နောက်ဆုံးရ

ကျမလည်း ဒီအမှု လာတိုင်လို့ လိုက်နေတာကြာပါပြီ။

​ကျမကိုလည်း ကာယကံရှင်တွေ က ဒီအမှု လာတိုင်လို့ လိုက်နေတာကြာပါပြီ။ ကိုယ်နဲ့နီးစပ်တဲ့ fundraiser တွေကိုတော့ မလှူဖို့ပြောထားပါတယ်။


Edit အမှု က စစ်ဆေးဆဲ ကာလဖြစ်လို့ တင်ထားရတာပါ။ စုံစမ်းစစ်ဆေးမှုပြီးလို့ အမှုမှန်ပေါ်ပေါက်သွားရင်တော့ ပြန်အားပေးနိုင်ပါတယ်……

အိသဉ္ဇာမောင်


ဆက်ဖတ်ရန် →

မလုပ်ရဲဘူး မထင်နဲ့ ဆိုပြီး အ​မေရိကန် နဲ့​ နေတိုးကို ထဖြဲ

​ပူတင်း ​တစ်​ယောက်​တော့

ကိုယ့်​ ဒေါသနဲ့ ကိုယ် 

ဖြစ်​နေရပါပြီ။


မလုပ်ရဲဘူး မထင်နဲ့ ဆိုပြီး

အ​မေရိကန် နဲ့​ နေတိုးကို ထဖြဲ

ပြီး ယူကရိန်းကို ဝင်သိမ်းလိုက်တာ ခု​တော့ ဟပြဲကြီး ဖြစ်​နေရပါပြီ။


အ​မေရိကန်နဲ့ EU က စစ်ပွဲထဲ

ဝင်မတိုးပဲ ရုရှဘဏ်​တွေကို

​ငွေလွှဲ​ငွေထုတ်လို့မရအောင်

SWIFT  Code စနစ်ကို အသုံးပြုလို့မရ​အောင် ပိတ်ပစ်လိုက်ပြီး

ရုရှ ရဲ့စီးပွား​ရေးကို ဖြိုလှဲဖို့လုပ်လိုက်ပါပြီ။


တဖက်ကလည်း ရုရှ​တွေ စစ်ပွဲမှာ အကြပ်​​တွေ့ဖို့ စစ်လက်နက်ပစ္စည်း​တွေ 

ဝိုင်း​ထောက်ပံ့​နေပါတယ်


ရုရှ အ​နေနဲ့ ​ရေနံသံယံဇာတ 

ဖင်ခုထိုင်ထားလို့ 'စီးပွား​ရေးပိတ်ဆို့တာ တို့မမှုပါ' လုပ်လို့မရ​တော့ပါဘူး


​ငွေလွှဲ​ငွေထုတ်လို့မရရင် အဓိက

အ​မေရိကန်၊

EU နိုင်ငံ​တွေနဲ့ ကုန်သွယ်မှု​တွေအားလုံး ရပ်သွားမှာပါ  


အကျိုးဆက်ကတော့ ရုရှနဲ့ကုန်သွယ်​နေတဲ့ EUနိုင်ငံ​တွေလည်း ခံစားရမှာပါ ဒါ​ပေမဲ့ အများနဲ့တ​ယောက်မို့ အထိနာမှာက ရုရှ ပါပဲ။


ရုရှား ရူဘယ်​ငွေတန်ဘိုး​တွေကျဆင်းသွားပြီး ဘဏ်​တွေလည်း ယိုင်လဲသွားနိုင်ပါတယ်

ရုရှဘဏ်​တွေမှာ ​ငွေ​တွေပြန်ထုတ်​နေကြပါပြီ

ရုရှ ရဲ့ အစုရှယ်ယာ​​စျေး​တွေ ထိုးကျ​နေပါပြီ


ရုရှရဲ့​ရေနံတင်ပို့မှုက 

EUနိုင်ငံ​တွေက အများစုပါ

တရုတ်ကလည်း တစ်​နိုင်ငံတည်း ထိုင်ဖြုံး​ပေးဖို့ မလွယ်ပါဘူး


စစ်ပွဲကို အပြတ်မဖြတ်နိုင်ဘဲ

ကြာလာ​လေ စီးပွား​ရေး

အခက်​တွေ့​လေ ရုရှားပြည်သူ​တွေရဲ့ ဆန့်ကျင်မှု ဖိအားများလာ​​​လေ

ဖြစ်လာမှာပါ


အဖြဲလွန်သွားတဲ့ ပူတင် 

သူ့ဇာတ်ကိုနိုင်​အောင် ဘယ်လို ဆက် က မလဲ 

​စောင့်ကြည့်ရပါ​တော့မယ်


ရှက်ရမ်းရမ်းပြီး 

နြူကလီးယား နဲ့ ထပ်ဖြဲပြရင်​တော့ ကမ္ဘာက ဘယ်လိုတုံ့ပြန်ကြမလဲ ​စောင့်ကြည့်ရပါ​တော့မယ်


ပူတင် ရမ်းတဲ့ အကျိုးဆက်က

မြန်မာပြည်လည်း 

စတင် ခံစား​နေရပါပြီ။


TunTunOo

ဆက်ဖတ်ရန် →

Finlandization ဆိုတဲ့ ဝေါ ဟာရ

​၁၉၃၉ မှာ ရုရှားဟာဖင်လန်ကိုဝင်တိုက်တယ်။ ဆောင်းရာသီ စစ်ပွဲလို့လူသိများတယ်။ အလွယ်ကလေးနဲ့ ဖင်လန်ကို သိမ်းလို့ရမယ်လို့ မျှော်လင်ခဲ့ပေမယ့် ထင်သလောက် မလွယ်ခဲ့ဘဲ ရုရှားတို့ဘက်က အတော်လေး ပျက်ဆီးဆုံးရှုံးမှုတွေ ကြုံခဲ့ရတယ်။ နောက် သုံးလ‌ခွဲလောက်ကြာတော့ မော်စကိုငြိမ်းချမ်း ရေးစာချုပ်နဲ့ စစ်ရပ်စဲနိုင်ခဲ့တယ်။


အဲ့ဒီနောက်ပိုင်း ဖင်လန်နိုင်ငံရေးသမားတွေကြားထဲမှာသူတို့ နိုင်ငံရဲ့ပထဝီမဟာဗျူဟာ တည်ရှိမှုနဲ့ပတ်သက်ပြီး အတော် လေး စဉ်းစားလာခဲ့တယ်။ ဖင်လန်နိုင်ငံဟာ ဆိုဗီယက် ရုရှားလို မဟာအင်အားကြီးနိုင်ငံဘေးမှာ တည်ရှိနေတဲ့အတွက် အဲ့ ဒီ အင်အားကြီးနိုင်ငံရဲ့ခြိမ်းခြောက်မှုက အမြဲရှိနေတယ်။ အဲ့ ဒီအတွက် ဒီခြိမ်းခြောက်မှုနဲ့နေထိုင်ရင်း သူ့နိုင်ငံရဲ့ အချုပ် အခြာအာဏာ မဆုံးရှုံးရအောင် နည်းလမ်းပေါင်းစုံနဲ့ ပါးပါး နပ်နပ်တည်ဆောက်ခဲ့ကြတယ်။


Jared Diamond ကတော့ သူ့ရဲ့ Upheaval ဆိုတဲ့ စာအုပ်မှာ ဖင်လန်ခေါင်းဆောင်တွေ ရုရှားခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့ ဘယ်လိုမျိုး ပါးပါးနပ်နပ်နဲ့ နိုင်ငံကို တည်ဆောက်ခဲ့ကြသလဲ ဆိုတာကို လေ့လာပြခဲ့တယ်။ အဓိကက နိုင်ငံကို နိုင်ငံရေး ကိုယ်ခံအားကောင်းအောင်တည်ဆောက်ခဲ့တယ်။ နိုင်ငံသား တွေရဲ့ စိတ်ထဲမှာ ဒါတို့ပြေ၊ ဒါတို့မြေဆိုတဲ့ သိမှုအားကောင်း လာအောင် Nation building ဖြစ်စဉ်ကို ခိုင်ခိုင်မာမာ တည် ဆောက်ခဲ့တယ်။


တဖက်ကလည်း နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေ၊ ပညာ ရေးနဲ့ စက်မှုလုပ်ငန်းတွေကို တိုးတက်ခိုင်မာအောင် တည် ဆောက်ခဲ့ကြတယ်။ အဲ့ဒီလို တည်ဆောက်ရင်းနဲ့ စစ်အေး ခေတ်ကာလထဲမှာ ရုရှားနဲ့အနောက်အုပ်စုကြားနှစ်ဖက်စလုံး မငြိုငြင်ဘဲ နှစ်ဖက်စလုံးနဲ့ အဆင်ပြေအောင် ပါးပါးနပ်နပ် နေခဲ့ရတယ်။ ဘယ်လောက်ထိ နေခဲ့ရသလဲဆိုတော့ ဖင်လန် ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ပေမယ့် ဆိုဗီယက်အ လိုကျနေနေရတော့အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံဟာ  ကိုယ့်မူဝါဒကိုယ့်ဘာသာလွတ်လွတ်လပ်လပ် မဖော်ဆောင် နိုင်ဘဲ အင်အားကြီးနိုင်ငံရဲ့အလိုကျနေနေရတဲ့အခြေအနေ မျိုးဆိုရင် ဖင်လန်ကိုညွှန်းဆိုပြီး Finlandization ဆိုတဲ့ ဝေါ ဟာရ ပေါ်လာတဲ့အထိပဲ။


ဒါပေမဲ့ ဖင်လန်ဟာ ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံမဖြစ်ခဲ့ ဘူး။ ကိုယ့်အချုပ်အခြာအာဏာကို ကိုယ်ထိန်းနိုင်ခဲ့တယ်။ စစ်အေးကာလပြီးဆုံးတော့ လွတ်လပ်အမှီခိုကင်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင် ခဲ့တယ်။ ဒါဟာ ဖင်လန်နိုင်ငံရေးခေါင်းဆောင်တွေရဲ့အမျှော် အမြင်ကြီးမှုကြောင့်လို့ Jared Diamond က ချီးကျူးခဲ့တယ် 


ကျနော့်အမြင်ကတော့ ဖင်လန်နိုင်ငံဟာနိုင်ငံရေးကိုယ်ခံအား ကောင်းလို့ ဒီစိန်ခေါ်မှုကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တာ လို့မြင်တယ်။ နိုင်ငံရေး ကိုယ်ခံအားကောင်းဖို့အတွက် နိုင်ငံ တော်နဲ့ လူ့အဖွဲ့အစည်းအကြား အကြားအလပ်မရှိ‌ တပေါင်း တစည်းတည်းဖြစ်အောင် ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့တဲ့ နိုင်ငံတော်တည်ဆောက်ရေးဖြစ်စဉ်၊ ပြည်သူတွေကြားထဲမှာ လည်း ဒီနိုင်ငံ ဟာ ငါတို့နိုင်ငံ၊ ငါတို့ပြည်၊ ငါတို့မြေဆိုတဲ့ အသိစိတ်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့တဲ့ Nation- building ဖြစ်စဉ်တွေက အရေးကြီးတယ်လို့မြင်တယ်။


အခု ယူကရိန်းလဲ ရုရှား ကျူးကျော်စစ်ကို ရင်ဆိုင်ရာမှာ ရုရှားဩဇာခံနယ်တွေနဲ့ အက်ကြောင်းတွေရှိနေပေမယ့် နိုင်ငံ ရဲ့ အခြေခံနိုင်ငံရေးကိုယ်ခံအားကတော့ အတော်လေး အား ကောင်းတဲ့အတွက် ပြည်သူတွေကိုယ်တိုင် ရင်မြေကတုတ် လုပ်ပြီး ကျူးကျော်မှုကို ရင်ဆိုင်နေကြတာ တွေ့ရတယ်။ ဒါ ကြောင့် ပူတင်ကိုယ်တိုင်လည်း သူမမျှော်လင့်ထားတဲ့ ခုခံမှု ကို ရင်ဆိုင်ခဲ့ရတယ်။


အင်အားကြီးတိုင်းပြည်တွေကြားမှာ နေထိုင်ရတဲ့ နိုင်ငံငယ် တွေအနေနဲ့ ရပ်တည်ရှင်သန်နိုင်ဖို့အတွက် နိုင်ငံရေးကိုယ်ခံ အားကောင်းအောင်တည်‌ဆောက်နိုင်ဖို့အင်မတန်မှ အရေး ကြီးတယ်။ အဲ့ဒီလို အမျှော်အမြင်မျိုးမရှိဘဲ ကိုယ့်ပြည်သူကို ရန်သူပြန်လုပ်ပြီး သတ်ဖြတ်နေတဲ့သူတွေကြီးစိုးနေတဲ့ တိုင်း ပြည်မျိုးကတော့ ရေရှည်မှာ တိုင်းနိုင်ငံအနေနဲ့ ရပ်တည်ဖို့ တောင် ခက်မှာပဲ။

ကိုရဲ (USA)

ဆက်ဖတ်ရန် →

အကြမ်းဖက်စစ်ကောင်စီထံသို့ ယူကရိန်းက စစ်လက်နက်ရောင်းချ




အကြမ်းဖက်စစ်ကောင်စီထံသို့ ယူကရိန်းက  စစ်လက်နက်ရောင်းချမှုပိတ်ဆို့ရေးနှင့် ဒဏ်ခတ်ရေး Justice For Myanmar တောင်းဆိုဖူး


ရန်ကုန်၊ စက်တင်ဘာ ၁၀ 


မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီထံသို့ ယူကရိန်းက  စစ်လက်နက်ရောင်းချမှုပိတ်ဆို့ရေးနှင့် ဒဏ်ခတ်ပိတ်ဆို့ရေး Justice For Myanmar တောင်းဆိုလိုက်သည်။


ယူကရိန်းနိုင်ငံသည် တရားမဝင်အာဏာသိမ်းပြီး လူ အများအပြားသတ်ဖြတ်မှု၊ ဖမ်းဆီးမှုများနှင့် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ရှိနေလျက် ဖြင့်ပင် မြန်မာစစ်တပ်ထံသို့ စစ်လက်နက်များ ပံ့ပိုးပေးအပ်မှုကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း၊ ယူကရိန်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ယခုချက်ချင်းစစ်လက်နက်ရောင်းချမှုပို့ဆို့ရေးကို ပြဌာန်း လုပ်ဆောင်ရန်နှင့် မြန်မာစစ်တပ်နှင့် ဆက်နွယ်မှုများကို ဖြတ်တောက်ရန် Justice For Myanmar က တောင်းဆိုကြောင်း စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။


ယူကရိန်းနိုင်ငံသို့ စစ်ဘက်အကူအညီပေးသူများ၊ အထူးသဖြင့် အမေရိကန်ပြည် ထောင်စု၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့် စံနှုန်းများကို ယူကရိန်း နိုင်ငံအား လိုက်နာစေရေး ၎င်းတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုရန် Justice For Myanmar က တောင်းဆိုသည်။


ပို့ကုန်မှတ်တမ်းများနှင့် မကြာခင်ကပေါက်ကြားလာသည့် စာရွက်စာတမ်းများကို အသုံးပြုထား သည့် Justice For Myanmar ၏ လေ့လာမှုတစ်ခုတွင် ၂၀၁၅ ခုနှစ်မှစ၍ လေယာဉ်များ၊ သင်္ဘော များ၊ တင့်ကားအစိတ်အပိုင်းများကို တင်ပို့ခဲ့ကြောင်း သိရှိရသည်။


 လေကြောင်း ထောက်လှမ်းရေး ရေဒါများကိုလည်း မြန်မာစစ်တပ်နှင့် ပုဂ္ဂလိကမြန်မာစစ်လက်နက်ပွဲစားများထံ ပေးပို့ခဲ့ကြောင်း၊  လက်တလော အနီးကပ်ဆုံး ကာလအတွင်း ယူကရိန်းကုမ္ပဏီ Motor Sich မှ မြန်မာစစ်တပ်၏ ဝယ်ယူရေးဌာနသို့ တာဘိုင်အင်ဂျင်အစိတ်အပိုင်းများ ပေးပို့ခဲ့ကြောင်း အဆိုပါ ပစ္စည်း များကို ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့ကပေးပို့ခဲ့ပြီး မြန်မာ့လေတပ်က တိုင်းရင်းသားဒေသများ အပေါ် လေကြောင်းမှ ရမ်းသမ်းပစ်ခတ်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည့် ကာလ ဖြစ်ကြောင်း သိရှိရသည်။


မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုဌာနနှင့်အတူ ယူကရိန်းနိုင်ငံပိုင် စစ်လက်နက် စီးပွားရေးလုပ်ငန်းစုများဖြစ်ကြသည့် Ukroboronprom နှင့် Ukrspecexport တို့ ပါဝင်နေသည့် BTR-4 စစ်သည်တင်သံချပ်ကာယာဉ်များ၊ MMT-40 အပေါ့စားတင့်ကားများနှင့် 2SIU ဟောင်ဝဇ္ဇာ များ ထုတ်လုပ်ရေး ပူးတွဲစီမံကိန်းသည် အထူးစိုးရိမ်ဖွယ်ကိစ္စရပ် ဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ စစ်လက်နက် ပစ္စည်းထုတ်လုပ်နိုင်စွမ်းကို အရှိန်မြင့်အားပေးမည့် အဆိုပါ စီမံကိန်းကို အထူး စိုးရိမ်ဖွယ်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါစစ်လက်နက်ပစ္စည်းများသည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို လောင်စာဖြည့်ပေးပြီး စစ်လက်နက်တင်ပို့ ရောင်းချမှုများမှတဆင့် မြန်မာစစ်တပ်အတွက် အနာဂတ်ဝင်ငွေရင်းမြစ်လည်း ဖြစ်သည်ဟု JFM ၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။


အဆိုပါလက်နက်ထုတ်လုပ်ရေးစက်ရုံအား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် နိုင်ငံ တကာအချက်အလက်ရှာဖွေရေးမစ်ရှင်က ၂၀၁၉ ခုနှစ်တွင် စာရင်းသွင်းဖော်ပြခဲ့ပြီး စစ်လက်နက်ပစ္စည်း ပံ့ပိုးမှု အရေးယူပိတ်ဆို့ရေးအတွက် အကြံပြုတိုက်တွန်းခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံသည် လက်ရှိအချိန် အထိ အဆိုပါမစ်ရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက် လျက်ရှိကြောင်း သိရှိရသည်။

 

Ukroboronprom နှင့် Ukrspecexport ကုမ္ပဏီတို့သည် မြန်မာစစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေး လုပ်ငန်း၊ ပူးတွဲစက်ရုံ၏ လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍ Justice For Myanmar ၏ မေးခွန်း များကို တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိကြောင်း၊ ယူကရိန်းနိုင်ငံသည် မြန်မာနိုင်ငံသို့ စစ်လက်နက်များ စီးဆင်းမှုရပ်တန့်ရေး ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၂၀၂၁ ခုနှစ် ဇွန်လ သဘောတူညီချက်ကို ထောက်ခံမဲပေးခဲ့ကြောင်း သိရှိရသည်။


သို့ရာတွင် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်မည် လားဟု Deutsche Welle ၏ မေးမြန်းမှုကို Ukroboronprom ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အနေဖြင့် ယူကရိန်းနိုင်ငံ၏ ဥပဒေနှင့် နိုင်ငံတကာတာဝန်ဝတ္တရားများနှင့်အညီ တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် စစ်လက်နက်ရောင်းချမှု ပို့ဆို့ရေးနှင့် ဒဏ်ခတ်ပို့ဆို့ အရေးယူရေးတို့ ပြဌာန်းထားမှု မရှိသည်ကို သိရှိရကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ယူကရိန်းနိုင်ငံက နိုင်ငံတကာ ဥပဒေတွေကို ဆန့်ကျင်ပြီး မြန်မာစစ်တပ်နဲ့ ၎င်းတို့ရဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးမှတဆင့် မြန်မာနိုင်ငံ အတွင်း ရက်စက်ယုတ်မာတဲ့ ရာဇဝတ်မှုတွေကို အားပေးထောက်ကူနေပြီး ယင်းရာဇဝတ်မှုတွေ ကနေ အကျိုးအမြတ် ရရှိနေပါတယ်။ ယူကရိန်းနိုင်ငံကို စစ်ဘက်ဆိုင်ရာအကူအညီပေးနေတဲ့ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့အနေနဲ့ ယူကရိန်နိုင်ငံရဲ့ နိုင်ငံတကာ ဥပဒေများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်မှု၊ မြန်မာပြည်သူများရဲ့ အသက်များအပေါ် စက်ဆုပ်ရွံရှာဖွယ် အလေးမထား လျစ်လျူရှုမှု များကို ရပ်တန့်ဖို့ ၎င်းတို့ရဲ့ ဩဇာအရှိန်အဝါကို မဖြစ်မနေ အသုံးပြုရပါမယ်။ စစ်ဘက်ဆိုင်ရာ အကူအညီများကို ယူကရိန်းနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းရောင်းဝယ်မှု ပိတ်ဆို့ရေး၊ ၎င်းတို့ရဲ့ ပူးတွဲစက်ရုံပိတ်သိမ်းရေးနဲ့ စစ်ဘက် ဆက်နွယ်မှုအားလုံး အဆုံးသတ်ရေး အခြေအနေအပေါ်  မူတည်ပြီး စဉ်းစားလုပ်ဆောင် သင့်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ စစ်လက်နက် ရောင်းချမှုများက စစ်လက်နက် ကုန်သွယ်မှုကနေ အကျိုးအမြတ်ရရှိနေတဲ့ လျှို့ဝှက်မြန်မာကုမ္ပဏီ အစုအဖွဲ့ကို လောင်စာဖြည့်ပေးနေပြီး မြန်မာစစ်တပ်ရဲ့ လက်ရှိကျူးလွန်နေတဲ့ ဆိုးယုတ်တဲ့ ရာဇဝတ်မှုတွေမှာ အသုံးပြုဖို့အတွက် စစ်လက်နက် ရရှိမှုကို အားပေးထောက်ကူလျက် ရှိပါတယ်။ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေတဲ့ လူပုဂ္ဂိုလ်များနဲ့ ကုမ္ပဏီများကို ချက်ချင်း ဒဏ်ခတ်ပို့ဆို့အရေးယူမှု မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပြီး ၎င်းလက်နက်ပွဲစားအချို့ ရပ်တည်လည်ပတ်နေတဲ့ စင်ကာပူနိုင်ငံ အပါအဝင် ကမ္ဘာ့ဈေးကွက်နဲ့ နိုင်ငံတကာ ငွေကြေးစနစ်များကို လက်လှမ်းမှီသုံးစွဲခွင့်ကို ငြင်းဆန် ရပါမယ်” ဟု ပြောကြားခဲ့သည်။


ယူကရိန်းနိုင်ငံအတွက် မြန်မာ့အကြီးဆုံးစစ်လက်နက်ပွဲစားသည် အောင်လှိုင်ဦးဖြစ်ပြီး ၎င်းကို ယူကရိန်း နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ချီးမြှင့်ထားကြောင်း၊ ယူကရိန်းနိုင်ငံ အနေဖြင့် ၎င်းအား အဆိုပါရာထူးမှ မဖြစ်မနေ ဖယ်ရှားရမည်ဖြစ်ကြောင်း သိရှိရသည်။ 


 Justice For Myanmar သည် မြန်မာစစ်တပ်အတွက် စစ်လက်နက်နှင့် ဆက်စပ် ပစ္စည်းများ ဝယ်ယူပေးမှုအတွက် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုလုပ်ဆောင်သင့်သည့် လူပုဂ္ဂိုလ် ၃၇ ဦးနှင့် ကုမ္ပဏီ ၁၃ ခုတို့အား ရှာဖွေမှတ်တမ်းပြုထားခဲ့ကြောင်း၊ အသေးစိတ် အချက်အလက်များကို ယခုနေရာရှိ Excel စာဖိုင်တစ်ခုတွင် သီးခြားစွာ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်


ဆက်ဖတ်ရန် →

သူရဲကောင်းဆန်ဆန်ဖြင့် တိုက်ခိုက်နေမှုများအတွက် ယူကရိန်းစစ်တပ်ကို ဂုဏ်ပြု

​တစ်ရက်ကျော်အတွင်း ရုရှား သံချပ်ကာစီးရေ ၅၀၀ ကျော် ဖျက်ဆီးလိုက်နိုင်ကြောင်း ယူကရိန်းဘက်က သတင်းထုတ်ပြန်


ယူကရိန်းနိုင်ငံသို့ ရုရှား၏ ကျူးကျော်တိုက်ခိုက်လာသည့် (၁)ရက်ကျော် ဖေဖော်ဝါရီ ၂၅)ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဝန်းကျင်အထိ ခန့်မှန်းခြေ ရုရှားစစ်သား (၂၈၀၀)သေဆုံးပြီး ရုရှားစစ်တပ်၏  သံချပ်ကာ (၅၀၀)ကျော်ကို  ဖျက်ဆီးနိုင်ခဲ့သည်ဟု ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီးက သတင်းထုတ်ပြန်ထားကြောင်း တာချီလိတ်သတင်းဌာနက ဖော်ပြသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စ၍ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဝန်းကျင်အထိ ကုန်းကြောင်း၊ လေကြောင်းဖြင့် ကျူးကျော်လာပြီး တိုက်ခိုက်လာသည့် ရုရှားစစ်တပ်၏ ခန့်မှန်းခြေ ရုရှားစစ်သား (၂,၈၀၀) သေဆုံးပြီး သံချပ်ကာ (၅၁၆)စီး၊ တင့်ကားအစီး (၈၀)၊ တိုက်လေယာဉ်(၁၀)စီး နှင့်  ရဟတ်ယာဉ် (၇)စီး ဖျက်ဆီးနိုင်ခဲ့သည်ဟု ဒုတိယကာကွယ်ရေးဝန်ကြီး ဟန်နာမာလီယာက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

လတ်တလောတွင် ဒုတိယကာကွယ်ရေးဝန်ကြီးက ရုရှားဘက်က သေဆုံးသူ နှင့် စက်လက်နက်ယန္တရား ပျက်စီးမှုများ၏ ခန့်မှန်းခြေကိုသာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယူကရိန်းဘက်က သေဆုံးထိခိုက်မှုကိုတော့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တစ်နေ့တည်း၌ သေဆုံးသူ (၁၃၇)ဦးနှင့် ဒဏ်ရာရရှိသူ (၃၁၆)ဦးစာရင်းသာ ထုတ်ပြန်ထားသေးသည်။

ယူကရိန်းဘက်သို့ ကျူးကျော် တိုက်ခိုက်လာသည့် စစ်လေယာဉ်နှင့်ရဟတ်ယာဉ်များကို ပစ်ချရာတွင် အချို့ လေယာဉ်များမှာ နေအိမ်များပေါ်သို့ ပျက်ကျသည့်အတွက် နေအိမ်မီးလောင်ပျက်စီးမှုများအထိ ဖြစ်ပေါ်ခဲ့ကြောင်း ယူကရိန်းမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ကျူးကျော်လာသည့် ရုရှားစစ်တပ်ဘက်က သေဆုံးသူများရှိသလို အရှင်ဖမ်းမိသူများကိုလည်း ယူကရိန်းစစ်တပ်က ထိန်းသိမ်းထားရှိသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

ရုရှားဘက်က ကုန်းကြောင်း၊ လေကြောင်းများဖြင့် အဆက်မပြတ် တိုက်ခိုက်လာမှုအပေါ် ယူကရိန်းစစ်သားများက  အနာဂတ်အတွက် တိုက်ပွဲဝင်နေပြီး သူရဲကောင်းဆန်ဆန်ဖြင့် တိုက်ခိုက်နေမှုများအတွက် ယူကရိန်းစစ်တပ်ကို ဂုဏ်ပြုကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆီ ရက်ဇ်နီးကော့ဗ်က သတင်းထုတ်ပြန်ထားသည်။

ဒီမိုနွေဦး


ဆက်ဖတ်ရန် →

တပ်ပြေး များပြားလာသည့်အပေါ် ငွေဖြင့် စတင်ကုစားနေရပြီ

​စစ်ကောင်စီ တပ်တွင်း ဗိုလ်ကြီးအဆင့်မှစ၍ တပ်မမှူးအဆင့်ထိ လစာထပ်တိုးပေးရန် နစက ဥက္ကဌ အရေးပေါ် ကြေငြာ


တပ်တွင်း ဒုဗိုလ်မှူးအဆင့်ရှိ အရာရှိကြီးများကအစ

ပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံ CDM ပြုလုပ်မှု တနေ့တခြား များပြားလာသည့်အပေါ် နစက ဥက္ကဌ ကိုယ်တိုင် ထိမ်းသိမ်းအမိန့်ပေးနိုင်မှု မရှိတော့သည့်အခြေအနေနှင့် တပ်တွင်း ခေါင်းဆောင်များ ဖရိုဖရဲ ပြိုကွဲလာနေမှုတို့အတွက် အရေးပေါ် အစီအစဥ်အဖြစ် အရာရှိလစာများတိုးမြှင့်ပေးပြီး တပ်ပြေး များပြားလာသည့်အပေါ် ငွေဖြင့် စတင်ကုစားနေရပြီဖြစ်သည်။


တပ်စခန်းများမှ ဗျူဟာမှူး၊ ဒုတိုင်းမှူးအဆင့်များကို နေပြည်တော် သို့အရေးပေါ်လာရောက်ကြရန် အမိန့်ထုတ်ပြန်မှုကြောင့် နေပြည်တော် အဝေးပြေးလမ်းမကြီးတွင် စစ်ကောင်စီ အရာရှိများ၏ ကားများအများအပြားသွားလာနေကြကြောင်းသိရသည်။


နစက ဥက္ကဌ မင်းအောင်လှိုင် သည် အခုနောက်ပိုင်း စစ်ကောင်စီ ခန့်အပ်ထားသော အရာရှိများနှင့်နေ့စဥ်လိုလိုတွေ့ဆုံမိန့်ခွန်းခြွေနေလေ့ရှိပြီး ပြောသော

စကားများသည် ဒီနေ့တမျိုးပြောပြီး နောက်တနေ့တွင်တမျိုးဖြစ်သွားပြန်သဖြင့် သူပြောစကားကို စာဖြင့်လိုက်လံရေးမှတ်သူအရာရှိအချို့မှ တီးတိုးဝေ ဖန်မှုများပြုလျှက်ရှိကြောင်းသိရသည်။


တပ်တွင်း သတင်းရင်းမြစ်ပေးပို့ချက်အရ ရာထူးအကြီးပိုင်းအများအပြား ပြည်သူဘက်သို့ ထပ်မံပူးပေါင်းရန်ရှိနေပြီး အခွင့်အရေးရသည်နှင့် ပြေးကြတော့မည်ဟုဆိုသည်။


တပ်တွင်းအခြေအနေပေးပို့သတင်း


ရဲဇော်

ဆက်ဖတ်ရန် →

ယူကရိန်းစစ် မြန်မာတော်လှန်ရေးအတွက် သက်ရောက်မှုရှိလာနိုင်

​၂၆ ဖေ ၂၀၂၂


ယူကရိန်းစစ်ဘယ်လောက်အတိုင်းအတာအထိကြီးမားလာနိုင်သလဲ။ မြန်မာတော်လှန်ရေးအတွက် ဘယ်လိုတွေသက်ရောက်မှုရှိလာနိုင်သလဲ။ 


ပင်လယ်၂စင်းကြားသဘောတရား


 ရုရှားရန်နဲ့ပတ်သက်လို့ ဥရောပမှာ ပင်လယ်၂စင်းကြားအတားအဆီး (Intermarium) ဆိုတဲ့ အယူအဆ တခုရှိတယ်။ အဲဒါက ပိုလန်ခေါင်းဆောင် စစ်သူကြီး ဂျိုးဇက်ပီဇူစကီ (Jozef Pilsudski) ကြံဆခဲ့တဲ့ စီမံကိန်းတခုပါ။ ပထမကမ္ဘာစစ်အပြီး ၁၉၂၀ခုနှစ်တွေမှာ စတင်တဲ့အယူအဆဖြစ်တယ်။ ဘောလ်တစ်ပင်လယ်နဲ့ ပင်လယ်နက်ကြားက နိုင်ငံတွေစုစည်းထားဖို့လို့ ဆိုလိုတာပါ။ ဒီနိုင်ငံတွေဟာ နယ်မြေပထဝီဝင်အရ အနောက်အုပ်စုနဲ့ ဆိုဗီယက်ကြားမှာ ရောက်နေပြီး တဘက်ဘက်က ဝင်တိုက်လာရင် တနိုင်ငံတည်း ခံတိုက်တာထက် ပူးပေါင်းတိုက်ဖို့လိုတဲ့အတွက်ဖြစ်တယ်။ အဓိက ကတော့ ဆိုဗီယက် (ရုရှား) က ဝင်တိုက်လာမှာကို တားဆီးဖို့ ဖြစ်တယ်။ သို့သော် အထမမြောက်ခဲ့ဘူး။ သူစိုးရိမ်တာလည်း အဆိုးတော့ မဆိုသာဘူး။ ဒုတိယကမ္ဘာစစ်မှာ ပိုလန်ကို ဂျာမန်ကကော ဆိုဗီယက်ကကော နှစ်ဘက်ညှပ် ဝင်တိုက်ခံရတယ်။ 


အင်တာမာရီယမ်နဲ့ နေတိုး


ဒီတော့ ၂၀ရာစုက အင်တာမာရီယမ် အယူအဆဟာ ဆိုဗီယက်ကွဲအပြီး ရုရှားမှာ ပူတင်ပြန်ထူမတ်လာတော့ ၂၁ရာစုအဝင်မှာ ပြန်စဥ်းစားလာကြတာဖြစ်တယ်။ ၁၉၉၁ ဆိုဗီယက်ပြိုကွဲအပြီးမှာ အရင်အရှေ့ဥရောပက ဆိုဗီယက်ထီးရိပ်အောက်က ကွန်မြူနစ်နိုင်ငံတွေ နေတိုးထဲဝင်လာတာကို ခုနှစ်အလိုက်ခုလိုတွေ့ရတယ်။


၁၉၉၉ - ချက်၊ ဟန်ဂေရီ၊ ပိုလန်


၂၀၀၄ - ဘူဂေးရီးယား၊ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူနီးယား၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား


၂၀၀၉ - အယ်ဘေးနီးယား၊ ခရိုအေးရှား


၂၀၁၇ - မွန်တီနီဂရို


၂၀၂၀ - မြောက်မက်ဆီဒိုနီးယား တို့ဖြစ်တယ်။ 


ယူကရိန်း နဲ့ ဘောလ်တစ်၃နိုင်ငံ


ဒီအချိန်ကာလတွေအရ ပြောမယ်ဆိုရင် ဆိုဗီယက်ပြိုအပြီး နောက်ဆယ်စုနှစ်တခုနီးပါး ရုရှားကော ခွဲထွက်နိုင်ငံတွေကော ပြန်လည်တည်ငြိမ်ဖို့ အလွန်အားထဲ့ရုန်းကန်နေရချိန်တွေဖြစ်တယ်။ အဲဒီ ၂၀ရာစုမကုန်ခင် ၁၉၉၉ လောက်ကနေ နောက်ဆယ်နှစ် ၂၀၀၉ အထိဟာ နေတိုးရဲ့ မြောက်အတ္တလန်တိတ် စစ်အင်အားချဲ့ထွင်နိုင်ချိန်တွေပါပဲ။ 


၂၀၀၄ ဟာ ဆိုဗီယက်ကွဲထွက်နိုင်ငံတွေထဲကနေ ထင်ရှားတဲ့ဖြစ်ရပ်တွေထွက်ပေါ်ခဲ့ချိန်ဖြစ်တယ်။ ၁၉၉၁ ထဲက ခွဲထွက်လာခဲ့တဲ့ ယူကရိန်းမှာ လိမ္မော်ရောင်တော်လှန်ရေး (Orange Revolution) အောင်မြင်တယ်။ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူနီးယား (ဘောလ်တစ်၃နိုင်ငံလို့ပြောရင် ဒီနိုင်ငံတွေကို ဆိုလိုတယ်) နိုင်ငံတွေ နေတိုးထဲဝင်ရောက်နိုင်ခဲ့တယ်။ ရုရှားအတွက်တော့ အမေရိကန်ကျူးကျော်မှုတွေလို့ ခါးသီးနာကျည်း ခဲ့ရချိန်တွေ၊ ဇတ်ခေါင်းကွဲ စူပါပါဝါအထည်ကြီးပျက်အတွက် နိုင်ငံငယ်လေးတွေလုပ်သမျှ ထိုင်ကြည့်နေရချိန်လည်းဖြစ်တယ်။ 


၂၀၁၄ မှာ ယူကရိန်းသမ္မတကို ပြည်သူတွေက ဆန္ဒပြတယ်။ ဥရောပယူနီယံနဲ့ ချုပ်ဆိုမယ်လို့ ကတိပေးထားတဲ့ စာချုပ်ကို ရုရှားဘက်ကတားလို့ ယူကရိန်းသမ္မတက ဖျက်လိုက်တဲ့အတွက်ဖြစ်တယ်။ ယူကရိန်းမတည်ငြိမ်တော့ ရုရှားက ကရိုင်းမီးယား (ယူကရိန်းပိုင် ပင်လယ်နက်ထဲကကျွန်းဆွယ်) ကိုဝင်သိမ်းတယ်။ တပြိုင်တည်းမှာ ခု ခွဲထွက်ပြီလို့ကြေညာတဲ့ ယူကရိန်းနယ်ဖြစ်တဲ့ ဒွန်းဘတ် (Donbas) ကိုဝင်တိုက်တယ်။ 


တူရကီနဲ့ ကော့ကေးဆပ်


ယူကရိန်း ဥရောပယူနီယံကိုဝင်ဖို့ကျိုးစားလို့ ၂၀၁၄မှာဝင်တိုက်ခံရသလို ရှေ့မှာ ‌ဂျော်ဂျီယာမှာလည်း အလားတူ ပြဿနာမျိုးရှိခဲ့တယ်။ အဲဒါက ၂၀၀၈မှာ ရုရှား‌ဂျော်ဂျီယာကို ဝင်တိုက်တာဖြစ်ပြီး ဂျော်ဂျီယာ နေတိုးဝင်ဖို့ ကျိုးစားတာရဲ့ အကျိုးဆက်ဖြစ်တယ်။ ဒီအပိုင်းက ရုရှားရဲ့ ကော့ကေးဆပ်ဘက်ခြမ်း ပြဿနာဖြစ်တယ်။ ကော့ကေးဆပ်ဟာ ပင်လယ်နက်နဲ့ ကက်စဘီယန်ပင်လယ်ကြားဒေသကို ခေါ်ဆိုတာဖြစ်ပြီး ဂျော်ဂျီယာ၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်နဲ့ ရုရှားတောင်ပိုင်းဒေသအချို့ ပါဝင်တယ်။ 


၂၀၂၀ မှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်ကြားမှာ နဂိုနို-ကာရာဘတ် ဒေသပိုင်ဆိုင်မှုအငြင်းပွားပြီး စစ်ဖြစ်တာ မှတ်မိကြမယ်ထင်တယ်။ စစ်ကတော့ ဆိုဗီယက်စပြိုတဲ့ အချိန်လောက်က တကြိမ်စဖြစ် တာဖြစ်ပြီး ခုအချိန်က ဒုတိယအကြိမ် စစ်ပွဲကြီးအသွင်ပြန်တိုက်ကြတာဖြစ်တယ်။ အဇာဘိုင်ဂျန်ဟာ တူရကီကျောထောက်နောက်ခံနဲ့ အငြင်းပွားဒေသကို ထိမ်းချုပ်လိုက်နိုင်ပြီး ရုရှားရဲ့ အာမေးနီးယားကို အကူအညီပေးမှုဟာ မအောင်မြင်ခဲ့ဘူး။ 


ရုရှား ကြားခံနယ်မြေ သို့မဟုတ် စစ်မျက်နှာ ၃ဘက်


ဒီတော့ ပူတင်ဟာ ကော့‌ကေးဆပ်ဘက်မှာ အစဥ်အလာရန်သူ တူရကီနဲ့ ကြားခံနယ်မြေကို ဂျော်ဂျီယာ နဲ့ အဇာဘိုင်ဂျန်အဖြစ်ထားလိုတာတွေ့ရတယ်။ ဥရောပကုန်းမြေအတွက် ရုရှားကွဲထွက်ထဲက ရုရှားပြီးရင် ဒုတိယနယ်မြေအကြီးဆုံးနဲ့ စီးပွားရေးအကြီးဆုံး ယူကရိန်းကို သူမပိုင်ရင်တောင်မှ ကြားခံအဖြစ်ရှိလိုတယ်။ ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်နိုင်ငံ ဘီလာရုစ်ကတော့ သူနဲ့ အကြောင်းသင့်ပြီးသားဖြစ်တယ်။ ဘောလ်တစ် ပင်လယ်ဘက် အခြမ်းမှာတော့ ဘောလ်တစ်၃နိုင်ငံကို ကြားခံဇုံအဖြစ်ထားလိုတဲ့ဆန္ဒ ရှိပေလိမ့်မယ်။ ဒီ၃နိုင်ငံက ၁၉၄၀ ဒုတိယကမ္ဘာစစ်အတွင်း စစ်နိုင်ပြီး ဆိုဗီယက်ထဲ ပေါင်းထဲ့ထားတာ ဖြစ်တယ်။  


မြေပုံကိုကြည့်ပါ။ အနီရောင်လိုင်းဆွဲထားတာဟာ နေတိုးအဝင်မခံမယ့်နယ်မြေဖြစ်တယ်။ ယူကရိန်းထဲကိုတော့ ဝင်တိုက်ပေးဖို့ရှိပုံမပေါ်တာတွေ့ရတယ်။ ဒီတော့ ယူကရိန်းမှာ ပူတင်ဟာ နယ်မြေ၂ခုသေချာသွားပြီး နေတိုးနဲ့ အီးယူက ထပ်မချဲ့တော့ပဲ ကြားခံအဖြစ်ထားမယ် ဆိုရင် ယူကရိန်းတနိုင်ငံလုံးကို ဆက်တိုက်ဖို့ လုပ်ချင်မှလုပ်မယ်။ ခုတိုက်နေတာဟာ အပေးအယူလုပ်ဖို့ ကောင်းအောင်လို့ ယူဆမယ်ဆို ရနိုင်တယ်။ ပြန်ဆုတ်ဖို့ပဲ။ သေချာလားလို့မေးရင် လွယ်ကူနေရင်တော့ ရှေ့ဆက်တိုက်မှာပေါ့။ သို့သော် ယူကရိန်းတွေရဲ့ လက်ရှိတုန့်ပြန်မှုကိုကြည့်ပါ။ စစ်အင်အား အပြတ်မသုံးနိုင်ရင် ထင်တိုင်းပေါက်ဖို့မလွယ်ဘူး။ ပူတင်ဟာ စစ်ကို ပြည်တွင်းထောက်ခံမှုလည်း ရမထားဘူး။ အမေရိကန်နဲ့ အီးယူအကူအညီကလည်း ယူကရိန်းခုခံစစ်ထိန်းထားဖို့နဲ့ ရုရှားကို ဆွေးနွေးပြန်ဆုတ်စေဖို့ ရည်ရွယ်လိုပုံရတယ်။ 


အဓိကမှာတော့ အမေရိကန်ဖြစ်တယ်။ အမေရိကန်ဟာ ပူတင်ဘယ်လိုမဆိုဝင်တိုက်မယ်လို့ သတင်းရထားသလို ဖြစ်နေခဲ့တာ ပြင်ဆင်နေခဲတာတွေ့ရတယ်။ ဒီတော့ ပူတင်အတိုက်နဲ့ ဆက်ဖြစ်လာမယ့် အနေအထားတွေအတွက် သူ့မှာအစီအစဥ်တချို့ရှိထားပြီးသားဖြစ်နေနိုင်တယ်။ 


စီးပွားရေး၊ သံတမန်ရေး နဲ့ ၂၀၂၂ နွေဦးအလွန်


ပူတင်ဟာ ယူကရိန်း၊ ဘောလ်တစ်နိုင်ငံတွေနဲ့ ကော့ကေးဆပ်ခြမ်း မျက်နှာစာ၃ဘက်စလုံးကနေ ဒီဒေသတွေကို ပြန်တွန်းဖို့ သူ့မှာ လုံလောက်တဲ့ စီးပွားရေးအနေအထားမရှိဘူး။ တဘက်မှာ တရုတ်ဟာ ယူကရိန်းရဲ့ အကြီးမားဆုံးစီးပွားဘက်ဖြစ်နေတယ်။ အမေရိကန်နဲ့ အီးယူက အခု ရုရှားဘဏ်တချို့ကို ပိတ်ဆို့လိုက်ပြီ။ ဒေါ်လာစနစ်အတွင်း နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ငွေကြေးစီးဆင်းမှုဖြတ်တောက်တဲ့ SWIFT ကုဒ်ကို ပိတ်လိုက်တဲ့ သတင်းတခု ဒီနေ့တွေ့ရတယ် (မှန်ဖို့များပါတယ်)။ အီရန်မှာ ပိတ်ခဲ့တုန်း ကတော့ အီရန်စီးပွားရေးဟာ ချာလပတ်ရမ်းသွားခဲ့တယ်။ 


ရုရှားဟာ အဲလောက်ဆိုးမသွားနိုင်ဘူးဆိုရင်တောင်မှ ခု သူ့စတော့စျေးကွက်အကျနဲ့ ဒေါ်လာလမ်းကြောင်းကနေ ငွေအသွင်းအထုတ်အားလုံး ဘဏ်ကြီးတွေမှာ ပိတ်ခံရရင်တော့ ဆက်ရမ်းကားဖို့ အရှိန်ကျသွားပါလိမ့်မယ်။ ဆိုတော့ အမေရိကန်နဲ့ တရုတ်ဟာ ရုရှားယူကရိန်းစစ်မှာ ဝင်တိုက်မယ့်သဘောမရှိ။ စီးပွားရေးလမ်းကြောင်းက ပိတ်ဆို့တာ ဖေးမတာတွေကိုပဲ လုပ်မယ်လို့ပဲ လတ်တလောအခြေအနေတွေက ထွက်ဆိုတယ်။  


စစ်ရှိန်ဟာ လပိုင်းနဲ့ ပြန်ကျသွားနိုင်တယ်။ အဲသလိုသာဆိုရင် ရုရှားဘဏ်တွေမှာပိတ်မိနေမယ့် စကစနဲ့ အဆက်အနွယ်‌ငွေတွေရယ်၊ ရုရှားယူကရိန်းကနေ စကစဆီ ရောက်လာဖို့မလွယ်တော့တဲ့ လက်နက်နဲ့ အခြားအကူအညီတွေရယ် ဆိုပြီးတွေ့ရမယ်။ 


ပြည်တွင်းနဲ့ နိုင်ငံတကာက ပီဒက်တွေကို ဖိဖိစီးစီးထောက်ပံ့နိုင်ရင်၊ နုဂျီက အီးအေအိုတွေနဲ့ ပီပီပြင်ပြင်ဆွေးနွေးတာ၊ အမေရိကန်အကူအညီကို အသေအချာရယူတာတွေလုပ်နိုင်ရင် ၂၀၂၂ နှစ်ဝက်မှာ စကစရဲ့စစ်ရှိန်ဟာ ထိုးကျသွားဖို့ရှိတယ်။ 


တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်။

ကျော်ဇောခိုင်

ဆက်ဖတ်ရန် →

နေတိုးရဲ့ကိုယ်ရောင်ဖျောက်စစ်

​​

ဂျာမဏီက တင့်ကားဖျက်လက်နက် ၁၀၀၀ နှင့် မြေပြင်မှဝေဟင်ပစ် stinger ၅၀၀ ယူကရိန်းကို စတင်ပို့ပေးနေသလို SWIFT ကနေ ရုရှားကို ဖယ်ထုတ်ရေး သဘောမတူတာကနေ နည်းနည်း စိတ်ပြောင်းလာပြီလို့ဆိုတယ်။ အရင်က သံခမောက် ၅၀၀၀ ပဲပို့ပေးလို့ အားလုံးက ဝိုင်းလှောင်ပြောင်နေတာကနေ လေယာဉ်ပစ်ဒုံးလက်နက် ၅၀၀ ကြီးများတောင် ပို့ပေးလိုက်တယ်ဆိုတော့ ပူတင်စိတ်ဆိုးမှာအမှန်ပါပဲ။ 


ကျန်ဥရောပ နိုင်ငံတွေကလည်း လက်နက်တွေ ယူကရိန်းကိုပို့ပေးနေပါပြီ။ (နယ်သာလန်က stinger ၂၀၀ ပို့၊တူရကီက ဒရုန်းပို့၊ ချက်က အမြှောက်တွေပို့ UK, US က ခေတ်မှီ လေဆာနဲ့ပစ်တဲ့တင့်ကားဖျက်လက်နက်တွေ အမြောက်အများ ပို့တယ်လို့တွေ့ရပါတယ်)။ 


ယူကရိန်းခုခံစစ်ပြီးသွားရင်တော့ ဒီလက်နက်တွေ ကမ္ဘာ့လက်နက်ဈေးကွက်ထဲရောက်သွားမယ်လို့ Forbes မဂ္ဂဇင်းကရေးပါတယ်။


Stinger ၅၀၀ ဆိုတာ တကယ့်မနည်းမနော ကြီးပါပဲ။ ရုရှားစစ်လေယာဉ်တွေ ကောင်းကောင်းကြီးဒုက္ခရောက်နိုင်ပါတယ်။ လေကြောင်းစိုးမိုးမှုအားနည်းသွားရင် အဝေးပစ် missile ဒုံးကျည်တွေနဲ့ နားငြီးအောင် ဝိုင်းပစ်တဲ့အကွက် ကိုပဲ ရုရှားတွေ ပိုအားထားရမှာဖြစ်ပြီး ဘယ်လောက်အလုပ်ဖြစ်မလဲမသိပါဘူး၊ စစ်ရေးအခိုင်အမာ အဆောက်အအုံတွေကို ဖျက်ဆီးစွမ်းအားများမှာဖြစ်ပေမဲ့ ပြန့်ကျဲနေတဲ့မြေပြင်ပျောက်ကြားခုခံစစ်အပေါ်မှာ ထိရောက်မှုကနည်းမှာဖြစ်ပါတယ်။ 


ရုရှားရဲ့ တင့်ကားတွေ အုံလိုက်ကျင်းလိုက် ယူကရိန်းမြို့တော် ကီအက်ကို ချီတက်ဝိုင်းရံနေကြပါတယ်။ 


ပြဿနာက ယူကရိန်းနယ်ထဲ မိုင်၂၅၀ လောက်ကျွံဝင်နေပြီဖြစ်လို့ ဒီတပ်ဖွဲ့တွေရဲ့ ထောက်ပို့လိုင်းဟာ ယူကရိန်းမြေပြင်တိုက်ခိုက်ရေးသမားတွေရဲ့ ဖြတ်တောက်မှုကို ခံရဖွယ်ရှိနေပါတယ်။ 


ခုခံစစ်အရှိန်ရလာလေ မြေပြင်ရင်ဆိုင်တိုက်ပွဲတွေမှာ ရုရှားတပ်ဖွဲ့တွေ ထင်သလောက်မလွယ်တာကို ကြုံတွေ့ရဖွယ်ရှိပါတယ်။ 


ရုရှားတွေ ယူကရိန်းရဲ့ chain of command and control ကို အမြန်ဖျက်နိုင်ခါမှ မြို့တော်ကို ထိန်းချုပ်နိုင်မဲ့ သဘောရှိပါတယ်။ ထိန်းချုပ်နိုင်တောင်မှ လပေါင်းအတော်ကြာကြာ ယူကရိန်းခုခံပျောက်ကြားစစ်ကို ကြုံတွေ့ရဖွယ်ဖြစ်နေပါတယ်။ 


နေတိုးက ကိုယ်တိုင်မတိုက်ပဲ ကိုယ်ရောင်ဖျောက် ဝင်ကူတိုက်ပေးတဲ့ ပုံစံကို ကျင့်သုံးလာတာမို့ ပူတင် ဘယ်လိုပတ်ရမ်းမလဲဆိုတာကြည့်ရမယ်။


ရေးသားသူ @Win Myo Thu

ဆက်ဖတ်ရန် →

ပြည်ပနိုင်ငံသားပိုင် ငွေကြေးတွေကို သိမ်းဆည်းမယ်လို့ မက်ဗီဒက် ပြော


ကမ္ဘာတစ်လွှား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လက်တုန့်ပြန်တဲ့အနေနဲ့ ရုရှားရှိ ပြည်ပကုမ္ပဏီတွေနဲ့ ပြည်ပနိုင်ငံသားပိုင် ငွေကြေးတွေကို သိမ်းဆည်းမယ်လို့ မက်ဗီဒက် ပြော 

---အကုန်သိ သတင်းဌာန---

          ကမ္ဘာတစ်လွှားမှာ ရုရှား နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံနေရတာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံရှိ ပြည်ပ ကုမ္ပဏီတွေ၊ ပြည်ပနိုင်ငံသားတွေရဲ့ ရန်ပုံငွေတွေကို သိမ်းဆည်းခြင်းဖြင့် ရုရှားက တုန့်ပြန်သွားမယ်လို့ ရုရှား လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမစ်ထရီ မက်ဗီဒက်က စနေနေ့မှာ ပြောဆိုကြောင်း RIA သတင်းအေဂျင်စီက ဖော်ပြပါတယ်။ 

             ဒါ့အပြင် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ အခြား မိတ်ဆွေမဆန် တရားမမျှတစွာ ဆောင်ရွက်ခဲ့ကြသောနိုင်ငံတွေမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေရဲ့ ရပိုင်ခွင့်တွေကို ပြည်သူပိုင် သိမ်းဆည်းသွားရေး ရုရှားအစိုးရက တားမြစ်မှာ မဟုတ်ဘူးလို့ မက်ဗီဒက်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

         အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ အဓိကငွေပေးချေမှုစနစ်ကနေ ရုရှား ဘဏ်တွေကို ဖယ်ရှားရေးအပါအဝင် ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုအသစ်တွေ ထပ်မံချမှတ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ 

             ယူကရိန်းအပေါ် ရုရှားက ကျူးကျော်စစ် စတင်လိုက်ချိန်မှစကာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်တိုက်လုပ်လာကြတာဖြစ်သလို ယူကရိန်းကို လက်နက်ကိရိယာနဲ့ အခြားအထောက်အပံ့တွေ ပေးဆောင်နေခဲ့ကြပါတယ်။ NDTV




ဆက်ဖတ်ရန် →

စစ်တပ်က နှစ်ထပ် ခံတပ် များ တည်ဆောက်နေ

​ရန်ကုန်မြို့ရှိ လမ်းဆုံလမ်းခွများနှင့် မီးပွိုင့်များတွင် စစ်တပ်က နှစ်ထပ် ခံတပ် များ တစ်မြို့လုံးအတိုင်းအတာဖြင့် တည်ဆောက်နေ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ 


ရန်ကုန်မြို့တော်ရှိ လမ်းဆုံလမ်းခွများနှင့်မီးပွိုင့်များတွင် စစ်တပ်က နှစ်ထပ် RC ခံတပ်အဆောက်အအုံများကို တစ်မြို့လုံးအတိုင်းအတာဖြင့် တည်ဆောက် လျက် ရှိကြောင်းရန်ကုန်မြို့ခံများက ပြောဆိုသည်။ 


၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး မြို့လယ်ခေါင်နှင့် အချက်အချာကျ လမ်းဆုံ များ၊ မီးပွိုင့်များတွင် စစ်တပ်က ခံတပ် ဘန်ကာ ပုံစံ RC နှစ်ထပ် အဆောက် အအုံ ငယ်များကို တည်ဆောက်လာခြင်းဖြစ်ကြောင်း၊ သေနတ် တင်၍ ပစ်နိုင် သော အပေါက်များကိုလည်း ခံတပ် ဘန်ကာများတွင် ထည့်သွင်း တည် ဆောက် ထားကြောင်း သိရှိရသည်။ 


လက်ရှိတွင် သမိုင်းလမ်းဆုံမီးပွိုင့် City Mart နှင့်မျက်နှာချင်းဆိုင် လမ်းဆုံ လမ်း ခွ တွင်လည်းကောင်း၊ တောင်ဥက္ကလာ ဘေလီ တံတား အဆင်း တွင် လည်းကောင်း အပါအဝင် မြို့နေရာအနှံ့အပြားတွင် ခံတပ် ဘန်ကာငယ်များ တည် ဆောက်နေခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။ 


"မသိရင် ရန်ကုန်မှာ သိပ်မကြာခင် စစ်ဖြစ်မယ့်ပုံစံအတိုင်း ဘန်ကာတွေ ဆောက် လာတာ။ သေနတ်တင်ပစ်လို့ရတဲ့ အပေါက်ရှည်တွေလည်း အပေါ် ထပ်ရော အောက်ထပ်ရောမှာ တည်ဆောက်နေတာ။ ပြည်သူတွေကတော့ စစ်ခွေးတွေကို ရွံ့တာပေါ့ဗျာ။ လက်နက်နဲ့ စောင့်ကြည့် ခြိမ်းခြောက်ဖို့ လုပ် တဲ့လုပ်ရပ်ပေါ့" ဟု ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးက ပြောသည်။ 


ထို့ပြင် ဘန်ကာများ မလှမ်းကမ်းတွင်လည်း CCTV များကို တပ်ဆင်နေပြီး စစ် တပ်က မြို့နေရာအနှံ့ CCTV ကွန်ရက် ဖြန့်ကျက်တပ်ဆင်လာကြောင်း သိရှိ ရသည်။

ခေတ်သစ်မီဒီယာ

ဆက်ဖတ်ရန် →

မုန်ညှင်းထုပ် အကာအကွယ်ဖြင့် ကံစမ်းကြသည့် မြန်မာနိုင်ငံသားများ ထိုင်းတွင်အဖမ်းခံရ


=======================


ထိုင်း - မြန်မာနယ်စပ်မဲဆောက်မှတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ၀င်ရောက်နိုင်ရန်အတွက် တဦးလျှင် ထိုင်းဘတ်ငွေ (၂) သောင်းစီ အရင်းအနှီးပြုကာ ကံစမ်းခဲ့ကြသည့် မြန်မာနိုင်ငံသား ၁၄ ဦး မဲမပေါက်ဘဲ ဗလာကျကာ အဖမ်းခံကြရခြင်းဖြစ်သည်။


ယနေ့နေလည်ပိုင်းက မဲဆောက်မြို့မှအထွက် ဒုတိယစစ်ဆေးရေးဂိတ်ဖြစ်သည့် ဝှေ့ညအု (ငါးပိစမ်းချောင်း) ဂိတ်တွင် ဖမ်းဆီးခံကြရခြင်းဖြစ်သည်။


ဗလာကျသည့် မြန်မာနိုင်ငံသား ၁၄ ဦးကို ကားဖြင့်တင်ဆောင်လာသည့် ထိုင်းနိုင်ငံသားလည်း ဖမ်းဆီးခံခဲ့ရသည်။


ထိုင်းစစ်ဆေးရေးဂိတ်တွင်တာ၀န်ကျသူများ မသိနိုင်လောက်ဟုထင်ကာ အဆိုပါမြန်မာနိုင်ငံသား ၁၄ ဦးကို မုန်ညှင်းထုပ်များ အကာအကွယ်ယူကာ သယ်ဆောင်လာခြင်းဖြစ်သည်။


(၈၅) ကီလိုမီတာအကွာအဝေးရှိသော မဲဆောက်မြို့နှင့်တာ့ခ်မြို့အကြားတွင် စစ်ဆေးရေးဂိတ်ကြီး (၂) ခုရှိပြီး မဲဆောက်မြို့အထွက်တွင်ရှိသည့် ပထမဆုံးအဖွဲ့စုံစစ်ဆေးရေးဂိတ်သည် (ဟွေ့ဟင်ဖွန်) စစ်ဆေးရေးဂိတ်ဖြစ်သည်။


မဲဆောက်အခြေစိုက် မီဒီယာသမားတဦးက " မြန်မာနိုင်ငံသားတွေ အဲလိုနည်းနဲ့သွားတာ အလွန်အန္တရာယ်ကြီးတယ် ဂေါ်ဖီထုပ်ကားတွေ မုန်းညှင်းထုပ်ကားတွေ မုန်လာဥကားတွေ အပါအ၀င် မဲဆောက်ကနေတဆင့်ဘန်ကောက်ကို  ဟင်းသီးဟင်းရွက်သွားပို့တဲ့ ကားမှန်သမျှကို စစ်ဆေးရေးဂိတ်တွေရောက်ရင် တာ၀န်ရှိသူတွေကနေ သံချွန်အရှည်တွေနဲ့ ထိုးသွင်းပြီးတော့ စစ်ဆေးတာတွေရှိတယ် အကယ်၍လူပါလာလို့ထိုးမိမယ်ဆိုရင် ဘာဖြစ်နိုင်လဲတွေးကြည့်ကြပါ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က သံချွန်ရှည်နဲ့ထိုးမိတဲ့မြန်မာနိုင်ငံသားတဦး ဘန်ကောက်ရောက်လို့ဖွင့်ကြည့်မှဘဲ သွေးလွန်ပြီးသေနေတဲ့ဖြစ်ရပ်မျိုးလည်းရှိခဲ့တယ် " ဟု ဆိုသည်။


ဖေဖော်ဝါရီ -  ၂၇  -  ၂၀၂၂

ဓာတ်ပုံ - AEC ထိုင်းသတင်းဌာန

သတင်း - ကရင်အမျိုးသားမီဒီယာ

ဆက်ဖတ်ရန် →

သမိုင်းအရ ယူကရိန်းဟာ ရုရှားနဲ့ ဘယ်တုန်းကမှ မတည့်

​ယူကရိန်းမြို့တော် ကိယစ်ဗ်ကိုတော့ ယူကရိန်းတပ်သားတွေက အောင်မြင်စွာ ကာကွယ်ထားနိုင်ဆဲပါပဲ ... မြို့ထဲကို ဝင်စီးတဲ့ ရုရှားစစ်သားတွေနဲ့ ပုံဖျောက် အရပ်ဝတ်တပ်ဖွဲ့တွေကို နှိမ်နင်းနိုင်ခဲ့ပါတယ်


ရုရှားကျူးကျော်စစ် ၃ရက်မြောက်နေ့မှာ စစ်ဘက်+အရပ်ဘက် အကျအဆုံး ကတော့ ရာချီနေပါပြီ ... 


ယူကရိန်း အဓိက ခံနေရတာ လေကြောင်းတိုက်ခိုက်မှုပါ ... ရုရှားက ပဲ့ထိန်းဒုံးပျံတွေနဲ့ချည်း ပစ်မှတ်တွေကို လှမ်းပစ်နေပါတယ် ... ဒါ့အပြင် လေကြောင်းချီတပ် (လေထီးတပ်) တွေနဲ့ သံချပ်ကာ တပ်တွေကလည်း နိုင်ငံအနှံ့ ဆက်လက် ကျူးကျော်ချီတက်လာနေဆဲပါပဲ ... ရုရှားဟာ ယူကရိန်းကို မြောက်၊ အရှေ့မြောက်၊ အရှေ့နဲ့ အရှေ့တောင်ဘက် အားလုံးကနေ ဝိုင်းပြီး ပြိုင်တူ ဝင်လာနေပါတယ် 


ဥရောပနဲ့ အမေရိကန်က ဝင်မတိုက်ပေမယ့် လက်နက်တော့ စပြီး ကူညီနေပါပြီ ... ဂျာမနီက စတင်ဂါ လေယာဉ်ပစ်ဒုံးပျံ ၅၀၀ နဲ့  တင်ကားဖျက်ဒုံးကျည် ၁၀၀၀ ပို့ပေးမှာဖြစ်သလို အမေရိကန်ကလည်း ဒေါ်လာ သန်း ၃၅၀ ဘိုး စွမ်းအားပြင်း ကာကွယ်ရေးလက်နက်အကူအညီ (lethal defensive assistance) ထပ်ပေးမယ့်အပြင် နောက်ထပ် အရေးပေါ် ဒေါ်လာ ၆.၄ ဘီလျံ ကို လွှတ်တော်ကနေ တောင်းထားပါတယ် ... နယ်သာလန်ကလည်း RPG လောင်ချာ ၄၀၀ လတ်တလော ပို့လိုက်သလို စတင်ဂါ လေယာဉ်ပစ်ဒုံးပျံ ၂၀၀ ထပ်ပို့မယ်လို့လည်း ဆိုပါတယ် ... ဘယ်ဂျီယမ်က လောလောဆယ် စက်သေနတ် ၂၀၀၀ နဲ့ ဆီတန်ချိန် ၃၈၀၀ ပို့ပေးဖို့ ကြေညာထားပါတယ် ... ဩစတြေးလျကလည်း နေတိုးနိုင်ငံတွေကနေတဆင့် လက်နက်ကူညီမယ် ပြောပါတယ် ... နောက်ထပ်လည်း လာကြဦးမှာပါ


ယူကရိန်းကျူးကျော်ခံရတာကို ဒီတိုင်းကြည့်နေရင် ပူတင် ရမ်းကားသထက် ရမ်းကားလာမှာဖြစ်သလို ယူကရိန်းသာ ရုရှားလက်အောက် ရောက်သွားရင် ရုရှားစစ်တပ်ကြီးဟာ နေတိုးရဲ့ တံခါးဝကို ရောက်လာမယ့် အခြေအနေကို အနောက်အုပ်စုက မလိုလားပါဘူး ... ဒါကြောင့် ဝင်မတိုက်ပေမယ့် လက်နက်ကူညီပေးကြတာပါ ... နောက်ပြီး ဒီဘက်ခေတ်မှာ မျှော်လင့်မထားကြတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုကို တခြား အင်အားကြီးနိုင်ငံကြီးက ဝင်ရောက်ကျူးကျော်တာမို့ ကူညီကြတာလည်း ပါပါလိမ့်မယ် 


ယူကရိန်းသမ္မတ ဗလာဒီမျာ ဇလင်းစကီး ကတော့ နောက်မဆုတ်တမ်း ခုခံသွားကြဖို့ ယူကရိန်းပြည်သူတွေကို တောင်းဆိုပါတယ် ... "အမှန်တရားက တို့ဘက်မှာ ရှိတယ်။ ဒါတို့မြေ၊ တို့နိုင်ငံ၊ တို့ရင်သွေးတွေ ... သူတို့အားလုံးကို တို့ ဆက်ကာကွယ်သွားကြမယ်" လို့ ပြောပါတယ် ... သူ့အသက်အန္တရာယ် ရှိလို့ တိုင်းပြည်ကနေ ထွက်လာဖို့ အမေရိကန်က ကမ်းလှမ်းတာတောင် ငြင်းပယ်ခဲ့ပြီး သူ့ပြည်သူတွေနဲ့ အတူ ဆက်တိုက်ပွဲဝင်ဖို့ ရွေးခြယ်ခဲ့ပါတယ် ... ယူကရိန်း အရပ်သား ပြည်သူတွေကလည်း ထောင်နဲ့ချီပြီး ရရာလက်နက် စွဲကိုင် တိုက်ပွဲဝင်ဖို့ စုရုံးနေကြပါပြီ ... နယ်မြေကာကွယ်ရေးတပ်ဖွဲ့ (Territorial Defense Unit) တွေမှာ စာရင်းတွေ ပေးပြီး ဝင်နေကြပါတယ် ... လောလောဆယ်တော့ ရှိသမျှ သေနတ်တွေ အစိုးရက ဖြန့်ဝေပေးထားသလို မိုလိုတော့ဗ်တွေလည်း လုပ်ပြီး ကိုင်ထားကြပါတယ် 


သမိုင်းအရ ယူကရိန်းဟာ ရုရှားနဲ့ ဘယ်တုန်းကမှ မတည့်သလို ကြောက်စရာကောင်းလှတဲ့ ကွန်မြူနစ် မိစ္ဆာအင်ပါယာ ဆိုဗီယက်ယူနီယံကြီး လက်အောက်မှာ တုန်းကတောင် လွတ်လပ်ရေးအတွက် အမြဲဆိုသလို တော်လှန်ထကြွနေခဲ့တဲ့ ပြည်နယ်မို့ ပေါလစ်ဗျူရိုအတွက် အမြဲ ခေါင်းခဲရတဲ့ ပြည်နယ်တခုဖြစ်ခဲ့တာပါ ... အခုလို အချုပ်အခြာအာဏာနဲ့ အမိမြေကို ကာကွယ်ဖို့ အတွက်ကတော့ ယူကရိန်းပြည်သူတွေ စွမ်းစွမ်းတမံ ရင်ဆိုင်ကြမှာ မလွဲပါဘူး 

ဟယ်ရီလွင်

Photo: Euromaidan Press


ဆက်ဖတ်ရန် →

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ



ဒုဗိုလ်မှူးအဆင့်ရှိအရာရှိ ၃ဦးတောခို CDM ပြုလုပ်ရုံနဲ့ တပ်မတော်ကြီးကဘာမှဖြစ်မသွားဘူး


ယနေ့ပြုလုပ်တဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား CDM လုပ်ဘက်ပြောင်းသွားသည့်ဒုဗိုလ်မှူးများနှင့်ပတ်သတ်၍

သတင်းထောက်တွေ မေးမြန်းသည့်အခါ ဒုဗိုလ်မှူးအဆင့်ရှိအရာရှိ ၃ဦးတောခို CDM ပြုလုပ်ရုံနဲ့ တပ်မတော်ကြီးကဘာမှဖြစ်မသွားဘူး ၊ တိုတိုနဲ့လိုရင်းပဲဖြေလိုက်မယ် ။


တပ်မတော်မှာ ဒုဗိုလ်မှူးအဆင့်ရှိ တပ်မတော်သားတွေ ထောင်ချီပြီးရှိတယ်၊ အရပ်စကားနဲ့ပြောရရင် ဘာမှလွမ်းလောက်စရာမရှိဘူး၊ တပ်မတော်ကို ဝိုင်းဆန့်ကျင်နေရင် တပ်မတော်တင်ထိခိုက်ပျက်စီးမှာမဟုတ်ဘူး၊ တိုင်းပြည်ရော ပြည်သူတွေရော အကုန်ပျက်စီးရလိမ့်မယ်၊ ဒါ  ...  ကျွန်တော် ခြိမ်းခြောက်ပြောနေတာမဟုတ်ဘူး ။


လက်ရှိ တပ်မတော်က တိုင်းပြည်ကောင်းစားဖို့ အစွမ်းကုန် ဆောင်ရွက်ပေးနေပေမယ့် ပြည်သူတွေ တပ်မတော်အပေါ် အကောင်းမြင်ဝါဒမထားနိုင်ပဲ ပုန်ကန်ရေးကိုသာ ဦးတည်နေတာကိုတွေ့မြင်နေရသလို တရားမဝင် ပြည်ပြေးမီဒီယာတွေကနေ တပ်မတော်စစ်ဦးစီးချုပ်ကို ရူးသွပ်ဝေဒနါ ခံစားနေရတယ် လို့ မမှန်သတင်းတွေရေးသားဖြန့်ဝေနေတာကိုလည်းတွေ့မြင်နေရပါတယ်။


တပ်မတော်ဂုဏ်သိက္ခာကို ဘယ်သူတွေဘယ်လိုဖျက်ဖျက် သစ်တပင်တကယ်ကောင်းလို့ ဌက်တသောင်းတကယ်နားနေရတာလည်း တပ်မတော်ပါပဲ၊ နိုင်ငံတနိုင်ငံမှာ စစ်တပ်ဆိုတာ ဘယ်လောက်တောင် အရေးပါ အရာရောက်တယ်ဆိုတာ မသိသေးကြသ၍ ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးလမ်းစ ဘယ်တော့မှပေါ်ပေါက်မှာမဟုတ်ဘူး ၊ ကျွန်တော်ဒီလောက်ပဲပြောချင်တယ်၊ ဒါပါပဲ... ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောဆိုဖြေကြားသွားသည်။


#CDM #ဒုဗိုလ်မှူးအဆင့်ရှိ #ဇော်မင်းထွန်း #တပ်မတော် #ငြိမ်းချမ်းရေးလမ်းစ


#Crd:

ဆက်ဖတ်ရန် →

အစ်ကိုကြီးနဲ့ ညီလေးဖြစ်သွားတဲ့ မလေးရှားနဲ့ ကမ္ဘောဒီးယား

​

---------------------------<>----------------------------


မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေအနေနဲ့  အာဏာသိမ်းစစ်တပ်ကို ပြင်းပြင်းထန်ထန် ဖိအားပေးနေသူတွေက မလေးရှားနဲ့ အင်ဒိုနီးရှားပါ။ ဧပြီလတုန်းက အချက် ၅ ချက်ကို သဘောတူခဲ့ပြီးမှ မလှိမ့်တပတ်လုပ်သွားတဲ့ စစ်အာဏာရှင်တွေကို မလေးရှားနဲ့ အင်ဒိုနီးရှားက ထင်သာမြင်သာစွာနဲ့ ဖိအားပေးလာပါတယ်။ အာဆီယံမှာ စီးပွားရေးအင်အားကောင်းသူတွေဖြစ်တဲ့အတွက် အရေးပါသူတွေလည်းဖြစ်ပါတယ်။


ဒီတပတ်မှာတော့ အာဆီယံဥက္ကဋ္ဌဖြစ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံကို မလေးရှား ဝန်ကြီး ရောက်လာခိုက်မှာ မြန်မာ့အရေးအတွက် သီးသန့် ဆွေးနွေးခဲ့ပါတယ်။ မြန်မာ့အရေးအထူးကိုယ်စားလှယ်၊ ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ မလေးရှားဝန်ကြီး အစ္စမီလ်တို့ ၃ ဦး ဆွေးနွေးခဲ့ကြတာပါ။ 


ဒီဆွေးနွေးပွဲမှာ မြန်မာ့အရေးအတွက် NUG နဲ့ တွေ့ဆုံဆွေးနွေးဖို့ကို စစ်ကောင်စီဘက်က ကန့်ကွက်ခဲ့တဲ့အကြောင်း၊ အာဆီယံသဘောတူညီချက် ၅ ချက် နဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာတွေကို အသေးစိပ်ဆွေးနွေးခဲ့ပါတယ်။


မလေးရှားဝန်ကြီးက ဟွန်ဆန်အနေနဲ့ မြန်မာနိုင်ငံကိုမသွားခင် အာဆီယံနဲ့ အရင်ဆုံး တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ပြောခဲ့သလို ဟွန်ဆန်ကလည်း အာဆီယံဥက္ကဋ္ဌကို လေးစားရမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ကောင်စီဘက်က သဘောတူထားတဲ့ အချက် ၅ ချက်ကို ဂရုမစိုက်သလို လုပ်နေတာဟာ အာဆီယံကို မလေးစားတဲ့အတွက် တွေ့ဖို့မလိုဘူးလို့ ပြောတဲ့အခါမှာတော့ ဟွန်ဆန်က ထောက်ခံခဲ့ပါတယ်။ 


ဆွေးနွေးပွဲအပြီးမှာတော့ မြန်မာစစ်ခေါင်းဆောင်တွေဘက်က အာဆီယံတောင်းဆိုမှု့တွေကို မလုပ်မချင်း စစ်ခေါင်းဆောင်တွေကို အလေးမထားဖို့နဲ့ မြန်မာ့ပြဿနာကို ပူးပေါင်းဖြေရှင်းကြဖို့ သဘောတူခဲ့ကြပါတယ်။ ဟွန်ဆန်နဲ့ မလေးရှားဝန်ကြီးတို့ဟာ တွေ့ဆုံမှု့အပြီးမှာတော့ အကိုကြီးနဲ့ ညီလေးလို ဖြစ်သွားကြပြီး တောင်တရုတ်ပင်လယ်အရေးလည်း ဆွေးနွေးခဲ့ကြပါတယ်။ 


ဒီရက်ပိုင်းဟာ ကမ္ဘာကြီးရဲ့ ဖြစ်တည် ပြောင်းလဲမှု့တွေက သိပ်ကိုမြန်ဆန်ပါတယ်။ ရုရှားက ယူကရိန်းကို ဝင်တိုက်သလို၊ တောင်တရုတ်ပင်လယ်တွင်းက အာဆီယံနိုင်ငံငယ်လေးတွေလည်း တရုတ်ရဲ့ခြေလှမ်းကို သတိထားနေကြပါပြီ။ အမေရိကန်ရဲ့ အဓိကစစ်ပွဲဟာ တရုတ်ဖြစ်လာလေမလား၊ ယူကရိန်းလိုပဲ ဆန်ရှင်တွေနဲ့ တိုက်လေမလားဆိုတာကို အာဆီယံနိုင်ငံတွေ တွေးပူလာကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေလည်း အလုပ်ရှုပ်ကြရပါတယ်။


အဆိုးထဲက အကောင်းတစ်ခုကတော့ ရုရှားနဲ့ တရုတ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကိုယ်စားပြုတဲ့ ဗီတိုအာဏာနဲ့ မထိုက်တန်ဘူးလို့ နိုင်ငံတွေဆီကနေ အသံတွေထွက်လာတာပါတယ်။

..

ဘကြီးအောင် LA

(24-February-2022)

..

ဆက်ဖတ်ရန် →

ဒီစစ်ပွဲက ပူတင်က ပါဝါ ပြချင်ရုံသက်သက်ပဲဖြစ်

​☠️  ချာနိုဘိုင်းနျူကလီးယားဓာတ်အားပေးစက်ရုံ…ပြီးတော့ ကလေးငယ်တွေ  ☠️


ယူကရိန်း ကလေးတွေသေကုန်ပြီ..။ ပူတင်ရဲ့ စစ်တပ်ဟာ ကလေး အယောက် ၅၀ ရှိတဲ့  မိဘမဲ့ဂေဟာကို တိုက်ခိုက်ခဲ့လို့ပါ..။ 


အရပ်သား ၉၂ ဦးကို ဖမ်းဆီးပြီး ဓားစာခံလုပ်ခဲ့တယ်။


ပူတင်ဟာ တပည့်ကျော်ကြီး မင်းအောင်လှိုင်လိုပဲ စစ်ရာဇ၀တ်မှုတွေကျူးလွန်ခဲ့ပါပြီ..။


☠️ 


နောက်ထပ် အလွန် အရေးကြီးတာ ရှိတယ်။ ဓာတ်ရောင်ခြည်ဖြာထွက်နေဆဲ ချာနိုဘိုင်းနျူကလီးယားဓာတ်အားပေးစက်ရုံ..၊


( ချာနိုဘိုင်း တစ္ဆေမြို့ကြီး ☠️—-  https://www.facebook.com/1596809120363511/posts/3105924902785251/ )


☠️


၁၉၈၆ ခုနှစ် နျူကလီးယားဓာတ်အားပေးစက်ရုံကြီးအရည်ပျော်ကျပြီးတဲ့နောက် အဏုမြူစွန့်ပစ်ပစ္စည်းတွေ…၊ အဲ့ဒီ ပစ္စည်းတွေ အဓိက သိုလှောင်ထားတဲ့စက်ရုံ…  အတော့်ကို အန္တရာယ်ရှိနေပါပြီ…။


ဒါတွေကို လက်နှက်ကြီးထိပြီး ပြန့်ကျဲသွားမှာ  အမေရိကန် သံအမတ်ကြီးက စိုးရိမ်ပူပန်တယ်လို့ပြောတယ်။ 


ပြည်သူနဲ့ ကလေးငယ်တွေ အများအပြား ဒုက္ခိတဖြစ်သွားမှာမို့…။


(အမေရိကန်ပြည်ထောင်စုဆိုင်ရာ ယူကရိန်းသံအမတ်ကြီး Oksana Markarova)


☠️ 


‘ချာနိုဘိုင်း’ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့  တာဝန်အားလုံးက ကျူးကျော်တဲ့ ရုရှားစစ်တပ်မှာ ရှိနေတယ်။


☠️ 


ရုရှားနိုင်ငံဟာ စစ်ဖြစ်တာ ၃ ရက်ရှိသေးတယ် စစ်ရာဇ၀တ်မှုတွေဆက်တိုက် ကျူးလွန်ခဲ့ပြီဆိုတော့ အဲ့ဒီအထိ မယုတ်မာဘူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါ။


ရုရှား ဒုံးကျည်တွေက လူနေရပ်ကွက်တွေ၊ လူနာတင်ယာဉ်တွေကို ပစ်တယ်။ ကလေးငယ် တော်တော်များများ ဒဏ်ရာရတယ်။


မဟာဗျူဟာမြောက် ဓာတ်ငွေ့ပိုက်လိုင်းတွေကိုလည်း ဖျက်ဆီးခဲ့တယ်။


☠️


(၂၅ ရက်နေ့အထိ တော့) ရုရှားဘက်က စစ်သား ၂၈၀၀ သေဆုံး၊ ရုရှားတင့်ကား ၈၀၊ လေယာဉ် ၁၀ စီးနဲ့ ရဟတ်ယာဉ် ခုနစ်စင်း ပျက်စီးခဲ့။ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဘက်က သတင်းပို့ထားတယ်။ 


ပူတင် ဂရုမစိုက်ပါဘူး။ သူ သေတာမှ မဟုတ်တာ..။


☠️


စစ်ပွဲ ဒုတိယနေ့က စပြီး Lviv မြို့နဲ့ Kyiv မြို့တော်တွေမှာ  ဥဩတွေ ကို စပြီးအသုံးပြုခဲ့..။


 ‘ဥဩသံ’ နဲ့ ‘လေကြောင်းခြိမ်းခြောက်မှု အချက်ပြ’ တာဖြစ်ပါတယ်။


မြေအောက်ရထား ဘူတာရုံတွေ အားလုံး တခါးဖွင့်ထားတယ်။ ဥဩဆွဲရင် မြေအောက်ဘူတာရုံထဲတွေကို ဝင်ပြေးဖို့  ပြည်သူတွေကို သတိပေးထားတယ်။


 ယူကရိန်းတပ်ဖွဲ့တွေက  ရုရှားစစ်တပ်တွေ ဝင်မလာနိုင်အောင် ကိယက်ဗ်က ၂၅ ကီလိုမီတာ (၁၅ မိုင်) အကွာမှာရှိတဲ့ သူတို့ တံတားကို သူတို့ကိုယ်တိုင် ဖောက်ခွဲဖျက်ဆီးခဲ့တယ် — သတင်း-Christine Wang


☠️


ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ကွန်တိန်နာထောက်ပံ့ရေးကွင်းဆက်တွေကို ကြီးကြီးမားမား ထိခိုက်စေနိုင်တယ်လို့ သင်္ဘောအတိုင်ပင်ခံလုပ်ငန်း (Vespucci Maritime) က CEO Lars Jensen က ပြောတယ်..။


 “အဲဒါက အနောက်ဘက် မြေထဲပင်လယ်(Western Mediterranean) နဲ့ ပင်လယ်နက် (Black Sea )မှာရှိတဲ့ ဆိပ်ကမ်းတွေအပေါ် သက်ရောက်မှုရှိလာနိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ အခုလောလောဆယ် ကုန်တင်ကုန်ချဖို့ ပစ္စည်းတွေ အမြောက်အမြားသယ်လာတဲ့ သင်္ဘောတွေက ယူကရိန်းကိုသွားမလို့ ဦးတည်နေတာလေ” — သတင်း-Sumathi Bala


☠️


တရုတ်က ဒီကိစ္စကို ဝင်မပါပဲနေပေမဲ့ ယူကရိန်းအပေါ် ရုရှားကျူးကျော်တဲ့ ဒီဖြစ်ရပ်ကို တရုတ်က ရှုံ့ချမှာမဟုတ်ဘူးလို့ စင်ကာပူအကြီးတန်းသံတမန်ဟောင်း Bilahari Kausikan က ပြောတယ်။


ရုရှား- ယူကရိန်း ပြဿနာကြောင့်အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတာကို တရုတ်က အတော်လေး ကျေနပ်နေမှာပါတဲ့ — သတင်း- Charmaine Jacob


☠️


ဖေဖော်ဝါရီ ၂၅ ရက်၊ သောကြာနေ့၊ မနက်၄ နာရီ ၂၀ မိနစ်။


ရုရှားက  ကိယက်ဗ်မြို့ ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဒုံးကျည်တစ်မျိုးနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။


ယူကရိန်းဘက်ကပြန်တိုက်လို့ ရုရှားလေယာဉ်တွေလည်းပျက်ကျတာပဲ — သတင်း- Christine Wang


☠️


ကမ္ဘာပေါ် စစ်ရာဇဝတ်မှုကျူးလွန်တဲ့သူတွေ အားလုံး အာဏာရှင်တွေပဲ..။ 


အာဏာမက်လို့ အရပ်သားတွေသတ်၊ ကလေးတွေသတ်…။


ဒီ အာဏာရှင်တွေ မြေလှန်မပစ်ရင်တော့ အိုင်းစတိုင်းပြောသလိုဖြစ်လာမှာပဲ။


☠️


အဲလ်ဘတ်အိုင်းစတိုင်းကမကြာခဏ ပြောတဲ့စကား တခွန်းရှိတယ်— "တတိယကမ္ဘာစစ်ကိုတော့ ဘယ်လိုလက်နက်တွေနဲ့ တိုက်ခိုက်မလဲ ဆိုတာ ကျနော် မသိပါဘူးဗျာ… စတုတ္တကမ္ဘာစစ်မှာတော့ တုတ်၊ ကျောက်ခဲတွေ တိုက်ခိုက်လိမ့်မယ်” … တဲ့။


I know not with what weapons World War III will be fought, but World War IV will be fought with sticks and stones.

Albert Einstein


တတိယကမ္ဘာစစ်ဖြစ်ရင် အားလုံးပြာကျ ဘာမှ ကျန်မှာမဟုတ်တော့လို့ စတုတ္တကမ္ဘာစစ်မှာ တုတ်နဲ့ရိုက်၊ ကျောက်ခဲနဲ့ပေါက်ရမယ်တဲ့..။


ဒီစစ်ပွဲက ပူတင်က ပါဝါ ပြချင်ရုံသက်သက်ပဲဖြစ်ပြီး ရပ်သွားပါစေလို့ပဲဆုတောင်းရမယ်။


☠️


ရုရှား- ယူကရိန်း စစ်ပွဲကိုကြည့်ပါ..၊ အာဏာမက်တဲ့ မိစ္ဆာကောင်တွေဟာ အကြောင်းပြချက် တစ်ခုရတာနဲ့ ဘယ်သူသေသေ ရာဇဝတ်မှုတွေကျူးလွန်တော့တာပဲ။ အချိန်တစ်ခုကိုပဲ သူတို့စောင့်နေကြတာ..။


ကျုပ်တို့ အနီးဆုံး အာဏာရှင်ကို နှစ်ဆပိုတိုက်ခိုက်ကြစို့..။


☠️☠️☠️


မရွှေမိုး- ကိုရီးယား

February 27th,2022.


Reference:

▪️ Russia meets resistance from Ukrainians

Ukraine’s capital was preparing for battle Friday as the Russian advance reached the city and its leader issued a desperate plea to the outside world for help.

ဆက်ဖတ်ရန် →

ယူကရိန်းထဲရုရှထိုးဖေါက်နိုင်မှု နှေးကွေးသွား

​

ရုရှ ကိုစီးပွါးရေး ပိတ်ဆို့ထားတဲ့ နေတိုးအုပ်စု နိုင်ငံက ခရီးသည်တင် လေယာဉ်တွေ ရုရှနိုင်ငံအပေါ် ပျံသန်းခွင့်မပေးသလို ရုရှလေယာဉ်တွေလည်း ဥရောပဝင်ခွင့်မရတော့ပါဘူး။ 


မြောက်ကိုရီးယားက ဒုံးပစ်ဖေါက်စမ်းသပ်ပါတယ်။ 


ဥရောပနိုင်ငံတွေဟာ ယူကရိန်းကို ခေတ်မှီလက်နက်အလုံးအရင်း တပ်ဆင်ပေးနေသလို ပိုလန်မှ တဆင့် စက်သုံးဆီအများအပြားထောက်ပံ့ပေးနေပါတယ်။ 


ယူကရိန်းအတွင်းထဲအထိရောက်လာတဲ့ ရုရှစစ်တပ်ဟာ စစ်ဘက်ရိက္ခာ ထောက်ပို့ အခက်အခဲ ကြုံနေကြရပါတယ်။ပူတင်ဟာ ယူကရိန်းစစ်တပ်ကို ယူကရိန်းသမတ ဆီကနေ အာဏာသိမ်းဖို့ လှုံ့ဆော်နေပါတယ်။ 


ဇူကာဘတ်ဟာ ဆိုရှယ်မီဒီယာကတဆင့်ရုရှ အစိုးရ ရဲ့ အကောင့်တွေ၊ ကြော်ငြာတွေပိတ်ပစ်ပါတယ်။ အီလွန်မတ်ခ် ဟာ သူ့ရဲ့ အင်တာနက်ဖြန့်ဝေတဲ့ starlinks ဂြိုလ်တု တွေကို ယူကရိန်းပေါ် ဖြန့်ဝေပြီး အင်တာနက်ပေးဖို့ စီစဉ်နေပါတယ်။ ဆိုက်ဘာစစ်ပွဲအနေနဲ့ ယူကရိန်းဟာ IT army တည်ထောင်ပြီး ရုရှ အစိုးရ ဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်ပါတယ်။


ရုရှဘဏ် ၈၀% ဟာ SWIFT Society for Worldwide Interbank Financial Telecommunication ကိုအသုံးပြုပြီး ဘဏ်ငွေလွှဲ များလုပ်ဆောင်လို့ မရအောင်ပိတ်ပစ်မယ်လို့ ဆိုပါတယ်။  ဒါဟာ ရုရှဘဏ်လုပ်ငန်းတခုလုံး ပြိုလဲအောင် ညူကလီးယားလက်နက်ထုတ်သုံးလိုက်လိုက်ခြင်း လို့ ဆိုပါတယ်။ 


ယူကရိန်းကို ကူဖို့ အမေရိကန်တွေက အဆင့်မြင့် မောင်းသူမဲ့ လေယာဉ်တွေအသုံးပြုပေးနေတယ်ဆိုတာ ကို အမေရိကန်အစိုးရ က ငြင်းဆိုပါတယ်။ 


YouTube ဟာ သူ့ ချန်နယ်အသုံးပြုပြီး ရုရှသတင်းဌာနတွေထုတ်လွှင့်နေမှုကို ပိတ်ပင်လိုက်ပါတယ်။ 


ယူကရိန်းထဲရုရှထိုးဖေါက်နိုင်မှု နှေးကွေးသွားပြီး ညှိနှိုင်းဖို့နည်းရှာနေတယ် လို့ နေတိုးက ဆိုပါတယ်။ 


ပူတင်နဲ့အလွန်နီးစပ်တဲ့ ရုရှနိုင်ငံသားဟောင်းဘီလီယံနာ အီဗရာပင်မိုဗစ်ဟာ ချယ်ဆီးကလပ် မှာ သူလက်ရှိယူထားတဲ့ရာထူးတွေကိုစွန့်လွှတ်လိုက်ပါတယ်။ 


ပူတင်ကိုလန့်လာတဲ့ နေတိုး နဲ့ဥရောပနိုင်ငံတွေရဲ့ စည်းလုံးမှု ပိုလာတယ် လို့ အမေရိကန်အစိုးရပြောပါတယ်။ 


တရုတ်ဟာ ပူတင် ရဲ့ ဘဏ္ဍာရေးထွက်ပေါက်အဖြစ် ရပ်တည်မယ့်အလားအလာ မတွေ့သေးကြောင်း အမေရိကန်က ဆိုပါတယ်။


Kyaw Swa Min


ဆက်ဖတ်ရန် →

​ထင်တိုင်းမပေါက် ဖြစ်လာနေသော ရုရှား


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရုရှားတို့၏ ယူကရိန်း ကျုးကျော်စစ်သည် ကြာသပတေးနေ့ အာရုံတက်ချိန်တွင် စတင်လာခဲ့သည့် အချိန်က လျပ်တပြက်ထိုးစစ်ပုံစံမျိုး ဆင်နွှဲလာနိုင်သည်ဟု အားလုံးက မျှော်လင့်ထားခဲ့ကြသည်။


သို့‌ သော် ရုရှားတို့ဖက်က အင်အားအလုံးအရင်း နှင့် ကြိုတင်တပ်ဖြန့် ချ စီမံထားခဲ့သော် ငြားလည်း နှစ်ရက် ကြာလာသော်လည်း အားလုံး မျှော်လင့်ထားသလို ထင်တိုင်း မပေါက် ဖြစ်လာခဲ့သည်။


စစ်ပွဲကို စတင် ဖွင့်လှစ်သည့် အနေဖြင့် ပစ်လွှတ်လာသည့် ဒုံးကျည်များက ပြင်းပြင်းထန်ထန် မဟုတ်ပဲ ခပ်ပျော့ပျော့ ဖြစ်နေပြီး ဒုံးကျည် အတုများပင် ပါလာခဲ့ကြောင်း သတင်းများက ဆိုသည်။


မြေပြင်ရှိ ယူကရိန်း တိုက်လေယာဉ်များကိုလည်း ချေမှုန်းခဲ့ခြင်း မရှိ၍ တိုက်ပွဲ၏ ပထမနေ့မှာပင် ကောင်းကင် သို့ ပျံတက်ကာ ခုခံ နိုင်ခဲ့သည်။ ယူကရိန်း ကြည်းတပ်မှလည်း အနောက်နိုင်ငံများမှ ထောက်ပံ့ပေးထားသော တင့်ကားဖျက် လက်နက်များဖြင့် ရုရှား သံချပ်ကာ ကား အမြောက်အမြားကို ဖျက်ဆီးပစ်နိုင်ခဲ့ကြသည်။


သို့သော် ရုရှားတပ်များက ရှေ့သို့ ဆက်လက် ချီတက်လာနိုင်ခဲ့သည်။ ယူကရိန်း တောင်ပိုင်းသို့

နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နိုင်ခဲ့ပြီး နီပါး မြစ် အနီးရှိ မဟာဗျူဟာ ကျသည့် ခါဆန် မြို့ အနီးတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။


အရှေ့ဖက်ခြမ်းရှိ ကာကစ် ကို ဝိုင်းထားနိူင်ခဲ့ပြီး မြို့‌ တော် ကီယက် ၏ အရှေ့ဖက် ကီလိုမီတာ ၂၀၀ ခန့် အကွာရှိ ကိုနိုတော့ မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။


ဘဲလာရုစ် တောင်ပိုင်း စတိုလင် မြို့ အနီးရှိ ရုရှားတပ်များလည်း လှုပ်ရှားလာကြပြီး ယူကရိန်း အနောက်ခြမ်းကို ထိုးဖေါက်နိုင်ရန် ပြင်ဆင်လာကြသည်။ တောင်ဖက်ခြမ်းရှိ အိုဒက်ဆာ ဆိပ်ကမ်းမြို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။


သို့သော် လက်ရှိ အနေအထားသည် ကရင်မလင် မျှော်လင့်ထားသည်ထက် ပို၍ နှေးကွေးနေပြီ ဖြစ်သည်။ ဗြိတိသျှ ထောက်လှန်းရေး သတင်းရပ်ကွက်များ အဆိုအရ ယူကရိန်း တပ်များ၏ ကျားကုတ်ကျားခဲ ခုခံနေမှုကြောင့် ရုရှားတို့၏ ပထမနေ့ စစ်ရေး ရည်မှန်းချက်များ အကောင်အထည် ဖေါ်နိုင်ခဲ့ခြင်း မရှိဟု သိရသည်။ ရုရှားစစ်သား ၄၅၀ ခန့် ကျဆုံးသွားခဲ့သည်ဟု ဗြိတိသျှ ထောက်လှန်းရေးက ခန့်မှန်းခဲ့ကြသည်။


ကိယက် အနီးရှိ လေဆိပ်အား ရဟတ်ယာဉ် ဖြင့် စွန့်စား သိမ်းယူရန် ကြံစည်ခဲ့မှုသည်လည်း ပျက်ပြားသွားခဲ့ရပြီး ယူကရိန်းတပ်များက အလျင်အမြန် ပြန်၍ သိမ်းယူနိူင်ခဲ့သည်။ ရုရှားတပ်များ လက်သို့ ပြန်‌၍ ကျရောက်သွားပြန်ပြီဟု သတင်းများ ထွက်လာသော်လည်း ‌ယူကရိန်း တပ်များက လေယာဉ် ပြေးလမ်းများကို ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။


ရုရှားတို့သည် ကီယက်အား သိမ်းပိုက်နိုင်ရေး ကို အဓိက ဦးတည်နေ‌သည်မှာ သိသာထင်ရှားလာရသည်။ ဘဲလာရုစ် ဖက်မှနေ၍ အရှေ့ နှင့် အနောက်ညှပ်ကာ ပင်စာ ဗျုဟာ အတိုင်း ချည်းကပ်လာခဲ့ကြသည်။ သို့သော် မျှော်လင့်သလို အလုံးစုံ အောင်မြင်ခဲ့ကြခြင်းတော့ မရှိပေ။ ကိယက် မြို့တော်၏ အရှေ့မြောက် ကီလိုမီတာ ၁၃၀ အကွာ နီပါးမြစ် အရှေ့ဖက်ခြမ်းရှိ ချာနီဟစ် အား သိမ်းပိုက်ရန် ကြိုးပမ်းလာမှုသည် ပျက်ပြားသွားခဲ့ရသည်။


ယခု လက်ရှိတွင် ရုရှား တပ်များသည် အင်အား အလုံးအရင်းဖြင့် ကိယက် နှင့် ကီလိုမီတာ ၅၀ ခန့်အကွာသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။


သို့‌‌ သော် ရှေ့ပြေးတပ်များက မြို့တော် အ‌ နောက်မြောက်ဖက်ရှိ အိုဘိုလွန် အနီးပတ်ဝန်းကျင်သို့ ရောက်ရှိလာနေပြီဟု ယူကရိန်း တပ်မတော်မှ ဒေသခံများကို သတိပေးပြီး မိုလိုတော့ လက်လုပ်ဗုံးများ အပါအဝင် ရရာ လက်နက်များနှင့် စုပေါင်းခုခံကြရန် မေတ္တာရပ်ခံခဲ့ကြသည်။


ယူကရိန်း ရုပ်မြင်သံကြား မှ လက်လုပ်ဗုံးများ ပြုလုပ်ပုံ ပြုလုပ်နည်းကို ထုတ်လွှင့်ပေးလာခဲ့သည်။ မြို့တော် အဝင် တံတားများကိုလည်း ဖောက်ခွဲပစ်ခဲ့ကြသည်။


သို့သော် အခြေအနေများက အားတက်ဖွယ် မရှိဟု လေ့လာသူများက ခန့်မှန်းနေကြသည်၊ ကိယက် မြို့တော် ကျသွားပါက ယူကရိန်းတပ်များ လက်နက်ချနိုင်သည့် အလားအလာများ ရှိနေပြီး စစ်ပွဲသည် အလျင်အမြန် အဆုံးသတ်သွားနိူင်စရာ ရှိနေသည်ဟု ထင်ကြေးပေးနေကြသည်။


ယခုထိ ရုရှားဖက်မှ နည်းဗျုဟာမြောက်တပ်မကြီးပေါင်း ၁၁၀ အနက် ၆၀ ခန့်သာ အသုံးပြုသေးသည်။ အီလက်ထရောနစ် စစ်ဆင်ရေး နှင့် ဒရုန်းများ အသုံးပြုခြင်း မတွေ့ရသေးဟု လေ့လာသူများက ဆိုသည်။


နောက်ပိုင်းတွင် ရုရှားတို့ ‌လေကြောင်း အသာစီးရလာသည့် အခါ ယူကရိန်း တပ်များစုစည်းရေး နှင့် ရွှေ့ပြောင်းရေး တွင် ခက်ခဲလာဖို့ ရှိနေသည်။


သို့သော် လက်ရှိတွင် ယူကရိန်းတပ်များက မြို့ကြီးများ တဝိုက်တွင် အခိုင်အမာ ခြေကုပ်ယူထားကြပြီ ဖြစ်၍ ရုရှား တပ်များအဖို့ ထင်သလောက် လွယ်လွယ်ကူကူ ချေမှုန်းနိုင်ဖို့ မရှိပေ။ မြိုတွင်း တိုက်ပွဲများ ဖြစ်လာပါက နှစ်ဖက်စလုံး အကျအဆုံးများဖို့ ရှိနေပေသည်။


ဖေဖေါ်ဝါရီ ၂၅ ရက်တွင် ရုရှား သမ္မတ ပူတင်သည် ရုပ်မြင်သံကြားမှနေ‌၍ ယူကရိန်း စစ်တပ်အား အစိုးရကို ဖြုတ်ချပြီး မိမိတို့နှင့် ဆွေးနွေးရန် တိုက်တွန်းလာခဲ့သည်။


ယူကရိန်း ဗိုလ်ချုပ်ကြီးများကတော့ ပူတင်စကားကို နားယောင်ကြမည့် လက္ခဏ မတွေ့ရပေ။


ထိုသို့ဆိုက ယူကရိန်း တို့မှ မြိုကြီးများမှနေ၍ ပျောက်ကြားစစ်ပွဲ ဆင်နွှဲလာပါက ပူတင် မည်သို့မည်ပုံ ဆက်လုပ်ပေမည်နည်းဟု မေးခွန်းထွက်ပေါ်လာနေပြီ ဖြစ်သည်။


နောက်ဆုံးရရှိသော သတင်းများအရ ရုရှားတပ်များသည် ကိယက် ကို သိမ်းပိုက်နိုင်ရေး တွင် ယူကရိန်းတို့၏ အပြင်းအထန် ခုခံမှု နှင့် ရင်ဆိုင်နေကြရပြီး နယ်စပ်တွင် ချန်ထားခဲ့သော ရုရှားတပ်များ ထပ်မံ ဝင်ရောက်လာနေကြသည်ဟု သိရသည်။


ဂျာမန် အဓိပတိ အိုလက် ရှလော့ဖ် မှ ယူကရိန်းတပ်များအား တင့်ကားဖျက် လက်နက် ၁,၀၀၀ ခန့်နှင့် စတင်းဂျား မြေပြင်မှ ဝေဟင်ပစ် ပုခုံးထမ်း ဒုံးလက်နက် ၅၀၀ ထောက်ပံ့မည်ဟု ကြေညာလိုက်သည်။ ဗြိတိန် နှင့် နိုင်ငံပေါင်း ၂၅ နိူင်ငံမှလည်း စစ်ရေး အကူအညီများ ပေးပို့ရန် သဘောတူလိုက်ကြသည်။ ယူကရိန်း သမ္မတ မှ ၎င်းအား ကယ်ထုတ်ရန် အမေရိကန်၏ ကမ်းလှမ်းမှုအား ပယ်ချခဲ့သည်။


ကုလ လုံခြုံရေး ကောင်စီ ၏ ရုရှား ကျူးကျော်မှုအား တရုတ်၊ အိန္ဒိယ နှင့် ယူအေအီးတို့ မှ ကြားနေပြီး ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။


နေတိုး အဖွဲ့ အတွင်းရေးမှုးချုပ်မှ အဖွဲ့ဝင် နိုင်ငံများအား အကာအကွယ် ပေးမည် မဟုတ်ဟု နားလည်မှု လွဲမှား မသွားရန် အလျင်အမြန် တုန့်ပြန်‌ရေး တပ်ဖွဲ့များကို ချထားသွားမည်ဟု ပြောလာခဲ့သည်။


ဥရောပ နိုင်ငံ အတော်များများက ရုရှား ခရီးသည်တင် လေယာဉ်များ ၎င်းတို့ လေကြောင်းပိုင်နက်အား အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပြီး အက်စတိုနီယား ဝန်ကြီးချုပ် ကျုးကျော်လိုသည့် နိုင်ငံမှ လေယာဉ်များ ဒီမိုကရေစီ ကောင်းကင်ပြင်တွင် ပျံသန်းခွင့် မပြုနိုင်ဟု တွစ်တာတွင် ရေးသားခဲ့သည်။ ရုရှားကလည်း အလားတူ လက်တုန့်ပြန်လာခဲ့သည်။


ကုလ ၏ ခန့်မှန်းချက်အရ ယူကရိန်း နိုင်ငံသား ၁၅၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အများအပြားသည် အိမ်နီးချင်း နိုင်ငံများသို့ ဒုက္ခသည်များ အဖြစ် စတင် ဝင်ရောက်လာနေကြပြီဟု သိရသည်။


ကိုးကား - "Russian forces advance on Kyiv" from the Economist (Feb 25, 2022)

Hla Soewai 

Feb 27 2022

http://www.yawnathan.com/mm/news/details/558


ဆက်ဖတ်ရန် →

ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို စစ်တပ်ပြန်ခေါ်သွား

​နေပြည်တော် လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို သိန်း ၄၉၀၀ သိန်းတန် မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိသော်လည်း  စစ်တပ်ပြန်ခေါ်သွား


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇


ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် နေပြည်တော် လေကြောင်းရန် ကာ ကွယ် ရေးတပ်က ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို ဖေ ဖော် ဝါရီလ ၂၅ ရက်နေ့ ည ၉နာရီ ၁၅ မိနစ်အချိန် လိန်းလီ ကြိုးတံ တား ထိပ် တွင် ငွေကျပ် ၄၉၀၀ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိကြောင်း Myanmar Police CDM Channel က လျှို့ဝှက်ရဲကြေးနန်းကို ဖော်ပြ၍ သတင်း ထုတ်ပြန်သည်။


မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးခံရသူ ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော် ပြည့်ဖြိုးတို့သည် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ ထိန်ပင် ကျေးရွာ အုပ်စု၊ ပင်လောင်း-နေပြည်တော်သွားကားလမ်း လိန်းလီကြိုးတံတားထိပ်တွင်  YGN 1K/8755 HONDA FIT အနက်ရောင်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများ တင်ဆောင် လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 


ဗိုလ်မှူး စံမင်းထွန်းသည် လေကြောင်းရန်ကာကွယ်ရေးတပ်၊ လကတ ၂၀၃၂ ၊ တပ်ကုန်းမြို့မှ ဗိုလ်မှူးအဆင့်ရှိသူဖြစ်ပြီး လက်နက်စနစ် တာဝန်ခံဖြစ်ကြောင်း၊ ဗိုလ်ကြီး ကျော်ပြည့်ဖြိုးသည်  TWS-ရေဒါ တာဝန်ခံ ဗိုလ်ကြီးဖြစ်ကြောင်း သိရှိရသည်။


နမ့်စန်မှ မအိဆိုသူနှင့် ဆက်သွယ်ပြီး မူးယစ်ဆေးဝါးများကို နေပြည်တော်သို့ ငွေကျပ် ၅၀ သိန်းဖြင့် အခကြေးငွေယူကာ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ဖေ ဖော် ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မအိမှတစ်ဆင့် အမျိုးသား၂ ဦးထံမှ နမ့်စန်မြို့ပြင် စစ်ဆေးရေးဂိတ်အကျော်တွင် မူးယစ်ဆေးဝါးများ လက်ခံ ရယူပြီး နေပြည်တော်သို့မောင်းနှင်ထွက်လာစဉ် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 


ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ ၂ ဦးကို ရဲအုပ် ထွန်းမြတ်ဦး က  တရားလိုပြုလုပ်ကာ အမှု ဖွင့်လှစ်ထား သော်လည်း စစ်သားများ ဖြစ်သည့် အတွက် စစ်ဘက်ဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဆိုကာ စစ်တပ်လွှဲပြောင်း ရယူသွားကြောင်း၊  ၎င်းတို့ ၂ ဦးသည် မူးယစ်ဆေးဝါးများ‌ ရောင်းချ သယ် ဆောင် ခြင်းကို တာဝန်ချိန်ခွင့်ပြုချက်အရ ခရီးသွားလာမှုဖြင့် သယ်ဆောင် ခြင်း ဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ တာဝန်ချိန်အတွင်းဖြစ်နေသဖြင့် ပြည်သူ့ ဝန်ထမ်း၏ ရာထူးအရှိန်အဝါ(သို့) လုပ်ပိုင်ခွင့်များကို အသုံးချခဲ့သည်ကို ထင် ရှားစွာပေါ်လွင်နေကြောင်း Myanmar Police CDM Channel က သုံးသပ် ထားသည်။


 ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို မန်း-ကမ္ဘောဇ (၄) အထူး စစ်ဆင်ရေးစီမံချက်အရ မူးယစ်တပ်ဖွဲ့စု၂၆  ၊ ပင်လောင်းမှ ဒုရဲမှူး အောင်ဇော်ဟိန်း ဦးစီးအဖွဲ့၊ စခတ ၄ မှ ဗိုလ်ကြီး ထွန်းထွန်းအောင် ဦးစီးအဖွဲ့၊ ဖိုကုန်းနယ်မြေရဲစခန်းအဖွဲ့၊ သတင်းရဲတပ်ဖွဲ့(လိန်းလီ)နှင့် စရတ(ပင်လောင်း)  တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်ဖတ်ရန် →

​မင်းအောင်လှိုင်တွင် ကိုယ်ရည်သွေးလွန်စိတ်ဝေဒနာနှင့် ဖျက်လို ဖျက်ဆီး စိတ် လက္ခဏာ ရှိနေမှု စိစစ်တွေ့ရှိရ



ရန်ကုန်၊ဖေဖော်ဝါရီ ၂၇ 


၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ် ကောင်စီ၏ အလွတ်သဘော လျှို့ဝှက် အစည်းအဝေးတွင် မင်းအောင် လှိုင်က A 4 စာမျက်နှာ ၃၀ နီးပါး စကားများကို မရပ်မနားပြောဆိုခဲ့ပြီး ယင်း ပြောဆိုမှု များကို သက်ဆိုင်ရာ ပညာရှင်များက လေ့လာမှု စကားဝိုင်း ပြုလုပ်၍ မင်း အောင် လှိုင်၏ လက်ရှိ စိတ်အခြေအနေကို လေ့လာမှု ပြုလုပ်ကြသည်။ 


မင်းအောင်လှိုင်၏ လျှို့ဝှက် အစည်းအဝေးမှ မှတ်တမ်း စကားများကို လေ့လာ စိစစ်မှု ပြုလုပ် ကြရာတွင် မင်းအောင်လှိုင်တွင် ကိုယ်ရည် သွေးလွန် စိတ်ဝေဒ နာနှင့် ဖျက်လို ဖျက်ဆီး စိတ်လက္ခဏာ ရှိနေကြောင်း လေ့လာမှုများအရ ဖော် ပြနေသည်။ 


အာဏာရှင်တို့၏ စိတ်ဏ္ဍန် Group Discussion မှ မင်းအောင်လှိုင်၏ လက်ရှိ စိတ် အခြေအနေ စိစစ်တွေ့ရှိရမှု ကောက်နုတ်ချက် အကျဥ်းချုပ်ကို ပြည်သူ များ သိရှိနိုင်စေရန် ပြန်လည် ဖော်ပြလိုက်ပါသည်။  


မင်းအောင်လှိုင် စိတ်ဂယောက်ဂယက်အခြေအနေ

============================


ကနဦးလေ့လာချက်အရ အာဏာလုလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် မင်းအောင် လှိုင်သည် ကိုယ်ရည်သွေး အထင်ကြီး လွန်ခြင်း စိတ်ဂယောက် ဂယက်အခြေအနေ (Narcissistic Personality Disorder - NPD) ရှိသည်။ 


ထိုစိတ်ဝေဒနာအခြေအနေ၏ လက္ခဏာများမှာ


- မိမိသည်သာ အရေးအကြီးဆုံးဟု ထင်ခြင်း

- မိမိစွမ်းဆောင်ရည်နှင့် အောင်မြင်မှုသာအမြင့်မားဆုံးဖြစ်သည်ဟုထင်ခြင်း

- မိမိသာ အထူးအရေးပါသည်ဟုထင်ခြင်း 


တို့ဖြစ်သည်။ 


အသိအမှတ်ပြုမခံရခြင်း စိတ်ဖိစီးဝေဒနာ

=======================


သူတို့၏ စိတ်ဝေဒနာမှာ မိမိသည် အရေးအကြီးဆုံး၊ အတော်ဆုံး ဖြစ်သော် လည်း အခြားသူများက မိမိအား အသိအမှတ်မပြုကြဘူးဟု ထင်မြင် ခြင်း ဖြစ် သည်။ ထိုအချက်သည်သူတို့ကို စိတ်ဖိစီးစေသည်။ မည်မျှချီးမွမ်း ပါစေ မရောင့် ရဲမတင်းတိမ်နိုင်သဖြင့် ပျော်ရွှင်ကျေနပ်မှုမရနိုင်ဘဲ အတင်းထပ် ကြိုး စားတတ် ကြသည်။ 


အခြားသူများကို သေးသိမ်အောင်၊ ဖိနှိပ်ညှိုးငယ်အောင်လုပ်ခြင်းဖြင့် သူတို့ ကိုယ် သူတို့ ကြီးမြတ်ကြောင်း၊ အောင်မြင်ကြောင်း၊ တော် ကြောင်း တတ် ကြောင်း၊ အကောင်းဆုံးဖြစ်ကြောင်း မဟားဒယား အမွန်းတင်ကြသည်။ တနည်း အားဖြင့် ဆိုရလျှင် အကြွားသန်ကြသည်။ 


စစ်ကောင်စီဘက်မှ ပေါက်ကြားလာသော လျှို့ဝှက်အစည်းအဝေးမှတ်တမ်းမှ အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် မင်း အောင်လှိုင်၏ အဖွင့်မိန့်ခွန်း သည် သက်သေတခုဖြစ်သည်။


 ဥပမာ - ပြည်ထောင်စုနေ့အခမ်းအနား ကျင်း ပ နိုင်ခြင်းအား အလွန်အမင်း ဂုဏ်ဆာသည့်လေသံဖြင့် အသေးစိပ် ရှည်လျားစွာပြောဆိုခြင်းသည် သူ၏ မူမမှန် သော စိတ်အခြေအနေကို ထောက်ပြနေသည်။ 


MRTV နှစ်ပတ်လည်အခမ်းအနား ကိစ္စသည်လည်း  ထိုနည်း လည်းကောင်းပင်။ သူက MRTV နှစ်ပတ်လည်အခမ်းအနားအား လက်ခုပ်တီးအား ပေးရမည့် အဆင့် လောက် သာ ထင်မှတ်ထားသော်လည်း ပြန်/ဆက် ၀န်က ချီးမြှောက် ပေးပါရန် ဖိတ်ကြားသဖြင့် တက်ရောက်ဆင် နွဲခွင့်ရခဲ့ ကြောင်း၊ သို့သော် ပြ ခန်းကို ကျေနပ်မှုမရှိသဖြင့် ရံပုံငွေရှာပေးကြောင်း၊ တလအတွင်း ပြခန်း ဆောက် လုပ်ရေးစ တင်ပြင်ဆင်နိုင်ကြောင်း မိမိကိုယ်မိမိ အသေးစိတ် ချီးမွမ်း ခန်းဖွင့်သည်။ 


ငါသာအသိ၊ ငါသာအတတ်နှင့် တလမ်းမောင်း Monologue စကား

=======================================


မိမိသည်သာ ခမ်းနားကြီးကျယ်သည်ဟု အထင်ကြီးလွန်းခြင်းကြောင့် တပါး သူကို အထင်သေးပြီး အသိအ မှတ်မပြုနိုင်၊ လက်မခံနိုင်၊ မစာနာ နိုင်ဖြစ် တတ်သည်။ 


ထို့ကြောင့် အခြားသူများ၏ လုပ်ရပ်များအပေါ် အကောင်း မြင်စိတ်မရှိဘဲ ငါသာသိ၊ ငါသာတတ်ဟု ထင်တတ်ကြသဖြင့် နေရာတကာ အထက် စည်းမှ နေ၍ ဆရာလုပ်တတ် ကြသည်။ 


သူတို့သည် တပါးလူကို အထင်သေးသဖြင့် အဖက်လုပ် ဆွေးနွေး တိုင်ပင် ခြင်းမပြု။ တဦးတည်းသာ တလမ်းမောင်းစကားပြောတတ်ကြသည်။ မင်းအောင် လှိုင်၏ ရှည်လျားလှသော အဖွင့်အမှာစကား၏ Monologue က သက်သေဖြစ်သည်။ 


အစည်းအ၀ေးမှတ်တမ်းပါ MRTV အခမ်းအနားကိစ္စ ၊ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး ကိစ္စများအကြောင်း ပြောရာတွင် မလိုအပ်သည့် အသေးစိတ် များပြောခြင်းနှင့် ချင်းပြည်နယ်၊ က ယားပြည်နယ်နှင့် ကရင်ပြည် နယ် အကြောင်း အရာအပေါ် မိမိကိုယ်မိမိ ကယ်တင်ရှင်ပုံစံဖြင့် ပြောသည့် Monologue သည် NPD များဖြစ်သည်။ 


မတရားခံရခြင်းဟုထင်မှတ်ခြင်း

==================


NPD စိတ်ဝေဒနာ ခံစားရသူများသည် သူတို့ကိုယ်သူတို့ ကယ်တင်ရှင်၊ အတော် ဆုံး၊ အတတ်ဆုံး၊ အအောင်မြင် ဆုံး၊ အင်အားအရှိဆုံးဟု ထင်သော်လည်း တချိန် တည်းတွင် သူတပါးမတရားလုပ်တာ ခံနေရသည်ဟု ထင်ကြ သည်။ 


လက်ရှိမြန်မာပြည်အခြေအနေအား သူအာဏာလုပြီး အကြမ်းဖက်ခြင်း ကြောင့် ဖြစ်လာ သည်ဟု မမြင်ဘဲ မဲလိမ်ခံရခြင်းကြောင့်လည်းကောင်း၊ ကျောင်းများ မဖွင့်နိုင်ခြင်းမှာ တော်လှန်ရေးအဖွဲ့များ ခြိမ်းခြောက်ခြင်း ကြောင့်ဟု လည်း ကောင်းမြင်သည်။


 သူ့အာဏာလောဘကြောင့်ဟု တနိုင်ငံလုံး ကိစ္စခံစားနေရသည်ကို မမြင်နိုင် ဘဲ သူသည်သာ မဲလိမ်ခံ၊ နှောင့်ယှက်ခံနေရသည်ဟု နားလည်မှားနေသည်။ 


ထို့ကြောင့် သူ့၏ မိမိကိုယ် မိမိ ချီးမွမ်း ခန်းဖွင့်သည့် မိန့်ခွန်းက ထောက်ပြ နေသည့်အချက်မှာ မင်းအောင်လှိုင်၏ လက္ခဏာမှာ စိတ်မူမှန်သည့်၊ စွမ်းအင် ထက်မြက်သည့် ခေါင်းဆောင်သည့် လက္ခဏာမဟုတ်ဘဲ မိမိကိုယ်မိမိ အားမလို အား မ ရဖြစ်သော၊ စိတ်ချ ယုံ ကြည်မှုမရှိသော၊ အားအင်ချိနဲ့သော (Insecure person) လူ၏ လက္ခဏာဖြစ်သည်။ 


Anxiety disorder ခေါ် စိတ်ပူပန်မတည်ငြိမ်၀ေဒနာ ရှိသူ၏ လက္ခဏာ ဖြစ်သည်။ သူ့ကိုယ်သူ မယုံကြည်ဘဲ စိတ်ပူပန် နေသဖြင့် သူ့ပုံရိပ် ကို အတင်းတည်ဆောက်ရန် ကြွားဝါနေခြင်းဖြစ်သည်။ 


ခေါင်းဆောင်တဦး၏ အစည်းအ‌ေးအဖွင့်မိန့်ခွန်းအစား သူငယ်ပြန်နေသူတဦး အထိန်းအကွပ်မဲ့ ကြွားလုံးထုတ်နေသကဲ့သို့ဖြစ်နေသည်ကို လေ့လာ တွေ့ရှိရ သည်။ 


ထိုနည်းတူ သူ့ကို ဝိုင်းဆဲကြသည်ဟု မိန့်ခွန်းထဲ ထည့်ပြောခြင်းသည် လည်း ကောင်း၊ ပညာရှင်များအား လူပိန်း နားလည်နည်း ဖြင့်ရေးရန် အကြံပြု သည့် အချက်ကို ပြောသည့် အသုံးအနှုန်းများသည်လည်းကောင်း၊ ဘိလပ်မြေ ရှားပါး သည့် အကြောင်းအရာနှင့် မှိုင်းရှူးတွင် တိုင်းရင်းသား အိမ်တစ်အိမ် အတွင်း သူ ခလုတ် တိုက်မိကြောင်း ပြောပုံဆိုပုံ စသည်တို့သည်  စိတ်မူမှန်သည့် ခေါင်း ဆောင် ၏ စကားလက္ခဏာများ မဟုတ်ပေ။ 


ဖျက်လိုဖျက်ဆီးစိတ်လက္ခဏာ

===================


NPD ခံစားနေရသည့် လူများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် အချက်မှာ သူတို့၏ ချို့ယွင်းမှုတခုခုကြောင့် အခြား သူ များ၏ ဖယ်ကျဥ်ခြင်းကို ငယ်ဘ၀ ကတည်း က ခံစားခဲ့ရသည့် အခံဓာတ်ရှိတတ်ကြသည်။ ဥပမာအားဖြင့် အရပ်အ မောင်း လူ၀င် မဆံ့ ဖြစ်တတ် ကြသည်။ 


ထို့ကြောင့် မသိစိတ်တွင် လူတွေကို မုန်းသည့်စိတ်၊ မနာလိုသည့်စိတ် ရှိသည်။ 


တချိန်တည်းတွင် အခြားသူများ၏ အသိအမှတ်ပြုမှုနှင့် အာရုံစိုက်မှုကို လွန်ကဲ စွာလိုချင်ကြသည့် အတွက်  သာမာန်အတိုင်းအတာ ထက် လွန်ကဲသည့် ကိစ္စများ၊ အစွန်းရောက် ကိစ္စများကို လုပ်ပြတတ်ပြသည် (မင်းအောင်လှိုင်၏ ဘာမဆိုလုပ်ရဲတယ်ဆိုသည့် မှတ်ချက်သည် သာဓကတခုဖြစ်သည်)။ 


ငယ်ဘ၀ ဖယ်ကျဥ်ခံရသည့် အတွေ့အကြုံ သည် မသိစိတ်တွင် ခိုအောင်းနေပြီး ထိုပြသနာနှင့် ပတ်သက်သည့် စိတ်ဆိုးမှုမပျောက်ဘဲ အခြားလူများအား ရန် ငြိုးထားခြင်း (ရန်သူဟု မြင်ခြင်း)နှင့် လူတွေရဲ့ အာရုံစူးစိုက်မှုရရှိရန် သာမာန် ထက်လွန်ကဲသော (အစွန်း ရောက်) ကိစ္စများ လုပ်တတ်ခြင်းတို့ကြောင့် NPD ရှိသူများသည် ဖျက်လို ဖျက်ဆီးကိစ္စများ ကျူးလွန်တတ်သည်။ 


ထို့ ကြောင့် မင်းအောင်လှိုင်၏ မိမိကိုယ်မိမိအထင် ကြီးလွန်သည့် စိတ်ဂ ယောက် ဂယက် အခြေအနေသည် ဖျက်လို ဖျက်ဆီးတတ်သည့်စရိုက်နှင့် ဒွန်တွဲနေသဖြင့် သူကိုယ်တိုင်အတွက် လည်းကောင်း၊ စစ်တပ်အတွက်လည်း ကောင်း၊ တိုင်းပြည်အတွက်လည်းကောင်း ပျက်စီးစေမည်သာဖြစ်သည်။ 


ဓာတ်ပုံ- ပြည်တွင်းခရီးစဉ်တစ်ခုအတွင်းတွင် နေဝင်ချိန်ကို နောက်ခံထား၍ ဓာတ်ပုံရိုက်ခံ နေသော အကြမ်းဖက် စိတ်ဝေဒနာရှင် မင်းအောင်လှိုင်။


ဆက်ဖတ်ရန် →