နောက်ဆုံးရ

အကြွေးမဆပ်သည့် Sanction ရုရှားအပေါ် ပါကစ္စတန် ကျင့်သုံးမည်ဟုဆို

​


ကရာချိ၊ မတ် ၃


ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု အမျိုးမျိုး ပြုလုပ်နေကြရာ ပါကစ္စတန်နိုင်ငံကလည်း ရုရှား နိုင်ငံအား မိမိတို့ပြန်လည်ပေးဆပ်ရန်ရှိသည့် အကြွေးများကို ပြန်မဆပ်တော့သည့် ပိတ်ဆို့မှု ပြုလုပ်သွားမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် အမီရာ ခန်းကပြောသည်။


ရုရှား-ယူကရိန်း အရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် အမီရာခန်းက ထိုသို့ပြော ကြားလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ သတင်းထောက် များက ပါကစ္စတန်နိုင်ငံအနေနှင့် ရုရှားနိုင်ငံအပေါ် မည်သို့ အရေးယူပိတ်ဆို့မှု ဆောင်ရွက် မည်လဲဟု မေးမြန်းခြင်းကို သူထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။  ပါကစ္စတန်နိုင်ငံ အနေဖြင့် ရုရှားကို ပြန်လည်ပေးဆပ်ရန် ကန် ဒေါ်လာ ၁ ဘီလျံကျော် ပမာဏရှိပြီး၊ ယင်းတို့ကို ပြန်လည်ပေးဆပ်တော့မည်မဟုတ်ဟုသူက ဆိုသည်။


#Ref: 

Pakistan Imposes Economic Sanctions On Russia, Refuses To Repay Loans


ဆက်ဖတ်ရန် →

လိုင်းပေါ်မှာ ဒီလိုပျံ့နေတယ်

​လိုင်းပေါ်မှာလေ ...

ဟို NUG ဝန်ကြီးက ဟိုလိုပြောတယ်။

ဟို EAO ခေါင်းဆောင်က ဟိုလိုပြောတယ်

တော်လှန်ရေးက အောင်တော့မှာ

ဘယ်နိုင်ငံက ဘယ်လိုကူတော့မှာ 

စတာတွေ ခဏခဏ တွေ့။


ကျနော်တို့လည်း အဟုတ်ကြီးမှတ်ပြီး

လိုက်ဝမ်းတွေသာ။


ပြီးတော့ အဲ့ဒီ နာမည်တပ်ခံရတဲ့

ကာယကံရှင် ဝန်ကြီးတွေ၊‌ 

ခေါင်းဆောင်တွေကို ပြေးမေး၊

လိုင်းပေါ်မှာ ဒီလိုပျံ့နေတယ် 

ဟုတ်လား ခင်ဗျာ ... ဆိုတော့

မဟုတ်ဘူး၊ မပြောဘူးတွေချည်း ပြန်ရ။


တခါလည်း မဟုတ်၊

နှစ်ခါလည်း မဟုတ်။


ကိုယ့်ဖာကိုယ် ထင်ရာဖြန့်ရင်လည်း

လူကြီးတွေ နာမည် မတပ်ပဲ 

ဖြန့်ကြပါလားဗျာ။


အိပ်မက်အရ ... တို့

အထက်ပုဂ္ဂိုလ်ကြီးက ပေးတယ် ... တို့ပေါ့။


ခုတော့  ...

အလကား နေရင်းထိုင်ရင်း

တာဝန်ရှိသူတွေလဲ အပြောအဆိုခံရ


ကျနော်တို့လဲ ဟက်ကော့ကြီးဖြစ်

ဟုတ်လဲ မဟုတ်ဘူး။

(သွန်းနေစိုး)

ဆက်ဖတ်ရန် →

​အနုမြူဗုံးတစ်လုံးရဲ့ပေါက်ကွဲမူနှုန်းအပူချိန်

ဇော်သန်းဦး


မနေ့က တင်ထားတဲ့ပို့စ်မှာ ဟိုက်ဒရိုဂျင်အနုမြူဗုံးပေါက်ကွဲရင် အကာအကွယ်မရှိဘူးလားလို့ မေးတဲ့သူရှိတယ် ။ သံအလုံပိတ်ထားတဲ့အထဲမှာကော အကာအကွယ်ယူလို့မရနိုင်ဘူးလားပေါ့။ ဆိုတော့ ရေဆူမှတ်ကို အများသိကြပါတယ်။ ၁၀၀ ဒီဂရီစင်တီဂရိတ်မှာ ရေဆူပြီးအငွေ့ပျံတယ်။ အဲဒီဆူနေတဲ့ရေထဲ ကလေးတစ်ယောက်လက်ထည့်လိုက်ရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်ပါ။


ဒါပေမဲ့ ဒီ ၁၀၀ဒီဂရီစင်တီဂရိတ်က သိပ်ကြီးမားလှတဲ့ အပူချိန်မဟုတ်သေးပါဘူး။ ၁၅၀၀ ဒီဂရီစင်တီဂရိတ် အပူချိန်ဆိုရင် သံအရည်ပျော်ပါတယ်။ အဲဒီသံရည်ပူထဲ လူကိုထည့်လိုက်ရင် ဘာဖြစ်သွားမလဲ။ အပူချိန် ၂၅၀၀ ဒီဂရီစင်တီဂရိတ်ဆိုရင် သံကအငွေ့တောင်ပျံပါတော့တယ်။ အဲဒီထဲကို လူထည့်လိုက်ရင် ဘာဖြစ်သွားမလဲ။


ဒီ ၂၅၀၀ ဒီဂရီစင်တီဂရိတ်အပူချိန်ကလည်း ကြီးမားတယ်လို့ မဆိုသာသေးဘူး။ ဟိုက်ဒရိုဂျင် အနုမြူဗုံးတစ်လုံး ဖောက်ခွဲလို့ ထွက်ပေါ်လာတဲ့အပူချိန်က ဒီဂရီသန်း ၁၀၀ လောက်ရှိပါတယ်။ သံအငွေ့ပျံဖို့တောင် ၂၅၀၀ ဒီဂရီစင်တီဂရိတ်ပဲလိုတာ သန်း ၁၀၀နဲ့ နှိုင်းဆာကြည့်ရင် နည်းနည်းလေးပဲပေါ့။ ဒီအခုအပူချိန်က နေမှာရှိတဲ့အပူချိန်နဲ့ သွားတူပါတယ်။


နေက လူနဲ့ ဘယ်လောက်ဝေးသလဲဆိုရင် မိုင်ပေါင်း ၉သန်းလောက်ဝေးပါတယ်။ ဒါတောင် မွန်းတည့်နေရဲ့အပူချိန်ကို လူတွေ ဘယ်လောက်ခံစားရသလဲဆိုတာ သတိပြုမိကြမှာပါ။ အိမ်ထဲမှာသာ အဲဒီအပူဝင်လာရင်ကော ။ ဟိုက်ဒရိုဂျင်အနုမြူဗုံးပေါက်ကွဲရင်တော့ အပူချိန် သန်း ၁၀၀ ဒီဂရီစင်တီဂရိတ်က အိမ်ထဲဝင်လာမှာပါ။ ကံအားလျော်စွာတောင် အသက်ရှင်ဖို့ အကြောင်းမရှိပါဘူး။


အဲဒီအပူချိန်ကလည်း နေရာသေးသေးလေးမှာသာ ပူမှာမဟုတ်ပါဘူး။ ဟိုက်ဒရိုဂျင်အနုမြူဗုံးတစ်လုံးကြောင့် အကျယ်ဝန်းစတုရန်းမိုင်ပေါင်း ၄သောင်းမှာ အပူချိန်ပျံ့နှံ့သွားမှာပါ။ အဲဒီလောက် အကျယ်အဝန်းရှိတဲ့ မီးဖိုကြီးဖန်တီးပြီးသား ဖြစ်သွားပါလိမ့်မယ်။ လူ။ ကျေးငှက်တိရစ္ဆာန်၊ သစ်ပင်စတဲ့ သက်ရှိအားလုံး မီးလောင်ပြာကျပြီးသားပဲ။ အဲဒီလို ဟိုက်ဒရိုဂျင်အနုမြူဗုံးတွေ  ဒီကမ္ဘာမှာ ၁၄၀၀၀ကျော် တီထွင်ထားကြပါတယ်။ ဆိုတော့ ဘယ်သူ့ကြောင့် ကမ္ဘာကြီးပျက်စီးသွားမလဲဆိုတာ မတွေးဝံ့စရာပါ။


#crd



ဆက်ဖတ်ရန် →

ဗိုလ်ချုပ်ရွာဟုအမည်တွင်သောဆိတ်ငြိမ်ရပ်ကွက်

​မခိုးဘူးဆိုသောပါတီအဘများနှင့် မြန်မာ့စစ်ဗိုလ်ချုပ်တို့၏ဗိုလ်ချုပ်ရွာဟုအမည်တွင်သောဆိတ်ငြိမ်ရပ်ကွက်..

-----------------------------------------------------------------------

မကြာခင်သမ္မတသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့် ဦးသိန်းစိန်သည် လွန်ခဲ့သောရက်ပိုင်းအတွင်းက ပြင်ဦးလွင်မြို့ရှိ သူ၏စံအိမ်တော်တွင်လာရောက်အနားယူခဲ့သည်။ဒီဇင်ဘာ၃၀ရက်နေ့က စတင်ရောက်ရှိခဲ့ပြီး ပြင်ဦးလွင်ရှိသူ၏စံအိမ်တော်၌ပင် နှစ်သစ်ကူးခဲ့သည်ဟုယူဆရသည်။

မြန်မာပြည်သူ့ကျွန်လက်အောက်ကျရောက်ချိန်ကတည်းက အုပ်စိုးသူမင်းဧကရာဇ်တို့၏ စိတ်ကြိုက်မြို့တစ်ခုဖြစ်ခဲ့သော ပြင်ဦးလွင်တွင်မြန်မာ့တပ်မတော်ခေါင်းဆောင်ဟောင်းများသည်လည်း ၎င်းတို့ပိုင်ဆိုင်သည့် စံအိမ်တော်များ၌တပ်မတော်လုံခြုံရေးအပြည့်အ၀ယူကာရံဖန်ရံခါလာရောက် အပန်းဖြေတက်ကြသည်။


ပြင်ဦးလွင်မြို့၏တောင်ဘက် မဆိုသလောက်အကွာအဝေးတွင်ရှိသောတောင်ကမူများတွင် ဗိုလ်ချုပ်ဟောင်းများ အပန်းဖြေနားနေသည်ဟုယူဆရသော ပုံစံတူစံအိမ်များကခမ်းနားထည်ဝါစွာမင်းမူနေသည်။


စံအိမ်တော်များရှိရာ မြေဧကရာချီ၍ကျယ်၀န်းသောထိုနေရာကို စစ်၀တ်စုံ၀တ်ဆင်ထားသူတို့က ဂိတ်ပေါက်များတွင် အလှည့်ကျ

စောင့်ကြပ်နေကြသည်။ အနီးပတ်၀န်းကျင်ရှိရွာသားများက ထိုနေရာကိုမြန်မာ့တပ်မတော်မှ စောင့်ကြပ်သည်ဟုဆိုသည်။စစ်ဗိုလ်ချုပ်ဟောင်းများ ၊လက်ရှိထိပ်တန်းစစ်ဗိုလ်ချုပ်များ ပိုင်ဆိုင်ထားသည့် စံအိမ်တော်များရှိရာတောင်ကမူများကိုစုပေါင်းကာ ဗိုလ်ချုပ်ရွာဟုလည်းအမည်ပေးထားသည်။


“ဗိုလ်ချုပ်ရွာကို လူကြီးရောက်နေရင် ဂိတ်ပေါက်တွေမှာ စစ်သားတွေအပြည့်ပဲ။ဘယ်သူ့မှ ပေးမ၀င်တော့ဘူး။ သိပ်မကြာသေးဘူးသမ္မတကြီးဦးသိန်းစိန်ပြန်သွားတာ။

ဒီမှာရောက်နေတာသုံးရက်လောက်ရှိပြီ။ဂိတ်ပေါက်တွေ အကုန်လုံးပိတ်ထားတယ်”ဟု ညောင်နီကျေးရွာမှကိုရဲကပြောသည်။

ညောင်နီကျေးရွာသည် ဗိုလ်ချုပ်ရွာဟုအမည်ရသော တောင်၏ခြေရင်းတွင်ရှိသည်။


ဗိုလ်ချုပ်ရွာအမည်ရတောင်ကမူများ၏ ကျယ်၀န်းသောမြေပြင်အထက်တွင် ခမ်းနားထည်ဝါလှစွာသောစံအိမ်တော်များ၊ မျှော်စဉ်ဟုယူဆရသည့် ခပ်မြင့်မြင့်အဆောက်အဦးများကို လူသူကင်းမဲ့စွာမြင်တွေ့ရသည်။


ထိုနေရာသည် ပြင်ဦးလွင်မြို့၏ အမြင့်ဘက်အပိုင်းဖြစ်ပြီး လူနေထူထပ်သော နေရာတစ်ခုတော့ မဟုတ်ပေ။ တိတ်ဆိတ်ငြိမ်သက် လျက်ရှိ်ပြီး သာမန်ပြည်သူ အရောက်အပေါက်နည်းသည်။ထို့ကြောင့်လည်း သာမန်ပြည်သူနှင့်အထိအတွေ့နည်းသည့် အထက်တန်းလွန် လူတန်းစားများ၏ ဆိတ်ငြိမ်ရာအရပ်ဖြစ်နေသည်။


၎င်းဆိတ်ငြိမ်ရာအရပ်သည် ရန်ကုန်မြို့ရှိနာမည်ကြီးသူဋ္ဌေးများနေထိုင်ရာ၀င်ဒါမီယာဟုအမည်တွင်ခဲ့သော ရွှေတောင်ကြား ရပ်ကွက်ကဲ့သို့ပင် ခန်းနားကြီးကျယ်လှသည်ဟု ပြင်ဦးလွင်မြို့ပြည်သူ့လွှတော်အမတ် ဦးကျော်သီဟက မှတ်ချက်ပြုသည်။

“အဲ့ဒီနေရာက တကယ့် ၀င်ဒါမီယာရပ်ကွက်ထဲမှာသွားသလိုပဲ။ လမ်းတွေကလည်း တကယ့် ၀င်ဒါမီယာရပ်ကွက်ကြီး တစ်ခုလိုမျိုး လုပ်ထားတယ်”


ထိုဒေသ၏လမ်းမများက မြန်မာပြည်၏အဝေးပြေးလမ်းမများကိုပင် ပျက်ရယ်ပြုနေသည်ဟုထင်မှတ်ရလောက်အောင် ကောင်းမွန်ပြည့်စုံလွန်းလှသည်။“ကျွန်တော်တို့မြို့မှာ ကားမောင်းသင်တန်းတွေ ဒီနေရာမှာလာသင်ကြတယ်” ဟုမြို့ခံတစ်ဦး ကဆိုသည်။ နက်မှောင်လှစွာသော နိုင်လွန်ကပ်တရာကိုထူထပ်စွာ လိမ်းကျန်းထားသည့်ထိုလမ်းမများက အဖုအထစ် ကင်းနေသည်။

အစိုးရအဆက်ဆက်က အုပ်ချုပ်သူ အကြီးအကဲတို့၏ထိုစံအိမ်များကို နောက်ဆုံးပေါ်နိုင်ငံခြားအလှဆင်သွပ်များဖြင့် အုပ်မိုးထားသည်။

ကြွေပြားအတိကပ်အုပ်ထားသည့် အိမ်နံရံများကအရောင်တလက်လက်ထွက်နေသည်။


ခမ်းနားလွန်းလှသောထိုစံအိမ်ကြီးများထဲတွင် ယခင်စစ်အစိုးရဥသျောင်ဖြစ်သူသက်တော်ရှည်ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ ၊ ဒုသမ္မတဟောင်းသီဟသူရဦးတင်အောင်မြင့်ဦး၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်းဦးမောင်အေး၊နိုင်ငံတော်၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုး၀င်းတို့၏ နေအိမ်များလည်းရှိသည်။

ထို့အပြင်လက်ရှိအစိုးရအကြီးအကဲများဖြစ်သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ သမ္မတရုံး၀န်ကြီးဦးစိုးသိန်း၊ တပ်မတော်ခေါင်းဆောင်များဖြစ်သည့် ပြည်ထဲရေး၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုနှင့်

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ စံအိမ်များလည်းပါ၀င်သည်။


လက်ရှိအစိုးရအကြီးအကဲများ၏စံအိမ်တော်များနှင့် ယခင်အစိုးရစစ်ဗိုလ်ချုပ်များ၏စံအိမ်များကို နေရာတစ်ခုတည်းတွင် ခမ်းခမ်းနားနားဆောက်လုပ်ထားသည်။လမ်းနာမည်များကိုအင်္ဂလိပ်အက္ခရာများဖြစ်သည့် အေ၊ဘီ၊စီတို့ဖြင့် အမည်သတ်မှတ် ထားသည်။


ယင်းအိမ်များကို စစ်အစိုးရအာဏာအထွဋ်အထိပ်ရောက်စဉ်ကာလ ၂၀၀၂ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းကာလက ရာထူးကြီးငယ်အလိုက် ၎င်းတို့၏စံအိမ်များကို နေရာချထားသည်ဟု ယူဆရသည်။ အေ(A)လမ်းတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး ဟောင်းဦးမောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်းဦးစိုး၀င်း၊ လက်ရှိလွှတ်တော်နာယက သူရဦးရွှေမန်းတို့၏နေအိမ်များ ရှိသည်။ လက်ရှိသမ္မတ ဦးသိန်းစိန်၏နေအိမ်က ဘီ(B)လမ်း ၊အမှတ် (၁၀)တွင်ရှိသည်။


ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်းဦးမောင်အေးတို့၏ ခြံ၀န်းများသည် မြေဧက(၇)ဧကကျယ်၀န်းပြီး 

သမ္မတ၊တပ်ချုပ်၊လွှတ်တော်နာယကနှင့် အခြားအကြီးအကဲများ၏ခြံ၀န်းများက၅ဧကကျယ်၀န်းသည်ဟု သိရသည်။


၎င်းတို့အပန်းဖြေနားနေသော ပုံစံတူနောက်ဆုံးပေါ်စံအိမ်တော်များအတွက် မြေဧကတစ်ရာကျော်အသုံးပြုခဲ့ပြီး ထိုနေရာတွင် ယခင်တပ်မတော်ထိပ်တန်းခေါင်းဆောင် ၃၀ကျော်၏စံအိမ်များ တစ်စုတစ်စည်းတည်းတည်ရှိနေသည်။ ထိုအဆောက်အဦးများအတွက် တိုင်းပြည်ဘဏ္ဍာငွေ ဘီလီယံပေါင်းများစွာအသုံးပြုခဲ့သည်ဟု ခန့်မှန်းရသည်။


ယင်းသို့ဆောက်လုပ်ရာတွင်ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေနေအိမ်ကို ဗေဒင်၊ယတြာ အစီအမံများဖြင့်တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ညောင်နီးကျေးရွာမှ ကိုမျိုးဆိုသူကရှင်းပြသည်။ကိုမျိုးသည် စစ်ဗိုလ်ချုပ်ဟောင်းများ၏နေအိမ်များဆောက်လုပ်ရန် မြေနေရာရှင်းရာတွင် တာ၀န်ခံအနေဖြင့် ဦးဆောင်ပါ၀င်ခဲ့သူဖြစ်သည်။ထို့အပြင် ဦးသန်းရွှေအိမ် ဆောက်လုပ်ရာတွင်လည်း အလုပ်သမားတစ်ဦးအနေဖြင့် ပါ၀င်ခဲ့သူဖြစ်သည်။


“ဗိုလ်ချုပ်မှူးကြီးသန်းရွှေအိမ်က တစ်ထပ်တည်းပဲ၊ဒါပေမဲ့ ကျည်မတိုးဘူး။အိမ်နံရံတွေကလည်း အထူကြီး”ဟုသူကဆိုသည်။


ပြင်ဦးလွင်သည် စီးပွားရေးအရဖွံ့ဖြိုးသောမြို့တ်ာတစ်ခု မဟုတ်သည့်တိုင်မြန်မာ့တပ်မတော်ခေါင်းဆောင်များ မွေးထုတ်ရာ မြို့ဖြစ်သည့်အပြင် ယခုအခါယခင်စစ်အစိုးရခေါင်းဆောင်များနှင့်နာမည်ကျော်ခရိုနီများအတွက် အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရသော မြို့တော်တစ်ခုဖြစ်လာသည်ဟုလည်း ပြင်ဦးလွင်အခြေစိုက်အဖွဲ့အစည်းများကဆိုသည်။


၂၀၁၁သည် စစ်အစိုးရမှအရပ်သားအစိုးရသို့ အာဏာလွဲပြောင်း ခဲ့သောခုနှစ်တစ်ခုအဖြစ်ထင်ရှားသည်။သို့သော် အစီအစဉ်တကျ အာဏာလွဲပြောင်းမှုနှင့်အတူ ယခင်စစ်အစိုးရခေါင်းဆောင်များ ကပင်အရပ်သား၀တ်ဖြင့် ငါးနှစ်တိုင်တိုင် မြန်မာပြည်ကို ဆက်လက်ဦးဆောင်ခဲ့ကြသည်။ယခုအခါ ၎င်းတို့အလိုကျရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငါးနှစ်တိုင်တိုင်အုပ်ချုပ်ခဲ့ပြီး ဒုတိယအကြိမ်အထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့သည်။ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့သည်။ယင်းရလဒ်ကြောင့် မကြာမှီကာလတွင် လက်ရှိအစိုးရခေါင်းဆောင်များသည် ၎င်းတို့၏ဆန့်ကျင်ဘက်အရပ်သို့ အာဏာလွဲအပ်ပေးရတော့မည်ဖြစ်သည်။


မည်သို့ပင်ဆိုစေကာမှု တပ်မတော်အစိုးရခေါင်းဆောင်ဟောင်းများက ၎င်းတို့၏အနာဂတ် အသက်အိုးအိမ်စည်းစိမ် စိတ်ချလုံခြုံရေးအတွက် အလို့ငှာရှေးယခင်နှစ်များစွာကတည်းကပင် ကြိုတင်ပြင် ဆင်မှုများပြု လုပ်ထားပြီးဖြစ်သည်။ လက်ရှိ ကျင့်သုံးနေသောဖွဲ့စည်းပုံအခြေခံဥပဒေတွင် ယခင်စစ်အစိုးရခေါင်းဆောင်များကို နောက်ကြောင်းပြန်တရားစွဲ ဆိုခြင်းမျိုး ကိုကန့်သတ်ထားသည့် ပြဋ္ဌာန်းချက်တစ်ချို့ကို သိသိသာ သာပြဋ္ဌာန်းထား သည်။လက်ရှိအရပ်သားအမည်ရ အစိုးရသက်တမ်း တလျောက် သမ္မတအဖြစ်တာ၀န်ထမ်းဆောင်ခဲ့သူ၏ အနာဂတ်ကာလလုံခြုံရေးအတွက်ဟု ယူဆရသောဥပဒေတစ်ခုကို ပြီးခဲ့သည့်ရက်ပိုင်းက ရေးဆွဲအတည်ပြုခဲ့ပြီး

ဖြစ်သည်။ယင်းတို့မှာ တပ်မတော်ခေါင်းဆောင် ဟောင်းများ၏ 

အနာဂတ်ကာလ လုံခြုံရေးအတွက် ထင်သာမြင်သာသော ကြိုတင်ပြင် ဆင်မှုများဖြစ်သည်။


အများပြည်သူ မသိရှိနိုင်သောကြိုတင်ပြင်မှုများလည်း ရှိနိုင်သည်။ထိုအထဲတွင် လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကျော် ကတည်းက တည်ဆောက်ခဲ့ သည့်ပြင်ဦးလွင်ရှိ ပုံစံတူစံအိမ်တော်ရပ်၀န်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်နိုင်သည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုလောက်က ထိုနေရာသည် အနီးပတ်၀န်းကျင်ရှိ အခြေခံလူတန်းစားတို့၏ ဘ၀ရှင်သန်ရပ်တည်ရေးအတွက် သီးနှံစိုက်ပျိုးခဲ့သော ပလပ်မြေများဖြစ်ခဲ့သည်။၂၀၀၂ ခုနှစ်တွင်ထိုနေရာကို မြန်မာ့တပ်မတော်မှ သိမ်းဆည်းခဲ့ပြီး တပ်မတော်ထိပ် တန်းအရာရှိများ၏ သီးသန့်စံအိမ်များအဖြစ် ထားရှိရန်စီမံခဲ့သည်။ ယခုအခါ စံအိမ်တော်များရှိရာတောင်ကမူတို့၏အောက်ခြေ၌ လက်လုပ်လက်စား ဆင်းရဲသားတို့ပျော်စံရာ ညောင်နီကျေးရွာရှိ အိမ်ထောင်စု တစ်ချို့ တပ်ပိုင်မြေတွင် ကျူးကျော်ထားသူများအဖြစ် သတ်မှတ်ခံထားရကာ တရားရင်ဆိုင်နေရသည်။


မည်သို့ပင်ဆိုစေကာမှု ဗိုလ်ချုပ်ကျေးရွာအမည်ရသော ဆင်းရဲသားကင်းလွတ်နယ်မြေ၏ခမ်းနားမှုသည် မြန်မာပြည်၏ ဒုတိယ၀င်ဒါမီယာကဲ့သို့ပင်။ နောက်ဆုံးပေါ်အသုံးအဆောင်ပစ္စည်းတို့ဖြင့် တခမ်းတနားတည် ဆောက်ခဲ့သည့်ထိုနေရာအတွက် ကုန်ကျစာရိတ်တွက်ချက်ရန် အင်မတန်ခက်ခဲပြီး နိုင်ငံတော်ဘဏ္ဍာငွေထဲမှ ကိန်းဂဏန်း အတိအကျမရှိ အသုံးပြုခဲ့သည်ယူဆရသော ဒုတိယနေပြည်တော်အလား ၊.....

စင်စစ်မှာ မြန်မာ့တပ်မတော်ကအစောင့်အကြပ်တို့ဖြင့် သေသပ်စွာရှိနေသည့် မြန်မာ့စစ်ဗိုလ်ချုပ်တို့၏ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုပင်။


Credit: စိုင်း၀ဏ္ဏ၊ဧရာဝတီ


[ဤဆောင်းပါးကို ၂၀၁၅ ခုနှစ် 

ဒီဇင်ဘာလကုန်ပိုင်းက ရေးသားခဲ့သည်..]


ဆက်ဖတ်ရန် →

“လျှပ်စစ် မီးတွေ တဖြည်းဖြည်း ပိုပို ဖြတ်လာခြင်းရဲ့ နောက်ကွယ်”

​On “လျှပ်စစ် မီးတွေ တဖြည်းဖြည်း ပိုပို ဖြတ်လာခြင်းရဲ့ နောက်ကွယ်”

“လျှပ်စစ် မီးတွေ တဖြည်းဖြည်း ပိုပို ဖြတ်လာခြင်းရဲ့ နောက်ကွယ်”ခပ်တိုတိုရေးပါမယ်။

လျှပ်စစ် မီးတွေကို တဖြည်းဖြည်း ဖြတ်လာပီး..တစ်နေ့ကို ရှစ်နာရီလောက်သာ သုံးစွဲခွင့် မျိုးလုပ်လာပါတယ်..

ယခင်ကတည်းက လျှပ်စစ်ကေဘယ်လ်ကြိုး under ground မြှုပ်နှံမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စကစ အတွက်သီးသန့် ဓာတ်အားလိုင်းအားသာ ပြုပြင်လုပ်ဆောင်ပြီး ကျန်သောလျှပ်စစ် ဓာတ်အားများကို ထိုင်းနဲ့ အိန္ဒယ တို့အားတိုး၍ ရောင်းချပြီး ရလာသော ဒေါ်လာနဲ့ လေယာဥ်ဆီနဲ့စက်သုံးဆီကို ယခု စင်ကာပူနဲ့ တရုတ်တို့ကနေ ပြန်လည်ဝယ်ယူတင်သွင်းနေပါတယ်..ဒါကြောင့် မီးဖြတ်ပါတယ်။

မီးဖြတ်​ လိုက်တဲ့အတွက် အင်တာနက် နဲ့ ဝိုင်ဖိုင်များအသုံးပြုနေမှု လုပ်ငန်းများ အားလုံးရပ်ဆိုင်းပါတယ်။ဆီစျေးပြန်ကျတယ်လို့ ထင်နေကြပေမဲ့ အမှန်တကယ်က ပြည်တွင်းသွားလာမှုတွေကို ကန့်သတ်ထားပြီး ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှု ၄၀ % သာ ရှိလာတာမို့ ပြည်တွင်းစက်သုံးဆီ အဝယ်နည်းပါးလို့ စျေးအနည်းငယ် ပြန်ကျသယောင်ဖြစ်သွားတာပါ။

ရန်ကုန်တိုင်း ၄၈ မြို့နယ်စာ ယခင် သုံးစွဲနေသော လျှပ်စစ်ဝပ်အားကို ထက်ဝက်လျှော့ချပြီး ကျန်သော ထက်ဝက်ကို ရန်ကုန်တစ်တိုင်းလုံး မျှ၍ အလှည့်ကျပုံစံမျိုး ခွဲဝေသုံးနေရခြင်းပါဘဲ။

တစ်နိုင်ငံလုံး နေရာဒေသမကျန် အားလုံး ဤနည်းအတိုင်းပါဘဲ။

အစောပိုင်းကာလက မီတာမဆောင်ရင် လျှပ်စစ်ဖြတ်လို့မရဘူး..ထရန်စဖာတွေ ဗို့လ်အားမနိုင်ဘဲ ပေါက်ကွဲလိမ့်မယ် ဆိုပီး တချို့ရေးသားပြခဲ့ကြတာတွေဟာ မိမိတွေ့တယ်အခါမှာ ရယ်စရာ ကောင်းလှပါတယ်။

မီတာဆောင်ဆောင် မဆောင်ဆောင် မီးက ဖြတ်ချင်ဖြတ်လို့ရတယ် ဆိုတာ သဘောပေါက်စေချင်ပါတယ်။

ထုတ်လုပ်တဲ့ပမာဏ လျှော့ချလိုက်ရင် ဖြန့်ဝေမှုနည်းလို့ သုံးစွဲရမယ့် ပမာဏ လျော့ပီး ထုတ်လုပ်မှုတိုးရင် သုံးစွဲနိုင်မှု တိုးတာဟာ တိုက်ရိုက်အချိုးပါ။

လျှပ်စစ်ပြတ်တာနဲ့ သူ့ကိုမှီခိုနေရသော အလုပ်မှန်သမျှ အကုန်ပြတ်ပါတယ်..

ဥပမာ CNG ဂတ်ဆိုင်က လျှပ်စစ်မီး ပြတ်ရင် ဂတ်စ်ထည့်ဖို့အခက်တွေ့ပါမယ်။

မီးလာသော မြို့နယ်မှသာ ဂတ်စ်ထည့်လို့ရမှာ ဖြစ်လို့ မော်တော်ကား မှန်သမျှ ထို့မြို့နယ် ဂတ်စ်ဆိုင်မှာ စုပြုံပါလိမ့်မယ်။

ပြည်သူလူထု စီးပွားရေး ပျက်စီးနောက်ကျပီး ဝင်ငွေနည်းတဲ့အခါ NUG PDF EAOs နဲ့ CDM ထောက်ပံ့မှု လျော့နည်းသွားပါမယ်.

အင်တာနက်က စျေးမြင့်၊ မီးမလာတော့ ဝိုင်ဖိုင်သုံးလို့မရ၊ ဝိုင်ဖိုင်သုံးလို့ရပြန်တော့ မက်ဂါဝပ်က မပြည့် ၊ ထိုအခါ အွန်လိုင်းမှ C2D ဟာဝင်ငွေလျော့ပါမယ်။

စားဝတ်နေရေးတစ်နေ့တာ အခက်ခဲများကို ရင်ဆိုင်နေ့ရလို့ supporting နည်းပါးစေပြီး.တော်လှန်ရေးကို စိတ်ပျက်အောင် ဖြစ်စေမည့် နည်းလမ်းကို ရွေးချယ်အသုံးပြုခြင်းပါ။

ကိုဗစ်ပိုး တွေ့တယ်ဆိုပြီး non cdm ဝန်ထမ်းများကို အိမ်ကနေရုံးတက်ခိုင်းခြင်း၊ ရုံးပိတ်ခြင်းများကို အသုံးပြုမှာဖြစ်သည့်အတွက်စကစ ရုံးများမှာ မီးမလာလည်း ပြဿနာ မရှိပါဘူး။

ဒါက မအလ ရဲ့ ပြည်သူလူထုကို နှိပ်ကွပ်တဲ့ နည်းလမ်းပါ။မီးလာလည်း ဝိုင်ဖိုင်တစ်ချို့ကို မဖွင့်ပေးပါဘူး။ဖွင့်ပေးထားတဲ့ ဝိုင်ဖိုင်ရုံးများမှာ ဝိုင်ဖိုင် ဆာဗာ ဒေါင်းလို့ သွားတိုင်တဲ့အခါမှာလည်း မီးပြတ်နေလို့ ဆာဗာပြင်ပေးမယ့် ဝန်ထမ်းမရှိလို့ စသည့် အကြောင်းပြချက်များ ပြခွင့် ရနိုင်စေတဲ့ နှိပ်ကွပ်နိုင်သော နည်းလမ်းများပါ။

လျှပ်စစ် ဓာတ်အားစက်ရုံမှ ထုတ်လုပ်နေကျ လျှပ်စစ်ကို ပုံမှန်ထုတ်လုပ်ပြီး ယခု ပြည်တွင်းထောက်ပံ့မှု လျှပ်စစ်စွမ်းအင်များကို ပြည်ပသို့ ရောင်းစားတာဖြစ်ပါတယ်။

ကပစ စက်ရုံရှိသော နေရာများအားလုံး လျှပ်စစ်ပြတ်တောက်မှု လုံးဝမရှိပါ။

ဟုတ်မဟုတ်ဆိုတာ ကပစ ဝန်ထမ်းအားလုံး ကိုမေးကြည့်ပါက သိကြပါလိမ့်မယ်။

ယခုအချိန်မှာ သူ့ကိုထောက်ခံသူ မထောက်ခံသူ အားလုံးကို စီးပွားရေး အင်အားချိနဲ့အောင်လုပ်ပြီးမှ အကုန်ချိနဲ့တော့မှ သူ့ကိုအမာခံထောက်ခံသူများကို ပြန်ရွေးထုတ်ပီး လုပ်ပိုင်ခွင့်ပေးပီး အချင်းချင်း ပြန်လည်ဖိနှိပ်လို့ အင်အားချိုးဖဲ့ဖျက်စီးစေမည့်နည်းလမ်းများ ဖြစ်ပါတယ်..

ဒါက မအလ ရဲ့ လက်ရှိသွားနေတဲ့ ပြည်တွင်း မူဝါဒ ပါ..

ပြည်ပနဲ့ပတ်သက်လို့ကတော့ ဘာမူဝါဒမှ မရှိပါဘူး..

အဲ့တော့ ကွန်မြူနစ်အခြေခံ အယောင်ပြ ဒီမိုကရေစီ ကို သာ ကျင့်သုံးမည့် ရည်ရွယ်ချက်ပါ..ဘဲ..

EU နိုင်ငံအချို့က သဘာဝဓာတ်ငွေ၊ စွမ်းအင်ဝင်ငွေ ဖြတ်တောက်ဖို့ မလုပ်ဘဲနေတာ တော်တော်ကြာပါပြီ။

ဆရာစိုး ပို့စ်မှာ မိမိကောမန့်ရေးပေးခဲ့တာကို ဆရာစိုးက ဒီနေအကျယ်ချဲ့ပြီး ထပ်ရှင်းပြတင်ပြတဲ့အတွက် စာဖတ်ပရိတ်သတ်များအနေနဲ့ အနောက်နိုင်ငံတချို့ရဲ့ သဘောထားများနဲ့ လုပ်ဆောင်ချက်တွေကို ထပ်ပြီး အကျယ်သိရှိသွားကြပါပြီ။

ကျောက်မျက်လုပ်ငန်း နဲ့ပတ်သက်သမျှကို JFM အဖွဲ့က နောက်ကြောင်းလိုက်ထုတ်ဖော်လို့ ပြီးခဲ့တဲ့ ဆယ်လပိုင်းမှာ စကစ ရဲ့ ကျောက်မျက်လုပ်ငန်းအချို့ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ရွှေပြည်သာ လှိုင်သာယာ ဒဂုံ မန်းလေး စက်မှုဇုန် နဲ့တောင်ကြီး မိထ္ထီလာ စက်မှုဇုန်များမှာ တရုတ် ဗီယက်နမ် ကုမ္မဏီ စက်ရုံများဟာလည်း ဘဏ်စနစ်လဲပြိုမှုကြောင့် တရုတ် ဗီယက်နမ် အစိုးရများ၏ ဝင်ငွေခွန်ကျဆင်းသလို ထိုစက်ရုံမှ မြန်မာအလုပ်သမားများ၏ လစာပေးစနစ်ကလည်း ထိုးကျလို့ စကစ ရဲ့ ဝင်ငွေအကောက်ခွန်ပမာဏဟာလည်း ယခင် NLD အစိုးရလက်ထက်ကနဲ့ တခြားစီဖြစ်သွားပါပြီ။

ပိုကြောက်စရာကောင်းတာက နိုင်ငံတကာ ပြည်ပကြွေးမြီဟာ ယခင် US ဆယ်ဘီလီယံကနေ နောက်ထပ် ကြွေးသစ် ၁.၂၃ ဘီလီယံ ထပ်တိုးလို့စုစုပေါင်း ၁၁.၁၂ ဘီလီယံ ဖြစ်ကာ အတိုးကတော့ ဘယ်လောက်တောင် ရှိနေမလည်း ဆိုတာတော့ မပြောတတ်သေးပါဘူး..

နောက်ထပ် ၂၀၂၃ ထိသာ အုပ်ချုပ်ခွင့်ရသွားမည်ဆိုပါလျှင် တွေးတောင်မတွေးရဲလောက်အောင်ပါ။

ယခု အာဏာသိမ်း လိုက်သော ၁၁ လအတွင်း မြန်မာပြည်ရဲ့ GDP ဟာ ကြောက်မက်ဖွယ်ရာထိုးကျသွားပြီး အဆင်းရဲဆုံး နိုင်ငံ အဆင့် ၃ ထဲ ပြန်ပါသွားခဲ့ရပါပြီ။

စကစ ဟာ ကျဆုံးမှု မြင့်လာတာနဲ့အမျှ မဖြစ်မနေ လူသားဒိုင်းစနစ်ကိုလည်း အကျယ်ချဲ့လာနိုင်ပါတယ်။

နောက်တစ်ချက်က မြို့ပေါ်က ကင်းစခန်းအနီးတဝိုက်မှာ မအလ တပ်များဟာ မိုင်းထောင်စနစ်တွေ ပြုလာနိုင်သလို ရဲစခန်း၊ အုပ်ချုပ်ရေးရုံး၊ မီးသတ်ရုံး စသဖြင့် ရူံးပိုင်းဆိုင်ရာ အဆောက်အဦး အနီးတဝိုက်များမှာ ဗုံးထောင်လာနိုင်သလို စကစ ရဲ့ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်များ၊ ကင်းစခန်းများ၊၊မှာလည်း အချိန်မတော်ညဘက် ကတည်းက မြေမြှုပ်မိုင်း များကို ရုရှားနည်းပညာအကူအညီနဲ့ ထောင်ထားခြင်းမျိုးတွေ မြို့ရွာတွေပေါ်မှာ လုပ်လာနိုင်ပါတယ်။

ထိုနေရာများအနီးတဝိုက်သို့ သွားလာခြင်း ဖြတ်သန်းခြင်း နေထိုင်အခြေချ ခြင်းများကို ရှောင်ကြပါ။

ပွဲတော်များ၊ စျေးများသွားလာတဲ့အခါမှလည်း အထူးသတိထားပြီး ဆင်ခြင်စွာဖြင့် သတိနဲ့သွားလာကြ၊ ရောင်းဝယ်ဖောက်ကားကြပါ။

တစ်နေ့က သမိုင်းလမ်းဆုံဖြစ်ရပ်က သက်သေသာဓက ပြထားပါတယ်။

နိုင်ငံတကာ ကဘာလုပ်မလည်း၊ NUG PDF EAOs များကဘာဆက်လုပ်ကြမလည်း ဆိုတာတော့မသိပါ။

သိစရာလည်း မလိုပါ။သိလည်း မရေး မခန့်မှန်းပါ..မသုံးသပ်ပေးတော့ပါ။

ထို့အဖွဲ့များမှ ထုတ်ပြန်ချက်များကိုသာ အစဥ်တစိုက် ဂရုစိုက်၍ သွားလာနေထိုင်ကြခြင်းဖြင့် ရှင်သန်အောင် နေထိုင်ကြပါ

က်ပွဲများ ပြင်းထန်မှု ၇၅ % အဆင့်ထိ ဖြစ်လာနိုင်ပါတယ်။

တော်လှန်ရေးလှိုင်းဟာ ဒီရေလို တရိပ်ရိပ် တက်လာတော့မှာမို့..စောက်တပ်ကြီး ကွဲဖို့ ၇၅% သေချာနေသလို ဖြစ်လည်းဖြစ်နေပြီမို့…

တော်လှန်ရေးကြီး မုချအောင်မြင်နေပါပြီ။

အရိပ်


ဆက်ဖတ်ရန် →

ဗိုလ်ရှုခံပွဲအပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပျက်မှု အခြေအနေ အလွန်ဆိုးဝါးလာ

​မင်းအောင်လှိုင်ကို အလေးပြုရသည့် ငွေကျပ်ဘီလီယံချီ သုံးစွဲခဲ့သော ဗိုလ်ရှုခံပွဲအပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပျက်မှု အခြေအနေ အလွန်ဆိုးဝါးလာ


ရန်ကုန်၊ မတ် ၃ 


နေပြည်တော်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အလေးပြုရသည့် ငွေကျပ်ဘီလီယံချီ သုံးစွဲခဲ့သော ဗိုလ်ရှုခံပွဲအပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပျက်မှု အခြေအနေ အလွန်ဆိုးဝါးလာကြောင်း ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများမှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုသည်။ 


"မီးက လာချင်သလိုလာတယ်။ ပျက်ချင်သလို ပျက်တယ်။ ပုံမှန်လည်း မဟုတ်ဘူး။ ပျက်တဲ့အချိန်က ပိုများတယ်။ တချို့ရက်တွေဆိုရင် မနက်ကတည်းက ပျက်တယ်။ ညနေ ၆ နာရီမှာ ပြန်လာတယ်။ ၇ ခွဲကျတော့ ပြန်ပျက်သွားတယ်။ အဲဒါ တစ်ညလုံးပဲ။ ည ၁၁ ခွဲလောက်မှာ ပြန်လာတယ်။ မမှန်းတတ်တော့ဘူး။ ပူက ပူ ။ မီးကပျက်ဆိုတော့ အရမ်းဒုက္ခရောက်နေတယ်။ မီးလာရင် ရေတင်ရတယ်။ အဝီစိရေမို့ပဲ တော်တော့တယ်" ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမှ ပြည်သူတစ်ဦးက ပြောသည်။ 


ရန်ကုန်မြို့လယ် အထပ်မြင့်တိုက်များတွင် မီးပျက်ချိန်ကြာမြင့်လာမှုကြောင့် ရေတင်မရ ခြင်း ပြဿနာများ ကြုံတွေ့နေရသည်ဟုဆိုသည်။ 


"ဂျိုးဖြူရေက အချိန်နဲ့ပေးတာ။ မနက်ပိုင်း ရေလာတဲ့အချိန်မှာ မီးကပျက်တော့ အတော်ကို အဆင်မပြေဘူး။ ရေသန့်ဘူးကြီး ၂၀ လီတာကို ဝယ်ပြီး ရေချိုး အိမ်သာရေသုံး အဲဒီလိုတွေ လုပ်နေရတယ်။ ငွေပိုသုံးရတယ်။ ဒါက တတ်နိုင်တဲ့သူမို့လို့။ မတတ်နိုင်သူဆိုရင် ၂၀ လီတာ ရေသန့်ဘူးတစ်ဗူး ၈၀၀ ၊ ၁၀၀၀ ဝယ်ပြီး ဘယ်သုံးနိုင်မလဲ" ဟု စမ်းချောင်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။ 


အလားတူ မန္တလေးတွင် မီးပုံမှန် မလာတော့သည့်အခြေအနေ ကြုံတွေ့နေရသည်ဟု ဒေသခံတချို့က ဆိုသည်။ 


"အချို့တွေလည်း ထမင်းဟင်းချက်ဖို့ ဂတ်စ်တွေဝယ်ထားကြပြီ။ မတတ်နိုင်တဲ့သူကတော့ ထင်းမီး မီးသွေးမီး ဝယ်ထားကြတယ်။ မီးလာချိန်ရယ်လို့တော့ ပုံမှန် မှန်းမရတော့ဘူး" ဟု မန္တလေး ဒေသခံများက ဆိုသည်။ 


လက်ရှိ စျေးကွက်တွင် အိမ်သုံး တရုတ်မီးစက်လေးများ ဝယ်ယူမှုများပြားသော်လည်း ဓာတ်ဆီ စျေးပါ မြင့်တက်နေခြင်းကြောင့် လိုအပ်ချိန်မှသာ မီးစက်သုံးနိုင်ကြသည်ဟု ဒေသခံတချို့ကဆိုသည်။ 


"မီးစက်ကလည်း နေ့တစ်ပိုင်းလောက် မောင်းရင် 92 ဓာတ်ဆီ ၃ သောင်းဖိုးလောက်က ပြိုက်ကနဲပဲ။ ကုန်သွားတာ။ အလုပ်ရှိတဲ့ဆိုင်တွေလည်း မသုံးနိုင်တော့ဘူး။ မီးစက်ရှိလည်း လိုအပ်မှ သုံးနိုင်တယ်" ဟု မန္တလေးဒေသခံတစ်ဦးက ဆိုသည်။ 


လက်ရှိတွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ရန်ကုန်တွင် ငွေကျပ် ၁၉၀၀ ကျော် စျေးပေါက်လျက်ရှိပြီး နယ်များတွင် တစ်လီတာ ၂၀၀၀ ကျပ်ကျော်ရောက်ရှိနေပြီဖြစ်သည်။ 


ပြည်ထောင်စုနေ့ အခမ်းအနားကို ငွေကျပ်ဘီလီယံချီ သုံးစွဲ၍ ဗိုလ်ရှုခံ အလေးပြုခံပြီး နောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူများကို နွေရာသီတွင် လျှပ်စစ်မီးနှင့် ရေချွေတာရေး လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။ 


စစ်ကောင်စီ၏ အစိုးရအဖွဲ့ရုံးက မင်းအောင်လှိုင်၏ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညွှန်ကြားချက်ကို ယနေ့ နေ့စွဲဖြင့် ဌာန ၅ ခုကို ပေးပို့လိုက်ကြောင်း၊ ယင်း ညွှန် ကြားချက်တွင် နွေရာသီ ပြည်သူများအနေဖြင့် လျှပ်စစ်မီးနှင့် ရေ ချွေတာသုံးစွဲရေး အသိပညာပေးရန်နှင့် တိုက်တွန်းနှိုးဆော်ခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်ရန် ဟူ၍ မင်းအောင်လှိုင်က ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။


မင်းအောင်လှိုင်၏ ညွှန်ကြားချက်ထွက်ပေါ်ပြီးနောက် EPC လူမှုကွန်ရက်စာမျက်နှာများတွင် လျှပ်စစ်မီး ချွေတာရန်နှင့် အလင်းရောင်ဖြင့် နေရန် ဆိုသော မီးချွေတာရေး နှိုးဆော်မှုများ မြင်တွေ့လာရသည်။ 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်းတစ်ဦး၏ အဆိုအရ လာမည့် နွေရာသီတွင် နေပြည်တော်မှ အပ မြန်မာတစ်နိုင်ငံလုံးကို အလှည့်ကျ လျှပ် စစ်မီးပေးသည့် စနစ်ဖြင့်သာ မီးပေးမည်ဖြစ်ကြောင်း၊လျှပ်စစ်မီးကို ၆ နာရီဖြတ်၊ ၆ နာရီ မီးပေးစနစ်ဖြင့် အလှည့်ကျ မီးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုခဲ့ပြီး ယင်းသတင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။



ဆက်ဖတ်ရန် →

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။



DVB TV News.

3 March, 2022.


ဝါရှင်တန်မှာ အခုလအတွင်းကျင်းပမယ့် အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်ကြားမှာ မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်ကြားမယ်လို့ သိရပါတယ်။ 


သမ္မတ ဂျိုးဘိုင်ဒင်ဟာ မတ် ၂၈ နဲ့ ၂၉ ရက်တို့မှာ အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အထူးထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပဖို့ စီစဉ်ထားတာပါ။


နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ မြန်မာကိုယ်စားလှယ်တယောက်ကိုသာ အစည်းအဝေးတက်ဖို့ ဖိတ်ကြားမှာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဦးဆောင်မှုကို လိုက်နာမှာ ဖြစ်ကြောင်း အမေရိကန်ဘက်က ပြောတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။


မြန်မာနိုင်ငံက နိုင်ငံရေးနယ်က မဟုတ်တဲ့ ကိုယ်စားလှယ်တွေကို အာဆီယံအဆင့်မြင့် အစည်းအဝေးပွဲတွေမှာဖိတ်ကြားဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ထောက်ခံပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။


ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးတာဝန်ယူထားသူမဟုတ်တဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားဖို့လည်း ဆုံးဖြတ်ထားကြောင်းနဲ့ စစ်အုပ်စုက အာဆီယံရဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်အရ အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှုကို မဖော်ဆောင်နိုင်ခဲ့တဲ့အတွက် တာဝန်ခံသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။


မြန်မာကိုယ်စားလှယ် ဘယ်သူဖြစ်မလဲ ဆိုတာကို မေးမြန်းရာမှာတော့ အမေရိကန် တာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။


ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို အစည်အဝေး တက်ခွင့်မပြုခဲ့သလို  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း စစ်ကောင်စီ ဝန်ကြီး တက်ရောက်ခွင့် မရခဲ့ပါဘူး။

ဆက်ဖတ်ရန် →

​စစ်ကောင်စီ ထောက်လှမ်းရေးကြောင့် ထောက်ပို့အဖွဲ့ ၁၀ ဖွဲ့ကျော် ရပ်နား



ဂျာမုန်း


စစ်ကောင်စီ ထောက်လှမ်းရေးကြောင့် ထောက်ပို့အဖွဲ့ ၁၀ ဖွဲ့ကျော်သည် ယမန်နေ့ မတ်လ ၂ ရက်နေ့မှ စတင်၍ ထောက်ပို့ လုပ်ငန်းများကို ယာယီ ရပ်နားကြောင်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာ အသီးသီးမှ ထုတ်ပြန်သည်။


To Comrades - ရဲဘော်များသို့အဖွဲ့၊ ANTS- ပုရွက်ဆိတ်များ၊ Yell Baw- ရဲဘော်၊ Wings of Urban Revolution ၊ Dogs Fighter၊ လှူကြမယ်+ဒီကကြည့် ၊ မြတ်နိုးရင်းလှူ ၊ မူမနေနဲ့ လာလှူ၊  နိုင်ချင်ရင်လှူ ၊ဝယ်ရင်းလှူနိုင် စာအုပ်ဆိုင်၊  Bees Fundraising Team၊ Book Raffle Fundraising Program စသည့်အဖွဲ့များအပါအဝင် ၁၀ ဖွဲ့ကျော် ရပ်နားထားကြခြင်း ဖြစ်သည်။


“အနုပညာရှင်တွေ ပြန်လွှတ်တယ် ဆိုတဲ့သတင်းကို အကာအကွယ် ယူပြီး ရန်သူစစ်တပ်ဟာ ကျွန်တော်တို့ ညီနောင်တွေကို အင်အားသုံး ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ ကျွန်တော် တို့ ညီနောင်တွေဟာ ပြည်တွင်းမှာ ကုတ်ကတ်နေပြီး တော်လှန်ရေးအပေါ် သစ္စာ ရှိနေကြတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်နိုင်စွမ်းဟာ သာမန်လူငယ် တစ်ယောက် လုပ်နိုင်စွမ်းထက် ပိုပြီး များနေပါတယ်။ ဒီလိုလူငယ်တွေ ကျွန်တော်တို့ အဆုံးရှုံး မခံချင်ပါဘူး။ ဒီအတွက် ကျွန်တော်တို့ ညီနောင်မဟာမိတ် အဖွဲ့အစည်း တချို့ဟာ လုပ်ငန်းစဉ်တွေ ရပ်နားပြီး လုပ်နိုင်စွမ်း ရှိတဲ့ လူငယ်တွေရဲ့ ဘေးကင်း လုံခြုံရေးကို အစွမ်းကုန် ကြိုးပမ်း နေကြပါတယ်” ဟု  United Alliances - UAs ညီညွတ်သော ညီနောင်မဟာမိတ်များ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။


United Alliances -  UAs ညီညွတ်သော ညီနောင်မဟာမိတ်များ အဖွဲ့အစည်းမှာ လက်ရှိ တော်လှန်ရေး ထောက်ပို့အဖွဲ့ ၁၀ ဖွဲ့ ပူးပေါင်းထားသော မဟာမိတ် အဖွဲ့  ဖြစ်ပြီး ခြောက်ဖွဲ့မှာ ရပ်နားထားပြီ ဖြစ်သည်။


အဆိုပါ အဖွဲ့အစည်းမှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG ) အောက်တွင် မရှိဘဲ လူငယ်များဖြင့် ဖွဲ့စည်းထားကာ လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်နေသည်။


စစ်ကောင်စီက ဘဏ်အကောင့်များမှ တဆင့် ကိုယ်ရေးအချက်အလက်များ စုံစမ်း ထောက်လှမ်းကာ ယခုကဲ့သို့ ထောက်ပို့ အဖွဲ့များအား ခြေရာခံ ဖမ်းဆီးမှုကို ယခု ရက်ပိုင်းအတွင်း အပြင်းအထန် ပြုလုပ်လာခြင်း ဖြစ်သည်။


“တကယ်ပဲ ဖမ်းခံနေရပါတယ်။ အများစုက ဘဏ်အကောင့်တွေ ပိတ်ခံရတာကြောင့်ပါ။ ကိုယ်ရေး အချက်အလက်တွေ စီစစ်ပြီး သံသယ ရှိတာတွေကို စစ်ကောင်စီက လိုက်ဖမ်းနေတာ။ ခုလို တစ်ပြိုင်တည်း နီးပါး ဖြစ်တာကတော့ အခုမှ အမိန့်ကျလာလို့ အကုန် စာရင်းလုပ်ပြီး လိုက်ဖမ်းနေတဲ့ သဘောပေါ့။ အစောပိုင်းမှာ ကြိုကြား ကြိုကြား ဖမ်းတာမျိုးတွေတော့ ရှိတာပေါ့” ဟု ရပ်နားလိုက်သည့် ထောက်ပို့အဖွဲ့များတွင် အပါအဝင်ဖြစ်သည့် To Comrades - ရဲဘော်များသို့ အဖွဲ့ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။


ပြည်တွင်း ထောက်ပို့ အဖွဲ့သားများအပြင် မြို့ပြပြောက်ကျား အဖွဲ့ဝင် UG များလည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံနေရကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များမှ တဆင့် သိရသော်လည်း ဖမ်းဆီးခံရသည့် အရေအတွက် အတိအကျကိုမူ အတည် မပြုနိုင်သေးပေ။


“အသိ ထောက်ပို့ သုံးယောက်လောက်လည်း ပါသွားတယ်။ UG (မြို့ပြပြောက်ကျားအဖွဲ့ဝင်) တွေကတော့ လွန်ခဲ့တဲ့ သုံး လေးရက်လောက်ထဲက စပြီး ပါနေတာ။ အဖွဲ့လိုက် ပါကြတာပါ” ဟု To Comrades - ရဲဘော်များသို့ အဖွဲ့  ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပြသည်။


အဆိုပါ ရပ်နားကြောင်း ကြေညာထားသော ထောက်ပို့အဖွဲ့များမှာ မြို့ပေါ်ရှိ အဖွဲ့ဝင်များ၏ လုံခြုံရေးအတွက် ခေတ္တရပ်နားခြင်းသာ ဖြစ်ပြီး ဘဏ်အကောင့်များနှင့် ပတ်သက်၍ အချက်အလက် စီစစ်ကာ လိုအပ်သည်များ ဆောင်ရွက်ပြီးလျှင်  ပုံမှန်အတိုင်း ပြန်လည်ပတ်မည်  ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။


“ စစ်ကောင်စီက ဖြတ်လေးဖြတ် ဗျူဟာ ကျင့်သုံးနေတဲ့ အတွက် ထောက်ပို့တွေလည်း စပြီး ထိလာပါပြီ။ ရပ်နားတာက ခဏတာပဲ  ဖြစ်ပြီး ပိုမို ကောင်းမွန်တဲ့ ပုံစံတွေနဲ့ ရဲဘော်တွေကို ထောက်ပံ့ ပေးနိုင်အောင် ကြိုးစားပါ့မယ်” ဟုလည်း ၎င်းက ပြောထားပါသည်။


#Mizzima

#ထောက်ပို့

#ထောက်လှမ်းရေး

ဆက်ဖတ်ရန် →

​ပူတင်က သူ့မိသားစုကို လျို့ဝှက် "မြေအောက်ဘန်ကာ" ထဲ ပုန်းခိုင်းထား



news.com.au


ဗလာဒီမာပူတင်က သူ့မိသားစုကို မကြာသေးခင်က ဆိုက်ဘေးရီးယားရှိ မြေအောက်မြိုတစ်ခုသို့ပြောင်းရွှေ့ဝှက်ထားကြောင်း ရုရှားပရော်ဖက်ဆာတစ်ဦးအပြောအရသိရသည်။

 

ဇိမ်ခံအဆင်မြင့်နည်းပညာများဖြင့်ဖွဲ့စည်းတည်ဆောက်ထားသော ဘန်ကာသည် အယ်လ်တိုင်တောင်တန်းများတွင်တည်ရှိပြီး နူကလီးယားဒဏ်ကိုပင်ခံနိုင်အောင် ဒီဇိုင်းဆွဲထားခဲ့သည်ဟု အသက် ၆၁ နှစ်အရွယ် နိုင်ငံရေးဆိုင်ရာသိပ္ပံပညာရှင် ဗလာရီ ဆိုလိုဗီး ပြောသည်။ 

 

ရုရှားက ယူကရိန်းမြို့တော် ကီယက်ဗ်နှင့် ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို အမြောက်ကျည်ဆံမိုးရွာနေချိန် ပူတင်သည် "Vaccum ဗုံး" များအသုံးပြုကာ အပြစ်မဲ့အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများကျူးလွန်နေကြာင်း စွပ်စွဲချိန်များထွက်ပေါ်လာချိန်တွင် သူ့မိသားစုပုန်းရှောင်နေသည်ဆိုသောပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ 


အဆိုပါပညာရှင်သည် အစောပိုင်းက ပူတင်သည် ကျန်းမာရေးပြဿနာရှိနေပြီး ရုရှားလူထုမသိအောင်ဖုံးအုပ်ထားကြောင်းနှင့် သူနှင့် သူ၏ ကာကွယ်ရေးဝန်ကြီး ဆာဂျေရွိုင်ဂုတို့ လျို့ဝှက်ကာ တိုင်းရင်းရိုးရာတစ်မျိုးဖြစ်သော ရှာမန်တို့၏ ယတြာချေဆုတောင်းခြင်းများပြုလုပ်ကြောင်း စွပ်စွဲထားဖူးသည်။ 


" သမ္မတပူတင်ရဲ့ မိသားစုဟာ နူကလီယားစစ်ပွဲဖြစ်လာခဲ့သည်ရှိသော ပြင်ဆင်တဲ့အနေနဲ့ အထူးဘန်ကာကိုပြောင်းရွှေ့ခဲ့တယ်" ဟု ပရော်ဖက်ဆာကြီးက ဗီဒီယိုတစ်ခုတွင်ပြောသည်။


"ဘန်ကာက (တောင်တန်း) အယ်လ်တီ ရီပတ်ဘလစ်မှာ တည်ရှိပါတယ်"


" တကယ်တော့ အဲဒါဟာ ဘန်ကာမဟုတ်ပါဘူး၊ နောက်ဆုံးပေါ်သိပ္ပံနဲ့ နည်းပညာတွေနဲ့ဆင်ထားတဲ့ မြေအောက်မြို့တစ်ခုပါ"


သူက သတိပေးရာတွင် " ဒါဟာ ခင်ဗျားတို့အတွက် တစ်ခုခုအဓိပ္ပါယ်ဖြစ်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်" ဟု ပါရှိသည်။


" ဒီသမ္မတက သူ့မိသားစုကိုတော့ ဘန်ကာထဲပို့ထားတယ်"


ပူတင်၏မိသားစုများနှင့်ပတ်သက်၍ သူကပြောဆိုထားခြင်းမရှိသော်လည်း အသက် ၃၈ နှစ်အရွယ် အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကျွမ်းဘားမယ် အလီနာ ကာဗေးဘာမှာ ပူတင်၏ လျို့ဝှက်အိမ်ထောင်ဘက်ဖြစ်သည်ဟု စွပ်စွဲဖူးသည်။


" အဲဒါက သူရဲ့ မိသားစုအစစ်အမှန်ပဲ၊ အလီနာက သူ့ရဲဆုံးဖြတ်ချက်တွေကို လွှမ်းမိုးတာပါ" ဟု ယမန်နှစ်က သူ ပြောဖူးသည်။


ယူကရိန်းကိုသိမ်းပိုက်ခြင်း မဟာဗျူဟာမြောက်အစီအစဉ် " ပျက်ပြားသွား" ပြီးနောက် မိသားစုကို ဘန်ကာထဲပြောင်းရွှေ့ခြင်းဖြစ်ပေါ်လာခဲ့သည်ဟု ပရော်ဖက်ဆာက ပြောသည်။


ပူတင်သည် အလွန်အမင်းအားကောင်း၊ ညီညွတ်ကာ ရုရှား၏အစီအစဉ်ကို အနှုတ်လက္ခဏာဖြစ်စေသော အနောက်အုပ်စု၏တစ်ပေါင်းတစ်စည်းတည်းတန်ပြန်မှုကြောင့် အထိနာနေရသည်။


" ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ  "အထူးစစ်ဆင်ရေး" ဆိုတာကြီး အဆုံးသတ်ကြောင်း ဒါမှမဟုတ် အဆုံးသတ်ခါနီးပြီလို့ ကြေညာပြီး ရုရှားတပ်တွေအငြင်းပွားစရာမရှိ အောင်ပွဲခံဖို့ ပူတင်က စီစဉ်ထားခဲ့တာ" ဟု သူက ပြောသည်။


" ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုမှာ ရည်မှန်းထားတဲ့နေရာတစ်ခုတောင်မှ မပေါက်ရောက်နိုင်ခဲ့ဘူးလေ"


ကရင်မလင်တွင် အတွင်းလူများနှင့်အချိတ်အဆက်ရှိသည်ဟုဆိုသော ဆိုလိုဗီးပြောသောနေရာသည် Gazprom က အယ်လ်တိုင်ရီပတ်ဘလစ်၏ အွန်ဂူဒေးစကိုင်းခရိုင်တွင် ဆယ်စုနှစ်တစ်ခုခန့်က တည်ဆောက်ထားခဲ့သောအဆောက်အဦများကိုညွှန်းဆိုထားသည်ဟု ယုံကြည်ရသည်။ 


တောင်ပတ်လည်ဝိုင်းရံထားသော မြေအောက်ပုန်းခိုရာနေရာများတွင် လေပေါက်များတပ်ဆင်ထားသည်ကို လေ့လာသူများသတိထားမိကြပြီး ဗို့အားမြင့်မီးလိုင်းများက ခေတ်လွန် ၁၁၀ ကီလိုဝပ်ဓာတ်အားရုံခွဲကိုဆက်သွယ်ထားရာ မြို့လေးတစ်ခုကိုလျှပ်စစ်ဖြန့်ဖြူးရန်လုံလောက်သည်။


တည်ဆောက်စဉ်ကာလက ဂျာမန်လှိုဏ်ခေါင်းတူးသူများကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်တွေ့ရသည်ဆိုသော သတင်းများထွက်ပေါ်ခဲ့သည်။ 


မော်စကိုရှိအချို့သူများကတော့ ဆိုလိုဗီးက ကောလာဟလဖြန့်သူ သို့မဟုတ် လုပ်ဇာတ်တွေပြောတတ်သူအဖြစ်ပယ်ချတတ်ကြသော်လည်း ပူတင်၏ဆေးဘက်ဆိုင်ရာနှင့် စိတ်ကျန်းမာရေးတို့နှင့်ပတ်သက်ပြီး စွပ်စွဲပြောဆိုကာ တယ်လီဂရမ်မှဖြန့်ဝေမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်အပတ်တွင်းက သူ့ကို ခုနှစ်နာရီကြာအောင် စစ်ကြောရေးလုပ်ခံခဲ့ရဖူးသည်။ 


သံတမန်များနှင့် စပိုင်များမွေးထုတ်ပေးလေ့ရှိသည့် မော်စကိုနိုင်ငံတကာဆက်ဆံရေး အင်စတီကျူတွင် ပရော်ဖက်ဆာလုပ်ခဲ့သူကို လွှတ်ပေးခဲ့သော်လည်း သူ၏အမှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောခြင်းမရှိပါ။


သူ့အိမ်ကို ရှာဖွေခံရကာ အီလက်ထရောနစ်ပစ္စည်းများစွာ အသိမ်းခံခဲ့ရသည်။


သူပြောသည့်အထဲ ထူးထူးကဲကဲလူစိတ်ဝင်စားခံရသည်က ကာကွယ်ရေးဝန်ကြီး ဆာဂျေရွိုင်ဂုက ပူတင်အတွက် ဆိုင်ဘေးရီးယားတွင် ရှာမန်းတို့ရိုးရာဖြင့် မြေခွေးနက်ကို ယစ်ဇ်ပူဇော်မှု သမ္မတ၏ကျန်းမာရေးကောင်းလာစေရန် လုပ်ဆောင်ခဲ့သည်ဆိုသော ပြောစကားဖြစ်သည်။


ဆာဂျေသည် လောလောဆယ်တွင် ယူကရိန်းရှိ ရုရှားစစ်တပ်စစ်ဆင်ရေးကို ထိန်းချုပ်နေသည်။ 


" မြေခွေးသွေးစိမ်ထားတဲ့အဝတ်ဖြူစကို မီးရှိုခဲ့တာ" ဟု ဆိုလိုဗီးနှင့်ဆက်နွယ်သော   တယ်လီဂရမ်ချန်နယ် General SVR တွင်ပြောသည်။ 


ပုံ (၁) ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သူ၏ဇနီး လုမီလာ (ညာ) နှင့် သူ၏သမီး မယ်ရီယာ ပူတီနာ (ဘယ်)


ပုံ (၂) ပရော်ဖက်ဆာ ဗယ်လာရီ ဆိုလိုဗီးက ပူတင်၏ မိသားစု အယ်တိုင်းရှိ လျို့ဝှက်ဘန်ကာများထဲတွင် ပုန်းအောင်နေကြောင်းပြောသည်။

Mizzima


ဆက်ဖတ်ရန် →

ရုရှားကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ် အဖွဲ့ နေပြည်တော်ရောက်

​ရုရှားကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ် စစ်ရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်၊ အီရန် လေယာဉ်ဆိုက်ရောက်ပြီး ငွေစက္ကူကုန်ကြမ်း ပါဝင်လာဟုဆို၊ ရုရှား IL 76 ကုန်တင်လေယာဉ် နေပြည်တော် လာရန်ရှိ


ရန်ကုန်၊ မတ် ၃ 

ခေတ်သစ်

ရုရှားနိုင်ငံ၏ ယူကရိန်း အပေါ် ကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ်နိုင်ငံမှ စစ်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ နေပြည်တော်တွင် ရောက်ရှိနေပြီး ယနေ့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 


ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဘီလာရုစ် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်ရှိလာခြင်းဖြစ်‌ပြီး  စစ်ရေးဆိုင်ရာ ကိုယ်စားလှယ် ၁၀ ဦးမှ ၁၅ ဦးပါဝင်ကြောင်း ၊ ယနေ့ မတ်လ ၃ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။ 


အလားတူ အီရန်နိုင်ငံ မက်ရှ်ဟတ်လေဆိပ်မှ ထွက်ခွာလာသည့် Qeshm Fars လေကြောင်းလိုင်းပိုင် ကုန်တင်လေယာဉ်တစ်စင်းသည် ယမန်နေ့ နေပြည်တော် လေဆိပ်ရောက်ရှိကာ ကုန်သေတ္တာများချထားပေးကြောင်း၊ ယင်းကုန်သေတ္တာများတွင် ငွေစက္ကူရိုက်နှိပ်နိုင်သော စက္ကူများ၊ လက်နက်ခဲယမ်းများ ပါဝင်ဖွယ်ရှိကြောင်း နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။ 


အလားတူ မတ်လ ၅ ရက်နေ့တွင်လည်း ရုရှားနိုင်ငံမှ  Il 76 ကုန်တင်လေယာဥ်တစ်စီး ဆိုက်ရောက်ရန်ရှိပြီး မတ်လ ၆ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- နေပြည်တော်လေဆိပ်။



ဆက်ဖတ်ရန် →

ယူကရိန်းက တရုတ်ကို အကူအညီ​တောင်း

​


ဘေဂျင်း၊ မတ် ၂


ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာသည် ရုရှားနိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအတွက် တရုတ်ထံမှ အကူအညီ​ပေးရန် အင်္ဂါနေ့တွင် တရုတ်နိုင်ငံခြား​ရေးဝမ်ယိ အား ဖုန်းဆက်​အကူညီ​တောင်းခဲ့သည်။


"ယူကရိန်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်လိုသည့်ဆန္ဒရှိပြီး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင်လည်း တရုတ်နိုင်ငံမှ ပါဝင်ရန် မျှော်လင့်နေပါတယ်" ဟု Kuleba က​​ပြောခဲ့​ကြောင်း တရုတ်ထုတ်ပြန်ချက်ထဲတွင်​ဖော်ပြထားသည်။


ယူကရိန်းစစ်ပွဲတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အလွန်သတိထားပြီး​နေထိုင်ပြောဆိုလျက်ရှိသည်။ ဘေဂျင်းအ​နေဖြသ့် ယခု ပဋိပက္ခကို "ရုရှားကျူးကျော်မှု" ဟုခေါ်ဆိုရန် တွန့်ဆုတ်နေသလို တစ်ချိန်တည်းတွင်အချုပ်အခြာအာဏာကို လေးစားရန်လည်း အားလုံးကို  တောင်းဆိုထားသည်။  ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရုရှားကို ရှုတ်ချ​ကြောင်း မဲခွဲဆုံးဖြတ်ရာမှာ တရုတ်နိုင်ငံလည်းပါဝင်ခဲ့သည်။ 


အကယ်၍ တရုတ်နိုင်ငံက ကြားဝင် ဖျန်ဖြေပေးရမည်ဆိုပါက ပေကျင်းအစိုးရအ​နေဖြင့်ဘက်မလိုက်​သော အခန်းကဏ္ဍမှ ပါဝင်မည့်ပုံ ပေါ်သည်။


Source:Nikkei Asia

Credit: Popular 

#SYHL


ဆက်ဖတ်ရန် →

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံတွင် ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု ရှုတ်ချရေး အဆို

​NUG အစိုးရ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံတွင် ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု ရှုတ်ချရေး အဆိုကို ထောက်ခံမဲပေး၊ စစ်ကောင်စီက ရုရှားကိုထောက်ခံသော်လည်း တရားဝင် အစိုးရ မဟုတ်၍  ကုလ သမဂ္ဂတွင် မဲပေးခွင့်မရ 


ရန်ကုန်၊ မတ် ၃ 

ခေတ်သစ်မီဒီယာ

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  ကုလသမဂ္ဂ အ‌ရေးပေါ် အထွေထွေညီလာခံတွင် ရုရှား၏ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချပြီး ရုရှားတပ်များ ပြန်ရုပ်သိမ်း‌ရေး အဆိုကို မြန်မာနိုင်ငံက ထောက်ခံမဲပေးကြောင်း သိရှိရသည်။ 


ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃နိုင်ငံတွင် ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်ကို ရှုတ်ချသော အဆိုကို မြန်မာနိုင်ငံအပါအဝင်  ၁၄၁ နိုင်ငံက ထောက်ခံလိုက်ပြီး ၃၅ နိုင်ငံက ကြားနေကာ ၅ နိုင်ငံက ကန့်ကွက်ခဲ့ကြကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၄၁ နိုင်ငံက ရုရှားကို ရှုတ်ချလိုက်သဖြင့် အဆိုအောင်မြင်ပြီး ရုရှား တပ်များ ယူကရိန်းမှ ချက်ချင်းဆုတ်ခွာရန် အဆို အောင်မြင်သွားခြင်းဖြစ်သည်။ 


မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီက  ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲသော ရုရှားကိုထောက်ခံကြောင်း ပြည်ပသတင်းဌာနများကို ထုတ်ဖော်ပြောဆိုသော်လည်း ကုလသမဂ္ဂတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ် ထားရှိနိုင်မှုမရှိခြင်းနှင့် အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုမှုမရှိခြင်း တို့ကြောင့် ကုလသမဂ္ဂတွင် မဲပေးခွင့်မရှိပေ။ 


ရုရှားကျူးကျော်စစ်ကို ကန့်ကွက်ရှုတ်ချသည့် အဆိုကို  ကန့်ကွက်သည့်နိုင်ငံ ၅ နိုင်ငံတွင်  ရုရှား၊ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့ ပါဝင်ကြောင်း သိရှိရသည်။  


မြန်မာ၏ အိမ်နီးချင်း တရုတ်နိုင်ငံက ရုရှားကျူးကျော်စစ်ကို ရှုတ်ချသည့် အဆိုကို ကြားနေမဲ ပေးခဲ့ကြောင်း သိရှိရသည်။


NUG ၏ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင်ပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံ၏ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုအရေးပေါ်အခြေအနေဆိုင်ရာ အထူးအစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းလည်း ပြောဆိုသည်။ 


သံအမတ်ကြီး၏ ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင်


(က)   ဤအရေးပေါ်အထူးအစည်းအဝေးခေါ်ယူခြင်းကို ကြိုဆိုပါကြောင်းနှင့် အစည်းအဝေးခေါ်ယူခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံသဘာပတိနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ကို ကျေးဇူးတင် ရှိပါကြောင်း၊ ယခုအထူးအစည်းအဝေးသည် အချိန်နှင့် တစ်ပြေးညီဖြစ်ပြီး၊ ယူကရိန်းရင်ဆိုင်နေရသော ဆိုးရွားသည့်အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံကြီး၊ ငယ်မဆို နိုင်ငံအားလုံး မိမိတို့၏ အသံနှင့် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခွင့်ရမည်ဖြစ်ပါကြောင်း၊ 


(ခ)    မြန်မာနိုင်ငံသည် နိုင်ငံတိုင်း၏ နယ်မြေစိုးမိုးရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတို့အပေါ် အမြဲတမ်းခိုင်မာစွာ ရပ်တည်လျက်ရှိပါကြောင်း၊ ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီး ယူကရိန်း ပြည်သူများအပေါ် တရားမျှတမှုမရှိသော တိုက်ခိုက်မှုများကို ရှုတ်ချပါကြောင်း၊ ယင်းလုပ်ရပ်များသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို သိသာထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် ပိုင်နက်နယ်မြေကို လေးစားရန် မြန်မာနိုင်ငံ အနေဖြင့် တောင်းဆိုပါကြောင်း၊ 


(ဂ)    မြန်မာနိုင်ငံသည် ယူကရိန်း၏ မြေပြင်အခြေအနေများအပေါ် စိုးရိမ်ပူပန်ခြင်းကြီးစွာဖြင့် စောင့်ကြည့်လျက်ရှိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်း၏ ပြင်းထန်သောတိုက်ခိုက်မှုများကြောင့် အခြေအနေ များ ပိုမိုဆိုးရွားလာနေခြင်းသည် ဝမ်းနည်းစရာပင်ဖြစ်ကြောင်း၊ ဤတိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးကာ သိန်းနှင့်ချီသော လူအများအပြားသည် အိုးအိမ်စွန့်ခွာထွက်ပြေးသွားကြရသည့်အတွက် အအေး လွန်ကဲသော ရာသီဥတုတွင် လူအများဒုက္ခရောက်နေကြပါကြောင်း၊ ယူကရိန်းအပေါ် စစ်မက်ပြုတိုက်ခိုက်မှုများ ချက်ချင်းရပ်တံ့ရန် တောင်းဆိုပါကြောင်း၊


(ဃ)   မြန်မာနိုင်ငံသည်      မြန်မာစစ်တပ်၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကြောင့် ဖြစ်ပေါ်လာသည့် အလားတူဆိုးရွားသော ဆင်းရဲဒုက္ခများနှင့် ရင်ဆိုင်နေရသည့်အတွက် ယူကရိန်းပြည်သူများ ကြုံတွေ့နေရသောဒုက္ခများကို တခြားသူများထက် ပိုမို နားလည်မျှဝေခံစားနိုင်ပါကြောင်း၊


(င)    မြန်မာစစ်တပ်မှ ပြည်သူများအပေါ် အင်အားအလွန်အကျွံသုံးစွဲ၍ ခွဲခြားဖိနှိပ်တိုက်ခိုက်မှုများအပြင် လူမဆန်စွာရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကြောင့် နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ကျန်းမာရေးစောင့် ရှောက် မှု အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် လယ်ယာမြေများ ပျက်စီးခဲ့ပြီး သိန်းနှင့်ချီသော ပြည်သူများသည် မိမိတို့နေရပ်များမှ စွန့်ခွာခဲ့ရသည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ လူပေါင်းများစွာ သေဆုံးဒဏ်ရာရရှိခဲ့ပါကြောင်း၊ ယင်းကဲ့သို့ ဆုံးရှုံးနစ်နာသူများတွင် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ မိန်းကလေးများနှင့် ကလေးသူငယ်များကဲ့သို့သော ထိခိုက်လွယ် သောအုပ်စုများ ပါဝင်ပါကြောင်း၊ 


(စ)    တိုက်ခိုက်မှုများမှ လွတ်မြောက်အောင် ထွက်ပြေးလာကြသည့် ယူကရိန်းနိုင်ငံသားများနှင့် အခြားနိုင်ငံသားများအား နယ်စပ်များဖွင့်ပြီး နွေးထွေးစွာလက်ခံပေးသော ယူကရိန်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များကို ချီးကျူးလိုပါကြောင်း၊ ထို့ပြင် ယူကရိန်းကို တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် ပံ့ပိုးပေးသော အဖွဲ့ဝင်နိုင်ငံ များအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ယခုထက်ပို၍ ဆက်လက်ပံ့ပိုးပေးရန် မေတ္တာရပ်ခံ ပါကြောင်း၊ 


(ဆ)   ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို အစချီရာတွင် “ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူများဖြစ်သည့် ကျွန်ုပ်တို့သည် မျိုးဆက်သစ်အဆက်ဆက်ကို စစ်ဘေးဒဏ်မှ ကယ်တင်ရန် ဆုံးဖြတ်သည်” ဟူသော စာသားဖြင့် ရှင်းလင်းတိကျစွာ စတင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ “ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူများ ဖြစ်သည့် ကျွန်ုပ်တို့သည် နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့အင်အားကို ပေါင်းစည်းရန်၊ အခြေခံသဘောတရားများကို လက်ခံရင်း၊ လုပ်ထုံးလုပ်နည်းများခိုင်မာအောင် ဆောင်ရွက် ရင်း လက်နက်ကိုင်အင်အားကို အသုံးမပြုရေး၊ ဘုံအကျိုးစီးပွားကို ဖော်ဆောင်ရေးတို့ကို ဆောင်ရွက်ရန် ဆုံးဖြတ်သည်” ဆိုသည့်အချက်ကို ထပ်လောင်းသတိရစေလိုပါကြောင်း၊


(ဇ)    ကျွန်ုပ်တို့အားလုံးသည် ကုလသမဂ္ဂပဋိညာဉ်အခြေခံမူများနှင့်အညီ ရပ်တည်ရန်၊ တရားမျှတမှုဘက် ရပ်တည်ရန်အချိန် ဖြစ်ပါကြောင်း၊


(ဈ)    မြန်မာနိုင်ငံသည် ယူကရိန်းပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပါကြောင်း၊ ထို့ကြောင့် ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းတွင် ပူးတွဲအဆိုရှင်အဖြစ်ပါဝင်၍ ထောက်ခံမဲ ပေးမည်ဖြစ်ပါကြောင်း၊


(ည)   ကမ္ဘာ့တစ်ဝှမ်းတွင် တရားမျှတမှု၊ လွတ်လပ်မှုနှင့် ငြိမ်းချမ်းရေးရှိရမည်ဖြစ်ပါကြောင်း 


ပြောဆိုသွားသည်။


ဓာတ်ပုံ- ကုလသမဂ္ဂညီလာခံတွင် ရုရှားကျူးကျော်စစ်ကို ရှုတ်ချရေး အဆိုကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံက ထောက်ခံမဲပေးကြစဉ်။ 


Photo - Reuters


ဆက်ဖတ်ရန် →

တယ်လီဂရမ် အပါအဝင် နိုင်ငံခြားကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်းသွင်း

​


ရန်ကုန်၊ မတ် ၁ ရက်

လူငယ့်ခေတ်


အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း လူသုံးများလာသည့် အပ်ပလီကေးရှင်း တခုဖြစ်သည့် Telegram အပါအဝင် နိုင်ငံခြား ကုမ္ပဏီ(၂၈)ခုကို ထပ်တိုးအမည်ပျက်စာရင်းသွင်းလိုက်ကြောင်း Burma Campaign UK က ယနေ့(မတ်လ၁ရက်) ထုတ်ပြန်သည်။


အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ချိမှုများ လုပ်ဆောင်နေခြင်းကိုလက်ခံခြင်းနှင့် အမုန်းစကားဖြန့်နေမှုကို ခွင့်ပြုထားခြင်းကြောင့် Telegram ကို အမည်ပျက်စာရင်းတွင်ထည့်သွင်းရဖြစ်ကြောင်း ဖော်ပြထားသည်။


အမည်ပျက်စာရင်းသွင်းခံရသည့် နိုင်ငံခြား ကုမ္ပဏီများမှာ KDDI corporation၊ COSCO၊ BKH shipping၊ Fujita Corporation၊ Eastern Dragon Shipping Company စသည့် ကုမ္ပဏီများပါဝင်ပြီး  ဂျပန်နိုင်ငံမှ(၈)ခု၊ဗီယက် နမ်နိုင်ငံမှလုပ်ငန်း(၈)ခု၊ အမေရိကန်နိုင်ငံမှ(၃)ခုနှင့် ရုရုား၊စင်ကာပူ၊‌ဟောင်ကောင်၊အိန္ဒိယ၊တရုတ်၊ကနေဒါ၊ယူအေအီး၊ တူရကီနှင့် ထိုင်းနိုင်ငံမှ လုပ်ငန်း(၁)ခုစီ ပါဝင်ကြောင်း သိရသည်။


အဆိုပါစာရင်းတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများလည်းပါဝင်ပြီး စစ်တပ်ပိုင်မြေများတွင် လုပ်ဆောင်နေသည့် စီမံကိန်းများ တွင် ပါဝင်နေခြင်းကြောင့် အမည်ပျက်စာရင်းသွင်းခံရခြင်းဖြစ်သည်။


ပြီးခဲ့သည့် လပိုင်းကလည်း အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ လူတစ်စုက Telegram မှတဆင့် အပြစ်မဲ့ အရပ် သားပြည်သူများကို ဖမ်းဆီးခိုင်းခြင်း၊ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခိုင်းခြင်းများ လုပ်ဆောင်ရန် လှုံ့ဆော်ပြီးနောက် စစ်ကောင်စီလက်ပါးစေများက အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ  ၁ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝန်းရံသူပြည်သူများ၏ နေအိမ်နှင့် အဆောက်အဦများအား ဥပဒေမဲ့ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသယ်ယူသွားခြင်း၊ ဖျက်ဆီးမီးရှို့ခဲ့ခြင်းများအပြင် အကြောင်းအမျိုးမျိုး ပြ၍ နေအိမ်များကို ချိတ်ပိတ်မှုများရှိခဲ့ကာ ရရှိသောစာရင်းများအရ ချိတ်ပိတ်ခံရသူ စုစုပေါင်း (၇၇) ဦးရှိခဲ့ပြီ ဖြစ်ကြောင်း NLDပါတီက ထုတ်ပြန်ထားသည်။


လက်ရှိတွင်လည်း အကြမ်းဖက် စစ်ကောင်စီက နေအိမ်များကို ချိတ်ပိတ်မှုများ ဆက်လက်လုပ်ဆောင်နေပြီး ပြည်သူများအပါအဝင် အနုပညာရှင်များ၏ နေအိမ်များကိုလည်း ချိတ်ပိတ်မှုများ ဆောင်ရွက်လျက်ရှိသည်။


#P08 #Lungekhit #NLD #telegram


#Creditမူရင်း 


လေးစားစွာဖြင့်

ထက်အောင်


ဆက်ဖတ်ရန် →

kpay ကနေ နေရာလိုက်လို့ရအောင် လုပ်ထားတာ

​


Wave/Kpay ကနေ လှူတဲ့လူတွေ လိုက်နေတယ်ဆိုပြီး သတင်းတွေတက်ကြတယ်....

ဟုတ်မဟုတ် မသေချာပေမယ့် kpay ကနေ နေရာလိုက်လို့ရအောင် လုပ်ထားတာကို အံ့ဩစွာ သိလိုက်ရတယ်...


ဘယ်လိုသိသွားလဲဆိုတော့ kpay ကနေ ချေးငွေချေးတဲ့အခါ location access ကိုဖွင့်ခိုင်းတယ်...ဖုန်းမှာပါတဲ့ A-GPS က 10 m(ပေ ၃၀) ဝန်းကျင်အထိ တိကျတာမို့ ...ဘယ်အိမ်လဲဆိုတာ မှန်းလို့ရနိုင်ပါတယ်....


ချေးငွေလျှောက်တဲ့အခါ Allow လုပ်မိတဲ့အထဲမှာ GPS Access ကို Kpay သုံးတုန်းခွင့်ပြုပါတယ်ဆိုတာ ပေးထားမိလားဆိုတာ setting မှာ check နိုင်ပါတယ်...


ချေးချေးမချေးချေး...မတော်တဆ allow ဖြစ်ထားလား check ပါ...


Wave လည်းပါမပါ စစ်ကြည့်ပါ..

credit

ဆက်ဖတ်ရန် →

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

​


တရုတ်နိုင်ငံမှ နိုင်ငံပိုင် အကြီးမားဆုံးဘဏ်များအနက် အနည်းဆုံး နှစ်ခုက ရုရှားမှ ကုန်စည်များ ဝယ်ယူခြင်းများမှာ ငွေကြေးကိစ္စ ဝန်ဆောင်မှုများ ပေးအပ်ခြင်း မပြုရန် တားမြစ်ထားပါတယ်။ ICBC (Industrial & Commercial Bank of China Ltd.) ရဲ့ ပြည်ပရှိ ဘဏ်ခွဲများက ရုရှားမှ ပြည်ပတင်ပို့ဖို့ အသင့်ဖြစ်နေတဲ့ကုန်စည်များအတွက် အမေရိကန်ဒေါ်လာ သုံးတဲ့ L/C (letter of credit) များထုတ်ပေးခြင်းအား ရပ်ဆိုင်းထားပါတယ်။ ယွမ်သုံးတဲ့ L/C တွေကိုတော့ အချို့သော လုပ်ငန်းများအတွက် ထုတ်ပေးနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြီးတန်းအရာရှိများထံအတည်ပြု ခွင့်ပြုချက် အရင်ရယူဖို့ လိုအပ်ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးတဲ့နောက်မှာ ပိတ်ဆို့အရေးယူမှု အမျိုးမျိုးကို အမေရိကန်၊ ယူကေ၊ ဂျပန် အပါအဝင် နိုင်ငံများက စတင်လုပ်ဆောင်နေကြပါတယ်။ပြည်ပပို့ကုန် ကုန်စည်နှင့် ဆက်နွှယ်တဲ့ L/C များကိုဘဏ်များက မကြာခဏ ထုတ်ပေးကြရပါတယ်။ ပိတ်ဆို့အရေးယူမှု‌ကြောင့် အရင်ဆုံးထိခိုက်မယ့် ‌ငွေကြေးကိစ္စရပ်များထဲမှာ L/C လည်း ပါဝင်နေတာကြောင့် အခြေအနေမသေချာမရေရာချိန်မှာ တရုတ်ဘဏ်များက ယခုလို ယာယီအားဖြင့်လက်ရှောင်ထားလိုက်ကြတာ ဖြစ်ပါတယ်။Bank of China Ltd. က ဆုံးရှုံးမယ့်အရေး အကဲဖြတ်ချက်အရ ရုရှားကုန်စည်များအတွက် ငွေကြေးပါဝင်မှုများကိုထိန်းချုပ်ထားပါတယ်။ ချေးငွေရယူသူများအနေဖြင့် ရုရှားနှင့် စပ်လျဉ်း၍ တိကျပြတ်သားတဲ့ လမ်းညွှန်ချက်များကို တရုတ်အစိုးရ ထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့အစည်းများထံမှ မရရှိကြသေးပေ။ တရုတ်ဘဏ်များရဲ့တုံ့ပြန်မှုဟာ ယာယီသာ ဖြစ်နိုင်ပါတယ်။ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍမှာ ဆက်နွှယ်မှုများ ရှိနေပါတယ်။၂၀၁၉ မှာ ဆိုက်ဘေးရီးယားပိုက်လိုင်းဖြင့်ရုရှားမှ တရုတ်သို့ သဘာဝငွေ့ရည် liquefied natural gas (LNG) ပေးပို့မှု စတင်ခဲ့ပါတယ်။ ၂၀၂၁ မှာ ကုဗ‌ပေ ၁၆.၅ ဘီလျံတင်ပို့ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ရုရှားသမ္မတပူတင် တရုတ်ပြည်သို့ လာရောက်ခဲ့ပြီးနောက် ရုရှားမှ တရုတ်ဩိ့ ရေနံနှင့် ဓာတ်ငွေ့များ တင်ပို့ရန် ၁၀နှစ်သက်တမ်းရှိသည့် သဘောတူညီချက် ရရှိခဲ့ကြပါတယ်။


အမေရိကန်ဒေါ်လာ ၁၁၇.၅ ဘီလျံဖိုး တင်ပို့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုတွင် ရုရှားရေနံစိမ်းသည် ဒုတိယအများဆုံး ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးဘဏ်များဖြစ်တဲ့China Development Bank နှင့် Export-Import Bank of China တို့က BRI (Belt-and-Road Initiative) ခေါင်းစဉ်အောက်မှာ အခြေခံအဆောက်အအုံမှ ရေနံဓာတ်ငွေ့အထိ ချေးငွေအမျိုးမျိုးထုတ်ချေးပေးထားတာ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ဆယ်ဂဏန်း ရှိပါတယ်။ICBC, Bank of China, Agricultural Bank of China Ltd., China Construction Bank Corp. တို့ ရုရှားနိုင်ငံမှာ ဘဏ်ခွဲများ ထားရှိလုပ်ကိုင်လျက် ရှိပါတယ်။ ၎င်းတရုတ်ဘဏ်များက ဒေါ်လာနှင့်တကွအခြားနိုင်ငံသုံးငွေဖြင့် ဝန်ဆောင်မှုများ ပေးအပ်တဲ့အပြင် ယွမ်ငွေသုံးစွဲတဲ့ ဝန်ဆောင်မှုများလည်း ပေးအပ်ပါတယ်။ အပ်ငွေများ၊ ချေးငွေများ၊နယ်စပ်ဖြတ်ကျော် ပေးချေမှုများ၊ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများ အစရှိတဲ့ဝန်ဆောင်မှု အမျိုးမျိုး ပေးအပ်ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် တရုတ်ပို့ကုန်များအတွက် ဒေါ်လာကြီးစိုးတဲ့ နိင်ငံတကာငွေကြေးစနစ်ကို ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ အမေရိကန်က အီရန်နှင့် မြောက်ကိုရီးယားတို့ကိုပိတ်ဆို့အရေးယူမှုမှာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ဘဏ်ကြီး လေးခု ပါဝင်ခဲ့ကြပါတယ်။ ယုတ်စွအဆုံး ဟောင်ကောင်မှထိပ်တန်း တာဝန်ရှိသူများကို အမေရိကန်က ပိတ်ဆို့ အရေးယူတာမှာလည်း ပါဝင်ခဲ့ကြပါတယ်။ အ‌မေရိကန်ဒေါ်လာဖြင့် ငွေရှင်းတဲ့စနစ်ထဲ လုပ်ကိုင်ခွင့် ရနေဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်။တရုတ်ဘဏ်များအနေဖြင့်အမေရိကန်ဒေါ်လာအရ ပိတ်ဆို့အရေးယူမှုများမှာ ပါဝင်ပြီး ယွမ်ငွေဖြင့် ဝန်ဆောင်မှုများကိုတော့ ပိုနေမြဲ ကျားနေမြဲ ဆက်လက်ထားရှိမယ်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ်ကြပါတယ်။

credit to writer


ဆက်ဖတ်ရန် →

ကုလ နှစ်စဉ်ကြေး NUG ထည့်ဝင်ရဖို့ရှိ

​



ကုလသမဂ္ဂ ဆိုင်ရာ အမျိုးသား ညီညွတ်ရေး အစိုးရ ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ဖေဖေါ်ဝါရီ ၂၈ ရက် နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ပြုလုပ်သည့် အထွေထွေ ညီလာခံကြီးတွင် မြန်မာပြည်သူ တရပ်လုံး၏ ဆန္ဒကို ကိုယ်စားပြုပြီး ယူကရိန်း အား ရုရှား၏ ကျူးကျော်မှုကို ရှုတ်ချကြောင်း အဆိုကို ထောက်ခံ အတည်ပြု မဲထည့်ခဲ့ကြောင်း ကမ္ဘာမီဒီယာများ မှ သီးခြား သတင်း တရပ် အဖြစ် ဖေါ်ပြလာခဲ့ကြသည်။


စစ်ကောင်စီ သံအမတ်ဆိုက အာဏာသိမ်း အဖွဲ့၏ အလို အတိုင်း ကန့်ကွက်မဲ ထည့်မည်က ယုံမှား သံသယ ရှိစရာ ပင် မလိုပေ၊ ထိုအချက်တချက်တည်းနှင့်ပင် ပြည်သူများ အား ကိုယ်စားပြုခြင်း မရှိသည်က ထင်ရှားနေပေသည်။


စစ်ကောင်စီ သည် ကမ္ဘာပေါ်တွင် လတ်တလော ကျရောက်နေသည့် အန္တရာယ်ကြီးကို သတိမူရမှန်း မသိပဲ ရုရှားအပေါ် တရုတ်တို့ သဘောထားကို သံယောင်လိုက်ကာ မျက်စိမှိတ်ထောက်ခံနေသော်လည်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးကမူ "အင်အားကြီးသူတို့၏ လုပ်ရပ်တိုင်း မှန်သည်ဟု လက်ခံသော ကမ္ဘာစနစ်ကြီး" ပေါ်ထွန်းလာမည်ဆိုက နိုင်ငံငယ်များ၏ လုံခြုံရေး နှင့် ရှင်သန် ရပ်တည်ရေးကို အန္တရာယ်ပြုလာနိုင်သည်ဟု ပါလီမန်တွင် ထုတ်ဖေါ် ပြောဆိုလိုက်ပြီး မိမိတို့ ဘဏ်များမှ ရုရှားအား ပိတ်ဆို့ ဒဏ်ခတ်သွားမည်ဟု အစိုးရကောင်း ပီသစွာ ပြုမူလာခဲ့ပြီ ဖြစ်သည်။


ယင်းနှင့် စပ်လျှင်း၍ အတွေး ဝင်လာခဲ့ရသည်က သံအမတ်ကြီး ဦးကျော်မိုးထွန်း ထိုသို့ မဲပေးခွင့်ရရန် မြန်မာမှ ကုလသမဂ္ဂ ဘတ်ဂျက်သို့ နှစ်စဉ်ထည့်ဝင်ကြေး ပေးရန် လိုအပ်လာနေပြီလား ဆိုသည်ပင်။


ကုလ စာရင်းဇယားများအရ ၂၀၂၀ အတွက် မြန်မာမှ ထည့်ဝင်ရန် သတ်မှတ်ပေးထားသော  ၂၈၀,၅၃၄ ဒေါ်လာ အား ထည့်ဝင်ပြီး ဖြစ်သည်။ ၂၀၂၁ အတွက်ထည့်ဝင်ပြီး စာရင်းတွင် တော့ မတွေ့ရသေးပေ။


အာဏာသိမ်း အဖွဲ့ကတော့ ဒေါ်လာ သုံးသိန်း နီးပါးရှိသော နှစ်စဉ်ကြေးကို ထည့်ပေးတော့မည် မဟုတ်ပေ။


ကုလသမဂ္ဂသည် မြန်မာ အရေးအား လောလောဆယ် ချွင်းခြက်ပေးထားရန် ရှိမရှိကိုမူ မသိရသေးပေ။


သို့မဟုတ်ပါက NUG အနေဖြင့် သီးခြား ခေါင်းစဉ်တခု ဖြင့် ရံပုံငွေ ကောက်ခံရန် လိုအပ်လာနေပြီ ဖြစ်သည်။


နိုင်ငံ အလိုက် ထည့်ဝင်ငွေကို နိုင်ငံ၏ ဓန အင်အား ပေါ် မူတည်၍ သတ်မှတ်ပေးထားခြင်းလည်း ဖြစ်သည်။ စင်္ကာပူ နိုင်ငံငယ်လေးသည် ဒေါ်လာ ၁၄ သန်းကျော်၊ ထိုင်းက ၈ သန်းကျော် ပေးရသည်၊ 


လက်ရှိတွင် ကုလသမဂ္ဂသည် ရုရှား၏ မဟာမိတ်လည်း ဖြစ်သော ဗင်နီဇွဲလားအား နှစ်စဉ်ကြေး ထည့်ဝင်ရန် နှစ်ပေါင်းများစွာ ကြာအောင် ပျက်ကွက်နေ၍ မဲပေးခွင့် ရပ်ဆိုင်းထားသည်ဟုလည်း သိရသည်။


ရေနံတင်ပို့ ရောင်းချသော နိုင်ငံများ အဖွဲ့ အိုပက်တွင် ပါဝင်နေပြီး ဝင်ငွေ အကောင်းဆုံးနှင့် ယခင်က တောင်အမေရိက တွင် နံပတ်တစ် ချမ်းသာ အကြွယ်ဝဆုံး ဖြစ်ခဲ့သော ဗင်နီဇွဲလားသည် နှစ်ပေါင်းများစွာ အာဏာရှင်လက်အောက်တွင် နေလာခဲ့ရသည့် အတွက် ယခုအခါ ဖြူကာပြာကာ ကျနေပြီး ကုလသမဂ္ဂကိုပင် နှစ်စဉ်ကြေး မပေးနိုင်တော့သည့် ဘဝ ရောက်နေရပြီ ဖြစ်သည်။


မြန်မာလည်း ဗင်နီဇွဲလား လို အချမ်းသာဆုံး နိုင်ငံ မဖြစ်ခဲ့သော်လည်း စစ်အာဏာရှင်တို့၏ အချုပ်အခြာအာဏာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စသည့် စကားများအောက်တွင် နှစ်ပေါင်းများစွာ လူချင်းတူတူ သူချင်းမျှမျှမနေနိုင်ခဲ့ကြပေ။


၎င်းတို့၏ ဝါဒဖြန့်ချီရေး ယန္တယားကြီးမှ NLD အစိုးရ လက်အောက်တွင် ပြည်ပချေးငွေများ အားကိုးခဲ့၍ စီးပွားရေး မဖွံ့ဖြိုးတော့ဟု အမြုပ်ထွက်အောင် ပြောနေသော်လည်း ၎င်းတို့လက်ထက် တွင် တိုးတက်ဖို့ နေနေသာသာ လက်ရှိ အဆင့်အတန်းမှ ဇောက်ထိုးမိုးမျှော် ထိုးဆင်းသွားသည်ကို အနီးစပ်ဆုံး သက်သေပြနေသည်က ရန်ကုန်မြို့ကြီး တနေ့လျှင် ငါးနာရီကျော်မျှ အမှောင်ကျနေခြင်းပင် ဖြစ်သည်။


အလုပ်အကိုင်များ ခက်ခဲလာပြီးမြို့နေလူတန်းစားတို့ အထွေထွေ အကျပ်အတည်းကြီးနှင့် ကြုံကြိုက်လာနေပြီကို ကောင်းစွာ ရိပ်စားမိသော အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ တနှစ်ကျော်မျှ မတရား ဖမ်းဆီးထားသော နာမည်ကြီး အနုပညာရှင် ငါးဦးအား ပြန်လွှတ်ပေးလိုက်ပြီး လူထု အာရုံကို လှည့်ဖျားရန် နှင့် ၎င်းတို့ အပေါ် တိမ်းညွတ်လာစေရန် ကြံစည်လာပြန်သည်။


၎င်းတို့ လွှတ်ချင်ပါက အမှု ရုပ်သိမ်းသည်၊ မလွှတ်ချင်က တရားရုံး၏ စီရင်ချက် မကျသေး ဟု အမျိုးမျိုး လှည့်ဖျား ပြောဆိုနေကြသူများလည်း ဖြစ်သည်။


မြို့နေ လူတန်းစားများ အပေါ်charm offensive ဆင်နွဲ နေသောလည်း ကချင်၊ ကယား နှင့် ကရင် ပြည်နယ်များတွင်တော့ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေသည် သတင်းများ ထွက်ပေါ်နေပြီ ဖြစ်သည်။ ထိုမျှသာ မကသေး အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်လာကြသူများ ထဲတွင် ပလက်ဝ၊ မင်းတပ် နှင့် ကန်ပက်လက် ဒေသမှ ပြည်သူများ စားနပ်ရိက္ခာ ပြတ်လတ်နေသည့် အဖြစ်နှင့် ရင်ဆိုင်နေရပြီ ဆိုသည့် သတင်းများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။


မိမိတို့ဖက်မှ ပြည်နယ်တခုစီတွင် အနည်းဆုံး ပခုံးထမ်း မြေပြင်မှ ဝေဟင်ပြစ် Stinger ဒုံးလက်နက် တခုစီ လောက် ရအောင် ဦးစားပေး စီမံပေးနိုင်လျှင် ကောင်းလေစွ ဟု တွေးမိသည်။


Stinger သည် ဆိုဗီယက်တို့ အာဖဂန်နစ္စတန် အား ဝင်ရောက် သိမ်းပိုက်ထားမှု ကို အမြန်ဆုံး အဆုံးသတ်သွားရေး တွင် အဓိက နေရာမှ ပါဝင်ခဲ့သည့် အစွမ်းထက်သော လက်နက်လည်း ဖြစ်ပေသည်။


စစ်ကောင်စီ ၏ ဝင်ငွေရရာ ရကြောင်း လမ်းပေါက်များသည်လည်း ရေနံ ကုမ္ပဏီကြီးများ အလုအယက် ထွက်ခွာနေမှုကြောင့် တဖြေးဖြေး ‌လျော့နည်း ကျဆင်းလာနေရပြီ ဖြစ်သည်။ ရန်ကုန်ရှိ စီးပွားရေး သုတေသီ တဦးကမူ ထွက်သွားသော ကုမ္ပဏီများ နေရာတွင် ဝင်ရောက်လုပ်ကိုင်မည့် ကုမ္ပဏီ ကြီးများနှင့် ဆွေးနွေးလျက် ရှိသည်ဟု စစ်ကောင်စီ မှ သူ့လူများ စိတ်ဓါတ်မကျအောင်သာ ပြောနေရသော်လည်း ထိုကုမ္ပဏီများ ဝင်ရောက်ပြီး ယခင်အတိုင်း ဆက်လုပ်သွားဖို့ က နှစ်ရှည်လများ ကြာဦးမည်ဟု RFA အား ပြောပြခဲ့သည်။


ယူကရိန်းသည် ပြည်ပမှ ကျူးကျော် ခံရခြင်း ဖြစ်ပြီး မြန်မာတို့ အဖို့က ပြည်တွင်းရှိ စစ်ကောင်စီ သစ္စာခံ တပ်များ၏ နိုင်ငံအား သိမ်းပိုက်ထားခြင်းကို ခံနေရဆဲ ဖြစ်သည်။ သို့သော် ရုရှား-ယူကရိန်း အရေးအား အမှုမဲ့ အမှတ်မဲ့ နေ၍ကား မဖြစ်၊ ပူတင် ကျဆုံးခန်းသည် စစ်အာဏာရှင်တို့ ကျဆုံးမည့် အရေး နှင့် ဆက်စပ်နေသောကြောင့်ပင်။


ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

(လှစိုးဝေ)

(ပုံတွင် ဖေဖေါ်ဝါရီ နောက်ဆုံးပတ် အတွင်း ပူတာအို ရှိ စစ်‌ ပြေးရှောင် ကချင် တိုင်းရင်းသား များ အား တွေ့နိုင်ပေသည်။ ဓါတ်ပုံ -ဧရာဝတီ)


ဆက်ဖတ်ရန် →

မြန်မာ‌တွေ ရုရှားမကောင်းကြောင်း မရေးရန် ကရင်မလင်သံရုံးသတိပေး

​



ဗလာဒီမာပူတင်ဟာ ယူကရိန်းကိုကျူးကျော်တာမဟုတ်ကြောင်းနဲ့ လုံလောက်မှုမရှိတဲ့ သတင်းအချက်အလက်များပေါ် အခြေခံပြီး မြန်မာသတင်းမီဒီယာများမှ ဆောင်းပါးအများအပြား ရေးသားနေတယ်လို့ ကရင်မလင်ရဲ့ ရန်ကုန် ရုရှားသံရုံးက ဒီကနေ့ ထုတ်ပြန် သတိပေးလိုက်ပါတယ်။ 


ပူတင်ရဲ့စစ်တပ်ဟာ အရပ်သားများနဲ့မြို့များကို တိုက်ခိုက်ခြင်းမပြုဘူးလို့လည်း သံရုံးက ငြင်းဆိုထားပါတယ်။ ပူတင်ရဲ့စစ်တပ်ဟာ တားမြစ်လက်နက်များနဲ့ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးမပြုဘူးလို့ဆိုပြီး စစ်သုံ့ပန်းများကို အမြင့်ဆုံးလေးစားမှုဖြင့် ဆက်ဆံတယ်လို့ ရေးသားထားပါတယ်။


https://www.facebook.com/1513612285565484/posts/3211798839080145/


MK@


မြန်မာပြည်သူကိုရုရှားလက်အောက်ခံထင်နေသလား ငပူတင်းမင်းဘောငုံနေတဲ့မအလအဖွဲ့ကိုဘဲမင်းပြောလို့ရမယ်




ဆက်ဖတ်ရန် →

ကုလသမဂ္ဂ အ‌ရေးပေါ် အထွေထွေညီလာခံမှာ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကို ရှုံ့ချ

​ကုလသမဂ္ဂ အ‌ရေးပေါ် အထွေထွေညီလာခံမှာ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကို ရှုံ့ချပြီး တပ်တွေ ပြန်ရုပ်သိမ်းဖို့ အဆိုမဲခွဲရာမှာ စုစုပေါင်း ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃နိုင်ငံမှာ ၁၄၁ နိုင်ငံက ထောက်ခံ၊ ၃၅ နိုင်ငံက ကြားနေပြီး ၅ နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။ ကန့်ကွက်တဲ့ နိုင်ငံတွေကတော့ ရုရှား၊ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ အီရစ်ထရီးယားနဲ့ ဆီးရီးယားတို့ ဖြစ်တယ်လို့သိရတယ်။ တရုတ်ကတော့ကြားနေခဲ့တာတွေ့ ရပါတယ်။ မြန်မာ စစ်ကောင်စီက ရုရှားကို ထောက်ခံတယ်လို့ သတင်းမီဒီယာတွေမှာ ပြောကြားနေပေမယ့် အခုညီလာခံ ကို စစ်ကောင်စီက ကိုယ်စားပြုခွင့်မရှိဘဲ ဦးကျော်မိုးထွန်းက ပဲ မြန်မာပြည်ကို ကိုယ်စားပြုတက်ရောက်ခွင့်ရပြီး သတင်း တွေအရတော့ ဦးကျော်မိုးထွန်းဟာ မြန်မာပြည်ကိုယ်စားပြု ပြီး အဆိုကို ထောက်ခံကြောင်း မဲပေးခဲ့တယ်လို့ ဆိုကြပါ တယ်။


ဒါပေမဲ့ ကုလအထွေထွေညီလာခံရဲ့ မဲခွဲဆုံးဖြတ်ချက်ဟာ လိုက်ကို လိုက်နာရမယ်ဆိုတဲ့ binding resolution မဟုတ် တဲ့အတွက် ထိရောက်မှုတော့ ရှိနိုင်မှာ မဟုတ်ဘဲ နိုင်ငံရေး ဖိအားပဲ ဖြစ်နိုင်ပါလိမ့်မယ်။


ပြီးခဲ့တဲ့ ၂၀၂၁၊ ဇွန်လတုန်းက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်မှုလုပ်ခဲ့ပါ သေးတယ်။ အဲ့တုန်းကတော့ စစ်ကောင်စီအနေနဲ့ပြည်သူတွေကို သတ်ဖြတ်ဖိ နှိပ်နေတာတွေကို ရပ်တန့်ဖို့၊ မြန်မာနိုင်ငံ ကို လက်နက်တင်သွင်းမှုတွေ ပိတ်ဆို့ဖို့စတဲ့ အချက်တွေပါ ဝင်ပါတယ်။ အဲ့ဒီတုန်းကလည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၉၁ နိုင်ငံမှာ ၁၁၉ နိုင်ငံက အဆိုကို ထောက်ခံခဲ့ပြီး ၃၆ နိုင်ငံက ကြားနေကာ၊ ၃၇ နိုင်ငံက မဲမပေးခဲ့ဘဲ ဘယ်လာ ရုစ်တနိုင်ငံတည်းကကန့်ကွက်ခဲ့တာပါ။ အဲ့ဒီအဆိုဟာလည်း legally binding မဟုတ်ခဲ့ပါဘူး။

ကိုရဲ 🇺🇸



ဆက်ဖတ်ရန် →

ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နွား ၁၅ ကောင်ကိုပါ ပစ်သတ် မီးရှို့ဖျက်ဆီးခဲ့သော သပြေအေးရွာ

​စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နွား ၁၅ ကောင်ကိုပါ ပစ်သတ်  မီးရှို့ဖျက်ဆီးခဲ့သော သပြေအေးရွာ မြင်ကွင်းများ၊  မိုးကောင်းရွာကိုလည်း စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးနေ 


ရန်ကုန်၊ မတ် ၂ ခေတ်သစ်မီဒီယာ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် Mi 35 ရဟတ်ယာဉ် ၂စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် အလုံး ၅ဝနှင့် နွား ၁၅ကောင်ကို မီးရှို့သတ်ဖြတ် ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၁ ဦးလည်း ပစ်သတ်ခံရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ 


 အကြမ်းဖက် စစ်ကောင်စီ၏ Mi 35 ရဟတ်ယာဉ်သည် ကျေးရွာ အတွင်းသို့ ပစ်ခတ်ပြီးနောက် လူတင် ရဟတ်ယာဉ် ၂စီးဖြင့် ကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ချပေးခဲ့ကြောင်း၊ ယင်း စစ်သားများက ရွာကို မီးရှို့ပြီး နွားများကိုပါ သတ်ဖြတ်ခဲ့ကာ ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    



လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် သပြေအေးကျေးရွာနှင့် နှစ်မိုင်အကွာရှိ မိုးကောင်းကျေးရွာဘက်သို့ ယနေ့ မတ်လ ၂ရက်နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိနေကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးလျက် ရှိကြောင်း သိရသည်။


Photo - ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

ဆက်ဖတ်ရန် →