နောက်ဆုံးရ

နှင်းဆီကျော်မြင့်နှင့်ဝီရသူ

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ဒဏ် ၆ နှစ်နှင့် ဒဏ်ငွေ ၁ သိန်း ချမှတ်

DVB


နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ် ၆ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်း ချမှတ်ခဲ့တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကျော်မြင့်ဟာကနေဒါမှာတရုတ်ပြည်ကိုတရုတ်နိုင်ငံကူးစာအုပ်နဲ့ပြန်သွားသလို တရုတ်သံအမတ် တရုတ်အစိုးရနဲ့တွေ့ခဲ့အထောက်အထားတွေထပ်တင်ပေးပါတယ်။တင်ရတဲ့အကြောင်းက ဝီရသူဗွီဒီယိုဖိုင်မှာ အမျိူးသားအကျိုးစီးပွါးအတွက် ကျော်မြင့်ကိုလွှတ်ပေးဖို့ မအလကို တောင်းဆိုနေလို့ပါ ၊ဘယ်အမျိူးသားအကျိုးစီးပွါးအတွက်လဲ?


မြန်မာလား တရုတ်လား?ဒီဖိုင်မှာကြည့်ပါ



ချီးဘရိန်းဝီရသူကို ကြုံရင်ဒီပုံ တွေပြလိုက်ပါ









ပါတီကိုကနေဒါမှာကနေဒါနိုင်ငံသား
ကျော်မိုးတို့နဲ့စဖွဲ့ခဲ့တယ်။👇👇👇






ဦိးကျော်မြင့်ရဲ့ပြည်ဝင်ခွင့်/စီးပွါးရေး/

ပါတီဥက္ကဌ/ယူအီးစီမှာမည်သို့မှတ်ပုံတင်

ခွင့်ရခဲ့ခြင််း(?)


 မြန်မာကျော်ဆိုတဲ့ကုမ္ပဏီအားဘယ်နာမည်

ဖြင့်မှတ်ပုံတင်ခဲ့ခြင်း (ဦးကျော်မြင့်)


မည်သည့်နာမည်နဲ့ ၂၀၁၂ မှာတရုတ်ပြည်ရွှေလီမြို့

ကိုရောက်နေခြင်း (ဝူဂျူမင်း)


တရုတ်ပြည်ကနေမည်သည့်ကုမ္ပဏီအမည်ဖြင့်

မြန်မာပြည်သို့ကုန်ပစ္စည်းသွင်းခဲ့ခြင်း(?)


 မည်သည့်နာမည် မည်သည့်နိုင်ငံသားကဒ်ပြား

ကိုင်ဆောင်ကာ ၂၀၁၂ တွင်မြန်မာပြည်သို့ဝင်

ရောက်လာပြီးတရုတ်သံအမတ်နှင့်တွေ့ဆုံခဲ့ခြင်း(?)


စသည် စသည့်မေးခွန်းအား ရှင်းလင်းရန်လိုပါသည်။ 


ဒီတော့ ဒီလူကိုင်ဆောင်ထားသည့် တရားဝင်မှတ်ပုံ

တင်ကပ်ပြားပေါ်မှာဖေါ်ပြထားသည့်အမည်ကို

ရှင်းရှင်းသိဖို့လိုအပ်ပါသည်၊တရားဝင် မှတ်ပုံတင်

ဘယ်နှစ်မျိုးကိုင်ဆောင်ထားပြီး နိုင်ငံဘယ်နှစ်နိုင်ငံမှာ

တရားဝင်နေထိုင်ခွင့်ရှိသောကပ်ပြားကိုင်ဆောင်

ထားခြင်း စသဖြင့်ပြတ်သားသော ခိုင်လုံသော

အထောက်အထားလိုသည်၊ 


ထို့ပြင် နိုင်ငံတခုထက်ပိုသောကပ်ပြားကိုင်ဆောင်

ခြင်းသည်သက်ဆိုင်ရာနိုင်ငံ၏ဥပဒေနှင့်ငြိစွမ်းခြင်း

ရှိမရှိလည်းသိရန်လိုအပ်သည်။ 


တခုသေခြာတာကတော့ သူ့မှာတရုတ်နိုင်ငံကူးလက်

မှတ်ရှိလို့သာ ၂၀၁၂ခုနှစ်မှာကနေဒါကနေ 

တရုတ်ပြည်သို့ရောက်သွားနိုင်သည်။ 


တရုတ်နိုင်ငံသားတယောက်ကနေမည်ကဲ့သို့

မြန်မာနိုင်ငံသားဖြစ်သွားကာ၂၀၁၃မှာဝင်ရောက်ကာ 

UDPဥက္ကဌဖြင့်၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ

ဝင်ပြိုင်လို့ရအောင် ယူအီးစီ မှာစာရင်းသွင်းတာလဲ၊


၂၀၁၅ ရွေးကောက်ပွဲတုံးက ဦးကျော်မြင့်နာမည်နဲ့

အတိအလင်းအသိအမှတ်ခံထားရဲ့နဲ့ ဒီတခေါက် 

၂၀၂၀ ရွေးကောက်ပွဲမှာ ဇခုန်ဇုန်ဆောင်းဆိုတဲ့

လချိတ်နာမည်ကဘယ်ကစပေါ်ပေါက်လာတာလဲ၊


ဇခုန်ဇုန်ဆောင်း ဆိုတဲ့နာမည်ဟာ သူကိုင်ပြသည့် 

မှတ်ပုံတင်ကပ်ပြားပေါ်မှာနဂိုမူလကပါရှိပြီးသား

ဆိုပါက အဘယ်ကြောင့်သူ၏ ကနေဒါဆိုင်ရာကိုယ်ရေးမှတ်တမ်းမှာဖေါ်ပြမထားပါသလဲ ။ 


ဒီပုဂ္ဂိုလ်သည် မည်သူမည်ဝါ ? 


တရုတ်ပြည်မှတရားမဝင်ဗကပခေတ်ကဝင်ရောက်လာသူလော 


ဗမာပြည်ပေါက် ပေါက်ဖေါ်လော 


ရှမ်းပြည်မြောက်ပိုင်းက ရှမ်းတရုတ်ကပြားလော 


ကချင်တရုတ်လော 


မိုက်ကယ်လော 


ဟွာဟူလော 


ဟူဟွာလော 


ရန်ကုန်တရုတ်ကျောင်းထွက်ကျော်မြင့်လော 


ဇခုန်ဇုန်ဆောင်းလော 


ယူထားသည့်ဇနီး ကိုးကန့်သူလော 


ဇခွန်တင်းယိန်၏သမီး မနန်းဘောက်လော 


တရုတ်အမျိုးသမီး ကျန်းယန်ဇိုးလော 


သို့လော သို့လော အဖြေမရှင်းမခြင်း 


သို့လောနဲ့ဘဲဇာတ်ရှုပ်နေမှာဘဲ။



ဦးကျော်မြင့် ၁၉၉၉ခုနှစ်တွင် သင်္ကန်း

ဝတ်ဖြင့်အိုးဘိုထောင်မှထွက်ပြေးပြီး

နောက်တရုတ်နိုင်ငံတွင်အစိုးရအရာရှိ

များနှင့်တွေ့ဆုံသည့် မှတ်တမ်းများမှ

တချို့—


တရားရုံးမှာနှင်းဆီကျော်မြင့်က

တရုတ်ပြည်ကနေမြန်မာနိူင်ငံကို

ပြန်လာလို့ရလားလို့မြန်မာကောင်

စစ်၀န်ရုံးသွားမေးတယ်တဲ့


မြန်မာကောင်စစ်၀န်ချုပ်ဗိုလ်မှုးဇော်ဖြိုး၀င်းဦးသန်းရွှေသမက်)ကနာမည်ပျက်စာရင်းမှာမပါဘူး၊

ပြန်လာလို့ရပါတယ်တဲ့ဆိုလို့ပြန်လာတာပါလို့တရားရုံးမှာထွက်ဆိုပါတယ်တဲ့





ဆက်ဖတ်ရန် →
စစ်ကောင်စီတပ်၏  ရဟတ်ယာဉ် ၂ စီးအား TNLA  ပစ်ခတ်ထိမှန်

စစ်ကောင်စီတပ်၏ ရဟတ်ယာဉ် ၂ စီးအား TNLA ပစ်ခတ်ထိမှန်



မဇ္ဈိမ ။ ။  နမ့်ဆန်မြို့နယ်၊ တအာင်း(ပလောင်)ဒေသတွင် ဒီဇင်ဘာလ ၇ ရက်နေ့မှစ၍ တိုက်ပွဲပြင်းထန်နေသည့် ကုန်းသာကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ရဟတ်ယာဥ် နှစ်စီးအား တအာင်းတပ်မတော် (TNLA) က ပစ်ခတ်ရာ နှစ်စီးစလုံး ထိမှန်သွားကြောင်း စုံစမ်းသိရှိရသည်။

TNLA တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒီဇင်ဘာလ ၁၀ ရက်က တစ်စီးနှင့် ဒီဇင်ဘာ ၁၁ ရက်က တစ်စီး ထိမှန်ခြင်းဖြစ်သည်ဟု မြေပြင်ရှိ TNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

"ဒီဇင်ဘာ ၁၀ ရက် နေ့လယ် ၁ နာရီခွဲက တစ်စီး ၁၁ ရက်မှာက တစ်စီးထိတယ်။ အောက်တော့ မကျဘူး။ မီးခိုးထွက်ပြီး ရေပုံးရွာဘက် ပြန်သွားတာ။ မီးခိုးထွက်တာ မြင်နေတော့ ကျမလားလို့ စောင့်ကြည့်တာ မကျဘူး" ဟု ပြောသည်။

ဒီဇင်ဘာလ ၇ ရက်မှ ယနေ့အထိ စစ်ကောင်စီတပ်သည်  လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄ဝ ကျော် ပြုလုပ်ခဲ့ပြီး နမ့်ဆန်နှင့် မန်တုံရှိ စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် အကြိမ် ၅ဝ ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲကြောင့် ယနေ့အထိ ကုန်းသာ၊ ဟူးမန်း၊ ပိန်းလုံ၊ ဆာမ်ငမ်၊ ပန်အလောက်နှင့် မန်လုံးရွာမှ အိမ် ထောင်စု ၃၉၆ စုနှင့် လူဦးရေ ၁,၃၈၆ ဦးသည် မြို့ပေါ်ရှိ ဇယန်းကြီး ဘုန်းကြီးကျောင်းသို့ တိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။

စာတည်း။   ။ဖူးသိမ်ကျ

#ရှမ်းပြည်နယ်
#နမ့်ဆန်မြို့နယ်
#TNLA
#ရဟတ်ယာဉ်
#ပစ်ခတ်

ဓာတ်ပုံ-SPM/TAG




ဆက်ဖတ်ရန် →
ဖုတ်ဝင်စီးနေတဲ့ယူအက်စ်အေရောက်       ရဲဝင့်သူ

ဖုတ်ဝင်စီးနေတဲ့ယူအက်စ်အေရောက် ရဲဝင့်သူ


မျက်နှာကြီးရှေ့ကိုငေါငေါပြီး
ထွက်ထွ
က်မလာနဲ့လေ မအေလိုးရဲ့
 
မင်းသွားနဲ့ငါ့ယီးလာခြစ်မိအုံးမယ်
မင်းလဲသိပ်ကြာပါဖူးပြည်နှင်ဒဏ်အ
ပေးခံရမှာသတင်းထောက်ပြုတ်ကောင်

DVB မှာအလုပ်ပြန်လိုချင်ပုံရတယ်😁



ဆက်ဖတ်ရန် →
အကောင်းဆုံးယှဉ်ပြိုင်ပုံကဒီလို

အကောင်းဆုံးယှဉ်ပြိုင်ပုံကဒီလို

ထိုင်းလက်ရွေးစင်ဘောလုံးအသင်းသည် အသင်းကောင်းတစ်သင်းဖြစ်၍ အကောင်းဆုံးယှဉ်ပြိုင် ကစားသွားမည်ဟု မြန်မာ့လက်ရွေးစင်နည်းပြချုပ်ပြော

မြန့်လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ်အန်တွမ်နီဟေးက ထိုင်းလက်ရွေးစင်ဘောလုံးအသင်းနှင့်ခြေစမ်းပွဲယှဥ်ပြိုင်ကစားခြင်းမပြုမီ ဒီဇင်ဘာ ၁၀ ရက်(ယနေ့)မွန်းလွဲ ၂ နာရီ၌ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအား ထိုင်းနိုင်ငံရှိ သမ်မာဆက်အားကစားကွင်း၌ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့်နောက်ခံလူရဲမင်းသူ(ရှမ်းယူနိုက်တက်) တို့တက်ရောက်ဖြေကြားခဲ့သည်။

"ထိုင်းလက်ရွေးစင်အသင်းနဲ့ခြေစမ်းပွဲက ကျွန် တော်တို့ နှစ်သင်းစလုံးယှဉ်ပြိုင်ရမယ့် AFF Mitsubishi Ecectric Cup 2022 အတွက်ကောင်း မွန်တဲ့ပြင်ဆင်မှုတစ်ရပ်ဖြစ်ပါတယ် ထိုင်းအသင်းက အသင်းကောင်းတစ်သင်းဖြစ်လို့ ကျွန်တော်တို့ အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမှာပါ"ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် အန်တွမ်နီဟေးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့လက်ရွေးစင်ကစားသမား ရဲမင်းသူကလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ အကောင်းဆုံးလေ့ကျင့်ပြင်ဆင်လျက်ရှိကာ အ သင်းသားများမှာလည်း အကောင်းဆုံးအနေအ ထားရှိပြီး အသင်းဖော်ချင်းယုံကြည်မှုရှိကာ အ သင်းကောင်းတစ်သင်းဖြစ်သည့် ထိုင်းလက်ရွေး စင်ဘောလုံးအသင်းအား လေးစားမှုနှင့်အ ကောင်းဆုံးယှဥ်ပြိုင်သွားမည်ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခြင်းမပြုမီ နိုင်ငံတကာခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားခဲ့ပြီး အနိုင်ရလဒ်များရရှိခဲ့ကာ ဒီဇင် ဘာ ၁၁ ရက်(မနက်ဖြန်)ည ၉ နာရီ၌ Thammasat Stadium ကွင်းတွင် ထိုင်းလက်ရွေးစင်အသင်းနှင့်ပွဲစဥ်သည် ခြေစမ်းပွဲနောက်ဆုံးပွဲစဥ်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ထိုင်းလက်ရွေးစင်အသင်းနှင့်ခြေစမ်းပွဲယှဥ်ပြိုင်ကစားပြီးပါက AFF Mitsubishi Electric Cup 2022 အုပ်စုပွဲစဉ်၏ အဖွင့်ပွဲအဖြစ် ဒီဇင်ဘာ ၂၁ ရက်တွင် မလေးရှားလက်ရွေးစင်ဘောလုံးအသင်းနှင့် ရန်ကုန်မြို့၊သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

(ပေါ်ပြူလာဘောမသတင်း)


၆ဂိုးမှာ၂ဂိုးကအလှု အကောင်းဆုံး
ဆိုတာသူများသွေးပူလေ့ကျင့်ခန်းဆင်း
သလောက်ပဲရှိတာ  AFF Mitsubishi Electric Cup 2022 
မှာဘယ်လောက်ထပ်လှုမလဲဆိုတာသိရပါမယ်။
ဆက်ဖတ်ရန် →
ဦးသန်းရွှေနိဂုံး

ဦးသန်းရွှေနိဂုံး

အာဏာကိုသက်တမ်းစေ့သိမ်းထားနိုင်ခဲ့သူပါ
အာဏာလွှဲရာမှာလဲစိတ်ချရတဲ့အိမ်မှာခိုင်းထားတဲ့
လင်မယားကိုရွေးချယ်ခဲ့တာပါ၊ဦးသန်းရွှေမှန်းခဲ့တဲ့
နိုင်ငံရေးလမ်းကြောင်းကိုမှန်းကြည့်ရရင်—-
သူဟာလုပ်နိုင်ကိုင်နိုင်ရှိစဉ်မှာအာခံနိုင်သူ
အကုန်ရိုက်ချိူးခဲ့တယ်
ဦးနု ဒေါ်အောင်ဆန်းစုကြည်ကစလို့ ခင်ညွန့်မှာဆုံးတယ်
သူ့ရဲ့ political transitions က သူ့ထက်ပျော့တဲ့ ဦးသိန်းစိန် ပြီးတော့အမေစု ဒီလိုဖြေးဖြေးသွားချင်ခဲ့ပုံရတယ်
တဖက်မှာတပ်က၂၅%ရယ် ဦးပိုင်နဲ့တပ်ပိုင်မြေရယ်နဲ့
ဒီလိုလေး ရှဉ့်လဲလျောက်သာပျားလဲစွဲသာနေချင်ပုံရပါ
တယ်၊စိန်မျောက်မျောက်တို့သားအဖကိုသံတမန်ခန့်ပြီး
ဒေါ်စုနဲ့ငြိမ်းချမ်းရေးရဖို့့လုပ်ခဲ့တယ်၊သူအိုချိန်မှာ
အိပ်ရေးဝဖို့သူ့မှာရန်သူမရှိအောင်လုပ်ခဲ့တယ်၊
အခုလိုမင်းအောင်လှိုင်လုပ်လိုက်တာ သူလက်နဲ့ရေး
တာ မအလကခြေနဲ့ဖျက်သလိုဖြစ်တယ်၊ဒီမကြေလည်
မှုကိုမအလအနေနဲ့တုံ့ပြန်ဖို့တန်းညှိနေချိန်ဖြစ်တယ်၊
တပ်ထဲမှာသန်းရွှေ Cells တွေရှိနေသေးလားဆိုတာ
သူသိဖို့လိုလာပြီလေ၊ဒီအချိန်လွတ်လွတ်ကင်းကင်း
နဲ့သန်းရွှေကိုတန်းညှိနိုင်တာနေဝင်းမိသားစုပဲရှိတယ်
ဒါကြောင့်အေးနေဝင်းကဖရဲသီးပုပ်လို့ခေါ်တာ
ဒီလိုပြောဖို့မအလနဲ့ဝက် လက်ဝါးရိုက်ထားပုံရတယ်
အေဒီလမ်းခြံကိုသူ့အမေစန္ဒာဝင်းကသိန်းသုံးသောင်းနဲ့
ရောင်းမယ်လို့သတင်းထွက်နေချိန်လဲဖြစ်တယ်၊
သူ့သားလုပ်ရပ်တွေဟာ သူတို့မိသားစုနဲ့မဆိုင်လို့
သတင်းစာမှာထည့်ပြီးသား၊အခုတိုက်ပွဲကခေါင်တွေဖိုက်မယ့်တိုက်ပွဲ သူ့သားကြောင့်စန္ဒာဝင်းကအိမ်ရောင်းပြီးပြေး
ပေါက်ရှာပြီထင်တယ် 
အမေစုရှေ့မှာဝဋ်လည်ပြရမှာသူဟာသေတာထက်
ပိုပြီးကြောက်တတ်သူပါ ဘာလို့လဲဆိုတော့
အမေစုနဲ့သူ့ရဲ့ပတ်သက်မှုသမိုင်းကစောမောင်သန်းရွှေ
ရှေ့မှာနှစ်၂၀စာလောက်ကိုစောခဲ့တာလေ၊

ဦးသန်းရွှေရဲ့နိဂုံးဟာနွေဦးတော်လှန်ရေးကာလမှာ
ရောပြီးအဆုံးသတ်မှာလား
အာဏာရှင်တွေကျင့်ထုံးမှာတနွယ်ဆွတ်ရင်တစင်လုံး
ဖြိုတတ်လေတော့ဘယ်သူတွေပါကြမလဲ
အထက်ပါသုံးသပ်ချက်မှန်ရင် သန်းရွှေဟာ
နွေဦးတော်လှန်ရေးကိုဖရဲသီးလုပ်တာမဟုတ်ပဲ
သူရေးထားတဲ့ပန်းချီကားကို သူကိုယ်တိုင်မွေးခဲ့တဲ့
ခွေးကသေးနဲ့ပန်းလို့မကျေမနပ်ဖြစ်တာလို့ပဲသုံးသပ်
ပါတယ်၊
ဘာပဲဖြစ်ဖြစ် ခွေးတွေဝက်တွေအစာလုပွဲမှာ
ဘယ်တကောင်အနင်းခံရမလဲစောင့်ကြည့်ရတာပေါ့


ဆက်ဖတ်ရန် →
စမိုင်းလ်တို့ဇနီးမောင်နှံဟာဖရဲသီးလား

စမိုင်းလ်တို့ဇနီးမောင်နှံဟာဖရဲသီးလား

စမိုင်းလ်တို့ဇနီးမောင်နှံဟာဒေါ်အောင်ဆန်းစုကြည်အိမ်

ကိုသွားခဲ့သလိုနယ်သာလန်အထိလဲထောက်ခံ

ပွဲကိုသွားခဲ့တယ်

သူ့အမျိူးသားဟာ ဆက်သွယ်ရေးဝန်ကြီးတူ

ဖြစ်ပြီး အဝေးခေါ်ငွေဖြည့်ကဒ်တွေရောင်းခွင့်

ရခဲ့ပြီးတနိုင်ငံလုံးကဖုန်းခေါ်ခတွေနဲ့သန်းရာချီ

တန်အိမ်ဝယ်ပြီးယူအက်စ်မှာနေသူပါ

ဇီးသီးဗန်းမှောက်ချိန်မှာတဖက်ကအမေစုကို

ချစ်တယ်ဆိုတာဟုတ်မဟုတ်ကတော့စောင့်ကြည့်

ရမှာပဲဖြစ်ပါတယ်။





ဆက်ဖတ်ရန် →
သန်းရွှေကို မြန်မာနိုင်ငံရဲ့အကြီးဆုံး ဖရဲသီးပုပ်မိသားစုခေါင်းကိုင်လို့ သုံးနှုန်း

သန်းရွှေကို မြန်မာနိုင်ငံရဲ့အကြီးဆုံး ဖရဲသီးပုပ်မိသားစုခေါင်းကိုင်လို့ သုံးနှုန်း

လက်ရှိအာဏာသိမ်းမှုအပေါ် အကြီးအကျယ်ထောက်ခံမှုပြုနေတဲ့ ဦးနေဝင်းမြေး အေးနေဝင်းရဲ့telegram accountမှာရေးသားထားတဲ့စာပိုဒ်လေးတစ်ခုက အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ 

စာဖတ်သူကြီးကာချုပ်ဟောင်းဦးသန်းရွှေကို မြန်မာနိုင်ငံရဲ့အကြီးဆုံး ဖရဲသီးပုပ်မိသားစုခေါင်းကိုင်လို့ သုံးနှုန်းထားတာကိုတွေ့ရတာပါပဲ။ 

အေးနေဝင်းဟာ ဦးသန်းရွှေလက်ချက်နဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ်၁၂နှစ်ကျခံရဘူးသူဖြစ်သလို သူ့အဖိုးဦးနေဝင်းဟလည်း ဦးသန်းရွှေမှနေအိမ်အကျယ်ချုပ်ချဖို့လုပ်ခဲ့တဲ့အထိခံခဲ့ရဘူးသူပါ။ 

မြန်မာစစ်တပ်သမိုင်းဟာ တစ်ပါတ်ပြန်လည်ပြီးလားမေးခွန်းထုတ်စရာပါပဲ။ 

ဦးသနိးရွှေကာချုပ်ဖြစ်လာမယ့်လမ်းစအဖြစ် ဒုကာချုပ်နေရာပေးခဲ့သူဟာ ဦးနေဝင်းပါ။ အဲ့ကျေးဇူးအတွက် ဦးသန်းရွှေက ဦးနေဝင်းမြေးတွေကိူထောင်ချပြီး ကျေးဇူးဆပ်ခဲ့ဘူးပါတယ်။ 

အခုအချိန်မှာ အေးနေဝင်းအနေနဲ့ ဦးသန်းရွှေကိုဖရဲသီးပုပ်မိသားစုခေါင်းကိုင်လို့သုံးနှုန်းခြင်းဟာ ဘယ်သူ့အားကိုးနဲ့ပြောသလဲဆိုတဲ့လားရာကိုတွက်ဆကြည့်မယ်ဆိုရင် ဦးသန်းရွှေလည်း ဦးနေဝင်းလမ်းစဉ်လိုက်နေရပြီလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။

ဖရဲသီးဆိုတာ အပြင်မှာစိမ်းပေမဲ့ အထဲမှာနီနေတဲ့သူတွေကိုသမုတ်တဲ့စကားလုံးအဖြစ်လည်းသုံးပါတယ်။ တကယ်ပဲ ဦးသန်းရွှေမိသားစုဟာ ဖရဲသီးလား??
ခွန်းနောင်



ဆက်ဖတ်ရန် →
 လေတပ်  နှစ်ပတ်လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း

လေတပ် နှစ်ပတ်လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း

ရုရှားတိုက်လေယာဉ်သစ် SU-30 များကို မင်းအောင်လှိုင် စိတ်မချဖြစ်နေပြီး လေတပ်  နှစ်ပတ် လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း 

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံမှ ဝယ်ယူထားသော တိုက်လေယာဉ်သစ် SU-30 များကို စိတ်မချဖြစ်နေပြီး မိတ္တီလာလေတပ်တွင် ကျင်းပမည့် ၇၅ နှစ်မြောက် စိန်ရတု လေ တပ်နှစ်ပတ်လည်ပွဲတွင် SU-30 တိုက်လေယာဉ်သစ်များကို ရုရှားလေယာဉ်မှူးများဖြင့်သာ ဦး  ဆောင် မောင်းနှင်ခိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။ 

ဒီဇင်ဘာလ ၁၅ ရက်နေ့ မန္တလေးတိုင်း၊ မိတ္တီလာ၊ ရှမ်းတဲလေတပ်တွင် ၇၅ နှစ်မြောက် စိန်ရတု လေတပ်နှစ်ပတ် လည် အခမ်းအနားတွင် ရုရှား SU-30 တိုက်လေယာဉ်အားလုံး အလှပြ ပျံသန်း မည်ဖြစ်ပြီး ရုရှားတိုက်လေယာဉ်မှူးများက ဦးဆောင်မောင်းနှင်ကြမည်ဖြစ်ကြောင်း၊  မြန်မာ စစ်လေယာဉ်မှူးများက အကူလေယာဉ်မှူးများအဖြစ်သာ လိုက်ပါ မောင်းနှင်ကြမည်ဖြစ်ကြောင်း လေတပ်သတင်းရင်းမြစ်က ပြောသည်။ 

"ဒီဇင်ဘာ ၁၅ ရက်နေ့ လေတပ်နှစ်ပတ်လည်မှာ ရုရှား Su-30 တိုက်လေယာဉ်တွေ သရုပ်ပြပျံသန်းကြမှာဖြစ်ပါတယ်။  ရုရှားလေယာဉ်မှူးတွေက အဓိက လေယာဉ်မှူးတွေအဖြစ် တာဝန်ယူပြီး မြန်မာစစ်အရာရှိလေယာဉ်မှူးများက လေယာဉ်မှူးအကူအဖြစ် နောက်ခုံမှာထိုင်ကြမယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေက SU-30 တိုက်လေယာဉ်သစ် တွေကို သဲသဲလှုပ် ဖြစ်နေကြတယ်။ စိုးရိမ်နေကြတာ။ လေယာဉ်တွေထိခိုက်မှုဖြစ်မှာ အရမ်းစိုးရိမ်တာ။ စိန်ရတု နှစ်ပတ်လည်ပွဲမှာ ကြေညာရင်တော့ မြန်မာစစ်လေယာဉ်မှူးတွေမောင်းတယ်လို့ ကြေညာပြီး လိမ်ကြမှာ" ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။ 

လေတပ်စစ်ဦးစီးချုပ်ဟောင်း  ဗိုလ်ချုပ်ကြီးဟောင်းမောင်မောင်ကျော်၏ တပည့်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ခန့်နေသွေးသည် ရုရှားတိုက်လေယာဉ် SU-30 တိုက်လေယာဉ်အုပ်စု၏ ခေါင်းဆောင်ဖြစ်သော်လည်း ၎င်းကိုယ်တိုင်ပင် ရုရှားတိုက်လေယာဉ်မှူး ဦးဆောင်မောင်းနှင်မည့် SU-30 တိုက်လေယာဉ်တွင် အကူလေယာဉ်မှူးအဖြစ်သာ လိုက်ပါမည်ဖြစ်ကြောင်း သိရှိရသည်။ 

"Su-30လေယာဉ်အုပ်စု အုပ်မှူး အဖြစ် တင်မြောက်ခံထားရတဲ့ ဒုဗိုလ်မှူးကြီးခန့်နေသွေးက ရုရှားမှာ Su-30 လေ ယာဉ်မောင်း သင်တန်းတက်ရောက်ပြီးစီးပေမယ့် တပ်ချုပ်က စိတ်မချလို့ ဒီလိုနိုင်ငံတော်အဆင့်ပွဲမျိုးတွေမှာ မောင်းနှင်ခွင့်မရပါဘူး။  အခု ဒီဇင်ဘာ ၁၅ ရက်နေ့ လေယာဉ်တွေ တပ်တော်၀င်ပွဲမှာ  ရုရှားလေယာဉ်မှူးကမောင်းနှင်ပေးတ,ယ်။  Su-30 တိုက် လေယာဉ်မှာ  အုပ်မှူးခန့်နေသွေးက တိုက်လေယာဉ် နောက်ခုံမှာ ထိုင်စီးရမယ်"ဟု  လေတပ် သတင်းရင်းမြစ်က ဆိုသည်။ 

အကြမ်းဖက်မင်းအောင်လှိုင်က ရုရှားလေယာဉ်သစ်များကို လွန်စွာ တန်ဖိုးထားနေ၍  အောက်ခြေ စစ်ကောင်စီလေတပ်တပ်သားများနှင့်အရာရှိများမှာ ရုရှားတိုက်လေယာဉ်သစ်များကို မတို့ရဲ မကိုင်ရဲ ဖြစ်နေကြကြောင်း သိရှိရသည်။ 

 Su-30 ရုရှား တိုက်ခိုက်ရေး လေယာဉ်များ၏ အုပ်မှူးအဖြစ် မိန်းမရှုပ်မှုဖြင့် ရာထူး ပြုတ်သွားခဲ့သော လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ တပည့်အရင်းဖြစ်သူ ဒုဗိုလ်မှူး ကြီးခန့်နေသွေးကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

 Su-30 ရုရှားတိုက်လေယာဉ်များသည် လေယာဉ်ဆီ အလွန်သုံးစွဲရသည့် တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး အုပ်မှူး ခန့်နေသွေးသည် ဆီခိုးမှုများဖြင့် လေတပ်၏ ချမ်းသာသူစာရင်းဝင် သူဌေးတစ်ဦး ဖြစ်လာနေသည်ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။ 

ဒုဗိုလ်မှူးကြီးခန့်နေသွေးသည် ၎င်း အုပ်ချုပ်ရသော Su-30 တိုက်လေယာဉ်များမှ လေယာဉ်ဆီများကို ခိုးယူလျက်ရှိပြီး တစ်ပတ်လျင် သိန်း ၃၀၀ ခန့်ရရှိကြောင်း၊ ၎င်း၏ လစဉ်လေယာဉ်ဆီခိုးရောင်းမှုမှာ တစ်လလျင်သိန်း ၁၀၀၀ ကျော်ခန့်ရရှိကြောင်း သိရှိရသည်။ 

"ဒုဗိုလ်မှူးကြီး ခန့်နေသွေးက  သိန်း ၈၀၀ တန် Toyota Rush တစ်စီး၊ တရုတ်ကား ,Soueast ကားတစ်စီး၊ ရန်ကုန်ကန်တော်လေး ၈၈ လမ်းမှာ တိုက်ခန်းတစ်ခန်း၊ ရန်ကုန် ဗဟန်းမှာ တိုက်ခန်းတစ်ခန်း,၀ယ်ယူထားပါတယ်။ သူရဲ့မိန်းမ ဒေါ်စိမ့်စိမ့်လွင်က တပ်ထဲမှာလိုက်ပါနေထိုင်ရခြင်းမရှိဘဲ ရန်ကုန်မြို့မှာသာနေထိုင်၍ တစ်လတစ်ခါ ဆီခိုးရောင်းရငွေ ပိုက်ဆံများလာသိမ်းကာ ရန်ကုန်သို့ပြန်လေ့ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၄ သန်းဖြင့် စာချုပ်ချုပ်ပြီး ဝယ်ယူထားသော ရုရှားနိုင်ငံလုပ် SU-30SME  စစ်တိုက်လေ ယာဉ် ၆ စီး  ၂၀၂၂ ခုနှစfတွင် နေပြည်တော်ရောက်ရှိခဲ့ပြီး အဆိုပါ လေယာဉ်များကို လုံခြုံရေးတင်းကျပ်စွာဖြင့် လျှို့ဝှက်ထားရှိထားကြောင်း စစ်တပ် သတင်းရင်းမြစ်များက ပြောဆိုသည်။ 

ဓာတ်ပုံ-ရုရှားထုတ် Yak-130 လေယာဉ်များကို စမ်းသပ်မောင်းနှင်သည့်ပုံစံ ဟန်ရေးပြနေသည့် မင်းအောင်လှိုင်။


ဆက်ဖတ်ရန် →
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာ အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက် ထားရှိ

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာ အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက် ထားရှိ


ကုလသမဂ္ဂ အထွေထွေညီလာခံCredential ကော်မတီက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပြီး ကိုယ်စားပြုမှုအရေးကို ဆိုင်းငံ့ထားမည်ဟု ကုလသမဂ္ဂက ရရှိတဲ့သတင်းက အတည်ပြုပါတယ်။

တနလာ်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုမှု သတ်မှတ်တဲ့ Credential ကော်မတီ အစည်းအဝေးကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို နေမြဲအတိုင်း နောက်ထပ်သက်တမ်း တနှစ်ထားရှိဖို့ သဘောတူ ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုမှု အရေးကိုလည်း ဆိုင်းငံ့မထားကြဖို့ ကော်မတီဝင်တွေက သဘောတူခဲ့ကြပါတယ်။ 

ဗွီအိုအေ ကနေ ဦးကျော်မိုးထွန်း ကို Credential ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် မတိုင်ခင်တရက် က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ယူကရိန်း ကို ကူညီနေသလို မြန်မာပြည်သူတွေကိုလည်း ကူညီဖို့ ကုလသမဂ္ဂမှာ ပြောကြားခဲ့သလို ၊ ယူကရိန်းအရေး နဲ့ ပတ်သက်ပြီးလည်း ကုလသမဂ္ဂမှာ ထောက်ခံပြောကြားခဲ့ကြောင်း ပြောပါတယ်။ 

ဒါအပြင် Credential ကော်မတီမှာ ပါဝင်တဲ့ နိုင်ငံအများစုရဲ့ ထောက်ခံမှုကို ရရှိလိမ့်မယ်လို့လည်း သူအနေနဲ့ ယုံကြည်ကြောင်း ပြောပါတယ်။ 

Credential ကော်မတီမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် အမေရိကန် ပြည်ထောင်စု၊ ရုရှား ၊ တရုတ် တို့အပါအဝင် နိုင်ငံ ၉ နိုင်ငံပါဝင်ကြပါတယ်။


၁၃ ဒီဇင်ဘာ၊ ၂၀၂၂ VOA

ဆက်ဖတ်ရန် →
နဖူးပေါ် လက်တင်သင့်ပြီ (လှစိုးဝေ)

နဖူးပေါ် လက်တင်သင့်ပြီ (လှစိုးဝေ)



မင်းအောင်လှိုင်၏ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့မှုသည် သူ ဖြစ်စေချင်သည်နှင့် ပြောင်းပြန်ရလဒ်များ ထွက်ပေါ်လာခဲ့လေပြီ ဖြစ်သည်။

နိုင်ငံအနှံ့လည်း ၎င်း၏လက်ဝေခံ တပ်များက နှိပ်စက်လုယူ သတ်ဖြတ်မှု ပြုခြင်းများ နှင့် နပမ်းလုံးနေရချိန်တွင် ရာဇဝတ် မှုများ ထူပြောလာနေသည် ဆိုသည်အား အိမ်နီးချင်း စင်္ကာပူ နိုင်ငံထုတ် စထရိတ်တိုင်းမ် သတင်းစာ ကြီး မှ နေ့ခင်းကြောင်တောင် ရန်ကုန် မြို့လယ်ရှိ ဘတ်စ်ကား တစီး ပေါ်တွင် လူအုပ်စု နှင့် တက်၍ လုယက်မှု ဖြစ်ပွားလာခဲ့မှုအား အသေးစိတ် ဖေါ်ပြလာခဲ့သည်ကပင် ၎င်းတို့ အတွက် ရှက်ဖွယ်လိလိ ဖြစ်လာရသည်။

အဆိုပါ သတင်းစာကြီးမှ နိုဝင်ဘာလ အတွင်း နေ့လည်ခင်းတွင် မအေး ဆိုသူ အမျိုးသမီးသည် မင်္ဂလာ ဈေးမှ ဝယ်ခြမ်းပြီး လူများ ပြည့်ကျပ်နေသော ဘတ်စ်ကားပေါ် တက်စီးပြီး အိမ်ပြန်လာခဲ့သည်ဟု ဆိုသည်။ လမ်းတွင် လူငယ် အရွယ် ဆယ်ဦးခန့် ကားပေါ် တိုးဝှေ့တက်လာပြီး ကားပေါ်ရောက်သည်နှင့် ဓါးများကို ထုတ်ကာ ခရီး သည်များ ဆီမှ ငွေများ လုယက်သွားသည်။ လူတဦး မှ ဝင်ရောက် ကာကွယ်ရန် ကြိုးစားခဲ့သဖြင့် လုယက်သူ များက ဝိုင်းရိုက်သွားခဲ့ကြောင်း ပါရှိသည်။

ထိုသတင်း သည် သာမန် အဆင့်မျှသာ ဖြစ်သော်လည်း စစ်အာဏာသိမ်း အဖွဲ့ လက်အောက်တွင် နိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု ပျက်ပြားနေပြီး ပြည်သူများသည် ၎င်းတို့ ရန်အပြင် ဂိုဏ်းဖွဲ့ လုယက်ဆိုးသွမ်းနေသူများ၏ ဒဏ်ကြောင့် ကျီးလန့်စာစား ဖြစ်နေကြရသည်ကို အထင်အရှား ဖေါ်ပြလိုက်ခြင်းပင် ဖြစ်သည်။ ညဖက်များ တွင်လည်း ခွေးဟောင်သံကြားသည် နှင့် နားတစွင့်စွင့် နေကြရသည့် အခြေအနေမျိုး ကြုံတွေ့နေကြရသည်။ လူမှုရေး ပြဿနာများ ကိုယ်စီကိုယ်ငှ ကြုံတွေ့နေကြရသည်။ ထိုအထဲတွင် အသက်အိုးအိမ် စည်းစိမ် ပျက်စီး ဆုံးရှုံးသွားခဲ့ရသူ များအဖို့မှာ ဆိုဖွယ်ရာ မရှိတော့။

အစိုးရဟု အမည်ခံကာ အုပ်ချုပ်နေသော စစ်တပ်သည် ပြည်သူများ အား ကာကွယ်ပေးဖို့ ဝေးစွ ၎င်းတို့ သည်ပင် ပြည်သူများ အတွက် အကြီးမားဆုံး သော အန္တရာယ် ကြီး Clear and Present Danger ဖြစ်လာနေသည်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးလာရန် လုပ်နိုင်ဖို့ ဝေးစွ ၎င်းတို့ ဆက်လက် သက်ဆိုး ရှည်နိုင်ရေး အတွက် နေ့စဉ်နှင့် အမျှ စစ်စရိတ်များ ဒေါ်လာ သိန်းချီ သုံးစွဲနေကြရသည်။

ထိုကဲ့သို့ တတိုင်းပြည်လုံးရှိ လူအပေါင်း၏ စိတ်နှလုံး ကြိမ်မီးအုံးအောင် မဲသမာမှု အကြောင်းပြကာ မိမိ အကျိုး စီးပွား တခုတည်းကို ကြည့်၍ ဖန်တီးခဲ့မှုသည် ဗုဒ္ဓဘာသာ ရှုထောင့်အရ မည်မျှ အပြစ်ကြီး မည် ဆိုသည်မှာ တွေးဝံ့စရာပင် မရှိပေ။

မင်းအောင်လှိုင်သည် ပြည်သူများ အား ဆန့်ကျင်အံတုကာ စစ်ပွဲ ဆင်နွှဲနေခြင်းသည် နှစ်နှစ် ကြာလာသည့်တိုင် မည်သို့မျှ မနိုင်နိုင်မှန်း သိနေသော်လည်း အဆုံးသတ်၍ မဖြစ်တော့သဖြင့် ဆင်ကန်း တောတိုး ခရီးနှင်နေရလေ သည်။ ထို ခရီးကြမ်းတွင် ၎င်း အား ထောက်ခံသူများသည် ပြန်ပြီး ဆန့်ကျင်လာ၍ မရအောင် ကြံရာပါ များ အဖြစ် တရစ်ပြီး တရစ် တုတ်နှောင်လာနေရသည်။ ၎င်း ၏ ဆင်ဖမ်းမယ် ကျားဖမ်းမယ် ဆိုသော အဓိပ္ပါယ်မရှိ ဝါဒ ဖြန့်ချီမှု များကို ကြိတ်မှိတ် ယုံနေကြရသည်။ အချင်းချင်းလည်း ကျောသပ်ရင်သပ်နှင့် အားပေးနေကြ ရသည်။

မည်သို့ပင် ဖြစ်စေ ၎င်းတို့ အာဏာ ဆက်လက် ဆုပ်ကိုင်နေသရွေ့ အောက်ခြေ စစ်သားများအနေနှင့် လာမည့်နှစ် ဒီလို အချိန်တွင် အသက်နှင့် ခန္ဓာ မြဲနေပါဦးမည်လား ဟု မဖြစ်မနေ တွေးလာကြရဖို့သာ ရှိပေသည်။

ရုရှား အတိုက်အခံ ခေါင်းဆောင် အလက်ဆီ နာဗာနီ ၏ တရားခွင်တွင် ပြောဆိုချက်အပေါ် ကိုးကားရမည် ဆိုလျှင် “အခြေအနေများသည် တဖြေးဖြေး လျောကျ လာခြင်းမျိုး မဟုတ်ဘဲ ခုန်ပျံ ကျော်လွှားပြီး တလိမ့် ခေါက်ကွေး ကျလာနေ၍ မကာကွယ်နိုင်ပါက အောက် အရောက်တွင် မည်မျှအထိ အကျနာမည့် အပြင် မည်သို့ မည်ပုံ ကျေမွ သွားမည် ဆိုသည်ကိုသာ စောင့်ကြည့်ကြရဖို့ ရှိသည်” ဟု ဆိုသည်။ 

အနတ္တ သူရိယ အမတ်ကြီး၏ လင်္ကာ ဖြစ်သော “သူတည်း တယောက် ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ ပျက်လင့် ကစား” သာ ကြာဖူး၏၊ ယခုတော့ လူ ငါးဆယ့်နှစ်သန်း စလုံး လုံးပါး ပါးတော့မည် အရေးပင် ဖြစ် သည်။ ပြည်သူများ အဖို့က ၎င်းတို့ တသက် မည်သည့်အခါမျှ မကြုံခဲ့ဖူးသော ယုတ်မာ ဆိုးသွမ်းလှသည့် အုပ်ချုပ်ရေး စနစ် နှင့် ရင်ဆိုင်နေကြရပြီ။ ထိုသို့ ကြုံနေရသည်ကို နိုင်ငံတကာ မှလည်း တဖြေးဖြေး နှင့် အသိအမှတ် ပြုလာကြပြီ ဖြစ်သည်။

ရွေးကောက်ပွဲ လုပ်ဖြစ်ပြီး သမ္မတ ဖြစ်လာသည် ဆိုစေဦး၊ ယခုလို ပုံစံမျိုးဖြင့် သတ်ဖြတ် မီးရှို့၊ ဗုံးကြဲ ဖြင့် မည်မျှ ကြာကြာ ဆက်၍ နေသွားနိုင်မည်နည်း ဆိုသည်ကို ကိုယ့်ကိုယ်ကိုယ် ပြန်၍ မေးခွန်းထုတ်ရပေတော့ မည်သာ ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

(လှစိုးဝေ)
ဆက်ဖတ်ရန် →

စစ်ကောင်စီက ကာကွယ်ရေးနှင့် ပြည်ထဲရေးဌာနတို့အတွက် ဒေါ်လာ ၂ ဘီလျံကျော်အထိ သုံးစွဲရန် လျာထား

ပြည်တွင်းပြည်ပကြွေးမြီ စုစုပေါင်း ဒေါ်လာ ၂၈ ဘီလျံအထိရှိနေသော်လည်း စစ်ကောင်စီက ကာကွယ်ရေးနှင့် ပြည်ထဲရေးဌာနတို့အတွက် အသုံးစရိတ် နှစ်ဆကျော်တိုးကာ ဒေါ်လာ ၂ ဘီလျံကျော်အထိ သုံးစွဲရန် လျာထားသည်။​

Published on Dec 7, 2022 Myanmar now
၂၀၁၈ ခုနှစ်အတွင်းက ဧရာဝတီတိုင်းတွင် ပြုလုပ်သည့် ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - EPA/EFE)

၂၀၁၈ ခုနှစ်အတွင်းက ဧရာဝတီတိုင်းတွင် ပြုလုပ်သည့် ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - EPA/EFE) 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အသုံးစရိတ်နှင့် ပြည်တွင်းပြည်ပကြွေးမြီများ တိုးလာကြောင်း ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်သည့် စစ်ကောင်စီ၏ ၂၀၂၂ - ၂၃ ဘဏ္ဍာနှစ် ဘတ်ဂျက်လျာထားမှု ကိန်းဂဏန်းများအရ သိရသည်။

အာဏာမသိမ်းမီကပင် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှေးကွေးကာ ပြည်ပချေးငွေ ပြန်လည်ပေးဆပ်နိုင်မှု လျော့ကျခဲ့ရာ စစ်ကောင်စီလက်ထက်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများထွက်ခွာခြင်းနှင့်အတူ တိုင်းပြည်စီးပွားရေး ယုတ်လျော့ကျဆင်းနေခြင်းကြောင့် ပြည်ပကြွေးမြီကိစ္စ ဆက်လက်ထိခိုက်နေမည်ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းထားချိန် ကမောက်ကမအခြေအနေများကြောင့် တိုင်းပြည်စီးပွားရေးအခြေအနေနှင့် စပ်လျဉ်းသည့် ကိန်းဂဏန်းများ အသေးစိတ်မသိရှိရသော်လည်း ပြည်ပကြွေးမြီပြဿနာမှာ မြန်မာနိုင်ငံအတွက် အကြီးအကျယ် ခြိမ်းခြောက်နိုင်ခြေရှိသည်။

သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတို့လက်ထက်တွင် ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီး အဓိကအားဖြင့် တရုတ်ချေးငွေ အများဆုံးဖြစ်သည်။

အနောက်အုပ်စုနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ကာလကြာရှည်ခံစားခဲ့ရသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ရေနံပိုက်လိုင်းတည်ဆောက်ရေး၊ ရေကာတာများတည်ဆောက် ရေးတို့အတွက် တရုတ်ချေးငွေ အများအပြား ရယူခဲ့သည့်နည်းတူ ဦးသိန်းစိန်လက်ထက်တွင်လည်း သမဝါယမလုပ်ငန်းအတွက် အတိုးနှုန်းမြင့်မားသည့် တရုတ်ချေးငွေ ဆက်ယူခဲ့သည်။

ဝန်ကြီးဌာနအလိုက် ချေးငွေအများဆုံးယူထားသည့် ဌာနများမှာ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ဖြစ်သည်။​

ပြည်တွင်းပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးကို ၄၀ ရာခိုင်နှုန်းထက် မကျော်လွန်ရန် သတ်မှတ်ထားသော်လည်း ယခုအခါ ၅၅ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်သည်။

အာဏာမသိမ်းမီ ၂၀၁၆ မှ ၂၀၂၁ အထိ ကြွေးမြီနှင့် ဂျီဒီပီအချိုး ၂ မှ ၃ ရာခိုင်နှုန်းအထိသာ တက်ခဲ့သော်လည်း စစ်ကောင်စီလက်ထက် နှစ်နှစ်တာအတွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနှင့် မသေချာမရေရာသော မူဝါဒများကြောင့် ၁၀ ရာခိုင်နှုန်းအထိ တက်လာသည်။ 

၂၀၁၉ - ၂၀ ဘဏ္ဍာနှစ်တွင် ကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၄၂ ဒသမ ၂၄ ရာခိုင်ရာနှုန်းရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက် ၂၀၂၀ - ၂၁ ဘဏ္ဍာနှစ်တွင် ၅၅ ဒသမ ၀၃ ရာခိုင်နှုန်းအထိ ရောက်ရှိလာပြီး ပြည်တွင်းပြည်ပကြွေးမြီ စုစုပေါင်း ကျပ်ဘီလျံ ၅၉,၅၅၁ ဘီလျံရှိသည်။ လက်ရှိငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့် တွက်ချက်မည်ဆိုပါက ဒေါ်လာ ၂၈ ဘီလျံ ဖြစ်သည်။

နိုဝင်ဘာလလယ်ပိုင်းက နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့လက်ထက်တွင် ပြည်ပချေးငွေ ထပ်ယူခြင်းမရှိဘဲ ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်ပင် ပြန်ဆပ်နိုင်ကြောင်း ဆိုသည်။

သို့သော် မည်သည့်နိုင်ငံမှ ကြွေးမြီကို ပြန်ဆပ်ခြင်းဖြစ်ကြောင်း၊ မည်သို့မည်ပုံ ပေးဆပ်နေကြောင်းကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။​

ယခင်အစိုးရနှစ်ဆက်တွင် နိုင်ငံခြားချေးငွေများဖြင့် စီးပွားရေးတိုးတက်အောင် လုပ်ခဲ့သော်လည်း ၎င်းတို့ လက်ထက်တွင် ပြည်ပချေးငွေ အားမကိုးကြောင်း၊ ပြည်ပသွင်းကုန်များထက် ပြည်တွင်းထုတ်ကုန်ကိုသာ အားပေးကြောင်း၊ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိကြောင်း အာဏာသိမ်းခေါင်းဆောင်က မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

အာဏာသိမ်းစစ်ဗိုလ်ချုပ်များက ထိုသို့ဆိုနေသော်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၂ - ၂၃ ဘတ်ဂျက်လျာထားမှုတွင် ဘဏ္ဍာငွေလိုအပ်ချက်အတွက် ပြည်ပချေးငွေ ကျပ်ဘီလျံ ၁၇၇၃ (ဒေါ်လာ ၁ ဘီလျံကျော်) ဖြည့်တင်းရန် ဖော်ပြထားသည်။​

အသုံးစရိတ်

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်ပုန်ကန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီး စစ်ကောင်စီ၏ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ အသုံးစရိတ်များ သိသိသာသာ မြင့်မားလာသည်ကို လေ့လာတွေ့ရှိရသည်။

စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ကာကွယ်ရေးအသုံးစရိတ်မှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ကျပ်ဘီလျံ ၂၀၀၀ နီးပါးအထိ တိုးလာသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ အသုံးစရိတ်မှာ နှစ်ဆတက်ကာ ကျပ်ဘီလျံ နှစ်သောင်းခွဲကျော် တိုးလာသည်။

ပြီးခဲ့သည့် ၂၀၂၁ - ၂၂ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလျံ ၁,၇၄၆,၈၆၀ (ဒေါ်လာ ၁ ဘီလျံ) ရှိခဲ့ရာမှ လာမည့် ၂၀၂၂ - ၂၃ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၃,၇၀၃,၈၆၆ ဘီလျံ (ဒေါ်လာ ၂ ဘီလျံကျော်) အထိ တိုးမြှင့်သုံးစွဲရန် အာဏာသိမ်းစစ်တပ်က လျာထားသည်။

ပြည်ထဲရေးက နှစ်ဆကျော်အထိပင်ရှိသည်။​ ၂၀၂၁ - ၂၂ တွင် ကျပ်ဘီလျံ ၂၅၈,၆၁၀ (ဒေါ်လာ ၁၅၂ သန်း) ရှိခဲ့သော်လည်း ၂၀၂၂ - ၂၃ တွင် ၅၁၁,၂၁၉ (ဒေါ်လာသန်း ၃၀၀) အထိ သုံးစွဲရန် စစ်ကောင်စီက လျာထားသည်။ 

(မှတ်ချက် - ယခင်ဘဏ္ဍာနှစ်ဟောင်းများလည်း ပါဝင်သည့်အတွက် အမေရိကန်ဒေါ်လာတန်ဖိုးကို လက်ရှိ ငွေလဲလှယ်နှုန်းအရ တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ ခန့်ရှိသော်လည်း ကျပ် ၁၇၀၀ နှုန်းဖြင့်သာ တွက်ချက် ထားသည်။)

ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် ပြည်တွင်းစီးပွားရေးကျဆင်းနေမှု၊ နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုတို့အပြင် စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုများကြောင့် အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်ကို ပြည်သူလူထုရင်ဆိုင်နေရချိန် စစ်ကောင်စီက ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များအတွက် အသုံးစရိတ်တိုးမြှင့်နေသည်။

စစ်အသုံးစရိတ် တိုးမြှင့်ခဲ့သော်လည်း ပြည်သူလူထုအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးဖြစ်သော ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အသုံးစရိတ်မှာမူ ထက်ဝက်ကျော် ကျဆင်းသွားသည်ကို စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ 

နိုင်ငံခြားသုံးငွေ ရှားပါးလာခြင်းနှင့်အတူ ဘဏ္ဍာငွေလိုအပ်ချက်မြင့်မားနေသည့်အတွက် စစ်ကောင်စီက ပြည်ပသွင်းကုန်များကို အဆုံးစွန်နီးပါး ကန့်သတ်ပိတ်ပင်ထားသည့်အပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များအပေါ်လည်း အမျိုးမျိုးကန့်သတ်ချုပ်ချယ်ထားသည်။

ဘဏ္ဍာငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှာ ယခင်က အတန်အသင့် ဝင်ငွေရရှိနေသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် အလွန်အမင်းကျဆင်းလာသည်။ 

နိုင်ငံပိုင်လုပ်ငန်းများ၏ ကျပ်ငွေအားဖြင့် ဝင်ငွေကျဆင်းမှုပမာဏမှာ ယခင် ၂၀၁၉ - ၂၀ တွင် ၇ ဒသမ ၁ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ၃၀ ရာခိုင်နှုန်းအထိ ဖြစ်လာသည်ဟု ယခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်သော ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြသည်။ 

အရပ်သားအစိုးရလက်ထက်တွင် ပြည်ပအကူအညီများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ထောက်ပံ့မှုများ ရရှိခဲ့သော်လည်း အာဏာသိမ်း စစ်တပ်လက်ထက်တွင် ပြည်ပအကူအညီရငွေများ ရပ်တန့်သွားခဲ့သည်။​

ဆက်ဖတ်ရန် →
ကနေဒါက ဇော်မင်းထွန်းအပါအဝင် စစ်ကောင်စီနဲ့ပတ်သက်သူ ၁၂ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူ

ကနေဒါက ဇော်မင်းထွန်းအပါအဝင် စစ်ကောင်စီနဲ့ပတ်သက်သူ ၁၂ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူ


လူ့အခွင့်အရေးနေ့အကြိုမှာပဲ ကနေဒါက ဇော်မင်းထွန်းအပါအဝင် စစ်ကောင်စီနဲ့ပတ်သက်သူ ၁၂ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူကြောင်း ကြေညာ

မဲခေါင်၊ ဒီဇင်ဘာ ၁၁

ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့အလျှောက် ဒီနေ့မတိုင်ခင် တစ်ရက်အလိုမှာ ပဲ ကနေဒါနိုင်ငံဟာ မြန်မာစစ်ကောင်စီနဲ့ပတ်သက်သူ ၁၂ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ 

ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲနေသလို ပြည်သူတွေအပေါ်မှာလည်း လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ရုရှားက ယခုနဲ့ယခင် စစ်တပ်အကြီးအကဲ ၃၃ ယောက်နဲ့ အဖွဲ့အစည်း ၆ ခု၊ အီရန်မှာ စနစ်တကျနဲ့ လူ့အခွင့်အရေးချိုး ဖောက်၊ ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်နေမှုနဲ့ ၂၂ ယောက်၊ စုစုပေါင်း ၆၇ ယောက်နဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီ ၉ ခုကို ပိတ်ဆို့အရေးယူကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လနီဂျိုလီက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ 

မယ်လနီဂျိုလီက "ထပ်ပြီးအရေးယူစရာတွေ လာပါဦးမယ်။ ကနေဒါနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် မားမားမတ်မတ်ရပ်တည်မှုကို ဘယ်တော့မှ မေ့လျော့မှာ မဟုတ်ဘူး" လို့ ပြောသွားခဲ့တယ်။ 

မြန်မာနိုင်ငံက စစ်ကောင်စီနဲ့ပတ်သက်သူတွေကို အရေးယူရတာက သေဒဏ်ကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချပြီး ချမှတ်နေမှု၊ မတရားအာဏာသိမ်းပြီးကတည်းက လူပေါင်း ၁၆၅၀၀ ကျော်ကို ဖမ်းဆီးပြီး ဒီနေ့အထိ ၁၃၀၀၀ ကျော်ဟာ ထောင်ထဲမှာပဲရှိနေသေးတဲ့အတွက် အရေးယူရတာလို့ ထုတ်ပြန်တယ်။ 

စစ်ကောင်စီနဲ့ပတ်သက်ပြီး အရေးယူလိုက်သူ ၁၂ ယောက်က ဇော်မင်းထွန်း၊ မောင်မောင်အုန်း၊ ထွန်းထွန်းနိုင်၊ ခင်မောင်ရီ၊ မျိုးမြင့်ဦး၊ သောင်းဟန်၊ ဝင်းရှိန်၊ ကိုကိုလွင်၊ အောင်စိုး၊ ဇင်မင်းထက်၊ လှိုင်မိုးမြင့်နဲ့ မျိုးသစ္စာတို့ဖြစ်ပြီး ကုမ္ပဏီ ၃ ခုကတော့ Dynasty International Company Limited၊ International Gateways Group နဲ့  Asia Sun Group  တို့ဖြစ်ပါတယ်။

အခုချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှု (Sanction) အရ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အထူးစီးပွားရေးဆောင်ရွက်ချက် စည်းမျဉ်းဥပဒေ(Special Economic Measures (Burma) Regulations )အတိုင်း ကနေဒါနိုင်ငံနဲ့ပတ်သက်ပြီး ငွေလွှဲတာမျိုးလုံး၀မရတော့ဘဲ လွှဲရင် သိမ်းဆည်းမယ်၊ ကနေဒါ နိုင်ငံတွင်းနဲ့ ကနေဒါနိုင်ငံပြင်ပရှိ ကနေဒါသားတွေအားလုံး အရေးယူခံရသူတွေရဲ့ ပိုင်ဆိုင်မှုတစ်ခုခုနဲ့ပတ်သက်ပြီး ဘယ်လှုပ်ရှားမှုမှာမဆို ပါဝင်ခြင်းမပြုဖို့ ဒါမှမဟုတ် ဒီလူတွေကို ငွေကြေး သို့မဟုတ် ဆက်စပ်ဝန်ဆောင်မှုတွေ ပေးခြင်းမလုပ်ရလို့ တားမြစ်လိုက်တာဖြစ်ပါတယ်။

ရုရှားကတော့ သူတို့ကို ပိတ်ဆို့အရေးယူတာကို မကျေနပ်လို့ မော်စကိုမှာရှိတဲ့ ကနေဒါသံအမတ်ကို ချက်ချင်း ဆင့်ခေါ်သတိပေးပြီး ကနေဒါသား အယောက် ၂၀၀ ကို ပြန်ပိတ်ဆို့အရေးယူကြောင်း ချက်ချင်းထုတ်ပြန်ခဲ့တယ်။ 

ရုရှားဟာ ၂၀၁၄ မှာ ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်မှုနဲ့ပတ်သက်လို့ ကနေဒါနိုင်ငံက ရုရှားသား လူပုဂ္ဂိုလ် အယောက် ၂၁၀၀ နဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးယူခဲ့လို့ ရုရှားက ခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ 

MKF - 001
#MeKongNews
Ref: canada.ca
ဆက်ဖတ်ရန် →
နိုင်ငံရေးသေကြောင်းကြံစည်မှု

နိုင်ငံရေးသေကြောင်းကြံစည်မှု



ခုရက်ထဲ ဒေါ်အောင်ဆန်းစုကြည် ဆီ ကို လာမယ့်နှစ် မအလလုပ်မယ့် ရွေးကောက်ပွဲဝင်ဘို့ ပါတီဝင်တချို့က သွားစည်းရုံးကြတယ် ဆိုတဲ့သတင်း ရုတ်ရုတ်သဲသဲဖြစ်လာတယ်။ ကာယကံရှင်တွေ က ရက်စ် အော် နိုး ပြည်သူကို ပြောမှရမယ်။ ဘာလို့လဲ ဆိုတော့ ဒါ နိုင်ငံရေးဆူဆိုဒ် မို့ပဲ။ အချင်းချင်းတွေ ဆိုတော့ စာရေးရတာ စိတ်မသက်သာဘူး။ ဒါပေမယ့် ရေးသင့်တဲ့အခါ နည်းနည်းတော့ ရေးရတာပဲ။ ၉၀ ရွေးကောက်ပွဲက စပြီး NLD ကို အမျိုးမျိုး ဖြိုခွဲတာ ကြုံခဲ့ဖူးပါတယ် ။ မှတ်မိသလောက် နဝတ က ၉၀ ရွေးကောက်ပွဲ အပြီး NLD ထဲက အနိုင်ရ အမတ်၆ ယောက်လောက်ဖဲ့ထုတ်နိုင်ခဲ့တယ် ထင်တယ်။ ရင်းရင်းနှီးနှီး မှတ်မိနေသူက မင်္ဂလာဒုံ မြို့နယ်က အမတ် ကိုကြည်ဝင်း။ သူက ဦးသန့် အရေးအခင်းကတည်းက ဘွဲ့နှင်းသဘင် ဘက်အခြမ်းက သပိတ်ကော်မီတီ ဥက္ကဌတယောက်ဆိုတော့ ၁၉၇၄ ကတည်းက သိခဲ့ဖူးတာ ။ ထောင်ကျချင်း သိကြတာမျိုး။ ၁၉၉၀ တဝိုက် မှာ သူ ကြက်ခြံလုပ် ကြက်ဥ တွေရောင်း -စီးပွါးရေး လုပ်နေတော့ သူငယ်ချင်း ကိုအောင်ထိုက်က သူ့ စိတ်တိုင်းကျ ဆိုင်တွေ အားလုံးအတွက် သူ့ဆီက ကြက်ဥ တွေ အကုန် လုံး ပင်တိုင်ဝယ် ဖြုန်းပေးတာ။ စိတ်တိုင်းကျ ဆိုင်အားလုံးရဲ့တဦးတည်းဖေါက်သည် ပေါ့။ ဘော်ဒါချင်း ကြည့်ကြတဲ့ သဘော ပဲ ။ ဆိုင် ၅ ဆိုင် ရဲ့ တရက် ကြက်ဥ ဖြုန်းအားကလဲ ၅၀၀ - ၁၀၀၀ လောက် အသာလေး ဆိုတော့ သူလဲ စိတ်အေးလက်အေး ပြေပြေလည်လည်ရှိတာပေါ့။ အဲလို ဖြစ်နေရာက သူ - ဒီချုပ်ကို ခြေကန်ပြီး နဝတ ခေါ်ရာ ညောင်နှစ်ပင် ဆီ ပါသွားတယ်လဲ ကြားရော သူငယ်ချင်းကိုအောင်ထိုက်နဲ့ အပြီး ပြတ်စဲသွားကြတယ်။ ကိုအောင်ထိုက်က ဖေါက်သည်ဖြတ်လိုက်တော့ သူလဲ တခြားသွား ဖေါက်သည် အသစ်ရှာပေမယ့် အဆင်မပြေဘူး ကြားရတယ်။ နောက်ပိုင်း သူ့ ကျန်းမာရေး ချို့ယွင်းလာပြီး သူ ကွယ်လွန်သွားချိန်အထိ ကျွန်တော်တို့ လဲ အဆက်အဆံတွေ မရှိတော့ဘူး။ ၂၀၁၀ မှာတခါ ဒေါ်စုတို့ကိုဖမ်းထားပြီး စစ်တပ်က ပြည်ခိုင်ဖြိုး အတွက် သပိတ်ဝင် အိတ်ဝင် ရွေးကောက်ပွဲလုပ်ပြန်တော့ NLD က ဝင်မပြိုင်ဘူး ဆိုတဲ့မူ။ စမ်းချောင်းက NLD အမတ် ဦးခင်မောင်ဆွေ တို့ က ပါတီမူကို ကလန်ပြီး လူနည်းနည်း စုပြီး ပါတီ အသစ်တခု ထထောင်ပြီး ရွေးကောက်ပွဲဝင်ကြတယ်။ လွှတ်တော် တက်ကြတာ ၂၀၁၅ အထိ ၅ နှစ် သက်တမ်းတတမ်း ခေါင်းပေါင်းစ တလူလူ ကြွားနိုင်ခဲ့တယ်ထင်ပါတယ်။ ၂၀၁၅ မှာ NLD က တကယ် အင်အားအပြည့် နဲ့ ဝင်ချလာတော့ သူတို့ ဘဲဥ မကွဲတော့ဘူး။ အခုလဲ ကြားရပြန်တာတွေက ဟာသလား သာဓက ထပ်တခါလား နောက်မှ သေချာသိမယ်။ အင်မတန် အရေးကြီးတဲ့ ဒီ သမိုင်းအလှည့်အပြောင်းမှာ အဆုံးအဖြတ်က ပြည်သူပဲ။ လူငယ်တွေ ကို ကြည့်လိုက်ဦး။အသက်စွန့်လုပ်ကိုင်နေကြတာကို ဦးနှောက်နဲ့ စဉ်းစား -ရင်ဘတ်နဲ့ခံစား ကြည့်ရုံနဲ့ ဒါတွေဟာ မျိုးဆက်သစ် ဗိုလ်အောင်ကျော်တွေ -သခင်ဗဟိန်းတို့ခေတ်က သွေးမျိုးတွေ ပိုတောင် ရဲရင့်နေသေးရဲ့ ဆိုတာ သေချာသိသင့်တယ် ။ သူတို့ ရဲ့ သွေးသစ္စာ အောက်မှာ ဘာတခုမှ ပေါ့ပျက်ပျက် သွားလုပ်လို့မရဘူး ။ သမိုင်းကွေးသွားကြရုံပဲ။ အခုနွေဦးတော်လှန်ရေးက ၆၂- ၈၈ တိုက်ပွဲ တွေ ရဲ့ အဆက်ပဲ။ တိုင်းရင်းသားတွေ အတွက်လဲ သူတို့ လန ကိုင်လာတဲ့ နှစ်တွေသမိုင်း တစုံလုံးရဲ့ အဆက် ဖြစ်တာပဲ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်လဲ ထောင်နံရံ တွေကို နားကပ်ထောင်ရင်း ကြားမိပြီးသား စေ့ငု သုံးသပ်နေပြီးသား ဖြစ်လိမ့်မယ်ထင်တယ်။ ဒါကြောင့်လဲ တဦးချင်း တဖွဲ့ချင်း သူ့ဆီ ဘယ်သူလာတွေ့တာကိုမှ လက်ခံမှာ မဟုတ်ဘူး။ NLD ဗဟို အလုပ်အမှုဆောင် စုံညီ အရင်တွေ့ခွင့်ရမှ သူ တစုံတရာ ပြောနိုင်မယ်လို့ အမှာ ကြိုပါးထားတာပဲ။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး က လုံလောက်တဲ့ ကာလ နဲ့ ပေးထားချက်တွေ ရှိတယ်။ အခု အခြေအနေတွေ အကုန် ကုန်သွားပြီ။ စေ့စပ်တဲ့ အချိန်တခုတော့ ပြန် ရောက်လာပါဦးမယ် ။ သမ္မတ ဒူးဝါးလရှီးလ ပြောတဲ့ ၅ ချက် နဲ့ transitional justice ပါလိမ့်မယ် ထင်တယ်။ နိုင်ငံရေး သေကြောင်းကြံစည်မှုကို မလုပ်ကြပါနဲ့။ နွေဦးတော်လှန်ရေးကို ယူအန် ယူအက်စ်လဲ မတားနိုင်ဘူး။ အာဆီယံ -ဒေါ်စုလဲ မတားနိုင်ဘူး။ ခွန်ဆိုင်း ( ၈-၁၂- ၂၀၂၂ )
ဆက်ဖတ်ရန် →