နောက်ဆုံးရ

တက်တက်ခံ ရာထူး စလောင်းဖုံးမ ရရှိ

​နွားသိုး သည်,နန်းတော်ထဲသို့ ဝင်ရောက်နိုင်သဖြင့် ဘုရင်မဖြစ်နိုင်၊ နန်းတော်သည်သာနွားတင်းကုတ်ဖြစ်သွားမည်။ 


#Sedef Kabas ( တူရကီစာရေးဆရာမ)..

crd: KKMM


မပြီးသေးဖူး အဲ့နွားသိုးက  တက်တက်ထိုင် ကို

တက်တက်ခံ ရာထူးထပ်ပေးလို့ ကြူခေါမ

ပေါက်ကွဲနေတယ်လို့ 🍉သတင်းထွက်



ဆက်ဖတ်ရန် →

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "

ဒီကနေ့ ဥရောပပါလီမန်မှာ မြန်မာ့အရေးဆွေးနွေးကြရာမှာ ပါလီမန်အမတ်အများစုက မြန်မာနဲ့ ယူကရိန်းကို ယှဥ်တွဲပြောသွားကြပါတယ်။ အဲဒီလို ယှဥ်တွဲပြောသွားတဲ့အထဲမှာ ဆွီဒင်နိုင်ငံက ဥရောပပါလီမန်အမျိုးသမီးအမတ် Evin Incir ရဲ့တင်ပြ​ဆွေးနွေးချက်ကို ပါလီမန်အမတ်အများစုက အားရထောက်ခံခဲ့ကြတာတွေ့ရပါတယ်။ Evin Incir ဆွေးနွေးချက်အကျဥ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ ပေးဆပ်မှုတွေနဲ့ ခက်ခက်ခဲခဲကျိုးစားတည်ဆောက်ခဲ့ရတဲ့ ဒီမိုကရေစီတိုးတက်ပွင့်လင်းမှုတွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် အကုန်ပျက်စီးပျောက်ဆုံးသွားရပါတယ်။

 ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲ

ခံစားနေရချိန်မှာ ကျမတို့က ဘေးကနေ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ ဘေးကနေ စောင့်ကြည့်လေ့လာသူတွေ လုပ်လို့မရပါဘူး။ နိုင်ငံတကာဥပဒေတွေချို့းဖေါက်နေတာကို ဘေးကနေ ထိုင်လေ့လာနေလို့ ပြောနေလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျမတို့ပြောနေရတာက မြန်မာပြည်သူတွေရဲ့အသက်တွေ ဘ၀တွေပါ၊ စစ်တပ်က အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်နေတဲ့ အလွှာစုံက လူတွေ အရေအတွက်ကလည်း တနေ့တခြားတိုးနေပါတယ်။ လူဦးရေ ၁၄သန်းကျော်ဟာ အရေးပေါ် အကူအညီလိုနေတယ်လို့ UN က ပြောထားပြီးပါပြီ။ အများစုဟာ အမျိုးသမီးတွေနဲ့ကလေးငယ်တွေပါ။ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေခံစားနေရတာတွေအတွက် နိုင်ငံတကာကလည်းအခုထက် တိုးပြီး ချက်ခြင်းကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်။

တကယ်လက်တွေ့ကျကျ အရေးယူဆောင်ရွက်လိုတဲ့ စိတ်ရှိတယ်ဆိုရင် ၂ ပတ်အတွင်းမှာတောင် လုပ်နိုင်တယ်ဆိုတာ ကျမတို့ ပြသခဲ့ပြီးဖြစ်ပါတယ်။ (ယူကရိန်းအရေးမှာ အီးယူက ပါ၀င်ကူညီမှုကို ဆိုလိုသည်)

 မြန်မာ့အရေးမှာလည်း အချိန်မနှောင်းခင်မှာ ကျမတို့ လုပ်ကြရအောင်ပါ။

(Evin Incir )


၁၀/၃/၂၀၂၂

Digital News Wave


KKH🌏



ဆက်ဖတ်ရန် →

အခု မီးပျက်တာက ဝန်ဆောင်မှု အားနည်းလို့ပျက် တာမျိုးမဟုတ်ဘူး

​မီးတွေ အရမ်းပျက်တယ်ဗျာ။ ဘာမှကို လုပ်လို့ ကိုင်လို့လဲမရဘူး။ ကုန်ဈေးနှုန်းတွေကလဲ ကြီးလိုက်တာမှအရမ်းပဲ။ စီး ပွားတွေလဲပျက်နေပြီတဲ့ မိတ်ဆွေတယောက်ကညည်းတယ်။

တိုင်းပြည်က တနှစ်အတွင်းကို ဖရိုဖရဲဖြစ်သွားရှာတယ်။

တခြားနိုင်ငံတွေ ကိုဗစ်ကနေ ပြန်ရုန်းထပြီး နောက်တဆင့်ကို လှမ်းတက်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်တိုင်းပြည်က အရာရာ မှာ အနောက်ကို  ဘတ်ဂီယာထိုးပြီး  တွင်းနက်နက်ထဲကို ပြန်ဆင်းသွားတယ်။

အခြေခံ စီးပွားရေး အဆောက်အအုံက ပျက်နေပြီ။ ပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့ မပြောနဲ့ ........

 နိူင်ငံတနိူင်ငံအနေနဲ့ အခြေခံလည်ပတ်ဖို့တောင်ခက်နေပြီလို့မြင်တယ်။ဒါကြောင့် လဲ failed State ဖြစ်မယ်လို့ ပြောခဲ့ကြတာပေါ့။

ပျက်တဲ့ အပျက်က ကြီးလွန်းတယ်။ အခုထက်  အခြေအနေတွေပိုဆိုးလာဖို့ပဲရှိတယ်၊ နိုင်ငံတနိုင်ငံပျက်တယ်ဆိုတာရုတ် တရက်ကြီး ပြိုပျက်သွားတာမျိုး မဟုတ်ဘူး။ အဘက်ဘက်ကနေ တအိအိ ပြိုဆင်းလာရင်း နောက်ဆုံး ချွတ်ခြုံကျသွား တာမျိုးပါ။ တိုင်းပြည်ပျက်တယ်သာပြောတယ်။ တို့တွေနေလို့ရနေတာပဲလို့စဉ်းစားကောင်းစဉ်းစားကြလိမ့်မယ်။ လူဆို တာကတော့ သဘာဝအခြေအနေမှာတောင် နေနိုင်ကြတာပဲမဟုတ်လား။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ချွတ်ခြုံကျတာက သိသာလာလိမ့်မယ်။ 

မိတ်ဆွေတယောက်ကလဲလှမ်းပြောတယ်။ ဒီမှာ မီးတွေပျက် နေတော့ အရင်တုန်းက မီးပျက်ရင် ခင်ဗျားရေးတဲ့ပို့စ်တွေကို တောင် သတိရတယ်တဲ့။

ဟုတ်တယ်ဗျလို့။ အရင်က မီးပျက်ရင် ပို့စ်တွေရေးဖြစ်တယ်  အစိုးရရဲ့ လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ ဝန်ဆောင်မှု အားနည်း လို့၊ ဝန်ဆောင်မှု ပိုကောင်းလာအောင် ပြောဆိုရတာပေါ့ဗျာ။ အဲ့လို ဝိုင်းပြောကြရင် ဝန်ဆောင်မှုလေးများပိုကောင်းလာမ လားလို့ မျှော်လင့်ပြီး ပြောရဆိုရတာပေါ့။ 

ဒါပေမဲ့ အခုအချိန်မှာတော့ ဘာဝန်ဆောင်မှုကိုမှ မျှော်မနေနဲ့ တော့ဗျ။ အခု မီးပျက်တာက ဝန်ဆောင်မှု အားနည်းလို့ပျက် တာမျိုးမဟုတ်ဘူးဗျ။ တိုင်းပြည်ပျက်လို့၊ တိုင်းပြည်ကိုပျက် အောင်ဖျက်လိုက်ကြလို့ မီးပါပျက်သွားတာလို့ ပြန်ပြောဖြစ် ခဲ့တယ်။

ကိုရဲ 🇺🇸


ဆက်ဖတ်ရန် →

နယ်မြေပိုင်စိုးသူ

​နယ်မြေပိုင်စိုးသူကအစိုးရဖြစ်တယ်တဲ့

မအလတွေ မြေဩဇာဖြစ်တာအနည်းဆုံး ၁၂၀၀၀

🍉တွေကလဲဒင်းကြမ်းပဲ

အစိုးရအစစ်က ပြည်သူ့လက်ထဲမှာ

သစ်ငုတ်တောင်ဖြေးဖြေးချင်းနှဲ့ရင်

ကျွတ်ထွက်သေးတာပဲ

မအလတွေက ဘာသားနဲ့ထုထားတာမှတ်လို့

(ဖေ့ဘွတ်ပေါ်တင်ရေးရင်အပိတ်ခံရလွန်းလို့

ကိုယ်ပိုင်တဲ့စာမျက်နှာမှာတက်ရေးတာ😏)

စကားမစပ် မထက်ကနာမည်ခေါ်ပေးလား😅


ဆက်ဖတ်ရန် →

ဘီလာရုစ်က လက်နက် မြန်မာတပ်အတွက် ပွဲစားလုပ်သူကို ဖော်ထုတ်

Mi 17 မှာ အလျှားရှည်တဲ့ ကုန်စည်ပါတင်နိုင်ပြီး တပ်ဖွဲ့ဝင် ၃၀ နဲ့ ဒဏ်ရာရထားသူ ၂၀ ထိ တင်နိုင်တယ်လို့ FAS Federal American Scientists အမေရိကန်သုတေသနအဖွဲ့က ပြောပါတယ်။ Mi 17 ရဟတ်ယာဉ်ကို လူနဲ့ကုန်တင်ဖို့ ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထားတာပါ။ ဒါကြောင့်လည်း PDF တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရွာတွေကို ဝင်ရောက်ဖျက်ဆီး၊ မီးရှို့ ပစ်ခတ် ဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွက် ပစ်မှတ်ရှိတဲ့နေရာကို တပ်ဖွဲ့ဝင်တွေ အရောက်ပို့ပေးနိုင်တဲ့ Mi17 က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာပါ။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် စစ်ရေးပြပျံသန်းနေသည့် ရဟတ်ယာဉ်များကို တွေ့ရစဉ်။ Photo: AFP

ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို နှိမ်နင်းဖို့ လေကြောင်းက တပ်ကူပေးတဲ့အခါ သုံးတဲ့ ရုရှားနိုင်ငံလုပ် Mi17 တိုက်ရဟတ်ယာဉ် အပိုပစ္စည်းတွေကို Dynasty International ကုမ္ပဏီက မြန်မာလေတပ်အတွက် တင်သွင်းပါတယ်။

မနှစ်က ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီး နောက်တစ်လအကြာ မတ်လမှာ ရုရှားအခြေစိုက် Ural Avia ကုမ္ပဏီကနေ Dynasty International က ဒီ Mi17 အပိုပစ္စည်းတွေကို ဝယ်ယူတင်သွင်းတယ်လို့ မြန်မာစစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို သုတေသနလုပ်နေတဲ့ Justice for Myanmar က မတ် ၂ ရက်မှာ ဖော်ထုတ်လိုက်တာပါ။ Mi17 နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို စစ်ဆင်ရေးလုပ်မယ့်နေရာကို ပို့ဆောင်ပေးနိုင်တဲ့အတွက် မြေပြင်က သွားရင် မိုင်းဆွဲခံရမယ့်ဘေးက ရှောင်နိုင်ပြီး ပစ်မှတ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်ပါတယ်။

Mi 17 မှာ အလျှားရှည်တဲ့ ကုန်စည်ပါတင်နိုင်ပြီး တပ်ဖွဲ့ဝင် ၃၀ နဲ့ ဒဏ်ရာရထားသူ ၂၀ ထိ တင်နိုင်တယ်လို့ FAS Federal American Scientists အမေရိကန်သုတေသနအဖွဲ့က ပြောပါတယ်။ Mi 17 ရဟတ်ယာဉ်ကို လူနဲ့ကုန်တင်ဖို့ ရည်ရွယ်ပြီးဒီဇိုင်းဆွဲထားတာပါ။ ဒါကြောင့်လည်း PDF တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရွာတွေကို ဝင်ရောက်ဖျက်ဆီး၊ မီးရှို့ ပစ်ခတ် ဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွက် ပစ်မှတ်ရှိတဲ့နေရာကို တပ်ဖွဲ့ဝင်တွေ အရောက်ပို့ပေးနိုင်တဲ့ Mi17 က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာပါ။

၂၀၁၁ မှာ Mi17 တစင်းက အမေရိကန်ဒေါ်လာ ၁၆ ဒဿမ ၄ သန်းက ၁၈ ဒဿမ ၄ သန်းဈေး ပေါက်ပါတယ်။ Mi17 ရဟတ်ယာဉ် အသစ်ဝယ်ဝယ်၊ တပတ်ရစ်ဝယ်ဝယ် ပြုပြင်ထိန်းသိမ်းမွမ်းမံနိုင်ဖို့ လိုအပ်တဲ့ အပိုပစ္စည်းတွေကို ဝယ်ယူပေးတဲ့ Dynasty International ထူထောင်သူဟာ ဒေါက်တာ အောင်မိုးမြင့်ဖြစ်ပြီး န-ဝ-တ န-အ-ဖ စစ်အစိုးရ လက်ထက်တုန်းကတာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့်ရဲ့သား ဖြစ်တယ်လို့ ဆိုပါတယ်။ မင်းဆက်၊ နန်းဆက်လို့ အဓိပ္ပာယ်ရတဲ့ Dynasty ဆိုစကားနဲ့ နီးစပ်တဲ့ စစ်မျိုးစစ်နွယ်က စစ်တပ်အတွက် လက်နက်ပွဲစားလုပ်ပေးတာပဲ ဖြစ်ပါတယ်။ Dynasty International ကို ၁၉၉၇ ခုနှစ်ကတည်းက ထူထောင်ထားတာပါ။

ဒေါက်တာအောင်မိုးမြင့်ဟာ ဘီလာရုစ်နဲ့ မြန်မာစစ်တပ်ကြားက လက်နက်ပွဲစားလည်းဖြစ်ပြီး ဘီလာရုစ်နိုင်ငံဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ မှာ ခန့်အပ်ခံရတယ်လို့ ဧရာဝတီသတင်းက ၂၀၂၁ အောက်တိုဘာမှာ ဖော်ပြဖူးပါတယ်။ ဒါတင်မက မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုစ်ကုန်သည်ကြီးများနဲ့ စက်မှုအသင်းကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။

သူဟာ Belarus နဲ့ ဆားဘီးယားနိုင်ငံတွေက သံချပ်ကာကားတွေ၊ စစ်လက်နက်ကိရိယာတွေ၊ လေကြောင်းကာကွယ်ရေးစနစ် အပါအဝင် ဒုံးလက်နက်တွေ တင်သွင်းသူလို့ ဆိုပါတယ်။ 

ဒေါက်တာအောင်မိုးမြင့် ဆက်သွယ်တဲ့ ရုရှားက Ural Avia ဟာ မြန်မာလေတပ်အတွက် ဝယ်ထားတဲ့ Yak နဲ့ Mi တိုက်ရဟတ်ယာဉ်အပါအဝင် တခြားလေယာဉ်တွေ ပြင်ဆင်တဲ့ ကုမ္ပဏီဖြစ်ပြီး Mi ရဟတ်ယာဉ်အစိတ်အပိုင်းတွေနဲ့ လေယာဉ်ပြုပြင်ရေးလုပ်ငန်းအထူးပြု ကုမ္ပဏီဖြစ်ပါတယ်။ ရဟတ်ယာဉ်အသစ်စက်စက်ရော အသစ်လို မွမ်းမံပြင်ဆင်ထားတဲ့ယာဉ်တွေကိုပါ ရောင်းချပါတယ်။

Mi8 နဲ့ Mi17 ရဟတ်ယာဉ်တွေကို ဝယ်ယူထားတဲ့ ဖောက်သည်တွေရဲ့ဥပစာမြေမှာ လိုက်လံပြင်ဆင်ပေးတယ်လို့လည်း Ural Avia က ကြေညာထားပါတယ်။ နေပြည်တော်လေတပ်စခန်းက ပြည်သူ့ဘက်ပြောင်းလာတဲ့ လေသူရဲ ဗိုလ်ကြီးဇေသူအောင်ကတော့ မြန်မာလေတပ်က ဝယ်ယူထားတဲ့ လေယာဉ်တွေကို overall တစ်စင်းလုံး ပြင်ဆင်ပြုပြင် မွမ်းမံဖို့ ရုရှားကို ပို့ရတယ်လို့ RFA ကို ပြောဖူးပါတယ်။

Dynasty International ဟာ အီးယူ-ဥရောပသမဂ္ဂနဲ့ အဆက်အသွယ်ရှိပြီး ဂျာမနီနိုင်ငံက Grob Aircraft လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီက Grod G 120 P အမျိုးအစား လေ့ကျင့်ရေးလေယာဉ်တင်သွင်းတယ်လို့ Justice for Myanmar ကပြောပါတယ်။

လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်ဟာ ၂၀၁၅ ကစလို့ Grob G 120 P အစင်း ၂၀ တင်သွင်းတယ်လို့ဆိုပါတယ်။ အဲဒီ Grob လေယာဉ်တွေကို မနှစ်က မတ် ၂၇ ရက် စစ်ရေးပြ အခမ်းအနားမှာ အာဏာသိမ်းစစ်ကောင်စီက ပျံသန်းပြသတာပါ။ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတဲ့ နိုင်ငံတွေထဲမှာ Belarus က လက်နက်တွေ အကြီးအကျယ် တင်ပို့ပြီး မြန်မာစစ်တပ်နဲ့ စစ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဖွဲ့ထားပါတယ်။

Belarus က မြန်မာစစ်တပ်ကို Kvadrat-M SAM ဒုံးကျည်စနစ် ၂၀၁၆ က ပေးပို့ထားပြီး ၂၀၁၅-၁၆ မှာ 3M9 မြေပြင်က ဝေဟင်ပစ် ဒုံးကျည် တရာတင်ပို့ပါတယ်။ ၂၀၁၉ မှာ ရုရှားလုပ် Mi24/Mi-35 တိုက် ရဟတ်ယာဉ် နှစ်စင်းတင်ပို့တယ်လို့ SIPRI- Stockholm International Peace Research Institute စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအဖွဲ့က ပြောပါတယ်။

ဘိုင်လိုရုရှားလို့လည်း သိကြတဲ့ Belarus ဟာ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုဟောင်းက ခွဲထွက်လာတဲ့ နိုင်ငံဖြစ်ပေမဲ့ ရုရှားနဲ့စစ်ရေးဆက်ဆံမှုရှိပြီး စစ်ရေးနဲ့သိပ္ပံရေးရာ ပူးတွဲဆောင်ရွက်တဲ့ နိုင်ငံဖြစ်ပါတယ်။

ခု ယူကရိန်းနဲ့ ရုရှားပဋိပက္ခမှာ ရုရှားဘက်က ရပ်တည်တဲ့နိုင်ငံ ဖြစ်ရုံမက မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ဖို့ ကုလသမဂ္ဂက မနှစ်က ဇွန်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ Belarus ဟာ ကန့်ကွက်မဲပေးခဲ့တဲ့ တခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။

RFA..

ဆက်ဖတ်ရန် →

အကြမ်းဖက်စစ်တပ်က ဓာတု လက်နက်သုံးပြီးတိုက်ခိုက်နေ သည်ဟု သံသယဖြစ်ဖွယ်သေဆုံးသူများ

​စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ်က ဓါတုလက်နက်အသုံးပြု​နေဟု ​PDFများ​ပြော


—People's Spring


အကြမ်းဖက်စစ်​ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ခင်ဦး၊ ယင်းမာပင် မြို့နယ်များတွင် ​ဒေသခံကာကွယ်​ရေးတပ်များကို တိုက်ခိုက်ရာတွင် ဓာတုလက်နက်များအသုံးပြုတိုက်ခိုက်နေသည်ဟု တော်လှန်​ရေးအဖွဲ့ အချို့ကထုတ်ပြန်သည်။


 ဓာတု လက်နက်ကြောင့် ထိခိုက်ရသူ များသည် အလင်းဒဏ်မခံနိုင်ဖြစ်ကာ မျက် လုံးမဖွင့်နိုင်ဘဲ ဖြစ်ရသည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။


ကိုယ်​တွေ့ကြုံခဲ့​သော PDF အချို့ကမူ ထိုက်လက်နက်ကျည်ကျ​သော​နေရာသို့ ဖြတ်သန်းသွားလျှင်အားအင်ကုန်ခမ်း လာပြီး မျက်ခွံများ​လေးလံလာကာ အိပ်ချင်လာသလို ၊ အ​ငွေ့ရှုမိသူများမှာ စက္ကန့် အတန်ကြာ မလှုပ်နိုင်ဘဲ သတိ့လက်လွတ်ဖြစ်ကုန်သိ့ဟု​ပြောကြသည်။


"စခတွေဟာ လျှပ်တပြတ် အငိုက်မှာ ဓာတု လက်နက်တွေ အသုံးပြုနေပါတယ်"ဟု   ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။


ယင်းမာပင် မြို့နယ်တွင် မတ်လ ၈ ရက်တိုက်ပွဲ၌ စစ်​ကောင်စီတပ်က ဓါတုလက်နက်အသုံပြုခဲ့သည်ဟု ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦးက ​ပြောသည်။


"ကျွန်တော်က သူတို့နဲ့ထိပ်တိုက် တွေ့တဲ့နေရာမှာ သူတို့က အကြီး(လက်နက်ကြီး)နဲ့ လှမ်းထုတဲ့အခါမှာ ကျွန်တော်တို့နဲ့ ပေ ၅၀ လောက်အကွာမှာ ၄၊ ၅လုံးလောက်ကျတာ။ ကျွန်တော်တို့ နောက်ကျော ပေ ၅၀၊ ၃၀ ပတ်ချာလည်လောက်မှာကျတယ်။ ကျတဲ့အခါ ဝပ်နေတဲ့အခါ လွတ်တယ်ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီကျတဲ့နေရာ ပတ်ဝန်းကျင်ကို ကျွန်တော်က မီးကျောင်းသွားတွားသွားပြီးတော့ အဲဒီကြားထဲက ဖြတ်ထွက်လာတဲ့အခါမှာ အဲဒီနေရာတင် အိပ်ချင်စိတ် ပေါက်တာ။ ဒါပေမဲ့ အိပ်ရင်တော့ မဖြစ်ဘူး ဒီနားပြုတ်မှာပဲဆိုပြီး အဲဒါ မျက်စိကို အတော့ကို ဖွင့်ယူရတယ်။" ဟု အဆိုပါ PDF တပ်ဖွဲ့ဝင်က People's Spring သို့​ပြောသည်


 မျက်ရည်ကျခြင်းမျိုးမရှိဘဲ ရုတ်တရက် အားအင်ကုန်ခမ်းကာမျက်ခွံများ​လေးလာပြီး အိပ်ချင်လာခြင်းမျိုးဖြစ်​ကြောင်း ၎င်းကဆက်​ပြောသည်။၎င်းသာမက ကျန် PDF တပ်ဖွဲ့ဝင်များလည်းဖြစ်ပြီး ထိုသို့ဖြစ်ခြင်းမှာ ပင်ပန်း၍ အားနည်း​သော​​ကြောင့်ဖြစ်သည်ဟုထင်​နေကြ​ကြောင်း၎င်း​ပြောသည်။ယခင်တိုက်ပွဲများတွင် ထိုသို့ မကြုံဖူး​​ကြောင်းလည်း အထက်ပါPDF တပ်ဖွဲ့ဝင်က​​ပြောသည်။


ထို့အပြင် စစ်​ကောင်စီတပ်ကျန်ခဲ့​သောတရုတ်နိုင်ငံထုတ် Thunder Fire ဟုအမည်တပ်ထား​သော လက်ဆွဲ​သေတ္တာကိုလည်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ပုံနှင့်တစ်ကွ ထုတ်ပြန်သည်။ လက်ဆွဲ​သေတ္တာပါ ဝက်ဆိုက်လိပ်စာ www.tf8808 သို့ဝင်​ရောက်ကြည်ရှု့​လေ့လာရာတွင် 

​ကျောက်များကိုကြည့်​ရာတွင်အသုံးသော အားပြင်းထန်လှ​သော ဓါတ်မီးဖြစ်သည်။​ကျောက်စိမ်း၊  ​​ကျောက်မျက်ရတနာများကို အလင်းဖြင့်ထိုး၍ ကြည်နိုင်​သော ဓါတ်မီးမှာ အားပြင်းထန်လှသဖြင့် မျက်လုံးကို တိုက်ရိုက်အလင်းဖြင့်ထိုးလျှင်မျက်လုံးပျက်စီးနိုင်သည်။သို့​သော် PDFတပ်ဖွဲ့ဝင်ရ​သောအ​ခြေအ​နေမှာ ​ကျောက်ကြည့်ဓါတ်မီးနှင့်မဆိုင်ဘဲ စစ်​ကောင်စီတပ်က ဓါတုလက်နက်အသုံးပြု​နေသည်ကိုလမ်း​ကြောင်း​ပြောင်းရန် ထို​သေတ္တာထားခဲ့ခြင်း သို့မဟုတ် ဓါတုလက်နက်ကို ထို​သေတ္တာဖြင့် သယ်​ဆောင်လာခြင်း မျိုးသာဖြစ်နိုင်​ကြောင်း ​ဒေသခံပြည်သူတစ်ဦးကလည်း​ပြောသည်။


ထို့အပြင် ခင်ဦးမြို့နယ်အတွင်း၌ လည်း အကြမ်း ဖက်စစ်တပ်က ဓာတုလက်နက်ပုံစံ အသုံးပြုသည့် ဖြစ်စဥ်များ ရှိလာနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်အချို့က​ပြောသည်။


၎င်းတို့ အဆိုအရ လက်နက်ကြီးကျည် ကျပြီး  အပြာရောင်အမှုန့်များ ပြန့်နှံ့သွားကာ အနီးတစ်ဝိုက်မှ ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်အများအပြားမှာ (၁၀)စက္ကန့်မှ စက္ကန့် (၂၀)ကြား သတိလစ်မေ့မျောခြင်း ၊ မူးဝေခြင်း၊ မျက်လုံးများ ပြာဝေခြင်း များဖြစ်ပေါ်ကြုံတွေ့ရသည်ဟု သိ့ရသည်။မတ် လ ၉ ရက်က ခင်ဦးမြို့နယ်တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များ ထိုအ​ခြေအ​နေကိုကြုံခဲ့ရပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးခဲ့သည်။ 


​ဒေသခံပြည်သူများကို ​ဆေးဝါးကုသ​စောင့်​ရှောက်မှု​ပေး​နေ​သောSagaing District Medical Team က လည်း ခင်ဦးမြို့နယ်ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်က ဓာတု လက်နက်သုံးပြီးတိုက်ခိုက်နေ သည်ဟု သံသယဖြစ်ဖွယ်သေဆုံးသူ နှင့်ဒဏ်ရာရသူများ တွေ့ရှိလာပါရကြောင်းလည်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။


စစ်​ကောင်စီတပ်က ဓာတုလက်နက် အသုံးပြုတိုက်ခိုက်​နေခြင်းဟုတ်၊မဟုတ်အ​ပေါ်  ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ ပိုမိုခိုင်မာ​သောအတည်ပြုချက်ကို People's Spring ကရယူရန်ကြိုးစား​နေဆဲဖြစ်ပါသည်။


မတ်လ ၄ ရက်ကစ၍ စစ်ကိုင်းတိုင်း၌ အကြမ်း ဖက်စစ်ကောင်စီက အင်တာနက်လိုင်းများဖြတ်တောက်ကာ PDF များကို ထိုးစစ်ဆင်ခြင်း၊ ဒေသခံပြည်သူများကိုပင်မ​ရှောင် အကြမ်း ဖက်သတ်ဖြတ်မှု၊​​ကျေးရွာများမီးရှို့ဖျက်ဆီးမှုများပိုမိုပြုလုပ်လာနေသည်။


မတ်လ ၉ ရက်က ယင်းမာပင်မြို့နယ်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်က ပြည်သူ ၁၂ ဦးကို အစုလိုက် မီးရှို့သတ်ဖြတ်ခဲ့သည်။ထို့အပြင် ယနေ့(မတ်လ ၁၀ ရက်)တွင်လည်းသီးကုန်းရွာ နှင့် အိုးဘိုရွာဘက်သို့ စစ်ကြောင်းထိုးနေသည်ဟု သိရသည်။


#လူထုနွေဦး

#LuduNwayOo

#People'sSpring

#PS

https://www.ludunwayoo.com

https://www.facebook.com/LuduNwayOo

https://www.instagram.com/ludunwayoo/

ဆက်ဖတ်ရန် →

Social Punishments ကို L*** လို လုပ်နေကြတာ

​မပြောရင် မသိလို့ ပြောပြရဦးမယ်။ 

ပြီးခဲ့တဲ့ရက်က 505ကို ခံဝန်မထိုးဘဲ ဆက်တော်လှန်နေတဲ့ နာမည်ကြီးတော်လှန်ရေးမင်းသမီးတစ်ယောက် ဖုန်းဆက်လာတယ်။ မမကို အိမ်က အဆက်အသွယ်ဖြတ်လိုက်ပြီ ညီမရယ်တဲ့။ စကားပြောနေရင်း ထိန်းမရစွာ ငိုချလိုက်တယ်။ ကိုယ်လည်း အားပေးဖို့ ကြိုးစားပေမယ့် သူ့ငိုသံကြားတော့ စိတ်ထိန်းမရဘဲ ငိုမိတယ်။

နယ်စပ်မှာ ပြည်ပထွက်ခွင့်မရသေးတဲ့ နာမည်ကြီး Single Father အဆိုတော်တစ်ယောက်လည်း ကလေးနှစ်ယောက်နဲ့ ခက်ခဲနေရတယ်။ ကလေးတွေ ကျောင်းတက်ခွင့်မရရှာလို့ သူ့မှာ စိတ်ဆင်းရဲနေရတယ်။ သူဌေးတွေ မဟုတ်တော့ ငွေကြေးပြသနာကအစပေါ့။ 

US ရောက်လာတဲ့ အဆိုတော် လင်မယားနှစ်ယောက်ဆို ကလေးသုံးယောက်နဲ့ တိုင်ပတ်နေတယ်။ မြန်မာပြည်မှာ ကလေးထိန်းတွေ အခြွေအရံတွေနဲ့ နေခဲ့တဲ့ ကလေးသုံးယောက်ကို ဝေယျာဝစ္စလုပ်ရင်းနဲ့ တစ်နေ့တစ်နေ့ အချိန်ကုန်နေရရှာတယ်။ သီချင်းဆိုဖို့ ကြိုးစားပေမယ့် မိသားစုဝင်တွေ ဓါးဆာခံဖြစ်နေတဲ့အတွက် ဘာမှလုပ်လို့မရပြန်ဘူး။ 

နောက်ထပ် ကလေးလသားလေးနဲ့ အဆိုတော်တစ်ယောက်လည်း တစ်လ 1500 နဲ့ ဆူရှီအသင်အဖြစ် လိပ်နေရတယ်။ နာမည်ကြီး ပညာသည်ဆရာတစ်ယောက်က အသားစက်ရုံမှာ ဝက်သားလှီးနေရတယ်။ မြန်မာပြည်မှာ နာမည်ကြီးဆယ်လီ၊အနုပညာရှင်၊ လုပ်ငန်းရှင်ကြီးတစ်ယောက်က USမှာ စားပွဲထိုးနေရတယ်။ 

MRTV က CDM လုပ်သွားတဲ့ ဦးကျော်သက်လင်း။ အခု လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင် တိုက်နေတယ်။ အိမ်ထောင်ရေး ပြိုကွဲသွားတယ်။ မိသားစုတွေ ဖိအားပေးခံရတယ်။ အလုပ်အကိုင်ဆုံးရှုံးသွားတယ်။ အရာအားလုံးဆုံးရှုံးသွားတယ်။ ယုံကြည်ချက်ကို ဆွဲကိုင်ပြီး တိုက်ပွဲဝင်နေတယ်။ ဒါပေမယ့် ယုံကြည်ချက်နဲ့ ဂုဏ်သိက္ခာကလွဲရင် အရာအားလုံး ဆုံးရှုံးလိုက်ရတယ်။ 

ဒါက အဖမ်းမခံရဘဲ လွတ်မြောက်သွားတဲ့ အနုပညာသမားတွေရဲ့ အခြေအနေ။ ထောင်ထဲကအနုပညာသမားတွေအကြောင်း ပြောပြမယ်။ 

မဝင်းမင်းသန်း အခုထိ မလွတ်ဘူး။ ကျန်းမာရေးထိခိုက်လို့ ထောင်ဆေးရုံ တက်ရတာတွေ တွေ့ခဲ့သူ ရှိတယ်။ ရဲတိုက်… စိတ်ပိုင်းဆိုင်ရာပြသနာတွေ ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတယ်။ ပိုပို… ဘာအစအနမှ မကြားရဘူး။ ဦးဆင်မ… ဘယ်သူကမှ သူ့အကြောင်း မပြောကြတော့ဘူး။ လစ်လျူရှုခံနေရတယ်။ 

အခုလွတ်မြောက်လာတဲ့ အနုပညာရှင်တွေအကြောင်း ထပ်ပြောမယ်။ အနုပညာသမားဆိုတာ ငွေကြေးကို ကြော်ငြာတွေက အဓိက ရတယ်။ အခု ပိုင်တံခွန်လွတ်လာပြီ။ ပြေတီဦး အိန္ဒြာကျော်ဇင် လွတ်လာပြီ။ လူမင်း လွတ်လာပြီ။ ပိုင်တံခွန်လေး Profile Picture ချိန်းလိုက်တယ်။ Like 500K အထက်ရတယ်။ ကြော်ငြာရှင်တွေ အင်မတန် မျက်စိကျမယ့် Engagement မျိုး။ 

ဒါပေမယ့် ကြော်ငြာရှင်တွေ ပိုင်တံခွန်နဲ့ ကြော်ငြာရဲပြီလား။ ပြေတီဦးနဲ့ ကြော်ငြာရဲပြီလား။ အိန္ဒြာကျော်ဇင်နဲ့ ကြော်ငြာရဲပြီလား။ လူမင်းနဲ့ ကြော်ငြာရဲပြီလား။ သူတို့နဲ့ ကြော်ငြာရင် ကုမ္ပဏီကို စကစက ပြသနာရှာမလား၊ စောင့်ကြည့်မလား စိုးရိမ်ပူပန်ကြတယ်။ 

အရင်တုန်းက ပြည်သူနဲ့ မရပ်တည်သူတွေ၊ စစ်ခွေးအမျိုးအနွယ်တွေကို SP တွေ Boycott တွေ အော်ခဲ့ကြတဲ့ဟာတွေက နေခြည်ဦးရဲ့ ဆိုးပြီးသားနှုတ်ခမ်းနီတောင့် Giveaway မှာ ကျဆုံးကုန်တယ်။ တကယ်ပြည်သူနဲ့ရပ်တည်ဖို့ ဘဝတွေ အပျက်ခံခဲ့ကြတဲ့ အနုပညာသမားတွေက သေပေးလိုက်ရတော့မလား။ 

၅၀၅ ပါမှာစိုးလို့ ငွေပေး၊ ပိုစ့်တွေဖျက်၊ အကောင့်ဟက်ခံရပါတယ်လိမ်ခဲ့တဲ့ ခရိုနီလက်သစ်ရည်းစား ဝတ်မှုံရွှေရည် ပြန်ပေါ်လာတော့ ချစ်လိုက်တာ ကစ်ရယ်တဲ့။ NUG ပရိုဖိုင်တွေနဲ့။ 

အဲ့တော့ မေးချင်တာက Social Punishments အလုပ်ခံရတာ ဘယ်သူတွေလဲ။ ပြည်သူဘက်က ရပ်တည်သူတွေလား။ Boycott လုပ်ခံနေရတာ ဘယ်သူတွေလဲ။ ပြည်သူဘက်က ရပ်တည်သူတွေလား။ ထပ်မေးချင်တာက နင်တို့တွေ လိမ်ခဲ့ကြတာလား။ ပြည်သူနဲ့ မရပ်တည်ရင် SPလုပ်မယ်၊ Boycott လုပ်မယ်ဆိုပြီး တကယ်မလုပ်နိုင်ဘဲ လိမ်ခဲ့ကြတာလား။

စစ်ခွေးတွေဘက်က သူတို့လုပ်နိုင်တဲ့ ဖိနှိပ်မှုတွေ၊ အကြောက်တရားရိုက်သွင်းမှုတွေကို တစိုက်မတ်မတ်လုပ်တယ်။ ပြတ်ပြတ်သားသားလုပ်တယ်။ တိတိကျကျ ယုတ်မာမိုက်ရိုင်းတယ်။ တနည်းအားဖြင့် ဒါဟာ သူတို့လုပ်တဲ့ Social Punishments ပဲ။ 

ကိုယ်တွေဘက်ကဟာတွေက Social Punishments ကို L*** လို လုပ်နေကြတာ။ သူတို့မာချင်မာတယ်။ တောင်ချင်တောင်တယ်။ ပျော့ချင်ပျော့တယ်။ အတိုပြောရရင် SPကို L** လို လုပ်နေကြတာ။ 

ဖလမတွေ။


နေခြည်ဦးအိမ်က မီးလာတယ်။ အဲကွန်းလည်း ရတယ်။ မီးမလာလည်း မီးစက်မောင်းဖို့ ဆီဖိုးတတ်နိုင်တယ်။ တစ်နိုင်ငံလုံး မီးဖြတ်ထားချိန်တောင် မီးမဖြတ်ရဲတဲ့ VIP ရပ်ကွက်ဆိုတာမျိုးမှာလည်း နေနိုင်တယ်။ 


သူ့ဖအေ စစ်ခွေးသူခိုး ခိုးထားတဲ့ ငွေတွေနဲ့ Branded ပေါင်းစုံ သုံးပြနေတာကို မီးဖြတ်ခံရ၊ ရေမလာ၊ အင်တာနက်စျေးကြီးပေးသုံးနေရတဲ့ နင်တို့တွေက သရေတမြားမြားကျပြီး ဖားယားနေရတာ စောက်ရှက်မရှိဘူးလား Public သူတောင်းစားမတွေ။ 


နေခြည်ဦးဆိုးပြီးသား နှုတ်ခမ်းနီတောင့် Giveaway ရလို့ ဆိုးလိုက်ရတာနဲ့ နင်တို့ဘဝတွေက နေခြည်ဦးတစ်ခါဝတ်ပြီး လွှင့်ပစ်လိုက်တဲ့ Branded စစပန်ဒါတစ်ထည်လောက် တန်ဖိုးရှိလာမယ် ထင်နေလား။ 


ဟိုက ပရိတ်သတ်တွေ ချစ်လိုက်တာ ဖြစ်နေမှာ မဟုတ်ဘူးနော်။ လွယ်လိုက်တာ၊ စောက်မှတ်မရှိလိုက်တာ၊ နှုတ်ခမ်းနီတစ်တောင့်နဲ့ ပြန်ဝယ်လို့ရတဲ့ အတန်းစားတွေဆိုပြီး ရယ်နေမှာ။ နင်တို့ကို ဟားနေမှာ။ 


မာနလေးတော့ ရှိကြစမ်းပါ

ရွံစရာကောင်းလိုက်တာ။


(ပန်ပန်)


ဆက်ဖတ်ရန် →

မွေးနေ့မှာ ထောင်၂နှစ်ချခံရတဲ့၈၈မျိူးဆက်ကိုမြအေး

(အာဏာခိုးတဲ့နေ့မနက်မှာအဖမ်းခံရတာ

ဘယ်လို ၅၀၅နဲ့ညှိတာလဲ ခေါင်းကြီးတို့)

👇👇👇👇👇👇👇👇

ဒီနေ့ အဖေ ဦးမြအေးကို ၅၀၅(ဂ)နဲ့ ထောင်ဒဏ် ၂နှစ်ဆိုပြီးအမိန့်ချလိုက်ပါပြီ။ ဒီနေ့က အဖေ့ရဲ့ ၅၆နှစ်မြောက်မွေးနေ့ဖြစ်သလို၊ မတရားဖမ်းဆီးချုပ်နှောင်ခံနေတာ ၁နှစ်၊ ၁လ နဲ့ ၁၀ရက်ကြာခဲ့တဲ့နေ့လဲဖြစ်တယ်။ စစ်ခုံရုံးနဲ့အသွင်မကွာလှတဲ့ အင်းစိန်ထောင်ထဲကတရားရုံးမှာ လပေါင်းများစွာ ရုံးထုတ်ပြီးတော့ ဒီနေ့အမိန့်ချလိုက်တာပါ။


မိသားစုဝင်တွေအနေနဲ့ ဘာသတင်းအတွက်မဆို ကြိုတင်ပြင်ဆင်ထားပေမယ့် ဒီနေ့တော့ ဒေါသလဲထွက်တယ်၊ စိတ်လဲမကောင်းဘူး။ 


အမေချက်တဲ့ ဟင်း၊ထမင်းတွေကို အရမ်းကြိုက်တဲ့ အဖေ့ကို အဖေ့မွေးနေ့မှာ အိမ်ဟင်း၊ အိမ်ထမင်းကို မိသားစု စုံစုံလင်လင်နဲ့ စားစေချင်တယ်။ စီးကရက်တစ်ဗူး နဲ့ ကော်ဖီခွက်ကိုဘေးချပြီး အိမ်ရှေ့ခန်းမှာ ဂစ်တာတီးပြီး သီချင်းတွေရေး၊ သီချင်းတွေဆိုတာတွေ့ချင်တယ်။ 


“ဒယ်ဒီသီချင်းတွေက ဒိတ်အောက်နေပြီ” လို့ ပြောရင် ရယ်ပြီး “ဝေနှင်းတို့က ဘာမှလဲမသိပါဘူး” ဆိုပြီး အဖေ့မွေးနေ့မှာလဲ ရယ်မောအငြင်းပွါးချင်တယ်။ 


အဖေက အလှူအတန်းလဲအရမ်းအားသန်တော့ ဒီနေ့လိုနေ့မျိုးမှာ သူအပြင်မှာသာရှိရင်ဆိုပြီးစဉ်းစားတမ်းတနေမှာအမှန်ပဲ။ အခုတော့ အင်းစိန်ထောင်ထဲ မိသားစုတကွဲတပြားနဲ့ ဖြတ်သန်းနေရတယ်။ ကြောင်ချစ်တဲ့ အဖေက အခုလဲ အင်းစိန်ထောင်ထဲမှာ ကြောင်လေးတွေကို အစာကျွေးနေတယ်၊ ဒါပေမယ့် သူခေါ်မွေးထားတာမဟုတ်ပါဘူးတဲ့ 😃


လျော့ရက်နဲ့တွက်ရင် နောက်တစ်နှစ်ပဲကျန်တော့တယ်ဆိုပေမယ့် ထောင်ထဲမှာ တစ်နှစ်ဆိုတဲ့အချိန်ကနည်းတာမဟုတ်ဘူး။ ပြီးရင် မအလတို့ လုပ်ချင်သလိုလုပ်နေတဲ့အချိန်၊ ဥပဒေက သူတို့ပါးစပ်ပေါ်မှာရှိနေတဲ့အချိန်မှာ မျော်လင့်ချက်လဲမထားရဲဘူး။ 


မတ်လ ၁ ရက်နေ့ အပြီးသတ်လျောက်လဲချက်ပေးရတဲ့အချိန်မှာလဲ အပြစ်မရှိပဲဖမ်းဆီးထားကြောင်းနဲ့  စစ်ခုံရုံးနဲ့မခြားပဲတရားမျှတမှုမရှိတဲ့ တရားခွင်အကြောင်းတွေ ပြောသွားတော့ အခုလဲ ခြေထောက်က cellulitis အနာအတွက် လိုအပ်တဲ့ဆေးကုသမှုတွေ ပိတ်ပင်ခံနေရတယ်။


လိုအပ်တာတွေအကုန်ကူညီပေးခဲ့တဲ့ ရှေ့နေအကို၊အမတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ 🙏


ကျန်းမာရေးကောင်းမွန်စွာနဲ့ အိမ်ကိုအမြန်ဆုံးပြန်လာနိုင်ပါစေလို့ ဆုတောင်းရင်း Happy Birthday Daddy.

ဝေနှင်းပွင့်သုန်


ဆက်ဖတ်ရန် →

ယူကရိန်း စစ်ပွဲ ပြီးတော့မှာလား ...



ပို ဆိုးလာနိုင်လား ....

ယူကရိန်း သမ္မတက ရုရှားဖက်က တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာထားတဲ့ ဒွန်ညှပ်နဲ့ လူဟန် ဒေသတွေရဲ့ ကိုယ်ပိုင်ရပ်တည်ခွင့်ကို အသိအမှတ်ပြုမယ်၊ နေတိုးအုပ်စုထဲ အဖွဲ့ဝင်မယ့်ကိစ္စကနေ နောက်ပြန်ဆုတ်မယ်တဲ့ ..

(အီးယူအဖွဲ့ဝင် အဖြစ်တော့ ရသွားနိုင်တယ်)

 

ဒီ တောင်းဆိုချက်ကလည်း 

သူ့သဘောနဲ့သူ ထွက်လာပုံမရဘူး၊ တရုတ် 

အစ္စရေးလ် နဲ့ အနောက်အုပ်စုရဲ့ အကြံပေး

ချက်တွေ အများကြီး ပါပုံ ရပါတယ်။


တရုတ်ကတော့ နှစ်ဖက်တပ်တွေ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်ရေးတဲ့ ...

ဒီ အပေးအယူကို ရုရှားက လက်ခံမယ်ဆိုရင် 

ရုရှားတပ်တွေက ယူကရိန်းနိုင်ငံထဲက 

ရုရှားအများစုနေတဲ့ ဒွန်ညှပ်နဲ့ လူဟန် ဒေသတွေအတွက် ယခုအချိန်ထိ ရုရှားစစ်သည် ၂ သောင်းကျော် အသေခံ တိုက်ပေးခဲ့ပါတယ် ဆိုပြီး နောင်တစ်ချိန် ပေါ်လစီစစ်ကားတွေ ရိုက်ပြနေမလား 

မပြောတတ်ဘူး။


ပူတင်း အတွက်  ခရိုင်မီယာကျွန်း၊ ဒွန်ညှပ်နဲ့ 

လူဟန် ဒေသတွေ ရမယ်။ 

ယူကရိန်း နေတိုးထဲ မပါလို့၊ သူ့နံဘေးမှာ နေတိုးတပ် မရောက်လာဘူးပေါ့။

ဒီအဆင့်ကို 

ပူတင်း လက်မခံဘူးဆိုရင်တော့

Mig 29 တိုက်လေယာဉ် အစီး ၆၀ လောက် 

ယူကရိန်း ဝေဟင် ပိုင်နက်မှာ 

ဘွားကနဲ ပေါ်လာမယ်၊ 

အမေရိကန်နဲ့ မက်ဆီကို နယ်စပ်အတွက် 

စ အသုံးပြုတော့မယ့် စက်သေနတ် ပစ်နိုင်တဲ့ 

ရိုဘော့စက်ရုပ်ခွေးတွေ ယူကရိန်းထဲ 

ရောက်လာမယ်၊ ၁၅ ကီလိုမီတာ အကွာမှာ ရှိတဲ့ 

တင့်ကားကို ဖောက်အောင် ပစ်နိုင်တဲ့ 

နယ်သာလန်ထုတ် ရိုင်ဖယ်တွေ၊ ဖင်လန်ထုတ် 

တာဝေးပစ် ရိုင်ဖယ်ကျည်ဆံတွေ၊ 

ဘယ်လဂျီယံထုတ် အသံတိတ်သေနတ်တွေ 

ယူကရိန်းထဲ ရောက်လာနေပြီ။


ရုရှားစစ်တပ်က  မနေ့က တစ်ရက်တည်း 

၂၅၀၀ ကနေ ၃၀၀၀ အထိ ကျဆုံးတယ်လို့ 

သတင်းတချို့မှာ ရေးကြတယ်။

ယူကရိန်း အဆောက်အအုံတွေ မြို့တွေလည်း ရစရာမရှိအောင် ကြေမွ ပျက်စီးနေပါပြီ။

နူကလီးယား စစ်ဖြစ်ရင် 

အနောက်အုပ်စုရော ရုရှားပါ ကမ္ဘာထက်ဝက်

နီးပါးက ပြာပုံထဲ အရှင်လတ်လတ်

ရောက်သွားမှာ ...


ရုရှားမှာရော ယူကရိန်းမှာပါ 

ဒေါ်လာ ထရီရံနဲ့ချီ စီးပွားရေး ရင်းနှီးထားတဲ့ 

တရုတ်လည်း မျက်ဖြူစိုက်နေပြီ။

တရုတ်ကလည်း သူ အကြံပေးတာကို လက်ခံဖို့ ရုရှားကို ဖြောင်းဖျတဲ့ အဆင့်ကနေ 

အကြပ်ကိုင် တောင်းဆိုတဲ့ အဆင့်ထိ ပြောနေပြီ။ 


ရုရှားမှာ စစ်ရေးမဟာမိတ်ဆိုလို့ 

ဟိုအရင် ဝါဆောခေတ်ကလို ဘယ်သူမှ မရှိဘူး။ တစ်ကောင်တည်း အထီးကျန်နေတာ

ရုရှားကို အားပေးတာ ဆိုလို့ 

အရက်နာကျ ပလပ်ကျွတ်ပြီး ပေါက်ကရ 

လျှောက်ရေးနေတဲ့ မြန်မာနိုင်ငံက ညောင်နာနာ မျိုးဆက်တချို့ပဲ ရှိတယ်။


Aung Khin Myint



ဆက်ဖတ်ရန် →

​ဆောတွင် စစ်တပ်ကို PDF-ဆော နှင့် မဟာမိတ်အဖွဲ့များ တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်း သေဆုံး၊ ဒေသခံများ သပြေပန်းများဖြင့် ကြိုဆို



ရန်ကုန်၊မတ် ၁၀ ခေတ်သစ်


မကွေးတိုင်း၊ ဆောမြိုန့ယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက မတ်လ ၈ ရက်နှင့် ၉ ရက်တွင် ဝိုင်းဝန်းတိုက်ခိုက်၍ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရကြောင်း PDF - ဆော က သတင်းထုတ် ပြန်သည်။


အင်အား ၁၅၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၇ ရက်တွင် ဆောမှ ကျောက်ထုဘက်သို့ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။


အောင်ပွဲရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဒေသခံများက 'PDF များ တိုက်ပွဲတိုင်း အောင်မြင်ပါစေ' ဟု ကြွေးကြော်ပြီး သပြေပန်းများနှင့် ကြိုဆိုကာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။


ဆက်ဖတ်ရန် →

ဒီကနေ့ မနက်ပိုင်းမှာ ဒီးမော့ဆိုကို စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးနဲ့ ၆ကြိမ် လာရောက်ဗုံးကျဲခဲ့

​


ကန္တာရဝတီတိုင်း(မ်)


 ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးနဲ့ ဒီကနေ့ မတ်လ ၁၀ရက်နေ့ မနက် ၆နာရီ၁၉မိနစ်အချိန်မှာ လာရောက်ဗုံးကျဲခဲ့ပြီး ထိခိုက်မှုအချို့ရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။


 နာရီဝက်ခန့်ကြာအောင် လေယာဉ် တွေပေါ်ကနေ ဗုံးဖြင့် ၆ကြိမ်တိုင် လာရောက်ဗုံးကျဲချခဲ့ပြီး ဒေါငံခါးမှာရှိတဲ့ သီလရှင်ကျောင်း ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။


 “ ဒီမနက် ၆နာရီ ၁၉ကနေ ၄၂မိနစ်ဝန်းကျင်အထိ အဲ့ဒီအတောအတွင်း သူတို့ တစ်ကြိမ်နှစ်ကြိမ် လက်နက်ငယ်နဲ့ ပါပါပစ်တယ်ပေါ့လေ။ ကျနော်တို့ နေရာအတိအကျတော့ ကျနော်တို့ ပြောရခက်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တောင်ပေါ်ကနေပဲ ကြည့်နေရတယ်လေ။ တချို့လူတွေတော့ တင်ထားတာရှိတယ်ကော။ ဒေါငံခါးရပ်ကွက်မှာလား။ “ လို့ KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာစစ်ကောင်စီတပ်တွေဘက်က ထိခိုက်မှုများတာကြောင့် လေကြောင်းအသုံးပြု တိုက်ခိုက်လေ့ရှိတာပါ။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေဟာ ရန်သူ့ပစ်မှတ်နဲ့ အရပ်သားပစ်မှတ်တွေကို မခွဲခြားပဲတိုက်ခိုက်လာကြတယ်လို့ KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။


“လေယာဉ်ပစ်တယ် တိုက်ခိုက်တာက ပြဿနာမရှိပေမယ့် ရန်သူပစ်မှတ်နဲ့ အရပ်သားပစ်မှတ်ကို သေချာမခွဲခြားပဲနဲ့ ပြည်သူလူထုတွေကိုပဲ နောက်ပိုင်းမှာ ဦးတည်ပြီး ပစ်ခတ်တာတော့ လုံးဝဆိုးဝါးတဲ့ အရာတစ်ခုဖြစ်တယ်။ အဲ့ဒီအပေါ်မှာလည်း ကျနော်တို့တော့ မှတ်ချက်ပေးစရာမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိ အကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်ဟာ သူတို့က ဘာဂုဏ်သိက္ခာ ဘာအဆင့်အတန်းမှ မရှိဘူး။ ဓားပြလောက်တောင် အဆင့်မရှိတော့ဘူး။ အဲ့ဒီအတွက်ကြောင့် ယုတ်မာနိုင်သလောက် သူတို့ဆက်ယုတ်မာမှာပဲ။ ဒါကတော့ ကျနောတို့ ကြိုပြီးသိထားတဲ့ အရာတွေပဲ။ ကျနော်တို့ ကြိုပြီး ပြင်ဆင်ထားရမယ်။ သူတို့ရဲ့ ယုတ်မာမှုအပေါ်မှာ ကျနော်တို့က ဘယ်လိုပြန်ပြီးတော့ တုံ့ပြန်သွားမယ်ဆိုတဲ့ဟာပေါ့။” KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့ မနက် ၂နာရီအချိန်မှာ စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာကို လာရောက်ဗုံးကျဲခဲ့တာကြောင့် ဘုရားကျောင်း၊ အိမ်အချို့ နဲ့ လူထိခိုက်မှုအချို့ရှိခဲ့ပါတယ်။

 

ကရင်နီပြည်နယ်မှာ တိုက်ပွဲနေ့စဉ်ဖြစ်ပွားမှုရှိပြီး စစ်ကောင်စီဖက်က တင့်ကား၊ အင်အားအမြောက်အများ အသုံးပြုတဲ့အပြင် လေကြောင်းပစ်ကူပါသုံးပြီးတိုက်ခိုက်နေပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူရှိရာနေရာတွေကိုလည်း ဦးတည်တိုက်ခိုက်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။


ဓတ်ပုံ - လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကရင်နီပြည် ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်ရှိ သီလရှင်ကျောင်း ထိမှန်ပျက်စီးမှုမြင်ကွင်းများ။


https://bit.ly/3sXJ16b


Website (Bur) - www.kantarawaddytimes.org

(Eng) -  www.ktnews.org

Facebook (Bur) - www.facebook.com/KantarawaddyTimes

(Eng) - www.facebook.com/ktimeseng

Twitter - twitter.com/KantarawaddyTim

Youtube - www.youtube.com/user/MrKtimes

Soundcloud - soundcloud.com/kantarawaddy-times


ဆက်ဖတ်ရန် →

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

​အေးခဲထားသို စားသောက်ကုန်လုပ်ငန်းတွေ ရပ်ဆိုင်း


#အေးခဲစားသောက်ကုန်လုပ်ငန်း

#MilitaryCoupInMyanmar

#DeltaNewsAgency


ရန်ကုန်မြို့တော်အတွင်း အေးခဲထားသိုရတဲ့ စားသောက်ကုန်လုပ်ငန်းတွေဟာ ရပ်ဆိုင်းနေပြီလို့ သိရပါတယ်။


ရေခဲမုန့်၊ ရေခဲချောင်း၊ အဖျော်ယမကာ၊ ငါးပုစွန်အေးခဲလုပ်ငန်းစတာတွေဟာ လျှပ်စစ်မီးမရခြင်းနဲ့ လောင်စာဆီ ဈေးကြီးတာကြောင့် ရပ်ဆိုင်းနေကြပြီလို့ လှိုင်မြို့နယ်၊ဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်က ပြောပါတယ်။


‘ကျွန်မဆိုင်တွေကို အအေးနဲ့ပတ်သက်တာ ဘယ်သူမှလည်းလာမပို့တော့ဘူး။ ကျွန်မတို့လည်း မီးစက်ဆီဖိုး မတတ်နိုင်လို့ လာပို့လည်း မရောင်းတော့ဘူး။ မင်းအောင်လှိုင်လက်ထက် မီးပျက်တာ မဆလခေတ်ထက်ဆိုးနေပြီ’ လို့ သူက ပြောပါတယ်။


ရန်ကုန်မြို့တော်အတွင်း စံချိန်တင်မီးပျက်နေသလို ရန်ကုန်စက်မှုဇုန်တွေထဲ လျှပ်စစ်မီးလာတဲ့အချိန်တွေမှာလည်း ဝပ်အားမပြည့်တဲ့အတွက် အအေးခန်းစက်ရုံတွေ ရပ်နားထားရကြောင်း လှိုင်သာယာမြို့နယ်အတွင်းရှိ အအေးခန်းစက်ရုံအရာရှိတစ်ဦးက ပြောပါတယ်။


‘ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ။ ရေခဲစက်တွေကျတော့ ငါးပုစွန် ရေခဲရိုက်တာတွေနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ မဖြစ်မနေသုံးနေရတော့ ဆက်လည်ပတ်နေပေမဲ့ ရေခဲဈေး၂ ဆကျော်တက်သွားတယ်’ လို့ သူကပြောပါတယ်။


ရေခဲပေါင် ၃၀၀ တစ်တုံးကို အရင်ကကျပ် ၇၀၀၀ ဝန်းကျင်ရှိခဲ့ရာကနေ အခုအခါ ကျပ် ၁၅၀၀၀ ဝန်းကျင်အထိ စျေးနှုန်း နှစ်ဆကျော် မြင့်လာကြောင်း သူကဆက်ပြောပါတယ်။


လှိုင်မြို့နယ် ၂ ရပ်ကွက်အတွင်းရှိ အရက်၊ ဘီယာအရောင်းဆိုင်ဝန်ထမ်းတစ်ဦးက ‘ကျွန်တော်တို့ဆိုင်ဆို ရေခဲမရောင်းတော့ဘူး။ ဘီယာကို အအေးမခံထားနိုင်တော့ဘူး။ မအေးတဲ့ဘီယာ ဝယ်ချင်တဲ့လူ ဝယ်၊ မီးစက်ဆီဖိုးနဲ့က မကိုက်ဘူး’ လို့ ဆိုပါတယ်။


အသေးစား မုန့်လုပ်ငန်းတွေမှာလည်း လျှပ်စစ်မီးမရခြင်းနဲ့ မီးစက်မသုံးနိုင်တာကြောင့် မီးလာတဲ့အချိန်သာ အလုပ်လုပ်နေကြကာ မုန့်မှာသလောက် မပို့ပေးနိုင်တော့ဘူးလို့ ဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်က ဆိုပါတယ်။


Delta News Agency YouTube Link - https://youtube.com/c/DeltaNewsAgency

Delta News Agency Website Link - https://deltanewsagency.com/


ဆက်ဖတ်ရန် →

စစ်တပ်အုပ်ချုပ်နေသရွေ့ တနေ့ကို မီး၁၂နာရီထက်ပိုမရနိုင်ဘူး။

​၁၀လပိုင်းကနေ ဒီလကုန်အထိက စစ်တပ်ကဆွဲတဲ့ ဘတ်ဂျက်နှစ်ဝက်စာနဲ့သွားတာ။

ပုံမှန်ဆိုရင် ဘတ်ဂျတ်ကို လွှတ်တော်ကိုတင်ပြီး လွှတ်တော်ကဘတ်ဂျက်ကို စစ်ပြီးမလိုဘူးထင်တာတွေ ဖြတ်လေ့ရှိတယ်။

အခုက လွှတ်တော်မထားတော့ စစ်တပ်ကသူတို့စိတ်ကြိုက် ဘတ်ဂျက်ဆွဲတယ်။

NLDလက်ထက်က လျှပ်စစ်အတွက် ဘတ်ဂျတ်ကောင်းကောင်းသုံးပြီး တနိုင်ငံလုံးလျှပ်စစ်မီးရရှိရေး လုပ်ခဲ့တာ။ စစ်တပ်ဆွဲတဲ့ဘတ်ဂျတ်ကို အသေးစိတ်သိခွင့်မရပေမယ့် ဘတ်ဂျတ်ကိုသိခွင့်ရှိတဲ့တစ်ယောက်ဆီက ကြားတာကတော့ စစ်တပ်ရဲ့နှစ်ဝက်ဘတ်ဂျက်မှာ လျှပ်စစ်အတွက်သုံးတာက NLD နှစ်ဝက်ဘတ်ဂျတ်ရဲ့ ၃ပုံ၁ပုံပဲရှိတယ်။

စစ်တပ်ဘတ်ဂျတ်စတဲ့ ၁၀လပိုင်းကစပြီး မီးတွေပျက်တော့တာပဲ။

လာမယ့်ဘတ်ဂျတ်မှာလဲ လျှပ်စစ်အတွက် NLD အစိုးရသုံးတာရဲ့ တဝက်ပဲ အလွန်ဆုံးသုံးမှာ သေချာတယ်။

စစ်တပ်အုပ်ချုပ်နေသရွေ့ တနေ့ကို မီး၁၂နာရီထက်ပိုမရနိုင်ဘူး။

ဒါကြောင့်စစ်တပ်အုပ်ချုပ်လို့မရအောင် တော်လှန်ကြပါ။


Crd အညို


ဆက်ဖတ်ရန် →

မြန်မာ့ ကြက်သွန်ဖြူ သပိတ် စကြစို့ 💪✅

​


တရုပ်ပြည်က တင်သွင်းတဲ့ အရည်အသွေးညံ့ အစားအသောက်မျိုးစုံထဲမှာမှ  စက္ကူစုပ်လိုမျိုး အနံ့အရသာမရှိ ပွစိစိ ကြူကုတ်ကြက်သွန်ဖြူ  မစားကြဖို့ အိမ်တိုင်း အိမ်တိုင်းတာဝန်ယူကာ မသုံးကြခြင်းဟာလဲ နေ့တိုင်း လုပ်နိုင်တဲ့ မီးဖိုချောင်ထဲက ငြုပ်ဆုံသပိတ် တစ်ခုပါ💪💪💪


အထူးသဖြင့် အခုလို မတ်၊ ဧပြီ ဆိုတာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် နဲ့ အညာဒေသစိုက် ကြက်သွန်ဖြူတွေ စပေါ်တဲ့ အချိန်ပါ။ ရှမ်းပြည်၊ အထူးသဖြင့် ပအို့ဝ်ဒေသတွေကတော့ အများဆုံးထွက်ပါတယ်။ 


တရုပ်ကြက်သွန်ဖြူတွေစိုက်တဲ့နေရာမှာ  မြေဩဇာတွေ၊ ဟော်မုန်းဆေးတွေ အလွန်အကျွံသုံးလို့ အရွယ်အစား အရမ်းကြီးကာ အသားပွပွ ၊ အနံ့အရသာမရှိ မှန်း ကို မြန်မာ့ အိမ်ရှင်မ၊ အိမ်ရှင်ထီးတွေ ၊စားဖိုမှူးကြီးတွေ သိပြီးသားပါ။ 


စျေးပေါပေါနဲ့ ရောင်းနိုင်တာကလဲ ၊ အာလူးတွေကို တရားမဝင်ခိုးသွင်းတဲ့ခါ အာလူးအိတ်တွေကို ဖုံးဖို့ အပေါ်ကနေ ကြက်သွန်ဖြူ အိတ်တွေတင်ပြီး ခိုးသွင်းကြတာမို့ ၊ အာလူးမှာ အမြတ်ကြမ်းပြီးသားမို့ ကြက်သွန်ဖြူကိုတော့ သူခိုးစျေးနဲ့ ရောင်းနိုင်တာ ဆိုတာ သိစေဖို့ပါ။ ဒါက အကင်းဘဲ ပြောတာ အများကြီးရှိသေးတယ် ပြောဖို့။


သိပ်မရှည်ဘဲ လိုရင်းသာ ပြောပါမယ်၊ 

မြန်မာ့ ကြက်သွန်၊ ရှမ်း၊ ပအို့ဝ် ကြက်သွန်ဖြူတွေမှာ ပိုးသတ်ဆေး၊ ဓါတ်မြေဩဇာ သုံးတာ အလွန်နည်းပါတယ်။ မလိုတာကြောင့်ရော ၊ မသုံးချင်တာကြောင့်ရော တောင်သူတွေ မသုံးကြပါဘူး၊ သဘာဝ နွားချေးနဲ့  ဇီဝမြေဩဇာတွေသာ အသုံးများပြီး ၊ ကောင်းမွန်တဲ့ စိုက်ပျိုးရေးစံနစ် GAP - Good Agricultural Practices တွေလဲ သေချာစွာ လိုက်နာ အသုံးပြုနေကြပါပြီ။


ခုအချိန်မှာ တောင်သူတွေ ကြက်သွန်ဖြူရောင်း၊ ငွေဖေါ်ပြီး စိုက်စရိတ် အကြွေးတွေဆပ်၊ လာမဲ့ မိုးရာသီမှာ အချိန်မှီ မိုးသီးနှံ စပါး ၊ အာလူး၊ ဟင်းသီးဟင်းရွက်၊ စတာတွေ စိုက်ဖို့ပြင်ဆင်ကြဖို့ ငွေ ကို အထူးလိုပါတယ် ။ 

ကြက်သွန်ဖြူက ပုတ်သိုးမလွယ်လို့ အချိန်တခုထိ လှောင်နိုင်ပေမဲ့ တောင်သူ အများစုက ငွေဖေါ်ဖို့ လိုပါတယ် ။ ထွက်သမျှရဲ့ တဝက်လောက်တော့ ရောင်းပြီး၊ အကြွေးဆပ်၊ မိုးတွင်းစာဝယ် စသည်ဖြင့်လုပ်ရပါတယ်။

ကုန်သည်ကလဲ တောင်သူကို ကြိုတင်ငွေ ထုတ်ချေးထားလေ့ရှိတဲ့ အတွက် ပေါက်စျေးပေးပြီး ပြန်ဝယ်ကာ အကြွေးချေ ကြပါတယ်။


ဒီလို အချိန် မှာ လောက်ကောင် တချို့ဟာ တရုပ်ဖြူ ကြူကုတ် အဟောင်းတွေ ဂိုဒေါင်ရှင်း ရင်း မြန်မာပြည်ထဲ အလုံးအရင်းနဲ့သွင်းရင် ပြည်တွင်းစျေးတွေ အရမ်းကျလို့ ပြည်တွင်း တောင်သူတွေ စိုက်စရိတ် အရင်းလေးတောင် မကျေ ဖြစ်တတ်ကြတာ နှစ်စဉ်လို ဖြစ်နေပါပြီ။ 


လုံးဝ မရောင်းရလို့ ဒီအတိုင်း လွှင့်ပစ်လိုက်ရတဲ့ အဖြစ်တွေ တကယ်ရှိပါတယ်။ ဂေါ်ဖီထုတ်၊ ခရမ်းချဉ် ၊ ပြောင်းဖူး တွေသာ မကပါ။   ကြာရင် ပြည်တွင်းမှာ ကြက်သွန်ဖြူစိုက်သူ တဖြေးဖြေး ရှားလာနိုင်တဲ့ အန္တရာယ်ရှိန်ုင်ပါတယ်။


 ရှမ်းကြက်သွန် သေးလို့ ခွါရခက်တယ် မပြောပါနဲ့။ small is beautiful ပါ။ 


တရုပ်နဲ့ ရှမ်းကြက်သွန် ယှဉ်သုံးရင် တူညီတဲ့ အမွှေးနံ့ရဖို့ ၆ ဆ ပိုသုံးရတယ်လို့ ဟော်တယ်စားဖိုမှူးကြီးတယောက်ရှင်းပြဖူးပါတယ်။ စျေးက ၆ ဆ မသက်သာပါဖူး။ ဟင်းအနှစ်လဲမလှသလို ဟင်းလဲမထားမခံဘူးလို့သိရပါတယ်။ 

မခွါချင်ရင်၊ အချိန်မရရင် ဒီအတိုင်း အမွှာတိုင်း ရေဆေးပြီး ငြုပ်ဆုံထဲ ထဲ့ထုရင် အခွံတွေ အလွယ်ကျွတ်သွားပါတယ်။


 ဥာဏ်သုံးပါ။ 

တရုပ်ဂျင်းထဲ့တာ မခံပါနဲ့ ။ 

တကယ်က ကိုယ့်ဖာသာ ဂျင်းဝယ်နေတာပါ။ 


အခုချိန်ကစလို့ မြန်မာ့စီးပွါးရေး ပြန်တက်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ 

တောင်သူတွေ အများကြီးကိုလည်း ကူညီရာ ရောက်တာမို့ အများအကျိုးကို မီးဖိုချောင်ထဲကနေ သယ်ပိုး နေသလိုပါဘဲ။ 


Photo Source : ကိုယ်တိုင် / ပအို့ဝ်ကြက်သွန်ဖြူတောင်သူ နဲ့ GAP စံနစ်နဲ့ စိုက်ထားတဲ့ ထူး၅ အဆင့် ဥကြီးတွေပါ။ အမွှေးဖြတ်သန့်စင်ထားလို့ တရုပ်နဲ့ တောင်တချို့မှားပါတယ်။ ရှမ်းမျိုးက အလည်မှာ အူတိုင်ချောင်းလေးပါတယ်။ တရုပ်မျိုးမှာ အူတိုင်မပါ။ 


#မြန်မာကြက်သွန်ဖြူသပိတ်

#မြန်မာ့ငြုပ်ဆုံသပိတ်


#ဒီနှစ်ကြက်သွန်ဖြူ တော်လှန်ရေး စပါပြီ။ ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ✊✊✊


Credit;

Lady Garlic 🧄🧄🧄


ဆက်ဖတ်ရန် →

ပေါင်းတည်မြို့နယ် ပဲခူးရိုးမ အစပ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်

​


ပေါင်းတည်၊ မတ် ၈၊ ၂၀၂၂။


ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ပဲခူးရိုးမ အစပ်မှာ စစ်ကောင်စီတပ်နဲ့  PDF တွေ ဒီနေ့ မနက် ၉နာရီမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပေါင်းတည် PDF ဆီက သိရပါတယ်။


ပေါင်းတည်မြို့နယ် ၊ သိမ်ကုန်းအုပ်စု လဲပင်ကျေးရွာအထက် ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်ကောင်စီတပ်သား ၁၇ဦးကို မဟာမိတ် PDF အဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှု ရှိခဲ့ပေမယ့် စာရင်း အတိအကျကို မသိနိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။


" ၁၇ဦးလောက်ခွေးတွေကျတယ် သူတို့ဘက်က၂၂ဦးတက်လာတယ် ခုပြန်ဆုတ်တော့၅ဦးဘဲပြန်ဆုတ်တာသိရတယ်အလောင်းလာမကောက်သေးဘူး" လို့ သဲကုန်း PDF ဘက်က တာဝန်ရှိသူက ပြောပါတယ်။


ပေါင်းတည် PDF က စစ်ကောင်စီသေဆုံးမှု အရေအတွက်ကို အတိအကျ မသိနိုင်သေးဘူးလို့ ထုတ်ပြန်ထားသလို သဲကုန်း PDF တာဝန်ရှိသူက စစ်ကောင်စီ တပ်သား ၁၇ဦး သေဆုံးတယ်လို့ ပြောဆိုထားပြီး အတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။


ဒီနေ့မနက် ပေါင်းတည်မြို့နယ် ပဲခူးရိုးမအစပ်က တိုက်ပွဲကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၁ ၊ သဲကုန်း PDF နဲ့ ပေါင်းတည် PDF တို့ပူးပေါင်းတိုက်ခဲ့တာဖြစ်ပါတယ်။


#မြေလတ်အသံ


ဆက်ဖတ်ရန် →

​ကမ္ဘာစစ်ရေးအခြေအနေနှင့် နွေဦးအခွင့်အရေး


******************************************


အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးဟာ မြန်မာ့အရေးကို အလေးပေးဆွေးနွေးမှာဖြစ်ပြီး  နေတိုးတပ်ဖွဲ့လို စစ်ရေးမဟာမိတ်ချုပ်ဆိုနိုင်ဖို့အတွက် အမေရိကန်ဘက်ကနေ ဆွေးနွေးမယ်လို့လည်း သတင်းတွေထွက်နေပါတယ်  ။ ဒီသတင်းကို တရုတ်နိုင်ငံက ပိုပြီး စိုးရိမ်နေတာပါ ။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ခွဲထွက်ခွင့်မပေးပဲ တရုတ်တစ်နိုင်ငံတည်းဖြစ်အောင် အားထုတ်နေပေမယ့် အမေရိကန်ရဲ့ ကာကွယ်ပေးမှု့နဲ့ စစ်လက်နက်တပ်ဆင်ပေးမှု့တွေကို မကြည်ဖြုပါဘူး ။ 


အခုတစ်ခါ ပစ္စိဖိတ်ဒေသတွင်းက အာရှနိုင်ငံတွေကို အမေရိကန်ခေါင်းဆောင်တဲ့ နေတိုးလို စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့ဖို့ပြင်ဆင်လာတဲ့ အမေရိကန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်ပါတယ် ။


သုံးသပ်ရရင် ....၊

အမေရိကန်ကလည်း ယူကရိန်းကိုကျူးကျော်နေတဲ့ ရုရှားလိုမျိုး ၊ တရုတ်ဘက်က လက်ဦးမှု့မရလေအောင် ကြိုတင်ပြင်ဆင်တယ်လို့ ယူဆရပါတယ် ။


မတ်လ ၇ ရက်နေ့ ( မနေ့က ) မှာ နိုင်ငံတကာတရားရုံးကို အမှု့စစ်ဆေးဖို့ ဆင့်ခေါ်ခဲ့ပေမယ့် ရုရှားဘက်က မတက်ရောက်ခဲ့ပါဘူး ။ ဒါဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာတရားရုံးကို မထီမဲ့မြင်ပြုလိုက်တာပါ ။ ဒီအတွက် ယူကရိန်းအရေးဟာ ရှုပ်သထက် ရှုပ်လာပါတယ် ။ ရုရှားရဲ့လုပ်ရပ်က ကုလသမဂ္ဂအပါအဝင် ကမ္ဘာပေါ်က ဘယ်လိုအဖွဲ့အစည်းကိုမှ ဂရုစိုက်မှာမဟုတ်တော့ပါဘူး ။


တရုတ်နိုင်ငံကလည်း ရုရှားနဲ့တရုတ်ဟာ ညီအစ်ကိုနိုင်ငံတွေလို့ ထုတ်ပြောလာပါတယ် ။ ယူကရိန်းပြည်သူတွေအတွက် ကြက်ခြေနီအဖွဲ့ကို လွှတ်ပေးမယ်လို့ ပြောပေမဲ့ ၊ ရုရှားရဲ့ ကျူးကျော်မှု့ကိုတော့ နုတ်ပိတ်နေပါတယ် ။


ဆိုတော့ ....၊ ရုရှားရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးကို စစ်ကြေငြာလိုက်တာပါ ။ အထူးသဖြင့် အမေရိကန်နဲ့ နေတိုးကို စစ်ကြေငြာတာပါ ။ 


ဒီတော့ ...၊

-အမေရိကန်နဲ့ နေတိုးက ဘာလုပ်နိုင်သလဲ ..?

-ဒီအတိုင်းပဲ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာတွေနဲ့ နာလန်မထူအောင် အချိန်ဆွဲပြီး ချုပ်ထားမလား ....?

- ရုရှားခေါ်တဲ့ စစ်ပွဲဆီကို ဦးတည်ကြမလား ...?


 ဆိုတာကို အမေရိကန်နဲ့ နေတိုးနိုင်ငံတွေ စဉ်းစားရတော့မှာပါ ။


တကယ်လို့ Sanctions နဲ့ပဲ ရှေ့ဆက်မယ်ဆိုရင် ရုရှားက ပိုဆိုးလာနိုင်သလို ၊ သူ့ရဲ့ ညီအစ်ကိုတော်သူ တရုတ်ကလည်း အာရှမှာ လက်ရဲဇက်ရဲ လုပ်လာနိုင်ပါတယ် ။ 


ရုရှားကတော့ ယူကရိန်းစစ်ကို ရပ်တန့်မယ့်ပုံ မတွေ့ရပဲ အင်အားတွေသာ ထပ်တိုးနေပါတယ် ။ တင့်ကားတပ်တွေက မြို့ကြီးတွေကို ဝိုင်းထားပါတယ် ။ ယူကရိန်းရဲ့လေဆိပ်တချို့ကို ရော့ကက်တွေလွှတ်ပြီး ဖျက်ဆီးနေပါတယ် ။ ယူကရိန်းတွေက ပြန်လည်တုံ့ပြန်လို့ ရုရှားဘက်ကလည်း ဆုံးရှုံးမှု့တွေရှိပါတယ် ။ ဥရောပနိုင်ငံအချို့နဲ့ အမေရိကန်ကလည်း လက်နက်တွေ ထောက်ပံ့နေပါတယ် ။ သို့ပေမယ့် အင်အားချင်း ကွာဟနေတဲ့ ယူကရိန်းဟာ နောက်ထပ်ဘယ်နှစ်ရက် တောင့်ခံနိုင်မလဲဆိုတာ အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်တွေ စဉ်းစားရပါတော့မယ် ။


ခန့်မှန်းရမယ်ဆိုရင်တော့ ...၊ ရုရှားဟာ ယူကရိန်းကို ပြင်းထန်တဲ့ဖိအားတွေနဲ့ ရှေ့ဆက်တိုးလာမယ်ဆိုရင် ၊ နေတိုးတပ်ဖွဲ့တွေ ဝင်လာနိုင်ပါတယ် ။


ဒီလိုအစီအစဉ်ရှိနေလို့လည်း အမေရိကန်ဟာ အရှေ့ဘက်က ရုရှားရဲ့ ညီအစ်ကိုတော်သူ တရုတ်ဘက်ကို ကာထားနိုင်ဖို့ နေတိုးလို အမေရိကန်-ပစ္စီးဖိတ် စစ်အုပ်စုကို ဖွဲ့ဖို့စီစဉ်နေတာ ဖြစ်နိုင်ပါတယ် ။


ကောင်းပြီ ၊ ကမ္ဘာ့စစ်ရေးဟာ မြန်မာကို ဘယ်လိုအခြေအနေဖြစ်လာနိုင်သလဲ ...... ?


မနှစ်က ဆောင်းပါးတစ်ပုဒ် ရေးဘူးပါတယ် ။ မြန်မာပိုင် ကိုကိုးကျွန်းကို တရုတ်က ငှားရမ်းထားပြီး တရုတ်ပိုင်ဖြစ်နေတဲ့ ကိစ္စပါ ။ ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရိပ်သန်းလာမယ်ဆိုရင် ဥရောပဘက်က လေယာဉ်တင်သင်္ဘော ၊ စစ်သင်္ဘောတွေဟာ အိန္ဒိယသုမုဒ္ဓရာထဲကနေ ပစ္စီးဖိတ်သမုဒ္ဓရာကို ကူးဖို့ မလက္ကာရေလက်ကြားကို ဝင်ရမှာပါ ။ မလက္ကာဝင်ပေါက်အနီးမှာ စစ်သင်္ဘောတွေ မဖြစ်မနေတွေ့ရမှာက တရုတ်ရေဒါစခန်းပါ ။ အိန္ဒိယသမုဒ္ဓရာထဲကို ဝင်လာတာနဲ့ ဒီရေဒါစခန်းက ဖမ်းယူသိရှိမှာဖြစ်ပြီး ပီကင်းကို သတင်းပို့မှာပါ ။ ဒီရေဒါစခန်းဟာ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ထဲက ကိုကိုးကျွန်းပါ ။ ၁၉၉ ၄ ခုနှစ်က ငှားရမ်းခဲ့တာပါ ။ ရေဒါစခန်း ၊ စစ်လေယာဉ်ကွင်း ၊ စစ်သင်္ဘောဆိပ်ကမ်းတွေရှိပါတယ် ။ နိုင်ငံတကာစစ်ရေးနယ်ပယ်မှာ ကိုကိုးကျွန်းဟာ တရုပ်ပိုင်လို့ သိရှိထားကြပါတယ် ။ ပြောက်ကျားစစ်ယူနီဖောင်း ( Camoflage ) အထည်ချုပ်စက်ရုံလည်းရှိပါတယ် ။ ရုရှား ၊ တရုတ် ၊ ပါကစ္စတန် ၊ ဘယ်လာရုစ်စစ်တပ်တွေမှာ သုံးပါတယ် ။


ဆိုတော့ .....၊ ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရိပ်သန်းလာခဲ့ရင် အနောက်အုပ်စုကလည်း လတ်တလော ကမ္ဘာ့စစ်ရေးအခြေအနေအရ ဝင်ပါလာမှာပါ ။ ဒီအခါ မြန်မာပိုင် ကိုကိုးကျွန်းဟာ နှစ်ဘက်အုပ်စုတွေ ထိပ်တိုက်တွေ့လာနိုင်ပြီး ပစ်မှတ်ဖြစ်လာနိုင်တဲ့ ဗျူဟာပွိုင့် ဖြစ်လာမှာပါ ။ ရေဒါစခန်းကို ဖျက်စီးဖို့ ကြိုးစားနိုင်ပါတယ် ။ 


ဒါ့ကြောင့် ထိုင်ဝမ်မှာ စစ်ရိပ်သန်းလာရင် ၊ မြန်မာစစ်တပ်ဟာ အလိုလိုနေရင်း အမေရိကန်နဲ့ နေတိုးအဖွဲ့တွေရဲ့ ရန်သူတော်ဖြစ်ရမှာပါ ။ အင်အားကြီးလို့ သတ်မှတ်တာတော့မဟုတ်ပါဘူး ။ နယ်မြေအခြေအနေအရ A Strategically Important Target ( အရေးပါတဲ့ မဟာဗျူဟာမြောက် ပစ်မှတ်တစ်ခု ) ဖြစ်နေလို့ပါ ။


နိုင်ငံတကာ စစ်ရေးမြေပုံပေါ်မှာတော့ မြန်မာပိုင်ကိုကိုးကျွန်းကို 

" The maritime reconnaissance and electronic intelligence station " ဆိုပြီး တရုတ်နိုင်ငံအလံနဲ့ ဖော်ပြပါတယ် ။ မြန်မာစစ်ကောင်စီဟာ ရုရှား ၊ တရုတ်နဲ့ ပူးပေါင်းနေခဲ့တာ အချိန်ကြာလာသလို ၊ တိတ်တိတ်လေး ပေးထား ၊ ယူထားတဲ့ ဇာတ်လမ်းတွေလည်း ရှိနေပါတယ် ။ ဒါ့ကြောင့်လည်း အကာအကွယ်တွေရနေသလို ပြောင်ပြောင်တင်းတင်းနဲ့ ရုရှား ၊ တရုတ်ကို ထောက်ခံနေတာပါ ။ 


ဒီတော့ ...၊ ကမ္ဘာ့စစ်ရေးဟာ မြန်မာ့အရေးအတွက် အကြီးအကျယ် ပတ်သက်မှု့ရှိပါတယ် ။ ရုရှား - ယူကရိန်းအရေးနဲ့ တရုတ် -ထိုင်ဝမ်အရေးမှာ အမေရိကန်နဲ့ နေတိုးပါလာမယ်ဆိုရင် အာဖရိကနဲ့ တောင်အမေရိကနိုင်ငံတွေသာ စစ်ပွဲက လွတ်နိုင်ပါတယ် ။ မြန်မာကတော့ အဓိကပစ်မှတ်မှာ ရှိနေပါတယ် ။


ဒါကတော့ ကမ္ဘာ့စစ်ရေးအခြေအနေပေါ်ကနေ မြန်မာ့အရေးကို လတ်တလောအခြေအနေတွေအရ ကြိုတင် သုံးသပ်ကြည့်ခြင်းပါ ။ ဆရာကြီးတွေ အခက်တွေ့နေချိန်မှာ ပြည်တွင်းတော်လှန်ရေးအင်အားအတွက် အချိန်ကောင်းတစ်ခုလို့ပဲ သုံးသပ်ချင်ပါတယ် ။


Ko Aung 




ဆက်ဖတ်ရန် →

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************



အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမျိုးသား ညီညွတ်ရေး အစိုးရ၏ အမျိုးသမီး၊ ကလေး သူငယ်နှင့် လူငယ်ရေးရာ ဒုတိယ ဝန်ကြီး ဒေါ်အိသင်ဇာမောင်အား နိုင်ငံတကာ သတ္တိရှင် အမျိုး သမီးများ International Women of Courage (IWOC) ဆုကို ချီးမြှင့်လိုက်ပြီ ဖြစ်သည်။

မိမိ အသက်အန္တရာယ်ကို ပဓာန မထားဘဲ အနစ်နာခံ၍ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း အတွက် အပြုသဘော ဆောင်သည့် အပြောင်းအလဲများ ဖေါ်ဆောင်နိုင်ရန် ထူးချွန်စွာဖြင့် သတ္တိ၊ ခွန်အား နှင့် ခေါင်းဆောင်မှု ပေးနိုင်ခဲ့သည့် ကမ္ဘာတဝှမ်း ရှိ အမျိုးသမီးများကို ၂၀၀၇ မှစ၍ IWOC ဆုကို ရွေးချယ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၇ နှစ်ရှိ ဒေါ်အိသင်ဇာမောင်သည် ယမန်နှစ်  ဖေဖေါ်ဝါရီ အတွင်း စစ်တပ်မှ အာဏာ သိမ်းခဲ့မှုအား ဆန့်ကျင်ကန့်ကွက်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လူထု လှုပ်ရှားမှုတွင် ဦးဆောင်မှု အခန်းမှ ပါဝင်ခဲ့သည့် အတွက်  အခြား အမျိုးသမီး ၁၁ ဦးနှင့် အတူ ရွေးချယ် ခဲ့ရခြင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

ထိုသို့ အမျိုးသား ညီညွတ်ရေး အစိုးရ အား နိုင်ငံတကာ က အသိအမှတ် ပြုလာချိန်တွင် နေပြည်တော်ရှိ စံအိမ်ကြီး အတွင်းတွင်တော့ စစ်ခေါင်းဆောင်ကြီးသည် ကိုဗစ်၏ တိုက်ခိုက် မှုကို အလူးအလဲ ခံနေရပြီ ဖြစ်သည်ဟု သတင်းများက ဆိုသည်။

ဖေဖေါ်ဝါရီ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ ဘုန်းကြီးကျောင်း တကျောင်း၏ ဖွင့်ပွဲ အခမ်း အနားတွင် မင်းအောင်လှိုင်အား နောက်ဆုံးအကြိမ် ‌တွေ့မြင်ခဲ့ကြရသည်။

အလားတူ ရဲချုပ် သန်းလှိုင်သည်လည်း ဖနွမ်းပင်တွင် အာဆီယံ ရဲအဖွဲ့ ညီလာခံ တက်ရောက် ပြီးအပြန် ပြီးခဲ့သော အပတ်အတွင်း ကိုဗစ် ကူးစက်ခံခဲ့ရပြန်သည်။

အမေရိကန် ဒေါ်လာ သန်း ၅၀ ခန့် အကုန်အကျခံ လုပ်ခဲ့သော ဗိုလ်ရှုခံ အခမ်းအနားတွင်လည်း အများအပြား ကူးစက်ခံခဲ့ရသည်ဟု သိရသည်။

စစ်တပ်သည် ကယားပြည်နယ်အား လက်လွှတ်ရမတတ် ဖြစ်လာနေပြီး ယခုအခါ ချင်း ပြည်နယ် တောင်ပိုင်းရှိ ကန်ပက်လက်ကို  ပြန်လည် သိမ်းပိုက်နိုင်ရန် အပြင်းအထန် ထိုးစစ် ဆင်လာနေသည်။

လက်ရှိတွင် ချင်းပြည်နယ်၏ ၉၅% အား ပြည်သူ့ ‌တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ် ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ချင်းတိုင်းရင်းသား အားလုံးသည် သူမသတ်လျှင် ကိုယ် အသတ်ခံရမည့် အနေအထားကြောင့် အစ္စရေး တို့ကဲ့သို့ Rise to Kill ဆိုကာ ခုခံတွန်းလှန်လာကြခြင်း ဖြစ်သည်။ စစ်တပ်၏ တိုင်းပြည်ကို အကြောက်တရား ဖြင့် အုပ်ချုပ်ရန် ကြံစည်ခဲ့မှုအား မိမိတို့ ခေါင်းငုံ့ ခံမည် မဟုတ် ဆိုသည်ကို ချင်းတိုင်းရင်းသားများက သက်သေပြနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ပြည်သူများ အဖို့ ဆယ်စုနှစ်တခုအတွင်း အဆိုးဝါးဆုံး ကြုံလာရသည့် ဓါတ်အား ပြတ်တောက် မှုကြီး နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်၍ ထင်း၊ မီးသွေး၊ဖယောင်းတိုင်များကို ဝယ်ယူစုဆောင်းနေ ကြရပြီ ဖြစ်သည်။ သူတို့၏ ဘဝများကို အာဏာသိမ်းပြီးချိန်မှစ၍ ကမောက်ကမ ဖြစ်အောင် နည်းမျိုးစုံ နှင့် ဒုက္ခပေးလာသည့် စစ်တပ်အပေါ်လည်း ဒေါသများ စုပြုံကျရောက်လာနေကြ သည်။

ဤသည်ကပင် အစိုးရကောင်းတရပ် ကို မှန်ကန်စွာ ရွေးချယ်နိုင်ရေးသည် မည်မျှအထိ အရေးကြီးသည် ဆိုသည့်အပေါ် နှောင်းလူများအား သင်ခန်းစာပေးလာနေခြင်းပင် ဖြစ်သည်။

စစ်ဗိုလ်ချုပ်များ၏ ရိုဟင်ဂျာ များ အပေါ် ကျူးလွန်ခဲ့သည့် ရာ‌ဇဝတ်မှု များ နှင့် ယင်း မတိုင်မီ ‌အမုန်းတရား များ ဖြင့် သွေးထိုး လှုံ့ဆော်ခဲ့မှုများအတွက် ဖေ့စ်ဘုတ် တွင် ရေးသားခဲ့မှု များကို  တင်ပြရန် အာဂျင်တီးနား အထက်တရားရုံးက တောင်းဆိုလိုက်သည်။ ထိုအထဲတွင် မင်းအောင်လှိုင်၏ အကောင့်များ၊ ပေ့ခ်ျ များ အားလုံးလည်း ထိပ်ဆုံးမှ ပါဝင်လာခဲ့သည်။

အာဂျင်တီနားသည် ၁၉၉၀ တွင် အမေရိကန်နှင့် ချုပ်ဆိုခဲ့သော ရာဇဝတ်ကြောင်းနှင့် သက် ဆိုင်သည့် မှုခင်းများ တွင် ဥပဒေပိုင်း အပြန်အလှန် အကူအညီ ပေးရေး သဘောတူ စာချုပ် အပေါ် အခြေခံကာ ယခုလို တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

နိုင်ငံတကာ နယ်ခြား ဖြတ်ကျော် တရားစီရင်ပိုင်ခွင့်ကို အသုံးချကာ အာဂျင်တီးနား တရား သူကြီးများက ၂၀၂၁ နိုဝင်ဘာ ၂၈ မှ စ‌၍ အမှုကို တရားဝင် စတင်ကြားနာစစ်ဆေးလာခဲ့ခြင်း ဖြစ်သည်။

အစစ အရာရာ ရှေ့ကို တိုးတက်နေသော နှစ်ဆယ့်တရာစုတွင် ယခင် နှစ်များက စိတ်အေး ချမ်းသာ စွာဖြင့် ထမင်းဝဝလင်လင် စားခဲ့ရသော လူများသည် ယခုအခါ ထမင်းတလုပ် အတွက် ပင်ပန်းဆင်းရဲကြီးစွာဖြင့် ရှာဖွေစားသောက်နေကြရပြီ ဖြစ်သည်။

ပြည်သူတို့ အဖက်ဖက်မှ ဒုက္ခမျိုးစုံရောက်အောင် လုပ်ခဲ့သော ထိုကဲ့သို့သော လူများသည် ပြည်သူတို့၏ ဒဏ်ခတ်မှုကို နောက်ဆုံးတွင် မလွဲမသွေ ခံကြရတော့မည်လည်း ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

​(လှစိုးဝေ)
https://drive.google.com/uc?export=view&id=1RLQ6FMExni9DPuh3U_ZOz2IJFVWJzIMR
ဆက်ဖတ်ရန် →
မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား



မတ် ၉၊၂၀၂၂။
North Okkalapa Information

မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာအိမ်ကို ယနေ့ မတ်လ ၉ရက် နေ့လည်ပိုင်းက လာရောက် မတရား ချိတ်ပိတ်သွားကြောင်း သိရှိရသည်။

ယနေ့ နေ့လည် ၃နာရီ ဝန်းကျင်က (ဋ)ရပ်ကွက်၊ မေတ္တာ (၃)လမ်းကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်နဲ့ ရဲက စစ်ကား ၃စီး၊ ဆိုင်ကယ် ၆စီး ဖြင့်ရောက်ရှိလာကာ အဆိုပါ နေအိမ်အား မတရား
ချိတ်ပိတ်သွားခြင်း ဖြစ်သည်။

ချိတ်ပိတ်နေစဉ် အိမ်အတွင်းရှိ ပစ္စည်းများကို မွှေနှောက်သွားပြီး ပိုက်ဆံ ၁၀သိန်းကျော်ကို ခိုးယူ ဆောင်သွားသည်။

ကိုသျှားထက်အောင် ကို မတ်လ ၆ရက်နေ့ ညပိုင်းက ဖက်ဆစ် စစ်ကောင်စီတပ်တွေက နေအိမ်ကို သေနတ်ဖြင့် နှစ်ချက် ပစ် ခတ်ကာ အကြမ်းဖက် ဖမ်းဆီးသွားပြီးနောက် သုံးရက်အကြာ ယနေ့ မတ်လ ၉ရက်နေ့တွင် နေအိမ်ကိုပါ မတရား ချိတ်ပိတ်သွားတာဖြစ်ပါတယ်။

ကိုသျှားထက်အောင်ကို မတရား စွတ်စွဲ ဖမ်းဆီးပြီးနောက် ပုဒ်မ ၃ခုဖြင့် အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။

#ဋ_ရပ်ကွက်
#ချိတ်ပိတ်ခံရ

https://www.facebook.com/103439251912171/posts/288277900094971/




ဆက်ဖတ်ရန် →
ချင်းပြည်နယ်၊ မိုးညှင်းနှင့်ချောင်းဦးတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅ ဦး သေဆုံးဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များ သတင်းထုတ်ပြန်

ချင်းပြည်နယ်၊ မိုးညှင်းနှင့်ချောင်းဦးတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅ ဦး သေဆုံးဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များ သတင်းထုတ်ပြန်



ရန်ကုန်၊ မတ် ၉ ခေတ်သစ်မီဒီယာ

ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်၊ ဆောမြို့နယ်၊ ကံချောင်းရွာထိပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF ကန်ပက်လက်၊ ယောဒေသကာကွယ် ရေးအဖွဲ့ (The Youth Force) ကြား ယနေ့ မတ်လ ၉ ရက် နံ နက် ၁၀ နာရီခွဲမှ ၁၁ နာရီ ၄၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ ၉ ဦး ခန့် ဒဏ်ရာရကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် အပြေးအလွှားနေရာယူရင်း ယောဒေသကာ ကွယ်ရေးတပ်ဖွဲ့ ထောင်ထားသည့် မိုင်းများ နင်းမိပေါက်ကွဲပြီး စစ်ကောင်စီဘက်မှ အထိနာကြောင်း၊ ယင်းနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် လက်ပါးစေ ပျူစောထီးအဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယနေ့ မတ်လ ၉ ရက်နေ့တွင် ဝင်တိုက်ပြီး ပျူစောထီးအဖွဲ့ဝင် ၄၀ နီးပါး သေဆုံးကြောင်း  မြင်းခြံ 35 ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Zero ပြောက်ကျားတပ်ဖွဲ့၊ The Value of Young Men၊ MRA (မြောင်) ပူးပေါင်းတပ်ဖွဲ့က ကံကြီးကုန်းရွာရှိ အင်အား ၆၀ ခန့်ရှိသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၃ နာရီကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီတပ်ကူအများအပြား ရောက်ရှိလာသဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် အနီးပတ်ဝန်းကျင် ကျေးရွာများကို ဒုက္ခပေး ဖမ်းဆီးနှိပ်စက်ခြင်း၊ ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ PDF ရဲဘော်အချို့ကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ကချင်ပြည်နယ်၊ မိုးညှင်း-မိုးကောင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ၊ တင့်ကားများပါဝင်သည့် ဆီဘောက်ဆာ ယာဉ်တန်းကို ယမန်နေ့ မတ်လ ၈ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ခန့်တွင် KIA တပ်ဖွဲ့ ဦးဆောင်ကာ ဟိုပင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင်း စစ်သား ၁၀ဦးထက် မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို မိုးညှင်း-မိုးကောင်း လမ်းပိုင်းတွင်ရှိ နမ္မနနှင့် တောင်နီ ကျေးရွာကြားတွင် KIA တပ်ဖွဲ့များနှင့် ဟိုပင် PDF တပ်ဖွဲ့က မိုင်းဆွဲခဲ့ခြင်းဖြစ်ကာ ဆီဘောင်ဆာကား ၁စီးနှင့် စစ်ကား ၄စီး မီးလောင် ပျက်စီးခဲ့ကြောင်း ဟိုပင် PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ 

Photo - Reuters


 

ဆက်ဖတ်ရန် →
 CB ဘဏ်ဥက္ကဋ္ဌ ရဲ့ မိသားစုဝင်တွေ အမေရိကန် ဆန်ဖရန်ဘေးဧရိယာမှာ ရှိနေတယ်

CB ဘဏ်ဥက္ကဋ္ဌ ရဲ့ မိသားစုဝင်တွေ အမေရိကန် ဆန်ဖရန်ဘေးဧရိယာမှာ ရှိနေတယ်


🛑 အမေရိကန်က မောင်နှမတွေ ညီစေနော်—🛑

NUG အစိုးရရဲ့ အမည်ပျက်စာရင်းသွင်းခံရတဲ့သူ CB ဘဏ်ဥက္ကဋ္ဌ ရဲ့ မိသားစုဝင်တွေ အမေရိကန် ဆန်ဖရန်ဘေးဧရိယာမှာ ရှိနေတယ်…။

သူကိုယ်တိုင်ကတော့ မြန်မာပြည် သို့မဟုတ် ဒူဘိုင်းက စစ်အုပ်စု အသိုင်းအဝိုင်းများဆီမှာ ရှိနေတယ်တဲ့…။


မရွှေမိုး-ကိုရီးယား
March 9th,2022.
ဆက်ဖတ်ရန် →