ရုရှားစစ်သားများယူကရိန်းမိစဉ်😅
ဧရာဝတီ 4 March 2022
စစ်ကိုင်းတိုင်းအတွင်း “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့် ကျေးရွာများကို မီးရှို့ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအားရှင်းလင်းရန် နေပြည်တော်ရှိ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ပိုင်းများက ကြံစည်နေကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
မကြာခင်ရက်ပိုင်းက စစ်ဘက် အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် လာမည့် မတ်လ ၂၇ ရက်၊ တပ်မတော်နေ့ မတိုင်မီ ကာလအတွင်း စစ်ကိုင်းတိုင်းကို အပြီးရှင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ အတွင်း သတင်းရင်းမြစ်များထံမှတဆင့် ဧရာဝတီက ရရှိခဲ့သည်။
ပုလဲမြို့နယ်ထဲမှ PDF ခေါင်းဆောင် ဗိုလ်နဂါးကတော့ မတ်လ ၂၇ ရက်မတိုင်မီကာလအတွင်း စစ်ကိုင်းတိုင်းအတွင်း ရှိ PDF များအား အပြီးချေမှုန်းပစ်ရန် စစ်ကောင်စီဘက်က စီစဉ်နေကြောင်း ကြားရသော်လည်း တကယ် စစ်ကြောင်းထိုးလာမည်၊ မလာမည်ကို ယတိပြတ်မပြောနိုင်ဘဲ စောင့်ကြည့်ထားသည်ဟုဆိုသည်။
ဗိုလ်နဂါးက “သေချာတာကတော့ ကျနော်တို့ စစ်ကိုင်းတိုင်းအနေနဲ့က လွတ်မြောက်ရေးကိစ္စမှာ တတိုင်းလုံးနီးပါးမှာ ရှိတဲ့လူတွေက နာကျည်းချက်က ပေါက်ဖွားလာတယ်။ အဲဒါက လျော့ပါးသွားမှာတော့မဟုတ်ဘူး။ တတိုင်းလုံးမှာရှိတဲ့ လူဦးရေပမာဏရဲ့ ၈၀ ရာခိုင်နှုန်းက နာကျင်မှုတွေနဲ့ သူတို့ရဲ့ ယုတ်မာမှုတွေကို မျက်မြင်ကိုယ်တွေ့တွေ့ထားရတာ။ ကျနော်တို့အနေနဲ့ ဘယ်တော့မှ တော်လှန်ရေးကို လက်လျှော့မှာမဟုတ်ဘူး” ဟု ဆိုသည်။
စစ်ကောင်စီ၏ ထိုးစစ်အား မည်ကဲ့သို့ ခုခံရင်ဆိုင်မည်ကို ပုံသေဗျူဟာ ချမထားဘဲ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုကို စောင့်ကြည့်ကာ လိုအပ်သည့် တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်နဂါးက ပြောသည်။
လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းအတွင်း ခြေလျင်စစ်ကြောင်း နှင့်သာမက လေကြောင်းပစ်ကူများ၊ လေကြောင်းမှတဆင့် စစ်သည်များချကာ ရွာများအတွင်း စီးနင်းခြင်းများ လုပ်ဆောင်နေကြောင်း မြေပြင်သတင်းများအရသိရသည်။
ယင်းမာပင်မြို့နယ်ထဲမှ အာဏာသိမ်းမှုဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေးသမားတဦးဖြစ်သူ ကိုဖိုးစီက စစ်ကောင်စီတပ်သည် စစ်ဆင်ရေးတရပ်ဖြင့် အကုန်သတ်၊ အကုန်မီးရှို့လုပ်လာနိုင်ချေရှိမရှိကို ၎င်းအနေနှင့် မခန့်မှန်းတတ်သော်လည်း လက်ရှိတွင် စစ်ကောင်စီတပ်များသည် ၎င်းတို့ဝင်သည့် ကျေးရွာများ၌ ဒေသခံအချို့ကို သတ်ဖြတ်ခြင်း၊ အရပ်သားပိုင်ပစ္စည်းများလုယက်ခြင်းနှင့် နေအိမ်မီးရှို့ခြင်းများကို လုပ်ဆောင်နေကြောင်း ဆိုသည်။
ကိုဖိုးစီက “ကျနော်တို့ကတော့ ဖက်ဒရယ်အတွက် တိုက်ပွဲဝင်နေတာဖြစ်လို့ လက်နက်မချဘူး။ ဆက်လက်ပြီးတော့ တွန်းလှန်နေတာပဲ။ ရဟန်းတွေ၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက်ကတော့ ကျနော်စိုးရိမ်ပါတယ်။ သူတို့က တနိုင်ငံလုံးအတိုင်းအတာမှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာရှိတယ်။ သက်ကြီးရွယ်အိုတွေကိုလည်း သတ်ဖြတ်ညှင်းဆဲတာရှိတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာပါကလည်း အမာရှောင်၊ အမွတိုက်သည့် ပြောက်ကြားနည်းစနစ်ဖြင့်သာ ခုခံမှုလုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၎င်းက “အခုလက်ရှိရင်ဆိုင်နေရတာက ကျနော်တို့က တိုက်စစ်မဖွင့်နိုင်ဘူးဗျ။ အဖြစ်လောက်ပဲ ကစားနေရတာ။ ကစားကွက်က တည်မရဖြစ်နေတာ။ ထိုးစစ်တခုလာမယ်ဆိုရင် ကျနော်တို့မှာက လက်နက်ခဲယမ်းက မပြည့်စုံသေးဘူးဗျ။ ဟိုနေ့ ပျောက်ကြားနဲ့ မိုင်းခွဲမယ်။ ဒီနေ့ပျောက်ကြားနဲ့ မိုင်းခွဲမယ်။ ဒီလိုမျိုးပဲ ကစားသွားရမှာပေါ့။ ကျနော်တို့ ပြန်ထိုးစစ်ဆင်ဖို့မှာ လက်နက်ခဲယမ်းက မရှိဘူး။ အများဆုံးသုံးနေရတာက တူမီးပဲ သုံးနေရတာ၊ အဝေးလည်းပစ်လို့မရဘူး” ဟု ရှင်းပြသည်။
မကြာသေးသည့် ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ချင်းပုန်းရွာတွင် PDF များ သင်တန်းပေးနေသည်ဆိုသည့် ယူဆချက်ဖြင့် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သလို စစ်သားများနှင့်လည်း ရွာအတွင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
အဆိုပါရွာတွင် စစ်တပ်က ၂ ရက်ကြာတပ်စွဲခဲ့ပြီး ဒေသခံများအား သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများသာမက မူကြိုအရွယ် ကလေး ၈၀ ကျော်ကိုလည်း ပြန်မလွှတ်ဘဲ ဖမ်းဆီးခဲ့သေးသည်။
စစ်တပ်က ပြန်လည်ထွက်ခွာသွားသည့်နောက် ကလေးများကို ပြန်လွှတ်ပေးခဲ့သော်လည်း ချင်းပုန်းရွာတွင် ရွာခံ ၉ အသတ်ခံခဲ့ရပြီး နေအိမ် ၅ လုံး၊ ကား ၅ စီးနှင့် ဆိုင်ကယ်အစီး ၆၀ ခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများထံမှသိရသည်။
ချင်းပုန်းရွာမှ ပြန်ထွက်သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ရပ်တန့်မနေဘဲ ယင်းမာပင်မြို့နယ် သပြေအေးရွာသို့ ဆက်လက်ဝင်ရောက်ကာ အဆိုပါရွာတွင် နေအိမ်မီးရှို့ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ဆက်လက်လုပ်ဆောင်ခဲ့ပြန်သည်။
လတ်တလော Facebook လူမှုကွန်ရက်တွင်လည်း စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုကို စစ်ကောင်စီတပ်က အင်တာနက်ဖြတ် တောက်ပစ်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားသော အချက်အလက်များ အရ ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၉ ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်၌လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အစုလိုက်အပြုံလိုက် အသတ်ခံရမှုများကြောင့် အရပ်သား ၁၄၀ ဦးထက်မနည်း သေဆုံးထားကြောင်း ISP- Myanmar ၏ ဖေဖော်ဝါရီ ၁၁ ရက်ထုတ် စာတမ်းတွင် ဖော်ပြထားသည်။
.
ဧရာဝတီ 4 March 2022
Crd
#နောင်ရိုး🎯
ယခုနှစ်ကုန်အထိအပစ်ရပ်ထားကြောင်း နစကအစိုးရကကြေငြာနေသော်လည်း ကျေးရွာလူနေအိမ်များကို နစက စစ်သားတွေ မီးရှို့နေမှုနှစ်ကုန်အထိရပ်ဆိုင်းရန်အစီအစဥ် ရှိ/ မရှိ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုသတင်းထောက်မေးမြန်း
၂၀၂၂ နှစ်ကုန်အထိ စစ်ကောင်စီက တိုင်းရင်းသားမျိုးနွယ်စုများနှင့် အပစ်ရပ်ထားကြောင်း နစကအစိုးရကကြေငြာနေသော်လည်း ကျေးရွာလူနေအိမ်များကို နစက စစ်သားတွေ မီးရှို့နေမှုနှစ်ကုန်အထိရပ်ဆိုင်းရန်အစီအစဥ် ရှိ/ မရှိ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုသတင်းထောက်မေးမြန်းမှု့အပေါ်. ,,.
ခင်ဗျားက ဘာသဘောနဲ့မေးတာလဲ၊ ပြောစမ်းပါ.... ခင်ဗျားတို့ ဘာဖြစ်ချင်လဲ ဟုဒေါသဖြင့်ပြောဆိုပြီး
မြန်မာ့တပ်မတော် ဆိုတာ အသားလွတ်မီးရှို့လူ thartနေတဲ့အဖွဲ့အစည်းမဟုတ်ဘူး၊ PDF တွေစုဖွဲဲ့ပြီးနေတဲ့နေရာတွေကို ရှင်းလင်းရေးလုပ်တဲ့အနေနဲ့ မီးရှို့ဖျက်ဆီးနေရတာပဲရှိတယ်၊ ခင်ဗျားတို့ နောက်
နောင် သတင်းစာရှင်းလင်းပွဲတွေမှာ တပ်မတော်ကို စော်ကားထိခိုက်တဲ့စကားအသုံးအနှုနှ်ုး မျိုးမပြောမိအောင်ဆင်ခြင်ပြီးမေးပါ။ ကျွန်တော် ဒါလောက်ပဲပြောချင်တယ်ဟု သတင်းပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောဆိုသည်။🤣🤣🤣💩
#သတင်းပြန်ကြားရေး #ရပ်ရွာတွေမီးလိုက်ရှို့
#မြန်မာ့တပ်မတော်ကို #စော်ကားထိခိုက်
ရဲဇော် 🇱🇷
ယူကရိန်းကို ရုရှားကျူးကျော်မှု - မတ်လ ၆ ရက်၊ ယူကရိန်းဒေသစံတော်ချိန် မနက် ၆ နာရီ၊ ၂၅ မိနစ်မှာ သိရှိရသမျှ
- ယူကရိန်းသမ္မတ ဇလန်းစကီးက သူနဲ့အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့စကားပြောဆိုထားပြီး ယူကရိန်းကို ပိုထောက်ပံ့ဖို့ အမေရိကန်ကွန်ဂရက်စ်လွှတ်တော်ကနေ လုပ်ဆောင်နေတယ်လို့လည်း ပြောတယ်လို့ဆိုပါတယ်။
- ယူကရိန်းသမ္မတဇလန်းစကီးက သူ့နိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ အမေရိကန်လွှတ်တော်အမတ် ၃၀၀ နီးပါးနဲ့ ဗီဒီယိုကနေ တဆင့်တွေ့ဆုံချိန်မှာ ထပ်လောင်းတောင်းဆိုလိုက်ပြန်ပါတယ်။ အမေရိကန်ပါဝင်တဲ့ မြောက်အတ္တလတ္တိတ်စာချုပ်အဖွဲ့(နေတိုး) ကတော့ ရုရှားနဲ့ ထိပ်တိုက်တွေ့ဆုံလာနိုင်တဲ့ ဒီလိုသတ်မှတ်မှုမျိုးကို ငြင်းထားပါတယ်။
- ရုရှားသမ္မတ ပူတင်ကတော့ ယူကရိန်းနိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန်သတ်မှတ်မှုမှန်သမျှကို စစ်ရေးဖော်ဆောင်မှုတစ်ခုအဖြစ်မှတ်ယူမယ်ဆိုပြီး ပြောထားပါတယ်။
- တစ်ချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံအနောက်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး အဲဒီက တောင်ပိုင်းမြို့ မာရီယူပူးလ်နဲ့ အရှေ့ပိုင်းမြို့ကြီးတွေဖြစ်တဲ့ ခါကိခ်နဲ့ဆူ့မိမြို့တွေကိုလည်း ရုရှားက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပါတယ်။
- ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ပြတ်သားနိုင်မာတဲ့ရပ်တည်ချက်ရှိဖို့ အိန္ဒိယနိုင်ငံလည်း ဖိအားပေးခံနေရပါတယ်။ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို ရှုတ်ချတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမဲခွဲဆုံးဖြတ်မှုမှာ အိန္ဒိယက မဲမပေးဘဲ နေခဲ့သလို ဒီအကြပ်အတည်းကို သံခင်းတမန်ခင်းနည်းနဲ့ဖြေရှင်းဖို့ တိုက်တွန်းပေမဲ့ ရုရှားလုပ်ရပ်ကို ဝေဖန်တာမျိုးတွေတော့ မပြောထားပါဘူး။
- ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှုစတင်ပြီးတဲ့နောက် နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်ဆိုင်ရာရုရှားသံတမန်တွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ အမေရိကန်က နှင်ထုတ်ခဲ့ပြီးနောက် အခုတော့ ရုရှားဟာ အဲဒီသံတမန်တွေကို လေယာဉ်နဲ့ ပြန်ခေါ်ထုတ်ဖို့ ပြင်နေပါတယ်။ သံတမန်တွေကို ပြန်ခေါ်မယ့်လေယာဉ်ကို အမေရိကန်လေပိုင်နက်ထဲဝင်ဖို့ ခွင့်တောင်းခဲ့ရတယ်လို့လည်း သတင်းတွေမှာဖော်ပြနေပါတယ်။
- ကမ္ဘာတဝန်း အင်တာနက်အွန်လိုင်းကနေ ငွေပေးချေနိုင်တဲ့ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ ဗီဇာနဲ့ မာစတာကဒ်တို့က ရုရှားနိုင်ငံထဲက သူတို့ရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆိုင်းငံ့လိုက်ပြီလို့ကြေညာလိုက်ပါတယ်။ ဒါဟာ နိုက်ကီနဲ့ဇာရာတို့လို ကမ္ဘာ့ထိပ်တန်း အဝတ်အထည်အသုံးအဆောင်တံဆိပ်တွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေက ရုရှားနဲ့လုပ်ငန်းတွဲလုပ်တာ ဆိုင်းငံ့လိုက်ပြီဆိုတဲ့နောက်ဆုံးကြေညာချက်ဖြစ်လာပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ရုရှား #ယူကရိန်း #သမ္မတဇလန်းစကီး #သမ္မတပူတင် #သမ္မတဘိုင်ဒန် #လေယာဉ်မပျံသန်းရဇုန်
ရုရှားဘက်ကမူလမျှော်မှန်းထားသလို၇၂နာရီအတွင်းယူကရိန်းမြို့တော်သိမ်းပိုက်ပြီး သမ္မတဇီလန်စကီးအစိုးရဖြုတ်ချအစိုးရအသစ်တင်ရေး ပျက်ပြယ်ဖို့များသွားပါပြီ။
သို့ပေမယ့်ရုရှားဘက်က၁၅၂မမအမြှောက်ကြီးတွေဖျက်အားပြင်းအမြှောက်ဒုံးလက်နက်ဆက်တိုက်ပို့ဆောင်နေပါတယ်။
ရုရှားဘက်လေကြောင်းအရေးသာမှုလဲရှိနေပါတယ်။
ယူကရိန်းဘက်မှာပြောက်ကျားစစ်အလွန်အားကောင်းလာပြီး လှည်းနေလှေအောင်းမကျန်ပြည်သူပါဝင်မှုနဲ့အတူအပြင်းထန် ခုခံတိုက်ခိုက်မှုကြောင့် ရုရှားတင့်သံချပ်ကာအများအပြားပျက်ဆီးကုန်ပါပြီ။
တာဝေးပစ်လက်နက်လေတပ်ပိုင်းရုရှားကသာပြီး
မြေပြင်ထိုးစစ်မှာယူကရိန်းဘက်ကရုရှားတပ်တွေကိုဖျက်ဆီးနိုင်ပါတယ်။
ဒါ့ထက်ထူးတာစစ်ပွဲရေချိန်အလှည့်ပြောင်းအဖြစ်
အနောက်နိုင်ငံတွေရဲ့လက်နက်ခဲယမ်းစက်သုံးဆီငွေကြေးပုံအောထောက်ပံ့မှုတွေပါ။
အခုနောက်ဆုံး ယူကရိန်းသမ္မတရဲ့ဖိတ်ခေါ်ချက်အရ နိုင်ငံတကာ ဘော်လန်တီရာတိုက်ခိုက်ရေးသမားတွေပါလာနိုင်ပါတယ်။
ဒါ့ကြောင့်ဒီစစ်ပွဲဆွေးနွေးခြင်းဖြင့်အဆုံးသတ်သို့မဟုတ်ရုရှားဘက်ကမြန်မြန်မဖြတ်နိုင်ရင်စစ်နွံနစ်ပြီးနှစ်ဖက်အကြီးကျယ်ထိခိုက်တော့မှာဖြစ်ပါတယ်။
ဒီအလှည့်ပြောင်းဘာကြောင့်ဖြစ်တာလဲ........
ပူတင်မျှော်မှန်းသလိုဘာလို့ဖြစ်မလာတာလဲ........
အဖြေ က ယူကရိန်းသမ္မတကြောင့်ပါ
ပုံထဲကစာလို
ခေါင်းဆောင်ဟာပြဇာတ်စချိန်စင်ပေါ်ရှိလို့ပါပဲ.......
ယူကရိန်း သမ္မတဇီလန်စကီးပြောသလိုဆို "ရန်သူတွေငါတို့နောက်ကျောကိုမြင်ရမှာမဟုတ်ဘူး ငါတို့မျက်နှာကိုပဲမြင်ရမယ်"ပေါ့
သမိုင်းမှာအလားတူဖြစ်စဥ်များစွာရှိပါတယ်။
ပရက်ရှား ရုရှားစစ်ပွဲမှာ
ပရက်ရှားဘုရင်မဟာဖက်ဒရစ်ကိုရန်သူရုရှားဘုရင်မဇာရီးနားတပ်တွေဝိုင်းရံပိတ်ဆို့နေမှုအားလက်နက်မချပဲထွက်မပြေးပဲခုခံမှုကြောင့်ဇာရီးနားကက်သရင်းကွယ်လွန်ပြီးစစ်ပွဲအလှည့်ပြောင်းဖြစ်ခဲ့ပါတယ်။
မြန်မာသမိုင်းမှာလည်းအလားတူဖြစ်စဥ်ရှိပါတယ်။
တရုတ်မြန်မာတတိယစစ်ပွဲ
တရုတ်တပ်တွေသာလွန်အင်အားအလုံးအရင်းနဲ့
အင်းဝမြို့တော်နားဆင်ခေါင်းဝက်ဝံရွာနားထိရောက်ချိန်စစ်သူကြီးမဟာသီဟသူရကဘုရင်ဆင်ဖြူရှင်ကိုနန်းတော်မှစွန့်ခွာရန်အကြံပေးခဲ့သော်လည်း
"ဆင်ဖြူရှင်ပြန်မိန့်သည်ကား
ငါမပြေး........ရန်သူ့အလောင်းဖောင်ဖွဲ့၍
ရွေတောင်ဦးမှရွေကြက်ယက်သို့သွားမည်"မိန့်ခဲ့ပြီး
ထိုစကားကြောင့်ပဲ မြန်မာတပ်တွေစိတ်ဓာတ်တက်ကြွလာကာတရုတ်တပ်ကိုဝန်းရံပိတ်ဆို့ဖြတ်တောက်မှုကြောင့် အနိုင်ရခဲ့ပါတယ်။
တခြားဝေးဝေးမကြည့်ပါနဲ့
အနီးကပ်ဆုံးကျွန်တော်တို့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအဂ်လိပ်ကိုတိုက်ရန်ဂျပန်စစ်တပ်နဲ့အတူမြန်မာပြည်ထဲဝင်တော့ကိုယ်တိုင်မြင်းစီးပြီးသူ့တပ်နဲ့အတူဝင်တိုက်ခဲ့တာသာဓကပါပဲ။
ဆိုလိုရင်း က
စစ်ပွဲမှာခေါင်းဆောင်ရဲ့ရဲရင့်မှုကအရေးကြီးပါတယ်
ခေါင်းဆောင်ဟာသူ့အသက်ကိုရင်းပြီး
နောက်လိုက်တွေရှေ့က မားမားမတ်မတ်ရပ်တည်ပြရင်
လက်အောက်တပ်ရဲ့အင်အားကိုအဆတစ်ရာမြှင့်ပေးလိုက်သလိုပါပဲ။
ခေါင်းဆောင်ဟာလက်အောက်နဲ့အတူမရှိရင်
သေချာတာကတော့ ခုခံစစ်မအောင်မြင်ဘူးမှတ်ရပါမယ်။
ဘာကြောင့်လဲ
မြေပြင်သတင်းအချက်လက်အမှန်သိရှိမှု....
တိုက်ပွဲရေချိန်အတက်ကျဖန်တီးနိုင်မှု.....
လက်အောက်ရဲ့ယုံကြည်ကိုးစားမှု.....
လက်အောက်အမိန့်နာခံမှု.....
တပ်ဖွဲ့ခြင်းချိတ်ဆက်ဆောင်ရွက်နိုင်မှု.....
ဒီအပိုင်းတွေသိသိသာသာအားနည်းသွားပါမယ်
ဒါ့ကြောင့် မအောင်မြင်နိုင်ပါဘူး........
ခေါင်းဆောင်နဲ့လက်အောက် စစ်မြေပြင်မှာ အတူတိုက်ပွဲဝင်ရင် ဒီအချက်တွေ အရမ်းအားသာပါတယ်။
သေချာတာကတော့ တော်လှန်ရေး ဖြစ်ဖြစ် ခုခံစစ်ဖြစ်ဖြစ်......... .........
ပြဇာတ်စချိန် ခေါင်းဆောင်ဟာ စင်ပေါ်မှာ ရှိကိုရှိရပါမယ်။
Credit :
ယူကရိန်းကို ရုရှားကျူးကျော်မှုနဲ့ မြန်မာနိုင်ငံတွင် စစ်အကြမ်းဖက်အုပ်စုနှင့် ဒီမိုအင်အားစုများကြားတိုက်ပွဲကို နှိုင်းယှဉ်ဖော်ပြရာတွင် စာရေးသူ၏ပရိသတ်များ၏ အမြင်များကို ဖတ်ပြခြင်းအပိုင်းက ရှည်လျားသွားသောကြောင့် စာရေးသူပြောချင်သည့်လိုရင်းကို မသိရှိနိုင်ဘဲ ဖြစ်သွားခြင်းအတွက် အောက်တွင်မြန်မာနှင့်ရုရှား နှိုင်းယှဉ်ထားမှုကို အချက်လိုက် ဖော်ပြလိုက်ပါသည်။ ဤအချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့် ချုံရေးပြီး မြန်မာနိုင်ငံကို လက်နက်များ ပံ့ပိုးပေးရန်အနောက်နိုင်ငံများသို လူဖြူလူညိုလူဝါမခွဲခြားဘဲ လုပ်ဆောင်ဖို့လိုကြောင်းပေးပို့သွားရန်ရည်ရွယ်ထားပါသည်။
လေးစားစွာဖြင့်
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
ကျနော့် ပထမနှိုင်းယှဉ်ကြည်မှုက ရုရှားနဲ့ မြန်မာဖြစ်ပါတယ်။ ရုရှားက အရင်က အရှေ့ဥရောပနိုင်ငံတွေအားလုံးကို သူရဲ့သံကွန်ခြာအောက်မှာ ထားအုပ်ချုပ်ခဲ့ တဲ့ဆိုဗီယက်ယူနီယံလို့ခေါ်တွင်တဲ့ ကမ္ဘာအင်အားကြီး ကွန်မြူနစ်နိုင်ငံကြီး ဖြစ်တဲ့အတွက် အနောက်ဒီမိုကရေစီနိုင်ငံတွေနဲ့ စစ်အေးကာလမှာ အဓိကပြိုင်ဖက်နိုင်ငံကြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း တိုင်းရင်းသားလူမျိုးစု ပြည်နယ်တွေကို သိမ်းပိုက်အုပ်ချုပ်ထားတဲ့နိုင်ငံဖြစ်တဲ့အတွက် ပြည်ထောင်စုနိုင်ငံဖြစ်ပြီး နိုင်ငံတခုထက် ပြည်နယ်များ ပေါင်းစပ်ထားတဲ့ ပြည်ထောင်စုသာဖြစ်ပါတယ်။
၁။ ယူကရိန်းသည် ရုရှားနိုင်ငံ၏ ကိုလိုနီပြု သိမ်းသွင်းထားခြင်းခံရသည့် ယခင်ကဆိုဗီယက်ယူနီယံထဲတွင် ပါဝင်သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ အထူးသဖြင့်ရခိုင်၊ မွန်နှင့်ရှမ်း လူမျိုးတို့သည် သီးခြားနိုင်ငံအဖြစ်တည်ရှိနေရာမှ ဗမာများ၏ ကိုလိုနီပြုခံခဲ့ရသည်။
၂။ ထို့ကြောင့် ယူကရိန်းအပါအဝင် ၁၄ နိုင်ငံသည် ရုရှားနိုင်ငံပိုင်နက် ဖြစ်သည်ဟု ရုရှားခေါင်းဆောင်များက မှတ်ယူသိမ်းပိုက်ထားခဲ့သည်။ ထို့ပြင် လွတ်လပ်လာသောအခါ ယူကရိန်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့်လည်း နယ်နမိတ်ချင်း ဆက်စပ်နေသလို ရုရှားနှင့်လည်း ရှည်လျားသည့် နယ်နမိတ်ရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံစစ်ခေါင်းဆောင်များက တိုင်းရင်းသားပြည်နယ်များသည် မြန်မာနိုင်ငံပိုင်ဖြစ်သည်ဟု မှတ်ယူကြသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်နယ်များသည် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်နမိတ်ချင်း ဆက်စပ်နေသည်။
၃။ ၁။ ယူကရိန်း ၂။ လပ်ဗီးယား ၃။ လစ်သူနီးရန်း ၄။ မော်ဒိုဗာ ၅။ ယူကရိန်း ၆။ ဂျောဂျီယာ ၇။ အာမေးနီးယား ၈။ အာဇာ ဘိုင်ဂျန် ၉။ အက်စတိုနီးယား ၁၀။ တပ်ကမန် ၁၁။ ဥဇဘက်၊ ၁၂။ တာဂျစ် ၁၃။ကာဇက်စတန်။ ၁၄။ ဘယ်လာရုစ်တို့သည် ၁၉၉၁ ခုနှစ်တွင် ရုရှားတို့ သံကွန်ခြာအောက်မှ လွတ်မြောက်သွားကြပြီး လွတ်လပ်သော နိုင်ငံများ ဖြစ်လာကြသည်။
မြန်မာစစ်အစိုးရ သံကွန်ခြာအောက်တွင် ၁။ ရှမ်း ၂။ ကရင် ၃။ ကချင် ၄။ မွန် ၅။ ကယား ၆။ ရခိုင် ၇။ ချင်းနှင့် ၈။ ဗမာ တိုင်းရင်းသားများကပါ ကျရောက်နေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စသည့် လွတ်လပ်ခွင့်များကို တောင်းဆိုနေကြသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်သည်။ ယခုအထိ လွတ်လပ်သောနိုင်ငံများ အဖြစ်လည်းကောင်း စစ်မှန်သော ပြည်ထောင်စုအဖြစ်လည်းကောင်း မရပ်တည်နိုင်သေး။ တိုင်းရင်းသားများက ဗမာများက သူတို့နယ်မြေကို ကျူးကျော်သိမ်းပိုက်ထားသည်ဟု မြင်သော်လည်း ဗမာများကိုယ်တိုင်စစ်အာဏာရှင်က ဖိနှိပ်ခံထားရကြောင်း မရိပ်စားမိကြ။ အမှန်တော့ မြန်မာနိုင်ငံဆိုသည်မှာ တိုင်းပြည်တခု ဖြစ်တည်လာရေးထက် ပြည်ထောင်စုတခု ဖြစ်တည်လာရန် ကြိုးပမ်းတိုက်ပွဲဝင်ပုံဖော်နေသည့်အဆင့်အနေအထားတွင်သာ ရှိသေးသည်။
၄။ ရုရှားဘာသာစကားကို ထိုနိုင်ငံများတွင်လူတိုင်း နီးပါး နားလည်သည်။ သင်ယူကြသည်။ ရုရှားမှုပြုခြင်းကိုခံရသည်။
မြန်မာစကားကို တိုင်းရင်းသားများက နားလည်ကြသည်။ သူတို့ဘာသာစကား ထက် ဗမာစကားကိုသာကျောင်းများတွင် သင်ယူကြရသည်။ ဗမာမှုပြုခြင်းကို ခံရသည်။
၅။ ရုရှားခေါင်းဆောင်တို့က ထိုနိုင်ငံများကို သူတို့ ပိုင်နယ်မြေ အဖြစ်စွဲမြဲ မှတ်ယူထားသည်။ ယူကရိန်းသည် ရုရှားနှင့် နယ်နမိတ်ချင်း ရှည်လျားစွာ ဆက်စပ်လျက်ရှိသည်။
မြန်မာတပ်ခေါင်းဆောင်များက သူတို့သည်တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးကို သူတို့ပိုင်သည်ဟု မှတ်ယူသည်။ တိုင်းရင်းသားပြည်နယ် ၇ပြည်နယ်သည် ဗမာလူများစု တိုင်းဒေသကြီးများနှင့် နယ်နမိတ်ချင်း ဆက်စပ်လျက်ရှိကြသည်။
၆။ Union of Soviet Socialist Republics (USSR) ဟုဆိုဗီယက်ယူနီယံကို ၁၉၂၂ခုနှစ်မှ ၁၉၉၁နှစ်အထိ ခေါ်တွင်ခဲ့ပြီး အဖွဲ့ဝင် ၁၅နိုင်ငံပါဝင်ခဲ့သည်။ ၁၉၉၁ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် Russia Federation ဖြစ်လာခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် Union of Burma (1948-1962) ထို့နောက် စစ်အာဏာသိမ်းခံရပြီးနောက် Socialist Republic of the Union of Burma (1962-1988)။ ၁၉၈၉ ခုနှစ်ဇွန်လ ၁၈ရက်နေ့တွင် Union of Myanmar သို့အမည်ပြောင်း ခဲ့ပြန်သည်။
၇။ ရုရှားသည် သူ့အိမ်နီးချင်းနိုင်ငံများကို ပြိုင်ဖက် နေတိုးမဟာမိတ်အဖွဲ့သို့ မဝင်စေလိုပေ။ အထူးသဖြင့်နေတိုးအဖွဲ့ဝင် အဖြစ်ပြောင်းသွားသည့် နိုင်ငံများသည်ယူကရိန်းနှင့်နယ်နမိတ်ချင်းဆက်လျက်ရှိသည်။ အကယ်၍ ယူကရိန်းသည် နေတိုးအဖွဲ့ဝင် ဖြစ်သွားပါက ရုရှားအနေနှင့် ယူကရိန်းကို ပြန်လည်သိမ်းယူရန် အိပ်မက်သည် မဖြစ်နိုင်တော့သည့်အပြင် သူ့အား နေတိုးအဖွဲ့ဝင်နိုင်ငံများက ပတ်ဝိုင်းထားခြင်းကို ခံရပေတော့မည်။ ထိုအချက်ကို ရုရှားက သူ့နိုင်ငံအား အနောက်ဥရောပနိုင်ငံများ၏ ချိမ်းခြောက်မှုအဖြစ် မြင်သည်။
မြန်မာစစ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကို ပြည်ထောင်စု အဖြစ်သဘောထားမည်ဟု ပြောနေသော်လည်း တနိုင်ငံစနစ်ကိုသာ ဆက်လက်ကျင့်သုံးနေပြီး ယာယီအပစ်ရပ်စဲထားသည့် အဖွဲ့များနှင့် အပစ်မရပ်ထားသည့်အဖွဲ့များ အကြားသွေးခွဲ အုပ်ချုပ်လျက် ရှိသည်။ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုသည် တပ်မတော်ကို ခြိမ်းခြောက်မှုဟု မြင်သည်။ တိုင်းရင်းသားများ မညီညွတ်မှ တပ်က သွေးခွဲအုပ်ချုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားများနှင့် ဗမာလူမျိုးများကို သွေးခွဲအုပ်ချုပ်ထားသည်။ ထို့ကြောင့် တိုင်းရင်းသားများအားလုံး ညီညွတ်ခြင်းကို တပ်က မလိုလားပေ။
၈။ အနောက်ဥရောပနိုင်ငံများသည် ရုရှားနိုင်ငံ၏ အတိတ်က အရှေ့ဥရောပ နိုင်ငံများကို သိမ်းပိုက်အုပ်ချုပ်ထားခဲ့သည့် လုပ်ရပ်ကြောင့် ရုရှား၏ သြဇာအာဏာ ပြန်လည်စိုးမိုးလာမှုကို စောင့်ကြည့်နေပြီး ရုရှားရန်မှ ကာကွယ်ရန် နေတိုးအဖွဲ့ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ရုရှား၏ ကိုလိုနီပြုခြင်း ပြန်လည် မခံရလေအောင် ရုရှားလက်အောက်မှ လွတ်မြောက်လာသော အရှေ့ဥရောပနိုင်ငံများက နေတိုးအဖွဲ့သို့ ဝင်ကြသည်။ ထိုနိုင်ငံများတွင် ပြည်သူရွေးချယ်မှုကို လက်ခံသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ခုနှစ်မှ တက်လာသော ဗိုလ်ချုပ်သန်းရွှေ၏ စစ်စိုးရ လက်ထက်မှစ၍ မြန်မာနိုင်ငံတွင် တရုတ် လွှမ်းမိုးမှု များပြားစွာ အခြေချ လာခဲ့သလို ရုရှားသို့လည်း စစ်အစိုးရမှ စစ်ပညာသင်ကြားရန် စစ်ဗိုလ်အများအပြားကို နှစ်စဉ် ပညာသင်များအဖြစ် စေလွှတ်ခဲ့ခြင်းဖြင့် ရုရှားနှင့်စစ်ရေးဆိုင်ရာဆက်နွယ်လာပြီး အာဏာရှင်နိုင်ငံများနှင့် ရင်းနှီးစွာ ဆက်ဆံလာခဲ့ပြီး မြန်မာ့စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်ပြသည့်အခါတိုင်း တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာဖြင့် ပယ်ချပြီး စစ်အစိုးရကို ကာကွယ်ပေးခဲ့ကြသည်။ တဖက်တွင် အနောက်နိုင်ငံများက မြန်မာဒီမိုကရေစီ အင်အားစုများကို ရင်းနှီးစွာဆက်ဆံလာခဲ့သည်။
၉။ အနောက်နိုင်ငံများမှ ယူကရိန်းကို သီးခြားလွတ်လပ်သော နိုင်ငံတခု အဖြစ်မြင်သည်။
အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို ပြည်ထောင်စုပေါင်းများစွာဖြင့် တည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံတခု အဖြစ်မမြင်ပဲ သီးခြား လွတ်လပ်သောနိုင်ငံတခု အဖြစ်သာ မြင်သည်။
၁၀။ ယူကရိန်းကိုရုရှားမှ ကျူးကျော်တိုက်ခိုက်လာမှုကို လွတ်လပ်သော နိုင်ငံတနိုင်ငံအား စစ်ရေးအရ သာလွန်အင်အားသုံး ကျူးကျော်လာခြင်း ဖြစ်သည်ဟု အမေရိကန်နှင့်အနောက်နိုင်ငံများက သတ်မှတ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ပြည်နယ်များမှ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေမှုကို ပြည်တွင်းစစ်အဖြစ်သာ မြင်သည်။ ယခုအခါ စစ်တပ်က အင်အား အလွန်အကျွံသုံးပြီး တိုင်းရင်းသားပြည်နယ်များကို ကျူးကျော်တိုက်ခိုက်နေယုံသာမက ဗမာတိုင်းဒေသကြီးများကို တိုက်ခိုက် နေမှုကို ပြည်တွင်းရေးဟုသာ အနောက်နိုင်ငံများက သတ်မှတ်သည်။
၁၁။ အနောက်အုပ်စု၏ အကျိုးစီးပွားသည် ယူကရိန်းအပေါ် ရုရှားက ကျူးကျော် တိုက်ခိုက်ခြင်းနှင့် တိုက်ရိုက် အချိုးကျသည်။ အဘယ့်ကြောင့်ဆိုသော် ရုရှားခေါင်းဆောင် ပူတင်သည် ယခင်ကွန်မြူနစ်တပါတီ အာဏာရှင်စနစ်ဆီသို့ ဦးတည်သွားနေခဲ့ပြီး ဒီမိုကရေစီစနစ်နှင့်သွားနေသော အရှေ့ဥရောပနှင့် အနောက်အုပ်စုကို ခြိမ်းခြောက်လျက်ရှိသည်။
မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုကို အနောက်အုပ်စုက ပြည်တွင်းရေး အဖြစ်သာမြင်ပြီး သူတို့၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ပတ်သက်မှု မရှိဟု ခံစားရသည်။ မြန်မာနိုင်ငံမှ ပြည်သူများသည် ဒီမိုကရေစီလိုလားတောင့်တနေသည်ကို သိသော်လည်း စီးပွားရေးပိတ်ဆို့ အရေးယူရေး လောက်ကိုသာ လုပ်လို ကြသည်။
၁၂။ အနောက်အုပ်စုသည် ရုရှားကယူကရိန်းသို့ ကျူးကျော်မှုကို တန်ပြန်သည့်အနေနှင့် ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများကို စစခြင်း ပြုလုပ်ခဲ့သည် ယူကရိန်းခေါင်းဆောင်က ရုရှားကျူးကျော်မှုကိုပြတ်ပြတ်သားသား တိုက်မည်ဟု အတိအလင်း ကြေညာခဲ့ပြီး ယူကရိန်းသမတက အနောက်အုပ်စုနှင့် အထူးသဖြင့် အမေရိကန်ကို သူတို့ကို ပစ်မထားရန် သတင်းမီဒီယာများမှ ပွင့်လင်းစွာတောင်းဆို အကူအညီတောင်းခဲ့ပြီးနောက်ပိုင်း ယူကရိန်းစစ်တပ်မှ “ရုရှားတို့ ကို လက်တွေ့ တိုက်ပြလာသည့်နောက်ပိုင်းတွင်” ယူကရိန်းအတွက် အနောက်ဥရောပနိုင်ငံများမှ လိုအပ်သည့် လက်နက်၊ ခဲယမ်း၊ မီးကျောက်များနှင့် ထောက်ပံ့ငွေ သန်းရာချီကို ပုံအောပေးလာကြသည်။
အနောက်အုပ်စုသည် မြန်မာစစ်တပ်ကို စီးပွားရေးပိတ်ဆို့မှု လောက်ကိုသာ လုပ်ခဲ့သည်။ မြန်မာဒီမိုကရေစီလိုလားသော NUG အစိုးရက ပြတ်ပြတ်သားသားတိုက်မည်ဟုပြောကြားရန်လက်တွန့်နေခဲ့ပြီး မိမိကိုယ်ကို ကာကွယ်ရန်သာ လုပ်ဆောင် နေကြောင်း၊ ခေါင်းဆောင်ပိုင်းမှ ထပ်တလဲလဲ တွင်တွင်ပြောကြားနေခြင်းနှင့် မိမိတို့ဖာသာတိုက်နိုင်ကြောင်း အနောက်အုပ်စုထံမှ လက်နက် မလိုအပ်ကြောင်း မလိုအပ်ဘဲ ပြောကြားချက်များလည်း ရှိခဲ့သည်။ ထို့ပြင်ညီညွတ်သည့်တပ်ပေါင်းစုယခုအချိန်ထိဖြစ်မလာသေးပဲ ကစင့်ကလျားရှိနေတုံးရှိသေးသည် ဒါကြောင့်လက်နက် ငွေကြေး ထောက်ပံ့မှု ရောက်ရှိမလာခြင်းဖြစ်သည်ဟုမြင်သည်။ အဓိက NUG က တပ်ကို ပိုင်နိုင်အောင်မဖွဲ့စည်းနိုင်တဲ့ သဘောဖြစ်နေသည်ဟုမြင်သည်။ ဥပမာ- ABSDF စဖွဲ့ဖွဲ့ခြင်း ထောက်ပံ့မှုတွေ စတင်ရရှိလာခဲ့ပြီး လက်နက်ကိုင် တိုက်ပွဲလုပ်နေခြင်းကို သိသိကြီးနှင့် လိုအပ်သော ရိက္ခာဆေးဝါးနှင့် ငွေကြေးများကို အင်ဂျီအိုများက ပံ့ပိုးခဲ့ကြသည်။ နောက်ပိုင်း ခေါင်းဆောင်လုမှု ပြဿနာ အချင်းချင်း သတ်ဖြတ်သည့် ပြဿနာများပေါ်လာပြီးနောက် အင်ဂျီအိုများမှ လက်နက်ကိုင်ထားလျှင် မထောက်ပံ့တော့ကြောင်း ဖိအားပေးလာခဲ့သည့်အတွက် ABSDF ၏လူများစု ဦးဆောင် ဗဟိုကော်မတီဝင်များ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီးထောက်ပံ့မှုရမည့် CSO အသွင်ပြောင်းသွားခဲ့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ကိုင်စွဲထားသူ လူနည်းစုသာကျန်ပြီး အင်အားချိနဲ့သွားခဲ့ရဖူးသည်။ ညီညီညွတ်ညွတ် တိုက်ပြနိုင်မည်ဆိုလျှင် လက်နက်ငွေကြေးများ ရလာနိုင်သည်ဟု ယုံကြည်သည်။
၁၃။ နေတိုးထံမှသိရှိမှုအရ Belgium, Canada, the Czech Republic, Estonia, France, Germany, Greece, Latvia, Lithuania, the Netherlands, Poland, Portugal, Romania, Slovakia, Slovenia, Britain နှင့် the United States တို့သည် သိသာထင်ရှားသော တင့်ကားဖျက်ပခုံးထမ်းလောင်ချာများအပါအဝင် စက်သေနတ်သောင်းနှင့်ချီသော စစ်ရေးထောက်ပံ့မှု ပစ္စည်းများကို ယူကရိန်းသို့ ပေးပို့ခဲ့သည်။ အခြားနိုင်ငံများက လူမှုစာနာမှု အကူအညီများ ပေးနေပြီး ဒုက္ခသည်များကို ကောင်းစွာ ကြိုဆိုနေရာချပေးသည်။
မြန်မာဒီမိုကရေစီအင်အားစုများကို စစ်ကောင်စီ ကတိုက်ခိုက်နေပြီး၊ ရုရှားနှင့် အီရန်တို့က စစ်ကောင်စီကို လက်နက် ထောက်ပံ့နေသည်။ ဆန့်ကျင်ဖက်အားဖြင့် မြန်မာဒုက္ခသည်များသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနှင့် ထိုင်းနိုင်ငံ တို့သို့ ထွက်ပြေးလာသည့်အခါ ထိုင်းနှင့် အိန္ဒိယတို့မှ ဖမ်းဆီးခြင်းချုပ်နှောင်ထားခြင်းနှင့် မြန်မာစစ်ကောင်စီ လက်သို့ ပြန်အပ်ခြင်းခံနေရသည်။
၁၄။ ယူကရိန်းကထောက်ပံမှုအများကြီး ဘာကြောင့်ရသလဲ ၁။ သူတို့က မျက်လုံးပြာပြာ ရွှေရောင်ဆံပင်နှင့် လူဖြူတွေ ဖြစ်သည်။ ၂။ သူတို့နိုင်ငံသည် ရုရှားနိုင်ငံနှင့် ရှည်လျားသည့် နယ်စပ်ခြင်းဆက်နေပြီး ဥရောပအတွက် သနင်္ဂဗြူဟာအရ ဥရောပကို ခြိမ်းခြောက်နေသော ရုရှား၏ စစ်အင်အားကို ချိန်ခွင်လျှာထိန်းချုပ်ထားနိုင်သည့် နေရာလည်းဖြစ်သည်။ ၃။ နောက်တခုက လူဖြူများနှင့် လူညိုလူဝါလူမဲများအကြား ခွဲခြားဆက်ဆံမှုကလည်း ရှိနေပြီး အသားအရောင်ခွဲခြားမှု ဖိနှိပ်မှုများ ရှိသည်။ ဥပမာ လက်ရှိ ယူကရိန်းမှ ပိုလန်သို့စစ်ပြေးလာသော အိန္ဒိယနှင့် အာဖရိကမှ ကျောင်းသားများကို ယူကရိန်းစစ်သားများက ဖိနပ်နှင့် ကန်ကျောက်ဗိုလ်ကျခြင်းနှင့် လူဖြူများကို သပ်သပ်အထူးအခွင့်အရေးပေး ဝင်စေပြီး အသားအရောင်ရှိသူများကို သပ်သပ်စိစစ်နေရာခွဲခြားခြင်းကိုလည်း ပိုလန်နယ်ခြားစောင့်တပ်မှ ပြုလုပ်သည်။
မြန်မာဒီမိုအုပ်စုများသည်အနောက်နိုင်ငံများမှ ငွေကြေးစစ်ရေးထောက်ပံ့မှုများမရရှိခြင်းမှာ- ၁။ သူတို့သည်အာရှနိုင်ငံသား လူညိုများဖြစ်ခြင်း။ ၂။ သူတို့တိုက်ပွဲသည် ဥရောပနိုင်ငံများအတွက် အကျိုးအမြတ်မရှိခြင်းကြောင့် စိတ်မဝင်စားခြင်း၊ ၃။ သူတို့အနေနှင့် မြန်မာကိုနိုင်ငံငယ်လေးများနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုဟု မမြင်ဘဲ နိုင်ငံတခုအဖြစ်သာမြင်သည်။ တိုင်းရင်းသားနိုင်ငံငယ်လေးများ၏ လွတ်လပ်ရေးတိုက်ပွဲဟု မမြင်ခြင်း ၄။ ASSK လက်ထက်တွင် ရိုဟင်ဂျာအရေးကို စစ်ဖက်နှင့် ပူးပေါင်းကာကွယ်ခဲ့သည့်အတွက် အနောက်၏ညိုညင်မှုကလည်း အရေးကြီးသည့် ထောက်ခံမှုရနိုင်ရေးတွင် အဟန့်အတားဖြစ်ခဲ့သည်။ ၅။ သူတို့က NUG ကို တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ဒေသခံကာကွယ်ရေး LDF, LPDF များကို စုစည်းနိုင်စွမ်းမရှိဟု မြင်သည်။ ၆။ သူတို့အနေနှင့် NUG ခေါင်းဆောင်ပိုင်းသည် ယူကရိန်းခေါင်းဆောင်ကဲ့သို့ ပြန်လှန်တိုက်ခိုက်လိုစိတ်ပြင်းထန်မှုမရှိ တနည်း NUG ခေါင်းဆောင်ပိုင်းသည် လက်နက်ကိုင် တော်လှန်ရေးကို ယုံကြည်မှုမရှိဟု ယူဆဟန်ရှိခြင်း ၇။ မြန်မာသည် ဥရောပမှ အလွန်ဝေးသောနေရာတွင်ရှိပြီး တရုတ်နိုင်ငံနှင့် ရှည်လျားသည့် နယ်နမိတ်ရှိသည့်အတွက် သူတို့ကူညီမှုကို တရုတ်က ရုရှားအကြောင်းပြသလို အကြောင်းပြပြီး မြန်မာနိုင်ငံတွင်း ဝင်လာမည့် အန္တရာယ်ကိုလည်း ချိန်ဆနေဟန်ရှိခြင်းတို့ ဖြစ်သည်။
အရိုးကင်ဆာကြောင့်ဖြစ်စေ
ရိုးတွင်းချဥ်ဆီ ပြဿနာကြောင့်ဖြစ်စေ
လောကထဲက အလျင်စလိုမထွက်သွားပါနဲ့ဦး လေ။
လူဆိုတာ ကိုယ်လုပ်ခဲ့တာတွေအတွက်
ထိုက်တန်သော ပြစ်ဒါဏ်ကိုတော့
ကိုယ်တိုင် မုချ ခံယူရမယ်။
မပြီးသေးဘူး
ကျုပ်တို့အလှည့် ကျန်သေးတယ်လေဗျာ။
(ဆြာသွန်း)
ရုရှား အပေါ် နိုင်ငံတကာ ပိတ်ဆို့မှုတွေ ချမှတ်တာဟာ စစ်ကြေညာတဲ့ သဘောပဲ ဆိုပြီး ရုရှား သမ္မတ ပူတင်က ပြောပါတယ်။
ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေ အတွက် နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေ အပေါ် ရုရှားသမ္မတက သူ ဘယ်လို သဘောထားသလဲ ဆိုတာကို အပြင်းထန်ဆုံး ပြောလာတာ ဖြစ်ပါတယ်။
ဒါ့အပြင်၊ ယူကရိန်း ဝေဟင်ထက်မှာ လေယာဥ် မပျံသန်းရ ဇုန်နယ်မြေ ဖော်ဆောင် သတ်မှတ်မယ် ဆိုရင် စစ်ပွဲဟာ ပိုပြီးတော့ ကျယ်ပြန့် လာမယ် ဆိုပြီးတော့လည်း အနောက်အုပ်စုနိုင်ငံတွေကို သမ္မတပူတင်က သတိပေးပါတယ်။
ဒါဟာ ယူကရိန်း သမ္မတ ဇယ်လင်စကီးက အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ကို ဗီဒီယို ကနေ တဆင့် ပြောတဲ့ မိန့်ခွန်းထဲ လေယာဥ်မပျံရ ဇုန်နယ်မြေ ဖော်ဆောင်ဖို့ ထပ်မံ တိုက်တွန်းခဲ့တဲ့နောက် ရုရှား သမ္မတဘက်က အခုလို ပြောဆို သတိပေးတာ ဖြစ်ပါတယ်။
ရုရှားပြည်တွင်း အခြေအနေနဲ့ ပတ်သက်ပြီး သမ္မတပူတင် ပြောတာကတော့ လောလောလတ်လတ်မှာတော့ ရုရှားမှာ မာရှယ်လော စစ်အုပ်ချူပ်ရေး ကြေညာမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။
“စစ်အုပ်ချုပ်ရေး ကြေညာတယ်ဆိုတာ ဥပဒေနဲ့ အညီ လုပ်ရတာ ဖြစ်တယ်။ ပြည်ပရန်လိုမှုတွေ ကြီးမားလာတဲ့ အခါမျိုးနဲ့ တိုက်ပွဲတွေ ပေါ်ပေါက်နေတဲ့ ဒေသတွေမှာ သမ္မတက အမိန့်ထုတ်ပြန်ပေးရပြီး၊ ရုရှား အထက်လွှတ်တော် ဖက်ဒရေးရှင်းကောင်စီက အတည်ပြုဖို့ လိုတယ်။ လက်ရှိမှာတော့ အဲဒီ အနေအထားမျိုး တွေ့ကြုံ မနေဘူး။ နောင် ဖြစ်မလာဖို့လည်း မျှော်လင့်ထားတယ်” ဆိုပြီး သမ္မတပူတင်က ပြောပါတယ်။
အခုဆိုရင် မော်စကိုမှာ ရောက်နေတဲ့ အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီ ဘက်နက်နဲ့ သမ္မတ ပူတင်နဲ့ တွေ့ဆုံ ခဲ့တာမှာ၊ ဒါဟာ ယူကရိန်းထဲ ကျူးကျော်ပြီးနောက်ပိုင်း နိုင်ငံရပ်ခြား တိုင်းပြည်ခေါင်းဆောင် တစ်ယောက်နဲ့ သမ္မတပူတင် ပထမဆုံးတွေ့ ဆုံတာ ဖြစ်ပါတယ်။
အခု ပဋိပက္ခကို ကြားဝင် ဖြေရှင်းပေးမယ် ဆိုပြီး အစ္စရေး ဝန်ကြီးချူပ်က ကမ်းလှမ်းခဲ့တယ်လို့ နားလည်ရပါတယ်။ နက်ဖ်တာလီ ဘက်နက်ဟာ ယူကရိန်း သမ္မတ ဗိုလိုဒိုမီယာ ဇယ်လင်စကီးနဲ့လည်း တယ်လီဖုန်းပေါ်ကနေ စကားပြောဆို ထားပါတယ်။ နက်ဖ်တာလီ ဘက်နက်ဟာ ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ်ရှို့လ်ဇ်နဲ့ တွေ့ဆုံဖို့ မော်စကိုကနေ ဘာလင်မြို့ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ပူတင် #ယူကရိန်း
5.3.2022
နိုင်ငံရေး စတင်လုပ်ဆောင်သည်မှ ယနေ့အထိ ကျမနှင့် ပြည်သူဘက်မှရပ်တည်ပေးခဲ့တဲ့ မိသားစုဝင်အားလုံးကို အားနာပါတယ်
NAC CENTER မှ သား/သမီး များ အားလုံးကိုလဲ အားနာပါတယ်
ဒါပေမဲ့
စစ်အာဏာရှင်တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ GZ တွေ
နိုင်ငံစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်အောင် အသက်စွန့် ကာကွယ်ပေးနေကြတဲ့ သူရဲကောင်းPDF တွေ
အပစ်မဲ့ပြည်သူတွေ အသက်စွန့်လွှတ်ခဲ့ရတဲ့ကလေးသူငယ်နှင့်အမျိုးသမီးတွေ
နေအိမ်မီးရှို့ခံ အပစ်သတ်ခံရတဲ့ အပစ်မဲ့ပြည်သူတွေ ကိုလဲ ပိုပြီးအားနာပါတယ်
ဒါကြောင့် စစ်အာဏာရှင် ကျဆုံးသည်အထိ အောင်ပွဲ ရသည်အထိ တိုက်ပွဲ ဝင်သွားပါ့မယ် ။
အောင်ပွဲနဲ့အတူ မကြာခင်ပြန်ဆုံနိုင်အောင် ကြိုးစားပါ့မယ်
တော်လှန်ရေးသစ္စာဖြင့်
ဖြူဖြူသင်း
ရန်ကုန်၊ မတ် ၅
ခေတ်သစ်မီဒီယာ
ရန်ကုန်တွင် ပျံလွှားအောင် စစ်ဆင်ရေး အဖြစ် ဖေဖော်ဝါရီလ ၄ရက်နှ မတ်လ ၄ရက်နေ့အထိ ၁လတာအတွင်း စစ်တပ် ကင်းလှည့်ယာဉ်များနှင့် ရဲစခန်းများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန် အရှေ့ပိုင်းခရိုင်
=============
ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပျံလွှားအောင် စစ်ဆင်ရေးအနေနှင့် ဗုံးခွဲတိုက်ခိုက်မှု ၁၁ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကာ ကင်းလှည့်ယာဉ် ၃ စီး၊ လေတပ်ဗိုလ်ကြီးအဆင့်ရှိသူ နေအိမ်၊ အကြမ်းဖက်စစ်ကောင်စီပိုင် MyTel Showroom တစ်ခုနှင့် စစ်ကောင်စီအခြေစိုက် အဆောက်အအုံတစ်ခု ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
ရန်ကုန် အနောက်ပိုင်းခရိုင်
===============
ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေး တပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး MyTel တာဝါတိုင် တစ်ခုနှင့် ရဲစခန်း အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ရန်ကုန် တောင်ပိုင်းခရိုင်
=============
ရန်ကုန် တောင်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှု ၁ ကြိမ်၊ ဗုံးခွဲတိုက်ခုက်မှု ၆ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံးခဲ့ကာ MyTel တာဝါတိုင် တစ်ခု၊ ကင်းလှည့်ယာဉ်များနှင့် စစ်ကောင်စီအခြေစိုက် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ရန်ကုန် မြောက်ပိုင်းခရိုင်
=============
ရန်ကုန် မြောက်ပိုင်းခရိုင်တွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှု ၁၃ ကြိမ်၊ ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေကာ MyTel တာဝိုင်တိုင် တစ်ခု၊တိုက်လေယာဉ် ၂ စီး၊ ကင်းလှည့် ကင်းလှည့်ယာဉ်များနှင့် စစ်ကောင်စီ အခြေစိုက် အဆောက်အအုံအချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးတပ်ဖွဲ့ လက်အောက်ခံ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ခရိုင်/မြို့နယ်(ပကဖ) ၊ ဗမာ့လူငယ်ကွန်ရက်၊ SSUG, MO7(Eagle) DRG, Black Peacock, MO 8 , HRD, GZDF, ACPLF, Hmawbi Revolution Force, YPDF(ဗဟန်း), Spring Brother Force, The Boys , STA, Dark Shadow, MDF , SOF , HRDF, MO 3 (Dawn), YFA, Zero to Hero, Z Fighter, GOD, Free Tiger Ranger , SRF , YUG (Army) , APLF အဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo - AFP
* ဘယ်သူတွေ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ မဲဆောက်မှာ တောထဲမှာ တောခြောက်တာတွေ လုပ်တာအားမရလို့ ထပ်ပြီး Searching fire လုပ်တဲ့ သဘော လည်း ပါမယ်။
*ဒီလို လုပ်လိုက်ရုံ နဲ့ ပြည်သူ့ နဲ့ တော်လှန်ရေး ဟာ ချက်ကြိုးပြတ်မသွား ဘူး လို့ ဆိုချင်တယ်။
* နောက်တချက် အရေးအကြီးဆုံးက - ကျမတို့ တော်လှန်ရေးအလွန် နိုင်ငံတော်သစ်မှာ ဒီ (၈၂) ဥပဒေကြီးက ရှိအုံးမှာ မို့လို့လား လို့ပဲ - မေးခွန်းထုတ်ချင်ပါတယ် ။
(ဒေါ်ဇင်မာအောင်-နိုင်ငံခြားရေးဝန်ကြီး)
ပတ်စပိုစ့်ဆိုတဲ့စာအုပ်လေးတစ်အုပ်ထဲကစာရွက်ပေါ်မှာနိုင်ငံသားဖြစ်မှုကို ရပ်စဲလိုက်ရုံနဲ့ ၊ မှတ်ပုံတင်ကိုဖျက်သိမ်းလိုက်ရုံနဲ့ အမိနိုင်ငံအပေါ်ချစ်မြတ်နိုးတဲ့ကျမရဲ့စိတ်ကို စစ်ကောင်စီအနေနဲ့ဖြိုလဲရိုက်ချိုး ခြေမွဖျက်စီးနိုင်မှာမဟုတ်ပါဘူး။ အကြမ်းဖက် အဖွဲ့အစည်း စစ်ကောင်စီရဲ့ တရား မဝင်တဲ့ ထုတ်ပြန်ချက်ကိုလဲ ကျမတို့ အနေနဲ့ ဂရုစိုက်စရာကို လိုမနေပါဘူး။ တော်လှန်ရေး အောင်မြင်ချိန်ရောက်တဲ့ အဆုံးသတ်အထိ ပြည်သူတွေ ၊ ကျမရဲ့တော်လှန်ရေးရဲဘော်ရဲဘက်တွေ ၊ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကျမဆက်လက်ရုန်းကန်တိုက်ပွဲဝင်နေမယ်ဆိုတာကိုပဲ ထပ်လောင်းပြောကြားချင်ပါတယ်။
အိသဉ္ဇာမောင် ဒုဝန်ကြီး
=========
အာဏာသိမ်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်တွင် ကျောင်း ဆောင်တော် ရတနာပန္နက်တော်တင် အခမ်းအနားတက်ရောက်ပြီးကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်လျက်ရှိသည်မှာ ငါးရက်ကြာမြင့်ပြီဖြစ်သည်။။
ဖေဖော်ဝါရီလ ၂၇ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ပန္နက်တော်တင်အခမ်းအနား ပြုလုပ်ခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း စစ်ကောင်စီအာဘော် ကြေးမုံ သတင်းစာတွင်ဖော်ပြခဲ့သည်။
အခမ်းအနားအပြီး နောက်တစ်ရက် နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတစ်ခုကိုတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကသာ ဦးဆောင်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
အလားတူ မတ်လ ၁ရက်နေ့တွင် ပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခဲ့မှုနှင့် စပ်လျဉ်းပြီး ပြည်လည်သုံးသပ်သည့် အစည်းအဝေးပွဲကို ဒုတိယဥက္ကဌကသာ ဦးဆောင်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို. အသက် ၆၅ နှစ်အရွယ် ခါးဝေဒနာခံစားနေရဟန်ရှိသော စစ်ကောင်စီဥက္ကဌက သဝဏ်လွှာပေးပို့ထားသည်ကို တွေ့ရသည်။ သို့သော် ဖေဖော်ဝါရီလကုန်ပိုင်းကနေ မတ်လ ၄ရက်နေ့အထိ နေပြည်တော်တွင် ထိပ်တန်းအစည်းအဝေး သုံးကြိမ်ပြုလုပ်ခဲ့ပြီး အစည်းအဝေးတိုင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကသာ တက်ရောက်သည်ကိုတွေ့ရသည်။
လူမြင်ကွင်းမှမကွယ်ပျောက်မီ သီတင်းပတ်တစ်ပတ်အကျော်ကတည်းက စစ်ခေါင်းဆောင်သည် ခါးနာသက်သာစေသည့်ခါးပတ်ပတ်ထားပုံကို သတင်းများတွင်တွေ့ခဲ့ရ့သည်။
သူသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်း တစ်နှစ်ပြည့်မိန့်ခွန်းပြောခြင်း၊ မကွေးပြည်သူ့ဆေးရုံရှိ အသစ်ထပ်မံဆောက်လုပ်ထားသည့် အဆောင်များကို သွားရောက်ကြည့်ရှု့ခြင်း၊ မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူကို ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူခြင်းနှင့် အနေကဇာတင်သည့် အခမ်းအနားတက်ရောက်ခြင်း၊ ကျိုင်းတုံတွင် ဘုရားဖူးခြင်း၊ စေတီတော်တည်ဆောက်မှုကို သွားရောက်ကြည့်ရှု့ခြင်းတို့ပြုလုပ်ခဲ့သေးကာ ယတြာချေခြင်းများလည်းလုပ်နေခဲ့သည်။
သို့သော် သူသည် ပြည်မြို့သို့ သွားရောက်ရန်ရှိကြောင်း သတင်းထွက်ပေါ်နေပြီး ယခုရက်ပိုင်းအတွင်း ပြည်မြို့တွင် ပလက်ဖောင်းဆေးသုတ်ခြင်း၊ လမ်းသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း ပြည်မြို့ခံအချို့ကပြောသည်။
Credit
ဓာတ်ပုံ- စစ်ခေါင်းဆောင် (ညာ)သည် လူမြင်ကွင်းမှမပျောက်မီက ခါးဝေဒနာခံစားနေခဲ့ရဟန်ရှိသည်။
စစ်ကိုင်းတောင်ရိုး
သမိတ္ထောဒယသီလရှင် စာသင်တိုက်ကြီး ခင်ဗျား...
ဒေါ်ဝေသိဂ် ီ၊ဒေါ်ဋ္ဌေး၊ဒေါ်သန်းတို့ရဲ့တူမအခြေအနေပါ။
သာသနာကိုမငဲ့။ တိုက်နာမည်ကို ကိုယ်ကျိုးအတွက်အသုံးချ ချင်ရင်လဲ သဘောပါ။
ကျနော် ဖြေရှင်းပေးဖို့ တိုက်ကို အကြိမ်ကြိမ် လာရောက် တောင်းပန်ခဲ့ပါသည်။
သို့ပေမယ့် ဒေါ်ဋ္ဌေးတို့၏ ဆဲဆိုကြိမ်းမောင်း ခြိမ်းချောက် ခြင်းသာခံခဲ့ရပါသည်။
အရင်တခါ ကျနော်ဆရာ့မျက်နှာနှင့် နောက်ဆုပ်ပေးခဲ့သည်။
စ၍ မပတ်သတ်တော့ကြောင်း သိက္ခာကျခံပီး နေလာခဲ့သည်။ ယ္ခုမူ တိုက်မ၏တပည့် သည် လာရောက်ပတ်သတ်လာသည်။
ခွင့်မလွှတ်နိုင်တော့ပါကြောင်း အသိပေးပါသည်။
credit #
ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏
တပ်မတော်သား တစ်ဦးဖြစ်ပြီး၊
တာဝန် ၁ = တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးနေရာ၌ လက်ရှိ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
တာဝန် ၂ = ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီး-နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ်-တာဝန်ထမ်းဆောင်လျက်ရှိသည်။
တာဝန် ၃ = ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော အိမ်စောင့်အစိုးရတွင်လည်း ဝန်ကြီးချုပ်အဖြစ် မိမိကိုယ်ကိုပြန်လည်ခန့်အပ်ကာ တာဝန် ထမ်းဆောင်နေသည်။
ယင်းဖန်တီးထားသော
အိမ်စောင့်အစိုးရ၏ အစိုးရအကြီးအကဲအဖြစ်
အုပ်ချုပ်ရေးအာဏာနှင့် ကောင်စီဥက္ကဋ္ဌအဖြစ်
ဥပဒေပြုရေးအာဏာတို့ကို ကိုယ်တိုင်ကျင့်သုံးလျက်ရှိသည်။
ဌေးတင့် 🇳🇱
ခင်မောင်အေးပိုင် Golden Myanmar Airlines၊ အောင်ကိုဝင်းပိုင် Brighter Energy နှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ တို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍ အကြမ်းဖက် အားပေးသူများအဖြစ် NUG ကြေညာ၊ ကုမ္ပဏီ ၆ ခုကို စီးပွားရေး ဆက်ဆံမှု မပြုရန် အမိန့်ထုတ်ပြန်
ရန်ကုန်၊ မတ် ၅
CB ဘဏ်ဥက္ကဋ္ဌ ခင်မောင်အေးပိုင် Golden Myanmar Airlines ၊ KBZ ဘဏ်ဥက္ကဋ္ဌ အောင်ကိုဝင်းပိုင် Brighter Energy ကုမ္ပဏီနှင့် သိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူ ကုမ္ပဏီတို့ကို စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း၍ NUG က အကြမ်းဖက် အားပေးသူများအဖြစ် မတ်လ ၄ ရက်နေ့တွင် ကြေညာလိုက်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်အုပ်စုအတွက် လေယာဉ်ဆီတင်သွင်းမှုတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် Golden Myanmar Airlines ၊ ရွှေဗျိုင်းဖြူ ကုမ္ပဏီနှင့် Brighter Energy ကုမ္ပဏီ တို့ကို အကြမ်းဖက်စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် ထောက်ခံအားပေးသူများအဖြစ် သတ်မှတ်ပြီး ၎င်းတို့၏ လုပ်ငန်းများကို စီးပွားရေးအရ ဆက်ဆံခြင်းမပြုရန် NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက လက်မှတ်ရေးထိုး၍ ကြေညာချက် ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထွန်းမြင့်နိုင်(ခ) စတီဗင်လောပိုင် Yangon Aerodrome Company ၊ ကြံ့ဖွတ်အမတ်ဟောင်း ဒေါက်တာဝင်းမြင့်ပိုင် မြတ်မေတ္တာမွန်ကုမ္ပဏီ၊ ရှယ်ယာရှင်များဖြစ်ကြသည့် ကြူကြူမြင့်၊ သရဖီလှမျိုး၊ ဝင်းကျော်ကျော်အောင်တို့ ပိုင်ဆိုင်သော Asia Sun Energy ကုမ္ပဏီတို့ကို အမည်ပျက်စာရင်း ကြေညာခဲ့သည်။
လက်ရှိအချိန်တွင် လေယာဉ်ဆီတင်သွင်း၍ အမည်ပျက်စာရင်း ကြေညာခံရသည့် ကုမ္ပဏီ ၆ ခုရှိနေပြီး ယင်းကုမ္ပဏီများသည် အကြမ်းဖက်စစ်ရာဇဝတ်မှုထောက်ခံအားပေး၍ စီးပွားရေးအရ ဆက်ဆံခြင်းမပြုကြရန် NUG စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရားဝင် အမိန့်ထုတ်ပြန် ထားပြီဖြစ်သည်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ သီလဝါဆိပ်ကမ်းတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ Asia Sun Energy ကုမ္ပဏီက လေယာဉ်ဆီ Jet Fuelများကို ဆီသယ်ယာဉ် ၃ စီးဖြင့် သယ်ယူပြီး မှော်ဘီလေတပ်စခန်းသို့ ပို့ဆောင်ခဲ့သေးသည်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ် ၁ ရက်အထိ တစ်နှစ်နဲ့ တစ်လတာကာလအတွင်း မြန်မာနိုင်ငံတဝန်း မီးရှို့ခံရတဲ့ နေရာပေါင်း ၁၆၅ ခုက နေအိမ်ပေါင်း ၆,၁၅၈ လုံး မီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မီးရှို့ခံရမှု အများဆုံးတိုင်းက စစ်ကိုင်းတိုင်းဖြစ်ပြီး နေအိမ်ပေါင်း ၃,၇၀၀ နီးပါး၊ ဒုတိယအများဆုံးကတော့ ချင်းပြည်နယ်ဖြစ်ပြီး နေအိမ်ပေါင်း ၁,၁၀၀ ကျော်၊ မကွေးမှာ ၉၀၀ နီးပါး၊ ကယားမှာ ၃၀၀ ကျော်၊ ရှမ်းမှာ ၉၀ ကျော်၊ မန္တလေးမှာ ၃၀ ကျော်၊ တနင်္သာရီမှာ ၃၀ နီးပါး၊ ပဲခူးအနောက်ပိုင်းမှာ ၁၀ လုံးနဲ့ ကရင်ပြည်နယ်မှာ ၅ လုံးဖြစ်ပါတယ်။
“မီးရှို့တာတွေ စဖြစ်တာကတော့ ၂၀၂၁ မေလလောက်ကစတာ၊ ရှေ့ပိုင်းကာလတွေကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာပေါ့။ အခုရက်ပိုင်း စစ်ကိုင်းဘက်မှာ အင်တာနက်ဖြတ်တောက်ထားတော့ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ လိုက်စုဆောင်းဖို့ မလွယ်တော့ဘူး။ ဒေသခံတွေအနေနဲ့ ဒီအချက်လက်တွေကို မှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ဖြစ်ဖြစ် သေချာသိမ်းထားနိုင်ရင်တော့ ပြန်စုဖို့ရလောက်မယ်။ ဒါပေမဲ့လည်း အခြေအနေတွေက ပြောမရဘူး ” လို့ အချက်လက်တွေကို စုစည်းဖော်ပြပေးနေတဲ့ Data for Myanmar အဖွဲ့ဝင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
အခု ဖော်ပြနေတဲ့ အချက်လက်တွေကလည်း တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက် ၊ ဖြစ်စဉ်အလိုက် ပြန်စီပြီး ရေတွက်ထားတဲ့အကြောင်း၊ သတင်းဌာနတစ်ခုချင်းစီက အရေအတွက်တွေကို ပြန်စိစစ်ထားပြီး ဒေသခံ လူ့အခွင့်အရေးအဖွဲ့တွေ၊ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်ထားတာတွေကိုလည်း အခြေခံပြုစုထားတာလို့ ပြောပါတယ်။
Data For Myanmar အဖွဲ့ဟာ စစ်အာဏာသိမ်းခံထားပြီးနောက်ပိုင်း နေအိမ်မီးရှို့ခံရတာ၊ ဖျက်ဆီးခံရတာ၊ နေအိမ်စွန့်ခွာထွက်ပြေးကြရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေအပါအဝင် အသံတိတ်သပိတ်မှာ ပါဝင်တဲ့မြို့တွေ၊ နုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးစာရင်းတွေ စတဲ့ အချက်လက်တွေကို စုစည်းဖော်ပြပေးနေတာ ဖြစ်ပါတယ်။
ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-60389755
ဓာတ်ပုံ-Gangaw Youths Voice
ပုံစာ-ဂန့်ဂေါမှာ ဖေဖော်ဝါရီ ၂၈ ရက်နဲ့ မတ် ၁ ရက်နေ့က မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်တချို့ကိုတွေ့ရစဉ်။
မတ် ၅၊ ၂၀၂၂။
စင်ကာပူနိုင်ငံအနေဖြင့် ရုရှနိုင်ငံအခြေစိုက် ဘဏ်အချို့နှင့် ရုရှအစိုးရကိုအကျိုးအမြတ်ရစေမည့်လုပ်ငန်းများကို စီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူမှုများပြုလုပ်မည်ဟု ကြေညာလိုက်သည်။
ယူကရိန်းပြည်သူများကို တိုက်ရိုက်ထိခိုက်စေရန်လက်နက်အဖြစ်အသုံးပြုနိုင်သည့် လက်နက်ဆိုင်ရာပစ္စည်းများတင်ပို့မူကို တားဆီးပိတ်ပင်သွားမည်ဟု စင်ကာပူနိုင်ငံ၏နိုင်ငံခြားရေးရာဝန်ကြီးဌာနက ကြေညာခဲ့သည်။
"ရုရှနိုင်ငံနဲ့ ရုရှပြည်သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တန်ဖိုးထားပေမယ့် ရုရှနိုင်ငံအနေနဲ့ တခြားတိုင်းပြည်တစ်ပြည်ရဲ့ အချုပ်အခြာပိုင်နက်ကို ကျူးလွန်နယ်ချဲ့တာကို လက်မခံနိုင်ဘူး" ဟု နိုင်ငံခြားရေးရာဝန်ကြီးဌာနက ဆိုသည်။
စင်ကာပူနိုင်ငံ၏လုပ်ဆောင်ချက်သည် "ယူကရိန်းနိုင်ငံနှင့် ၎င်း၏အချုပ်အခြာပိုင်နက်ကို ကျူးကျော်တိုက်ခိုက်မှု" လုပ်ဆောင်နေသည့် ရုရှား၏စွမ်းရည်ကို အတားအဆီးဖြစ်စေရန် ရည်ရွယ်သည်ဟု သိရသည်။
ယူကရိန်းနိုင်ငံကို စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ကျူးကျော်ထားသည့် ရုရှားနိုင်ငံကို ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ် (FIFA) အပါအဝင် အားကစားနှင့် အခြားကဏ္ဍအများအပြားက ရုရှားနိုင်ငံကိုပိတ်ဆို့အရေးယူမှုများပြုလုပ်လိုက်သည်။
ထိုကဲ့သို့ပိတ်ဆို့အရေးယူသည့်ကဏ္ဍများကြောင့် ရုရှားနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၊ ကမ္ဘာ့ရပ်ဘီအသင်းချုပ်၊ ဟော်ကီ၊ တင်းနစ်၊ စကိတ်နှင့် အခြားအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ဆုံးရှုံးမည် ဖြစ်သည်။
ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကြောင့် ရုရနိုင်ငံသည် ကမ္ဘာ့ဖလားဘော်လုံးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မည်မဟုတ်ဘဲ ယခင်က ရုရနိုင်ငံ၊ စိန့်ပီတာစ္စဘတ်မြို့တွင် ကျင်းပမည့် ချန်ပီယံလိဂ်ပြိုင်ပွဲဗိုလ်လုပွဲစဉ်ကို ပြင်သစ်နိုင်ငံသို့ ပြောင်းရွှေ့ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
The 74 Media
မသန်စွမ်းအားကစားပြိုင်ပွဲဖွင့်ပွဲအတွင်း မသန်းစွမ်းသူများဆိုင်ရာအကြီးအကဲရဲ့ ရုရှား - ယူကရိန်းအရေးအတွက် ငြိမ်းချမ်းရေးဆိုင်ရာ တောင်းဆို ပြောဆိုမှုကို တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ဆင်ဆာဖြတ်တောက်ခဲ့ပါတယ်။
အိုလံပစ် မသန်စွမ်းအားကစားပြိုင်ပွဲကို လက်ရှိအချိန်မှာ ဖွင့်ပွဲကျင်းပပြီး တရုတ်နိုင်ငံမှာ ပြုလုပ်နေတာပါ။
နိုင်ငံတကာမသန်စွမ်းသူများ ဥက္ကဋ္ဌ အင်ထရူးပါဆင်စ်က ရုရှား - ယူကရိန်း အရေးအတွက် ငြိမ်းချမ်းရေးကိုအရေးတကြီးလုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့တာပါ။
"ဒီညတော့၊ ငြိမ်းချမ်းရေးသတင်းစကားနဲ့ စတင်ချင်ပါတယ်" လို့ တရတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် တက်ရောက်လာတဲ့ နိုင်ငံတကာမိတ်ဆွေတွေ၊ ပွဲကြည့်ပရိတ်သတ်တွေအားလုံးအရှေ့မှာ အင်္ဂလိပ်ဘာသာစကားနဲ့ အဲဒီလိုအစချီပြောဆိုခဲ့တာပါ။
အဲဒီလိုပြောဆိုမှုကို တရုတ်နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ CCTV ကထုတ်လွှင့်နေချိန်မှာပဲ အဲဒီပြောဆိုမှုကို သဲသဲကွဲကွဲမကြားရအောင် ပြုလုပ်ခဲ့ပြီး၊ လက်သင်္ကေတပြ သတင်းပြောဆိုသူကလည်း ဘာသာပြန်ဆိုပြောပြတာကို ရပ်တံ့ခဲ့ပါတယ်။
"မတူကွဲပြားမှုတွေကို ဂုဏ်ပြုပြီး ကွဲပြားမှုတွေကို လက်ခံတဲ့ အဖွဲ့အစည်းကြီးတစ်ရပ်ကို ဦးဆောင်နေတဲ့သူတစ်ယောက်အနေနဲ့တော့ အခုကမ္ဘာကြီးမှာဖြစ်နေတဲ့ မငြိမ်းချမ်းမှုဖြစ်စေတဲ့အရာတွေအတွက်ကို ထိန့်လန့်နေရပါတယ်"လို့ ပြောဆိုတာအပြင် ထပ်မံပြောဆိုတဲ့ ရုရှား - ယူကရိန်းဆိုင်ရာ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တိုက်တွန်းပြောဆို မှုတွေကို တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ဆက်တိုက်ဆင်ဆာဖြတ်တောက်မှုတွေလုပ်ခဲ့ပါတယ်။
တရုတ်ကတော့ ရုရှား - ယူကရိန်းအရေးမှာ ရုရှားဘက်က ကျူးကျော်မှုလို့ခေါ်ဆိုတာကို ငြင်းဆန်ထားပြီး၊ ရုရှားကိုပြစ်တင်ရှုံ့ချမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာလည်း မဲမပေးပဲနေခဲ့ပါတယ်။
ဓာတ်ပုံ - GETTY
ဒီသတင်းအပြည့်အစုံအပါအဝင် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရ သတင်းများတိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-60389755
#ဘီဘီစီမွနျမာပိုငျး #ယူကရိနျး #ရုရှား #တရုတ် #Paralympics #CCTV #Censorship
အာဏာသိမ်း အဖွဲ့သည် နေပြည်တော်အား လုံခြုံစိတ်ချရသည့် ခံတပ်ကြီး သဖွယ် သဘောထားလာနေပြီး ရန်ကုန်ရှိ ဦးပိုင် ရုံးချုပ်ကို ရွှေ့ပြောင်းရန် ပြင်ဆင်လာနေပြီ ဖြစ်သည်ဟု သိရသည်။
ထိုသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့မှုသည် လုံခြုံရေး အရ စိုးရိမ်မကင်း ဖြစ်လာနေသည်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။ ဦးပိုင် သည် ၎င်းတို့ အတွက် အစိုးရ ဘတ်ဂျက် အပြင်မှ စာရင်းစစ်ခွင့် မရှိ၊ စိတ်ကြိုက် သုံးခွင့် ရအောင် ဒေါ်လာ ဘီလီယံ ပေါင်း အများအပြား ကို “အောက်ဆိုက်” ဝင်ငွေ အဖြစ် ဖန်တီးပေးနေသည့် ကုမ္ပဏီ ပေါင်းများစွာ ကို ပိုင်ဆိုင်ထားသဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ရွှေ့ရန်လိုလားနေပြီး အဆောက်အဦး သစ်အတွက် နေပြည်တော် ဥတ္တရသီရိ မြို့ မန္တလေး လမ်းတွင် ဇန်နဝါရီ လ အတွင်း မြေနေရာကို ပန္နက်ရိုက်ကာ စတင် ဆောက်လုပ်နေပြီဟု ဧရာဝတီ သတင်းက ဆိုသည်။
စစ်ကောင်စီ အဖို့ က ၎င်းတို့ အားကိုးအားထား ပြုသည့် ရုရှားသည် စီးပွားရေးပိုင်းတွင် ပြဿနာပေါင်း သောင်း ခြောက်ထောင် နှင့် ရင်ဆိုင်နေရပြီ ဖြစ်၍ မြန်မာကဲ့သို့ နိုင်ငံမျိုးအား လက်နက်ခဲယမ်း များ ထောက်ပံ့ရေး အစ ရှိသည် တို့တွင် မည်သို့မျှ ဦးစားပေး အဆင့်တွင် မထားနိုင်တော့သည်ကိုလည်း ရိပ်စားမိလာကြပြီ ဖြစ်သည်။ လက်နက်များ အရင်အတိုင်း ဆက်လက် ရောင်းနိုင်သည်ပင် ဆိုစေဦး နှစ်နိုင်ငံစလုံးအဖို့ နိုင်ငံတကာ ဘဏ္ဍာရေး နယ်ပယ်တွင် နာမည်ပျက် စာရင်း သွင်းခံထားရသူများ ဖြစ်၍ ငွေပေးငွေယူ လုပ်ရမည့် အရေးသည် လတ်တ လောမှာ အခက်အခဲများ ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု ဝါရှင်တန် အမျိုးသား စစ်ကောလိပ် နှင့် ဂျော့ချ် တောင်း တက္ကသိုလ် ရှိ ပါမောက္ခ ဇာခါရီ အဘူဇာက ထောက်ပြလာခဲ့သည်။
သူ၏ အဆိုအရ ရုရှားသည် ၎င်းတို့ရှိ နိုင်ငံခြား အရံငွေ ဒေါ်လာ ၆၃၀ ဘီလီယံ ၏ ၄၀ ရာ နှုန်း ကို ထုတ်ယူခွင့် မရတော့၍ စီးပွားရေး ပိုင်းတွင် အကြီးအကျယ် ထိခိုက်သွားခဲ့ရပြီ ဖြစ်သည်။
နောက်ထပ် စိုးရိမ်မကင်း ဖြစ်လာသည့် လက္ခဏာ အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး တခုလုံးအား ကြာသပတေး နေ့မှစ၍ မိုဘိုင်း အင်တာနက် ကို “အချိန် အကန့်အသတ် မရှိ” လုံးဝဖြတ်တောက် ပြစ်လိုက်ပြီဟု ကြေညာလာ ခြင်း ဖြစ်သည်။ ယခင်က မြို့နယ် ရှစ်မြို့နယ်အား ကန့်သတ်ထားရာမှ တတိုင်းလုံးကို ထပ်မံ တိုးချဲ့လိုက်ခြင်း ဖြစ်သည်။ (ပုံတွင် စစ်တပ်မှ ဇန်နဝါရီ ၃၁ ရက် နေ့ အတွင်း စစ်ကိုင်းတိုင်း ပုလဲ မြို့နယ် အတွင်းရှိ မွေတုံး ရွာ ကို မီးရှို့ဖျက် ဆီးသွားသည့် မြင်ကွင်းကို တွေ့နိုင်သည် - မြန်မာနောင်း)
အိမ်များကို မီးရှို့ဖျက်ဆီးခံရ၍ ထွက်ပြေးသွားရသူများကိုလည်း လေးရက်အတွင်း ပြန်မလာက PDF များ အဖြစ် သတ်မှတ်ပြီး ကွပ်မျက်သွားမည်ဟု ကလေး မြို့နယ်အတွင်း ကလေး-ဂန့်ဂေါလမ်း ရှိ သံဖို ကျေးရွာမှ စစ်ပြေးရှောင်သူများအား ခြိမ်းခြောက်လာသည်ဟု သတင်းများက ဆိုသည်။
မိမိတို့ နောက်တွင် ပြည်သူတရပ်လုံး ရှိနေသည် ဆိုပြီး အသက်စွန့်၍တိုက်ပွဲ ဝင်နေကြသူများကို အားပေးသည့် အနေဖြင့် ထိုသို့ မလုပ်နိုင်သူများမှလည်း ၎င်းတို့နှင့် မပူးပေါင်း ဆိုသည့် စိတ်ဓါတ်ရေးရာ အရဖြင့်တော့ ဆက် လက် တိုက်ပွဲဝင်သွားကြရမည် ဖြစ်သည်။ သွေးအေး သွားပြီ ဆိုသည့် လက္ခဏာများ ပြသလာပါက တော်လှန် ရေးအင်အားစုများ အကြား စိတ်ဓါတ်များ ကျဆင်းလာနိုင်သည်။ ထိုသို့ သွေးအေးလာသူများ အတွက် ဆက် လက် ရင်ဆိုင်ရမည့် အရေးမှာ စစ်အာဏာရှင်တို့လက်အောက်တွင် ကျွန်ယုံ ကျွန်ကောင်း ပီသစွာ နေထိုင်တတ် အောင် ကြိုးစားကြရတော့မည် ဖြစ်သည်။ သာမန် စစ်ဗိုလ်တယောက်ကိုပင် မျက်နှာချို သွေးကာ မော်မကြည့် ဝံ့သည့် အဖြစ်မျိုး နှင့် ကြုံကြရပေတော့မည်။
အေတီအမ် ရှေ့တွင် တန်းစီနေရသည့် အဖြစ်မှ ရာရှင်နှင့် ရောင်းပေးမည့် ဆန် ဆီ ဆား တို့ ဝယ်ယူနိုင်ရာတွင် တန်းစီကြရပေတော့မည်။
လက်ရှိတွင် ရုရှားအား ချက်ချင်းဆိုသလို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်လာသော ဂျပန်၊ တောင်ကိုရီယား၊ စင်္ကာပူ၊ ဩစတေးလျှ တို့က မြန်မာ အပေါ် ထိုသို့ လုပ်ခြင်း မရှိ ဘဲ business as usual အဖြစ် ရောက်လာနိုး နှင့် စောင့်ကြည့်နေသည်။ ရုရှားသည် တရုတ်ဖက် ယိမ်းသွားမည် ဆိုသည့် စိုးရိမ်စကား မဆိုကြတော့။ ဂျပန် နှင့် စင်္ကာပူ ဆိုလျှင် ၎င်းတို့၏ ဘဏ်တိုက်ကြီးများတွင် စစ်ဗိုလ်ချုပ်ကြီးများ အပ်နှံငွေများကို အမေရိကန်ကဲ့သို့ ထိန်းချုပ်ခြင်းမျိုး ပင် မလုပ်ကြပေ။ အမေရိကန်မှ ထိန်းချုပ် ထားသည့် ငွေများကို NUG မှ သုံးစွဲခွင့် မရသေး၊ ထိုငွေများ ကို အပေါင် သဘောမျိုး ထား၍ အခြားဘဏ်များမှ ချေးငှားနိုင်ခွင့် ပင် မရပေ။
အာဆီယံသည်လည်း တနိုင်ငံ၏ ပြည်တွင်းရေးကို တနိုင်ငံက မစွက်ဖက်ရေး ဆိုသည့် မူ၏ နောက်တွင် ပုန်း လျှိုးနေကြဆဲ ဖြစ်သည်။
ထိုသို့သော အနေအထားများ ကို သိမြင်နားလည်လာကြသော NUG နှင့် မြန်မာ ပြည်သူတို့ အဖို့ ပါးစပ်ထဲ တွေ့ကရာ ပြောကာ မီးဖိုချောင်ထဲ အထိ ဝင်ရောက်ချယ်လှယ်လာ သော အာဏာရှင် တဦး ၏ နှုတ်ဖျားမှ ထွက် လာသော မရေမရာ စကားများထက် မိမိတို့ လွတ်လပ် လုံခြုံစွာ နေထိုင်သွားလာခွင့် ပြန်လည် ရရှိရေး၊ မိမိတို့ စိတ်ကြိုက် လူနေမှု စနစ် နှင့် စီးပွားရေး အနာဂတ် လမ်းကြောင်း ရွေးချယ်ရန် အတွက် မိမိတို့ကိုယ်ကို မိမိတို့ အားကိုး ရတော့မည် ဆိုသည့် အယူအဆ ကို လက်ခံလာကြသည်ကပင် တော်လှန်ရေး အတွက် အားဆေးများ ဖြစ်လာခဲ့ရသည်ဟု ပါမောက္ခ အဘူဇာ မှ သုံးသပ်သွားခဲ့သည်။
ပြည်သူများကတော့ မည်သူတဦးတယောက်မျှ လှုံ့ဆော် စည်းရုံးစရာ ပင် မလိုအောင် ၎င်းတို့ အကြောင်းကို နောကျေအောင် သိထားကြသူများ ပီပီ အာဏာသိမ်းသည့် သတင်း ထွက်ပေါ်လာချင်းပင် စောင့်ကြည့်စရာ မလို မိမိတို့ အားလုံး၏ အနာဂတ် ပျက်စီးသွားပြီ ဆိုသည်ကို ချက်ခြင်း လက်ငင်း နားလည် လိုက်ကြသည့် အထိ ယုံကြည် ကိုးစားခြင်း ခံရသူများ ဖြစ်သည်။ ယခုထက်ထိလည်း မိမိတို့ ယူဆထားသည်မှာ မှန်ကန်ကြောင်း သက်သေပြနေဆဲပင် ဖြစ်သည်။
ထိုသို့သော ပုဂ္ဂိုလ်များက လူထုကို နားလှည့် ပါးရိုက်လုပ်ရန် ရွေးကောက်ပွဲကို ဟန်ပြလုပ်ပြီး နောက်ကွယ်မှ စီမံအုပ်ချုပ်သွားမည့် အရေးကို မည်သူကမျှ လက်ခံနိုင်စရာ မရှိ ဆိုသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
