊ ညောင်ခြေထောက်ကျေးရွာအနီး တည်ရှိသည်။ သံရည်ကြိုစက်ရုံ ဖြစ်သည်။ ကပစတပ်များအားလုံးအတွက် လိုအပ်သော သံမဏိများ၊ သံများကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ထုတ်လုပ်လျက်ရှိသည်။

ကပစ (၇) 
ပဲခူးတိုင်း၊ ပြည်မြို့ ကျော်စွာဓာတ်မြေဩဇာစက်ရုံအနီးတွင် တည်ရှိသည်။ လက်ပစ်ဗုံး၊ ရေမြှုတ်ဗုံး၊ နင်းမိုင်းအမျိုးမျိုး၊ ရှေ့ထွက်မိုင်း၊ တိုက်မိုင်းစသည်တို့ကို အဓိကထုတ်လုပ်သည်။

ကပစ (၈)
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့အနီး တည်ရှိသည်။ အမြှောက်နှင့် လက်နက်ကြီး အစိတ်အပိုင်းများ၊ ဟောက်ဝစ်ဇာအမြှောက်များ၊ 122-mm MLRS အတွဲလိုက်ပစ်ဒုံးများ၊ ယာဉ်တင်အမြှောက်ပစ်စင်များစသည်တို့ကို အဓိကပြုလုပ်ပါသည်။

ကပစ (၉)
ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့၊ ကျောက်ဖူးကျေးရွာအနီး တည်ရှိသည်။ Small Arm ကျည်ဆံများ ထုတ်လုပ်သည်။ 5.56-mm ကျည်ဆံ၊ 7.62-mm ကျည်ဆံ၊ 9-mm ကျည်ဆံများ ထုတ်လုပ်လျက်ရှိပါသည်။

ကပစ (၁၀)
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအနီး တည်ရှိသည်။ RPG ဗုံးသီး Fuse၊57-mm လေတပ်သုံး Rocket များ၊ 122-mm MLRS နှင့် 240-mm MLRS Rocket များ ထုတ်လုပ်လျက်ရှိသည်။

ကပစ (၁၁)
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တွင် ရှိသည်။ ကပစ (၁) ကဲ့သို့ MA စီးရီး Small Arm များ ထုတ်လုပ်လျက်ရှိသည်။

ကပစ (၁၂)
မကွေးတိုင်း၊ သရက်မြို့၊ စခန်းကြီးကျေးရွာအနီးတည်ရှိသည်။ 60-mm၊ 81-mm၊ 120-mm မော်တာဗုံးသီးများ အဓိကထုတ်လုပ်သည်။

ကပစ (၁၃)
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ လက်ပံကျေးရွာအနီး တည်ရှိသည်။ ယမ်းချက်စက်ရုံဖြစ်သည်။ Detonator အစပျိုးယမ်းများ၊ ပေါက်ကွဲယမ်းများ အဓိကထုတ်လုပ်သည်။

ကပစ (၁၄)
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် တည်ရှိသည်။ SA-16 MANPADS လေကြောင်းရန်ကာကွယ်ရေး ဒုံးလက်နက်များ ထုတ်လုပ်သည်။

ကပစ (၁၅)
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွာမဆုံးကျေးရွာအနီး တည်ရှိသည်။ 60-mm၊ 80-mm မော်တာဗုံးသီးများ အဓိကထုတ်လုပ်သည်။

ကပစ (၁၆)
ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့နယ်၊ မသုန်ကျေးရွာအနီး တည်ရှိသည်။ ကပစ (၅) နှင့် ထိစပ်လျက်ရှိသည်။ Acidအမျိုးမျိုး ထုတ်လုပ်သည်။ ယမ်းအနည်းငယ်ထုတ်လုပ်လျက် ရှိသည်။

ကပစ (၁၇)
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာအနီး တည်ရှိသည်။ 60-mm မော်တာဗုံးသီး Fuse (AZDM, fuse) များ ထုတ်လုပ်သည်။

ကပစ (၁၈)
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ညောင်မှော်ရွာအနီး တည်ရှိသည်။ စစ်သုံးမှန်ဘီလူးများ ထုတ်လုပ်ခြင်း၊ scope များပြုလုပ်တပ်ဆင်ခြင်းများ ပြုလုပ်သည်။

ကပစ (၁၉)
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့အနီးတွင် တည်ရှိသည်။ စက်လက်နက် မထုတ်လုပ်ဘဲ ကပစ တပ်များ လိုအပ်သော စက်ရုံသုံး Tools နှင့် တိုင်းတာရေး Gauge များ ထုတ်လုပ်သည်။

ကပစ (၂၀)
မကွေးတိုင်း၊ စေကုတ္တရာမြို့အနီးတွင် တည်ရှိသည်။‌ လေယာဉ်ပစ် Anti-Aircraft cannon 25/30-mm စက်အမြှောက်များ ထုတ်လုပ်သည်။

ကပစ (၂၁)
မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်၊ ပေါက်ခုံကျေးရွာအနီး တည်ရှိသည်။ လေတပ်သုံးဗုံးအမျိုးအစားများအား အဓိက ထုတ်လုပ်လျက်ရှိသည်။

ကပစ (၂၂)
မကွေးတိုင်း၊ ဘဆိတ်ဖြူမြို့နယ်၊ ရွှေပို့ကျွန်းကျေးရွာအနီးတွင် တည်ရှိသည်။ အထူးတပ်ဖွဲ့သုံးရိုင်ဖယ်အမျိုးအစားများဖြစ်သော Mark-1, Mark-2, Mark-3, Mark-4 အပါအဝင် ရဲတပ်ဖွဲ့သုံး အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များ အဓိက ထုတ်လုပ်လျက်ရှိသည်။

ကပစ (၂၃)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီး တည်ရှိသည်။ ရေတပ်သုံး Missile များအား တရုတ်နည်းပညာအကူအညီဖြင့် စတင်ထုတ်လုပ်လျက် ရှိသည်။ စမ်းသပ်ထုတ်လုပ်နေဆဲသာ ဖြစ်သည်။

ကပစ (၂၄)
မကွေးတိုင်း၊ ပေါက်မြို့အနီး တည်ရှိသည်။ Aluminum အရည်ကြိုစက်ရုံ ဖြစ်သည်။ ကပစတပ်များ လိုအပ်သော Aluminum Raw များ ထုတ်လုပ်လျက်ရှိသည်။

ကပစ (၂၅)
မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့အနီးတွင် တည်ရှိသည်။ ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်သည့်တပ်ဖြစ်ပြီး စမ်းသပ်တည်ဆောက်ဆဲ ဖြစ်ပါသည်။
ရေတပ်အတွက်စစ်လက်နက်များ ထုတ်လုပ်ပေးမည်ဟု ခန့်မှန်းရပါသည်။

အထက်ပါ ကပစတပ်များအပြင် မိတ္တီလာမြို့အနီးရှိ တကစ (၁) တွင် စစ်သုံးမော်တော်ယာဉ်များ (ဒုံးပစ်စဉ်တပ်ဆင်မည့်ကားများ) တပ်ဆင်ထုတ်လုပ်သည်။ တကစ (၁၀) တွင် အပေါ့စားအမောင်းသင်ဂျက်လေယာဉ် (K-8) အမျိုးအစားများ တပ်ဆင်ထုတ်လုပ်လျက် ရှိသည်။ လိုအပ်သော လေယာဉ်အင်ဂျင်၊ အပိုပစ္စည်းများကို တရုတ်နိုင်ငံမှ အဓိက တင်သွင်းသည်။ ယင်းမာပင်မြို့အနီးရှိ တကစ (၂) တွင် စစ်တပ်သုံးယာဉ်အပိုပစ္စည်းများ ထုတ်လုပ်လျက်ရှိသည်။ ယခု ထပ်မံအသစ်ဖွဲ့စည်းသော မကွေးတကစတွင် ကားပစ္စည်းများ၊ မလွန်တကစတွင် အင်ဂျင်အစိတ်အပိုင်းများ၊ ထုံးဘိုတကစတွင် အင်းလေးဂျစ်များ တပ်ဆင်ထုတ်လုပ်နေခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ယခင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ၁၉၉၂ နောက်ပိုင်းမှစ၍ ဒုံးလက်နက်များထုတ်လုပ်မှုစီမံကိန်းကို စနစ်တကျရေးဆွဲခဲ့သည်။ လိုအပ်သော နည်းပညာနှင့် စက်ပစ္စည်း အကူအညီကို တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံများ၏ အကူအညီကို ရယူခဲ့သည်။ နေပြည်တော်၌ ကျင်းပသည့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ အခမ်းနားတွင် “ပြည်တွင်းထုတ်လုပ်သော အရည်အသွေးမြင့် စစ်လက်နက်ပစ္စည်းများဖြင့် တပ်မတော်တစ်ရပ်လုံး၏ စစ်လက်နက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေကြောင်း” ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီးစိုး၀င်းက ပြောကြားခဲ့သည်။ ဗမာ့တပ်မတော် စစ်လက်နက်ပစ္စည်းတပ် (Burma Army Ordnance Depot-BADO) အဖြစ် ဖွဲ့စည်းသည့် ၁၉၄၇ ဒီဇင်ဘာ ၁ ရက်နေ့ကို စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် အဘက်ဘက်မှ ချို့ယွင်းဆုတ်ယုတ်နေသော်လည်း စဉ်ဆက်မပြတ် တိုးတက်ကြီးထွားနေသည်မှာ စစ်လက်နက်ပစ္စည်းများထုတ်လုပ်မှု ဖြစ်သည်။ စစ်ကောင်စီအနေဖြင့် ပြည်ပအကူအညီနည်းပါးစွာဖြင့် စစ်လက်နက်ပစ္စည်းများကို တိုးတက်ထုတ်လုပ်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းနေဆဲ ဖြစ်သည်။ ယခုအချိန်ထိ စစ်ကောင်စီ အနေဖြင့် ကပစများ၏ ထုတ်လုပ်မှုကိုသာ အဓိကမှီခို၍ အာဏာရှင်သန်ရေးကို ကြိုးစားတည်ဆောက်နေရခြင်း ဖြစ်ပါသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ မြို့ပြ UG များအနေဖြင့် ကပစများ၏ အရေးပါမှုကို ဂရုပြုသင့်ပါသည်။ လေတပ်ကိုသာ စစ်ကောင်စီအနေဖြင့် အားထားနေရသည်ဆိုခြင်းမှာ အပြည့်အ၀မှန်ကန်မှုမရှိပါ။ စစ်ကောင်စီ ခြေလျင်တပ်သုံး လက်နက်ခဲယမ်းများ၊ လေတပ်သုံးဗုံး နှင့် ရော့ကတ်ဒုံးများအား အဓိကအားဖြည့် ထောက်ပံ့ပေးနေသည်မှာ ကပစတပ်များ ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီအတွက် ခဲယမ်းလက်နက် အဓိကအသက်သွေးကြောဖြစ်သည့် ကပစတပ်များ၏ စစ်ရေးအရ အရေးပါမှုကို အလေးအနက်ထား သတိပြုနိုင်ပါရန် သုံးသပ်တင်ပြအပ်ပါသည်။
ဆက်ဖတ်ရန် →
မင်းအောင်လှ်ိုင်ဖောင်ဖျက်နေပြီ

မင်းအောင်လှ်ိုင်ဖောင်ဖျက်နေပြီ

NUG ဘက်မှာ အာဆန် UN EU US ရှိနေတော့ သာကောကြီးပါမသွားအောင် မြစ်ဆုံပါ ထိုးပေးနေပြီ 

ဆိုရရင် သူတို့မကျစေဖို့ ဒီမြေကို ရှိသမျှ ခွဲ လှီးထုတ် စုပုံပေးနေပြီ လိုအပ်ရင် နိုင်ငံပါ ရောင်းစားဖို့ ၀င်လေးမှာ မဟုတ်တော့ ဖောင်ဖျက်ပြီး လိုချင်တာ ရှိတာ အကုန် ထုတ်ပေးနေပြီ

တနည်း ဝှတ်ဖဲတွေထဲက အသက်ကယ်ဆေးတွေဖြစ်တဲ့ မြစ်ဆုံကို နောက်ဆုံးတားဂတ်ထား လုပ်ခြင်းဟာ ပြည်သူကို စိန်ခေါ်ခြင်းပဲ တမင် အဆွနဲ့ ကစားပြတာဖြစ်တယ် ငါ့လာထိ အကုန် ဖြိုချ ဖျက်စီးပြစ်မယ်ဆိုတဲ့အထာ ချိုးပြခြင်းသာ ဖြစ်တယ် 

ပြည်သူက ဆူပွတ်မရ ငြိမ်ခံပြနေကြရတော့ အောင်နိုင်သူကြီးသဖွယ် အချိုးနဲ့ ရပ်တည်မယ် ဒါပြီးရင် နောက်ထပ် အသက်ကယ်ဆေးတွေဖြစ်တဲ့ ဓာတုဗုံး မားသားစုတို့ပါ နောက်ဆူံး ထုတ်သူံးလာနိူင်ပါသေးတယ် လောဆယ် မြစ်ဆုံနဲ့ ရှိုးပြပြီး အသက်ကယ်ဆေးအဖြစ် သာကောကြီးကို NUG ဘက် ပါမသွားအောင် တားဆေးကြွေးထားပြီပဲ ဖြစ်တယ် 

ဒီတော့ မအလဟာ နောက်ဆူံး အဆင့်ရောက်နေတဲ့အတွက် ဒီအချက်တွေကို တားစီးဖို့ဆိုရင် NDAA အမြန် ကူညီပေးမှုတွေနဲ့ ထိရောက်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ်ပြီး နိုင်ငံရေးအရပါ မြစ်ဆုံအပါ ကြိုတင်ပြီး ဓာတု နူကလိ့ယားတွေအတွက် ဟန့်တားနိုင်ဖို့ အော်ချက် ထုတ်ပြနိုင်ဖို့လိုတယ် UN နဲ့ ကမ္ဘာကို၊ 

မားသားစုကိုတော့ ထုတ်သုံးလည်း ပွဲတိုးမည့်ဟန် မရှိတော့ ခြိမ်းခြောက် အကြပ်ကိုင် လမ်းကြောင်းကို အကောင်ထည်ဖော်ပါလိမ့်မယ် ဘာကြောင့်ဆိုတော့ မအလဟာ သူကြိုးစင်တက်ရမည်ဆိုတာ သိရင် ဒီထက် ပိုကြမ်း ယုတ်မာမည့် ထွက်ပေါက်ကို ကန်ရှာထွက်လိမ့်မည်ဆိုတာ အားလူံး သတိမပြတ်ကြဖို့ ဆိုချင်သည် 

ခု ငပုလမ်းကြောက အဲ့လမ်းဆုံကိုရောက်နေပြီ ဒီအတိုင်းပဲ ဖြစ်လာလိမ့်မယ် အောင်ပွဲနဲ့အတူ ယုတ်မာမှုကို အချိန်မီ အရှိန်သေအောင် လျော့နည်းအောင်သာ ရှာကြံစပြီး တွေးဆဖို့ လုပ်ကြဖို့ ပြင်ဆင်ကြရပါလိမ့်မည် 

စစ်တပ်အဖို့ နိဂုံးက အဿေ အကြမ်း နှစ်လမ်းသာရှိလို့ ကိုယ့်ဘက် အထိမနာ Risk မများဖို့ ခုထဲက ပြင်ဆင် ကြံစ ဖန်တီးထားပါ ကြိုတင် တွေးဆ အောင်ပွဲရအောင် ! 

ကြိုက်ပြီဗျို့ ဘယ်သူလောင်းဝံ့သလဲ မအလပြုတ်ကျမှု သေချာပေါက် ဖြစ်တော့မယ်ဆိုတာ မယုံသူများ လာပါ ! 


ခု EU က အာဆန်ကို တောင်ပင်လယ်အရေး မြန်မာ့အရေးနဲ့ပါတ်သက်ပြီး ဖြေရှင်းဖို့ အပေးယူနဲ့ ဆယ်ဘီလီယံနဲ့ဈေးခေါ်ပြီ 

ဆိုတာက ယခုအရေးတွေ ဖြေရှင်းပေးနနိုင်ရင် အာဆန်လိုအပ်တာတွေနဲ့ တျုတ်ဘေးမှ ကင်းစေရမယ် ဒါ့အပြင် နိုင်ငံရေး စစ်ရေးနဲ့ စီးပွားရင်းနှီးမြုပ်နှံရေးတွေပါ အဆင်ပြေစေရမယ်လို့ တဖက်လှည့်နဲ့ စည်းရုံး ဈေးခေါ် မဲဆွယ်ခြင်းပဲ ဖြစ်တယ် 

ထိုအတွက် အာဆန်ဒေသ နိုင်ငံတွေအတွက် ဆယ်ဘီလီယံရှိတယ် ရင်းနှီးမြုပ်နှံ လုပ်ဆောင်ပေးမယ် ထိုအတွက် အာဆန်ဟာ EU နဲ့အတူ ပူးပေါင်းပြီ့း တျုတ်နဲ့ မြန်မာ့အရေးကိုပါ ပြီးဆူံး အောင်မြင်အောင် လုပ်ပေးကြရပါလိမ့်မယ် ပေးဖို့လိုကြောင်းပြယုဒ်နဲ့ ခုလို‌ဈေးခေါ်ခြင်း ဖြစ်တဲ့အတွက်


အာဆန်ဂုဏ်သိက္ခာနဲ့ အာဆန်နိုင်ငံတွေအတွက် စီးပွားကုန်သွယ်လုပ်ငန်းများ လုပ်ဆောင်နိုင်ရေး တျုတ်အနိုင်ကျင့်မှုနဲ့ကျုးကျော်မှု အန္တရယ်မှ သွေဖယ်စေရေး ဒါ့အပြင် မြန်မာ့အရေးပြီးပြတ်စေရေးတို့အတွက် အာဆန်မှ EU ရဲ့ ဖိတ်ခေါ်မှုကို လက်ခံပြီး အကောင်ထည်ဖော် လုပ်ဆောင်လာကြလိမ့်မယ်ဟု ယုံကြည်၍ 

( အကျိုးစီးပွားကြည့်သူများအား အကျိုးစီးပွားနဲ့ပြန်ချုပ်ပြီး နိုင်ငံရေးကို လုပ်ဆောင်စေခြင်း ) 

သေချာတာက မအလနဲ့ သာကောတို့ ယခု ကစားပွဲကနေ မကြာခင် ထွက်စို့ခေါ်ပြီး လစ်သွားကြပါတော့မည်ဆိုတာ အာဆန်နောက်မှာ EU ဟာ ၁၀ဘီလီယံနဲ့ ဈေးခေါ် ကိုင် မျှားပြီး လိုချင်တဲ့အစာအတွက် မျှားချိတ်မှာ အစာတပ်ပြီး ချကြွေးထားပြီဆိုတာ 

ဒီတော့ တျုတ်ဘေးမှရှောင်ပြီး မြန်မာ့အရေး ပြိီးလိုသူရော မိမိနိုင်ငံအတွက် အကျိုးရလိုသူတွေရော ဒီမျှားချိတ်မှာ ဝိုင်းအုံလာပြီး အတူ ပူးပေါင်းဆောင်ရွက်ပါလိမ့်မည်ဆိုတာ 

သို့ဆို ဗေဒင်မေးနေစရာကို မလိုဘူး စကစ သေချာပေါက် လစ်ကို လစ်ပါလိမ့်မည်ဆိုတာ EU ရဲ့ ၁၀ဘီလီယံနဲ့ အာဆန်ဟာ ယခုခရီးစတင် သုတ်ခြေတင်လာပါလိမ့်မည်ဆိုတာ မြေကြီးလက်ခတ်မလွဲမို့ မယုံသူများ စောင့်ကြည့်ပါ !  

#တော်၀င်မင်း Ⓜ️
ဆက်ဖတ်ရန် →
" အဖြေထွက်ပြိီးသော ပုစ္ဆာနှစ်ပုဒ် "

" အဖြေထွက်ပြိီးသော ပုစ္ဆာနှစ်ပုဒ် "

US က စစ်သား မစိုက်ရတာပဲ ရှိပါတယ် ကျန်တာ အကုန် ငွေ လနက် ပုံအောထားလို့ သူနဲ့ ဖြစ်နေ တိုက်နေတဲ့ US Vs ရုရှား စစ်ပွဲပါပဲ ဒါတောင် လက်နက်ဆန်းတွေ အသစ်တွေ လျိုထားသေးတယ် အာဖဂန်ကို ရှုံးတာ ပြည်သူပါ ပျောက်ကျားနဲ့ အသေခံတိုက်လို့ပါ ခုက ဒယ်ဒယ်ခြင်းဆိုတော့ ရုရျားနားကားနေတယ် ဒါကြောင့် အာဖဂန်က ကြေးစားတွေ ခေါ်အသုံးပြုနေခြင်းပဲ ဖြစ်တယ်။

သို့သော် မြေအနေထား နည်းပညာ စစ်ရေးအားကြောင့် မရတော့ပါဘူး ခုကို အီရန်ဒရုန်းတွေ ပွဲမတိုးတော့ဘူး US က တဆင့်မြင့် လေကာဒုံးတွေ ပြန်သုံးတိုက်လို့ ခုလည်း ထပ်ပြီး အဆင့်မြင့်ဒုံးတွေ ထပ်ပေးမယ်ဆိုတော့ ရုရှားက ကြောက်လန့်ပြီး နူသုံးမှရမယ် အော်ချက်ထုတ် ဟိုက်ပါဆိုးနစ်တွေ သုံးပြနေပေမယ့် ပထမတခါ သုံးပြထားဘူးတဲ့အတွက် ဒီလောက်ဟုတ်မယ် မထင်ဘူး ပွဲအဖြေက ခုကို အတော်ကွာဟ ပြတ်သားနေပြီ ပူတင်က အရှက်ပြေ ခံစစ်နဲ့ မလူးလွန့်သာပဲ ပြန်တိုက်နေရတယ်၊

သို့ဆို အဖြေရှာတွေ့လောက်ပြီပေါ့ NDAA ဟာ US အမျိုးသားလုံခြုံကာကွယ်ရေးပဋိဉာဉ်ပဲ ထိုထဲမှာ ရုရှား တျုတ်ရန်မှနေ ကာကွယ်ဖို့ပါတယ် NUG PDF ကို နည်းပညာ ကူညီပေးရေးပါတယ် ဒီတော့ ၂ နှစ်လောက် စောင့်ကြည့်ပြီး အင်အားတောင့်ရုံမဟုတ် ဖွဲ့စည်းမှုအားကောင်းလာတဲ့ PDF တပ်ကို US ဟာ တျူတ် ရှရှား အားကိုးနဲ့ မိုက်ပြ ကြမ်းပြနေတဲ့ အာဏာရှင်စစ်တပ်ကို သုတ်သင်အမြစ်ဖြတ်စေဖို့ ယူကရိန်းတပ်နည်းတူ သဘောထား Support ပြီး တျုတ် ရုရှားပါ နိုင်ငံရေး စစ်ရေးအရ ဖယ်ခွာစေဖို့ ဒီမြေမှာ PDF တပ်ကို အားထား ဦးတည်ပြီး Proxy war ဖြစ်ဖို့ ၀င်မလေးတော့ဘူးဆိုတာ မြင်သာနေ၍ သေချာပါပြီလေ ယူကရိန်းကို Support ပြီး ရုရှားကို ဖြိုနေသလို PDF ကို Support ပြီး တျုတ်နဲ့ ဒေါက်တိုင် မအလတပ်ကို ဖြိုဖို့ သေချာပေါက်ကို အ‌ကောင်ထည်ဖော်လာနေချိန်မှာ အကယ်၍ မအလဘက်မှာ ရုရှား တျုတ်ပါ၀င်လည်း US ဟာ စစ်ရေးနဲ့ပဲ အဆုံးသတ်ပြီး လူမရင်းပဲ သူတိုက်ပေးသလို လုပ်ဆောင်စေတော့မည်ဆိုတာ NDAA အချက်ထဲက နည်းပညာ သင်ထောက်ကူ ပံ့ပိုးမှု ကာကွယ်ရေးဆိုင်ရာ အချက်လက်တွေကို မြင်တာနဲ့ PDF ကို သူ့တပ်လို ပုံစံသွင်း သင်ကြားစေပြီးမှ ထောက်ကူနဲ့ ဗျင်းခိုင်းစေတော့မည်ဆိုတာ သို့ဆို နောက်က သူရှိနေပြီဆိုတော့ တျုတ် ရှာရှား၀င်ပါလည်း US က Don't care နဲ့ပါ၀င်သူ အရှုံး အဗျင်းလို့ သက်မှတ်ပြီး အပြီးကြိတ်ပါလိမ့်မည်ဆိုတာ ယုံဗျာ ထိုအတွက် ဘိုင်ဒန် ကတိပေးထားတယ်မို့လား မြန်မာ့အရေး အပြီးသက်ပေးမည်ဆိုတာ ခု EU ကလည်း အာဆန်ကို အော်ဒါပေးထားပြီ စကစရွေးကောက် မထောက်ခံဖို့ UN မှာ ရုရျား ယူကရိန်းအရေးမှာ မြန်မာ တီမောကလွဲပြီး အာဆန်နိုင်ငံအကုန် ကြားနေတာက ကြားညှပ်မှာစိုးလို့ပါပဲ ဒါက သူတို့ နိုင်ငံရေး အကျိုးစီးပွားရှေ့ရှု့မှုဆိုတော့ ထားပါတော့ ၊

ပြောလိုရင်းအချက်က US ဟာ ၂နှစ်သား PDF ကို သူ့တပ်လိုသဘောထား ကန့်သွင်းပြီး ပွဲကိုဖြတ်ဖို့ အပြီးကန်ခိုင်းတော့မည်ဆိုတာ တနည်း ပြည်သူတွေ လိုချင်တဲ့ ယူကရိန်းလို အနေထားမျိုးကို မအလတပ် အနေထားနဲ့ ထိုက်တန်တဲ့ ထောက်ကူမှုနဲ့ ပံ့ပိုးပေးမှုကို လိုအပ်သလို ဖန်တီးပြီး ပွဲကို ဖြတ်စေပါတော့မည်ဆိုတာပါပဲ 
ထိုအတွက် ရုဂှား တျုတ်ပါ၀င်မလာအောင်လည်း NDAA ထဲမှာ ထည့်သွင်းပြီး စစ်ရေး ဖြတ်တောက် ပိတ်ဆို့မှုတွေ အရေးယူမှုတွေကို ဥပဒေအရ ကြိုတင်ပြီး နိုင်ငံရေးအရပါ ကြိုကာဗာ ပြုလုပ်ပေးထားသည်ဆိုတာ သိရင် သေချာပြီ နွေရာသီ အဖြေရှာရန်မလို ကြေငြာရန်မလို အောင်ပွဲဟာ ပြည်သူ့အတွက်ချည်းပါပဲဆိုတာ သိစေချင်သည်ဟုဆိုချင်သည် 

ဆိုလိုရင်းကို ချုပ်ရရင် မအလတပ် အဆင့်အနေထားလောက်ကို ဖြုတ်နိုင်ဖို့ကူညီလို့ အကယ်၍ ရုရှား တျုတ်ပါလာရင်လည်း ယူကရိန်းကို နောက်မှနေ တစစနဲ့ ဆက်လျက် ပံ့ပိုးကူညီနေသလိုမျိုး ပြီးပြတ်သည့်အထိ တနည်း ကစားပွဲ နိုင်သည်အထိ ပြီးဆုံးအောင် Support ပြီး အောင်ပွဲကို US ဟာ ယူကရိန်းမြေမှာရော မြန်မာ့မြေမှာရော အရယူပြီး တျုတ် ရုရှားကို နိုင်ငံရေး စစ်ရေးအရပါ  ဦးနှိမ်ချိုးပြီး ပါဝါတင်ပြလေမလားဆိုတာ အဖြေက ဘယ်လိုတွက်တွက် ထိုအဖြေပုစ္စာပဲ ဖြစ်နေ ထွက်နေတယ်ဗျာ သို့ကြောင့် ယူကရိန်းရော မြန်မာရော US support ပြီဆိုတော့ သူ့အတွက်လည်း အနိုင်သေချာနေတဲ့ အပိုင်ပွဲတွေဖြစ်တဲ့အတွက်_မို့ ရင်းရဲ ထောက်ကူ support ခြင်းသာ ဖြစ်သည့်အတွက် US ရဲ့ ယူကရိန်းတပ်နဲ့ NUG ရဲ့ PDF တွေအပေါ် ဘယ်လောက် အားကိုးထား ယုံကြည်သလဲဆိုတာစိတ်ဓာတ် ပြင်းပြ အောင်ပွဲဆာလောင်နေမှုတွေကို တွက်ချက် အဖြေထုတ်ကြည့်ထားပြီ ဖြစ်တဲ့အတွက် သူ့အတွက်လည်း သိက္ခာမကျရလေအောင် နိုင်မြင်း ပုံအော လောင်းတဲ့ အဖြစ်မို့ ဒီနှစ်ပွဲရဲ့ အောင်ပွဲဟာ US ရဲ့ တွက်ချက်ထားပြီး ဖြစ်တဲ့ နိုင်ငံရေး သီအိုရီနဲ့ အကျိုးမြတ်ရလဒ်အတွက်ဆိုရင် သေချာပေါက်ကို အနိုင် အောင်မြင်နေပြီမို့ လက်ကျန်ဖြတ်စေဖို့ သူတို့လည်း ပုံအော ကစားကြခြင်း ဖြစ်သည်ဟု ဆိုချင်သည် 

#မင်းကြည်ညိုနေ
🦸
ဆက်ဖတ်ရန် →
ဖရဲသီးများကို ဒလန် အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက လျှို့ဝှက် အမိန့် ထုတ်ပြန်

ဖရဲသီးများကို ဒလန် အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက လျှို့ဝှက် အမိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်းတွင် ဝန်ကြီးဌာနအတွင်းမှ ဖရဲသီးများကို ဒလန် အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက လျှို့ဝှက် အမိန့် ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ခေတ်သစ်

စစ်ကိုင်းတိုင်းအတွင် ဝန်ကြီးဌာနအတွင်းမှ PDF ထောက်ခံနေသူများ၊ ဖရဲသီး များ ကို ဒလန်အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက တရားဝင် လျှို့ဝှက် ညွှန်ကြားချက် တစ်ရပ်ကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်လိုက်သည်။ 

နိုဝင်ဘာလ၈ ရက်နေ့ နံနက် ၉ နာရီအချိန်  စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး အစည်း အဝေး ခန်းမ ၁ တွင် ကျင်းပပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းအစိုးရ တည်ငြိမ် အေးချမ်း ရေးနှင့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝန်ကြီးဌာနအတွင်း PDF များ ထံသို့ သတင်းပေး နေသည့် ဖရဲသီးများကို ဒလန်အမည်တပ်၍ ရှင်းလင်း ရ န်ဆိုသော လျှို့ဝှက်အမိန့် ညွှန်ကြားချက်ကို ခရိုင်အဆင့် ဌာနဆိုင်ရာ များ အားလုံးသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်း စစ်ကောင်စီက ညွှန်ကြားချက် ၅ ချက် ထုတ်ပြန်ခဲ့ပြီး ဝန်ထမ်းများ ခရီးသွားလာရာတွင် လုံခြုံမှုရှိမှသာ သွားလာ ရန် အကြောင်း ကြားချက်ကို တိကျစွာ လိုက်နာရန်၊ ဌာနအတွင်းရှိ ဒလန်များ ကို ရှင်းလင်းရန်၊ တင်ဒါများကို အချိန်မီဆောင်ရွက်ရန်၊ ဌာနပိုင်ပစ္စည်းများ ပျက်စီး ဆုံးရှုံး လုယူခံရမှုများကို စုံစမ်းစစ်ဆေး အရေးယူ ဖော်ထုတ်ရန်၊ ဌာန ဆိုင်ရာရုံးများအတွင်းတွင် မြေလွတ်နေရာများကို တစ်ပိုင်တစ်နိုင် စိုက် ပျိုးရန်တို့ ပါဝင်သည်။ 

"ကျနော်ထင်တာတော့ ဝန်ကြီးဌာနတွင်းမှာ ဖရဲသီးလို့ ယူဆရတဲ့သူတွေကို သတ်ဖြတ်ရှင်းလင်းပြီး ဒလန်ဆိုပြီး PDF က သတ်ပါတယ်ဆိုတာမျိုး လုပ်မယ့် ညွှန်ကြားချက်လို့ နားလည်ရတယ်။ အဓိပ္ပာယ်က ။ အဲဒါဆိုတော့ စစ်ကောင်စီ ကိုယ်တိုင်က သူ့ဝန်ထမ်းတွေကို သူတို့  မသင်္ကာရင် သတ်မယ့်သဘောလားလို့ တွေးစရာရှိတယ်။ ညွှန်ကြားချက်က " ဟု စစ်ကိုင်းတိုင်းစစ်ကောင်စီ ဝန်ထမ်း တစ်ဦး က သုံးသပ်ပြောဆိုသည်။




ဆက်ဖတ်ရန် →
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ်ဗိုက်ဒါ ပြောစကား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ်ဗိုက်ဒါ ပြောစကား

မြန်မာပြည်သူများသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ပိုင်ဆိုင်မည်ဟု ယုံကြည်ကြောင်း အမေရိကန် သံအမတ်ပြောကြား
CJ Platform

https://cjplatform.com/?p=4368

မြန်မာပြည်သူများသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိုပိုင်ဆိုင်မည်ဟု ယုံကြည်ကြောင်း တာဝန်ပြီးဆုံးတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ်ဗိုက်ဒါက ယနေ့တွင်ပြောကြားသည်။

ပြီးခဲ့သည့် ၂နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်ကို ဂုဏ်ယူကြောင်း၊ သမ္မတဦးဝင်းမြင့်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ၂၀၂၁ ဇန်နဝါရီ ၁၉ရက်တွင် သံအမတ်ခန့်အပ်လွှာပေးအပ်နိုင်ခဲ့ခြင်းသည် ဆုလာဒ်တစ်ခုဖြစ်သည်ဟု သံအမတ်ကြီးက ပြောကြားသည်။

ထို့နောက် စစ်တပ်သည် အရပ်သားအစိုးရကိုဖြုတ်ချပြီး အကြမ်းဖက်ဖိနှိပ်ချုပ်ခြယ်မှုလမ်းစဥ်ကို စတင်ခဲ့သည်မှာ ယနေ့ထိဖြစ်ကြောင်း၊ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ၏ ထူးခြားအောင်မြင်မူများသည် ဆိတ်သုဥ်းပျောက်ကွယ်ခဲ့ကြောင်း အမေရိကန်သံအမတ်က ပြောကြားသည်။

"တရားမျှတမှုဆီရောက်ဖို့ အချိန်ကြာမြင့်တတ်ပေမယ့် စကြာဝဠာကြီးက. တရားမျဌတမှုဆီကိုပဲ ဦးတည်ရွေ့လျားနေတယ်လို့ မာတင်လူသာကင်းဂျူနီယာကပြောခဲ့ဖူးပါတယ်။ အချိန်တွေကြားကောင်းကြာပေမယ့် မြန်မာပြည်သူတွေဟာ နောက်ဆုံးမှာ မိမိတို့ရဲ့ မွေးရာပါလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီကို အသေအချာပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါဟာသင်တို့အမှန်တကယ် တောင်းဆိုနေတာဖြစ်ပြီး သင်တို့နဲ့ထိုက်တန်တဲ့အရာလည်းဖြစ်ပါတယ်"ဟု အမေရိကန်သံအမတ်က ပြောကြားသည်။

မြန်မာပြည်သူများ၏ သူရသတ္တိ၊ ခံနိုင်ရည်နှင့် စိတ်ဓာတ်ကြံခိုင်မှာသည် လေးစားအတုယူဖွယ်ဖြစ်ကြောင်း၊ ပြည်သူများသည် အသက်မွေးမှု၊ ပညာရေး၊ လွတ်လပ်ခွင့်နှင့် အများကောင်းစားရေးအတွက် အသက်တောင် စတေးကြသည်ကို မျက်မြင်တွေ့ရပြီး ယခုလိုကြိုးပမ်းအားထုတ်မှုသည် ဆုလာဒ်နှင့်ထိုက်တန်ကြောင်း ယင်းကဆိုသည်။

ထို့ကြောင့် အာဏာရှင်အဖွဲ့အစည်းကို သံတမန်ရေး၊ စီးပွားရေးအရ ဖိအားပေးခြင်း၊ ယင်းတို့ကျူးလွန်ခဲ့မှုများနှင့် ဆက်လက်ကျူးလွန်နေသည့် နှိပ်စက်မှုမျာအတွက် အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူ၊ တာဝန်ခံမှုရှိစေရန် နှင့် အကူအညီလိုအပ်နေသည့် လူသန်းပေါင်းများစွာအတွက် လွတ်လပ်ခွင့်ရရှိနိုင်ရန်ကြိုးစားနေသည် မြန်မာနိုင်ငံသားများကို နိုင်ငံတကာ မိတ်ဖက်များနှင့်အတူ အားပေးထောက်ခံရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု အမေရိကန်သံအမတ်က ပြောကြားသည်။
🖋️မွန်လေး

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အမေရိကန် #သံအမတ်

ဆက်ဖတ်ရန် →
အဘဒေါသထွက်နေသော ၁၀၇ မမ

အဘဒေါသထွက်နေသော ၁၀၇ မမ

မနေ့က မင်္ဂလာဒုံ လေတပ်စခန်း အပစ်ခံရတာက အဘကို ဒေါသထွက်စေခဲ့ပါတယ်။ ပထမမေးခွန်းက ဒီ ၁၀၇မမကို ဘယ်သူဆောက်ပံ့လဲဆိုတာပါ။ အမေရိကန်က ယခုမှ ဥပဒေအတည်ပြုလို့ ထောက်ပံ့တာက မဖြစ်နိုင်သေးပါ။ နောက်ကရင်ဘက်မှာ ၁၀၇ မမက သုံးတာ နည်းပါတယ်။ NUG ကို လေသံကျယ်ကျယ်နဲ့ ထောက်ခံတာက အနောက်အုပ်စုပါ။ ဒါပေမယ့် တပ်ထောက်လှမ်းရေးက အနောက်အုပ်စုက လက်နက်ထောက်ပံ့တဲ့အထောက်အထား ယခုအချိန်အထိ မတွေ့ရသေးပါ။ ဒါဆိုရင် ၁၀၇ မမ က ဘယ်ကလာလဲ? အဓိက ထုတ်လုပ်သူက တရုတ်ပါ။ တရုတ်အစိုးရက တရားဝင် NUG နဲ့တွေ့တာ ဘာညာမရှိပါ။ စရဖက တရုတ်ဟာ NUG နဲ့ စင်ကာပူနဲ့ အင်ဒိုတို့လို ခိုးတွေ့တယ်လို့ သုံးသပ်ထားပါတယ်။ ဒီ ၁၀၇ ဟာ ယခင်ကလဲ ရှမ်းပြည်ထဲမှာ မိခဲ့ဖူးပြီး တရုတ်ကို သတင်းစာရှင်းလင်းပွဲမှာ စောင်းပြောခဲ့ပါတယ်။ ယခုလဲ မဲလုံးက သိပေမယ့် အဘက တရုတ်ကို ပြောရဲဖို့က လွယ်မယ်မထင်ပါ။ နောက် PDF ထံက မိတဲ့လက်နက်အချို့ဟာ တရုတ်လုပ်ဖြစ်နေပါတယ်။

ဒုတိယက ၁၀၇ မမ ရန်ကုန်ထဲကို ဘယ်လိုသွင်းလာလဲဆိုတဲ့ကိစ္စပါ။ ဂိတ်တွေက လာဘ်စားပြီးအသွင်းခံတာလား တပ်ထဲက ဖရဲသီးတွေက ကူနေတာလား သံသယဖြစ်နေတာပါ။ TNLA ကိုရှုံးတာလဲ ဖရဲသီး‌ကြောင့်ဆိုပြီး အရှက်ပြေတင်ပြလို့ ဖရဲသီးရှာ စစ်ဆင်ရေးလုပ်ပါမယ်။
လောကမှာက မထင်တာတွေဖြစ်တတ်ပါတယ်။ အမေကိကန်က ကူမယ်လို့ အပြင်ကအော်ချိန်မှာ အထဲမှာက တရုတ်ရန်အတွက် တရုတ်က ကူတယ်လို့ထင်နေတာပါ။ နောက်သူရှုံးတာက ဖရဲသီးကြောင့်ဆိုပြီး မဆိုင်တာကို ရူးချင်ယောင်ဆောင် အပြစ်တင်နေတာပါ။
အကျဉ်းချုပ်ရရင် ရန်ကုန်ကလေတပ်ပစ်တာက လူကိုထိ လေယာဉ်နားကိုထိခဲ့လို့ PDF ရဲ့ အောင်ပွဲလို့ ပြောလို့ရပါတယ်။ ဘယ်သူ ၁၀၇ မမ ကိုပေးလဲ စာရေးသူမသိပါ။ သေချာတာက ပြည်သူက ငွေထောက်ပံ့လို့ ဝယ်နိုင်တာပါ။ ပြည်သူတွေအနေနဲ့ စီးပွားရေးကျပ်ချိန်မှာ ငွေခေါင်းမကွဲစေဘဲ တပ်တော်တွေကိုရှောင် NUG ကိုဆောင်ပြီး PDF ကို NUG ကတဆင့်သာ လှူနိုင်အောင်ကြိုးစားကြပါ။ NUG အင်အားရှိမှ PDF အင်အားရှိမှာဖြစ်ပြီး PDF အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာပါ။ ဘာတပ်တော် ညာတပ်တော်တွေ အင်အားကြီးရင်တော့ ဆီးရီးယားလို ဖြစ်သွားမှာပါ။ ပြည်သူသာ အဓိကပါ။
myattunoo





ဆက်ဖတ်ရန် →
လှည်းကူးမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေးနဲ့ အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီ စီစဉ်

လှည်းကူးမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေးနဲ့ အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီ စီစဉ်



မဲခေါင်၊ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အစားထိုး ခန့်အပ်ဖို့ စစ်ကောင်စီက စီစဉ်နေပြီလို့ လှည်ကူးမြို့နယ် ကြံခိုင်ရေးပါတီ တာဝန်ရှိသူက ပြောပါတယ်။

လှည်းကူးမြို့ပေါ်က ရပ်ကွက် ၅ ခု အပါအဝင် ကျေးရွာအုပ်စု ၅၇ အုပ်စုမှ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ဒီဇင်ဘာလကုန်ပိုင်းမှာ အပြောင်းအလဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

အခုလို အပြောင်းအလဲ ပြုလုပ်ရာမှာ လက်ရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူး အားလုံးကို တာဝန်မှ ရပ်နားပြီး ကြံ့ခိုင်ရေးပါတီဝင်တွေကို အစားထိုး ခန့်အပ် တာဝန်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

"အသစ်ခန့်မယ့် သူတွေထဲမှာ သုံးပုံက ပါတီဝင်တွေ ဖြစ်လိမ့်မယ်။ ကျန်တဲ့ တစ်ပုံကတော့ အဆင် ပြေတဲ့သူတွေ ဖြစ်မှာပေါ့။ NLD လက်ထက်က လူတွေတော့ မပါတော့ဘူး။ တစ်ချို့လည်း ထွက်ဖို့ အတွက် စာတင်ထားတာတွေ ရှိတယ်လို့ သိရတယ်။ အသစ် ပြန်ခန့်အပ်တဲ့ သဘောပါ" လို့ ကြံ့ခိုင်ရေးပါတီဝင်က ဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေမှူး အချို့ နှုတ်ထွက်စာ တင်ခဲ့ပေမယ့် စစ်ကောင်စီက ထွက်ခွင့် မပေးဘဲ ခြိမ်းခြောက် ခိုင်းစေနေလို့ အုပ်ချုပ်ရေးမှူး အဖြစ် ဆက်လက် လုပ်ကိုင်နေရ သူတွေလည်း ရှိတယ်လို့ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

"နှုတ်ထွက်စာ တင်တဲ့ သူတွေရှိတယ်။ ပစ်သတ်ခံရမှာ ကြောက်လို့ ထွက်စာတင်တဲ့ သူတွေ ရှိသလို စစ်ကောင်စီ လက်အောက်မှာ မလုပ်ချင်လို့ ထွက်ချင်တဲ့ သူတွေလည်း ပါကြတယ်လေ။ ကြံ့ခိုင်ရေးက လူတွေ ဝင်လုပ်မယ် ဆိုတော့လည်း လုပ်ပေါ့။ အာဏာသိမ်း ကာလမှာတော့ ဘာပြောလို့ရမလဲ။ သူတို့ ခိုင်းတဲ့ အတိုင်း လုပ်ရတာ" လို့ သူကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လှည်းကူးမြို့နယ် အတွင်း ပြည်သူတွေ ရွေးချယ် တင်မြှောက်ထားတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက တာဝန်မှ ရပ်နားခဲ့ပြီး အရင် န.ဖ.အ စစ်ကောင်စီ လက်ထက်က အုပ်ချုပ်ရေးမှူးဟောင်း အများစုကို ပြန်လည် တာဝန်ပေး ခန့်အပ်ထားတာ ဖြစ်ပါတယ်။

MK-005
#MeKongNews


ဆက်ဖတ်ရန် →
 “ပုဇင်းရင်ကွဲတွေ အော်နေကြတယ်”

“ပုဇင်းရင်ကွဲတွေ အော်နေကြတယ်”

တင်နီလာအေး (KNLA)ဂွင်ထဲ ပိတ်မိသွားတဲ့ စခတွေကို ဆွဲထုတ်ဖို့အတွက် တိုင်းမှူးကိုယ်တိုင် ဆက်သွယ်လာပြီး အထွက် လမ်းကြောင်းပေးဖို့ ခခယယ တောင်းပန်ပါတယ် တဲ့။ 

သူဆက်သွယ်တဲ့အချိန်က တော်တော် နောက်ကျသွားပြီ၊ ပထမအသုတ် ဆွဲစားခံရလို့ နောက်ထပ် ကွန်မန်ဒိုတသုတ် ထပ်ပို့တာ ကုန်ခါနီးမှ hotline က ဆက်သွယ်လာတာ။ 

တင်နီလာအေး သုတ်လိုက်လို့ ဆက်မပျံနိုင်တဲ့ ပုဇင်းနှစ်ကောင် မိုးမိတ်တင် အတင်းထိုးဆင်း နားရတယ်တဲ့။ 

မိုးမိတ်မှာ နားနေတုံး ပုဇင်းဒရိုင်ဘာတွေ အကြွေးခံရလို့ ဂိသွားတဲ့ သတင်း မထုတ်ပြန်ရဲဘူး။ သတင်းစာထဲ နာရေး ပါမလား စောင့်ကြည့်ကြ။

မိုးပျံနိဗ္ဗာန်ယာဉ် (ခေါ်) ပုဇင်းတွေကို မောင်းမဲ့ ဒရိုင်ဘာတွေ ရှိပါ့အုံးမလားဘဲ။ အခြေအနေက လွန်ခဲ့တဲ့ ၆ လနဲ့တောင် မတူတော့ဘူး။ ပုဇင်းတွေ ရင်ကွဲချိန် ရောက်လာပြီလေ။

“ပုဇင်းရင်ကွဲတွေ အော်နေကြတယ်” ဖိုးချိုရဲ့ သီချင်းလေး သတိရမိ။

တာဘုန်းကျော်ရဲ့ ဒရုန်းတပ်ကလဲ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်တော့မယ် ဆိုပါလား။ နိုင်ငံအရပ်ရပ်က GenZ တွေနဲ့ ဖွဲ့ထားတာ။ 

တင်နီလာအေးရဲ့ အလှတရားက ထင်ရှားလာတော့မယ်လေ။





ဆက်ဖတ်ရန် →
  ပေါင်မြို့နယ်ကို အနီရောင်အဆင့်သတ်မှတ်ထားပြီး မြို့နယ်တရားရုံးနှင့် ထွေအုပ်ရုံးများ ယာယီပိတ်

ပေါင်မြို့နယ်ကို အနီရောင်အဆင့်သတ်မှတ်ထားပြီး မြို့နယ်တရားရုံးနှင့် ထွေအုပ်ရုံးများ ယာယီပိတ်



ဧရာဝတီတိုင်းမ်
(ပေါင်)၊ ဒီဇင်ဘာလ ၁၇ ရက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်  ဒီဇင်ဘာလ ၁၅ ရက်နေ့ နေလည်ပိုင်းမှ စတင်ပြီး အနီရောင်အဆင့်သတ်မှတ်ထားသည်ဟုဆိုကာ တရားရုံးနှင့် ထွေအုပ်ရုံးများအား မြို့နယ်အုပ်ချုပ်ရေးအရာရှိများမှ ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

မြို့နယ်တရားရုံးနှင့် ထွေအုပ်ရုံးအား စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးအရာရှိများမှ အစည်းအဝေးထိုင်ကာ ယာယီပိတ်ထားရန်ဆုံးဖြတ်ချက်ချခဲ့ပြီး မည်သည့်အကြောင်းကြောင့်ရုံးပိတ်ရသည်ကို မသိကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"မြို့နယ်ကိုအနီရောင်အဆင့်ဆိုပြီး သတ်မှတ်ပြီးပိတ်လိုက်တယ်လို့ကြားတယ်။ လူကြီးတွေအစည်းဝေးထိုင်ပြီးဆုံးဖြတ်လိုက်တာ။ စစ်တပ်ကနေညွှန်ကြားတာမျိုးလဲမဟုတ်ဘူး။ လက်အောက်ခံဝန်ထမ်းတွေကလည်းပြန်မမေးရဲဘူးလေ သူတို့အထက်အရာရှိကို။ ရုံးပိတ်ပြီ မလာနဲ့ဆိုတာပဲသိတယ်" ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် မြို့နယ်ရဲစခန်းမှူးမှာလည်း စခန်းတွင် မနေရဲသဖြင့်  ရှောင်တိမ်းနေထိုင်လျှက်ရှိနေပြီး ပေါင်မြို့မရဲစခန်းတွင်လည်းအချုပ်ခန်းစောင့်ရဲတပ်သားအနည်းငယ်သာထားရှိကြောင်း သိရသည်။

"မြို့နယ်မှူးက ညဆိုမော်လမြိုင်မှာသွားအိပ်တာ။ ဒီမှာမနေရဲလို့။ စခန်းမှူးကလည်းပေါင်မြို့ထဲ ဟိုရှောင်အိပ်၊ ဒီရှောင်အိပ်နဲ့၊ ပြောရမယ်ဆို ပေါင်မြို့နယ်ရဲ့အုပ်ချုပ်ရေး ယန္တရားကပျက်နေပြီ" ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရဲစခန်းများ၊ ဌာနဆိုင်ရာရုံများ၊ အုပ်ချုပ်ရေးမှူးရုံးများ တိုက်ခိုက်ခံခြင်းများမကြာခဏ ဖြစ်ပွားနေပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်း နှင့်ရဲတပ်သားတစ်ဦး ပစ်ခတ်ရှင်းလင်းခြင်းခံခဲ့သေးကြောင်း သိရသည်။
ဆက်ဖတ်ရန် →
ချစ်တယ်အေသင်

ချစ်တယ်အေသင်

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က တေးသံရှင် အေသင်ချိုဆွေရဲ့ ဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။ ဖျော်ဖြေပွဲမှာ အေသင်ချိုဆွေက သူ့ရဲ့ သီချင်းအသစ်တွေရောသီချင်းအဟောင်းတွေပါ တကိုယ်တော် သီဆိုခဲ့ပါတယ်။ ဂီတဖျော်ဖြေပွဲမှာ မြန်မာအစားအသောက်တွေကို စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေ ရှာဖွေတဲ့အနေနဲ့ ရောင်းချပေးခဲ့ပါတယ်။
#DVB #News #Photo #အေသင်ချိုဆွေ #ရန်ပုံငွေဖျော်ဖြေပွဲ #စစ်ရှောင်







ဆက်ဖတ်ရန် →