နောက်ဆုံးရ

အာဆီယံ အထူး သံတမန်၏ ပြည်ဝင်ခွင့်ကို ထပ်မံ ပယ်ချကာ အာခံလိုက်ပြီ



A Twist in the tale
******************

အာဏာသိမ်း အဖွဲ့ ၏ ဒုခေါင်းဆောင် စိုးဝင်းမှ ၎င်းအား တက်ရောက် ခွင့် ပေးခဲ့သော အာဆီယံ စာရင်း စစ်ချုပ် များ ၏ အွန်လိုင်း တွေ့ဆုံပွဲတွင် ဧပြီလ အတွင်း အာဆီယံ အချက် ငါးချက်အပေါ် မင်းအောင်လှိုင် သဘောတူ ညီခဲ့မှုသည် ပြည်တွင်း ရေး အနေအထား ပေါ် မူတည်၍သာ အကောင်အထည် ဖေါ်မည်ဟု ဆိုလိုခြင်း ဖြစ်‌ ကြောင်း ပြောဆိုပြီး အာဆီယံ အထူး သံတမန်၏ ပြည်ဝင်ခွင့်ကို ထပ်မံ ပယ်ချကာ အာခံလိုက်ပြီ ဖြစ်သည်။

ဤသည်ကို ကြည့်လျှင် အစည်းအဝေး တက်ပြီး လူလုံးပြချင်ဇော အားကြီးစွာဖြင့် သွား‌ရောက်ခဲ့‌သည့် မင်းအောင် လှိုင်သည် မည်သို့မျှ မငြင်းသာတော့ဘဲ သဘောတူခဲ့ရ‌သော်လည်း ပြန်ရောက်လျှင် ရောက်ခြင်း သူ့ထက် သဘောထား ပြင်းထန်သည့် စစ်အုပ်စု မှ စိုးဝင်း ဦးဆောင်သော အဖွဲ့၏ အပြင်းအထန် ဆန့်ကျင် ခြင်းကို ခံခဲ့ရသည်ဟု ယူဆစရာ ဖြစ်လာသည်။ ဤသို့ဖြင့် မင်းအောင်လှိုင်၏ ကိုးပြည်ထောင် မင်းတို့ ရှေ့ ၌ပေးခဲ့သော ကတိမှာ အလကား ဖြစ်သွားခဲ့ရသည်။ ထို့‌နောက်ပိုင်း မင်းအောင်လှိုင်၏ အပြောအဆိုများသည် မူမှန် ခြင်း မရှိတော့သည့်အဖြစ်ကို အားလုံးက သတိထားမိလာကြသည်။

ရာဇဝတ်မှု ဖြင့် စွပ်စွဲခံရသူကို ပြည်ပ မှ ပုဂ္ဂိုလ် တဦးဦး နှင့် တွေ့ခွင့် ရရန် တောင်းဆိုခြင်းသည် အဓိပ္ပါယ် မရှိဟု ဆိုကာ စိုးဝင်း က ပယ်ချခဲ့ပြန်သည်။

ကျိုးကြောင်း ခိုင်လုံမှု မည်သို့မျှ မရှိသည့်အပြင် ၎င်းတို့ ပါးစပ်ထဲ ဥပဒေ ဖြစ်ကာ ပြောချင်တိုင်း ပြောနေ ကြခြင်း ဖြစ်နေမှန်းလည်း အားလုံးက သိရှိထားကြသည်။ စိုးဝင်းသည် အာဆီယံ စာရင်းစစ်ချုပ်များ အွန်လိုင်း အစည်း အဝေးသို့ သူ နှင့် သက်ဆိုင်ခြင်း မရှိပါဘဲလျှက် မည်သို့ မည်ပုံ တက်ရောက်လာသည်ကိုမူ သဲသဲကွဲကွဲ မသိ ရသေးပေ။ မည်သို့ပင် ဖြစ်စေ ၎င်းတို့ ရင်ထဲ ကြိတ်မနိုင်ခဲမရ ဖြစ်နေမှု ကို ရင်ဖွင့် နိုင်ခွင့်တော့ ရရှိသွားခဲ့ပြီ ဖြစ်သည်။

အမေရိကန် အစိုးရအဖို့ အိုင်အိုဒင်း ဓါတ် ချို့တဲ့နေရှာသော အရိုင်းအစိုင်း များကို မည်သို့ ယဉ်ပါးအောင် လုပ်ရပေမည်နည်းဟု တွေးဆနေရင်းက Carrot & Stick နည်းလမ်းအဖြစ်  ပထမဦးစွာ carrot ကို ချပြရန် ရစ်ချတ်ဆန် ကို တဖက်လှည့်နှင့် စေလွှတ်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် စိုးဝင်း၏ စကားကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရန် မျှော်လင့်ချက်များ မှေးမှိန်သွားခဲ့ရသည်။ ဧရာဝတီ၏ သတင်း အဆိုအရ ရစ်ချတ်ဆန်သည် ဗိုလ်ခင်ညွန့် နှင့် လွန်စွာ နီးနီးကပ်ကပ် ဆက်ဆံခဲ့သူ ဖြစ်သည်ဟု သိရသည်။

သို့သော် မနေ့က ရစ်ချတ်ဆန် ရှိနေစဉ်အတွင်း မှာပင် ဒင်နီ ဖန်စတာ အား အာမခံ ငြင်းပယ်လိုက်သည့်အပြင် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ကိုပါ ချိုးဖောက်သည် ဆိုသော အမှုပါ ထပ်တိုးလိုက်ပြန်သည်။

ရစ်ချတ်ဆန် သည် ကိုဗစ် ရောဂါ ကုသရေး နှင့် ကာကွယ်ရေး အတွက် လိုအပ်သည့် ဆေးဝါးများကို အမေရိကန် အစိုးရမှ အကူအညီ ပေးနိုင်ရေး နည်းလမ်းများ ဆွေးနွေးရန် ရောက်လာသည် ဆိုသော်ငြားလည်း ကမ္ဘာငွေကြေး ရံပုံငွေ အဖွဲ့(IMF) မှ အာဏာ မသိမ်းခင် ရက်ပိုင်း အလိုတွင် ကိုဗစ် တတိယ လှိုင်း ဖြစ်ပွားလာပါက ကာကွယ် ဟန့်တား နိုင်ရန် အတွက် ပေးအပ်ခဲ့သော ဒေါ်လာ ၃၇၂ သန်းသည် ယခုအခါ စာရင်းမရှိ အင်းမရှိ ပျောက်ဆုံးနေ ပြီ ဖြစ်သည်ဟု ပြီးခဲ့သည့် လ အတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် IMF ပြောခွင့်ရ ဂျယ်ရီ ပရိုက်စ် က ထုတ်ဖေါ် ပြောဆိုလာလေသည်။

အဆိုပါ ရံပုံငွေများတွင် မြန်မာငွေ ကျပ် သန်းတရာ ကုန်ကျမည့် အသုံးစရိတ် မှန်သမျှ ကို စာရင်းရှင်းတမ်း တင်သွင်းပါမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက သဘောတူထားပြီး ဖြစ်သော်လည်း အာဏာသိမ်းပြီး ကိုးလ သာ ကြာလာသော်လည်း အဆိုပါ ငွေများ နှင့် ပတ်သက်၍ အာစစ်‌ ကောင်စီ ထံမှ စာရင်းရှင်းတမ်း တစုံတရာ ထွက်မလာဘဲ အစပျောက်နေပြီ ဖြစ်သည်ဟု ဂျပန် ရှိ The Diplomat အွန်လိုင်း စာစောင်တွင် ဖေါ်ပြထားသည်။

စစ်တပ်သည် ၂၀၀၉ ခုနှစ်ကလည်း နာဂစ် အတွက် နိုင်ငံတကာ မှ ထည့်ဝင် လှူဒါန်းငွေများကို သိမ်းဆည်းခဲ့ သည့်အပြင် ပစ္စည်းများကိုလည်း ဈေးဆိုင်များသို့ ပြန်လည် ရောင်းချခဲ့မှုအား အမေရိကန် ဂျွန် ဟော့ကင်း တက္ကသိုလ်ရှိ သုတေသီများက အထောက်အထားနှင့် တကွ ထုတ်ပြန်ခဲ့ပြီး ဖြစ်၍ စစ်တပ်သည် ယခုလို အပြောခံရခြင်းသည် အဆန်းတကြယ် မဟုတ်တော့ပေ။

အောက်တိုဘာ ၁၇ ရက်အထိ ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူ စုစုပေါင်းသည် လူဦးရေ၏ ၈.၅% သာ ရှိသေးသည်ဟု သိရသည်။

သို့သော် မင်းအောင်လှိုင်သည် နိုင်ငံတကာမှ ကိုဗစ် ကာကွယ်ဆေးများ ကို မိမိအုပ်ချုပ်ခွင့် ရသွားပြီ ဖြစ်သော တိုင်းပြည်သို့ အမြန်ဆုံး လှူဒါန်းကြပါရန် အမြဲလို ဆော်ဩလျှက် ရှိနေသည်။

IMF သည် အာဏာသိမ်း အဖွဲ့အား ယခုထိ တရားဝင် အသိအမှတ်ပြုခြင်း မရှိ၊ အထူး ထုတ်ယူပိုင်ခွင့် ရှိသည့် ဒေါ်လာ သန်း ၇၀၀ အားလည်း ထိန်းချုပ်ထားပြီး ဖြစ်သည်။ ထိုသို့ ထိန်းချုပ်ခံထားရသော နိုင်ငံများသည် မြန်မာ၊ ဗင်နီဇွဲလား နှင့် အာဖဂန်နစ္စတန် သုံးနိုင်ငံသာ ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် တတိယ လှိုင်း အတွင်း အာဏာသိမ်း အဖွဲ့၏ ကိုင်တွယ် ဆောင်ရွက်ပုံ ညံ့ဖျင်းမှုကြောင့်  လူအများ အပြား အသက်မဆုံးရှုံးသင့်ပဲ ဆုံးပါးသွားခဲ့ရသဖြင့် ပြည်တွင်း ပြည်ပမှ ၎င်းတို့ အပေါ် အယုံအကြည် ကင်းမဲ့ နေကာ ကူညီရမည့် အရေး ကို လက်တွန့်လျှက် ရှိနေကြသည်။

တိုင်းပြည်ကိုပင် ထိန်းချုပ်နိုင်ခြင်း မရှိပဲလျှက် အဆင်ခြင်မဲ့ လူမိုက်ဆန်ဆန် ပြောဆိုနေသည့် စစ်အဖွဲ့၏ လုပ်ရပ်များသည် အရေးတော်ပုံကြီး အောင်မြင်ရာ အောင်မြင်ကြောင်း အတွက် များစွာ အထောက်အကူ ပေးလာနေသည်က အမှန်ပင် ဖြစ်သည်။

၎င်းတို့ထက် အပုံ တရာမျှ ဉာဏ်ပြေးသည့် ဗိုလ်သန်းရွှေ လို လူမျိုး နှင့် ရင်ဆိုင်ရလျှင် ပို၍ ကြောက်စရာ ကောင်းမည် ဖြစ်သော်လည်း ယခုအခါ တိုက်ပုံအင်္ကျီဝတ် လူကြီးလူကောင်း ဟန် ဆောင်ထားသူ တဦး ၏ ကောက်ကျစ်မှု ထက် ထန်းတောက ပုဆိုးကွင်းသိုင်း ထန်းရေသမား လူရမ်းကားများ နှင့် ရင်ဆိုင်ရသည့်အတွက် ဉာဏ်ကို လွှာသုံးပြီး အလွယ်တကူ အနိုင်ရဖို့သာ ရှိပေသည်။

ကမ္ဘာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ကြီးက မြေပြင် အပူချိန် ကွာခြားမှု အချက်အလက်များကို ပြုစုနေသော ပတ်ဝန်းကျင် ထိန်းသိမ်းမှု လေ့လာရေး ဂြိုလ်တု sensor များ ဖြင့် ထန်တလန် မြို့တွင် နေရာ အနှံ့ မီးများ လောင်ကျွမ်းလာသည်ကို အောက်တိုဘာ ၂၉ နေ့လည် ဒေသစံတော်ချိန် ၁၂ : ၂၉ တွင် စတင် တိုင်းထွာ ရရှိခဲ့ပြီး နောက်ထပ် ၁၂ နာရီ အကြာတွင် ထပ်မံ လောင်ကျွမ်းခဲ့ပြန်သည်ကို အတည်ပြု နိုင်ခဲ့သည်ဟု အချက် အလက်များ နှင့် ထုတ်ပြန်လာခဲ့သည်။

စစ်တပ်သည် ၎င်းတို့အား တွန်းလှန်နေသည့် ပြည်သူတို့၏ တွန်းလှန်စစ်ပွဲကြီး ကို နှိမ်နှင်း နိုင်တော့မည် မဟုတ်မှန်း ရိပ်စားမိလာကြပြီဖြစ်၍ တနိုင်ငံလုံးအား အကြောက်တရား ဖြင့် သာ အုပ်ချုပ်သွားတော့မည်ဟု စိတ်ပိုင်းဖြတ်ထားသည့် လက္ခဏာ အဖြစ် နိုင်ငံတကာ၏ တောင်းဆိုနေမှုကို ပြောင်ပြောင်တင်းတင်း လစ်လျူရှုကာ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများအား အဓိပ္ပါယ် မယ်မယ်ရရ မရှိပဲ တိုးမြှင့် ပြုလုပ်လာနေပြီး ရန်ကုန်တနေရာထဲတွင်ပင် လူငယ် သုံးဆယ်ခန့်အား နေရာအနှံ့တွင် ဖမ်းဆီးသွားသည်ဟု ဆိုသည်။

ထိုကဲ့သို့ မိုက်တွင်းနက်၍ အသိလိမ္မာ ခေါင်းပါးလွန်းလှသော အာဏာရူးတို့၏ မွှေးနေသော မီးလောက်တိုက်ကြီး တွင် တနိုင်ငံလုံး ဒုက္ခပင်လယ်ဝေနေကြရပြီ ဖြစ်သည်၊ သို့သော် ထိုသို့ ဒုက္ခပင်လယ်ဝေနေမှုကို မသိနားလည်ရှာခြင်း မရှိသော ပိုးဖလံ များကလည်း ရှိနေပေသေးသည်။

တိုင်းရင်းသား ပြည်သူများ စည်းလုံးညီညွတ်စွာ ဖြင့် လောင်စာများကို အမြန်ဆုံး ငြိမ်းသတ်နိုင်မှ ဖြစ်ပေတော့မည်၊ ထိုအရေး ကို မည်သို့သော အကြောင်းပြချက်မျိုး နှင့်မျှ တွေဝေနေ၍ မဖြစ်တော့ပေ။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!
(လှစိုးဝေရေးသားသည်)
ဆက်ဖတ်ရန် →

ထန်တလန်မြို့ကိုမီးဘယ်သူရှို့တာလဲဆိုတာအားလုံးအသိ''


ထန်တလန်မီးလောင်နေစဉ် အေးအေးဆေးဆေးဓါတ်ပုံအရိုက်ခံနေသည့်စစ်ကောင်စီတပ်မှစစ်သား


ထန်တလန်၊ နိုဝင်ဘာ-၃

ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက် နေ့ကဖြစ်ပွားခဲ့သည့် မီးလောင်နေသည့်မြင်ကွင်းကို ခလရ (၂၂၂ ) တပ်ရင်းဟုယူဆရသည့်တပ်မှ စစ်သားတစ်ဦးက  စိတ်အေးလက်အေးကြည့်ရှု့နေပုံနှင့် အလှရိုက်ကူးသည့်ဓါတ်ပုံများပေါ်ထွက်လာခဲ့သည်။
  
စစ်ကောင်စီတပ်အသိုင်းအဝိုင်းမှထွက်လာသော အဆိုပါဓါတ်ပုံများကို ထန်တလန်မြို့အဝင်ဘုန်းကြီးကျောင်းအောက်ဘက်နှင့်တပ်စခန်းအနီးရှိဗျူးပွိုင့်မှရိုက်ကူးထားသည့်ပုံများဖြစ်ကြောင်းသိရသည်။

ရာထူးအဆင့်ကိုဖော်ပြသောတံဆိပ်များတပ်ဆင်ထားခြင်းမရှိသော်လည်း ယခုကဲ့သို့ဝတ်စားပုံမှာ အရာရှိအဆင့်ဖြစ်သည်ဟု ထန်တလန်ဒေသခံအများက  ယုံကြည်နေကြသည်။
 
\"\"စစ်ကောင်စီတပ်တွေကပြောတာ PDF တွေကမီးရှို့ခဲ့တယ်။ မီးငြိမ်းဖို့လာတဲ့စစ်သားတွေကိုအိမ်တွေထဲကနေ ချောင်းပစ်တယ်။ထန်တလန်နှင့်ဟားခါးအကြားသီးရ်မြစ်တံတားကိုဖျက်ဆီးခဲ့ကြလို့မီးသတ်ကားမလာနိုင်ဘူးအမျိုးမျိုးပြောတယ်။ဒါပေမယ့် သူတို့မှာသက်သေပြစရာမရှိဘူး။အခုဒီပုံတွေကိုကြည့်ပါ ။တစ်မြို့လုံးနီးပါးမီးဟုန်းဟုန်းတောက်နေတာမြင်ရတဲ့အနေအထားကို အရာရှိတစ်ယောက်ကအေးအေးဆေးဆေးဓါတ်ပုံအရိုက်ခံနိုင်တယ်၊အေးအေးဆေးဆေးကြည့်နေနိုင်တယ်။နောက်ပြီးကောင်းကင်ဓါတ်ပုံတွေမှာဆိုလည်း မီးလောင်တဲ့နေရာမှာစစ်ကောင်စီတပ်သားတွေပုံတွေကို မြင်နေရတဲ့မှတ်တမ်းတွေကိုဒီဘက်ကချပြနိုင်တယ်။ဒါကြောင့်ထန်တလန်မြို့ကိုမီးဘယ်သူရှို့တာလဲဆိုတာအားလုံးအသိ\"\"ဟု ဒေသခံတစ်ဦးကပြောသည်။

ထန်တလန်မြို့ မီးရှို့ခံရမှုဖြစ်စဉ်တွင်ဆိုင်​ခန်း ၁၀ဝ ၊ ဘုရားကျောင်း ၂ ကျောင်း၊CB ဘဏ်အပါအ၀င် နေအိမ် ၁၆၄ လုံး မီးလောင်ပြာကျခဲ့ရသည်ဟုGlobal Thantlang Relief အဖွဲ့မှ ထုတ်ပြန်ထားသည်။

ဆက်ဖတ်ရန် →

ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုး ပျောက်ဆုံးနေ

 
တပ်မ ၃၃ သို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုး ပျောက်ဆုံးနေ

3 Nov 2021 By MPA

အကြမ်းဖက်စစ်တပ်က စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုးကို  စစ်ကိုင်းတိုင်း အတွင်းရှိ တပ်မ ၃၃ သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် တစ်လခွဲခန့် ကြာသည်အထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

မအေးန္ဒာစိုးကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးပြီးနောက် တပ်မ၃၃သို့ ပို့ဆောင်လိုက် ကြောင်း နောက်ဆုံးသိရှိရပြီး လက်ရှိအချိန်အထိ သူမမည်သည့်နေရာ၌‌ ရှိနေသည်ကို သိရှိရခြင်းမရှိသေး ကြောင်း သိရသည်။

"သူက အမျိုးသမီးဆိုပေမယ့် ရဲရင့်တဲ့တက်ကြွတဲ့ စိတ်လည်း ရှိတယ်။ မဟုတ်မခံပုံစံမျိုးလည်း ရှိတော့ ပိုပြီးတော့ စစ်ကြောရေးမှာ စိုးရိမ်တယ်။ အခုလိုအချိန်ထိ အဆက်အသွယ်မရတာ တော်တော်အန္တရာယ်များတဲ့ အခြေအနေတစ်ခု ထိရောက်နေပြီဗျ" ဟု ဗကသများအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ 

မအေးနန္ဒစိုးသည် စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၏ အဖွဲ့ဝင်လည်းဖြစ်သည်။

မအေးနန္ဒာစိုးသည် မန္တလေးမှ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တစ်ခုသို့ သွားရာတွင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံရပြီးနောက် လက်ရှိအချိန်ထိအဆက်အသွယ်မရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သူ့မိသားစုက အဆက်အသွယ်မရတော့ ပိုပြီးစိတ်ပူတာပေါ့။ မိခင်အဖွဲ့စည်းကိုလည်း စုံစမ်းဖို့ အကူအညီ တောင်းတယ်။ အဖွဲ့ချုပ်ကိုလည်း စုံစမ်းပေးဖို့ ခဏခဏပြောပါတယ် "ဟု ပြန်ကြားရေးတာဝန်ခံကဆိုသည်။

အကြမ်းဖက်စစ်တပ်သည် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်လှုပ်ရှား သူများကိုဖမ်းဆီးပြီး စစ်ကြောရေးစခန်းများသို့ ပို့‌ဆောင်ပြီး နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက် နှိပ်စက်မေးမြန်းလေ့ရှိသည်။
ယင်းသို့နှိပ်စက် မေးမြန်းရာတွင် သေဆုံးခဲ့မှုများ ရှိခဲ့သဖြင့် မအေးနန္ဒာစိုးအတွက် အသက်အန္တရာယ်ပင် စိုးရိမ်ရလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်း ပညာရေး တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူ မအေးနန္ဒာစိုးသည် စစ်ကိုင်းဘက်အဝင် စစ်‌ဆေး ရေးဂိတ်တွင် အရပ်ဝတ်များက မှတ်ပုံတင်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မအေးနန္ဒာစိုးကိုမည်သည့်နေရာ၌ ဖမ်းဆီးထားသည်နှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်မှာ တာဝန်ရှိသူများ ထံသို့ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတရာတုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိပေ။

နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေး အသင်း ၏ ထုတ်ပြန်ချက်များ အရ နိုဝင်ဘာလ ၂ရက်နေ့အထိ အကြမ်းဖက်စစ်တပ်မှ ပြည်သူပေါင်း ၉၆၀၀ကျော်ကို ဖမ်းဆီးထားပြီး လူပေါင်း၁၂၀၀ကျော်ကို နည်းလမ်းအမျိုးမျိုးဖြင့် သတ်ဖြတ်ခဲ့သည်။

#ဗကသ #အေးနန္ဒာစိုး #ဖမ်းဆီးခံရ #အဆက်အသွယ်မရ #MPA

Website Link - https://wp.me/p9beg2-1wx
Telegram Link  -  https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto

{ English Version } 

Ma Aye Nandar Soe, Chairperson of University of Education Student Union, who was Taken to Brigade 33 Gone Missing 
3 November 2021 _ By MPA 

After being taken to brigade 33 of the terrorist military within Sagaing region, Ma Aye Nandar Soe, chairperson of the University of Education Student Union has not been heard from for a month and a half and has gone missing. 

Ma Aye Nandar Soe was arrested on September 19 and was last learned to have been sent to brigade 33. Until present, nothing is known about where she is. 

“Though a woman, she has a bold, active heart. As she’s a type of person who doesn’t stand what’s wrong, it’s more worrying. No contact has been made till now, so it’s now in a seriously dangerous situation”, said an information officer from ABFSU. 

Ma Aye Nandar Soe is the chairperson of Sagaing University of Education Student Union and also a member of the All Burma Federation of Student Unions (ABFSU).  

She was arrested at a check point when she was going to another township within Sagaing region and no contact has been received since. 

“Her family is even more worried as no contact has been received. The mother organization has also been requested to help investigate. The ABFSU is also repeatedly told to help investigate”, said the information officer. 

The terrorist military is arresting anti-military dictatorship revolutionary activists, sending them to interrogation camps and has usually tortured them in various ways. 

There have been deaths in those tortured interrogations and it’s worrying for the life of Ma Aye Nandar Soe. 

The fourth year student of Sagaing University of Education was arrested by those on casual wears after checking her NRC at a check point at the entrance into Sagaing. 

Although the terrorist military officials were contacted about where Ma Aye Nandar Soe is kept, no response was received. 

According to the report of the Assistance Association for Political Prisoners as of November 2, the terrorist military has arrested over 9600 civilians and killed over 1200 in various methods. 

#ABFSU #AyeNandaSoe #Arrested #NoContact #MPA
ဆက်ဖတ်ရန် →
အာဏာသိမ်း စစ်အုပ်စု၏ ထောက်တိုင်တခု
 (သို့မဟုတ်) ဦးစစ်တိုင်းအောင်

အာဏာသိမ်း စစ်အုပ်စု၏ ထောက်တိုင်တခု (သို့မဟုတ်) ဦးစစ်တိုင်းအောင်

မြန်မာစစ်တပ်နှင့် နီးစပ်ပြီး စစ်လက်နက် တင်သွင်းပေးခြင်းအပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်ခွင့် ရရှိကြသည့် အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များထဲ Suntac ကုမ္ပဏီအုပ်စု၏ ဦးဆောင်သူ ဦးစစ်တိုင်းအောင် တယောက်လည်း အပါအဝင် ဖြစ်သည်။
သူသည် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ အဓိက တင်သွင်းပေးသော ထူးကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇ၊ ဦးအောင်လှိုင်ဦး (Myanmar Chemical & Machinery-MCM) နှင့် ဒေါက်တာနိုင်ထွဋ်အောင် (International Gateway Group of Company Limited) တို့နှင့် ရင်းနှီးမှုရှိသလို မြန်မာစစ်တပ် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များနှင့်လည်း နီးစပ် မှုရှိကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် တချို့ က ဆိုသည်။
သာမဏေကျော် စာတော်ပြန်ပွဲ ကဲ့သို့သော သာသနာရေးကိစ္စများနှင့် ပတ်သက်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဦးစစ်တိုင်းအောင်တို့ကြား ရင်းနှီးသည့် ဆက်ဆံရေးရှိသူ ဖြစ်ကြောင်း သိရသည်။
ယခင်စစ်အစိုးရ နိုင်တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဦးသန်းရွှေ လက်ထက်တွင် သစ်တောဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သော ဦးအောင်ဖုန်းသည် ဦးစစ်တိုင်းအောင်၏ ဖခင် ဖြစ်သည်။
ယခင်စစ်အစိုးရ နိုင်တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဦးသန်းရွှေ လက်ထက်တွင် သစ်တောဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သော ဦးအောင်ဖုန်းသည် ဦးစစ်တိုင်းအောင်၏ ဖခင် ဖြစ်သည်။
“ဦးတေဇကို သစ်ကိစ္စမှာ စင်တင်ပေးခဲ့တာ ဦးစစ်တိုင်းအောင်တို့ပေါ့။ သူက အရင်ကတည်းက သစ်ကိစ္စရော၊ ယူကရိန်းတို့ ဘာတို့ဘက်က လက်နက်သွင်းတာရော လုပ်ခဲ့တာ။ ဦးတေဇကတော့ သူတို့ အရှေ့ကနေ နာမည် အပျက်ခံပေးရတာပေါ့” ဟု ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ဆိုသည်။
ဦးစစ်တိုင်းအောင်သည် မက္ကစီကိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခြင်း ခံထားရသူလည်း ဖြစ်သည်။
မြန်မာစစ်တပ်၏ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံတချို့ တည်ဆောက်ရေးနှင့် လက်နက် ထုတ်လုပ်ရေး အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို စစ်တပ်က တင်သွင်းသည် ဆိုသော Military Import သွင်းကုန်လိုင်စင်ဖြင့် တင် သွင်းခွင့် ရရှိသူ ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သော Ukroboronservice ကုမ္ပဏီထံမှ လေယာဉ် စက်ပစ္စည်းများကို ပြီးခဲ့သည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် မြန်မာ့စစ်တပ်အတွက် တင်သွင်းပေးခဲ့သော Yatanarpon Aviation Support ကုမ္ပဏီ သည် ဦးစစ်တိုင်းအောင်၏ ကုမ္ပဏီဖြစ်သည်။
ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သော Ukroboronservice ကုမ္ပဏီထံမှ လေယာဉ် စက်ပစ္စည်းများကို ပြီးခဲ့ သည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် မြန်မာ့စစ်တပ်အတွက် တင်သွင်းပေးခဲ့သော Yatanarpon Aviation Support ကုမ္ပဏီ သည် ဦးစစ်တိုင်းအောင်၏ ကုမ္ပဏီဖြစ်ကြောင်း Justice for Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် Yatanarpon Aviation Support ကုမ္ပဏီသည် ယူကရိန်းနိုင်ငံတွင် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်း များ၊ တိုက်ခိုက်ရေး ဂျက်လေယာဉ် အစိတ်အပိုင်းများနှင့် လေကြောင်း ထောက်လှမ်းရေး ရေဒါနည်းပညာ အဓိက တင် သွင်းနေသည့် Myanmar Consultancy ကုမ္ပဏီနှင့် လိပ်စာတူ၊ ဖုန်းနံပါတ်တူဖြင့် မှတ်ပုံတင်ထားခြင်းများ ရှိခဲ့သည်။
အဆိုပါ ကုမ္ပဏီများတွင် မြန်မာစစ်တပ်အတွက် လက်နက်ပွဲစား တဦးဖြစ်သည့် ဒေါက်တာနိုင်ထွဋ်အောင်က ဒါရိုက်တာအဖြစ် တာဝန်ယူထားခဲ့ဖူးသည်။
Myanmar Consultancy ကုမ္ပဏီသည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့သည့် ရုရှားနိုင်ငံတွင် ကျင်းပခဲ့သော MAKS 2021 Air Show လေကြောင်း ပြပွဲတွင် အွန်လိုင်းမှ ပါဝင်ပြသသူ တဦးအဖြစ် ပါဝင်ခဲ့သည်။
ဦးစစ်တိုင်းအောင်သည် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။
ဧရာဝတီ



ဆက်ဖတ်ရန် →

ထန်တလန်မြို့ မီးရှို့မှုနဲ့ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂


ချင်းပြည်နယ် ထန်တလန်မြို့ရှိ ခရစ်ယာန် ဘုရားကျောင်း နှစ်ကျောင်းနှင့် လူနေအိမ် ၇၀ ကျော် မီးလောင်နေသည်ကို နောက်ခံထား၍ မြန်မာစစ်တပ်မှ စစ်သားအချို့က ဓာတ်ပုံရိုက်ယူခဲ့သည်ကို ရရှိထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။ 
.
ဓာတ်ပုံများအရ မီးလောင်နေစဉ် ကြည့်ရှုနေသည့် စစ်သားနှစ်ဦးကို တွေ့ရပြီး တစ်ဦး၏ သေနတ်ဒင်တွင် နံပါတ် ၂၂၂ ကိုတွေ့ရသည်။ ထို့ပြင် လက်မောင်းတံဆိပ်မှာ မြှားပုံဖြစ်သည်။ ယင်း လက်မောင်း တံဆိပ်သည် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) တံဆိပ်ဖြစ်ပြီး၊ သေနတ်ဒင်ပါ ၂၂၂ သည် တပ်ရင်းနံပါတ်ဖြစ်သည်။ 
.
သတင်းအချို့တွင်ဖော်ပြချက်များအရ ထန်တလန်တွင် (ခလရ) ၂၂၂ ရောက်ရှိနေကြောင်း သိရသော်လည်း အတည်မပြုနိုင်ခဲ့ပေ။ သို့သော် ယခုရရှိသည့် အချက်အလက်များအရ အဆိုပါ စစ်သားနှစ်ဦးသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဟုမ္မလင်း အခြေစိုက်၊ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂ မှ စစ်သားများဖြစ်ကြောင်း အတည်ပြုနိုင်သည်။ 
.
ထန်တလန် ဝန်းကျင်တွင် (ခလရ) ၂၂၂ အပြင် အခြား တပ်မ တပ်ရင်းများလည်း ရှိနေဦးမည်ဟု ယုံကြည်ရသည်။ 
.
အောက်တိုဘာ ၂၉ က ယင်းဖြစ်စဉ်တွင် ဒေသခံ ကာကွယ်ရေး တပ်များက အဆောက်အအုံများကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့သည်။
.
ဒေသခံကာကွယ်ရေးတပ်များက အဆောက်အအုံများကို မီးရှို့ခဲ့သည်ဟု စစ်ကောင်စီက ပြောဆိုသော်လည်း သက်သေ တစ်စုံတစ်ရာ ထုတ်ဖော်ပြနိုင်ခဲ့ခြင်း မရှိပေ။ ယင်းကဲ့သို့ သက်သေထုတ်ဖော်မပြသနိုင်သည့် စစ်ကောင်စီ၏ ပြောဆိုချက်ကို မီဒီယာအချို့ကလည်း ပြန်လည်ဖော်ပြခဲ့ကြသည်။ 
.
ဗိုလ်ချုပ်ဇော်မင်းထွန်းက “(ပီဒီအက်ဖ်များကို) လိုက်ရှင်းပြီး ပြန်လာတဲ့အခါ မီးလောင်နေတာ တွေ့လို့ မီးငြှိမ်းသတ်ဖို့ နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားခဲ့တယ်” ဟု ဆိုပြီး “မီးငြှိမ်းဖို့လာတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် မီးမငြှိမ်းသတ်နိုင်ဘဲ မီးလောင်ရခြင်းဖြစ်တယ်” ဟု အောက်တိုဘာ ၃၀ ရက်က စစ်တပ်ပိုင် မြဝတီ သတင်းတွင် ပြောဆိုခဲ့သည်။
.
သို့သော် မီးလောင်ခဲ့သည့်နေ့က ထန်တလန်မြို့ကို ဝေဟင်မှ ရိုက်ကူးထားသည့် ဒရုန်းဗွီဒီယိုတစ်ခုအရ မီးလောင်ခဲ့သည့် အဆောက်အအုံများဝန်းကျင်တွင် စစ်ကောင်စီတပ်သားများကို မီးမလောင်မီ မိနစ်ပိုင်းအလိုက မြင်တွေ့ရသည်။ 
.
ထို့ပြင် ယခု ဓာတ်ပုံတွင် တွေ့ရသည့် စစ်သားများမှာ ထန်တလန် မြို့တွင်းနှင့် ၅ ဖာလုံခန့်အကွာ မြို့ကို အပေါ်စီးမှ မြင်ရသည့် ဗျူးပွိုင့် (View Point) ပေါ်တွင် ရှိနေကြခြင်းဖြစ်သည်။ ထန်တလန်မြို့တွင် တိုက်ပွဲဖြစ်ပွားနေချိန် ယင်းတောင်ပေါ်မှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။
.
ယင်းအတွက်ကြောင့် မီးမလောင်ခင်အချိန် အဆောက်အအုံများဘေးတွင် စစ်ကောင်စီတပ်သားများ ရှိနေပြီး မီးလောင်နေချိန်တွင်လည်း စစ်ကောင်စီတပ်သားများက ဗျူးပွိုင့်ပေါ်မှ ဓာတ်ပုံ ရိုက်ယူ နေနိုင်ခဲ့သည်ကို ထင်ထင်ရှားရှား တွေ့ရသည်။ 
.
မီလောင်နေချိန် စစ်ကောင်စီတပ်သားများက အိမ်များအတွင်းဝင်ရောက်ကာ ဖောက်ထွင်းခဲ့မှုများ ရှိသည်ဟု ဒေသခံတစ်ဦးက ပြောထားသေးသည်။ မီးလောင်နေစဉ် မြင်တွေ့ရသည့် ဒရုန်းဗွီဒီယိုတွင် စစ်ကောင်စီ တပ်သားများသည် မီးမစွဲသေးသည့် အိမ်များအတွင်း ဝင်ထွက်နေသည်ကိုလည်း မြင်တွေ့ရသည်။
.
ထို့ကြောင့် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း စွပ်စွဲ ပြောဆိုသည့် မီးလောင်နေသည့်အချိန်တွင် လုံခြုံရေးအဖွဲ့များက မီးငြှိမ်းသတ်ရန် ကြိုးစားခဲ့သည်ဆိုသည်မှာ လုံးဝ ကိုက်ညီမှု မရှိသည်ကို တွေ့ရသည်။
(မြတ်ကျော်သူ)
.
ဓာတ်ပုံ - ထန်တလန်မြို့ မီးလောင်နေသည်ကို ဗျူးပွိုင့်မှ ကြည့်ရှုနေသည့် (ခလရ) ၂၂၂ မှ စစ်သားနှစ်ဦး။
ဆက်ဖတ်ရန် →

အာဏသိမ်းမှု ကြံရာပါများနှင့် အချက်အလက်များ


သူ့ချည်းပဲလော၊ ချဉ်ဖတ်နဲ့ပါဖုရား 
သရဝဏ်(ပြည်)

"မင်းအောင်လှိုင်တစ်ယောက် အာဏာရူးတာနဲ့မြန်မာတစ်နိုင်ငံလုံးဒုက္ခရောက်ရတယ်ကွာ"
"မင်းအောင်လှိုင်မရှိရင် တော်လှန်ရေးကအောင်မြင်ပြီ"
"မင်းအောင်လှိုင်သေမှအေးမှာ"
"အခြားစစ်ဗိုလ်ချုပ်တွေကပါချင်တာမဟုတ်ဘူး၊ နီးရာဓားကြောက်လို့ဝင်ပါနေရတာ"
စသည်စသည်ဖြင့် ပြောနေသံတွေကိုကြားရပါသည် ။ ထိုအယူအဆသည် အပြည့်အဝမမှန်ပါ။ မင်းအောင်လှိုင်အာဏာရူးသည်မှာမှန်ပါသည်။ မင်းအောင်လှိုင်သမ္မတရူးရူးနေသည်မှာမှန်ပါသည်။ သို့သော် ဤအာဏသိမ်းမှုတွင်တပ်မတော်မှ အငြိမ်းစားနှင့်လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများ၏ သဘောတူညီချက်မပါပဲ မင်းအောင်လှိုင်တစ်ယောက်တည်း ထင်ရာစိုင်းခဲ့ခြင်းမဟုတ်ပါ။ 

အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် ရာထူးနှင့် အာဏာအကြီးကြီးရယူခဲ့သူ စစ်ဗိုလ်ချုပ်များအားလုံး အတူတူနဲ့အနူနူ အားလုံး ပုလင်းတူဗူးဆို့ ပါဝင်ခဲ့ကြပါသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရာထူးအကြီးကြီးများရယူခဲ့ကြသော သမ္မတ၊ ဒုသမ္မတများအားလုံး၊ ဦးသိန်းစိန်လက်ထက် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ် ၁၄ ယောက်၊ ဦးသိန်းစိန်လက်ထက် ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးအားလုံး၊ ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်မှူးကြီးတို့အားလုံးသဘောတူပါဝင်ခဲ့ကြပါသည် ။

 ထို့ကြောင့်ပင် ဘာမှယုတ္တိယုတ္တာမရှိသော သူတို့ရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေကိုသူတို့ပြန်လည်ချိုးဖောက် အာဏာသိမ်းခဲ့သည့်ဖြစ်စဉ်တွင် ယခင်ဗိုလ်ချုပ်မြင့်ဆွေ (ယခုဒုတိယသမ္မနှင့် ယာယီသမ္မတ မြင့်ဆွေ) ကမင်းအောင်လှိုင်ကိုအာဏာလွှဲပေးကြောင်း မဆီမဆိုင် သဘောတူလက်မှတ်ထိုးပေးခဲ့ခြင်းဖြစ်သည်။

 အဘယ်ကြောင့်နည်း။ ရှင်းပါသည်။ ခိုးထားခဲ့သမျှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် လက်ချက်ဖြင့် ပြန်လည်လျှော်ကြေးပေးရခြင်း၊ ထောင်ဒဏ်ကျခံရခြင်းတို့ မကြာမီ ငါးနှစ်တာ ဒီချုပ် အစိုးရလက်ထက်တွင်ရင်ဆိုင်ရတော့မည်ကို အကြီးအကျယ်စိုးရိမ်တုန်လှုပ်သောကြောင့်ဖြစ်သည်။ 

ပင်လယ်ထဲတွင်မျောပါနေသောရေခဲတောင်ကြီး၏ ရေပေါ်တွင်ပေါ်နေသောအစိတ်အပိုင်းသည် ရေအောက်တွင်နစ်မြုပ်နေသော အစိတ်အပိုင်းထက်များစွာသေးငယ်ပါသည်။ တနည်းဆိုရသော် မြင်သာသော ရေခဲတောင် ထိပ်ပိုင်းလေး၏နောက်ကွယ် ရေအောက်တွင်မမြင်နိုင်သော အဆပေါင်းများစွာကြီးမားသည့် ရေခဲ့တောင်ကြီးရှိပါသည်။ ထိုနည်းတူပင် ကြံ့ခိုင်ရေးအစိုးရ ခိုးခဲ့သမျှဇာတ်လမ်းများအနက် မဖုံးနိုင်မဖိနိုင်ပေါ်လာသော ဇာတ်လမ်းတိုလေး နှစ်ကွက်သုံးကွက်ကိုကြည့်ခြင်းအားဖြင့် ထိုဇာတ်လမ်းတို့၏နောက်ကွယ်ဝယ် ကျကျနနစုံစမ်းစစ်ဆေးလိုက်ပါက မမျှော်မှန်းနိုင်လောက်အောင်ကြီးမားသော အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုဇာတ်လမ်းများ ရာနှင့်ချီ၍၊ ထောင်နှင့်ချီ၍ ထွက်ပေါ်လာပါလိမ့်မည်။ 

ထိုအခါ နောက်ကြောင်းပြန်အရေးမယူရဆိုသောဥပဒေမှာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကဖြစ်ရပ်များ (၁၉၈၈ မှ ၂၀၁၀ အတွင်း ရာဇဝတ်မှုများ) ကိုသာအကာအကွယ်ပေးထားခြင်းဖြစ်ရာ ၂၀၁၀ ကျော်ဒီဘက်ပိုင်းအဂတိလိုက်စားမှုများတွင် ကြံ့ဖွတ်ခေါင်းဆောင်တွေရော၊ စစ်ဗိုလ်ချုပ်တွေရော ဘယ်သူမှပြေးလွတ်ဖွယ်ရာ မရှိချေ။ 
   ဥပမာအားဖြင့် ဦးသိန်းစိန်ပြုတ်၍ ဒီချုပ်အစိုးရတက်သောအခါ ပြည်နယ်နှင့် တိုင်းဖွံ့ဖြိုးရေးရန်ပုံငွေများကို နောက်တက်လာသောအစိုးရအားပြန်မအပ်ပဲ ဘုန်းပြေးသွားသော ဝန်ကြီးချုပ်နှစ်ယောက်ကို လက်ပူးလက်ကြပ်မိပါသည်။

 မကွေးတိုင်းဝန်ကြီးချုပ် ဘုန်းမော်ရွှေ (ဗိုလ်မှူးကြီး-ငြိမ်း) နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ် သိန်းအောင် (ဗိုလ်မှူးချုပ်-ငြိမ်း) တို့ဖြစ်ပါသည်။ ကျန်သော ဝန်ကြီးချုပ် ၁၂ ယောက်ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးလိုက်လျှင် ခိုးထားတာတွေ ပေါ်လာမှာဖြစ်သည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ သည်ပင်လျှင် အလွဲသုံးစားမှု ပေါ်ပေါက်ကြောင်းစစ်ဆေးတွေ့ရှိနေရပြီဖြစ်သည်။ ထပ်စစ်လျှင်ထပ်ပေါ်တော့မည်။ မကွေးတိုင်းဝန်ကြီးချုပ်ဘုန်းမော်ရွှေသည် ပြည်သူပိုင်ငွေ ဒေသရန်ပုံငွေ သန်းပေါင်း ရှစ်ထောင်ကျော် (သို့မဟုတ် ကျပ်သိန်းပေါင်းရှစ်သောင်းကျော်) ကို အာဏာမှဆင်းချိန်တွင် အစိုးရအသစ်သို့လွှဲပြောင်းပေးမသွားပဲ ခိုးထုပ်ခိုးထည်နှင့်ဆင်းသွားသည်ကို လက်ပူးလက်ကြပ်မိသည်။ သူခိုးများဖြစ်ကြသော ဝန်ကြီးချုပ်ဟောင်း ဘုန်းမော်ရွှေ နှင့် ရွှေသုခငွေချေးလုပ်ငန်း၏ ဥက္ကဌ ကြံ့ဖွတ် ကြည်ထွန်းတို့ မျက်နှာငယ်ဖြင့် ဖဲကြွေးဆပ်သလို အလီလီအလာလာ ဖဲ့ဆပ်ခွင့်တောင်းသည်။

 သဘောကောင်းလွန်းသော ဒေါ်အောင်ဆန်စုကြည်အစိုးရက ထောင်မချပဲ၊ တရားမစွဲပဲခွင့်လွှတ်လက်ခံပေးသည်။ ထို့ကြောင့် သန်းသုံးထောင်တစ်ကြိမ်၊ သန်းငါးထောင်တစ်ကြိမ် အရူးကွက်နင်း၍ ပြန်ဆပ်ခဲ့သည်။ 

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းကလည်း ခိုးရာတွင်လက်မနှေးချေ။ ဗိုလ်မှူးချုပ်-ငြိမ်း သိန်းအောင်ကလည်း သူ ခိုးထားသည့် တိုင်းဒေသကြီးဖွံဖြိုးရေးရန်ပုံငွေထဲမှ ကျပ်သန်းပေါင်း ၅.၂ (ကျပ်သိန်းပေါင်း ငါးသောင်းနှစ်ထောင်) ကို နှစ်လအတွင်း အကြိမ်ကြိမ်ခွဲ၍ ဆပ်ပါရစေဟု သူခိုးလူမိကာမှ ခွင့်လွှတ်ဖို့တောင်းပန်သည်။ ဥပဒေတွင် ငွေတစ်ကျပ်ပင်ဖြစ်စေ လိမ်လည်မှုက လိမ်လည်မှုပင်ဖြစ်၍ ခိုးဖွက်ထားကြောင်း အမှုပေါ် ပေါက်ပါမှ အလီလီခွဲ၍ပြန်ပေးခွင့် ရာဇဝင်မရှိသော်လည်း သဘောကောင်းလွန်းသော ဒီချုပ်အစိုးရက ခွင့်လွှတ်သည်းခံကာ သိန်းအောင်၊ ဘုန်းမော်ရွှေနှင့် အပေါင်းပါ ဒေါ်စိန်အေးကျောင်းထွက် ငတက်ပြားများ ထောင်မကျအောင် မုဆိုးမကြီး ဒေါ်အောင်ဆန်းစုကြည်က ကြည့်ရှုစောင့်ရှောက်ပေးခဲ့သဖြင့် ဥပဒေအတိုင်းဖြစ်စေလိုသော အဂတိကော်တိုက်ဖျက်ရေးကော်မရှင်လူကြီး အချို့နှင့် ပြည်သူလူထုအချို့ကပင် မကြေမနပ်ဖြစ်ခဲ့ကြသည်။ ထားတော့။ ဒီလောက်ပဲလား။

 ပေါ်လာပြန်သည်။ သင်္ဃန်းကျွန်းမြို့နယ်ထဲရှိ မြူဇစ်ဇုန် ကာရာအိုကေဆိုင်မှ အစပြုခဲ့သော သဘာဝဘေးအန္တရာယ် ဆိုင်ရာကူးစက်စေမှု ပုဒ်မမှတဆင့် မီးခိုးကြွက်လျှောက်လိုက်လိုကသောအခါ နိုင်ငံတော်ပိုင်မြေကို ကြံ့ဖွတ်အဖွဲ့က လူမှုရေးအကျိုးပြုလုပ်ငန်းလုပ်ရန်ဟုဆိုကာ မဖြစ်စလောက် ဈေးနှုန်းဖြင့်ရယူ၊  ပြီးတော့ သူတို့နှင့် ဖင်လျက်ဆားဖြူး ငနီ့ဖင် ငနက်လျက်နေကြသော စီးပွားရေးလုပ်ငန်းရှင်အား ပြန်၍ မြေငှားစားသော လုပ်ခွင်တစ်ခုပေါ်ပေါက်လာပြန်သည်။ ကြံဖွတ်ပါတီ နိုင်ငံတော်၏မြေကို မလိမ့်တစ်ပတ်လုပ်မှုဖြစ်၍ ပါတီဖျက်သိမ်းသည်အထိ အရေယူခံရနိုင်သော၊ ထိုစဉ်ကခွင့်ပြုပေးခဲ့သော ကြံ့ဖွတ်ပါတီခေါင်းဆောင်များဖြစ်သော ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးသန်းဌေးတို့ကို အဂတိလိုက်စားမှုဖြင့် အရေးယူ၍ ရသော်လည်း ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က သဘောထားကြီးစွာ အရေးမယူပဲ ခွင့်လွှတ်ပေးခဲ့သည်။ 

နေပြည်တော်ရှိကြံ့ဖွတ်ရုံးမြေနေရာသည်လည်း ကာလပေါက်ဈေးထက် များစွာလျှော့ကာ နိုင်ငံတော်က ကြံ့ဖွတ်ပါတီအားနေရာချထားပေးခဲ့မှုသည် ယခုမင်းအောင်လှိုင်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်တို့အားစွပ်စွဲနေသော လရောင်တော စိုက်ပျိုးရေးခြံမြေကွက်ထက်ပင် ဆိုးပါသေးသည် ။ သို့သော် ထိုအချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်တို့သည် သိလျက်နှင့် ခွင့်လွှတ်ပေးခဲ့ပါသည် ။ 

ထို့ထက်အလွန် မြကျွန်းသာပေါ်မှ ဆောက်လုပ်ရေးလုပ်ငန်းများကိစ္စ၊ ရွှေတိဂုံဘုရားအနီးမှ တပ်ပိုင်မြေပေါ်တွင် အထပ်မြင့်ကွန်ဒိုဆောက်သည့်ကိစ္စ၊ ကန်တော်ကြီး ဥယျာဉ်ကိုချေးပေါသေးပေါဈေးဖြင့် ဇေကမ္ဘာခင်ရွှေကို ချပေးခဲ့သည့်ကိစ္စ၊ ဦးသိန်းစိန် ရာထူးမှဆင်းကာနီးရက်ပိုင်းအလိုတွင်ကပ်၍ နိုင်ငံပိုင်မြေကွက်ပေါင်းများစွာကို ပုဂ္ဂလိကပိုင်ပေးသည်ဟုဆိုကာ စစ်မျိုးစစ်နွယ်များ ခရိုနီတို့နှင့်ပေါင်းကာ ခွဲစိတ်ဖြတ်တောက်ရယူခဲ့ကြသည့်ကိစ္စ၊ ဖားကန့်လုပ်ကွက်တွင် နေရာကောင်းဟူသမျှကို ဦးပိုင်နှင့် စစ်ဗိုလ်ချုပ်ဟောင်းများ ရယူထားသည့်ကိစ္စ၊ ပင်လယ်အတွင်းမှ မြိတ်ကျွန်းစု၏ ကျွန်းများကို ခရိုနီကြီးများ၊ ဒုတိယသမ္မတ စိုင်းမောက်ခမ်း၏သမီး စသည့်နာမည်များသုံးကာ အသီးသီး သိမ်းပိုက်လိုက်ကြသည့်ကိစ္စ စသည့်စသည့်ကိစ္စများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်ကာအုပ်ချုပ်မည့် ၂၀၂၁- ၂၀၂၆ ကာလများတွင် တစ်စတစ်စ ပေါ်ပေါက်လာတော့မည်ကို မင်းအောင်လှိုင်ကြောက်သည်။ မင်းအောင်လှိုင်လိုပင် သူသီဟသူရတင်အောင်မြင့်ဦးကြောက်သည်။ ဗိုလ်ချုပ်ကြီးသိန်းစိန်ကြောက်သည်။ ဗိုလ်ချုပ်မြင့်ဆွေကြောက်သည်။ တိုင်းမှူးများ ကြောက်သည်။ ဝန်ကြီးဟောင်းများ ကြောက်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များ ကြောက်သည်။ ကြံ့ဖွတ်အကြီးအကဲများကြောက်သည်။ အေးနေဝင်းလို၊ တေဇလို၊ ယူဇနဌေးမြင့်လို၊ ဇေကမ္ဘာခင်ရွှေလို၊ အောင်ကိုဝင်းလို ခရိုနီများ ကြောက်သည်။  ထို့ကြောင့် သမ္မတရူးရူးနေသော မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ ဝိုင်းဝန်းအားပေးကြသည်။ ဘေးတီးပေးကြသည်။ နောက်ကွယ်က ရပ်တည်ပေးကြသည်။

 သူတို့၏အဓိကရည်မှန်းချက်မှာ မကြာမီတက်လာနိုင်သော ရွေးကောက်ခံအစိုးရလက်ထက်တွင် ခိုးထားခဲ့သမျှ ပေါ်ကုန်မှာကြောက်ရွံ့သည့်စိတ်ဖြစ်သည်။ ခိုးထားသမျှ အမှုတွေမပေါ်ပေါက်ဖို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်တို့ အာဏာမရဖို့လိုသည်။ ကြံ့ဖွတ် သို့မဟုတ် စစ်တပ်ဆိုသော သူခိုးနှစ်ဖွဲ့  အာဏာရနေဖို့လိုသည်။ ထို့ကြောင့် ကြံ့ဖွတ်၊ စစ်တပ်၊ ခရိုနီတို့ ပူးပေါင်းကြသည်။ စစ်တိုင်းမှူးများကလည်း ဒီမိုကရေစီအစိုးရလက်ထက်တွင် အရင်လိုစိတ်ကြိုက်ခိုးလို့မရသဖြင့် NLD အစိုးရကိုပြုတ်ကျစေလိုသည်။ သူခိုးတို့ညီညွတ်ကြသည့် ပွဲဖြစ်သည်။ ထို့ကြောင့် မင်းအောင်လှိုင်တစ်ယောက်တည်းလားဟုမေးလာလျှင်။ သူ့ချည်သာလော၊ ပြည်သူ့ချဉ်ဖတ်များနှင့်ပါဖုရာ့ ဟုဖြေဆိုရမည်ဖြစ်သတည်း။

သရဝဏ်(ပြည်)
ဆက်ဖတ်ရန် →

ဒလန်အကြီးစား လူမိုက် မုန်တိုင်း သေပြီ

သန်လျင်မြို့ ပျူစောထီး လူမိုက်ခေါင်းဆောင် မုန်တိုင်း ခေါ် အောင်ရွှေ အား သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TLPDF) ပကဖ မှ သုတ်သင်ရှင်းလင်း။ 

သန်လျင်မြို့နယ် ၊ နိုဝင်ဘာ ၁၊ ၂၀၂၁။

သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်း (၂) လမ်း၊ အိမ်တွင် နေထိုင်သူ မုန်တိုင်း ခေါ် အောင်ရွှေ သည် သန်လျင်မြို့တွင် မြို့နေပြည်သူလူထုအား နိုင့်ထက်စီးနင်း အနိုင်ကျင့်နှိပ်စက် ဒုက္ခပေးနေကြောင်း ၊ စစ်အကြမ်းဖက်ကောင်စီ၏ အကြီးစားဒလန် ပြုလုပ်နေကြောင်း သက်သေများဖြင့်တိုင်ကြားသတင်းပေးချက်များအရ သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TLPDF) မှ သုတ်သင်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မုန်တိုင်း ခေါ် အောင်ရွှေက ချက်ချင်းမသေဘူး ။ အိမ်ထဲကို လှည့်ပြေးသွားတယ်။ သူ့တပည့်တပန်း ၅ယောက်လည်း ဒဏ်ရာပြင်းထန် ရသွားကြတယ် ။ 
ကျည် အတောင့် ၄၀ အသုံးပြုလိုက်ရတယ်။ အခုတော့ ပြည်သူတွေရဲ့ ဆန့်ကျင်ဖက်မှာ နေသူရဲ့ သွားရာလမ်းကို ရောက်သွားပါပြီ လို့ ပကဖ တာဝန်ရှိသူမှ ပြောကြားပါတယ်။ 
ဒလန်အကြီးစား လူမိုက် မုန်တိုင်း သေပြီ ဖြစ်ကြောင်းလည်း အတည်ပြု ပြောကြားခဲ့ပါတယ် ။ 

#ThanlyinChannel
သန်လျင်သတင်းမှန်ပြန်ကြားရေး
ဆက်ဖတ်ရန် →

နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ဟု အမေရိကန်ပြော

ထန်တလန်မြို့မီးရှို့မှု အပါအဝင် မြန်မာစစ်တပ်၏ ကမ်းကုန်အောင်ရိုင်းစိုင်း စက်ဆုပ်ရွံရှာဖွယ်် တိုက်ခိုက်မှုများကို နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ဟု အမေရိကန်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၁ 

ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးရှို့မှုအပါဝင် မြန်မာစစ်တပ်၏ ကမ်းကုန်အောင် ရိုင်းစိုင်းသည့် ကျူးလွန်မှုများကို နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ကြောင်း အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ထုတ်ပြန်ပြောဆိုသည်။

ခရစ်ယာန်ဘုရားကျောင်းများနှင့် အိမ်ပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းအပါအဝင် ချင်းပြည်နယ်အတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များကျူးလွန်သော ကမ်းကုန်အောင်ရိုင်းစိုင်းသည့်လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုက အလွန်အမင်းစိုးရိမ်မိကြောင်း ပြောဆိုသည်။ 

 ပြည်သူလူထု၊ ပြည်သူလူထု၏အိုးအိမ်များ၊ ဝတ်ပြုဆုတောင်းရာနေရာများကို ရက်ရက်စက်စက်လုပ်ပြသည့်လုပ်ရပ်ဖြင့် မြန်မာပြည်သူလူထု၏ အသက်များနှင့် လူမှုဘဝဖူလုံရေးကို လုံးဝဂရုမစိုက်ကြောင်း ထုတ်ဖော်ပြသလိုက်သည့် စစ်အာဏာရှင်၏လုပ်ရပ်ကို အမေရိကန်က ကန့်ကွက်ရှုတ်ချကြောင်း၊  မြန်မာစစ်တပ်၏ စက်ဆုပ်ရွံရှာဖွယ်တိုက်ခိုက်မှုများက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် စစ်တပ်ကိုလက်နက်များလွှဲပြောင်းပေးနေမှုပိတ်ပင်တားဆီခြင်းအပါအဝင် ကမ်းကုန်အောင်ရိုင်းစိုင်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် အမြန်ဆုံးအရေးယူရန်လိုအပ်နေသည့်ကို မီးမောင်းထိုးပြနေသည်ဟု အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ထုတ်ပြန်ပြောဆိုသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် နိုင်ငံအတွင်းနေရာအများအပြား၌ မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးအရှိန်မြှင့်တင်နေခြင်းနှင့်ပတ်သက်၍လည်း မိမိတို့များစွာစိုးရိမ်မိကြောင်း၊ အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကိုအားလုံးပါဝင်နိုင်သော ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေး ပြန်လည်ဖော်ဆောင်ရန်အတွက် စစ်အာဏာရှင်ကိုတောင်းဆိုသည်ဟု အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ပြောဆိုသည်။

စစ်အာဏာရှင်က မြန်မာပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည့်၊ ဆက်လက်ကျူးလွန်နေသည့် ကြောက်မက်ဖွယ်ရာအကြမ်းဖက်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အမေရိကန်က ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာပြည်သူလူထုနှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပြန်လည်ဖော်ဆောင်ရေးနှင့် အကျပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန် ကြိုး ပ
မ်းဆောင်ရွက်နေကြသူအားလုံးကို မိမိတို့ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ပြောဆိုသည်။

ခေတ်သစ်မီဒီယာ
ဆက်ဖတ်ရန် →

အဖြူရောင်အနုပညာရှင်များအား အဖြူရောင်အရည်များ တည်ခင်းဧည့်ခံ



ဖြူစင်ခြင်းရဲ့အစစ်အမှန် ဆိုဗီယက်နွဲ့နွဲ့စန်းကိုကျ မဖိတ် 😥

ကိုရန်လေးတို့က သီချင်းလာဆိုပါဆိုတုန်းက မလာဘူး။ ဆန် ဆီ ပေးတော့ လာတယ်နော်။ အဘဆီက ရသမျှကို ပြန်ကုပ်ယူတာ 
(Credit to အောင်ကျော်ဆင့်)

ဆက်ဖတ်ရန် →

ထန်တလန်မြို့ကို မီးရှို့တဲ့ တပ်တွေထဲက တပ်တစ်တပ်

 CDM မလုပ်ခင်ထိ ထန်တလန်မြို့မှာ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ကျွန်တော့်ရဲ့တပ် က ခလရ(၂၆၉)၊ ခု ထန်တလန်မြို့ကို မီးရှို့တဲ့ တပ်တွေထဲက တပ်တစ်တပ်ပဲ။

ဒေသခံတွေက အရမ်းချစ်ဖို့ကောင်းကြတယ်၊ ထန်တလန်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာလေးတွေဆိုရင်လည်း ကျွန်တော်တို့စစ်ကြောင်းထွက်ချိန် နားခိုဖို့အတွက် အိမ်တွေစီစဉ်ပေးတယ်၊ ခလရ (၂၆၉) နဲ့ အတူတူ ထန်တလန်မြို့ရဲ့ပတ်ဝန်းကျင်နေရာတော်တော်များများကို သွားခဲ့ရချိန်တွေဆို ဒေသခံတွေ ရွာသားတွေက လိုအပ်တာ မှန်သမျှ ကူညီပေးကြရှာတယ် .... သိပ်ချစ်စရာကောင်းတဲ့ သူတွေပေါ့။

ကျွန်တော့်အပေါ် မှာမှမဟုတ်ပဲ တပ်တစ်ခုလုံး အပေါ်ကို အားလုံးကကောင်းကြတယ်။
ဒီလိုတွေကောင်းခဲ့လို့ ခလရ (၂၆၉) ဆိုတဲ့ စစ်တပ်ကြီးက မြို့ကို လူမဆန်စွာ ဖျက်ဆီးခဲ့ လိုက်တယ်။

စစ်အာဏာရှင်စနစ်ကိုမကြိုက်လို့၊ ပြည်သူတွေအပေါ်ရိုင်းစိုင်းယုတ်မာနေတာတွေကို လက်မခံနိုင်လို့ CDM လုပ်ခဲ့တာ၊ ခလရ (၂၆၉) ကြီးကို မုန်းလို့လုပ်ခဲ့တာမဟုတ်ဘူးဆိုတာ သေချာပါတယ်။
ကြည်း ၇၂၆၈၂ ဗိုလ်ထက်နေဗလ ရဲ့ အကြောင်းကို ခလရ (၂၆၉) မှာရှိတဲ့ အရာရှိ/ စစ်သည်တွေ ပိုပြီးသိလိမ့်မယ်ထင်ပါတယ်။ ကိုယ်နဲ့သိခဲ့တဲ့သူတွေ၊ ကိုယ်နဲ့ တာဝန်အတူတူထမ်းဆောင်ခဲ့ဖူးတဲ့သူတွေက ဒီလိုလုပ်ရပ်မျိုးတွေ လုပ်ခဲ့တာကိုသိရတော့ တစ်ခြားသူတွေနာကျည်းတာထက်ကို အဆပေါင်းများစွာနာကျည်းတယ်။

အမုန်းကအဆုံးမရှိဘူး ဆိုတာ ခလရ (၂၆၉) ကသူတွေသိစေချင်လို့ ဒီစာကိုရေးလိုက်ခြင်းဖြစ်ပါတယ်။
ဘယ်သူတွေ ဘယ်လိုအမိန့်ပေးပေး၊ ဘယ်သူတွေဘယ်လိုတာဝန်ပေးပေး ကိုယ်လုပ်မှ ဖြစ်တဲ့ အရာတွေချည်းပဲ။

တစ်ခုတော့ ထပ် သတိပေးဦးမယ် 
မင်းတို့ ရင်ဆိုင်နေရတာ ပြည်သူတစ်ရပ်လုံးနဲ့ဆိုတာ မေ့နေမှာစိုးလို့ .................

အလှည့်ကျ မနွဲ့စတမ်းနော်

😊 |||

ထက်နေဗလ
ဆက်ဖတ်ရန် →

စစ်ခေါင်းဆောင်များ ကို ဖယ်ရှားရန်ကု လ အထူး သံတမန် တောင်းဆို

အာဆီယံ မှ မင်းအောင်လှိုင် အား အစည်းအဝေး သို့ မဖိတ်ခေါ်ဘဲ ထားခဲ့မှုသည် နိုင်ငံတကာ ၏ အသိအမှတ်ပြု ခံရရန် အာသာငမ်းငမ်း ကြိုးပမ်းနေသော အာဏာသိမ်း အဖွဲ့ အတွက် အကြီးအကျယ် အထိနာသွားခဲ့ရသော် လည်း နောက်ဆုတ်မည့် ဟန် မရှိသည့်အပြင် တိုး၍ တိုး၍သာ မိုက်တွင်းနက်လာနေသည့် လက္ခဏာများ ပြသလာခဲ့သည်။


ထန်တလန် တွင် သောကြာနေ့ နံနက် ဆယ်နာရီခန့်က လူသူ မရှိသော အိမ်များထဲသို့ မင်းအောင်လှိုင်၏ စစ်သားများက ဆန် နှင့် စားစရာ များ ဝင်ရောက် လုယက်ယူငင်‌နေသည်ကို ချင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်သဖြင့် တဦးသေဆုံး သွားပြီးနောက် လူနေရပ်ကွက်များကို ချိန်ရွယ်ကာ အဝေး မှ သူရဲဘော ကြောင်စွာဖြင့် လက်နက်ကြီးများ နှင့် ပစ်ခတ်ရာမှ မီးလောင်ခံခဲ့ရခြင်း ဖြစ်သည်။

ချင်းပြည်နယ် ထန်တလန် မြို့လေးတွင် ဘုရားကျောင်း နှစ်ကျောင်း၊ CB ဘဏ် နှင့်  အိမ်ခြေ ၁၆၄ လုံးမှာ ၎င်းတို့ လက်ချက်ဖြင့် မီးဟုန်းဟုန်း တောက်လောင်နေကာ ပြည်သူများ အသက်ဘေး အတွက် ပြေးလွှားနေရ ချိန်တွင် မင်းအောင်လှိုင်သည် အပြုံးမပျက်၊ အလည်အပတ် ရောက်ရှိနေသော ရုရှားရေတပ်မှ အကြီးအကဲများ ဖြင့် အရက်ခွက်ခြင်း တေ့ကာ ပြုံးပျော်နေသည့် သတင်းဓါတ်ပုံများက ပလူပျံအောင် ထွက်လာခဲ့ပေတော့သည်။

ရုရှားတို့သည်  သူ့ကို ယခုအထိ အစိုးရ အကြီးအကဲ တဦး အဖြစ် အသိအမှတ် ပြု ဆက်ဆံခြင်း မရှိဘဲ ၎င်းတို့ ထံမှ လက်နက်များ ဝယ်ယူမည့် စစ်ခေါင်းဆောင် တဦး အဖြစ်သာ သဘောထား နေဆဲ ဖြစ်သည်ကို သိသိကြီး နှင့် ကျေနပ်နေရသည့် အဖြစ်ပင်။ ဆီးရီးယားရှိ အာဆတ်လို မိမိအား လာကူညီမည့်သူများဟု လည်း တိတ်တခိုး စိတ်ကူးယဉ်နေဦးမည် ထင်သည်။

သို့သော် တနိုင်ငံလုံး ကတော့ ၎င်းတို့ ကျဥ်းထဲကျပ်ထဲ ရောက်သည်ထက် ရောက်လာနေပြီ ဆိုသည်ကို  ရိပ်စားမိနေကြလေသည်။

 
မြန်မာပြည်သူပြည်သားများ အနေနှင့် မင်းအောင်လှိုင် တပ်များ၏ လူမဆန်စွာ ရက်စက်ယုတ်မာခဲ့မှုများ အတွက် ကြိမ်မီးအုန်းသလို ပူဆွေးသောက ရောက်နေကြရပြီး ၎င်းအား အမြန်ဆုံး ဖယ်ရှား နိုင်မှ ဖြစ်တော့မည် ဆိုသည့် သံဓိဠာန် များ ခိုင်မာသည်ထက် ခိုင်မာလာရခြင်းကပင် အဆိုးထဲက အမြတ်ထွက်လာခဲ့ရသည်။

ထိုဖြစ်အင်ကို ကြည့်၍ မြန်မာနိုင်ငံ တွင်း အခြေအနေများသည် လက်နက်အားကိုး ဖြင့် အနိုင်ကျင့်ခံနေရသည် မှာ ကမ္ဘာအလယ်တွင် ထင်ရှားသည်ထက် ထင်ရှား၍ လာနေပြီ ဖြစ်သည်။

သက်တမ်းကုန်၍ ရာထူးမှ ဆင်းပေးရတော့မည့် ကုလ အတွင်းရေးမှူးချုပ်၏ အထူး သံတမန် ခရစ်စတင်း ဘာဂင်ဂါ မှ ပြည်တွင်း စစ်ကြီးသည် တနိုင်ငံလုံးသို့ ပျံ့နှံ့လာနေပြီ ဖြစ်သောကြောင့် နိုင်ငံတကာ မိသားစုများ အနေဖြင့် စစ်ခေါင်းဆောင်များ အား ဖယ်ရှားပြီး ငြိမ်းချမ်းရေးဆီ ဦးတည် နိုင်မည့် လူများ နှင့် အစားထိုး နိုင်ရေး ကို စဉ်းစားသင့်ပြီဟု ပွင့်လင်းစွာ ပြောဆိုလာသည်။ သူမ၏ တောင်းဆိုမှုသည် မင်းအောင်လှိုင် အတွက် သေမင်း ခေါ်သံကြီးပင် ဖြစ်ပေသည်။

ချင်းပြည်နယ်သည် လွန်စွာ တောတောင်ထူထပ်ပြီး ဒေသခံ တိုင်းရင်းသားများက ကျားကုတ်ကျားခဲ ခုခံ တွန်းလှန်ရန် သံဓိဠာန် ချပြီး ဖြစ်၍ နှစ်ဖက် ထိခိုက်ကျဆုံးမှု များပြားလာတော့မည်ဟုလည်း ခန့်မှန်း ပြောဆိုလိုက်သည်။ ထိုအနေအထား အားလုံးကို ပြောင်းလဲနိုင်စွမ်း ရှိသည့် တခုတည်းသော နိုင်ငံသည် တရုတ်ပင် ဖြစ်၍ မှန်ကန်သည့် ဆုံးဖြတ်ချက် ချနိုင်လိမ့်မည်ဖြစ်ကြောင်း မျှော်လင့်ရသည်ဟု ဆိုသည်။

သူမ ကဲ့သို့ စစ်ခေါင်းဆောင်များ အာဏာတည်မြဲရေး အတွက် တိုင်းပြည်အား ပြည်တွင်းစစ်ကြီး အဖြစ် ပြောင်း လဲနိုင်ရန် ကြိုးပမ်းအားထုတ်နေမှုများကို ကုလသမဂ္ဂအနေဖြင့် အမြန်ဆုံး ရပ်တန့်ပြစ်ရန် တောင်း ဆိုမှုများ လည်း ကျယ်လောင်စွာ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

ကုလသည် ၎င်းတို့ ကို ပေးအပ်ထားသော အခွင့် အာဏာတခုတည်း ဖြင့် ဆုံးဖြတ်လုပ်ဆောင်ခွင့်ရမည် ဆိုလျှင် မြန်မာအရေးသည် ကာလကြာမြင့်စွာကပင် ဖြေရှင်းပြီး ဖြစ်နေလောက်ပြီ။ သို့သော် အခွင့်အာဏာသည် စာရွက်ပေါ်တွင်သာ ရှိနေပြီး တကယ်တမ်း ကြိုးကိုင် ချယ်လှယ်နေကြသည်က ဗီတို အာဏာ စွဲကိုင်ထားသော နိုင်ငံကြီး ငါးနိုင်ငံသာ ဖြစ်သည်။ လုံခြုံရေး ကောင်စီသည် မြန်မာ အရေး အပေါ် ဥပ‌ဒေကဲ့သို့ အာဏာ တည်စေမည့် ဆုံးဖြတ်ချက်မျိုး တခုတလေမျှ မချမှတ်နိုင်သေးသော်လည်း ယခုအတိုင်း ဆိုလျှင် မကြာမီ အချိန်တွင် ဖြစ်ပေါ်လာဖွယ် ရှိသည်ဟု မျှော်လင့်ရပေသည်။

ဆက်ဒမ် ဟူစိန် အား ကြိုးပေး ကွပ်မျက်ခဲ့မှုသည် ၎င်းကျူးလွန်ခဲ့သော ဖြစ်စဉ်များ အားလုံးကို ရုံးတင် စစ်ဆေး ခဲ့ခြင်း မဟုတ်ဘဲ ၁၉၈၂ ခုနှစ် အတွင်း ဆက်ဒမ်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှု ဖြစ်ပွားခဲ့သည့် နေရာ အနီး အနားရှိ ဒူဂျေး ရွာ တရွာလုံး နီးပါးကို လက်တုန့်ပြန် သတ်ဖြတ်ခဲ့သည့် အမှု တမှုတည်း ဖြင့် သေဒဏ် စီရင်ပြီး ရက်ပေါင်း ၃၀ အတွင်း ကြိုးပေး ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။ 

အစိုးရ တရပ်လို တိုင်းပြည်ကို အုပ်ချုပ်သွားတော့မည်ဟု ထင်တလုံး ဖြင့် ပူးပေါင်းလာခဲ့ကြသူ များ၊ သစ္စာခံ ခဲ့ကြသည့် ဝန်ထမ်းများသည် လည်း သူခိုးဓါးပြ သာသာ အဖွဲ့ လက်အောက်တွင် အမှုထမ်းရမည့် အဖြစ်မျိုး နှင့် ကြုံနေကြရလေသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!
ဆရာလှစိုးဝေရေးသားသည်၊

ဆက်ဖတ်ရန် →

ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်၏ ခြိမ်းခြောက်မှု

ထန်တလန်ကိုကြည့်ထားဟု ခြိမ်းခြောက်ခဲ့သူ ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ကမ္ဘာကျော်အောင်မြင်မှုဒဏ်မခံနိုင်၍ FB Account ဖျက်သွား

အောက်တိုဘာ ၃၀ ရက်

“ထန်တလန်ကို ကြည့်ထားကြ နောက်ထပ် ထန်တလန်တွေ ထပ်ထပ်ပြီးပေါ်လာမယ်” ဟု သူမ၏ Facebook Account မှ တဆင့် ကြိမ်းဝါးခဲ့သူ ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်၏ ခြိမ်းခြောက်မှုအား CNA သတင်းဌာန၏ သတင်းထောက် မေဝေါင်းမှ ကမ္ဘာကသိအောင် Twitter တွင်ပြန်လည် ဖော်ပြပေးခဲ့သည်ကို တွေ့ရသည်။

ယခုကဲ့သို့ ကမ္ဘာကျော်သွားခဲ့ပြီးနောက် နန်းမြမြမီမီဇော်မှ အောင်မြင်မှုဒဏ်ကို မခံနိုင်၍ Facebook Account အား ဖျက်သွားကြောင်းလည်း သိရသည်။

သို့သော်လည်း ဟုတ်လျှင် ကျော်၊ ပုပ်လျှင်ပေါ် ဟူသည့် မြန်မာစကားပုံအတိုင်းပင် အကြမ်းဖက်စစ်တပ်၏ လက်ကိုင်ဒုတ်ဖြစ်သော ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ယခုကဲ့သို့ ကြိမ်းဝါးခြိမ်းခြောက်ခဲ့သည် ဟူသောသတင်းသည် မြန်မာတင်မက ကမ္ဘာထိပါ ပြန့်လျက်ရှိပြီ ဖြစ်သည်။

#Photo_Credit
#ထန်တလန်
#USDP
#HTY_Information
ဆက်ဖတ်ရန် →

လူစိတ်မရှိတဲ့ ကြံဖွတ်နှင့်စစ်ခွေးလော်ဘီများ



ထန်တလန်မြို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး
ပြီးနောက် ကြံ့ခိုင်ရေးပါတီပြောရေး ဆိုခွင့်ရှိသူ
နှင့် စစ်တပ်လော်ဘီများက လူမှုကွန်ရက်တွင်
အောင်ပွဲခံ၊ စစ်ကောင်စီအနေဖြင့် မြို့ရွာများ 
ထပ်မံဖျက်ဆီးရမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ အောက်တိုဘာ ၃၀ 

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးပြီးနောက် ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်၊ စစ်တပ်ထောက်ခံသူ လော်ဘီ တပ်ကြပ်ကြီး ဖိုးစီ၊ စစ်တပ်ထောက်ခံသူ ဟန်ငြိမ်းဦးတို့က လူမှုကွန်ရက်များမှတစ်ဆင့် အောင်ပွဲခံခဲ့ပြီး စစ်ကောင်စီအနေဖြင့် မြို့ရွာများကို ထပ်မံ ဖျက်ဆီးရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ရေးသားမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ 

ထန်တလန်မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံနေရသည့် ထန်တလန်မြို့နယ်ကဲ့သို့ ထပ်မံ ဖျက်ဆီးခံရမည့် မြို့နယ်များ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း USDP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်က လူမှုကွန်ရက်မှတဆင့် ခြိမ်းခြောက်ရေးသားသည်။ 

"ဖြစ်မှ မျက်ရည်မခြူနှင့် အာဘန်ဝေါ မြို့ပြစစ် ပျောက်ကြားစစ်ဆိုပြီး ဂြိုလ်ဆက်ကြွရင် ထန်တလန်ကို ကြည့်ထားကြ၊ နောက်ထပ် ထန်တလန်တွေ ထပ် ထပ်ပြီးပေါ်လာမယ်" ဟု ကြံ့ခိုင်ရေးပါတီမှ နန်းမြမြမီမီဇော်က ဖေ့ဘုတ်စ်လူမှုကွန်ရက်တွင် ရေးသားထားသည်။ 

အလားတူ စစ်တပ် ထောက်ခံ လော်ဘီ တပ်ကြပ်ကြီး ဖိုးစည်က စစ်ကောင်စီ ၏ထန်တလန်မြို့ မီးရှို့မှုကို ထောက်ခံလိုက်ပြီး ရွာများကိုပါ အမြစ်လှန်ရန် တယ်လီဂရမ်တွင် ခြိမ်းခြောက်ရေးသားထားသည်။ 

"တယောက်ကျရင် ၁၀ ဆပြန်ယူ၊ ဒီရွာ အဝင်လမ်းဆွဲမိုင်းမိရင်  အဲဒီရွာကို အမြစ်ပါလှန်။ အဲလိုသာ ကျင့်သုံးပေး။ အကျိုးစီးပွားထိခိုက်တဲ့ အရာမှန်သမျှ နောက်ဆုတ်သွားလိမ့်မယ်" ဟု ရေးသားထားသည်။ 

ဆက်လက်၍ "စခန်းတွေ ဝင်စီးပြီး ဒိုဇာနဲ့ ဖျက်ဆီးခဲ့တုန်းက ဒီလိုအသံမထွက်ခဲ့ကြပါဘူး။ အိမ်လေး ၃ လုံးလောက် မီးလောင်တာနဲ့ ပထွေးသိအောင် ငယ်သံပါပါနဲ့ အော်တော့တာပဲ" ဟု စစ်လော်ဘီ တပ်ကြပ်ကြီးဖိုးစီက ဆက်လက် ရေးသားသည်။ 

အလားတူ စစ်လော်ဘီ ဟန်ငြိမ်းဦးက ထန်တလန်မြို့ကို စစ်တပ်က မီးလောင်တိုက်သွင်းခဲ့မှုအပေါ် ပျော်ရွှင်ရမည်ဖြစ်သည်ဟု ရေးသားထားသည်။  

"စစ်ကိုဖိတ်ခေါ်ခြင်း အကျိုး မိန်းမလို မိန်းမရ နဲ့ အိမ်တွေ အကာအကွယ်ယူပြီး တိုက်ကွက်ဖော် PDF စောက်ရူးတွေရဲ့ အကျိုးခံစားစမ်း၊ အားမနာနဲ့ ပျော်ချပစ်" ဟု တယ်လီဂရမ် လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေထားသည်။ 

ထန်တလန်မြို့တွင် အိမ်ခြေ ၁၆၃ လုံးနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၂ ခုကို စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ် မီးရှို့၍ မီးလောင်ပြာကျသွားပြီး လက်ရှိအချိန်တွင်လည်း မီးဆက်လက် လောင်ကျွမ်းနေဆဲဖြစ်သည်။

ko htut
ဆက်ဖတ်ရန် →

အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

အကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာစစ်တပ်အား အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

အောက်တိုဘာ၊ ၃၀ ရက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာစစ်တပ်အား အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားသည်။

အောက်တိုဘာ၊ ၂၉ ရက်နံနက်ပိုင်းက (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေးတွင်လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌမှ တင်သွင်းသည့် လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာနှင့် ပတ်သက်၍ သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ပြည်သူများအား ရက်စက်ကြမ်းကြုတ်မှုများမှ ကာကွယ်ရန် နိုင်ငံတကာ၏ အလေးအနက် အာရုံစိုက်မှုနှင့် အရေးယူဆောင်ရွက်မှုတို့အား အလွန်အမင်း လိုအပ်လျက်ရှိကြောင်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြတ်သားသောအချိန်နှင့် တပြေးညီ အရေးယူဆောင်ရွက်မှုအတွက် လွန်စွာအချိန်နှောင်းနေပြီဖြစ်ကြောင်း၊ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီးကပြောသည်။

ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ဖြစ်စဉ်သည် အာဏာသိမ်းမှုဖြစ်၍ အာဏာသိမ်းမှုဟု ကိုးကားပြောဆိုစေလိုပြီး၊ မြန်မာနိုင်ငံရှိ ပြည်သူများအားလုံးမှာ အချိန်နှင့်အမျှ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောပြစ်မှုများကို ခံစားနေရကာ ယနေ့တစ်နေ့တည်းတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့၌ စစ်တပ်မှ ဘုရားကျောင်း (၂) ကျောင်း အပါအဝင် အိမ်ခြေတစ်ရာကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း  သံအမတ်ကြီးက ပြောသည်။

 စစ်တပ်အနေဖြင့် အင်အားကြီးမားသော စစ်ဆင်ရေးကို မုတ်သုန်ရာသီကုန်ဆုံးချိန်တွင် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ ယင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံ အမြောက်အများအား ပစ်မှတ်ထားကြောင်း၊ ထိုသို့ အင်အား အဆမတန် အသုံးပြုပြီး၊ အဆင်အခြင်မဲ့တိုက်ခိုက်ခြင်းများမှာ သွေးထွက်သံယိုမှုများ၊ ပိုမို စိုးရိမ်ဖွယ် လူ့အခွင့်အရေးအခြေအနေများနှင့် ဖြစ်ရပ်ဆိုးများကို ဖန်တီးလာဉီးမည် ဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေ ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ တရားမျှတမှု ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများနှင့်ညီသော တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတို့အတွက် အရာအားလုံးပေးဆပ်ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊  ကုလသမဂ္ဂနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာရာဇဝတ်မှု ခုံရုံး (ICC) ၏ တရားစီရင်မှုကို လက်ခံခြင်းတို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သိသာထင်ရှားသော ကြိုးပမ်းမှုများ ဖြစ်ကြောင်း၊ ထို့ပြင် ရိုဟင်ဂျာများအရေးကိစ္စ ဖြေရှင်းရေးအတွက် မူဝါဒတစ်ရပ်ကို ချမှတ်ကြေညာထားပြီးဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

D-Wave
ဆက်ဖတ်ရန် →

ထွက်ပြေးနေသော ရွာသားများအား နှစ်ရက်အတွင်း အိမ်ပြန်လာရန် စစ်ကောင်စီ အမိန့်ထုတ်



သတင်းနှင့် မီဒီယာ ကွန်ရက်။
Mizzima

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ရက် 

စစ်ကောင်စီကို ကြောက်၍ ရွာလုံးကျွတ်ထွက်ပြေးနေသော မကွေးတိုင်း သရက်မြို့နယ်အတွင်းရှိ ပုဏ္ဏားကျွန်းရွာသားများအား နှစ်ရက်အတွင်း ပြန်မလာပါက အိမ်ရှိ ပစ္စည်းများ သိမ်းယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။ 

ပုဏ္ဏားကျေးရွာ ဘုန်းကြီးကျောင်းနှင့်  စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က ကြေညာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

ပုဏ္ဏားကျွန်းကျေးရွာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတွင် ပါဝင်ခဲ့ဖူးသူလူငယ်များ၊ ဒီမိုကရေစီအရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ သူ လူငယ်များ အယောက် ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်နေသဖြင့် လူငယ်များအပါအဝင် ရွာသူ/သားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

အောက်တိုဘာလဆန်းပိုင်းက ပုဏ္ဏားကျေးရွာအနီးရှိ သရက်နှင့်ကံမ PDF က ကင်းလှည့်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့၍ လက်တုန့်ပြန်နေခြင်း ဖြစ်သည်ဟု ဒေသ ခံများက ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပုဏ္ဏားကျေးရွာကို ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။ 

”ပုဏ္ဏားကျွန်းရွာက လုပ်တာမဟုတ်ဘဲ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးတာမို့ ရမ်းခံနေကြရတာ။ PDF က လည်း သူတို့ လုပ်တာ ဝန်ခံထားတာဘဲ” ဟု အသက် ၅၀ အရွယ် ပုဏ္ဏားကျေးရွာက ဒေသခံတစ်ဦး က ပြောသည်။

သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာ သည် ဖက်ဆစ်ဂျပန်များကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် စစ်ကြေညာခဲ့သည့် ကျေးရွာဖြစ်ပြီး မော်ကွန်းကျောက်စာတိုင်လည်းရှိသည်။
ဆက်ဖတ်ရန် →