နူးကလီးယား ဓာတ်ပေါင်းဖိုကို ရုရှားပစ်ခတ်ပြီးနောက် ယူကရိန်းသမ္မတရဲ့ မိန့်ခွန်း
ပြင်သစ်သမ္မတစကားအရဆို အတော်စိုးရိမ်စာကောင်းနေသလို ကျနော်ယူဆမြင်နေတာ ပူတင်က နောက်မဆုတ်ဘူး ယူကရိန်းကို အရသိမ်းမယ်ဆို
လူသိပ်မရှိတဲ့ မြို့တမြို့လောက်ကို နူတလုံးလောက် ပစ်ပြလိမ့်မယ် ဒါမှ သိမ်းပြီးသားနဲ့ အနောက်အုပ်စုပါ ခြိမ်းခြောက်ပြိးသားဖြစ်မယ် မဟုတ် သူခံနေရ စစ်ပွဲကြာရှည်မှာပဲ
ဒီလိုဆိုမေးစရာရှိတယ် ပစ်ရင် အနောက်အုပ်စု ဘာလုပ်မလဲဆို မလုပ်ဘူး သူတို့မပစ်မခြင်း တားဆီးမယ် စိုးရိမ်မယ်နဲ့ သမရိုးကျစစ်လောက်နဲ့ပဲ ဟန့်တားမယ်
ဒီအတွက် ဘယ်နေရာပစ်မလဲဆို နူစက်ရုံတွေ ရှိတဲ့နေရာလို့ပဲထင်တယ် ဒါကြောင့်ဟိုနေ့က အဲ့ကိုပစ်တာ ကံကောင်းလို့ ဘာမှမဖြစ်တာပဲ အကြောင်းက ပူတင်ကို ခြိမ်းခြောက်အာခံနိုင်တဲ့ ဒီစက်ရုံတွေကို တခါတည်း ဖျက်ပြီးသားနဲ့ သူ့အလိုကျ အစိုးရတင်မြောက်နိုင်ဖို့ ယူကရိန်းကို သိမ်းဖို့ဆို နူပစ်ရင်ပစ် မပစ်ရင် နူစက်ရုံတွေ လှမ်းထုပဲ
အစက အဲ့စက်ရုံတွေကို ခြိမ်းခြောက်ရုံပစ်ပြပြီး ပိုကြီးမားကျယ်ပြန့်မစိုးလို့ အခြားနေရာ ပစ်မယ်ထင်ရပေမယ့် နူပစ် သိမ်းပိုက် စစ်ရေးကူနေတဲ့ အနောက်အုပ်စုကို ခြိမ်းခြောက်ဟန့်တားဖို့ဆို ထိုနေရာကို ပစ်ပြီး ပူတင်ထဟီးရိုးလုပ်မယ် ထင်ပါတယ်
ဒီတော့ ဒီပွဲ ယူကရိန်းရှုံးရင် အနောက်အုပ်စု ဒီမိူစနစ်က ကွန်မြူနစ်ဝါဒီ ကျရှုံးရမှာ ဖြစ်သလို နိုင်ရင်တော့ ပွဲပြတ်ပြီး ချိ့နား ပူတင် အန္တရာယ်မှနေ ကမ္ဘာ့နိုင်ငံတွေ လုံခြုံပြီ ဖြစ်လေသည်
ဒီအတွက် တကယ့်နန်းလုပွဲဆိုတာ ခုမှသေချာနေပြီဟုဆိုချင်ပြီး ကမ္ဘာကျော်မျက်မမြင်ရှေ့ဖြစ်ဟောဆရာမကြီး ဟောထားတဲ့ ဟောကိန်း မှန်မမှန်ဆိုတာ စောင့်ကြည့်ဖွယ်ရာနဲ့ ၂၀၂၂မှစ တျုတ်နဂါးကြီး ကမ္ဘာကို လွှမ်းမိုးအုပ်စိုးလိမ့်မည်ဆိုတာကတော့ ခုထိ မမှန်သေးဘူးဆိုတာ သိစေချင်သည် !
#မင်းကြည်ညိုနေ 🕊️
စစ်ကောင်စီဘက်က မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်တစ်ခုမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထဲက ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဦးအောင်မျိုးမင်း၊ ဒေါက်တာဆာဆာ၊ ဒေါ်ဇင်မာအောင်တို့အပါအဝင် ၈ ဦးနဲ့ ဦးမင်းကိုနိုင်၊ ဦးမျိုးရန်နောင်သိမ်းနဲ့ မအိပန်ဆယ်လိုတို့ကို နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း ကြေညာပါတယ်။
NUG ရဲ့လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီလိုလုပ်တာဟာ စစ်ကောင်စီအပါအဝင် စစ်အစိုးရအဆက်ဆက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို စွပ်စွဲလုပ်ဆောင်လေ့ရှိတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုသာ ဖြစ်ပြီး စစ်ကောင်စီက ကြေညာတာဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်မရှိသလို တရားဝင်မှာလည်း မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ဘီဘီစီမြန်မာပိုင်း
ဟာသကွာ ။
ငါတို့ကို နိုင်ငံသားအဖြစ်ကနေရပ်စဲပါသည်တဲ့။ မင်းတို့နိုင်ငံသားဖြစ်ခွင့်ပေးမှ နိုင်ငံသားဖြစ်မှာကျနေတာပဲ ။ နိုင်ငံသားဖြစ်ခြင်းဆိုတာ နှလုံးသား နဲ့ ဆိုင်တယ် ၊ ခံယူချက်နဲ့ဆိုင်တယ်။ ငါဘယ်နိုင်ငံရောက်နေနေ ငါ့အတွေး၊ ငါ့ဝိဉာဏ် ၊ ငါ့နှလုံးသားရှိရာအရပ်ဟာ ငါ့အမိနိုင်ငံတော်ပဲ။
ငါတို့က အသွေးအသားအားဖြင့် မြန်မာ ၊ ဝိဉာဉ်အားဖြင့် မြန်မာ ၊ နှလုံးသားအားဖြင့် မြန်မာ ။ မြန်မာပြည်အတွက် ငါတို့ဘဝတွေ ပေးထားတာ ၊ စတေးထားတာ ၊ စွန့်လွတ်ထားတာ။ မင်းတိူ့လို ဒီမြေမှာမွေး ဒီရေကိုသောက်ပြီး ဒီမြေကိုပြန်ဒုက္ခပေးနေတဲ့ “ သားရေပေါ်အိပ်၊ သားရေသားစား “တွေမဟုတ်ဘူးဆိုတာ မင်းတို့ခေါင်းထဲဦးနှောက်ပါရင်သိပါတယ်။
အရှက်မရှိပြောထွက်တဲ့စကား ငါတို့ကိုနိုင်ငံသားအဖြစ်မှရပ်စဲသည်တဲ့ ။ မြန်မာနိုင်ငံကိုမင်းတို့ပိုင်တာကျနေတာပဲ။ ဆုတောင်းလေ ၊ ဆုတောင်း ။ နောက်ဆုံးထွက်သက်မတိုင်မှီ ဆုတောင်းသွားကြပေါ့။
စကားမစပ် ငါ့အမည်စာလုံးပေါင်းမှားနေတယ်။ ဒါမှမဟုတ် အဲ့ဒါနောက်တစ်ယောက်လား။
ဇွတ်ကိုကြောက်နေလိုက်ကြတာ စာလုံးပေါင်းတောင်မှားတယ်။
မျိုးရန်နောင်သိန်း
၄- ၂-၂၀၂၂
#မြန်မာစံတော်ချိန် ည ၉ နာရီ ၅၂
ဒါက ထုံးစံပါ။
ကမ္ဘာအရပ်ရပ်က နိုင်ငံသားတွေက အစိုးရကို သံသယနဲ့ ဝေဖန်မှုတွေ လုပ်လေ့ရှိကြတာပဲ..။
မြန်မာပြည်က မောင်နှမတွေရော NUG အစိုးရကို ဝေဖန် ဘာညာလုပ်ကြတာတွေ့ရတာ အမှန်တော့ ဝမ်းသာစရာပါ။
ကျုပ်တို့ မြန်မာတွေ ပါးစပ် ပိတ်လာရတာ အနှစ် ၆၀ကျော်ပြီလေ..။ အခုမှ ကျုပ်တို့ လူလို သူလို အစိုးရကို ဝေဖန်တာတို့ ဘာတို့..။
အဲ… ဆဲတာတို့…။
🗣
ဒါ..မြန်မာပြည်မှာမှ မဟုတ်ပါဘူး၊ ဒီနေ့ခေတ်မှာ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေဟာ သူတို့အစိုးရတွေကို ပိုပြီးဝေဖန်လာကြတယ်။
အခုခေတ် မျိုးဆက်သစ်တွေက နိုင်ငံရေး ပါတီတွေကို စိတ်ပျက်ကြတယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေ အပေါ် ယုံကြည်မှု နည်းပါးလာကြတယ်။ဒါကလည်းအကြောင်းရှိတယ်တဲ့။
‘ လူမှုရေး ခေတ်မှီတိုးတက်လာတာနဲ့အမျှ၊ နိုင်ငံသားတွေကျွမ်းကျင်မှုတိုးတက်လာနဲ့ အမျှ၊ သူတို့ရဲ့ မျှော်လင့်ချက်တွေက မြင့်တက်လာတယ်..’
‘မျှော်လင့်ချက်တွေဖြစ်မလာတာကြောင့် အာဏာပိုင်တွေ အပေါ် ကြည်ညိုမှု လျော့နည်းသွားတာဖြစ်တယ်’..လို့ The Civic Culture Transformed စာအုပ်ကပြောတယ်..။
🗣
လေ့လာသူတွေ တွေ့ရှိချက်အရ —
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရရှိမှု ဟာ ကမ္ဘာကြီးရဲ့ political culture ကို တမျိုးတဖုံပြောင်းလဲစေတယ်တဲ့။
အဲ့ဒီ့တုန်းက လူတွေက— ‘ဘုရားရေ…. ဒေါ်နယ်ထရမ့်က သမ္မတဖြစ်တော့မယ်?’ ဆိုတဲ့ ထိတ်လန့်တာမျိုး..။
အဲဒီက စပြီး အစိုးရကို အပြင်းအထန်ဝေဖန်တဲ့ ဓလေ့က ကမ္ဘာအနှံ့ကို ဗိုင်းရပ်စ်တစ်ခုလို ပျံ့နှံ့လာတာ။
ဒေါ်နယ်ထရန့်ရဲ့ ဖန်တွေကလည်း ဒေါ်နယ်ထရန့် ထိရင်လုံးဝမခံတာ… ဘိုင်ဒင်အစိုးရ post တွေဆို ‘ဟ..ဟ..’ တွေချည့်..၊ ဆဲတာလည်း နည်းမျိုးစုံ..။
🗣
ဒီနေရာမှာ လွဲနေတာ တစ်ခုရှိတယ်။
NUG အဆဲခံရတာနဲ့ ထရမ့် တို့ ဘိုင်ဒင် တို့ အဆဲခံရတာနဲ့မတူဘူး။
အဲဒီ့ နိုင်ငံတွေကို သွားပြီး အတုယူကော်ပီကူး လို့မရသေးဘူး။ အတုယူဖို့ စောသေးတယ်။
သူတို့နိုင်ငံတွေက ဓမ္မနဲ့ အဓမ္မ စစ်ဖြစ်နေတာမဟုတ်ဘူးလေ။ ပါတီတွေကွဲနေတာ.. အဲ့ဒါ နိုင်ငံရေးအတွေးအခေါ် လွတ်လပ်စွာကွဲလွဲမှုတွေပါ..။
🗣
မြန်မာနိုင်ငံမှာက ဓမ္မနဲ့ အဓမ္မ စစ်ဖြစ်နေတာ။ NUG က ဓမ္မဘက်က ခက်ခက်ခဲခဲ ကုတ်ကပ် ရပ်တည်နေရတယ်။
NUG အစိုးရ အဖွဲ့ဝင်တွေဟာ စေတနာ့ဝန်ထမ်းတွေပါ။ အိမ်ဖြူတော်မှာ ဘော်ဒီဂတ် တွေနဲ့ နိုင်ငံ့အရေးကို စိတ်အေးစွာ လုပ်နေရတဲ့သူတွေမဟုတ်ပါ။
စစ်ကောင်စီဘက်က NUG ကို သတ်ဖို့ သေနတ်အပြည့်နဲ့ အဆင်သင့်စောင့်နေတာပါ။
စစ်ကောင်စီမှာ သတ်ရဲဖြတ်ရဲ ယုတ်မာတဲ့ စိတ်ဓာတ်ကအဆင်သင့်..၊
နှစ်ပေါင်းများစွာ လေ့ကျင့်ထားပြီး ညစ်ညစ်ပတ်ပတ် ကလိမ်ကကျစ် အိုင်ဒီယာလော်ဂျီတွေစုထားတဲ့ အုပ်စုက ဆိုက်ဝါးထည့်ဖို့ အဆင်သင့်.. ၊
အရာရာ စနစ်တကျ အဆင်သင့်ဖြစ်နေတဲ့ မိစ္ဆာအကြီးကြီးတွေကို ရင်ဆိုင်နေရတယ်။
သူတို့ရဲ့ စနစ်တကျ သင်ယူထားတဲ့ ပရိုပါဂန်းဒါးအုပ်စုကလည်း ပရိုပါဂန်းဒါးလုပ်ဖို့ အင်အား ကြီးမားစွာနဲ့ စောင့်ကြည့်နေကြတာ..။
သူတို့က NUG ကိုပြည်သူတွေ ဝုန်းတာကို စောင့်နေတယ်..။ အခွင့်ရတိုင်း ဝမ်းသာအားရ ဝိုင်းပြီး ဆွမ်းကြီးလောင်းကြတာ..။
ပွဲကိုဖြစ်နေတာပဲ..။
🗣
ဒါနဲ့ပဲ ပြဿနာက နည်းလမ်းတကျ မဖြေရှင်းနိုင်ကြ.. အိုဗာတင်းတွေဖြစ်ကုန်တာ..။ ဘာပြဿနာမှလည်း မပြီးသွားပါ။
🗣
မြန်မာက တချို့ မောင်နှမတို့ ပထမဆုံး အတွေ့အကြုံမို့လားမသိ၊ အစိုးရကို အပြုသဘောနဲ့ ဝေဖန်ရမယ့်အစား ရန်သူကြီးလို ရန်ဖြစ်နေကြတယ်။
ပြိုင်ဘက်ကြီးလို ပြောင်လှောင်ကြတယ်။ အတင်းပြောသလိုကြီး ပြောလိုပြော..။
ကောင်းရော..။
ပြီးတော့ပြောလိုက်ကြသေး.. ‘ ချစ်လို့ဝေဖန်တာ’ တဲ့…။
🗣
နိုင်ငံရေး သမားတိုင်း မကောင်းတာမဟုတ်ဘူး။ ဖောက်ပြန်သူတွေ ရှိသလို မဖောက်ပြန်သူတွေလည်း ရှိတယ်။
NUG က “ဝေဖန်ပါ။ NUG ဟာ ဝေဖန်မှုကို ကြိုဆိုပါတယ်” ဆိုတာ အမြဲပြောလေ့ရှိပါတယ်။ ‘အဆဲ’ တွေကိုတော့ ကြိုဆိုမယ်မထင်။
ကျုပ်…ပြည်သူတစ်ယောက်အနေနဲ့ မကြိုဆိုပါ။ ( ကျမတစ်ယောက်တည်း အမြင်ဖြစ်ပါတယ်။)
🗣
ချစ်လို့ဝေဖန်ရင် ၁၀၀% စေတနာရှိရမယ်။ ရယူလိုတာ မပါရဘူး။
ရယူလိုတာက ဘာလဲ…?
ဝေဖန်သူဟာ ငွေ၊ ရာထူး နေရာလိုချင်တဲ့ ဆန္ဒရှိနေရင်….၊ဝေဖန်သူဟာ attention လိုချင်တဲ့ ဆန္ဒရှိနေရင်….၊ဝေဖန်သူဟာ နာမည်ကြီးချင်တဲ့ ဆန္ဒရှိနေရင်….၊ ဝေဖန်သူဟာ ‘ငါဟာ NUG ထက်ဉာဏ်ပညာကြီးမြတ်သူဖြစ်တယ်’ ဆိုပြီး အများကိုသိမြင်စေလိုတဲ့ ဆန္ဒရှိနေရင်….၊
လွဲတာပဲ..။
အဲ့ဒါ ဘေးကကြည့်ရင် သိပ်သိသာတယ်။ ရှက်ဖို့လည်းကောင်းတယ်။
🗣
ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု လေ့လာသူတွေက ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အထိမ်းအကွပ်မရှိဖြစ်လာတဲ့အပေါ် စိုးရိမ်မှုတွေဖြစ်နေကြတယ်တဲ့..။
ဟုတ်တယ်..
အထိန်းအကွပ်မရှိ…။
🗣
မြန်မာပြည်က စကစ ဆိုက်ဝါးကောင်တွေ ဘောမ ပရိုပါဂန်းဒါးကောင်တွေက အခုဆိုလည်သွားပြီ။ အရင်လို မဆဲတော့ဘူး။
ပရိုဖိုင်းတွေမှာတောင် အမေစုပုံတွေနဲ့၊ လက် ၃ ချောင်းတွေ ဘာတွေ ထောင်လို့..။ ဒီမိုတွေနဲ့ သူငယ်ချင်းတွေဖြစ်လို့..။
“ အမရဲ့ စာဖတ်ပရိတ်သတ်ပါရှင်.. အဲ့လို စတာ..” (အမရဲ့ စာဖတ်ပရိတ်သတ်က စစ်တပ်ဘက်က များပါတယ်ဆိုမှ..😅)
“ ကျနော်တို့ PDF တွေရဲ့ ရင်ထဲဝင်ကြည့်စမ်းပါတွေ ဘာတွေ…”
“ NUG ကို ပုခုံးနဲ့တွန်းတင်ခဲ့ဖူးတယ်.. အခုတော့ ..ဘာညာ”
ခေတ်သစ် ဘောမတွေက လည်သွားပြီ။
အဲ့လိုတွေ.. အဲ့လိုတွေ…။
🗣
အစိုးရကို 'မနာလိုခြင်း' ဆိုတာ ကလည်း ဆယ်စုနှစ်များစွာကတည်းက နိုင်ငံရေးလောကမှာ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူကပြောတယ်။
သူတို့ကျတော့ ဆန့်ကျင်တာ မဟုတ်ဘူး။ မနာလိုတာ။
နိုင်ငံရေးသမားစစ်စစ်ကို မနာလိုဖြစ်စရာမရှိဘူး။ သူ့နေရာကို ခဏ ဝင်နေကြည့်ပါ။
🗣
ဗိုလ်ချုပ် အောင်ဆန်းက ပြောခဲ့တယ်—
“ နိုင်ငံရေးသမား စစ်စစ်တိုင်းဟာ တကယ့် ပရဟိတသမား၊ ပရဟိတ သမားတောင်မှ သာမန်မဟုတ်ဘူး။ ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ထားသူတွေ၊ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား ကျောင်းနေသူတွေ။”
“သားပစ် မယားပစ်၊ မိသားစုပစ်၊ ထောင်တန်း မကြောက်၊ အချုပ်အနှောင်ခံရမှာ မကြောက်၊ နောက်ဆုံး အသက်ဇီဝိန်ပါ အချွေခံရနိုင်တဲ့ အထိ ဖြစ်နိုင်တယ်။”
🗣
နိုင်ငံရေး သမားတွေထဲမှာလည်း ပင်ပင်ပန်းပန်းမရပ်တည်ပဲ နေရာရ ဖျာရရုံ .. နေရာလု ဖျာလုသူတွေရှိတာလည်း ထုံးစံပါပဲ။
ဒါမျိုးကို ပုဂ္ဂိုလ်ရေးအရ ဝေဖန် တိုင်ကြားရမယ်။ ‘အမှန်တရား’ ဆိုရင် ဝေဖန်ရဲရမယ်။ အားနာစရာမလိုပါ။
🗣
ဆဲဆိုတာမျိုးဟာ တစ်ဖက်သားကို နစ်နာစေလိုတဲ့ ဆန္ဒတဲ့ နှုတ်အားဖြင့် တိုက်ခိုက်တာပါ။
‘မအလ မင်းအောင်လှိုင်’ စသည်ဖြင့် စကစကို ကြမ်းကြမ်း တမ်းတမ်း ဆဲဆိုပြီး စိတ်ဓာတ်ရေးရာ စစ်ဆင်ရေး လုပ်ကြတယ်။
NUG ကို ‘ကြမ်းကြမ်း တမ်းတမ်း ဆဲဆို’ တာကရော… ချစ်လို့လား။
‘နုဂျီ’…. ဆိုတာ စကစ၊ ဘောမတွေ စ ထွင်တဲ့စကားလုံးပါ။ ဒီစကားလုံးပြောမှ ခေတ်မှီသလိုလို… တော်လှန်ရေးသမားတွေရဲ့ ပါးစပ်ထဲရောက်နေတာတွေ့ရတာဟာ ဘောမတွေရဲ့ အောင်မြင်မှုပဲ..။
🗣
နိုင်ငံခြားမှာနေတဲ့ အလှူရှင်တချို့ကလည်း ‘စစ်ရေး’ အထိဝင်ချယ်လှယ်ကုန်ကြတာတွေ့လာရတယ်။
‘စစ်ရေးဗျူဟာ’ ကို ကျုပ်တို့မှ နားမလည်တာ…။
လက်ရှိ ကာကွယ်ရေးဝန်ကြီးလည်း တကယ် စစ်မတိုက်ဖူးတဲ့သူမို့ သူလည်း အဲ့လောက် နားမလည်ဘူး။
စစ်ရေးကို စစ်ရေးဗျူဟာ နားလည်သူတွေရဲ့ ညွှန်ကြားချက်တွေ ယူရတာဖြစ်ပါတယ်။
🗣
‘နိုင်ငံရေးစနစ်တွေ ကောင်းမွန်စွာလုပ်ဆောင်ဖို့ သစ္စာရှိတဲ့နိုင်ငံသားတွေ လိုအပ်တယ်။’
‘သစ္စာရှိတဲ့နိုင်ငံသား’တွေပါ..။
🗣
‘အနှောက်အယှက်ကင်းသော ခေါင်းဆောင်မှု’ ဆိုတာတော့ ဒဏ္ဍာရီထဲမှာပဲရှိခဲ့တယ်။ သက်ဦးဆံပိုင်ဘုရင် စနစ်တွေမှာတော့ မနှောက်ယှက်ရဲကြဘူးပေါ့..။
ဒီနေ့ခေတ် အုပ်ချုပ်သူတွေ ဘဝကလည်း မလွယ်လှပါ။
ရိုးသားကြိုးစားတဲ့ အုပ်ချုပ်သူတစ်ဦးဆိုပါတော့၊ သူဟာ သူ့တာဝန်တွေကို ရိုးရိုးသားသား ကျေပွန်အောင်လုပ်နေလို့ပဲ မပြီးပါဘူး ။
‘ ပြည်သူကအထင်လွဲနေတဲ့ ပြဿနာတွေကို အောင်အောင်မြင်မြင်ဖြေရှင်းနိုင်တဲ့ ပညာ’ ကိုပါတတ်ရပါတယ်။
ဒါမှ ပြည်သူတွေက သူ့ရဲ့ အခွင့်အာဏာကို လေးစားမယ်။ လေးစားရင် သူ့အလုပ်တွေကို ဝင်ရောက်စွက်ဖက်ခြင်းမရှိ။ အဲဒီ့တော့မှ အေးအေးဆေးဆေး အလုပ်လုပ်နိင်တာ။
🗣
ဒီပြဿနာရဲ့ အဖြေက ပညာရေးတဲ့။ ပညာရေးနဲ့ဖြေရှင်းရတာပါ။
ပြည်သူကတော့ ခေတ်အဆက်ဆက် အစိုးရကို ဝေဖန်နေမှာပဲ။ ဝေဖန်မယ့် နိုင်ငံသားတွေကို တကယ်တွေးတတ်အောင် ပညာရေး မြှင့်တင်ပေးရပါမယ်တဲ့။
ပညာရေးကို တိုးချဲ့ရမယ်။ ကျွမ်းကျင်မှုဆိုင်ရာတွေကို တိုးတက်အောင်လုပ်ပေးရမယ်။
သတင်းအချက်အလက် လက်လှမ်းမှီအောင်လုပ်ပေးရမယ်။ ဒါမှ ပိုပြီး ခိုင်မာအားကောင်းတဲ့ နိုင်ငံသားတွေကို မွေးထုတ်နိုင်မယ်။
သူတို့က အစိုးရကို ‘ပညာရှိရှိ’ ဝေဖန်ကြမယ်။ အစိုးရလည်း အလုပ်ကောင်းကောင်းလုပ်လို့ ရမယ်။ ဒါဆို နိုင်ငံတိုးတက်မယ်။
🗣
အလိမ်အညာ နိုင်ငံရေးသမားတွေရှိရင်လည်း ပညာတတ်ပြည်သူတွေရှေ့ မဟုတ်တာ မလုပ်ရဲတော့ဘူး။ လုပ်ရင်လည်း အရှက်ကွဲမှာပဲ..။
🗣
‘ပညာတတ်တွေ၊ တွေးခေါ်တတ်တဲ့ အားကောင်းမောင်းသန် နိုင်ငံသားတွေ’ များလာပါမှ တော်လှန်ရေးအောင်မယ်။ ဒီမိုကရေစီ အသက်ရှင်မယ်။
🗣
‘အစိုးရကောင်းဟာ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့အတွက် နာခံမှုရှိတဲ့ နိုင်ငံသားကောင်းတွေလိုအပ်တယ်’
(နိုင်ငံရေး သိပ္ပံပညာရှင်များ Chris Welzel and Russell Dalton)
🗣
‘ကောင်းကင်ကြီး ပြိုကျလို့မဖြစ်ပါဘူး။’
🗣🗣 🗣
မရွှေမိုး- ကိုရီးယား
March 4th,2022.
References:
ဒီပို့စ်ဟာ စာရေးသူရဲ့ အမြင်မဟုတ်ပါ။ ကိုးကားတွေဖတ်ကြပါ။
▪️အာရှနှင့် ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှု- ခိုင်ခံ့သောနိုင်ငံသားများအထိ စတဲ့ ဆောင်းပါးတွေကို အခြေခံထားတယ်။
▪️Asian Journal of Comparative Politics
▪️ The secret of better government? Citizens who complain— 2016/12/02/the-secret-of-better-government-citizens-who-complain/
By Democratic Audit UK
ယူကရိန်းမှာ တည်ရှိတဲ့ ဥရောပရဲ့အကြီးဆုံး နျူကလီးယားစက်ရုံ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်း
-------------
ကိဗ်၊ မတ် ၄
ယူကရိန်းမှာ တည်ရှိတဲ့ ဥရောပရဲ့အကြီးဆုံး Zaporizhzhia နျူကလီးယားစက်ရုံဟာ ရုရှားစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဒီနေ့ မတ်လ ၄ ရက်မနက်ပိုင်းမှာ မီးလောင်ကျွမ်းနေပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ရုရှားစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းရတာဖြစ်ကြောင်း အီနာဂိုဒါရဲ့ မြို့တော်ဝန် ဒီမီထရို အော်လဗ်က အတည်ပြုပြောကြားလာပါတယ်။
ယူကရိန်းမှာ နျူကလီးယားဓာတ်ပေါင်းဖို ၁၅ ခုရှိပြီး ၆ ခုဟာ အဆိုပါစက်ရုံမှာရှိနေပြီး တကယ်လို့သာ အခုစက်ရုံကနေ ရေဒီယိုသတ္တိကြွမှုတွေ ဖြစ်ပွားလာခဲ့မယ်ဆိုရင် မျိုးဆက် ၃ ဆက်လောက်အထိ ရင်ဆိုင်ရနိုင်တဲ့ ဓာတ်ရောင်ခြည်သင့်ဘေးအန္တရာယ်ကို ကြုံတွေ့ရနိုင်မယ့်အပေါ် စိုးရိမ်မှုတွေရှိနေကြပါတယ်။
Twitter >>> https://twitter.com/MercuryMedia21
Telegram >>> https://t.me/mercurymedia
#Mercury_Media
#Mercury_International_News
#နျူကလီးယား
#ရုရှား
#ယူကရိန်း
ရုရှရဲ့ ဗုံးတလုံး ယူကရိမ်းရဲ့ ဥရောပမှာ အကြီးဆုံး ညူကလီးယား လျပ်စစ်စက်ရုံကို လာထိတယ်။ 
ကံကောင်းချင်တော့ စက်ရုံက တာဘိုင် reactor ခြောက်ခု မှာ ပြင်နေလို့ရပ်ထားတဲ့ တခုကိုထိတယ်။ ရပ်ထားပေမဲ့ စက်ထဲမှာ ညူကလီးယားလောင်စာရှိနေတယ်။ လက်ရှိတော့ မီးကို ထိမ်းထားနိုင်တယ်ဆိုတယ်။
ဗုံးကြောင့် ဒီညူကလီးယားစက်ရုံ က ညူကလီးယားလောင်စာတွေ ပျက်စီးရင် ချာနိုဘိုင်းစက်ရုံ ပျက်စီးတုန်းကထက် ၁၀ ဆ အန္တရာယ်ပိုမယ်။
ပျက်စီးသွားရင် ဘာဖြစ်နိုင်လဲ ? ညူကလီးယားလောင်စာ စိမ့်ထွက်ရင် ရေဒီယိုသတ္တိကြွမယ်၊ အဲ့ဒီ ရေဒီယိုသတ္တိကြောင့် လူတွေသေနိုင်တယ်၊ ရေရှည်မှာ အဲ့ဒီဒေသမှာ ကင်ဆာတွေဖြစ်မယ်။
ယုကရိန်းမှာ ညူကလီးယား လျပ်စစ်စက်ရုံ ၁၅ ရုံရှိတယ်။ စစ်ဟာ တကယ့်ကွိုင်ပဲ။ ဒီစစ်ပွဲမှာ ကမ္ဘာဟာ ညူကလီးယား အန္တရာယ် တကယ် ကျနေတယ်။
ဒေသစံတော်ချိန် မတ်လ ၃ ရက်နေ့ ည၈နာရီခွဲခန့်တွင် ရုရှားနှင့် ယူကရိန်းကြား ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီး ယာယီအပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားရေးလမ်းကြောင်း ထူထောင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက သဘောတူညီမှု ရရှိခဲ့သည်။
ယူကရိန်းဘက်ကမူ စေ့စပ်ညှိနှိုင်းမှု၏ မျှော်မှန်းရလဒ်ကို မရရှိခဲ့ဟု ပြောကြားခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် တတိယအကြိမ် ဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပရန် သဘောတူညီခဲ့ကြသည်။
CRI Myanmar
4 Mar 2022 By MPA /007
နေပြည်တော်မှအပကျန်တစ်နိုင်ငံလုံးနွေရာသီတလျှောက်ပျဉ်းမျှတစ်ရက်ကိုခြောက်နာရီဘဲပေးနိုင်မယ်လို့စစ်ကောင်စီလက်အောက်ခံနေပြည်တော်လျှပ်စစ်ရုံးကသိရသည်။
“နေပြည်တော်ကပေါင်းလောင်းတိုက်ရိုက်လိုင််းရှိလို့ခံသာနေတာ။ ကျန်တာတွေကတစ်နိုင်ငံလုံးမှာရန်ကုန်ကသဘာဝဓါတ်ငွေ့သုံးစက်တွေနဲ့လျှပ်စစ်ထုတ်ပြီးပေးနေရတာ။အခုဓါတ်ငွေဖိုးမပေးနိုင်တော့တစ်နိုင်ငံလုံးပျှဉ်းမျှခြောက်နာရီဘဲရတော့မယ်”ဟုပြောသည်။
ရေအားလျှပ်စစ်ဟာနွေရာသီမှာထုတ်လုပ်မှုကျဆင်းသွားတဲ့အပြင်ဓါတ်ငွေထုတ်လုပ်မှုဟာဒေါ်လာနဲ့ကုန်ကျတာကြောင့်စစ်ကောင်စီကငွေမတက်နိုင်တော့ဘူးဟုဆိုသည်။
“အာဏာသိမ်းပြီးမိုးကုန်ကတည်းကမီးပျက်နေတာ။ အခုရန်ကုန်မှာလဲမီးလာချိန်စုစုပေါင်းလေးငါးခြောက်နာရီပါဘဲ။မီးတောင်မှန်အောင်မပေးနိုင်ဘဲစစ်ကောင်စီကစီးပွါးရေးတိုးတက်အောင်လုပ်မယ်ပြောသေး။ ဒီပုံစံဆိုစားဝတ်နေရေးအရမ်းကြပ်တည်းဦးမှာ”ဟုရန်ကုန်မြို့ခံစီးပွါးရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်ရန်ကုန်ကလျှပ်စစ်သုံးစွဲမှုအများဆုံးမှာရန်ကုန်တိုင်းဖြစ်ပြီးတစ်နိုင်ငံလုံးကုန်ထုတ်လုပ်မှုနဲဝန်ဆောင်မှု၇၅ရာခိုင်နှုန်းဝန်းကျင်ရှိသည်။
လျှပ်စစ်မီးပျက်တောက်မှု၊ဒေါ်လာငွေလဲနှုန်းမြင့်တက်မှုတွေကြောင့်လာမည့်သုံးလအတွင်းအခြေခံလူတန်းစားများဟာ ဆယ်စုနှစ်အတွင်းအကျပ်တည်းဆုံးကာလဖြစ်ပေါ်လာနိုင်ကြောင်းကျွမ်းကျင်သူများကခန့်မှန်းထားသည်။
#MPA #Myanmar #inseinprison #HumanRightsViolations
လူမှုကွန်ရက်တွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို ဝေဖန်သူ မှော်ဘီလေတပ်မှ ဗိုလ်မှူးထင်လင်းဖေ ရေကြည်အိုင်စစ်ကြောရေးတွင် ဖမ်းဆီးခံထားရ
ရန်ကုန်၊ မတ် ၄ ခေတ်သစ်မီဒီယာ
ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းဌာနချုပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညပိုင်း ဗုံးခွဲခံရမှုနှင့်ပတ်သက်ပြီး လေတပ် အရာရှိ နှင့်စစ်သားများကို ရေကြည်အိုင်တွင် ခေါ်ယူစစ်ဆေးစဉ် စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီကို လူမှုကွန်ရက်တွင် ဝေဖန်ပို့စ်တင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရ၍ ဗိုလ်မှူးထင်လင်းဖေကို ဖမ်းဆီးထားကြောင်း သိရှိရသည်။
မှော်ဘီလေတပ်စခန်းမှ ဖမ်းဆီးစစ်ဆေးခံရသော လေတပ်အရာရှိ၊ စစ်သား အများအပြား ပြန်လည် လွတ် မြောက် လာသော်လည်း ဗိုလ်မှူးထင်လင်းဖေမှာ ယနေ့အချိန်အထိ လွတ်မြောက်ခြင်းမရှိဘဲ ဆက်လက် ဖမ်းဆီးခံထားရကြောင်း ရေကြည်အိုင် စစ်ကြောရေးမှ တပ်ရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
" ဗိုလ်မှူး ထင်လင်းဖေက လက်ရှိစစ်တပ်အာဏာသိမ်းတဲ့ဖြစ်စဉ်ကိုလဲသဘောမကျတဲ့အုပ်စုထဲမှာပါပြီးတော့ လေတပ်ဆွယ်မှူးနဲ့လဲ အဆင်မပြေတဲ့သူဖြစ်တယ်။ သူက ဦးပိုင်နဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ Facebook မှာ စစ်တပ်ကို တိုက်ခိုက်ထားတဲ့ စာတွေ တင်ခဲ့သူလည်းဖြစ်ပါတယ်။ သူက မှော်ဘီ လေတပ်စခန်းအုပ် (၁၇/ခ)ပထမတန်း အရာရှိပါ။ရေကြည်အိုင်မှာ စစ်ဆေးခံနေရတာဖြစ်ပါတယ်။အခြားသူများ ပြန်လည် လွတ်မြောက်လာခဲ့သောလည်း ဗိုလ်မှူး ကတော့ ဆက်လက်အစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။သူဟာ အမေတစ်ခု သားတစ်ခုဘဝ၊ လူပျိုကြီးပါ" ဟု ရေကြည်အိုင် စစ်ကြောရေးမှ တပ်သတင်းရင်းမြစ်က ဆိုသည်။
မှော်ဘီလေတပ်စခန်းမှ လေတပ်အရာရှိဗိုလ်ကြီးများ အပါအဝင် လေတပ် စစ်သားများ၊ မိုဘိုင်းလ်ဖုန်းများကို ယူဆောင် စစ် ဆေးပြီး လူမှုကွန်ရက်တွင် NUG ပေ့ချ်ကို Like နှင့် Share သူ လေတပ် မိသားစု များ လည်း စစ်မေးခံရကြောင်း၊ လူမှုကွန်ရက် အကောင့်များနှင့် Password များကိုလည်း စစ်တပ်ကို ပေးထားရကြောင်း သိရှိရသည်။
မှော်ဘီလေတပ်စခန်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀ အချိန် People’s Force ပြည်သူ့ အင်အားစု (Yangon) က Yak တိုက်လေယာဉ် ၂ စီးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးပျက်စီးသွားကြောင်း သတင်း ထုတ် ပြန်ခဲ့ပြီး လေတပ်သတင်းရင်းမြစ်ကမူ တိုက်လေယာဉ် ၂ စီးလုံး ပြောပလောက် အောင် မထိခိုက်ခဲ့ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။
ဓာတ်ပုံ- စစ်ရေးပြ အခမ်းအနား ချီတက်နေသော လေတပ်မှ စစ်သားများ။
Photo - ဆင်ဟွာ
အာဏာရှင်ဆိုတာ သူ့ထောင်ချောက်ထဲမှာ သူပြန်ပိတ်နေလေ့ရှိတယ်ဆိုတာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ချိန်မှာ ဗလာမီဒီယာပူတင်ရဲ့
ဖြစ်ရပ်က ထင်ရှားနေတယ်....
ယူကရိန်းကို ၈ရက်ကြာတဲ့အထိ မသိမ်းနိုင်သေးဘူး...
စစ်ရေးကျွမ်းကျင်သူတွေ၊ သုတေသီတွေက ရုရှားရဲ့
စစ်အင်အားအရ ၉၆နာရီအတွင်း သိမ်းနိုင်မယ်လို့
သုံးသပ်ထားကြပေမယ့် ခုချိန်ထိ ဆိပ်ကမ်းမြို့တမြို့သာ ထိန်းချုပ်ထားနိုင်ပြီး ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါရာကိဗ်မှာ ယူကရိန်းက အပြင်းအထန် ခုခံစစ် ဆင်နွဲထားနိုင်ဆဲပါ...ရုရှားရဲ့တပ်အင်အားဟာ ယူကရိန်းထဲ ကျွံဝင်လေလေ စစ်ပွဲကို ဖြတ်ရခက်လေလေပဲ...
စစ်ပွဲကြာလာလေ စစ်အသုံးစရိတ်က ကြောက်ခမန်းလိလိတက်လာပြီး ရက်ကြာညောင်းလာရင် စစ်ပွဲအသုံးစရိတ်ထက် တိုက်ခိုက်လိုစိတ်မဲ့လာပြီး အီသွားရင် ရုရှားဟာဗုန်းဗုန်းလဲကျသွားမယ်ဆိုတာပဲ....
စစ်ရေးကျွမ်းကျင်သူတွေ၊ အမေရိကန်စစ်ဘက်အရာရှိ
တွေ ခေါင်းကိုက်နေတာ ရှိတယ်...အင်အားကောင်းလှတဲ့ရုရှားလေတပ်အုပ်စုတွေ ၁ရက် ၂ရက်သာ လေကြောင်းထိုးစစ်ဆင်နွဲပြီး အားပျော့လာတယ်... မြေပြင်ကနေ တာတို တာလတ်ပစ် missilesဒုံးတွေနဲ့သာ မြို့ကြီးတွေကို တိုက်ခိုက်နေပြီး သံချပ်ကာတပ်မတွေသာ အရှေ့အနောက် ပင်ဆာထိုးစစ်ဆင်နွဲနေတာဖြစ်တယ်...
သည်ပုံစံအတိုင်းဆို ရုရှားဟာ သည်ကျူးကျော်စစ်တွေ
အရာရာကို ပြန်ပေးဆပ်ရမယ့်အနေအထားရောက်သွား
လိမ့်မယ်... အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို ကျူးကျော်စစ်ဆင်နွဲထားတာ၊ စစ်ရာဇဝတ်မှုချိုးဖောက်ထားတာတွေအပြင် စသ်အသုံးစရိတ်ကြောင့် ရုရှားစီးပွားရေးထိခိုက်လာတဲ့အပြင် USနဲ့ အနောက်အုပ်စုကလည်း နိုင်ငံတကာ
ငွေလွှဲပေးချေစနစ်(SWIFT)စနစ်ကိုပါ ရပ်ဆိုင်းလိုက်
တာကြောင့် Putinကို အာဏာပေးထားသရွေ့ကတော့
ရုရှားစီးပွားရေးပျက်ကပ်က မီးခိုးကြွက်လျှောက်လိုက်လာပြီး ရုရှားဘီလျံနာခေတ်ပျက်သူဌေး(Oligarchs) တွေအထိနာလာကြတယ်...
မနေ့က Biden တိုင်းပြည်ပြမိန့်ခွန်းပြောတဲ့အချိန်မှာ
ပူတင်ကို အလွန်ဆိုးဝါးသူအဖြစ်သတ်မှတ်ပြီး ၎င်းနဲ့
ဆက်စပ်သူတွေအားလုံးရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်
သွားမယ်လို့ ကြေညာခဲ့တယ်...
Oligarchsတွေ ပိုင်ဆိုင်တဲ့ဥရောပနဲ့အမေရိကန်တလွှား ဇိမ်ခံအိမ်ကြီး ဇိမ်ခံသင်္ဘောတွေအပြင် ငွေကြေးကိုပါ ထိန်းချုပ်လာမှာကြောင့် ရုရှားဘီလျံနာတွေ ကသောင်းကနင်းဖြစ်နေကြတယ်... အငွေ့ပျံတယ်ဆိုတာ ဒါမျိုးကို ခေါ်တာ...
ရုရှားဘဏ်တွေနဲ့ ချိတ်ဆက်မှုအကုန်ရပ်တန့်လာကြတာ
ရုရှားစတော့ဈေးကွက်လည်း ပိတ်လိုက်ရတဲ့အပြင် ရူဘယ်ငွေကြေးဖောင်းပွလာပြီး ရုရှားငွေကြေးယန္တရား
တွေ Sanctions ကြောင့် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေ
ချိန်မှာ ရုရုားအာဏာပိုင်တွေ ဆေးမြီးတိုနဲ့ ကုပေမယ့်
ပြိုလဲမဟ့်အရိပ်အယောင်က ပေါ်ထွက်လာနေတယ်...
USရော အနောက်ဥရောပနိုင်ငံတွေလည်း မထိခိုက်ဘူး
လားဆိုတော့ ထိခိုက်ပါတယ်... အလျင်အမြန်ထိန်းညှိ
နေရတွေ ကာဗာလုပ်နေရတာတွေအပြင် ထိခိုက်မှုဒဏ်ကိုအနည်းဆုံးဖြစ်အောင် ပြင်ဆင်နေကြတယ်...အထူးသဖြင့်
ဥရောပနိုင်ငံကြီးတွေ အတွက် စွမ်းအင်လိုအပ်ချက်မြင့်
မားနေမှုအပေါ် ဘယ်လိုဖြေရှင်းမလဲဆိုတာ top issue
ဖြစ်လာတယ်... ရုရှားရဲ့စွမ်းအင်လောင်စာပေါ်မှီခိုနေရ
တဲ့ ဂျာမနီ၊ ပြင်သစ်ခေါင်းဆောင်တွေ G7မှာ ခေါင်းချင်း
ရိုက်ဆွေးနွေးနေကြတယ်...
အဓိကပြဿနာဖြစ်တဲ့ Putin ရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်စတင်မှု၊ aggresiveဖြစ်မှုအပေါ် အလျှော့ပေးလာနိုင်လားဆိုတော့ အလျှော့ပေးစရာလမ်း
မမြင်ဘူး....
Putin အနေနဲ့ ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေ ထင်
တိုင်းမပေါက်တဲ့အပြင်၊ အနောက်အုပ်စုရဲ့ sanctions
ချမှုအပေါ် အမျက်ပြင်းစွာထွက်ပြီး ဖေဖော်ဝါရီ၂၇ရက်
နေ့မှာ နျူကလီယားတပ်ဖွဲ့ကို အမြင့်ဆုံးတပ်လှန့်ထား
လိုက်တယ်...
နျူကလီးယားစစ်ပွဲစမလားဖြစ်ပြီး စိုးရိမ်ပူပန်မှုတွေ
World Warဖြစ်ဖို့ နီးလားပြီးလားဆိုတဲ့ နိုင်ငံတကာ
မှာ ကြောက်လန့်နေကြပေမယ့် MR. JOEက သက်
တောင့်သက်သာပဲ စီမံခန့်ခွဲနေတယ်.... Putinကြော
ကို ကောင်းကောင်းသိနေပုံပဲ... အဓိက ထိခိုက်မှာက
စကင်ဒီနေဗီယန်ဒေသတလျှောက်နဲ့ ဥရောပနိုင်ငံကြီး
တွေ ခံရမှာဖြစ်ပြီး ရုရှကတော့ ပြာအတိဖြစ်သွားနိုင်တယ်...
ရုရှားနျူထက် စက္ကန့်ပိုင်းပိုမြန်တာ US နျူတွေပါ...
NATOထဲမှာ အထိုင်ချထားတဲ့ ဒုံးစခန်းကနေ
ရုရှားဒုံးတွေကို တန်ပြန်တိုက်ချင်းပစ်ဒုံးတွေ အလုံး
ရာချီတက်လာလိမ့်မယ်...Putin နျူကလီးယားသုံး
ရင်တောင် ရုရှားစစ်ဦးစီးချုပ်အဖွဲ့က ခွင့်ပြုနိုင်ပါ့မလား
ဆိုတာ ... သမ္မတပူတင်ရူးတိုင်း လိုက်ရူးပါ့မလား...
သေတ္တာနက်ကို ခွင့်
ယူကရိန်းထဲ စစ်လက်နက်ပစ္စည်းထောက်ပံ့တာကလွဲလို့
USစစ်သားတွေ မပါဝင်တာ၊ အရေးပေါ်အခြေအနေမှာ
NATOအဖွဲ့ဝင်နိုင်ငံတစ်လျှောက် စစ်ရေးဖြန့်ကျက်တာ
ကလွဲလို့ Sanctionsပိုင်းကိုသာ ဂရုစိုက်လုပ်နေတယ်...
ဒွန်းညက်စ်နဲ့ လူးဟန့်ဒေသနှစ်ခုကို ယူကရိန်းကန ခွဲ
ထွက်ခွင့် ရုရှားသမ္မတပူတင် လက်မှတ်ထိုးပြီးနောက်မှာ
ရုရှား-အမေရိကန်ထိပ်သီးတွေ့ဆုံပွဲကို USကဖျက်လိုက်ပြီး
နောက် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ချိန်မှာ
ဆုတ်မရတဲ့စစ်ပွဲ ငါးစာကို ဟပ်လိုက်မိပြီး ပူတင်ကျဆုံး
ခန်းဟာ အနှေးနဲ့ အမြန်ဖြစ်ပေါ်လာလိမ့်မယ်...
ယူကရိန်းကလည်း ခုခံစစ်ကို ဆင်နွဲချိန်မှာ EUထဲဝင်ဖို့
လက်မှတ်ထိုး သဘောတူညီမှုယူခဲ့တယ်...ဥရောပနိုင်ငံ
တွေဘက်ကလည်း တခဲနက်ထောက်ခံကြိုဆိုခဲ့ပြီး
ယူကရိန်းသမ္မတ ဗယ်လင်စကီးဟာ သူ့တိုင်းပြည်အနေ
အထားခိုင်မာဖို့ NATO မဟာမိတ်အဖွဲ့ထဲဝင်ဖို့ပါ US
ကို ခွင့်ပြုချက်တောင်းနေပြီး...
ဆေးသမား နာဇီဝါဒီအဖြစ် Putin တိုက်ခိုက်ခဲ့သူ ဗယ်လင်စကီးအနေနဲ့ ရုရှားတို့ကျူးကျော်စစ်ဆင်နွဲနေချိန်မှာ အမိမြေကနေ မခွါပဲ ယူကရိန်းပြည်သူလူထုနဲ့အတူ
ရင်တိုက်တိုက်ပွဲဝင်နေတာကြောင့် heroဖြစ်လာတဲ့
အပြင် စစ်လက်နက်ထောက်ပံ့ဖို့ အတူတိုက်ပွဲဝင်ချင်တဲ့
မည်သည့်နိုင်ငံခြားသားမဆို ဗီဇာမပါပဲ ဝင်ရောက်ခွင့်
ပြုတာကြောင့် Putin ဆုတ်လည်းစူး စားလည်းရူး
ဖြစ်နေပြီး စစ်နွံအိုင်ထဲ နစ်သထက်နစ်လာတယ်...
Bidenကလည်း ညှိနှိုင်းမခံတော့ပဲ Putinနဲ့ ရုရှားကို
လျှော့ချည် တင်းချည်နဲ့ စိတ်ကြိုက်မျှားနေပါတယ်...
ငါးက ခုတ်ငါးမန်း အကြီးစား... အချိန်မရွေး ဒုက္ခ
ရောက်နိုင်တယ် ... ခေါင်းကမာတဲ့အပြင် အမြီးရိုက်အား
ကလည်းပြင်းတော့ မတော် ငါးဖမ်းသင်္ဘာပါထက်ခြမ်း ကွဲသွားနိုင်တယ်....
ငါးဖမ်းဦးစီးအတွက်ကတော့ ငါးဘယ်လောက်ကြီးကြီး
ငါးမျှာချိတ်မိထားတဲ့ ငါးမန်းကို လွှတ်ပေးရိုးထုံးစံမရှိ
ဘူး...အကောင်ကြီး ရန်လိုလေ မောအောင်ကစားနိုင်
ရင် စိတ်ကြိုက်ခုတ်ထစ်ယူငင်ရုံပဲ... တံငါလောကမှာ
ရက်သိပ်မကြာပဲ သင်္ဘောလေးပြန်လာနိုင်မှာကို ဂုဏ်
ယူကြတယ်...
NATOငါးဖမ်းသင်္ဘောပေါ်က သင်္ဘောသားတွေဟာ
ခုတ်ငါးမန်းရဲ့ အစွယ်၊ အကောင်ကြီးမားမှုကြောင့်
ထိန့်လန့်ကြပေမယ့် ငါးဖမ်းဦးစီးကတော့ သာသာ
ယာယာပဲ.... ခုတ်ငါးမန်းကြီးက ရုန်းလိုက် နားလိုက်
အမောပြေရင် ငါးဖမ်းသင်္ဘောကို ဝင်အောင်းလိုက်နဲ့
ဒေါသတကြီး အခဲမကျေဖြစ်နေပေမယ့် ကြာလာတော့
မလှုပ်နိုင်တော့ဘူး...
ငါးဖမ်းဦးစီးက ဆီပိုက်လေးတစ်ချောင်းနဲ့ ငါးမန်းကြီးကို
လှမ်းရန်စတယ်... မောနေပေမယ့် မာန်ကြီးတဲ့ ငါးမန်း
က ဆီပိုက်ကို လှမ်းကိုက်တာ ဟိုက ရေချိုတစ်ခွက်
လောင်းထည့်တယ်...ထပ်ပြီး နောက်တစ်ခွက်....
၁နာရီလောက်ကြာရင် ငါးမန်း ဆန့်ပြီး...
ဘယ်လောက်ကြီးတဲ့ ငါးမန်း၊ ဝေလငါးဖြစ်စေ ရေချို
တစ်ခွက် ပါးစပ်ထဲရောက်အောင်သွင်းနိုင်ရင် သေတယ်...
ရေချိုက ရေငန်သတ္တဝါတွေအတွက် အဆိပ်ဖြစ်ပြီး၊ ရေငန်
ကလည်း ရေချိုငါးသတ္တဝါတွေရဲ့ အဆိပ်ဖြစ်တယ်ဆိုတာ
ကို ကျွမ်းကျင်တဲ့ တံငါသည်တွေ ကောင်းကောင်းသိတာ
ပေါ့...ထို့အတူ
နိုင်ငံရေးမှာလည်း ကျင်လည်ကျက်စားနေသူအတွက်
ရန်သူကို ဘယ်လိုအသေသတ်ရမလဲဆိုတာ ကောင်း
ကောင်းသိတယ်... အဓိက နောက်ခံအင်အား feedback
ပေါ်မူတည်ပြီး ရန်သူရဲ့ အားနည်းချက် Weaknessကို
Strategic, light tatic, heavy tatic ကို လိုသလောက်
ချိန်ဆပြီး အတွေ့အကြုံ(experience)ကို ကစားနိုင်ရင်
ပွဲပြီးမီးသေပါ..
Putin ကျတာနဲ့ ဘယ်လာရုစ်အာဏာရှင် အလက်ဇန္ဒား လူကာရှန်ကို၊ မြန်မာက ကြင်စိုးဂေါက်ကြောင်တို့ပါ
ယောရုဝကို သွားဖို့ ဖိတ်စာ(dead note)ကမ်းသလို
ဖြစ်မှာ သေချာတယ်လေ....
Written by:
A.M.H#(Irony)
Photo Credit#
အရှေ့ဥရောပတွင် စစ်ပွဲကြီး ဖြစ်ပွားလာသည် မှာ တပတ်ခန့်သာ ရှိသေးသော်လည်း နိုင်ငံတွင်း စက်သုံးစီများ ခုန်တက်သွားမှု နှင့် အတူ အထွေထွေ ကြပ်တည်းမှု ကြီးက စတင်လာပြီ ဖြစ်သည်။
ထိုသို့ ဖြစ်ပေါ်လာနေသော အကျပ်အတည်းကို ဖြေရှင်းရမည်ထက် ဖြစ်လာသမျှ ကို ယူကရိန်း စစ်ပွဲ အပေါ် ထိုးချ၍ ရပြီဟု စစ်အာဏာသိမ်း အဖွဲ့ ၏ စိတ်ထဲတွင် ကြိတ်၍ ဝမ်းသာနေလောက်ပြီလည်း ဖြစ်သည်။
သို့သော် ၎င်းတို့ စတက်လာစကပင် စစ်တပ်ကို လစာ အလုံအလောက်ပေးနိုင်ရန် ဆိုကာ ငွေသားများ ထိန်းချုပ်သိမ်းယူခဲ့ခြင်းကြောင့် ကျပ်ငွေ အပေါ်အယုံအကြည် မဲ့လာပြီး တန်ဖိုးထိုးကျသွားခဲ့ရသည်၊ ထိုအချိန်မှစ၍ ပြည်ပမှ ဝယ်ယူ တင်သွင်းနေရသော လောင်စာဆီ၊ စားသုံးဆီ၊ ဓါတ်မြေဩဇာ အစရှိသည့် မရှိမဖြစ် အရေးပါသော ကုန်စည် များ ၏ ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက် လာခဲ့ရသည်။ လက်ရှိ ဖြစ်ပေါ်လာသော နိုင်ငံတကာ အခြေအနေများကြောင့် ပို၍ပင် ဆိုးလာဖို့သာ ရှိနေသည်။ ဓါတ်ဆီ ဈေးသည် အာဏာမသိမ်းခင်က ၇၀၀၊ သိမ်းပြီး မကြာမီမှာပင် ၁,၆၀၀၊ အခု ၂,၀၀၀ အထိ ဖြစ်လာနေသည်။
ထိုသို့ အခြေအနေများ ဆိုးဝါးလာနေ၍ မငတ်ယုံတမယ် ရုန်းကန်နေကြရသော လူထုကြီးမှာလည်း အေးအေးသက်သာ ငတ်နေခွင့် မရကြပြန်၊ ၎င်းတို့ လက်ပါးစေ တပ်များ၏ အနိုင်ကျင့်သည့် ဒဏ်ကို ခါးစီးခံကြရပြန်သည်၊ အိမ်များကို ဝင်ရောက်ရှာဖွေခြင်း၊ လမ်းများ ပေါ်တွင် စစ်ဆေးခြင်း၊ မထင်လျှင် မထင်သလို ပစ်သတ်ခြင်း တို့ဖြင့် ဥပဒေမဲ့ ရမ်းကားလာနေကြသည်။
နယ်များတွင် ဆက်ကြေးတောင်းခြင်း၊ PDF ဟု စွပ်စွဲကာ မည်သူထံမှမဆို အချိန်မရွေး လုယက် နိုင်ခွင့် ရှိနေသည်၊ မီးတင်ရှို့ သတ်ဖြတ်ကာ အစဖျောက် ပစ်နိုင်သည်။ ရွာများကိုလည်း ထိုနည်း၎င်းပင်။ ဧရာဝတီ မှ တသီးပုဂ္ငလိက သုတေသန အဖွဲ့များ၏ စာရင်းပြုစုထားချက်အား ကိုးကား၍ ဖေါ်ပြရာတွင် စစ်အာဏာသိမ်းပြီး ၁၃ လ အတွင်း စစ်ကောင်စီ သစ္စာခံ တပ်များက နိုင်ငံ အတွင်းရှိ နေရာ ၁၆၅ နေရာတွင် အိမ်အလုံးပေါင်း ၆,၁၅၈ လုံးအား မီးတင်ရှို့ ဖျက်ဆီးပစ်ခဲ့ကြသည်ဟု ဖေါ်ပြခဲ့သည်၊ ထိုအထဲတွင် ၆၀% သည် စစ်ကိုင်းတိုင်း အတွင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ဇန်နဝါရီ ၂၀ ရက်နေ့အထိ ကောက်ယူခဲ့သော စာရင်းအရ ၎င်းတို့အား ဆန့်ကျင်မှု ဖြင့် အိမ်အလုံးပေါင်း ၂၆၇ လုံးနှင့် ဆက်စပ်ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားခဲ့သည်ဟု သိရသည်။
ပြည်သူတို့သည် နှစ်ပေါင်း ၆၀ ခန့် စစ်အာဏာရှင် စနစ် နှင့် ယဉ်ပါးခဲ့ကြပြီးဆိုသော်လည်း တဖွဲ့ပြီး တဖွဲ့သည် ဆိုးသည်ထက် ဆိုးလာနေသည့် အဖြစ်နှင့် ရင်ဆိုင်လာနေရသည့် အဖြစ်ကို သိသာထင်ရှားစွာ တွေ့မြင်လာကြရပြီ ဖြစ်သည်။
ဆာလောင်မွတ်သိပ်လာသော လူထုကြီး၏ ဒေါသကို ၁၉၈၈ တွင် မြင်တွေ့ခဲ့ကြသဖြင့်လည်း စိုးရိမ်ထိတ်လန့် နေကြ၍ ဂမူးရှုးထိုး နှိပ်ကွပ်နေသော်လည်း အခြေအနေများ ပို၍ ဆိုးသည်ထက် ဆိုးအောင် ဖန်တီးပေးနေသလို ဖြစ်လာခဲ့သည်။
နိုင်ငံ အကြီးအကဲများ အား ဖမ်းဆီးကာ မဆင်မခြင် အာဏာသိမ်းခဲ့မှု၏ ရလဒ်သည်ကား ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ အလုပ်အကိုင်များ ပါးရှားလာခြင်း နှင့် တနိုင်ငံလုံး လက်နက်ကိုင်၊ လက်နက်မဲ့ ပုန်ကန်လာကြခြင်းတို့သာ အဖတ်တင်ခဲ့သည်။
နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကြီး၏ ခန့်မှန်းချက်အရ တနှစ် အတွင်း အလုပ်အကိုင် ပေါင်း ၁.၆ သန်း ခန့် ဆုံးရှုံးသွားခဲ့သည်ဟု သိရသည်။
ပြည်ပရင်းနှီးမြုပ်နှံမှုများက နေ့ချင်းညချင်း ဆိုသလို ကွယ်ပျောက်ကုန်သည်၊ ပြည်ပရင်းနှီးမြုပ်နှံမှူ အသစ်များကို အတည်ပြုပေးခဲ့သည် ဆိုသော်လည်း တကယ်တမ်း အကောင်အထည် ဖေါ်လာဖို့ ဆိုသည်က မဖြစ်နိုင်သလောက် နီးပါးပင်။
လူထု အား တဖက်တလမ်းမှ အကူအညီ ပေး နေသည့် ပရဟိတ အဖွဲ့များအားလည်း မထင်လျှင် မထင်သလို ဖမ်းဆီးနေ၍ ပေါ်ပေါ်ထင်ထင် မလုပ်ကိုင်ရဲကြ၍ အောက်ခြေလူတန်းစားများ ပို၍ ထိခိုက်နစ်နာခဲ့ကြရပြန်သည်။
ယင်းနှင့်အတူ ရာဇဝတ်မှုများ ထူပြောလာ နေပြီး ယခုပင် ရန်ကုန်မြို့တွင်းပြေး ဘတ်စ်ကားများပေါ်တက်၍ ဓါးပြတိုက်သည် အထိ လက်ရဲဇက်ရဲ ကျူးလွန်လာကြသည့် သတင်းများလည်း ခပ်စိပ်စိပ် ထွက်ပေါ်လာနေသည်။
ထိုကဲ့သို့ မိမိတို့ အကျိုးရှိရာ ရှိကြောင်းကိုသာ တွေးပြီး အာဏာသိမ်းခဲ့သည့် အဖြစ်ကြောင့် တတိုင်းပြည်လုံး ဒုက္ခ သုက္ခ ရောက်ကြရသည်အဖြစ်ကြောင့် ၎င်းတို့ အပေါ် မည်သို့မျှ ခွင့်လွှတ်နိူင်ကြတော့မည် မဟုတ်ပေ၊ ထို့အတွက် နိုင်ငံတကာ မှ ပြီးပြီးရော ဆိုကာ ဆွေး နွေး ညှိနှိုင်း ရန် ပြောလာနေသည်များကို လက်ခံကြတော့မည် မဟုတ်ပဲ ၎င်းတို့အား အပြီးအပိုင် ဖယ်ရှားနိုင်မည့် နည်းလမ်းများကိုသာ ရှာကြံ လုပ်ဆောင်နေကြပြီ ဖြစ်သည်။ မနေ့ကပင် ရန်ကုန် ရှိ လူငယ်များက "ကမ္ဘာတည်သရွေ့ ဥဒါန်း မကြေဖူးဟေ့" ဟူသော ခေါင်းစီး စာတန်းများဖြင့် ဆန္ဒပြလာခဲ့ကြသည်။ (ပုံတွင်ရှု့)
ဤသည်ကား စစ်တပ်သည် တနိုင်ငံလုံးရှိ ပြည်သူများကို ရန်သူအဖြစ် ဆက်ဆံခဲ့ကြသည့် အကျိုးဆက်ပင် ဖြစ်သည်။ မည်သို့မျှ undo လုပ်၍ မရနိုင်တော့သည့် အဖြစ် ဆိုက်ရောက်သွားခဲ့သည်။ ၎င်းတို့အဖို့က အုပ်ချုပ်လို့ မရသည့်အတူတူ ရသမျှ ကုပ်ကပ်နေကြမည်သာ ဖြစ်သည်။ နောက်ဆုံးတွင်တော့ ပြည်သူများ၏ ဒဏ်ခတ်ခြင်းကို ခံကြရပေတော့မည်။
သမ္မတ ကြီး နှင့် နိုင်ငံတော် အတိုင်ပင်ခံ အား လည်း ဥပဒေမဲ့ ဖမ်းဆီးခဲ့ကြယုံမက လူထုမှ အယုံအကြည်မဲ့လာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ကြံ ဖန်တီးထားသော စွဲချက်အမျိုးမျိုး ဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့သော်လည်း အာဏာသိမ်း အဖွဲ့ အတွက် shoot his own foot ဆိုသလို အကျိုးယုတ်ဖို့သာ ဖြစ်လာခဲ့ရသည်။
ထိုသို့ မတရားပုဒ်မများ တပ်၍ ဖမ်းဆီးထားခြင်းကို နိုင်ငံတကာမှ လက်မခံခဲ့ကြသည့်အပြင် အာဆီယံ မှ အာဏာသိမ်း အဖွဲ့အား ပြန်လည် လက်ခံရေး အတွက် အထူးသံတမန် နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခွင့်ရရေး ကို အဓိက အချက် အဖြစ်တောင်းဆိုလာခဲ့သည်။ စစ်ကောင်စီ သည် NLD မှ အခြားအဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပေးပါမည်ဟု ပြောလာသော်လည်း အရေးပါသည် ပုဂ္ဂိုလ်အားလုံးအား ထောင်သွင်း အကျဉ်းချထားပြီး ဖြစ်သည်ကို တွေ့မြင်နေရ၍ ကိုယ့်သိက္ခာကိုယ် တန်ဖိုးထားသူတိုင်း စဉ်းစားကြလိမ့်မည်
မဟုတ်ပေ။
ကမ္ဘောဒီယား အထူးသံတမန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ပရပ် ဆော့ဟွန်းသည် မတ်လ ၂၀ မှ ၂၃ အထိ လာရောက်မည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။
မတ်လ ၂၈-၂၉ တွင် ပြုလုပ်မည့် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးသို့လည်း မြန်မာဖက်မှ နိုင်ငံရေး နှင့် မသက်ဆိုင်သည့် ညွန်ချုပ် အဆင့်ရှိသူကိုသာ တက်ရောက်ခွင့် ပြုမည်ဟုလည်း သိရသည်။
အာဆီယံ မှ စစ်ကောင်စီအား ဖိအားပေးလိုပါက နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ခွင့်မရလျှင် အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဖိုသာ ရှိတော့သည်ဟု ပြောဆိုသင့်ပေသည်။
ပြည်တွင်း တွင်လည်း ခုခံစစ်ကို ဆင်နွှဲနေသော တော်လှန်ရေး အဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် တိုက်ပွဲများ ပြင်းထန်သည်ထက် ပြင်းထန်လာနေသည်။
မင်းအောင်လှိုင်သည် ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင် ကွယ်လွန်သွားခြင်း အတွက် ဝမ်းနည်းကြောင်း စာ ပေးပို့ခဲ့သော်လည်း MNDAA အဖွဲ့ ဈာပန အခမ်းအနားဖြင့် အလုပ်များနေကြသည်ကိုအခွင့်ကောင်းယူကာ မုန်းကိုး ဒေသ ရှိတောင်ကုန်းများကို တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၂၀ မှ အ လစ် ဝင်ရောက် တိုက်ခိုက်လာခဲ့သည်ဟု MNDAA ၏ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။
မင်းအောင်လှိုင်သည် ငွေကုန်ကြေးကျ များလှသည့် လေကြောင်းမှ တိုက်ခိုက်ခြင်းမျိုး မလုပ်နိုင်ခဲ့ပါက တော်လှန်ရေး အင်အားစုများအား မည်သို့မျှ ဟန့်တားနိုင်စွမ်း မရှိတော့သည်ကိုလည်း
ကောင်းစွာ ရိပ်စား မိ နေပြီ ဖြစ်သည်။
တော်လှန်ရေး အင်အားစုများဖက်က ထိုအနေအထားကို ကျော်လွှားနိုင်မည့် နည်းလမ်းများ ရရှိလာသည်နှင့် အမျှ အခြေအနေများ လျှင်မြန်စွာ ပြောင်းလဲ လာပေတော့မည်သာ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချအောင်ရမည်!!!
လှစိုးဝေ
Image credit - Myanmar Now
ကရာချိ၊ မတ် ၃
ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု အမျိုးမျိုး ပြုလုပ်နေကြရာ ပါကစ္စတန်နိုင်ငံကလည်း ရုရှား နိုင်ငံအား မိမိတို့ပြန်လည်ပေးဆပ်ရန်ရှိသည့် အကြွေးများကို ပြန်မဆပ်တော့သည့် ပိတ်ဆို့မှု ပြုလုပ်သွားမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် အမီရာ ခန်းကပြောသည်။
ရုရှား-ယူကရိန်း အရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် အမီရာခန်းက ထိုသို့ပြော ကြားလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ သတင်းထောက် များက ပါကစ္စတန်နိုင်ငံအနေနှင့် ရုရှားနိုင်ငံအပေါ် မည်သို့ အရေးယူပိတ်ဆို့မှု ဆောင်ရွက် မည်လဲဟု မေးမြန်းခြင်းကို သူထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်နိုင်ငံ အနေဖြင့် ရုရှားကို ပြန်လည်ပေးဆပ်ရန် ကန် ဒေါ်လာ ၁ ဘီလျံကျော် ပမာဏရှိပြီး၊ ယင်းတို့ကို ပြန်လည်ပေးဆပ်တော့မည်မဟုတ်ဟုသူက ဆိုသည်။
#Ref:
Pakistan Imposes Economic Sanctions On Russia, Refuses To Repay Loans
လိုင်းပေါ်မှာလေ ...
ဟို NUG ဝန်ကြီးက ဟိုလိုပြောတယ်။
ဟို EAO ခေါင်းဆောင်က ဟိုလိုပြောတယ်
တော်လှန်ရေးက အောင်တော့မှာ
ဘယ်နိုင်ငံက ဘယ်လိုကူတော့မှာ
စတာတွေ ခဏခဏ တွေ့။
ကျနော်တို့လည်း အဟုတ်ကြီးမှတ်ပြီး
လိုက်ဝမ်းတွေသာ။
ပြီးတော့ အဲ့ဒီ နာမည်တပ်ခံရတဲ့
ကာယကံရှင် ဝန်ကြီးတွေ၊
ခေါင်းဆောင်တွေကို ပြေးမေး၊
လိုင်းပေါ်မှာ ဒီလိုပျံ့နေတယ်
ဟုတ်လား ခင်ဗျာ ... ဆိုတော့
မဟုတ်ဘူး၊ မပြောဘူးတွေချည်း ပြန်ရ။
တခါလည်း မဟုတ်၊
နှစ်ခါလည်း မဟုတ်။
ကိုယ့်ဖာကိုယ် ထင်ရာဖြန့်ရင်လည်း
လူကြီးတွေ နာမည် မတပ်ပဲ
ဖြန့်ကြပါလားဗျာ။
အိပ်မက်အရ ... တို့
အထက်ပုဂ္ဂိုလ်ကြီးက ပေးတယ် ... တို့ပေါ့။
ခုတော့ ...
အလကား နေရင်းထိုင်ရင်း
တာဝန်ရှိသူတွေလဲ အပြောအဆိုခံရ
ကျနော်တို့လဲ ဟက်ကော့ကြီးဖြစ်
ဟုတ်လဲ မဟုတ်ဘူး။
(သွန်းနေစိုး)
ဇော်သန်းဦး
မနေ့က တင်ထားတဲ့ပို့စ်မှာ ဟိုက်ဒရိုဂျင်အနုမြူဗုံးပေါက်ကွဲရင် အကာအကွယ်မရှိဘူးလားလို့ မေးတဲ့သူရှိတယ် ။ သံအလုံပိတ်ထားတဲ့အထဲမှာကော အကာအကွယ်ယူလို့မရနိုင်ဘူးလားပေါ့။ ဆိုတော့ ရေဆူမှတ်ကို အများသိကြပါတယ်။ ၁၀၀ ဒီဂရီစင်တီဂရိတ်မှာ ရေဆူပြီးအငွေ့ပျံတယ်။ အဲဒီဆူနေတဲ့ရေထဲ ကလေးတစ်ယောက်လက်ထည့်လိုက်ရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်ပါ။
ဒါပေမဲ့ ဒီ ၁၀၀ဒီဂရီစင်တီဂရိတ်က သိပ်ကြီးမားလှတဲ့ အပူချိန်မဟုတ်သေးပါဘူး။ ၁၅၀၀ ဒီဂရီစင်တီဂရိတ် အပူချိန်ဆိုရင် သံအရည်ပျော်ပါတယ်။ အဲဒီသံရည်ပူထဲ လူကိုထည့်လိုက်ရင် ဘာဖြစ်သွားမလဲ။ အပူချိန် ၂၅၀၀ ဒီဂရီစင်တီဂရိတ်ဆိုရင် သံကအငွေ့တောင်ပျံပါတော့တယ်။ အဲဒီထဲကို လူထည့်လိုက်ရင် ဘာဖြစ်သွားမလဲ။
ဒီ ၂၅၀၀ ဒီဂရီစင်တီဂရိတ်အပူချိန်ကလည်း ကြီးမားတယ်လို့ မဆိုသာသေးဘူး။ ဟိုက်ဒရိုဂျင် အနုမြူဗုံးတစ်လုံး ဖောက်ခွဲလို့ ထွက်ပေါ်လာတဲ့အပူချိန်က ဒီဂရီသန်း ၁၀၀ လောက်ရှိပါတယ်။ သံအငွေ့ပျံဖို့တောင် ၂၅၀၀ ဒီဂရီစင်တီဂရိတ်ပဲလိုတာ သန်း ၁၀၀နဲ့ နှိုင်းဆာကြည့်ရင် နည်းနည်းလေးပဲပေါ့။ ဒီအခုအပူချိန်က နေမှာရှိတဲ့အပူချိန်နဲ့ သွားတူပါတယ်။
နေက လူနဲ့ ဘယ်လောက်ဝေးသလဲဆိုရင် မိုင်ပေါင်း ၉သန်းလောက်ဝေးပါတယ်။ ဒါတောင် မွန်းတည့်နေရဲ့အပူချိန်ကို လူတွေ ဘယ်လောက်ခံစားရသလဲဆိုတာ သတိပြုမိကြမှာပါ။ အိမ်ထဲမှာသာ အဲဒီအပူဝင်လာရင်ကော ။ ဟိုက်ဒရိုဂျင်အနုမြူဗုံးပေါက်ကွဲရင်တော့ အပူချိန် သန်း ၁၀၀ ဒီဂရီစင်တီဂရိတ်က အိမ်ထဲဝင်လာမှာပါ။ ကံအားလျော်စွာတောင် အသက်ရှင်ဖို့ အကြောင်းမရှိပါဘူး။
အဲဒီအပူချိန်ကလည်း နေရာသေးသေးလေးမှာသာ ပူမှာမဟုတ်ပါဘူး။ ဟိုက်ဒရိုဂျင်အနုမြူဗုံးတစ်လုံးကြောင့် အကျယ်ဝန်းစတုရန်းမိုင်ပေါင်း ၄သောင်းမှာ အပူချိန်ပျံ့နှံ့သွားမှာပါ။ အဲဒီလောက် အကျယ်အဝန်းရှိတဲ့ မီးဖိုကြီးဖန်တီးပြီးသား ဖြစ်သွားပါလိမ့်မယ်။ လူ။ ကျေးငှက်တိရစ္ဆာန်၊ သစ်ပင်စတဲ့ သက်ရှိအားလုံး မီးလောင်ပြာကျပြီးသားပဲ။ အဲဒီလို ဟိုက်ဒရိုဂျင်အနုမြူဗုံးတွေ ဒီကမ္ဘာမှာ ၁၄၀၀၀ကျော် တီထွင်ထားကြပါတယ်။ ဆိုတော့ ဘယ်သူ့ကြောင့် ကမ္ဘာကြီးပျက်စီးသွားမလဲဆိုတာ မတွေးဝံ့စရာပါ။
#crd
မခိုးဘူးဆိုသောပါတီအဘများနှင့် မြန်မာ့စစ်ဗိုလ်ချုပ်တို့၏ဗိုလ်ချုပ်ရွာဟုအမည်တွင်သောဆိတ်ငြိမ်ရပ်ကွက်..
-----------------------------------------------------------------------
မကြာခင်သမ္မတသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့် ဦးသိန်းစိန်သည် လွန်ခဲ့သောရက်ပိုင်းအတွင်းက ပြင်ဦးလွင်မြို့ရှိ သူ၏စံအိမ်တော်တွင်လာရောက်အနားယူခဲ့သည်။ဒီဇင်ဘာ၃၀ရက်နေ့က စတင်ရောက်ရှိခဲ့ပြီး ပြင်ဦးလွင်ရှိသူ၏စံအိမ်တော်၌ပင် နှစ်သစ်ကူးခဲ့သည်ဟုယူဆရသည်။
မြန်မာပြည်သူ့ကျွန်လက်အောက်ကျရောက်ချိန်ကတည်းက အုပ်စိုးသူမင်းဧကရာဇ်တို့၏ စိတ်ကြိုက်မြို့တစ်ခုဖြစ်ခဲ့သော ပြင်ဦးလွင်တွင်မြန်မာ့တပ်မတော်ခေါင်းဆောင်ဟောင်းများသည်လည်း ၎င်းတို့ပိုင်ဆိုင်သည့် စံအိမ်တော်များ၌တပ်မတော်လုံခြုံရေးအပြည့်အ၀ယူကာရံဖန်ရံခါလာရောက် အပန်းဖြေတက်ကြသည်။
ပြင်ဦးလွင်မြို့၏တောင်ဘက် မဆိုသလောက်အကွာအဝေးတွင်ရှိသောတောင်ကမူများတွင် ဗိုလ်ချုပ်ဟောင်းများ အပန်းဖြေနားနေသည်ဟုယူဆရသော ပုံစံတူစံအိမ်များကခမ်းနားထည်ဝါစွာမင်းမူနေသည်။
စံအိမ်တော်များရှိရာ မြေဧကရာချီ၍ကျယ်၀န်းသောထိုနေရာကို စစ်၀တ်စုံ၀တ်ဆင်ထားသူတို့က ဂိတ်ပေါက်များတွင် အလှည့်ကျ
စောင့်ကြပ်နေကြသည်။ အနီးပတ်၀န်းကျင်ရှိရွာသားများက ထိုနေရာကိုမြန်မာ့တပ်မတော်မှ စောင့်ကြပ်သည်ဟုဆိုသည်။စစ်ဗိုလ်ချုပ်ဟောင်းများ ၊လက်ရှိထိပ်တန်းစစ်ဗိုလ်ချုပ်များ ပိုင်ဆိုင်ထားသည့် စံအိမ်တော်များရှိရာတောင်ကမူများကိုစုပေါင်းကာ ဗိုလ်ချုပ်ရွာဟုလည်းအမည်ပေးထားသည်။
“ဗိုလ်ချုပ်ရွာကို လူကြီးရောက်နေရင် ဂိတ်ပေါက်တွေမှာ စစ်သားတွေအပြည့်ပဲ။ဘယ်သူ့မှ ပေးမ၀င်တော့ဘူး။ သိပ်မကြာသေးဘူးသမ္မတကြီးဦးသိန်းစိန်ပြန်သွားတာ။
ဒီမှာရောက်နေတာသုံးရက်လောက်ရှိပြီ။ဂိတ်ပေါက်တွေ အကုန်လုံးပိတ်ထားတယ်”ဟု ညောင်နီကျေးရွာမှကိုရဲကပြောသည်။
ညောင်နီကျေးရွာသည် ဗိုလ်ချုပ်ရွာဟုအမည်ရသော တောင်၏ခြေရင်းတွင်ရှိသည်။
ဗိုလ်ချုပ်ရွာအမည်ရတောင်ကမူများ၏ ကျယ်၀န်းသောမြေပြင်အထက်တွင် ခမ်းနားထည်ဝါလှစွာသောစံအိမ်တော်များ၊ မျှော်စဉ်ဟုယူဆရသည့် ခပ်မြင့်မြင့်အဆောက်အဦးများကို လူသူကင်းမဲ့စွာမြင်တွေ့ရသည်။
ထိုနေရာသည် ပြင်ဦးလွင်မြို့၏ အမြင့်ဘက်အပိုင်းဖြစ်ပြီး လူနေထူထပ်သော နေရာတစ်ခုတော့ မဟုတ်ပေ။ တိတ်ဆိတ်ငြိမ်သက် လျက်ရှိ်ပြီး သာမန်ပြည်သူ အရောက်အပေါက်နည်းသည်။ထို့ကြောင့်လည်း သာမန်ပြည်သူနှင့်အထိအတွေ့နည်းသည့် အထက်တန်းလွန် လူတန်းစားများ၏ ဆိတ်ငြိမ်ရာအရပ်ဖြစ်နေသည်။
၎င်းဆိတ်ငြိမ်ရာအရပ်သည် ရန်ကုန်မြို့ရှိနာမည်ကြီးသူဋ္ဌေးများနေထိုင်ရာ၀င်ဒါမီယာဟုအမည်တွင်ခဲ့သော ရွှေတောင်ကြား ရပ်ကွက်ကဲ့သို့ပင် ခန်းနားကြီးကျယ်လှသည်ဟု ပြင်ဦးလွင်မြို့ပြည်သူ့လွှတော်အမတ် ဦးကျော်သီဟက မှတ်ချက်ပြုသည်။
“အဲ့ဒီနေရာက တကယ့် ၀င်ဒါမီယာရပ်ကွက်ထဲမှာသွားသလိုပဲ။ လမ်းတွေကလည်း တကယ့် ၀င်ဒါမီယာရပ်ကွက်ကြီး တစ်ခုလိုမျိုး လုပ်ထားတယ်”
ထိုဒေသ၏လမ်းမများက မြန်မာပြည်၏အဝေးပြေးလမ်းမများကိုပင် ပျက်ရယ်ပြုနေသည်ဟုထင်မှတ်ရလောက်အောင် ကောင်းမွန်ပြည့်စုံလွန်းလှသည်။“ကျွန်တော်တို့မြို့မှာ ကားမောင်းသင်တန်းတွေ ဒီနေရာမှာလာသင်ကြတယ်” ဟုမြို့ခံတစ်ဦး ကဆိုသည်။ နက်မှောင်လှစွာသော နိုင်လွန်ကပ်တရာကိုထူထပ်စွာ လိမ်းကျန်းထားသည့်ထိုလမ်းမများက အဖုအထစ် ကင်းနေသည်။
အစိုးရအဆက်ဆက်က အုပ်ချုပ်သူ အကြီးအကဲတို့၏ထိုစံအိမ်များကို နောက်ဆုံးပေါ်နိုင်ငံခြားအလှဆင်သွပ်များဖြင့် အုပ်မိုးထားသည်။
ကြွေပြားအတိကပ်အုပ်ထားသည့် အိမ်နံရံများကအရောင်တလက်လက်ထွက်နေသည်။
ခမ်းနားလွန်းလှသောထိုစံအိမ်ကြီးများထဲတွင် ယခင်စစ်အစိုးရဥသျောင်ဖြစ်သူသက်တော်ရှည်ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ ၊ ဒုသမ္မတဟောင်းသီဟသူရဦးတင်အောင်မြင့်ဦး၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်းဦးမောင်အေး၊နိုင်ငံတော်၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုး၀င်းတို့၏ နေအိမ်များလည်းရှိသည်။
ထို့အပြင်လက်ရှိအစိုးရအကြီးအကဲများဖြစ်သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ သမ္မတရုံး၀န်ကြီးဦးစိုးသိန်း၊ တပ်မတော်ခေါင်းဆောင်များဖြစ်သည့် ပြည်ထဲရေး၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုနှင့်
မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ စံအိမ်များလည်းပါ၀င်သည်။
လက်ရှိအစိုးရအကြီးအကဲများ၏စံအိမ်တော်များနှင့် ယခင်အစိုးရစစ်ဗိုလ်ချုပ်များ၏စံအိမ်များကို နေရာတစ်ခုတည်းတွင် ခမ်းခမ်းနားနားဆောက်လုပ်ထားသည်။လမ်းနာမည်များကိုအင်္ဂလိပ်အက္ခရာများဖြစ်သည့် အေ၊ဘီ၊စီတို့ဖြင့် အမည်သတ်မှတ် ထားသည်။
ယင်းအိမ်များကို စစ်အစိုးရအာဏာအထွဋ်အထိပ်ရောက်စဉ်ကာလ ၂၀၀၂ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းကာလက ရာထူးကြီးငယ်အလိုက် ၎င်းတို့၏စံအိမ်များကို နေရာချထားသည်ဟု ယူဆရသည်။ အေ(A)လမ်းတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး ဟောင်းဦးမောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်းဦးစိုး၀င်း၊ လက်ရှိလွှတ်တော်နာယက သူရဦးရွှေမန်းတို့၏နေအိမ်များ ရှိသည်။ လက်ရှိသမ္မတ ဦးသိန်းစိန်၏နေအိမ်က ဘီ(B)လမ်း ၊အမှတ် (၁၀)တွင်ရှိသည်။
ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်းဦးမောင်အေးတို့၏ ခြံ၀န်းများသည် မြေဧက(၇)ဧကကျယ်၀န်းပြီး
သမ္မတ၊တပ်ချုပ်၊လွှတ်တော်နာယကနှင့် အခြားအကြီးအကဲများ၏ခြံ၀န်းများက၅ဧကကျယ်၀န်းသည်ဟု သိရသည်။
၎င်းတို့အပန်းဖြေနားနေသော ပုံစံတူနောက်ဆုံးပေါ်စံအိမ်တော်များအတွက် မြေဧကတစ်ရာကျော်အသုံးပြုခဲ့ပြီး ထိုနေရာတွင် ယခင်တပ်မတော်ထိပ်တန်းခေါင်းဆောင် ၃၀ကျော်၏စံအိမ်များ တစ်စုတစ်စည်းတည်းတည်ရှိနေသည်။ ထိုအဆောက်အဦးများအတွက် တိုင်းပြည်ဘဏ္ဍာငွေ ဘီလီယံပေါင်းများစွာအသုံးပြုခဲ့သည်ဟု ခန့်မှန်းရသည်။
ယင်းသို့ဆောက်လုပ်ရာတွင်ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေနေအိမ်ကို ဗေဒင်၊ယတြာ အစီအမံများဖြင့်တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ညောင်နီးကျေးရွာမှ ကိုမျိုးဆိုသူကရှင်းပြသည်။ကိုမျိုးသည် စစ်ဗိုလ်ချုပ်ဟောင်းများ၏နေအိမ်များဆောက်လုပ်ရန် မြေနေရာရှင်းရာတွင် တာ၀န်ခံအနေဖြင့် ဦးဆောင်ပါ၀င်ခဲ့သူဖြစ်သည်။ထို့အပြင် ဦးသန်းရွှေအိမ် ဆောက်လုပ်ရာတွင်လည်း အလုပ်သမားတစ်ဦးအနေဖြင့် ပါ၀င်ခဲ့သူဖြစ်သည်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေအိမ်က တစ်ထပ်တည်းပဲ၊ဒါပေမဲ့ ကျည်မတိုးဘူး။အိမ်နံရံတွေကလည်း အထူကြီး”ဟုသူကဆိုသည်။
ပြင်ဦးလွင်သည် စီးပွားရေးအရဖွံ့ဖြိုးသောမြို့တ်ာတစ်ခု မဟုတ်သည့်တိုင်မြန်မာ့တပ်မတော်ခေါင်းဆောင်များ မွေးထုတ်ရာ မြို့ဖြစ်သည့်အပြင် ယခုအခါယခင်စစ်အစိုးရခေါင်းဆောင်များနှင့်နာမည်ကျော်ခရိုနီများအတွက် အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရသော မြို့တော်တစ်ခုဖြစ်လာသည်ဟုလည်း ပြင်ဦးလွင်အခြေစိုက်အဖွဲ့အစည်းများကဆိုသည်။
၂၀၁၁သည် စစ်အစိုးရမှအရပ်သားအစိုးရသို့ အာဏာလွဲပြောင်း ခဲ့သောခုနှစ်တစ်ခုအဖြစ်ထင်ရှားသည်။သို့သော် အစီအစဉ်တကျ အာဏာလွဲပြောင်းမှုနှင့်အတူ ယခင်စစ်အစိုးရခေါင်းဆောင်များ ကပင်အရပ်သား၀တ်ဖြင့် ငါးနှစ်တိုင်တိုင် မြန်မာပြည်ကို ဆက်လက်ဦးဆောင်ခဲ့ကြသည်။ယခုအခါ ၎င်းတို့အလိုကျရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငါးနှစ်တိုင်တိုင်အုပ်ချုပ်ခဲ့ပြီး ဒုတိယအကြိမ်အထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့သည်။ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့သည်။ယင်းရလဒ်ကြောင့် မကြာမှီကာလတွင် လက်ရှိအစိုးရခေါင်းဆောင်များသည် ၎င်းတို့၏ဆန့်ကျင်ဘက်အရပ်သို့ အာဏာလွဲအပ်ပေးရတော့မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမှု တပ်မတော်အစိုးရခေါင်းဆောင်ဟောင်းများက ၎င်းတို့၏အနာဂတ် အသက်အိုးအိမ်စည်းစိမ် စိတ်ချလုံခြုံရေးအတွက် အလို့ငှာရှေးယခင်နှစ်များစွာကတည်းကပင် ကြိုတင်ပြင် ဆင်မှုများပြု လုပ်ထားပြီးဖြစ်သည်။ လက်ရှိ ကျင့်သုံးနေသောဖွဲ့စည်းပုံအခြေခံဥပဒေတွင် ယခင်စစ်အစိုးရခေါင်းဆောင်များကို နောက်ကြောင်းပြန်တရားစွဲ ဆိုခြင်းမျိုး ကိုကန့်သတ်ထားသည့် ပြဋ္ဌာန်းချက်တစ်ချို့ကို သိသိသာ သာပြဋ္ဌာန်းထား သည်။လက်ရှိအရပ်သားအမည်ရ အစိုးရသက်တမ်း တလျောက် သမ္မတအဖြစ်တာ၀န်ထမ်းဆောင်ခဲ့သူ၏ အနာဂတ်ကာလလုံခြုံရေးအတွက်ဟု ယူဆရသောဥပဒေတစ်ခုကို ပြီးခဲ့သည့်ရက်ပိုင်းက ရေးဆွဲအတည်ပြုခဲ့ပြီး
ဖြစ်သည်။ယင်းတို့မှာ တပ်မတော်ခေါင်းဆောင် ဟောင်းများ၏
အနာဂတ်ကာလ လုံခြုံရေးအတွက် ထင်သာမြင်သာသော ကြိုတင်ပြင် ဆင်မှုများဖြစ်သည်။
အများပြည်သူ မသိရှိနိုင်သောကြိုတင်ပြင်မှုများလည်း ရှိနိုင်သည်။ထိုအထဲတွင် လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကျော် ကတည်းက တည်ဆောက်ခဲ့ သည့်ပြင်ဦးလွင်ရှိ ပုံစံတူစံအိမ်တော်ရပ်၀န်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်နိုင်သည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုလောက်က ထိုနေရာသည် အနီးပတ်၀န်းကျင်ရှိ အခြေခံလူတန်းစားတို့၏ ဘ၀ရှင်သန်ရပ်တည်ရေးအတွက် သီးနှံစိုက်ပျိုးခဲ့သော ပလပ်မြေများဖြစ်ခဲ့သည်။၂၀၀၂ ခုနှစ်တွင်ထိုနေရာကို မြန်မာ့တပ်မတော်မှ သိမ်းဆည်းခဲ့ပြီး တပ်မတော်ထိပ် တန်းအရာရှိများ၏ သီးသန့်စံအိမ်များအဖြစ် ထားရှိရန်စီမံခဲ့သည်။ ယခုအခါ စံအိမ်တော်များရှိရာတောင်ကမူတို့၏အောက်ခြေ၌ လက်လုပ်လက်စား ဆင်းရဲသားတို့ပျော်စံရာ ညောင်နီကျေးရွာရှိ အိမ်ထောင်စု တစ်ချို့ တပ်ပိုင်မြေတွင် ကျူးကျော်ထားသူများအဖြစ် သတ်မှတ်ခံထားရကာ တရားရင်ဆိုင်နေရသည်။
မည်သို့ပင်ဆိုစေကာမှု ဗိုလ်ချုပ်ကျေးရွာအမည်ရသော ဆင်းရဲသားကင်းလွတ်နယ်မြေ၏ခမ်းနားမှုသည် မြန်မာပြည်၏ ဒုတိယ၀င်ဒါမီယာကဲ့သို့ပင်။ နောက်ဆုံးပေါ်အသုံးအဆောင်ပစ္စည်းတို့ဖြင့် တခမ်းတနားတည် ဆောက်ခဲ့သည့်ထိုနေရာအတွက် ကုန်ကျစာရိတ်တွက်ချက်ရန် အင်မတန်ခက်ခဲပြီး နိုင်ငံတော်ဘဏ္ဍာငွေထဲမှ ကိန်းဂဏန်း အတိအကျမရှိ အသုံးပြုခဲ့သည်ယူဆရသော ဒုတိယနေပြည်တော်အလား ၊.....
စင်စစ်မှာ မြန်မာ့တပ်မတော်ကအစောင့်အကြပ်တို့ဖြင့် သေသပ်စွာရှိနေသည့် မြန်မာ့စစ်ဗိုလ်ချုပ်တို့၏ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုပင်။
Credit: စိုင်း၀ဏ္ဏ၊ဧရာဝတီ
[ဤဆောင်းပါးကို ၂၀၁၅ ခုနှစ်
ဒီဇင်ဘာလကုန်ပိုင်းက ရေးသားခဲ့သည်..]
On “လျှပ်စစ် မီးတွေ တဖြည်းဖြည်း ပိုပို ဖြတ်လာခြင်းရဲ့ နောက်ကွယ်”
“လျှပ်စစ် မီးတွေ တဖြည်းဖြည်း ပိုပို ဖြတ်လာခြင်းရဲ့ နောက်ကွယ်”ခပ်တိုတိုရေးပါမယ်။
လျှပ်စစ် မီးတွေကို တဖြည်းဖြည်း ဖြတ်လာပီး..တစ်နေ့ကို ရှစ်နာရီလောက်သာ သုံးစွဲခွင့် မျိုးလုပ်လာပါတယ်..
ယခင်ကတည်းက လျှပ်စစ်ကေဘယ်လ်ကြိုး under ground မြှုပ်နှံမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စကစ အတွက်သီးသန့် ဓာတ်အားလိုင်းအားသာ ပြုပြင်လုပ်ဆောင်ပြီး ကျန်သောလျှပ်စစ် ဓာတ်အားများကို ထိုင်းနဲ့ အိန္ဒယ တို့အားတိုး၍ ရောင်းချပြီး ရလာသော ဒေါ်လာနဲ့ လေယာဥ်ဆီနဲ့စက်သုံးဆီကို ယခု စင်ကာပူနဲ့ တရုတ်တို့ကနေ ပြန်လည်ဝယ်ယူတင်သွင်းနေပါတယ်..ဒါကြောင့် မီးဖြတ်ပါတယ်။
မီးဖြတ် လိုက်တဲ့အတွက် အင်တာနက် နဲ့ ဝိုင်ဖိုင်များအသုံးပြုနေမှု လုပ်ငန်းများ အားလုံးရပ်ဆိုင်းပါတယ်။ဆီစျေးပြန်ကျတယ်လို့ ထင်နေကြပေမဲ့ အမှန်တကယ်က ပြည်တွင်းသွားလာမှုတွေကို ကန့်သတ်ထားပြီး ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှု ၄၀ % သာ ရှိလာတာမို့ ပြည်တွင်းစက်သုံးဆီ အဝယ်နည်းပါးလို့ စျေးအနည်းငယ် ပြန်ကျသယောင်ဖြစ်သွားတာပါ။
ရန်ကုန်တိုင်း ၄၈ မြို့နယ်စာ ယခင် သုံးစွဲနေသော လျှပ်စစ်ဝပ်အားကို ထက်ဝက်လျှော့ချပြီး ကျန်သော ထက်ဝက်ကို ရန်ကုန်တစ်တိုင်းလုံး မျှ၍ အလှည့်ကျပုံစံမျိုး ခွဲဝေသုံးနေရခြင်းပါဘဲ။
တစ်နိုင်ငံလုံး နေရာဒေသမကျန် အားလုံး ဤနည်းအတိုင်းပါဘဲ။
အစောပိုင်းကာလက မီတာမဆောင်ရင် လျှပ်စစ်ဖြတ်လို့မရဘူး..ထရန်စဖာတွေ ဗို့လ်အားမနိုင်ဘဲ ပေါက်ကွဲလိမ့်မယ် ဆိုပီး တချို့ရေးသားပြခဲ့ကြတာတွေဟာ မိမိတွေ့တယ်အခါမှာ ရယ်စရာ ကောင်းလှပါတယ်။
မီတာဆောင်ဆောင် မဆောင်ဆောင် မီးက ဖြတ်ချင်ဖြတ်လို့ရတယ် ဆိုတာ သဘောပေါက်စေချင်ပါတယ်။
ထုတ်လုပ်တဲ့ပမာဏ လျှော့ချလိုက်ရင် ဖြန့်ဝေမှုနည်းလို့ သုံးစွဲရမယ့် ပမာဏ လျော့ပီး ထုတ်လုပ်မှုတိုးရင် သုံးစွဲနိုင်မှု တိုးတာဟာ တိုက်ရိုက်အချိုးပါ။
လျှပ်စစ်ပြတ်တာနဲ့ သူ့ကိုမှီခိုနေရသော အလုပ်မှန်သမျှ အကုန်ပြတ်ပါတယ်..
ဥပမာ CNG ဂတ်ဆိုင်က လျှပ်စစ်မီး ပြတ်ရင် ဂတ်စ်ထည့်ဖို့အခက်တွေ့ပါမယ်။
မီးလာသော မြို့နယ်မှသာ ဂတ်စ်ထည့်လို့ရမှာ ဖြစ်လို့ မော်တော်ကား မှန်သမျှ ထို့မြို့နယ် ဂတ်စ်ဆိုင်မှာ စုပြုံပါလိမ့်မယ်။
ပြည်သူလူထု စီးပွားရေး ပျက်စီးနောက်ကျပီး ဝင်ငွေနည်းတဲ့အခါ NUG PDF EAOs နဲ့ CDM ထောက်ပံ့မှု လျော့နည်းသွားပါမယ်.
အင်တာနက်က စျေးမြင့်၊ မီးမလာတော့ ဝိုင်ဖိုင်သုံးလို့မရ၊ ဝိုင်ဖိုင်သုံးလို့ရပြန်တော့ မက်ဂါဝပ်က မပြည့် ၊ ထိုအခါ အွန်လိုင်းမှ C2D ဟာဝင်ငွေလျော့ပါမယ်။
စားဝတ်နေရေးတစ်နေ့တာ အခက်ခဲများကို ရင်ဆိုင်နေ့ရလို့ supporting နည်းပါးစေပြီး.တော်လှန်ရေးကို စိတ်ပျက်အောင် ဖြစ်စေမည့် နည်းလမ်းကို ရွေးချယ်အသုံးပြုခြင်းပါ။
ကိုဗစ်ပိုး တွေ့တယ်ဆိုပြီး non cdm ဝန်ထမ်းများကို အိမ်ကနေရုံးတက်ခိုင်းခြင်း၊ ရုံးပိတ်ခြင်းများကို အသုံးပြုမှာဖြစ်သည့်အတွက်စကစ ရုံးများမှာ မီးမလာလည်း ပြဿနာ မရှိပါဘူး။
ဒါက မအလ ရဲ့ ပြည်သူလူထုကို နှိပ်ကွပ်တဲ့ နည်းလမ်းပါ။မီးလာလည်း ဝိုင်ဖိုင်တစ်ချို့ကို မဖွင့်ပေးပါဘူး။ဖွင့်ပေးထားတဲ့ ဝိုင်ဖိုင်ရုံးများမှာ ဝိုင်ဖိုင် ဆာဗာ ဒေါင်းလို့ သွားတိုင်တဲ့အခါမှာလည်း မီးပြတ်နေလို့ ဆာဗာပြင်ပေးမယ့် ဝန်ထမ်းမရှိလို့ စသည့် အကြောင်းပြချက်များ ပြခွင့် ရနိုင်စေတဲ့ နှိပ်ကွပ်နိုင်သော နည်းလမ်းများပါ။
လျှပ်စစ် ဓာတ်အားစက်ရုံမှ ထုတ်လုပ်နေကျ လျှပ်စစ်ကို ပုံမှန်ထုတ်လုပ်ပြီး ယခု ပြည်တွင်းထောက်ပံ့မှု လျှပ်စစ်စွမ်းအင်များကို ပြည်ပသို့ ရောင်းစားတာဖြစ်ပါတယ်။
ကပစ စက်ရုံရှိသော နေရာများအားလုံး လျှပ်စစ်ပြတ်တောက်မှု လုံးဝမရှိပါ။
ဟုတ်မဟုတ်ဆိုတာ ကပစ ဝန်ထမ်းအားလုံး ကိုမေးကြည့်ပါက သိကြပါလိမ့်မယ်။
ယခုအချိန်မှာ သူ့ကိုထောက်ခံသူ မထောက်ခံသူ အားလုံးကို စီးပွားရေး အင်အားချိနဲ့အောင်လုပ်ပြီးမှ အကုန်ချိနဲ့တော့မှ သူ့ကိုအမာခံထောက်ခံသူများကို ပြန်ရွေးထုတ်ပီး လုပ်ပိုင်ခွင့်ပေးပီး အချင်းချင်း ပြန်လည်ဖိနှိပ်လို့ အင်အားချိုးဖဲ့ဖျက်စီးစေမည့်နည်းလမ်းများ ဖြစ်ပါတယ်..
ဒါက မအလ ရဲ့ လက်ရှိသွားနေတဲ့ ပြည်တွင်း မူဝါဒ ပါ..
ပြည်ပနဲ့ပတ်သက်လို့ကတော့ ဘာမူဝါဒမှ မရှိပါဘူး..
အဲ့တော့ ကွန်မြူနစ်အခြေခံ အယောင်ပြ ဒီမိုကရေစီ ကို သာ ကျင့်သုံးမည့် ရည်ရွယ်ချက်ပါ..ဘဲ..
EU နိုင်ငံအချို့က သဘာဝဓာတ်ငွေ၊ စွမ်းအင်ဝင်ငွေ ဖြတ်တောက်ဖို့ မလုပ်ဘဲနေတာ တော်တော်ကြာပါပြီ။
ဆရာစိုး ပို့စ်မှာ မိမိကောမန့်ရေးပေးခဲ့တာကို ဆရာစိုးက ဒီနေအကျယ်ချဲ့ပြီး ထပ်ရှင်းပြတင်ပြတဲ့အတွက် စာဖတ်ပရိတ်သတ်များအနေနဲ့ အနောက်နိုင်ငံတချို့ရဲ့ သဘောထားများနဲ့ လုပ်ဆောင်ချက်တွေကို ထပ်ပြီး အကျယ်သိရှိသွားကြပါပြီ။
ကျောက်မျက်လုပ်ငန်း နဲ့ပတ်သက်သမျှကို JFM အဖွဲ့က နောက်ကြောင်းလိုက်ထုတ်ဖော်လို့ ပြီးခဲ့တဲ့ ဆယ်လပိုင်းမှာ စကစ ရဲ့ ကျောက်မျက်လုပ်ငန်းအချို့ရပ်ဆိုင်းသွားခဲ့ရပါတယ်။
ရွှေပြည်သာ လှိုင်သာယာ ဒဂုံ မန်းလေး စက်မှုဇုန် နဲ့တောင်ကြီး မိထ္ထီလာ စက်မှုဇုန်များမှာ တရုတ် ဗီယက်နမ် ကုမ္မဏီ စက်ရုံများဟာလည်း ဘဏ်စနစ်လဲပြိုမှုကြောင့် တရုတ် ဗီယက်နမ် အစိုးရများ၏ ဝင်ငွေခွန်ကျဆင်းသလို ထိုစက်ရုံမှ မြန်မာအလုပ်သမားများ၏ လစာပေးစနစ်ကလည်း ထိုးကျလို့ စကစ ရဲ့ ဝင်ငွေအကောက်ခွန်ပမာဏဟာလည်း ယခင် NLD အစိုးရလက်ထက်ကနဲ့ တခြားစီဖြစ်သွားပါပြီ။
ပိုကြောက်စရာကောင်းတာက နိုင်ငံတကာ ပြည်ပကြွေးမြီဟာ ယခင် US ဆယ်ဘီလီယံကနေ နောက်ထပ် ကြွေးသစ် ၁.၂၃ ဘီလီယံ ထပ်တိုးလို့စုစုပေါင်း ၁၁.၁၂ ဘီလီယံ ဖြစ်ကာ အတိုးကတော့ ဘယ်လောက်တောင် ရှိနေမလည်း ဆိုတာတော့ မပြောတတ်သေးပါဘူး..
နောက်ထပ် ၂၀၂၃ ထိသာ အုပ်ချုပ်ခွင့်ရသွားမည်ဆိုပါလျှင် တွေးတောင်မတွေးရဲလောက်အောင်ပါ။
ယခု အာဏာသိမ်း လိုက်သော ၁၁ လအတွင်း မြန်မာပြည်ရဲ့ GDP ဟာ ကြောက်မက်ဖွယ်ရာထိုးကျသွားပြီး အဆင်းရဲဆုံး နိုင်ငံ အဆင့် ၃ ထဲ ပြန်ပါသွားခဲ့ရပါပြီ။
စကစ ဟာ ကျဆုံးမှု မြင့်လာတာနဲ့အမျှ မဖြစ်မနေ လူသားဒိုင်းစနစ်ကိုလည်း အကျယ်ချဲ့လာနိုင်ပါတယ်။
နောက်တစ်ချက်က မြို့ပေါ်က ကင်းစခန်းအနီးတဝိုက်မှာ မအလ တပ်များဟာ မိုင်းထောင်စနစ်တွေ ပြုလာနိုင်သလို ရဲစခန်း၊ အုပ်ချုပ်ရေးရုံး၊ မီးသတ်ရုံး စသဖြင့် ရူံးပိုင်းဆိုင်ရာ အဆောက်အဦး အနီးတဝိုက်များမှာ ဗုံးထောင်လာနိုင်သလို စကစ ရဲ့ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်များ၊ ကင်းစခန်းများ၊၊မှာလည်း အချိန်မတော်ညဘက် ကတည်းက မြေမြှုပ်မိုင်း များကို ရုရှားနည်းပညာအကူအညီနဲ့ ထောင်ထားခြင်းမျိုးတွေ မြို့ရွာတွေပေါ်မှာ လုပ်လာနိုင်ပါတယ်။
ထိုနေရာများအနီးတဝိုက်သို့ သွားလာခြင်း ဖြတ်သန်းခြင်း နေထိုင်အခြေချ ခြင်းများကို ရှောင်ကြပါ။
ပွဲတော်များ၊ စျေးများသွားလာတဲ့အခါမှလည်း အထူးသတိထားပြီး ဆင်ခြင်စွာဖြင့် သတိနဲ့သွားလာကြ၊ ရောင်းဝယ်ဖောက်ကားကြပါ။
တစ်နေ့က သမိုင်းလမ်းဆုံဖြစ်ရပ်က သက်သေသာဓက ပြထားပါတယ်။
နိုင်ငံတကာ ကဘာလုပ်မလည်း၊ NUG PDF EAOs များကဘာဆက်လုပ်ကြမလည်း ဆိုတာတော့မသိပါ။
သိစရာလည်း မလိုပါ။သိလည်း မရေး မခန့်မှန်းပါ..မသုံးသပ်ပေးတော့ပါ။
ထို့အဖွဲ့များမှ ထုတ်ပြန်ချက်များကိုသာ အစဥ်တစိုက် ဂရုစိုက်၍ သွားလာနေထိုင်ကြခြင်းဖြင့် ရှင်သန်အောင် နေထိုင်ကြပါ
က်ပွဲများ ပြင်းထန်မှု ၇၅ % အဆင့်ထိ ဖြစ်လာနိုင်ပါတယ်။
တော်လှန်ရေးလှိုင်းဟာ ဒီရေလို တရိပ်ရိပ် တက်လာတော့မှာမို့..စောက်တပ်ကြီး ကွဲဖို့ ၇၅% သေချာနေသလို ဖြစ်လည်းဖြစ်နေပြီမို့…
တော်လှန်ရေးကြီး မုချအောင်မြင်နေပါပြီ။
အရိပ်
မင်းအောင်လှိုင်ကို အလေးပြုရသည့် ငွေကျပ်ဘီလီယံချီ သုံးစွဲခဲ့သော ဗိုလ်ရှုခံပွဲအပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပျက်မှု အခြေအနေ အလွန်ဆိုးဝါးလာ
ရန်ကုန်၊ မတ် ၃
နေပြည်တော်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အလေးပြုရသည့် ငွေကျပ်ဘီလီယံချီ သုံးစွဲခဲ့သော ဗိုလ်ရှုခံပွဲအပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပျက်မှု အခြေအနေ အလွန်ဆိုးဝါးလာကြောင်း ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများမှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုသည်။
"မီးက လာချင်သလိုလာတယ်။ ပျက်ချင်သလို ပျက်တယ်။ ပုံမှန်လည်း မဟုတ်ဘူး။ ပျက်တဲ့အချိန်က ပိုများတယ်။ တချို့ရက်တွေဆိုရင် မနက်ကတည်းက ပျက်တယ်။ ညနေ ၆ နာရီမှာ ပြန်လာတယ်။ ၇ ခွဲကျတော့ ပြန်ပျက်သွားတယ်။ အဲဒါ တစ်ညလုံးပဲ။ ည ၁၁ ခွဲလောက်မှာ ပြန်လာတယ်။ မမှန်းတတ်တော့ဘူး။ ပူက ပူ ။ မီးကပျက်ဆိုတော့ အရမ်းဒုက္ခရောက်နေတယ်။ မီးလာရင် ရေတင်ရတယ်။ အဝီစိရေမို့ပဲ တော်တော့တယ်" ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမှ ပြည်သူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့လယ် အထပ်မြင့်တိုက်များတွင် မီးပျက်ချိန်ကြာမြင့်လာမှုကြောင့် ရေတင်မရ ခြင်း ပြဿနာများ ကြုံတွေ့နေရသည်ဟုဆိုသည်။
"ဂျိုးဖြူရေက အချိန်နဲ့ပေးတာ။ မနက်ပိုင်း ရေလာတဲ့အချိန်မှာ မီးကပျက်တော့ အတော်ကို အဆင်မပြေဘူး။ ရေသန့်ဘူးကြီး ၂၀ လီတာကို ဝယ်ပြီး ရေချိုး အိမ်သာရေသုံး အဲဒီလိုတွေ လုပ်နေရတယ်။ ငွေပိုသုံးရတယ်။ ဒါက တတ်နိုင်တဲ့သူမို့လို့။ မတတ်နိုင်သူဆိုရင် ၂၀ လီတာ ရေသန့်ဘူးတစ်ဗူး ၈၀၀ ၊ ၁၀၀၀ ဝယ်ပြီး ဘယ်သုံးနိုင်မလဲ" ဟု စမ်းချောင်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
အလားတူ မန္တလေးတွင် မီးပုံမှန် မလာတော့သည့်အခြေအနေ ကြုံတွေ့နေရသည်ဟု ဒေသခံတချို့က ဆိုသည်။
"အချို့တွေလည်း ထမင်းဟင်းချက်ဖို့ ဂတ်စ်တွေဝယ်ထားကြပြီ။ မတတ်နိုင်တဲ့သူကတော့ ထင်းမီး မီးသွေးမီး ဝယ်ထားကြတယ်။ မီးလာချိန်ရယ်လို့တော့ ပုံမှန် မှန်းမရတော့ဘူး" ဟု မန္တလေး ဒေသခံများက ဆိုသည်။
လက်ရှိ စျေးကွက်တွင် အိမ်သုံး တရုတ်မီးစက်လေးများ ဝယ်ယူမှုများပြားသော်လည်း ဓာတ်ဆီ စျေးပါ မြင့်တက်နေခြင်းကြောင့် လိုအပ်ချိန်မှသာ မီးစက်သုံးနိုင်ကြသည်ဟု ဒေသခံတချို့ကဆိုသည်။
"မီးစက်ကလည်း နေ့တစ်ပိုင်းလောက် မောင်းရင် 92 ဓာတ်ဆီ ၃ သောင်းဖိုးလောက်က ပြိုက်ကနဲပဲ။ ကုန်သွားတာ။ အလုပ်ရှိတဲ့ဆိုင်တွေလည်း မသုံးနိုင်တော့ဘူး။ မီးစက်ရှိလည်း လိုအပ်မှ သုံးနိုင်တယ်" ဟု မန္တလေးဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ရန်ကုန်တွင် ငွေကျပ် ၁၉၀၀ ကျော် စျေးပေါက်လျက်ရှိပြီး နယ်များတွင် တစ်လီတာ ၂၀၀၀ ကျပ်ကျော်ရောက်ရှိနေပြီဖြစ်သည်။
ပြည်ထောင်စုနေ့ အခမ်းအနားကို ငွေကျပ်ဘီလီယံချီ သုံးစွဲ၍ ဗိုလ်ရှုခံ အလေးပြုခံပြီး နောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူများကို နွေရာသီတွင် လျှပ်စစ်မီးနှင့် ရေချွေတာရေး လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။
စစ်ကောင်စီ၏ အစိုးရအဖွဲ့ရုံးက မင်းအောင်လှိုင်၏ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညွှန်ကြားချက်ကို ယနေ့ နေ့စွဲဖြင့် ဌာန ၅ ခုကို ပေးပို့လိုက်ကြောင်း၊ ယင်း ညွှန် ကြားချက်တွင် နွေရာသီ ပြည်သူများအနေဖြင့် လျှပ်စစ်မီးနှင့် ရေ ချွေတာသုံးစွဲရေး အသိပညာပေးရန်နှင့် တိုက်တွန်းနှိုးဆော်ခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်ရန် ဟူ၍ မင်းအောင်လှိုင်က ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
မင်းအောင်လှိုင်၏ ညွှန်ကြားချက်ထွက်ပေါ်ပြီးနောက် EPC လူမှုကွန်ရက်စာမျက်နှာများတွင် လျှပ်စစ်မီး ချွေတာရန်နှင့် အလင်းရောင်ဖြင့် နေရန် ဆိုသော မီးချွေတာရေး နှိုးဆော်မှုများ မြင်တွေ့လာရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်းတစ်ဦး၏ အဆိုအရ လာမည့် နွေရာသီတွင် နေပြည်တော်မှ အပ မြန်မာတစ်နိုင်ငံလုံးကို အလှည့်ကျ လျှပ် စစ်မီးပေးသည့် စနစ်ဖြင့်သာ မီးပေးမည်ဖြစ်ကြောင်း၊လျှပ်စစ်မီးကို ၆ နာရီဖြတ်၊ ၆ နာရီ မီးပေးစနစ်ဖြင့် အလှည့်ကျ မီးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုခဲ့ပြီး ယင်းသတင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။
DVB TV News.
3 March, 2022.
ဝါရှင်တန်မှာ အခုလအတွင်းကျင်းပမယ့် အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်ကြားမှာ မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်ကြားမယ်လို့ သိရပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ဟာ မတ် ၂၈ နဲ့ ၂၉ ရက်တို့မှာ အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အထူးထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပဖို့ စီစဉ်ထားတာပါ။
နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ မြန်မာကိုယ်စားလှယ်တယောက်ကိုသာ အစည်းအဝေးတက်ဖို့ ဖိတ်ကြားမှာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဦးဆောင်မှုကို လိုက်နာမှာ ဖြစ်ကြောင်း အမေရိကန်ဘက်က ပြောတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးနယ်က မဟုတ်တဲ့ ကိုယ်စားလှယ်တွေကို အာဆီယံအဆင့်မြင့် အစည်းအဝေးပွဲတွေမှာဖိတ်ကြားဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ထောက်ခံပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။
ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးတာဝန်ယူထားသူမဟုတ်တဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားဖို့လည်း ဆုံးဖြတ်ထားကြောင်းနဲ့ စစ်အုပ်စုက အာဆီယံရဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်အရ အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှုကို မဖော်ဆောင်နိုင်ခဲ့တဲ့အတွက် တာဝန်ခံသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
မြန်မာကိုယ်စားလှယ် ဘယ်သူဖြစ်မလဲ ဆိုတာကို မေးမြန်းရာမှာတော့ အမေရိကန် တာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို အစည်အဝေး တက်ခွင့်မပြုခဲ့သလို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း စစ်ကောင်စီ ဝန်ကြီး တက်ရောက်ခွင့် မရခဲ့ပါဘူး။
ဂျာမုန်း
စစ်ကောင်စီ ထောက်လှမ်းရေးကြောင့် ထောက်ပို့အဖွဲ့ ၁၀ ဖွဲ့ကျော်သည် ယမန်နေ့ မတ်လ ၂ ရက်နေ့မှ စတင်၍ ထောက်ပို့ လုပ်ငန်းများကို ယာယီ ရပ်နားကြောင်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာ အသီးသီးမှ ထုတ်ပြန်သည်။
To Comrades - ရဲဘော်များသို့အဖွဲ့၊ ANTS- ပုရွက်ဆိတ်များ၊ Yell Baw- ရဲဘော်၊ Wings of Urban Revolution ၊ Dogs Fighter၊ လှူကြမယ်+ဒီကကြည့် ၊ မြတ်နိုးရင်းလှူ ၊ မူမနေနဲ့ လာလှူ၊ နိုင်ချင်ရင်လှူ ၊ဝယ်ရင်းလှူနိုင် စာအုပ်ဆိုင်၊ Bees Fundraising Team၊ Book Raffle Fundraising Program စသည့်အဖွဲ့များအပါအဝင် ၁၀ ဖွဲ့ကျော် ရပ်နားထားကြခြင်း ဖြစ်သည်။
“အနုပညာရှင်တွေ ပြန်လွှတ်တယ် ဆိုတဲ့သတင်းကို အကာအကွယ် ယူပြီး ရန်သူစစ်တပ်ဟာ ကျွန်တော်တို့ ညီနောင်တွေကို အင်အားသုံး ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ ကျွန်တော် တို့ ညီနောင်တွေဟာ ပြည်တွင်းမှာ ကုတ်ကတ်နေပြီး တော်လှန်ရေးအပေါ် သစ္စာ ရှိနေကြတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်နိုင်စွမ်းဟာ သာမန်လူငယ် တစ်ယောက် လုပ်နိုင်စွမ်းထက် ပိုပြီး များနေပါတယ်။ ဒီလိုလူငယ်တွေ ကျွန်တော်တို့ အဆုံးရှုံး မခံချင်ပါဘူး။ ဒီအတွက် ကျွန်တော်တို့ ညီနောင်မဟာမိတ် အဖွဲ့အစည်း တချို့ဟာ လုပ်ငန်းစဉ်တွေ ရပ်နားပြီး လုပ်နိုင်စွမ်း ရှိတဲ့ လူငယ်တွေရဲ့ ဘေးကင်း လုံခြုံရေးကို အစွမ်းကုန် ကြိုးပမ်း နေကြပါတယ်” ဟု United Alliances - UAs ညီညွတ်သော ညီနောင်မဟာမိတ်များ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။
United Alliances - UAs ညီညွတ်သော ညီနောင်မဟာမိတ်များ အဖွဲ့အစည်းမှာ လက်ရှိ တော်လှန်ရေး ထောက်ပို့အဖွဲ့ ၁၀ ဖွဲ့ ပူးပေါင်းထားသော မဟာမိတ် အဖွဲ့ ဖြစ်ပြီး ခြောက်ဖွဲ့မှာ ရပ်နားထားပြီ ဖြစ်သည်။
အဆိုပါ အဖွဲ့အစည်းမှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG ) အောက်တွင် မရှိဘဲ လူငယ်များဖြင့် ဖွဲ့စည်းထားကာ လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်နေသည်။
စစ်ကောင်စီက ဘဏ်အကောင့်များမှ တဆင့် ကိုယ်ရေးအချက်အလက်များ စုံစမ်း ထောက်လှမ်းကာ ယခုကဲ့သို့ ထောက်ပို့ အဖွဲ့များအား ခြေရာခံ ဖမ်းဆီးမှုကို ယခု ရက်ပိုင်းအတွင်း အပြင်းအထန် ပြုလုပ်လာခြင်း ဖြစ်သည်။
“တကယ်ပဲ ဖမ်းခံနေရပါတယ်။ အများစုက ဘဏ်အကောင့်တွေ ပိတ်ခံရတာကြောင့်ပါ။ ကိုယ်ရေး အချက်အလက်တွေ စီစစ်ပြီး သံသယ ရှိတာတွေကို စစ်ကောင်စီက လိုက်ဖမ်းနေတာ။ ခုလို တစ်ပြိုင်တည်း နီးပါး ဖြစ်တာကတော့ အခုမှ အမိန့်ကျလာလို့ အကုန် စာရင်းလုပ်ပြီး လိုက်ဖမ်းနေတဲ့ သဘောပေါ့။ အစောပိုင်းမှာ ကြိုကြား ကြိုကြား ဖမ်းတာမျိုးတွေတော့ ရှိတာပေါ့” ဟု ရပ်နားလိုက်သည့် ထောက်ပို့အဖွဲ့များတွင် အပါအဝင်ဖြစ်သည့် To Comrades - ရဲဘော်များသို့ အဖွဲ့ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။
ပြည်တွင်း ထောက်ပို့ အဖွဲ့သားများအပြင် မြို့ပြပြောက်ကျား အဖွဲ့ဝင် UG များလည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံနေရကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များမှ တဆင့် သိရသော်လည်း ဖမ်းဆီးခံရသည့် အရေအတွက် အတိအကျကိုမူ အတည် မပြုနိုင်သေးပေ။
“အသိ ထောက်ပို့ သုံးယောက်လောက်လည်း ပါသွားတယ်။ UG (မြို့ပြပြောက်ကျားအဖွဲ့ဝင်) တွေကတော့ လွန်ခဲ့တဲ့ သုံး လေးရက်လောက်ထဲက စပြီး ပါနေတာ။ အဖွဲ့လိုက် ပါကြတာပါ” ဟု To Comrades - ရဲဘော်များသို့ အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပြသည်။
အဆိုပါ ရပ်နားကြောင်း ကြေညာထားသော ထောက်ပို့အဖွဲ့များမှာ မြို့ပေါ်ရှိ အဖွဲ့ဝင်များ၏ လုံခြုံရေးအတွက် ခေတ္တရပ်နားခြင်းသာ ဖြစ်ပြီး ဘဏ်အကောင့်များနှင့် ပတ်သက်၍ အချက်အလက် စီစစ်ကာ လိုအပ်သည်များ ဆောင်ရွက်ပြီးလျှင် ပုံမှန်အတိုင်း ပြန်လည်ပတ်မည် ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ စစ်ကောင်စီက ဖြတ်လေးဖြတ် ဗျူဟာ ကျင့်သုံးနေတဲ့ အတွက် ထောက်ပို့တွေလည်း စပြီး ထိလာပါပြီ။ ရပ်နားတာက ခဏတာပဲ ဖြစ်ပြီး ပိုမို ကောင်းမွန်တဲ့ ပုံစံတွေနဲ့ ရဲဘော်တွေကို ထောက်ပံ့ ပေးနိုင်အောင် ကြိုးစားပါ့မယ်” ဟုလည်း ၎င်းက ပြောထားပါသည်။
#Mizzima
#ထောက်ပို့
#ထောက်လှမ်းရေး
news.com.au
ဗလာဒီမာပူတင်က သူ့မိသားစုကို မကြာသေးခင်က ဆိုက်ဘေးရီးယားရှိ မြေအောက်မြိုတစ်ခုသို့ပြောင်းရွှေ့ဝှက်ထားကြောင်း ရုရှားပရော်ဖက်ဆာတစ်ဦးအပြောအရသိရသည်။
ဇိမ်ခံအဆင်မြင့်နည်းပညာများဖြင့်ဖွဲ့စည်းတည်ဆောက်ထားသော ဘန်ကာသည် အယ်လ်တိုင်တောင်တန်းများတွင်တည်ရှိပြီး နူကလီးယားဒဏ်ကိုပင်ခံနိုင်အောင် ဒီဇိုင်းဆွဲထားခဲ့သည်ဟု အသက် ၆၁ နှစ်အရွယ် နိုင်ငံရေးဆိုင်ရာသိပ္ပံပညာရှင် ဗလာရီ ဆိုလိုဗီး ပြောသည်။
ရုရှားက ယူကရိန်းမြို့တော် ကီယက်ဗ်နှင့် ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို အမြောက်ကျည်ဆံမိုးရွာနေချိန် ပူတင်သည် "Vaccum ဗုံး" များအသုံးပြုကာ အပြစ်မဲ့အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများကျူးလွန်နေကြာင်း စွပ်စွဲချိန်များထွက်ပေါ်လာချိန်တွင် သူ့မိသားစုပုန်းရှောင်နေသည်ဆိုသောပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါပညာရှင်သည် အစောပိုင်းက ပူတင်သည် ကျန်းမာရေးပြဿနာရှိနေပြီး ရုရှားလူထုမသိအောင်ဖုံးအုပ်ထားကြောင်းနှင့် သူနှင့် သူ၏ ကာကွယ်ရေးဝန်ကြီး ဆာဂျေရွိုင်ဂုတို့ လျို့ဝှက်ကာ တိုင်းရင်းရိုးရာတစ်မျိုးဖြစ်သော ရှာမန်တို့၏ ယတြာချေဆုတောင်းခြင်းများပြုလုပ်ကြောင်း စွပ်စွဲထားဖူးသည်။
" သမ္မတပူတင်ရဲ့ မိသားစုဟာ နူကလီယားစစ်ပွဲဖြစ်လာခဲ့သည်ရှိသော ပြင်ဆင်တဲ့အနေနဲ့ အထူးဘန်ကာကိုပြောင်းရွှေ့ခဲ့တယ်" ဟု ပရော်ဖက်ဆာကြီးက ဗီဒီယိုတစ်ခုတွင်ပြောသည်။
"ဘန်ကာက (တောင်တန်း) အယ်လ်တီ ရီပတ်ဘလစ်မှာ တည်ရှိပါတယ်"
" တကယ်တော့ အဲဒါဟာ ဘန်ကာမဟုတ်ပါဘူး၊ နောက်ဆုံးပေါ်သိပ္ပံနဲ့ နည်းပညာတွေနဲ့ဆင်ထားတဲ့ မြေအောက်မြို့တစ်ခုပါ"
သူက သတိပေးရာတွင် " ဒါဟာ ခင်ဗျားတို့အတွက် တစ်ခုခုအဓိပ္ပါယ်ဖြစ်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်" ဟု ပါရှိသည်။
" ဒီသမ္မတက သူ့မိသားစုကိုတော့ ဘန်ကာထဲပို့ထားတယ်"
ပူတင်၏မိသားစုများနှင့်ပတ်သက်၍ သူကပြောဆိုထားခြင်းမရှိသော်လည်း အသက် ၃၈ နှစ်အရွယ် အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကျွမ်းဘားမယ် အလီနာ ကာဗေးဘာမှာ ပူတင်၏ လျို့ဝှက်အိမ်ထောင်ဘက်ဖြစ်သည်ဟု စွပ်စွဲဖူးသည်။
" အဲဒါက သူရဲ့ မိသားစုအစစ်အမှန်ပဲ၊ အလီနာက သူ့ရဲဆုံးဖြတ်ချက်တွေကို လွှမ်းမိုးတာပါ" ဟု ယမန်နှစ်က သူ ပြောဖူးသည်။
ယူကရိန်းကိုသိမ်းပိုက်ခြင်း မဟာဗျူဟာမြောက်အစီအစဉ် " ပျက်ပြားသွား" ပြီးနောက် မိသားစုကို ဘန်ကာထဲပြောင်းရွှေ့ခြင်းဖြစ်ပေါ်လာခဲ့သည်ဟု ပရော်ဖက်ဆာက ပြောသည်။
ပူတင်သည် အလွန်အမင်းအားကောင်း၊ ညီညွတ်ကာ ရုရှား၏အစီအစဉ်ကို အနှုတ်လက္ခဏာဖြစ်စေသော အနောက်အုပ်စု၏တစ်ပေါင်းတစ်စည်းတည်းတန်ပြန်မှုကြောင့် အထိနာနေရသည်။
" ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ "အထူးစစ်ဆင်ရေး" ဆိုတာကြီး အဆုံးသတ်ကြောင်း ဒါမှမဟုတ် အဆုံးသတ်ခါနီးပြီလို့ ကြေညာပြီး ရုရှားတပ်တွေအငြင်းပွားစရာမရှိ အောင်ပွဲခံဖို့ ပူတင်က စီစဉ်ထားခဲ့တာ" ဟု သူက ပြောသည်။
" ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုမှာ ရည်မှန်းထားတဲ့နေရာတစ်ခုတောင်မှ မပေါက်ရောက်နိုင်ခဲ့ဘူးလေ"
ကရင်မလင်တွင် အတွင်းလူများနှင့်အချိတ်အဆက်ရှိသည်ဟုဆိုသော ဆိုလိုဗီးပြောသောနေရာသည် Gazprom က အယ်လ်တိုင်ရီပတ်ဘလစ်၏ အွန်ဂူဒေးစကိုင်းခရိုင်တွင် ဆယ်စုနှစ်တစ်ခုခန့်က တည်ဆောက်ထားခဲ့သောအဆောက်အဦများကိုညွှန်းဆိုထားသည်ဟု ယုံကြည်ရသည်။
တောင်ပတ်လည်ဝိုင်းရံထားသော မြေအောက်ပုန်းခိုရာနေရာများတွင် လေပေါက်များတပ်ဆင်ထားသည်ကို လေ့လာသူများသတိထားမိကြပြီး ဗို့အားမြင့်မီးလိုင်းများက ခေတ်လွန် ၁၁၀ ကီလိုဝပ်ဓာတ်အားရုံခွဲကိုဆက်သွယ်ထားရာ မြို့လေးတစ်ခုကိုလျှပ်စစ်ဖြန့်ဖြူးရန်လုံလောက်သည်။
တည်ဆောက်စဉ်ကာလက ဂျာမန်လှိုဏ်ခေါင်းတူးသူများကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်တွေ့ရသည်ဆိုသော သတင်းများထွက်ပေါ်ခဲ့သည်။
မော်စကိုရှိအချို့သူများကတော့ ဆိုလိုဗီးက ကောလာဟလဖြန့်သူ သို့မဟုတ် လုပ်ဇာတ်တွေပြောတတ်သူအဖြစ်ပယ်ချတတ်ကြသော်လည်း ပူတင်၏ဆေးဘက်ဆိုင်ရာနှင့် စိတ်ကျန်းမာရေးတို့နှင့်ပတ်သက်ပြီး စွပ်စွဲပြောဆိုကာ တယ်လီဂရမ်မှဖြန့်ဝေမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်အပတ်တွင်းက သူ့ကို ခုနှစ်နာရီကြာအောင် စစ်ကြောရေးလုပ်ခံခဲ့ရဖူးသည်။
သံတမန်များနှင့် စပိုင်များမွေးထုတ်ပေးလေ့ရှိသည့် မော်စကိုနိုင်ငံတကာဆက်ဆံရေး အင်စတီကျူတွင် ပရော်ဖက်ဆာလုပ်ခဲ့သူကို လွှတ်ပေးခဲ့သော်လည်း သူ၏အမှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောခြင်းမရှိပါ။
သူ့အိမ်ကို ရှာဖွေခံရကာ အီလက်ထရောနစ်ပစ္စည်းများစွာ အသိမ်းခံခဲ့ရသည်။
သူပြောသည့်အထဲ ထူးထူးကဲကဲလူစိတ်ဝင်စားခံရသည်က ကာကွယ်ရေးဝန်ကြီး ဆာဂျေရွိုင်ဂုက ပူတင်အတွက် ဆိုင်ဘေးရီးယားတွင် ရှာမန်းတို့ရိုးရာဖြင့် မြေခွေးနက်ကို ယစ်ဇ်ပူဇော်မှု သမ္မတ၏ကျန်းမာရေးကောင်းလာစေရန် လုပ်ဆောင်ခဲ့သည်ဆိုသော ပြောစကားဖြစ်သည်။
ဆာဂျေသည် လောလောဆယ်တွင် ယူကရိန်းရှိ ရုရှားစစ်တပ်စစ်ဆင်ရေးကို ထိန်းချုပ်နေသည်။
" မြေခွေးသွေးစိမ်ထားတဲ့အဝတ်ဖြူစကို မီးရှိုခဲ့တာ" ဟု ဆိုလိုဗီးနှင့်ဆက်နွယ်သော တယ်လီဂရမ်ချန်နယ် General SVR တွင်ပြောသည်။
ပုံ (၁) ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သူ၏ဇနီး လုမီလာ (ညာ) နှင့် သူ၏သမီး မယ်ရီယာ ပူတီနာ (ဘယ်)
ပုံ (၂) ပရော်ဖက်ဆာ ဗယ်လာရီ ဆိုလိုဗီးက ပူတင်၏ မိသားစု အယ်တိုင်းရှိ လျို့ဝှက်ဘန်ကာများထဲတွင် ပုန်းအောင်နေကြောင်းပြောသည်။
Mizzima
ရုရှားကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ် စစ်ရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်၊ အီရန် လေယာဉ်ဆိုက်ရောက်ပြီး ငွေစက္ကူကုန်ကြမ်း ပါဝင်လာဟုဆို၊ ရုရှား IL 76 ကုန်တင်လေယာဉ် နေပြည်တော် လာရန်ရှိ
ရန်ကုန်၊ မတ် ၃
ခေတ်သစ်
ရုရှားနိုင်ငံ၏ ယူကရိန်း အပေါ် ကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ်နိုင်ငံမှ စစ်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ နေပြည်တော်တွင် ရောက်ရှိနေပြီး ယနေ့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဘီလာရုစ် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်ရှိလာခြင်းဖြစ်ပြီး စစ်ရေးဆိုင်ရာ ကိုယ်စားလှယ် ၁၀ ဦးမှ ၁၅ ဦးပါဝင်ကြောင်း ၊ ယနေ့ မတ်လ ၃ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ အီရန်နိုင်ငံ မက်ရှ်ဟတ်လေဆိပ်မှ ထွက်ခွာလာသည့် Qeshm Fars လေကြောင်းလိုင်းပိုင် ကုန်တင်လေယာဉ်တစ်စင်းသည် ယမန်နေ့ နေပြည်တော် လေဆိပ်ရောက်ရှိကာ ကုန်သေတ္တာများချထားပေးကြောင်း၊ ယင်းကုန်သေတ္တာများတွင် ငွေစက္ကူရိုက်နှိပ်နိုင်သော စက္ကူများ၊ လက်နက်ခဲယမ်းများ ပါဝင်ဖွယ်ရှိကြောင်း နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။
အလားတူ မတ်လ ၅ ရက်နေ့တွင်လည်း ရုရှားနိုင်ငံမှ Il 76 ကုန်တင်လေယာဥ်တစ်စီး ဆိုက်ရောက်ရန်ရှိပြီး မတ်လ ၆ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- နေပြည်တော်လေဆိပ်။
