နောက်ဆုံးရ

လွဲပြန်ပြီ စကစ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ စည်ပင်ဝန်ကြီးကို အဂတိတိုက်ဖျက်ရေး ပုဒ်မ ၅၅နဲ့

ထောင်ဒဏ် ၇၅နှစ်နဲ့ နှစ် ၉၀ ချလိုက်တဲ့အပေါ် အရမ်းအံသြရပါတယ်


ဒါကိုကြည့်ရင် စကစရဲ့နိုင်ငံရေး level ကိုသိနိုင်ပါ

တယ် သူတို့လုပ်နေတာ နိုင်ငံရေးမဟုတ်ပဲ အငုံစိတ်

နဲ့ အညှိုး အတေးဆန်နေပါတယ်။ နိုင်ငံရေးမလုပ်တတ်ပဲ တိုင်းပြည်ကိုဘယ်လိုဆက်အုပ်ချုပ်မလဲဆိုတာ

စဉ်းစားမရပါဘူး။


နဝတခေတ်မှာ ကျောင်းသားခေါင်းဆောင်တွေကို

ပုဒ်မအမျိုးမျိုးတပ် ထောင်နှစ်၆၀ နှစ်၉၀တွေချခဲ့

ဖူးပါတယ် ပြီးတော့ပြန်လွှတ်ရတာပါပဲ။ ပြန်လွှတ်တော့လည်းသူတို့ကပဲ သဘောထားကြီးသလိုလို မေတ္တာ

ရှင်လိုလိုလုပ်ပြန်တယ် ကလေးအထာတွေနဲ့ပါ ပြည်တွေကတော့ အဲ့လိုမထင်ပါဘူး သူတို့မတရားလုပ်တယ်ပဲ မြင်ပါတယ်၊ထင်ပါတယ်။


ဦးသိန်းစိန်လက်ထက်က မကွေးဝန်ချုပ် ဖုန်းမော်ရွှေ၊စစ်ကိုင်းသာအေး၊ဧရာဝတီသိန်းအောင် စသူတို့

ဘီလီယံနဲ့ချီ အကြီးအကျယ် လာဘ်စားမူ့ကြီးပေါ်

ပေါက်တာတောင် NLD အစိုးရက အမျိုးသားရင်ခြားစေ့ရေးမူနဲ့ ရယူထားမှူတွေကို ပြန်သာသွင်းခိုင်း

ခဲ့ပါတယ်။


စစ်အာဏာရှင်တွေကို ဘယ်ခေတ်မှာမှ ပြည်သူက

မထောက်ခံခဲ့ပါဘူး၊ သူတို့ကလည်း ပြည်သူထောက်ခံစရာမလိုဘူး သေနတ်ရှိအုပ်ချုပ်လို့ရတယ်ဆိုတဲ့ လောဂျစ်ကို အသေဆွဲကိုင်ထားပါတယ်၊ ဖိနှိပ်မယ်

ရက်စက်မယ် ထောင်ချမယ် ဘဝပျက်အောင်လုပ်မယ်၊ သတ်မယ် ဆိုတာချည်းပါပဲ ဒါစစ်အာဏာရှင်

တွေရဲ့မူပါ


ပြီးတော့ သူတို့ဟာ ပြည်သူထက်တစ်ဆင့်မြင့်တယ်

ပြည်သူ့တွေရဲ့ အရှင်သခင်လို့ယူဆထားပါတယ်

ငါတို့သာအုပ်ချုပ်သူ လူတန်းစား ကျန်လူလာမအုပ်ချုပ်နဲ့ စတဲ့အစွဲတွေကြောင့် NLD ငါးနှစ်တာ အုပ်ချုပ်ချိန်မှာ မခံမရပ်နိုင်ဖြစ်ပြီး အာဏာကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြန်ရယူဖို့ ယုတ်မာခဲ့ကြတာ

ပဲဖြစ်ပါတယ်။


တိုင်းပြည်ရဲ့သံယံဇာတ လုပ်ပိုင်ခွင့်အားလုံးဟာ

စစ်အာဏာရှင်မိသားစုနဲ့ပဲဆိုင်တယ် ဒါအတိတ်ကံ

ကြောင့်ဖြစ်တာ ပြည်သူနဲ့အောက်ခြေစစ်သားက

ပေးတာယူ ကျွေးတာစားအဆင့် သူတို့ကို မကန်နဲ့

အသေသတ်လိုက်မယ် ဒီလိုပုံစံနဲ့ရပ်တည်လာကြပါ

တယ်။


ပိုဆိုးတာက

မင်းအောင်လိူင်ပါပဲ သူကကာချုပ်ဖြစ်တဲ့ ၂၀၁၀က

နေပြီး ၂၀၂၀ ဆယ်နှစ်တာအတွင်း မယုံနိုင်လောက်

အောင် ချမ်းသာကြွယ်ဝလာပါတယ်၊ သားနဲ့သမီးက

လဲ ချက်ချင်းကြီးဆိုသလို ကုမ္မဏီပေါင်းမြောက်မြားစွာ ပိုင်ဆိုင်လာပါတယ် မျိုးရိုးစဥ်ဆက်

ကြွယ်ဝလာတာမဟုတ်တဲ့ မင်းအောင်လိူင်ဟာ ထိုမျှငွေ

တွေ ပိုင်ဆိုင်လာမှူ့ဟာ ဘယ်ကရလာပါသလဲ!


ပြောစရာရှိပါတယ် ၂၀၀၈ ခြေဥကြောင့် ရလာတာပါ၊ ထိုခြေဥအရ စစ်အာဏာရှင်တွေ လုပ်ပိုင်ခွင့်ဘယ်လောက်ရလဲ မရေးတော့ပါဘူး။

မင်းအောင်လိူင်ဟာ ဥစ္စာဓနပိုင်းကြွယ်ဝလာတဲ့နောက် အာဏာပါလိုတာထက်ပိုလိုချင်လာပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူထောက်ခံသလို

သူ့ကိုလဲ ထောက်ခံစေချင်တဲ့ အငုံစိတ်ကဖြစ်လာ

ပါတယ်။


ဒါဘာကိုကြည့်ပြောလဲဆိုရင်

NLD လက်ထက် မင်းအောင်လိူင် ထောက်ခံပွဲတွေကို

ငွေတွေအများကြီးအကုန်အကျခံ လူငှားလုပ်တာကြည့်ရင် သိသာပါတယ်၊ တကယ်တော့ ပြည်သူအစစ်အ

မှန်ကထောက်ခံတာမဟုတ်တော့ ဒါဟာဒေါ်အောင်ဆန်း

စုကြည်ကြောင့်၊ NLDကြောင့်လို့ တွေးထင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDကို သူတို့ရှေ့က ဆရာသ

မားများနည်းတူ အမုန်းကြီးမုန်းပါတော့တယ်။


မုန်းတယ်ဆိုတာထက်ကြောက်ကြတာပါ ဒေါ်အောင်

ဆန်းစုကြည်ဆိုတဲ့ အသံကြားတာနဲ့ သေနတ်ကိုင်ထားတဲ့စစ်ဗိုလ်ချုပ်တွေ ကြောက်နေကြတာ၊ ဒေါ်အောင်ဆန်းစုကြည်သာ အာဏာဆက်မြဲသွားရင် ဆို

တဲ့အတွေး စစ်အာဏာရှင်ဟောင်းတစ်စုမှာရှိကြတယ် ဒီအခါ သမ္မတဖြစ်ချင်တဲ့ မင်းအောင်လိူင်ကို

ရှေ့ကတင်ပြီး အာဏာသိမ်းမှူ့ဖြစ်လာတာပါပဲ။


မင်းအောင်လိူင်ရဲ့ အဓိကအားနည်းချက်က တွေဝေ

တတ်တာပါ ဘာမှမပြတ်သားသလို သူကိုယ်တိုင်လည်း

နိုင်ငံရေးအရည်အသွေးက ညံ့ပါတယ်၊ သူခံယူထား

တဲ့ လောဂျစ်နဲ့ လက်တွေ့နိုင်ငံရေးက တစ်သားထဲမကျဖြစ်နေတော့ လုပ်လိုက်သမျှ လွဲနေတော့တာပါပဲ။


သူလုပ်နေတာတွေဟာ

သူ့ကိုပြန်သတ်ဖို့ လူစုပေးနေသလို ဖြစ်နေပြန်တယ်၊ သူ့ကိုဝိုင်းဖိအားပေးဖို့ သူကိုယ်တိုင်ကလုပ်နေသလိုလဲဖြစ်နေတယ်၊ ၉လတာအတွင်း စီးပွားရေးပိုင်းမှာ အထိနာပြီး ဘာမှလုပ်မရတာလည်း

စစ်အာဏာရှင်အသိုင်းအဝိုင်းပါပဲ အချိန်ကြာလေ ပိုအထိနာလေဆိုတာ ထိုသူတွေပါ ပြည်သူကတော့

ထူးပြီး ဆုံးရူံးစရာမရှိပါဘူး။


ဒီအခါ မင်းအောင်လိူင်အပေါ် ယုံကြည်မှု့က ကျဆင်းလာ

ကြပြီ၊အတွင်းအပြင်မှာ မင်းအောင်လိူင် ဆက်ရှိနေ

ရင် ငါတို့အကုန်ပျက်စီးတော့မယ်ဆိုတဲ့ အတွေးဝင်

လာကြပြီ သူက ကတိတွေလဲ အမျိုးမျိုးပေးတယ်

ဇွန်လဆန်းငြိမ်အောင်လုပ်မယ် မငြိမ်ပြန်ဘူး ၊အခု

စစ်ဆင်ရေး ၃လနဲ့ ချွေးသိပ်တယ် မဖြစ်နိူင်မှန်းသိလာ

ကြပြီ သူ့ဘက်ကခပ်ကြီးကြီးတစ်ယောက်တောင် ပို့စ်တင် ပြီတစ်နေ့ အော်လာပြီ။


ဒါဟာသူတို့ အရူံးကိုလက်ခံလာကြတာပါ။

သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကို

ပုဒ်မအမျိုးမျိုးတပ်တယ် ဒါလည်း လမ်းဟောင်းပါပဲ

သူတို့မသိတာက ၁၉၉၀ကနေ ၂၀၁၂ထိ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးမျိုးတပ် ဖိနှိပ်လေ ပြည်သူကပိုထောက်ခံလေ ယုံကြည်မူ့ပိုလာလေ ဆိုတာ

ကိုပါ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူပိုထောက်ခံအောင် သူတို့ပဲ လုပ်လာတာပါ


အခုလဲ အဲ့လိုလုပ်လာပြန်ပါပြီ

အာဏာသာ သေနတ်နဲ့သိမ်းတာ သူတို့ကိုယ်သူတို့

ကြောက်တတ်တော့ အရှက်မဲ့ပြီး သမ္မတနဲ့ အမေစု

ကို ဖမ်းထားပြန်တယ် အခုလို မအောင်မြင်တဲ့အချိန်

မှာ ဆုတ်လမ်းအတွက် လူသားခံစစ်သုံးထားတာပဲ

ဖြစ်ပါတယ်


ပြောချင်တာက

သူတို့ NLD ခေါင်းဆောင်ပိုင်းတွေကို ထောင်နှစ်ရှည်ချတော့ရော ဘာထူးခြားမှာလဲ ဦးဝင်းထိန်ဆို

အပြုံးတောင်မပျက်ပဲ အားရပါးရတောင် ရီပြလိုက်

သေးတယ်။

အခုချိန်မှာ နှစ်ဖက်ဖွင့်ကစားရပါတော့မယ် NUGအစိုးရ

က ဘက်ပေါင်းစုံကနေ စကစကိုတိုက်တာပါ နိုင်ငံ

ရေး သံတမန်ရေး စစ်ရေး အစုံပဲ ပထဝီနယ်မြေတစ်

နေရာ မရသေးလို့သာ စကစအာဏာရှိတယ် ထင်နေရတာပါ၊နယ်မြေရတာနဲ့ စကစ အာဏာဟာ ဇီးရိုးပါပဲ-


နောက်တစ်ချက်က

EAOs တွေ ဘယ်တော့မှ ကတိမတည်တဲ့ စစ်အာဏာရှင်တွေဆီက ဘာတွေမျှော်လင့်နေပါသလဲ

စစ်မတိုက်ပဲ နယ်မြေပိုင်းခြားပြီး EAOsခေါင်းဆောင်ပိုင်းက စီးပွားရှာနေတာဆိုရင်

ဌာနေ တိုင်းရင်းသားတွေကို ကိုယ်စားမပြုပဲ ဓါးပြအဖွဲ့သာသာပဲ ဖြစ်သွားမှာပါ


သေချာတာက မင်းအောင်လှိုင်တို့ စကစအာဏာမမြဲပါဘူး မြန်မာ့အရေးဟာ ထင်ထားသလောက်လည်း

မရိုးရှင်းပါဘူး ၊စူပါပါဝါတွေ အားပြိုင်မှု့ကြားမှာ အထိုင်ကစားနေတာမို့ EAOs တွေ ဘယ်ဖက်ယိမ်း

ရမလဲဆိုတာ သဘောပေါက်သင့်ပါတယ် ၊အချိန်ကိုက် မထင်မှတ်ထားတဲ့ ဗားရှင်းကနေ တန်ပို

တွေအမြင့်ဆုံးရောက်လာပြီး ပေါက်ကွဲဖို့ ဖြစ်လာတော့မှာပါ✋✋✋


ထိုင်ဝမ်ဘက်အငြိမ်ထားပြီဆိုတာနဲ့ မြန်မာအရေးဟာ ပိုလူပ်ခက်လာမှာပါ ဆီးဆောလိုပုံစံ မျိုးပါပဲ

မြန်မာမှာအလူပ်များလာရင် တရုတ်ဟာ ထိုင်ဝမ်ကို

ဆွတတ်ပါတယ် စကစကိုတရုတ်ဟာ နောက်ကွယ်

ကနေကြိုးကိုင်ထားဆဲပါပဲ အရင်လိုတော့ ရှေ့ထွက်

လာတာတော့ မတွေ့ရပါဘူး


US UK ပြင်သစ်တို့ကလဲ အာဆမ်ကိုပတ်ချုပ်ပြီး

ကစားနေတာတွေ့ရပါတယ် ဘယ်လိုပဲဖြစ်ဖြစ်မြန်မာ့အရေးဟာ Time Plan နဲ့သွားနေတာပါပဲ

ဘယ်အချိန်ဘာလုပ်မယ် ဘာဖြစ်မယ်ဆိုတာ အချိန်

ကိုက်ဖြစ်လာတာတွေ့ရပါတယ်


ပြန်ချုပ်ရရင်

စကစဟာ အာဏာသိမ်းတဲ့ ၉လအတွင်း သူဘာမှလုပ်နိုင်တာမတွေ့ရပဲ လုပ်မမျှလဲ လွဲနေတာချည်းပါပဲ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေတော့ အာ

ဏာမြဲဖို့မဆိုထားနဲ့ သူတို့ဆုတ်လမ်းတောင် ပိတ်သွားပြီမို့ သူတို့ဘယ်လို နေဝင်မလဲဆိုတာ စောင့်ကြည့်ရအောင်ပါလို့ပဲ ပြောချင်တယ်ဗျာ


မုဆိုး လက်🇺🇲

ဆက်ဖတ်ရန် →

ဝက်နဲ့အတူသွားတဲ့သင်းသင်းခိုင်အပိုင်း(၂)

ခရိုနီတွေဟာ သူတို့ရဲ့ငွေမဲတွေကို စတော့တွေ
ဝယ်ထားလိုက်ရင် ဘယ်နိုင်ငံရောက်ရောက်
ပြန်ထုတ်လို့ရတယ် စလုံးကဘဏ်တွေမှာ
အပ်တာကစိတ်မချရတော့ဖူး
ငွေမည်းတွေကိုခဝါချပေးသူတွေနဲ့ခရိုနီတွေ
ဖလဖခလုပ်နေကြတာ🤨

https://www.facebook.com/1271325398/posts/10226727645078526/?d=n(အပိုင်း(၁)

ဆက်ဖတ်ရန် →

"စံပြ မြတ်ဒလန်"


❌ မြတ်ဒလန် ပရိုဖိုင်းလ်

ဆရာမဒေါ်လှလှသန်းဟာ - ပြည့်စုံကြွယ်ဝပြီး အိမ်ကြီးအိမ်ကောင်းနဲ့ နေထိုင်တဲ့ မုဆိုးမတစ်ယောက်ပါ။ပုံမှန်အားဖြင့်တော့ ကိုယ်ပိုင်ကားနဲ့ ကျောင်းကိုသွားလေ့ရှိပြီး အခင်းဖြစ်တဲ့နေ့မှာတော့ Taxi ကို ငှါးစီးခဲ့ပါတယ်။စားဝတ်နေရေး မပြေလည်လို့ Non Cdm လုပ်လိုက်ရပါတယ်ဆိုတာ သတင်းအမှားပါ။( မယုံရင် မြောက်ဥက္ကလာ၊နွယ်နီ ၃လမ်းကို ကိုယ်တိုင်သွားလေ့လာကြပါ )

      ဆရာမဒေါ်လှလှသန်းဟာ တပည့်တွေအပေါ်မှာ ဆင်းရဲ၊ချမ်းသာ လူတန်းစားအင်မတန်ခွဲတတ်သလို - ကျောင်းမှာဆိုရင်လည်း သူ့ရဲ့ စာသင်ချိန် တော်တော်များများကို ဖုန်းတစ်လုံးနဲ့ "ကလင်ဒါကျ -ပေတံခေါက် - ပါဝါချိန်း"ဆိုတဲ့ အတွက်အချက်တွေနဲ့ပဲ ကုန်ဆုံးသွားတာများတယ်လို့ သူ့တပည့်တွေကိုယ်တိုင်ကပြောပါတယ်။

     သူ့မှာ အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ကျန်ခဲ့တယ်ဆိုတာလည်း - သတင်းအမှားပါ။ သူ့သမီး အရိုး၊အကြောအထူးကု ဆရာဝန်မက အရွယ်ရောက်လို့ စစ်ဗိုလ်တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး သားယောက်ျားလေးတောင် ရနေပါပြီ။

        ဒေါ်လှလှသန်းရဲ့ သမီးစစ်ဗိုလ်ကတော် ဆရာဝန်မကလည်း မြောက်ဥက္ကလာဆေးရုံက - စူပါ Non Cdm သမားတစ်ယောက်ပါ။သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် Cdm တွေကို ဖုန်းဆက်ပြီး အလုပ်ပြန်ဝင်ကြဖို့ ဇွတ်အတင်း ဖိအားပေးလေ့ရှိပါတယ်။ "အလုပ်ပြန်မဝင်ရင် နင်တို့နာမည်တွေကို - စကစကိုပေးလိုက်မယ်"လို့ခြိမ်းခြောက်ကာ - အပြောမဟုတ် - လက်တွေ့လည်းလုပ်ပြတယ်ဆိုပြီး သူ့ရဲ့ ဘော်ဘော် Cdm ဆရာဝန်အသိုင်းအဝိုင်းကပြောကြပါတယ်။

 

❌ မြတ်ဒလန်တို့ရဲ့ နေဝင်ချိန်

( 1 )  ဆရာမဒေါ်လှလှသန်းက ကျောင်းသားကလေးတွေရဲ့လိပ်စာတွေကို စခတွေဆီ - အကြိမ်ကြိမ်လက်ထောက်ချပြီး ဖမ်းခိုင်းခဲ့ပါတယ်။ သူ့ကြောင့် အဖမ်းခံရတဲ့ ကျောင်းသားလေးတွေ အများကြီးရှိနေသလို - ခုချိန်ထိ ထွက်ပြေးတိမ်းရှောင်နေတဲ့ အရေအတွက်ဆိုတာကလည်းမနည်းလှပါဘူး။

     အရင်ကလဲ ( မြောက်ဥက္ကလာ -  နွယ်နီ ၃လမ်းမှာ ) ကလေးမလေး၃ယောက် သံပုံးတီးလို့ဆိုပြီး စခတွေကို တိုင်ခဲ့လို့ ကလေးတွေခမျာ အဖမ်းခံလိုက်ရတဲ့ အဖြစ်အပျက် မျိုးတွေလည်းရှိခဲ့ပါတယ်။


https://m.facebook.com/story.php?story_fbid=212350197650468&id=103637985188357


( 2 ) အဖမ်းခံနေရတဲ့သူတွေ သိပ်ကိုများလာလို့ ဒလန်ဆက်မလုပ်ဖို့ ဆရာမကို နောက်ဆုံးအကြိမ်အထိ မေတ္တာရပ်ခံပြီး သတိပေးခဲ့ပါတယ်။


https://www.facebook.com/103439251912171/posts/210702477852514/?d=n 


❌ မြတ်ဒလန်ဆိုတာ မြတ်ဆရာမဟုတ်


*အနန္ဒော အနန္ဒဂိုဏ်းဝင်မို့လို့ အမှန်တရားဘက်မှာရပ်တည်ပြီး Cdm လုပ်စေချင်တာပါ။ "ငါတို့ကတော့ အခြေအနေအရ - Non CDM လုပ်ရတာပါ"လို့ ဆိုတော့လဲ - လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ဖြစ်လို့ နားလည်မိပါတယ်။လုပ်ပါ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်ပဲလေ။

    ဒါပေမဲ့ Non CDM လုပ်ရုံနဲ့အားမရ - ဒလန်အလုပ်ကိုခုံမင်လာပြီဆိုရင်တော့ - မသိသလိုနဲ့ ဖါသိဖါသာ နေလို့မရတော့ပါဘူး။

သေနတ်ဆိုတာမျိုးက ကျည်ဆံကုန်သွားရင် ရပ်သွားနိုင်ပေမဲ့ ဒလန်တွေရဲ့ပါးစပ်ကို ရပ်သွားဖို့ဆိုတာကတာ့ ------

       အဲဒိလမ်းကို မလျှောက်ချင်လို့ ဒလန်ဆက်မလုပ်ပါနဲ့တော့လို့ အခါခါသတိပေးပြီး မေတ္တာရပ်ခံခဲ့ပါတယ်။ဒါပေမဲ့ ------ ဂုဏ်သိက္ခာရှိပြီး - တပည့်တွေရဲ့ ကိုးကွယ်ခံဘဝကနေ အောက်ဆုံးအထိခုန်ချလိုက်ပြီး - "မြတ်ဆရာ"ကနေ "မြတ်ဒလန်" အသွင်ကိုပြောင်းသွားခဲ့ပြီပဲလေ။

   ဘယ်တတ်နိုင်မှာလဲ - ဒါ သူကိုယ်တိုင် ရွှေ့ယူလိုက်တဲ့သူ့ဘဝပဲလေ။ သူဒလန်လုပ်ခဲ့လို့ ငယ်ရွယ်နုပျိုတဲ့ ဘဝပေါင်းများစွာဟာလည်း ကြေမွခဲ့ရပြီ ။ ဉာဏ်မစောင့်တဲ့ - အသက်တစ်ချောင်းရဲ့ပိုင်ရှင် "မြတ်ဒလန်"ကို နောင်သံသရာတစ်ကွေ့မှာ ပြန်ဆုံမိခဲ့ရင်တော့ "မြတ်ဆရာ"ဆိုပြီး ကျေကျေနပ်နပ်ကြီးသက်မှတ်လို့ရနိုင်ပါရစေလို့ ဆုတောင်းပါတယ်။


"ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပဲ့တင်လာလိမ့်မည်"


ပိုးဝတီ

ဆက်ဖတ်ရန် →

'မြန်မာစစ်ခေါင်းဆောင်တွေက လူမဆန်တဲ့ရာဇဝတ်မှုတွေ စနစ်တကျ ကျုးလွန်နေ


\"\"မြန်မာစစ်ခေါင်းဆောင်တွေက လူမဆန်တဲ့ရာဇဝတ်မှုတွေ စနစ်တကျ ကျုးလွန်နေတယ်လို့ ကျနော်တို့ ကောက်ချက်ချတယ်\"\"

(Nicholas Koumjian, မြန်မာနိုင်ငံဆိုင်ရာ UN အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်)

၆ နိုဝင်ဘာ၂၀၂၁


အာဏာသိမ်းမြန်မာစစ်တပ်ဟာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို အစီအစဉ်ရှိရှိ စနစ်တကျနဲ့ ကို ကျုးလွန်နေတယ်လို့ (IIMM)မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် Nicholas Koumjian က မနေ့က ဂျီနီဗာမှာ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။


အာဏာသိမ်းချိန်ကနေစပြီး IIMM လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဆက်သွယ်ပေးပို့လာတဲ့ အထောက်အထားမှတ်တမ်း ၁ သန်း ခွဲကျော် လက်ခံရရှိခဲ့တယ်ဆိုပါတယ်။ ကျွမ်းကျင်သူတွေနဲ့ အချိန်ယူစစ်ဆေးခဲ့ပြီး မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကျုးလွန်နေတယ်ဆိုတာ သက်သေအထောက်အထားတွေနဲ့ အတည်ပြုနိုင်ခဲ့တယ်လို့ Nicholas Koumjian က ပြောပါတယ်။


မြန်မာစစ်တပ်ဟာ သူ့ကိုလက်မခံဆန့်ကျင်သူတွေ ကျန်းမာရေးဝန်ထမ်းတွေ သတင်းသမားတွေကို စနစ်တကျပစ်မှတ်ထားခဲ့သလို ဖမ်းဆီးမိသူတွေကိုလည်း စနစ်တကျ နှိပ်စက်သတ်ဖြတ်ခဲ့တယ်ဆိုပါတယ်။ လူမဆန်တဲ့ သတ်ဖြတ်မှုတွေဟာ နေရာတချို့မှာ စစ်သားတချို့က ကျူးလွန်တဲ့ပုံမျိုးမဟုတ်ပဲ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့  ဗဟိုကလာတဲ့ညွှန်ကြားချက်အရကို ကျူးလွန်နေတာတွေ့ရတယ်ဆိုပါတယ်။ သတ်ဖြတ်မှုပုံစံတွေ ဖျက်ဆီးမှုပုံစံတွေဟာ တနိုင်ငံလုံးမှာ အတူတူဖြစ်နေတာတွေ့ရတယ်လို့လည်း Nicholas Koumjian က ပြောပါတယ်။


လက်တလောမှာ လူမဆန်တဲ့ရာဇဝတ်တွေကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့\"\"အာဏာမသိမ်းခင်ကကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက်\"\" လည်း ဒေသတွင်းနဲ့ နိုင်ငံတကာမှာ တရားစွဲနိုင်ဖို့ ပြင်ဆင်နေပြီလို့လည်း Nicholas Koumjian က ပြောပါတယ်။ 


စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ FB အကောင့်တွေ FB ပေါ်က မှတ်တမ်းသက်သေအားလုံး ပေးဖို့ကိုလည်း သက်ဆိုင်ရာ FB ကုမ္ပဏီကိုတောင်းဆိုထားတယ်ဆိုပါတယ်။ FB ကုမ္ပဏီကနေ သက်သေတချို့ရပြီးဖြစ်ပေမယ့် တောင်းဆိုထားတာအားလုံး မရသေးဘူးလို့ Nicholas Koumjian ကပြောပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ မြန်မာနိုင်ငံထဲက နိုင်ငံတကာဥပဒေချိုးဖေါက်မှုတွေကို လွတ်လပ်စွာစုံစမ်းစစ်ဆေးဖို့ဖြစ်ပါတယ်။ 

အဖွဲ့ခေါင်းဆောင် Nicholas Koumjian ဟာ အမေရိကန်ဥပဒေပညာရှင်တဦးဖြစ်ပြီး ကမ်ဘောဒီးယား ဘော့စနီးယား နဲ့ အရှေ့တီမောက စစ်ရာဇဝတ်မှုတွေကို တရားစွဲဆိုဖေါ်ထုတ်ရာမှာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

BNN

ဆက်ဖတ်ရန် →

ကျွန်းလှ အနီရောင်အဆင့် သို့ရောက်ရှိနေကြောင်းထုတ်ပြန်


#Nov6

စစ်ကိုင်းတိုင်းဒေသကြီး 

ကျွန်းလှမြို့နယ်

၂ရက်အတွင်း စစ်ဘေးရှောင်ကျေးရွာ ၉ရွာ အနည်းဆုံးရှိလာပြီး

မြေပြင်အခြေအနေတွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း သိရပါတယ် ။


သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းကို စနစ်တကျ ကြိုတင်ပြင်

ဆင်ပြီးမှ စစ်ရဟတ်များ၊ စစ်ဘက်သုံး တိုက်လေယာဉ်များဖြင့် 

စတင်တိုက်ခိုက်ပြီးယခုအခါ ‌ခြေလျင်စစ်ကြောင်းများစွာဖြင့်

ထိုးဖောက် ဝင်ရောက်လာပြီလို့သိရပါတယ် ။


🚨ကျွဲတဲရွာအခြေပြု စခ အင်အား ၂၀၀ခန့် 

အေးချမ်းသာရွာ လိပ်စင်းထောင်ရွာဘက်မှ တစ်ကြောင်း


🚨ရေရှင်ရွာဘက်တွင် အင်အား ၂၀၀ခန့် စစ်ကြောင်းတစ်ကြောင်း


🚨မယားသာကျေးရွာ၊ လှည်းချောင်းကူးကျေးရွာဘက်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် နေသော စစ်ကြောင်းတစ်ကြောင်း


🚨ရေနံမှော်များကို ဝင်မွှေနေသည်က စစ်ကြောင်း

တစ်ကြောင်း


🚨ဗုံးကျဲလေယာဉ်ပျံများလည်း ဝဲနေကြောင်း သိရ


တစ်မြို့နယ်လုံး 

ဆည်အရှေ့ဘက်ခြမ်းနေ ပြည်သူများရော 

အနောက်ဘက်ခြမ်းနေပြည်သူများရော 

ပြင်ဆင်စရာ ရှိတာပြင်ဆင်ထားကြပါ

အချင်းချင်း ကူညီပေးကြဖို့လည်း စဉ်းစားပါ ဟူ၍ 2021spring pageက

ထုတ်ပြန်ထားပါတယ် ။

#UpToDate

Fix stand

ဆက်ဖတ်ရန် →

နိုင်ငံတစ်ဝန်း စစ်သား ၉၀ နီးပါး သေဆုံး

က မင်းတပ်တွင် စစ်ကား ၄၃ စီးပါ စစ်ကြောင်းကို CDF က ရှေ့နောက် ညှပ်တိုက်စဉ် နောက်ဆုံးစစ်ကား မောင်းပြေး၍  အကာအကွယ်မဲ့ပြီး တပ်သား ၂၀ ခန့် သေဆုံး၊ နိုင်ငံတစ်ဝန်း စစ်သား ၉၀ နီးပါး သေဆုံး

By ရန်ကုန်ခေတ်သစ်


နိုင်ငံတစ်ဝန်း ယမန်နေ့နှင့်ယနေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ ၉၀ နီးပါး သေဆုံးကြောင်း ဒေသခံ ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ 


ချင်းပြည်နယ်၊ မင်းတပ်တွင် စစ်သား ၂၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရသူ များပြား၊ စစ်ကားမောင်းပြေးမှုကြောင့် စစ်သားများ အသေအဆုံးများ

=========================================


နိုဝင်ဘာလ ၄ ရက်နေ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် တိုက်ပွဲ ၂ နေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း မင်းတပ် CDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က သတင်းထုတ်ပြန်သည်။ 


နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်း‌တွင် မြို့အနောက်ဘက် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၆ မိုင် အကျော်တွင်  စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် CDF-MINDAT တိုက်ပွဲဖြစ်ပြီး  CDF-MINDAT ထောင်ထားသော ပဒေသာမိုင်းကြောင့် စစ်ကောင်စီ ၅ ဦး ခန့် ကျဆုံးပြီး ဒဏ်ရာရသူ များလည်းရှိကြောင်း သိရှိရသည်။ 


ယင်းနေ့တွင်ပင် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၄၃ တွင် သံချပ်ကားပါ စစ်ကောင်စီ ယဉ်တန်းရှည်ကို CDF-MINDAT က မွန်းလွဲ ၂ နာရီခန့်တွင် ရှေ့နောက်ညှပ်တိုက်ရာ စစ်ကောင်စီ ၂၀ ဦးခန့်ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါတိုက်ပွဲတွင် စစ်ကြောင်းအနောက်‌ဘက်မှ CDF က ဝင်တိုက်သော အခါ စစ်ကောင်စီယာဉ်တန်း၏ နောက်ဆုံးကား မောင်းပြေးသဖြင့် ကားအောက်ဝင်ပုန်းနေသော စစ်ကောင်စီတပ်သားများ အကာအကွယ်မဲ့ပြီး အကျအဆုံးများခြင်းဖြစ်ကြောင်း၊ ယဉ်မောင်းက ကားမောင်းထွက်သွားသဖြင့် ကားအောက်တွင်နေရာယူသော တပ်သားများ စစ်ကား‌နောက်အမီ အူးယားဖားယား ပြေးလိုက်နေချိန်တွင် CDF-MINDAT ၏ ဝိုင်းဝန်း ပစ်ခတ်မှုကြောင့် အကျဆုံး များခြင်းဖြစ်ကြောင်း သိရှိရသည်။


စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဗုံးဖြင့် စစ်တပ်ကို တိုက်ခိုက်

===========================================


စစ်ကိုင်းတိုင်း ဆန့်ဆည်မြို့ လမ်းဆုံရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ၂ တွင် ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၈နာရီ ၂ဝမိနစ်၌ ကင်းပုန်းချနေသော အကြမ်းဖက် စစ်ကောင်စီယဉ်ကို Myanmar Defense Force (Taze - Tiger) အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ကြောင်း သိရှိရသည်။


ဗုံးခွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ဦး ကျည်ထိမှန် သေဆုံးခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း Myanmar Defense Force (Taze - Tiger) အဖွဲ့ထံမှ သိရသည်။


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်မှုများ ဖြစ်ပေါ် 

===========================================


စစ်ကိုင်းတိုင်း ထီးချိူင့်မြို့နယ် မြောက်ပြင်ဘက် ကွင်းကြီး တံတားအနီးတွင် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ နံနက် ၅နာရီ ၅၅မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကားအား ထီးချိူင့် PDFအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ထီးချိုင့် PDF အဖွဲ့ထံမှ သိရှိရသည်။ 


စစ်ကိုင်း ထီးချိုင့်မြို့နယ်အတွင်းရှိ ကွင်းကြီးတံတား အနီးတွင် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့တွင် ခရီးသည်ကားဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဗုံးခွဲ တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။


စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မြတောင်နှင့် မောင်းကုန်းကြားတွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ မျိုးကျော် အသတ်ခံရ 

===========================================


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် သရက္ကံကြီးကျေးရွာအုပ်စု ကြာဖက်ကန်ကျေးရွာနေ အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန် မျိုးကျော်ကို ယနေ့ နိုဝင်ဘာလ ၅ရက်နေ့တွင် KBU-UG နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အဆိုပါ အဖွဲ့များက သိရသည်။  


စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် Mytel တာဝါတိုင်များ ဖောက်ခွဲ ဖျက်ဆီးခံရ

===========================================


စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဝက်ခဲကျေးရွာနှင့် ငါးရဟိုးကျေးရွာအနီးရှိ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင်  Mytel တာဝါတိုင်ကို နိုဝင်ဘာလ ၄ ရက်နေ့ ည (၉)နာရီတွင် အရာတော်တော်လှန်ရေး အင်အားစု (ARA)နှင့် Falcon Force(စွန်ရဲတပ်ဖွဲ့)တို့က ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။  


စစ်ကိုင်းတိုင်း၊ မုံရွာတွင် ရဲတစ်ဦး ဦးခေါင်းကျည်ထိသေပြီး အများအပြားဒဏ်ရာရ

===========================================


စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ်၂ ရဲစခန်းနှင့် အမှတ် ၁ ရဲစခန်းကို ယနေ့ နိုဝင် ဘာလ ၅ ရက်နေ့ ညနေပိုင်းက  PDF-South Monywa အဖွဲ့က လက်လုပ်လက်ပစ်ဗုံး ပစ်ထည့်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ရဲများ အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့ဝင် ၁ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ကြောင်း  PDF-South Monywa အဖွဲ့ထံမှ သိရသည်။  


စစ်ကိုင်းတိုင်း မုံရွာမြို့ ကျောက္ကာလမ်းရှိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင် Mytel ရုံးအစောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဦး ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ ညရနာရီတွင် PDF-South Monywa က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှု ရှိမရှိကို မသိရှိရသေးကြောင်း PDF-South Monywa အဖွဲ့ထံမှ သိရသည်။


ရန်ကုန်တိုင်း မရမ်းကုန်း၊လှိုင်သာယာနှင့်ကမာရွတ်မြို့နယ်တို့တွင် ဗုံးကွဲပြီး ပစ်ခတ်မှုများဖြစ်ပေါ်

===========================================


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ်(၇)ရပ်ကွက် တေးဥယျာဉ် (၃)လမ်းထိပ် ၊ မီးခွက်ဈေး(၅)ထိပ်အနီး ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။  


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရရပ်ကွက်အတွင်း နေထိုင်သော အကြမ်း ဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံထားရသူ စမ်းသီတာကို ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် Black Eagle Ranger အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း BER အဖွဲ့ထံမှ သိရသည်။


ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ၂ ရပ်ကွက် ပြည်လမ်းမ မာလာကားမှတ်တိုင်အနီးရှိ KBZ Bank ရုပ်ချုပ်အနီး တွင် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ နံနက် ၉နာရီက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း၊ မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မလမ်းရှိ KBZ ATM တွင်လည်း ဗုံးပေါက်ကွဲကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။  


ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ချစ်ဝင်း သားအဖ အသတ်ခံရ

===========================================


ရန်ကုန်တိုင်း တွံတေးမြို့နယ် ကျွန်းဘက်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ချစ်ဝင်း ကို၎င်းနေအိမ်၌ နိုဝင်ဘာလ ၄ရက်နေ့ ည၉နာရီက အမည်မသိ သေနတ်သမားများ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ချစ်ဝင်း၏ သားဖြစ်သူ ပွဲချင်းပြီးသေဆုံးကာ ချစ်ဝင်းမှာလည်းဆေးရုံတွင် သေဆုံးသွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။        


မန္တလေးတိုင်း၊ မဟာအောင်မြေ ကျောက်၀ိုင်း ဗုံးပေါက်

=========================================


မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်းအနီး ၃၈ လမ်း၊ ၈ရလမ်းနှင့် ၈၈ လမ်း ကြား ဦးပေစိ ဘုရားအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဘုရားဝင်းအတွင်း ဝင်ရောက်သွားပြီးနောက် ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ နေ့လည် ၁၂ နာရီခန့်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။  


ကချင်ပြည်နယ်၊ ဖားကန့်တွင် ရဲကားတစ်စီး ဗုံးခွဲခံရ 

========================================


ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာ အ.ထ.က (ခွဲ) ကျောင်းအနီးတွင် ရပ်ထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ဝင် ရဲကားတစ်စီးကို ယနေ့ နိုဝင်ဘာလ ၅ရက်နေ့ နံနက် ၈ နာရီ ၃ဝမိနစ်၌ ဗုံးခွဲတိုက်ခိုက်ခံရကာ ကားပျက်စီးသွားသော်လည်း လူမရှိခြင်းကြောင့် ထိခိုက် ဒဏ်ရာရရှိသူ မရှိကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။      


စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

===========================================


စစ်ကိုင်တိုင်း၊ ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကား ၃ စီးပါ စစ်ကောင်စီယာဉ်တန်းအား သာယာကုန်းရွာနှင့် ထောက်ကြံ့ကျေးရွာကြားတွင် ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက် ၈ နာရီခွဲခန့်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီး မိုင်းထိမှန် ပက်လက်လန်သွားကာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊ အများအပြားဒဏ်ရာရသွားကြောင်း Kalay-PDF က သတင်းထုတ်ပြန်သည်။


ယမန်နေ့တွင် စစ်ကောင်စီ စစ်ကား ၃၀ ပါ ယာဉ်တန်းသည် ကလေးမြို့ဘက်မှ တောင်ဘက်သို့ ထွက်ခွာခဲ့ပြီး ကလေး-ဂန့်ဂေါလမ်းရှိ မှန်တောရွာအတွင်း အများပြည်သူ နေအိမ် ၁၁ လုံးအတွင်းက ရွှေ၊ ငွေ၊ ဆိုင်ကယ်၊ အဖိုးတန်ပစ္စည်း သိန်း ၂၀၀ ခန့်အား ခိုးယူသွားခဲ့ကြောင်း ကလေးမြို့ PDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်တွင် ရဲနှင့်စစ်သား ၁၅ ဦးသေဆုံး

===========================================


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ မှ စစ်သား ၁၀ ဦး ထွက်ပြေးရာ ယင်းထွက်ပြေးသည့် စစ်သား ၁၀ ဦး ကို လိုက်လံရှာဖွေရင်း ဂန့်ဂေါမြို့မရဲစခန်းမှ စခန်းမှူး အောင်ကျော်သန်း အပါအဝင် ရဲ ၄ ဦး မိုင်းဆွဲခံရပြီး သေဆုံးသွားကြောင်း ဂန့်ဂေါဒေသ သတင်းရင်းမြစ် Yaw Eagle က ပြောဆိုထားသည်။ 


အလားတူ ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၁ ဦးယနေ့ သေဆုံးကြောင်း ဂန့်ဂေါဒေသတင်းရင်းမြစ်က ဆိုသည်။ 


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်သား ၄ ဦးသေ

=====================================


စစ်ကိုင်းတိုင်း ယမန်နေ့ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာတွင် သေနတ်များပစ်ဖောက်ကာ နေအိမ်များ ဖျက်ဆီးခဲ့သော အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  ယနေ့ နံနက်ပိုင်းသပြေကုန်းရွာ အနောက်ဘက်တွင် ပုလဲ-PDF က မိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်း၊ သေဆုံး၊ဒဏ်ရာရ တပ်သားများကို ပုလဲမြို့နယ်ရဲစခန်းက  ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က သတင်းထုတ်ပြန်သည်။


အလားတူ ဦးနှောက်ကျေးရွာအနီး ရောက်ရှိလာသော စစ်ကောင်စီတပ်များကို PRA အပါအဝင် ပုလဲ PDF စုပေါင်းတပ်များက ၀ိုင်းဝန်း တိုက်ခိုက်ကြရာ စစ်ကောင်စီဘက်မှ အသေအပျောက်စာရင်း ရှိ၊ မရှိ အတည်ပြုမရနိုင်ကြောင်း သိရှိရသည်။ 


အလားတူ ကန်ဒေါင့်ကျေးရွာဘက်မှ ဆိုင်ကယ် ၆ စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လှိုင်းချောင်းလမ်းခွဲအနီးတွင် ပုလဲ PDF  က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် ၁ စီး မိုင်းထိခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကြောင်း၊ စစ်ကောင်စီတပ်သားများ  ကန့်ဒေါင့်ရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း PPDF ထုတ်ပြန်ချက်အရ သိရှိရသည်။


စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်သား ၁ ဦးသေ 

=======================================


စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာနှင့် ဝိတုပ်ကျေးရွာကြားတွင် စစ်ကောင်စီယာဉ်တန်းအား ယနေ့ မွန်းလွဲ ၁ နာရီခန့်၌ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း တမူး PDF တပ်ရင်း ၃ ထံမှ သိရသည်။


စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်သား ၃၀ ခန့်သေဆုံး

===========================================


စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အထက်ဝဲကြီးကျေးရွာသို့ သွားသည့်လမ်းတွင် ယနေ့ ညနေ ၄နာရီခွဲခန့်အချိန် မင်းကျောင်းကုန်းဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နှင့် ကသာ PDF တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၃၀ ခန့် သေဆုံးကြောင်း ကသာမြို့သတင်းရပ်ကွက်များထံမှ သိရှိရသည်။ 


ခြေကျင်ဆင်းလာသော စစ်ကောင်စီတပ်များကို ကသာPDF က မိုင်း ၅ လုံးဆွဲ၍ လမ်းဘေး ဝဲယာမှ တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ကြောင်း၊ မိနစ် ၄၀ နီးပါး ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဦးခန့် သေဆုံးနိုင်ကြောင်း ကသာPDF နှင့်နီးစပ်သော ဒေသခံများထံမှ သိရှိရသည်။ 


KIA သတင်းရင်းမြစ်ကမူ ကသာ မြို့နယ်၊ အထက်ဝဲကြီးကျေးရွာ အနီးတိုက်ပွဲမှာ KIA နှင့် PDF ပူးပေါင်း တပ်နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှု စာရင်းကို အတည်မပြုနိုင်ဟုဆိုသည်။ 


ချင်းပြည်နယ်၊ တီးတိန်တွင် စစ်သား ၂ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ

===========================================


ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ခြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-Zoland၊ Chinland Defense Force - Kalay Kabaw Gangaw ၏ တပ်ရင်း ၂ CDM-Siyin ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးကာ လကနက်အချို့သိမ်းဆည်းရမိကြောင်း PDF-Zoland က သတင်းထုတ်ပြန်သည်။


ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်း၊ စစ်ကောင်စီတပ်မှ ၂ ဦးကျဆုံးကာ အချို့မှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း Civic Defense Militia - Siyin (CDF-KKG)အဖွဲ့ထံမှလည်း သိရှိရသည်။


ဖယ်ခုံတွင် တိုက်ပွဲများဖြစ်၊ စစ်တပ်သား ၁၀ ဦးသေဆုံး

====================================


ရှမ်းပြည်နယ်-ကယားပြည်နယ် နယ်စပ် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာဘက်သို့ တိုက်ပွဲ အဆက် မပြတ် ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်၍ ကျေးရွာနေပြည်သူများ၏ အိုးအိမ်ပျက်စီးခဲ့ကြောင်း တိုး တက်သော ကရင်နီပြည်သူ့အင်အားစုPKPF က ပြောသည်။


ဖယ်ခုံတွင် နိုဝင်ဘာ ၅ ရက်နေ့  နံနက် ၈ နာရီ အချိန် မှညနေ ၂နာရီ အချိန်ထိတိုက်ပွဲပြင်းထန်ခဲ့ပြီး  စစ်ကောင်စီတပ်များက လက်နက်ကြီးအများအပြားပစ်ခတ်အသုံးပြုကာ ခေါင်းအိကျေးရွာ၊စက်တော်ကျေးရွာတို့ကိုပစ်ခတ်ခဲ့သဖြင့် လူနေအိမ် ၆  လုံးခန့်ပျက်စီးခဲ့ကြောင်း၊  ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်ရှောင်စခန်းကို စကခ ၇ က လက်နက်ကြီး ဖြင့်ပစ်ခတ်ခဲ့ပြီး  ပြည်သူတစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။ 


ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု စက်တော်ကျေးရွာတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် ကရင်နီတပ်မတော် (KA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDF)တို့အကြား ယနေ့  တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးသေဆုံးခဲ့ကြောင်း ၊ ကရင်နီတပ်သား ၁ ဦးလည်း ကျဆုံးခဲ့ရကြောင်း KNDF ကသတင်းထုတ်ပြန်သည်။


ရွှေကူမြို့နယ်တွင် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံး

=================================


နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၇  နာရီဝန်းကျင်အချိန် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အဝင် အောက်လေးလမ်းဆုံ ၆၀၂ တပ်အနီးရှိ စစ်ကောင်စီတပ်နှင့် ရဲများ စုပေါင်းစစ်ဆေးရေးဂိတ်ကို KIA တပ်မဟာ ၃ တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၃ ဦးနှင့် ရဲ ၂ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။ 


ဒေသခံများ၏အဆိုအရမူ ရွှေကူမြို့ပြင် အောက်လေးလမ်းဆုံ ၆၀၂ တပ်အနီး စစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး​ ဗိုလ်ကြီးတစ်ဦးနှင့် ရဲဘော်တစ်ဦး သေဆုံးကြောင်း ပြောဆိုကြသည်။ 


ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်များ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

===========================================


မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းက ပြန်လာသည့်စစ်ကောင်စီအဖွဲ့ကို နိုဝင်ဘာလ ၄ ရက်နေ့ ည ၉ နာရီခွဲ အချိန်ဝန်းကျင် ပခန်းကြီးနှင့် ပခန်းငယ်ကြားတွင် ရေစကြို PDF က မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်သား ၂ ဦး သေဆုံးကြောင်း ဒေသ ကာကွယ်ရေးတပ်က ပြောဆိုသည်။ 


မိုးကုတ်၊ စစ်ဆေးရေးဂိတ် ဗုံးခွဲခံရပြီး စစ်သား ၁ ဦးသေဆုံး

===========================================


မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း မြို့ဦးလွင်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ဒေသ ကာ ကွယ်ရေးတပ်ဖွဲ့က ဗုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ခေတ်သစ်မီဒီယာ

ဓာတ်ပုံ- ချင်းပြည်နယ်၊ ဟားခါးသို့ အောက်တိုဘာလအတွင်း ဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်း။ 

Photo Credit - ချင်းဒေသမီဒီယာများ


ဆက်ဖတ်ရန် →

အကြမ်းဖက် မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကချက်ချင်းအရေးယူရေးအရပ်ဘက်အဖွဲ့ ၅၂၁ ခု တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၅ 

မြန်မာနိုင်ငံတွင် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူရန် အရပ်ဘက်အဖွဲ့ ၅၂၁ ခုက တောင်းဆိုလိုက်သည်။ 

ချင်းပြည်နယ်တွင် ထန်တလန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်း ဖိနှိပ် သတ်ဖြတ် ဖျက်ဆီးမှုများ လုပ်ဆောင်နေသော မြန်မာစစ်ကောင်စီ အကြမ်းဖက်မှု ကို အဆုံး သတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချက်ချင်း အရေးယူရန် တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။ 

ချင်းပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းနှင့် ပတ်သက်၍ အရှိန်အဟုန်ဖြင့် အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရန်နှင့် မြန်မာနိုင်ငံတွင် လျင်မြန်စွာ ဆိုးရွားလာနေသော လူ သားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရန် အရပ်ဘက်အဖွဲ့အစည်းများက ကုလသမဂ္ဂကို တောင်းဆိုကြသည်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်  မြန်မာစစ်တပ်ကို လက်နက်ရောင်းချပိတ်ပင်ရေး ချမှတ်ရန် တောင်းဆိုလိုက်ပြီး စစ်တပ်သည် နိုဝင်ဘာလ ၃ ရက်နေ့အထိ လူပေါင်း ၁၂၃၆ ဦးကို သတ်ဖြတ်ခဲ့ကာ ပြည်သူ ၉၆၆၇  ဦး မတရား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အရပ်ဘက်အဖွဲ့များက ပြောသည်။ 

အကြမ်းဖက်စစ်ကောင်စီသည် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသကြီးများတွင် အကြမ်းဖက် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး၊ ကရင်နီ၊ ကရင်နှင့် ရှမ်း ပြည်နယ်တွင်လည်း ဒေသခံ တိုင်းရင်းသားများကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ 

မြန်မာစစ်တပ်သည် ချင်းပြည်နယ် အနောက်ပိုင်း ထန်တလန်မြို့တွင် အောက် တိုဘာ ၂၉ ရက်နေ့တွင်  နေအိမ် ၂၀၀ ကျော်နှင့် ဘုရားကျောင်း ၂ ခု ရည်ရွယ် ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သည်။ 

ချင်းပြည်နယ်ရှိ ရုံးခွဲ မီးရှို့ဖျက်ဆီးခံခဲ့ရသော Save the Children က မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အကြမ်း ဖက်မှု အများအပြား ဆက်လက်ဖြစ်ပွားနေကြောင်း သတိပေးပြောဆိုသည်။ 

နိုင်ငံတစ်ဝှမ်းရှိ ကလေးများ အပါအဝင် အရပ်သားများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံ တကာဥပဒေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများဖြစ်ကြောင်း၊ တိုက်ခိုက်ရေး ဂျက်လေယာဉ်များနှင့် လက်နက်ကြီးများ အသုံးပြုခြင်း အပါအဝင် စစ်တပ်၏ ပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ပြည်သူများ ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ရသည်ဟု အရပ်ဘက်အဖွဲ့များကဆိုကြသည်။ 

မြန်မာစစ်တပ်သည် ယခုနောက်ဆုံး ထန်တလန် တိုက်ခိုက်မှု မတိုင်မီ စက် တင်ဘာလအတွင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ထန်တလန်မြို့မှ ဒေသခံ ၁၀,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း၊ ထိုအချိန်တွင် မီးငြှိမ်း သတ်ရန် ကြိုးပမ်းနေသော ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးသည် စစ် တပ်၏ သေနတ်ဖြင့် ပစ်သတ်မှုခံခဲ့ရပြီး ၎င်း၏လက်သူကြွယ်အား ရက်စက်စွာဖြတ်တောက်ကာ မင်္ဂလာလက်စွပ်နှင့်အတူ ဖယ်ရှားခဲ့ကြောင်းကိုလည်း ထောက်ပြထားသည်။ 

 မြန်မာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေ ဖြင့် မြန်မာစစ်တပ်ကို အရေးယူဆောင်ရွက်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသော်လည်း လုံခြုံရေးကောင်စီသည် ထုတ်ပြန်ချက်ထက် ကျော်လွန်၍ ထိရောက်သော အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ ပြုလုပ်ရန် ပျက်ကွက်နေကြောင်း ထောက်ပြထားသည်။ 

Credit...

ဓာတ်ပုံ- ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုကျင်းပနေသည့်မြင်ကွင်း။

ဆက်ဖတ်ရန် →

သေဆုံးသွားသော ဆရာမအား ၃ ကြိမ်တိုင် သတိပေးခဲ့


394x392 (

မြောက်ဥက္ကလာတွင် သေနတ်မှန်၍ သေဆုံးသွားသော ဆရာမအား ၃ ကြိမ်တိုင် သတိပေးခဲ့ဟု ပစ်ခတ်သည့် အဖွဲ့ပြော

ဂန္ဒမာ (မဇ္စျိမ )

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားသည့်  ကျောင်းဆရာမကို ပစ်ခတ်သည့် အဖွဲ့က သုံးကြိမ်တိုင် သတိပေးခဲ့သည်ဟု အဆိုပါအဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

ကျောင်းဆရာမ ဒေါ်လှလှသန်းသည် ၎င်းနေအိမ်ရှိရာ မြောက်ဥက္ကလာပမြို့နယ်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အ.ထ.က (၂) ကျောင်းသို့ တက္ကစီဖြင့် သွားစဉ် မြောက်ဥက္ကလာပမြို့နယ်  နွယ်နီမှတ်တိုင် အကျော်၌ တက္ကစီ မီးပွိုင့်မိနေစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ 

ယနေ့ နိုဝင်ဘာ ၅ ရက် မနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး သေနတ်ဒဏ်ရာ သုံးချက်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားကြောင်း ဒေသခံများထံမှ တစ်ဆင့် သိရသည်။ 

ပစ်ခတ်မှုပြုလုပ်ခဲ့သည့် GenerationZ Defence Force အဖွဲ့သည် ၎င်းအား သတိထား စောင့်ကြည့်ခဲ့ရာ ၎င်းသည် စစ်ကောင်စီထံသို့ ကျောင်းသားများ၏ အိမ်လိပ်စာများ ပေးပြီး ဖမ်းဆီးခိုင်းမှုများ ရှိကြောင်း၊ ပထမအကြိမ် သတိပေးမှုများ လုပ်ဆောင်ခဲ့ရာ လအတော်ကြာ ငြိမ်သွားခဲ့ကြောင်း၊ ယခုထပ်မံ၍ ကျောင်းသားများကို ခြိမ်းခြောက်မှုများ လုပ်ဆောင်လာ၍ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုသည်။ 

“သူ့ကြောင့် ထွက်ပြေးရတဲ့ ကလေးတွေရော၊ ဖမ်းမိသွားတဲ့ ကလေးတွေရော အများကြီး ရှိတယ်။ ကလေးတွေက လာတိုင်တော့ ကျွန်တော်တို့ သတိပေးစာ ထပ်ထုတ်ပါတယ်။  ရပ်တန့်ပေးဖို့လည်း တောင်းဆိုတယ်။ ဒါကိုလက်မခံဘဲ လုပ်ရပ်က ပိုဆိုးလာတယ်။ Non -CDM ဆရာမ မို့လို့ အခုလို လုပ်ခဲ့ရတာ မဟုတ်ပါဘူး။ ဒလန်လုပ်တယ်။  ခြိမ်းခြောက်တယ်။  မတရား လုပ်တယ်လို့ သတင်းကြီး နေတဲ့အပြင် တိုင်တဲ့သူတွေ များလာလို့ပါ" ဟု ပစ်ခတ်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ GenerationZ Defence Force အဖွဲ့ဝင်က မဇ္စျိမ ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို GenerationZ Defence Force အဖွဲ့နှင့် Human Right Defenders (HRD)အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်ဖတ်ရန် →

NUG ငွေတိုက်စာချုပ်တွေကို ဘယ်လိုဝယ်ယူလို့ ရနိုင်မလဲ

နောင်နောင်/မဇ္ဈိမ


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် နှစ်နှစ်သက်တမ်းရှိသော အထူး ငွေတိုက်စာချုပ်များကို ကန်ဒေါ်လာ စုစုပေါင်း သန်း ၁,၀၀၀ ဖိုး ရောင်းချရန် စီစဉ်ထားပြီး ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀၊ ၅,၀၀၀ တန် စသည့် စာချုပ်ပုံစံ လေးမျိုးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း NUG အစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ကြေညာထားသည်။ 


ငွေတိုက်စာချုပ်ဆိုတာဘာလဲ 


ငွေတိုက်စာချုပ် (ချေးငွေစာချုပ်) များကို နိုင်ငံတစ်နိုင်ငံ အစိုးရတစ်ရပ်က ငွေကြေးလိုအပ်သည့်အချိန်တွင် ငွေတိုက်စာချုပ်များကို ပြည်သူများအား ထုတ်ရောင်းကာ ပြည်သူများထံက ချေးငွေယူသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စာချုပ်ပါ သတ်မှတ်ကာလ ပြည့်ပါက ထိုစာချုပ်တန်ဖိုးကို အစိုးရက ပြန်လည်ပေးချေရသည်။ 


ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကမ္ဘာစစ်အသုံးစရိတ် ပြင်ဆင်ရန်အတွက် အစိုးရက ပြည်သူ့ထံမှ ငွေချေးယူသည့်သဘောဖြင့် ငွေတိုက်စာချုပ်များကို ထုတ်ရောင်းလေ့ရှိပြီး NUG အစိုးရက တော်လှန်ရေးကာလ အတွက် ငွေတိုက်စာချုပ် ထုတ်ရောင်းခြင်းသည် ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံးဖြစ်သည်။ 


“အခုလိုမျိုး တော်လှန်ရေးကာလ အထူးငွေတိုက်စာချုပ်များကို ထုတ်ဝေရောင်းချရခြင်းက NUG အစိုးရရဲ့ အဓိက လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေများကို ပြည်သူနဲ့အတူ လက်တွဲပြီး ပြည်သူ့ဆီကနေပြီးတော့ အစိုးရတစ်ရပ်က တရားဝင် ငွေချေးယူတဲ့သဘောဖြစ်ပါတယ်” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ယမန်နေ့ နိုဝင်ဘာလ ၄ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 


တော်လှန်ရေး ရန်ပုံငွေလိုအပ်ချက်အရ ရောင်းချမည့် ငွေတိုက်စာချုပ် ဒေါ်လာသန်း ၁,၀၀၀ ဖိုးကို အသုတ်လိုက် ရောင်းချသွားမည်ဖြစ်ပြီး ပထမအသုတ်အနေဖြင့် R စီးရီး ကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန်စာချုပ် များကို ယခု နိုဝင်ဘာလလယ်တွင် စတင်ရောင်းသွားမည် ဖြစ်သည်။ 


ငွေတိုက်စာချုပ်တွေကို ဘယ်လိုဝယ်ယူလို့ ရမလဲ 


NUG အစိုးရက ရောင်းချမည့် ငွေတိုက်စာချုပ်များကို မြန်မာပြည်တွင်းရှိ အာဏာသိမ်း စစ်ကောင်စီထိန်းချုပ်ထားသည့် ဘဏ်အကောင့်များ အထူးသဖြင့် မြန်မာကျပ်ငွေဖြင့် ဝယ်ယူ၍ ရမည်မဟုတ်ဘဲ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာဖြင့်သာ ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး စာချုပ်တန်ဖိုးပေးဆောင်ရမည့် ငွေကြေးများကိုလည်း NUG အစိုးရ၏ နိုင်ငံခြားဘဏ် အကောင့်များထံသို့သာ လွှဲပြောင်းပေး အပ်ရမည်ဖြစ်သည်။ 


ယင်းကြောင့် နိုင်ငံတကာသို့ ရောက်ရှိနေသူများက ငွေတိုက်စာချုပ်များကို အလွယ်တကူဝယ်ယူရရှိနိုင်မည် ဖြစ်သော်လည်း မြန်မာပြည်တွင်းက ဝယ်ယူလိုသူများအနေဖြင့် နိုင်ငံခြားရောက် ယုံကြည်စိတ်ရသည့် မိတ်ဆွေများဖြင့်သာ မိမိကိုယ်စား ချိတ်ဆက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။ 


“ငွေတိုက်စာချုပ်သည် တခြားကိစ္စရပ်လိုမျိုး လှူတာမျိုး မဟုတ်ပါဘူး။ မိမိဝယ်ထားတဲ့ ငွေတိုက်စာချုပ်မှာ မိမိရဲ့ ပိုင်ဆိုင်မှု ဖြစ်တယ်ဆိုတဲ့အချက် အရေးကြီးပါတယ်။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ တော်လှန်ရေးပြီးကာလမှာ ငွေတိုက်စာချုပ်များကို ပြန်လည်ပြီးတော့ ရွေးနုတ်ခွင့်ပေါ့နော်။ ငွေတိုက်စာချုပ်များကို ဝယ်ထားတဲ့ ပြည်သူဆီပြန်လည်ပေးအပ်သွားရမယ့် အချိန်ရောက်ရင် ဝယ်ထားတဲ့ ကာယကံရှင် သူပိုင်ဆိုင်ပါတယ်ဆိုတဲ့ အထောက်အထား ခိုင်လုံဖို့ လိုပါတယ်” ဟု ဦးတင်ထွန်းနိုင်က ရှင်းပြသည်။ 


NUG က ထုတ်ရောင်းသည့် ငွေတိုက်စာချုပ်ကို အတိုးနှုန်းပေးနိုင်မည်မဟုတ်ကြောင်းနှင့် စာချုပ်ငွေကို တော်လှန်ရေး အောင်မြင်သည့်အချိန်တွင် ပြန်လည်ရွေးနုတ်ခွင့် ပေးသွားမည်ဖြစ်သည့်အတွက် ငွေကြေးဆုံးရှုံးစရာမရှိကြောင်း ဝန်ကြီးက ဆိုသည်။ 


ငွေတိုက်စာချုပ်တွေကို တော်လှန်ရေးစိတ်ဓာတ်ဖြင့် ဝယ်ယူကြရန် တိုက်တွန်း 


တော်လှန်ရေးအစိုးရ ထုတ်ရောင်းသည့် ငွေတိုက်စာချုပ်များကို တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်ပြီး အာဏာရှင် ပြုတ်ကျလိုစိတ်၊ တော်လှန်ရေးအောင်မြင်လိုစိတ်ဖြင့် ဝယ်ယူအားပေးကြရန်လည်း ဝန်ကြီးက တိုက်တွန်းထားသည်။ 


မြန်မာ့နွေဦးတော်လှန်ရေး နှစ်နှစ်အတွင်း အောင်မြင်မည်ဟု ယုံကြည်သဖြင့် အထူးငွေတိုက်စာချုပ်သက်တမ်းကို နှစ်နှစ်သတ်မှတ်ခြင်းဖြစ်သည်ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ယမန်နေ့သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောခဲ့သည်။ 


“တော်လှန်ရေးအောင်မြင်ရမယ်လို့ ခံယူချက်ဖြင့် ရောင်းချခြင်းဖြစ်သည့်အတွက် တော်လှန်ရေးမြင်မှုအတွက် အာမခံချက် ပေးနိုင်မည်” ဟု ဦးတင်ထွန်းနိုင်က ပြောသည်။ 


လတ်တလောတွင်  NUG အစိုးရက ရောင်းချမည့် ငွေတိုက်စာချုပ်များကို ဝယ်ယူရန် ကြိုတင်ကမ်းလှမ်းမှုများလည်း ရှိနေပြီး စာချုပ်များ ဝယ်ယူရမည့်အချိန်ရောက်ပါက ထုတ်ပြန်အသိပေးသွားမည်ဟု NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဝန်ကြီးဌာန ၀န်ကြီးပြောသည်။

Mizzima


ဆက်ဖတ်ရန် →

ဘိုကလေးမြို့တွင် ကျောင်းဝတ်စုံမဝတ်၊ ဝန်ထမ်းကတ် မပါသည့် ဆရာမ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်က နားရင်းအုပ်ဟုဆို



ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ကျောင်းတက်သွားမည့် ဆရာမ သုံးဦးအား ကျောင်းဝတ်စုံ ယူနီဖောင်း မဝတ်သည့်အပြင် ဝန်ထမ်းကတ်လည်း မပါသောကြောင့် စစ်ကောင်စီတပ်များကခေါ်ပြီး နားရင်းအုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ 

အဆိုပါ ဆရာမသုံးဦးသည် ဘိုကလေးမြို့၊ ပူတင်းစုရွာ စာသင်ကျောင်းတွင် တာဝန်ကျနေသော ဆရာမများဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းအချိန်က ဗိုလ်ချုပ်​ကြေးရုပ်အနီး အဝိုင်းကြီးတွင် စစ်ကောင်စီတပ်များက ခေါ်ယူစစ်ဆေးရာမှ နားရင်းအုပ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးကပြောသည်။ 

"အဲဒီဆရာမသုံးယောက်က သူတို့တာဝန်ကျတဲ့ ကျောင်းကို သွားတာထင်တယ်။ Non CDM တွေဆိုတော့ ဝိုင်းပြောမှာစိုးလို့ ယူနီဖောင်းဝတ်မလာကြဘူး။  ဗိုလ်ချုပ်ကြေးရုပ်နားမှာ ပိတ်ဆို့စစ်ဆေးနေတဲ့ စစ်တပ်ကခေါ်ပြီး စစ်ဆေးမှ ဝန်ထမ်းကတ်က ပါမလာ ယူနီဖောင်းကလည်း ဝတ်မလာတော့ သုံး ယောက်လုံးကို နားရင်းအုပ်ပြီး ကျောင်းသွားခိုင်းလိုက်တာပါ" ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

ဧရာဝတီတိုင်းအတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး CDM ပြုလုပ်ထားသည့် ဆရာတစ်ဦးက
" ဒီကောင်တွေက စာမတတ်၊ ပေမတတ်တွေဆိုတော့ ဆရာ၊ ဆရာမရဲ့တန်ဖိုးကိုလည်း နားလည်မှာမဟုတ်ဘူး ။ ဆရာမတွေကို နားရင်းအုပ်တယ် ဆိုတာတော့လွန်တယ်ဗျာ ။ ခံရတဲ့သူတွေကလည်း သူတို့ထိုက်နဲ့ သူတို့ကံပဲလေ"ဟု ထိုဖြစ်စဥ် အပေါ်မှတ်ချက်ပြုသည်။
mizzima

ဆက်ဖတ်ရန် →

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

တိုင်းပြည် ကျဆုံးပျက်စီးရေး လမ်းကြောင်းပေါ် ရောက်နေ၊  ချင်း​၊ စစ်ကိုင်း၊ မကွေးနှင့်ကရင်နီတို့တွင် စစ်တပ်က ဘာသာရေးနှင့်ပြည်သူပိုင်များကို တိုက်ခိုက်မှု PPST ပြင်းထန်စွာ ရှုတ်ချ
ခေတ်သစ်မီဒီယာ
ရန်ကုန် ၊ နိုဝင်ဘာ ၅

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည် လက်နက်ကိုင် ၁၀ ဖွဲ့ပေါင်းစုထားသော PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်၍ သတိပေးလိုက်သည်။ 

PPSTက  ချင်းပြည်နယ် ထန်တလန်အပါအဝင် စစ်ကိုင်း၊ မကွေးနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူများ၏ ဘာသာရေးအဆောက်အအုံအပါအဝင် အိုးအိမ်များကို ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အပါအဝင် ကြေညာချက် တွင်ဖော်ပြထားသည်။ 

PPST အနေနှင့် ပြည်တွင်း ပြည်ပ Stakeholders များနှင့် တွေ့ကာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောထားများကို စုစည်းရန် ဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပြည်သူများရင်ဆိုင်ရသည့် အကျပ်အတည်းသည် တိုင်းပြည်ကျဆုံးပျက်စီးရေးလမ်းကြောင်းပေါ်သို့ ရောက်နေကာ ဒေသတွင်း တည်ငြိမ်မှုပါ ခြိမ်းခြောက်ခံနေရကြောင်း၊ ကုလသမဂ္ဂက အသစ်ရွေးချယ်ခန့်အပ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ ၏ လက်ရှိ မြန်မာပြည်တွင်းလက်ရှိကြုံတွေ့နေသည့် အထွေအထွေအကျပ်အတည်းဖြေရှင်းရေးနှင့် ပတ်သက်သည့် လုပ်ငန်းများတွင် PPST က လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

စစ်ဘေးရှောင်ပြည်သူများ၏ လုံခြုံရေးနှင့် လူသားချင်းစာနာမှုအထောက်အကူများ အမြန်ဆုံရရှိရေးကြိုး ပမ်းဆောင်ရွက်သွားမည်ဟု ပါရှိကာ အကြမ်းဖက် ဖက်စစ် စစ်ကောင်စီ၏ ကျုးလွန်မှုများနှင့် ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူပေးရန်လည်း PPST ၏ ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ သဘောတူကြေညာချက်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်ခြင်းဖြစ်သည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ကျင်းပပြုလုပ်သော PPST အစည်းအဝေး။  
ဆက်ဖတ်ရန် →

ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်းဟာ သာမာန်ရိုးရိုးသားသား သေသွားခဲ့ရတာ မဟုတ်ပါဘူး ။

 (နိုင်ငံတော် ထိပ်တန်းလျှို့ဝှက်ချက်
 ဖြစ်တဲ့ ဒီ ပို့စ်ကို ရှားရှားပါးပါး ရှာတွေ့
ပြီး copy ယူမရအောင် link ချပြီးပဲတင်ထားလို့ 
ခဲခဲယဉ်းယဉ်း တပိုဒ်ချင်းစီကူးယူ 
စာရှည်တော့ စာဖတ်တွေ ပျင်းမှာစိုးလို့ တပိုဒ်ချင်းစီကို အဖြတ်အတောက် တွေနဲ့တစ်နာရီနီးပါးကြာအောင် အချိန်ပေးခဲ့ရပါကြောင်း...)credit...

တကယ်တော့ ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်းဟာ သာမာန်ရိုးရိုးသားသား သေသွားခဲ့ရတာ မဟုတ်ပါဘူး ။
ဒေါသအလွန်ကြီးတဲ့ ဦးနေဝင်းဟာ 
သေခါနီးမှာ သူသိပ်ချစ်ခဲ့တဲ့ မြေးတွေကို 
တွေ့ခွင့်မရတော့ပဲ ၊ 

လုံလောက်တဲ့ ဆေးကုသမှု့ကို မရရှိတော့ပဲ ဗုံးဗုံးလဲဘဝမှာ တုံးလုံးလဲအဖြစ်နဲ့ အရှုံးကြီးရှုံးခဲ့ရတဲ့ အဖြစ်ဆိုးတွေကို 
ရင်ဆိုင်ရင်း 

မျက်ရည်နဲ့မျက်ခွက် နာကြီးချက် 
တောက်ခေါက်သံတွေနဲ့အတူ နှစ်
လုံးသွေးတွေပွင့်ကျပြီး အသေဆိုးနဲ့ သေသွားခဲ့ရတာ ဖြစ်ပါတယ် ။

ဗုဒ္ဓဘာသာစကားနဲ့ ပြောရရင်တော့ 
သူလဲ ဝဋ်လည်သွားခဲ့တာပဲပေါ့ ။

အာဏာရှင်ကြီးဦးနေဝင်းရဲ့ ကျရှုံးရခြင်း 
အကြောင်းတရားတွေက အာဏာနဲ့ 
တိုင်းပြည်ကို အိမ်ခြံဝင်းထဲမှာ မွေးထားတဲ့ တိရိစ်ဆာန်တွေလို သဘောထားပြီး 
ကြိုက်တဲ့နေ့မှာ ကြိုက်တဲ့သတ္တဝါကို 
ရိုက်သတ်ချက်စားတတ်တဲ့ အာဏာ
ရှင်တို့ရဲ့ အလေ့အထတွေက ဇာတ်လမ်းစခဲ့ကြပါတယ် ။

ဇာတ်လမ်းအစက ဒီလို ဒီလို 

ဝင်းမြင့် ဒီစာကို နဝတ ရုံးချုပ်ကို အခုသွားပေးလိုက် ဟုတ်ကဲ့ပါ အဖေကြီး ။

ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်းက
 ဗိုလ်ချုပ်ဝင်းမြင့်
( အတွင်းရေးမှူး(၃)ဖြစ်လာမည့်သူ)
ကိုခေါ်ပြီး ၄င်းကိုယ်တိုက်လက်မှတ်ထိုးထားတဲ့စာတစောင်ကို ပေးလိုက်ပါတယ် 

ဗိုလ်ချုပ်ဝင်းမြင့်က ထိုစာထဲမှာ ဘာတွေ
ရေးထားမှန်းမသိပါ။
နဝတရုံးချုပ်ထံကို ရောက်တော့မှ ထိုစာသည် သူ့အား အတွင်းရေးမှူး(၃)အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း သိရှိရပါတယ် ။

ဗိုလ်ချုပ်ဝင်းမြင့်ကို တွင်း(၃)ရာထူး
ခန့်အပ်လိုက်တာက တွင်း(၂)ဖြစ်သူ 
ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးကို 
မနှစ်သက်လို့ပါ ။

တွင်း(၂)ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးက ...တပ်မတော်မှ တပ်မှူးကြီး
အတော်များများက 
ကြည်ညိုလေးစားသူဖြစ်နေပြီး 

အလွန်စစ်သားစိတ်ပြည့်ဝပြီး 
အလွန်ပြတ်သားသူဖြစ်တဲ့အပြင် 
မဟုတ်မခံစိတ်ကလဲ အလွန်ပြင်းထန်သူတယောက်အဖြစ် 
နာမည်ကြီးလွန်းလို့ဖြစ်ပါတယ် ။

နောက်တခုက လူယုံအဖြစ် 
လက်သတ်မွေးထားခဲ့သော ဗိုလ်ချုပ်
ခင်ညွန့် တွင်း(၁)ဖြင့် နှိုင်းယှဉ်ပါက
လည်း တပ်မတော်မှ တွင်း(၂)ကိုသာ
 လေးစားကြတာဖြစ်ပြီး ဗိုလ်ခင်ညွန့်
ထက်ပင် စီနီယာကျ
ူကြည်းတပ်အရာရှိကြီးဖြစ်နေခြင်း
ကြောင့်ဖြစ်ပါတယ် ။

အဲ့ဒီလို နာမည်ကြီးတာကြောင့် 
ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး စစ်ဆင်ရေးအထူးအဖွဲမှူးက ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတခုအတွက် 
ရဟတ်ယာဉ်ဖြင့် ဒေသတခုသို့ သွားရောက်စဉ် 
ဗိုလ်နေဝင်းရဲ့ တိုက်ရိုက်အမိန့်နဲ့ 
လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ် ။

ထိုစစ်ရဟတ်ယာဉ်ပေါ်တွင် ပါသွားသူများထဲမှ အသက်မသေပဲ ကြံရှိသူများကို အထူးဆေးရုံတွင်ထားရှိပြီး သတင်းပေါ်မည်စိုး၍ မည်သူနှင့်မှ တွေ့ရှိခွင့် မပြုခဲ့ပေ ။ 
တချို့ကိုတော့ တစ်ခါတည်း 
နှုတ်ပိတ်လိုက်ပါတော့တယ် ။

၈၈ အရေးအခင်းပြီးကာလ 
စစ်တပ်အပေါ်မှာသာ 
သစ္စာထားခဲ့ကြတဲ့ ဗိုလ်ချုပ်ခင်ညွန်နှင့်
ခေတ်ပြိုင်ဖြစ်သည့်

ဗိုလ်ချုပ်ထွန်းကြည်၊

ဗိုလ်ချုပ်မြင့်အောင်၊

ဗိုလ်ချုပ်ကျော်ဘ၊

ဗိုလ်ချုပ်မျိုးညွန့် 

အစရှိသည့် ...

တိုင်းမှူ းကြီးများအားလုံးကိုလဲ 
ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်း၏ 
အမိန့်ဖြင့် ရန်ကုန်တွင် အစည်းအဝေ
းခေါ်၍ဝန်ကြီးများအဖြစ် 
ခန့်အပ်ပြီးတော့ 
လက်နှက်ဖြုတ်သိမ်းကာ ဒုတိယဗိုလ်
ချုပ်ကြီးများအဖြစ် တာဝန်ပြောင်းလဲစေခဲ့တာကိုလဲ မှတ်မိကြအုံးမယ် 
ထင်ပါတယ်...

အဲ့ဒီ ဒုတိယဗိုလ်ချုပ်ကြိး ဝန်ကြီးအုပ်
စုတွေဟာလဲ နောက်ပိုင်းမှာတော့ 
နိုင်ငံတော် အကြံပေးအဖြစ် 
ခေါင်းစဉ်တပ်ခါ ရာထူးဖြုတ်ခြင်းကို 
ခံကြရပြီး ထောင်သွင်းအကျဉ်ချခြင်းများ ပြုလုပ်တာကို ခံခဲ့ကြရတယ်မဟုတ်လား၊ 

အချို့ဗိုလ်ချုပ်တွေက စိတ်နာလွန်းလို့ 
ကိုယ့်ဟာကိုယ် သတ်သေသွားခဲ့ကြပါ
တယ် ။

ဒီနေရာမှာ ကြားဖြတ်ပြီးပြောချင်တာက 
စစ်ဆိုရင်တိုက်မယ် ၊ အရက်ဆိုရင်သောက်မယ်၊ တခြားဘာမှလာမခိုင်းနဲ့ မသိဘူးလို့ ပြောတတ်တဲ့ 

ဗိုလ်ချုပ်မောင်အေး တယောက်သာ 
သောက်အ ကြီးလိုနေခဲ့လို့ ဗိုလ်နေဝင်းနှင့် ဗိုလ်ခင်ညွန့်တို့က မျက်စိကျခဲ့တာကိုခံခဲ့ရတယ် ။ 
ထို့ကြောင့်လဲ အခြားသောတိုင်းမှူးတွေကို ဒုတိယဗိုလ်ချုပ်ကြိးရာထူးပေးပြီးတော့ လက်နှက်ဖြုတ်သိမ်းပြီး 
တိုင်းမှူဘဝကနေ ဝန်ကြီးအဖြစ် 
စစ်တပ်လက်အောက်ခံ ပြောင်းပေးလိုက်သော်လည်း ဘာဘာ ဘာမှမသိတဲ့ 
စစ်သားဆိုး ဗိုလ်ချုပ်မောင်အေးကို ဒုတိယဗိုလ်ချုပ်ကြီးတိုင်းမှူးအဖြစ် ဆက်
လက်ထားရှိခဲ့ပါတယ် ။
မြန်ပြည်စစ်သမိုင်းမှာ ဒုတိယဗိုလ်ချုပ်
ကြီးတိုင်းမှူး
ဖြစ်ခဲ့သူဟာ ဗိုလ်ချုပ်မောင်အေး 
တယောက်တည်းသာ ရှိခဲ့ပါတယ် ။

အထက်မှာ ပြောခဲ့သလို သောက်အ ကြီး 
တဇောက်ကန်းကြီး ဗိုလ်မောင်အေးဟာ 
တကယ်တော့ ..
ဗိုလ်နေဝင်းလက်ထက် တိုင်းမှူးဖြစ်ထိုက်သူတွေထဲမှာ ပါဝင်ခဲ့သူမဟုတ်ပါဘူး 

ဘာဖြစ်လို့လဲဆိုတော့ မဆလလက်
ထက်က ထိုခေတ်က တိုင်းမှူးဖြစ်ရ
မည့်သူတွေ၏ အရည်အချင်းမှာ 
ဗိုလ်နေဝင်း၏ အိမ်တော်သက်တော်စောင့်ဖြစ်ခဲ့ဖူးသူ၊ ထိုစဉ်က လက်ရွေးစင် ကြေးကြီးဖာအရှာကောင်းသူတွေဖြစ်ပြီး ဗိုလ်နေဝင်း၏ သွေးသောက်သစ္စာခံအဖြစ် သစ္စာဆိုဖူးသူတွေသာလျှင် တိုင်းမှူး ဖြစ်ခွင့်ရှိကြတယ် မဟုတ်လား ။

သို့သော်လည်း ရှမ်းပြည်တလွှား စစ်
ပွဲတွေမှာတော့ ဗိုလ်ချုပ်မောင်အေးဟာ တပ်မှူးကြီးဘဝတွင် စစ်တိုက်အလွန်ကောင်းသူ စစ်ရေးကျွမ်းကျင်သူအဖြစ် 
နာမည်ကြီးလာသောကြောင့် 
ထူထူးခြားခြား ဗိုလ်နေဝင်း၏ သွေးသောက်သစ္စာခံထားသူမဟုတ်ပဲ တိုင်းမှူးဖြစ်လာခဲ့တဲ့ တစ်ယော်တည်းသောသူ
 ဖြစ်ပါတယ် ။

ဗိုလ်မောင်အေး၏ အထက်ပါကဲ့သို့ 
ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်တော်စောင့် သွေးသောက်သစ္စာခံမဟုတ်ပဲ တိုင်းမှူး
ကြီးဖြစ်ခဲ့ခြင်းကပင် နောက်ပိုင်းမှာတော့ 
ဗိုလ်ချုပ်ကြီးနေဝင်းကို အသေသတ်ဖို့ 
အမိန့်ပေးနိုင်ခဲ့သူ တယောက် ဖြစ်ခဲ့
တယ်ပေါ့ဗျာ ။
အထက်ဖော်ပြပါ အကြောင်းတရားတွေက စာဖတ်သူတို့ကို ၈၈ နောက်ပိုင်မှာလဲ ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်အပေါ်မှာ ဘယ်လောက်အထိ သြ
ဇာညောင်းခဲ့တယ်ဆိုတာ 
မြန်မာပြည်နိုင်ငံရေးကို ဘယ်လောက်အထိ ခြုပျကိုငျခဲ့တယျဆိုတာသဘောပေါကျပွီိး ရှေ့ဆက်ရေမည့် ဇာတ်
လမ်အတွက် နားလည်လာမည် ဖြစ်ပါတယ် ။
ဒီတော့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးကိုလဲ 
သတ်ခဲ့ပြီးပြီ ၊ 
၈၈ အပြီး စစ်တပ်ကို သစ္စာရှိခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ အပြိုင်တွေဖြစ်ကြတဲ့ 
ဗိုလ်ချုပ်မောင်အေးကလွဲပြီး 
တိုင်းမှူးတွေအားလုံးကိုလဲ 
ရာထူးဖြုတ်အရေးယူပြီးသွားပြီ ၊ 

ဒါပေမယ့် နိုင်ငံတော်ဥက္ကဌနှင့် ဗိုလ်
ချုပ်မှူးကြီးရာထူးကို လိုချင်လျှင် ယူလို့ရအောင် စစ်တပ်မှာ 
ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ 

ဗိုလ်ချုပ်မှူးကြီးရာထူးနဲ့ ယှဉ်ပြိုင်ဖြစ်တဲ့ 
စစ်မဟာဗျူဟာ လေ့လာရေးဌာနကြီးမှူးဆိုတဲ့ ကြည်းတပ်ကိုပါ တွဲကိုင်လို့ရတဲ့ ရာထူးကိုလဲ ဗိုလ်ချုပ်ခင်ညွန့်ကိုပေးပြီးပြီ 

ဘာကျန်သေးလဲ ဘာလိုသေးလဲ 
စဉ်းစားကြည့်ကြပေါ့ ။

ဖြစ်ပေါ်လာတဲ့ ပြဿ     နာတွေက 
ဗိုလ်ချုပ်ကြီးနေဝင်း၏ မြေးဖြစ်သူတွေက 
အရွယ်ရောက်လာပြီး 

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ခင်ညွှန့် အသိအမှတ်ပြု စကော်ပီယံ ဂိုဏ်းဆိုတာကြီက ပေါ်ပေါက်လာခဲ့ပြီးမဟုတ်လား ။

အဲ့ဒီ စကော်ပီယံဂိုဏ်းကြီးဟာ
ရန်ကုန်မှာ ဗြောင်လူသတ်မှု့တွေ 
ကျူ းလွန်လာခဲ့ကြတယ် ။

အဲ့ဒီ ကျူ းလွန်လာရာက 
အင်းအားတောင့်တင်းလာပြီးတော့ လက်ရှိနိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ ဗိုလ်
ချုပ်ကြီးနေဝင်း၏ အမိန့်တော်ခံ စစ်ဗိုလ်ချုပ်ကြီးများကိုတောင် စိန်ခေါ်မှု့တွေ လုပ်လာခဲ့တော့တယ် ။

တိုင်းပြည်ကို အမွေရသူတွေအဖြစ်
 ဗိုလ်နေဝင်း၏ မြေးများက သတ်
မှတ်လာပါတော့တယ် ။

စာဖတ်သူတို့ ကြားသိ
မှတ်မိလိုက်အုံးမယ်လို့ ထင်ပါတယ် ။

အဲ့ဒါကတော့ မန္တလေးတိုင်းမှူးး ဗိုလ်
ချုပ်ရဲမြင့်၏ သားကို ရန်ကုန်မှာ ဖြစ်ပေါ်လာတဲ့ ပြဿ     နာကြောင့် မန္တလေးအထိ စကော်ပီယံတွေလိုက်လာပြီးတော့ 
နန်းရှေ့က စားသောက်ဆိုင်ကြီးတခုမှာ 
ဗိုလ်ချုပ်ရဲမြင့်၏သားကို ဖမ်းထားပြီး 
တိုင်းမှူးကြီးဖြစ်သူ 
ဗိုလ်ချုပ်ရဲမြင့်ကိုယ်တိုင် ဒူးထောက်တောင်းပန်မှ အသက်ချမ်းသာပေးမယ်လို့
 ခြိမ်းခြောက်တာကြောင့် 
တိုင်းမှူးကိုယ်တိုင် စားသောက်ဆိုင်မှာ ဒူးထောက် တောင်းပန်လိုက်ခဲ့ရတယ် 
မဟုတ်လား ။

အဲ့ဒီလိုပဲ ရန်ကုန်မှာ ဗိုလ်နေဝင်း၏
 မြေးတွေ၏ ကားတန်းကို ဗိုလ်ချုပ်မှူး
ကြီးတွေ၏ ကားတန်းက ရပ်ပေးရမယ်လုပ်လို့ဗိုလ်မောင်အေးကမကျေနပ်တာကြောင့် သမီးကို ပြန်ပေးဆွဲတဲ့ကိစ္စတခုက ဖြစ်ပေါ်လာခဲ့တယ်မဟုတ်လား ။

အဲ့ဒီပြန်ပေးဆွဲတဲ့ကိစ္စမှာ စစ်ရုံးချုပ်မှာ 
ယိုးဒယားနဲ့ ဖြစ်ပေါ်နေတဲ့ အရေးအခင်းတွေကြောင့်စစ်ရေးအာဏာကို လုံးဝတာဝန်ယူထားချိန်ဖြစ်နေတဲ့ 
ဗိုလ်မောင်အေးဟာ စစ်ရုံးချုပ်မှာပဲ တာဝန်ပြည့်ယူထားချိန်ဖြစ်လေတော့ ၂၄ နာရီအတွင်း သမီးကို ပြန်မလွှတ်ရင် ၊ 
သမီးဖြစ်သူ တခုခုဖြစ်ခဲ့လျှင် ရှစ်မိုင်မရမ်းကုန်းခြံကို အမှုန့်ကြိတ်ပစ်မယ် မြှောက်နဲ့ထုမယ်ဆိုတဲ့ ရာဇသံ ပေးလိုက်
ပါတော့တယ် ။

အဲ့ဒီ အရေးအခင်းမှာ ဗိုလ်ခင်ညွန့်က
 ကြားဝင်ဖြန်ဖြေသူလုပ်ပေးပြီးတော့ 
ဗိုလ်ချုပ်မောင်အေးရဲ့ သမီးကို ကယ်
ထုတ်လာခဲ့ပါတော့တယ် ။ 

နှစ်ဦးနှစ်ဖက် အဲ့ဒီအငြီုးအတေးတွေက 
မြန်မာနိုင်ငံသမိုင်းက ဗိုလ်ချုပ်ကြီးနေ
ဝင်းရဲ့ သမိုင်းတခုကို ပြောင်းပြန်ဖြစ်သွားစေခဲ့ပါတယ် ။
အဲ့ဒါကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် 
မြေးဖြစ်သူတွေက နိုင်ငံတော်အာဏာသိမ်းဖို့ ကြံစည်လာခဲ့ကြပါတော့တယ် ။

ပထမတစ်ကြိမ်ကတော့ ဗိုလ်ချုပ်မှူ း
ကြီးသန်းရွှေ ဘရူနိုင်းနိုင်ငံကို အစည်းအဝေးတခုသွားရောက်လည်ပတ်စဉ်
ကဖြစ်ပါတယ် ။
အဒီ အစည်းဝေးပွဲကို ဗိုလ်ချုပ်ကြီးခင်
ညွန်လဲ အတူ တက်ရောက်နေစဉ်က
 ဖြစ်ခဲ့ပါတယ် ။

အဲ့ဒီ အချိန်မှာ ဗိုလ်နေဝင်းကြီးကိုယ်တိုင် လူရွေးပြီး ခန့်အပ်တာဝန်ပေးထားတဲ့ အထက်က ပြောခဲ့ပြီးသားဖြစ်ခဲ့တဲ့ 

ဗိုလ်ချုပ်ဝင်းမြင့် ( တွင်း ၃ ) မြန်မာ့ဦးပိုင်လိမိတက်ဥက္ကဌ စစ်ရေးချုပ်နှင့် မြန်မာ့ကော်ပိုရေးရှင်းဥက္ကဌ စစ်ထောက်ချုပ်တို့ကို ဗိုလ်ချုပ်ကြီးဟောင်းဦးနေဝင်း၏ 
အမိန့်ဖြင့် ၄င်းတို့က အာဏာသိမ်းရန် 
ကြံစည်ဆောင်ရွက်ခဲ့ကြတယ် ။

ထိုစဉ်အချိန်က မြန်မာပြည်ဟာ ယိုးဒယားနှင့် စစ်ရေးတင်းမာမှုကာလဖြစ်ပြီး စစ်တပ်မှာ တာဝန်အပြည့်ယူထားသူက 

ဗိုလ်ချုပ်မောင်အေးဖြစ်သော်လည်း ၊ 
စစ်သားအများစုနှင့် စစ်လက်နှက် စစ်ရေးတို့ကို မိမိတိုင်းလက်အောက်တွင် နေရာယူထားစေပြီး တိုက်ရိုက်အမိန့်ပေး စေခိုင်းခွင့်အာဏာရှိထားသူက ဒီနေ့ သမ္မတကြီးဖြစ်နေသူ ဗိုလ်ချုပ်သိန်းစိန်ပဲ
 ဖြစ်နေခဲ့ပါတယ် ။

ဗိုလ်ချုပ်သိန်းစိန်၏ အထက်မှာ
 ရေးချုပ်ဖြစ်သော 
ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့်(တွင်း ၃ ) ရှိသလို ထောက်ချုပ်ဖြစ်သော ဒုတိယ
ဗိုလ်ချုပ်ကြီး တင်လှိုင်တို့ ရှိနေကြ
တယ်မဟုတ်လား ။

ရေးချုပ်နှင့် ထောက်ချုပ်ကိုပိုင်လျှင်
 ဗိုလ်ချုပ်ကြီးဟာ ဘာမျှ လုပ်လို့
မရတော့ဘူးမဟုတ်လား ။

အဲ့ဒီတော့ ရေးချုပ်နှင့် ထောက်ချုပ်က တိုင်းမှူးတွေကို တိုင်းပြည် ပြည်သူလူထုကို အသိမပေးပဲ လျှိုဝှက်စွာ အဖေကြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ အမိန့်ဖြင့် အာဏာသိမ်းမည်ဖြစ်ကြောင်း အကြောင်းကြားပါတော့တယ် ။

ထို့အတူ အာဏာသိမ်းပြီးပါက 
ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အာဏာအပ်မည်ဖြစ်ကြောင်း ကြေငြာချက်ထဲမှာ ထည့်သွင်းထားခဲ့ပါတယ် ။

ဒီနေရာမှာ အချို့တိုင်းမှူးများက ဘာလုပ်ရမှန်းမသိပဲ ထပ်ဆင့်အမိန့်ကို စောင့်နေကြသူတွေရှိသလို၊ 

အချို့တွေကတော့ လက်မခံကြပါဘူး၊
အချို့တွေကတော့ သဘောတူကြပါ
တယ် ။

အဲ့ဒီအခြေအနေမှာ ယိုးဒယာပြဿ     နာကြောင့် လက်ရှိတပ်အင်အားတွေကို တိုင်းအတွင်းမှာ ကွပ်ကဲနေရပြီး 

စစ်အင်အား အတောင့်တင်းဆုံး အများဆုံးဖြစ်နေတဲ့ 
တြိဂံဒေသတိုင်းမှူးကြီးဖြစ်သူ ယခု သမ္မတကြီးသိန်းစိန်က အာဏာသိမ်းမှု့ကို 
ပထမဦးဆုံး လုံဝဆန့်ကျင့်ခဲ့ပြီး 
ဒုတိယ ဗိုလ်ချုပ်မှူးကြိးဖြစ်သူ ဗိုလ်မောင်အေးကို အကြောင်းကြားလိုက်ပါတော့တယ် ။

အထက်မှာပြောပြခဲ့သလို ဒေါက်တာတင်လင်းမြင့်၏ ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်ရဲမြင့်ကလဲ ဗိုလ်ချုပ်သိန်းစိန်နဲ့အတူ ကန့်ကွက်လာကြပြီး၊ တိုင်းမှူးတော်တော်များများကပါ ကန့်ကွက်လာသဖြင့်
 မအောင်မမြင်ဖြစ်ခဲ့ရပြီး 
ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူးအပါအဝင် တိုင်းမှူးအချို့နှင့် ဒုတိယဗိုလ်ချုပ်
ကြီးဝင်းမြင့် ဒုတိယဗိုလ်ချုပ်ကြီး တင်
လှိုင်စစ်ထောက်ချုပ်တို့ အဖမ်းခံခဲ့ရ
ပါတော့တယ်။

သို့သော် နှစ်ပေါင်းများစွာ
သွေးကိုသောက်၍ သစ္စာခံများဖြစ်ခဲ့
ကြသော တိုင်းမှူးကြီးများက 
ထိုအရေးကို ဖုန်းကွယ်ထားကြပြီး 
စစ်တပ်မပြိုကွဲရေးခေါင်းစဉ်အောက်မှာ
 ပြည်သူတွေကို အသိမပေးခဲ့ပဲ နိုင်
ငံတော် ထိပ်တန်း လျှိုဝှက်ချက်အဖြစ် သတ်မှတ်ထားခဲ့ကြပါတယ် ။

ထိုသို့ လက်ရှိဗိုလ်ချုပ်ကြီးများက 
အင်အားတောင့်တင်းခဲ့သော မဆလပါတီဝင်းများ၏ 
ဖိအားပေးလာမှု့အရေးကို ကြောက်ရွံပြီး 

ထိုပြဿ     နာကို ကွယ်ဝှက်ထားမှု ၊ 
ထို့အတူ သွေးသောက်၍ သစ္စာခံခဲ့
ကြသော တိုင်းမှူးများရှိနေသည့်အရေးများကြောင့် အချင်းချင်း ပြိုကွဲမှု့မဖြစ်စေရန် လျှိုဝှက်ထားမှု့ကို အခွင့်ကောင်း
ယူပြီးဒုတိယတစ်ကြိမ်းကတော့ 
ဗိုလ်ချုပ်ကြီးနေဝင်း၏ မွေးနေ့ပွဲကြီးကို 
အကြီးအကျယ် ကျင်းပခဲ့ကြပါတယ် ။

အဲ့ဒီမှာ ၈၈အပြီးက နိုင်ငံတော်အပေါ်ကို သစ္စာရှိခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအပေါ်ကို သစ္စာရှိခဲ့ကြတဲ့ 

ဗိုလ်ချုပ်ကြီးဟောင်းတွေအားလုံးကို 
ဖိတ်ကြားပြီးတော့ နအဖဥက္ကဌကြီးအပါအဝင် နိုင်ငံတော်ဗိုလ်ချုပ်ကြီးတွေအားလုံးကို ဖိတ်ကြားလိုက်ပါတယ် ။

အဲ့ဒီဗွိဒီယိုမှာ ဗိုလ်ချုပ်ထွန်းကြည်အစရှိတဲ့ တိုင်းမှူး တပ်မှူးဟောင်းကြီးတွေက လက်အုပ်လေးတွေချီပြီးတော့ ခမ်းမကြီးထဲကို ဝင်လာကြပါတယ် ။

ဗိုလ်ချုပ်ကြီးနေဝင်း၏ သက်တော်စောင့်တပ်ဖွဲ့တွေကလဲ လုံခြုံရေးကို လက်နှက်အပြည့်အစုံနဲ့ တာဝန်ယူထားကြပါ
တယ် ။

ဒါပေမယ့် နဝတအဖွဲ့ ဗိုလ်ချုပ်ကြီးများက 
ထိုပွဲကို မတက်ရောက်ခဲ့ကြပါဘူး၊ ဗိုလ်မှူးကြီးအဆင့် ကိုယ်စားလှည်တဦးသာ တက်ရောက်ခဲ့ပါတယ် ။

ထို့ကြောင့် မွေးနေ့ပွဲကနေတဆင့် အာဏာသိမ်းပွဲလုပ်ရန် စီမံထားသော်လည်း မအောင်မြင်ပဲ 
ဖြစ်ခဲ့ကြပြန်ပါတယ် ။

နောက်ဆုံးအဆင့်ကတော့ 
နိုင်ငံတော်ပုံကန်မှု့ဆိုပြီး စစ်အစိုးရက တရားဝင်ကြေညာခဲ့သည့်အတိုင်း 

ဒေါ်စန္ဒာဝင်းကိုယ်တိုင် ပူးပေါင်းပါဝင်ကြံစည်တဲ့ ကိုယ်ပိုင်ယုံကြည်ရသော
တပ်များဖြင့် စစ်ရုံးချုပ်နှင့်တကွ 
အခြားသော အရေးကြီးသည့် ဌာနများကို ဝင်ရောက်စီးနင်းရန် စစ်ရုံးချုပ်ကို 
အချိန်မရွေးဝင်ထွက်သွားလာခွင့်ရှိသည့် 
စစ်တပ်မှ အရာရှိကြီးအချို့ကို စည်းရုံး၍ တိုက်ရိုက်အာဏာသိမ်းရန် ကြံစည်လာခဲ့ကြပါတော့တယ် ။

ထိုကြံစည်မှု့ကိုတော့ နောက်ပေါက်လူသစ် နဝတလက်ထက် နာမည်ကြီးလာသူ တိုက်ခိုက်ရေးကောင်းသည်ဟု 
နာမည်ကျော်သော လက်ရှိဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းကနေတဆင့် ပေါက်
ကြားခဲ့တယ်လို့ ကြားသိခဲ့ရပါတယ် ။

ထို့ကြောင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကိုယ်တိုင် ထိုပြဿ     နာကို ချက်ချင်း အရေးယူဆောင်ရွက်ခဲ့ပါတယ် ။ 
အထက်မှာ ရှင်းပြခဲ့သလို...

စစ်သားကြီးတွေကို ကျေးဇူးခံ ကျေးဇူးစားဆိုပြီး သွေးကိုသောက်ခိုင်းပြီးတော့ သစ္စာအတိုက်ခံထားရသူမဖြစ်ခဲ့ဖူးတဲ့ ၊ 

လူတော်အဖြစ် သတ်မှတ်ခြင်း မခံခဲ့ရလို့ 
အိမ်တော်စောင့် ဗိုလ်ကြီး မဖြစ်ခဲ့ရတဲ့ ဗိုလ်ချုပ်မောင်အေးက စစ်မိန့်ဖြင့် အားလုံးကို ဖမ်းဆီးလိုက်ပါတော့တယ် ။

တကယ်တော့ ထိုကဲ့သို့ တပ်ကို အသုံးပြုပြီးတော့ အာဏာသိမ်းယူရန်ကြံစည်မှု့ကြီးတခုခု လုပ်တော့မည်ကို 

နိုင်ငံတော် ထောက်လှန်းရေးကို တာဝန်ယူထားခဲ့သည့် စစ်မဟာဗျူဟာ လေ့လာရေးဌာနကြီးမှူကြီးတယောက်က အဘယ်ကြောင့် မသိခဲ့ရပါသနည်း ။

သို့သော် ဗိုလ်ချုပ်ခင်ညွန်သည့် 
အလွန်ပါးနပ်ပါလေ၏ ထိုကိစ္စကို တကယ်ပဲ သူမပါဝင် မပါတ်သက်လေဟန် သရုတ်ဆောင် အရှောင်ကောင်းခဲ့ပါ၏ ။ 

မည်သို့ပင် အရှောင်ကောင်းပါစေ ဗိုလ်သန်းရွှေနှင့် ဗိုလ်မောင်အေးတို့က အပြည့်အဝ ယုံကြည်နိုင်ခြင်း မရှိနိုင်တော့ပါ ။

ထို့ကြောင့် ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း
နှင့် သမီးဒေါ်စန္ဒာဝင်း အပါအဝင် သမက်မြေးများကို ဖမ်းစီးထိမ်းသိမ်းလိုက်သည့်နေ့မှစ၍ 

ဗိုလ်ချုပ်ကြီးခင်ညွန်မှ မိမိကိုယ်တိုင်မိမိ 
တာဝန်ယူအမည်တပ်ထားထားသော စစ်မဟာဗျူဟာ လေ့လာရေးဌာနကြီးမှူးဆိုသည့် ရာထူးကို ပြုတ်သွား၍ 

ထောက်လှန်းရေးညွန်ကြားရေးမှူးချုပ်ရာထူး ( ၈၈ အာဏာစသိမ်းစဉ်အခါက တာဝန် )အဖြစ်သို့ 
လျှော့ကျသွားလေသော 

ဗိုလ်ချုပ်ကြီးဖြစ်သွားပြီး အရပ်ဖက်သို့ 
လူတွေသတိမထား မသိလိုက်ပဲ ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲသွားပါတောတယ် ။

စစ်အစိုးရလက်ထက်မှာ ဝန်ကြီချုပ်ဆိုတာက အာဏာမဲ့သွားခဲ့တယ်
 မဟုတ်လား ။

ဒါပေမယ့် သွေးကိုသောက်ပြီး 
သစ္စာကြီးလေသော သွေးသောက်သစ္စာခံကြီး 
ဗိုလ်ခင်ညွန်နဲ့ သွေးသောက်ပြီး သစ္စာဖောက်ခဲ့လေသော ဗိုလ်ချုပ်မှူ းကြီးသန်းရွှေနှင့် ဗိုလ်သိန်းစိန်တို့က 

ဗိုလ်ချုပ်ကြီးနေဝင်း၏ နောက်ဆုံးနေ့ကို 
ဆရာဝန်မှ ကြိုတင်ခန့်မှန်းထားသည့်ရက်တွင် အထက်အညာသို့ ဘုရားဖူးသွားသည်ဟုဆိုကာ 

ရန်ကုန်တွင်မနေတော့ပဲ 
ရှောက်ထွက်သွားခဲ့ကြလေသည် ။

စစ်ရုံးချုပ်တွင် ဗိုလ်မောင်အေးတယောက်သာ အဓိကကျန်ရှိပြီး ဗိုလ်ချုပ်ကြီးနေဝင်း၏ နောက်ဆုံးရက်တို့တွင် ဒေါ်စန္ဒာဝင်းအပါအဝင် လူ ၂၅ ယောက်သာ စျာပနကို ကျင်းပခွင့်ရှိကြောင်းနှင့် 

ဗိုလ်နေဝင်း၏ နောက်ဆုံးနေ့ကို 
စစ်မိန့်စစ်အာဏာဖြင့် လုံခြုံရေးအပြည့်ချပြီး သမိုင်းတခုမျှမကျန်အောင် လက်စဖျောက်နိုင်ခဲ့သူကတော့ 
သွေးသစ္စာတိုက်ခြင်းမခံခဲ့ရသည့် 
တဇောက်ကန်းမို့လို့ တိုင်းမှူ းဖြစ်ခွင့်ရခဲ့သူ ဒုတိယဗိုလ်ချုပ်မှူးကြီးဖြစ်ခဲ့လေတော့သည် ။

အထက်ပါ အကြောင်းတရားများဖြစ်ပြီး 
နှစ်အနည်းငယ်အတွင်းမှာတော့ သွေးသစ္စာရှင်ကြီး ဗိုလ်ချုပ်ကြီးခင်ညွန့် ထောက်လှန်းရေးညွှန်ချုပ် ဗိုလ်ခင်ညွန့်က ဗိုလ်မောင်အေး၏ အမိန့်ဖြင့် ဖမ်းဆီးထိမ်းသိမ်းထားသော 
ဗိုလ်ချုပ်ကြီးနေဝင်း၏ 
မြေးများကို ကယ်တင်ရန် လျှို့ဝှက်ကြံစည်မှူ့ သိုမဟုတ် ထောက်လှန်းရေးက လက်ဦးမှု့ရယူပြီး အာဏာသိမ်း၍ ဗိုလ်နေဝင်း၏ မိသားစုများကို ကင်တင်ရန်ကြံစည်မှု့တို ပေါ်ပေါက်လာပြီး လာဘ်စားမှု့ဟူသော ခေါင်းစဉ်ဖြင့် 
အဖမ်းခံပြန်လေသည် ။

ထိုသို့ ဗိုလ်ချုပ်ကြီးခင်ညွန်သည်လည်း 
အာဏာရှင်ကြီးဗိုလ်နေဝင်းကဲသို့ ကျားတကွက် ကစားကွက်ညံ့ခဲ့ခြင်းကြောင့် နှစ်ပေါင်း ၄၀ နှစ်တာ အာဏာရှင်တို့၏ လက်ကိုင်တုတ်ကြီးဖြစ်သော မဟာဗျူဟာမြောက် ထောက်လှန်းရေးတပ်မတော်ကြီးမှာလည်း ပြိုကွဲခဲ့လေတော၏ ။

ထိုရာဇဝင်ကြွေးတွေအကြားမှာတော့ အောက်က ထောက်ပြုတ်တွေနဲ့ လက်ရှိအာဏာရလက်ကိုင်တုတ်တွေအကြားမှာ တဖက်က ဒီမိုကရေစီဆိုတာကို ဗန်ပြပြီး သူ့ဘက်သားလိုလို ကိုယ်ဘာက်သားလိုလိုနဲ့ နည်မျိုးစုံတိုက်ပွဲဝင်နေကြပေါ့ဗျာ 

ဒါပေမယ့် အဲ့ဒီလူတွေက ပိုက်ဆံရကြတယ် လခရကြတယ်။

သူတို့မှာ ကိုယ်ကျိုးအတွက် ကိုယ်ပိုင်မျှော်လင့်ချက်တွေ ရှိကြတယ် ။

ထိုကောက်ကြောင်းများ၏ နောက်မှာတော့ သွေးသောက်ခဲ့သော်လည်း သစ္စာဖောက်ခဲ့သူ ဗိုလ်သိန်းစိန်နှင့် သွေးသောက်ခဲ့သော်လည်း မိမိအသက်အတွက် သစ္စာပျောက်ခဲ့သူ အာဏာရှင်ကြီး
 ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ 
အပြန်အလှန်ကျေးဇူးခံ ကျေးဇူးစားတွေအကြားမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအ
လွန် ဒီမိုကရေစီအတုအယောင် ဖန်တီးပြီး လိုအပ်သလို ကျားကစားတတ်သူ၊ 
ဗိုလ်ချုပ်ကြီးဟောင်း 
အာဏာရှင်ကြီးဦးနေဝင်းကို 
ပထမဦးဆုံး သစ္စာဖေါက်ပြီး တော်လှန်နိုင်ခဲ့သူအဖြစ် သမိုင်းကောက်ကြောင်းထဲက ဗိုလ်သိန်းစိန်ကြီးတယောက် မြန်မာပြည်၏ နိုင်ငံတော် သမ္မတဘဝကို ရောက်ရှိအမွေအပေးခံရတာဟာ အဆန်းတော့ မဟုတ်ပေမယ့် သူလဲ အဲ့ဒီအမွေကိုတော့ လွယ်လွယ်ကလေးနဲ့ ရခဲ့သူတော့ မဟုတ်ခဲ့ဘူးဆိုတာ 
သမိုင်းကြောင်းတွေက လျှိုဝှက်စွာ 
စကားပြောနေကြလေရဲ့ ။

Credit: ( ဦးနိုင်ဝင်း လန်ဒန် )
via.U Lay Gyi

အမှန်တရားဘက်တော်သားဂရု
👮👮👮👮👮👮👮👮👮

https://m.facebook.com/story.php?story_fbid=117302596864043&id=100057529098181
ဆက်ဖတ်ရန် →

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ဘိုတု မန္တလေးသွားတာလည်း ဓာတ်ဆင်ဓာတ်ရိုက် အတွက်ပဲ။


မနက်က ဘိုတု အောင်သပြေ ကိုင်ပြီး မဟာမြတ်မုနိဘုရားကြီးကပုံ တွေ့လိုက်တယ်။ ကျောက်ဝိုင်းမှာ အစောင့်များလို့ ဗုံးစာထိသေးတယ်။ ရွှေကျီးမြင် ဘုရားကိုလည်း သွားတယ်တဲ့။ အလာအလာအရ "မဟာ၊ ကြီးမြင့်၊ ချမ်းသာ" ဓာတ် လာယူတာပဲ ဖြစ်မယ်။


မဟာမြတ်မုနိဘုရားကြီး၊ ရွှေကျီးမြင်ဘုရား၊ ချမ်းသာကြီး ဘုရားတွေမှာ အလှူတူ၊ ဆုတောင်းတူ ပေါ့။ ဆုတောင်းပြည့်တယ်တဲ့။ မဟာမုနိ နဲ့ ချမ်းသာကြီး ဘုရားတွေမှာ ရွှေကပ်လို့ရပေမယ့်။ ရွှေကြီးမြင်မှာတော့ မှန်နဲ့ ပိတ်ထား‌တာမို့ စောင်းတန်းထဲက ဘုရားတွေကိုပဲ ကပ်ရတယ်။ သို့ပေမင့် ဂေါတွေက ဘိုတုအတွက် မှန်ခန်း ဖွင့်ပေးမှာပါ။


ဒီဓာတ်က ကျဉ်းကြပ်ထဲ ရောက်ရင် လုပ်ရတာ ဆိုပေမယ့် စီးပွားရေး နဲ့ ဆိုင်တာမှာ လုပ်ရတာမျိုး။ ဘိုတု ရဲ့ အခုအခြေအနေနဲ့ မသက်ဆိုင်။ သူ့ကို ထုံးစံအတိုင်း ဗေဒင်ဆရာက ချွန်လိုက်ပြန်ပေါ့။


ခုရက်ပိုင်း ဘိုတု ယတြာခြေတာ အရမ်းစိပ်လာတယ်။ ဒီပုံအတိုင်းဆို မကြာခင် တန်ခိုးကြီး ဘုရား တဆူဆူကို ထီးတော် တင်လိမ့်မယ်။ ပုဂံဘုရားတွေ မျက်ခုံး လှုပ်ပေရော့။


ဒီကြားထဲ စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရတယ်။ စာရင်းလိမ်တွေ ပြပေမယ့် IMF က လက်မခံ။ ငဗစ်အတွက် မသုံးပဲ ရုရှကို ဂါလိုက်ပြီလေ။ 


အမှန် ဘိုတုခြေသင့်တာ "ဘဝပျက် ယတြာ"။ သူ့ကံကို Reset ချဖို့။ ဥပမာ- သုဓမ္မာဇရပ်တန်းမှာ တပွေတည်းသူတောင်းစား ပုံစံနဲ့ ညအိပ်တာမျိုး။ အနီး၊ အဝေး သက်တော်စောင့် ဘာညာ ရှိရင်ကိုး မရဘူး။ သူ သူတောင်းစားဘဝ ရောက်နေပါတယ် ဆိုတာကိုလည်း တလောကလုံး သိစေရမှာ။ မိုးလင်းမှ ယတြာအောင်မယ်။ ယတြာ မအောင်ခင် LDF က ဘွန့်သွားရင်တော့ ကံပဲ။


ဆို့စ် - ကျူးလိပေါင် သတင်းစဉ် (ပုဏ္ဏား ဂျောက်တွန်း ကဏ္ဍ)

-----------------

မြန်မာအတွက် ကိုဗစ်ရန်ပုံငွေအနေနဲ့ ပေးအပ်ထားသည့် ကန်ဒေါ်လာ ၃၇၂ သန်း စစ်ကောင်စီက စာရင်းရှင်းလင်းခြင်းမရှိသေးဘူးလို့ IMF ထုတ်ပြန်

.......................
နိုဝင်ဘာ ၄

မြန်မာပြည်သူများအတွက် ကိုဗစ်ရန်ပုံငွေအဖြစ် ပေးအပ်ထားသည့် အမေရိကန်ဒေါ်လာ ၃၇၂သန်းနဲ့စပ်လျဉ်းပြီး စစ်ကောင်စီလက်ထက်မှာ စာရင်းရှင်းလင်းခြင်းမရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ရဲ့ ထုတ်ပြန်ပြောဆိုချက်အရ သိရပါတယ်။
MyanmarPlatform
သတင်းအပြည့်အစုံဖတ်ရှုရန်>>>
https://www.myanmaplatform.com/a/55490.html
https://t.me/myanmaplatform
#MyanmaPlatform #News #Domestic

ဆက်ဖတ်ရန် →

ညွှန်ချုပ်လောက် ရာထူးလေးရတာနဲ့တင် ဘီလျံနာဖြစ်လာနှိင်တယ်

မြန်မာပြည်မှာညွှန်ချုပ်လောက် ရာထူးလေးရတာနဲ့တင် ဘီလျံနာဖြစ်လာနှိင်တယ်

ဦးအောင်ကိုဝင်းလောက်ချမ်းသာပြီလူမသိ သူမသိ ငြိမ်သက်နေတဲ့ မိသားစုအကြောင်း 

ဦး ကျော်ကျော်ဟန် ရေတပ်ဗိုလ်ဟောင်း အခုလက်ရှိရာထူးကိုမသိပေမယ့် ၂၀၁၆ မှာ ညွန်ကြားရေးမှူးချုပ်၊ နိုင်ငံရေးနဲ့ လုံခြုံရေးဌာနကြီး၊ နိုင်ငံတော်သမ္မတရုံး အဖြစ်ရာထူးတိုးပါတယ်။ 

ချမ်းသာမှုက အောင်ကိုဝင်း ချမ်းသာတာနဲ့ Level တူ or ပိုချမ်းသာပါတယ်။ သမီးသုံးယောက်ရှိတာ အကြီးဆုံးက 
Jo Joe (aka) ရတနာဆုဟန် - Coventry University (UK) က MBA ၂၀၁၈ မှာရပြီး သီလဝါမှာ Projectကြီးတခုလုပ်နေပါတယ်။ 

အလတ်က မေသင်္ကြန် Oklahoma University ကနေ Mass Communication နဲ့ဘွဲ့ရပြီး စင်္ကာပူမှာအလုပ်လုပ်ပြီးနေပါတယ်။ စင်္ကာပူကအကောင့်တွေမှာ သူတို့မိသားစုပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိနေလဲ?

အငယ်ဆုံးက ရွှေဥ၊ နိုင်ငံတော်သမ္မတပညာသင်ဆုရပြီး St. George\"s University of London မှာ ဆေးကျောင်းသူပါ။   
သူတို့မိသားစုက အရမ်းလျို့ဝှက်ပါတယ်။ 
Jo Joe ရဲ့အချစ်ဆုံးသူငယ်ချင်းရှိရာ တရုတ်ပြည်ဆီသွားလည်တဲ့အခါမှာ (စီးပွါးရေးကိစ္စနဲ့အလည်အပတ်) သူ့သူငယ်ချင်းအဖေက Jo Joe ရောက်လာတဲ့အတွက် Jo Joe ကို လေယာဉ်စင်းလုံးငှားပြီးလာတွေ့တဲ့အပြင် အဲဒီည Night Club ကကုန်ကျစားရိတ် ဒေါ်လာ 5000 ကျော်ကိုအဲ့ဒီတရုတ်ကပဲပေးချေခဲ့ပါတယ်။ အဲဒီတော့ဘာစီးပွါးရေးတွေရှိလို့ လေယာဉ်စင်းလုံးငှားလာတွေ့ တညထဲNight club အသုံးစားရိတ် ဒေါ်လာ၅၀၀၀ (၅ထောင်ပါနော် ၅ရာမဟုတ်ပါ)ကျော်ကို သားရဲ့ သူငယ်ချင်းလာလည်တာမှာသုံးတယ်ဆိုတာစဉ်းစားစရာပါပဲ။ သူတို့ရည်းစားမဟုတ်ပါဘူး။ ကောင်လေးက အခြောက်လေးပါ။ 
Jo Joe သီလဝါမှာ Projet အကြီးကြီးကိုင်နေမှန်းသိပေမယ့် ဘာဆိုတာမသိခဲ့ပါဘူး။ ခုတော့ အဲဒါတွေ ဆက်ရှိမရှိ စုံစမ်းလို့မရတော့ပါ
နိုင်ငံရေးနဲ့လုံခြုံရေး ဌာနကြီးက ညွန်ကြားရေးမှူးချုပ်၊ ရေတပ်ဗိုလ်ဟောင်း၊ လာဘ်စားတာတွေနဲ့မတရားချမ်းသာနေတဲ့သူက အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်မှူမရှိဘူးဆိုရင်တော့ အံဩစရာပဲ
 သူတို့တွေပဲ အဂတိလိုက်စားမှု ကော်မတီအစစ်ခံရမှာထိပ်ဆုံးကနေကြောက်နေကြတာ။ သူတို့လိုလူတွေက ပြည်သူလူထု သူတို့ကိုမသိအောင်နေပြီး ဒီမိုကရေစီပြန်ရတဲ့အခါမှာ နေရာကောင်းပြန်ယူမှာ သူ့သမီးတွေက  သာမန်ပြည်သူတွေရဲ့ သားသမီးတွေကို ပြန်အုပ်ချုပ် ကျွန်ပြန်ပြုမည့်စီမဲကိန်းရှိသူတွေပါ Jo Jo တို့မိသားစု မြန်မာပြည်မှာရော ရှိသေးရဲ့လား? ဘယ်နိုင်ငံမှာရောက်နေပြီး အခြေမပျက် ခိုးထားတာတွေနဲ့ နေထိုင်နေသလဲ? အလှမ်းမှီသူတွေဆက်လက်ဖော်ထုတ်သင့်ပါတယ်

true.blogspot. com

#KMT-links အမှန်တရားဘက်တော်သားများအုပ်စု (Anonymous Ug Group)
ဆက်ဖတ်ရန် →

ဘီလ်ရစ်ချတ်ဆန်မှပြောသော မအလ၏ အငြိုးထားမှု


မအလဟာ အငြိုးကြီးပါတယ်။ ယခုဖြစ်နေတာတွေ အဖမ်းခံရသူတွေအားလုံးဟာ မအလရဲ့ အငြိုးစာရင်းနဲ့ လုပ်နေတာပါ။

မအလရဲ့ ပထမပစ်မှတ်က DASSK နဲ့ သမ္မတကြီးပါ။ ပြီးရင် မန်းဝန်ကြီးချုပ်၊ နေပြည်တော်ကောင်စီဥက္ကဌ၊ မကွေးဝန်ကြီးချုပ်နဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ပါ။ အဆိုပါလူများဟာ DASSK ရဲ့ အတွင်းလူများလို့ မအလကသတ်မှတ်ပါတယ်။ ဒါ့ကြောင့် အဆိုပါလူတွေဟာ ဘယ်လိုမှ မလွတ်မယ့်လူတွေပါ။ ကျန်လူထဲက ကွီးဖြိုးက သူ့ကိုညွှန်ချုပ်ပြောတာတွေ စစ်တပ်ဂွင်ကို ဖျက်တာတွေကြောင့် လူကိုမသတ်ဘဲ နာမည်သတ်ဖို့ ပြင်ထားတာပါ။ သူနိုင်ငံရေးသေ၊ နာမည်သေအောင်ပါ။ သူ့မိန်းမက ဓားစာခံပေါ့။ DASSK အမှုပြီးရင် သူ့ကိုအခြားအမှုတွေနဲ့ ဆက်ဆွဲမှာပါ။ နှစ်ခါနာပေါ့။ သသလဲမလွတ်ပါဘူး။ ဒါပေမယ့် ယခုအချိန်ဟာ ယခုခေတ်ဟာ NUG ခေတ်ဖြစ်သွားလို့ ကွီးဖြိုးတို့ဖမ်းတာ နာမည်သတ်တာဟာ ဘာမှအရေးမကြီးတော့ပါ။ ဖေဖော်ဝါရီနောက်ပိုင်းမှာ နိုင်ငံရေးသူရဲကောင်းအသစ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။

အမေရိကန်က Bill Richardson ဘီလ်ရစ်ချတ်ဆန်ဟာ အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်မဟုတ်ပါ။ ဘယ်သူ့ရဲ့ကိုယ်စားလှယ်မှ မဟုတ်ပါ။ သူ့ဖာသာ အလွတ်သဘောလာတာပါ။ DASSK လက်ထက် မအလရဲ့ဖက်ဆစ်တပ်ကသတင်းထောက် ဝ လုံးတို့ဖမ်းတဲ့ကိစ္စ လွတ်ပေးဖို့ပြောရာက DASSK နဲ့ ရန်ဖြစ်ထားသူမိုလို့ မအလက ဒီလူကDASSK နဲ့ မတွေ့တာသေချာလို့ ပေးဝင်တာပါ။ နောက် DASSK လက်ထက် သူမနဲ့ ပြဿနာဖြစ်ခဲ့သူကို ပေးဝင်ပြီးသူမကို စိတ်အနှောက်အယှက်ပေးလိုတာလဲ ပါပါတယ်။ ဘထိန်တောင် အာဏာမသိမ်းခင်အထိ DASSK နဲ့ခပ်တန်းတန်းနေလို့ သူကလွှတ်ထားမိရာက စာထွက်သွားခဲ့တာပါ။ 

အကျဉ်းချုပ်ရရင် မန္တလေးဝန်ကြီးချုပ်ဒေါက်ဇော်ကိုထားတာကိုကြည့်ရင် မသေသေအောင် အနုနည်းနဲ့ လုပ်နေတာကိုပြပါတယ်။ အားလုံးတိုက်စရာရှိတာသာ တိုက်ပါ။ ရစ်ချတ်ဆန်က သူ့နိုင်ငံသားပြန်ထုတ်ဖို့သာ လာတာပါ။ ဒီမိုကရေစီအတွက် လာတာမဟုတ်ပါ။ ဒါပါဘဲ။

Crd; မြတ်ထွန်းဦး
ဆက်ဖတ်ရန် →

တန့်ဆည်မြို့ NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏နေအိမ်များကို စစ်ကောင်စီသိမ်းဆည်း



တန့်ဆည် - နိုဝင်ဘာ ၃၊ ၂၀၂၁။

The 74 Media 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းလင်းရေးပြုလုပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့မှ NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ နေအိမ်ကို နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း သိရသည်။  

တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ ဦးကျော်ရွှေနှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း တို့၏ နေအိမ်များကို စစ်ကောင်စီတပ်များက နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းမည်ဟု ရေးသားထားသော ဗီနိုင်းအနီ လာရောက်ချိတ်ဆွဲသွားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“တနေ့က တိုင်းဒေသကြီးအမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် နေအိမ် ချိတ်ပိတ်တယ်။ မနေ့က ၄ နာရီ ကျော်လောက်က တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ကို လာချိတ်ပိတ်သွားတာ။” ဟုသူကပြောသည်။

တန့်ဆည်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၏ နေအိမ်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းတို့၏ အောင်တံခွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ယောက်ျားလေးဘော်ဒါဆောင် လေးထပ်တိုက်နှင့် မိန်းကလေး ဘော်ဒါဆောင် ငါးထပ်တိုက်တို့ကို လာရောက်ချိတ်ပိတ်သွားခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

ဗီနိုင်းအနီတွင် "ဤမြေနေရာနှင့် အဆောက်အဦးသည် အကြမ်းဖက်အုပ်စု PDF အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်စပ်နေသောကြောင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည်ဖြစ်သည်။ မကျူးကျော်ရ/ ရောင်းဝယ်ခြင်းမပြုရ" ဟုရေးသားထားသည်။

စစ်ကိုင်းတိုင်း မုံရွာစက်မှုဇုန်မှ နေအိမ်နှစ်လုံးနင့် ရွှေဘိုမြို့မှ ဟိုတယ်နှင့် ဆိုင်ခန်းအချို့ကိုလည်း စစ်ကောင်စီက အောက်တိုဘာ ၃၀ ရက်နေ့၌ PDF များနှင့် ပတ်သက်ဆက်စပ်နေသည်ဟုဆိုကာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမည်ဟူသော အနီရောင်ဗီနိုင်း လာရောက်ချိတ်ဆွဲ့ခဲ့ကြောင်း သိရသည်။

ဆက်ဖတ်ရန် →

စစ်ကောင်စီစစ်ကြောင်းက လမ်းပြအဖြစ်ခေါ်ဆောင်ခံရသူ ပစ်သတ်အလောင်းဖျောက်ခံရ

ကသာ - နိုဝင်ဘာ ၄၊ ၂၀၂၁။

The 74 Media 

394x295 (ကသာ - နိုဝင်ဘာ ၄၊ ၂၀၂၁။ The 74 Media


စစ်ကောင်စီစစ်ကြောင်းက လမ်းပြခေါ်ဆောင်သွားသူ စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ မိုးတားလေးကျေးရွာက ဒေသခံပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ နိုဝင်ဘာ ၃ ရက် မွန်းလွှဲ ၁ နာရီဝန်းကျင်ခန့်က သေနတ်ဖြင့်ပစ်သတ်အလောင်းဖျောက်ခဲ့ကြောင်း သိရသည်။ 

အသတ်ခံရသည့်အမျိုးသားသည် ယာခင်း လုပ်ကိုင်နေသည့် အသက် ၃၉ နှစ်အရွယ် ကိုအောင်အောင်ဟုခေါ်သည့် ကိုငယ်လေးဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းက လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီးနောက် ပစ်သတ်ကာ မြေမြှုပ်ခဲ့သည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။  

“စကစဘက်က ခေါ်သွားပြီး အသက်ခံရတာပါ။ နဖူးကျည်ဒါဏ်ရာနဲ့ သေဆုံးနေပြီး အလောင်းကိုလည်း မြေမြှုပ်ခဲ့တယ်။ မိန်းမ ဖြစ်သူက လိုက်ရှာရင်း မြေစာပုံအနီးမှာ အမြဲတမ်း ဆောင်းတဲ့ဦးထုပ်တွေ့လို့ တူးကြည့်မှ အလောင်းကိုတွေ့တာပါ” ဟုပြောသည်။  

ကိုငယ်လေး၏ အမျိုးသမီးသည် စစ်ကောင်စီတပ်အားတွေ့သောကြောင့် တိမ်းရှောင်နေသဖြင့် လွတ်မြောက်ခဲ့သည်ဟု သူက ဆက်ပြောသည်။ 

စစ်ကောင်စီစစ်ကြောင်းသည် ကိုအောင်အောင်တို့၏ ယာခင်းမှ လူနေတဲနှင့် နွားစာတဲကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ 

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူအများအပြား ဘေးလွှတ်ကင်းရာသို့ တိမ်းရှောင်ထွက်ပြေးနေကြသည်။

ဆက်ဖတ်ရန် →

"မရမ်းကုန်းတွင် လမ်းလျှောက်ထွက်သည့် ဇနီးမောင်နှံကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းဖယ်ရှား”

"မရမ်းကုန်းတွင် လမ်းလျှောက်ထွက်သည့် ဇနီးမောင်နှံကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းဖယ်ရှား”

နိုဝင်ဘာ ၄၊ ၂၀၂၁ (TRN)

မရမ်းကုန်းမြို့နယ်၊ (၇)ဂရပ်ကွက်၊ (၇) မိုင်၊ တေးနုယဉ်လမ်း၊ အမှတ် (၂၆/အေ/G1) နေအိမ်ရှေ့တွင် လမ်းလျှောက်ရန်အိမ်မှထွက်လာသည့်ဇနီးမောင်နှံကို စီစစ်ဆဲသေနတ်သမားကနိုဝင်ဘာလ ၄ ရက်နံနက် ၇း၃၀ နာရီအချိန်တွင်ပစ်ခတ်ခဲ့သဖြင့် ခင်ပွန်းဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဦးသိန်းအောင်နှင့် ဇနီးဒေါ်သိမ့်အောင်သူတို့သည်လမ်းလျှောက်ရန်အိမ်မှအထွက်တွင် အသင့်စောင့်နေသော သေနတ်သမားကပစ်ခတ်ရာ ဦးသိန်းအောင်မှာကျည်ထိမှန်ဒဏ်ရာလေးချက်ဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးပြီးဇနီးဖြစ်သူမှာလက်၊ ခါး၊ ခြေထောက်တို့တွင်ကျည်ထိမှန်ဒဏ်ရာများရခဲ့ကြောင်းသိရသည်။

သေဆုံးသွားသူဦးသိန်းအောင်သည်Mytel  ရဲ့အဓိက အရေးပါတဲ့နေရာမှာ ပါဝင်သူဖြစ်ပါသည်။ဗိုလ်မှူးသိန်းအောင်(ရေ-ငြိမ်း) DSA 28intake (ဇနီးDrသိမ့်အောင်သူ)သည် အရင်တချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)ရဲ့ ကိုယ်ရံတော်ကိုယ်ရေးအရာရှိဖြစ်ပြီး လက်ရှိကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်(ဦးအောင်သောင်းသား)နှင့်အလွန်ရင်းနှီးတဲ့အပတ်စဉ်တူ သူငယ်ချင်းဖြစ်ပါတယ်။ လက်ရှိကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့လည်း အင်မတန်ရင်းနှီးတဲ့ဆက်ဆံရေးရှိကြောင်း ယင်းတို့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။ဗိုလ်မှူးသိန်းအောင်(ရေ-ငြိမ်း)က အာဏာသိမ်းစစ်ခေါင်းဆောင် မအလ ရဲ့ mytel လုပ်ငန်းစုမှာ အဓိကကျတဲ့နေရာမှာ ပါဝင်နေသော်လည်း သူကိုယ်တိုင် ရှေ့ထွက်ခြင်းမရှိခဲ့ပါ။တချို့ပွဲများတွင်သူ့အမျိုးသမီးသာဖွင့်ပွဲတွေမှာ တွေ့ရလေ့ရှိပြီး တကယ့်အရေးပါတဲ့ mytelမှာ ပါဝင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထောက်တိုင်တယောက်ဖြစ်ပါသည်။ဗိုလ်မှူးသိန်းအောင်(ရေ-ငြိမ်း)အသုံးပြုသောကားအများစုမှာလဲ တပ်မတော်ပိုင်ယာဉ်တွေဖြစ်နေတာကိုလည်းတွေ့မြင်နိုင်ပါတယ်။ဗိုလ်မှုးသိန်းအောင်လုပ်ကြံ thet ဖြတ်ခြင်းခံရသည့်အတွက် ကာကွယ်ရေးဦးစီးချုပ်ရေ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်လေ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဗိုလ်ချုပ်ထွန်းထွန်းညီ(ကကပြည်)၊ အောင်ပြည့်စုံ(မအလသား)ထိပ်ပိုင်းစစ်ခေါင်းဆောင်များ အထူးတုန်လှုပ်သွားကြောင်း သတင်းရရှိသည်။

ဓာတ်ပုံနဲ့ သတင်းစာသားများအားလုံး အခြားသူဆီက 
ကူးယူ ဖော်ပြထားခြင်းဖြစ်ပါသည်။
ဆက်ဖတ်ရန် →