နောက်ဆုံးရ

တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ

​ရန်ကုန်မြို့လယ်​ခေါင်တွင် “ တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ “ စစ်အာဏာရှင် ဖြုတ်ချ​ရေး သပိတ် ချီတက်


ရန်ကုန်၊ မတ် ၈ 


ယနေ့ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့တွင်  ရန်ကုန်မြို့မှ အမျိုးသမီးလူငယ်များက "တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ" ဟူသောစာသားနှင့် ဘက်လိုက်မှုတွေချက်ချင်းရပ် အာဏာရှင်စနစ် အမြစ်ဖြတ် ဟူသော စာသားများကိုင်ဆောင်ကာ ရန်ကုန်မြို့တစ်နေရာ၌ ချီတက်ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။ 


ထို့အပြင် ဆန္ဒပြသပိတ်မှောက်သူလူငယ်များမှ အဖိနှိပ်ခံယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်းကိုလည်း ပြသခဲ့ကြသည်။ 


မြန်မာ့နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများသည်လည်း စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းများတွင် ကဏ္ဍပေါင်းစုံမှပါဝင်လျက်ရှိသည်။ 


ယင်းစစ်အာဏာရှင်ဆန့်ကျင်ရေးပျောက်ကြားသပိတ်စစ်ကြောင်းအား Yangon Revolution Force - YRF (Soft Strike Community)၊ Rangoon Empire - RGE နှင့် အခြေခံကျောင်းသားရေးရာအဖွဲ့ခွဲ အင်အားစုမှ လူငယ်များက ချီတက်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။


Photo - HHP



ဆက်ဖတ်ရန် →

ဒါကြောင့်မို့လို့ ပိုက်လိုင်းကို အနီးကပ်သွားပြီး ဖျက်လိုဖျက်စီးတွေ မလုပ်ကြပါနဲ့။

​တရုပ်ပိုက်လိုင်းမှာ ရေနံစိမ်းပိုက်လိုင်းရယ်၊ ဂက်စ် ပိုက်လိုင်းရယ်ဆိုပြီး နှစ်ခုရှိပါတယ်။


ရေနံစိမ်းပိုက်လိုင်းကတော့ ပြည်ပကဝယ်လာတဲ့ ရေနံစိမ်းကို တရုတ်ပြည်တွင်းမှာ ရှိတဲ့ရေနံချက်စက်ရုံဆီပို့တာပါ။


ဂက်စ် ပိုက်လိုင်းကတော့ LNG carrier ကနေသယ်လာတဲ့ သဘာဝဓါတ်ငွေ့အရည်ကို တရုတ်ပြည်တွင်းမှာ ရှိတဲ့ Gas Processing Plant အထိရောက်အောင် Compressor စက်ကြီးတွေနဲ့ ဖိအားမြှင့်ပြီးတွန်းယူတာပါ။


ပိုက်လိုင်းတွေအကုန်လုံးဟာ API (American Petroleum Institute Standard) စံချိန်စံညွှန်းတွေအတိုင်း တည်ဆောက်ထားတာမို့ တော်ရုံတန်ရုံ မီးလောင်တာ (တောမီး)၊ ငလျင်လှုပ်တာလောက်ကို ခံနိုင်ရည်ရှိပါတယ်။


ဒါကြောင့်မို့ ပိုက်လိုင်းတစ်လျောက် ရိုးရိုးသာမန် အသေးစားမီးရှို့တာ (တာယာမီးပုံရှို့တာ၊ ဒီဇယ်လောင်းရှို့တာ) လောက်ကိုခံနိုင်ရည်ရှိပါတယ်။ အဲ့ဒါမျိုးတွေ မလုပ်ကြပါနဲ့။ 😗


ပိုက်လိုင်းတစ်လျောက် မှာ ရေနံစိမိးနဲ့ ဂက်စ် ပို့လွှတ်ရာမှာ ခန့်မှန်းခြေ မိုင်တစ်ရာ (သို့) နှစ်ရာတိုင်းမှာ ဖိအားမြှင့်တင်ရေးစက်ရုံတွေရှိပါတယ်။ ပုံမှာ Oil Pumping station တွေမှာ Booster Pumps တွေ ထိုင်ထားပြီး Gas Compressing station တွေမှာ Booster Compressor တွေ ထိုင်ထားပါတယ်။ အဲ့ဒီစက်ရုံတွေမှာ ရေနံစိမ်းအတွက် ပိုက်လိုင်း Booster Pump နှစ်လုံး (A & B ) နဲ့ ဂက်စ်အတွက် Booster Compressor နှစ်လုံး (A & B ) နှစ်လုံး စီအထိုင်ချရပါတယ်။ ဒီစက်တွေသာ ပျက်သွားရင်တော့ ပျက်စီးမှု ပမာဏအလိုက် စက်ပြန်လည်အစားထိုးရဖို့ အနည်းဆုံး ဆယ်လကနေ တစ်နှစ်အထိစောင့်ရမှာပါ။ အဲ့ဒီစက်တွေဟာ အနောက်နိုင်ငံက စက်တွေဆိုရင် အမေရိကန်က စီးပွားရေးပိတ်ဆို့ရင် အနောက်နဲ့ G20 နိုင်ငံတွေက ကုပ္ပဏီတွေက ထပ်မံရောင်းချပေးမှာမဟုတ်ပါဘူး။ အဲ့ဒါဆိုတရုတ်ပြည်တွင်းထုတ် စက်အစုတ်တွေနဲ့ အစားထိုးရမှာပါ။  အဲ့ဒီ့အတွက် နောက်ထပ် တစ်နှစ်စောင့်ရမှာပါ။ 


သို့သော် ဒီစက်တွေကို ပျက်စီးအောင်လုပ်ဖို့ကတော့ အဲ့ဒီ Booster stations တွေမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတွေရဲ့ အကူအညီ မပါပဲနဲ့တော့ လုပ်လို့မရပါဘူး။ လုပ်တဲ့နည်းလမိးကတော့ အဲ့ဒီစက်တွေရဲ့ Lube Oil System ရဲ့ Lube oil supply line ကိုပိတ်ချလိုက်တာနဲ့ မိနစ်ပိုင်းအတွင်းမှာ ဒီစက်တွေဟာ အတွင်းပိုင်းမှာ အကြီးအကျယ် ပျက်စီးသွားမှာ ဖြစ်ပါတယ်။  ဖျက်တဲ့အခါမှာလဲ စက် A နဲ့ B နှစ်လုံးစီ ရှိမှာ ဖြစ်တဲ့အတွက် လက်ရှိ Run နေတဲ့ စက်တစ်လုံးကို အဲ့ဒီနည်းနဲ့ဖျက်လို့ရပေမယ့် Standby အနေအထားမှာ ရှိနေတဲ့ စက်တစ်လုံးကိုတော့ ဖျက်လို့မရနိုင်ပါဘူး။ အလွယ်ဆုံးကတော့ standby machines တွေရဲ့ Lube oil supply ဝင်ပေါက်တွေကို ဂွနဲ့ ဖြုတ်ပြီး အထဲကို သဲ လက်ခုတ်နဲ့ နှစ်ဆုပ်စီလောက် ထည့်ထားခဲ့လည်းရပါတယ်။   


ဒါမှမဟုတ်ရင်လဲ Lube Oil system ထဲက Lube Oil filter တွေကိုဖွင့် Inner Cartridge ကို ဖြုတ်ပြီး သဲလက်နှစ်ဆုပ်လောက်စီ ထည့်ထားခဲ့မယ်ဆိုရင်လဲ စက်ကြီးတစ်ခုလုံး အချိန်အနည်းငယ်အတွင်းမှာ ပျက်စီးတတ်ပါတယ်။


Compressor ဆိုရင်တော့ Gas Seal supply line ကိုပိတ်ချလိုက်မယ်ဆိုရင် အသေးစားပျက်စီးမှု (Gas Seal Damage) ဖြစ်သွားမှာပါ။


အဲ့ဒီလိုတွေတော့ မလုပ်ကြပါနဲ့လို့ တောင်းပန်ပါတယ်။ 😋


အပြင်ကနေ ဖျက်ချင်ရင်တော့ ဘလောက်ချိန်း သံကြိုးကြီးကြီး ပေနှစ်ရာ သုံးရာလောက်နဲ့ ပိုင်လိုင်းကို သံကြိုးနဲ့ချည်ပြီး ဘူဒိုစာနဲ့ အဝေးကနေ လှမိးဆွဲတာမျိုး Container ကား ခေါင်းပိုင်းနဲ့ ဆွဲတာမျိုးက ဖြစ်နိုင်ခြေရှိပေမယ့် ဒီနည်းက အန္တရယ်များလှပါတယ်။ ဖိအားမြှင့်သိပ်ထားတဲ့ ဂက်စ်တွေ ပြင်ပက မီးစတစ်စုံတစ်ခုနဲ့ ထိတွေ့ပြီးပေါက်ကွဲရင် ကားမောင်းတဲ့ သူအနေနဲ့ ကားရော လူရော လွတ်လမိးမရှိပါဘူး။  အဲ့ဒီလိုလည်းမလုပ်ကြပါနဲ့ ခင်ဗျာ။ 😗


အကယ်၍ သင်က လက်နက်ကိုင်ဖြစ်နေရင်တော့ အနီးကပ် မိုင်းဆင်ပြီး အဝေးထိန်းနဲ့ ခွဲတာ၊ RPG နဲ့လှမ်းပစ်တာ၊ ရှော့တိုက်ဒုံးနဲ့ ပစ်တာမျိုးတွေ မလုပ်ကြပါနဲ့။  အဲ့ဒီလို လုပ်ရင် ပိုက်လိုင်းပျက်စီးသွားနိုင်ပါတယ်။ 😋


ထို့အတူ ပိုက်လိုင်းတစ်လျောက် အစောင့်စခန်းပေါင်း ၅၉ စခန်းနဲ့ တစ်ကီလိုမီတာ တစ်ယောက် ကင်းတိုကင်းရှည် ကင်းတိုကင်းရှည်တွေလဲ ရှိနိုင်ပါသေးတယ်။ ဒါကြောင့်မို့လို့ ပိုက်လိုင်းကို အနီးကပ်သွားပြီး ဖျက်လိုဖျက်စီးတွေ မလုပ်ကြပါနဲ့။ အဝေးကနေ RPG နဲ့ပစ်တာကတော့ စိတ်အချရဆုံးပေါ့။ 😋


ဒါကြောင့်ကျွန်တော်အကြံပေးချင်တာကတော့ လက်ရှိတရုပ် မြန်မာ ချစ်ကြည်ရေးကို ထိခိုက်စေနိုင်မယ့် ၊ ဒေါ်မိအောင်လှိုင်ကို စိတ်ညစ်ရစေမယ့် အပြုအမူတွေက်ု လုံးဝ (လုံးဝ) မပြုလုပ်ကြစေဖို့ အလေးအနက်တောင်းဆိုလိုက်ရပါတယ် ခင်ဗျာ။ 😋


Crd


ဆက်ဖတ်ရန် →

​ပိတ်ထားတဲ့နူကလီးယားစက်ရုံတွေကို ပြန်ဖွင့်လိုက်တဲ့ မြောက်ကိုရီးယား



၂၀၁၈ ကတည်းကပိတ်ထားတဲ့ ဒီစက်ရုံတွေပြန်လည်ဖို့ လုပ်နေတာကို ဂြိုဟ်တုဓါတ်ပုံတွေကတဆင့် ထောက်လှန်းသိရှိခဲ့ကြတာပါ။ ဥရောပပြီးရင် အာရှဖက်ဂြိုဟ်မွှေဖို့ ကယ်လင်ဒါကျခဲ့ပြီလော။ အမေရိကန်က မြောက်ကိုရီးယညူကို နူလက်နက်တွေစမ်းသပ်လို့ အရေးယူမှုမှာ တရုတ်ကသဘောမတူခဲ့ဘဲ ကန့်ကွက်ခဲ့ပါတယ်။ စဉ်းစားကြည့်ကြပေါ့၊ ကမ္ဘာကြီးအတွက် ဘယ်အဖွဲ့က မိတ်ဆွေ၊ ဘယ်အဖွဲ့က ရန်သူလဲဆိုတာကို။ 🤔


Ref: scmp

ဖရန်စစ်ဇင်


ဆက်ဖတ်ရန် →

​🩺 Titov ကို အလိုရှိသည် 🩺



‘သူတို့ ‘ Titov ကို သတ်ပစ်ချင် နေပြီ..Titov ကို လိုက်ရှာနေကြတာ ၂၀၂၁ ဧပြီလဆန်း ကတည်းကပါ…။


‘ အလိုရှိသည်’… တဲ့..။


‘သူတို့’ ဟာ Titov ကိုရှာမရတဲ့ အဆုံး Titov ရဲ့ ဓာတ်ပုံတွေကို တာချီလိတ်မြို့ရဲ့ဟိုဟို ဒီဒီ တွေမှာကပ်ထားလိုက်ကြတယ်။


Titov ကိုရှာပေးကြပါတဲ့..။

ဖမ်းချင်လို့…

စစ်ကြောရေးလုပ်ချင်လို…

သတ်ပစ်ချင်လို့…


Titov ဟာ လူဆိုး…

Titov ဟာ ဝရမ်းပြေး…

Titov ဟာ နိုင်ငံတော် ပုန်ကန်သူ…


🩺


‘သူတို့’ ကရော ဘယ်သူလဲ…?

‘ သူတို့’ဆိုတာက လူသတ် ခွေးအ အုပ်စုပါ….စစ်အာဏာသိမ်းအဖွဲ့ပေါ့။ မြန်မာပြည်ကပါ…။


ဤကမ္ဘာကြီးထဲက ရက်စက်ကြမ်းကြုတ်သော ခွေးအတို့ အုပ်ချုပ်သည့် မြန်မာပြည်ဖြစ်ပါတယ်….။


မုသား၊ အငြိုးအတေးတွေနဲ့ လှည့်စားမှုတွေ ပြည့်နှက်နေတဲ့ ခွေးအတို့ ကျက်စားရာ မြန်မာပြည်..။


🩺


Titov ဆယ်တန်းစာမေးပွဲ ဖြေပြီးကာစပေါ့..သေမလို ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သေးတယ်..။


ဆိုင်ကယ်ကို မစီးတတ် စီးတတ်နဲ့

ဦးလေးရဲ့ဆိုင်ကယ်ကို ယူစီးတယ်..။ အဲ့ဒီမှာ တံတားပေါ်က ဆိုင်ကယ်နဲ့ပြုတ်ကျတာပဲ။ လူကအရင်ပြုတ်ကျတာ..။ ဆိုင်ကယ်ကနောက်မှဖြေးဖြေးကျတယ်။


ဆိုင်ကယ်က သူ့အပေါ်ထပ်ပြုတ်ကျရင် သေပြီပဲ။ ကံကောင်းလို့ ဆိုင်ကယ်က သူ့ဘေးကိုကျလို့ Titov အသက်မသေခဲ့တာ..။မသေရင်တောင် ခါးရိုးကျိုးပြီ..။


ကံကောင်းလို့ မသေတဲ့ Titov …နှစ်အနည်းငယ်ကြာတဲ့အခါ ခွေးအ တို့ရဲ့ ပြည့်ရှင် မင်းတရားကြီး သန်းရွှေ နဲ့ မိဖုရားခေါင်ကြီး ကြိုင်ကြိုင်တို့နဲ့တွေဖို့ဖြစ်လာတယ်။


ခါးရိုးကျိုးတဲ့ ကိစ္စပါ။


🩺


ဟုတ်တယ်။


၂၀၀၄ ခုနှစ်တုန်းကလည်း သူတို့ ‘ Titov ကို အလိုရှိသည်’ ဖြစ်ခဲ့ဖူးတယ်။


ခါးရိုးကျိုးတဲ့ ကိစ္စပါ။


🩺


အဲ့ဒီတုန်းက Titov ဂျပန်က ပြန်လာတာ သိပ်မကြာသေးဘူး။


Titov ဂျပန်သွားတာ ကျောရိုးခွဲစိတ် ပညာသွားသင်ခဲ့တာပေါ့..။


ဟုတ်ပါတယ်… Titov က ဆရာဝန်ပါ။


🩺


၂၀၀၄ ခုနှစ် Titov ဂျပန်က ပြန်လာပြီး​​ နှစ်လလောက်အကြာမှာပေါ့..။


သန်း​ရွှေရဲ့သားက ကားအက်ဆီးဒင့်ဖြစ်တယ်။ ခါးကျိုးတယ်။


အဲ့ဒီ့ ‘ခါးရိုးကျိုးတဲ့ ကိစ္စ’ မြန်မာပြည်မှာ အရေးကြီးဆုံး ကိစ္စကြီးဖြစ်သွားတာ..။


🩺


အဲ့တုန်းက ကျန်းမာရေးဝန်ကြီး က ပါမောက္ခဒေါက်တာကျော်မြင့်..။


ဒေါက်တာကျော်မြင့်က အဆုတ် နဲ့ ရင်ခေါင်းအထူးကုဆရာဝန်..၊ သန်းရွှေရဲ့သား ကျိုးတာက ခါးရိုး..။


ဝန်ကြီး ခမျာ အစည်းဝေးတွေလုပ်၊ သင့်တော်မယ့်ဆရာဝန်ရှာ.. ဝုန်းဒိုင်းကြဲတော့တာပဲ..၊ အာဏာရှင်ခေတ်ကိုး… ဖားကြ..ယားကြ.. ပျာပျာသလဲဖြစ်ကြ..။


အဲ့မှာ ဝန်ကြီးရှာဖွေတွေ့ရှိတာ Titov ပါ..။


ဟုတ်ပါတယ်… Titov က အလွန်တော်တဲ့ အရိုးအထူးကုခွဲစိတ်ဆရာ၀န်ကြီးဖြစ်ပါတယ်။


🩺


အဲ့ဒီတုန်းက Titov က ရန်ကုန်​ဆေးရုံကြီး အ​ရေး​ပေါ်ဌာနက အထူးကုဘက်မှာပေါ့။ ပြီးတော့ Titov က ရန်ကုန်ဆေးရုံကြီးရဲ့ အတိုင်ပင်ခံပါ..။


အဲ့​ဒါနဲ့ပဲပေါ့..။

Titov တစ်ယောက် သန်းရွှေရဲ့သားကို ဆေးကုရတယ်..။


🩺


တကယ်တော့ ဒီကိစ္စက မလွယ်လှပါဘူး.. သန်းရွှေသား အဲ့ဒီ့အချိန် မှာ သူ့ဟာသူ အခြားရောဂါနဲ့ သေသွားရင်တောင် ဆရာဝန် ဒုက္ခရောက်ပြီ။


ခွေးအ တို့ရဲ့ ပြည့်ရှင် မင်းတရားကြီးက ဆရာဝန် Titov ကိုပဲ အမျက်ဒေါသ ချောင်းချောင်း ထွက်မှာဖြစ်ပါတယ်..။


မှားလို့မရဘူး..။

အာဏာရှင်ခေတ်..။


လွဲလို့မရဘူး..။

အာဏာရှင်စနစ်..။


ဆရာဝန်ဟာ နေ့ချင်းညချင်း မြေကြီးထဲကို ရောက်သွားနိုင်ပါတယ်။


Titov တစ်ယောက် အာဏာရှင်တွေကြားမှာ ဆေးထိုးအပ်တွေ..နားကြပ်တွေနဲ့...။


🩺


Titov ကတော့ ဆရာဝန်တို့ရဲ့ စေတနာ.. ဆရာဝန်တို့ရဲ့ မေတ္တာနဲ့ အေးအေး ဆေးဆေးပဲ လုပ်စရာရှိတာ လုပ်ပေးခဲ့ပါတယ်..။


မအေးဆေးနိုင်တာက ဝန်ကြီးရယ်ပါ..။ သန်းရွှေကြီးလာမှာမို့တဲ့..ရန်ကုန်​ဆေးရုံကြီးဝန်းထဲကမြက်ပင်​တွေ အကုန်လုံးကို ရှင်း …ရန်ကုန်​ဆေးရုံကြီးတစ်ခုလုံးက လမ်းတွေကို ကတ္တရာ​တွေခင်းပစ်လိုက်တယ်။


၂ ရက်အတွင်း ဆေးရုံကြီးက လှပ.. သန့်စင်..သာယာ..။


🩺


အဲ့ဒီ့ ကတ္တရာ​လမ်းမကြီးတွေဟာ ဒုက္ခိတတွေ လူအို လူနာတွေ သက်သက်သာသာ လမ်းလျှောက်ဖို့ ဖြစ်လာခဲ့တာ မဟုတ်ပါ။


သန်းရွှေတို့လျှောက်ဖို့ ကတ္တရာ​လမ်းမကြီးတွေ ‘ဘွားကနဲ’ ပေါ်လာခဲ့တာပါ..။


ဟုတ်ပါတယ်…။

မြန်မာပြည်က ပြည်သူ ပြည်သားတွေဟာ ‘ကျွန်’ ဖြစ်နေခဲ့ပါတယ်။


သခင့်မျက်နှာရိပ် မျက်နှာကဲကို အမြဲ တသသ ကြည့်နေရတဲ့ ကျွန်တွေ ဖြစ်နေခဲ့ရပါတယ်..။


သန်းရွှေနားမှာ ခစားတဲ့သူတွေက ကတ္တရာ​လမ်းမကြီးတွေမရှိရင် သူတို့ ခန္ဓာကိုယ်တွေ တန်းစီ လှဲချ လမ်းခင်းပေးမယ့် ‘ကျွန် တော်’တွေပါ။


🩺


အဲ့ဒီတုန်းကပေါ့။


လက်နှက်တွေ .. ယတြာတွေ.. အောက်လမ်းတွေကြောင့် တန်ခိုးကြီးမားလှတဲ့ အာဏာရှင် သန်း​ရွှေဟာ ​သူ့မိန်းမနဲ့အတူ တစ်ရက်ခြားတစ်ခါ ဆေးရုံကြီးကိုကြွရောက်လာတော့တယ်။


သူတို့လာပြီဆို ဝန်ကြီး​တွေ​ရော ဗိုလ်ချုပ်​တွေ အကုန်လုံးက ခစားရတာ..။ မြင့်​ဆွေတို့ဆို ဘာပြောကောင်းမလဲ.. ပျာနေတာပဲ..။


ပြားပြားကို ဝပ်နေကြတာပဲ… သက်ဦးဆံပိုင် ပဒေသရာဇ် ခေတ်ကြီး..။


​🩺


အဏာရှင်နှင့် သူ၏ ဘောမတို့ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးကို ရှုပ်ယှက်ခတ်မှုကို Titov က ရပ်ပစ်လိုက်နိုင်တယ်။


သန်းရွှေကြီးရဲ့ သား ပြန်ကောင်းသွားအောင် ကုပေးလိုက်တာပဲ..။


🩺


သူတို့က ပထမတော့ တပ်ဘက်ကဆေးရုံကို​​ပြောင်းမယ်ဘာမယ်ပေါ့..။ စစ်ဆေးရုံလည်း သိက္ခာကျလို့မဖြစ်ဘူးလေ။ နောက်ကျ​တော့လည်း Titov ကို ‘ဆရာက ပိုကျွမ်းကျင်တယ်’ ​ပေါ့​လေ..။​


‘ကျေးဇူးတင်ပါတယ်’ ဘာညာပေါ့..။


🩺


Titov မျက်နှာပွင့်ပြီ..။


🩺


Titov ဟာ အစိုးရဝန်ထမ်း ဖခင်နဲ့အတူ နွားထိုးကြီး၊ကျောက်ပန်းတောင်း၊တောင်တွင်းကြီး၊ရန်ကုန်..အဲလိုတွေ နေရာမျိုးစုံ ပြောင်းရွေ့ပြီး ကျောင်းမျိုးစုံ ပြောင်းတက်ခဲ့ရတဲ့သူပါ..။ များသောအားဖြင့် ကျောင်း ခဏခဏပြောင်းရတဲ့ကလေးဟာ ကျောင်းစာမှာ ထိခိုက်တယ်။


Titov ကတော့ ရောက်တဲ့ အရပ်မှာ ဖြစ်တဲ့နည်းနဲ့ စာကြိုးစားရင်း ပါရဂူအထိ ဖြစ်ခဲ့ရတဲ့ ဆရာဝန်ပါ.. ဒီလို မျက်နှာပွင့်သင့်တာကြာပေါ့..။


မြန်မာပြည်မှာကတော့ အာဏာရှင်မိသားစုနဲ့ ဆက်စပ်ခွင့်ရမှ မျက်နှာပွင့်တာ .. ထုံးစံ..။


🩺


Titov တဲ့…။

အဘိုး က သူ့ကို Titov ဆိုတဲ့ နာမည်ပေးခဲ့တာပါ။


အဘိုးက သူ့အစ်ကို ဝမ်းကွဲကို ‘ဂါဂါရင်- (Yuri Gagarin) တဲ့..သူ့ကိုတော့ တိိတိုဗ်- (Gherman Stepanovich Titov) တဲ့။


Titov ဆိုတာ ဆိုဗီယက် အာကာသယာဉ်မှူးပေါ့..။ ၁၉၆၁ - ဩဂုတ်လ ၆ ရက်မှာ ကမ္ဘာကို ဒုတိယအကြိမ်ပတ် နိုင်ခဲ့တဲ့ လူသား..။ ဂါဂါရင် ကတော့ ပထမအကြိမ်ပတ် နိုင်ခဲ့တဲ့ လူသားပေါ့..။


Titov ကို မြင်းခြံမြို့မှာမွေးခဲ့ပါတယ်။ မောင်နှမ ၅ ယောက်ထဲမှာ Titov က အလယ်..အမျိုးတွေ မောင်နှမတွေက ဆရာဝန်တွေ အင်ဂျင်နီယာတွေချည်းပဲ..။


Titov မိသားစု အသိုင်းအဝိုင်းက ပညာတတ်မိသားစုဖြစ်ပါတယ်။


မြန်မာပြည်မှာ စစ်တပ်အသိုင်းဝိုင်းမှ ကျူရှင်ကောင်းကောင်းယူ စာတော်ကြတယ်။ နိုင်ငံတကာသွားနိုင်တယ်။ ပညာကောင်းကောင်းသင်နိုင်ကြတယ်။


ဒီလို အစိုးရဝန်ထမ်း မိသားစုတစ်ခုလုံးက ပညာတတ်မိသားစုဖြစ်ဖို့ တကယ် မလွယ်လှပါ။


Titov မိဘတွေဆို မြင်းခြံမြို့ ကနေ လေး- ငါး မိုင်လောက် မဝေးတဲ့ ရွာလေးတစ်ရွာမှာ ကြီးပြင်းလာတဲ့ ရွာသူရွာသားတွေပါ။


ဖခင်က စိုက်ပျိုးရေးဝန်ထမ်း

အစိုးရဝန်ထမ်း အရာရှိအထိဖြစ်အောင်ကြိုးစားခဲ့တယ်။


ကြက်မောင်တောင် ဆည် စီမံကိန်းဆို Titov ရဲ့ ဖခင် ပါဝင် လုပ်ကိုင်ခဲ့တာပေါ့…မိခင်ကတော့အိမ်ရှင်မပါ။ ရိုးစင်းလှတဲ့ မိသားစုတစ်စုဖြစ်ပါတယ်..။


Titov ငယ်ဘဝမှာ ထူးခြားပျော်ရွင်စရာဆို နွေရာသီကျောင်းပိတ်ရက်လောက်ရယ်ပါ။


တောင်တွင်းကြီးကနေ အဘိုး အဘွားရှိတဲ့ မြင်းခြံရွာဘက်ကို အလည်သွားရတာကိုက ဘဝမှာ ပျော်စရာအမှတ်တရတွေပါ..။


တိုင်းပြည်ကငွေတွေ ခိုးပြီး ချမ်းသာလွန်းလို့ စင်္ကာပူကို နေ့ချင်းပြန် မုန့်သွားစားတာတို့ ဘာညာတို့.. ဒီလိုမျိုးမှ ပျော်စရာလို့ သတ်မှတ်တဲ့ အသိုင်းအဝိုင်းနဲ့တော့ ကွာလှပါတယ်။


🩺


Titov ၁၀ တန်းအောင်တော့ မကွေးတိုင်း တစ်တိုင်းလုံးမှာဒုတိယရတယ်။ မြန်မာတစ်ပြည်လုံးက လက်ချိုးရေလို့ရတဲ့ အမှတ်အကောင်းဆုံး သူတွေထဲ Titov ပါခဲ့တယ်။ သူဟာ ဆေးပညာသင်ကြားဖို့ကိုရွေးချယ်ခဲ့..။


🩺


ဒါနဲ့ .. သန်းရွှေရဲ့ သားရော ဘယ်လိုဖြစ်သွားတာလား..?


ပြန်ကောင်းသွားတယ်။ စင်္ကာပူ မှာလည်း သွားကုစရာမလိုပါဘူး။


ဆင်းရဲတဲ့ မြန်မာနိုင်ငံက Titov ဟာ စင်္ကာပူ က တကယ့် ဒိတ်ဒိတ်ကြဲ ဆရာဝန်တွေကို ယှဉ်နိုင်ပါတယ်။


ဒီလိုနဲ့ Titov သူတို့နဲ့ အ​တော်ခင်သွား​တော့ သူတို့ကမေးတယ် —


“ ဘာလိုချင်သလဲ..” တဲ့။


🩺


“ ကျောရိုး ယူနစ် အဆောက်အဥိီး(Spine Unit) ကြီးတစ်ခုကို လှူပေးပါ”


Titov ဟာကိုယ်ရေးကိုယ်တာ ချမ်းသာဖို့ လုံးဝ လုံးဝ မတောင်းဆိုခဲ့ပါ။ ပြည်သူတွေကို သူကောင်းကောင်း ဆေးကုချင်တယ်။


Spine Unit ကြီးတစ်ခု Titov တကယ်ပဲရခဲ့ပါတယ်။အဲ့ဒီ အ​ဆောက်အဦးကြီးက မြန်မာငွေ ကျပ် သိန်း​ပေါင်း ၇​​သောင်း​​ကျော်လောက်တန်တယ်။


အဲ့ဒီ အဆောက်အဦးကြီးကို အာဏာရှင်မိသားစုရဲ့ငွေ ၆၀ ရာခိုင်နှုန်း နဲ့ အစိုးရငွေ ၄၀ ရာခိုင်နှုန်းနဲ့ လှူတာလို့ Titov မှတ်သားရတယ်။


Titov နဲ အဏာရှင်မိသားစုဟာ အတော့်ကို ရင်းနှီးသွားကြတယ်။၂၀၀၄..၂၀၀၈….၂၀၁၀အထိ..ပေါ့….။


🩺


အခုတော့ ဒါတွေပြီးခဲ့ပါပြီ..။


သူတို့က Titov ကိုတွေ့ ရိုက်နှက်၊ နှိပ်စက်၊ သတ်ပစ်ချင်နေပြီ..။


‘ကျေးဇူး’ဆိုတာ အာဏာရှင်လောကမှာ မရှိပါ။ ငါ့အလိုမတူရင် ငါ့ရန်သူပါ..။


Titov ဘာတွေ လုပ်ခဲ့ပါလိမ့်...။


🩺


Titov ဘာတွေ လုပ်ခဲ့ပါလိမ့်..။


အာဏာဖီဆန်တာကိုး… ၂၀၂၁ ဖေဖေါ်ဝါရီလမှာပေါ့။ Titov ဓမ္မဘက်မှာ ထိုင်ချ… CDM ဝင်ခဲ့တယ်။


CDM — အာ ဏာ ဖီ ဆန် ..။


🩺


CDM မလုပ်ခင်အထိ Titov က Spine Unit အဆောက်အဦးကြီးမှာ ခွဲစိတ်ကုသမှု​တွေ လုပ်နိုင်ခဲ့ပါတယ် ။


Titov ကျောရိုးခွဲစိတ်ကုသမှုပညာဌာနနဲ့ ​​ကျောရိုးခွဲစိတ်ကုသတဲ့အ​​ဆောက်အဦးကို မြန်မာပြည်မှာ ပထမဆုံး တည်ထောင်နိုင်ခဲ့။


အရိုး အစားထိုးခွဲစိတ်ကုသမှုက အရင်ကတည်းကရှိခဲ့ပေမဲ့ Titov က ဒါကိုကျယ်ကျယ်ပြန့်ပြန့် စလုပ်နိုင်ခဲ့တယ်။


တင်ပါးဆုံအဆစ် အစားထိုးတာမျိုး၊ ဒူးဆစ် အစားထိုးတာမျိုး…အဲလိုအဆစ်တွေအစားထိုးတာ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ခဲ့တာပါ..။


အလွိုင်းတို့ စတီးတို့ သတ္တုတို့နဲ့အစားထိုးတာပေါ့။ ဟိုအရင် ဆရာဦးစံပေါ်တို့ လက်ထက်တုန်းကတော့ ဆင်စွယ်နဲ့အစားထိုးခဲ့ကြတယ်။


ဒါက မြန်မာနိုင်ငံက လူရည်ချွန် လေးထပ်ကွမ်း ဆရာဝန် Titov အကြောင်းပါ။


🩺 Titov မမေ့နိုင်ပါ— 🩺


“ အမ… မနာဘူးလား ခင်ဗျ..”


ဒီလိုမေးတော့ ဒေါ် အောင်ဆန်းစုကြည်က—


“ ဆရာ ကျမကို မနာဘူးမထင်နဲ့နော် ။ကျမ လည်းနာတာပဲ..” တဲ့။


စကားပြာတာက အစ သိမ်မွေ့တဲ့ အမျိုးသမီးကြီးပါ။ Titov ထူးထူးခြားခြား သတိထားမိတာ က ဒေါ်အောင်ဆန်း စုကြည်ဟာ 

နာကျင်ရင်တောင် နာကျင်တယ်ရယ်လို့ ငြီးတွား တတ်တဲ့သူတွေထဲမှာ မပါဘူး။ အတော် စိတ်ထိန်းနိုင်တယ်။


🩺


ဟုတ်ပါတယ်။ Titov ဟာ ဒေါ် အောင်ဆန်းစုကြည်ကို ဆေးကုသပေးဖူးတယ်။


သူများဆိုရင် နာလို့သွေးခုန်နှုန်း သွေးပေါင်ချိန်တက်နေတဲ့ အခြေအနေမျိုးမှာတောင်ဒေါ် အောင်ဆန်းစုကြည်ရဲ့ Heart rate ဟာ တက်မသွားဘူး။ တရားမှတ်နေပုံရပါတယ်။


ဘဝမှာ… Titov မမေ့နိုင်ပါ—


🩺


နောက်တစ်ခု မှတ်မှတ်ရရ ဖြစ်မိတာ Titov ကုပေးခဲ့တဲ့ ဒရိုင်ဘာတစ်ယောက်ပါ။


၂၀၁၃ ခုနှစ်ကပေါ့။  Titov ကိုလိုက်ရှာတာ ဒရိုင်ဘာတစ်ယောက်ရှိနေခဲ့တယ်။


အဲ့ဒီ့ ဒရိုင်ဘာက တင်ပါးဆုံအဆစ် ပျက်စီးသွားတာ..။ Titov ကခွဲစိတ်ကုသပေးလိုက်တယ်။


ခွဲစိတ်မှုက ထုံးစံအတိုင်း အတော့်ကို အောင်မြင်ပါတယ်။ အတော်ကောင်းသွားတာ..။ဒရိုင်ဘာက လမ်းတွေလျှောက်၊ ကားတွေပြန်မောင်းနိုင်တယ်။


နောက်ပိုင်းမှ သိရတာက အဲ့ဒီ ဒရိုင်ဘာက နယ်နယ်ရရမှ မဟုတ်တာ..။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒရိုင်ဘာဖြစ်နေတာ..။


နောက်ပိုင်း Titov ဆီဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် Titov ဆီရောက်လာတာပဲ။


🩺


အဲ့ဒီတုန်းက ဒေါ် အောင်ဆန်းစုကြည်ကို ဆေးကုသဖို့ Titov စိတ်လှုပ်ရှားခဲ့ပါတယ်။


ဒေါ် အောင်ဆန်းစုကြည်ဆိုတာ သူကိုယ်တိုင် အလွန်လေးစားပြီး တစ်ကမ္ဘာလုံးက ချစ်ခင်လေးစားစွာစောင့်ကြည့်နေတဲ့သူလေ…။


Titov က ဆေးကုသပေးလိုက်လို့ အမှားအယွင်း တစ်စုံတစ်ရာ ရှိသွားခဲ့ရင်ဆိုတာ တွေးတောင် မတွေးဝံ့ပါ။


🩺


ပထမတော့ Titov က လာဆက်သွယ်တဲ့ ကိုတင်မျိုးဝင်းကို — “ ဟုတ်ကဲ့..အမ မြန်မာနိုင်ငံပြန်ရောက်ရင်ကြည့်ပေးပါမယ်” လို့ပြောခဲ့တယ်။ လာပြောတုန်းက ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို သွားနေတာ။


 တကယ့်တကယ် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရတော့ —


“ အမ အင်္ဂလန်မှာ ဆေးကုပါလား အမ…” လို့ Titov အကြံပြုလိုက်မိတဲ့ အထိပါ။


🩺


Titov က ဘိလပ်ပြန်ပါ။ အင်္ဂလန်မှာ ဒီလောက် အဆင့်အတန်းမြင့်မြင့် ဆေးရုံကြီးတွေရှိနေတာ သူသိတယ်။ သူကိုယ်တိုင် အင်္ဂလန်မှာ

Ortho First Assistant အဖြစ်နဲ့ လူနာ အများကြီးကို ကုပေးခဲ့ဖူးတယ်။


🩺


ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလန်ကနေ မြန်မာပြည်ကို ပြန်လာပြီး Titov ဆီမှာဆေးကုမတဲ့..ဆိုတော့ Tivot  အလွန် ဝမ်းသာဂုဏ်ယူခဲ့တယ်။


🩺


မြန်မာပြည်က ဆရာဝန် Titov ကလည်း နယ်နယ်ရရတော့ မဟုတ်ပါ။


 MBBS ဘွဲ့ရ MSC(Ortho) ပြီးတော့ အင်္ဂလန်က fellowship စာမေးပွဲကို သူဝင်ဖြေတယ်။


အဲ့ဒီစာမေးပွဲ part-1 က မြန်မာနိုင်ငံမှာဖြေရတာ..။ အင်္ဂလန်က လာစစ်တဲ့ selection စာမေးပွဲတစ်ခု ပေါ့။


ရေးဖြေရော နှုတ်ဖြေရောအင်္ဂလိပ်လိုဖြေရတယ်။ ဆရာဝန် အယောက် ၂၀၀ ကျော်ဖြေတာ ၆ ယောက်ပဲအောင်တယ်။


Titov  စာမေးပွဲအောင်ခဲ့ပါတယ်။


🩺


အဲ့ဒီလို စာမေးပွဲ ဖြေပြီး တဲ့အခါ

နောက်တပိုင်းကို England မှာဖြေရတယ်။ ဒီစာမေးပွဲဖြေဖို့  Titov ဘိလပ်ကိုရောက်လာခဲ့တယ်။


အင်္ဂလန်ရောက်ပြီး ဖြေရမယ့် FRCS စာမေးပွဲက ၂လကျော်အကြာမှာရှိနေတယ်။ 


ပထမတော့ ဒီစာမေးပွဲမမှီနိုင်ဘူး နောက်စာမေးပွဲကို စောင့်ဖြေရမှာပေါ့လို့ Titov တွေးလိုက်သေးတယ်။


အဲ့ဒီ စာမေးပွဲက အနည်းဆုံး တစ်နှစ်လောက် စာကျက်ပြီးမှ ဖြေနိုင်ကြတယ်လေ။တချို့ဆို ၃နှစ်လောက်ဖြေရတာကိုး။


သူ သိပ်ကြာကြာ မတွေးလိုက်ပါဘူး စာမေးပွဲဖြေဖို့ စိတ်ဆုံးဖြတ်လိုက်တယ်..။


🩺


Titov အရမ်းကို ကြိုးစားခဲ့ပါတယ်။ အဲတုန်းက တစ်နေ့ကို၂နာရီလောက်ပဲအိပ်ခဲ့တယ်..။ အိပ်ချင်ရင်အဝတ်တွေဘာတွေထလျှော်ပြီး အိပ်ချင်စိတ်ပျောက်အောင်လုပ်တာ..။


မြန်မာပြည်က သာမာန်လူတန်းစား တွေဟာ ပညာတတ် အဆင့်အတန်းတစ်ခုရဖို့ အဲ့ဒီလို အသေအကြေကြိုးစားရုံကလွဲပြီး ဘာမှ အားကိုးစရာမရှိပါ။


Titov အောင်တယ်။ အနည်းဆုံးတစ်နှစ်လောက် ကြိုးကြိုးစားစားဖြေမှာ အောင်နိုင်တဲ့ စာမေးပွဲကို ၂ လတည်းနဲ့..။


ဉာဏ်ကောင်းတာ လည်းပါတာပေါ့။ Totiv က သင်္ချာ ပါရမီရှင် ပါ။ 


မူလတန်းက စပြီး စာမေးပွဲတွေမှာ သင်္ချာအမှတ် အမြဲ— ၁၀၀ပါ။ ၁၀၀ အောက် တစ်ခါဆို တစ်ခါမှ မကျခဲ့တဲ့ Math Genius ပါ။


Titov က ၃ရက်လောက်မအိပ်ဘဲသင်္ချာထိုင်တွက်လို့ရတဲ့သူ..။


သူ ၉တန်းအောင်ပြီးတော့ ဆယ်တန်းသင်္ချာတွေ ကို ၃ရက်ဆက်တိုက်ထိုင်ပြီး ကြိုတွက်ခဲ့ဖူးတယ်။


🩺


ဒီလိုနဲ့ Tirov ဟာ အင်္ဂလန်မှာ၂နှစ် (၁၉၉၇ - ၁၉၉၉)အလုပ်လုပ်ခဲ့တယ်။


ဒါတရားဝင် အစိုးရကခွင့်ပြုတာပါ။ အင်္ဂလန်မှာ တစ်ခါမှ မရခဲ့ဖူးတဲ့ လခ အများကြီးလည်း ရခဲ့ဖူးတယ်။ 


မြန်မာပြည်မှာ အဲ့တုန်းက လခက တစ်လ ၄ ပေါင် ၅ ပေါင် (pound sterlings)ပဲ ရတဲ့အချိန်ပါ။ အဲ့အချိန်တုန်းက Titov ကို အင်္ဂလန်က လခ ပေါင်၂၀၀၀ ကနေ ၂၅၀၀အထိ ပေးတာလေ။အများကြီးကွာတာပေါ့။


တချို့ဆို မြန်မာပြည် ပြန်မလာကြတော့ဘူး။Titov ၂၀၀၀ခုနှစ် ဇန်နဝါရီလမှာ မြန်မာပြည် ပြန်လာခဲ့ပါတယ်။


Titov မြန်မာပြည်ကိုချစ်ပါတယ်။


🩺


Titov က ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂလန်မှာ ဆေးသွားကုဖို့ ပြောခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်က Titov ကို ကြည့်ပြီး—


“ ကျမ အင်္ဂလန်ကို မသွားဘူး။မြန်မာပြည်မှာပဲဆရာကကုပေးပါ။ ကျမကတော့ ဆရာ့ကိုယုံတယ်..” တဲ့။


ဒေါ်အောင်ဆန်းစုကြည်ပါ။

မြန်မာပြည်ကို ချစ်တယ်။ 

မြန်မာပြည်သူ ပြည်သားတွေကိုယုံတယ်။ မြန်မာပြည်က ဆရာဝန်ကိုပဲ သူမ အားကိုးပါတယ်။


🩺


Titov ဆိုတဲ့ သမားတော်ကြီးဟာ တစ်ကမ္ဘာလုံးက လူတွေ မုန်းတဲ့ မိသားစုကိုဆေးကုပေးခဲ့ရသလို တစ်ကမ္ဘာလုံးက လူတွေ ချစ်တဲ့ အမျိုးသမီးကြီးကိုလည်း ဆေးကုပေးခဲ့ဖူးပါတယ်။


🩺


တစ်ကမ္ဘာလုံးက လူတွေ မုန်းတဲ့ မိသားစုက အာဏာရှင် သန်းရွှေကြီးရဲ့ မိသားစုပေါ့။ သူ့ သားကိုလည်း Titov က ခါးရိုးပြန်ဆက်အောင် ကုသပေးခဲ့ဖူးတယ်။


သမားတော်ကြီး Titov ဟာ သူတို့ အသိုင်းအဝိုင်းနဲ့ နီးနီးကပ်ကပ်နေခဲ့ဖူးတယ်။


အဲ့ဒီ နောက်ပိုင်း သူတို့မိသားစုတစ်ခုလုံးရဲ့ ကျန်းမာ​ရေးကို ကြည့်​ပေးတဲ့ သဘောမျိုးအထိ ခင်မင်ခဲ့ကြ..။


ဟုတ်ပါတယ်…။

အာဏာရှင် သန်းရွှေကြီးကလည်း Titov ကို အားကိုးခဲ့ဖူးတယ်။


🩺


သန်းရွှေကြီး မိသားစု အသိုင်းအဝိုင်းက တစ်ခုခု မကျန်းမမာဖြစ်ရင် သူတို့စစ်ဘက်က ဆရာဝန်​​တွေနဲ့ အရင်ပြလေ့ရှိတယ်။


ဆေးတပ်က ဆရာဝန်​တွေနဲ့ ကုလို့အဆင်မ​ပြေ​တော့ဘူးသူတို့အားမရဘူးဆိုရင် Titov ကို လှမ်း​မေးပြီ..။


​နောက်ကျ​​တော့ ​တော်​တော်​လေး ရင်းနှီးသွားကြတယ်။


Titov နေပြည်​တော်လာရင် သန်းရွှေကြီးက ကား​တွေဘာ​တွေ ပေးထားတာမျိုး…လေယာဥ်ကွင်းကို လာကြိုတာမျိုး…။


တစ်ခါ တစ်ခါ စကားပြောဖြစ်ရင် အနည်းဆုံးတော့ ၂နာရီ ၃နာရီ​ ..။


ဘဝမှာ… Titov မမေ့နိုင်ပါ—


🩺


Titov ချစ်ခင်လေးစားရတဲ့ ကမ္ဘာကျော် အမျိုးသမီးကြီးနဲ့လည်း ခင်ခွင့်ရခဲ့ပါတယ်။


Titov နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဆေးကုသရင်း တစ်ရက်ကို

စကားတစ်နာရီခွဲလောက် စကားတွေထိုင်ပြောနေမိတဲ့ ခင်သွားကြတယ်..။


Titov သိလိုက်ရတာက ဒေါ်အောင်ဆန်းစုကြည်က စာလည်းအတော်ဖတ်တယ်။ တရားထိုင်တယ်။ဗဟုသုတပိုင်းရော စိတ်ထားပိုင်းရော အတွေးအခေါ် ပိုင်းရော အင်မတန်ကိုပြည့်စုံတဲ့ အမျိုးသမီးကြီးဆိုတာကိုပေါ့..။


🩺


၂၀၂၁ ရောက်တော့ သမားတော်ကြီး Titov က အာဏာရှင် သန်းရွှေကြီး အုပ်စုနဲ့ ပတ်သက်ပြီး တွေးခဲ့သမျှ အထင်နဲ့ အမြင်လွဲခဲ့ရတယ်..။


ဒေါ်အောင်ဆန်းစုကြည် ကို အသိအမှတ်ပြုလာတဲ့အခါ “ ဪ… ‘သူတို့’ ဟာ သွေးထွက်သံယိုမရှိဘဲ အာဏာလွှဲ​ပေးနိုင်ကြမယ့်သူတွေပါလား“လို့ သမားတော်ကြီးတွေးထင်ခဲ့ဖူးတာကိုး..။


စိတ်ထဲက ချီးကျူးခဲ့ဖူးတယ်။


🩺


သူတို့ဟာ … ပြည်သူတွေကို ဒီလို လမ်းမတွေပေါ်မှာ မျက်လုံးတွေပေါက် ၊ ဦးဏှောက်တွေထွက်၊ ပိုးစိုးပက်စက် သတ်ပစ်ကြမယ့် ယုတ်ကန်းသူတွေ လို့ Titov မထင်မှတ်ခဲ့ပါ။


လမ်းပေါ်မှာလဲကျသေဆုံးနေတဲ့ ကလေးတွေ ...။


ဘဝမှာ… Titov မမေ့နိုင်ပါ—


🩺


ဒီလောက် လုပ်ရက်လိမ့်မယ်လို့ Titov မထင်ခဲ့မိတာ အမှန်..။


‘သူတို့’ရဲ့ အတွင်းစိတ်ဟာ သူတို့ကိုယ်သူတို့ ပြန်ပြီး လိမ်ညာမှုတွေနဲ့ ပြည့်နှက်နေတယ်။အမှန်မြင်ဖို့ အလွန်ခဲယဉ်းလှတယ်.. ။ 


ဒါကြောင့် Titov ရွေးလိုက်တဲ့လမ်းက CDM … အာ ဏာ ဖီ ဆန်..။


Tivot ဟာ CDM တော်လှန်ရေးရဲဘော်တွေရဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်လည်းဖြစ်ပါတယ်။


မနေ့က NST ရဲ့ အင်တာဗျုးပါ—https://fb.watch/bCwPXn1UBW/


🩺


အဲ့ဒီ Titov ဆိုတဲ့  မြန်မာပြည်က  ဋ ဍအရိုးအထူးကု သမားတော်ကြီးဟာ ကျိုးသွားတဲ့ အရိုးတွေကို ဟိုဟာ ဒီဟာတွေနဲ့ အစားထိုးပြီး ကြိုးကြိုးစားစား ပြန်ဆက်ပေးခဲ့ပေမဲ့ နှစ်ပိုင်းကျိုးသွားတဲ့ မြန်မာပြည်ကြီးကို ပြန်မဆက်လိုခဲ့။


ဓမ္မ နဲ့ အဓမ္မ…ဘယ်သောအခါမှ ပေါင်းစပ်လို့မရဘူးလေ…။ 


အဓမ္မတွေကို ဒီမြေက တွန်းထုတ်ကြ…ဆိုပြီး ပြည်သူတွေနဲ့ ဝင်တွန်းခဲ့..။


🩺


အဲ့ဒီလိုသမားတော်ကြီးဟာ ဓမ္မဘက်က ဝင်ရပ်တော့ သူတို့က ‘Titov ကို အလိုရှိသည်’ ..တဲ့။


‘သူတို့’က သမားတော်ကြီးကို ဝရမ်းပြေးလို့ သတ်မှတ်၊ သတ်ဖို့ ဖြတ်ဖို့ လိုက်ရှာလို့မရတဲ့အဆုံး မကြာသေးခင် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံသား အဖြစ်က ရုတ်သိမ်းလိုက်တယ်။


အာဏာရှင်တို့ရဲ့ အမုန်း..။

ဘဝမှာ… Titov မမေ့နိုင်ပါ—


🩺


Titov ဟာ အရိုးခွဲစိတ် အထူးကု သမားတော်ကြီးသက်သက်ပါ။ နိုင်ငံရေးလုပ်ဖို့ မစဉ်းစားခဲ့ဘူး။


Titov ရဲ့အဘိုးတွေ အဖွားတွေက ရိုးသားကြိုးစားပြီး အရမ်းကို ချမ်းသာခဲ့တာ။ ရန်ကုန်နဲ့မြင်းခြံဆွဲတဲ့ မော်တော်ကြီး၂စင်းပိုင်တယ်။လယ် ဧက‌ ၇၀-၈၀ လောက်ကို ပိုင်ဆိုင်တယ်။


တစ်နေ့—

Titov ရဲ့အဘိုးတွေ အဖွားတွေဟာ သူတို့ရဲ့ မြေတွေ‌ကို တစ်ရွာလုံးကို ပေးကမ်းဝေမျှလိုက်တယ်၊ ရှိတာတွေ အကုန်ပေးကမ်းပြီး နိုင်ငံရေးနဲ့ တောခိုသွားခဲ့တယ်။


Titov တို့ရဲ့ အများအကျိုးကိုဆောင်ရွက်တတ်တဲ့ စိတ်တွေက ဘိုးစဉ်ဘောင်ဆက်ကပဲ..။


Titov ရဲ့ ဦးလေးတစ်ယောက်က ဦးသန့်အရေးအခင်းမှာပါတယ်၊ ၈၈အရေးအခင်းမှာလည်းပါတယ်၊ ၅နှစ်ခွဲလောက်လည်း ထောင်ကျခဲ့ဖူးတယ်။


တစ်ဆွေလုံး တမျိုးလုံး နိုင်ငံရေးလုပ်လို့ မွဲခဲ့ရတယ်..

နိုင်ငံရေးလုပ်လို့ မျက်နှာငယ်ခဲ့ရတယ်..

နိုင်ငံရေးလုပ်လို့ ဒုက္ခ ရောက်ခဲ့ရတယ်..

နိုင်ငံရေးလုပ်လို့ အဖမ်းခံရတယ်..


ဒီအတွေးတွေကြောင့် အမျိုးတွေအဆွေတွေက Titov တို့မောင်နှမတွေကို နိုင်ငံရေး မလုပ်စေချင်တော့ဘူး။ 


စာပဲကြိုးစားခိုင်းတယ်။ နိုင်ငံရေးဆိုတာ မလုပ်သင့်ဘူးလို့ယူဆထားတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။


🩺


ဂျပန်သွား…

အင်္ဂလန်သွား…

စာပြီးရင် စာ..။


Titov က ၂၀၁၄ မှာဆေးတက္ကသိုလ်-၂ရဲ့ ပါမောက္ခချုပ်..။ ၂၀၁၅ မှာဆေးတက္ကသိုလ်- ၁ရဲ့

ပါမောက္ခချုပ်…။


🩺


နာဂစ်တုန်းကဆို Titov ဟာ ဒလဘက်က ငွေကြေးမတတ်နိုင်တဲ့ ကလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတယ်။  ကလေးက မွေးရာပါ အာရုံကြောရောဂါကြောင့် လက်တွေခြေတွေ အကွေးအဆန့် လုပ်မရဘူး။ လမ်းမလျှောက်နိုင်ဘူး။


လမ်းစားရိတ်က အစ ကူညီပြီတစ်ဆင့်ပြီးတစ်ဆင့် ခွဲစိတ်မှုတွေ လုပ်ပေးခဲ့တယ်။ ကလေးလေးဟာ လမ်းလျောက်နိုင်ခဲ့ပါတယ်..။ 


မြန်မာပြည်မှာ တန်ဖိုးဖြတ်မရတဲ့ တကယ့်  စေတနာ့ ဆရာဝန်ပါ..။


Titov ဟာ အရိုးအကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦး အနေနဲ့ သာ မြန်မာပြည်မှာ ရပ်တည်ချင်ခဲ့တာပါ။


🩺 


ကမ္ဘာ့ အထီးကျန် အာဏာရှင် တွေကိုယ်တိုင် ရှေးက အာဏာရှင်တွေရဲ့ ဦးဏှောက်ဖောက်ထွင်းတာကို ခံထားရတယ်။


သူတို့က ‘ကျွန်’ ဆက်မွေးတယ်။ အဲ့ဒီကျွန်တွေရဲ့ ဦးဏှောက်တွေထဲအဆိပ်တွေ ထိုးသွင်းတယ်။


ပြည်သူတွေကို အစစ်အမှန်မဟုတ်တဲ့အရာတွေကို ယုံကြည်လာအောင် လှည့်စားတယ်။  


ယုံကြည်သူတွေဟာ သတ္တုလှောင်အိမ်ထဲတွင် ပိတ်မိနေကြပြီး ထင်ယောင်ထင်မှား စိတ်ကူးယဉ်နေကြတယ်။


လူသတ်မှ တိုင်းပြည်ငြိမ်းချမ်းမယ်…

လူသတ်မှ တိုင်းပြည်ကောင်းစားမယ်…

လူသတ်မှ တိုင်းပြည်အင်အားကြီးမယ်…

လူသတ်တာ ‘အမျိုး၊ ဘာသာ၊ သာသနာအတွက်..’


🩺


ကမ္ဘာကြီးက ပြောင်းလဲနေတယ်။ 


Titov ခင်မင်ခဲ့ဖူးတဲ့ အာဏာရှင်ကြီးက ပြည်သူတွေကို နေ့တိုင်း သတ်နေတယ်။


သူလေးစားတဲ့ အမျိုးသမီးကြီးကတော့ ထောင်ထဲရောက်နေတယ်။


Titov က ပြည်သူတွေ အတွက်တော့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဖြစ်နေပြီ..။ 


အာဏာရှင်တွေ အတွက်ကတော့ Titov ဟာ ‘ ဝရမ်းပြေး— သူပုန်— နိုင်ငံမဲ့’..။


🩺


ဘဝမှာ… Titov မမေ့နိုင်တာတွေ အများကြီးပါ— 


Titov သင်္ချာတွက်နေတယ်။

ကမ္ဘာကြီးက ဒီအတိုင်းမနေပါ။ ပြောင်းလဲနေဦးမှာ..


🩺 ♥️ 🩺


မရွှေမိုး- ကိုရီးယား

March 8th,2022.



ဆက်ဖတ်ရန် →

ရိုးမလမ်းပိုင်းကို ပြည်သူများ အသုံးမပြုရန် နှင့် မိုင်းခွဲတိုက်ခိုက်မှုများရှိမည်ဟု သတိပေးချက်ထုတ်ပြန်

​ပဲခူးရိုးမတွင်  တိုက်ပွဲဖြစ်ပွားနေ၍ ရိုးမလမ်းပိုင်းကို ပြည်သူများ အသုံးမပြုရန် နှင့် မိုင်းခွဲတိုက်ခိုက်မှုများရှိမည်ဟု သတိပေးချက်ထုတ်ပြန်


ရန်ကုန်၊ မတ် ၇ ခေတ်သစ်မီဒီယာ


ပဲခူးတိုင်း တောင်ငူခရိုင် ပဲခူးရိုးမ ရကိုင်းချောင်းရိုး တလျောက် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် တောင်ငူ PDF တပ်ဖွဲ့တို့ မတ်လ ၄ရက်နေ့မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ပဲခူးရိုးမ လမ်းပိုင်းကို  ပြည်သူများ အသုံးမပြုရန် တောင်ငူ PDF တပ်ဖွဲ့က ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ထားသည်။


မတ်လ ၄ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို တောင်ငူ PDF တပ်ရင်းမှ လက်ဦးမှုရယူ တိုက်ခိုက်ခဲ့ခြင်းကြောင်း စစ်တပ်က သေဆုံးထိခိုက်မှု များပြားခဲ့ခြင်းဖြစ်ကာ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း တောင်ငူ PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 


ထို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် အင်းအား အလုံးအရင်းဖြင့် တောင်ခြေရွာများတွင် တပ်စွဲကာ ရိုးမပေါ်သို့ အရပ်ဝတ်များ၊ ဆိုင်ကယ်များ၊ ဖောကားများ အသုံးပြုပြီး PDF တပ်ဖွဲ့ဝင်များ၏ သတင်းများကို လိုက်လံစုံစမ်းနေခြင်းကြောင့် ရိုးမပေါ် ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် တောင်ငူ PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။


ယင်း ရိုးမပေါ်သို့ လှုပ်ရှားသွားလာနေသည့် ဖောကား/ဆိုင်ကယ်များ အားလုံးကို တောင်ငူ PDF အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များဟု မှတ် ယူကာ တောင်ငူ PDF ဘုရင့်နောင်တပ်ရင်းက မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။


ဆက်ဖတ်ရန် →

အစ္စရေး၀န်ကြီးချုပ်ရဲ့ ရုရှားခရီးစဉ်



ရုရှားကျုးကျော်စစ်ရပ်ဆိုင်းဖို့ အစ္စရေး၀န်ကြီးချုပ် Naftali Bennett ဟာ ဒီကနေ့ ရုရှားသမ္မတ ပူတင်နဲ့သွားရောက်ဆွေးနွေးခဲ့ကြောင်း အစ္စရေးသတင်းတွေက ဖေါ်ပြပါတယ်။ 


Naftali Bennett ဟာ ပူတင်နဲ့ ၃ နာရီကြာဆွေးနွေးပြီးနောက် ဂျာမဏီနိုင်ငံကို ဆက်လက်ထွက်ခွါသွားတယ်ဆိုပါတယ်။ ရုရှားကိုမလာခင်မှာ ပြင်သစ်နိုင်ငံသမ္မတနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်းလည်း အစ္စရေးအစိုးရပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။


ယူကရိန်းရဲ့ ဂျုးသမ္မတက ရုရှားရဲ့ ကျုးကျော်စစ်အပေါ် အစ္စရေးနိင်ငံက ကြား၀င်ဖြေရှင်းပေးဖို့ တောင်းဆိုထားသလို ကမ္ဘာတဝှမ်းက ဂျုးတွေအနေနဲ့ မတရားမှုကို လက်ပိုက်ကြည့်မနေကြဖို့ တောင်းဆိုထားအပြီး အစ္စရေး၀န်ကြီးချုပ် ဟာ ရုရှားကို အရေးပေါ်လာခဲ့တာလို့ဆိုပါတယ်။


ပူတင်နဲ့တွေ့ချိန်မှာ ယူကရိန်းက ဂျုးတွေရဲ့ လုံခြုံရေးကို အဓိကထားဆွေးနွေးခဲ့သလို ရက်ပိုင်းအတွင်းမှာ ယူကရိန်းပြည်သူတွေအတွက် အစ္စရေးက ပေးပို့မယ့် အရေးပေါ်အကူအညီတွေအတွက်ပါ ဆွေးနွေးခဲ့တယ်လို့ အစ္စရေးအစိုးရပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ 


အစ္စရေးအနေနဲ့ ရက်ပိုင်းအတွင်းမှာ ယူကရိန်းကို အရေးပေါ်ရွှေ့ပြောင်းဆေးရုံနဲ့ ဆေးဝါးတွေ ပေးပို့မယ်ဆိုတာကို လည်း ပူတင်ကို အသိပေးခဲ့တယ်ဆိုပါတယ်။ သမ္မတပူတင်ဘက်က ဘာပြန်ပြောတယ်ဆိုတာတော့ တစုံတရာပြောဆိုသွားတာမရှိပါဘူး။


 ယူကရိန်းကနာဇီလက်သစ်ဝါဒီအစိုးရကို ဖယ်ရှားမယ်ဆိုပြီး အထူးစစ်ဆင်ရေးအမည်နဲ့ ပူတင်က ကျုးကျော်တိုက်ခိုက်နေပေမယ့် လက်ရှိယူကရိန်းသမ္မတဟာ ဂျုးဖြစ်သလို ယူကရိန်းတပ်မတော်ထဲမှာ ဂျုးလက်နက်ကိုင် တပ်ရင်းတွေပါရှိနေတယ်လို့ သိရပါတယ်။


၂၀၂၂ ခုနှစ် မတ်လ ၆ ရက် 


Credit : BurmaNewsNetwork


ဆက်ဖတ်ရန် →

မိုးညှင်းတိုက်ပွဲ စစ်ကောင်စီတပ် အသေအပျောက်များ၍ ကားခြောက်စီးဖြင့် သယ်ယူ

​မိုးညှင်းတိုက်ပွဲ စစ်ကောင်စီတပ် အသေအပျောက်များ၍ ကားခြောက်စီးဖြင့် သယ်ယူဟု KIA အသိပေး


—People's Spring


ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်များဘက်မှ အသေ အပျောက်များရှိ၍ မိုးညှင်းမှ  စစ်ကောင်စီတပ်များ၏ ကား ​ခြောက်စီးဖြင့် သယ်ယူကြကြောင်း ဒေသခံပြည်သူများထံမှ သိရသည်ဟု ကချင်လွတ်လပ်ရေးတပ်မ တော်(KIA) သတင်းနဲ့ ပြန်ကြားရေးဌာန Kachinnet Burmese က ဖော်ပြသည်။


KIA တပ်မဟာ(၈)၊ တပ်ရင်း (၃၅) နယ်မြေ မိုးညှင်းမြို့ နမ့်ယာကြား ညောင်ကုန်းဒေသ၌ ယနေ့(မတ်လ ၇ရက်) နံနက် ၇နာရီခန့်တွင် စစ်ကောင်စီတပ် ယာဉ်တန်းကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။


မိုးညှင်းမှ စစ်ကောင်စီတပ်၏ ကား(၂၇)စီးနှင့်အင်အား (၂၀၀)ခန့် ပါဝင်သော  လက်နက်ပစ္စည်းများသယ်ဆောင်လာစဉ် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။


တိုက်ပွဲတွင်  စစ်ကောင်စီတပ်များ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ ဒေသခံများ ကြောက်ရွံ့ကာ ထွက်ပြေးပုန်းရှောင်နေကြရသည်ဟု ဆိုသည်။


အဆိုပါ တိုက်ပွဲ၌ KIAနှင့် PDF တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုရှိ၊မရှိကို ဖော်ပြမထားပေ။


#လူထုနွေဦး

#LuduNwayOo

#People'sSpring

#PS

https://www.ludunwayoo.com

https://www.facebook.com/LuduNwayOo


https://www.instagram.com/ludunwayoo/

ဆက်ဖတ်ရန် →

လေး​ကေ့​ကော်မြို့အနီး မှာ ဒီ​နေ့မနက်က တိုက်ပွဲဖြစ်

​မင်္ဂလာ သတင်း​လေး ​ပြောချင်ပါတယ်.......🙏🙏🙏


KNLA နှင့် ကျ​နော်တို့ PDF တို့ ပူး​ပေါင်းပြီး နယ်​မြေကျူး​ကျော်လာတဲ့ စစ်​ခွေး​​တွေနဲ့ လေး​ကေ့​ကော်မြို့အနီး မှာ ဒီ​နေ့မနက်က တိုက်ပွဲဖြစ်ခဲ့ပါတယ်။  စုစု​ပေါင်း ​ခွေး (၁၀)​ကောင်​သေပြီး အများအပြား ဒဏ်ရာရသွားပါ​ကြောင်း။


PDF Sniper လက်ချက်ဖြင့် ​ခွေး(၄)​ကောင် ​သေပြီး ရင်ဆိုင်ပစ်ခတ်မှုမှာ ​ခွေး(၆)​ကောင် ​သေခဲ့ပြီး စစ်​ခွေးအများအပြား ဒဏ်ရာရခဲ့တယ်။


စစ်​ခွေး​တွေက ဗိုလ်တာ​ပေါ​နေရာကို သိချင်​တော့ ဖုန်းဆက်ပြီး လုပ်ကြံဇာတ် ခင်းခဲ့ကြတယ်။ ကျ​နော်တို့ CDM ဝင်ပါ့မယ် လက္ခံ​ပေးပါဆိုပြီး​ပြော​တော့ တိုက်ရည်ခိုက်ရ ည်နဲ့ အ​တွေးအ​ခေါ်​ခေသူမဟုတ်တဲ့ ဗိုလ်တာ​ပေါက လက္ခံစကား​ပြောပြီး ဘယ်ကိုသာလာခဲ့ပါ သူရှိပါတယ်​ပေါ့ မင်းတို့ရဲ့ အသက်ကိုလည်း အာမခံ​ပေးမယ်လို့​ပြောပြီးချိန်မှာပဲ ဗိုလ်တာ​ပေါ ​ပြောတဲ့​နေရာကို ​ခွေးကုန်းက​နေ လက်နက်ကြီး​တွေနဲ့ တရဆက် ပစ်ခတ်​တော့တာပါပဲ......။ ​ခွေး​တွေ တလွဲပစ်​နေ​ချိန်ကို အခွင့်​ကောင်းယူပြီး ​ချောင်ပိတ်မိ​နေတဲ့ ​ခွေး​တွေကို ဗိုလ်တာ​ပေါ(KNLA)နဲ့ PDF ပူး​ပေါင်းအဖွဲ့က ​​ကောင်း​ကောင်းသမလိုက်တာ စစ်​ခွေး​တွေအလဲလဲအပြိုပြိုဖြစ်သွားပြီး ​ခွေး​ပြေး ဝက်​ပြေး ​ပြေးသွားပါ​ကြောင်း သတင်း​ကောင်း ပါးအပ်လိုက်ရပါတယ် ခင်ဗျာ..........။


စစ်​ခွေး​လေယာဉ်လည်း ဆီမရှိလို့ထင်တယ် မလာဘူး......😂😂😂


ဗိုလ်မိုး ကြိုး

ဆက်ဖတ်ရန် →

​မြောက်ဒဂုံရဲသင်တန်းကျောင်းကို လက်ပစ်ဗုံး၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်

​မြောက်ဒဂုံရဲသင်တန်းကျောင်းကို လက်ပစ်ဗုံး၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်၊ လှိုင်မြို့နယ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဝင်ပစ်


ရန်ကုန်၊ မတ် ၇ ခေတ်သစ်မီဒီယာ


ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရဲသင်တန်းကျောင်းနှင့် လှိုင်မြို့နယ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်အခြေစိုက် တော်လှန်ရေး တပ်များက ယနေ့ည ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ 

‌

မတ်လ ၇ ရက်နေ့ ည ၇ နာရီအချိန်တွင်  ရန်ကုန်မြို့ ၊ မြောက်ဒဂုံမြို့နယ် ၊ ၃၆ ရပ်ကွက် ၊ ဗိုလ်ဆွန်ပတ်လမ်း နှင့် မန်းဘခိုင်လမ်းထောင့်ရှိ မြို့မရဲသင်တန်းကျောင်းကို People 's Force နှင့် Spring Brother Force တို့ပူးပေါင်းကာ လက်ပစ်ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း၊  ရဲများထွက်လာချိန်တွင် ၄၀မမများ ဖြင့်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊  စစ်ဆင်ရေးမှာ ည ၇ နာရီမှ ၇ နာရီ ၁၅ မိနစ် အထိကြာမြင့်ခဲ့ပြီး တိုက်ခိုက်နေစဉ် ပြည်သူကားတန်းများရပ်တန့်သွားသဖြင့် ပြည်သူများဘေးကင်းစေရန် တစ်ဝက်နှင့်ရပ်လိုက်ကြောင်း People's Force က သတင်းထုတ်ပြန်သည်။ 


ရဲသင်တန်းဆင်းပွဲအကြို လေ့ကျင့်ရေးလုပ်နေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ  ကျဆုံးမှုအများအပြားခန့်မှန်းရကြောင်း  ရန်ကုန် တိုင်းပြည်သူ့အင်အားစု People's Force ကသတင်းထုတ်ပြန်ထားသည်။ 



ထို့ပြင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၇ ရက် နေ့ ည ၉ နာရီဝန်းကျင်အချိန် Justice Bringer Force က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးသွားကြောင်း အဆိုပါအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။ 


ဓာတ်ပုံ- ပစ်ခတ်တိုက်ခိုက်ခံရသော မြောက်ဒဂုံရဲသင်တန်းကျောင်း။

ဆက်ဖတ်ရန် →

ဆုံလည်ကြီးပါ ပြတ်ထွက်ပြီး ကြက်ခေါင်းပြတ်ပါ ဖြစ်သွား

​ရုရှားယူကရိန်းစစ်ပွဲမဖြစ်ခင်က ရုရှားတင့်ကားတွေ ဘယ်လိုကောင်းကြောင်း Shtora-1 မျက်လုံးနီကြီးက ဘယ်လိုစွမ်းကြောင်း Kontakt-5 ERA က ဘယ်လိုစွမ်းကြောင်း ရုရှားဖန်တွေ ရေးတာတွေ ဖတ်ကြီး ရုရှားတင့်တွေကို တကယ် အထင်ကြီးခဲ့တာဗျာ 


ကျနော် အထင်ကြီးထားတဲ့ ရုရှားတင့်တွေကို ယူကရိန်းက US နဲ့ အနောက်တိုင်း လက်နက်တွေသုံးပြီး တစ်စီးပြီး တစ်စီး ကြက်သံပုံးကင် ဖြစ်အောင် လုပ်ပြတော့ ကျနော်တကယ် ရင်နာရပါတယ် တချို့ရုရှားတင့်တွေဆို ဆုံလည်ကြီးပါ ပြတ်ထွက်ပြီး ကြက်ခေါင်းပြတ်ပါ ဖြစ်သွားတယ်ဗျာ 😭😭 


အခုတော့ ရုရှား‌တင့်တွေမှာပါတဲ့ မျက်လုံးနီကြီးနဲ့ Kontakt-5 ERA ဆိုတာလည်း သုံးစားမရတဲ့ အလကား‌ဟာတွေဆိုတာ သိလိုက်ရပါပြီ ကမ္ဘာအဆင့် ၂ ရှိတဲ့ တပ်မတော်ကြီးရဲ့ တင့်ကားတွေက ဒီလိုစုတ်ပြတ်သတ်နေအောင် အရည်အသွေးညံ့ဖျင်းလိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိတာ အမှန်ပါ🥴🥴

ဝီလျံစန်း



ဆက်ဖတ်ရန် →

မင်းအောင်လှိုင် ၏ လျှပ်စစ်ရထားနှင့် ဘတ်စ်ကား စီမံကိန်း လှောင်ရယ်စရာဖြစ်လာ

​တစ်ပတ်တိတိ ၂၄ နာရီ မီးပြတ်မည်ဟု ကြေညာပြီးနောက် နေရာအလိုက်အချိန်ပိုင်း မီးပေးမည်ဖြစ်၍ ပြည်သူများ မစိုးရိမ်ရန် ထပ်မံထုတ်ပြန်၊ မင်းအောင်လှိုင် ၏ လျှပ်စစ်ရထားနှင့် ဘတ်စ်ကား စီမံကိန်း  လှောင်ရယ်စရာဖြစ်လာ


ရန်ကုန်၊ မတ် ၇ 


မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ လျှပ်စစ်အား ၂၄ နာရီ ပြတ်တောက်မှုများ ဖြစ်မည်ဟု စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် ကြေညာပြီးနောက် ယခုတစ်ဖန် လျှပ်စစ်မီးကို အပိုင်းလိုက် အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်၍ မစိုးရိမ်ကြရန် စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့  ထပ်မံ ကြေညာချက် ထုတ်ပြန်သည်။


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မတ်လ ၆ ရက်နေ့  အများပြည်သူသို့ပန်ကြားချက်တွင် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ လျှပ်စစ် ဓာတ်အား ဝန်အားထိန်းညှိ လျော့ချမောင်းနှင်ခြင်းအတွက် အချို့သောနေရာများတွင် အပိုင်းလိုက်၊အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြည်သူ လူထုအနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြပါရန် အသိပေးပန်ကြားအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ထပ်မံ သတင်းထုတ်ပြန်သည်။ 


ယမန်နေ့ညပိုင်း ကြေညာချက်တွင် လာမည့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ  တစ်ပတ် လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဖြစ်ကြောင်း အကြမ်း ဖက်စစ်ကောင်စီက ကြေညာသည်။ 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊‌ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်း ဓာတ်ငွေ့တွင်းများမှ သဘာ၀ဓာတ်ငွေ့အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ် ထုတ်လုပ်နေကြောင်း၊ ထပ်မံ တွေ့ရှိရသည့် သဘာ၀ဓာတ်ငွေ့တွင်း သစ် ၂ ခုမှ ဓာတ်ငွေ့များကို ဓာတ်အားထုတ်လုပ်နိုင်ရေး ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သဘာ၀ဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နေမှုတချို့ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊  ထို့ကြောင့် လျှပ်စစ်ဓာတ်အားကို မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း အချို့သောနေရာများတွင် ၂၄ နာရီ မီးပြတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ 


လက်ရှိတွင် LNG ဓာတ်အားပေးစက်ရုံများတွင် LNG စျေးနှုန်းမြင့်တက်မှုကြောင့် မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်ထားကြောင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိသော ဓာတ်အားမှာလည်း ဓာတ်အားလိုင်းများလည်း ဖောက်ခွဲခံထားရ၍ ပြင်ဆင်ရန် ကြိုးပမ်းနေရကြောင်း စစ်ကောင်စီက ကြေညာသည်။  


ယခင်က  အမြင့်ဆုံး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၂၀၀ ထုတ်လုပ်နိုင်ကြောင်း၊ လက်ရှိတွင် ဓာတ်အား ၂၁၇၇ မဂ္ဂါဝပ်သာ ထုတ် လုပ်နိုင်ကြောင်း၊ ဓာတ်‌ငွေ့ပိုက်လိုင်း သစ်များသွယ်တန်းရန်အတွက် ဓာတ်ငွေ့မှ လျှပ်စစ်ထုတ်လုပ်မှု ရပ်ဆိုင်းမည်ဖြစ်ရာ လျှပ်စစ်ဓာတ်အား ၁၃၀၄ မဂ္ဂါဝပ် ထပ်မံ လျော့နည်းမည်ဖြစ်ကြောင်း၊  တစ်နိုင်ငံလုံးတွင် ၈၇၃ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၄ နာရီ မီးဖြတ်တောက်မှုများဖြစ်ပေါ်မည်ဖြစ် ကြောင်း စစ်ကောင်စီက ကြေညာထားသည်။ 


လက်ရှိဓာတ်အားသုံးစွဲမှု လိုအပ်ချက်မှာ နေ့ဘက်တွင် အများဆုံး လျှပ်စစ် ဓာတ်အား ၃၄၀၀ မဂ္ဂါဝပ်၊ ညဘက်တွင် အများဆုံး ၃၆၀၀ မဂ္ဂါဝပ်ရှိကြောင်း၊ တစ်ရက်တာ ပျှမ်းမျှ ဓာတ်အားသုံးစွဲမှု ၂၆၀၀ မဂ္ဂါဝပ် သုံးစွဲလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နှစ် ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ အစည်းအဝေးများနှင့်ဖွင့်ပွဲများတွင်  မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကား စီမံကိန်း အကောင် အထည်ဖော်မည်ဖြစ်ကြောင်း၊နေပြည်တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲမည်ပြောဆိုခဲ့သည်။


ရန်ကုန်-ပြည် ရထားကို လျှပ်စစ်ရထား ပြေးဆွဲမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း နေပြည်တော်တွင်  လျှပ်စစ် ရထားလမ်းဖောက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။


၂၀၂၁ နှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က “တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ကားတွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တစ်ခုပြီးရင် အဲဒါကိုကြေညာပါ့မယ်။”ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ 


မင်းအောင်လှိုင်၏ လျှပ်စစ်ရထားနှင့်လျှပ်စစ်ကား စီမံကိန်းများကို ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပင် မှန်မှန်မပေးနိုင်၍ ပြည်သူများအကြား လှောင်ရယ်စရာအဖြစ် လူမှုကွန်ရက်များတွင် ဝေဖန်မှုများ တရှိန်ထိုးမြင့်တက်လျက်ရှိနေကြောင်း သိရှိရသည်။


ဆက်ဖတ်ရန် →

မြန်မာဟာ ယူကရိန်းလို ဖြစ်လာမလား ပူတင်ရဲ့သင်ခန်းစာကို လက်တွေ့မြင်လိုက်ရတဲ့ ကျင်ဖင့်

​နွေဦးတော်လှန်ရေးမှသည်

ယူကရိန်း ရုရှစစ်ပွဲဆီသို့ အတွေးစများ


ဘိုင်တန်ဟာ ယူကရိန်း NATO ထဲဝင်ဖို့ကို ဟ ပေးတယ်

ယူကရိန်းကလဲဝင်ချင်တာပေါ့ သူကရုရှရန်ကြောက်တယ်

လေ တရားဝင် NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာရင် ရုရှဟာ

ယူကရိန်းကို ၂၀၁၄ က ကရိုင်းမီးယား ကျွန်းဆွယ်ကိုဝင်

သိမ်းသလို သိမ်းမရတော့ဘူး


ရုရှဘက်ကကြည့်ရင် သူ့နိုင်ငံလုံခြုံရေးအရ ယူကရိန်းမှာ

သူ့ဩဇာခံ အစိုးရရှိမှကိုဖြစ်မယ် ယူကရိန်း NATO ထဲပါ

သွားလို့မရဘူး ဒါပေမယ့်လဲ လက်ရှိယူကရိန်းသမ္မတက

အနောက်ဘက်ယိမ်းတယ်


ဘိုင်တန်တို့ကမြှောက်ပေးတယ် လာခဲ့လက်ခံမယ်လုပ်ပြီး

ပူတင်ကိုဆွတယ် ပူတင်ကလဲ ဝင်ရဲဝင်ကြည့်ချမယ်လုပ်

တယ် ပူတင်အရင်ကလဲ ပိုလန်မှာခံခဲ့ရပြီးပြီ ပိုလန်မှာ

NATO ဒုံးကွင်းတွေထားတော့ ရုရှကအသည်းအသန်ကန့်

ကွက်တယ် မရပါဘူး ဒီသင်ခန်းစာယူပြီး ပူတင်ဟာ ယူ

ကရိန်းကိုပိုလန်လို အဖြစ်မခံတော့ဘူး


ကမ္ဘာ့အရေးဘက်ပြန်ကြည့်ရင်လဲ တရုတ်ကအင်အား

ကောင်းနေပြီ ရုရှကလဲ ဆိုဗီယက်ခေတ်ကလို ဂျောက်ဂျက်မဟုတ်တော့ဘူး စီးပွားရေးအတော်အတန်တောင့်လာတယ် သူတို့နှစ်နိုင်ငံ တောင့်လာရင် ရေရှည်မှာ

အမေရိကန်နဲ့ ဥရောပကထိန်းနိုင်မှာ မဟုတ်တော့ဘူး


ဒီတော့

ယူကရိန်းကိုမျှားပြီး ရုရှ ဒုက္ခရောက်အောင် ဘိုင်တန်တို့

ပူတင်နဲ့ကျင်ဖင့်ကို ကျုံးသွင်းတော့တယ် ယူကရိန်းကို

ရုရှကျူးကျော်တယ် မကျူးစေချင်ရင် စထဲက NATOနဲ့

တန့်လို့ရတာပဲ စစ်ပွဲဟာ အခုထချလို့ရတာမှမဟုတ်တာ

ထိရောက်အောင် ကာကွယ်မပေးဘူး ရုရှကျူးတော့ ယူကရိန်းအတွက် ဒရမ်မာတွေချိုးတော့တာပဲ လက်နက်တွေ

တော့ပို့ပေးတယ် ပို့တာဘာလုပ်လို့ရမလဲ ယူကရိန်းကြေ

တော့တာပဲ


အဲ့တော့ ပူတင်လဲ လူကြမ်းကြီးဖြစ် ဝိုင်းပိတ်ဆို့လိုက်တာ

ရုရှစီးပွားရေး နေ့ချင်းညချင်း ကျုံသွားသလို နိုင်ငံခြားအ

ရံငွေတွေ စီးပွားရေးဒေါက်တိုင်တွေရဲ့ ပိုင်ဆိုင်မူ့တွေဟာ

အငွေ့ပျံကုန်တယ် ပူတင်ဟာယူကရိန်းသိမ်းလိုက်နိုင်လဲ

သူ့ရုရှထဲဆွဲသွင်းမရဘူး ပူတင်ဩဇာခံ အစိုးရပဲထားပြီး

ပြန်မှာ


အမြတ်ထွက်မှာ ဘိုင်တန်ပဲ

ရုရှစီးပွားပျက် အင်အားနည်းသွားရင် တစ်ရန်အေးတာပေါ့ အခုကတော့ ယူကရိန်းလဲ NATO ဝင်မတိုက်ပေးသ၍ ရုရှကိုရေရှည်ခုခံဖို့မလွယ်ဘူး ဒါအမှန်တရားပဲ

ဘိုင်တန်ခေါ်တာကို ရိူးခဲ့တဲ့ ပူတင်ကတော့ အစားခံရလို့

ချွေးပျံနေပါပြီ


မြန်မာ့နွေဦးတော်လှန်ရေးဘက်ပြန်ကြည့်ရင်လဲ

ပွဲပြတ်စေချင်ကြာပြီ ကြင်စိုးတို့အခုထိရှင်သန်နိုင်အောင်

လုပ်ထားတာလဲ ဘိုင်တန်နဲ့ကျင်ဖင့် တို့ရဲ့ကြိတ်ဝိုင်းတစ်

ခုလိုပဲ အပြီးသတ်စေချင်ရင် လွယ်ပါတယ် ထိန်းထားတဲ့

ဒေါ်လာ တစ်ဘီလီယံ NUG ကိုပေး လက်နက်စပို့ပေး

ရပါတယ် ဒါအရိုးအရှင်းဆုံးနည်းပဲ


အခုက ကြင်စိုးလူပ်မအောင်ပိတ်ထားတယ် အမြစ်ဖြတ်ဖို့

ထိ အခွင့်အရေးမပေးဘူး ကျင်ဖင့်ဘာလုပ်မလဲ မျှားတယ် ကျင်ဖင့်ကပူတင်လိုမဟုတ်ဘူး ခေါ်ဖဲ ပစ်ဖဲမှန်းနား

လည်တယ် ဘိုင်တန်ခေါ်တဲ့နောက်လိုက်ရင် သူကွဲမှာသိတယ် ပူတင်လိုအမိုက်မခံဘူး


အာတော့ သူလဲဖောလိုကစားနေတယ်

ကြင်စိုးတို့ကတော့ တစ်နေ့ထက်တစ်နေ့ အာဏာကျုံလာ

တယ် အငွေ့ပျံဖို့ပဲကျန်တော့တယ် စဉ်းစားစရာအချက်တစ်ခုက ဘိုင်တန်ဘက်က အရင်ထရိူးလိုက်ရင်တော့

မြန်မာဟာ ယူကရိန်းလို ဖြစ်လာမလား ပူတင်ရဲ့သင်ခန်းစာကို လက်တွေ့မြင်လိုက်ရတဲ့ ကျင်ဖင့် ဘယ်လိုဆက်ကစားမလဲဆိုတာ မကြာခင်ဆက်တိုက်တွေ့လာရပါတော့မယ်လို့


မုဆိုး လက်


ဆက်ဖတ်ရန် →

စစ်ကောင်စီ အသေအပျောက်များသည့် ဒီမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲ (ရုပ်သံ)

​


မဲခေါင်၊ မတ် ၆


ဒီမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီဘက်က အသေအပျောက်များခဲ့သည့် ရုပ်သံအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။


ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အရှင် ၂ ယောက်နှင့်အတူ လက်နက်များလည်း သိမ်းဆည်းရမိခဲ့သည်။


#MeKongNews


ဆက်ဖတ်ရန် →

နိုင်ငံတော် အရန်စက်သုံးဆီ ဂါလံ ၁၈ သန်းကို အာဏာသိမ်း စစ်တပ်အသုံးပြုရန်

​


နိုင်ငံတော် အရန်စက်သုံးဆီ ဂါလံ ၁၈ သန်းကို အာဏာသိမ်း စစ်တပ်အသုံးပြုရန်အတွက် ပေးအပ်ထားသော ကုမ္ပဏီများထံမှ ပြန်တောင်းခံကြောင်း သိရ

~~~~~~~~~~~


ထက်ခေါင်လင်း/ဧရာဝတီတိုင်းမ်

ရန်ကုန် ၊ မတ်လ ၆ ရက်


အာဏာသိမ်း စစ်ကောင်စီသည် လွန်ခဲ့သည့် ၇ နှစ်ကျော်က နိုင်ငံတော်ပိုင် အရန်စက်သုံးဆီ ဂါလံ သန်းနှင့်ချီသည့် ပမာဏကို စစ်တပ်နှင့် နီးစပ်သည့် ကုမ္ပဏီ ၅ ခုကို အခွန်မဲ့စနစ်ဖြင့် ပေးအပ်ထားခဲ့ရာမှ ပြီးခဲ့သည့်လကမှစပြီး လျှပ်စစ်ကဏ္ဍထုတ်လုပ်ရေးအတွက်ဟုဆိုပြီး အရန်ဆီ ဂါလံ ၁၈ သန်းကို အဆိုပါကုမ္ပဏီများထံမှ အချိုးကျနှုန်းဖြင့် ပြန်လည်တောင်းခံခဲ့ကြောင်း မြန်မာ့ရေနံလုပ်ငန်းဌာန၏ လျှို့ဝှက်ရုံးတွင်းစာအရ သိရသည်။


အဆိုပါ စက်သုံးဆီများသည် သန်လျင်ရေနံချက်စက်ရုံ ပိတ်သိမ်းစဉ်က စက်ရုံအတွင်း ရှိနေခဲ့သည့် စက်သုံးဆီများဖြစ်ပြီး ဂါလံ သန်းရာနှင့်ချီကို မြတ်မေတ္တာမွန်၊ Apex၊ Puma Energy Asia Sun၊ Max၊ Greenluck၊ Denko ကုမ္ပဏီများထံသို့ သိမ်းထားရန်ဆိုပြီး အချိုးကျ ပေးအပ်ခဲ့ကြောင်း သိရသည်။


" အရန်ဆီကို ပြန်တောင်းတဲ့ ခေါင်းစဉ်ကတော့ လျှပ်စစ်လိုအပ်ချက်အတွက် ပြန်ထုတ်ပေးဖို့ပဲလို့ ဆိုတယ်။ ဒါပေမယ့် ထုတ်ယူလိုက်တဲ့ အများစုကတော့ စစ်တပ်အသုံးပြုဖို့ချည်းပဲ။ လျှပ်စစ်ဌာနကို ဘယ်လောက်ရောက်လဲတော့ ကျနော်တို့မသိဘူး။ ကျနော်တို့ဌာနကလူတွေလည်း သယ်ယူပို့ဆောင်ရေး မလုပ်ရဘူး။ Denko က လူတွေချည်း သယ်ကြတာ’ ဟု သီလဝါရှိ မြန်မာ့ရေနံလုပ်ငန်းဝန်ထမ်းတဦးက ပြောသည်။


အဆိုပါညွှန်ကြားစာတွင် ချေးငှားသုံးစွဲလိုသည့်ကိစ္စနှင့်ပက်သက်ပြီး လျှပ်စစ်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စတင်ချေးငှားပေးထားသော နိုင်ငံတော်၏ အရန်ဆီများထဲမှ သုံးစွဲရန်အလို့ငှာ ထုတ်ပေးရမည်ဖြစ်ပြီး ကုမ္ပဏီများမှ စက်သုံးဆီ ဂါလံ ၁၈ သန်းကို ထုတ်ပေးရန် စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ မချိန်မှီ ထုတ်ပေးနိုင်စေရန် အကြောင်းကြားသည်ဟု ပါရှိသည်။


သို့သော်လည်း အမှန်တကယ်အားဖြင့် ယခင် ၇ နှစ်ခန့်က နိုင်ငံတော်အရန်ဆီအဖြစ် ထားရှိရေး ကုမ္ပဏီများကို ပေးအပ်ခဲ့သော်လည်း ယခုထုတ်ယူသည့် ဂါလံ ၁၈ သန်းကို နိုင်ငံတော်အနေဖြင့်ပင် ပြန်လည်ဖြည့်တင်းပေးရမည်ဖြစ်ကြောင်း ဌာနတွင်းသတင်းများအရ သိရသည်။


" သူတို့အခုထုတ်တယ်ဆိုတာ ကုမ္ပဏီတွေကို ပြန်ဖြည့်ပေးရမယ်။ ကုမ္ပဏီတွေက ဟိုးအရင်ထဲက အလကား ရထားတဲ့ ဆီတွေလိုဖြစ်နေတယ်။ အဲ့ဆီတွေနဲ့ ဈေးကွက်ထဲ လှည့်ရောင်းနေကြတာ။ အဲ့ဒီအတွက် နိုင်ငံတော်လည်း ဘာမှအကျိုးအမြတ်မရဘူး။ အခွန်မရဘူး။ ဒါက နိုင်ငံတော်အရန်ဆီ၊ အခုထုတ်သုံးဖို့ပေးလို့ ဆိုပေမယ့် ပြန်ဖြည့်ပေးရမယ်" ဟု သီလဝါရှိ စက်သုံးဆီကုမ္ပဏီတခုမှ ဝန်ထမ်းတဦးက ပြောသည်။


သီလဝါဆိပ်ကမ်းတွင် မြတ်မေတ္တာမွန်၊ Apex၊ Puma Energy Asia Sun၊ Max၊ Greenluck၊ Denko စသော ကုမ္ပဏီများ၏ ဆီသိုလှောင်ကန်များ တည်ရှိနေပြီး မြန်မာနိုင်ငံအနှံ့ စက်သုံးဆီများကို ဖြန့်ဖြူးပေးနေပြီး သီလဝါဆိပ်ကမ်းကို အာဏာသိမ်းစစ်တပ်မှ ရေတပ်သားများက လုံခြုံရေး တင်းကျပ်စွာ ကိုင်တွယ်နေလျှက်ရှိသည်။


ထို့အပြင် ယခုနောက်ပိုင်းတွင် သီလဝါဆိပ်ကမ်း၊ လေယာဉ်ဆီတင်ပို့မှု၊ ရေတပ်လှုပ်ရှားမှုများနှင့် ပက်သက်ပြီး သတင်းမီဒီယာများကို ပေါက်ကြားခြင်းမရှိစေရန်အတွက် စစ်ကောင်စီဝန်ထမ်းများအပြင် ကုမ္ပဏီဝန်ထမ်းများကိုပါ ထပ်မံညွှန်ကြားထားပြီး ပေါက်ကြားမှု ပေါက်ပေါက်ခဲ့ပါက နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့်ပင် အရေးယူမည်ဟု ထုတ်ပြန်ထားသည်။ 


ထို စစ်တပ်အတွက် အထောက်အပံ့ပေးနေသည့် ကုမ္ပဏီများအဖြစ် မြတ်မေတ္တာမွန်၊ Apex၊ Puma Energy Asia Sun၊ Denko နှင့် ရွှေဗျိုင်းဖြူ ကုမ္ပဏီများအဖြစ် သတင်းများ ထွက်ပေါ်နေသော်ပြီး အမျိုးသားညီညွတ်ရေး အစိုး ရ NUG က စစ်ကောင်စီကို လေယာဥ်ဆီထောက်ပံ့မှုနှင့်ပတ်သက်၍ ပုဂ္ဂလိက စက်သုံးကုမ္ပဏီ ၆ခုကို အမည်ပျက်စာရင်းသွင်းထားပြီး ထပ်မံစိစစ်ကာ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံ - လူမှုကွန်ရက်

#Ayeyarwaddy_Times


ဆက်ဖတ်ရန် →

တိုက်ပွဲများ ရပ်တန့်ရန် ယူကရိန်းကို ရုရှားသမ္မတ ပူတင် တိုက်တွန်း၊

​အမေရိကန်-ယူကရိန်း နှစ်နိုင်ငံ သမ္မတ ဖုန်းဖြင့် ထပ်မံဆက်သွယ်ဆွေးနွေး


(乌克兰局势)最新动态:普京敦促乌克兰停止战斗 美乌总统再次通话


ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)

 

ယူကရိန်းဘက်က တိုက်ခိုက်မှုများ ရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေးလှုပ်ရှားမှု ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။


အမေရိကန်အစိုးရက ယူကရိန်း လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကူအညီများကို အားဖြည့်ဆောင်ရွက်နေကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မတ် ၅ ရက်တွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဖုန်းဖြင့်ဆက်သွယ်စဉ် ပြောကြားခဲ့သည်။  

 

___   ဒွန်ဘတ်စ်မှ မရီဥပိုလ်သို့ဆက်သွယ်ထားသည့် ပင်မ သဘာဝဓါတ်ငွေ့ပိုက်လိုင်း မတ် ၆ ရက်က တိုက်ခိုက်ခံရကြောင်း၊  ဒွန်ဘတ်စ်ဒေသ အနောက်ဘက်မှ ဇာပိုရေဇီးယားပြည်နယ် Berdianskမြို့တစ်လျှောက် အနီးတစ်ဝိုက်လူနေဒေသများတွင် သဘာဝဓါတ်ငွေ့ပံ့ပိုးမှု အမြန်ဆုံးပြတ်တောက်သွားနိုင်ကြောင်း ယူကရိန်းရှိ Interfax သတင်းဌာနက ယူကရိန်းဒေသခံအရာရှိတစ်ဦး၏ သတင်းကို ကိုးကားဖော်ပြထားသည်။

 

___   ရုရှား သမ္မတ ပူတင်သည် မတ် ၆ ရက်က တူရကီ သမ္မတ အာဒိုဂန်နှင့်  ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။ ရုရှား၏အထူးစစ်ဆင်ရေးလှုပ်ရှားမှု အစီအစဉ်အတိုင်း လုပ်ဆောင်နေကြာင်း၊ ရုရှားစစ်တပ်က အရပ်သားလုံခြုံရေးကို တတ်နိုင်သမျှ အလုံးစုံဆောင်ရွက်နေကြောင်း ပူတင်က အလေးထားပြောကြားခဲ့သည်။ ယူကရိန်းဘက်က တိုက်ပွဲများရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေး ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ပူတင်က ဆိုသည်။ အာဒိုဂန်က အပစ်ခတ်ရပ်စဲရန် ပူတင်ကို တိုက်တွန်းခဲ့ပြီး ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြန်ဖွင့်လှစ်ပေးရန်နှင့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် တိုက်တွန်းပြောကြားခဲ့သည်။ တူရကီအနေဖြင့် ငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းရာတွင် အကျိုးဆောင်လိုကြောင်း အာဒိုအန်က ဆိုသည်။

 

___   အထူးစစ်ဆင်ရေးလှုပ်ရှားမှု လုပ်ဆောင်ပြီးနောက်ပိုင်း ယူကရိန်းရှိ စစ်ရေးအခြေခံအဆောက်အအုံများ ပစ်မှတ် ၂,၂၀၃ ကို ချေမှုန်းခဲ့ရာ ကွပ်ကဲရေးဌာနှင့် ဆက်သွယ်ရေးစင်တာ ၇၆၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၁၁၁ စုံ၊ ရေဒါစခန်း ၇၁ ခု ပါဝင်ကြောင်း ရုရှားကာကယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov ၏ မတ် ၆ ရက် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ထို့အပြင် မြေပြင်ရှိ လေယာဉ် ၆၉ စီး၊ ဝေဟင်တွင် ပျံသန်းနေသည် လေယာဉ် ၂၄ စီးနှင့် မောင်းသူမဲ့ ဒရုန်းယာဉ် ၆၂ စီး၊ တင့်ကားနှင့်အခြားသံချပ်ကာယာဉ်စသည့် ၇၇၈ စီးကို ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

 

___   ဗြိတိန် စေတနာ့ဝန်ထမ်းစစ်သည်များ ယူကရိန်းကို ရောက်ရှိနေပြီဖြစ်ရာ ၎င်းတို့က ယူကရိန်းစစ်တပ်နှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယူကရိန်း ကြည်းတပ်က မတ် ၆ ရက် လူမှုကွန်ရန်မီဒီယာတွင် ထုတ်ပြန်ပြောကြားခဲ့သည်။စေတနာ့ဝန်ထမ်းစစ်သည်အများစုမှာ ဗြိတိန်တော်ဝင်ရေတပ်က အငြိမ်းစား မရိန်းတပ်သားများ ဖြစ်ကြောင်း ယူကရိန်းမီဒီယာများ၏ဖော်ပြချက်များအရ သိရသည်။

 

___  မတ် ၆ ရက် ၁၀ နာရီမှ ၂၁ နာရီအထိ မရိဥပိုလ်တွင် အပစ်ခတ် ရပ်စဲမည်ဖြစ်ကြောင်း ယူကရိန်း မရီဥပိုလ်မြို့တော်ကောင်စီ၏ မတ် ၆ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းနေ့ နေ့လည်ပိုင်း ၁၂ နာရီတွင် စတင်ပြီး ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြမည်ဖြစ်ကြောင်း ဆိုသည်။

 

___  ဂျာမနီတွင် မှတ်ပုံတင် လက်ခံထားသည့် ယူကရိန်းပြည်သူ ၃၇,၇၈၆ ဦးရှိရာ ၎င်းမှာ ပြီးခဲ့သည့်ရက်ကထက် လူပေါင်း ၁ သောင်းနီးပါး ထပ်တိုးလာကြောင်း ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက မတ် ၆ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ လက်တွေ့တွင် ယူကရိန်းက ဂျာမနီကို ဝင်ရောက်သည့်အရေအတွက်သည် ယင်းကိန်းဂဏန်းထက် ပို၍ များပြားနိုင်ကြောင်း ဆိုသည်။

 

___  အမေရိကန် သမ္မတ ဘိုင်ဒန်သည် မတ် ၅ ရက်က ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဖုန်းဖြင့် ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။ ဘိုင်ဒန်က အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကူအညီများကို အားဖြည့်ပေးနေကြောင်းနှင့် ယူကရိန်းအတွက် လုံခြုံရေး ထပ်ဆောင်းရန်ပုံငွေ ပံ့ပိုးမှု ဖော်ဆောင်ရန် လွှတ်တော်နှင့်နီးကပ်စွာ ပူးပေါင်းဆာင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အမေရိကန်၏ ယူကရိန်းလုံခြုံရေးနှင့်ဘဏ္ဍာရေးအားပေးထောက်ခံမှု၊ ရုရှားအပေါ် ဆက်လက်ဆောင်ရွက်မည့် ပိတ်ဆို့မှုများကို ဘိုင်ဒန်နှင့် ဆွေးနွေးခဲ့ကြောင်း ဇယ်လန်းစကီးက လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။

 

___  အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တာလီ ဘန်းနက်သည် မတ် ၅ ရက်က မော်စကိုတွင် ရုရှားသမ္မတ ပူတင်နှင့် ယူကရိန်းအရေး တွေ့ဆုံဆွေးနွေးခဲ့သည်။ ပူတင်နှင့်တွေ့ဆုံဆွေးနွေးမှုအပြီး နာ့ဖ်တာလီဘန်းနက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ဇယ်လန်းစကီးက မတ် ၆ ရက် နံနက်ပိုင်း လူမှုကွန်ရက်မီဒီယာတွင် ထုတ်ပြန်ခဲ့သည်။ ယူကရိန်းမီဒီယာများ၏ ဖော်ပြချက်များအရ ဇယ်လန်းစကီး၏အဆိုပြုချက်အရ အစ္စရေးသည် ရုရှား-ယူကရိန်း ပဋိပက္ခ၏ ညှိနှိုင်းသူအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ မတ် ၅ ရက် ညပိုင်းတွင် နာ့ဖ်တာလီ ဘန်းနက်က ဘာလင်မြို့တွင် ဂျာမနီဝန်ကြီးချုပ် Olaf Scholzနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ရုရှား-ယူကရိန်းအရေး၌ နီးကပ်သည့် ဆက်သွယ်မှုများ ထားရှိရန် သဘောတူညီခဲ့ကြပြီး နှစ်ဖက်စလုံး၏ ဘုံရည်မှန်းချက်သည် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်ရေးဖြစ်ကြောင်း ဆိုသည်။

 

___  ဘိုင်ဒန်အစိုးရက အရေးပေါ်ရန်ပုံငွေအဖြစ် လွှတ်တော်ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တောင်းဆိုထားကြောင်း အိမ်ဖြူတော် စီမံခန့်ခွဲရေးနှင့်ဘတ်ဂျက်ရုံး၏ မတ် ၂ ရက် လွှတ်တော်သို့ ပေးပို့သည့် စာတစ်စောင်တွင် ဖော်ပြထားသည်။ ၎င်းတို့အနက် ကန်ဒေါ်လာ ၄.၈ ဘီလီယံကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို ချပေးမည်ဖြစ်ပြီး ယူကရိန်းသို့ စစ်ရေးအကူအညီ၊ ဥရောပ၌ တပ်စွဲထားသည့် အမေရိကန်စစ်တပ်၏အထောက်အပံ့နှင့် ပင်တဂွန်၏ထောက်လှမ်းရေး၊ ဆိုက်ဘာတိုက်ခိုက်မှုကာကွယ်ရေးစွမ်းရည်တို့အား မြှင့်တင်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း၊ ကန်ဒေါ်လာ ၅ ဘီလီယံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီသို့ ချပေးမည်ဖြစ်ပြီး ယူကရိန်းနှင့်အရှေ့ဥရောပဒေသရှိ အမေရိကန်မဟာမိတ်နှင့်မိတ်ဖက်များအတွက် လုံခြုံရေးနှင့်စီးပွားရေးထောက်ပံ့မှုတွင် အသုံးပြုမည်ဖြစ်ကြောင်း ၊ ကျန်ရှိသည် ကန်ဒေါ်လာ သန်း ၂၀၀ ကို အမေရိကန် စီးပွားကူးသန်း၊ စွမ်းအင်၊ တရားစီရင်ရေးနှင့်ဘဏ္ဍာရေးဌာနများကို ချပေးမည် ဖြစ်ကြောင်း ဆိုသည်။  (Xinhua)

  

#Ukraine,#Russia,#US,#xinhua,#xinhuamyanmar,#ယူကရိန်း,#ရုရှား,#အမေရိကန်,#ဆင်ဟွာ


ဆက်ဖတ်ရန် →

​ရုရှား ဗုံးမိုးရွာနေတဲ့ ယူကရိန်း မြို့ရွာတွေထဲ လူတွေ သိန်းပေါင်းများစွာ ပိတ်မိနေ



ရုရှားရဲ့ လက်နက်ကြီးဒဏ်တွေ အဆက်မပြတ် အပြင်းအထန် ခံနေရတဲ့ ယူကရိန်းနိုင်ငံ အနှံ့က မြို့ရွာတွေမှာ လူတွေ သိန်းနဲ့ချီ ပိတ်မိနေကြပြီး အတိဒုက္ခ ဆိုးရွားစွာ ကျရောက်နေပါတယ်။


ရုရှားရဲ့ အမြောက်ကျည်၊ ဒုံးကျည်တွေ ပစ်ခတ်မှုအောက်က ယူကရိန်း လူနေရပ်ကွက်တွေမှာ အရပ်သား ထိခိုက် သေဆုံးရမှုတွေ ဘယ်လိုမှ တားမနိုင် ဆီးမရ မြင့်မားနေပြီး၊ အသက်မသေပဲ ရှင်နေတဲ့ လူတွေဟာလည်း အငတ်ဘေး ဆိုက်လုလု အခြေအနေ ဖြစ်နေပါတယ်။


ယူကရိန်း မြောက်ပိုင်း၊ ကိယက်ဗ် မြို့တော် အနီးက အဲရ်ပင်မြို့ Irpin မှာ ဆိုရင် လူတွေဟာ တနိုင်တပိုင် အထုပ်လေးတွေ၊ သားသမီးငယ်တွေ၊ အိမ်မွေး ခွေးလေး ကြောင်လေးတွေ ပိုက်ပြီး ခြေကျင် ထွက်ပြေး ခဲ့ကြရပါတယ်။


ဒါပေမယ့်လည်း၊ မနေ့ တနင်္ဂနွေနေ့က ဆိုရင် အဲဒီ စစ်ဘေး ဒုက္ခသည်တွေ ပြေးရာလမ်း အဲရ်ပင်မြို့ပြင်မှာ လက်နက်ကြီးကျည် ကျပြီး ယောက်ျား၊ မိန်းမ၊ ကလေး အရွယ်စုံ သေဆုံးခဲ့ရတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ ရသူတွေက ပြောပါတယ်။ 


ယူကရိန်း အရှေ့ဘက်ခြမ်း ဆူ(မ)မီ Sumy ဆိုတဲ့ မြို့မှာ ရှိနေတဲ့ အိန္ဒိယကနေ ကျောင်းလာတဲ့ ကျောင်းသားတစ်ယောက်လည်း သူ အစာ သေချာ မစားရတာ သီတင်းတစ်ပတ်ကျော် သွားပြီလို့ ဘီဘီစီကို ပြောပါတယ်။


သူ့မှာ ရှိနေတဲ့ အဟာရဖြည့် ပရိုတိန်း အမှုန့်တွေကို နှင်းတွေနဲ့ အရည်ဖျော် သောက်ပြီး အခုရက်ပိုင်းတွေမှာ အသက်ဆက်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။


တောင်ဘက်ပိုင်း ဆိပ်ကမ်းမြို့ မာရီအူပူးလ် မြို့ကနေ ထွက်ပြေး လွတ်မြောက်လာတဲ့ မိသားစုတစ်စုကလည်း သူတို့ဟာ လျှပ်စစ်မရှိ၊ အနွေးဓာတ်မရှိ မြေတိုက်ခန်းထဲ သီတင်းတစ်ပတ်ကျော် ပိတ်မိနေခဲ့ပြီး အစာရေစာပါ နောက်ဆုံး ပြတ်လပ်သွားတဲ့ အိပ်မက်ဆိုးလိုမျိုး အတွေ့အကြုံကို ပြန်ပြောင်း ပြောပြပါတယ်။


အဲဒီ မာရီအူပူးလ်မြို့ထဲ ပိတ်မိနေတဲ့ အရပ်သားတွေ အားလုံး ဘေးကင်းရာ ခေါ်ထုတ်သွားနိုင်ဖို့ ကြိုးစားနေတာလည်း ၂ ရက်မြောက် ရှိပြီ ဖြစ်ပေမယ့် အခုထက်ထိ မအောင်မြင်သေးပါဘူး။ အဲဒီမှာ ဆက်ပြီး ပိတ်မိ နေဦးမယ် ဆိုရင် အရပ်သားတွေ အတွက် အခြေအနေဟာ မတွေးဝံ့စရာ ဖြစ်တယ်လို့ ဆိုပါတယ်။


ဒီအချိန်မှာ ရုရှားရဲ့ ပစ်ခတ်မှုတွေဟာ စစ်ရေးပစ်မှတ်နဲ့ အရပ်ဘက် လူနေရပ်ကွက်ရယ်လို့ ပိုပြီး မခွဲခြားတော့ပဲ အဆက်မပြတ် ပစ်ခတ်နေတာ ဖြစ်တယ်လို့လည်း ကိုယ်တွေ့ ကြုံနေရသူတွေက ပြောပါတယ်။


ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု ၁၀ ရက်ကျော် ကြာခဲ့ပြီးတဲ့နောက် ယူကရိန်းကနေ ထွက်ပြေးသွားကြရတဲ့ အရပ်သားပေါင်း တစ်သန်းခွဲ ကျော်သွားပြီ ဖြစ်ပါတယ်။


ရုရှားတပ်တွေဟာ အရပ်ဘက် ပစ်မှတ်တွေကို အခုအနေအထားထက်ကို ပိုပြီး တိုက်ခိုက်လာလိမ့်မယ် ဆိုပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမီယီယာ ဇယ်လန်စကီးက ပြောပါတယ်။


ရုရှားဟာ ယူကရိန်း မြို့ပြ လူနေ ရပ်ကွက်တွေရဲ့ အနီးတဝိုက်မှာ ရှိနေတဲ့ စက်ရုံအလုပ်ရုံတွေ အားလုံးကို ပစ်မှတ်ထား ဗုံးကြဲတာမျိုး၊ လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာမျိုးတွေ ဆက်ပြီး ကျူးလွန်မှာ ဖြစ်တာကြောင့် ဒါဟာ ... ကြံရွယ်ချက် ရှိရှိ သတ်ဖြတ်နေတာ ဖြစ်တယ်လို့ သမ္မတ ဇယ်လန်စကီးက ဆိုပါတယ်။ 


 “လူတွေအနေနဲ့ ထွက်မပြေးလို့ကို မဖြစ်၊ ထွက်သွားရမယ့် အခြေအနေမျိုးမှာ ကျရောက်နေပါတယ်။ လူတွေ ဘေးလွတ်ရာ ထွက်သွားနိုင်အောင် လမ်းကြောင်းတွေ ဖွင့်ပေးမယ် ဆိုတဲ့ ကတိစကားမျိုးတွေ ကြားခဲ့ရပေမယ့် လက်တွေ့ ဖြစ်မလာပါဘူး။ စာနာမှု လမ်းကြောင်းတွေ ဖြစ်လာမယ့် အစား သွေးတွေပဲ လွှမ်းသွားရတယ်” ဆိုပြီး သမ္မတဇယ်လန်စကီး စိတ်ခံစားမှု ပြင်းပြင်းထန်ထန်နဲ့ ပြောဆိုခဲ့ပါတယ်။ 


အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ ရုရှားရဲ့ ရန်လိုမှုကို မထိန်းချုပ်နိုင်ဘူးဆိုတာ ထင်ရှားလှတယ်လို့လည်း သမ္မတ ဇယ်လန်စကီးက နိုင်ငံတကာ မိသားစုကို ပြောပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ယူကရိန်းစစ် #ပူတင် #ရုရှား #ယူကရိန်းသမ္မတ #ဇယ်လန်စကီး


ဆက်ဖတ်ရန် →

သွေးကြွေးမှာဆွေးနွေးရန်မရှိ

​သေတွင်းထဲတွန်းပို့နေတဲ့ ငပုကို တပ်ရင်းလိုက်ပြောင်းလှဲ့ပြီး ပုန်ကန်ပြီး ပြည်သူရင်ခွင်ဝင်ချိန်တန်ပြီ။အသာစီးကနေမသာချည့်ဖြစ်လာနေပြီ။ ဘယ်လိုမှ ပြည်သူ့အားကိုမတွန်းလှန်နိုင်တော့ဘူး။


တတိုင်းတပြည်လုံးက PDF တွေကိုစပ်ရာစပ်ရာ  ရွာတွေကို မီးတင်ရှို့ရုံနဲ့ ဖြတ်လေးဖြတ် အောင်ပြီမထင်နေကြနဲ့။ ရွာတွေ မရှိရင် တောတွေ တောင်တွေထဲ နေပြီး မင်းတို့ကို ဆော်နေမှာပဲ။ ရွာတွေ မရှိရင် မြို့တွေက ထောက်ပံ့မှာပဲ။ 


မြို့တွေကိုတော့ မင်းတို့မီးရှို့လို့မရဘူး။ မီးဖြတ်တာလောက်နဲ့လည်း မြို့နေလူတန်းစားက စိတ်ဓာတ်ကျမယ်မထင်နဲ့။ မီးပြတ်လာခဲ့တာ နှစ်ပေါင်းများစွာမှာ အမေစုအစိုးရ ၅ နှစ်တာလောက်ပဲ မီးမှန်ခဲ့တာ။ 


ငသိန်းကြီးလက်ထက်ထိ လမ်းဘေးမှာမီးစက်ကြီးငယ် ထိုင်ပြီး မီးစက်သံ တညံညံ နဲ့ကျင့်သားရခဲ့ပြီးသား။


အမေစုလက်ထက် မီးလည်းမှန်လာရော မြို့ပေါ်မှာ ငသိန်းလက်ထက်ထိ မီးစက်သွင်းရောင်းစား အမြတ်ထွက်နေတဲ့ ခရိုနီတွေ စီးပွားစပျက် တာ....။မီးစက်စီးပွားပြီးတော့ ဓာတ်ဆီ ဒီဇယ် ကိုလက်ဝါးကြီးအုပ် လုပ်စားနေတဲ့ ခရိုနီကြီးငယ်တွေ ရန်ကုန်မှာ ကွီးဖြိုးက နိုင်ငံခြားကုမ္ပဏီတွေပါ ခေါ် သွင်းပြီး ဈေးပြိုင်ရောင်းခိူင်းမယ်ဆိုတော့ ....မြန်မာနိုင်ငံ စက်သုံးဆီ ဥက္ကဌ ဆိုတဲ့ ကောင်ကြီး ဘယ်လိုစောက်ဖောင်းထု သလည်း ....စစ်ခရိုနီဆီဆိုင်တွေ ဘယ်လို ဒေါသထွက်ကြလည်း မှတ်မိနေသေးတယ်။


ပြောချင်တာက NLD အစိုးရသည် ပြည်သူကိုသက်သာအောင် ချောင်လည်အောင် ကြိုးပမ်းအားထုတ်နိုင်လေ .... မင်းအောင်လှိုင်နဲ့ ခရိုနီပြည်ဖျက်အပေါင်းပါတို့ က အငြိုးတကြီးနဲ့ ရန်လိုလေ.... ဖျက်လိုဖျက်ဆီးလုပ်လေပဲ။


နောက်ဆုံး အာဏာသိမ်းထဲ့အထိဖြစ်လာတာမှာ ... စစ်သူခိုးတွေအပြင် ခရိုနီပြည်ဖျက် ဝိသမလောဘသားကြီးတွေရဲ့ ညှောင့်အားကြောင့်လည်းပါတယ်ဆိုတာ လူတိုင်းသိပြီးသား။


ဒါကြောင့် ပြည်သူ့ဒေါသက နေမြင့်လေအရူးရင့်လေဆိုသလို.... မင်းတို့ ရက်စက်လေ ..ခံပြင်းလေ....ပြန်ချချင်ကြလေပဲ။ ဒီကြားထဲမှာ အရိုးအရင်းလောက်ကိုက်ရပြီး မာန်ဖီ ဒလန်လုပ်ပေးနေတဲ့ အကာအကွယ်မဲ့နောက်လိုက်ခွေးတွေက ဒလန်ရှင်းလင်းရေးမှာ ခွေးသေဝက်သေ အရှော့ခံနေကြရတယ်။


စခ ရခ တွေက လည်း တနိုင်ငံလုံးကစစ်မြေပြင်တွေမှာ စစ်ရေးအတွေ့အကြုံတွေကို မုဆိုးစိုင်သင်သလို အသင်ခံရတဲ့ PDF လေးတွေက စိတ်ဓာတ် မြင့်မိုရ် တွေနဲ့ ပြန်တိုက်နေကြလို့ အလောင်းချင်းထပ်ပြီး သေနေကြတယ်။


ဒါတောင် လက်နက်အင်အားက မမျှသေးလို့။


အခု လက်နက်အင်အားက ပြည်တွင်းထုတ်ရော ပြည်ပ က ဝယ်တာရော PDF တွေလက်ထဲ တစတစ အဆင့်မြင့်ကိုင်နိုင်လာတဲ့ အချိန်မှာ ထောက်ပို့တပ်သားပြည်သူကလည်း ...ပြည်သူ့ဘက်သားသတင်းမီဒီယာတွေ ရဲ့ အင်နဲ့အားနဲ့ ဖော်ပြမှုတွေကြောင့် တော်လှန်ရေးပကတိ အခြေအနေကိုရှင်းလင်းစွာ အချိန်နဲ့တပြေးညီ သိနေကြတော့ ပိုပိုပြီး ထောက်ပံ့လာနေကြတာ.... 


ဒီတော့ မင်းတို့ စခ ရခ တွေနဲ့တကွ မိသားစုတွေ ဘဝ အသက်ရှည်ရှည်လေး နေချင်ကြသေးတယ်ဆိုရင်တော့.... တပ်ရင်းတပ်ဖွဲ့လိုက်ကိုငပုကိုပုန်ကန် ပြီး ပြည်သူ့ဘက်ပြောင်းဘို့ အချိန်မီလေး လုပ်ကြစေချင်တယ်။


PDF ဆိုတာ ဘိုးဘိုးအောင်ရဲ့ ဝ လုံးထက် ဆိုးတယ် စခ တို့။ 


ဘိုးဘိုးအောင် ဝ က မှ တလုံးဖျက်ရင် နှစ်လုံးပေါ်တာ.... ငါတို့ PDF လေးတွေ ဝ က တလုံးဖျက်ရင် အတွဲလိုက်ပေါ်သလို.... တရွာမီးရှို့ရင် ဘေးရွာတွေပါ အကုန် PDF ဖြစ်ကုန်ပြီး အင်အားပိုကြီး ....ပိုပြီး အငြိုးတကြီး စိတ်ဓာတ် တကြီးနဲ့ မင်းတို့ ကို ဒီမြေပေါ်က အပျောက်ကို ရှင်းကြတော့မှာ။


ဘာတဲ့.... သွေးကြွေးမှာဆွေးနွေးစရာမရှိဆိုတဲ့ အသံတွေဆိုတာ ...ငါတို့ နိုင်ခါနီး..နိုင်မယ်မှန်း သေချာလို့ ပြည်သူလူထုကြားမှာ ပဲ့တင်ထပ်လာတဲ့ အသံကွ။ 


ဒီအသံ အလကားပေါ်လာတယ်များထင်သလား။ နိုင်မယ်မှန်းသိလို့ကိုပေါ်လာတဲ့အသံ။


​#သွေးကြွေးမှာဆွေးနွေးရန်မရှိ 


ဒါပဲ။


SanMaung



ဆက်ဖတ်ရန် →

#ဂျာဗလင်တွေ ရော #NLAWတွေ ပါ ပဲလှော်ဝေသလိုဝေ

​


ယူကရိန်းလက်ထဲကို အနောက်အုပ်စုက


#ဂျာဗလင်တွေ ရော

#NLAWတွေ ပါ 

ပဲလှော်ဝေသလို

ပေါပေါများများကြီး  ဝေပေးလိုက်ပါပြီ။


ဂျာဗလင်တို့ NLAW တို့ဆိုတာ

သာမာန် လေယာဥ်ပစ်သေနတ်လို

RPGလို

စုတ်တီးစုတ်ပြတ် ရော့ကက်လောင်ချာ

မဟုတ်ဘဲ


ကိုယ်ပိုင်ထိန်းကျောင်းသွားလာနိုင်တဲ့

အဆင့်မြင့်  Missile စနစ်တွေ ဖြစ်တာမို့


NLAW နဲ့ ပစ်ခံထိတဲ့

တင့်ကား သံချပ်ကာကားဆိုရင်

လွတ်ဖို့ ခဲယဥ်း​ပြီး


ဂျာဗလင်နဲ့ အပစ်ခံရတဲ့

လေယာဥ် ရဟတ်ယာဥ့်ဆိုရင်လည်း

နောက်ဆုံးပေါ်  လေကာမပါဘူး

Speed မရဘူး ဆိုလို့ကတော့

သေဖွယ်ရာ ရှိတာပါဘဲ။


တချိန်ထဲမှာဘဲ

ရုရှားဖက်က Multiple Launcher

ဆိုတဲ့

ပဲ့ထိန်းစနစ်မပါ Missileလို မတိကျတဲ့ 

ရှေးဟောင်းရော့ကက်​​တွဲကြီးတွေနဲ့

အစုလိုက်အပြုံလိုက် ပစ်ခတ်ခြင်းဆိုတဲ့

Bombardment နည်းနဲ့

ပစ်ခတ်လာပြီဆိုတော့

ယူကရိန်းမြို့ပြစနစ်တွေ

အများကြီးကို ပျက်စီးကြရအုံးမှာ။


ကြာလေ

ပွဲက ပိုကြည့်ကောင်းလာလေပါဘဲ

( ကိုယ်မှ မခံရတာကိုးးးးး 😁😁😁)

နိုုင်ဇာမြင့်

ဆက်ဖတ်ရန် →

ဝါသ၀ ခေါင်းဆောင်သော အဖွဲ့ တိုက်ခိုက်ခံရပြီး ၃၀ ကျော် သေဆုံးနိုင်

​တန့်ဆည်တွင် လက်နက်ကိုင် မဘသ ဘုန်းကြီးအမည်ခံ ဝါသ၀ ခေါင်းဆောင်သော အဖွဲ့ တိုက်ခိုက်ခံရပြီး ၃၀ ကျော် သေဆုံးနိုင်


ရန်ကုန်၊ မတ် ၇  ခေတ်သစ်မီဒီယာ


စစ်ကိုင်းတိုင်း၊ တန့်ဆည်တွင် လက်နက်ကိုင် မဘသ ဘုန်းကြီးအမည်ခံ ဝါသ၀ ခေါင်းဆောင်သော အဖွဲ့ တိုက်ခိုက်ခံရပြီး ၃၀ ကျော် သေဆုံးနိုင်ကြောင်း တန့်ဆည် PDF က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 


မတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် တန့်ဆည် PDF ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကဘဲ၊ဘေရင်းကျေးရွာဘက်မှ ပျူစောထီးများနှင့်စစ်သားများ ထွက်ပြေးသွားကြောင်း ၊ ယင်းနောက် ဝါသ၀ ခေါင်းဆောင်သော လက်နက်ကိုင်အဖွဲ့ကို ဒုတိယအကြိမ် လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း၊  ဝါသ၀ အပါအဝင် စစ်သားနှင့်ပျူစောထီး ၄၀ ကျော်ထိမှန်ကြောင်း သိရှိရသည်။ 


"ဝါသ၀ဆိုတဲ့ ဘုန်းကြီးသေတယ်လို့ အတည်မပြုသေးဘူး။ သိုပေမယ့် သူတို့ဘက်က ၃၀ ကျော်သေတာတော့ Confirmဖြစ်တယ်" ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 


ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တန့်ဆည်မြို့နယ်၊ ရတနာကံမြင့်ထယ်ကျောင်း တိုက်တွင် ပစ္စတိုလွယ်ပြီး စည်းရုံးနေသော ဘုန်းကြီးများတွင် မဘသ အစွန်း ရောက် ဝါသ၀ ပါဝင်ကြောင်း၊  ကန့်ဘလူမြို့နယ် မှော်တော်ရွာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ကြောင်း ၊ အမျိုးသားရေး  တက်ကြွ လှုပ်ရှားသူဖြစ်ပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်းတွင်လည်းကောင်း၊  ငါးရာငါးဆယ်ဆရာတော် အမည်ခံ၍ လက် နက်ကိုင်ပြီး လူသတ် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း  သိရှိရသည်။


ဓာတ်ပုံ- လက်နက်ကိုင် မဘသ ဘုန်းကြီးအမည်ခံ အစွန်းရောက် ဝါသ၀ ပစ္စတိုလက်နက်ကိုင်ဆောင်ထားစဉ်။


ဆက်ဖတ်ရန် →