နောက်ဆုံးရ
အကုန်လုံးကိုအအောင်ပေးမှာဖြစ်ပြီး ကူးပြီးဖြေကြမှာပါ

အကုန်လုံးကိုအအောင်ပေးမှာဖြစ်ပြီး ကူးပြီးဖြေကြမှာပါ

မနက်ဖြန်မတူပီမှာ အယောက် ၁၀၀ ဝန်းကျင်လောက် ဆယ်တန်းစဖြေကြပါလိမ့်မယ်။ အများစုက စစ်သားနင့်ရဲ သားသမီးတွေဖြစ်တယ်။ မတူပီက ဒလံသားသမီးတစ်ချို့လည်းဝင်ဖြေကြမှာပါ။ အကုန်လုံးကိုအအောင်ပေးမှာဖြစ်ပြီး ကူးပြီးဖြေကြမှာပါ။ စစ်ခွေးတွေကိုအဘလို့ခေါ်တဲ့သူတွေကို ဂုဏ်ထူးပေးအုံးမှာဖြစ်ပြီး ကူးဖြေတာတောင်မရတဲ့သူတွေကို အအောင်ပေးမှာမို့ သူတို့ခင်ဗျားဆယ်တန်းအောင်ဖူးကြတော့မည်။ 

သို့ပေမယ့် အမှန်တရားဘက်ကနေရပ်တည်ပြီး စစ်ကျွန်ပညာရေးစနစ်ထဲ အခွင့်အရေးမယူတဲ့ မတူပီမှာ ဆယ်တန်းဖြေဆိုမည့်ဦးရေ ၂၀၀၀ ဝန်းကျင်လောက်ရှိနေတာမို့ ညီလေး/ညီမလေးတို့ကို လေးစားသလို စာမေးပွဲသွားဖြေမယ့် စစ်ခွေးပေါက်စလေးတွေကို လုံးဝအားမကျဖို့ခွန်အားပေးပါရစေ။ 

ညီလေး/ညီမလေးတို့ အလှည့်ရောက်လာတဲ့အချိန် Quality Education ကိုတစ်ယောက်မကျန်အကုန်လုံးပြန်လည်ဆည်းပူးနိုင်အောင် ကျနော်တို့အားလုံးအစွမ်းကုန်ကြိုးပန်းသွားကြမှာပါ။ အခုလက်ရှိအခြေအနေမှာ လက်လှမ်းမှီသလောက်ပညာတွေကိုဆည်းပူးကြဖို့တိုက်သွန်းရင်းအားပေးပါရစေ။ Apa pathen loh hlasawk an pe uh seh ne, ka lung nah Kamana rhoek.cr. john
Crd


ဆက်ဖတ်ရန် →
'ဗြိတိန်ရဲ့ Starstreak လေယာဉ်ပစ်လက်နက် ယူကရိန်းကို ပေးမယ်'

'ဗြိတိန်ရဲ့ Starstreak လေယာဉ်ပစ်လက်နက် ယူကရိန်းကို ပေးမယ်'

၉/၃/၂၀၂၂
ယူကရိန်းကို the Starstreak နောက်ဆုံးပေါ် လေဆာ လေယာဉ်ပစ် လက်နက်တွေပို့မယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ဒီကနေ့ ပါလီမန်မှာ ပြောလိုက်ပါတယ်။

Starstreak လေယာဉ်ပစ်လက်နက်တွေနဲ့အတူ တင့်ကားဖျက်လက်နက်တွေပါ ပို့ပေးဖို့ ဆုံးဖြတ်ကြောင်းနဲ့ အခုကို့မယ့် လင်နက်တွေနဲ့ ယူကရိန်းကောင်းကင်ကို ထိမ်းချုပ်နိုင်မယ်လို့လည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

Starstreak လက်နက်အသုံးပြုနည်းကို အချိန်တိုအတွင်းမှာ ယူကရိန်းတပ်သားတွေကို သင်ပေးရမယ်ဆိုပါတယ်။ 

ယူကရိန်းသမ္မတဟာ မနေ့က ဗြိတိန်ပါလီမန်မှာ အွန်လိုင်းဗီဒီယိုနဲ့ မနေ့က မိန့်ခွန်းပြောရာမှာ No Fly Zone မသတ်မှတ်ရဲရင် လေယာဉ်နဲ့ လေယာဉ်ပစ်လက်နက်တွေကူညီဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီကနေ့မှာ ဗြိတိန်အစိုးရက အခုလို Starstreak လေယာဉ်ပစ်လက်နက်တွေပေးမယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။

DNW




ဆက်ဖတ်ရန် →
ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း



နေခြည်ဦးကို ဘာကြောင့် SPလုပ်လဲ လူတိုင်း သိခဲ့ပြီးသားမို့ ထွေထူးပြောစရာမလိုဘူးထင်တယ် သူ့အပြင်ဝတ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်းရှိတယ်

"WHSYဟာ တလရမှာ ဘာမှ သေချာထဲထဲဝင်ဝင် မပါတာရယ် သူ့ BFက မိုးစက်ဝိုင်အစ်ကို စစ်တပ်အားပေး ခရိုနီလက်သစ်ဖြစ်တာရယ် မင်းအောင်လှိုင်သားသမီးတွေနဲ့ အတူတူ ရှယ်ယာရှင် ဖြစ်နေလို့ပဲ" ဒါကြောင့် အသည်းပေးတာတွေ $မှတ်မရှိ cmtပေးတာတွေ ချက်ချင်းရပ်✋


ဆက်ဖတ်ရန် →

ဦးညီပု၏သမီး မမိုးဆန်းစုကြည် ထပ်တိုးတရားစွဲခံရ

​ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီး မမိုးဆန်းစုကြည် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)အပြင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ထပ်တိုးတရားစွဲခံရ 


ချစ်အိလှိုင်

နိရ ဉ္စရာ၊ မတ် ၉/ ၂ဝ၂၂ 


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီးဖြစ်သူ မမိုးဆန်းစုကြည်သည် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)အပြင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ထပ်တိုးတရားစွဲခံလိုက်ရကြောင်း သိရသည်။ 


မမိုးဆန်းစုကြည်မှာ ၅၀၅(ခ)ပုဒ်မဖြင့် အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရချိန် ယမန်နေ့ မတ်လ ၈ ရက်တွင် အင်းစိန်အကျဉ်းထောင်အထူးတရားရုံးက ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံလိုက်ရခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ဝင်းကြည်က နိရ ဉ္စရာအားပြောသည်။ 


တရားခံပြသက်သေအနေနဲ့တွေ့လို့ရတယ်ဆိုလို့ အန်တီသွားတွေ့ခွင့်ရခဲ့တယ်။ စိုးရိမ်စိတ်ရှိတာပေါ့။ ကိုယ့်သားသမီးကို မှန်မှန်ကန်ကန်နဲ့ဖြစ်စေချင်တယ်။ ကိုယ့်သမီးကလည်း ငယ်ငယ်လေးပဲရှိသေးတယ်။ အညွန့်အဖူးပဲရှိသေးတာ။ သူ့ရဲ့ရှေ့ရေးလည်း စိုးရိမ်တာပေါ့။ အန်တီတို့က ဘာပြောနိုင်မှာလဲ။ သူတို့လုပ်သမျှခံရမှာပဲ ဟုပြောသည်။ 


ပုဒ်မ ၁၇(၁)သည် ထောင်ဒဏ်အနည်းဆုံး ၂ နှစ်မှ ၃ နှစ်အထိချမှတ်နိုင်သည့် ပုဒ်မတစ်ခုဖြစ်သည်။ 


မမိုးဆန်းစုကြည်သည် လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ မေလ ၉ ရက်နေ့က ရန်ကုန်မြို့၊ လှည်းတန်းတွင် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် အင်းစိန်အကျဉ်းထောင်တွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ 


အလားတူ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်းဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅)တို့ဖြင့် စစ်တွေအကျဉ်းထောင်တွင် အလုပ်နှင့်ထောင်ဒဏ် စုစုပေါင်း ၁၁ နှစ်ကျခံနေရသည်။ 


ယင်းအပြင် ဦးညီပုသည် မဲမသမာမှုပုဒ်မ ၁၃ဝ(က)ဖြင့်လည်း ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့်အတူ စွဲချက်တင်ခံထားရသေးသည်။


ဆက်ဖတ်ရန် →

ရာသီမရွေး စိတ်ဓာတ်စုတ်ပဲ့တယ် ဆိုတာ အဲ့လိုကောင်

​ထိုင်းတွေရဲ့ ယဉ်ကျေးမူအရ နုတ်ဆက်ပုံကို ဗမာမူ့ လုပ်ပြီး၊ အမြတ်ထုတ်တာမျိုး က အင်မတန် အောက်တန်းကျချက်ပဲ။ထိုင်း တွေ အပြန်အလှန် လက်အုပ်ချီကြရတာ အာရုသားချင်း အကုန်သိပေမယ့် ရာထူးငယ်တဲ့ သူမို့ ပြန်မနုတ်ဆက်ပဲ အမိအရ ပုံရိုက်ပြီး အမြတ်ထုတ်တာ။ရာသီမရွေး စိတ်ဓာတ်စုတ်ပဲ့တယ် ဆိုတာ အဲ့လိုကောင်။ Credit...

ထိုင်းသံအမတ်ကြီးမပြန်ခင်


ဆက်ဖတ်ရန် →

မုံရွာထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို လူမိုက်များနှင့် အာဏာပိုင်များ ဝိုင်းဝန်း ဖိနှိပ်ရာမှ ထောင်ဆူမှု ဖြစ်

​


ရန်ကုန်၊ မတ် ၉ ခေတ်သစ်မီဒီယာ


စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အကျဉ်းထောင်တွင် စစ်တပ်က မတရားသော ပုဒ်မများဖြင့် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများကို အကျဉ်းထောင် အတွင်းရှိ လူမိုက်များနှင့် ထောင် အာဏာပိုင်များက ဝိုင်းဝန်း ဖိနှိပ်ရာမှ မတ်လ ၆ရက်နေ့ နံနက်ပိုင်းတွင် ထောင်ဆူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ ထောင် အာဏာပိုင်များ လက်သက်မွေးထားသည့် ထောင်တွင်းလူမိုက်များက နိုင်ငံရေး အကျဉ်းသားများကို စော်ကား ပြောဆိုမှုများ အနိုင်ကျင့် ဖိနှိပ်မှုများ ပြုုလုပ်ရာမှ နိုင်ငံရေး အကျဉ်းသားများ သည်းမခံနိုင်တော့ဘဲ ပြန်လည် တုံ့ပြန်ရာမှ ထောင်တွင်းရန်ပွဲဖြစ်ပွားခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၁ဦးကို ထောင်တွင်း လူမိုက်များက ဝိုင်းဝန်း ရိုက်နှက်ခံရချိန်တွင် ထောင်ဆူမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 


ထိုသို့ ထောင်ဆူမှု ဖြစ်ပွားပြီးနောက် ထောင်အာဏာပိုင်များ ရောက်လာကာ ဝိုင်းဝန်း ထိုးကြိတ်ခဲ့သော ထောင်တွင်း လူမိုက်များကို အရေးယူပေးမည်ဟု ပြောဆိုပြီး အယောင်ပြ လုပ်ဆောင်ခဲ့ခြင်းကြောင့် ထိုက်သင့်သော ပြစ်ဒဏ် မပေးမချင်း ထမင်းမစားဘဲ ဆက်လက် စောင့်ဆိုင်းနေမည်ဟု ဆန္ဒပြခဲ့ကြကြောင်း၊ ထောင်အာဏာပိုင်များက လူမိုက်များကို ထိုက်သင့်သော ပြစ်ဒဏ်ပေးမည်ဟု လိုက်လျောခဲ့ကြောင်း သိရသည်။


ယင်း နိုင်ငံရေး အကျဉ်သားများအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ထောင်တွင်း လူမိုက်များကို ထောက်ခြေကျင်း ၁လနှင့် အဆောင်ပြောင်း ပြစ်ဒဏ်ပေးကာ ၎င်းတို့ မှားယွင်းခဲ့ကြောင်း နိုင်ငံရေး အကျဉ်သားများကို ပြန်လည် တောင်းပန်ခဲ့ကြောင်း သိရသည်။ 


အလားတူ မုံရွာ အကျဉ်းထောင် အတွင်းရှိ ထောင်ပိုင်ဆိုသူနှင့် အိပ်ဆောင်မှူး ဇော်ဇော်အောင် ဆိုသူလည်း နိုင်ငံရေး အကျဉ်းသားများ ဖိနှိပ်စော်ကားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆက်ဖတ်ရန် →

အရာရှိ စစ်သည် ... အလောင်းတွေ အားလုံးဟာ အပိုင်းပိုင်း အစစမို့ ... စုပေါင်းပြီးပဲ သင်္ဂြိုလ် ခဲ့ရတယ် ....

​😔သတင်းအမှန်တွေ သိစေချင်ရုံပါ😔


တီးတိန်က တပ်ရင်းတစ်ခု မိုင်းဆွဲခံရပြီး ....

တပ်မတော်သား ၄၆ ယောက် ...

တစ်ပြိုင်တည်း ကျဆုံးခဲ့ချိန် ...

အရာရှိ စစ်သည် ...

အလောင်းတွေ အားလုံးဟာ အပိုင်းပိုင်း အစစမို့ ...

စုပေါင်းပြီးပဲ သင်္ဂြိုလ် ခဲ့ရတယ် ....


အဲဒီနေ့က ...

နောက်တန်းဌာနချုပ်မှာ ...

အလောင်းမပါတဲ့ သရဏဂုံတွေ တင်ရင်း ...

ရွတ်ဖတ်နေတဲ့ သံဃာတွေပါ မျက်ရည်ကျ ....

အိမ်ထောင်သည်လိုင်း တစ်ခုလုံး ...

အရူးမီးဝိုင်း ကမ္ဘာ ပျက်ခဲ့ရပေါ့ ....


ဗခဇော်မင်းထွန်း ဘာတစ်ခွန်းမှ ...

ထုတ်မပြောခဲ့ဘူး ....

လူမသိအောင် သတင်းဖုံးခဲ့တယ်...


--------------------------------------


သိပ်မကြာပါဘူးလေ .....

နောက်ထပ် အဖြစ်အပျက်တစ်ခု ထပ်ကြုံတယ် ...


မြစ်ကြီးနားက ခလရ ၂၁ ...

လူနာတွေကို နောက်တန်းပြန်ပို့ချိန်...

လမ်းမှာ ခြုံခိုတိုက်ခံရတော့ ....

ဖျားနေတဲ့စစ်သည်တွေ အားလုံး ...

ကားပေါ်တင် အရှင်လတ်လတ်...

ဗုံးစ မွန္ခဲ့ရေပါ့....


သူတို့ယောက်ျားတွေ ...

ဘယ်လိုပုံစံနဲ့ ကျဆုံးသွားခဲ့ရတယ်ဆိုတာ ....

နောက်တန်းက ရဲမေတွေကို ခင်ဗျားတို့ အသိမပေးခဲ့ကြဘူး ...


အဲဒီနေ့က ...

ခင်ဗျားတို့ ကြုံသလိုမီးသင်္ဂြိုလ်ပြီး

တပ်ပြေးတွေပါလို့ ခေါင်းစဉ်တပ်ခဲ့ကြတယ်....


------------------------------------------


ရှိသေးတယ် ....

ဗိုလ်ဇော်မျိုးထက် ကိစ္စ ....


အလောင်းဟာ ရုပ်ပျက်ဆင်းပျက် ...

ဓားဒဏ်ရာ အထပ်ထပ် ...


အဲဒီအချိန် ....

အဘတို့ အအိပ်အစားမပျက် ...

ဗိုလ်ရှုသဘင်လုပ်ခဲ့ကြတယ် ....

ဘာမှတ်ချက် တစ်စုံတစ်ရာမှ ...

ကျွန်တော်တို့ လက်ခံမရရှိခဲ့ဘူး ...


PDFတွေသေတော့ ပြည်သူတွေက

လွန်စွာ၀မ်းနည်းရပါတယ်တဲ့ .........

ပန်းခွေတောင်ချခဲ့ကျသေးတယ်


ခင်ဗျားတို့ဗျာ ......

အရမ်းစိတ်နာတယ် နစက

ဒါပဲ ပြောတော့မယ် ..

အရမ်း စိတ်နာတယ် .....

နောက်ဘဝမှာ ဒီလိုအသုံးမကျတဲ့ ခေါင်းဆောင် တွေမရှိတဲ့နိုင်ငံမှာ လူဖြစ်ရပါစေလို့ပဲဆုတောင်းပါတယ်....

ရင်ဘတ်ထဲကကို နာကျည်းတယ်.....


စာရေးသူအားလေးစားလျှက်

#Credit


ဆက်ဖတ်ရန် →

ကမ္ဘာစစ်ရေးအခြေအနေနှင့် နွေဦးအခွင့်အရေး

​

--------------------------<>---------------------------


အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးဟာ မြန်မာ့အရေးကို အလေးပေးဆွေးနွေးမှာဖြစ်ပြီး  နေတိုးတပ်ဖွဲ့လို စစ်ရေးမဟာမိတ်ချုပ်ဆိုနိုင်ဖို့အတွက် အမေရိကန်ဘက်ကနေ ဆွေးနွေးမယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ဒီသတင်းကို တရုတ်နိုင်ငံက ပိုပြီး စိုးရိမ်နေတာပါ။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ခွဲထွက်ခွင့်မပေးပဲ တရုတ်တစ်နိုင်ငံတည်းဖြစ်အောင် အားထုတ်နေပေမယ့် အမေရိကန်ရဲ့ ကာကွယ်ပေးမှု့နဲ့ စစ်လက်နက်တပ်ဆင်ပေးမှု့တွေကို မကြည်ဖြုပါဘူး။ 


အခုတစ်ခါ ပစ္စိဖိတ်ဒေသတွင်းက အာရှနိုင်ငံတွေကို အမေရိကန်ခေါင်းဆောင်တဲ့ နေတိုးလို စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့ဖို့ပြင်ဆင်လာတဲ့ အမေရိကန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။


သုံးသပ်ရရင်...၊

အမေရိကန်ကလည်း ယူကရိန်းကိုကျူးကျော်နေတဲ့ ရုရှားလိုမျိုး၊ တရုတ်ဘက်က လက်ဦးမှု့မရလေအောင် ကြိုတင်ပြင်ဆင်တယ်လို့ ယူဆရပါတယ်။


မတ်လ ၇ ရက်နေ့ ( မနေ့က ) မှာ နိုင်ငံတကာတရားရုံးကို အမှု့စစ်ဆေးဖို့ ဆင့်ခေါ်ခဲ့ပေမယ့် ရုရှားဘက်က မတက်ရောက်ခဲ့ပါဘူး။ ဒါဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာတရားရုံးကို မထီမဲ့မြင်ပြုလိုက်တာပါ။ ဒီအတွက် ယူကရိန်းအရေးဟာ ရှုပ်သထက် ရှုပ်လာပါတယ်။ ရုရှားရဲ့လုပ်ရပ်က ကုလသမဂ္ဂအပါအဝင် ကမ္ဘာပေါ်က ဘယ်လိုအဖွဲ့အစည်းကိုမှ ဂရုစိုက်မှာမဟုတ်တော့ပါဘူး။


တရုတ်နိုင်ငံကလည်း ရုရှားနဲ့တရုတ်ဟာ ညီအစ်ကိုနိုင်ငံတွေလို့ ထုတ်ပြောလာပါတယ်။ ယူကရိန်းပြည်သူတွေအတွက် ကြက်ခြေနီအဖွဲ့ကို လွှတ်ပေးမယ်လို့ ပြောပေမဲ့၊ ရုရှားရဲ့ ကျူးကျော်မှု့ကိုတော့ နုတ်ပိတ်နေပါတယ်။


ဆိုတော့...၊ ရုရှားရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာ့နိုင်ငံ အသီးသီးကို စစ်ကြေငြာလိုက်တာပါ။ အထူးသဖြင့် အမေရိကန်နဲ့ နေတိုးကို စစ်ကြေငြာတာပါ။ 


ဒီတော့...၊

-အမေရိကန်နဲ့ နေတိုးက ဘာလုပ်နိုင်သလဲ.?

-ဒီအတိုင်းပဲ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာတွေနဲ့ နာလန်မထူအောင် အချိန်ဆွဲပြီး ချုပ်ထားမလား.?

- ရုရှားခေါ်တဲ့ စစ်ပွဲဆီကို ဦးတည်ကြမလား.?


ဆိုတာကို အမေရိကန်နဲ့ နေတိုးနိုင်ငံတွေ စဉ်းစားရတော့မှာပါ။


တကယ်လို့ Sanctions နဲ့ပဲ ရှေ့ဆက်မယ်ဆိုရင် ရုရှားက ပိုဆိုးလာနိုင်သလို၊ သူ့ရဲ့ ညီအစ်ကိုတော်သူ တရုတ်ကလည်း အာရှမှာ လက်ရဲဇက်ရဲ လုပ်လာနိုင်ပါတယ်။ 


ရုရှားကတော့ ယူကရိန်းစစ်ကို ရပ်တန့်မယ့်ပုံ မတွေ့ရပဲ အင်အားတွေသာ ထပ်တိုးနေပါတယ်။ တင့်ကားတပ်တွေက မြို့ကြီးတွေကို ဝိုင်းထားပါတယ်။ ယူကရိန်းရဲ့လေဆိပ်တချို့ကို ရော့ကက်တွေလွှတ်ပြီး ဖျက်ဆီးနေပါတယ်။ ယူကရိန်းတွေက ပြန်လည်တုံ့ပြန်လို့ ရုရှားဘက်ကလည်း ဆုံးရှုံးမှု့တွေရှိပါတယ်။ ဥရောပနိုင်ငံအချို့နဲ့ အမေရိကန်ကလည်း လက်နက်တွေ ထောက်ပံ့နေပါတယ်။ သို့ပေမယ့် အင်အားချင်း ကွာဟနေတဲ့ ယူကရိန်းဟာ နောက်ထပ်ဘယ်နှစ်ရက် တောင့်ခံနိုင်မလဲဆိုတာ အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်တွေ စဉ်းစားရပါတော့မယ်။


ခန့်မှန်းရမယ်ဆိုရင်တော့...၊ ရုရှားဟာ ယူကရိန်းကို ပြင်းထန်တဲ့ဖိအားတွေနဲ့ ရှေ့ဆက်တိုးလာမယ်ဆိုရင်၊ နေတိုးတပ်ဖွဲ့တွေ ဝင်လာနိုင်ပါတယ်။


ဒီလိုအစီအစဉ်ရှိနေလို့လည်း အမေရိကန်ဟာ အရှေ့ဘက်က ရုရှားရဲ့ ညီအစ်ကိုတော်သူ တရုတ်ဘက်ကို ကာထားနိုင်ဖို့ နေတိုးလို အမေရိကန်-ပစ္စိဖိတ် စစ်အုပ်စုကို ဖွဲ့ဖို့စီစဉ်နေတာ ဖြစ်နိုင်ပါတယ်။


ကောင်းပြီ၊ ကမ္ဘာ့စစ်ရေးဟာ မြန်မာကို ဘယ်လိုအခြေအနေဖြစ်လာနိုင်သလဲ.?


မနှစ်က ဆောင်းပါးတစ်ပုဒ် ရေးဘူးပါတယ်။ မြန်မာပိုင် ကိုကိုးကျွန်းကို တရုတ်က ငှားရမ်းထားပြီး တရုတ်ပိုင်ဖြစ်နေတဲ့ ကိစ္စပါ။ ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရိပ်သန်းလာမယ်ဆိုရင် ဥရောပဘက်က လေယာဉ်တင်သင်္ဘော၊ စစ်သင်္ဘောတွေဟာ အိန္ဒိယသုမုဒ္ဓရာထဲကနေ ပစ္စိဖိတ်သမုဒ္ဓရာကို ကူးဖို့ မလက္ကာရေလက်ကြားကို ဝင်ရမှာပါ။ မလက္ကာဝင်ပေါက်အနီးမှာ စစ်သင်္ဘောတွေ မဖြစ်မနေတွေ့ရမှာက တရုတ်ရေဒါစခန်းပါ။ အိန္ဒိယသမုဒ္ဓရာထဲကို ဝင်လာတာနဲ့ ဒီရေဒါစခန်းက ဖမ်းယူသိရှိမှာဖြစ်ပြီး ပီကင်းကို သတင်းပို့မှာပါ။ ဒီရေဒါစခန်းဟာ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ထဲက ကိုကိုးကျွန်းပါ။ ၁၉၉၄ ခုနှစ်က ငှားရမ်းခဲ့တာပါ။ ရေဒါစခန်း၊ စစ်လေယာဉ်ကွင်း၊ စစ်သင်္ဘောဆိပ်ကမ်းတွေရှိပါတယ်။ နိုင်ငံတကာစစ်ရေးနယ်ပယ်မှာ ကိုကိုးကျွန်းဟာ တရုပ်ပိုင်လို့ သိရှိထားကြပါတယ်။ ပြောက်ကျားစစ်ယူနီဖောင်း ( Camoflage ) အထည်ချုပ်စက်ရုံလည်းရှိပါတယ်။ ရုရှား၊ တရုတ်၊ ပါကစ္စတန်၊ ဘယ်လာရုစ်စစ်တပ်တွေမှာ သုံးပါတယ်။


ဆိုတော့...၊ ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရိပ်သန်းလာခဲ့ရင် အနောက်အုပ်စုကလည်း လတ်တလော ကမ္ဘာ့စစ်ရေးအခြေအနေအရ ဝင်ပါလာမှာပါ။ ဒီအခါ မြန်မာပိုင် ကိုကိုးကျွန်းဟာ နှစ်ဘက်အုပ်စုတွေ ထိပ်တိုက်တွေ့လာနိုင်ပြီး ပစ်မှတ်ဖြစ်လာနိုင်တဲ့ ဗျူဟာပွိုင့် ဖြစ်လာမှာပါ။ ရေဒါစခန်းကို ဖျက်စီးဖို့ ကြိုးစားနိုင်ပါတယ်။ 


ဒါ့ကြောင့် ထိုင်ဝမ်မှာ စစ်ရိပ်သန်းလာရင်၊ မြန်မာစစ်တပ်ဟာ အလိုလိုနေရင်း အမေရိကန်နဲ့ နေတိုးအဖွဲ့တွေရဲ့ ရန်သူတော်ဖြစ်ရမှာပါ။ အင်အားကြီးလို့ သတ်မှတ်တာတော့မဟုတ်ပါဘူး။ နယ်မြေအခြေအနေအရ A Strategically Important Target ( အရေးပါတဲ့ မဟာဗျူဟာမြောက် ပစ်မှတ်တစ်ခု ) ဖြစ်နေလို့ပါ။


နိုင်ငံတကာ စစ်ရေးမြေပုံပေါ်မှာတော့ မြန်မာပိုင်ကိုကိုးကျွန်းကို 

" The maritime reconnaissance and electronic intelligence station " ဆိုပြီး တရုတ်နိုင်ငံအလံနဲ့ ဖော်ပြပါတယ်။ မြန်မာစစ်ကောင်စီဟာ ရုရှား၊ တရုတ်နဲ့ ပူးပေါင်းနေခဲ့တာ အချိန်ကြာလာသလို၊ တိတ်တိတ်လေး ပေးထား၊ ယူထားတဲ့ ဇာတ်လမ်းတွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့်လည်း အကာအကွယ်တွေရနေသလို ပြောင်ပြောင်တင်းတင်းနဲ့ ရုရှား၊ တရုတ်ကို ထောက်ခံနေတာပါ။ 


ဒီတော့...၊ ကမ္ဘာ့စစ်ရေးဟာ မြန်မာ့အရေးအတွက် အကြီးအကျယ် ပတ်သက်မှု့ရှိပါတယ်။ ရုရှား - ယူကရိန်းအရေးနဲ့ တရုတ် - ထိုင်ဝမ်အရေးမှာ အမေရိကန်နဲ့ နေတိုးပါလာမယ်ဆိုရင် အာဖရိကနဲ့ တောင်အမေရိကနိုင်ငံတွေသာ စစ်ပွဲက လွတ်နိုင်ပါတယ်။ မြန်မာကတော့ အဓိကပစ်မှတ်မှာ ရှိနေပါတယ်။


ဒါကတော့ ကမ္ဘာ့စစ်ရေးအခြေအနေပေါ်ကနေ မြန်မာ့အရေးကို လတ်တလောအခြေအနေတွေအရ ကြိုတင် သုံးသပ်ကြည့်ခြင်းပါ။ ဆရာကြီးတွေ အခက်တွေ့နေချိန်မှာ ပြည်တွင်းတော်လှန်ရေးအင်အားအတွက် အချိန်ကောင်းတစ်ခုလို့ပဲ သုံးသပ်ချင်ပါတယ်။

..

ဘကြီးအောင် LA

(8-March-2022)


..

ဆက်ဖတ်ရန် →

အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

​


၉/၃/၂၀၂၂


အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း ကမ်ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ မူလက အခုလ ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ ဝါရှင်တန်မှာ ကျင်းပဖို့ရှိပေမယ့် အာဆီယမ်ခေါင်းဆောင်တချို့က ခရီးသွားဖို့ အဆင်မပြေတဲ့အတွက် ဆွေးနွေးပွဲရွှေ့ဆိုင်းရတာလို့ ဆိုပါတယ်။ 


ဂျာကာတာအာဆီယမ်အတွင်းရေးမှူးချုပ်ရုံးက အမည်မဖေါ်လိုသူအရာရှိတဦးကတော့ လက်ရှိ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှား ထိပ်တိုက်တွေ့နေသလိုဖြစ်နေချိန်မှာ အာဆီယမ်ခေါင်းဆောင်တချို့က ဝါရှင်တန်ကို မသွားရဲဘူးဖြစ်နေတာလို့ ဆိုပါတယ်။ ဘယ်နိုင်ငံတွေဆိုတာကိုတော့ သူက ပြောပြဖို့ ငြင်းဆိုပါတယ်။ 


တချို့အာဆီယမ်ခေါင်းဆောင်တွေကတော့ မိတ်ဖက်နိုင်ငံတွေနဲ့ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားမပြုသူကိုပါ ပါဝင်တက်ရောက်ခွင့်မပေးချင်တော့တဲ့အခြေအနေဖြစ်နေတယ်ဆိုပါတယ်။ အမေရိကန်အစိုးရကတော့ အာဆီယမ်ဆုံးဖြတ်ချက်အတိုင်း နိုင်ငံရေးကိုယ်စားမပြုသူတက်ရောက်နိုင်ကြောင်းပြောဆိုထားတယ်ဆိုပါတယ်။


ပြီးခဲ့တဲ့ ရက် က ကုလသမဂ္ဂမှာ ရုရှားကို ဆန့်ကျင်ရှုတ်ချတဲ့ မဲခွဲပွဲမှာ ဗီယက်နမ်နဲ့ လာအိုတို့က မဲမပေးပဲ ကျန်နိုင်ငံအားလုံးက ထောက်ခံမဲပေးခဲ့ပါတယ်။ အာဆီယမ်ထဲမှာ ရုရှားကို ပိတ်ဆို့အရေးယူတဲ့နိုင်ငံကတော့ စင်္ကာပူဖြစ်ပြီး အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတဲ့နိုင်ငံကတော့ အင်ဒိုနီးရှားဖြစ်ပါတယ်။ယူကရိန်းပြည်သူတွေကို ထောက်ခံတာကတော့ ဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံတကာတပ်ဖွဲ့ကို မဝင်ဖို့ တားမြစ်ထားတာကတော့ ကမ်ဘောဒီးယားနိုင်ငံဖြစ်ပါတယ်။


# BNN James ဖနွမ်းပင်


ဆက်ဖတ်ရန် →

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

​


တရုတ်နိုင်ငံမှ နိုင်ငံပိုင် အကြီးမားဆုံးဘဏ်များအနက် အနည်းဆုံး နှစ်ခုက ရုရှားမှ ကုန်စည်များ ဝယ်ယူခြင်းများမှာ ငွေကြေးကိစ္စ ဝန်ဆောင်မှုများ ပေးအပ်ခြင်း မပြုရန် တားမြစ်ထားပါတယ်။ ICBC (Industrial & Commercial Bank of China Ltd.) ရဲ့ ပြည်ပရှိ ဘဏ်ခွဲများက ရုရှားမှ ပြည်ပတင်ပို့ဖို့ အသင့်ဖြစ်နေတဲ့ကုန်စည်များအတွက် အမေရိကန်ဒေါ်လာ သုံးတဲ့ L/C (letter of credit) များထုတ်ပေးခြင်းအား ရပ်ဆိုင်းထားပါတယ်။ ယွမ်သုံးတဲ့ L/C တွေကိုတော့ အချို့သော လုပ်ငန်းများအတွက် ထုတ်ပေးနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြီးတန်းအရာရှိများထံအတည်ပြု ခွင့်ပြုချက် အရင်ရယူဖို့ လိုအပ်ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးတဲ့နောက်မှာ ပိတ်ဆို့အရေးယူမှု အမျိုးမျိုးကို အမေရိကန်၊ ယူကေ၊ ဂျပန် အပါအဝင် နိုင်ငံများက စတင်လုပ်ဆောင်နေကြပါတယ်။ပြည်ပပို့ကုန် ကုန်စည်နှင့် ဆက်နွှယ်တဲ့ L/C များကိုဘဏ်များက မကြာခဏ ထုတ်ပေးကြရပါတယ်။ ပိတ်ဆို့အရေးယူမှု‌ကြောင့် အရင်ဆုံးထိခိုက်မယ့် ‌ငွေကြေးကိစ္စရပ်များထဲမှာ L/C လည်း ပါဝင်နေတာကြောင့် အခြေအနေမသေချာမရေရာချိန်မှာ တရုတ်ဘဏ်များက ယခုလို ယာယီအားဖြင့်လက်ရှောင်ထားလိုက်ကြတာ ဖြစ်ပါတယ်။Bank of China Ltd. က ဆုံးရှုံးမယ့်အရေး အကဲဖြတ်ချက်အရ ရုရှားကုန်စည်များအတွက် ငွေကြေးပါဝင်မှုများကိုထိန်းချုပ်ထားပါတယ်။ ချေးငွေရယူသူများအနေဖြင့် ရုရှားနှင့် စပ်လျဉ်း၍ တိကျပြတ်သားတဲ့ လမ်းညွှန်ချက်များကို တရုတ်အစိုးရ ထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့အစည်းများထံမှ မရရှိကြသေးပေ။ တရုတ်ဘဏ်များရဲ့တုံ့ပြန်မှုဟာ ယာယီသာ ဖြစ်နိုင်ပါတယ်။ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍမှာ ဆက်နွှယ်မှုများ ရှိနေပါတယ်။၂၀၁၉ မှာ ဆိုက်ဘေးရီးယားပိုက်လိုင်းဖြင့်ရုရှားမှ တရုတ်သို့ သဘာဝငွေ့ရည် liquefied natural gas (LNG) ပေးပို့မှု စတင်ခဲ့ပါတယ်။ ၂၀၂၁ မှာ ကုဗ‌ပေ ၁၆.၅ ဘီလျံတင်ပို့ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ရုရှားသမ္မတပူတင် တရုတ်ပြည်သို့ လာရောက်ခဲ့ပြီးနောက် ရုရှားမှ တရုတ်ဩိ့ ရေနံနှင့် ဓာတ်ငွေ့များ တင်ပို့ရန် ၁၀နှစ်သက်တမ်းရှိသည့် သဘောတူညီချက် ရရှိခဲ့ကြပါတယ်။


အမေရိကန်ဒေါ်လာ ၁၁၇.၅ ဘီလျံဖိုး တင်ပို့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုတွင် ရုရှားရေနံစိမ်းသည် ဒုတိယအများဆုံး ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးဘဏ်များဖြစ်တဲ့China Development Bank နှင့် Export-Import Bank of China တို့က BRI (Belt-and-Road Initiative) ခေါင်းစဉ်အောက်မှာ အခြေခံအဆောက်အအုံမှ ရေနံဓာတ်ငွေ့အထိ ချေးငွေအမျိုးမျိုးထုတ်ချေးပေးထားတာ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ဆယ်ဂဏန်း ရှိပါတယ်။ICBC, Bank of China, Agricultural Bank of China Ltd., China Construction Bank Corp. တို့ ရုရှားနိုင်ငံမှာ ဘဏ်ခွဲများ ထားရှိလုပ်ကိုင်လျက် ရှိပါတယ်။ ၎င်းတရုတ်ဘဏ်များက ဒေါ်လာနှင့်တကွအခြားနိုင်ငံသုံးငွေဖြင့် ဝန်ဆောင်မှုများ ပေးအပ်တဲ့အပြင် ယွမ်ငွေသုံးစွဲတဲ့ ဝန်ဆောင်မှုများလည်း ပေးအပ်ပါတယ်။ အပ်ငွေများ၊ ချေးငွေများ၊နယ်စပ်ဖြတ်ကျော် ပေးချေမှုများ၊ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများ အစရှိတဲ့ဝန်ဆောင်မှု အမျိုးမျိုး ပေးအပ်ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် တရုတ်ပို့ကုန်များအတွက် ဒေါ်လာကြီးစိုးတဲ့ နိင်ငံတကာငွေကြေးစနစ်ကို ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ အမေရိကန်က အီရန်နှင့် မြောက်ကိုရီးယားတို့ကိုပိတ်ဆို့အရေးယူမှုမှာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ဘဏ်ကြီး လေးခု ပါဝင်ခဲ့ကြပါတယ်။ ယုတ်စွအဆုံး ဟောင်ကောင်မှထိပ်တန်း တာဝန်ရှိသူများကို အမေရိကန်က ပိတ်ဆို့ အရေးယူတာမှာလည်း ပါဝင်ခဲ့ကြပါတယ်။ အ‌မေရိကန်ဒေါ်လာဖြင့် ငွေရှင်းတဲ့စနစ်ထဲ လုပ်ကိုင်ခွင့် ရနေဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်။တရုတ်ဘဏ်များအနေဖြင့်အမေရိကန်ဒေါ်လာအရ ပိတ်ဆို့အရေးယူမှုများမှာ ပါဝင်ပြီး ယွမ်ငွေဖြင့် ဝန်ဆောင်မှုများကိုတော့ ပိုနေမြဲ ကျားနေမြဲ ဆက်လက်ထားရှိမယ်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ်ကြပါတယ်။

credit to writer

ဆက်ဖတ်ရန် →

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်


မအလအာဏာသိမ်းစကထဲက ၂၀၂၃ ရွေးကောက်ပွဲအတွက် ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်တယ်... လူမှု့ရေးလုပ်ငန်းတွေမှာနာမည်ရလာအောင်လုပ်နေတယ်... နိုင်ငံရေးအပျော့စားလေးတွေလုပ်ပြနေကြတယ်...... ဟိုဖက်ဒီဖက် မျှတသူထင်အောင် ဟိုဖက်ဒီဖက်ကို နည်းနည်းဆီအော်ပေးတယ်... ဟိုဖက်ဒီဖက်ပြည်သူထောက်ခံမှု့ရမယ့်လမ်းကြောင်းကိုလုပ်တယ်... စကစကလဲ အဲလိုလုပ်နေကြသူတွေကို လက်ဝါးချင်းရိုက်ဟပေးထားတယ် အဲလိုလူမျိုးတွေ စစ်ကောင်စီနဲ့ထိပ်တိုက်တွေ့ရင်လဲ ဖမ်းစီးမှု့တွေမလုပ်ပဲ အဲလူတွေပြည်သူထောက်ခံမှု့ရအောင် စကစက ဟပေးထားတယ် ၂၀၂၃ မှာ ဝင်ပြိုင်မယ့်အမတ်လောင်းတွေအဖြစ်အလယ်အလတ်စီးပွားရေးလုပ်ငန်ရှင်တွေကိုပွဲထုတ်လာတယ် သူတို့ဖက်ကလူဟောင်းတွေနဲ့ ၂၀၂၃ ဝင်ပြိုင်ရင်ပြည်သူထောက်ခံမှု့မရမှာသိလို့ လူသစ်တမ်းမျက်နှာသစ်တွေနဲ့ နိုင်ငံရေးကစားကွက်ရွှေ့ဖို့လုပ်တယ် ... ၂၀၂၃ မတိုင်ခင် နိုင်ငံရေးကစားကွက်ကို သိန်းပေါင်းသောင်းချီအကုန်အကျခံ ပြင်ဆင်နေတယ်... 


စကစရဲ့နိုင်ငံရေးကစားကွက်အဆုံးဟာ ၂၀၂၃ ရွေးကောက်ပွဲဖြစ်တယ် သူတို့အဲထိရအောင်သွားလိမ့်မယ်... ခုချိန်မှာ ဘာဆွေးနွေးမှု့မှလက်ခံမှာမဟုတ်... အာစီယံ အီးယူ ယူအန် အမေရိကန် တရုတ် အိန္ဒိယ ရုရှား ဘာကောင်တွေပဲကြားဝင်စေ့စပ်စေ့စပ် ပြေလည်ရေးငြိမ်းချမ်းရေး ဘယ်သူပံလုပ်နေနေ ဘာကောင်ကြီးပဲလုပ်ပေးနေနေ အာစီယံသဘောတူညီချက်ငါးရပ်တွေဘာတွေ ဘာမှလက်ခံမှာမဟုတ်.... ခုလိုအချိန်မှာပြေလည်ရေးလက်ခံနွေးဆွေးရေးလုပ်မှာမဟုတ် လုပ်ခဲ့ရင်လဲ နိုင်ငံရေးလယ်ဘယ် တစ်ဆင့်နိမ့်ဖြစ်မယ်.... ပြည်သူတင်မြှောက်ထားတဲ့ တရားဝင်အစိုးရကို သူတို့လိုချင်တာတောင်းပြီးအာဏာပြန်လွဲတာ အမြင့်ဆုံးပြေလည်မှု့ပဲဖြစ်မယ်... အဲလိုလုပ်မှာဟုတ်... နိုင်ငံရေးမျှခြေရအောင်ထိလုပ်မယ်... ရွေးကောက်ပွဲကပေါ်ထွက်လာမယ့် သူတို့ပိုင်PRအရပ်သားအစိုးရကို မဖြစ်ဖြစ်အောင်ပုံဖော်မယ် ... အဲလိုရလာမှ နိုင်ငံရေးထွက်ပေါက်အဖြစ် နိုင်ငံတကာနဲ့ပြည်သူလက်ခံလာအောင်NUG နဲ့ဆွေးနွေးမယ်တို့ pdf တွေနဲ့တွေ့မယ်တို့ လုပ်လာလိမ့်မယ်... ရွေးကောက်ပွဲကိုလဲ သူတို့အပိုင်ထိမ်းချုပ်လို့ရတဲ့နေရာတွေမှာပဲ ကျင်းပပြီး အစိုးရတစ်ရပ်ကို ရအောင်အကောင်အထည်ဖော်လိမ့် မယ်...  


ရိုးရှင်းတဲ့ ပလန်ကြီးနဲ့ပဲသွားမှာဖြစ်ပါတယ်... သူ့တို့အကောင်အထည်ပေါ်ဖို့ တစ်နှစ်ခွဲလောက်လိုပါသေးတယ်... ပြည်သူဖက်ကလဲ သူ့တို့ပြောနေတဲ့နိုင်ငံရေးမြေပုံဆိုတာကြီးကို မဖြစ်အောင် ပြည်သူ့အာဏာပြည်သူပြန်ရအောင်ကျိုးစားဖို့ရာ တနှစ်ခွဲအချိန်ရပါသေးတယ်...တစ်နှစ်ခွဲအတွင်းမှာ မအလတွေကို ချုပ်ငြိမ်းအောင်လုပ်ပြစ်ရမယ်.. တစ်နှစ်ခွဲအတွင်မှာ NUG နဲ့ PDF တွေကလဲအားကောင်းလာမယ်... အာဏာသိမ်းပြီးတစ်နှစ်ကျော်ကာလ NUG နဲ့PDF တွေဟာ အချိန်တိုအတွင်းမှာတင် အင်အားကြီးထွားလာတာ ပိုမိုတိုးတက်လာတာတွေကို ကြည်ရင်သိနိုင်ပါတယ် ..သူတိုဖက်ကလဲ သူတို့လုပ်စရာရှိတာလုပ်နေသလို.... ပြည်သူဖက်ကလဲ ကိုယ်လုပ်စရာရှိတာလုပ်နေရမှာပဲလုပ်နေကြမှာပဲ ကိုယ့်လမ်းကိုဖောက် ကိုယ်လမ်းကိုယ်လျှောက်နေရမှာပဲ...

သူရိန်ကျော်

ဆက်ဖတ်ရန် →

အ​မေရိကန်လေတပ်သည် ထိုင်ဝမ်ကျွန်းကို တရုတ်တပ်ဖွဲ့များ ကျူးကျော် ဝင်ရောက်ခြင်းမှ ဟန့်တားရန် ကြိုးပမ်း

​အမေရိကန်လေတပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို တရုတ်တပ်ဖွဲ့များ ကျူးကျော် ဝင်ရောက်ခြင်းမှ ဟန့်တားရန် ကြိုးပမ်းမှုအသွင်အနေဖြင့် မတ်လ ၁ ရက်က ဂျပန်နိုင်ငံရှိ ၎င်း၏ လေတပ်စခန်းတစ်ခုတွင် စစ်လေယာဉ် ၂ ဒါဇင်ထက်မနည်းကို ခင်းကျင်းကာ ၎င်း၏ စစ်အင်အားကို ပြသခဲ့သည်။


ယူကရိန်းကို ရုရှားကျူးကျော်လိုက်ခြင်းက ထိုင်ဝမ်အပေါ် တရုတ်၏ ကျူးကျော်မှု ဖြစ်နိုင်ခြေအပေါ် မေးစရာဖြစ်နေချိန်တွင် သမ္မတဘိုင်ဒင်က ထိုင်ဝမ်ကို ထောက်ခံမှုပြသသည့်အနေဖြင့် အကြီးတန်း ကာကွယ်ရေး ဝန်ထမ်းဟောင်းများစွာကို စေလွှတ်ပြီးနောက် ၂ ရက်အကြာတွင် Kadena လေတပ်စခန်း၌ စစ်ရေးအင်အား ပြသမှု ပြုလုပ်ခဲ့သည်။


စစ်လေယာဉ်အများအပြား ပျံတက်ခြင်းမပြုမီ အနီးကပ် ဖြည်းဖြည်းချင်းမောင်းနှင်နေသော ပုံစံကို ညွှန်းဆိုသည့် 'Elephant Walk' တွင် F-15 တိုက်လေယာဉ် ၂ ဒါဇင်နှင့် HH-60 Pave Hawk ရဟတ်ယာဉ် ၁ ဒါဇင်ပါဝင်သော လေယာဉ်အုပ်စုကို တွေ့မြင်ရပြီး စုပေါင်းတန်ဖိုးအားဖြင့် ဒေါ်လာ ၁ ဘီလီယံကျော် ရှိသည်။


ရုရှားတပ်များ ယူကရိန်းကို ကျူးကျော်သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် တရုတ်လေယာဉ် ၉ စီးက ထိုင်ဝမ်လေကြောင်းပိုင်နက်ကို ဝင်ရောက်မှုအပါအဝင် ထိုင်ဝမ်ကို ဦးတည်သည့် တရုတ်၏ ရန်စမှုများ လနှင့်ချီ တိုးမြှင့်လာပြီးနောက် ထိုသို့အင်အားပြသမှု ထွက်ပေါ်လာခြင်းဖြစ်သည်။


ရုရှား၏ ယူကရိန်းကျူးကျော်မှုအပြီးတွင် ဘိုင်ဒင်သည် ကြိုတင်အသိပေးခြင်းမရှိဘဲ တိုင်ပေသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့သည်။


“အမေရိကန်က ဘယ်သူ့ကိုပဲလွှတ်ပါစေ ထိုင်ဝမ်ကို ထောက်ခံကြောင်းပြတဲ့ ကြိုးပမ်းမှုဟာ အချည်းအနှီးဖြစ်လိမ့်မယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေပင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကောင်းမြတ်လင်း



'တရုတ်လူမျိုးများသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန် ခိုင်မာစွာ သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်” ဟုလည်း ဝမ်က ပြောကြားသည်။


တရုတ်အနေဖြင့် ရုရှား၏လုပ်ရပ်ကို ‘ကျူးကျော်မှု’ ဟု ယူဆခြင်း ရှိ/ မရှိနှင့်ပတ်သက်ပြီး ဝမ်က ဖြေဆိုရန် ငြင်းဆိုခဲ့သည်

ဆက်ဖတ်ရန် →

မအလ အလိုကျ ပူးပေါင်း လိမ်လည်တဲ့ ဖြိုးဇော်ငြိမ်း

​အဲဒါ အနိုင်ရခြင်းလား…


***


မနေ့ကတော့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ ပတ်သက်ပြီးတော့ တရားရုံးက စွဲချက်တင်ဖို့ အမိန့် ချတယ်။ 


သဘောက အဂတိ လိုက်စားပါတယ် ဆိုပြီးတော့ ဆရာ့အပေါ် စွပ်စွဲထားတဲ့ အမှု ငါးမှုစလုံးကို စွဲချက်တင်တယ်ပေါ့။ 


***


ဒီနေရာမှာ လူတွေဟာ လူနဲ့မတူအောင်ကို ယုတ်မာလာပြီ ဆိုရင် ဘယ်လိုတွေတောင် ယုတ်မာကြတယ်ဆိုတာကို ပြောပြချင်တယ်။ 


***


ဆရာဇော်မြင့်မောင်ကို အဂတိ လိုက်စားပါတယ် ဆိုပြီး အမှုတွေဆင်၊ စွပ်စွဲမယ့်သာ စွပ်စွဲတာ၊ တကယ်တမ်း ဆရာ့ ဘဏ်အကောင့်ကို စစ်ကြည့်တော့ ဘဏ်ထဲမှာ လစာငွေကလွဲပြီး တခြား ဘာငွေမှ ရှိမနေဘူး။ မရှိဆို ဘယ်ကမှ ဘာကိုမှ မဟုတ်တာ လုပ်ပြီး ရယူခဲ့တာမှ မရှိတာကိုး။ 


ဒါပေမယ့် ဘယ်လိုတွေ ကောက်ကျစ်ကြသလဲ ဆိုတော့ မန္တလေးတိုင်း အစိုးရ ရုံးအဖွဲ့မှူး ဖြိုးဇော်ငြိမ်း ဆိုတဲ့ ပုဂ္ဂိလ်ရဲ့ အမျိုးသမီး မွှေးမွှေးဘဏ်အကောင့်ထဲမှာ ကျတော့ ငွေတွေက သိန်းကို သောင်းနဲ့ ချီပြီးတော့ ရှိနေတယ်။


ဖြိုးဇော်ငြိမ်း ဆိုတာက ဟိုအရင် သိန်းစိန်လက်ထက်ကတည်းက အဲဒီ ရာထူး၊ NLD လက်ထက် ရောက်တော့လည်း အဲဒီရာထူးပေါ့လေ။ 


ဖြိုးဇော်ငြိမ်းရဲ့ မိန်းမ မွှေးမွှေးဆိုတာက ငွေလဲတဲ့ လုပ်ငန်း လုပ်တယ်။ 


***


အခု ဒီလိုတွေ ဆရာဇော့်အပေါ် မအလတွေက စွပ်ဟယ်စွဲဟယ် အမှုဆင်ဟယ်တွေ ဖြစ်လာတဲ့အခါ ဟိုကောင်တွေက ဖြိုးဇော်ငြိမ်းကိုပါ စသုံးလုံးလို နေရာမှာ အကျယ်ချုပ်လို ထိန်းသိမ်းထား၊ သူ့ဘဏ်အကောင့်ကိုလည်း စစ်လားဆေးလားတွေ ရှိတယ်။ 


အဲဒီလိုကနေ ဖြိုးဇော်ငြိမ်းက သူ့မိန်းမ မွှေးမွှေးအကောင့်ထဲက ငွေတွေက ဆရာဇော်ရဲ့ အဂတိငွေတွေ လိုလို တရားရုံံးမှာ ထွက်ဆိုတော့တာပဲ။ 


***


ဆရာဇော် ကင်ဆာရောဂါနဲ့ ဆေးကုသခံနေရစဉ် အခါမှာလည်း ဖြိုးဇော်ငြိမ်းကပဲ လုပ်ငန်းရှင်တွေဆီ ဆက်သွယ်ပြီး ဆရာဇော် ဆေးကုဖို့ ငွေ ဘယ်လောက် ထည့်ပေးပါ ဘာညာတွေ လျှောက်ပြော၊ လှူတယ်ဆိုသူကလည်း လှူ၊ ဆရာဇော်က အဲဒါတွေကို သိတောင် မသိ ဒီလိုတွေ ဖြစ်လာတယ်။ 


တကယ်တမ်းမှာတော့ ဖြိုးဇော်ငြိမ်း မိန်းမရဲ့ ဘဏ်အကောင့်ထဲက ငွေတွေသည် ဆရာဇော်နဲ့ လုံးဝကို ပတ်သက်မှု မရှိတဲ့ ငွေတွေပဲ။ 


***


အဲဒါကိုပဲ ဘယ်လိုတွေ ဖြစ်နေနေ၊ ဆရာဇော်မြင့်မောင်ကို မရရအောင် ထောင်ချချင်တော့ အခုလို စွဲချက်တင်ဖို့ပါ အမိန့်ချတဲ့ အထိ ဖြစ်လာတယ်။ 


တရားရုံးဆိုတာက သက်သေတွေကို စစ်ဆေးပြီးရင် မှန်၏ မှား၏ မျှမျှတတ ဆုံးဖြတ်ပေးရမှာ သူ့တာဝန် ဆိုပေမယ့် အခု တရားရုံးတွေ တာဝန်ကတော့ ဘာတွေ ဘယ်လိုကြီး ဖြစ်နေနေ မအလ အလိုကျ ဒီလူ့ကို ဒီအမှုနဲ့ ထောင်ဒဏ် ဘယ်လောက်ချရမယ် ဆိုရင် ရအောင်ကို ထောင်ချမယ် ဆိုတာပဲ ဖြစ်သွားပြီ။ 


ဒီလိုလူမျိုးကို ဒီလို ပုဒ်မတွေနဲ့ ထောင်ချနိုင်တာကမှ နိုင်တာလို့ ဟို မအလတွေ အသိဉာဏ်ထဲ ရှိတာကိုး။ 


***


အဲဒါကိုမှ ဒီစကား၊ ဒီအပြောတွေတော့ မမှန်တာမှန်း သိလျက်ရဲ့ မအလ အလိုကျ ပူးပေါင်း လိမ်လည်တဲ့ ဖြိုးဇော်ငြိမ်း လို လူမျိုးတွေကလည်း လောကရဲ့ အမှိုက်ပေါ့။ 


***


လူတယောက်ကို ဒီလို ယုတ်မာလိုက်ရတာက အနိုင် လို့ ထင်မှတ်နေပုံ ရနေကြတာ သနားစရာတော့ သိပ်ကောင်းတယ်။ 


အဲဒီလိုပဲ မမှန်တာမှန်း သိသိကြီးနဲ့ ဒီလို ဝိုင်းလိမ်ပြီး လူတယောက် ဒုက္ခရောက်အောင် လုပ်ကြပြီးမှ ကိုယ့်အတွက် နေသာဖို့ လမ်းကို ရွေးကြသူတွေဟာလည်း အင်မတန် ရွံစရာကောင်းတယ်။ 


တကယ်တော့ အဲဒီလူတွေ အားလုံးဟာ သူရဲဘောကြောင်တဲ့ အရှုံးသမားတွေ။ 


***


ကလိုစေးထူး


(အချက်အလက် ခိုင်လုံမှန်ကန်မှုကို ၁၀၀% တာဝန်ခံပါတယ်)


ဆက်ဖတ်ရန် →

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

​“ယူကရိန်း အတွက် လေယာဥ်တွေ ဂျာမနီအခြေစိုက် လေတပ်စခန်းကနေ တဆင့် ပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက် လက်တွေ့ အကောင်အထည် ဖော်ဖို့ခက်၊ ဘယ်လိုနည်းနဲ့ ယူကရိန်းလက်ထဲ ထည့်နိုင်မလဲ ဆက်ဆွေးနွေးကြမယ်” ဂျွန်ကာဘီ- ပင်တာဂွန်ပြောခွင့်ရ 


အမေရိကန် ကာကွယ်ရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပိုလန်က သူတို့ လေယာဥ်တွေကို ယူကရိန်းထံ တိုက်ရိုက် မဟုတ်ပဲ အမေရိကန်ဆီ လွှဲပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက်ဟာ လက်တွေ့ လုပ်ဆောင်ဖို့ရာ ခက်လှတယ်လို့ ဆိုပါတယ်။


“ကျွန်တော်တို့ ပြောထားသလိုပါပဲ။ ပိုလန်ပိုင် လေယာဥ်တွေကို ယူကရိန်းကို ပေးဖို့ မပေးဖို့ဆိုတာ ပိုလန်အစိုးရရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ လုံးလုံးလျားလျား မူတည်ပါတယ်။ ပိုလန်ရဲ့ ကမ်းလှမ်းချက်ထဲမှာ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။


ဂျာမနီအခြေစိုက် အမေရိကန်/နေတိုး လေတပ်စခန်းကနေ တိုက်လေယာဥ်တွေ ပျံတက်ပြီး  ရုရှားက ယူကရိန်းကို တိုက်ခိုက်နေတာတွေကို အံတုဖို့ ပေးတယ် ဆိုတဲ့ ကမ်းလှမ်းမှုဟာ နေတိုး မဟာမိတ် တစ်ဖွဲ့လုံး အတွက် စိုးရိမ်မှုတွေ အလေးအနက် ပေါ်ပေါက်လာစေပါတယ်။


ပိုလန် အပါအဝင် တခြား နေတိုးအဖွဲ့ဝင် မဟာမိတ်တွေနဲ့ကြား ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေး ညှိနှိုင်းသွားပါ့မယ်။ လေယာဥ်တွေကို ယူကရိန်းလက်ထဲ ဘယ်လို ထည့်ပေးနိုင်မလဲ ဆိုတဲ့ သယ်ယူ ပို့ဆောင်ရေးဟာ စိန်ခေါ်မှု အခက်အခဲတွေ ရှိနေပါတယ်။ 


လက်ရှိ ပိုလန်ရဲ့ ကမ်းလှမ်းချက် အကောင်အထည် ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ ယူဆထားပါတယ်” ဆိုပြီး ဂျွန်ကာဘီက ထုတ်ပြန်ပါတယ်။ 

 #ဘီဘီစီမြန်မာပိုင်း #ယူကရိန်းစစ်


ဆက်ဖတ်ရန် →

ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတွေက ခေါင်းဆောင်ပိုင်းတွေက အမေရိကန်သမ္မတ ဘိုင်ဒန်ရဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံဖြေကြားဖို့ ငြင်းဆန်

​ယူကရိန်းစစ်ပွဲ ပြင်းထန်လာတဲ့နောက်ပိုင်း ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတွေက ခေါင်းဆောင်ပိုင်းတွေက အမေရိကန်သမ္မတ ဘိုင်ဒန်ရဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံဖြေကြားဖို့ ငြင်းဆန်ခဲ့ကြတယ်လို့ သိရပါတယ်။ 


ပင်လယ်ကွေ့နိုင်ငံတွေဟာ ရေနံထုတ်လုပ်တင်ပို့မှုကြီးမားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပြီး လက်ရှိအချိန်မှာ ရုရှားက ရေနံဝယ်ယူရောင်းချမှုတွေကို ရပ်ဆိုင်းပြီး ရေနံဈေးနှုန်း မြင့်မားလာခဲ့ပါတယ်။


ဘိုင်ဒန်ရဲ့ သမ္မတသက်တမ်းအတွင်း ယီမင်နိုင်ငံက စစ်ပွဲမှာ ကူညီထောက်ပံ့မှုမရှိတာနဲ့ အီရန်နိုင်ငံနဲ့ နျူကိစ္စဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ကြိုးစားတာတွေကြောင့် ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဆက်ဆံရေး အထစ်အငေါ့ဖြစ်ရတာ ဖြစ်နိုင်ကြောင်း အမေရိကန် အစိုးရအရာရှိတွေက သုံးသပ်ကြပါတယ်။


ရုရှားရဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်မှုအပေါ် အမေရိကန်အပါအဝင် နိုင်ငံတကာက ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပေမယ့် ကြားနေလိုတဲ့နိုင်ငံတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနဲ့ ယူအေအီးနိုင်ငံတွေက သူတို့အနေနဲ့ ရုရှားက ဦးဆောင်နေတဲ့ ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများအဖွဲ့က သတ်မှတ်သဘောတူထားတဲ့ ပမာဏထက် ပိုမိုထုတ်လုပ်ရောင်းချဖို့ မရှိဘူးလို့ ငြင်းဆန်ထားကြပါတယ်။

ကောင်းမြတ်လင်း


ဆက်ဖတ်ရန် →

နိုင်ငံတကာအစိုးရများထံမှ အကူအညီရရေး ကြိုးပမ်းနေဟု NUG ဝန်ကြီးပြော



စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး

ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်


DVB | 7 March, 2022


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တော်လှန်ရေးအတွက် မဟာဗျူဟာကျကျ ဆောင်ရွက်နေတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။


“ဒီတော်လှန်ရေးမှာ လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းစဉ်အောက်ကနေ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေကနေ အခုထိ တကျပ်တပြားမှ အကူအညီ မရသေးပါဘူး။ ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အဆုံးစွန်တဲ့ ရက်စက်ရမ်းကားမှုတွေကြောင့် ရွာလုံးကျွတ်မီးရှို့ခံရတာတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာတွေ၊ နယ်မြေဒေသတခုလုံး စစ်ဘေးရှောင်ရတာတွေ၊ စစ်ပြေးဒုက္ခခံစားရတာတွေကတော့ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလျက်ရှိပါတယ်။ ကရင်နီမှာ၊ လေးကေ့ကော်မှာ၊ စစ်ကိုင်းမှာ၊ မကွေးမှာ၊ ချင်းမှာ ရွာလုံးကျွတ်ပြာကျပြီး ပြည်သူလူထုခမျာ အတိဒုက္ခ ရောက်နေကြရပါတယ်။ ဒါတွေနဲ့ စပ်လျဉ်းပြီး NUG အစိုးရအနေနဲ့ ရသမျှ ဘတ်ဂျက်ထဲကနေ နိုင်သလောက်၊ စွမ်းသလောက် အားဖြည့်ကူညီပံ့ပိုးကုစားနေကြရပါတယ်။ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရတွေဆီကနေလည်း အကူအညီ အထောက်အပံ့ရရှိရေး စဉ်ဆက်မပြတ် ညှိနှိုင်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။”


ဒါ့အပြင် NUG အစိုးရအနေနဲ့ ဒီတော်လှန်ရေးမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေအပြင် လူ သားချင်းစာနာမှုဆိုင်ရာကိစ္စရပ်တွေ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေ၊ အမျိုးသမီးကလေး သူငယ်ဆိုင်ရာကိစ္စရပ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်ဆိုင်ရာကိစ္စရပ်တွေကို မေ့လျော့မထားဘဲ အားလုံးလွှမ်းခြုံပြီး ဆောင်ရွက်နေတယ်ဆိုတဲ့ မူဝါဒလုပ်ငန်းစဉ်၊ အကောင်အထည်ဖော်မှုတွေကို လက်တွေ့ကျကျ ပြသဖို့လိုအပ်ပြီး ဒါမှသာ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရတွေက အဆိုပါလုပ်ငန်းစဉ်များအတွက် အကူအညီအထောက်အပံ့တွေ ပေးမှာဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။


 


 

“နိုင်ငံတကာက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့ ပေးအပ်တဲ့အခါ ဒေါ်လာ သန်း ၅၀ လား၊ သန်း ၁၀၀ ဆိုတာ သူတို့သဒ္ဓါပေါက်ရင် အခုပေး အခုရတာမျိုးပါ။ ဒီအခြေအနေကို မသိမမြင် နားမလည်တဲ့သူတချို့က “NUG က မယောင်ရာဆီလူး လွတ်မြောက်နယ်မြေမှာ ဆေးခန်းဖွင့်နေတယ်”၊ “NUG က လက်နက်ရရှိရေးကို ဘေးချိတ်ပြီး ပညာရေး၊ ကျန်းမာရေးတွေကို ဦးစားပေးနေတယ်”၊ “အဓိက နဲ့ သာမညတောင် မခွဲခြားနိုင်ဘဲ မဆီမဆိုင်ကိစ္စရပ်တွေ လျှောက်လုပ်နေတယ်” စသဖြင့် စသဖြင့် စွပ်စွဲပြစ်တင် ထင်ရာမြင်ရာတွေ ရေးကြချွတ်ကြနဲ့ ဖေ့ဘွတ်ခ်တခွင် ပြဲပြဲစင်အောင် ပြောနေကြတယ်။ လွတ် မြောက်နယ်မြေတွေမှာ၊ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နေရာတွေမှာ ဆေးရုံ၊ ဆေးခန်းဖွင့်တာဟာ မရှိမဖြစ်လိုအပ်ချက်ပဲ။ နိုင်ငံတကာ အကူအညီ မျှော်ကိုးသည်ဖြစ်စေ၊ မမျှော်ကိုးသည်ဖြစ်စေ လုပ်ကိုလုပ်ရမယ့်ကိစ္စပဲ။ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရလာတဲ့ ပီဒီအက်ဖ်တွေကို "နွားကျောင်းသားကုထုံးနဲ့ နွားချေးပုံနဲ့သိပ်၊ ဖုန်နဲ့လူးကြမှာလား။”


ဒါ့အပြင် NUG အနေနဲ့ စစ်ချည်း လှိမ့်တိုက်နေတာမဟုတ်ဘဲ လက်နက်ကိုင်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ကုစားပြင်ဆင်ဖို့ စနစ်တကျ ပြင်ဆင်ဆောင် ရွက်နေပါတယ်ဆိုတဲ့ မက်ဆေ့ချ်ပေးနိုင်မှ နိုင်ငံတကာ အကူအညီအထောက်အပံ့တွေ ရနိုင်မယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။


အဲ့သလို နိုင်ငံတကာက ကျန်းမာရေး၊ ပညာရေး၊ လူမှုကယ်ဆယ်ရေး၊ စစ်ဘေးရှောင် အကူ အညီတွေရရှိမှသာ NUG အနေနဲ့ ရှာဖွေရရှိသမျှ ဘဏ္ဍာရန်ပုံငွေကို စစ်ရေးအတွက်ပဲ သီးသန့် ထိထိရောက်ရောက် သုံးစွဲနိုင်မှာမို့ လူသားချင်းစာနာမှုဆိုင်ရာခေါင်းစဉ်အောက်ကနေ နိုင်ငံတကာက အကူအညီအထောက်အပံ့တွေ ရယူနိုင်ရေးဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။


လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည် ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။


နိုင်ငံတဝန်းမှာလည်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။




ဆက်ဖတ်ရန် →

​ရုရှားရဲ့ စွမ်းအင်လောင်စာကဏ္ဍကို အမေရိကန်၊ ဗြိတိန်၊ အီးယူ ချိန်ကိုက် ပိတ်ဆို့မှုတွေ ချမှတ်



ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားကို လက်တုန့်ပြန်တဲ့ အနေနဲ့ အခုဆိုရင် ရုရှားရဲ့ စွမ်းအင်ကဏ္ဍ အပေါ်မှာပါ ပိတ်ဆို့ အရေးယူမယ့် အစီအစဥ်တွေကို အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂအဖွဲ့ အီးယူတို့ ကြေညာလာပြီ ဖြစ်ပါတယ်။


ရုရှားရဲ့ လောင်စာဆီရော သဘာဝဓာတ်ငွေ့ကိုပါ သမ္မတဘိုင်ဒင် အစိုးရက အမေရိကန် နိုင်ငံထဲ တင်သွင်းခွင့် ပိတ်လိုက်ပါတယ်။ ဝါရှင်တန်ဘက်က အခုလို အရေးယူ ဆောင်ရွက်တာဟာ ပူတင်ဦးဆောင်တဲ့ မော်စကို အစိုးရကို ပြင်းပြင်းထန်ထန် အထိနာစေလိမ့်မယ် သမ္မတ ဘိုင်ဒင်က ပြောပါတယ်။


“ရုရှားဘက်က အရင်းအနှီးတွေ ကြီးကြီးမားမား ပေးဆပ်ပြီး သူတို့ ကျူးကျော် နေတဲ့ လုပ်ရပ်ကို အရှေ့ဆက်ကောင်း ဆက်ပါလိမ့်မယ်။ ဒါပေမယ့် ယူကရိန်းဟာ ဘယ်တော့မှ ပူတင်ရဲ့ အောင်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ 


ပူတင်ဟာ ယူကရိန်း နိုင်ငံကို ဘယ်တော့မှ မထိန်းချုပ် နိုင်စေရဘူး။ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အပေါ် ပူတင် ကျူးလွန် စော်ကားနေတာတွေကို အမေရိကန် ပြည်သူတွေက ချက်ခြင်းလက်ငင်း မတုန့်ပြန်ဘူး ဆိုရင်၊ နောင်မှာ ပိုပြီး အဆုံးအရှုံး ကြီးလိမ့်မယ်။


ဒီတော့ ကျွန်တော်တို့ဟာ ရဲဝံ့လှတဲ့ ယူကရိန်း ပြည်သူတွေ သူတို့ တိုင်းပြည်အတွက် သူတို့ တိုက်ပွဲဝင်နေတာကို ဆက်လက်ပြီး ထောက်ခံ အားပေးသွားမှာ ဖြစ်တယ်” ဆိုပြီး သမ္မတ ဘိုင်ဒင်က ပြောပါတယ်။


ရုရှားရဲ့ လောင်စာဆီနဲ့ ဓာတ်ငွေ့တွေ ကို အမေရိကန်က မဝယ်ဘူး၊ မတင်သွင်းဘူး ဆိုတာဟာ ရုရှားအစိုးရ အပေါ်မှာ ဘယ်လောက် အတိုင်းအတာထိ ထိခိုက် စေနိုင်မှာလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။


တကယ်တော့ အမေရိကန်ထဲ သွင်းနေတဲ့ ရုရှားရဲ့ လောင်စာဆီတွေဟာ မပြောပလောက်တဲ့ ပမာဏမျှလောက်သာ ဖြစ်တယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ညွှန်ပြနေပါတယ်။


ဗြိတိန်အစိုးရကလည်း ရုရှားရဲ့ လောင်စာဆီ တင်သွင်းမှုကို အခုနှစ်ကုန် အမှီ တဖြည်းဖြည်း လျှော့ချမယ်ဆိုပြီး ပြောပါတယ်။ ဓာတ်ငွေ့ လိုအပ်ချက် ၄၀% ဝန်းကျင်အထိ  ရုရှားအပေါ်  မှီခိုနေရတဲ့  အီးယူကလည်း သူတို့ ဝယ်ယူ တင်သွင်းနေတဲ့ ပမာဏကို ၃ ပုံ ၂ ပုံ အထိ အခုနှစ်ကုန် အမှီ လျှော့ချမယ်လို့ ဆိုပါတယ်။


ရုရှားရဲ့ စွမ်းအင်ကဏ္ဍအပေါ် မှာပါ အမေရိကန် သမ္မတက အလုံးစုံ ပိတ်ပင်လိုက်မှု အတွက် ကျေးဇူးတင်ရကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးက ပြောပါတယ်။ 


ပူတင် ပြုမူနေတဲ့ ကျူးကျော်စစ်ရဲ့ ဗဟိုချက်မ ယန္တရားကို တိုက်ရိုက် တိုက်ခိုက် တဲ့လုပ်ရပ်ဆိုပြီး သမ္မတ ဇယ်လန်စကီးက ပြောပါတယ်။


မနေ့ အင်္ဂါနေ့ အစောပိုင်းတုန်းကလည်း သမ္မတ ဇယ်လန်စကီးဟာ ဗြိတိန် ပါလီမန်ကို အွန်လိုင်း ဗီဒီယိုကနေ တဆင့် သမိုင်းဝင် စကားပြောဆို ခဲ့ပါတယ်။   


သူ့ရဲ့ မိန့်ခွန်းထဲမှာ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း နာဇီဟစ်တလာကို အစွမ်းကုန် ခုခံပြီး အဆုံးတိုင် တိုက်ခိုက်ကြဖို့ ပြောဆိုခဲ့တဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ချာချီရဲ့  စကားတွေကို သမ္မတ ဇယ်လန်စကီး ကိုးကား ပြောဆိုခဲ့ပါတယ်။


“ကျွန်တော်တို့ အလျှော့ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှုံးနိမ့်မှာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အဆုံးတိုင် ချီတက်ကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပင်လယ်ပြင်တွေပေါ်မှာ တိုက်ခိုက်ကြမယ်။ 


ကျွန်တော်တို့ ဝေဟင်ထက်မှာလည်း တိုက်ခိုက် ကြမယ်။ ကျွန်တော်တို့ဟာ ဘယ်လောက် ပေးဆပ်ရပါစေ ... ကျွန်တော်တို့ မြေကို ခုခံကာကွယ်မှာ ဖြစ်တယ်။


သစ်တောတွေ၊ တောင်ကုန်းတွေ ... လယ်ကွင်းတွေ၊ ကမ်းခြေတွေ၊ မြို့တွေ ရွာတွေရဲ့ လမ်းတွေပေါ်  နေရာအနှံ့ တိုက်ခိုက်သွားမှာ ဖြစ်တယ်” ဆိုပြီး ယူကိန်း သမ္မတ ဇယ်လန်စကီး ဗြိတိသျှ ပါလီမန်ကို ပြောဆိုသွားတာ ဖြစ်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ယူကရိန်းစစ်


ဆက်ဖတ်ရန် →

မြေအောက်ရထားတွင် အေးရှားပါးကို ဘရိတ်ဓားဖြင့် ဆွဲခွဲသူ၊

​

နယူးယောက် အိမ်ရာတိုက်ခန်းက တနှစ်ကျော် အေးရှားမုန်းတီးရန်စခဲ့သူ အော့ကြောလန်တဦး ဖမ်းဆီးခံရခြင်းနှင့် ဖီလာဒယ်လ်ဖီးယားက အေးရှာမိသားစု ဓားထိုးခံရမှု

**********************

မတ်လ ၈။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ မတ်လ (၆) ရက်နေ့က အေးရှား မိခင်နှင့် သားနှစ်ဦး ဓားဖြင့် ထိုးနှက်တိုက်ခိုက်ခြင်းခံခဲ့ရသည်။

ဖီလာဒယ်လ်ဖီးယားတွင် မေဖဲယား ရပ်ကွက်အနီး ဖြစ်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲပိုင်း ၂ နာရီအချိန်ခန့်ကဟုသိရသည်။ သားဖြစ်သူ ၁၅ နှစ်အရွယ်မှာ ဦးခေါင်းနောက်ဘက်တွင် ဓားဒဏ်ရာနှစ်ချက် ထိုးနှက်ခံခဲ့ရပြီး ၁၀ နှစ်သား ညီဖြစ်သူမှာလည်း ခေါင်းနောက်ကျောတွင်တချက်၊ ဘယ်ဘယ်ခြေထောက်တွင် တချက် ထိုးနှက်ခံခဲ့ရသည်။

 အမေဖြစ်သူ (၃၀) ကျော်ခန့်မှာမူ ကိုယ်ခနြွာတွင် အချက်ပေါင်းများစွာ ထိုးနှက်ခံခဲ့ရပြီး အရေးပေါ်ခန်းတွင် စိုးရိမ်ရသော အခြေနေတွင်ရှိနေဆဲဖြစ်သည်ဟုသိရသည်။ သားနှစ်ဦးအခြေအနေမှာ အသက်အန္တရာယ်မစိုးရိမ်ရဟုသိရှိရသည်။

အိမ်နီးနားချင်းများပြောကြားချက်အရ ဖြစ်ပွားသည့်နေရာမှာ အတိုက်ခိုက်ခံရသူ မိသားစု၏ အိမ်အရှေ့တွင်ဖြစ်ပြီး သားဖြစ်သူနှစ်ဦးမှာ မိခင်ဖြစ်သူကို ဓားထိုးမှုရန်က ကာကွယ်ရင်း အတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ မိခင်ဖြစ်သူနှင့် အလုပ်အတူလုပ်နေသူဖြစ်ကာ အိမ်ထဲတွင် စတင်ဓားထိုးတိုက်ခိုက်ခဲ့သည်ဟုလည်းဆိုသည်။ 

တရားခံဟု ယူဆရသူမှာ အခင်းဖြစ်ပြီး နှစ်နာရီအကြာတွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သည်။ တရားခံဖြစ်သူအချက်အလက်များကိုမူ ထုတ်ပြန်ခြင်းမပြုသေးပေ။ 

အတိုက်ခိုက်ခံရသူအေးရှားမိသားစုများ၏ အမည်များကိုလည်း မသိရှိသေးပါ။ 

ဖီလာဒယ်လ်ဖီးယား မေဖဲယား ရပ်ကွက် ယင်းဒေသတဝိုက်သည် အေးရှား ၁၀ ရာခိုင်နှုးန်ခန့်နေထိုင်နေရာဖြစ်သည်။ 

****

ယင်းအပြင် အေးရှားမုန်းတီးတိုက်ခိုက်မှုတခုလည်း တနင်္ဂနွေနေ့ နံနက် ၈ နာရီခွဲခန့်က မြောက်ပိုင်းက မြေအောက် ဂျေ ရထားလိုင်း ပေါ်တွင် ထပ်မံဖြစ်ပွားခဲ့သည်။

အသက် (၄၁) နှစ်အရွယ် အေးရှားအမျိုးသားတဦးကို အသက် (၃၉) နှစ်အရွယ် ဘရန်ဒန် ဒေါလင်းဆိုသူတဦးက ဘရိတ်ဓားဖြင့် မျက်နှာကို ဟက်တက်ခွဲခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ 

အတိုက်ခိုက်ခံရသူက ရဲကိုအကြောင်းကြားမှုကနေ လိုက်လံဖမ်းဆီးရာက အနီးရှိ ဘူတာရုံတခုတွင် ဖမ်းဆီးမိခဲ့သည်ဟုသိရသည်။

ထွက်ပြေးနေစဉ် ပစ်ချ ဖျောက်ဖျက်ခဲ့သည့် ဘရိတ်ဓါးကိုလည်း ရရှိခဲ့သည်ဟုဖော်ပြထားသည်။

တရားခံဟု ယူဆရသူကို ဖမ်းဆီးရရှိထားပြီး အတိုက်ခိုက်ခံရသူမှာ ဆေးရုံသို့ ခေါ်ဆောင်ကုသနေခဲ့ကြောင်းသိရသည်။

----

ယင်းအပြင် နယူးယောက် The Smile အမည်ရှိ တန်ဖိုးကြီးအိမ်ရာ တိုက်ခန်းတခုတွင်လည်း အိမ်နီးချင်း အေးရှားကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်စော်ကား ကြိမ်းဝါးသည့် သူတဦးကိုလည်း သောကြာနေ့က ဖမ်းဆီးခဲ့မှုတခု ဖြစ်ခဲ့သည်။ တလ (၃၀ဝ၀) ခန့်ပေးရသော ယင်းတန်ဖိုးကြီး အိမ်ရာတိုက်ခန်းနေသူများ နာမည်ပေးထားသည်က ယင်းတရားခံနေထိုင်သော (၈) ထပ်ကို “အော့ကြောလန်  အထပ်"Floor of terror” ဟု အမည်ပေးထားသည်ဟုဆိုသည်။ 

ယင်းသို့ အိမ်နီးချင်း အေးရှာ:များကို စော်ကားကြိမ်းဝါးနေသည်မှာ တနှစ်ခန့်ရှိပြီဖြစ်ပြီး ယခုတကြိမ်တွင်မူ တိုက်ခန်း မန်နေဂျာကနေ ဝင်ရောက်ဖျန်ဖြေရာက သူ့ကိုပါ လက်သီးဖြင့် ထိုးနှက်ခဲ့ရာကနေ ယခုလို ဖမ်းဆီးလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ယခင်က စော်ကားမှုများကိုလည်း မန်နေဂျာများထံ တိုင်ကြားခဲ့သော်လည်း အရေးယူမှု လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ 

ယခုဖမ်းဆီးမှုကနေ တရားခံ၏ စော်ကားမှုများအပေါ် လာရောက် တိုင်ကြားသူအများလည်း ထွက်ပေါ်လာခဲ့သည်ဟုဆိုသည်။ 

ချိုင်းနားမင်း၊ China man, wuhan B**h,  ဟူဟန် ဘိခ်ျ၊ I am glad to kill u, အိုင်အန် ဂလက် ကေးလ်းယူ၊ Suck my D**k ဆပ်မိုက်ဒက် စသဖြင့် ရုန်ရင်းကြမ်းတမ်းစွာ မကြာခဏ အေးရှားများအပေါ် ဆဲရေးတိုင်းထွာမှု ရန်စမှုများ ပြုလုပ်လေ့ရှိပြီး ပြစ်ဒဏ်သင့် မှတ်တမ်းများရှိသူတဦးဖြစ်ကြောင်းလည်းသိရသည်။ 

***

ယခုအခါ အေးရှားမုန်းတီးမှုခင်းများမှာ တနေ့တခြားတိုးပွားလာသဖြင့် မိမိတို့ အေးရှားသားများ အထူးသတိထားဆင်ခြင်သွားလာနိုင်ကြစေရန် အထူးစောင့်ကြည့်လျက် အမေရိကားအနှံ့က တိုက်ခိုက်မှုသတင်းများကို အချိန်ရရင်ရသလို ဘာသာပြန် တင်ပြပေးနေခြင်းဖြစ်ပါသည်။


မှတ်ချက်။ အထက်ပါ သတင်းများကို တပုဒ်စီတင်ပြပေးပါက ပို၍ အာရုံစိုက် အလေးထားကြမည် ဖြစ်မှန်းသိပါသော်လည်း ပရဟိတ မီဒီယာတခုအနေဖြင့် မည်သည့် Attention မှ မလိုအပ်သောကြောင့်  (ကြော်ငြာတော့ဝင်ပါရစေ) စာဖတ်သူများအတွက် စေတနာထားလျက် ဖတ်သားမိစေရန် တပေါင်းတည်းတင်ပြပေးလိုက်ခြင်းသာဖြစ်ပါကြောင်း။

မောင်ဖေသောင်း 

စာတည်းချုပ်

နေရာတကာဂျာနယ်-Nayyartakar Journal


ဆက်ဖတ်ရန် →

ဒေါ်လာသန်းချီ လက်နက်များ

​


စစ်ပွဲတွေမှာ အရပ်သားတွေသေတာ ဗုံးကြဲခံရတာ

ဟာ အင်မတန်ဝမ်းနည်းဖို့ကောင်းပါတယ်။ ဒီနည်းကို ဆီးရီးယားမှာသုံးသလို မြန်မာပြည်နဲ့ ယခုယူကရိန်းမှာလဲ သုံးနေတာ အားလုံးတွေ့ရမှာပါ။ အီရတ်မှာ အမေရိကန်စသိမ်းစဉ်က အမေရိကန်ကာကွယ်ရေးဝန်ကြီးက Shock and Awe လို့တောင်သုံးခဲ့ပါတယ်။ အာဖဂန်မှာလဲ ထို့အတူ ဆိုဗီယက်နဲ့ အမေရိကန်က ဗုံးကြဲ၊ အမြောက်နဲ့ပစ်တိုက်ခဲ့တာပါဘဲ။ ရည်ရွယ်ချက်က ဗုံးကြဲရင် အဆောက်အအုံတွေပျက်မယ် လမ်းပန်းဆက်သွယ်ရေးတွေပျက်မယ်။ လူတွေစိတ်ဓာတ်ကျမယ်ပေါ့။ ဒါပေမယ့် ဒီစစ်ပွဲတွေရဲ့ ကုန်ကျစရိတ်က အင်မတန်ကြီးပါတယ်။ အင်မတန်ချမ်းသာတဲ့ အမေရိကန်တောင် ရေရှည်မတတ်နိုင်ပါ။ ဒါကြောင့်အာဖဂန်က ဆုတ်ရတာပါ။


ပြီးခဲ့တဲ့အပတ်က စစ်ကိုင်းကရွာအချို့ကို ဝင်စီးတာ အားလုံးမှတ်မိမှာပါ။ ဒါကသတင်းမရရင် ဝင်စီးလို့မရပါ။ ပထမဆုံးက သတင်းလုံခြုံမှုမရှိလို့ သူတို့ကရသွားပြီး ဝင်စီးတာပါ။ ပုံမှန်အားဖြင့် ဝင်စီးရင် ရဟတ်ယဉ် သုံးစီးကနေ လေးစီးအထိသုံးလေ့ရှိပါတယ်။ နှစ်စီးက ရဟတ်ယာဉ်ပေါ်က လူချမယ့်နေရာနားကို ဝိုင်းပစ်တာပေါ့။ ဒီလက်နက်ဖိုးက ဒေါ်လာတစ်သန်းလောက် အနည်းဆုံးကုန်ပါတယ်။ အမြောက်ကတော့ အဝေးပစ်အမြောက်ဆန်ဆို ပိုစျေးကြီးပါတယ်။ လေယာဉ်ပေါ်ကနေ ဗုံးကြဲရပြီဆိုရင် နောက်သန်းချီထပ်ကုန်ပါတယ်။ စစ်ကိုင်းမှာတော့ အများစုက လေယာဉ်မပါသေးပါ။ ဒီလို PDF စခန်းကို ဝင်ပစ်၊ ဝင်သိမ်းဖို့ကြိုးစားရင် စစ်ဆင်ရေးတစ်ခုက ဒေါ်လာ ငါးသန်းလောက်ကုန်ကျပါတယ်။ ရဟတ်ယာဉ်ကို ပြုပြင်ထိန်းသိမ်းရတဲ့ ကုန်ကျစားရိတ်ပါထပ်ကုန်ပါတယ်။ ရဟတ်ယာဉ်အများစုက ဟောင်းနေပါပြီ။ ကားစကားနဲ့ပြောရင် မိုင်သိန်းချီနေတဲ့ အဟောင်းတွေပါ။ အဲ့ဒီလို ဝင်စီးအပြီးမှာ မြဝတီက ကြေညာတာ သူလိမ်တာကို မျက်စိမှိတ်ပြီး ယုံပေးရင်တောင် PDF ထံက မိတယ်ဆိုတဲ့ လက်နက်က မြန်မာငွေ သိန်း ၁၀၀ လောက်တောင်မရှိပါ။ PDF က လူအင်အား တစ်ထောင်ရှိတယ်ဆိုရင် ဆယ်ယောက်တောင်မမိပါ။ ဒါက စစ်သဘောအရပါ။


 ဘယ်သူမဆို အပေါ်က ရဟတ်ယာဉ်လာပြီဆိုရင် ဘယ်လောက်မြန်မြန် ရှောင်သွားမှာပါ။ ရဟတ်ယာဉ်ပေါ်က ဆင်းလာတဲ့ မအလတပ်ကလဲ နိုင်ငံခြားကားထဲကလို ကားတွေပါမလာပါ။ သူတို့က ထိုရွာထဲသာ ဝင်မွှေရဲတာပါ။ သူတို့ ရွာပြင်ထွက်ရှာလေ သတ်ကွင်းဖြစ်ပြီး ပစ်ခတ်ခံရဖို့များလေ အသေများလေဖြစ်မှာ သူတို့လဲသိပါတယ်။ 


ဒါကြောင့် ယခုစစ်ဆင်ရေးတွေက မအလတပ်က မြန်မာငွေ သိန်း ၁၀၀ တန် (ဒေါ်လာ ၆၀၀၀) PDF ထံက လက်နက်မိဖို့ကို ဒေါ်လာ ငါးသန်းလောက် အကုန်ခံတိုက်နေရတာပါ။ သူတို့ကိုထောက်ခံသူတွေ စိတ်

ဓာတ်တက်ကြွအောင် ဒီမိုတွေစိတ်ဆင်းရဲအောင် ယခုနောက်ပိုင်းက PDF ရှိရှိ မရှိရှိ ရွာတွေကို မီးရှို့တာ အမြောက်နဲ့ပစ်တာ လုပ်နေတာပါ။


ဒါကိုခံနိုင်ဖို့က စာရေးသူတို့ PDF တွေအနေနဲ့ သတင်းလုံခြုံရေးကို အဓိကထားဖို့လိုပါတယ်။ နောက်ပြီး မိမိလူတွေကို တပ်ဖြန့်ထားဖို့လဲလိုပါတယ်။ ညဘက်တွေမှာ လေကြောင်းက ပစ်မရအောင် လူစုမနေဖို့လိုပါတယ်။ တိုက်ပွဲက ရေရှည်တိုက်နိုင်လေ မိမိတို့နိုင်လေပါ။ နောက်ရွာတွေကိစ္စပါ။ ဒီကိစ္စကို စာရေးသူအနေနဲ့ စစ်မတိုက်ခင်ပြင်ထားရန်ဆိုပြီး “https://www.myattunoo.com/post/စစ-မတ-က-ခင-ပ-င-ထ-ရန” ဆောင်းပါးရေးဖူးပါတယ်။ အချို့က ဆရာရေးတာဖတ်ပြီး ကျွန်တော် ကျွန်မတို့ လယ်ကွင်းထဲမှာ ဘယ်ပစ္စည်းတွေမြုပ်ထားလို့ လွတ်သွားတယ်လာပြောသူရှိသလို အချို့ကလဲ ကျွန်မတို့ရွာက PDF ဝင်လေ့မရှိလို့ မပြင်ထားလိုက်တာ လာပြီးမီးရှို့သွားလို့ ပါသွားပြီဆရာဆိုပြီး လာပြောသူလဲရှိပါတယ်။ မအလတပ်ဟာ ဖက်ဆစ်တပ်မိုလို့ တွေ့ရာမီးရှို့လို့ လက်နက်ကြီးနဲ့ လေကြောင်းပစ်မရှိဘဲ ကာကွယ်လို့မရပါ။ ဒါကြောင့် ရွာသူရွာသားတွေအနေနဲ့က မိမိပိုင်ဆိုင်တာကို ခွဲဖွက်ပြီး ပြင်ဆင်ထားတာက အကောင်းဆုံးကာကွယ်မှုပါ။ 


အကျဉ်းချုပ်ရရင် ပြောက်ကျားစနစ်နဲ့တိုက်တာက ပြည်သူပါနေလို့ ရေရှည်မှာ စာရေးသူတို့ ဒီမိုတွေက လုံးဝနိုင်မှာပါ။ လိုနေတာက သတင်းလုံခြုံမှုနဲ့  ရွာတွေက မိမိပိုင်ဆိုင်တာကို နေရာအနှံ့မှာ ဖျောက်ထားပြီး အဖျက်ခံရတာနည်းအောင် ပြင်ဆင်ထားကြဖို့ပါ။ ရန်သူကိုစစ်မြူပြီး ပြောက်ကျားစနစ်နဲ့  မြန်မာ့နည်းအတိုင်း ပြတ်ပြတ်သားသား တိုက်နိုင်ရင် လုံးဝနိုင်မှာပါ။


https://www.myattunoo.com/post/ဒ-လ-သန-ခ-လက-နက-မ


ဆက်ဖတ်ရန် →