နောက်ဆုံးရ

နေတိုးရဲ့ကိုယ်ရောင်ဖျောက်စစ်

​​

ဂျာမဏီက တင့်ကားဖျက်လက်နက် ၁၀၀၀ နှင့် မြေပြင်မှဝေဟင်ပစ် stinger ၅၀၀ ယူကရိန်းကို စတင်ပို့ပေးနေသလို SWIFT ကနေ ရုရှားကို ဖယ်ထုတ်ရေး သဘောမတူတာကနေ နည်းနည်း စိတ်ပြောင်းလာပြီလို့ဆိုတယ်။ အရင်က သံခမောက် ၅၀၀၀ ပဲပို့ပေးလို့ အားလုံးက ဝိုင်းလှောင်ပြောင်နေတာကနေ လေယာဉ်ပစ်ဒုံးလက်နက် ၅၀၀ ကြီးများတောင် ပို့ပေးလိုက်တယ်ဆိုတော့ ပူတင်စိတ်ဆိုးမှာအမှန်ပါပဲ။ 


ကျန်ဥရောပ နိုင်ငံတွေကလည်း လက်နက်တွေ ယူကရိန်းကိုပို့ပေးနေပါပြီ။ (နယ်သာလန်က stinger ၂၀၀ ပို့၊တူရကီက ဒရုန်းပို့၊ ချက်က အမြှောက်တွေပို့ UK, US က ခေတ်မှီ လေဆာနဲ့ပစ်တဲ့တင့်ကားဖျက်လက်နက်တွေ အမြောက်အများ ပို့တယ်လို့တွေ့ရပါတယ်)။ 


ယူကရိန်းခုခံစစ်ပြီးသွားရင်တော့ ဒီလက်နက်တွေ ကမ္ဘာ့လက်နက်ဈေးကွက်ထဲရောက်သွားမယ်လို့ Forbes မဂ္ဂဇင်းကရေးပါတယ်။


Stinger ၅၀၀ ဆိုတာ တကယ့်မနည်းမနော ကြီးပါပဲ။ ရုရှားစစ်လေယာဉ်တွေ ကောင်းကောင်းကြီးဒုက္ခရောက်နိုင်ပါတယ်။ လေကြောင်းစိုးမိုးမှုအားနည်းသွားရင် အဝေးပစ် missile ဒုံးကျည်တွေနဲ့ နားငြီးအောင် ဝိုင်းပစ်တဲ့အကွက် ကိုပဲ ရုရှားတွေ ပိုအားထားရမှာဖြစ်ပြီး ဘယ်လောက်အလုပ်ဖြစ်မလဲမသိပါဘူး၊ စစ်ရေးအခိုင်အမာ အဆောက်အအုံတွေကို ဖျက်ဆီးစွမ်းအားများမှာဖြစ်ပေမဲ့ ပြန့်ကျဲနေတဲ့မြေပြင်ပျောက်ကြားခုခံစစ်အပေါ်မှာ ထိရောက်မှုကနည်းမှာဖြစ်ပါတယ်။ 


ရုရှားရဲ့ တင့်ကားတွေ အုံလိုက်ကျင်းလိုက် ယူကရိန်းမြို့တော် ကီအက်ကို ချီတက်ဝိုင်းရံနေကြပါတယ်။ 


ပြဿနာက ယူကရိန်းနယ်ထဲ မိုင်၂၅၀ လောက်ကျွံဝင်နေပြီဖြစ်လို့ ဒီတပ်ဖွဲ့တွေရဲ့ ထောက်ပို့လိုင်းဟာ ယူကရိန်းမြေပြင်တိုက်ခိုက်ရေးသမားတွေရဲ့ ဖြတ်တောက်မှုကို ခံရဖွယ်ရှိနေပါတယ်။ 


ခုခံစစ်အရှိန်ရလာလေ မြေပြင်ရင်ဆိုင်တိုက်ပွဲတွေမှာ ရုရှားတပ်ဖွဲ့တွေ ထင်သလောက်မလွယ်တာကို ကြုံတွေ့ရဖွယ်ရှိပါတယ်။ 


ရုရှားတွေ ယူကရိန်းရဲ့ chain of command and control ကို အမြန်ဖျက်နိုင်ခါမှ မြို့တော်ကို ထိန်းချုပ်နိုင်မဲ့ သဘောရှိပါတယ်။ ထိန်းချုပ်နိုင်တောင်မှ လပေါင်းအတော်ကြာကြာ ယူကရိန်းခုခံပျောက်ကြားစစ်ကို ကြုံတွေ့ရဖွယ်ဖြစ်နေပါတယ်။ 


နေတိုးက ကိုယ်တိုင်မတိုက်ပဲ ကိုယ်ရောင်ဖျောက် ဝင်ကူတိုက်ပေးတဲ့ ပုံစံကို ကျင့်သုံးလာတာမို့ ပူတင် ဘယ်လိုပတ်ရမ်းမလဲဆိုတာကြည့်ရမယ်။


ရေးသားသူ @Win Myo Thu

ဆက်ဖတ်ရန် →

ပြည်ပနိုင်ငံသားပိုင် ငွေကြေးတွေကို သိမ်းဆည်းမယ်လို့ မက်ဗီဒက် ပြော


ကမ္ဘာတစ်လွှား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လက်တုန့်ပြန်တဲ့အနေနဲ့ ရုရှားရှိ ပြည်ပကုမ္ပဏီတွေနဲ့ ပြည်ပနိုင်ငံသားပိုင် ငွေကြေးတွေကို သိမ်းဆည်းမယ်လို့ မက်ဗီဒက် ပြော 

---အကုန်သိ သတင်းဌာန---

          ကမ္ဘာတစ်လွှားမှာ ရုရှား နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံနေရတာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံရှိ ပြည်ပ ကုမ္ပဏီတွေ၊ ပြည်ပနိုင်ငံသားတွေရဲ့ ရန်ပုံငွေတွေကို သိမ်းဆည်းခြင်းဖြင့် ရုရှားက တုန့်ပြန်သွားမယ်လို့ ရုရှား လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမစ်ထရီ မက်ဗီဒက်က စနေနေ့မှာ ပြောဆိုကြောင်း RIA သတင်းအေဂျင်စီက ဖော်ပြပါတယ်။ 

             ဒါ့အပြင် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ အခြား မိတ်ဆွေမဆန် တရားမမျှတစွာ ဆောင်ရွက်ခဲ့ကြသောနိုင်ငံတွေမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေရဲ့ ရပိုင်ခွင့်တွေကို ပြည်သူပိုင် သိမ်းဆည်းသွားရေး ရုရှားအစိုးရက တားမြစ်မှာ မဟုတ်ဘူးလို့ မက်ဗီဒက်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

         အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ အဓိကငွေပေးချေမှုစနစ်ကနေ ရုရှား ဘဏ်တွေကို ဖယ်ရှားရေးအပါအဝင် ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုအသစ်တွေ ထပ်မံချမှတ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ 

             ယူကရိန်းအပေါ် ရုရှားက ကျူးကျော်စစ် စတင်လိုက်ချိန်မှစကာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်တိုက်လုပ်လာကြတာဖြစ်သလို ယူကရိန်းကို လက်နက်ကိရိယာနဲ့ အခြားအထောက်အပံ့တွေ ပေးဆောင်နေခဲ့ကြပါတယ်။ NDTV




ဆက်ဖတ်ရန် →

စစ်တပ်က နှစ်ထပ် ခံတပ် များ တည်ဆောက်နေ

​ရန်ကုန်မြို့ရှိ လမ်းဆုံလမ်းခွများနှင့် မီးပွိုင့်များတွင် စစ်တပ်က နှစ်ထပ် ခံတပ် များ တစ်မြို့လုံးအတိုင်းအတာဖြင့် တည်ဆောက်နေ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ 


ရန်ကုန်မြို့တော်ရှိ လမ်းဆုံလမ်းခွများနှင့်မီးပွိုင့်များတွင် စစ်တပ်က နှစ်ထပ် RC ခံတပ်အဆောက်အအုံများကို တစ်မြို့လုံးအတိုင်းအတာဖြင့် တည်ဆောက် လျက် ရှိကြောင်းရန်ကုန်မြို့ခံများက ပြောဆိုသည်။ 


၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး မြို့လယ်ခေါင်နှင့် အချက်အချာကျ လမ်းဆုံ များ၊ မီးပွိုင့်များတွင် စစ်တပ်က ခံတပ် ဘန်ကာ ပုံစံ RC နှစ်ထပ် အဆောက် အအုံ ငယ်များကို တည်ဆောက်လာခြင်းဖြစ်ကြောင်း၊ သေနတ် တင်၍ ပစ်နိုင် သော အပေါက်များကိုလည်း ခံတပ် ဘန်ကာများတွင် ထည့်သွင်း တည် ဆောက် ထားကြောင်း သိရှိရသည်။ 


လက်ရှိတွင် သမိုင်းလမ်းဆုံမီးပွိုင့် City Mart နှင့်မျက်နှာချင်းဆိုင် လမ်းဆုံ လမ်း ခွ တွင်လည်းကောင်း၊ တောင်ဥက္ကလာ ဘေလီ တံတား အဆင်း တွင် လည်းကောင်း အပါအဝင် မြို့နေရာအနှံ့အပြားတွင် ခံတပ် ဘန်ကာငယ်များ တည် ဆောက်နေခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။ 


"မသိရင် ရန်ကုန်မှာ သိပ်မကြာခင် စစ်ဖြစ်မယ့်ပုံစံအတိုင်း ဘန်ကာတွေ ဆောက် လာတာ။ သေနတ်တင်ပစ်လို့ရတဲ့ အပေါက်ရှည်တွေလည်း အပေါ် ထပ်ရော အောက်ထပ်ရောမှာ တည်ဆောက်နေတာ။ ပြည်သူတွေကတော့ စစ်ခွေးတွေကို ရွံ့တာပေါ့ဗျာ။ လက်နက်နဲ့ စောင့်ကြည့် ခြိမ်းခြောက်ဖို့ လုပ် တဲ့လုပ်ရပ်ပေါ့" ဟု ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးက ပြောသည်။ 


ထို့ပြင် ဘန်ကာများ မလှမ်းကမ်းတွင်လည်း CCTV များကို တပ်ဆင်နေပြီး စစ် တပ်က မြို့နေရာအနှံ့ CCTV ကွန်ရက် ဖြန့်ကျက်တပ်ဆင်လာကြောင်း သိရှိ ရသည်။

ခေတ်သစ်မီဒီယာ

ဆက်ဖတ်ရန် →

မုန်ညှင်းထုပ် အကာအကွယ်ဖြင့် ကံစမ်းကြသည့် မြန်မာနိုင်ငံသားများ ထိုင်းတွင်အဖမ်းခံရ


=======================


ထိုင်း - မြန်မာနယ်စပ်မဲဆောက်မှတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ၀င်ရောက်နိုင်ရန်အတွက် တဦးလျှင် ထိုင်းဘတ်ငွေ (၂) သောင်းစီ အရင်းအနှီးပြုကာ ကံစမ်းခဲ့ကြသည့် မြန်မာနိုင်ငံသား ၁၄ ဦး မဲမပေါက်ဘဲ ဗလာကျကာ အဖမ်းခံကြရခြင်းဖြစ်သည်။


ယနေ့နေလည်ပိုင်းက မဲဆောက်မြို့မှအထွက် ဒုတိယစစ်ဆေးရေးဂိတ်ဖြစ်သည့် ဝှေ့ညအု (ငါးပိစမ်းချောင်း) ဂိတ်တွင် ဖမ်းဆီးခံကြရခြင်းဖြစ်သည်။


ဗလာကျသည့် မြန်မာနိုင်ငံသား ၁၄ ဦးကို ကားဖြင့်တင်ဆောင်လာသည့် ထိုင်းနိုင်ငံသားလည်း ဖမ်းဆီးခံခဲ့ရသည်။


ထိုင်းစစ်ဆေးရေးဂိတ်တွင်တာ၀န်ကျသူများ မသိနိုင်လောက်ဟုထင်ကာ အဆိုပါမြန်မာနိုင်ငံသား ၁၄ ဦးကို မုန်ညှင်းထုပ်များ အကာအကွယ်ယူကာ သယ်ဆောင်လာခြင်းဖြစ်သည်။


(၈၅) ကီလိုမီတာအကွာအဝေးရှိသော မဲဆောက်မြို့နှင့်တာ့ခ်မြို့အကြားတွင် စစ်ဆေးရေးဂိတ်ကြီး (၂) ခုရှိပြီး မဲဆောက်မြို့အထွက်တွင်ရှိသည့် ပထမဆုံးအဖွဲ့စုံစစ်ဆေးရေးဂိတ်သည် (ဟွေ့ဟင်ဖွန်) စစ်ဆေးရေးဂိတ်ဖြစ်သည်။


မဲဆောက်အခြေစိုက် မီဒီယာသမားတဦးက " မြန်မာနိုင်ငံသားတွေ အဲလိုနည်းနဲ့သွားတာ အလွန်အန္တရာယ်ကြီးတယ် ဂေါ်ဖီထုပ်ကားတွေ မုန်းညှင်းထုပ်ကားတွေ မုန်လာဥကားတွေ အပါအ၀င် မဲဆောက်ကနေတဆင့်ဘန်ကောက်ကို  ဟင်းသီးဟင်းရွက်သွားပို့တဲ့ ကားမှန်သမျှကို စစ်ဆေးရေးဂိတ်တွေရောက်ရင် တာ၀န်ရှိသူတွေကနေ သံချွန်အရှည်တွေနဲ့ ထိုးသွင်းပြီးတော့ စစ်ဆေးတာတွေရှိတယ် အကယ်၍လူပါလာလို့ထိုးမိမယ်ဆိုရင် ဘာဖြစ်နိုင်လဲတွေးကြည့်ကြပါ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က သံချွန်ရှည်နဲ့ထိုးမိတဲ့မြန်မာနိုင်ငံသားတဦး ဘန်ကောက်ရောက်လို့ဖွင့်ကြည့်မှဘဲ သွေးလွန်ပြီးသေနေတဲ့ဖြစ်ရပ်မျိုးလည်းရှိခဲ့တယ် " ဟု ဆိုသည်။


ဖေဖော်ဝါရီ -  ၂၇  -  ၂၀၂၂

ဓာတ်ပုံ - AEC ထိုင်းသတင်းဌာန

သတင်း - ကရင်အမျိုးသားမီဒီယာ

ဆက်ဖတ်ရန် →

သမိုင်းအရ ယူကရိန်းဟာ ရုရှားနဲ့ ဘယ်တုန်းကမှ မတည့်

​ယူကရိန်းမြို့တော် ကိယစ်ဗ်ကိုတော့ ယူကရိန်းတပ်သားတွေက အောင်မြင်စွာ ကာကွယ်ထားနိုင်ဆဲပါပဲ ... မြို့ထဲကို ဝင်စီးတဲ့ ရုရှားစစ်သားတွေနဲ့ ပုံဖျောက် အရပ်ဝတ်တပ်ဖွဲ့တွေကို နှိမ်နင်းနိုင်ခဲ့ပါတယ်


ရုရှားကျူးကျော်စစ် ၃ရက်မြောက်နေ့မှာ စစ်ဘက်+အရပ်ဘက် အကျအဆုံး ကတော့ ရာချီနေပါပြီ ... 


ယူကရိန်း အဓိက ခံနေရတာ လေကြောင်းတိုက်ခိုက်မှုပါ ... ရုရှားက ပဲ့ထိန်းဒုံးပျံတွေနဲ့ချည်း ပစ်မှတ်တွေကို လှမ်းပစ်နေပါတယ် ... ဒါ့အပြင် လေကြောင်းချီတပ် (လေထီးတပ်) တွေနဲ့ သံချပ်ကာ တပ်တွေကလည်း နိုင်ငံအနှံ့ ဆက်လက် ကျူးကျော်ချီတက်လာနေဆဲပါပဲ ... ရုရှားဟာ ယူကရိန်းကို မြောက်၊ အရှေ့မြောက်၊ အရှေ့နဲ့ အရှေ့တောင်ဘက် အားလုံးကနေ ဝိုင်းပြီး ပြိုင်တူ ဝင်လာနေပါတယ် 


ဥရောပနဲ့ အမေရိကန်က ဝင်မတိုက်ပေမယ့် လက်နက်တော့ စပြီး ကူညီနေပါပြီ ... ဂျာမနီက စတင်ဂါ လေယာဉ်ပစ်ဒုံးပျံ ၅၀၀ နဲ့  တင်ကားဖျက်ဒုံးကျည် ၁၀၀၀ ပို့ပေးမှာဖြစ်သလို အမေရိကန်ကလည်း ဒေါ်လာ သန်း ၃၅၀ ဘိုး စွမ်းအားပြင်း ကာကွယ်ရေးလက်နက်အကူအညီ (lethal defensive assistance) ထပ်ပေးမယ့်အပြင် နောက်ထပ် အရေးပေါ် ဒေါ်လာ ၆.၄ ဘီလျံ ကို လွှတ်တော်ကနေ တောင်းထားပါတယ် ... နယ်သာလန်ကလည်း RPG လောင်ချာ ၄၀၀ လတ်တလော ပို့လိုက်သလို စတင်ဂါ လေယာဉ်ပစ်ဒုံးပျံ ၂၀၀ ထပ်ပို့မယ်လို့လည်း ဆိုပါတယ် ... ဘယ်ဂျီယမ်က လောလောဆယ် စက်သေနတ် ၂၀၀၀ နဲ့ ဆီတန်ချိန် ၃၈၀၀ ပို့ပေးဖို့ ကြေညာထားပါတယ် ... ဩစတြေးလျကလည်း နေတိုးနိုင်ငံတွေကနေတဆင့် လက်နက်ကူညီမယ် ပြောပါတယ် ... နောက်ထပ်လည်း လာကြဦးမှာပါ


ယူကရိန်းကျူးကျော်ခံရတာကို ဒီတိုင်းကြည့်နေရင် ပူတင် ရမ်းကားသထက် ရမ်းကားလာမှာဖြစ်သလို ယူကရိန်းသာ ရုရှားလက်အောက် ရောက်သွားရင် ရုရှားစစ်တပ်ကြီးဟာ နေတိုးရဲ့ တံခါးဝကို ရောက်လာမယ့် အခြေအနေကို အနောက်အုပ်စုက မလိုလားပါဘူး ... ဒါကြောင့် ဝင်မတိုက်ပေမယ့် လက်နက်ကူညီပေးကြတာပါ ... နောက်ပြီး ဒီဘက်ခေတ်မှာ မျှော်လင့်မထားကြတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုကို တခြား အင်အားကြီးနိုင်ငံကြီးက ဝင်ရောက်ကျူးကျော်တာမို့ ကူညီကြတာလည်း ပါပါလိမ့်မယ် 


ယူကရိန်းသမ္မတ ဗလာဒီမျာ ဇလင်းစကီး ကတော့ နောက်မဆုတ်တမ်း ခုခံသွားကြဖို့ ယူကရိန်းပြည်သူတွေကို တောင်းဆိုပါတယ် ... "အမှန်တရားက တို့ဘက်မှာ ရှိတယ်။ ဒါတို့မြေ၊ တို့နိုင်ငံ၊ တို့ရင်သွေးတွေ ... သူတို့အားလုံးကို တို့ ဆက်ကာကွယ်သွားကြမယ်" လို့ ပြောပါတယ် ... သူ့အသက်အန္တရာယ် ရှိလို့ တိုင်းပြည်ကနေ ထွက်လာဖို့ အမေရိကန်က ကမ်းလှမ်းတာတောင် ငြင်းပယ်ခဲ့ပြီး သူ့ပြည်သူတွေနဲ့ အတူ ဆက်တိုက်ပွဲဝင်ဖို့ ရွေးခြယ်ခဲ့ပါတယ် ... ယူကရိန်း အရပ်သား ပြည်သူတွေကလည်း ထောင်နဲ့ချီပြီး ရရာလက်နက် စွဲကိုင် တိုက်ပွဲဝင်ဖို့ စုရုံးနေကြပါပြီ ... နယ်မြေကာကွယ်ရေးတပ်ဖွဲ့ (Territorial Defense Unit) တွေမှာ စာရင်းတွေ ပေးပြီး ဝင်နေကြပါတယ် ... လောလောဆယ်တော့ ရှိသမျှ သေနတ်တွေ အစိုးရက ဖြန့်ဝေပေးထားသလို မိုလိုတော့ဗ်တွေလည်း လုပ်ပြီး ကိုင်ထားကြပါတယ် 


သမိုင်းအရ ယူကရိန်းဟာ ရုရှားနဲ့ ဘယ်တုန်းကမှ မတည့်သလို ကြောက်စရာကောင်းလှတဲ့ ကွန်မြူနစ် မိစ္ဆာအင်ပါယာ ဆိုဗီယက်ယူနီယံကြီး လက်အောက်မှာ တုန်းကတောင် လွတ်လပ်ရေးအတွက် အမြဲဆိုသလို တော်လှန်ထကြွနေခဲ့တဲ့ ပြည်နယ်မို့ ပေါလစ်ဗျူရိုအတွက် အမြဲ ခေါင်းခဲရတဲ့ ပြည်နယ်တခုဖြစ်ခဲ့တာပါ ... အခုလို အချုပ်အခြာအာဏာနဲ့ အမိမြေကို ကာကွယ်ဖို့ အတွက်ကတော့ ယူကရိန်းပြည်သူတွေ စွမ်းစွမ်းတမံ ရင်ဆိုင်ကြမှာ မလွဲပါဘူး 

ဟယ်ရီလွင်

Photo: Euromaidan Press


ဆက်ဖတ်ရန် →

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ



ဒုဗိုလ်မှူးအဆင့်ရှိအရာရှိ ၃ဦးတောခို CDM ပြုလုပ်ရုံနဲ့ တပ်မတော်ကြီးကဘာမှဖြစ်မသွားဘူး


ယနေ့ပြုလုပ်တဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား CDM လုပ်ဘက်ပြောင်းသွားသည့်ဒုဗိုလ်မှူးများနှင့်ပတ်သတ်၍

သတင်းထောက်တွေ မေးမြန်းသည့်အခါ ဒုဗိုလ်မှူးအဆင့်ရှိအရာရှိ ၃ဦးတောခို CDM ပြုလုပ်ရုံနဲ့ တပ်မတော်ကြီးကဘာမှဖြစ်မသွားဘူး ၊ တိုတိုနဲ့လိုရင်းပဲဖြေလိုက်မယ် ။


တပ်မတော်မှာ ဒုဗိုလ်မှူးအဆင့်ရှိ တပ်မတော်သားတွေ ထောင်ချီပြီးရှိတယ်၊ အရပ်စကားနဲ့ပြောရရင် ဘာမှလွမ်းလောက်စရာမရှိဘူး၊ တပ်မတော်ကို ဝိုင်းဆန့်ကျင်နေရင် တပ်မတော်တင်ထိခိုက်ပျက်စီးမှာမဟုတ်ဘူး၊ တိုင်းပြည်ရော ပြည်သူတွေရော အကုန်ပျက်စီးရလိမ့်မယ်၊ ဒါ  ...  ကျွန်တော် ခြိမ်းခြောက်ပြောနေတာမဟုတ်ဘူး ။


လက်ရှိ တပ်မတော်က တိုင်းပြည်ကောင်းစားဖို့ အစွမ်းကုန် ဆောင်ရွက်ပေးနေပေမယ့် ပြည်သူတွေ တပ်မတော်အပေါ် အကောင်းမြင်ဝါဒမထားနိုင်ပဲ ပုန်ကန်ရေးကိုသာ ဦးတည်နေတာကိုတွေ့မြင်နေရသလို တရားမဝင် ပြည်ပြေးမီဒီယာတွေကနေ တပ်မတော်စစ်ဦးစီးချုပ်ကို ရူးသွပ်ဝေဒနါ ခံစားနေရတယ် လို့ မမှန်သတင်းတွေရေးသားဖြန့်ဝေနေတာကိုလည်းတွေ့မြင်နေရပါတယ်။


တပ်မတော်ဂုဏ်သိက္ခာကို ဘယ်သူတွေဘယ်လိုဖျက်ဖျက် သစ်တပင်တကယ်ကောင်းလို့ ဌက်တသောင်းတကယ်နားနေရတာလည်း တပ်မတော်ပါပဲ၊ နိုင်ငံတနိုင်ငံမှာ စစ်တပ်ဆိုတာ ဘယ်လောက်တောင် အရေးပါ အရာရောက်တယ်ဆိုတာ မသိသေးကြသ၍ ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးလမ်းစ ဘယ်တော့မှပေါ်ပေါက်မှာမဟုတ်ဘူး ၊ ကျွန်တော်ဒီလောက်ပဲပြောချင်တယ်၊ ဒါပါပဲ... ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောဆိုဖြေကြားသွားသည်။


#CDM #ဒုဗိုလ်မှူးအဆင့်ရှိ #ဇော်မင်းထွန်း #တပ်မတော် #ငြိမ်းချမ်းရေးလမ်းစ


#Crd:

ဆက်ဖတ်ရန် →

အစ်ကိုကြီးနဲ့ ညီလေးဖြစ်သွားတဲ့ မလေးရှားနဲ့ ကမ္ဘောဒီးယား

​

---------------------------<>----------------------------


မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေအနေနဲ့  အာဏာသိမ်းစစ်တပ်ကို ပြင်းပြင်းထန်ထန် ဖိအားပေးနေသူတွေက မလေးရှားနဲ့ အင်ဒိုနီးရှားပါ။ ဧပြီလတုန်းက အချက် ၅ ချက်ကို သဘောတူခဲ့ပြီးမှ မလှိမ့်တပတ်လုပ်သွားတဲ့ စစ်အာဏာရှင်တွေကို မလေးရှားနဲ့ အင်ဒိုနီးရှားက ထင်သာမြင်သာစွာနဲ့ ဖိအားပေးလာပါတယ်။ အာဆီယံမှာ စီးပွားရေးအင်အားကောင်းသူတွေဖြစ်တဲ့အတွက် အရေးပါသူတွေလည်းဖြစ်ပါတယ်။


ဒီတပတ်မှာတော့ အာဆီယံဥက္ကဋ္ဌဖြစ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံကို မလေးရှား ဝန်ကြီး ရောက်လာခိုက်မှာ မြန်မာ့အရေးအတွက် သီးသန့် ဆွေးနွေးခဲ့ပါတယ်။ မြန်မာ့အရေးအထူးကိုယ်စားလှယ်၊ ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ မလေးရှားဝန်ကြီး အစ္စမီလ်တို့ ၃ ဦး ဆွေးနွေးခဲ့ကြတာပါ။ 


ဒီဆွေးနွေးပွဲမှာ မြန်မာ့အရေးအတွက် NUG နဲ့ တွေ့ဆုံဆွေးနွေးဖို့ကို စစ်ကောင်စီဘက်က ကန့်ကွက်ခဲ့တဲ့အကြောင်း၊ အာဆီယံသဘောတူညီချက် ၅ ချက် နဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာတွေကို အသေးစိပ်ဆွေးနွေးခဲ့ပါတယ်။


မလေးရှားဝန်ကြီးက ဟွန်ဆန်အနေနဲ့ မြန်မာနိုင်ငံကိုမသွားခင် အာဆီယံနဲ့ အရင်ဆုံး တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ပြောခဲ့သလို ဟွန်ဆန်ကလည်း အာဆီယံဥက္ကဋ္ဌကို လေးစားရမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ကောင်စီဘက်က သဘောတူထားတဲ့ အချက် ၅ ချက်ကို ဂရုမစိုက်သလို လုပ်နေတာဟာ အာဆီယံကို မလေးစားတဲ့အတွက် တွေ့ဖို့မလိုဘူးလို့ ပြောတဲ့အခါမှာတော့ ဟွန်ဆန်က ထောက်ခံခဲ့ပါတယ်။ 


ဆွေးနွေးပွဲအပြီးမှာတော့ မြန်မာစစ်ခေါင်းဆောင်တွေဘက်က အာဆီယံတောင်းဆိုမှု့တွေကို မလုပ်မချင်း စစ်ခေါင်းဆောင်တွေကို အလေးမထားဖို့နဲ့ မြန်မာ့ပြဿနာကို ပူးပေါင်းဖြေရှင်းကြဖို့ သဘောတူခဲ့ကြပါတယ်။ ဟွန်ဆန်နဲ့ မလေးရှားဝန်ကြီးတို့ဟာ တွေ့ဆုံမှု့အပြီးမှာတော့ အကိုကြီးနဲ့ ညီလေးလို ဖြစ်သွားကြပြီး တောင်တရုတ်ပင်လယ်အရေးလည်း ဆွေးနွေးခဲ့ကြပါတယ်။ 


ဒီရက်ပိုင်းဟာ ကမ္ဘာကြီးရဲ့ ဖြစ်တည် ပြောင်းလဲမှု့တွေက သိပ်ကိုမြန်ဆန်ပါတယ်။ ရုရှားက ယူကရိန်းကို ဝင်တိုက်သလို၊ တောင်တရုတ်ပင်လယ်တွင်းက အာဆီယံနိုင်ငံငယ်လေးတွေလည်း တရုတ်ရဲ့ခြေလှမ်းကို သတိထားနေကြပါပြီ။ အမေရိကန်ရဲ့ အဓိကစစ်ပွဲဟာ တရုတ်ဖြစ်လာလေမလား၊ ယူကရိန်းလိုပဲ ဆန်ရှင်တွေနဲ့ တိုက်လေမလားဆိုတာကို အာဆီယံနိုင်ငံတွေ တွေးပူလာကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေလည်း အလုပ်ရှုပ်ကြရပါတယ်။


အဆိုးထဲက အကောင်းတစ်ခုကတော့ ရုရှားနဲ့ တရုတ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကိုယ်စားပြုတဲ့ ဗီတိုအာဏာနဲ့ မထိုက်တန်ဘူးလို့ နိုင်ငံတွေဆီကနေ အသံတွေထွက်လာတာပါတယ်။

..

ဘကြီးအောင် LA

(24-February-2022)

..

ဆက်ဖတ်ရန် →

ဒီစစ်ပွဲက ပူတင်က ပါဝါ ပြချင်ရုံသက်သက်ပဲဖြစ်

​☠️  ချာနိုဘိုင်းနျူကလီးယားဓာတ်အားပေးစက်ရုံ…ပြီးတော့ ကလေးငယ်တွေ  ☠️


ယူကရိန်း ကလေးတွေသေကုန်ပြီ..။ ပူတင်ရဲ့ စစ်တပ်ဟာ ကလေး အယောက် ၅၀ ရှိတဲ့  မိဘမဲ့ဂေဟာကို တိုက်ခိုက်ခဲ့လို့ပါ..။ 


အရပ်သား ၉၂ ဦးကို ဖမ်းဆီးပြီး ဓားစာခံလုပ်ခဲ့တယ်။


ပူတင်ဟာ တပည့်ကျော်ကြီး မင်းအောင်လှိုင်လိုပဲ စစ်ရာဇ၀တ်မှုတွေကျူးလွန်ခဲ့ပါပြီ..။


☠️ 


နောက်ထပ် အလွန် အရေးကြီးတာ ရှိတယ်။ ဓာတ်ရောင်ခြည်ဖြာထွက်နေဆဲ ချာနိုဘိုင်းနျူကလီးယားဓာတ်အားပေးစက်ရုံ..၊


( ချာနိုဘိုင်း တစ္ဆေမြို့ကြီး ☠️—-  https://www.facebook.com/1596809120363511/posts/3105924902785251/ )


☠️


၁၉၈၆ ခုနှစ် နျူကလီးယားဓာတ်အားပေးစက်ရုံကြီးအရည်ပျော်ကျပြီးတဲ့နောက် အဏုမြူစွန့်ပစ်ပစ္စည်းတွေ…၊ အဲ့ဒီ ပစ္စည်းတွေ အဓိက သိုလှောင်ထားတဲ့စက်ရုံ…  အတော့်ကို အန္တရာယ်ရှိနေပါပြီ…။


ဒါတွေကို လက်နှက်ကြီးထိပြီး ပြန့်ကျဲသွားမှာ  အမေရိကန် သံအမတ်ကြီးက စိုးရိမ်ပူပန်တယ်လို့ပြောတယ်။ 


ပြည်သူနဲ့ ကလေးငယ်တွေ အများအပြား ဒုက္ခိတဖြစ်သွားမှာမို့…။


(အမေရိကန်ပြည်ထောင်စုဆိုင်ရာ ယူကရိန်းသံအမတ်ကြီး Oksana Markarova)


☠️ 


‘ချာနိုဘိုင်း’ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့  တာဝန်အားလုံးက ကျူးကျော်တဲ့ ရုရှားစစ်တပ်မှာ ရှိနေတယ်။


☠️ 


ရုရှားနိုင်ငံဟာ စစ်ဖြစ်တာ ၃ ရက်ရှိသေးတယ် စစ်ရာဇ၀တ်မှုတွေဆက်တိုက် ကျူးလွန်ခဲ့ပြီဆိုတော့ အဲ့ဒီအထိ မယုတ်မာဘူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါ။


ရုရှား ဒုံးကျည်တွေက လူနေရပ်ကွက်တွေ၊ လူနာတင်ယာဉ်တွေကို ပစ်တယ်။ ကလေးငယ် တော်တော်များများ ဒဏ်ရာရတယ်။


မဟာဗျူဟာမြောက် ဓာတ်ငွေ့ပိုက်လိုင်းတွေကိုလည်း ဖျက်ဆီးခဲ့တယ်။


☠️


(၂၅ ရက်နေ့အထိ တော့) ရုရှားဘက်က စစ်သား ၂၈၀၀ သေဆုံး၊ ရုရှားတင့်ကား ၈၀၊ လေယာဉ် ၁၀ စီးနဲ့ ရဟတ်ယာဉ် ခုနစ်စင်း ပျက်စီးခဲ့။ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဘက်က သတင်းပို့ထားတယ်။ 


ပူတင် ဂရုမစိုက်ပါဘူး။ သူ သေတာမှ မဟုတ်တာ..။


☠️


စစ်ပွဲ ဒုတိယနေ့က စပြီး Lviv မြို့နဲ့ Kyiv မြို့တော်တွေမှာ  ဥဩတွေ ကို စပြီးအသုံးပြုခဲ့..။


 ‘ဥဩသံ’ နဲ့ ‘လေကြောင်းခြိမ်းခြောက်မှု အချက်ပြ’ တာဖြစ်ပါတယ်။


မြေအောက်ရထား ဘူတာရုံတွေ အားလုံး တခါးဖွင့်ထားတယ်။ ဥဩဆွဲရင် မြေအောက်ဘူတာရုံထဲတွေကို ဝင်ပြေးဖို့  ပြည်သူတွေကို သတိပေးထားတယ်။


 ယူကရိန်းတပ်ဖွဲ့တွေက  ရုရှားစစ်တပ်တွေ ဝင်မလာနိုင်အောင် ကိယက်ဗ်က ၂၅ ကီလိုမီတာ (၁၅ မိုင်) အကွာမှာရှိတဲ့ သူတို့ တံတားကို သူတို့ကိုယ်တိုင် ဖောက်ခွဲဖျက်ဆီးခဲ့တယ် — သတင်း-Christine Wang


☠️


ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ကွန်တိန်နာထောက်ပံ့ရေးကွင်းဆက်တွေကို ကြီးကြီးမားမား ထိခိုက်စေနိုင်တယ်လို့ သင်္ဘောအတိုင်ပင်ခံလုပ်ငန်း (Vespucci Maritime) က CEO Lars Jensen က ပြောတယ်..။


 “အဲဒါက အနောက်ဘက် မြေထဲပင်လယ်(Western Mediterranean) နဲ့ ပင်လယ်နက် (Black Sea )မှာရှိတဲ့ ဆိပ်ကမ်းတွေအပေါ် သက်ရောက်မှုရှိလာနိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ အခုလောလောဆယ် ကုန်တင်ကုန်ချဖို့ ပစ္စည်းတွေ အမြောက်အမြားသယ်လာတဲ့ သင်္ဘောတွေက ယူကရိန်းကိုသွားမလို့ ဦးတည်နေတာလေ” — သတင်း-Sumathi Bala


☠️


တရုတ်က ဒီကိစ္စကို ဝင်မပါပဲနေပေမဲ့ ယူကရိန်းအပေါ် ရုရှားကျူးကျော်တဲ့ ဒီဖြစ်ရပ်ကို တရုတ်က ရှုံ့ချမှာမဟုတ်ဘူးလို့ စင်ကာပူအကြီးတန်းသံတမန်ဟောင်း Bilahari Kausikan က ပြောတယ်။


ရုရှား- ယူကရိန်း ပြဿနာကြောင့်အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတာကို တရုတ်က အတော်လေး ကျေနပ်နေမှာပါတဲ့ — သတင်း- Charmaine Jacob


☠️


ဖေဖော်ဝါရီ ၂၅ ရက်၊ သောကြာနေ့၊ မနက်၄ နာရီ ၂၀ မိနစ်။


ရုရှားက  ကိယက်ဗ်မြို့ ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဒုံးကျည်တစ်မျိုးနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။


ယူကရိန်းဘက်ကပြန်တိုက်လို့ ရုရှားလေယာဉ်တွေလည်းပျက်ကျတာပဲ — သတင်း- Christine Wang


☠️


ကမ္ဘာပေါ် စစ်ရာဇဝတ်မှုကျူးလွန်တဲ့သူတွေ အားလုံး အာဏာရှင်တွေပဲ..။ 


အာဏာမက်လို့ အရပ်သားတွေသတ်၊ ကလေးတွေသတ်…။


ဒီ အာဏာရှင်တွေ မြေလှန်မပစ်ရင်တော့ အိုင်းစတိုင်းပြောသလိုဖြစ်လာမှာပဲ။


☠️


အဲလ်ဘတ်အိုင်းစတိုင်းကမကြာခဏ ပြောတဲ့စကား တခွန်းရှိတယ်— "တတိယကမ္ဘာစစ်ကိုတော့ ဘယ်လိုလက်နက်တွေနဲ့ တိုက်ခိုက်မလဲ ဆိုတာ ကျနော် မသိပါဘူးဗျာ… စတုတ္တကမ္ဘာစစ်မှာတော့ တုတ်၊ ကျောက်ခဲတွေ တိုက်ခိုက်လိမ့်မယ်” … တဲ့။


I know not with what weapons World War III will be fought, but World War IV will be fought with sticks and stones.

Albert Einstein


တတိယကမ္ဘာစစ်ဖြစ်ရင် အားလုံးပြာကျ ဘာမှ ကျန်မှာမဟုတ်တော့လို့ စတုတ္တကမ္ဘာစစ်မှာ တုတ်နဲ့ရိုက်၊ ကျောက်ခဲနဲ့ပေါက်ရမယ်တဲ့..။


ဒီစစ်ပွဲက ပူတင်က ပါဝါ ပြချင်ရုံသက်သက်ပဲဖြစ်ပြီး ရပ်သွားပါစေလို့ပဲဆုတောင်းရမယ်။


☠️


ရုရှား- ယူကရိန်း စစ်ပွဲကိုကြည့်ပါ..၊ အာဏာမက်တဲ့ မိစ္ဆာကောင်တွေဟာ အကြောင်းပြချက် တစ်ခုရတာနဲ့ ဘယ်သူသေသေ ရာဇဝတ်မှုတွေကျူးလွန်တော့တာပဲ။ အချိန်တစ်ခုကိုပဲ သူတို့စောင့်နေကြတာ..။


ကျုပ်တို့ အနီးဆုံး အာဏာရှင်ကို နှစ်ဆပိုတိုက်ခိုက်ကြစို့..။


☠️☠️☠️


မရွှေမိုး- ကိုရီးယား

February 27th,2022.


Reference:

▪️ Russia meets resistance from Ukrainians

Ukraine’s capital was preparing for battle Friday as the Russian advance reached the city and its leader issued a desperate plea to the outside world for help.

ဆက်ဖတ်ရန် →

ယူကရိန်းထဲရုရှထိုးဖေါက်နိုင်မှု နှေးကွေးသွား

​

ရုရှ ကိုစီးပွါးရေး ပိတ်ဆို့ထားတဲ့ နေတိုးအုပ်စု နိုင်ငံက ခရီးသည်တင် လေယာဉ်တွေ ရုရှနိုင်ငံအပေါ် ပျံသန်းခွင့်မပေးသလို ရုရှလေယာဉ်တွေလည်း ဥရောပဝင်ခွင့်မရတော့ပါဘူး။ 


မြောက်ကိုရီးယားက ဒုံးပစ်ဖေါက်စမ်းသပ်ပါတယ်။ 


ဥရောပနိုင်ငံတွေဟာ ယူကရိန်းကို ခေတ်မှီလက်နက်အလုံးအရင်း တပ်ဆင်ပေးနေသလို ပိုလန်မှ တဆင့် စက်သုံးဆီအများအပြားထောက်ပံ့ပေးနေပါတယ်။ 


ယူကရိန်းအတွင်းထဲအထိရောက်လာတဲ့ ရုရှစစ်တပ်ဟာ စစ်ဘက်ရိက္ခာ ထောက်ပို့ အခက်အခဲ ကြုံနေကြရပါတယ်။ပူတင်ဟာ ယူကရိန်းစစ်တပ်ကို ယူကရိန်းသမတ ဆီကနေ အာဏာသိမ်းဖို့ လှုံ့ဆော်နေပါတယ်။ 


ဇူကာဘတ်ဟာ ဆိုရှယ်မီဒီယာကတဆင့်ရုရှ အစိုးရ ရဲ့ အကောင့်တွေ၊ ကြော်ငြာတွေပိတ်ပစ်ပါတယ်။ အီလွန်မတ်ခ် ဟာ သူ့ရဲ့ အင်တာနက်ဖြန့်ဝေတဲ့ starlinks ဂြိုလ်တု တွေကို ယူကရိန်းပေါ် ဖြန့်ဝေပြီး အင်တာနက်ပေးဖို့ စီစဉ်နေပါတယ်။ ဆိုက်ဘာစစ်ပွဲအနေနဲ့ ယူကရိန်းဟာ IT army တည်ထောင်ပြီး ရုရှ အစိုးရ ဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်ပါတယ်။


ရုရှဘဏ် ၈၀% ဟာ SWIFT Society for Worldwide Interbank Financial Telecommunication ကိုအသုံးပြုပြီး ဘဏ်ငွေလွှဲ များလုပ်ဆောင်လို့ မရအောင်ပိတ်ပစ်မယ်လို့ ဆိုပါတယ်။  ဒါဟာ ရုရှဘဏ်လုပ်ငန်းတခုလုံး ပြိုလဲအောင် ညူကလီးယားလက်နက်ထုတ်သုံးလိုက်လိုက်ခြင်း လို့ ဆိုပါတယ်။ 


ယူကရိန်းကို ကူဖို့ အမေရိကန်တွေက အဆင့်မြင့် မောင်းသူမဲ့ လေယာဉ်တွေအသုံးပြုပေးနေတယ်ဆိုတာ ကို အမေရိကန်အစိုးရ က ငြင်းဆိုပါတယ်။ 


YouTube ဟာ သူ့ ချန်နယ်အသုံးပြုပြီး ရုရှသတင်းဌာနတွေထုတ်လွှင့်နေမှုကို ပိတ်ပင်လိုက်ပါတယ်။ 


ယူကရိန်းထဲရုရှထိုးဖေါက်နိုင်မှု နှေးကွေးသွားပြီး ညှိနှိုင်းဖို့နည်းရှာနေတယ် လို့ နေတိုးက ဆိုပါတယ်။ 


ပူတင်နဲ့အလွန်နီးစပ်တဲ့ ရုရှနိုင်ငံသားဟောင်းဘီလီယံနာ အီဗရာပင်မိုဗစ်ဟာ ချယ်ဆီးကလပ် မှာ သူလက်ရှိယူထားတဲ့ရာထူးတွေကိုစွန့်လွှတ်လိုက်ပါတယ်။ 


ပူတင်ကိုလန့်လာတဲ့ နေတိုး နဲ့ဥရောပနိုင်ငံတွေရဲ့ စည်းလုံးမှု ပိုလာတယ် လို့ အမေရိကန်အစိုးရပြောပါတယ်။ 


တရုတ်ဟာ ပူတင် ရဲ့ ဘဏ္ဍာရေးထွက်ပေါက်အဖြစ် ရပ်တည်မယ့်အလားအလာ မတွေ့သေးကြောင်း အမေရိကန်က ဆိုပါတယ်။


Kyaw Swa Min


ဆက်ဖတ်ရန် →

​ထင်တိုင်းမပေါက် ဖြစ်လာနေသော ရုရှား


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရုရှားတို့၏ ယူကရိန်း ကျုးကျော်စစ်သည် ကြာသပတေးနေ့ အာရုံတက်ချိန်တွင် စတင်လာခဲ့သည့် အချိန်က လျပ်တပြက်ထိုးစစ်ပုံစံမျိုး ဆင်နွှဲလာနိုင်သည်ဟု အားလုံးက မျှော်လင့်ထားခဲ့ကြသည်။


သို့‌ သော် ရုရှားတို့ဖက်က အင်အားအလုံးအရင်း နှင့် ကြိုတင်တပ်ဖြန့် ချ စီမံထားခဲ့သော် ငြားလည်း နှစ်ရက် ကြာလာသော်လည်း အားလုံး မျှော်လင့်ထားသလို ထင်တိုင်း မပေါက် ဖြစ်လာခဲ့သည်။


စစ်ပွဲကို စတင် ဖွင့်လှစ်သည့် အနေဖြင့် ပစ်လွှတ်လာသည့် ဒုံးကျည်များက ပြင်းပြင်းထန်ထန် မဟုတ်ပဲ ခပ်ပျော့ပျော့ ဖြစ်နေပြီး ဒုံးကျည် အတုများပင် ပါလာခဲ့ကြောင်း သတင်းများက ဆိုသည်။


မြေပြင်ရှိ ယူကရိန်း တိုက်လေယာဉ်များကိုလည်း ချေမှုန်းခဲ့ခြင်း မရှိ၍ တိုက်ပွဲ၏ ပထမနေ့မှာပင် ကောင်းကင် သို့ ပျံတက်ကာ ခုခံ နိုင်ခဲ့သည်။ ယူကရိန်း ကြည်းတပ်မှလည်း အနောက်နိုင်ငံများမှ ထောက်ပံ့ပေးထားသော တင့်ကားဖျက် လက်နက်များဖြင့် ရုရှား သံချပ်ကာ ကား အမြောက်အမြားကို ဖျက်ဆီးပစ်နိုင်ခဲ့ကြသည်။


သို့သော် ရုရှားတပ်များက ရှေ့သို့ ဆက်လက် ချီတက်လာနိုင်ခဲ့သည်။ ယူကရိန်း တောင်ပိုင်းသို့

နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နိုင်ခဲ့ပြီး နီပါး မြစ် အနီးရှိ မဟာဗျူဟာ ကျသည့် ခါဆန် မြို့ အနီးတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။


အရှေ့ဖက်ခြမ်းရှိ ကာကစ် ကို ဝိုင်းထားနိူင်ခဲ့ပြီး မြို့‌ တော် ကီယက် ၏ အရှေ့ဖက် ကီလိုမီတာ ၂၀၀ ခန့် အကွာရှိ ကိုနိုတော့ မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။


ဘဲလာရုစ် တောင်ပိုင်း စတိုလင် မြို့ အနီးရှိ ရုရှားတပ်များလည်း လှုပ်ရှားလာကြပြီး ယူကရိန်း အနောက်ခြမ်းကို ထိုးဖေါက်နိုင်ရန် ပြင်ဆင်လာကြသည်။ တောင်ဖက်ခြမ်းရှိ အိုဒက်ဆာ ဆိပ်ကမ်းမြို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။


သို့သော် လက်ရှိ အနေအထားသည် ကရင်မလင် မျှော်လင့်ထားသည်ထက် ပို၍ နှေးကွေးနေပြီ ဖြစ်သည်။ ဗြိတိသျှ ထောက်လှန်းရေး သတင်းရပ်ကွက်များ အဆိုအရ ယူကရိန်း တပ်များ၏ ကျားကုတ်ကျားခဲ ခုခံနေမှုကြောင့် ရုရှားတို့၏ ပထမနေ့ စစ်ရေး ရည်မှန်းချက်များ အကောင်အထည် ဖေါ်နိုင်ခဲ့ခြင်း မရှိဟု သိရသည်။ ရုရှားစစ်သား ၄၅၀ ခန့် ကျဆုံးသွားခဲ့သည်ဟု ဗြိတိသျှ ထောက်လှန်းရေးက ခန့်မှန်းခဲ့ကြသည်။


ကိယက် အနီးရှိ လေဆိပ်အား ရဟတ်ယာဉ် ဖြင့် စွန့်စား သိမ်းယူရန် ကြံစည်ခဲ့မှုသည်လည်း ပျက်ပြားသွားခဲ့ရပြီး ယူကရိန်းတပ်များက အလျင်အမြန် ပြန်၍ သိမ်းယူနိူင်ခဲ့သည်။ ရုရှားတပ်များ လက်သို့ ပြန်‌၍ ကျရောက်သွားပြန်ပြီဟု သတင်းများ ထွက်လာသော်လည်း ‌ယူကရိန်း တပ်များက လေယာဉ် ပြေးလမ်းများကို ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။


ရုရှားတို့သည် ကီယက်အား သိမ်းပိုက်နိုင်ရေး ကို အဓိက ဦးတည်နေ‌သည်မှာ သိသာထင်ရှားလာရသည်။ ဘဲလာရုစ် ဖက်မှနေ၍ အရှေ့ နှင့် အနောက်ညှပ်ကာ ပင်စာ ဗျုဟာ အတိုင်း ချည်းကပ်လာခဲ့ကြသည်။ သို့သော် မျှော်လင့်သလို အလုံးစုံ အောင်မြင်ခဲ့ကြခြင်းတော့ မရှိပေ။ ကိယက် မြို့တော်၏ အရှေ့မြောက် ကီလိုမီတာ ၁၃၀ အကွာ နီပါးမြစ် အရှေ့ဖက်ခြမ်းရှိ ချာနီဟစ် အား သိမ်းပိုက်ရန် ကြိုးပမ်းလာမှုသည် ပျက်ပြားသွားခဲ့ရသည်။


ယခု လက်ရှိတွင် ရုရှား တပ်များသည် အင်အား အလုံးအရင်းဖြင့် ကိယက် နှင့် ကီလိုမီတာ ၅၀ ခန့်အကွာသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။


သို့‌‌ သော် ရှေ့ပြေးတပ်များက မြို့တော် အ‌ နောက်မြောက်ဖက်ရှိ အိုဘိုလွန် အနီးပတ်ဝန်းကျင်သို့ ရောက်ရှိလာနေပြီဟု ယူကရိန်း တပ်မတော်မှ ဒေသခံများကို သတိပေးပြီး မိုလိုတော့ လက်လုပ်ဗုံးများ အပါအဝင် ရရာ လက်နက်များနှင့် စုပေါင်းခုခံကြရန် မေတ္တာရပ်ခံခဲ့ကြသည်။


ယူကရိန်း ရုပ်မြင်သံကြား မှ လက်လုပ်ဗုံးများ ပြုလုပ်ပုံ ပြုလုပ်နည်းကို ထုတ်လွှင့်ပေးလာခဲ့သည်။ မြို့တော် အဝင် တံတားများကိုလည်း ဖောက်ခွဲပစ်ခဲ့ကြသည်။


သို့သော် အခြေအနေများက အားတက်ဖွယ် မရှိဟု လေ့လာသူများက ခန့်မှန်းနေကြသည်၊ ကိယက် မြို့တော် ကျသွားပါက ယူကရိန်းတပ်များ လက်နက်ချနိုင်သည့် အလားအလာများ ရှိနေပြီး စစ်ပွဲသည် အလျင်အမြန် အဆုံးသတ်သွားနိူင်စရာ ရှိနေသည်ဟု ထင်ကြေးပေးနေကြသည်။


ယခုထိ ရုရှားဖက်မှ နည်းဗျုဟာမြောက်တပ်မကြီးပေါင်း ၁၁၀ အနက် ၆၀ ခန့်သာ အသုံးပြုသေးသည်။ အီလက်ထရောနစ် စစ်ဆင်ရေး နှင့် ဒရုန်းများ အသုံးပြုခြင်း မတွေ့ရသေးဟု လေ့လာသူများက ဆိုသည်။


နောက်ပိုင်းတွင် ရုရှားတို့ ‌လေကြောင်း အသာစီးရလာသည့် အခါ ယူကရိန်း တပ်များစုစည်းရေး နှင့် ရွှေ့ပြောင်းရေး တွင် ခက်ခဲလာဖို့ ရှိနေသည်။


သို့သော် လက်ရှိတွင် ယူကရိန်းတပ်များက မြို့ကြီးများ တဝိုက်တွင် အခိုင်အမာ ခြေကုပ်ယူထားကြပြီ ဖြစ်၍ ရုရှား တပ်များအဖို့ ထင်သလောက် လွယ်လွယ်ကူကူ ချေမှုန်းနိုင်ဖို့ မရှိပေ။ မြိုတွင်း တိုက်ပွဲများ ဖြစ်လာပါက နှစ်ဖက်စလုံး အကျအဆုံးများဖို့ ရှိနေပေသည်။


ဖေဖေါ်ဝါရီ ၂၅ ရက်တွင် ရုရှား သမ္မတ ပူတင်သည် ရုပ်မြင်သံကြားမှနေ‌၍ ယူကရိန်း စစ်တပ်အား အစိုးရကို ဖြုတ်ချပြီး မိမိတို့နှင့် ဆွေးနွေးရန် တိုက်တွန်းလာခဲ့သည်။


ယူကရိန်း ဗိုလ်ချုပ်ကြီးများကတော့ ပူတင်စကားကို နားယောင်ကြမည့် လက္ခဏ မတွေ့ရပေ။


ထိုသို့ဆိုက ယူကရိန်း တို့မှ မြိုကြီးများမှနေ၍ ပျောက်ကြားစစ်ပွဲ ဆင်နွှဲလာပါက ပူတင် မည်သို့မည်ပုံ ဆက်လုပ်ပေမည်နည်းဟု မေးခွန်းထွက်ပေါ်လာနေပြီ ဖြစ်သည်။


နောက်ဆုံးရရှိသော သတင်းများအရ ရုရှားတပ်များသည် ကိယက် ကို သိမ်းပိုက်နိုင်ရေး တွင် ယူကရိန်းတို့၏ အပြင်းအထန် ခုခံမှု နှင့် ရင်ဆိုင်နေကြရပြီး နယ်စပ်တွင် ချန်ထားခဲ့သော ရုရှားတပ်များ ထပ်မံ ဝင်ရောက်လာနေကြသည်ဟု သိရသည်။


ဂျာမန် အဓိပတိ အိုလက် ရှလော့ဖ် မှ ယူကရိန်းတပ်များအား တင့်ကားဖျက် လက်နက် ၁,၀၀၀ ခန့်နှင့် စတင်းဂျား မြေပြင်မှ ဝေဟင်ပစ် ပုခုံးထမ်း ဒုံးလက်နက် ၅၀၀ ထောက်ပံ့မည်ဟု ကြေညာလိုက်သည်။ ဗြိတိန် နှင့် နိုင်ငံပေါင်း ၂၅ နိူင်ငံမှလည်း စစ်ရေး အကူအညီများ ပေးပို့ရန် သဘောတူလိုက်ကြသည်။ ယူကရိန်း သမ္မတ မှ ၎င်းအား ကယ်ထုတ်ရန် အမေရိကန်၏ ကမ်းလှမ်းမှုအား ပယ်ချခဲ့သည်။


ကုလ လုံခြုံရေး ကောင်စီ ၏ ရုရှား ကျူးကျော်မှုအား တရုတ်၊ အိန္ဒိယ နှင့် ယူအေအီးတို့ မှ ကြားနေပြီး ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။


နေတိုး အဖွဲ့ အတွင်းရေးမှုးချုပ်မှ အဖွဲ့ဝင် နိုင်ငံများအား အကာအကွယ် ပေးမည် မဟုတ်ဟု နားလည်မှု လွဲမှား မသွားရန် အလျင်အမြန် တုန့်ပြန်‌ရေး တပ်ဖွဲ့များကို ချထားသွားမည်ဟု ပြောလာခဲ့သည်။


ဥရောပ နိုင်ငံ အတော်များများက ရုရှား ခရီးသည်တင် လေယာဉ်များ ၎င်းတို့ လေကြောင်းပိုင်နက်အား အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပြီး အက်စတိုနီယား ဝန်ကြီးချုပ် ကျုးကျော်လိုသည့် နိုင်ငံမှ လေယာဉ်များ ဒီမိုကရေစီ ကောင်းကင်ပြင်တွင် ပျံသန်းခွင့် မပြုနိုင်ဟု တွစ်တာတွင် ရေးသားခဲ့သည်။ ရုရှားကလည်း အလားတူ လက်တုန့်ပြန်လာခဲ့သည်။


ကုလ ၏ ခန့်မှန်းချက်အရ ယူကရိန်း နိုင်ငံသား ၁၅၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အများအပြားသည် အိမ်နီးချင်း နိုင်ငံများသို့ ဒုက္ခသည်များ အဖြစ် စတင် ဝင်ရောက်လာနေကြပြီဟု သိရသည်။


ကိုးကား - "Russian forces advance on Kyiv" from the Economist (Feb 25, 2022)

Hla Soewai 

Feb 27 2022

http://www.yawnathan.com/mm/news/details/558


ဆက်ဖတ်ရန် →

ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို စစ်တပ်ပြန်ခေါ်သွား

​နေပြည်တော် လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို သိန်း ၄၉၀၀ သိန်းတန် မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိသော်လည်း  စစ်တပ်ပြန်ခေါ်သွား


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇


ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် နေပြည်တော် လေကြောင်းရန် ကာ ကွယ် ရေးတပ်က ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို ဖေ ဖော် ဝါရီလ ၂၅ ရက်နေ့ ည ၉နာရီ ၁၅ မိနစ်အချိန် လိန်းလီ ကြိုးတံ တား ထိပ် တွင် ငွေကျပ် ၄၉၀၀ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိကြောင်း Myanmar Police CDM Channel က လျှို့ဝှက်ရဲကြေးနန်းကို ဖော်ပြ၍ သတင်း ထုတ်ပြန်သည်။


မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးခံရသူ ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော် ပြည့်ဖြိုးတို့သည် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ ထိန်ပင် ကျေးရွာ အုပ်စု၊ ပင်လောင်း-နေပြည်တော်သွားကားလမ်း လိန်းလီကြိုးတံတားထိပ်တွင်  YGN 1K/8755 HONDA FIT အနက်ရောင်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများ တင်ဆောင် လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 


ဗိုလ်မှူး စံမင်းထွန်းသည် လေကြောင်းရန်ကာကွယ်ရေးတပ်၊ လကတ ၂၀၃၂ ၊ တပ်ကုန်းမြို့မှ ဗိုလ်မှူးအဆင့်ရှိသူဖြစ်ပြီး လက်နက်စနစ် တာဝန်ခံဖြစ်ကြောင်း၊ ဗိုလ်ကြီး ကျော်ပြည့်ဖြိုးသည်  TWS-ရေဒါ တာဝန်ခံ ဗိုလ်ကြီးဖြစ်ကြောင်း သိရှိရသည်။


နမ့်စန်မှ မအိဆိုသူနှင့် ဆက်သွယ်ပြီး မူးယစ်ဆေးဝါးများကို နေပြည်တော်သို့ ငွေကျပ် ၅၀ သိန်းဖြင့် အခကြေးငွေယူကာ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ဖေ ဖော် ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မအိမှတစ်ဆင့် အမျိုးသား၂ ဦးထံမှ နမ့်စန်မြို့ပြင် စစ်ဆေးရေးဂိတ်အကျော်တွင် မူးယစ်ဆေးဝါးများ လက်ခံ ရယူပြီး နေပြည်တော်သို့မောင်းနှင်ထွက်လာစဉ် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 


ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ ၂ ဦးကို ရဲအုပ် ထွန်းမြတ်ဦး က  တရားလိုပြုလုပ်ကာ အမှု ဖွင့်လှစ်ထား သော်လည်း စစ်သားများ ဖြစ်သည့် အတွက် စစ်ဘက်ဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဆိုကာ စစ်တပ်လွှဲပြောင်း ရယူသွားကြောင်း၊  ၎င်းတို့ ၂ ဦးသည် မူးယစ်ဆေးဝါးများ‌ ရောင်းချ သယ် ဆောင် ခြင်းကို တာဝန်ချိန်ခွင့်ပြုချက်အရ ခရီးသွားလာမှုဖြင့် သယ်ဆောင် ခြင်း ဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ တာဝန်ချိန်အတွင်းဖြစ်နေသဖြင့် ပြည်သူ့ ဝန်ထမ်း၏ ရာထူးအရှိန်အဝါ(သို့) လုပ်ပိုင်ခွင့်များကို အသုံးချခဲ့သည်ကို ထင် ရှားစွာပေါ်လွင်နေကြောင်း Myanmar Police CDM Channel က သုံးသပ် ထားသည်။


 ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို မန်း-ကမ္ဘောဇ (၄) အထူး စစ်ဆင်ရေးစီမံချက်အရ မူးယစ်တပ်ဖွဲ့စု၂၆  ၊ ပင်လောင်းမှ ဒုရဲမှူး အောင်ဇော်ဟိန်း ဦးစီးအဖွဲ့၊ စခတ ၄ မှ ဗိုလ်ကြီး ထွန်းထွန်းအောင် ဦးစီးအဖွဲ့၊ ဖိုကုန်းနယ်မြေရဲစခန်းအဖွဲ့၊ သတင်းရဲတပ်ဖွဲ့(လိန်းလီ)နှင့် စရတ(ပင်လောင်း)  တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်ဖတ်ရန် →

​မင်းအောင်လှိုင်တွင် ကိုယ်ရည်သွေးလွန်စိတ်ဝေဒနာနှင့် ဖျက်လို ဖျက်ဆီး စိတ် လက္ခဏာ ရှိနေမှု စိစစ်တွေ့ရှိရ



ရန်ကုန်၊ဖေဖော်ဝါရီ ၂၇ 


၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ် ကောင်စီ၏ အလွတ်သဘော လျှို့ဝှက် အစည်းအဝေးတွင် မင်းအောင် လှိုင်က A 4 စာမျက်နှာ ၃၀ နီးပါး စကားများကို မရပ်မနားပြောဆိုခဲ့ပြီး ယင်း ပြောဆိုမှု များကို သက်ဆိုင်ရာ ပညာရှင်များက လေ့လာမှု စကားဝိုင်း ပြုလုပ်၍ မင်း အောင် လှိုင်၏ လက်ရှိ စိတ်အခြေအနေကို လေ့လာမှု ပြုလုပ်ကြသည်။ 


မင်းအောင်လှိုင်၏ လျှို့ဝှက် အစည်းအဝေးမှ မှတ်တမ်း စကားများကို လေ့လာ စိစစ်မှု ပြုလုပ် ကြရာတွင် မင်းအောင်လှိုင်တွင် ကိုယ်ရည် သွေးလွန် စိတ်ဝေဒ နာနှင့် ဖျက်လို ဖျက်ဆီး စိတ်လက္ခဏာ ရှိနေကြောင်း လေ့လာမှုများအရ ဖော် ပြနေသည်။ 


အာဏာရှင်တို့၏ စိတ်ဏ္ဍန် Group Discussion မှ မင်းအောင်လှိုင်၏ လက်ရှိ စိတ် အခြေအနေ စိစစ်တွေ့ရှိရမှု ကောက်နုတ်ချက် အကျဥ်းချုပ်ကို ပြည်သူ များ သိရှိနိုင်စေရန် ပြန်လည် ဖော်ပြလိုက်ပါသည်။  


မင်းအောင်လှိုင် စိတ်ဂယောက်ဂယက်အခြေအနေ

============================


ကနဦးလေ့လာချက်အရ အာဏာလုလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် မင်းအောင် လှိုင်သည် ကိုယ်ရည်သွေး အထင်ကြီး လွန်ခြင်း စိတ်ဂယောက် ဂယက်အခြေအနေ (Narcissistic Personality Disorder - NPD) ရှိသည်။ 


ထိုစိတ်ဝေဒနာအခြေအနေ၏ လက္ခဏာများမှာ


- မိမိသည်သာ အရေးအကြီးဆုံးဟု ထင်ခြင်း

- မိမိစွမ်းဆောင်ရည်နှင့် အောင်မြင်မှုသာအမြင့်မားဆုံးဖြစ်သည်ဟုထင်ခြင်း

- မိမိသာ အထူးအရေးပါသည်ဟုထင်ခြင်း 


တို့ဖြစ်သည်။ 


အသိအမှတ်ပြုမခံရခြင်း စိတ်ဖိစီးဝေဒနာ

=======================


သူတို့၏ စိတ်ဝေဒနာမှာ မိမိသည် အရေးအကြီးဆုံး၊ အတော်ဆုံး ဖြစ်သော် လည်း အခြားသူများက မိမိအား အသိအမှတ်မပြုကြဘူးဟု ထင်မြင် ခြင်း ဖြစ် သည်။ ထိုအချက်သည်သူတို့ကို စိတ်ဖိစီးစေသည်။ မည်မျှချီးမွမ်း ပါစေ မရောင့် ရဲမတင်းတိမ်နိုင်သဖြင့် ပျော်ရွှင်ကျေနပ်မှုမရနိုင်ဘဲ အတင်းထပ် ကြိုး စားတတ် ကြသည်။ 


အခြားသူများကို သေးသိမ်အောင်၊ ဖိနှိပ်ညှိုးငယ်အောင်လုပ်ခြင်းဖြင့် သူတို့ ကိုယ် သူတို့ ကြီးမြတ်ကြောင်း၊ အောင်မြင်ကြောင်း၊ တော် ကြောင်း တတ် ကြောင်း၊ အကောင်းဆုံးဖြစ်ကြောင်း မဟားဒယား အမွန်းတင်ကြသည်။ တနည်း အားဖြင့် ဆိုရလျှင် အကြွားသန်ကြသည်။ 


စစ်ကောင်စီဘက်မှ ပေါက်ကြားလာသော လျှို့ဝှက်အစည်းအဝေးမှတ်တမ်းမှ အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် မင်း အောင်လှိုင်၏ အဖွင့်မိန့်ခွန်း သည် သက်သေတခုဖြစ်သည်။


 ဥပမာ - ပြည်ထောင်စုနေ့အခမ်းအနား ကျင်း ပ နိုင်ခြင်းအား အလွန်အမင်း ဂုဏ်ဆာသည့်လေသံဖြင့် အသေးစိပ် ရှည်လျားစွာပြောဆိုခြင်းသည် သူ၏ မူမမှန် သော စိတ်အခြေအနေကို ထောက်ပြနေသည်။ 


MRTV နှစ်ပတ်လည်အခမ်းအနား ကိစ္စသည်လည်း  ထိုနည်း လည်းကောင်းပင်။ သူက MRTV နှစ်ပတ်လည်အခမ်းအနားအား လက်ခုပ်တီးအား ပေးရမည့် အဆင့် လောက် သာ ထင်မှတ်ထားသော်လည်း ပြန်/ဆက် ၀န်က ချီးမြှောက် ပေးပါရန် ဖိတ်ကြားသဖြင့် တက်ရောက်ဆင် နွဲခွင့်ရခဲ့ ကြောင်း၊ သို့သော် ပြ ခန်းကို ကျေနပ်မှုမရှိသဖြင့် ရံပုံငွေရှာပေးကြောင်း၊ တလအတွင်း ပြခန်း ဆောက် လုပ်ရေးစ တင်ပြင်ဆင်နိုင်ကြောင်း မိမိကိုယ်မိမိ အသေးစိတ် ချီးမွမ်း ခန်းဖွင့်သည်။ 


ငါသာအသိ၊ ငါသာအတတ်နှင့် တလမ်းမောင်း Monologue စကား

=======================================


မိမိသည်သာ ခမ်းနားကြီးကျယ်သည်ဟု အထင်ကြီးလွန်းခြင်းကြောင့် တပါး သူကို အထင်သေးပြီး အသိအ မှတ်မပြုနိုင်၊ လက်မခံနိုင်၊ မစာနာ နိုင်ဖြစ် တတ်သည်။ 


ထို့ကြောင့် အခြားသူများ၏ လုပ်ရပ်များအပေါ် အကောင်း မြင်စိတ်မရှိဘဲ ငါသာသိ၊ ငါသာတတ်ဟု ထင်တတ်ကြသဖြင့် နေရာတကာ အထက် စည်းမှ နေ၍ ဆရာလုပ်တတ် ကြသည်။ 


သူတို့သည် တပါးလူကို အထင်သေးသဖြင့် အဖက်လုပ် ဆွေးနွေး တိုင်ပင် ခြင်းမပြု။ တဦးတည်းသာ တလမ်းမောင်းစကားပြောတတ်ကြသည်။ မင်းအောင် လှိုင်၏ ရှည်လျားလှသော အဖွင့်အမှာစကား၏ Monologue က သက်သေဖြစ်သည်။ 


အစည်းအ၀ေးမှတ်တမ်းပါ MRTV အခမ်းအနားကိစ္စ ၊ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး ကိစ္စများအကြောင်း ပြောရာတွင် မလိုအပ်သည့် အသေးစိတ် များပြောခြင်းနှင့် ချင်းပြည်နယ်၊ က ယားပြည်နယ်နှင့် ကရင်ပြည် နယ် အကြောင်း အရာအပေါ် မိမိကိုယ်မိမိ ကယ်တင်ရှင်ပုံစံဖြင့် ပြောသည့် Monologue သည် NPD များဖြစ်သည်။ 


မတရားခံရခြင်းဟုထင်မှတ်ခြင်း

==================


NPD စိတ်ဝေဒနာ ခံစားရသူများသည် သူတို့ကိုယ်သူတို့ ကယ်တင်ရှင်၊ အတော် ဆုံး၊ အတတ်ဆုံး၊ အအောင်မြင် ဆုံး၊ အင်အားအရှိဆုံးဟု ထင်သော်လည်း တချိန် တည်းတွင် သူတပါးမတရားလုပ်တာ ခံနေရသည်ဟု ထင်ကြ သည်။ 


လက်ရှိမြန်မာပြည်အခြေအနေအား သူအာဏာလုပြီး အကြမ်းဖက်ခြင်း ကြောင့် ဖြစ်လာ သည်ဟု မမြင်ဘဲ မဲလိမ်ခံရခြင်းကြောင့်လည်းကောင်း၊ ကျောင်းများ မဖွင့်နိုင်ခြင်းမှာ တော်လှန်ရေးအဖွဲ့များ ခြိမ်းခြောက်ခြင်း ကြောင့်ဟု လည်း ကောင်းမြင်သည်။


 သူ့အာဏာလောဘကြောင့်ဟု တနိုင်ငံလုံး ကိစ္စခံစားနေရသည်ကို မမြင်နိုင် ဘဲ သူသည်သာ မဲလိမ်ခံ၊ နှောင့်ယှက်ခံနေရသည်ဟု နားလည်မှားနေသည်။ 


ထို့ကြောင့် သူ့၏ မိမိကိုယ် မိမိ ချီးမွမ်း ခန်းဖွင့်သည့် မိန့်ခွန်းက ထောက်ပြ နေသည့်အချက်မှာ မင်းအောင်လှိုင်၏ လက္ခဏာမှာ စိတ်မူမှန်သည့်၊ စွမ်းအင် ထက်မြက်သည့် ခေါင်းဆောင်သည့် လက္ခဏာမဟုတ်ဘဲ မိမိကိုယ်မိမိ အားမလို အား မ ရဖြစ်သော၊ စိတ်ချ ယုံ ကြည်မှုမရှိသော၊ အားအင်ချိနဲ့သော (Insecure person) လူ၏ လက္ခဏာဖြစ်သည်။ 


Anxiety disorder ခေါ် စိတ်ပူပန်မတည်ငြိမ်၀ေဒနာ ရှိသူ၏ လက္ခဏာ ဖြစ်သည်။ သူ့ကိုယ်သူ မယုံကြည်ဘဲ စိတ်ပူပန် နေသဖြင့် သူ့ပုံရိပ် ကို အတင်းတည်ဆောက်ရန် ကြွားဝါနေခြင်းဖြစ်သည်။ 


ခေါင်းဆောင်တဦး၏ အစည်းအ‌ေးအဖွင့်မိန့်ခွန်းအစား သူငယ်ပြန်နေသူတဦး အထိန်းအကွပ်မဲ့ ကြွားလုံးထုတ်နေသကဲ့သို့ဖြစ်နေသည်ကို လေ့လာ တွေ့ရှိရ သည်။ 


ထိုနည်းတူ သူ့ကို ဝိုင်းဆဲကြသည်ဟု မိန့်ခွန်းထဲ ထည့်ပြောခြင်းသည် လည်း ကောင်း၊ ပညာရှင်များအား လူပိန်း နားလည်နည်း ဖြင့်ရေးရန် အကြံပြု သည့် အချက်ကို ပြောသည့် အသုံးအနှုန်းများသည်လည်းကောင်း၊ ဘိလပ်မြေ ရှားပါး သည့် အကြောင်းအရာနှင့် မှိုင်းရှူးတွင် တိုင်းရင်းသား အိမ်တစ်အိမ် အတွင်း သူ ခလုတ် တိုက်မိကြောင်း ပြောပုံဆိုပုံ စသည်တို့သည်  စိတ်မူမှန်သည့် ခေါင်း ဆောင် ၏ စကားလက္ခဏာများ မဟုတ်ပေ။ 


ဖျက်လိုဖျက်ဆီးစိတ်လက္ခဏာ

===================


NPD ခံစားနေရသည့် လူများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် အချက်မှာ သူတို့၏ ချို့ယွင်းမှုတခုခုကြောင့် အခြား သူ များ၏ ဖယ်ကျဥ်ခြင်းကို ငယ်ဘ၀ ကတည်း က ခံစားခဲ့ရသည့် အခံဓာတ်ရှိတတ်ကြသည်။ ဥပမာအားဖြင့် အရပ်အ မောင်း လူ၀င် မဆံ့ ဖြစ်တတ် ကြသည်။ 


ထို့ကြောင့် မသိစိတ်တွင် လူတွေကို မုန်းသည့်စိတ်၊ မနာလိုသည့်စိတ် ရှိသည်။ 


တချိန်တည်းတွင် အခြားသူများ၏ အသိအမှတ်ပြုမှုနှင့် အာရုံစိုက်မှုကို လွန်ကဲ စွာလိုချင်ကြသည့် အတွက်  သာမာန်အတိုင်းအတာ ထက် လွန်ကဲသည့် ကိစ္စများ၊ အစွန်းရောက် ကိစ္စများကို လုပ်ပြတတ်ပြသည် (မင်းအောင်လှိုင်၏ ဘာမဆိုလုပ်ရဲတယ်ဆိုသည့် မှတ်ချက်သည် သာဓကတခုဖြစ်သည်)။ 


ငယ်ဘ၀ ဖယ်ကျဥ်ခံရသည့် အတွေ့အကြုံ သည် မသိစိတ်တွင် ခိုအောင်းနေပြီး ထိုပြသနာနှင့် ပတ်သက်သည့် စိတ်ဆိုးမှုမပျောက်ဘဲ အခြားလူများအား ရန် ငြိုးထားခြင်း (ရန်သူဟု မြင်ခြင်း)နှင့် လူတွေရဲ့ အာရုံစူးစိုက်မှုရရှိရန် သာမာန် ထက်လွန်ကဲသော (အစွန်း ရောက်) ကိစ္စများ လုပ်တတ်ခြင်းတို့ကြောင့် NPD ရှိသူများသည် ဖျက်လို ဖျက်ဆီးကိစ္စများ ကျူးလွန်တတ်သည်။ 


ထို့ ကြောင့် မင်းအောင်လှိုင်၏ မိမိကိုယ်မိမိအထင် ကြီးလွန်သည့် စိတ်ဂ ယောက် ဂယက် အခြေအနေသည် ဖျက်လို ဖျက်ဆီးတတ်သည့်စရိုက်နှင့် ဒွန်တွဲနေသဖြင့် သူကိုယ်တိုင်အတွက် လည်းကောင်း၊ စစ်တပ်အတွက်လည်း ကောင်း၊ တိုင်းပြည်အတွက်လည်းကောင်း ပျက်စီးစေမည်သာဖြစ်သည်။ 


ဓာတ်ပုံ- ပြည်တွင်းခရီးစဉ်တစ်ခုအတွင်းတွင် နေဝင်ချိန်ကို နောက်ခံထား၍ ဓာတ်ပုံရိုက်ခံ နေသော အကြမ်းဖက် စိတ်ဝေဒနာရှင် မင်းအောင်လှိုင်။


ဆက်ဖတ်ရန် →

အနည်းဆုံး ပိုင်ဆိုင်ခဲ့သူတွေဟာ အများဆုံးစွန့်ဝံ့ခဲ့ကြ

​ရွာတွေကို မီးရှို့တာဟာ စစ်ခွေးတွေရဲ့ ဗျူဟာပဲ။ PDF တွေ ရှိနေလို့ ငါတို့ရွာတွေ မီးရှို့ခံရတာ။ PDF တွေကြောင့် ငါတို့အခုလိုဖြစ်ရတာလို့ တွေးမိအောင် လုပ်ဆောင်နေတာ။ 

ဒါပေမယ့် တကယ်တမ်းဖြစ်လာတာက ပြည်သူတွေဟာ ပိုပိုနာကျည်းလာတာ။ နောက်မှာ ကျောပဲကျန်တော့တဲ့ အခြေအနေတွေဟာ ဒီခွေးတပ်ကို အမြစ်ဖြတ်ဖို့ ဘာပဲရင်းရရင်းရဆိုတဲ့ ခံစားချက်တွေ ဖြစ်လာစေတာ။ 

ဒီနေ့ မီးခိုးတွေ ဝေနေတဲ့ နေရာတွေဟာ ဒီနာကျည်းချက်တွေကြောင့်ပဲ လွတ်လပ်ပန်းတွေ ပွင့်ရာမြေတွေ ဖြစ်လာလိမ့်မယ်။ 

အနည်းဆုံး ပိုင်ဆိုင်ခဲ့သူတွေဟာ အများဆုံးစွန့်ဝံ့ခဲ့ကြတယ်။

(ပန်ဆယ်လို)

ဆက်ဖတ်ရန် →

မကာကွယ်ပေးဘူးဆိုရင် သူကို့ နောက်ဆုံးမြင်ရမှာလို့

​လက်တလော မျက်မှောက်အခြေအနေအရတော့ ရုရှားက အသာစီးရနေတယ်... ယူကရိန်းမြို့တော် ကိဗ်(Kyiv) ဆင်ခြေဖုံးမှာ ရုရှားနဲ့ ယူကရိန်းတပ်တွေ မြေပြင်တိုက်ပွဲ ထိုးနေကြပြီ... 


စစ်အင်အား၊ လက်နက်အင်အားကွာတဲ့အခြေအနေမှာ ယူကရိန်းသမ္မတကိုယ်တိုင် ရှေ့တန်းကို ဆင်းပြီး ကြီးကြပ် ကွပ်ကဲနေသလို USနဲ့ EU မဟာမိတ်နိုင်ငံတွေကိုလည်း ရုရှားရဲ့ကျူးကျော်မှုကို မကာကွယ်ပေးဘူးဆိုရင် သူကို့ နောက်ဆုံးမြင်ရမှာလို့ Video Conferncing မှာ ပြောလိုက်တယ်...


" ကိုယ်တိုင် မီးထဲတိုးဝင်နေပြီ "


ရုရှားကတော့ UNSCမှာ statements ထုတ်တာကို veto နဲ့ ပယ်ချပြီး ယူကရိန်းကို သိမ်းမယ်လို့ ဟစ်ကြွေးထားတယ်... ပြီးမှ ရုပ်သေးအစိုးရကို တင်ပြီး စားပွဲခုံပေါ်မှာ ဆွေးနွေးညှိနှိုင်းမယ်လို့ ထုတ်ပြန်ထားတယ်...


သည်အနေအထားကပဲ Putin ဟာ NATO Allience dilemma ကို ဖောက်ထွက်မယ်လို့ မိုက်မိုက်ကန်းကန်း ဆုံးဖြတ်လိုက်ပုံပေါ်တယ်... NATO မဟာမိတ်တွေ သူ့ခြံစည်းရိုးနား ကပ်လာတာကတစ်ပိုင်း၊ သူကိုယ်တိုင်ကလည်း ယူကရိန်းအသားတစ်ကြီးကို ကိုက်ချီလိုတဲ့ဆန္ဒက ပိုလွန်ကဲ တာမို့ သဲတရှပ်ရှပ်ဖြစ်နေတာကို မမြိုသိပ်နိုင်ဘူး...


အသားတစ်ထဲမှာ အဆိပ်ထည့်တာကိုတောင် သူ့မှာဖြေဆေး(Nu Code)နဲ့ ဖြေလို့ရမယ်လို့ တွေးဆနေပုံရတယ်... ရုရှား စီးပွားရေးအဆောက်အအုံတစ်ခုလုံး ပြိုကျမှာတောင် အေးစက်စက်ကြည့်နေတဲ့ Putin ဇာတ်သိမ်းဟာ မကြာလှဘူး... ရုရှားပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေကို လောင်းကြေးတင်ကစားနေပြီ...


SWIFT Codeကို နျူကုဒ်နဲ့ ဖြေလို့ ရ၊ မရ လက်တည့်စမ်းနေပြီး... EUရဲ့ အဓိကမောင်းနှင်းနေတဲ့ ဂျာမနီနဲ့ ပြင်သစ်တို့ဟာ SWIFT ကို အသုံးပြုဖို့ ချီတုံချတုံဖြစ်နေပေမယ့် US က အာမခံပေးမယ်ဆို သူတို့လည်း အသုံးပြုလာလိမ့်မယ်... Strength & Weakness ကို ချိန်ထိုး ဖာထေးနေကြပြီ... 


သည် ရှောခလုတ်ကို USနင်းထားတာကြာပြီး... ၂၀၁၄ ခရိုင်းမီးယားကို ဝင်ကတည်းက US Think Tank က ရုရှား

ခြံစည်ရိုးနားကို စီမံချက်မဟာဗျူဟာ ၅ မျိုးနဲ့ ထိုးဖောက်စိမ့်ဝင်နေတာ... 

[ PS: ရှောခလုတ်ဆိုတာ အင်းသူကြီးတွေ ငါးရစ်လုပ်တဲ့အခါ ငါးများအတားအဆီးမရှိ ဝင်နိုင်ဖို့  ဆည်ရဲ့ယင်းလိပ်တွေကို ရေအောက်အနက်ထိ ဖိချထားတဲ့ မောင်းတံ ]


ရုရှားလည်း မလျှော့တော့ဘူး... ယူကရိန်းကလည်း မကြာခင် ကျသွားနိုင်တယ်... ကျပြီးဆိုတာနဲ့ ရုရှား NATO အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘောလ်တစ်ဒေသတစ်လျှောက် တိုက်ခိုက်ကျူးကျော်သည် မကျူးကျော် သည်ဖြစ်စေ ကြားခံတွေနဲ့ဆိုင်ပေးပြီး ရုရှားကို သံတမန်ရေး၊ စီးပွားရေးအပြင် နောက်ဆုံးစစ်ရေးနဲ့ပါ တိုက်ပါလိမ့်မယ်... Putin ထွက်တော်မူနန်းက ခွါမှပြေငြိမ်းပါလိမ့်မယ်...


ဘယ်နည်းနဲ့မှ ရုရှားအင်ပါယာကို တည်ထောင်ခွင့် ပေးမှာမဟုတ်ဘူး... 


တရုတ်လည်း ဒါကြောင့် အသံမထွက်နိုင်ဖြစ်ပြီး လိုက်လိုက်လျောလျော ညှိညှိနှိုင်းနှိုင်းလုပ်ကြပါလို့ ပြောဆိုတာလောက်ပဲ ပြောပြီး ကြားနေအဖြစ်ရပ်နေပါတယ်...


အခုဆိုရင်


ယူကရိန်းနိုင်ငံနယ်စပ်ထိစပ်ရာ NATO မဟာမိတ်နိုင်ငံတွေ အရေးပေါ် တပ်လှန့်သံပေးပြီး လုံခြုံရေးအစီအမံတွေ ပြင်ဆင်နေပြီဖြစ်တယ်...


၁၉၆၃ ကျူးဘားဒုံးပျံအရေးအခင်းကတည်းက ခရုရှော့ဗ်ဟာ ဆိုဗီယက်စီးပွားရေးပြိုလဲလာမှုကြောင့် နိုင်ငံရေးစသေခဲ့တာကို ဗလာဒီမီယာပူတင် တွေးခဲ့ကောင်းတွေးမိလိမ့်မယ်... သို့သော် ပီတာဘုရင်ကြီးလို ဗလာဒီမီယာလီနင်လို မဟာရုရှား ဆိုဗီယက်အင်ပါယာကြီးကို ထူထောင်ချင်တဲ့ စစ်သွေးကြွ ပူတင်အတွက်ကတော့ ရုရှားစီးပွားရေးကို အကောင်းဆုံးထိန်းချုပ်မောင်းနှင်ပြီးမှ နိုင်ငံရေးနဲ့ စစ်ရေးကို အင်အားကြီးအောင် လုပ်ရမှာကို မအောင့်အည်းနိုင်ဘူးဖြစ်နေတယ်...


ခရုရှေ့ဗ်ပြီး ၁၉၆၄ မှာ လီယိုနစ်ဘရက်ဇညက် တက်လာတယ်... နောက်မှ KGB အကြီးအကဲယူဒိုအင်ဒရိုပေါ့ တက်လာပြီး နှစ်နှစ်အကြာကွယ်လွန်တော့ ကွန်စတင်တီချန်ညန်ကို တက်လာတယ်... 


ချန်ညန်ကို ၁၉၈၅မှာ သေဆုံးပြီးနောက် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး မစ်ခေးလ်ဂေါ်ဗာချော့ဗ် တက်လာတယ်... ဆိုဗီယက် ယူနီယံ ဗဟိုချုပ်ကိုင်မှုများပြီး စီးပွားရေးကလည်း ကျဆင်းနေတဲ့အချိန်... အရှေ့ဥရောပနိုင်ငံတွေလည်း ဆိုဗီယက်ယူနီယံကို စိတ်ပျက်ပြီး အနောက်အုပ်စုဘက်ယိမ်းပြီး စီးပွားရေး အကူအညီတွေကို ယူနေရတယ်...


နောက်တစ်ချက်က ဆိုဗီယက်ယူနီယံနှင့် ယူဂိုဆလားဗီးယားမှာ အမျိုးသားလွတ်မြောက်မှု လှုပ်ရှားမှုအပြင်းထန်ဆုံးအချိန်မှာ ဂေါ်ဗာချော့ဗ် တက်လာချိန်နဲ့ တိုက်ဆိုင်တယ်... ခွဲထွက်ခွင့်မပေးလည်း တိုက်မှာပဲဆိုတဲ့ စစ်သွေးကြွတွေ အားကောင်းလာပြီး... 


တက်လာခြင်း မီခေးလ်ဂေါ်ဗာချော့ဗ်ဟာ Glasnot (ပ္ငင့်လင်းမြင်သာမှု)နဲ့ Perestorika(ပြုပြင်ပြောင်းလဲရေး) စကားလုံးနှစ်လုံးကိုင်ပြီး ဆိုဗီယက်ကို ပြန်ထိန်းဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကျသွားတယ်...


မီခေးလ်ဂေါ်ဗာချော့ဗ် ကိုင်ထားတဲ့ ပြည်ထောင်စုစာချုပ်သစ် ပြည်နယ်များကို  လုပ်ပိုင်ခွင့်အပြည့်အဝပေးထားပြီး ခြေလှမ်းသစ်စဖို့ ကြိုးစားပေမယ့် အမျိုးသားရေးလွတ်မြောက်မှု ပြင်းထန်ဆုံးအချိန်ဖြစ်လို့ ထိန်းချုပ်လို့မရတော့ပဲ ဆိုက်ဗေးရီးယားဝက်ဝံကြီး ဘောရစ်ယဲလ်ဆင် အာဏာသိမ်းတာကို ခံလိုက်ရတယ်....


၁၀နှစ်သာ စောခဲ့ရင် မီးခေးလ်ဂေါ်ဗာချော့ဗ် စီမံကိန်းဟာအောင်မြင်မယ်...(တချို့က မီခေးလ်ဂေါ်ဗာချော့ဗ်ဟာ နိုဗယ်လ်ဆုနဲ့လဲလိုက်တာလို့ ဝေဖန်သုံးသပ်ကြလို့ပါ...)


ယဲလ်ဆင်ရဲ့ တပည့်ကျော် ပူတင်လည်း အာဏာနဲ့ ငွေကြေးအရသာသိသွားတော့ မထူးဇာတ်ခင်းလာတယ်...


*အာဏာရှင်ဆိုတာ သူတပါးထောင်ထားသော ထောင်ချောက်တွင် မိလေ့မရှိ... သူကိုယ်တိုင် ထောင်ထားတဲ့

ထောင်ချောက်ထဲမှာပဲ ပြန်မိလေ့ရှိတာကို မကြာခင် ပိတ်ကားထက်မှာ ကြည့်ကြပါလို့...


ရုရှား-ယူကရိန်းစစ်ပွဲကနေ အာဏာရှင်ထိပ်သီး အသေထွက်မလား၊ အရှင်ထွက်မလားဆိုတာ...


ကမ္ဘာတစ်ခြမ်းက လိပ်ပြာတောင်ပံခတ်သံဟာ ကမ္ဘာတစ်ခြမ်းကို သက်ရောက်စေတယ်ဆိုရင် 


အာဏာရှင်ထိပ်သီးရဲ့ ကျဆုံးမှုက မြန်မာ့နွေဦးတော်လှန်ရေးကို ရိုက်ခက်လာမှာ မြေကြီးလက်ခတ်မလွဲပါ... အခုပဲ ရုရှားဘဏ်တွေ အလုပ်မလုပ်တာနဲ့ စစ်ပွဲစားခရိုနီတွေရဲ့ ဘဏ်စာရင်းတွေ အရည်ပျော် အငွေ့ပျံနေပြီးလေ...


ထပ်လာပါလိမ့်မယ်...


Written by:

A.M.H#(Irony)

..

Credit. A.M.H#(Irony)

             Photo.

..

ဆက်ဖတ်ရန် →

မြန်မာ အရေး အာဆီယံ မတတ်နိုင်တော့ဟု ဆို

​

***********************


ထိုင်း နိုင်ငံ တွင် ရောက်ရှိနေသော မလေးရှား ဝန်ကြီးချုပ် အစ္စမေး သည် ထိုင်း ဝန်ကြီးချုပ် နှင့် ဆွေးနွေးအပြီး ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။


မြန်မာတို့ ငြိမ်းချမ်းရေး လိုလားပါက မိမိတို့ ပြဿနာကို မိမိတို့သာ ဖြေရှင်းရန် ကျန်တော့ကြောင်း၊ ထို့အတွက် အာဆီယံ၏ မူငါးချက်ကိုသာ ချက်ခြင်းလက်ငင်း အကောင်အထည် ဖေါ်ဖို့ လိုအပ်လာကြောင်း၊ အာဆီယံသည် အခြားနိူင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကျင့်သုံး သည့် အတွက် မြန်မာပြည်သူများ၏ အကျိုး အတွက် မိမိတို့ အချင်းချင်း ချစ်ကြည်စွာ ဖြေရှင်းရမည် ဟု ဆိုသည်။


သို့သော် မလေးရှားဝန်ကြီးချုပ်က ရိုဟင်ဂျာ အရေး သည် ဒေသတွင်း နှင့် နိုင်ငံတကာ ပြဿနာ ဖြစ်သည်ဟု ပြောဆိုသွားပြန်သည်။


မြန်မာပြည်တွင်း တွင်တော့ စစ်အာဏာရှင်များအား ဆန့်ကျင်တွန်းလှန် တိုက်ခိုက်နေမှုများက နှစ်ပေါင်း ၆၀ အတွင်း တခါမျှ မကြုံဖူးအောင် ပြင်းထန်လာလျက် ရှိနေပြီ ဖြစ်သည်။ စစ်ကောင်စီ ဖက်မှ တပ်ရင်းမှုး အဆင့်ရှိသူ ဒုတိယ ဗိုလ်မှုးကြီး တဦး ပြည်သူ့ တော်လှန်ရေး အင်အားစုများထံ ခိုလှုံလာခဲ့ပြီ ဖြစ်သည်။


ယခု အရေးသည် တိုင်းရင်းသား လူမျိုးစု များ နှင့် ဖြစ်ပွားနေသည့် အဆင့်မှ စစ်တပ်အား ပြည်မရှိ ဗမာ တိုင်းရင်းသားများကပါ ဝိုင်းဝန်းတိုက်ခိုက်လာနေပြီ ဖြစ်သည့် တကယ့်ပြည်တွင်းစစ်ကြီး အသွင် ကူးပြောင်းရောက်ရှိနေပြီ ဖြစ်သည်။


တော်လှန်ရေး ကို ဆင်နွှဲနေသော ပြည့်သူ ကာကွယ်ရေး တပ်များအဖို့ တော်လှန်ရေး အောင်မြင်ရန် အချက် နှစ်ချက် အပေါ် အမှီပြုကာ တိုက်ပွဲဝင်နေကြသည်ဟု Asia Times စာစောင်တွင် ရေးသားထားသည်။


ပထမ အချက်သည် မိမိတို့ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တပ်ဦး အသွင် ဖွဲ့စည်းထွက်ပေါ်လာရေး၊ ဒုတိယ အနေဖြင့် အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန် မှ စစ်ရေး အကူအညီများ ရရှိရေး တို့ပင် ဖြစ်သည်ဟု ဆိုသည်။


မင်းအောင်လှိုင် ၏ အာဏာသိမ်းမှု အား လိင်စိတ်ပြောင်းလဲ‌သူများပါမကျန် တနိုင်ငံလုံးရှိ လူထုလူတန်းစွာ ပေါင်းစုံက ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြခဲ့ကြပြီးလည်း ဖြစ်သည်။


သို့သော် မင်းအောင်လှိုင်၏ လက်ပါးစေတပ်များက လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ် ချေမှူန်းခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဖက်ဆစ် ဂျပန်တို့ထက်ပင် အပုံကြီး ဆိုးဝါးလာခဲ့သည်။


ဤသို့ဖြင့် မင်းအောင်လှိုင်သည် တနိုင်ငံလုံးမှ နာမည် မကြားချင်လောက်အောင် ရွံရှာ မုန်းတီးခြင်း ခံခဲ့ရပြီး နာမည် အတိုကောက်စာလုံးကို အခွင့်ကောင်းယူကာ ဆဲဆိုခံနေရသည်ဟု စာစောင်က ဆက်လက်ရေးသားထားသည်။


ယခုအချိန်အထိ ရုရှား၊ တရုတ်၊ အီရန်တို့မှ လက်နက်များ ထောက်ပံ့နေသော်လည်း ပြည်သူ့ တော်လှန်ရေး အင်အားစုများ အဖို့ အနောက်အုပ်စုမှ ပါးစပ်နှင့် ထောက်ခံနေသည့် အဆင့်သာ ရှိသည်၊ ၎င်းတို့က လက်နက်ကိုင် တော်လှန်ရေး ကို အားမပေးလို၊ ငြိမ်းချမ်းစွာ ဖြင့် အသွင်ကူးပြောင်းသွားနိုင်ရေးသာ လိုလားကြသော်လည်း မြန်မာပြည်သူများအဖို့က ထိုသို့ ဖြစ်လာသည့်အထိ မည်သို့မျှ စောင့်ဆိုင်း၍ မရတော့သည့် အခြေအနေမျိုး ဆိုက်လာခဲ့သည်။


လက်နက်များကို အိမ်နီးချင်း နိုင်ငံများမှ တင်သွင်းဖို့လည်း မဖြစ်နိူင်၍ မှောင်ခိုဈေးမှ ဈေးကြီးပေး ဝယ်ယူနေရသော်လည်း အလွယ်တကူ ရနိုင်ဖို့ ခက်ခဲနေပြန်သည်။ PDF အများစုသည် တူမီးများ၊ အဝေးထိန်း မိုင်းများ၊ အရပ်သုံး ဒရုံးများ ဖြင့် စစ်တပ်ကို ရင်ဆိုင်နေရသည်က များသည်၊ ၎င်းတို့၏ အားသာချက်က နယ်မြေ ကျွမ်းကျင်မှု သာ ရှိပေသည်။


သို့သော် စစ်တပ်ကိုအနိုင်တိုက်နိုင်မှ ဖြစ်မည်ဟူသော ခံယူချက်များ က မိုးထိအောင် မြင့်မားနေကြသည်။ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် နေ့ အာရုံမကျင်းမီကပင် ၎င်းတို့၏ အနာဂတ် အစိတ်စိတ် အမွှာမွှာ ပျက်ဆီးသွားခဲ့ပြီး ဖြစ်၍ မိမိတို့ ရရှိခဲ့ပြီးသော လွတ်လပ်ခွင့် နှင့် မျှော်လင့်ချက်များကို မိမိတို့ဖာသာ တိုက်ယူမှ ပြန်လည်ရရှိ နိုင်မည်ကို သိရှိ နားလည်လာကြ၍ လည်း ဖြစ်သည်။


ရုရှား နှင့် အီရန် မှ ထောက်ပံ့နေသော ဒုံးကျည်များ၊ ခေတ်မီ လက်နက်များကြောင့် ပြည်သူများ အသက်လု ပြေးလွှားနေရချိန်တွင် အမေရိကန် နှင့် အနောက်နိုင်ငံများက ဒီမိုကရေစီ တရားများ ဟောကြားနေပြီး စစ်ကောင်စီအား ထုံးစံ အတိုင်း စီးပွားရေး ဒဏ်ခတ်သည့် အဆင့်က တက်မလာကြသေးပေ၊ အနောက်နိုင်ငံများ၏ ကိုယ်ကျိုးသာ ကြည့်တတ်သည့် လောဘစိတ်ကို မှန်ကန်စွာ သုံးသပ် ခန့်မှန်းနိုင်ခဲ့သူများက စစ်ဗိုလ်ချုပ်များပင် ဖြစ်သည်ဟု ဆိုရမလို ဖြစ်‌လာနေသည်။


၎င်းတို့ကဲ့သို့ တရားဥပဒေ စိုးမိုးပြီး အေးချမ်းလုံခြုံစွာ နေရသူများ အဖို့က ရွှေပြည်အေး တရား ဟောရသည်မှာ လွယ်ကူလှသော်လည်း တရားလက်လွတ် ထင်တိုင်းကြဲနေသည့် စစ်ကောင်စီ နှင့်၎င်းတို့၏ လက်ပါးစေများ အောက် နေကြရသူများ အဖို့က အသက်တချောင်းကို ရှာကြံ မွေးနေကြရသည်၊ ထိုသို ရွှေပြည်အေးတရား ဟောနေသူများ၏ အဖြစ်က ဆာလောင်မွတ်သိပ်နေသော မြေခွေးအား ၎င်း ပါးစပ်ထဲ ကိုက်ချီထားသော သားကောင်၏ အသက်ကို ချမ်းသာပေးရန် ပြောဆိုနေသည့် အဖြစ်နှင့် အလား သဏ္ဍန်တူနေသည်ဟု Asia Times က ဆက်လက်ရေးသားထားသည်။


ဒီမိုကရေစီ အရေး၊ လွတ်လပ်ခွင့်၊ တရားမျှတမှု တို့ အတွက် တိုက်ပွဲဝင်နေကြသော မြန်မာပြည်သူများအား ဒီမိုကရေစီ နိုင်ငံကြီးများက လက်ပိုက်ကြည့်နေကြသည့်အဖြစ်သည် မြန်မာကဲ့သို့ ဒီမိုကရေစီ လိုလားသော အခြားနိုင်ငံရှိ ပြည်သူများ အတွက် စံနမူနာ ဖြစ်လာနေ၍ အာဏာရှင် စနစ် သက်‌ဆိုးရှည်အောင် မြေတောင် မြှောက်ပေးနေသည်နှင့် မခြား ဖြစ်လာနေရသည်။


မည်သို့ပင် ဆိုစေ မြန်မာတို့၏ တော်လှန်ရေးကာ မလွှဲမသွေ အောင်ပွဲခံကြမည်သာ ဖြစ်သည်၊ မည်သည့် အချိန်ဆိုသည်ကား NUG, PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တပေါင်းတစည်းတည်း ဆန့်ကျင်လာနိုင်မှု နှင့် အနောက်နိုင်ငံများ၏ ပံ့ပိုးလာမှု အပေါ်တည်မှီနေပေသည်။


(ထိုသို့ အနောက်နိုင်ငံများ၏ တုံဏှိဘာဝေ နိုင်မှု ဖက်မှ ဆင်ခြေ ပေးလိုသည့် apologists များက ဒလန်၊ ပျုစောထီးများ အပေါ် တိုက်ခိုက်နေခြင်းကို ရှောင်ရှားမှသာ ဖြစ်မည်ဟု ပြောဆိုလာကြပြန်သည်)


လက်ရှိ ဆင်နွှဲနေသော တော်လှန်ရေးကြီးသည် NUG အတွက်လည်း မဟုတ်၊ မည်သည့်နိုင်ငံရေး လှုပ်ရှားမှု မျိုး နှင့်လည်း မဆိုင်၊ လွတ်လပ်သော နိုင်ငံသားများ အဖြစ် လူချင်းတူတူ သူချင်းမျှမျှ နေထိုင်ခွင့် ရရေး အတွက်သာ ဖြစ်သည်ကို သတိမူကြရမည် ဖြစ်သည်ဟု ဆိုသည်။


‌ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

Image credit - Spring Revolution by Thu Ra Kyaw via newnaratif.com

ဆက်ဖတ်ရန် →

ဥရောပသို့ အမေရိကန် တပ်ဖွဲ့ဝင် ၇၀၀၀ စေလွှတ်မည်

​■


ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး မြေပြင်စစ်ပွဲကို ရင်ဆိုင်နေရသော ဥရောပတိုက်သို့ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၇၀၀၀ စေလွှတ်ရန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အမိန့်ထုတ်ပြန်လိုက်ကြောင်း New York Times သတင်းတစ်ရပ်၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဖော်ပြထားသည်။


ရုရှားကျူးကျော်စစ်အား ယူကရိန်းအစိုးရကို “ဖြုတ်ချရန်” အတွက် မြင်သာသောရည်ရွယ်ချက်တစ်ခု အဖြစ် ပင်တဂွန်ကဖော်ပြခဲ့ပြီးနောက် ဝန်ကြီး လွိုက်အော်စတင်က ယခုကဲ့သို့ တပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းဖြစ်သည်။


မတည်မငြိမ် ဖြစ်နေသည့် အရှေ့ဥရောပရှိ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) မဟာမိတ်နိုင်ငံများကို အာမခံပေးနိုင်ရန်အတွက် သံချပ်ကာတပ်မဟာ တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ကို ဂျာမနီသို့ စေလွှတ်ရန် ပင်တဂွန်က အမိန့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြန်ကြားရေးအရာရှိ ဂျွန်အက်ဖ်ကာဗီက ပြောကြားသည်။


အမေရိကန်သည် ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ထားခြင်းမရှိသော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကသာ မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့ဝင်နိုင်ငံ တစ်ခုခုကို ထိပါးလာမည်ဆိုပါက အရေးယူဆောင်ရွက်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်းကို ယခုလုပ်ရပ်က သတိပေးခြင်း ဖြစ်သည်ဟု အမေရိကန် စစ်ဘက်အရာရှိများက ပြောသည်။ 


ရုရှား၏ “တရားမဝင်နှင့် မတည်မငြိမ်ဖြစ်စေသော လုပ်ရပ်များ” ဟုသတင်းပြန်ကြားရေးအရာရှိ ဂျွန်အက်ဖ်ကာဗီ ဖော်ပြသည့် အကြောင်းအရာနှင့်ပတ်သက်၍ ပင်တဂွန်စစ်ဌာနချုပ်မှ အကြီးတန်းအရာရှိများသည် ၎င်းတို့၏ ဥရောပလုပ်ဖော်ကိုင်ဖက်များထံ အရေးတကြီး ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ လိုအပ်ပါက ဂျာမနီသို့ စေလွှတ်ထားသော အမေရိကန်တပ်များကို နေတိုးအရှေ့ဘက်ခြမ်းရှိ အခြားနိုင်ငံများသို့ လျင်မြန်စွာ နေရာချထားနိုင်မည်ဖြစ်ကြောင်း ဂျွန်အက်ဖ်ကာဗီက ပြောကြားခဲ့သည်။


ရုရှားကျူးကျော်မှု ၂၄ နာရီအတွင်း ယူကရိန်းနိုင်ငံ၏ အသေအပျောက်ဆိုင်ရာ အကဲဖြတ်ချက်အပေါ် စစ်တပ်အရာရှိများက စိတ်မကောင်းဖွယ်ရာ မှတ်ချက်ပြုခဲ့ကြသည်။ ရုရှားစစ်လေယာဉ်များသည် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် ယူကရိန်းလေကြောင်းကာကွယ်ရေးစနစ် တို့ကို လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၆၀ ကျော် ပြုလုပ်ခဲ့ကြောင်းလည်း အရာရှိများက ပြောသည်။


ယူကရိန်းစစ်တပ်အပေါ် ၎င်းတို့၏ ဧရာမအရွယ်အစားဖြင့် အသာစီးရထားသော ရုရှားစစ်ကြောင်း သုံးလိုင်းသည် ယူကရိန်း အရှေ့ဘက်ရှိ ခါကစ်မြို့၊ တောင်ဘက်ရှိ ကာဆွန်မြို့နှင့် နေထိုင်သူ ၃ သန်းရှိသည့် မြို့တော်ကီယက်ဗ်တို့ကို မြန်မြန်ဆန်ဆန် လွှမ်းမိုးလျက်ရှိကြောင်း စစ်တပ်အရာရှိများက ပြောသည်။ 


ကီယက်ဗ်တွင် ရုရှားတို့၏ အဓိကပစ်မှတ်သည် သမ္မတဗိုလိုဒီမာဇီလန်စကီး ဖြစ်နိုင်သည်ဟု အကြီးတန်းစစ်ဘက် အရာရှိတစ်ဦးက ပြောကြားသည်။ ရုရှားတပ်ရင်းများသည် ယူကရိန်းမြောက်ဘက်ရှိ ဘီလာရုစ်နိုင်ငံနှင့် တောင်ဘက်ရှိ ခရိုင်းမီးယားကျွန်းဆွယ်တို့မှ နှစ်ဘက်ညှပ်ကာ ဒုံးကျည်များနှင့် တာဝေးပစ်အမြောက်များ အသုံးပြုပြီး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

DMG

ပုံစာ - ၂၀၂၂ ဖေဖော်ဝါရီလ ၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဖော့ဘရက်စစ်ဌာနချုပ်တွင် ဥရောပအရှေ့ပိုင်းသို့ စေလွှတ်မည့် ၈၂ လေထီးတပ်ရင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

ဆက်ဖတ်ရန် →

🇷🇺 ပူတင်ရဲ့ ဘေးထွက် အိမ်စာ 🇷🇺

​လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းက ယူကရိန်းရဲ့ အခြေအနေပါ။ 


ယူကရိန်းရဲ့ လမ်းတွေမှာ လူသူကင်းမဲ့နေပါတယ်။ ယူကရိန်းဟာ ရက်ပိုင်းအတွင်း ထိတ်လန့်တကြား အေးခဲသွားတယ်..။


ရုရှားတို့ ယူကရိန်းကို ကျူးကျော်ခဲ့တာ ၃ ရက်…ရုရှား စစ်သားထောင်နဲ့ ချီပြီး သေခဲ့ပြီ…။


ယူကရိန်းက ညီတယ်။  ခုခံမှု အားကောင်းတယ်။ သူတို့ ရှရှားတို့ လက်အောက်မှာနေပြီး ဘဝမှာ အခါခါမသေလိုတော့ပါ..။


🇷🇺


ပူတင် ဂရုမစိုက်ပါ။ 

ယူကရိန်းဘက်က စေ့စပ်ညှိနှိုင်းရေးကို ထပ်ပြီးပယ်ချလိုက်တယ်။ 


ဒီနေ့ သူတို့ စစ်ဆင်ရေး အစီအစဉ်ကို ကဏ္ဍပေါင်းစုံက အရှိန်မြှင့်ဖို့ အမိန့်ပေးထားလို့ Igor Konashenkov က ပြောတယ်။


🇷🇺


ရုရှားက ယူကရိန်းလေပိုင်နက်ကို ထိန်းချုပ်ဖို့ကြိုးစားပေမယ့်မရသေးပါ။


နိုင်ငံ အတော်များများက ရုရှားလေယာဉ်တွေမဖြတ်သန်းနိုင်အောင် သူတို့ရဲ့ လေပိုင်နက်တွေကို ပိတ်ထားပေးတယ်။


ရုရှား တပ်ဖွဲ့ဝင်အများအပြားက

ယူကရိန်း မြို့တော်ဖြစ်တဲ့ ကိယက်ဗ်မြို့ကို ချီတက်နေတယ်။


🇷🇺


ရုရှားက ယူကရိန်းကမြို့တွေကို ညနေပိုင်းမှောင်တော့မှ လေကြောင်းနဲ့ ဒုံးကျည်တွေနဲ့ စပစ်တယ် .. ညပိုင်းအထိ အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်တယ်။


🇷🇺


ပူတင်က ယူကရိန်းအကြောင်းဆို ဟိုးကတည်းက သိပ်ပြောတာ..။


စစ်ပွဲဖန်တီးမယ့်နေ့က ရုပ်မြင်သံကြားမိန့်ခွန်းမှာလည်း ပူတင်က ဒီလို မိန့်ခွန်းပြောခဲ့သေးတယ် —


“ ယူကရိန်းအထိ NATO ရဲ့တိုးချဲ့မှုစိုးရိမ်ရတယ်… ¥£••?~^+ … ရုရှားနိုင်ငံရဲ့ ပြည်သူတွေ လုံခြုံရေးအတွက် ဒီစစ်ပွဲကိုလုပ်ရတာ..ယူကရိန်းဆိုတာ ရုရှားဆီက ခွဲထွက်သွားတာပါ.. £<%# ..”


🇺🇦🇷🇺


ယူကရိန်းနဲ့ ပတ်သက်ခဲ့တဲ့ သမိုင်းကို ပူတင်က သူ့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ပြောနေကျပါ။


“ယူကရိန်းဟာ စစ်မှန်သောနိုင်ငံတော်တစ်ခုအဖြစ် သမိုင်းမှာအစဉ်အလာကို မရှိခဲ့တာ..”


“ အခု ယူကရိန်းလို့ သိကြတဲ့ နိုင်ငံဟာ ဆိုဗီယက်ခေါင်းဆောင် ဗလာဒီမာလီနင်ကြောင့် ရုရှားနိုင်ငံက ဖောက်ထွက်သွားတာပါ”


ပူတင်သိတဲ့ ယူကရိန်းဟာ သူ့နိုင်ငံပါ..။


🇺🇦🇷🇺


ယူကရိန်းကို ဘယ်လောက်လိုချင်သလဲဆို ၂၀၂၁ မှာ ပူတင်က — ‘ ရုရှားနဲ့ ယူကရိန်းလူမျိုးများရဲ့ သမိုင်းဝင် စည်းလုံးညီညွတ်ရေး’ ဆိုတဲ့ စာစီစာကုံးကို သူကိုယ်တိုင် ရေးခဲ့သေးတာ။


“ရုရှားနဲ့ ယူကရိန်းဟာ အနွယ်တူ - တစ်မျိုးတည်း တိုင်းရင်းသားများ (one people –a single whole)ဖြစ်ပါသည်”  တဲ့။


နယ်နိမိတ်နဲ့ သူစိမ်းတွေ သွေးခွဲလို့

သပ်သပ်စီဖြစ်နေတာလို့ သူ ယုံကြည်ပါသတဲ့..။


ယူကရိန်းဟာ ပူတင်ရဲ့ အိပ်မက်ပါ။ ယူကရိန်းကို သူ ပိုင်ချင်တယ်..။


🇺🇦🇷🇺


“ ယူကရိန်း ခေတ်သစ်လေးတွေက “anti-Russian project” ဆိုပြီး ရုရှားနဲ့ ဆက်ဆံရေးကိုအတော်ကြာကြာဘေးဖယ်ထားလိုက်ကြတာ..။”


“သူတို့က နာဇီကို အားကျနေတာပါ။ ယူကရိန်းလူဦးရေ သုံးပုံတစ်ပုံလောက်က ရုရှားဘာသာစကားမပြောကြတော့တာ..။” 


ဒါတွေ .. ဒါတွေ ..သူအမြဲ စွပ်စွဲတယ်။


🇺🇦🇷🇺


ယူကရိန်းကို ရုရှားပိုင်လုပ်နေတာ ဇာဘုရင်ကတည်းကပါ။ ပူတင်လက်ထက်အထိပဲ..။


ယူကရိန်းနယ်မြေတွေကို သွားတိုက်ပြီး မကြာခဏဆိုသလို ယူကရိန်းကိုရော၊ ဘီလာရုစ် မျိုးရိုးနွယ်တွေကိုပါ သူတို့ ရုရှားဖြစ်ပါတယ်လို့ အမြဲပြောနေကျ… ။


🇺🇦🇷🇺


သူတို့က ယူကရိန်း မြို့တော် ကိယက်ဗ် (Kyiv or Kiev)က “ရုရှားမြို့ကြီးတွေရဲ့ မိခင်မြို့ကြီး” တဲ့..။


ပူတင်က ဒီအကြောင်းကို အထပ်ထပ်အခါခါ… အရှက်မရှိ..။ 


“ ယူကရိန်းနိုင်ငံဟာရုရှားရဲ့ အစဉ်အလာပိုင်နက်နယ်မြေတစ်ခုပါ”


🇺🇦🇷🇺


သူပြောတာတွေ ဘယ်လောက်အထိမှန်လဲဆိုတာသိချင်ရင် သမိုင်း အမှန်ကို အနီးကပ်ကြည့်ဖို့လိုတယ်။


🇷🇺🇺🇦


ယူကရိန်းဟာ ဆလပ်အနွယ်တို့ရဲ့ နယ်စပ်ဧရိယာဖြစ်ပါတယ်။ ပြီးတော့ ဒနီပရို (Dnipro –Dnieper) မြစ်နဲ့ ပင်လယ်နက်တို့ကာဆီးရာ နယ်ခြားဒေသ ဖြစ်ပါတယ်။


ဆလပ်ဘာသာဗေဒအရ “ယူကရိန်း”ဆိုတာ “နယ်စပ်၊နယ်ခြား ဒေသ” လို့ အဓိပ္ပာယ်ရတယ်။


ကိယက်ဗ်မြို့တော်ရဲ့ အစက ရောဘာလဲ..။


ခရစ်နှစ် ၈၈၂ ခုနှစ်က ၁၂၄၀ ပြည့် နှစ်အထိ ကိယက်ဗ်မြို့တော်ကို Kyivan Rus လို့ခေါ်တယ်။ ရှေးရိုးခရစ်ယာန်နိုင်ငံ တစ်ခုဖြစ်ခဲ့တယ်။


🇺🇦🇷🇺


အဲ့ဒီအချိန် — ရုရှားကရော ဘာတွေဖြစ်ခဲ့သလဲ..။


၁၂၃၇ ခုနှစ် က ၁၂၄၀ ပြည့်နှစ်အထိ ရုရှားဘုရင် မတ်စ်ကိုဗီဟာ မွန်ဂိုတို့ လက်အောက်ရောက်ခဲ့တယ်။


ပြီးတော့ ရုရှားနယ်မြေတွေက ဗဟိုဥရောပရဲ့ အချုပ် အခြာအာဏာနှစ်ရပ်ဖြစ်တဲ့ ပိုလန်-လစ် သူယေးနီယန် ဓနသဟာယ (၁၅၆၉ - ၁၇၉၅)ထဲရောက်ခဲ့တယ်။


၁၂၃၇ ကနေ ၁၇၉၅ ခုနှစ်အထိ နှစ်ပေါင်း ၅၀၀ ကျော် လုံးလုံး ရုရှားနဲ့ ယူကရိန်း ဘာမှမဆိုင်ခဲ့ပါ။


🇺🇦🇷🇺


၁၆ ရာစုမှာ အခု ယူကရိန်းရှိတဲ့နေရာမှာ ကော့ဆပ်လူမျိုးတွေ အများစုနေတာပါ။


Bohdan Khmelnytsky ဦးဆောင်တဲ့ ယူကရိန်းဟာ ၁၇ ရာစုအထိ ပိုလန်အုပ်ချုပ်မှုပုန်ကန်ပြီး ရုရှားနဲ့ပေါင်း တိုက်ခဲ့ပါသေးတယ်။


ဒါပေမဲ့ ၁၇၇၀ ပြည့်လွန်နှစ်တွေမှာ ယူကရိန်းရဲ့ ဒွန်ဘတ်နယ်မြေကို ကက် သရင်းဘုရင်မနဲ့ သူ့စစ်တပ်တွေက ကျူးကျော်ပြီး ဝင်သိမ်းတာ။


ပြီးတော့ “ရုရှားသစ်” (Novorossiya) လို့နာမည်ပေးတယ်။ 


အဲ့ဒီမှာ ရုရှားလူမျိုးနည်းနည်းလာနေကြတယ်။ အလယ်ဥရောပ နိုင်ငံစုံက မျိုးနွယ်တွေ နဲ့ ပင်လယ်နက်ဒေသက မျိုးနွယ်စုတွေ အများစုနေတယ်။


‘ရုရှားသစ်’ဟာ ဘယ်သောအခါမှ ‘ရုရှားအစစ်’မဖြစ်ခဲ့ပါ။


🇺🇦🇷🇺


၁၇၉၅ — ရုရှားက ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်မြို့ကို ဆက်သိမ်းပါတယ်။ နယ်ချဲ့တာပါ။


🇺🇦🇷🇺


၁၈ ရာစုနှစ်ထဲမှာ ရုရှား ဇာ ဘုရင်က ယူကရိန်း ပြည်နယ်ရဲ့ အရှေ့ပိုင်းကိုသိမ်းပြီးပြီ။ ယူကရိန်း အနောက်ပိုင်းကို ဩစတြီးယားက သိမ်းတယ်။


၁၉ ရာစုအတွင်းမှာ ယူကရိန်း ပညာရှင်တွေ၊ အတွေးအခေါ်သမားတွေက သူ့တို့ရိုးရာ၊ သူတို့စာ၊ သူတို့ဂလေ့တွေ ရုရှားတို့လက်အောက်မှာ နိမ့်ကျသိမ်ငယ်စရာတွေကို အမြစ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။


ယူကရိန်းကို နိုင်ငံတစ်ခုအဖြစ် ပျိုးထောင်နိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ရုရှားတော်လှန်ရေးလုပ်ကြတယ်။


၁၉၂၃ ခုနှစ်မှာ ‘ယူကရိန်းနီယန် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ’ ဆိုတာ ပေါ်လာအောင် သူတို့ မနည်း’ရုန်းထွက်’ ခဲ့ရတာပါ။


🇺🇦🇷🇺


၂၀၁၄ ခုနှစ်ကစပြီး ‘ ရှရှားအသစ်’ လို့ သူတို့ သတ်မှတ်ခဲ့ဖူးတဲ့ ဒွန်ဘတ်နယ်မြေကို ပူတင်က ရုရှားပိုင် လိုလို နည်းနည်းစီ ပြောပြောလာတယ်။


ဇာတ်လမ်းက အဲ့ဒီမှာတင်ရပ်မသွားဘူး။


ရာစုနှစ်ခု လွန်မြောက်ပြီးချိန်— ပူတင်ဟာ ယူကရိန်းကို အခုလို ယူကရိန်းကို ကျူးကျော်လိုက်တာပဲ..။


🇺🇦🇷🇺


ယူကရိန်းဟာ ဥရောပတိုက်ရဲ့ အကြီးဆုံးတိုင်းပြည်တွေထဲကတစ်ခုပါ။


ယူကရိန်းဟာ အဖိုးတန် တွင်းထွက်သတ္တုတွေသိပ်ပေါတဲ့နိုင်ငံပါ။ 


နီးပါးမြစ်နဲ့ နီးစတားမြစ်တွေဟာ ယူကရိန်းနိုင်ငံကို ဖြတ်ပြီး ပင်လယ် နက်ထဲကို စီးဝင်တယ်။ 


ယူကရိန်းကို မျက်စိကျကြတာပေါ့။ 


🇺🇦🇷🇺


ရုရှားပိုင်လား မပိုင်လား ပထဝီဝင်တည်နေပုံအရပဲကြည့်ပါဦး။


ယူကရိန်းနဲ့ အခြားတိုင်းပြည်တွေဆက်စပ်လွှမ်းမိုးမှုက ရုရှားထက်အများကြီးတောင် ပိုနေသေးတယ်။


ယူကရိန်းဆိုတဲ့ နာမည်ကိုက ‘နယ်စပ်၊နယ်ခြား ဒေသ’ ပါဆို..‘ ဧကရာဇ်တိုင်းပြည်များစွာနှင့် ဆက်စပ်တည်ရှိနေသည်’ ဆိုတဲ့ အဓိပ္ပါယ်ပါ။


ခရိုင်းမီးယား၊ ပိုလန်၊ဩစတြီးယား၊အော်တိုမန်အင်ပါယာတွေ အားလုံးနဲ့ ဆက်စပ်နေတာလေ… ။


🇺🇦🇷🇺 


ဥရောပက လူမျိုးပေါင်းစုံတို့ ဆုံဆည်းခဲ့တဲ့ ယူကရိန်းကို အတိတ်သမိုင်းကို ‘ရုရှားသစ်’ လို့ပြောတာ ပူတင် စာညံ့တာပဲ။


စာမညံ့ရင် ‘ရူးချင်ယောင်ဆောင်’တာပဲ…။


🇺🇦🇷🇺 


ပူတင်ရဲ့ ဘေးထွက် အိမ်စာလား— ရလဒ်ကဘာလဲ..။


 “ဒါက စည်းလုံးရမယ့်အချိန်ပါ၊ စစ်ပွဲတစ်ခုလေ”— ဥရောပနိုင်ငံတွေ တစ်စု တစ်စည်းတည်းဖြစ်သွားတယ်..။


“ ဘုံရန်သူကို တိုက်ကြမယ်”—မင်းအောင်လှိုင်အာဏာသိမ်းလိုက်တော့ EROs တွေနဲ့ ဗမာတိုင်းရင်းသားတွေ တစ်စုတစ်စည်းတည်းဖြစ်သွားသလိုပေါ့..။


🇺🇦🇷🇺


မရွှေမိုး- ကိုရီးယား

February 27th,2022.


▪️ Al Jazeera — LIVE UPDATES

Russia-Ukraine crisis

▪️ Al Jazeera — Putin says Russia, Ukraine share historical ‘unity’. Is he right?

▪️ Eleven Media —စူဠရုရှားလော၊ ယူကရိန်းလော

ဆက်ဖတ်ရန် →

Yak-130 တိုက်လေယာဉ် ၁၈ စီးကို မောင်းနှင်သော ပိုင်းလော့များ

​မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများကို ဗုံးကျဲတိုက်ခိုက်နေသော Yak-130 တိုက်လေယာဉ် ၁၈ စီးကို မောင်းနှင်သော ပိုင်းလော့များ


By Operation Spitfire


အကြမ်းဖက် စစ်ကောင်စီက ရုရှားထုတ် Yak-130 တိုက်လေယာဉ်များကို ဝယ် ယူထားပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၅ သန်း စျေးပေါက်ကြောင်း၊ မြန် မာ နိုင်ငံတွင် Yak-130တိုက်လေယာဉ် ၁၈ စီးရှိကြောင်း သိရှိရသည်။ 


Yak-130 တိုက်လေယာဉ်များကို လက်ရှိ တိုင်းရင်းသားဒေသများကို ဗုံးကျဲ တိုက် ခိုက်ရာတွင် အကြမ်းဖက် စစ်ကောင်စီက အသုံးပြုလျက်ရှိကြောင်း၊ Yak-130 တိုက်လေယာဉ်များကို မင်းအောင်လှိုင်လက်ထက်တွင် မှာယူရန် ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပထမ ၃ စီး ရောက် ရှိလာ‌ ကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ဝယ်ယူထားသော Yak-130 လေယာဉ် ၁၈ စီး ရောက်ရှိကြောင်း သိရှိရသည်။ 


ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ကရင်ပြည်နယ်များကို ဗုံးကျဲ တိုက်ခိုက်နေသော Yak-130 လေယာဉ်မောင်းများမှာ-


ဒုတိယဗိုလ်မှူးကြီးရဲဦး

ဒုတိယဗိုလ်မှူးကြီးဇော်မြင့်ထွန်း

ဗိုလ်မှူးရဲဇော်နိုင်

ဗိုလ်မှူးခင်ဇော်

ဗိုလ်မှူးရန်နိုင်စန်း

ဗိုလ်မှူးနေဝင်းကျော်

ဗိုလ်ကြီးသိန်းဇော်မြင့်

ဗိုလ်ကြီးဇေယျာမျိုး

ဗိုလ်ကြီးဝေယံစိုး

ဗိုလ်ကြီးကျော်မင်းထွန်း

ဗိုလ်ကြီးခန့်နောင်

ဗိုလ်ကြီးသန်းမျိုးမင်း

ဗိုလ်ကြီးရှိန်းထက်အောင်

ဗိုလ်ကြီးအောင်ဇော်မျိုး

ဗိုလ်ကြီးဘုန်းသက်နိုင်

ဗိုလ်ကြီးဇေရဲမြတ်

ဗိုလ်မှူးခင်မောင်ထွန်း

ဗိုလ်ကြီးအောင်ကိုကို   တို့ဖြစ်ကြသည်။ 


ဓာတ်ပုံ- လေတပ်၏ Yak-130 တိုက်လေယာဉ်တစ်စီး။


(Facebook ၏ ပေါ်လစီအရ ပိုင်းလော့ ၁၈ ဦး၏ ကိုယ်ပိုင်အမှတ်နှင့် လိပ်စာ များ ထည့်သွင်း ဖော်ပြနိုင်ခြင်းမရှိပါ)

ခေတ်သစ်မီဒီယာ


ဆက်ဖတ်ရန် →

တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရမှု လေတပ်အရာရှိနှင့်စစ်သားများ အဖမ်းခံရ

​မှော်ဘီလေတပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရမှု လေတပ်အရာရှိနှင့်စစ်သားများ အဖမ်းခံရပြီး ရေကြည်အိုင်တွင် စစ်ဆေးခံနေရ 


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ 


ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းဌာနချုပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညပိုင်း ဗုံးခွဲခံရမှုနှင့်ပတ်သက်ပြီး လေတပ် အရာရှိ နှင့်စစ်သားများ အဖမ်းခံရပြီး ရေကြည်အိုင်တွင် အစစ်ဆေးခံနေရကြောင်း  တပ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောသည်။ 


ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀   အချိန် People’s Force ပြည်သူ့ အင်အားစု (Yangon) က  မှော်ဘီလေတပ်စခန်း ဌာနချုပ်ရှိ တိုင်းရင်းသား ဒေသများကို ဗုံးကျဲတိုက်ခိုက်နေသော ဖိုက်တာဂျက် လေယာဉ်များ ထား ရှိနေ ရာ ကို ဝင်ရောက် ဗုံးဆင်ပြီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးပျက်စီးသွားကြောင်း သတင်း ထုတ် ပြန်ခဲ့ပြီး လေတပ်သတင်းရင်းမြစ်ကမူ တိုက်လေယာဉ် ၂ စီးလုံး ပြောပလောက် အောင် မထိခိုက်ခဲ့ဟုဆိုသည်။ 


လက်ရှိတွင် မှော်ဘီလေတပ်စခန်းမှ လေတပ်အရာရှိဗိုလ်ကြီးများ အပါအဝင် မသင်္ကာသော လေတပ် စစ်သားများ၊ မိုဘိုင်းလ်ဖုန်းများကို ယူဆောင် စစ် ဆေးပြီး  လူမှုကွန်ရက်တွင် NUG ပေ့ချ်ကို Like နှင့် Share  သူ လေတပ် မိသားစု များ ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"လေတပ်ထဲဗုံးခွဲခံရတဲ့ Case မှာ တပ်ထဲက မသင်္ကာတဲ့သူတွေ အကုန်ဆွဲစိ ခံရတယ် ။ NUG ကို Like နဲ့ Share လုပ်မိထားတဲ့ ဗိုလ်ကြီး တွေပါ အစိခံရတာ။ ရေကြည်အိုင်ကို ခေါ်သွားခံရတယ်။ အထဲမှာ အချင်းချင်းပြန်ချပြီး ဒီကောင် တွေ တိုင်တွေ ပတ်ကုန်နေကြတယ်" ဟု တပ်သတင်းရင်းမြစ်က ပြောသည်။  


ဓာတ်ပုံ- လေတပ်အခမ်းအနားတစ်ခုကို တက်ရောက်လာသည့် မင်းအောင်လှိုင်နှင့်လေတပ်အရာရှိတချို့။ 


Photo- Myanmar Air force 


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ 


ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းဌာနချုပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညပိုင်း ဗုံးခွဲခံရမှုနှင့်ပတ်သက်ပြီး လေတပ် အရာရှိ နှင့်စစ်သားများ အဖမ်းခံရပြီး ရေကြည်အိုင်တွင် အစစ်ဆေးခံနေရကြောင်း  တပ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောသည်။ 


ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀   အချိန် People’s Force ပြည်သူ့ အင်အားစု (Yangon) က  မှော်ဘီလေတပ်စခန်း ဌာနချုပ်ရှိ တိုင်းရင်းသား ဒေသများကို ဗုံးကျဲတိုက်ခိုက်နေသော ဖိုက်တာဂျက် လေယာဉ်များ ထား ရှိနေ ရာ ကို ဝင်ရောက် ဗုံးဆင်ပြီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးပျက်စီးသွားကြောင်း သတင်း ထုတ် ပြန်ခဲ့ပြီး လေတပ်သတင်းရင်းမြစ်ကမူ တိုက်လေယာဉ် ၂ စီးလုံး ပြောပလောက် အောင် မထိခိုက်ခဲ့ဟုဆိုသည်။ 


လက်ရှိတွင် မှော်ဘီလေတပ်စခန်းမှ လေတပ်အရာရှိဗိုလ်ကြီးများ အပါအဝင် မသင်္ကာသော လေတပ် စစ်သားများ၊ မိုဘိုင်းလ်ဖုန်းများကို ယူဆောင် စစ် ဆေးပြီး  လူမှုကွန်ရက်တွင် NUG ပေ့ချ်ကို Like နှင့် Share  သူ လေတပ် မိသားစု များ ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"လေတပ်ထဲဗုံးခွဲခံရတဲ့ Case မှာ တပ်ထဲက မသင်္ကာတဲ့သူတွေ အကုန်ဆွဲစိ ခံရတယ် ။ NUG ကို Like နဲ့ Share လုပ်မိထားတဲ့ ဗိုလ်ကြီး တွေပါ အစိခံရတာ။ ရေကြည်အိုင်ကို ခေါ်သွားခံရတယ်။ အထဲမှာ အချင်းချင်းပြန်ချပြီး ဒီကောင် တွေ တိုင်တွေ ပတ်ကုန်နေကြတယ်" ဟု တပ်သတင်းရင်းမြစ်က ပြောသည်။  

​ေ

ဓာတ်ပုံ- လေတပ်အခမ်းအနားတစ်ခုကို တက်ရောက်လာသည့် မင်းအောင်လှိုင်နှင့်လေတပ်အရာရှိတချို့။ 

ခေတ်သစ်မီဒီယာ

Photo- Myanmar Air force


ဆက်ဖတ်ရန် →